Saturday, September 8, 2012

ကားပျက်လျှင်တနာရီ၁၀၀၀၀ပေးရမယ်

သူများနိုင်ငံတွေမှာအမြန်လမ်းပေါ်ကားပျက်ရင်အန္တရာယ်မဖြစ်ရအောင်ရဲကအရေးပေါ်မီးတွေနဲ့လမ်းရှင်းလမ်းညွန်လုပ်ပေးရတယ်။
ဆယ်နာရီနဲ့ပြင်မရရင်တသိန်းတန်းနေမှာပဲ..

အီရန်သံတမန်များ ကနေဒါနိုင်ငံမှ ၅ရက်အတွင်းထွက်ခွာရမည်။


 ကနေဒါနိုင်ငံသည် အီရန်နိုင်ငံနှင့်သံတမန်ဆက်သွယ်မှုကိုရပ်ဆိုင်းလိုက်ပြီးနောက် ကနေဒါနိုင်ငံအတွင်းရှိ အီရန်သံတမန်ဝန်ထမ်းများနိုင်ငံအတွင်းမှ ၅ရက်အတွင်းထွက်ခွာကြရန်ကြေညာလိုက်သည်။ကနေဒါနိုင်ငံရေးဝန်ကြီး John BairdJohn Bairdသည်"အီရန်နိုင်ငံသည်ကမ္ဘာ့ငြိမ်းချမ်းကိုခြိမ်းချောက်မှုသိသာထင်ရှားလာပြီး၊ကမ္ဘာ့လုံခြုံရေးကိုအကြီးအကျယ်ချိုးဖောက်သည်ဖြစ်၍ ယ္ခုလို သံတမန်ဖြတ်ရကြောင်း သောကြာနေ့ကထုတ်ဖေါ်ပြောလိုက်သည်။ အီးယူသမဂ္ဂအဖွဲဝင်နိုင်ငံများရဲ့ အင်အားကြီးနိုင်ငံများဖြစ်ကြသော ပြင်သစ်၊ဂျာမဏီ၊အင်္ဂလန်နိုင်ငံတို့သည် အီရန်နိုင်ငံ၏နျူကလီယားထုတ်လုပ်မှုအစီအစဉ်တိုးမြှင့်လာမှုကြောင့် အရေးပိတ်ဆို့မှုအသစ်များလုပ်ဆောင်ရန်အတွက် အီးယူအဖွဲ့ဝင်နိုင်ငံများကို သောကြာနေ့ကအရေးတကြီးတိုက်တွန်းပြောဆိုခဲ့သည်။
 By: Aung Pan

အီရန်နဲ့ ဆက်ဆံရေး ကနေဒါ ဖြတ်တောက် ဗွီအိုအေ (မြန်မာဌာန)

07.09.2012

ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird က သူ့အစိုးရအနေနဲ့ အီရန်နိုင်ငံဟာ ဒီနေ့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အကြီးမားဆုံး ခြိမ်းခြောက်နေတယ်လို့ ယူဆထားတယ်လို့ ဆိုပါတယ်။

ကနေဒါနိုင်ငံက သူ့နိုင်ငံအနေနဲ့ အီရန်နိုင်ငံနဲ့သံတမန်ဆက်ဆံရေးယာယီရပ်ဆိုင်းလိုက်တယ်လို့ သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။

အီရန်နိုင်ငံ တီဟီရန် မြို့တော်က ကနေဒါသံရုံးကို စပိတ်နေပြီး၊ ကနေဒါမြေပေါ်ကနေ အီရန်သံတမန်တွေအားလုံး ကိုလဲ စနှင်ထုတ်နေပြီလို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက ဆိုလိုက်ပါတယ်။

ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird က သူ့အစိုးရအနေနဲ့ အီရန်နိုင်ငံဟာ ဒီနေ့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အကြီးမာဆုံး ခြိမ်းခြောက်နေတယ်လို့ ယူဆထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အီရန်သံတမန်တွေ အနေနဲ့ ကနေဒါကနေ ၅ ရက်အတွင်း ထွက်ခွာပေးရမယ်လို့ နိုင်ငံခြားရေးဝန်ကြီး Baird က ရာဇသံပေးလိုက်ပါတယ်။

ဝန်ကြီး Baird ကပဲ ခုလို ဆုံးဖြတ်လိုက်ရတာက အီရန် နျူကလီယား အစီအစဉ်၊ ဆီရီးယားအစိုးရကို အီရန်က စစ်ရေးအရ အကူအညီပေးနေတာနဲ့ အစ္စရေးအပေါ်အီရန်က ရန်လိုမှုတွေကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် အီရန်နိုင်ငံဟာ ကမ္ဘာ့အကြမ်းဖက်မှုလုပ်ငန်းတွေကို ကူညီပေးနေတဲ့ နိုင်ငံတခုဖြစ်တယ်လို့လဲ ဝန်ကြီး Baird က ဆက်ပြောပါတယ်။

ကနေဒါနိုင်ငံ Ottawa မြို.တော်က အီရန်သံရုံးတံခါးမှာတော့ ကနေဒါအစိုးရရဲ့ ရန်လိုတဲ့ ဆုံးဖြတ်ချက်ကြောင့် သူ့သံရုံးပိတ်လိုက်ရတာဖြစ်တယ်လို့ ပါရှန်ဘာသာစကားနဲ့ ရေးထားကြောင်း သတင်းတွေထွက်နေပါတယ်။


Iran calls five-day deadline for its diplomats to leave Canada ‘unwise’

TEHRAN, Iran — Iran’s parliamentary speaker cancelled on Saturday a visit to
Canada to protest Ottawa’s decision to cut diplomatic relations, and Tehran’s
foreign ministry called “unwise” a five-day deadline set by Canada for Iranian
diplomats to leave the country.

Canada shut its embassy in Tehran on Friday accusing the Islamic Republic of
being the most significant threat to world peace. The surprise action
reinforces the Conservative government of Prime Minister Stephen Harper’s close
ties with Tehran’s arch foe Israel.

To protest the cutting of ties, Iran’s parliamentary speaker Ali Larijani
decided not to attend a meeting of legislators from different countries
scheduled for late October, Fars news agency said.



Tehran’s Foreign Ministry meanwhile said that Ottawa’s five-day deadline for its diplomats to leave was “unwise.” It said Canada cut relations in an “unprofessional, unconventional, and unjustifiable manner while resorting to misusing international law.”

The Iranian embassy in Ottawa also took a parting shot at the Canadian government on Friday, announcing in Farsi on its website it had shut down due to Canada’s “hostile decision.”

A sign with a similar message was hung on the embassy door. Ivan Sekretarev/The Associated PressStephen Harper at an APEC summit in Russia Saturday said he has been mulling closing the Iranian embassy in Canada for some time.

On Saturday in Vladivostok, Russia, where he is attending an APEC meeting, Harper told reporters his decision to close Canada’s embassy in Iran this week was one that he’d been mulling over since last year’s attack on the British Embassy by frenzied mobs.

“Ever since the attack on the British embassy last year, I have been increasingly concerned about the safety of our diplomats. This is a regime that among its many wrongs does not respect normal practices of diplomatic immunity and protection.”

On Friday, Foreign Minister John Baird said he had severed ties over the Islamic republic’s military support for the Syrian regime, the “military dimensions” of its nuclear program, “anti-Semitic racist rhetoric” and “appalling” human rights record.

He also cited Iran’s material support for terrorist groups and “blatant disregard” for international protocols concerning the protection of foreign embassies. “Canada views the government of Iran as the most significant threat to global peace and security in the world today,” he said.

In addition to severing diplomatic ties with Iran, Canada took the unprecedented step of officially designating that country as well as Syria as state supporters of terrorism. The designation lifts their state immunity, opening the door for victims of terrorism to sue Tehran or Damascus for damages in Canadian courts. Fred Chartrand/The Canadian PressA note left on the door of the Iranian embassy in Ottawa reads: "Because of the hostile decision by the government of Canada, the embassy of the Islamic Republic of Iran in Ottawa is closed and has no choice but to stop providing any consular services for its dear citizens."

The move marks the first time Canada has designated a country a state sponsor of terrorism. The designation was made Friday under the Justice for Victims of Terrorism Act, which was enacted in March and requires Cabinet to compile a list of nations complicit in terrorism.

The U.S. and its allies are at loggerheads with Iran over its nuclear program, which the West says is aimed at developing weapons technology. Iran denies the charge, saying its nuclear activities are aimed at peaceful purposes like power generation and cancer treatment.

Washington has not had diplomatic ties with Iran since the aftermath of that country’s 1979 Islamic revolution. Canada’s break with Iran removes another channel for the United States to get first-hand diplomatic assessments of Iranian affairs. Canada and Britain had been main conduits of information for the U.S., but Britain downgraded its diplomatic relations with Iran after a crowd attacked its embassy in Tehran in November. Reuters filesIran’s parliamentary speaker Ali Larijani has cancelled a planned visit to Canada.

Foreign Affairs Minister John Baird gave a long list of reasons for Ottawa’s decision, including Tehran’s support for Syria’s embattled President Bashar Assad in that country’s civil war.

Iran’s Foreign Ministry statement countered that Canada violated the human rights of Canadian First Nations.

Some Iranian analysts said that Tehran is unlikely to push its feud with Ottawa too far, as Canada is a major place of residence for Iranian expatriates.

“Iran has a humanitarian concern in this case,” said Heshmatollah Falahatpisheh, a professor of politics in Tehran’s Allameh University.

The government’s move generated criticism in Canada Friday as well.

New Democrat Foreign Affairs critic Paul Dewer called the move bizarre and irresponsible. He said the decision has removed Canada as a potential player in soothing tensions in the Middle East.

Dewer said it might be good rhetoric but it is not good diplomacy.

Canada-Iran relations have been sour since the Islamic regime first seized power in 1979. After Iranian students stormed the U.S. embassy in Tehran and took 52 hostages, Canada’s Ambassador Ken Taylor helped six Americans escape by giving them Canadian passports.

Diplomatic ties frayed again in 2003 when Iranian agents tortured, raped and killed Iranian-Canadian photographer Zahra Kazemi then tried to cover it up.

Since coming to power, the Conservatives have taken a harder line and, in response to Iran’s nuclear program, have imposed escalating sanctions that now prohibit virtually all movement of goods or money between Iran and Canada.

— With files from The Canadian Press, Reuters and National Post

http://news.nationalpost.com

Cliche ကလီရှေး ငြိမ်းချမ်းရေး နှင်. ဦးအောင်မင်း ၊ Peace Mission ငြိမ်းချမ်းရေးအဖွဲ.၏ မသက်ဆိုင်သောသူများ၊

by Aye Aye Soe Win on Saturday, September 8, 2012 at 12:26am · ရှမ်းတပ်  SSA၊ SSPP အဖွဲ.တွေနှင်.မြန်မာစစ်တပ်ကြားမှာ သြဂုတ် လဆန်းက စ၍ ယခုအချိန်အထိတိုက်ပွဲ ပေါင်း ၃၀ ခန်.ရှိသွားပြီဟုကြားသိ ရသည်။ သီပေါ လားရှိုးပတ်ဝန်းကျင်တွေမှာလုံခြုံရေးအရ ပြောရလျှင် ဒေသသည် အညိုရောင်ထက် ပို၍ပို၍ ညိုလာလျှကိရှိပြီး၊  အမဲရောင်မဖြစ်တဖြစ်အဆင်.အထိ ရောက်နေ သကဲ.သို.  ပွဲကြမ်းနေကြပုံရသည်။  ရုမ်းပြည်သို.ခရီးထွက်မည်.သူများ လမ်းခရီးလုံခြုံရေးကြေငြာချက်ကို စနည်းနာပြီးမှ ခရီးထွက်သင်.သည်။

SSA က မြန်မာစစ်တပ် ခလရ ၃၂၂ က ဗိုလ်ကြီး သက်စိုးနှင်.သူ.လက်ထောက်စစ်သားကို သြဂုတ် ၄ ရက်နေ.လည် ၁နာရီ ပတ်ဝန်းကျင်လောက်မှာ ကပြန်ပေးဆွဲသွားကြသည်။ လားရှိုးအလွန် မမ်စီ ရွာကြီး အနီးတွင်  SSA SSPP တပ် များက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ ရှမ်းတပ်များ က မြန်မာအစိုးရထံ တောင်းဆို မှုမှာ-- SSA ၊ SSPP တို.နှင်. ဆက်ဆံသည်ဟုသတ်မှတ်ပြီး မြန်မာစစ်တပ်က ဖမ်းထားသာ ရှမ်းလူမျိုး အကျဉ်းသားများအားလုံး ကို ပြန်လွှတ်ပေးဖို. ဖြစ်သည်။ ဗိုလ်ကြီးသက်စိုး ၊သူ.ရဲဘော် တို.ကို စစ်တပ်ဖမ်းထားသည်.ရှမ်းတိုင်းရင်းသားတို.နှင်. အလဲ အလှယ် ပြုလိုကြောင်း ရှမ်းတပ်များက ကမ်းလှမ်းထားသည်ဟု  ကြားရသည်။  ဤသို. သတင်းတွေထွက်နေသော်လည်း   မြန်မာစစ်တပ်ဖက်က ဒီတောင်းဆိုချက်အပေါ် အကြောင်းပြန်ကြားခြင်းမရှိသေးပဲ၊ တပ်ရင်းမှုးများအထက်က တိုင်းမှုး ကြီး များအလွန်စိတ်ဆိုးနေပြီး၊၊  ရှမ်းအဖွဲ.တွေ၏ တောင်းဆိုမှု ကို စစ်ရေးအရသာပြန်တုန်.ပြန်နိုင်သည်ဟု ခန်.မှန်း ချက်များလည်းထွက်နေသည်။

တဖန် SSA၊  SSPP ရှမ်းအဖွဲ.တွေကပင် ဦးဆောင်ကာ နောက်ထပ်ခြုံ ခို တိုက်ပွဲတခု သီပေါအနောက်ဖက် ၆ မိုင်အကွာရှိဝါမူလေး ကျေးရွာမှာ  သြဂုတ် ၅ရက် နံနက်ခင်း မှာ ဖြစ်ပွားခဲ.သည်ဟုကြားသိရသည်။တပ်ရင်း ခလရ ၃၁၆ မှ မြန်မာစစ်သား၂၀ ခန်.တင်လာသည်.ထရေလာပါထရပ်ကား  ခြုံခိုတိုက်ခိုက် ခံခဲ.ရပြီး၊ တပ်ရင်းမှုးနှင်. ထရပ်ကားမောင်းသူ ဒရိုက်ဗာစစ်သား ၂ ဦးသေဆုံး၊ စစ်သား၆ ယောက် ပြင်းတန်စွာ ဒဏ်ရာရ၍ ကျန်သည်.စစ်သားများထွက်ပြေးလွတ်မြောက်သွားသည်ဟုကြားသိရပါသည်။
(အချက်အလက်များကို ရှမ်းပြည် ဘော်ဂျို ရွာမှ ဒေသခံတဦးက ပေးပို.ခဲ.ခြင်းဖြစ်သည်။)

ကလီ ရှေး ဖြစ်နေသော ဖန်တရာတေ ငြိမ်းချမ်းရေးစကားလုံးနှင်. ငြိမ်းချမ်းရေးမစ်ရှင် ကို သုံးသပ်ခြင်း 

ရထားဝန်ကြီးသည် သူနှင်.မဆိုင်သည်. အလုပ်လုပ်နေ၍ ငြိမ်းချမ်းရေး ဆိုသောစကားလုံးကို လက်တွေ.တိုင်းတာလို. မရ အောင်ဖြစ်နေသေးသည်။ ငြိမ်းချမ်းရေး အစစ်အမှန်အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဖွဲ.မှာ လူမှန်နေရာမှန်မရှိ။  (လူတွေ ကြိုက်သည်ဖြစ်စေ၊မကြိုက်သည်ဖြစ်စေ၊ Peace Mission မှာ  physical army စစ်တပ်ကြီး၏ အထက်မှာ ရှိသည်. ကာကွယ်ရေးဦးစီးချုပ်၊ ပြီးလျှင် ကာကွယ်ရေးဝန်ကြီး။ ပြည်ထဲရေးဝန်ကြီး ၊ ထိုသူတွေပါဝင်နေသင်.သည်။)  ဤ အရေးပါသော နေရာများ ၏ အမြင်.ဆုံးတာဝန်ခံထားရသော ပုဂ္ဂိုလ်များ မပါဝင် သည်.  ငြိမ်းချမ်ရေးအဖွဲ.ဆိုတာ သဘာဝမကျ။  ဤရာထူးရှင်များ ကိုယ်ရောစိတ်ပါ ထည်.၀င်ပတ်သက် ပါမှပြည်တွင်း  ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု သတ်မှတ်ချက်တွေ ကို ကတိတွေပေးထားတဲ. အတိုင်း တာဝန်ခံနိုင်လိမ်. မည်။ဒါမှသာ   ငြိမ်းချမ်းရေး ပန်းတိုင်သို. အမှန်ချဉ်းကပ်သော အရွေ.တွေဖြစ်စေမည်. လုပ်ချင်ကိုင်ချင်စိတ်များရှိလာနိုင်လိမ်.မည်။

ယခုတော. ရထားဝန်ကြီးဆိုသူ က သူနဲ.မဆိုင်သောအလုပ်ကိုလုပ်နေသည်။  သူ endorsement အန်ဒေါ.စ်လုပ်ပြီး ခေါ်ထားသော မဲဆောက် ချင်းမိုင် က သူ အချို. (အထူးသဖြင်. ဗဟုလက်ဝေခံ နိုင်အောင်၊ ဇော်ဦး၊ သောင်းထွန်း) တို.နှင်.ငြိမ်းချမ်းရေး ဘယ်လိုပတ်သက်ပါသနည်း။ မည်သည်.ခေါင်းစဉ်တပ်တပ် ၊သူတို.  အမည်တွေဝင်လာလျှင် လူတွေက ခါးသည်းကြသည်။  ပြည်တွင်းငြိမ်းချမ်းရေး မှာ သူတို.တတွေ တတပ်တအားပါဝင်မည်ဆို သော ဆင်လုံးတွေ သည်  နဲနဲ မဟုတ်၊ တော် တော်ကြီးကို လွဲချော်နေသည်. ပျက်လုံးများဖြစ်သည်။

ဆိုပါစို.။ ၂၀၁၁ နှစ် ကုန်ပိုင်းကစ၍  ရထားဝန်ကြီးဦးအောင်မင်း၏ငြိမ်းချမ်းရေး စကားတွေ  ဖြစ်မြောက် ပေါက်ရောက် ခဲ.လျှင် အောက်ပါတို.ကို ရှောင်လို.ရသည်။

--- ကချင် ပြည်က တိုက်ပွဲတွေ ဒီအထိ ဆိုး ရွားလာစရာ အကြောင်းမရှိ။
မြန်မာစစ်တပ်၊ကချင်တပ် နှစ်ဖက်စလုံးက အဆုံးအရှုံး တွေ (မနေ.ကလို တယောက်လူ တယောက်တက်ဆွဲရသည်အထိ)  ဒီလောက်အထိ  ဖြစ်လာစရာအကြောင်းမရှိ။ ပိုမိုအရေးပါသော နိုင်ငံရေးတာဝန်များယူ နိုင်နေပြီ ဖြစ်သော နိင်ငံ၏ လူငယ် လူလတ် လူကြီး ကလေးတွေပါမကျန် ခုလို သီချင်းတွေ ဆို၊ ဈေးတွေ ရောင်း ပြီး စစ်ဘေး ဒုက္ခသည် ရံပုံငွေများ အပူတပြင်း  ရှာ ဖွေ နေရ စရာ အကြောင်း မရှိ။---ရိုးရိုးလေးတွေးဖို.သာလိုသည်။

လူမှန်နေရာမှန်မရှိခြင်း

 နေရာတိုင်းမှာ-- (အဆိုးဆုံးက နေပြည်တော် မှာ ဖြစ်သည်)  ကိုယ်.လူ ကိုယ် ကာကွယ်ရင်း၊ ခုထိလူမှန်နေရာမှန်မရှိသေး။ ဒါတွေကို သမ္မတကြီး အသိ။ တနိုင်ငံလုံးအသိ။ ခုတော. မဲဆောက်က လက်ရွေးစဉ် ဒိမိုကရေစိ စုန်းပြူးများနှင်. လျှောက်ပြန်သံပေးပြုနေသော ဦးအောင်မင်း၏ ငြိမ်းချမ်းရေးခေါင်းးစဉ်ပြ အလုပ်တွေသည် မထိရောက် ရုံသာမက အာရုံလွှဲနေသလိုသာဖြစ်သည်။
မဲဆောက် ချင်းမိုင်က က မသန်.ရှင်းသော သူတွေ ကို ကြေငြာလာခြင်းက လူတွေ မျက်မွှေးစူးစရာဖြစ်စေသည်။ အစိုးရ၊ အတိုက်အခံများနှင်. ၊ပြည်တွင်း ပြည်ပ ဆက်ဆံရေးများ၏ ဆေးရောင် မျိုးစုံကို ဘယ်တုန်းကမှ အသိနှင်.မကြည်.တတ်ခဲ.၊ နှလုံးသားဖြင်.မခံစားတတ်ခဲ.သော၊ ဗဟု နှင်. အီး၈ရက်စ် ဂိုဏ်းသားများ က သမိုင်း ကို ကျကျနနလိမ်ပါလိမ်.မည်.။ (စစ်တွေကြောင်. ပင်ပန်းနေသော စစ်တပ်တာဝန်ခံများ ထက်ပင် သူတို.က ပိုသိ ပိုတတ် ပိုတက်ကြွ နေပါ၏) ဝေသာလီပျက် ချိန်မှာ နောက်ဆုံးအသက်ကယ်ဆေးဖြစ်ခဲ.သော ရတနာသုတ် ပရိတ်တော် ကို နာနာရွတ်ပါလေမှ သူတို.လည်း ဝေသာလီမှ ဘီလူးတွေပြေးခဲ.ကြသလို ပြေးကြလိမ်.မည်ထင်သည်။

 ပြည်သူလူထု အပေါ်စေတနာနည်းသော  ကလောင်ရှင်များက ဘီလူးသူရဲကို မင်းသားလိုလို ဖြစ်လာအောင်ညှာညှာတာတာလေးရေုးကြသည်။  သတင်းစာတွေက ပါ ၀ိုင်းပြီး ပီအာ လုပ်ပေးကြသည်။ ဘီလူးသူရဲကို  ငြိမ်းချမ်းရေးတမန်တော်လိုလို ကြေငြာပေး၏။  နေ.လည်မှာ အပြင်မထွက်ရဲပဲ၊ ညရောက်မှ ခိုးကြောင်ခိုးဝှက် အပြင်ထွက်ရဲသောသူ လူသတ်သမားက ဗဟုဝိုင်းတော်သားဖြစ်နေသည်။  ဦးအောင်မင်း၏ ဧည်.သည်.ထူး နိုင်အောင်ကို ကာကွယ်ရင်း၊ သမိုင်းလိမ်ချင်သော ဗဟုတပည်.ကြေးစား သတင်းသမားများက ၊  နိုငငံတော် ၏ Plan A or Plan B or Plan C တခုခုမှာ သံစဉ်တွေကို သူတို.ကပဲ နောက်ကွယ်က သိနေသလိုလို  ဒူးနေရာဒူး၊တော်နေရာတော် မဟုတ်ပဲ မျက်နှာပြောင်တိုက်နေ၏။

ကျင်.၀တ်မရှိသောသတင်းထောက်များများကြေးစားဖြစ်နေသောကြောင်.၊သူတို. အတင်းကြီး ဆွဲတင်လိုသည်. မဲဆောက်ချင်းမိုင်က သူတွေနှင်.ပြည်တွင်း ငြိမ်းချမ်းရေး မည်သို.မည်ပုံသက်ဆိုင်ပါသနည်း။ အီး ဂရက် မှ ဥိးကျော်ရင်လှိုင်၊ ဦးလှ မောင်ရွှေ၊ သမ္မတအကြံပေးအဖွဲ.မှ ဇော်ဦး နှင်. ဆွဲခေါ်လာသော နိုင်အောင်၊သောင်းထွန်း၊ ညိုအုန်းမြင်.၊--ဒီလူတွေ ပြည်တွင်းငြိမ်းချမ်းရေးနှင်. လားလားမှမဆိုင်တာကို သိသိနှင်. သတင်းဌာနတွေက သူတို.အတွက် တွင်တွင်ကြေညာပေးနေကြသည်။ ဒီသတင်းဌာနတွေ၏၀ါဒဖြန်.ချီရေးကို  တိုက်ရိုက်လွှမ်းမိုးထားသူတွေက အီးဂရက် နှင်. ဗဟုပဲဖြစ်နေပြန်သည်။

ဗဟုအစီအစဉ်အရ ၂၀၀၆  ၂၀၀၇ က ချင်းမိုင်မှာ လူသတ်သမားရော်နယ်အောင်နိုင် က အင်တာနယူး ၌ သတင်းသင်တန်းတွေပေးသည်၊ တိုသင်တန်းတက်ခဲ.သော  မြစ်မခမှ သင်တန်းဆင်းတို.က  ဗဟုအကျိုး၊ နှင်.လူသတ်ကောင်တို.၏အကျိုးကို ဆက်ဆောင်ရွက်ရန် ပရိတ်သတ်ကို လက်တလုံးခြားလုပ်သည်။ မြန်မာပြည်ကို ရှက်ပါလို.ပြောချင်သည်။ (မေသင်္ကြဟိန်းနှင်.သူ.မောင်ကလေး ၂ယောက်စလုံး လူသတ်သမား ရော်နယ်အောင်နိုင် ပို.ချသော ချင်းမိုင်က ထိုသတင်းသင်တန်းများတွင် တနှစ်စီခြားပြီး ခိုးကြောင်ခိုးဝှက် လာတက်သွားသည်ဟု ခိုင်လုံစွာသိရသည်။)  

Peace Mission ဘယ်သူတွေ က ပိုသင်.တော်သလည်း

--သိပ်စဉ်းစား ရ မည်. အလုပ်မဟုတ်။
လွှတ်တော်ထဲမှာ မဲခွဲ ဆုံးဖြတ်ရမည်.ကိစ္စလည်းမဟုတ်။  စစ်ပွဲတွေ ရှိခဲ.သောနိုင်ငံတိုင်းမှာ လက်နက်တွေအသာချ ၊ ငြိမ်းချမ်းရေး ဖေါ်ဆောင်ကြတော.မယ်ဆိုရင်၊ ဘယ်နိုင်ငံက အကြီးအကဲက မီးရထားဝန်ကြီးဆိုတာကို လွှတ်ပြီး မင်း ကြည်. လုပ်လိုက်စမ်း၊ရသလောက်လုပ်ကြည်. ဟု မခိုင်းပါ။
---နိုင်ငံရေးပွဲစားများနှင်. အလွမ်းသင်.နေသည်. တချက်၊
---စစ်တပ်၏အထက်က ရာထူးအမြင်.ဆုံး စစ်ဦးစီးချုပ်၊ ဒု စစ်ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး သူတို. တွေ လုံးလုံးမ ပါသည်.အချက်၊၊
---အလုပ်ကြီးတွေ နှင်. လုံးလုံးမသင်.တော်သောသူများကို သွပ်သွင်းထားသည်.တချက်၊
ဒီ အကြမ်းဖျင်း အချက်တွေ နှင်.ပင် အလီလီ ဖြစ်ခဲ.သော  ငြိမ်းချမ်း ရေး ဆွေးနွေးပွဲများ  သည် ငြိမ်းချမ်းရေးကို မဆောင်ကျဉ်းနိုင်ခဲ.။

ဒီ သတင်းလောက ၏ မိုးရွာတုန်းရေခံမဲ.အကျင်.တွေက မီးတွေကိုပိုလောင်စေသည်။ သတင်းသမားကျင်.၀တ်မမဲ.ရ၊ ဘက်မလိုက်ရ၊ လပ်မစားရ ဒီ သဘောတရား နားမလည်သည်.  အမည်ခံ သတင်းထောက်များက ယပ်တောင်ခပ်၍
မီးတွေပိုလောင်စေသည်။ အလုပ်သမားကိစ္စ များ၊ တောင်သူလယ်သမားတို.၏
တိုက်ပွဲများ၊ ကချင်နှင်.စစ်၊ ၊ရှမ်းတပ်များ၏စိမ်ခေါ်မှု အသစ်များ၊  ဒါတွေ အားလုံးကို  နောက်တမ်းပို.ပြီး ရာ ဇ၀တ်သား နိုင်အောင် ၏ အပြစ်ကြီးများကို အခြား ဒေါင်.တခုခုမှ ကြည်.ဖြစ်လာအောင် အောင် တွန်းတွန်းပို.ပို. လေးတွေ လုပ်နေတာတွေ.ရ၏။  ဗဟုဝိုင်းတော်သားတို.၏ အစီအစဉ်တကျ ဆောင်ရွက်ထားခြင်းဖြစ်သည်။

Let them go-အီးဂရက် မှ ဦးကျော်ရင်လှိုင်၊ မြန် မာ နိုင် ငံ ငါး လုပ် ငန်း အ ဖွဲ ချု ပ် မှ ဒု ဥ က္က ဌ ဦး လှ မောင် ရွှေ၊ ဗဟု ဇော်ဦး၊ သူတို.၏ကြံရာပါများ

သူတို.၏အသုံးမ၀င်မှု၊ အကျိုးမရှိမှုကို သိဖို.ခဲယဉ်းပါသလား၊  

သူတို. အိုင်ဒီယာနှင်.ဆက်သွားလျှင် ဝေသာလီပြည်ဘီလူးဝင်တော.မည်။ သမ္မတခိုင်းထားသော မီးရထားဝန်ကြီး သည် ထိုသူတို. အခင်းအကျင်းတွေဖြင်. ဘယ်လို နည်းနှင်.မှပြည်တွင်း  ငြိမ်းချမ်းရေး တာဝန်ကို ယူနိုင်မည်မဟုတ်။   ငြိမ်ချမ်းရေး မစ်ရှင်နှင်.ပတ်သက်၍---. ရထားဝန်ကြီးနှင်.သူလူများ ဆိုတာကို အလုပ် ပိုင်း နှင်. ဘယ်လိုပဲတွဲကြည်.ကြည်.၊ လုံးဝ အဆက်အစပ်မရှိ။ အလုပ်ပိုင်း အဆက်အစပ်မရှိလျှင်  (နိုင်ငံရေးအရ၊ စစ်ရေးအရ) လည်း အရေး မပါတော.ပြီ။ ဒါကိုလည်း  သမ္မတ ကြီးသဘောပေါက် သင်.သည်။ လွှတ်တော်အတွင်း နှင်.စစ်တပ်ထိပ်ပိုင်း က ကျားကျားယားယား များက ဥိးအောင်မင်း လုပ်နေတာတွေကို တော်တော် အသည်းယားနေကြပုံရသည်။ သမ္မတငြိမ်းချမ်းရေး အဖွဲ. ထက်အောက် ၀ဲယာ မှာ ဖေါ်မက် ပုံစံ တွေ မှား နေသည်။ အကြောင်းမှာ  အကြံပေး အဖွဲ. ၏ ဖေါ်မက် က မှားနေလို.ပဲ ဖြစ်သည်။ ဒီဖေါ်မက်ကို ဘယ်သူ.မှ အားနာမနေပဲ ဖြတ်တောက်ပစ်ရမည်။ ပိုင်းခြား ဆန်းစစ်ရမည်။ မလိုအပ်တာတွေကိုရှင်းထုတ်ပစ် နိုင်ရမည်။ ရှင်းထုတ်ပစ်ရမဲ.စာရင်းကို အထက်မှာ တင်ပြထားပါသည်။

သို.မဟုတ်ပါက--- ငြိမ်းချမ်းရေး၊ ငြိမ်းချမ်း ရေး၊ မျှော်တိုင်းဝေးရဦးမည်။

ငြိမ်းချမ်းရေးအဖွဲ.မှာ  လူမှန်နေရာမှန် ရှိဖို. သမ္မတကြီး ပြတ်ပြတ်သားသား လူလဲ ပစ်ရပါဦးမည်။

ကျေးဇူးပါ။
အေးအေးစိုးဝင်း
သြဂုတ် ရ ရက် ၂၀၁၂


Minister U Aung Min and Cliche---- Aung Min, chairman of the government negotiation team, dances at a welcome dinner for the ceasefire talks at Hotel Zwekabin in Pa-an, capital of the Karen State in eastern Myanmar January 11, 2012. The talks between the Myanmar government and the Karen National Union (KNU) to end more than 60 years of fighting will take place on January 12 in Pa-an. REUTERS/Soe Zeya Tun (MYANMAR - Tags: MILITARY POLITICS CIVIL UNREST) REUTERS

ဒေါက်တာနိုင်အောင်ရဲ့ မြန်မာပြည် ခရီး(၂)

by May Thingyan Hein on Saturday, September 8, 2012 at 9:34am · မေသင်္ကြန်ဟိန်(မြစ်မခ)
စက်တင်ဘာ ၈၊ ရန်ကုန်မြို့။

facebook ပေါ်က လက်ရှိ ကိုမိုးသီးဇွန် မြန်မာပြည်ခရီးစဉ် ဆောင်းပါးတွေကို စောင့်ဖတ်ပြီး ဆဲနေတဲ့ သူတွေကို သေချာကြည့်လိုက်တော့ အများစုက နိုင်ငံခြားမှာနေထိုင်တဲ့ သူတွေ ဖြစ်နေတယ်။ ဘာကြောင့်လဲ? ဆိုတာကို ကျမစဉ်းစားလို့ ခက်ခဲ့တယ်။

ဒါပေမဲ့ facebook ထဲက နိုင်ငံခြားမှာနေနေရတဲ့ သူငယ်ချင်းတယောက်က ပြောတယ်၊ သူတို့ အထိနာသွားတာတဲ့…။ ဘာကို အထိနာသွားတာလဲ …ဆိုတာလည်း စဉ်းစားစရာပါပဲ။ ဒါပေမဲ့ ကျမကိုယ်တိုင်ကတော့ ဘယ်သူ့ကိုမှ အထိနာစေဖို့ မရည်ရွယ်ခဲ့ပါဘူး။ ကျမ မြင်တာကိုပဲ ချရေးခဲ့တာ။ မြင်တာချရေးရုံနဲ့ အထိနာသွားတယ်ဆိုတာ ဘာကြောင့်လဲ….ဒါလည်း စဉ်းစားစရာပါပဲ။

ပြီးတော့အဲဒီအုပ်စုတွေကပဲ နောက်တခု စွတ်စွဲကြတာရှိတယ်။ ကျမက ကိုရော်နယ်အောင်နိုင်ရဲ့ တပည့်တဲ့။ ကိုရော်နိုင်အောင်နိုင်ရဲ့ အမည်ကို ကြားဖူးပါတယ်။ ဓါတ်ပုံကိုလည်း မြင်ဖူးတယ်။ဒါပေမဲ့ ဆရာ၊တပည့်လို့ပြောရအောင် ဘယ်သင်တန်းမှာမှ မကြုံခဲ့ဖူးပါဘူး။
လူချင်းလည်း တခါမှ မတွေ့ခဲ့ဖူးဘူး။ ဘာကြောင့် မဟုတ်တာတွေ ပြောကြာတာလဲ…ဒါလည်း စဉ်းစားစရာပါပဲ။

နောက်တခုက ကျမကို သတင်းရောင်းတဲ့သူလို့ ပြောတာ  အဲလို အပြောခံရတာကို ကျမက ဂုဏ်ယူမိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမက သတင်းတွေကို  ရောင်းပါတယ်။ ဒါပေမဲ့ facebook နဲ့ မြစ်မခ၀က်ဆိုက်မှာတော့ အခမဲ့တင်ထားခဲ့တယ်၊ အဲဒီလို အခမဲ့တင်နိုင်ဖို့ ကျမတို့ မြစ်မခ သတင်းထောက်တွေရဲ့ သတင်းတွေကို ရောင်းကြရတယ်၊ မရောင်းဘဲနဲ့ တောင်းစားရင် ခုထက်ပိုပြီး ၀င်ငွေကောင်းမယ်ဆိုတာလည်း ကျမ သိသားပဲ။

နောက်တချက်က ကျမက ဗဟုရဲ့ တပည့်တဲ့၊ ဗဟု ဆိုတဲ့ အဖွဲ့ကို ကျမ ကြားဖူးပါတယ်။ ဗဟုရုံးခန်းကို တခါမှ မရောက်ခဲ့ဖူး။ ဗဟုဦးဆောင်သူတွေကလည်း ကျမနာမည်ကိုတောင် ကြားဖူးချင်မှ ကြားဖူးကြမှာပါ။ ဘာဖြစ်လို့ အဲလို မဟုတ်တာတွေ၊ အမှားတွေနဲ့ ကျမကို စွတ်စွဲနေကြသလဲ၊ အမှားတွေကိုပဲ စဉ်စားနေကြတာကလည်း အံ့သြစရာပါပဲ။


ပြီးတော့ အဲလိုအမှားတွေနဲ့ စွတ်စွဲနေတဲ့သူတွေ ၊ ညစ်ညမ်းတဲ့စာလုံးအသုံးအနှုန်းတွေနဲ့ တိုက်ခိုက်နေတဲ့ သူတွေထဲက  အချို့ကတော့ တချိန်က ကျမ လေးစားခဲ့ရတဲ့ ကျမထက် အသက်ကြီးတဲ့သူ၊ လုပ်ငန်းဝါ ကြီးတဲ့ အမျိုးသားကြီးတွေ ဖြစ်နေတာလည်း နားမလည်နိုင်ဘူး။ ကျမလို သာမန်ပြည်သူ မိန်းမတယောက်အနေနဲ့ ခုလို သက်ကြီးဝါကြီးလေးစားရသူတွေနဲ့ တတန်းတည်းလို့တောင် ဘယ်တုန်းကမှ မတွေးမိခဲ့ဖူး၊ ခုတော့ နားမလည်နိုင်သလို အံ့သြရပါတယ်။ အရင်ကလို မလေးစားနိုင်တော့တာကလွဲလို့ ပြန်လည်တိုက်ခိုက်လိုစိတ်လည်း မရှိဘူးရှင်။


ဘာပဲပြောပြော ခုလို ကျမ စာများများရေးဖြစ်တဲ့အတွက် တွန်းအားဖြစ်စေခဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ အတိုက်အခိုက်တွေ ရှိနေတာကိုလည်း ကျမ စိတ်မညစ်ပါဘူး၊ ဒီလိုအမှားထောက်ပေးဖို့ စောင့်ကြည့်ပေးမဲ့ သူတွေ ရှိတာ ကျမအတွက် ကံထူးတာပါပဲ။ သူတို့ကိုလည်း ကျေးဇူးတင်စိတ်နဲ့ပဲ ရေးစရာရှိတာတွေကို ဆက်ရေးပါမယ်။ ဒေါက်တာနိုင်အောင်ကိုလည်း မေးစရာရှိတာတွေ ဆက်မေးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဒေါက်တာနိုင်အောင်ကလည်း သတင်းမီဒီယာလုပ်ငန်းတွေ ခုလို ဖြစ်လာတဲ့အပေါ်မှာ အားရမိကြောင်း၊ မီဒီယာပွင့်လင်းမှု မရှိစဉ်တုန်း ခိုးကြောင်ခိုးဝှက်အလုပ်လုပ်ရတဲ့ အခြေအနေတုန်းကလည်း မီဒီယာကတော့ အမြဲကြိုးစားခဲ့တာတွေ့ရကြောင်း ပြောရင်း အင်တာဗျူးကို ပြန်စကြပါတယ်။

“ကျနော်တို့ အပြင်မှာ နေတဲ့ အဖွဲ့အစည်းတွေ အများစု ခံယူထားတာက ပြည်သူ့အသံက အဓိက၊ အထူးသဖြင့် ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ အသံနဲ့ပြည်သူ့အသံက အဓိက လို့ ခံယူပြီး ကျနော်တို့က ၀န်းရံပံ့ပိုးပေးဖို့လောက် တောက်လျှောက်စဉ်းစားနေခဲ့တာပါ“လို့ ပြောရင်း ပြည်ပက အဖွဲ့အစည်းတွေအနေနဲ့ ပြည်တွင်းက အခြေအနေတွေကိုစောင့်ကြည့်ပြီး ၀န်းရံကူညီဖို့ ရှိကြောင်း ပြောပါတယ်။

ဒေါက်တာနိုင်အောင်က အစိုးရရဲ့ ဖိတ်ခေါ်မှုကြောင့်ရောက်ရှိလာပြီး မြန်မာနိုင်ငံဒီမိုကရေစီရေး အတွက်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုလို ပြန်လာခွင့်ရတဲ့အခြေအနေပေါ်မှာမူတည်ပြီး ပြည်ပရောက်ရှိနေကြတဲ့ မြန်မာဒီမိုကရေစီအင်အားစုတွေ အနေနဲ့စဉ်စားသွားမှာဖြစ်ကြောင်း ပြောပါတယ်။

“ကျနော်တို့ အားလုံး လုံလုံခြုံခြုံနဲ့ဒီမိုကရေစီ လွတ်လပ်ခွင့်အတိုင်း နေခွင့်ရတယ်၊ လုပ်ခွင့်ရတယ်ဆိုရင် အပြီးပြန်လာမယ့်လူတွေ လည်းရှိနိုင်သလို အလည်ပြန်လာမယ့် လူတွေလည်း ရှိပါတယ်`“

ပြည်ပက အင်အားစုတွေအများစုကတော့ လက်ရှိ ၂၀၁၀ ရွေးကောက်ပွဲနဲ့တက်လာခဲ့တဲ့ အစိုးရအပေါ်မှာ ယုံကြည်စိတ်ချမှု နည်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဘ၀ကနေလွှတ်ပေးလိုက်ပြီးနောက်၊ ကိုမင်းကိုနိုင်အပါအ၀င် ၈၈ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးခဲ့ခြင်းအပြင်မီဒီယာလွတ်လပ်ခွင့်အချို့ပေးလိုက်ခြင်းစတာတွေကြောင့် မြန်မာပြည်   ပြောင်းလဲချင်လာပြီလို့တွက်ဆကြသူတွေလည်း ရှိခဲ့ပါတယ်။ အဲဒါကြောင့် ဒေါက်တာနိုင်အောင်ရဲ့ အမြင်ကိုလည်း သိချငိလို့ မေးခဲ့ပါတယ်။

မေး။       ။ ဟုတ်ကဲ့ပါ။အကို့အနေနဲ့ရော မြန်မာနိုင်ငံက တကယ်ပြောင်းလဲနေပြီလို့စိတ်ထဲကနေ လုံးဝကို ယုံကြည်စိတ်ချလို့ရနိုင်တဲ့အနေအထားတစ်ခု ရောက်ပြီလားရှင့်။

ဖြေ။       ။ ကျနော် မြင်တာကတော့ ပြောင်းလဲနေတဲ့ အစတွေ ခြေလှမ်းတွေ မြင်နေရပြီလို့ ပြောချင်ပါတယ်။နောက်တစ်ခုက အပြောင်းအလဲဆိုတာကလည်း ကျနော်တို့တင်ပြနေတဲ့ အခုပုံစံက ပြီးပြည့်စုံပြီးကောင်းမွန်တယ်ဆိုတာမျိုးကို နတ်ရေကန်ထဲ ပစ်ချသလို ချက်ချင်းတော့ ဘယ်ရနိုင်ပါ့မလဲ။ သို့ပေမဲ့ အဲလိုမျိုး လုပ်တဲ့အခါ အစိုးရကလည်း ထင်သာမြင်သာရှိတဲ့ဟာတွေ လုပ်ဖို့လိုတယ်။နောက် ကျန်နေတဲ့ ကိစ္စတွေလည်း ရှိတယ်။ ပြောချင်တာက ဘာလဲဆိုတော့ အခုလောလောဆယ် လုပ်နေတဲ့ ကိစ္စတွေမှာ ကဏ္ဍပေါင်းစုံကို ဖြည့်စွက်ပြီးတော့ မဟာဗျူဟာကျကျ ဖြစ်နိုင်တဲ့ အနေအထားမျိုးတော့ မရေးဘူး။နောက် တစ်ဖက်မှာတော့ အပြောင်းအလဲကဦးဆောင်တဲ့အပိုင်းမှာတော့ ဖြစ်နေပြီ၊အခုပြောင်းလဲနေတဲ့ ပေါ်လစီတွေအားလုံးက အောက်ခြေကို   ရောက်မလာသေးဘူး။နောက်ပြီးတော့ အခုအပြောင်းအလဲတွေမှာ ပေါ်လစီတွေ ဖြစ်လာပြီဆိုရင် ဒီပေါ်လစီကို အကောင်အထည်ဖော်မယ့် အထူးသဖြင့် အစိုးရနဲ့ ပတ်သက်တဲ့ ယန္တရားပိုင်းတွေက လုပ်ဟန်တွေပါ ပြောင်းဖို့လိုလာတယ်။
အခုတော့ အဲလိုဟာမျိုးတွေကို မတွေ့ရသေးဘူး၊အခု မီဒီယာလွတ်လပ်ခွင့်တွေရှိလာတယ်၊ ကျွန်တော်တို့ ပြန်လာလို့ရတယ်၊ လွှတ်တော်ဆိုတာလည်း ရှိနေပြီ၊ နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံမှုတွေလည်း ရှိနေပြီ။အရင်တုန်းကလိုမျိုး တဖက်နဲ့ တစ်ဖက်   အပြန်အလှန် တိုက်ခိုက်ပြောဆိုနေရတာမျိုးတွေကနေ တစ်ဖက်နဲ့တစ်ဖက် စကားပြောဆိုမှုတွေ ရှိလာပြီ။

မေး။ ။ဒါကတော့ အစိုးရရဲ့ ပြောင်းလဲခြင်းအစပေါ့နော်၊  ပြည်သူလူထုရဲ့အနေအထားကိုရော ဘယ်လိုမြင်သလဲရှင့်၊ ပြောင်းနေတာမျိုးတွေ သတိပြုမိတာတွေရှိပါသလား။

ဖြေ။ ။ကျနော်ကတော့ ပြည်သူလူထုရဲ့ ဘဝက လက်တွေ့ကျကျ မပြောင်းသေးဘူးလို့ ထင်တယ်။ အဲလိုဟာမှာလည်း အစိုးရကို အပြစ်တင်နေတာထက် တကယ်တမ်းမှာ နေ့ချင်းညချင်း ဖြစ်လာမယ့် ကိစ္စမဟုတ်ဘူး၊ ဆိုတော့ ဒါတွေအားလုံးကို လက်တွဲလုပ်ကြရမယ်၊အဲဒီလက်တွဲလုပ် ခွင့်တွေရလာပြီ၊ ပေးလာပြီဆိုရင် ပိုပြီးကောင်းလာအောင်  ပြည့်စုံလာအောင်အင်တိုက်အားတိုက် ကျနော်တို့ အင်တိုက်အားတိုက် အတူတူ ကြိုးစားရပါမယ်။

မေး။       ။ အကိုကလည်း အစိုးရပိုင်းမှာ ခုလို အပြောင်းအလဲတွေ စပြောင်းနေပြီလို့ ပြောတော့လေ ခုလိုပြောင်းလဲလာတာ ဘာကြောင့်ပါလဲ။

ဒေါက်တာနိုင်အောင်က တချက် စဉ်းစားသလို လုပ်ပြီး ဒူးကိုပိုက်ထားတဲ့ လက်ကို ရုတ်လိုက်ရင်း ပြန်ဖြေပါတယ်။

ဖြေ။       ။ နှစ်ပိုင်းရှိတယ်၊ ၈၈ ကနေစပြီးတော့ တောက်လျှောက်တောင်းဆိုနေတဲ့ ပြည်သူတွေရဲ့ လိုလားမှု၊ နိုင်ငံရေးအဖွဲအစည်းတွေရဲ့ ကျားကုတ်ကျားခဲနဲ့ ကြိုးစားမှုတွေကြောင့် ပါပါတယ်။ နိုင်ငံတကာက ပံ့ပိုးမှုနဲ့ အစိုးရကိုယ်တိုင်ကလည်း အပြောင်းအလဲကို လုပ်ဖို့အချိန်ရောက်ပြီ၊ ဒီမိုကရေစီကသာလျှင် အဖြေဖြစ်တယ်၊ နောက်ပြီးတော့ ဒီလိုအင်အားစုတွေနဲ့ရန်ဘက်အနေနဲ့ ဆက်ဆံတာထက် လွယ်လွယ်ကူကူနဲ့ပေါင်းသင်းချင်တယ်ဆိုတဲ့ သူတို့ရဲ့ ခံယူချက် ပြောင်းလာတာ အားလုံးတိုက်ဆိုင်ပြီးတော့ ဖြစ်လာတာပါ။ ကျနော်ကတော့ အဲလိုပဲ မြင်ပါတယ်။

မေး။       ။ ဟုတ်ကဲ့ပါ၊ အကိုတို့လို ပြည်ပက ဒီမိုကရေစီအင်အားစုတွေနဲ့ ကိုမိုးသီးဇွန်တို့အဖွဲ့အပါအ၀င် အဖွဲ့အစည်းတွေအဖွဲ့တွေကလည်း မြန်မာပြည်အတွက်ကို ပြည်ပကနေ အစိုးရကို တောင်းဆိုတာမျိုးတွေရှိခဲ့တယ်လို့ သိရပါတယ်။အဲဒါတွေပေါင်းပြီး ခုလို အရွေ့တွေဖြစ်လာတယ်ပေါ့နော်၊ အဲဒီထဲကတော့ ဘယ်လိုကိစ္စမျိုးတွေကတော့ အကိုတို့ရဲ့ တောင်းဆိုမှုကြောင့် ထိထိရောက်ရောက်ဖြစ်ရတယ်လို့ ပြောနိုင်တာမျိုးတွေနဲ့ ဘယ်ဟာတွေက ထိရောက်သလဲ၊ ပြီးတော့ ထိရောက်မှုရှိမရှိတွေကို အကို့အနေနဲ့ သုံးသပ်မိတာမျိုးတွေ ရှိပါသလား။ ဘယ်လိုပြန်ပြီးတော့ သုံးသပ်သလဲဆိုတာ သိချင်ပါတယ်။

ဖြေ။       ။ဥပမာဆိုပေါ့ “အခုနိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှုပေါ့နော်၊ ကျနော်တို့အနေနဲ့ နိုင်ငံတကာအင်အားစုအားလုံး၊ အစိုးရအပါအဝင်က မြန်မာပြည်နဲ့ ပတ်သက်လို့ရှိရင် ဒါက ပထမဦးဆုံးပြောရမယ့်အချက်၊ တိုင်းတာလို့ရမယ့် အချက်ဖြစ်တယ်ဆိုတာကို ကျနော်တို့ အနေနဲ့ ပြောဆိုချင်ပါတယ်။  ဒီတော့ အကုန်လုံး မလွတ်သေးပေမဲ့လို့ အရေးကြီးတဲ့ခေါင်းဆောင်တွေ  လွတ်မြောက်လာတဲ့ ကိစ္စ္စပေါ့၊ ဒါကလည်း တဆက်တည်းမှာ ပြောချင်တာက အစိုးရကိုရော၊ အခုလိုကူညီပေးတဲ့ မိသားစုတွေကိုရော ကျေးဇူးတင်ပါတယ်။အခုက တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ ကိစ္စပေါ့နော်၊အပြစ်အခတ် ရပ်စဲဖို့၊တွေ့ဆုံဆွေးနွေးဖို့၊ ဒါကလည်း ကျနော်တို့ ကြိုဆိုပါတယ်၊ နောက်တစ်ခုက ကျနောတို့လည်း အပစ်အခတ် ရပ်ဆဲရေးနဲ့ တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းခဲ့ပါတယ်၊ အခုနောက်ပိုင်းမှာတော့ အပြည့်စုံအကောင်းဆုံး မဟုတ်သေးပေမဲ့လို့ ဒီဖြစ်စဉ်လေးကတော့ စနေပြီပေါ့နော်၊ နောက်ပြီးတော့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့လည်း လုပ်နေပြီပေါ့နော်။အဲတော့ အစိုးရရဲ့ ငြိမ်းချမ်းရေး အဖြေရှာတဲ့အထဲမှာ ပါတယ်လို့သိရတယ်။အဲဒါလေးကလည်း ကောင်းပါတယ်၊ ဖြစ်လာမယ်လို့လည်း မျှော်လင့်ပါတယ်၊ ဒီလိုမျိုး ဟာတွေ ဖြစ်ဖို့ကို ကျနော်တို့ ၂၄ နှစ်လုံးလုံး အစိုးရကို ဖိအားပေးဖို့ကိစ္စတွေ၊ နိုင်ငံတကာကို ဖိအားပေးဖို့ကိစ္စတွေ ရှိလာတာ ကောင်းပါတယ်၊ နောက်တစ်ခုက ကျနော်တို့ လူထုအခြေပြုအဖွဲ့အစည်းတွေပေါ့နော်၊ ၁၉၉၉ ခုနှစ်လောက်ကတည်းကစပြီးတော့ အတွင်းအပြင် လူထုအခြေပြုအဖွဲ့အစည်းတွေ ဖြစ်လာဖို့ ကျနော်တို့ နိုင်သမျှနည်းနဲ့ ကြိုးစားခဲ့ရတာတွေ ရှိတယ်၊ မြန်မာမီဒီယာအပါအဝင် လူထုအခြေပြုအဖွဲ့အစည်းတွေကလည်း အခုဆိုရင် အလုပ်သမားတွေ၊ လယ်သမားတွေအတွက် ပုဂ္ဂိုလ်ရေးတွေ တိုက်ပွဲဝင်ကြတယ်၊ ကျောင်းသားတွေကလည်း သမဂ္ဂအဖွဲ့ဆောင်ပြီးလှုပ်ရှားနေကြတယ်ဆိုတော့ အခုဆိုရင် ဒီလိုဟာမျိုးလေးတွေက ဖြစ်လာတယ်ဆိုတဲ့ အပေါ်မှာလည်း ကျနော်တို့ မြင်ရတာ ဝမ်းသာတယ်၊ ကျနောတို့လည်း ဆက်ပြီးတော့ ကြိုးစားမယ်၊ ကျနော်တို့ ပြောချင်တာက အသွင်ကူးပြောင်းရေးကာလမှာပဲ ဖြစ်ဖြစ် ပြီးခဲ့တဲ့ တိုက်ပွဲကာလထဲမှာပဲ ဖြစ်ဖြစ်ကျနော်တို့ ကိုယ်တိုင်က မလိုချင်ဘဲနဲ့ ကျနော်တို့ကိုယ်တိုင်က ဇွဲနဲ့ မကြိုးစားဘဲနဲ့ ဘယ်ဟာကမှ အလကားရလာမှာမဟုတ်ဘူး၊ အဲဒီစိတ်နဲ့ပဲ ကျနော်တို့ ဆက်ကြိုးစားကြအောင်ပါလို့ကျနော် ပြောချင်ပါတယ်။

ဒေါက်တာနိုင်အောင် ဖြေသွားတဲ့အဖြေကလည်း တော်တော်ရှည်ပါတယ်၊ ဒါပေမဲ့ သူ့အမြင်ပွင့်ပွင့်လင်းလင်းသိရဖို့ ကျမအနေနဲ့ ဆက်မေးဖို့ စဉ်းစားပါတယ်။ ကိုယ့်လေသံကိုလည်း သတိထားရင်း ဆက်မေးပါတယ်၊(လေသံကို သတိထားရတယ်ဆိုတာက တခါတရံမှာ ကိုယ်က အပြုသဘောဆောင်တဲ့မေးခွန်းမျိုးမေးပေမဲ့ ကိုယ့်ရဲ့ လေသံကြောင့် အမေးခံရတဲ့သူက တွန်းတဲ့မေးခွန်းလို့ ထင်ပြီး ဘုဖြေတာမျိုးတွေလည်း ရှိတတ်ပါတယ်- အထူးသဖြင့် သတိပြုရမဲ့ မေးခွန်းမေးတိုင်း အမေးတွေကို တလုံးချင်းစီနဲ့ အေးအေးဆေးဆေး ဖြေးဖြေးခြင်း ပြောတတ်အောင်လည်း ကျမ အမြဲသတိထားနေခဲ့ပါတယ်)

မေး။       ။ ကျမအနေနဲ့ ပွင့်ပွင့်လင်းလင်းမေးချင်တယ် အကို။  အခုလက်ရှိပြည်တွင်းက ဒီမိုကရေစီ အင်အားစုနဲ့ ပြည်ပမှာ ရှိနေတဲ့ ဒီမိုကရေစီ အင်အားစုတွေမှာ ကြားမှာ အမြင်လွဲနေတာလေးတွေ ရှိနေတော တွေ့ရပါတယ်။ ဥပမာအားဖြင့် ပြည်တွင်းမှာ လုပ်နေတဲ့ လူတွေကျတော့ ငါတို့ ဘဝကို ရင်းပြီးတော့ ထောင်ကျခံပြီးတော့ လုပ်နေကြတယ်၊ ပြည်ပကလူတွေကတော့ အပြင်မှာ အေးအေးဆေးဆေးနေရင်း အော်နေကြတာ ဆိုတာမျိုး အမြင်တွေ၊ပြီးတော့ ခုလို ပွင့်လင်းစ အခြေအနေမျိုးရောက်မှာ ပြည်တွင်းကို ၀င်လာပြီး နေရာယူဖို့ လုပ်နေတယ် ဆိုတာမျိုးတွေ ရှိနေတော့လေ။ ဒါ့အပြင် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု ပျက်ပြားစေနိုင်တဲ့ အသုံးအနှုန်းလေးတွေနဲ့  facebook လို လူမှုကွန်ယက်တွေမှာလည်း ပြောဆိုနေတာလေးတွေကိုလည်း တွေ့နေရတော့လေ။  အဲဒီအပေါ်မှာ ဘယ်လိုမြင်လဲပြီးတော့ ဘယ်လိုသဘောထားပါသလဲ။

ဖြေ။       ။ဒီမေးခွန်း ကောင်းပါတယ်၊ ကျနော်တို့ အနေနဲ့ ပြောမယ်ဆိုရင် နိုင်ငံတကာ လေ့လာတဲ့အခါမှာ နိုင်ငံက ပြန်ပွင့်သွားပြီးတော့ အဲလိုမျိုးဖြစ်သွားတဲ့ အချိန်မှာ ကျနော်တို့လို ပြည်ပရောက်နေတဲ့ နိုင်ငံရေးအင်အားစုတွေက ပြန်လာတဲ့အချိန်မှာ အတွင်းအပြင် ဝိရောဓိဖြစ်တာတွေ၊ ပဋိပက္ခဖြစ်တာတွေ၊ အမြဲတမ်း ကြုံရမှာပါ၊ ဘာဖြစ်လို့လဲဆိုတော့ ခံစားချက်က နှစ်ဖက်စလုံးမှာ တစ်ယောက်တစ်မျိုးစီ ရှိကြပါတယ်၊ ဒါပေမဲ့ ကျနော့်အနေနဲ့ပြောချင်တာက ပြည်ပမှာရောက်နေတဲ့ လူတွေ၊ ပြန်လာမဲ့ သူတွေက ကျနော်တို့က ပိုပြီးတော့ စိတ်ရှည်ရမယ်၊ ပိုပြီးတော့ သည်းခံရမယ်၊ ပြီးတော့ ဒီထဲမှာရှိနေတဲ့ ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေက တောက်လျောက်ခေါင်းဆောင်ခဲ့တာတွေအတွက် သူတို့တွေအလုပ်ဆက်လုပ်နိုင်အောင် ကျနော်တို့က ဝိုင်းရံ အသိအမှတ်ပြုပံ့ပိုးကူညီသွားရမယ်၊ ကျနော်တို့ကို နားလည်လက်ခံနိုင်တဲ့ ပုံစံမျိုးဘက်ထဲမှာ ကျနော်တို့ သူတို့ရဲ့ လက်ကမ်းမှုကို သိရမယ်၊ ပူးပေါင်းရှာဖွေမှုကို လုပ်သင့်တယ်လို့ ကျနော်တို့ ထင်ပါတယ်၊ နောက် ဒီအခွင့်အလန်းချင်း ကွာခြားသွားမှုအပေါ်မှာ ကိုယ့်ဘက်က ရှိတဲ့ ကောင်းချက်တွေရှိတာကို ကျနော်တို့က သူတစ်ပါးအတွက်ကို ခြိမ်းခြောက်တယ်ဆိုတာမျိုးမဖြစ်အောင် ကျနော်တို့ ကြိုးစားသင့်တယ်လို့ကျနော်တို့ထင်ပါတယ်။

ပြီးတော့ သူက ကျမကို တချက်ကြည့်ပြီး ခပ်အေးအေးပဲ ဆက်ပြောတယ်။


 “ဒါကိုလည်း ကျနော်တို့က လေးလေးစားစား တန်ဖိုးထားသင့်တယ်လို့ ထင်ပါတယ်၊ ငါတို့က တိုက်လိုက်ရလို့ ခေါင်းဆောင်ဖြစ်တယ်ဆိုတာ တိုက်ပွဲအတွက်ပဲ ဖြစ်ပါတယ်၊ ဒါပေမဲ့ အဲဒီပြန်လည်တည်ထောင်ရေးကို စဉ်းစားမယ်ဆိုရင် ကျနော်တို့ ပြောပြောနေကျ အသွင်ကူးပြောင်းရေးဆိုတဲ့ စကားမျိုးနဲ့ ပြောမယ်ဆိုရင် တိုက်ပွဲရဲ့ခေါင်းဆောင်တွေက တစ်ချိန်ချိန်မှာ တိုင်းပြည်ကို ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်တွေဖြစ်အောင် အသွင်ပြောင်းကြဖို့လိုတယ်၊ ငါတိုက်လို့ကတော့ ငါဝန်ကြီးချုပ်ဖြစ်ရမယ်၊၊ သမ္မတလုပ်မယ်ဆိုတဲ့ ဖြစ်ချင်လိုမှုရှိတဲ့ အထဲမှာ ကိုယ်ရော ဝန်ကြီးချုပ်လုပ်နိုင်လား၊ ကိုယ်ရော သမ္မတလုပ်နိုင်လားဆိုတာကို စဉ်းစားဖို့လိုတယ်၊ နောက်တစ်ခုက ကျနော်တို့လုပ်တာ တိုင်းပြည်အတွက် လုပ်တာဆိုရင် တိုက်ပွဲဖြစ်တာက တစ်ကဏ္ဍ၊ တိုင်းပြည်အလုပ်ချုပ်တာက တစ်ကဏ္ဍ၊ အဲတော့ ကျနော်တို့နယ်စပ်မှာ နိုင်ငံရေးလုပ်တဲ့ ၂၄ နှစ်လုံး တိုက်ပွဲထဲမှာပဲ ရှိနေတဲ့လူတွေကို အပထား၊ ကျနော်တို့တိုင်းပြည်အပြင်မှာရောက်နေတဲ့ ပညာရှင်တွေ တိုင်းပြည်ကို ပြန်လာလုပ်ဖို့၊ သူတို့က အုပ်ချုပ်တဲ့နေရာတွေ၊ ဦးဆောင်တဲ့ နေရာတွေမှာ သူတို့နဲ့သင့်တော်တယ်ထင်ရင် ကျနော်တို့ နေရာပေးရမယ်ထင်ပါတယ်၊ နောက်တစ်ခုက ကျနော်တို့ အဲလိုမျိုးလုပ်နေတဲ့ လူတွေက မြင့်မြတ်တဲ့ စိတ်မျိုးထားသင့်တယ်လို့ အဲလိုမျိုး မြင်ပါတယ်။

မေး။       ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ အကို့အနေနဲ့ရော မြန်မာနိုင်ငံကို ပြန်လာပြီးတော့ ပါတီ တည်ထောင်ဖို့တွေဘာတွေရော ရှိပါသလား။

ဖြေ။       ။ ကျနော့်အနေနဲ့အမှန်အတိုင်းပြောရရင်တော့ ရေရှည် နိုင်ငံရေးလုပ်မယ်ဆိုရင်တော့    ခုလို အသွင်ကူးပြောင်းရေးကာလတွေမှာ လုပ်စရာရှိတဲ့ ကိစ္စတွေ ကျနော်စဉ်းစားထားတာ ရှိတယ်ပေါ့နော်၊ အထူးသဖြင့်တော့ လူထုစွမ်းအား မြင့်လာဖို့ ကိစ္စတွေ၊ နောက်ပြီးတော့ အခြေခံအဖွဲ့အစည်းတွေ အားကောင်းဖို့ကိစ္စတွေ၊နောက်ပြီးတော့ ဒီလိုအပြောင်းအလဲဖြစ်စဉ်တွေထဲမှာ အခုဗျာ လူကြီးတွေက ဆွေးနွေးလာတဲ့ တစ်ချိန်တည်းမှာပဲ လူကြီးတွေပဲ ဆွေးနွေးနေကြတာပဲ မဟုတ်ဘဲနဲ့လူထုကပါ သူတို့ရဲ့ ဆန္ဒတွေ၊ သဘောတွေပါတဲ့ ကိစ္စတွေ တစ်ခုခုလုပ်သင့်ပါတယ်။ အဲလို ကျနော်မြင်တယ်။ ကျနော် က ပါတီတစ်ခုတည်းမှာ သွားလုပ်ဖြစ်မယ်ဆိုရင်တော့ ပါတီကိုလည်း ထိခိုက်နိုင်တယ်၊ နောက်တစ်ခုက အမြင်လည်းစောင်းနိုင်တယ်ဆိုတဲ့ ကိစ္စမျိုး ရှိမယ်ဆိုရင်၊ အဲဒီအခြေအနေမျိုး ရှိနိုင်မယ်ဆိုရင်တော့ ကျနော် ဘယ်ပါတီထဲမှ မဝင်ပါဘူး။

ဆက်လျက်ဖော်ပြပေးပါမည်။

ကျမရဲ့စာဖတ်သူများ အားလုံးကို လေးစား ခင်မင်လျက်ပါ ရှင်။

မေသင်္ကြန်ဟိန်

ပြည်သူ့လွှတ်တော် ၊တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ နှင့် ဥပဒေ ပညာရှင်များတွေ့ဆုံပွဲ

Popular Myanmar News Journal

ပြည်သူ့လွှတ်တော် ၊တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ နှင့် ဥပဒေ ပညာရှင်များတွေ့ဆုံပွဲကို မကြာမီတွင် ကျင်းပတော့မည် ဖြစ်သည်။ ယင်းအစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း နှင့် ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့မှ အမှာ စကားပြောကြားမည်ဖြစ်ပြီး၊တိုင်းရင်းသားရေးရာ ကော်မတီဝင်များ၊ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ နှင့် ဥပဒေ ပညာရှင်များ တက်ရောက်လာကြကြောင်းသိရသည်


ဒေါ်အောင်ဆန်းစုကြည်က အမှာ စကားပြောကြားရာတွင် တရားဥပဒေ စိုးမိုးရေးသည် လက်ရှိ အခြေ အနေ၌ ပြည်သူတို့၏ ယုံကြည်ထားမှု ၊ ပြည်သူ အများ၏ အကြားရောက်ရှိနေသာ ဥပဒေ ကိစ္စရပ်များ ။ ကော်မတီဥက္ကဌ အနေဖြင့် လုပ်ငန်းများကို စတင် လုပ်ဆောင် သည့်အခါ ခေတ် အဆက်ဆက် ဖြတ်သန်းခဲ့သော ၊ ရင့်ကျက်မှုရှိသော ပုဂ္ဂိုလ် များထံမှသင်ယူ လိုသော ကိစ္စများရှိနေသောကြောင့် ယခုကဲ့သို့ တွေ့ဆုံပွဲကို ဖိတ်ခေါ်ကျင်းပ ရခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကာကွယ်ရေး၊ ပြည်ထဲရေး အစရှိသည့် ဌာနများကိုလည်း ဖိတ်ခေါ်ထားကြောင်း၊ ပြည်သူများ ၄င်းတို့ ၏ အခွင့် အရေး ကို သိရှိ နားလည် ရန်ျနှင့် ထိုအခွင့် ရေး ကိုကာကွယ်ခြင်းအားဖြင့် ဥပဒေကို မြင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း သို့မှသာ တရားဥဒေစိုးမိုးရေးအတွက် ပြည့်ဝစွာ လုပ်ကိုင် ဆောင်ရွှက်သွားနိုင်ဟု ထင်ကြောင်း ပြောကြားသွားသည်။ သူရဦးအောင်ကို နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား တွေ့ဆုံပွဲတွင် တွေ့ရစဉ်

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇောကို မြန်မာနိုင်ငံပြန်လာရန် ခွင့်ပြု



The Voice Weekly

မြန်မာနိုင်ငံပြန်လာ၍ ရွှေတိဂုံစေတီတော်ကို ဖူးမျှော်လိုသည်ဟု ထုတ်ဖော်ပြောဆိုလာသော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇော ကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က မြန်မာနိုင်ငံပြန်လာရန် ခွင့်ပြုလိုက်ပြီး ပြန်လာပါကကြိုဆိုပါကြောင်း ၎င်း၏
မိသားစု ကိုအကြောင်း ပြန်ကြားထားသည်ဟု နိုင်ငံတော်သမ္မရုံး ၀န်ကြီး ဦးအောင်မင်းက The Voice Weekly ၏မေး
မြန်းချက်ကို ပြန်လည်ဖြေကြားသည်။

နေပြည်တော်ရှိ သမ္မတရုံးတွင် ယနေ့(စက်တင်ဘာလ ၇ရက်)ကျင်းပနေသော Peace Donor Support Group ၏ဒုတိယအကြိမ် ဆွေးနွေးပွဲကျင်းပနေစဉ် The Voice Weekly ၏မေးမြန်းမှုကို ၀န်ကြီးဦးအောင်မင်းက ယင်းသို့ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတကြီးက ဗိုလ်မှူးချုပ်ကျော်ဇော၏ မြန်မာနိုင်ငံပြန်လာလိုပြီး၊ ရွှေတိဂုံစေတီတော်ကို ဖူးမျှော်လိုသည့် ဆန္ဒကိုသိရှိပြီး ရဲဘော်သုံးကျိပ်ဝင်ခေါင်းဆောင်တစ်ဦးဖြစ်သည့်အပြင် မြန်မာနိုင်ငံသားတစ်ဦး၏ ရွှေတိဂုံစေတီတော်ကို ဖူးမျှော်လိုသည့် ဆန္ဒကို အလေးအနက် ထားသည့်အတွက် ပြန်လာရန်ခွင့်ပြုလိုက်ပြီး ကြိုဆိုလိုက်ခြင်းဖြစ်ကြောင်း သမ္မတကြီး၏ ယင်းသဘောထားကို ဗိုလ်မှူးချုပ်ကျော်ဇော်၏ သမီးဖြစ်သူ ဒေါက်တာလှကျော်ဇော ကို အကြောင်းပြန်ကြားထားပြီးဖြစ်သည်ဟု ၀န်ကြီးက ရှင်းပြသည်။

“သမ္မတကြီးရဲ့ဒီလိုသဘောထားက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အချက်တစ်ချက်အနေနဲ့ ကြိုဆိုရမှာပါ”ဟု မြန်မာနိုင်ငံရေးလေ့လာသူ ဦးလှမောင်ရွှေကသုံးသပ်သည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံတွင် အခြေချနေထိုင်နေသည့် အသက် ၉၃နှစ်အရွယ် ဗိုလ်မှူးချုပ်ကျော်ဇောမှာ ယနေ့အချိန်အထိသက်ရှိထင်ရှား ကျန်ရှိနေသည့် ရဲဘောသုံးကျိပ်ဝင်နှစ်ဦးတွင် တစ်ဦးအပါအ၀င်ဖြစ်ပြီး လတ်တလောတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ရှိ ကူမင်း အထွေထွေရောဂါကုဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေခြင်းဖြစ်သည်။

မြန်မာ့တပ်မတော် အရာရှိဟောင်းတစ်ဦးဖြစ်ခဲ့သူ ဗိုလ်မှူးချုပ်ကျော်ဇော ကို အဖဦးပန်း၊အမိဒေါ်တင့်တို့က ၁၉၁၉ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့၊ တွင် သာယာဝတီခရိုင် သုံးဆယ်မြို့နယ် ဆိုင်းစုရွာ၌ မွေးဖွားခဲ့ပြီး မွေးချင်း ၆ ယောက် အနက် ဒုတိယမြောက်သားဖြစ်သည်။

၁၉၄၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ဂျပန်ပြည်သို့ စစ်ပညာသင်ကြားရန် ရဲဘော်သုံးကျိပ် အဖွဲ့ဝင်အဖြစ် လိုက်ပါသွားခဲ့သည်။ ၁၉၅၃ခုနှစ် မတ်လတွင် ရှမ်းပြည်အတွင်း ကူမင်တန် တရုတ်ဖြူတပ်များ ကျူးကျော် ၀င်ရောက်မှု့ကို တွန်းလှန် တိုက်ခိုက် သည့် ဗမာ့တပ်မတော် စစ်ဆင်ရေးများ၌ ဦးဆောင်ခဲ့သည်။

၁၉၅၇ ခုနှစ် ဧပြီလတွင် ဗမာ့တပ်မတော်မှ ထုတ်ပယ်ခြင်းခံခဲ့ရကာ ၁၉ရ၆ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ အခြေစိုက်ရာ တရုတ်နယ်စပ်သို့ မိသားစုနှင့်အတူ ထွက်ခွာလာခဲ့ပြီး ၁၉ဂ၉ ခုနှစ် ဗကပ ပြိုကွဲချိန်တွင် တရုတ်ပြည်၌ ခိုလှုံကာ ယခုအခါ ယူနန်ပြည်နယ် မြို့တော် ကူမင်းမြို့၌ နေထိုင်လျှက် ရှိသည်။

လယ်တွေ သိမ်း ဖို့ ... အနိုင်ကျင့် l အကြပ် ကိုင် စေခိုင်း ခြင်း ခံနေရတဲ့ .. ယုဇန ဦးဌေးမြင့်