Sunday, September 9, 2012

သူတော်ကောင်းမလေးသီတာထွေး

ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နယ်မြေအချို့အား ပူးပေါင်းကာ နိုင်ငံသစ်တစ်ခု ထူထောင်ရန် ကြိုးပမ်း

Popular Myanmar News Journal
ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့(Rohingya Solidarity Organization-RSO) အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်အဖွဲ့များက ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နယ်မြေအချို့အား ပူးပေါင်းကာ နိုင်ငံသစ်တစ်ခု ထူထောင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့နှင့် ဘင်္ဂလားဒေ့ရ်ျနိုင်ငံမှ အကြမ်းဖက်အဖွဲ့အစည်း ၁၆ ခုတို့ ပူးပေါင်းလိုက်ပြီး မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်မှ Chittagong, Rangamati, Bandarban နှင့် Kaksabagasake စသောဒေသများကို စုစည်း၍ Independent Niurosiya နိုင်ငံသစ်ကို ထူထောင်ရန် ကြံရွယ်ကြိုးပမ်းနေကြကြောင်း စစ်တကောင်းအခြေစိုက် ဘင်္ဂလီသတင်းစာ Dainikpurbokone က ရေးသားဖော်ပြထားသည်။
ထို့အတူ ဘင်္ဂလားဒေ့ရှ်အစိုးရမှ ဖမ်းဆီးရမိထားသော လက်နက်ကိုင်စစ်သွေးကြွများအား စစ်ဆေး မေးမြန်းရာတွင် အဆိုပါနိုင်ငံသစ်ထူထောင်မည့် နယ်ပယ်ဒေသများတွင် နိုင်ငံခြားစစ်သွေးကြွ အကြမ်းဖက်အဖွဲ့ များကို စုစည်းရန် ကြိုးပမ်းမှုများ ရှိနေကြောင်း သိရသည်။

ရိုဟင်ဂျာသွေးစည်းညီညွတ်ရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ မိုဟာမက်ယူနွတ်သည် ယခုအခါ ဆော်ဒီအာရေဗီးယား၊ ပါကစ္စတန်၊ လစ်ဗျား၊ စင်ကာပူ၊ မလေးရှား၊ ထိုင်းနှင့် လန်ဒန်တို့သို့ ခရီးထွက်ကာ ရန်ပုံငွေစုဆောင်းလျက်ရှိကြောင်း ရေးသားထားသည်။

KYL

ref: http://www.dainikpurbokone.net/
မှသတင်းကို google translate ဖြင့် အင်္ဂလိပ်ဘာသာပြန်

প্রথম পাতা

www.dainikpurbokone.net

ဒေါက်တာနိုင်အောင်ရဲ့ မြန်မာပြည် ခရီး(၃)

by May Thingyan Hein on Sunday, September 9, 2012 at 2:52pm ·
မေသင်္ကြန်ဟိန်(မြစ်မခ)
စက်တင်ဘာ ၉၊ ရန်ကုန်မြို့။

ဒေါက်တာနိုင်အောင်ရဲ့ အင်တာဗျူးတွေကိုဖတ်ပြီး ပေးကြတဲ့ comment တွေကလည်းစိတ် ၀င်စားစရာတွေပါပဲ။
comment ၀င်ရေးတဲ့ သူအချို့မှာ ဒေါက်တာနိုင်အောင်တို့ ကိုမိုးသီးဇွန်တို့ကို တကယ်သိပြီး ရေးနေတာဖြစ်တဲ့အတွက်  စိတ်ဝင်စားစရာကောင်းသလို၊ ကျမတို့ မသိရတာတွေ၊ မမြင်တာတွေလည်း မြင်ရပါတယ်။

ကျမအနေနဲ့တော့ ကိုမိုးသီးဇွန်ကိုလည်း သတင်းစာရှင်းလင်းပွဲမှသာ ပထမဆုံးတွေ့ဖူးမြင်ဖူး၊ မေးခွန်း ၂ခွန်းလောက်သာမေးဖူးခဲ့သလို ဒေါက်တာနိုင်အောင်ကိုလည်း ခုမှတွေ့ပြီး မေးဖူးပါတယ်။
 အဲဒါကြောင့် ကျမက သူတို့ကို ဖျတ်ခနဲမြင်တဲ့ အမြင်တခုအနေနဲ့ပဲ ရေးသားနိုင်ပါတယ်။

ခုလို ကျမရေးနေတာ အချို့ကတော့ မိုးသီးဇွန်ကို တိုက်ခိုက်ပြီး၊ ဒေါက်တာနိုင်အောင်ကို မတယ်လို့ပြောကြတာလည်း ကြားရပါတယ်။ အဲလိုကြားရတော့လည်း ရီချင်ပါတယ်။ သူတို့အမြင်နဲ့သူတို့ပြောကြတာပါ။ ကျမကိုလည်း အောက်လမ်းနည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်ကြတာလဲ ပါသေးတယ်။

တိုက်ခိုက်တဲ့သူတွေ အများစုကလည်း ယောက်ျားရင့်မာကြီးတွေဖြစ်တာရယ်၊ အောက်တည်းကျတဲ့နည်းကို သုံးတာရယ်၊ ပရိုဖိုင်းအမှန်တွေနဲ့ မတိုက်ခိုက်ရဲတာရယ် ။ဘာကြောင့်ခုလို လုပ်ရသလဲဆိုတာကိုတော့ မစဉ်းစားတတ်အောင်ပါပဲ။


ပြီးတော့ နောက်တချက်ကိုလည်း ကျမ သတိထားမိသွားတယ်။ ဘယ်လိုလူမျိုးတွေက ကျမတို့သတင်းထောက်ထောက်ကို ရန်သူလို့ သတ်မှတ်တတ်ကြသလဲ ဆိုတာကိုပါ။

ဟိုအရင် စစ်အစိုးရ အုပ်ချုပ်စဉ်က ကျမကို ရန်သူလို့ သတ်မှတ်တာက စစ်အစိုးရပဲ ရှိပါတယ်။ ခုတော့ ကျမကို ရန်သူလို့ သတ်မှတ်ထားတဲ့သူတွေ ပိုများလာသလိုပဲလို့လည်း ခံစားရတယ်။

ပြီးတော့facebook က မိတ်ဆွေတွေထဲမှာ ကျမကို ချစ်တဲ့ခင်တဲ့ သူတွေရှိသလို၊ မုန်းတီးတဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ချင်တဲ့ ကျမ စာလုံးဝ မရေးနိုင်တော့အောင်အထိကို တိုက်ခိုက်ချင်တဲ့ သူတွေ ရှိလာတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ မုန်းတီးသူ ၁ ရာမက ရှိပါစေဦး ကျမကို ချစ်တဲ့ မိတ်ဆွေ ၁ ယောက်ပဲ ရှိပါစေ၊ ကျမအလုပ်ကိုတော့ ကျမ ဆက်လုပ်ရမှာပါပဲ။ ကျမ တာဝန်၊ကျမ အလုပ်ကို ဆက်လုပ်ရုံပြင်အခြား မရှိပါဘူး။ အဲဒါကြောင့် ဆက်ရေးပါမယ်။နောက်လည်း ရေးပါဦးမယ်ရှင်။

ဒေါက်တာနိုင်အောင်ဆိုတာ ABSDF မှာ ခေတ်ကောင်းချိန် ရှိခဲ့တယ်၊ တချိန်တုန်းက နိုင်အောင်က ဒီရုပ်မဟုတ်ဘူးလို့ ပြောတဲ့အသံကို ခုနောက်ပိုင်းမှာ ကျမ ကြားလာရပါတယ်။

သူအရင်တုန်းက ဘယ်လိုရပ်ရုပ်မျိုးရှိခဲ့သလို၊ ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်ရှိတဲ့ လူငယ်တယောက်၊ ဒီမိုကရေစီ တိုက်ပွဲဝင်နေတဲ့ လူငယ်တယောက်… အဲဒီလို ကျမတို့ မြန်မာပြည်က လူတွေ ပုံဖော်ကြည့်ခဲ့ဖူးပါတယ်။

အခု ကျမရှေ့ကတွေ့နေရတဲ့ ဒေါက်တာ နိုင်အောင်ကတော့ ကျမတို့ ထင်ထားသလို သူ့မျက်လုံးတွေက တောက်ပ မနေပါဘူး။ အပြုံးတွေကလည်း မလန်းဆန်းပါဘူး။ ကျမ မေးခွန်းတွေကိုလည်း သတိထားပြီး ဖြေနေရတယ်လို့ ကျမ ထင်မိတယ်။ ပြီးတော့သူ့ကြည့်ရတာက တခုခုကို အားတင်းနေရသလိုပဲ မြင်ရပါတယ်။

ကျမ နောက်ထပ်မေးခွန်းတခုကို ဆက်မေးလိုက်ပါတယ်။

မေး။ ။မြန်မာပြည်မှာက အကိုလုပ်ချင်တာတွေနဲ့ပတ်သက်ပြီးတော့ အစိုးရအနေနဲ့ရော လက်ခံနိုင်မှု ရှိနိုင်သလား၊ အခြားသူတွေ ကလည်း အကိုတို့ကို စောင့်ကြည့်သုံးသပ်နေသလိုပဲ လက်ရှိအစိုးရအဖွဲ့အနေနဲ့ စောင့်ကြည့်မဲ့ အနေအထားရှိနေတော့လေ၊ အဲဒီကိစ္စတွေကိုရော ဘယ်လိုစဉ်းစားထားခဲ့သလဲ။

ဖြေ။ ။ဟို ဒါကတော့ကျနော် မြန်မာပြည်အတွက် လုပ်ပေးချင်တာကို ကျနော့ဘက်က အမြင်နဲ့ပြောတာပါ။ ဒါပေမဲ့ ဟို… ဘယ်လိုပြောမလဲ။ ပြောရမဲ့ ကိစ္စ ဆိုရင်တော့ ကျနော်ပြောရမယ်။ မနေ့ပဲလေ ဟိုအချိုက စစ်အစိုးရကို မယုံဘူးပေါ့ဗျာ။ စစ်အစိုးရကလည်း အမြဲတမ်းအသုံးချတယ်။ ဒီဘက်ခေတ်မှာ ကံကောင်းတာတွေတော့ရှိတယ်လို့ ကျနော်တို့ အတွေ့အကြုံအရပေါ့ဗျာ။ စကားမပြောခင်မှာ ကိုယ်ပြောမဲ့ဟာကို ဘာလဲဆိုတာ ပြောလိုက်တယ်။ စကားပြောပြီးတဲ့အချိန်မှာ ကိုယ်ပြောလိုက်တဲ့ဟာက ဘာရည်ရွယ်ချက်ဖြစ်တယ်ဆိုတာကို ပြောပြလိုက်တယ်။ ပြောရမယ်ဆိုရင် ဒါတွေကို အများပြည်သူကို အသိပေးလိုက်တဲ့အတွက် ဒီဟာအပေါ်မှာ တခုခုများအသုံးချချင်တယ်ဆိုရင် လုပ်လို့မရတော့ဘူး။ ကိုယ်ကတော့ ကိုယ့်အဖွဲ့အစည်းကို ကိုယ်စားပြုတယ်ပြောပေမဲ့ တိုင်းပြည်အကြောင်းကို ပြောမယ်ဆိုရင်တော့ ပြည်သူတွေ  သိသင့်တယ်၊တကယ်လို့ကျနော်တို့ ကျနော်တို့က တမျိုးကြီး လုပ်နေတယ်ဆိုရင် ပြည်သူတွေ ဝေဖန်မယ်။ ပြည်သူတွေရဲ့ အသံတွေလည်း ကျနောတို့ ပြန်ကြားဖို့လိုတယ်။ အဲလိုဟာမျိုးမှာလည်း မီဒီယာတွေရှိလာတာကောင်းတယ်။

မေး။ အခုအကိုတို့လာမယ်ဆိုတော့ မန္တလေးမှာ ရှိနေတဲ့မြောက်ပိုင်းမှာ အသတ်ခံလိုက်ရတဲ့ ကျောင်းသားတွေအတွက် သူတို့မိသားစုတွေ လာတယ်၊ သတင်းစာရှင်းလင်းပွဲတွေ လုပ်ကြတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ကော အကို့အနေနဲ့ဘယ်လိုရင်ဆိုင်မယ်လို့ စိတ်ကူးထားပါသလဲ။

ဖြေ။ သတင်းစာရှုင်းလင်းပွဲ လုပ်တာတို့ အဲဒါတွေကတော့ သူတို့ရဲ့ အခွင့်အရေးပါ၊ ကျနော်ပြန်လာတဲ့အချိန်မှာ သူတို့ပြောသင့်ပြောထိုက်တာကို ပြောကြ၊ လုပ်ကြတာပါ။ အဲဒီပေါ်မှာ သူတို့သတင်းစာရှင်းလင်းပွဲတွေ လုပ်တဲ့အပေါ်မှာတော့ ကျနော် ဘာမှ ပြောစရာမရှိသလို၊ ဆန့်ကျင်စရာလည်း မရှိပါဘူး။ သို့ပေမဲ့ မြောက်ပိုင်းအကြောင်းနဲ့ပတ်သက်ပြီးတော့ ကျနော့်မှာလည်း ရှင်းပြခွင့်ရှိပါတယ်။

မေး။ ။ဟုတ်ကဲ့ သူတိုနဲ့ အကိုတို့ချင်းတွေ့ဖို့ပြောတာကိုလား။ တွေနဲ့ တွေ့ဆုံပြီး ရှင်းလင်းပွဲလုပ်ဖို့လားရှင့်။ ရှင်းပြခွင့်လည်းရှိတယ်ဆိုတော့ ဘယ်လိုပုံဆန်မျိုးနဲ့ရှင်းမယ်လို့ စိတ်ကူးထားတာပါလဲ၊ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ အစီစဉ်ရှိတာမျိုးလားရှင့်။

ဖြေ။ ။ ကျနော်လာခါနီးမှာ ကျနော်က ABSDF မဟုတ်တော့ဘူးလေ။ လာခါနီးမှာ ABSDF ကို ကျနော်မေးပါတယ်။ ဒါ့မတိုင်ခင်မှာပဲ မတ်လကတည်းက ကျနော်ကကြေငြာချက် ထုတ်ပြီးသွားပါပြီ။ ကျနော့်လက်ထပ်မှာ ဖြစ်ပွားခဲ့တာဆိုပေမဲ့ လက်ရှိ အချိန်မှာ ကျနော်က ABSDF အဖွဲ့ရဲ့ တာဝန်ရှိသူ မဟုတ်တော့ပါဘူး။ အဲဒါကြောင့် ABSDF နဲ့ ကျနော်တို့ သဘောတူထားတဲ့ အကြောင်းရှိတယ်။ ဒီကိစ္စကို ဘယ်လိုဖြစ်တယ်၊ ဘယ်လိုထင်တယ် ဆိုတဲ့ အထင်အမြင်တွေ အကြောင်းတွေကို ကျနော့်တို့အနေနဲ့ ပြောနေမဲ့အစား၊ လက်တွေ့ ဖြစ်ရပ်မှန်ကို ဖော်ထုတ်သင့်တယ်။ အဖြစ်မှန်ကို ဖော်ထုတ်ဖို့ အခြေအနေအချိန်အခါက ယနေ့အချိန်မှာ မရောက်သေးဘူးလို့ ကျနော်ထင်ပါတယ်။ အဲဒါက ဘယ်လိုအချိန်အခါဖြစ်သင့်သလဲဆိုရင် တရားမျှတတဲ့ တရားစီရင်မှု  ဖြစ်တဲ့အချိန်၊ ထင်သာမြင်သာ ရှိတဲ့အချိန်၊ ပါဝင်ပတ်သက်တဲ့သူတွေ သက်သေခံသင့်တဲ့သူတွေအားလုံး အပြည့်အ၀ ပါဝင်နိုင်တဲ့အချိန်မျိုးမှာဖြစ်သင့်တယ်၊ အခုအကြောင်းနဲ့ ပတ်သက်ပြီးတော့ သက်သေခံနိုင်မဲ့ လူတွေ အပြည့်အစုံရှိတဲ့အချိန်မှာ မျိုးမှာ ဖော်ထုတ်သင့်တယ်။

ခဏနားပြီး သူက ဆက်ပြောပါတယ်။

သူတို့ပြောဆို ဆောင်ရွက်ခဲ့တာတွေ သူတို့ စစ်ဆေးခံခဲ့ရတာတွေ ဒီလိုလုပ်ခဲ့တာတွေ မှန်သလား မှားသလား ဆိုတာဖော်ထုတ်သင့်တယ်။ အဲဒီပေါ်မှာ တွေ့ရှိလာတဲ့အပေါ်မှာ တွေ့ရှိလာတဲ့အတိုင်းပဲ ဆက်လျက်အရေးယူ ဆောင်ရွက်သင့်တယ်။ နောက်တပြိုင်တည်းမှာပြောချင်တာကတော့ ကျနော်တို့လည်း နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ သိလာတဲ့ လူ့အခွင့်ရေးချိုးဖောက်ခံရတဲ့ ဟာတွေလည်း ပြောစရာရှိပါတယ်။ လူ့အခွင့်ရေးချိုးဖောက်ခံရတာတွေ အတွက်လည်း ကျနော်တို့ စိတ်မကောင်းဘူး၊နောက် ဘယ်သူပဲဖြစ်ဖြစ် မှန်သည် မှားသည်ထက် မှားမှားမှန်မှန်လူ့အခွင့်အရေးကို ချိုးဖောက်ခံရတာ မကောင်းပါဘူး။ နောက် ကိုယ့်ရဲဘော်တွေလည်း အဲလိုမျိုး လူ့အခွင့်ရေးချိုးဖောက်ခံရတာတွေလည်း ရှိခဲ့ပါတယ်။ နောက်တခုက  ကျနော် မြောက်ပိုင်းသွားတုန်းက ညှိုတော့လည်း ကျနော် ပြောပါတယ်။ ကျနော်တို့ အမြင်မတူတာနဲ့ စစ်မြေပြင်မှာ တယောက်နဲ့တယောက်နဲ့ လက်နက်ကိုင် တိုက်နေတာ တပိုင်း၊ အမြင်မတူတာနဲ့ တယောက်နဲ့တယောက် သတ်ရမယ်ဆိုတာကကို ကျနော်တို့အနေနဲ့ ကျနော်တို့အဖွဲ့အစည်းအနေနဲ့လည်း လက်ခံဖို့ ခက်ပါတယ်။ လူ့အခွင့်အရေးကို ယုံကြည်နားလည်လာတဲ့အခါမှာ လူတွေရဲ့ အသက်ရှင်သန်နိုင်ခွင့်ကို ကျနော်တို့ တန်ဖိုးထားပါတယ်။ ကျနော်တို့ အဖွဲ့အစည်းထဲမှာ ABSDF ထဲမှာ တရားဥပဒေစိုးမိုးရေးတွေ လုပ်လာတဲ့ အချိန်မှာ ကျနောတို့ အဖွဲ့အစည်းကိုထဲမှာ သေဒဏ်ဆိုတာကို ကျနော်တို့ ခွင့်မပြုခဲ့ပါဘူး။

မေး။ ဖြစ်ခဲ့စဉ်တုန်းကရောရှင့်...။

ဖြေ။ လွန်ခဲ့တဲ့ နှစ် ၂၀တုန်းကလည်း ကျနော်ပြောခဲ့ပါတယ်။ ကျနော်တို့ မြန်မာပြည် ပြန်တဲ့အချိန် ဒီကိစ္စကို ရှင်းရမှာပဲ၊ အနည်းဆုံးတော့ မိသားစုတွေနဲ့ ရှင်းရမယ်။ကျနော်တို့လည်း မိသားစု ရှိတာပဲ သူတို့တွေမှာလည်း မိသားစု ရှိတာပါပဲ။ မိသားစုတွေကတော့ သိချင်မှာပဲ။ အဲဒီစေတနာနဲ့ အဲဒီတာဝန်ယူမှု အဲဒီအချိန်ကတည်းက ကျနော်တို့မှာ ရှိပါတယ်။ နောက်အတိုက်အခံတွေကိုရော မပြောဘူးလားဆိုတဲ့ ယဉ်ကျေးမှုကိုလည်း ကျနော် သဘောကျပါတယ်။ ကျနော်တို့ကိုယ်တိုင်ကလည်း တာဝန်ယူမှု တာဝန်ခံမှုကို သဘောကျပါတယ်။နောက်တပြိုင်နက်တည်းမှာပဲ ကျနော်ပြောချင်တာက ကျနေုာ်တို့ ကိစ္စအပါဝင်ဖော်ထုတ်တာတွေရှိသလို၊ ပြီးခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်တွေတုန်းကလည်း အခြား လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ဖော်ထုတ်ကြရင်ကောင်းပါတယ်။  အဲလိုဖြစ်လာမယ်ဆိုလို့ရှိရင် တရားမျှတတဲ့ တရားစီရင်မှုလည်း ဖြစ်လာတယ်ဆိုလို့ရှိရင် ။အဲလို ဆိုရင် ပိုပြီး လူ့အဖွဲ့အစည်းယဉ်ကျေးမှုကို ထပ်ပြီးတော့ မြှင့်တင်နိုင်မယ်လို့ ကျနော်ထင်ပါတယ်။

မေး။ ၂၀၁၂ ဖေဖော်ဝါရီလကစပြီး မြောက်ပိုင်းကိစ္စတွေက လူမူကွန်ကယ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတယ်။ အမှန်အတိုင်းပြောရရင် ကျမလည်း အဲဒီအချိန်ကျမှ ဒီကိစ္စတွေကို သိရပြီး စိတ်မကောင်းဖြစ်ရတယ်။ အဲဒီအချိန်ပြီးတော့ ကိုမောင်မောင်ရေးတဲ့ ခေတ်သစ်ဟင်္သာကိုးသောင်း စာအုပ်ကလည်း ထွက်လာတယ်ပေါ့။ ၁၉၉၂ ခုနှစ်လောက်တုန်းက ဖြစ်ခဲ့တဲ့ကိစ္စက ခုချိန်ကြမှ ကျယ်ပြန့်လာတဲ့ အပေါ်မှာရော အကို့အနေနဲ့ ဘယ်လိုအမြင်ရှိပါသလဲ။

ဖြေ။ တစ်ဖက်က ရဲဘော်တွေပြောခဲ့သလိုပေါ့ဗျာ၊ နှစ် ၂၀ ပြည့်တဲ့အချိန်မို့လို့ပြောနိုင်သလို၊နောက်လူတွေ ပြောနေသလို ထင်သာမြင်သာ လူ့အဖွဲ့အစည်းဆိုတာလည်း ဖြစ်လာလို့နေမှာပေါ့၊ တိုက်ဆိုင်မှုက အဲဒီချိန်မှာပဲ…။ ကျနော်တို့က အစိုးရနဲ့ ငြိမ်းချမ်းရေးအစီစဉ်တွေ လုပ်နေတဲ့ အချိန်ကျမှ ဖြစ်နေတာကိုတော့ တိုက်ဆိုင်မှုအဖြစ်သတိထားမိတယ်။ ကျနော်တို့ အခုလို စကားပြောနေတဲ့ အချိန်မျိုးမှာ ဒီလူတွေကတော့ ဘယ်လိုလူမျိုးတွေ ဖြစ်ပါတယ် ဆိုတဲ့ ဟာမျိုးလည်း ပြည်သူတွေကို တင်ပြလိုက်တာ လုပ်လိုက်တာ ဖြစ်သလို၊ တဖက်မှာလည်း ကျနော်တို့ကို မကြိုက်တာမျိုးလည်း ဖြစ်နိုင်တာပေါ့ သေချာတော့ကျနော်မသိပါဘူး။
မေး။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး တခုလောက်ထပ်မေးချင်ပါသေးတယ်။ အခုနေ မြောက်ပိုင်းကိစ္စကို ဖြေရှင်းဖို့ အချိန်မကျသေးဘူးလို့ အကိုပြောတဲ့အခါမှာ အကိုက ပြောတယ် တရားမျှတတဲ့စီရင်မှုလို့ အကိုပြောခဲ့တယ်နော်၊ အဲဒါကို ပိုနားလည်အောင် သေချာရှင်းပြပေးလို့ရမလား။

ဖြေ။  ဟုတ်ကဲ့၊ ဥပမာပေါ့ဗျာ လောလောဆယ် ကျနော်တို့နဲ့အနီးစပ်ဆုံး ကိုဖြိုးဝေအောင်အမှုပေါ့။ သူက မဟုတ်ပါဘူးလို့လည်း အကြိမ်ကြိမ်ပြောတယ်။ နောက်ဆုံးကြတော့ အတင်းဝန်ခံခိုင်းတယ်၊ နောက်ဆုံးကျတော့ ပြန်လွှတ်ပေးရတယ်ပေါ့။ ဥပမာပြောရတာက ဒီလိုတရားစီရင်ရေးမျိုးပေါ့၊ နောက်ဥပမာပြောရရင် ကချင်ဘက်မှာ ဆိုရင် ဦးပန်ရှောင်ကိစ္စ၊ နောက် ကျနော်တို့ နယ်စပ်မှာ ပြောပြောနေတဲ့ သန်လျှင်ဗုံးခွဲမှုနဲ့ပတ်သက်တဲ့ ကိုသန်းဇော်ကိစ္စ ထင်ပါတယ်။ အပြင်မှာ ရောက်နေတဲ့ လုပ်တဲ့ သူကလုပ်ပါတယ်လို့ ပြောနေတာကို တကယ်မလုပ်တဲ့ သူက ထောင်အကြာကြီးကျခံရတယ်ဆိုတော့ ပြီးခဲ့တဲ့ တရားစီရင်မှုက တရားသူကြီးက ဆုံးဖြတ်နေတာမှ မဟုတ်တာချည်းနော် အထက်က ကျလာတဲ့ အမိန့်နဲ့ပဲ ဆုံးဖြတ်နေတာဆိုတော့ အခု အချိန်မှာလည်း ရှိနေသေးလားလို့ မေးရင် ရှိတယ်။ အဲလိုမျိုးအချိန်မျိုးမှာတော့ ဘယ်လိုမှ မျှတတဲ့ ကိစ္စ မပေါ်နိုင်ဘူးလို့ ထင်တယ်။ ဒီအချိန်ကတော့ အဲလို အခြေအနေမရောက်သေးဘူးလို့ ကျနော်တို့ထင်ပါတယ်။

မေး။ ဟုတ်ကဲ့ပါ၊ အခုလည်း ပြောင်းလဲမှုတွေ လုပ်နေတာမြင်ရတာမျိုးတွေလည်းရှိတော့ လက်ရှိအခြေအနေအရ တရားဥပဒေစိုးမိုးလာတဲ့အချိန်မဟုတ်ဘူးလို့ အကို ဘာကြောင့်ပြောနိုင်တာလဲရှင့်။

ဖြေ။အပြောင်းအလဲတွေမှာ သေသေချာချာမြင်နေရတာကတော့ ဥပဒေပြုမှု အပိုင်းနဲ့အစိုးရပိုင်းပေါ့၊ တရားစီရင်ရေးက ပြုပြင်ပြောင်းလဲမှုတွေထဲမှာ ဘာမှ သိသိသာသာ ပြောင်းလဲလာမျိုးတွေ ရှိလာတာ မတွေ့ရသေးပါဘူး။လွှတ်တော်ထဲမှာ တရားစီရင်ရေးအတွက် ကောင်းအောင်ပြုလုပ်တဲ့ အဆိုပြုချက်တွေကို တင်သွင်းနေတာတွေ ကြားရတယ်၊ဒါပေမဲ့ အဲဒါတွေကို ငြင်းပါယ်ခံနေရတယ်ဆိုတော့ မျှတတဲ့ တရားစီရင်ရေးဖြစ်အောင် လွှတ်တော်ကရော၊ အစိုးရကရော မကြိုးစားနိုင်သေးတဲ့ အခြေအနေတခုပဲ ရောက်နေပါသေးတယ်။

မေး။ မြောက်ပိုင်းကိစ္စနဲ့ပတ်သက်ပြီးတော့ကိုမောင်မောင်ရေးထားတဲ့ ခေတ်သစ်ဟသာင်္ကိုးသောင်း စာအုပ်ကို အကိုဖတ်ပြီးပြီဆိုတော့လေ၊ အဲဒါတွေက အမှန်လားရှင့်။

ဖြေ။ ကျနော်ပြောချင်တာကလေ ဒီစာအုပ်အကြောင်းပြောရမယ်ဆိုရင် ABSDF ရဲ့ နောက်ခံအခြေအနေလေးကို နည်းနည်းသိဖို့လိုမယ်။ ကျနော်တို့ ၈၈ တုန်းက တောထဲကို သွားကြတယ်ဆိုတာက အားလုံးကနေပြီးတော့မှ အဖွဲ့အစည်းတခုတည်းကနေပြီးတော့မှ အားလုံးတောထဲကို သွားကြတာ မဟုတ်ဘူး။ အဖွဲ့စည်းတခုတည်းက မဟုတ်တော့ တယောက်နဲ့တယောက်နဲ့မြင်ဖူးကြတဲ့ သူတွေ မဟုတ်ဘူး။ အရင်ကလို ကွန်မြူနစ်ပါတီတောခိုသလိုမျိုး မဟုတ်ဘူး၊ ကိုယ့်သပိတ်စခန်းအသီးသီးကနေ နီးစပ်ရာတိုင်းရင်းသား နယ်မြေတွေကို သွားကြတယ်၊ အဲဒီမှာ စခန်းတွေဖွဲ့ကြတယ်၊ အဖွဲ့အစည်းတွေ ထောင်ကြတယ်။အဲဒီလူတွေအားလုံးကို စုပြီးတော့ ABSDF ကို ဖွဲ့ရတာ။ပြောချင်တာက တယောက်နဲ့တယောက်နဲ့မြင်ဖူးကြတဲ့ သူတွေ မဟုတ်ဘူး။ဒါကတချက်ပေါ့ နောက်တချက်က နယ်မြေအသီးသီးက ကျောင်းသားတွေက အဖွဲ့စည်းတခုတည်းဖွဲ့ကြမယ်ဆိုတဲ့အခါ absdf စတင်ဖွဲ့စည်းတဲ့ ညီလာခံလေး လုပ်တယ်။ ကျနော်တို့ရဲဘော်တွေက ရခိုင်ဘက်လည်း ရောက်တယ်၊ အိန္ဒိယဘက်လည်း ရောက်သွားတယ်၊  ကချင်ဘက်လည်း ရောက်သွားတယ်။


ဆက်လျက်ဖော်ပြပေးပါမည်။

မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။

မေသင်္ကြန်ဟိန်(မြစ်မခ)

ဧရာဝတီကဖြုတ်လိုက်သောစာတကြောင်း

“Aung San Suu Kyi had promised to support the citizenship rights of the Rohingya Muslims in 2005; she gave [a] statement in response to my query on a BBC program. We will hold Suu Kyi accountable,” he said.

2005 မှာအမေစုကအကျယ်ချူပ်ကျနေတာလေ..ဘာလို့အတင်းတာဝန်ယူခိုင်းနေရတာလဲ.. Rule of the law လိုတယ်ပြောပြီးပြီလေ..လွှတ်တော်အဆုံးအဖြတ်အတိုင်းပဲအမေစုကသွားမှာ.. USA ခရီးစဉ်အတွက်အတော်ကိုလုံခြုံရေးသတိရှိသင့်နေပါပြီ။ ။


http://www.irrawaddy.org/archives/11466


http://thesail.wordpress.com/2012/08/14/american-muslims-launch-burma-task-force-usa/


http://muslimcommunityreport.com/2012/08/13/american-muslims-launch-burma-task-force-usa/



သမ္မတနှင့် တွေ့လိုသော ပြည်တော်ပြန်များ အချည်းနှီးဖြစ်

Sunday, 09 September 2012 18:22
Written by ရွှေဟင်္သာသတင်းဌာန
Nay_Win

သမ္မတ၏ ဖိတ်ကြားချက်ဟု အကြောင်းပြပြီး ပြည်တွင်းသို့ သွားရောက် ခဲ့သော ပြည်ပ အတိုက်အခံ အုပ်စုကို သမ္မတက တွေ့ဆုံရန် ငြင်းပယ် ခဲ့သည်ဟု ပြည်တော်ပြန် အဖွဲ့ဝင် တဦးက ဆိုပါသည်။

“ ကျနော်တို့ဗျာ သမ္မတနဲ့ တွေ့ဖို့ ဆိုပြီးတော့ မနေ့ကနေ ပြည်တော်မှာ သွားစောင့်ပါတယ်။ ဦးအောင်မင်း၊ ဦးစိုသိန်း၊ အလုပ် သမား ၀န်ကြီး ဦးမောင်မြင့်တို့နဲ့တော့ တွေ့ပါရဲ့ ။ ဒါပေမဲ့ သမ္မတက သူမအားတော့ပါဘူး ဆိုပြီး မတွေ့လိုက်ရဘဲ ရန်ကုန်ကို ပြန်ခဲ့ရတယ်လေ” ဟု ဆိုပါသည်။

သမ္မတနှင့် တွေ့လိုသော ပြည်တော်ပြန် အဖွဲ့တွင် ၊ လူ့ဘောင်သစ် ပါတီဥက္ကဌ ကိုမိုးဇော်၊ ကျောင်းသား တပ်မတော် (ABSDF) ဥက္ကဌဟောင်း ကိုမိုးသီးဇွန် ကိုနိုင်အောင်နှင့် ကိုထွန်းအောင်ကျော်၊ အန်အယ်ဒီ(LA)မှ ကိုညိုအုန်းမြင့်၊ မြန်မာနိုင်ငံ အလုပ် သမား သမဂ္ဂများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ကိုမောင်မောင် နှင့် တခြား အဖွဲ့ဝင်များက သွားရောက် ခဲ့ခြင်းဖြစ်ပါ သည်။

သမ္မတ၏ ဖိတ်ကြားချက်ဟု ဆိုသော်လည်း သမ္မတနှင့် တွေ့ခွင့် မရဘဲ သမ္မတရုံး၏ ၀န်ကြီး များနှင့်သာ တွေ့ခွင့်ရလိုက်ခြင်း ဖြစ်ပါသည်။ ပြည်တော်ပြန်ထဲမှ ကိုနိုင်အောင်အပါဝင် အဖွဲ့ဝင် (၇) ဦးကိုလည်း ကချင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ကျောင်း သား တပ်မတော် လူသတ်မှုကိစ္စ၌ သေဆုံး သွားခဲ့သော ရဲဘော်များ၏ မိသားစုများက တရားစွဲရန် ဖြစ်လာခဲ့ပေသည်။

ထို့အပြင်၊ တော်လှန်ရေး ကာလ၌ ဆောင်ရွက်ခဲ့သော လိမ်လည်မှုများ၊ နစ်နာမှုများ၊ ကိုယ်ကျိုးရှာမှုကြောင့် ထိခိုက်ခဲ့မှုများကို တရားစွဲရန် ပြင်ဆင်နေသူများလည်း ရှိသည်ဟု တရားစွဲရန် စောင့်စားနေသူတဦးက ပြောပါသည်။

“ ဒီလိုပါဗျ၊ ၈၈ ကြောင့် တောခိုသွားတဲ့ ခေါင်းဆောင်တွေကို သိပ်လေးစားခဲ့တယ်။ ယုံတယ်။ ပုံလည်း ပုံအပ်ခဲ့ဘူး ပါတယ်။ အဲဒီ ယုံကြည်ချက်ကို ခုတုံး လုပ်ပြီးတော့ လိမ်ကြတယ်ဗျ၊ နာမည် မပြောချင်သေးဘူး။ တရားစွဲဖို့ အခွင့်အလန်းကိုဘဲ စောင့် နေမယ်။ ဘ၀ ပျက်သွားတဲ့သူတွေလဲ အများကြီးဘဲ လုပ်ဖေါ်ကိုင်ဖက်တွေ၊ ဒီတော့ ဘုရား မဟုတ်မှန်းတော့ ပြည်သူကိုဖွင့် ချဖို့ အချိန်တန် ပြီးလို့ ယူဆတယ်။ ကိုးကွယ်မှု မမှားအောင်လို့ပါ။ ဘုရားမဟုတ်ဘူး တောင်ပို့ပါဗျာ။ တခုတော့ပြောထား မယ် စစ်မှန်တဲ့ တော်လှန်ရေး သမား အားလုံးကို ပြောတာ မဟုတ်ဘူးနော်”ဟု ရန်ကုန်ကို ရောက်ရှိနေတဲ့ ၈၈ အရေးအခင်းမှ တောခို ကျောင်းသားဟောင်း တဦးက ဆိုပါသည်။

_
အစိုးရသည် ပြည်တော်ပြန် များကို ပုဂ္ဂိုလ်အရ တဦးချင်း ဖိတ်ကြား ခဲ့ခြင်းသာ ဖြစ်ပါသည်။ ၄င်းတို့ကိုလည်း နာမည်ပျက်စာ ရင်းမှ ပယ်ဖျက် ပေးခဲ့ပါသည်။ သို့သော် ၄င်းတို့ ပါဝင် ပတ်သက်နေသော အဖွဲ့အစည်းကို ဥပဒေအရ မတရား အသင်းကနေ လွတ်ငြိမ်းချမ်း သာခွင့် ပေးနေခြင်း မဟုတ်ပေ။ ဥပမာ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ကိုမောင်မောင်ကို ပုဂ္ဂိုလ်အရ ဖိတ်ကြား ခဲ့သော်လည်း ၄င်း၏ အဖွဲ့ကိုမူ တရားမ၀င် အသင်းမှ ပယ်ဖျက်ပေးခဲ့ခြင်း မဟုတ်ပေ။

ဤသို့ကြောင့် ပြည်တော်ပြန်များနှင့် ပါဝင် ပါတ်သက်နေသော အဖွဲ့အစည်း ၀င်များက ဤအခြေအနေကို သတိထားကြရန် ဖြစ်သည်ဟု ၈၈ တောခိုကျောင်း သားဟောင်းများက သတိပေးနေပါသည်။

၁၉၆၃ ခုနှစ်တွင် အိမ်စောင့် အစိုးရ ဦးနေ၀င်းသည်၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးရေး လမ်းစဉ်ကို တော တွင်း အတိုက်အခံအဖွဲ့ မှန် သမျှကို ဖိတ်ကြားခဲ့ပါသည်။ တောမှ မြို့ပေါ် တက်လာသော ခေါင်းဆောင် များသည် မြို့ပေါ်ရှိ ၄င်းတို့၏ မြေအောက် အဖွဲ့အစည်းများနှင့်ပါ တွေ့ဆုံကြပါသည်။ အချိန် ကာလ တခုကို ပေးထားပြီးနောက် ဗိုလ်ချုပ်ကြီးနေ၀င်းသည် ၊ သဘော တူညီချက် မရပါဟု အကြောင်းပြကာ တွေ့ဆုံ ဆွေးနွေးရေးကို ဖျက်ပြီး လိုက်လံ တိုက်ခိုက် ခဲ့ပါသည်။

ဤအထဲတွင် တွေ့ဆုံ ဆွေးနွေးရေး ကာလ၌ မျက်နှာပြခဲ့ကြသော မြေအောက် အုပ်စုဝင် အားလုံးနီးပါးသည် ထောင်နန်းစံရ ခြင်း၊ သတ်ပစ်ခံရခြင်း၊ ဘ၀ပေါင်းများစွာ နှိပ်စက်ခံရပြီး ဘ၀ ပျက်ခဲ့ကြရသည်ဟု လက်တွေ့ဖြစ်ခဲ့ သူများက ဆိုပါသည်။ ဤအဖြစ် အပျက်ကို ယခုအချိန်ထိ သမိုင်းမှီသူများ ဒုနဲ့ဒေး ရှိနေဆဲဖြစ်ပါသည်။

ယခု၌လည်း ပြည်တော်ပြန်များသည်၊ မိမိတို့ ဆိုင်ရာဆိုင်ရာ အုပ်စုများနှင့် တွေ့ဆုံ ဆွေးနွေးနေကြပါသည်။ ဘယ်သူက ဘယ်သူ့ကို ဘာကိစ္စ ဆွေးနွေးခဲ့သည်မှာ မိမိတို့အပြင် အပြင်လူလည်း သိရှိနိုင်ပါ လိမ့်မည်။ ဤကိစ္စအတွက် ပြည်တွင်း လှုပ်ရှား နေသူများ သတိထားကြရန် လိုအပ်ကြောင်း ၁၉၆၃ ငြိမ်းချမ်းရေး ဆွေးနွေး ခဲ့စဉ်က ပါဝင်ခဲ့သူများမှ သတိပေးနေပါသည်။

မွေးကင်းစ ကလေးငယ်တစ်ဦးအား တူးမြောင်းအတွင်း စွန့်ပစ်ထားမှုဖြစ်ပွား



Sunday, 09 September 2012

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၄၁ လမ်းနှင့် ၄၂ လမ်းကြားနှင့် ၇၈ လမ်း နှင့် ၇၉ လမ်းကြားရှိ မင်္ဂလာတူးမြောင်း အတွင်း စွန့်ပစ်ထား ခဲ့သည့် ကလေးငယ် တစ်ဦးကို ယခုလ ၄ ရက်နေ့က တွေ့ရှိခဲ့ ကြောင်း သိရသည်။

စွန့်ပစ်ထားသော ကလေးငယ်မှာ ယောက်ျားလေးဖြစ်ပြီး လေးပေါင် ရှိကြောင်း သိရသည်။ "ကလေးကို တူးမြောင်းထဲမှာ အရင် တွေ့တာ။ တူးမြောင်းဆိုပေမယ့် ရေက ခြောက်လက်မလောက်ရှိတယ်။ အဲဒီက မှ ချောင်းကြီးထဲကို စီးဝင်တာ။ နည်းနည်းပဲလိုတော့တယ်။

ပထမအရုပ်လေး ပဲထင်ကြတာ။ ကလေးအသံကြားမှ သိရတယ်။
ကလေးက မျက်နှာတွေ ပြာနေပြီ။ ကလေးကိုဆယ်ပြီး မြို့နယ် ဒေသန္တရ ဆေးခန်းကိုသွားတော့ နေ့လယ်ပိုင်း ရောက်နေပြီ။

ဆရာဝန်က တစ်ယောက် မှ မရှိဘူး။ ဒါနဲ့ ဆေးရုံကြီးမွေးကင်းစ ဆောင်ကိုသွားပြီး အောက်ဆီဂျင် ပေးတော့မှ ကလေးက အသံတွေထွက် လာတယ်" ဟု ကလေးငယ်အား ဆေးရုံ သို့ လိုက်ပါပို့ဆောင်ပေးခဲ့သော ဦးအောင်အောင်နိုင် (ခ) ဘကြီးအောင် က မြန်မာတိုင်း(မ်)ကို ပြောသည်။ အဆိုပါကလေးငယ် ဆေးကုသရန် အတွက် နီးစပ်ရာမှ အလှူငွေများ ထည့် ၀င်ပေးခဲ့ကြသည်။

စည်သူလွင်
အတွဲ ၃၀ ၊ အမှတ် ၅၈၅ ( ၇ - ၁၃ ၊ ၉ ၊ ၂၀၁၂)
Myanmar Times

မြန်မာနေရှင်နယ်လိခ် လုပ်ပွဲများရပ်

Ponnya Swe
၈-၉၂၀၁၂မန္တလေးမြို့ဗထူးကွင်း၌ကျင်းပသောဘောလုံးပွဲတွင်ရတနာပုံအသင်းပရိသတ်များယခုကဲ့သို့ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဦးနေ၀င်း သမီးပိုင် န၀ရတ် ဟိုတယ် ပြန်ဖွင့်မည်


by FNG on September 9, 2012
0shwe1
HKT 
ရန်ကုန်မြို့  အင်းစိန် လမ်းမ အမှတ် ၂၅၇ တွင် ရှိသည့် န၀ရတ် ဟိုတယ် ကို အကြီးစား ပြင်
ဆင်မှု များ ပြု လုပ် နေ ပြီး မကြာခင် ပြန်လည် ဖွင့်လှစ်တော့ မည် ဟု FNG မှ သတင်း ရရှိ
သည်။
န၀ရတ် ဟိုတယ် ကို မူလ ပိုင်ရှင် ဖြစ်သည့်အာဏာရှင်ဟောင်း ဦးနေ၀င်း ၏ သမီး ဖြစ်သူ ဒေါ်
စန္ဒ၀င်း နှင့် သူ၏ မိသားစု က ပင် ဆက်လက် စီမံ ခန့် ခွဲ မည် ဟု သိရသည်။
န၀ရတ် ဟိုတယ် ကို ၁၉၉၄ ခုနှစ် တွင် ဖွင့် လှစ် ခဲ့ ပြီး ၂၀၀၂ ခုနှစ် ဆန်း ပိုင်း တွင် ဦးနေ၀င်း နှင့်
မိသား စုများ ကို မြန်မာ အစိုးရ က နေ အိမ် အကျယ် ချုပ် ချ ပြီး နောက် လုပ်ငန်း စီမံ ခန့် ခွဲ မှု
များ ရပ် ဆိုင်း သွား ခဲ့ သည်။
ယခင် ဖွင့်လှစ် ခဲ့ သည့် န၀ရတ် ဟို တယ် တွင် ညကလပ် တစ်ခု နှင့် ရေကူးကန် များ လည်း
ပါဝင် ခဲ့ ပြီး လူကုံထံ အသိုင်း အ၀ိုင်း မှ လူငယ် များ မှာ  ထို ဟိုတယ် ၏ ညကလပ် တွင် လွတ်
လပ် စွာ ပျော် ပါး နိုင်ကြ သည်။
န၀ရတ် ဟိုတယ် ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ လ ခရီးသွား ရာ သီ အမှီ ဖွင့်လှစ် မည် ဖြစ် ပြီး ဒေသတွင်း
သတင်း စာများ ဖြစ်သည့် ဘန်ကောက် ပို့  စ် ၊ စင်္ကာ ပူ စထရိတ် တိုင်း(မ) တို့  တွင် ပင် ဟိုတယ်
ကို ပြန်ကြော် ငြာ မည် ဟု ဆိုသည်။
န၀ရတ် ဟို တယ် သည် ၁၉၉၄ ခုနှစ် က ဖွင့် လှစ် စဉ် က တည်း က ခရက်ဒစ် ကဒ် ၀န်ဆောင် မှု
ဖြင့် ငွေ ပေး ချေ နိုင် ပြီး ဟိုတယ် ၏ အင်တာ နက် ဒို မိန်း ကို လည်း Yapri တွင် ထား ရှိ ကာ
အွန်လိုင်း မှ အခန်း မှာ ကြား နိုင် သည်။
ဒေါ်စန္ဒ၀င်း သည် ဦးနေ၀င်း နှင့် အတူ နေ အိမ် အကျယ် ချုပ် ကျ ခံ ရ ပြီး နောက် ၂၀၀၈ ခုနှစ် ဒီဇင်
ဘာ လ တွင် ပြန် လည် လွတ်မြောက် လာ ပြီး သူ ၏ သား ဖြစ်သူ မှာ ယခု နှစ် ဇန်န၀ါ ရီလ တွင်
လွတ် မြောက်လာခဲ့ သည်။
န၀ရတ် ဟိုတယ် ပြန်လည် ဖွင့် လှစ် မည့် သတင်း နှင့် ပတ် သက် ပြီး ရန်ကုန် မြို့  ရှိ ဟိုတယ် လုပ်
ငန်း ရှင် တစ်ဦးက ” နိုင်ငံခြား ခရီးသွား များ ၀င်ရောက် မှု များ လာ သော ကြောင့် န၀ရတ် ဟိုတယ်
အနေ ဖြင့် ယခင် မိတ်ဟောင်း ၊ မိတ်သစ် များ ရ နိုင် သည် ” ဟု သုံးသပ် ပြောကြား သည်။
န၀ရတ် ဟိုတယ် ကို ဧပြီ လ ကတည်း က ပြန်လည် ပြင်ဆင် နေရာ ပြင် ဆင် မှု ၏ ၇၀ ရာ နှုန်း ကျော်
ပြီး စီး သွား ပြီ ဟု သိရသည်။
ဟိုတယ် ၏ မန်နေဂျာ ကို လည်း သြစတေးလျှ လူ မျိုး တစ်ဦး ထား  ရှိ မည် ဟု သတင်း ထွက် ပေါ် နေ
သည်။
ဒေါ်စန္ဒာဝင်း ၏ အဖေ ဦး နေ၀င်း သည် အရှေ့ တောင် အာရှ တွင် အချမ်းသာ ဆုံး နိုင်ငံ ဖြစ်သည့် မြန်မာ
နိုင်ငံ ကို အဆင်း ရဲ ဖြစ်အောင် လုပ် သွား ခဲ့ သည့် တစ်ပါတီ အာဏာရှင် ခေါင်းဆောင် တစ်ဦး ဖြစ်သည်။
 freedomnewsgroup.com

ဖုန်းလိုင်းမကောင်းလို့အသက်ပေးလိုက်ရတဲ့ကောင်မလေး

Minn Yin Nwe
9.9.12ရက် နေ့လည် 12း00 နာရီအချိန်က စူပါပင်လမ်း အနောက်ဖေး သရိတာမှာ ဖုံးပြောရင်း 6လွှာပေါ်မှာ ပြုတ်ကျသေဆုံးသူ အသက် 22 အရွယ် အမျိုး သမီးလေး...


 အိမ်နောက်ဖေးအရေးပေါ် လှေကားက ဆွေးနေတော့..ဖုံးပြောရင်း ကျိုး ကျတာ..အောက်ရောက်တော့ အသက်ရှိသေးတယ်.. ဆေးရုံး ကားပေါ် မှာဘဲ သေဆုံးသွားပါတယ်..အဲ့ဒီ့ မိန်းကလေးက 6လွှာမှာ တယောက်ထဲ နေပါတယ်တဲ့..ဖုံး ထဲက Sim Card လေးက ရှေ့က အပေါက်ထဲကျသွားလို့ မနည်းဆွဲထုတ်လိုက်ရပါတယ်.. ဘေးမှာသံချေးတက်နေတဲ့လှေခါးဆွေးကိုတွေ့ရမှာပါ။

သို့ ကိုအောင်ဝေး ........ မှ ရန်ကုန်

by Ko Wai on Saturday, September 8, 2012 at 10:44am ·

ရန်ကုန်ကို ကာပြန်
အာခံတဲ့ အောင်ဝေး

ရန်ကုန်ကကျွေးတဲ့ ထမင်းကိုစား
အော် မင်းမလို့ မှားတတ်တယ် အောင်ဝေးရယ်
အတွေးကြွခဲ့တဲ့ မင်းကဗျာအလှကိုမှ
တသသ လွမ်းခဲ့တဲ့ ရန်ကုန်
ကံမကုန်ရင် ပြန်ဆုံချင်သေးတဲ့ ရန်ကုန်ကိုမှ
မင်းက သွေးရဲ ဆဲရဲခဲ့တယ်နော်

ရန်ကုန်ဟာ ဘေးထွက်သူတွေအတွက်ဘဲ
အေးစက်ရင် အေးစက်မယ်
ဒါပေမယ့် ရန်ုကုန်သူသူရန်ကုန်သားတွေ ဟာ
သွေးပျက်တက်သူလို့ မင်းထင်သလားအောင်ဝေး
သူတို့တွေက ထွက်မပြေးတက်ကြဘူး

ဒါပေမယ့် ရန်ကုန်ရဲ့ သွေးပွက်တဲ့နေ့တွေမှာ
မင်းတို့က ဘီယာခွက်ချင်းထပ်နေနိုင်သေးတာ

ဒီမှာ ကိုအောင်ဝေး
အပြောင်းလဲဆိုတဲ့ စာမျက်နှာဟာ
တောင်းတက်သူတစ်ချို့အတွက် ခွက်ဗလာ
လေသေနက် နိုင်ငံရေးကို မကြိုက်တဲ့ရန်ကုန်
မီးပျက်ရက်တွေမှာ မီးခွက်ထွန်းပြီး
အပြောင်းလဲကို စောင့်ခဲ့ရတဲ့ရန်ကုန်

ကျောင်းနံရံတစ်ဝိုက် ဒေါင်းအလံစိုက်ခဲ့တာ
နှလုံးလှသူတို့ရဲ့ကဗျာ
မင်းပြောတဲ့ အရူးတွေနေတဲ့ရန်ကုန်ဟာ
ဒေါင်းတွေကိုချစ်ပါတယ်
ငါပြောတဲ့ ဒေါင်းဆိုတာ ဒေါင်းစစ်စစ်ကိုပြောတာ

ရန်ကုန်ဟာ အမေရိကန်လို မီးမမှန်သေးဘူး အောင်ဝေး
ရန်ကုန်ဟာ အမေရိကန်လို အင်တာနက် နပ်မမှန်သေးဘူး အောင်ဝေး
ရန်ကုန်မှာ လမ်းဘေးဈေးသည်တွေ စည်ပင်ရဲကို ကြောက်ရစဲဘဲ အောင်ဝေး
မိုးရွာရင်ရေတက် ကားတွေလဲကျပ်စဲဘဲအောင်ဝေး
ဒီလိုဒီလို အသက်ရှုကျပ်တဲ့ ရန်ကုန်ကို
ငါတို့တွေကချစ်စဲ
အော်
ဒါပေမယ့် ကိုအောင်ဝေး ခင်ဗျာကတော့
ခွက်ပုန်းခုတ် ရမ်တစ်ခွက်နဲ့
ရန်ကုန်ကို ဆဲရက်လိုက်တာဗျာ။

ရန်ကုန်က ခင်ဗျားကို မဆဲဘူး
မိုးသီးဇွန်ကိုမဆဲဘူး
ခင်ဗျားတို့ ဟစ်ကြွေးခဲ့တဲ့ လပ်လပ်တဲ့ ပြောဆိုခွင့်မှာ
ခင်ဗျားတို့ကို ဝေဖန်ပိုင်ခွင့်မရှိတာလား ကိုအောင်ဝေး
ဝေဖန်ရေးဆိုတာ တော်လှန်ရေးလိုဘဲ
ပေးဆပ်ရမှုတွေတော့ ရှိသပေါ့ဗျာ
ပေးဆပ်ရမှုတွေတော့ ရှိသပေါ့ဗျာ

လက်ဗလာတော်လှန်ရေးနဲ့
အာဏာရှင်ကိုဖီဆန်
အဲဒီလိုသွေးရဲပြန်တဲ့ ရန်ကုန်ဟာ
လက်ဝေခံ တော်လှန်ရေး အမည်ခံတွေထက်တော့
သာမှပေါ့
                              ကိုဝေ       

သူရဦးအောင်ကိုက....နှစ်ပေါင်း၅၀ ကြာသောအခါ...၀န်ခံပါလေပြီ။.

ဆန်တစ်ပြည် ကျည်ဆန်တစ်တောင့် ထမင်းတစ်စေ့မှာ လုပ်အားတစ်ရာ

(ရေးသူ-မောင်သွေးချွန်)

by ငရဲ သား on Sunday, September 9, 2012 at 5:26am ·

သတင်းတွေအရ တိုင်းပြည်မှာ ပြုပြင်ပြောင်းလဲရေးတွေ မြန်ဆန်နေတယ်လို့ ထင်ရပါတယ်။ ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၇ ၇က်နေ့ ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း၊ ဆက်လက်ပြီး ဒုတိယ၀န်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းဖြင့် အစိုးရအဖွဲ့ကို တောင့်တင်းခိုင်မာအောင် အားသစ်လောင်းလိုက်တယ်လို့ ဆိုနိုင်ပါတယ်။ အစိုးရသစ်ဆိုတာ အစိုးရဟောင်းရဲ့ ကောင်းမွေ ဆိုးမွေကို ဆက်ခံရစမြဲပါပဲ။ ဆရာဒဂုန်တာရာရဲ့ 'မေ'၀တ္ထုအဖွင့်ဝါကျလို 'လေနုအေးသည် တနွဲ့နွဲ့နော့နေဆဲ ကို'ဆိုတဲ့ သာယာကြည်နူးဖွယ် အခြေအနေတွေကို အစိုးရသစ်က ရလိုက်တာ မဟုတ်ပါ။ မေ၀တ္ထုနောက်ဆုံးဝါကျ ---'အကောင်းကိုရှာ၏ အကောင်းကားမရှိတော့'ဆိုတဲ့ အနေအထားကို ရလိုက်တာမျိုးပါ။

ရေအိမ်ပြိုပျက် အပြင်ခက်သည် ဆိုတဲ့စကားလိုပါပဲ။ အိမ်ကြီးရခိုင်တိုက်ကြီးတာကြီး အသစ်ဆောက်လိုက်ရတာကမှ မြန်လိမ့်ဦးမယ်။ ညစ်ပတ်ပေရေနံစော်နေတဲ့ ရေအိမ်ပျက်ကြီးကို ဘယ်လိုပြင်ကြမလဲ။ ကျွန်တော်တို့က တိုင်းပြည်ကို အဆိုး  မြင်နဲ့ သုံးသပ်နေတာမဟုတ်ပါ။ အကောင်းမြင်ချင်ပါလျက် အကောင်းမမြင်ရတော့ အရှိပကတိတိုင်း ရှုမြင်ပြီး ပြုပြင်ပြောင်းလဲရေးလမ်းစဉ်ကို အားဖြည့်ပေးနေခြင်းပဲ ဖြစ်ပါတယ်။ ပြောရရင် အဆိုးမြင်လည်းမဟုတ်၊ အကောင်းမြင်လည်းမဟုတ်၊ အရှိ မြင်၊ ပကတိအမြင်ပါပဲ။
စာပေစိစစ်ရေး မဖျက်သိမ်းခင်ကပင် မြန်မာနိုင်ငံသတင်းစာဆရာအသင်းဥက္ကဋ္ဌ ဆရာမောင်ဝံသက စာပေလွတ်လပ်ခွင့် ၇၅ ရာခိုင်နှုန်းရနေပါပြီလို့ ပြောခဲ့တာမျိုးဟာ အရှိတရား ပကတိတရားနဲ့ ဘယ်လောက်နီးစပ်ပါသလဲ။ ဆရာမောင်ဝံသက အ ကောင်းမြင်နဲ့ ပြောလိုက်တာလား။ အကောင်းမြင်ဟာ အမှန်တရားနဲ့ ဘယ်လောက် ထပ်တူကျနိုင်ပါသလဲ။ မဆလတစ်ခေတ်လုံး 'အားလုံးကောင်းပါသည်ခင်ဗျား'လို့ လိမ်ညာပြီး အစီရင်ခံစာတွေတင်ခဲ့ကြလို့ တိုင်းပြည်ရဲ့ ပကတိအခြေအနေမှန်ကို အထက်လူကြီးတွေ မသိခဲ့ကြဘူး။ သိလိုက်တဲ့အချိန်မှာ တိုင်းပြည်က ပျက်နေပြီ။ ဒါ့ကြောင့် ဆရာတင်မိုးက
'ငါတို့ရဲ့ဘ၀တွေဟာ မုသာဝါဒ အစီရင်ခံစာဖြစ်တယ်'လို့ ရင်နာနာနဲ့ ကဗျာရေးခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ အစိုးရသစ်ရဲ့ တစ်နှစ်ခွဲကာလ သက်တမ်းနုနုလေးအတွင်းမှာ ပြဿနာတွေ၊ အခက်အခဲတွေ စိန်ခေါ်မှုတွေ အများကြီး ရှိနေဆဲပါ။ ဒါကြောင့် လည်း သမ္မတကြီးက ''အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပါ'လို့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ အားလုံးရဲ့အားနဲ့ အခက်အခဲတွေကို ကျော်လွှားပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်မည်ဆိုတော့  .  .  . ဘယ်အခြေခံ ပေါ်မှာ တည်ဆောက်မှာလဲ။ အားလုံးရဲ့ အားတွေမပါဘဲနဲ့တော့ ဘယ်လိုမှမဖြစ်နိုင်။

အထူးသဖြင့် လက်နက်ကိုင်ပြီး ဖက်ပြိုင်နိုင်စွမ်းအားရှိနေတဲ့ တိုင်းရင်းသားများရဲ့ ယုံကြည်မှုအင်အားမပါဘဲနဲ့ လုံးဝမဖြစ်နိုင်။ ဆိုလိုတာက ပြည်တွင်းစစ်ရပ်စဲပြီး ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သမျှ ခေတ်မီဖွံ့ဖြိုးတိုးတက်ဆိုတာ လေထဲတိုက် အိမ်ဆောက်နေတာပါပဲ။ ကိုယ့်ညီနောင်သွေးသားချင်း ပြည်ထောင်စုသားအချင်းချင်း လက်နက်နဲ့ဖြေရှင်းနေသမျှ ဘယ်တော့မှ အဖြေမပေါ်။ ပြည်တွင်းစစ် နှစ်ပေါင်း ၆၀ ကျော်ခဲ့တာက သက်သေခံနေပါပြီ။ လူတွေ သန်းနဲ့ချီပြီးသေခဲ့တဲ့ ကမ္ဘောဒီးယား ပြည်တွင်းစစ်တောင်မှ ၂၅ နှစ်ပဲ ကြာခဲ့ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေ တိုင်းရင်းသားညီအစ်ကိုတွေ ဘယ်လောက်ထိ ပေးဆပ်ရဦးမှာလဲ။ စစ်မြေပြင်ဆီ ပေါ်တာဆွဲသွားတဲ့ထိ မခံရပေမယ့် စစ်ရဲ့ဝန်ထုပ်ဝန်ပိုးကို ကျွန်တော်တို့ ထမ်းထားရပါတယ်။ ကာကွယ်ရေးစစ်အသုံးစရိတ်ဟာ ဘတ်ဂျက်ရဲ့ ရာခိုင်နှုန်း အများဆုံး ယူထားပါတယ်။ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေးအတွက် အသုံးစရိတ်ဘတ်ဂျက်က အနိမ့်ဆုံး အနည်းဆုံးအခြေအနေမှာ ရှိပါတယ်။
တစ်ဖက်ရေစီးသန်၊ တစ်ဖက်သောင်ထွန်းမြဲပါ။


ဖားကန့်မြို့ပေါ်ရှိ သိမ်ကျောင်းတစ်ခုအနီးတွင် ကချင်စစ်ဘေးဒုက္ခသည်များအား ထမင်းကျွေးနေသည်ကို သြဂုတ်လကုန်ပိုင်းက တွေ့ရစဉ် ဓာတ်ပုံ - နိုင်မိုး

ချိန်ခွင်လျာက စစ်အသုံးစရိတ်ဘက်မှာ သာသာထိုးထိုးကြီးပါနေသမျှ ကျန်တဲ့အရေးအရာတွေမှာ သရောကြီးခိုင်းတော့မှာပါ။ ကျွန်တော်မှတ်မိနေတဲ့ ကုန်ဈေးနှုန်းအရ ၁၉၇၅ ခုနှစ်မှာ ဆန်တစ်ပြည်နဲ့ ကျည်ဆန်တစ်တောင့်ရဲ့ တန်ဖိုးချင်းဟာ အတူတူပါပဲ။

ဆန်တစ်ပြည်(ငစိန်ဆန်ကြမ်း) ၆၅ ပြားဆိုရင် ကျည်ဆံတစ်တောင့်ရဲ့ တန်ဖိုးကလည်း ၆၅ ပြားပါပဲ။ ဒိုင်းခနဲ သေနတ်သံတစ်ချက် တိုင်းပြည်ရဲ့ ဘတ်ဂျက်ငွေ ၆၅ ပြားတွက်။ ဒိုင်းခနဲ သေနတ်တစ်ချက်ပစ်၊ ဆန်တစ်ပြည် မစားလိုက်ရဘဲ သွန်ပစ်တာ  နဲ့ အတူတူပါပဲ။ တဒိုင်းဒိုင်း သေနတ်ကျည်ဆန်တွေ မရပ်မနား ပစ်ခတ်၊ ကျွန်တော်တို့စားမယ့်ဆန်တွေ တင်းပေါင်းထောင်သောင်းချီပြီး အဟောသိကံဖြစ်။
ဒါက ရိုင်းဖယ်ကျည်ဆန်တစ်ထောင့်နောက်မှာ ပါသွားတဲ့ သာမန်တန်ဖိုးမျှသာ ရှိပါသေးတယ်။ ကျည်ဆန်တစ်တောင့်နဲ့ အသက်တစ်ချောင်း ဘ၀တစ်ခု လဲလိုက်ရတာတွေကတော့ တန်ဖိုးအနဂ္ဂအသင်္ချေပါပဲ။ ဒီနေ့မှာတော့ဖြင့်...

'ဂျိန်းခနဲပေါက်ကွဲသည့်အသံက အနီးကပ် မိုးကြိုးပစ်သံထက်ပင် ပိုကျယ်သည်။ ခြေဖ၀ါးအောက်က မြေကြီးတုန်လှုပ်သွားပြီး မတ်တတ်ရပ်နေသူတစ်စု၏ ခန္ဓာကိုယ်များ ယိမ်းထိုးသွားသည်။ အစိမ်းပုပ်ရောင်က  ကချင်လွတ်လပ်ရေးတပ်မတော် (ကေ အိုင်အေ) ယူနီဖောင်းကို ၀တ်ထားသည့် ဗိုလ်မှူးကမှတ်ချက်ချသည်။
'ဒါ ၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်သံပေါ့၊ ဒီကျည်ဆန်တစ်လုံးက သိန်းလေးဆယ်နီးနီး တန်တယ်'
(၂၀၁၂ ခုနှစ် မေလ ၃၁ ရက် ထုတ် ၇ ရက် သတင်းဂျာနယ် မျက်နှာဖုံးမှ)
ဘုရား . . .ဘုရား။ အမြောက်ကျည်ဆန်တစ်လုံး သိန်းလေးဆယ်၊ ရွာငယ်လေးတစ်ရွာအတွက် မူလတန်းကျောင်းလေးတစ်ကျောင်း၊ ဆေးပေးခန်းလေးတစ်ခု၊ စာကြည့်တိုက်လေးတစ်လုံးလောက် တည်ဆောက်ပေးနိုင်တဲ့ ငွေတန်ဖိုး။ အမြောက်ကျည်ဆန် အလုံးတစ်ရာဆိုလျှင် . . . သိန်းလေးထောင်။ အထက်တန်းကျောင်းကြီးတွေ ဆောက်ပေါ့လေ။ ဆေးရုံကြီးတွေ ဆောက်ပေါ့လေ။

ခုတော့ အသစ်မတည်ဆောက်နိုင်တဲ့အပြင် တည်ဆောက်ပြီးသမျှ အရာရာကို စစ်ကဖျက်ဆီးပစ်လေပြီ။
ရုပ်ဝတ္ထုများ စိတ်ဓာတ်များ လူသားဘ၀၏ တန်ဖိုးများ အရာရာကို စစ်က ဖျက်ဆီးဝါးမျိုလျက်။ သူ့ဘက်ကိုယ့်ဘက် နှစ်ဖက်စလုံးမှာ ပျက်ပြီးရင်း ပျက်နေလျက်။ ဘယ်သူနိုင်လို့ ဘယ်သူရှုံးသနည်း။
 တကယ်တော့ 'စစ်နိုင်သည်' ဆိုတဲ့ အဖြေပင်မရှိအပ်ပါ။ နှစ်ဖက်စလုံး ရှုံးခဲ့ပါတယ်။ ရှုံးနေဆဲဖြစ်ပါတယ်။ ရှုံးကြွေးမုန်းကြွေးကို ငြိမ်းချမ်းရေးဖြင့် ပေးဆပ်သင့်ကြပါပြီ။ လက်နက်ကိုင် ၁၁ ဖွဲ့မှာ ၁၀ ဖွဲ့နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ခဲ့ရာမှာ ပဏာ မအဆင့်ပဲအောင်မြင်ပါသေးတယ်။ နာတာရှည်ရောဂါဆိုးကြီးကို ဥုံဖွမန်းရုံနဲ့တော့ ပျောက်ကင်းချမ်းသာမှာ မဟုတ်၊ ဝေဒနာသက်သာလာပြီးမှ ဘယ်အချိန်ရောဂါပြန်ဖောက်မည်ဆိုတာလည်း မသိတတ်နိုင်။ အနာနဲ့ ဆေးတည့်အောင်ပေးဖို့ပါပဲ။ 
တိုင်းရင်းသားများနဲ့ ဖြစ်ရတဲ့ လက်နက်ကိုင်ပဋိပက္ခမှာ ကချင်(ကေအိုင်အေ)တပ်ဖွဲ့ကတော့ ပဏာမအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့တောင် ဖင့်နှေးနေဆဲ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအစား ၂၀၁၂ သြဂုတ်လကုန်အထိ ပိုမိုပြင်းထန်တဲ့ စစ်ပွဲ တွေကြောင့် ဖားကန့်လို စီးပွားရေး အချက်အချာကျတဲ့ မြို့ပေါ်အထိ စစ်ဘေးဒုက္ခသည် ရှစ်ထောင်ကျော် ရောက်လာခဲ့ပါပြီ။
'ရှေ့တိုးတော့ ထမ်းပိုး၊ နောက်ဆုတ်တော့ လှည်းတုတ်'ဆိုတာလို ပြည်တွင်းရိက္ခာဖူလုံရေး၊ ပြည်သူတို့ စားဝတ်နေရေးကို ကြည့်လိုက်တော့လည်း တိုင်းပြည်ရဲ့ ၇၀ ရာခိုင်နှုန်းကျော် မဟာအင်အားစုကြီးဖြစ်သော လယ်သမားတွေ ဒုက္ခပင်လယ်ဝေနေ တာ တွေ့ရပါတယ်။

'ရေကြီးမှုအခြေအနေ ဆိုးရွားလာ၊ နိုင်ငံတစ်ဝန်း လယ်ယာမြေဧက ၅၃၀၀၀၀ နီးပါး ရေနစ်မြုပ်နေ'
(၂၀၁၂ ခုနှစ်သြဂုတ်လ၂၂ရက် ထုတ် Weekly Eleven  မျက်နှာဖုံးမှ)

ရေဘေးလွတ်ရာ အထက်အညာလို ဒေသမျိုးတွေမှာ လွတ်မယ့်လွတ်တော့ ကျောက်စရစ်တော မာခေါင်ခေါင်မှာ အတောင်ကျွတ်သောကြိုးကြာ ရေရှာ၍ မရတော့သကဲ့သို့ . . .။
လူစာမပြောနဲ့ နွားစာအတွက်တောင်မှ ခက်ခဲရှားပါးနေချိန်မှာ လယ်ယာမြေတွေ မတရားသိမ်းယူခံရတဲ့ လယ်သမားများရဲ့ဘ၀ဟာ မြွေပူရာကင်းမှောင့်ခံနေရသလိုပါပဲ။ တုံးအောက်ကဖား ဒီထက်ပြားစရာမရှိတော့ . . .။ ဒီနေ့သတင်းဂျာနယ်တွေမှာ လျံတက်နေတာက  . . . မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေတွေ မတရားသိမ်းယူခံရတာ။ ရွာတွေဇွတ်ရွှေ့ခံရတာတွေ ရင်နင့်ဖွယ် ကြားသိနေရပါတယ်။ ဒေသခံတောင်သူလယ်သမားတွေဟာ မုံရွာမြို့ပေါ်ထိ တက် လာပြီး သူတို့ရဲ့ နစ်နာမှုတွေကို စာဝေငှ အသိပေးခဲ့ကြောင်း . . .။

''ယင်းစာတွင် နိုင်ငံတော်သမ္မတကြီးနှင့် လယ်ယာမြေ စုံစမ်းရေးကော်မရှင်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၊ လွှတ်တော်အမတ်များ၊ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပြည်သူတစ်ရပ်လုံးအား လယ်သိမ်းခံတောင်သူများ၏ အခက်အခဲဆင်းရဲဒုက္ခကို သိမြင်စေလိုသည့်ဆန္ဒဖြင့် တင်ပြခြင်းဖြစ်ကြောင်း ရေးသားထားသည်''
(စက်တင်ဘာလ ၃-၉/၂၀၁၂ The Voice Weekly စာ ၃၆)

''၎င်းတို့၏ဆန္ဒမှာ လွယ်လွယ်ဖြင့် လက်လွှတ်ပေးမည်မဟုတ်ဘဲ အသေခံ၍ ကာကွယ်သွားမည်ဖြစ်ကြောင်း ယင်းစာတွင်ပါရှိသည်။'လို့ ဆရာကိုသက်(မုံရွာ)ရဲ့ 'တောကိုယူကာ တောင်ကိုဖြို မြေကိုသိမ်းမည့် ဇာတ်သိမ်းခန်း'ဆိုတဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
ဝက်မှေးရွာ ဘုန်းကြီးကျောင်း ချိပ်ပိတ်ခံရတာ ပြန်ဖွင့်ပေးဖို့လည်း တောင်းဆိုနေကြပါတယ်။ လယ်ယာမြေအရေးနဲ့ ပတ်သက်ပြီး ဖောင်းကတာမြောက်ရွာ ရာအိမ်မှူးဦးသိန်းကို ဖမ်းဆီးခဲ့ကြောင်းလည်း စက်တင်ဘာ ၂-၈/၂၀၁၂ ထုတ်' နေပြည်တော် တိုင်းမ်' ဂျာနယ်စာမျက်နှာ ၁၂ မှာ ဖော်ပြထားပါတယ်။

ဒီလိုနဲ့ လယ်သမားတွေ ငြိမ်းချမ်းစွာ ဆန္ဒပြကြ၊ ရဲတပ်ဖွဲ့ဝင်တွေက ဒိုင်းအကာအကွယ်တွေနဲ့ တန်းစီပြီး အသင့်စောင့်နေကြနဲ့ အနေအထားတွေက 'အသံမထွက်တဲ့ စစ်ပွဲ' လို့ တင်စားရမယ် ထင်ပါတယ်။ နောက်တော့ ပုဒ်မ ၁၄၄ ထုတ်ပြီး တားဆီးတယ်လို့ ကြားသိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဦးတင်သန်းဦး (စီးပွားရေးနဲ့ ဥပဒေလမ်းညွှန်) က
''စီမံကိန်းနယ်မြေအတွက် ၁၄၄ ထုတ်မယ်ဆိုတာ ထုတ်တယ်ဆိုတာ ဥပဒေမရှိပါဘူး။ စီမံကိန်းတစ်ခုအတွက် ဒီအာဏာကို သုံးခွင့်မရှိပါဘူး။ ဥပဒေရည်ရွယ်ချက်တစ်ခုကတော့ ၁၄၄ ဘာကြောင့် ထုတ်ပြန်ရသလဲဆိုရင် အရေးပေါ် အခြေအနေ တစ်ခုမှာ ပြီးပြတ်အောင် ထိန်းသိမ်းပြုကျင့်ဖို့အတွက် ၁၄၄ ကို ကျင့်သုံးရတယ်၊ အဲဒီအခြေအနေ မဟုတ်ဘဲ ၁၄၄ ကိုထုတ်မယ်ဆိုရင်တော့ ဥပဒေကို ဆန့်ကျင်တာမို့လို့ပါပဲ''လို့ ရှုမြင် သုံးသပ်ပါတယ်။
(၃ စက်တင်ဘာ ၂၀၁၂ ထုတ် messenger ဂျာနယ်)

၈၈ မျိုးဆက်ကျောင်းသားများကလည်း လယ်သမားများဘက်က အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ သူတို့ထဲက ကိုထွန်းလင်းအောင်ကို ကြေးနီစီမံကိန်း တာဝန်ရှိသူတို့က အကျိုးအကြောင်းရှင်းပြရာမှာ ကိုထွန်းလင်း အောင်က အချက် ၃ ချက် တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

၁။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ (နောက်ကျသွားပါပြီ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးသွားပြီဖြစ်ကြောင်း ကိုယ်တိုင်သွားရောက် လေ့လာခဲ့တဲ့ ဒေါ်ဒေ၀ီသန့်စင်က ၃-၉-၁၂ ထုတ် messenger ဂျာနယ်မှာ ပြောထားပါတယ်။)
၂။ လယ်သမားတွေကို ခြိမ်းခြောက်တာမျိုး မလုပ်ဖို့၊ (ဒါလည်း နောက်ကျသွားပါပြီ ထောင်ကျတဲ့လူကျ၊ ရဲတွေက ဆန္ဒပြလယ်သမားတွေကို ဟန့်တားထားပုံတွေကြည့်ပါ။)
၃။ လယ်သမားဘ၀မြှင့်တင်ပေးဖို့၊ (တရုတ်+မြန်မာ ကုမ္ပဏီနှစ်ခုက တောခုတ်-တောင်ဖြို လယ်သိမ်းပြီး ကြေးနီထုတ်ဖို့ လာတာပါ။ ရှင်းရှင်းလင်းလင်း သိမြင်ထားဖို့ လိုပါတယ်။)

ဒါက ၃၁ သြဂုတ်လ ၂၀၁၂ RFA က ထုတ်လွှင့်သွားတဲ့ သတင်းနဲ့ ကျွန်တော်ရဲ့ မှတ်ချက် ဖြစ်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများရဲ့ စေတနာကို တန်ဖိုးထား လေးစားပါတယ်။ ဒါပေမဲ့ တကယ့် ပြဿနာတွေအပေါ်မှာ စိတ်ကူးယဉ် တင်ပြပုံမျိုးနဲ့ အဖြေရှာလို့ မရပါဘူး။ ကိုမင်းကိုနိုင်ကတော့ ''တရားမျှတမှု ပေါ်မလာဘူးဆိုရင် ဒါမှမရဘူးဆိုရင် ကျွန်တော်တို့ အင်နဲ့အားနဲ့ လိုက်ပေးရမယ်'' လို့ ဆိုတဲ့အတွက် မျှော်လင့်ချက် ရှိနေသေးတယ်လို့ ဆိုရမှာပါ။
လက်ပံတောင်းတောင်ဒေသခံ  လယ်သမားများက မိမိတို့လယ်ယာမြေကို အသေခံ၍ ကာကွယ်သွားမည်ဆိုကြောင်း အထက်မှာ တင်ပြခဲ့ပါပြီ။ ကချင်ပြည်နယ်က လယ်သမား ခြံသမားတွေကတော့ ဒီနေ့ ပိုမိုဆိုးရွား ပြင်းထန်လာတဲ့ စစ်ဘေးစစ်ဒဏ်ကို မခံရမီကပင် ယုဇနကုမ္ပဏီနဲ့ လယ်ယာမြေခြံမြေစစ်ပွဲတွေ ကြုံခဲ့ရပါတယ်။ တရားရုံးမှာလည်း လယ်သမားတွေပဲ ရှုံးခဲ့ရပါတယ်။ လယ်သိမ်းခံရလို့ ရင်ကွဲနာကျပြီး သေတဲ့သူတောင် ရှိခဲ့ကြောင်း သိရပါတယ်။

''ယုဇန စီးပွားရေးလုပ်ငန်းက ၂၀၀၆ ခုနှစ် ဒီဇင်ဘာလမှစ၍ မြေနေရာ သိမ်းယူမှုများကို စတင်ခဲ့သည်။
ဝါရာဇွမ်ကျေးရွာရှိ သင်္ချိုင်းမြေကို နိုင်ငံတော်အမိန့်ဟူ၍ စတင်သိမ်း ယူခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ရွာသားပိုင်မြေများကိုပါ သိမ်းဆည်းမှုများ ပြုလုပ်လာသည်။ ဥယျာဉ်ခြံမြေ စားကျက်မြေများ၊ လူနေရွာသင်္ချိုင်းများအား အတင်းပြောင်းရွှေ့ခိုင်းပြီး ပြောင်းရွှေ့ခြင်းမပြုပါက အာဏာဖီဆန်မှုဟူ၍ ခြိမ်းခြောက်မှုများ ရှိခဲ့သည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်ဟု ကြေညာပြီး စက်ယန္တရားများဖြင့် လယ်ယာမြေများ အိမ်ခြံမြေများကို ဖျက်ဆီးပစ်ခဲ့သည်။

(၄-၉-၂၀၁၂)ထုတ် Media One ဂျာနယ် စာမျက်နှာ ၆ မှ)
မိမိတို့ဘ၀တွေကို လယ်ယာမြေမှာ မြှုပ်နှံထားသော လယ်ယာမြေနှင့် တစ်သားတည်းဖြစ်သော ကျွန်တော်တို့၏ ထမင်းရှင် ကျေးဇူးရှင်လယ်သမားကြီးများ၏ ဘ၀များစွာဟာ လယ်ယာမြေများစွာရဲ့ ဆုံးရှုံးခြင်းနဲ့အတူ ဆုံးရှုံးနစ်နာ နေကြပါပြီ။ သွေး နှင့်ချွေးနှင့် ရင်းသည့်မြေမှာ မျက်ရည်နှင့်အသက်ကိုပါ ဘ၀ပျက်သည်အထိ ပေးဆပ်နေကြရပေပြီ။ သူတို့ရဲ့ ဆုံးရှုံးနစ်နာမှုများအတွက် အသနားခံစာများ ပလူပျံအောင် ပေးပို့ထားပါသော်လည်း ဒုက္ခနွံထဲမှ ဆွဲထုတ်ရန် ဘယ်သူမှအရေးတယူ လုပ် မပေးနိုင်သေးပါ။ သူတို့ရဲ့ လယ်မြေတွေသာ ဆက်ပြီး အသိမ်းခံနေရဆဲ။
ငွေဆောင်မှာ လယ်မြေဧက ပေါင်းတစ်သောင်းနှစ်ထောင် အသိမ်းခံရကြောင်း သြဂုတ်လ ၂၇ ရက်နေ့စွဲနဲ့ သတင်းရေးထားတာ 'နေပြည်တော်တိုင်းမ်' မှာ ဖတ်ရပါတယ်။ ''စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စီမံကိန်းအတွက်ဟုဆိုကာ အာဏာ ပိုင်များက လယ်ယာမြေသိမ်းယူခြင်း ဖြစ်ပေါ်'' ဆိုတဲ့ သတင်းကို ၄-၉-၁၂ ထုတ် Media One ဂျာနယ်မှာ ဖတ်ရပြန်ပါတယ်။ တော်လောက်ပါပြီ။ ဆက်မဖတ်ပါရစေနဲ့တော့။

လူကြီးမင်းတို့ရှေ့မှာ အသင့်ရောက်နေတဲ့ ထမင်းတစ်ပွဲအတွက် လယ်သမားတွေရဲ့ သွေးချွေးမျက်ရည်တွေကို မြင်လိုက်ပါ။ ဒီစပါး ဒီဆန် ဒီထမင်းတွေရဖို့ လယ်သမားတွေ နွားလိုရုန်းပြီး စိုက်ပျိုးခဲ့ရတာပါ။ ဗုဒ္ဓဘုရားသော်မှ လယ်သမားတွေရဲ့ ကျေးဇူးကို အစဉ်သတိရသောအားဖြင့် သင်္ကန်းတော်ကို လယ်ကွက်ပုံဖော်ပြီး ချုပ်စေခဲ့ပါတယ်။ လယ်ယာမြေသဖွယ် ချုပ်စပ်ထားသော သင်္ကန်း၊ သင်္ကန်းကွက်များသဖွယ်ဖြစ်တည်ခဲ့သော လယ်ယာများ အကြီးအကျယ် ဆုံးရှုံးနစ်နာခဲ့ရလေပြီ။
ဗုဒ္ဓဘုရားရှင်က လယ်သမားတို့ရဲ့ လုပ်အားကို လေးစားသောအားဖြင့် ရဟန်းတော်များ ဆွမ်းစားရာမှာ ထမင်းတစ်စေ့ ဆွမ်းတစ်စေ့ မဖိတ်စင်စေဘဲ ရိုရိုသေသေ စားရမည်လို့ မိန့်တော်မူသတဲ့''ထမင်းတစ်စေ့မှာ လုပ်အားတစ်ရာပါတယ်''လို့လည်း လေးလေးနက်နက် မိန့်တော်မူတယ်။

သြော် ထမင်းတစ်စေ့မှာ လုပ်အားတစ်ရာ၊ပြီးတော့ ဆန်တစ်ပြည်နဲ့ ကျည်ဆန်တစ်ထောင့်၊ အဲဒီညီမျှ ခြင်းတွေကြားမှာ လယ်သမားများရဲ့ မြစိမ်းရောင် အိပ်မက်၊ တိုင်းရင်းသား ပြည်သူများအတွက် ငြိမ်းချမ်းရေး လက်ဆောင်ကို ကျွန်တော်ရှာ ဖွေနေမိပါတော့တယ်။

EMG Website တွင် ရေးသားထားသော ဆရာ မောင်သွေးချွန်၏ ဆောင်းပါးအား သဘောကျနှစ်ခြိုက်မိသဖြင့် ကူးယူဖော်ပြပါသည်.။