Tuesday, September 11, 2012

အာရက္ခဖေါင်ဒေးရှင်း၏လုပ်ဆောင်ချက်များကိုအစီရင်ခံတင်ပြခြင်း

(Donations acknowledgement and highlights)

ကျွန်မတို့ကော်မတီမှာတောင် ကွန်ပျူတာမရှိဘူး....

ဒေါ်စု၏ ကော်မတီ ဥပဒေပြုရေးနှင့် ပယ်ဖျက်ရေးလုပ်ပါရန် ဦးရွှေမန်း တိုက်တွန်း


Posted by မြတ်ကျော်သူ on Sep 11, 2012
အင်္ဂါနေ့၊ စက်တင်ဘာလ ၁၁ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၂၃ မိနစ်

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှာ
 ဥပဒေပြုခွင့်အာဏာရှိနေပြီး ဥပဒေပြုရေး လုပ်ဆောင်ခြင်းနှင့် အသုံးမဝင်သော ဥပဒေများ ပယ်ဖျက်ကြပါရန် အောက်လွှတ်တော် ဥက္ကဋ္ဌ
သူရဦးရွှေမန်းက တိုက်တွန်းပြောဆိုလိုက်သည်။

ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီက ကြီးမှူးကျင်းပ၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် စက်တင်ဘာ ၈ ရက်နေ့က
 ပြုလုပ်သော အကြံဥာဏ်တောင်းခံပွဲတွင် အောက်လွှတ်တော် ဥက္ကဋ္ဌက ပြောသွားခြင်းဖြစ်သည်။

“ကော်မတီ၊ ကော်မရှင်များအဖွဲ့များဟာ လွှတ်တော်ကြီးထဲက လွှတ်တော်ငယ်တွေပဲ ဖြစ်ပါတယ်၊ ဒါကြောင့် ဥပဒေပြုရေးနဲ့ အချင်းချင်း
 ထိန်းကျောင်းရေးမှာ တာဝန်ယူရမှာ ဖြစ်ပါတယ်၊ ပြီးတော့ ဒီတရားဥပဒေ စိုးမိုးရေး ကော်မတီ အနေနဲ့လည်း ဥပဒေပြုနိုင်ဖို့ လိုပါတယ်၊
အသုံးမဝင်တော့တဲ့ ဥပဒေတွေကို ပယ်ဖျက်ဖို့ လုပ်ပါလို့ ပြောချင်ပါတယ်” ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက ဆိုသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ အရည်အချင်းအရ  ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူပေးပါရန်
 သူ့အနေဖြင့် မေတ္တာရပ်ခံခဲ့ခြင်း ဖြစ်ကြောင်းပါ သူက ထည့်ပြောသွားသည်။

တွေ့ဆုံပွဲသို့ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်သလို တရားလွှတ်တော်ရှေ့နေများနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ
လွှတ်တော်အမတ်များလည်း တက်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားရာတွင် “ကျွန်မတို့ ကော်မတီရဲ့ လုပ်ငန်းတွေကို ရှင်းပြဖို့ဆိုတာကတော့ နည်းနည်းခက်ပါတယ်၊
ဘာလို့လဲဆိုတော့ ကျွန်မတို့ကိုယ်တိုင်ကိုက လုပ်ငန်းတွေဟာ ဘယ်လိုရှိရမယ်ဆိုတာ မသေချာသေးပါဘူး၊ ကျွန်မတို့ သင်ယူနေတုန်းပါပဲ” ဟု
ပြောကြားသွားသည်။

ထို့အပြင် ဘတ်ဂျတ် အခက်အခဲရှိနေသည်ကို “ကျွန်မတို့ကော်မတီမှာတောင် ကွန်ပျူတာမရှိဘူး” ဟု  ဆိုသည်။

တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ တရားရုံးများ၊ ဥပဒေပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ တက္ကသိုလ်မှ ဥပဒေ ပါမောက္ခများနှင့်လည်း
 တွေ့ဆုံဆွေးနွေးသွားရန် စီစဉ်ထားသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်မှာ တစ်လခန့် ရှိသွားပြီဖြစ်ပြီး ယခုအချိန် ထိ ဆုံးဖြတ်ချက်များ
ချမှတ်ခြင်း၊ ဥပဒေပြုခြင်း၊ ဥပဒေများပယ်ဖျက်ခြင်း စသည့် ကိစ္စရပ်တစ်စုံတရာကို ပြုလုပ်နိုင်ခြင်း မရှိသေးပါ။

သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက် ဥပဒေ ၄၀၁ ခုအနက် ငါးခုသာလျှင် ဖျက်သိမ်းပြီးဖြစ်ကာ ကျန်သောဥပဒေ များအနက်
တရားရုံးတော်က ကိုင်တွယ်ခွင့်ရှိသော ဥပဒေမှာ ၅၅ ခုရှိသည်ဟု ဦးရွှေမန်းက ပြောသည်။

သို့သော် ကော်မတီ၏ လုပ်ပိုင်ခွင့် နယ်ပယ်နှင့် ပတ်သက်၍ တိတိကျကျ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ကော်မတီဝင်တဦးဖြစ်သော ဒေါ်ဒွဲဘူက ဥပမာပေးပြောကြားရာတွင် “ကျွန်မတို့က ဖြစ်ရပ်တွေကို အသေးစိတ်
လေ့လာတာပေါ့၊ ပြီးတော့ ကော်မတီတွင်းရော၊ စစ်တပ်ဘက်က ညွှန်ကြားရေးမှုးအဆင့် ရှိသူတွေရော၊ ပထမဆုံး ကချင်မှာဖြစ်နေတဲ့
ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်၊  ဒီလိုကိစ္စတွေဟာ ကော်မတီက လုပ်စရာမလိုဘူးလို့တောင် ခနဲ့ခဲ့သေးတယ်၊
သူတို့က ခုသဘောမပေါက်ကြသေးဘူး” ဟု ဆိုသည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက ဆွေးနွေးတင်ပြချက်များ အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြနိုင်ပြီး
လွှတ်တော်ကိုယ်စားလှယ်များက အစီရင်ခံစာကို ပြင်ဆင်ပိုင်ခွင့် မရှိကြောင်း ကော်မတီ၏ လုပ်ပိုင်ခွင့် တွင် ပါရှိသည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အဖွဲ့ဝင် ၁၅ ယောက်
 ပါဝင်ကာ သြဂုတ် ၇ ရက်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး တည်ဆဲဥပဒေများ လေ့လာဆန်းစစ်ရေး အဖွဲ့၊ အုပ်ချုပ်ရေးဘက်မှ တရားဥပဒေ
 စိုးမိုးရေးအပေါ် သက်ရောက်မှုများကို လေ့လာရေးအဖွဲ့၊ တရားရုံးများ၏ အခန်းကဏ္ဍ လေ့လာရေးအဖွဲ့နှင့် ပြန်ကြားရေးအဖွဲ့ဟူ၍
အဖွဲ့လေးဖွဲ့ကို ဖွဲ့စည်းထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုလ ၁၆ ရက်တွင် အမေရိကန်နိုင်ငံသို့ အလည်အပတ် သွားရောက်မည်ဖြစ်ရာ ၁၉၉၀ ပြည့်နှစ်
 နေအိမ်အကျယ်ချုပ် စတင်ကျခံရပြီးသည့် နောက်ပိုင်း ပထမဆုံး အမေရိကန် ခရီးစဉ်လည်း ဖြစ်သည်။ ထိုခရီးစဉ်အတွင်း အမေရိကန်နိုင်ငံ
ကွန်ကရက်က ပေးအပ်မည့် အမြင့်ဆုံးဆု ရွှေတံဆိပ်ကို လက်ခံရယူမှာ ဖြစ်သည်။

ထိုကာလအတွင်းမှာပင် သမ္မတဦးသိန်းစိန်သည်လည်း ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန် အမေရိကန်နိုင်ငံသို့ သွားဖွယ်ရှိသည်။
mandalaygazette.com

အမေရိကန် သံတမန်အဖွဲ့ ရခိုင်သို့ရောက်ရှိ၊ အတူယှဉ်တွဲနေထိုင်ရေး သဘောထားကိုမေး



Written by ရွှေဘန်း(စစ်တွေ)    Monday, 10 September 2012 09:32    1-1ရခိုင်ပြည်နယ်အရေး၌ ရေရှည်ဖြေရှင်းနိုင်မည့် နည်းလမ်းများတွင် ထိရောက်စွာကူညီနိုင်ရေးအတွက် အဖွဲ့ဝင် (၁၁) ဦးပါ အမေရိကန် သံတမန်အဖွဲ့သည် စက်တင်ဘာ (၈) ရက်နေ့ မနက်ပိုင်းတွင် စစ်တွေမြို့သို့ ရောက်ရှိခဲ့သည်။
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Joe Yun ၊ အမေရိကန်သံအမတ်ကြီး Mr. Derek Mitchell၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲဌာန ကိုယ်စားလှယ် Hans ten Feld တို့ ပါဝင်သော သံတမန်အဖွဲ့သည် Air Mandalay လေကြောင်းခရီးဖြင့် စစ်တွေသို့ ရောက်ရှိလာခြင်းဖြစ်သည်။
အဆိုပါသံတမန်အဖွဲနှင့်အတူ အဖွဲ့ဝင် (၇) ဦးပါသော လုံခြုံရေးနှင့် နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး ဦးဆောင်အဖွဲ့လည်း လိုက်ပါလာခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အတွင်း ဒေသအလိုက် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂလီလူမျိုးများပျံ့နှံ့နေထိုင်မှု အနေအထားကို မြေပုံကားချပ်ဖြင့် ဟိုတယ်ဧည့်ခန်းမ၌ အကျယ်တ၀င့် ရှင်းပြခဲ့ကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ် အတွင်းဖြစ်ပျက်ခဲ့သည့် ပကတိအနေအထားများ၊ လူသားချင်းစာနာမှုဆိုင်ရာ ကူညီ ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံတကာမှလာရောက်မှုအခြေအနေ အရပ်ရပ်ကို ဒုဗိုလ်ချုပ်ကြီး သိန်းဌေးက ရှင်းပြပြီး ၊ Mr.Joe Yun က ရခိုင်ဒေသအတွင်း ရေရှည်ဖြေရှင်းရမည့် နည်းလမ်းများအနက် အတူယှဉ်တွဲနေထိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်း အဖြေရှာရေးအပေါ် သဘောထားနှင့် အမေရိကန် ပြည်ထောင်စုအနေဖြင့် လူသားချင်းစာနာမှု အကူအညီများကို ဆက်လက်ပေးသွားရန်ရှိကြောင်း အစိုးရအဖွဲ့ရုံးခန်းမ၌ နေ့လည်အချိန် ပြုလုပ်သော တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့ ရွှေစေတီကျောင်း၊ မင်းဂံ၊ သက္ကေပြင်၊ ဘောဒူဖ စသော ဒုက္ခသည်စခန်းများသို့ သွားရောက်ကာ ဒုက္ခသည်များအပါအ၀င် ပြုစုစောင့်ရှောက်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခဲ့ပြီး စက်တင်ဘာ (၉) ရက်နေ့ မနက်ပိုင်းတွင် မောင်တောမြို့သို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ကာ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသော တိုင်းရင်းသားများကိုလည်း တွေ့ဆုံမေးမြန်ကာ ၊ နေ့လည်ပိုင်း၌် စစ်တွေမြို့ သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။
စက်တက်ဘာ (၉) ရက်နေ့ (၁) နာရီတွင် စစ်တွေဟိုတယ်၌ ဆရာတော် သံဃာတော်ကြီးများနှင့်တကွ ရခိုင်သဟာယ၊ ၀ံလက် ဖောင်ဒေးရှင်း၊ ဒုက္ခသည်များကယ်ဆယ်ရေးကော်မတီ၊ Action Based Community Development (ABCD)၊ ယူတိုပီးယား စသည့် ရခိုင်လူမှုအဖွဲ့အစည်း ငါးဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Joe Yun၏ ခရီးစဉ်တလျှောက် မေးမြန်းချက်များတွင် အဓိကအားဖြင့် ပဋိပက္ခဖြစ်ပွား ရသည့်အခြေခံ အကြောင်းရင်းနှင့် ရေရှည် ငြိမ်းချမ်းစွာ အတူနေထိုင် နိုင်ခြင်း ရှိမရှိကို အလေးထားမေးမြန်းခဲ့ကြောင်း သိရသည်။ 3 ဆရာတော်ကြီးများ၊ ရခိုင်လူမှုအဖွဲ့အစည်းများနှင့် ဒုက္ခသည်များကမူ ၁၉၄၂ ခုနှစ်မှသည် ယနေ့အထိ ဘင်္ဂလီတို့၏ နယ်မြေလု၊ သတ်ဖြတ်မှုကြောင့် ဒေသခံ ရခိုင်တိုင်းရင်းသားတို့၏ အသက်အိုးအိမ် စည်းစိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး၊ နောင်အတူ ဆက်နေလျင်လည်း ယခုထက် ပိုမိုးဆိုးရွားစွာ ဖြစ်ပွားရုံသာမက နိုင်ငံအချုပ်အခြာ နယ်နိမိတ်ပါဆုံးရှုံး၍ ရခိုင်လူမျိုးပါ ပျက်သုန်းပျောက်ကွယ်သွားနိုင်သဖြင့် ကျူးကျော်လာသူ ဘင်္ဂလီများနှင့် လုံးဝ အတူမနေလိုကြကြောင်း ပြတ်သားစွာ ငြင်းဆိုခဲ့ကြသည်။ ရခိုင်ဒေသ ပဋိပက္ခနှင့်ပတ်သက်၍ စစ်တွေနှင့် မောင်တော ဒေသများမှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များကို နှစ်ရက်တာ ကာလ တွေ့ဆုံမေးမြန်းပြီးနောက် အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာ (၉) ရက်နေ့ ညနေတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာ သွားခဲ့ကြောင်း သတင်းရရှိသည်။



http://arakantimes.net/burmese/index.php/2012-02-24-06-58-57/430-2012-09-10-03-38-15

“ ရိုဟင်ဂျာ” စကားလုံးသုံးနှုန်း၍ သတင်းရေးသားခြင်းအား ကန့်ကွက်တောင်းဆိုမှုကို တုံ့ပြန်မှုမရှိက ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်သွားမည်ဟု ဦးသောမ..ပြောပြီ

Written by ဒေါင်းမြရင်    Monday, 10 September 2012 23:11    0
7Day News Journal မှ "ရိုဟင်ဂျာ" ဟူသည့်စကားလုံးသုံးနှုန်း၍ သတင်းရေးသားမှုအား သံဃာတော်များက လက်မှတ်ရေးထိုး ကန့်ကွက်တောင်းဆိုမှုအား တစ်စုံတစ်ရာတုန့်ပြန်မှုမရှိက ရန်ကုန်မှ သံဃာတော်များနှင့် ပူးပေါင်းကာ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ်၊ သံဃာ့နာယကအဖွဲ့၊ အတွင်းရေးမှူး ဆရာတော် ဦးသောမက ပြောသည်။
"ဘူးသီးတောင်မြို့နယ်၊ ဂိုဏ်ပေါင်းစုံက သံဃာတွေ လက်မှတ်ရေးထိုးပြီး ကန့်ကွက်စာ ပို့ထားတာနှစ်ရက်ရှိပြီ။ သူတို့ဘက်က ဘာမှတုန့်ပြန်မှု မရှိသေးဘူး။ ဒီကန့်ကွက်စာကို သတင်းဌာနက ဘာမှ တုံ့ပြန်မှု မရှိရင် ရန်ကုန်က သံဃာတွေနှင့် ပူးပေါင်းပြီးတော့ ဆန္ဒထုတ်ဖော်ပွဲပြုလုပ်သွားမယ်။" ဟု ဆရာတော် ဦးသောမက ပြောသည်။
ပြည်တွင်း ပြည်ပရှိ သတင်းဌာနများမှလည်း "ရိုဟင်ဂျာ" ဟူသော စကားလုံးသုံးနှုန်းခြင်းကို အပြင်းအထန် ကန့်ကွက် ရှုံချကြောင်း ဆရာတော် ဦးသောမနက ဆက်ပြောသည်။
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ(၆) ရက်နေ့ထုတ် 7Day News Journal ၏ အတွဲ (၁၁)၊ အမှတ်၂၆ ရှေ့မျက်နှာဖုံးပါ သတင်းဓါတ်ပုံနှင့် အချပ်ပို စာမျက်နှာ(A) တွင်ဖေါ်ပြသော "မန်းလူထု သမ္မတကိုထောက်ခံ၍ ကင်တားနားအား ကန့်ကွက်" သတင်းဆောင်းပါးတွင် "ရိုဟင်ဂျာ" ဟူသည့်စကားလုံးသုံးနှုန်း ရေးသားထားခြင်းအပေါ် ရခိုင်ပြည် ဘူးသီးတောင်မြို့နယ်ရှိ ဂိုဏ်းပေါင်းစုံ သံဃာတော် (၁၀၄)ပါးက လက်မှတ်ရေးထိုးကာ အယ်တီတာချုပ်ထံသို့ စက်တင်ဘာ(၇)ရက်နေ့က ကန့်ကွက်လွှာ ပေးပို့ခဲ့ကြခြင်း ဖြစ်သည်။ ကန့်ကွက်စာမူရင်းမှာ -
ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ်ဂိုဏ်းပေါင်းစုံသံဃာတော်များ က 7Days News Journal ၏ သတင်းရေးသားမှုကို ကန့်ကွက်ခြင်း
၁။ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ(၆) ရက်နေ့ထုတ် 7Day News Journal ၏ အတွဲ (၁၁)အမှတ်၂၆၏ ရှေ့မျက်နှာဖုံးပါ သတင်းဓါတ်ပုံနှင့် အချပ်ပို စာမျက်နှာ(A)တွင် ဖေါ်ပြသော မန်းလူထုသမ္မတကိုထောက်ခံ၍ ကင်တားနားအား ကန့်ကွက် သတင်းဆောင်းပါးတွင် ရေးသားထားသော "ရိုဟင်ဂျာ" ဟူသည့်စကားလုံးသုံးနှုန်းမှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်သံဃာတော်များက အောက်ပါအတိုင်း ကန့်ကွက်သည်။
၂။ မျက်နှာဖုံးသတင်းဓါတ်ပုံတွင် ပုံရည်ညွန်းစာ ရေးသားရာ၌ ရိုဟင်ဂျာအရေးဟု ဖေါ်ပြသုံးနှုန်းခြင်း၊ အချပ်ပိုစာမျက်နှာ(A)တွင် ရိုဟင်ဂျာအရေးတွင်ဟူ၍ ရေးသား သုံးနှုန်းခြင်းတို့ကို တွေ့ရှိရသည်။
၃။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုသော လူမျိုး လုံးဝမရှိကြောင်း နိုင်ငံတော် အစိုးရက တရားဝင်ထုတ်ပြန် ကြေငြာထားပြီးဖြစ်သည်။ ထို့အပြင် ယနေ့ဖြစ်ပေါ်နေသော အရေးအခင်းကို အကြောင်းပြု၍ ကုလသမဂ္ဂနှင့် မူဆလင်နိုင်ငံများက ရိုဟင်ဂျာအရေးဟု ရှေ့တန်းတင်၍ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ထိပါး စော်ကားနေလျှက် ရှိသည်ကို သတင်းဂျာနယ်မှ ပုဂ္ဂိုလ်များလည်း သိရှိပြီးဖြစ်ပါလိမ့်မည်။
၎။ ယခုပြည်တွင်းရှိ ထင်ရှားလူသိများသော သတင်းဂျာနယ်ကြီးတစ်ခုအနေဖြင့် ၎င်းကုလသမဂ္ဂနှင့် မူဆလင်နိုင်ငံများ၏ လေသံကိုလိုက်၍ ရိုဟင်ဂျာဟူသော စကားလုံးကိုမသုံးစွဲသင့်ဟု ယူဆသည်။
၅။ ရခိုင်ပြည်နယ်တွင် ယနေ့အထိ ဖြစ်ပေါ်နေသော ဖြစ်ရပ်များသည် ဘင်္ဂလီ စစ်တကောင်းနယ်သားများ၏ ရခိုင်ပြည်နယ် သိမ်းပိုက်ရေး အကွက်ကျကျ ဖန်တီးလုပ်ကြံမှုများသာဖြစ်ပြီး ရိုဟင်ဂျာအမည်ခံ လူမျိုးတစ်မျိုးအဖြစ် အသိအမှတ်ပြု ခံရရေး၊ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေး ရရှိရေးအတွက် တောင်းဆိုမှုသက်သက်မဟုတ်ပေ။
၆။ ဘူးသီးတောင်မြို့နယ်ရှိ သံဃာတော်များအနေဖြင့် မန္တလေးသံဃာတော်များနှင့် လူထု၏ ဆန္ဒပြတောင်းဆိုမှုကို ၀မ်းမြောက်ဝမ်းသာ ကြိုဆို၍ အလေးအနက်ထောက်ခံပြီး တစ်သားတည်းရှိကြောင်းကိုလည်း ဖေါ်ပြပါသည်။
၇။ သို့သော် 7Days News Journal ၏ သတင်းရေးသားရာတွင် စကားလုံးအသုံးအနှုန်းကြောင့် ရခိုင်ပြည်နယ်ရှိ သံဃာတော်များနှင့် ပြည်သူလူထုအတွက် များစွာစိတ်မကောင်းဖြစ်ရပြီး၊ ရခိုင်အရေးအခင်းနှင့်ပတ်သတ်၍ သတင်းဖေါ်ပြချက်များတွင် ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို နောက်နောင်သုံးစွဲခြင်း မပြုရန်နှင့် ယခုသတင်းထုတ်ပြန်ချက်ပါ ရိုဟင်ဂျာဟူသော အသုံးအနှုန်းအစား စစ်တကောင်းနယ်သား ဘင်္ဂလီကုလားများဟု ပြင်ဆင်ချက် ထုတ်ပြန်ပေးရန် ဤကြေငြာချက်ကိုလက်မှတ်ရေးထိုး ထုတ်ပြန်၍ တောင်းဆိုသည်။
http://arakantimes.net/burmese/index.php/2012-02-24-06-58-57/432-2012-09-10-16-25-19

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ နောက်ကွယ်....။


by ငရဲ သား on Tuesday, September 11, 2012 at 4:42pm ·

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရဲ့ နောက်ကွယ်မှာ ထူးခြားတဲ့ အကြောင်းအရာတွေ ပတ်သက်မယ်လို့တော့  ထင်မိသား..။ အင်တာနက်မှာ ဟိုလှန် ဒီလှောကြည့်ရင်းနဲ့ ၂၀၁၀ တုန်းက  The Wall Street Journal မှာပါဝင်တဲ့ သတင်းလေးတစ်ခုက အံ့အားသင့်သွားစေပါတယ်..။

အဲဒီသတင်းက
Chinese Weapons Maker Signs Myanmar Deal
BY CHUIN-WEI YAP

China North Industries Corp., a leading Chinese weapons manufacturer, signed a cooperation pact with the government of Myanmar to develop a copper mining project, the latest sign of growing commercial ties between the reclusive Southeast Asian nation and its giant neighbor.

The Monywa Copper Mine Project Cooperation Contract was signed during Premier Wen Jiabao's visit to Myanmar in early June, China North Industries, or Norinco, said in a statement on its website. The statement was posted on the company's website Wednesday, but dated June 10. It didn't disclose financial terms.
The deal underlines how the isolated military rulers of Myanmar are increasingly turning to the country's most important political and economic ally for support—and how China continues to seek natural resources from its southwestern neighbor to feed its industrialization.

The Norinco statement said Monywa is "abundant in copper mine resources with excellent mineral quality, which is of great significance to strengthening the strategic reserves of copper resources in our country, and to enhancing the influence of our country in Myanmar."
ဆိုတဲ့ သတင်းလေးပါ..။
မူရင်းလင့်ကိုလေ့လာကြည့်ပါ။
The World Street Journal

ဆိုလိုရင်းက အားလုံးသိကြတဲ့ မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ယခင် နအဖအစိုးရဟောင်းလက်ထက် June  မှာ တရုတ်ခေါင်းဆောင် ၀မ်ကြားပေါင် လာရောက်စဉ်မှာ သဘောတူညီခဲ့ကြတယ် ဆိုတာပါ.။ တူညီခဲ့တဲ့ ကုမ္ပဏီက Norinco (China North Industries Corp)  လို့ခေါ်တဲ့ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ကုမဏီတွေထဲက တစ်ခုပါ..။ ထူးခြားတာက အဲဒီကုမဏီဟာ စစ်လက်နက်ပစ္စည်းတွေကို မြန်မာအပါအ၀င် ကမ္ဘာကို တင်ပို့ရောင်းချနေတဲ့ ကုမဏီကြီးတစ်ခုပါပဲ..။ နအဖ စစ်ဗိုလ်ချုပ်များနဲ့ Norinco ကုမဏီတို့ဟာ စာချွန်လွှာရေးထိုးပွဲတွေ အများအပြားလုပ်ခဲ့ကြပါတယ်..။ မုံရွာ လက်ပံတောင်းတောင်စီမံကိန်းဟာ အဲဒီအထဲက အစိတ်အပိုင်းလေးတစ်ခုပါ..။

အဲဒါတွေနဲ့ ဆက်စပ်ရင်းနဲ့  the voice ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲတဲ့ ကိစ္စမှာ ပါတဲ့ အချက်တွေကို သတိထားမိပြန်ပါတယ်..။ အဲဒီအချက်တွေထဲမှာ ယခင် မုံရွာမှာ ကြေးနီတူးဖော်ရေးလုပ်ငန်းလုပ်ခဲ့တဲ့ ကိစ္စ ပါဝင်ပတ်သက်နေတယ်ဆိုတာ သတိရမိတော့ the voice နဲ့ Eleven က သတင်းတွေကို  ပြန်လေ့လာကြည့်မိပါတယ်.။

အဲဒီ သတင်းတွေထဲမှာ ..။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အရေးကြီးသော စစ်ဆေးတွေ့ရှိ ချက်များကို စာအမှတ်စဆ/ ၂၂၁ (၆/၂၀၁၂)နှင့်စဆ- ၃/၆၀၃၅ (၈၂/၂၀၁၂) ပြည်သူ့လွှတ်တော်ကို အစီရင်ခံခဲ့ရာမှာ  မုံရွာ ကြေးနီးသတ္တုတူးဖော်ရေးလုပ်ငန်းမှာ ယခင်မြန်မာ့အိုင်ဗင်ဟို ကြေးနီကုမ္ပဏီ လီမိတက်၏ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်သို့ ရောင်းချခဲ့ကြောင်း၊ အစုရှယ်ယာ လွှဲပြောင်း ၀ယ်ယူမှုအတွက် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမိတက် မှ အမှတ်(၁)သတ္တုတွင်း လုပ်ငန်းထံ အမေရိကန်ဒေါ်လာသန်း ၁၀၀ ကျော် ပေးချေခဲ့သော်လည်း အဆိုပါ ပေးချေမှုမှာ ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်မှ ပေးချေခြင်း မဟုတ်ဘဲ ဟောင်ကောင်မှ Wanbao Mining Copper Limited မှ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ လို့ ဖော်ပြထားပါတယ်..။ အလွယ်ခေါ်ရင်ဝမ်ပေါင်း ပေါ့ဗျာ..။

တနည်းအားဖြင့်ပြောရရင် ဦးပိုင်က ၀မ်ပေါင်းကို လက်လွှဲ ရောင်းလိုက်ခြင်းဖြစ်ပါတယ်။ အများအမြင်မှာ ဦးပိုင်က ၀ယ်ယူထားပြီး ၀မ်ပေါင်းက ငွေချေခဲ့တာပါ..။ ၀မ်ပေါင်း ဆိုတာကလည်း Norinco ရဲ့ လက်အောက်ခံကုမဏီပါ။

အဲဒီကိစ္စကို The Voice ဂျာနယ်က ”၀န်ကြီးဌာနတချို့၏ ကျပ်သိန်းထောင်ချီအလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ” ဆိုတဲ့ ခေါင်းစဉ်သတင်းနဲ့ ဖော်ပြခဲ့တဲ့အတွက် သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲခဲ့ခြင်းဖြစ်ပါတယ်..။


the voice journal တရားစွဲခံရသော သတင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်က လွှတ်တော်ကို တင်ပြခဲ့တဲ့ သတင်းဖော်ပြပုံကို  သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲခဲ့တာပါ။
Eleven Media Group ရဲ့ မူရင်းသတင်းအပြည့်အစုံကို  အောက်ပါလင့်မှာ  ပြန်လည်ဖတ်နိုင်ပါတယ်။
Eleven Media Group


ဒီအစီရင်ခံစာကို တင်ခဲ့တဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်လည်း အများသိကြတဲ့ အတိုင်းပါပဲ..။ REFORM ထဲ ပါသွားရှာပါတယ်.။
the voice ကို တရားစွဲခဲ့တဲ့ သတ္တုတွင်းဝန်ကြီးလည်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဖြစ်သွားပါတယ်..။



လက်ပံတောင်းတောင် စီမံကိန်းသစ် အုတ်မြစ်ချ အခမ်းအနား။
 အခု လက်ပံတောင်းတောင်စီမံကိန်းကိုတော့ Norinco ရဲ့ လက်အောက်ခံဖြစ်တဲ့ ဦးပိုင်က တစ်ဆင့်ပြန်ရောင်းခဲ့တဲ့  အဲဒီ Wanbao Mining Industry Co., Ltd. က ၂၀၁၂ မတ်လ (၂၉) မှာ အုတ်မြစ်ချ အခမ်းအနားလုပ်ခဲ့ပါတယ်။  အများသိတဲ့ ၀မ်ပေါင်း ကုမဏီ ပေါ့ဗျာ။ ဒါပေမယ့် အဲဒီအခမ်းအနားမှာ စီးပွားရေးဦးပိုင်လီမိတက်မှ တာဝန်ရှိသူတွေ တက်ရောက်တယ်လို့ တရုတ်ကုမဏီ သတင်းတွေထဲမှာ မတွေ့ရပါဘူး။
အဲဒီ ၀မ်ပေါင်းကုမဏီဟာ မြန်မာနိုင်ငံရဲ့ မွေတောင်အပါအ၀င် သတ္တုတူးဖော်ရေးလုပ်ငန်း တော်တော်များများမှာ ပါဝင်ရင်းနှီးမြုပ်နှံထားသလို မဟာဗျူဟာနဲ့ တရုတ်သြဇာလွှမ်းမိုးရေးအတွက်လည်း တရုတ်အစိုးရကို အများကြီး အထောက်အကူဖြစ်စေတဲ့ ကုမဏီတွေထဲက တစ်ခုဖြစ်ပါတယ်..။

အောက်ပါလင့်မှာ လေ့လာနိုင်ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အုတ်မြစ်ချ အခမ်းအနား။


သုံးသပ်ချက်.။
အဲဒီတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ လက်ရှိအချိန်မှာ  သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ဒုက္ခပေးနေသလို ဒေသခံလယ်သမားလူတန်းစားတွေရဲ့ ဘ၀ရပ်တည်မှု၊ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို ဆိုးကျိုးပဲဖြစ်စေပါတယ်.။.
အဲဒါကြောင့် ဆန္ဒဖော်ထုတ်ရင်း ဖမ်းဆီးခံနေရသူတွေ၊ သတိပေးခံရသူတွေရှိပါတယ်..။ အခု လေ့လာတွေ့ရှိချက်များကို အခြေခံလိုက်ရင် ဦးသန်းရွှေလက်ထက်က မဟာဗျူဟာအရ၊ စစ်ရေးအရပါ ရောထွေးပတ်သက်ဆက်စပ်ခဲ့တဲ့ အကျိုးစီးပွားလုပ်ငန်းကြီးတစ်ခုကို ကျွန်တော်တို့ လမ်းပေါ်ထွက်ရုံနဲ့ ဖြေရှင်းနိုင်ဖို့ မလွယ်ပါဘူး။ ၀မ်ပေါင်းကုမဏီရဲ့ မိခင်ကုမဏီ Norinco China North Industries Corp က ထုတ်လုပ်တဲ့ MBT2000 တင့်ကားတွေဟာ မြန်မာ့တပ်မတော်မှာ စတင်အသုံးပြုနေပြီလို့ သိရပါတယ်။



Norinco's VT1A MBT 2000, Main Battle Tank

Rule Of Law ဟာ အောက်မှာရှိနေတုန်းပါပဲ..။ ဥပဒေနဲ့ မညီတဲ့ တစ်ဆင့်ပြန်လည်ရောင်းချမှုကြီး မပေါ်လွင်ခဲ့သလို အခုအချိန်မှာလည်း လယ်သမားပြည်သူတွေ ဒုက္ခရောက်နေပါတယ်..။ သမ္မတလည်း ဒီကိစ္စဟာ သာမန် အကျိုးတူ ရင်းနှီးမြုပ်နှံမှု တစ်ခု မဟုတ်တဲ့အတွက် ကိုင်တွယ်ရ ခက်ခဲနေမယ်လို့ ထင်ပါတယ်.။ တကယ့် ကျဉ်းထဲကြပ်ထဲပါပဲ..။ မြစ်ဆုံကိစ္စတုန်းကဆုံးဖြတ်ခဲ့သလို  အမိန့်တစ်ခုတည်းနဲ့ ပြီးသွားဖို့မလွယ်ပါဘူး.။ အဲဒါကြောင့် အစိုးရက ဒီအချိန်အထိ မတုန့်ပြန်သေးတာလို့ ယူဆပါတယ်။

အဲဒါကြောင့် ဆန္ဒပြသူတွေနဲ့ ကူညီအားပေးသူ ဗကသအပါအ၀င် လှုပ်ရှားသူများကို တိုက်တွန်းချင်တာက ဒီထက် သိမ်မွေ့တဲ့နည်းလမ်းကို သုံးပြီး ဖြေရှင်းကြဖို့ အကြံပြုချင်ပါတယ်.။ သာမာန် သဘာဝပတ်ဝန်းကျင် ကိစ္စ၊ စီးပွားရေးလက်ဝါးကြီးအုပ်မှုကိစ္စမဟုတ်ဘဲ ဒီထက် ကြီးကျယ်တဲ့ ကိစ္စကြီးတစ်ခု နောက်ကွယ်မှာရှိနေတယ်လို့ သုံးသပ်ပါတယ်။ အခုအချိန်မှာ တစ်ဖက်က တင်းခံနေစရာ အကြောင်းအရာတွေ ခိုင်ခိုင်မာမာ ရှိနေတာကို ဖြေလျော့ဖို့ လိုပါတယ်။ အဲဒါကြောင့် မီဒီယာအားလုံးကကော သက်ဆိုင်ရာ နယ်ပယ်အသီးသီးကပညာရှင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများအပါအ၀င် အဖွဲ့အစည်းအသီးသီးကပါ ၀ိုင်းဝန် အဖြေရှာကြစေချင်ပါတယ်လို့ ဆန္ဒပြုပါတယ်..။ 

သေချာတာကတော့ ပွင့်လင်းမြင်သာပြီး နိုင်ငံတကာနဲ့ ဆက်ဆံရေးကောင်းတဲ့ အချိန်မှာတောင် တရုတ်က ဂုတ်ကိုကိုင်ပြီး ဆွဲမ ထားတာကို အစိုးရအပါအ၀င် ကျွန်တော်တို့တွေ ခံနေရတာပါပဲ..။ သွားလေသူကြီးရဲ့ ... ကျေးဇူးတရားတွေပေါ့ဗျာ..။

ဘင်္ဂလီသုံးဦးဆိုင်ကယ်ဖြင့်ရခိုင်အမျိုး​သမီးဆံပင်အားဒရွတ်တိုက်​ဆွဲ

စစ်တွေမြို့၊ မင်းဂံရပ်ကွက်နေ ဒေါ်မဲမချေ (၄၈)နှစ် - အကွက်(၉)၊
မဒီဇင်ဘာ(၁၈)နှစ် - အကွက်(၉)၊ မခင်မေကြည်(၁၇)နှစ် - အကွက်(၇) တို့သုံးဦး
စစ်တွေတက္ကသိုလ်ဈေးဆိုင်တန်းရှိ ထမင်းဆိုင်တွင်အလုပ်လုပ်ကြသည်။ ယနေ့ညနေ
၅း၄၀ ခန့်အချိန် (စစ်တွေမြို့တွင် (၁၄၄)အမိန့်ကြောင့်
စောစောအလုပ်သိမ်းသည် ) အလုပ်မှအိမ်ပြန်လာကြရာ မင်းဂံ
အကွက်(၆)နှင့်(၇)ကြား ဆိုင်ကယ်တစ်စီး Dream 125 Black ပေါ်တွင်
ဘင်္ဂလီသုံးဦးစီးနှင်းလိုက်ပါပြီး ရှေ့မှ အစဉ်အတိုင်း လမ်းဘေးမှ
လမ်းလျောက်ပြန်လာကြသော ရခိုင်အမျိုးသမီးသုံးဦးအနက် ခေါ်မဲမချေ အား
လှမ်းဆွဲကြသည်တွင် ဒေါ်မဲမချေမှ ရှောင်တိမ်းလိုက်နိုင်ပါသည်။ သို့သော်
နောက်ဆုံးမှ မခင်မေကြည် (၁၇)နှစ်အား ဆံပင်ဆွဲယူသွားခြင်းခံလိုက်ရကြောင်း
ဆံပင်များအတော်ပင် ပြတ်ထွက်ကာ ဒရွတ်တိုက်ဆွဲလုနီးပါးဖြစ်သွားခဲ့ပါသည်။
သူတို့ခပ်လှမ်းလှမ်းမှ တက္ကသိုလ်ကျောင်းတွင် အလုပ်လုပ်ကိုင်နေသော ရခိုင်
ပန်းရံယောင်္ကျားလေးများတစ်ဖွဲ့ တွေ့မြင်ခဲ့သောကြောင့် လိုက်လံအော်ဟစ်၍
ပြန်လည်တုန့်ပြန်ရန်ကြိုးစားခဲ့သော်လည်း ကုလား(၃)ကောင်မှာ ဆိုင်ကယ်အား
စက်ကုန်ဖွင့်ပြီး သဲချောင်းဖက်သို့ မောင်းထွက်သွားခဲ့ပါသည်။
အဆိုပါဖြစ်စဉ်အား မင်းဂံစခန်း၌ အမှုဖွင့်ထားပါကြောင်းနှင့်
သူတို့ပြန်လာသည့် တက္ကသိုလ်လမ်းတစ်လျောက် လုံခြုံရေးတစ်ယောက်မှ
မတွေ့ရှိရပါကြောင်း - တက္ကသိုလ်ကျောင်းသား/ကျောင်းသူများ၏
လုံခြုံရေးအခြေအနေမှာ ကျူးကျော်ဘင်္ဂလီခေါ်တောများ၏ ဧရိယာထဲတွင်
အလုံးစုံကျရောက်နေပါသဖြင့် အကယ်၍ ကျောင်းသူတစ်ယောက်ယောက်ကိုသာ
ကိုယ်ထိလက်ရောက်ပြုမူကျူးလွန်မှုဖြစ်ပွါးလာပါက ထိုထက်ဆိုးလာနိုင်သော
ပြဿနာများဖြစ်ပွါးလာနိုင်ခြေရှိပါသောကြောင့်
ဘင်္ဂလီများ၏အပိုးမကျိုးနိုင်သော ရုပ်သဏ္ဍန်ကိုတင်ပြလိုက်ပါတယ်။ -
အဆိုပါဖြစ်စဉ်အား NLD - ပါတီဝင်ဖြစ်သူ ဒေါ်မညိုအေး - ဖုန်း ၀၉၄၂၁၇၁၁၄၇၉ ကိုယ်တိုင် အမှုဖွင့်တိုင်ကြားထားပါသည်။

ကနေဒါကနှင်လိုက်တဲ့သံအမတ်တွေမြန်မာပြည်ကိုရောက်သွားလား....

ကနေဒါက သံအဆက်အသွယ်ဖြတ်ပြီး သံအမတ်တွေကို ၅ရက်အတွင်း နိုင်ငံကထွက်ပေးဖို့နှင်ထုတ်တယ်.. မြန်မာနိုင်ငံက သံအဆက်အသွယ်လုပ်တယ်..


ဒီမို ဖက်တီး

အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူပြီး ဖြစ်သော သံအမတ်ကြီး ဟိုစိန် ကာမာလီယံသည် ယနေ့ နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ သမ္မတ အိမ်တော်သို့ သွားရောက်၍ ၎င်း၏ ခန့်အပ်လွှာကို ပေးအပ်သည်။


Ye Min Tun
BBC world မှတင်ဆက်သော အီရန်အာဏာရှင်ခိုမီနီမှ ယနေ့အထိ အနောက်နိုင်ငံ နှင့် ဖြစ်ပွါးခဲ့သော အီရန်အစိုးရ အကြမ်းဖက်မှုများ နှင့် အကြမ်းဖက်အဖွဲ့စည်းများကို အားပေးကူညီခဲ့ပုံများကို အီရန် နိုင်ငံခြားရေး လုံခြုံရေးတာဝန်ရှိသူများ အီရန် သမ္မတဟောင်းကိုေ မးမြန်းချက်များ။ အမေရိကန် သမ္မတဟောင်း အပါဝင် နိုင်ငံခြားရေး လုံခြုံရေး စစ်ရေး တာဝန်ရှိသူများ။ ရုရှားသမ္မဟောင်း နှင့် ပြင်သစ်ဝန်ကြီးဟောင်း အပါဝင် အင်္ဂလန်နိုင်ငံ ဆိုင်ရာ တာဝန်ရှိသူများ စသည်ဖြင့် အခြေမြစ် ရှိရှိတင်ပြထားသည့် အနောက်နိုင်ငံနှင့် အီရန် နိုင်ငံ အကြား ဆက်ဆံရေးနှင့် သံတမန်ရေး စစ်ရေး ကိစ္စများကို သမိုင်း အထောက်ထားများဖြင့် တင်ပြထားသော BBC ဗီဒီယို သုံးခုကို စုစည်းပေး ထားပါသည်။ လေ့လာ လိုသော လူငယ်များအတွက် အသုံးဝင်မည်လို့ မျော်လင့်သည်။
ကြာမြင့်ချိန် ၂ နာရီ ၅၇ မိနစ်
http://www.youtube.com/watch?v=fTFWfTbkCiw&feature=g-all-u

မြန်မာနိုင်ငံမှ အမျိုးသမီးငယ် ၄၂ ဦး ပြည့်တန်ဆာအဖြစ် ရောင်းစားခံရ

Published on September 11, 2012 by ဒီဗွီဘီ   ·   No Comments
ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်ထဲမှာ ပြည့်တန်ဆာအဖြစ် ရောင်းစားခံရတဲ့   မြန်မာအမျိုးသမီးငယ် ၄၂ ဦးကို ထိုင်းရဲနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ကယ်ထုတ်နိုင်ခဲ့တယ်လို့ ထိုင်းရတ် သတင်းဌာနက ဖော်ပြသွားပါတယ်။ ကန်ချနာဘူရီခရိုင် ဘန်းရုန်းရတ် ဘန်ဂလိုမှာ ပြည့်တန်ဆာအဖြစ် ခိုင်းစေခံနေရပြီး ကူညီ ကယ်ထုတ်ပေးဖို့ အမျိုးသမီးငယ်တဦးက ဆက်သွယ် တောင်းဆိုလာတဲ့အတွက် လူကုန်ကူးမှု တိုက်ဖျက်ရေး ကွန်ရက်အဖွဲ့၊ ထိုင်းနိုင်ငံ မှုခင်းနှိမ်နင်းရေးအဖွဲ့နဲ့ ကန်ချနာဘူရီခရိုင် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး စက်တင်ဘာ ၉ ရက် ညပိုင်းမှာ အဲဒီ ဘန်ဂလိုကို သွားရောက်စစ်ဆေးခဲ့ပါတယ်။
 

ဘန်ဂလိုမှာ မှန်ခန်းထဲထည့်ထားတဲ့ မိန်းကလေး ၄၂ ဦးကို တွေ့ရပြီး သူတို့ကို  ပြည့်တန်ဆာ လုပ်ခိုင်းကြောင်း မိန်းကလေးတွေက ပြောပါတယ်။ ၄၂ ဦးမှာ အသက် ၁၈ နှစ်အောက်က ၁၄ ဦးပါဝင်တယ်။ အဲဒီထဲမှာ ၁၅ နှစ်အောက်က ၄ ဦး၊  အသက် ၁၂ နှစ်ရွယ် မိန်းကလေး ၁ ဦးပါဝင်ပြီး အားလုံး မြန်မာနိုင်ငံက လာတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘန်ဂလိုပိုင်ရှင် နိုင်းဥဒုမ်း ဆပ်ဖစ်ယူ  ၃၂ နှစ်၊ နိုင်းဝုန်းဆထောင်းန်  ၅၂ နှစ် နဲ့  နန်းဆောဝ်ဆကွန်းတလာ ၄၆ နှစ်တို့ကို လူကုန်ကူးမှု၊ အလိုမတူဘဲ အတင်းအကျပ် ပြည့်တန်ဆာအဖြစ် ခိုင်းစေမှု၊ အသက်မပြည့်တဲ့ မိန်းကလေးကို ခြိမ်းခြောက် ခိုင်းစေမှုတွေနဲ့ ဆက်လက် အရေးယူသွားမယ်လို့ မှုခင်းနှိမ်နင်းရေးက ဒုဗိုလ်မှူးကြီး ၀ချရဖွန်းထောင်းန်လွန်းက ထိုင်းသတင်းဌာနကို ပြောသွားပါတယ်။ burmese.dvb.no

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆိုတာ..

  ညပိုင်းမှာတောင်...ကြေးနီစီမံကိန်းရပ်ဖို့ ပြည်သူတွေ
တောင်းဆို
 



 
Myanmar-- March 19, 2012 The cornerstone laying ceremony for Monywa Copper project was held with presence of Mr. Li Wanfu, the Chairman of MCC8 Group, Hon. Li Junhua, Chinese Ambassador in Myanmar, Mr. Yin Jiaxu, Party Chief of China North Industries Group Corporation (NORINCO), Mr. Zhi Yulin, the Vice President of NORINCO, Mr. Wang Wei, Chairman of China Wanbao Mining Co., Ltd., and the governor of the Sagaing Province, and the General of Northwest Military Area Command of Myanmar.

Abundant copper reserves in Monywa, in northern Burma's Sagaing Division, are “of great significance to strengthening the strategic reserves of copper resources in our country, and to enhancing the our influence in Myanmar [Burma],” according to NORINCO's statement. NORINCO is one of ten defense-industrial enterprises that report to China's State Council.

The Monywa mine is one of Burma's largest mining operations, and is located in Monywa Town Sagaing Province in northwest Myanmar, 120 km away from Mandalay which is the 2nd largest city of Myanmar. The project consists of constriction phase and production phase, in which the construction period is 17 months and the construction works include 6.6 km of road construction and 20 million m3 of excavation work.

The contract price of the Phase I construction MCC8 implements is US$ 50 million

http://chinamcc8.com/en/disInteraction.asp?id=169&fid&lid=22 

 
Monywa, Sagaing Division, Myanmar - 07/08/2009. Settlers established along the Monywa Copper Project site, the only copper mine in Burma and one of the largest in South East Asia, retrieve mineral deposit from the waste ground discharged from the mine.

Credit: Thierry Falise/OnAsia.com
Contact: sales@Onasia.com
   
Tuesday, September 11, 2012 at 1:19pm
အဲဒီဓာတ်ပုံတွေ နှစ်အနည်းငယ်ကတည်းက .... ကမ္ဘာကို ပျံ့နှံ့နေတာကို သမ္မတရုံးက အကြံပေး ပညာရှင် ဆိုသူများ၊ လွှတ်တော် အတွင်းက ရေးရာကော်မတီများ...။ မသိကြဘူးလားလို့ မေးချင်ပါတယ်ခင်ဗျား..။..................................................................................................
မုံရွာမြို့အနောက်ဘက် ချင်းတွင်းမြစ်အနီးတွင်ရှိသော လက်ပန်းတောင်းတောင်ကြီးအား မိုင်းခွဲမြေဖြိုကာ ကြေးနီသတ္တုတူးဖော်နေသည့်ကိစ္စ ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ဒေသခံများ ပြောင်းကြရွှေ့ကြရသည့် ဒုက္ခ၊ စိုက်ပျိုးမြေများ လက်လွှတ်ဆုံးရှုံးကြရသည့်ဒုက္ခ၊ ဇီဝမျိုးစုံများ ပျက်စီးပျောက်ကွယ်ရသည့်ဒုက္ခ၊ ရေရှည်တွင် ထိုဒေသ၌ နေထိုင်သူများ၏ ကျန်းမာရေးအပေါ် သက်ရောက်ထိခိုက်မည့်ဒုက္ခ၊ သဘာဝပတ်ဝန်းကျင် ရေထု၊ မြေထု၊ လေထုများကို ပြောင်းလဲလွှမ်းမိုးစေမည့် ဒုက္ခများကို ဘာမျှမပြောသေး၊ မစဉ်းစားသေးဘဲ ဂေဟစနစ်အရ အပြန်အလှန်အမှီသဟဲ ပြုလျက်ရှိသော ချင်းတွင်းမြစ်ကမ်းရှိ အလွန်ပနံရလှပစွာတည်ရှိသော တောင်ကြီးတစ်တောင် ပျောက်ကွယ်သွားမှာကို စိုးရိမ်သည့် အချက်တစ်ချက်တည်းနှင့်ပင် မြစ်ဆုံစီမံကိန်းလို လုံးဝရပ်တန့်ပစ်ရန် လိုသည်ဟု ဘူမိပညာရှင်၊ ပထ၀ီပညာရှင်များ၊ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်သူများက ရင်ထဲမှစကားကို ဆိုကြပါသည်။ မုံရွာဒေသခံများကလည်း လဲလျောင်းအိပ်စက်နေသော ဧရာမဆင်ကြီးနှစ်ကောင်ဟု ညွှန်းဖွဲ့ထားသည့် ယင်းလက်ပန်းတောင်းတောင်ကြီးအား ဓားထစ်ရာမွှန်းနေပြီဟု ဆိုကြပါသည်။ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်သူများ၏ ရင်ထဲမှာဖြင့် ယခုကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူများမှ အမြန်ဆုံး အကျယ်တ၀င့် ဆွေးနွေးသင့်ပြီဟု ထင်မြင်သုံးသပ်နေကြပါသည်။ကျောင်းပထ၀ီသင်ခန်းစာများတွင် မုံရွာမြို့အနောက်ဘက် ချင်းတွင်းမြစ်ကမ်းဘေးတွင် စံပယ်တောင်၊ ကြေးစင်တောင်၊ လက်ပန်းတောင်းတောင်များရှိသည်ဟု ဆိုထားသော်လည်း ယခုအခါ တောင်ကြီးအချို့မှာ လုံးဝပျောက်ကွယ်လျက် ရှိနေပါပြီ။ယေဘုယျအားဖြင့် ပတ်ဝန်းကျင်ထိခိုက် ယိုယွင်းစေမည့် စီမံကိန်းများ ဆောင်ရွက်သည့် ဒေသရှိ ပြည်သူအများစုမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသဘောတရားများကိုလည်း ကောင်းစွာမသိကြပါ။ သူတို့ကြောင့် ပတ်ဝန်းကျင်အပေါ် ကြီးကြီးမားမား ဆိုးကျိုးသက်ရောက်စေသည်ဟုလည်း လက်မခံ၊ မယူဆထားကြပါ။ သို့ရာတွင် လုပ်ငန်းလာရောက် လုပ်ကိုင်သည့် အဖွဲ့အစည်းများ၊ ပညာရှင်များမှာမူ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးစေမည်များကို ကြိုတင်တွက်ဆ သိရှိထားနိုင်သော်လည်း လျစ်လျူရှုကာ လတ်တလော အကျိုးအမြတ်ရရေးကိုသာ အာရုံစိုက်လျက် လောဘမသတ်ဖြစ်နေကြပါသည်။ စီမံကိန်းများတည်ရှိရာ အနီးတစ်ဝိုက်မှ ဒေသခံများအနေဖြင့် လောလောဆယ် သူတို့ရင်ဆိုင်ကြရမည့် ပြဿနာများမှ ကင်းဝေးအောင်၊ စီမံကိန်းများ ရပ်တန့်သွားအောင်၊ သူတို့ ခံစားကြရမည့် ဆိုးပြစ်များ လျော့နိုင်သမျှ လျော့ရလေအောင် မည်သူ့ကိုမျှ မတောင်းဆိုနိုင်၊ မည်သို့မှ မကြံစည်နိုင်၊ မြေရေသယံဇာတများကို ရနိုင်သမျှ လက်ဝါးကြီးအုပ်ထားနိုင်ရန်၊ ဒေသအတွက် ပြန်လည်ဖြည့်ဆည်းပံ့ပိုး စောင့်ရှောက်ရမည့်အတွက်ကိုမူ တတ်နိုင်သမျှ နည်းစေရန်အတွက် နည်းလမ်းအမျိုးမျိုးဖြင့် ချဉ်းကပ်ကြိုးပမ်းနိုင်ကြပါသည်။နောက်ဆုံးရလဒ်အဖြစ် အလူးအလဲခံစားကြရမည်မှာ ဘာမျှလည်းမဆိုင်၊ ဘာအကျိုးအမြတ်မှလည်း မခံစားလိုက်ရသည့် ဒေသခံပြည်သူများသာ ဖြစ်ပါလိမ့်မည်။ သဘာဝပတ်ဝန်းကျင်အား ဖျက်ဆီးမည့်သူများ နည်းနိုင်သမျှနည်းအောင်၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများကို လျှော့ချကာကွယ်နိုင်အောင်၊ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်သူများ တိုးပွားလာအောင် လုပ်ဆောင်လိုစိတ် ပြင်းပြနေသူများမှာ ဒေသခံပြည်သူများသာ ဖြစ်လာပါလိမ့်မည်။သို့ရာတွင် ထိုသူများမှာ ဘယ်ကစ၍ ဘယ်လိုလုပ်ရမှန်း မသိဘဲလည်း ဖြစ်နေကြပါသည်။ ထို့ကြောင့် သူတို့မှာ မိရိုးဖလာအစဉ်အလာအတိုင်း သူတို့အလွယ်တကူ လုပ်လည်းလုပ်တတ်၊ လုပ်လည်းလုပ်နိုင်သည့် အလုပ်ဖြစ်သော တောတောင်စောင့်နတ်တွေကိုပဲ တိုင်တည်ရတော့မှာလိုလိုသာ ဖြစ်လို့နေပါတော့သည်။

  ရေးသားသူ- လွင်ချန်ဖြိုး(နတ်မောက်) by 7Day News Journal

Online မှ Photo စုဆောင်းသူ (ငရဲသား)..................

ဆားလင်းကြီး ရဲစခန်းရှေ့.
Yamoun Nar's video:
၁၁.၉.၂၀၁၂ ရက်နေ့



ဖမ်းဆီးခံထားရသည့် တောင်သူ ၁၂ ဦးထဲက ၉ ဦး လွတ်မြောက်

Published on September 11, 2012 by မင်းလွင်   ·  

မုံရွာမြို့ နန်းချွန်မြစ်ဆိပ်မှာ အဖမ်းခံရတဲ့ လက်ပန်းတောင်းတောင် ဒေသက တောင်သူတချို့ လွတ်မြောက်ခဲ့ပြီး တချို့လည်း ဆက်လက် ထိန်းသိမ်းထားပါတယ်။

မနေ့က မုံရွာမြို့ ဆုတောင်းပြည့်ဘုရားက ပြန်လာတဲ့ ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ဒေသက တောင်သူ ၁၂ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး မုံရွာမြို့ အမှတ် ၁ ရဲစခန်းမှာ ထိန်းသိမ်းထားခဲ့ပါတယ်။ အဖမ်းခံရတဲ့ အမျိုးသမီးတောင်သူတွေဟာ တပ်မတော်ပိုင် ဦးပိုင် ကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီက သိမ်းထားတဲ့ ဒေသက ရွာသားတွေ ဖြစ်ပြီး ဆန္ဒပြပွဲတွေ လအတန်ကြာအောင် ဖြစ်နေကြတာပါ။ အဖမ်းခံရထားသူတွေထဲက ဆားလင်းကြီးမြို့နယ် ရွှေလှေရွာက ၇ ဦးကို အရင်လွှတ်ပေးလိုက်ပြီး ၀က်မှေးရွာက မမိဆွေ၊ မစန်းစန်းလှတို့ ၂ ဦးကိုတော့ ဒီနေ့ မနက် ၁ နာရီလောက်မှာ လွှတ်ပေးခဲ့တယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ ၀က်မှေးရွာသူ မမိဆွေက ပြောပါတယ်။ အဖမ်းခံရသူတွေထဲက ၀က်မှေးရွာသူ မသွဲ့သွဲ့ဝင်း၊ မအေးနက်နဲ့ မဖြူဖြူဝင်းတို့ကို စက်တင်ဘာ ၁၀ ရက်နေ့ ညနေမှာ အမှတ် ၁ ရဲစခန်းကနေ ခေါ်ထုတ်ပြီး တခြားကို ပို့ပေးခဲ့တယ်လို့ မမိဆွေက ပြောပါတယ်။ အမှတ် ၁ ရဲစခန်းမှာ အဖမ်းခံရစဉ်မှာ မသွဲ့သွဲ့ဝင်းတို့ကိုပါ လွှတ်ပေးဖို့ ပြောဆိုတဲ့အတွက် ရဲတပ်သားတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ထိခိုက်မှုတွေရှိခဲ့တယ်လို့ လွတ်မြောက်လာတဲ့ မမိဆွေက ပြောပြပါတယ်။ “ကျမတို့က မအေးနက်နဲ့ မသွဲ့သွဲ့ဝင်းမပါရင် မပြန်ဘူးပြောတော့ ရဲနဲ့ ရဲမေတယောက်က အခန်းထဲပို့ပြီး ဆံပင်တွေလည်း ဆွဲဆောင့်တယ်။ ခါးတွေ၊ လက်တွေ လိမ်ချိုးပြီး တွန်းချတယ်။ မသွဲ့သွဲ့ဝင်းတို့ကိုလည်း ကားကြီးနဲ့ ဘယ်လဲမသိဘူး ခေါ်သွားတယ်။” ဆက်လက် အဖမ်းခံထားရတဲ့ ၀က်မှေးရွာက မသွဲ့သွဲ့ဝင်းတို့ သုံးဦးလွတ်မြောက်ဖို့ ဆန္ဒပြမှာကို စိုးရိမ်တဲ့အတွက် မုံရွာမြို့မှာလည်း ဒီနေ့ စက်တင်ဘာ ၁၁ ရက်နေ့မှာ လုံခြုံရေးတွေ တိုးမြှင့်ချထားပြီး အမှတ် ၁ ရဲစခန်း သွားရာလမ်းတွေကိုလည်း သံဆူးကြိုးချပြီး ပိတ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မနေ့က အဖမ်းခံရသူတွေကို လွှတ်ပေးဖို့ မြို့တွင်းလှည့်လည် ဆန္ဒပြတောင်းဆိုရာမှာ ဦးဆောင်တဲ့ မုံရွာခရိုင်ကျောင်းသားများသမဂ္ဂက ခေါင်းဆောင်တွေရဲ့ အိမ်တွေကိုလည်း နယ်မြေခံ ရဲတပ်ဖွဲ့က ရှာဖွေခဲ့တယ်လို့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုရဲရင့်ကျော်က ပြောပါတယ်။ “ကျနော့်အိမ်၊ ကိုနွေဦးကိုအိမ်၊ ကိုထင်ရှားအိမ် အရှာခံရတယ်။ ကိုဟိန်းဇော်ဝင်း အိမ်တွေ ရှာခံရတယ်။” မသွဲ့သွဲ့ဝင်းတို့ အဖမ်းခံရတာနဲ့ ပတ်သတ်ပြီး မုံရွာမြို့ အမှတ် ၁ ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒီနေ့မှာလည်း အဖမ်းခံထားရတဲ့ မသွဲ့သွဲ့ဝင်းတို့ ၃ ဦး လွတ်မြောက်ရေးအတွက် အမှတ် ၁ ရဲစခန်းရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြကြတယ်လို့ ကြားသိရပါတယ်။ 
burmese.dvb.no

စီမံကိန်းကြီးတွေက ပြည်သူတွေအတွက် ထိုက်တန်ရဲ့လား


ပြောရဦးမယ်ဗျာ (၆).. စီမံကိန်းကြီးတွေက ပြည်သူတွေအတွက် ထိုက်တန်ရဲ့လား by ဖိုး သိကြား on Tuesday, September 11, 2012 at 4:34am · အားလုံးပဲ မင်္ဂလာပါဗျာ..။ ကျနော်ဖိုးသိကြား ပြောရဦးမယ်ဗျာ ကနေ မပြောဖြစ်တာ အတော်ကြာသွား

ပြီ။ ပြောစရာတွေကများလွန်းတော့ ပြောတောင်မပြောချင်တော့ဘူး။ မပြောချင်ဘူးဆိုပေမယ့် ပြောသင့်

တယ်ထင်တာတွေတော့ ပြောလိုက်ဦးမယ်နော့...


အရင်ဆုံးပြောချင်တာက လယ်ယာမြေတွေမတရားသိမ်းယူနေတဲ့ကိစ္စပါ။ အားလုံးသိကြတဲ့အတိုင်း ခု

ဆိုရင် မြန်မာပြည်တ၀ှမ်းမှာ လယ်ယာမြေအငြင်းပွားမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဟိုကုမ္ပဏီ ဒီကုမ္ပဏီ

ဟိုအဖွဲ့ ဒီအဖွဲ့ ဟိုအမတ် ဒီအမတ် ဟိုဥက္ကဌ ဒီဥက္ကဌတွေကတဖက်၊ လယ်သမားတွေကတဖက် ပြဿ

နာတွေတက်နေကြတာ နေ့စဉ်ရက်ဆက်ပါပဲ။ တချို့ကနိုင်ငံတော်စီမံကိန်း၊ တချို့ကကုမ္ပဏီစီးပွားရေး

တချို့ကအဖွဲ့အစည်းသက်သာချောင်ချိရေးဆိုပြီး ခေါင်းစီးအမျိုးမျိုးတပ်လို့ လယ်ယာမြေတွေကို မတ

ရားသိမ်းပိုက်ကြတယ်။ ဒေသခံလယ်သမားတွေမှာတော့ ဒုက္ခတွေဝေလို့ပေါ့ဗျာ။


လယ်သမားက လယ်လုပ်စားတယ်။ ဈေးသည်က ဈေးရောင်းစားတယ်။ တံငါသည်က ငါးဖမ်းစားတယ်။

ဒါတွေဟာ သူတို့ဖြတ်သန်းလာခဲ့ကြတဲ့ အစဉ်အလာ၊ ပတ်ဝန်းကျင်နဲ့ အသိုင်းအ၀ိုင်းက ပြဌာန်းပေးထား

တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေပါ။ လယ်သမား လယ်မထွန်စားရရင် ဘာလုပ်စားမလဲ။ ခုပဲကြည့်

လယ်လုပ်စားစရာလယ်ယာမြေတွေ အသိမ်းခံရလို့ သူတို့ခမျာ ဘာလုပ်စားရမှန်းမသိဘဲ တ၀ဲလည်လည်

ဖြစ်နေတဲ့ လည်သမားဘ၀ရောက်ကုန်ကြပြီ။


နိုင်ငံတော်ကပဲသိမ်းသိမ်း၊ ခရိုနီတွေကပဲသိမ်းသိမ်း၊ တပ်မတော်ကပဲသိမ်းသိမ်း သိမ်းတဲ့သူတွေက အသိမ်း

ခံလိုက်ရတဲ့ လယ်သမားတွေရဲ့ဘ၀ရပ်တည်မှုအတွက် အာမခံချက် လုံလုံလောက်လောက် ပေးနိုင်ရမယ်။

ရေတိုအနေနဲ့မဟုတ်၊ ရေရှည်အထိ သူတို့ရဲ့ဘ၀တွေနိမ့်ကျမသွားရအောင် ပြုလုပ်ဖန်တီးပေးနိုင်ရမယ်။

အဲဒီလို လုပ်ပေးနိုင်မယ်ဆို ကြိုက်သလောက်သိမ်းစမ်း၊ ဘာပြဿနာမှပေါ်လာစရာအကြောင်းမရှိဘူး။ ခုလို

ထွန်တုံးတိုက်ပွဲတွေ၊ ဆန္ဒဖော်ထုတ်ပွဲတွေဖြစ်လာမှာမဟုတ်ဘူး၊ ခုတော့ သိမ်းတဲ့သူတွေက ကို့တဘို့ထဲပဲ

ကြည့် မတရား အလကားနှုန်းနဲ့လိုချင်၊ ရော့အင့်ဆိုပြီး မဖြစ်စလောက်ငွေလေးပစ်ပေးပြီး လျော်ကြေးပေး

ကြတယ်။ တဖက်ကနစ်နာဆုံးရှုံးသွားတာနဲ့ ပြန်လည်ထိုက်တန်တဲ့ ပေးဆပ်မှုမျိုးမရှိဘူး။


တကယ်ဖြစ်သင့်တာက လယ်မြေတကွက်မသိမ်းခင် အဲဒီ့လယ်မြေမှာ မှီခိုစားသောက်နေရတဲ့ လယ်သမား

ရဲ့ လယ်မြေပေါ်ကရမယ့် အကျိုးအမြတ်ကို ထည့်သွင်းတွက်ချက်ပြီး အဲဒီအကျိုးအမြတ်ထက်မနိမ့်ကျတဲ့

အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးရမယ်။ အဲဒီ့လိုဖန်တီးမပေးနိုင်ဘူးဆိုရင် အသိမ်းခံလယ်သမား

မိသားစုရဲ့ ဘ၀ရပ်တည်နိုင်ဖို့ ကောင်းမွန်စွာရင်းနှီးမြုပ်နှံနိုင်တဲ့ လုံလောက်တဲ့ငွေကြေးပမာဏကို သူတို့ရဲ့

သဘောတူကြည်ဖြူတဲ့ဆန္ဒရတဲ့အထိ ညှိနှိုင်းပြီး နစ်နာကြေးပေးရမယ်။ ဒါမှတရားမျှတတဲ့ လယ်ယာမြေ

ပိုင်ဆိုင်မှုလို့ ပြောလို့ရမယ်။ လယ်သမားတွေရဲ့ဘ၀တွေကလည်း နိမ့်ကျပြောင်းလဲခြင်းမရှိမှာ။


ခုတော့ မင်းတို့သဘောတူတူ၊မတူတူ သောက်ဂရုမစိုက်ဘူးဆိုပြီး အထက်ဖားအောက်ဖိလုပ်နေကြတာ...

ဒါဟာမတရားခြင်းဘဲ။ ကိုယ်ကောင်းစားဖို့အတွက် တခြားသောမိသားစုတွေ ဘ၀ပျက်ချင်ပျက်ပါစေ ဆိုတဲ့

စိတ်မွေးနေကြတဲ့ ၀ိသမလောဘသားတွေဟာ ဒီမိုကရေစီဖော်ဆောင်နေတဲ့ ကာလမှာ အမှိုကိသရိုက်တွေ

ပဲ။ ကိုယ့်အခွင့်အရေးရဖို့ တခြားသူတွေရဲ့အခွင့်အရေးတွေကို အသုံးချဖျက်စီးနေတဲ့သူတွေကို တားဆီးဖို့အ

တွက် လွှတ်တော်၊ လွှတ်တော်ကဖွဲ့စည်းပေးထားတဲ့ ကော်မတီတွေ၊ ကော်မရှင်တွေနဲ့ အစိုးရအဖွဲ့ပူးပေါင်းပြီး

ထိထိရောက်ရောက်လုပ်ဆောင်သင့်တယ်။ ပြောမယ့်သာပြောရတာ။ လက်ရှိလွှတ်တော်နဲ့ အစိုးရထဲမှာကိုက

အဲဒီ့လို အမှိုက်သရိုက်တွေနဲ့ မလွတ်ကင်းတော့လည်း ခက်သားကလားပဲ..။


ခုဆိုရင် ဖိုးသိကြားတို့ကမ္ဘာကြီးဟာ ရုပ်ဝတ္တုပိုင်းဆိုင်ရာတိုးတက်ဖြစ်ထွန်းလာမှုနဲ့အတူ သဘာဝပတ်ဝန်ကျင်

ထိန်းသိမ်းမှုအပိုင်းမှာ အားနည်းလာတယ်။ အဲဒီ့တော့ ဘာဖြစ်သလဲ..။ ကမ္ဘာကြီးကပိုပြီးပူနွေးလာတယ်။ မိုး

တွေခေါင်တယ်။ မုန်တိုင်းတွေတိုက်တယ်။ ရေတွေကြီးတယ်။ ရာသီဥတုတွေဖောက်ပြန်တယ်။ သဘာဝတ

ရားကြီး မတည်မငြိမ်ဖြစ်လာတယ်။ အဲဒီ့ရဲ့အကျိုးဆက်က သဘာဝဘေးအန္တရာယ်တွေကြောင့် လူတွေသေ

ကြေပျက်စီးဆုံးရှုံးမှုတွေနဲ့ တွေ့ကြုံရတယ်။ ဒါကြောင့်နိုင်ငံတကာမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်

ရှောက်ရေးဖို့ နည်းမျိုးစုံနဲ့ ပညာပေးကြတယ်။ ဆွေးနွေးကြတယ်။ လက်တွေ့အကောင်အထည်ဖော်ဆောင်

ရွက်ကြတယ်။ ဒါတွေကနိုင်ငံတိုင်း၊ နိုင်ငံတိုင်းမဖြစ်မသွေ လုပ်ဆောင်ကြရမယ့် တာဝန်ပဲဖြစ်တယ်။


ဖိုးသိကြားတို့ နိုင်ငံမှာဆိုရင်လည်း သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ဖို့လိုတယ်။သစ်တော

တွေကို ကာကွယ်ရမယ်။ မြေဆီလွှာတွေကို ထိန်းသိမ်းရမယ်။ မြစ်ချောင်းအင်းအိုင်ရေသယံဇာတတွေကို

စောင့်ရှောက်ရမယ်။ ကုန်ကုန်ပြောရရင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မယ့်ကိစ္စမှန်သမျှ ရှောင်ရှားရမယ်။

ဥပမာ-မြစ်စုံစီမံကိန်းကို ရပ်လိုက်တာမျိုး.. အဲဒီ့လိုဖြစ်နေရမယ်။ပြည်သူ့သဘောထားကို အလေးထားပြီး ရပ်

လိုက်တဲ့သမ္မတကြီးရဲ့ဆုံးဖြတ်ချက်ကိုတော့ လေးစားပါတယ်။ တချို့ကလဲ ရရှိမယ့်အခွင့်အရေးတွေ နစ်နာဆုံး

ရှုံးတယ်ဆိုပြီး သဘောမကျ ဒေါပွကြတယ်။


အကျိုးအမြတ်တခုကိုတွက်ချက်တဲ့နေရာမှာ ကိုယ့်ဘက်ကပြန်ပြီး ပေးဆပ်ရမယ့်ဆိုးကျိုးတွေပါချိန်ဆတွက်

ချက်ရမယ်။ တွက်ချက်ရာမှာလည်း မျက်စိတမျှော်လူတခေါ်လောက်သာမကြည့်ဘဲ နောက်ကမမြင်နိုင်တဲ့

အရာတွေကိုပါ ထည့်သွင်းစဉ်းစားဖို့လိုတယ်။ ဒေသခံပြည်သူတွေရဲ့လက်ရှိဘ၀တွေ သဘာဝပတ်ဝန်းကျင်

ပျက်စီးမှုကြောင့် ရေရှည်မှာ ထိခိုက်နစ်နာခံစားရမယ့်ကျန်ပြည်သူလူထုတွေရဲ့ ဘေးဒုက္ခအန္တရာယ် အားလုံး

ကိုချိန်ထိုးပြီးမှ အကျိုးအမြတ်ဆုံးဖြတ်ရမယ်။ အကျိုးအမြတ်ရတယ်ပဲထား သဘာဝဘေးအန္တရာယ်တွေကြောင့်

ပြည်သူတွေ အသက်တိုမယ်ဆိုရင် အဲဒီ့အကျိုးအမြတ်က ဘာအသုံးကျမှာလဲ..။ နောက်ဆုံး တရုတ်ကြီးနဲ့ ဖက်

စပ်ကောင်တွေပဲ ကြီးပွားသွားမှာမဟုတ်လား...။


ဒါ့ကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မယ့်စီမံကိန်းမျိုးဆို ရှေ့ဆက်မတိုးတာ အကောင်းဆုံး။ ခုလတ်တလော

ဖြစ်ပေါ်နေတဲ့ ကြေးနီစီမံကိန်းလဲဒီအတိုင်းပဲ။ ရေရှည်မှာ သဘာဝပတ်ဝန်းကျင်ထိခိုက်ပြီး ပြည်သူလူထုတွေပဲ

နစ်နာဆုံးရှုံးရမယ်ဆိုရင် ပြည်သူတွေဘက်ကမတန်ပါဘူး။ ဒီစီမံကိန်းက တရုတ်နဲ့ဦးပိုင် ဖက်စပ်စီမံကိန်းဆို

တော့ အရင်ဆုံး အကျိုးအမြတ်ရမှာက သူတို့တွေ။သတ္တုတွင်းဝန်ကြီးဌာနက အဲဒီအပေါ်မှာမှီပြီးမှ အကျိုးအ

မြတ်ဘယ်လောက်ရမလဲ၊ အဲဒီ့အကျိုးအမြတ်တွေကို ပြည်သူတွေက ဘယ်လောက်ခံစားခွင့်ရမှာလဲ။ အဲဒီ့အ

ကျိုးအမြတ်က လတ်တလောဒုက္ခရောက်ကြတဲ့ ဒေသခံပြည်သူတွေနဲ့ အဲဒီ့စီမံကိန်းကထွက်တဲ့ စွန့်ပစ်ပစ္စည်း

တွေကြောင့်နောင်ရေရှည်မှာ ပြည်သူတွေအပေါ်ကျရောက်မယ့် ဘေးအန္တရာယ်တွေနဲ့ယှဉ်လိုက်ရင် တန်ပါ့

မလား..။


သေချာစဉ်းစားကြပါ။ ပြည်သူတွေတိုက်ရိုက်အကျိုး (လျှပ်စစ်ဓါတ်အား) ခံစားခွင့်ရမယ့် မြစ်စုံလို စီမံကိန်းကြီး

ကိုတောင် ပြန်ပေးဆပ်ရမှာနဲ့ မထိုက်တန်လို့ ရပ်ဆိုင်ခဲ့သေးတာ။ ကြေးနီဆိုတာအခြေခံပြည်သူလူထုတွေအ

တွက် မရှိမဖြစ်မဟုတ်ပါဘူး။ ကြေးနီးမထုတ်နိုင်လို့လည်း ကျနော်တို့တိုင်းပြည်က ထူးပြီးနိမ့်ကျမသွားနိုင်ပါဘူး။

တခြားစီးပွားရေးလုပ်ငန်းတွေပြောင်းပြီး ရင်းနှီးမြုပ်နှံလို့ရပါတယ်။ စင်္ကာပူဆိုတာ ဘာသယံဇာတတွေထွက်ရှိ

လို့လဲ။ ဒါပေမယ့်ကမ္ဘာ့ထိပ်တန်းရောက်နေတာပဲမဟုတ်လား။


ဒါ့ကြောင့် တာဝန်ရှိသူတွေအနေနဲ့ ပညာရှင်တွေနဲ့ သေချာဆွေးနွေးတိုင်ပင်ပြီး ပြန်လည်စီစစ်သုံးသပ်စေချင်

တယ်။ နောက်တခုက လက်ပတောင်းတောင်ဆိုတာ ကမ္ဘာကျော်တဲ့ လယ်တီဆရာတော်ဘုရားကြီး ကျမ်းပြုခဲ့

ဖူးတဲ့ သာသနာ့သမိုင်းဝင်နေရာလည်းဖြစ်တယ်လို့ သိရတော့ အဲဒီတောင်ကို မဖျက်စီးစေချင်ပါဘူး။


သဘာဝပတ်ဝန်းကျင်ကိုဖျက်စီးရင် သဘာဝတရားကြီးက ပြန်ပြီးဒဏ်ခတ်တတ်တယ်။ ဒါပေမယ့် ဖျက်စီးတဲ့

သူတွေကမခံရဘဲ ဒေသခံပြည်သူလူထုတွေပဲခံရတာတော့ သဘာဝမကျဘူး။ ဒါ့ကြောင့် လူနည်းစုပဲကောင်း

စားပြီး အခြေခံပြည်သူလူထုတွေ နစ်နာဆုံးရှုံးမယ့် စီမံကိန်းတွေကို ရဲရဲဝံ့ဝံ့နောက်မတွန့်ဘဲ ရပ်တန့်ပေးဖို့

ပြည်သူတို့ကိုယ်စား ပြောလိုက်ရပါတယ်ဗျာ...။

ပြောစရာတွေကျန်သေးပေမယ့်
ပြောရတာမော ဖတ်သူမောမှာ
အားနာတာမို့ တော်ပါဦးမယ်..။

မှတ်ချက်။      ။ အထက်ပါရေးသားချက်များသည် ဖိုးသိကြား၏ ပုဂ္ဂလအမြင်သာဖြစ်ပါ၏။ ဖိုးသိကြားရဲ့
အတွေးအခေါ် အမျှော်အမြင် ချွတ်ချော်တိမ်းစောင်းနေပါက ဝေဖန်ဆွေးနွေးသင်ပြပေးနိုင်ပါကြောင်း
ရိုးသားစွာပြောကြားပါရစေ..။

အားလုံးကို ချစ်ခင်လေးစားသော...ဖိုးသိကြား (11/09/2012)

ဒေါက်တာနိုင်အောင်ရဲ့ မြန်မာပြည် ခရီး(၅)

by May Thingyan Hein on Tuesday, September 11, 2012 at 9:01am ·

မေသင်္ကြန်ဟိန်(မြစ်မခ)
စက်တင်ဘာ ၁၁၊ ရန်ကုန်မြို့။

ဒေါက်တာနိုင်အောင်အကြောင်းကို ကျမ ကောင်းကောင်းရေးနိုင်ဖို့ဆိုရင် သူ့ရဲ့ နောက်ခံအကြောင်းအရာတွေကို သိထားဖို့ လိုတယ်ဆိုတာ ကျမ သိပါတယ်။

ဒါပေမဲ့ သူ့အကြောင်းကို ကျမက စုံစမ်းတော့ ဒေါက်တာနိုင်အောင်ဟာဆရာဝန်တယောက်ဖြစ်တယ်၊မန္တလေးသားဖြစ်တယ်။ ABSDFရဲ့ ခေါင်းဆောင်  တယောက်ဖြစ်ခဲ့တယ်။ ပြီးတော့လက်ရှိ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုရဲ့ Secretary General တာဝန်ယူထားတယ်၊ လုပ်စားတဲ့ နိုင်ငံရေးသမား လို့ ပြောကြတယ် ...ဆိုတာလောက်ပဲ သိရတယ်။

ဒါလောက်သိတာတောင်မှ   facebook သုံးစွဲရင်းနဲ့ နိုင်ငံခြားမှာနေတဲ့ သူတွေကို မေးရင်းမြန်းရင်း သိရတာပါ။ နိုင်ငံခြားမှာ နေတဲ့ သူတွေဆိုတာလည်း ကျမနဲ့ငယ်ပေါင်းကြီးဖော်တွေ မဟုတ်ပေမဲ့ facebook မှာ သူ့စာကိုယ့်စာဖတ်ရင်းနဲ့ ခင်မင်သွားကြတဲ့ သူတွေဖြစ်တယ်။ သူတို့လည်း သူတို့သိရသလောက်ပဲ ပြောပေးကြပါတယ်။

ဒေါက်တာနိုင်အောင်အကြောင်း၊ မိုးသီးဇွန်အကြောင်း စာအုပ်ရေးလည်း ကျမ မဖတ်ခဲ့ဖူးတော့ သိလည်းမသိခဲ့ပါဘူး။ သူ့အကြောင်း မသိ၊ သူ့ကို မတွေ့ဖူး၊ မမြင်ဖူးဘဲနဲ့ ကျမတော့ အင်တာဗျူးလုပ်ခဲ့ပါပြီ။

မေးခွန်းအချို့ကို ကြိုတင်ပြင်ဆင်ထားခဲ့ပေမဲ့ မေးခွန်းအများစုကို ဒေါက်တာနိုင်အောင်ရဲ့ အဖြေကိုစောင့်နားထောင်ပြီး မေးခဲ့တာပါ။

မေးရင်းနဲ့လည်း  အားမလိုအားမရတဲ့စိတ်ဖြစ်ရသလို ။ ကျမက ဒီလူအကြောင်းကို ခုမြင်သလောက်ပဲ သိလို့ မမေးဖူးဆိုရင် သူ့အကြာင်းကို ကောင်းကောင်းသိမှ မေးမယ်လို့ ဆုံးဖြတ်ရင် မှန်ရဲ့လားဆိုတာတွေးပြီးတော့ ကိုယ့်ကိုယ်ကို အားပေးတဲ့စိတ်နဲ့နောက်မေးခွန်းတွေကို ဆက်မေးဖြစ်ခဲ့တယ်။

မနေ့ကရဲ့ အဆက်မှာတော့ နိုင်ငံရေးလုပ်စားတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းရာမှ ဒေါက်တာအောင်နိုင်က ခုလို ဖြေပါတယ်။
ဖြေ။ ။ နိုင်ငံရေးလုပ်စားတယ် နိုင်ငံရေးလုပ်စားတယ်ဆိုတာလေးကို ကျနော်က ရှင်းပြချင်ပါတယ်။ ကျနော်တို့ တောထဲမှာ ၂၄ နှစလုံးနေထိုင်ခဲ့တဲ့ အပေါ်မှာ ကျနော်တို့ သူများထောက်ပံ့တာနဲ့ပဲ ရပ်တည်ခဲ့ရတာဖြစ်ပါတယ်။ ဒီနေ့ထိလည်း ကျနော့်ရဲ့ ဆရာဝန်အတတ်ပညာနဲ့ ကိုယ်ပိုင် ၀င်ငွေကို ရှာပြီးတော့ ရပ်တည်တာ  မဟုတ်ပါဘူး။ ဒီနိုင်ငံရေးလုပ်တဲ့ အခါမှာ အသက်မွေးဝမ်းကျောင်းအနေနဲ့ သမ္မတ၊  ၀န်ကြီးတွေ၊ထိုက်သင့်တဲ့ လစာနဲ့ ခံစားခွင့်ရှိသလို နိုင်ငံရေးလုပ်တဲ့သူတွေကလည်း ဒီအလုပ်ကို အချိန်ပြည့်လုပ်နိုင်အောင်အတွက် သူ့မှာ ထိုက်သင့်တဲ့ ၀င်ငွေလေး ရှိဖို့ လိုအပ်ပါတယ်။ ထိုက်သင့်တဲ့ ၀င်ငွေရှိသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်က ကိုယ်ပိုင်ဝင်ငွေရဖို့အတွက် အခြားအလုပ်တခုခု လုပ်နေရမယ်ဆိုရင် ဒီထဲမှာ အချိန်ပြည့်လုပ်နိုင်တဲ့ အခြေအနေ ဘယ်ရှိပါတော့မလဲ။ ဒီအလုပ်ကိုလည်း အသက်မွေးဝမ်းကျောင်းအလုပ်တခုအနေနဲ့ ကျင့်သုံးသင့်ပါတယ်လို့ ကျနော်ထင်ပါတယ်။

ဒေါက်တာနိုင်အောင်က ခပ်ဖြေးဖြေးဖြေပြီးတော့ ဘယ် ဒူးကို ညာလက်နဲ့ပြန်ပိုက်ပါတယ်။

မေး။ ခုချိန်ထိတော့ပေါ့နော် မြန်မာနိုင်ငံမှာလည်း ပါတီနိုင်ငံရေးလုပ်နေကြတဲ့ အပေါ်မှာလည်း ပါတီ တော်တော်များများကတော့ ကိုယ့်မိသားစုပိုက်ဆံထဲကပဲ လုပ်ကြတာများတယ်ပေါ့၊့ ကိုယ့်ထမင်းကိုယ်စားပြီးတော့ပါတီ ရုံးသွားကြ လုပ်ကြရတာပေါ့လေ၊ လမ်းစရိတ်တွေ ပါတီကိစ္စ စည်းရုံးရေးကိစ္စတွေတောင်မှ ကိုယ့်ပိုက်ဆံနဲ့  ကိုယ်လုပ်ကြတာပေါ့လေ၊ မိသားစု ပိုက်ဆံကိုပဲ သုံးပြီး လုပ်ကြတာပေါ့လေ၊ မြန်မာပြည်မှာတော့ ဒီယဉ်ကျေးမှုကတော့ မရှိသေးဘူးပေါ့ အလှမ်းဝေးနေသေးတယ်လို့ မြင်တာပေါ့လေ၊ အကို့အမြင်နဲ့ရော ဒါကို နိုင်ငံရေးလုပ်စားတယ်၊ နိုင်ငံရေး ပွဲစားလို့ လူမှုကွန်ယက်တွေ facebook တွေမှာ သုံးကြတာတွေ့ရတော့လေ၊။

ဖြေ။ ။ facebook ကတော့ ခွင့်လွှတ်လိုက်ပေါ့ဗျာ။ ပြောချင်သလို ပြောလို့ရတယ် ဟစ်တိုင်ကြီး ဖြစ်နေတယ်ဆိုတော့လေ။ ဒါပေမဲ့ နိုင်ငံရေးလုပ်တယ်ဆိုတဲ့အခါမှာ တယောက်နဲ့တယောက်ယုံကြည်မှုတွေ ရှိလာအောင်ဆိုတဲ့ ကိစ္စမျိုးပေါ်မှာ ကျနော်တို့ လုပ်နေတဲ့ နိုင်ငံရေးတန်ဖိုးထားမှုမှာ ကိုယ့်အိတ်ကိုယ်စိုက်လုပ်တယ်ဆိုတဲ့ တန်ဖိုးထားမှု ရှိနိုင်ပါတယ်။ ဒါလည်း ကောင်းပါတယ်။ ဖြစ်နိုင်သမျှ ဘာမှ မယူဘဲနဲ့ လုပ်နိုင်ရင်ကောင်းတာပေါ့။ ဒါပေမဲ့ ရေရှည်အချိန်တခုခုမှာ ကျနော်တို့ လက်တွေ့စဉ်းစားကြည့်ကြစို့၊ သမ္မတဦးသိန်းစိန်က သိပ်ချမ်းသာလွန်းနေရင်တော့ မပြောတတ်ဘူး။ အလုပ်တခုလုပ်ဖို့ ထမင်းစားဖို့တော့ လိုတာကို။ အဲဒီလိုမျိုးမှာ တနေ့နေ့တချိန်ချိန်မှာတော့ နိုင်ငံရေးအလုပ်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်တဲ့ သူတွေ ဖွဲ့စည်းပြီးလုပ်လာတဲ့ အပေါ်မှာ ဒီအပျော်တမ်းသဘောမျိုး လုပ်တဲ့ အဆင့်တွေကနေပြီးတော့မှ တကယ်ကို လုပ်နိုင်တဲ့ အချိန်ထိ ကြိုးစားသွားသင့်တယ်၊ ဒီလို လုပ်နိုင်ဖို့ အရည်အချင်းရှိတဲ့ သူတွေကိုလည်း ယုံယုံကြည်ကြည်နဲ့ နောက်ကျောလုံလုံနဲ့ လုပ်နိုင်အောင်လည်း အခွင့်အရေးတွေ အခွင့်အလန်းတွေ ဖန်တီး ပေးသင့်တယ်လို့ ထင်ပါတယ်။အဲဒါကိုလည်း ကျနော်တို့ လူ့အဖွဲ့အစည်းက နားလည်ပေးသင့်တယ်လို့ ထင်တယ်။အရေးကြီးတာက ဘာလဲဆိုတော့ အဲလိုမျိုး အများသူငှာနဲ့ ဆိုင်တဲ့ အလုပ်တွေကို လုပ်နေတဲ့ သူတွေ ကိုယ်ပိုင်ဝင်ငွေနဲ့ လုပ်နေတာ မဟုတ်တဲ့ သူတွေက ကိုယ့်ရဲ့ ပိုင်ဆိုင်မှုကို ရှင်းရှင်းလင်းလင်းကြေငြာသင့်တယ်။ ရှင်းရှင်းလင်းလင်းပြောထားသင့်တယ်လို့ ကျနော် မြင်ပါတယ်။

မေး။ ။၁၉၉၂ ခုနှစ်တုန်းက ABSDF အဖွဲ့ကနေ ရိုဟင်ဂျာနဲ့ပတ်သက်တဲ့ စာတမ်းတစောင်ထုတ်ပြန်ခဲ့တယ်လို့ ကျမရဲ့ facebook က မိတ်ဆွေတယောက်က ပြောပါတယ်။ အဲဒါ ဟုတ်ပါသလားရှင်။

သူ ခဏတော့စဉ်စားနေသလို ရှိတယ်။ပြီးမှ ဆက်ဖြေပါတယ်။

ဖြေ။       ။အဲဒါက တကယ်တော့ ကျနော်တို့ ထုတ်ပြန်တာ မဟုတ်ဘူး။ အဲဒီအချိန်တုန်းကလည်း ရိုဟင်ဂျာဆိုတဲ့ ကိစ္စတွေ စဖြစ်လာတော့ ကျနော်တို့ ကျောင်းသားတွေက မိဘအိမ်တွေကနေ လာခဲ့တဲ့သူတွေဖြစ်တော့ သမိုင်းကြောင်းတွေကို ပြန်လေ့လာကြရတာတွေ ရှိတယ်။  ရိုဟင်ဂျာဆိုတဲ့ ကိစ္စကို ကျနော်က ဘာမှန်းမသိလို့ကျနော်တို့ရဲ့ သုတေသနအဖွဲ့ကို ရိုဟင်ဂျာဆိုတာကို ဘာလဲ ဆိုတာကို လက်လှမ်းမှီသလောက် ရှာဖွေစုဆောင်းပေးပါလို့ ပြောတဲ့အခါမှာ သုတေသနဋ္ဌာနက ဗဟိုကော်မတီတွေကို စာအုပ်လေး တအုပ်ထုတ်ပေးတယ်။ ဗဟိုကော်မတီဝင်တွေ ဖတ်ဖို့ ပေးတဲ့သဘောပါ။အဲဒါက အကြောင်းအမျိုးမျိုးနဲ့ အပြင်ရောက်သွားပြီးတော့  ကျနော်တို့က ရိုဟင်ဂျာကို ထောက်ခံသလား၊ ရိုဟင်ဂျာကို အသိအမှတ်ပြုပါသလားဆိုတာမျိုးဖြစ်သွားတာပါ။

မေး။လက်ရှိအခြေအနေအရရော အကိုရဲ့ ရိုဟင်ဂျာနဲ့ပတ်သက်တဲ့ သဘောထားအမြင် ဘယ်လိုရှိပါသလဲရှင့်။

ဖြေ။ ။အခု ရိုဟင်ဂျာလို့ အမည်သုံးပြီး ပြောနေတဲ့ လူတွေပေါ့နော်၊ လူတိုင်းမှာ နိုင်ငံသားဖြစ်ပိုင်ခွင့်၊ နိုင်ငံတခုပေါ် နေထိုင်ခွင့်ဆိုတာ ရှိကိုရှိတယ်။ ဆိုတော့…ကျနော်တို့ တိုင်းပြည်ထဲမှာ သူတို့က တကယ်ပဲ မိဘတွေကမွေးလာလို့ပဲဖြစ်ဖြစ်၊ နေရာတနေရာကနေ ရွေ့ပြောင်းလာလို့ပဲ ဖြစ်ဖြစ်၊ ကျနော်တို့ နိုင်ငံသားဖြစ်တယ်ဆိုလို့ရှိရင် သူတို့မှာ နိုင်ငံသားအခွင့်အရေးအပြည့်အ၀ ရရှိသင့်တယ်လို့ ကျနော်တို့ယူဆပါတယ်။ အဲလို နိုင်ငံသားဖြစ်ထားတဲ့ မှတ်ပုံတင်ကို ဘယ်လိုရသလဲလို့ စိစစ်တာက တပိုင်း။နောက်တခု ကျနော်တို့ နိုင်ငံသားဖြစ်မှု ဥပဒေကလည်း လွှတ်တော်မှာ ပြောဆိုနေကြသလို ခေတ်နဲ့ မညီတော့ပါဘူး။ ဒါတွေကို ပြန်ပြီးတော့ ပြင်ရမယ်ဆိုတာကလည်း တပိုင်း၊ နောက်တခုက ကျန်နေသေးတဲ့ သူပေါ့၊ အဲဒါမဟုတ်တဲ့ သူတွေလည်း တပိုင်းရှိနိုင်တယ်ဆိုရင်လည်း အဲဒီလူတွေအားလုံးကိုလည်း ကျနော်တို့ ဟိုဘက်ကမ်းက ဘင်္ဂလားဒေရှ့် နိုင်ငံကလည်း လက်မခံဘူးဆိုရင် ကျနော်တို့ သူတို့ကို ပင်လယ်ထဲ မောင်းချလို့မရဘူး။ ကျနော်တို့ သူတို့ကို လူသားချင်းစာနာတဲ့ အနေနဲ့ ကျနော်တို့ သူတို့ကို ကျနော်တို့ နိုင်ငံက လူ့အဖွဲ့အစည်းက စောင့်ရှောက်ဖို့ တာဝန်ရှိတယ်။ သူတို့တွေ နိုင်ငံတခုခုမှာသွားရောက်အခြေချနေထိုင်အောင်လို့ ကျနော်တို့ နေရာကနေ ခွင့်ပြုပေးသင့်တယ်၊ အဲဒါကိုလည်း နိုင်ငံတကာက တာဝန်ယူသင့်တယ်။ မြန်မာပြည် တနိုင်ငံတည်း တာဝန်မယူသင့်ဘူး။

အဲဒီလို အခြေအနေမှာ မြန်မာနိုင်ငံကလည်း ကိုယ်နိုင်သလောက်ခွဲတမ်းလေး ယူရင်လည်း ကမ္ဘာအလည်မှာ ပိုပြီး လေးစားစရာဖြစ်လာမယ်။ဒါကတော့ ကိုယ့်နိုင်ငံက နိုင်မှပါ။ နောက်တခုက နိုင်ငံရေး ကိစ္စပေါ့ ကျနော်မြင်တာက ဘာရှိသလဲ ဆိုရင် ကျနော်တို့ ပြန်လည်သင့်မြတ်နိုင်အောင် ကြိုးပမ်းနိုင်သလောက် ဆက်ကြိုးပမ်းကြမယ်လို့ ဆိုပေမဲ့ လို့ အခုလောလောဆယ်ဖြစ်နေတဲ့ အရှိန်အဟုန်ကြီးက သိပ်ကြီးနေတဲ့ အပေါ်မှာ ကျနော်က ဘာအကြံပြုချင်လည်း ဆိုတော့ ဒီလူတွေကို ရခိုင်ပြည်နယ်တခုတည်းမှာပဲ မထားဘဲနဲ့တခြားပြည်နယ်တွေမှာလည်း အခြေချနေထိုင်ခွင့်ပြုသင့်တယ်လို့ ထင်တယ်။အဲလိုဆိုရင် ရခိုင်တိုင်းရင်းသားတွေ စိုးရိမ်နေတဲ့ သံသယတွေနဲ့ စိုးရိမ်ပူပင်မှုတွေ လျော့သွားနိုင်မယ်လို့ ထင်တယ်။ နောက်နိုင်ငံရေးပြသနာ တခု ရှင်းရမှာက ဘာလဲ ဆိုတော့ဒီရိုဟင်ဂျာဆိုတဲ့ သူတွေပေါ့နော် သူတို့က ကျနော်တို့ရဲ့ တိုင်းရင်းသားတွေလို ရခိုင်၊ ကချင်၊ကရင်တို့လို ဌာနေ တိုင်းရင်းသား အခွင့်အရေး မရှိဘူး လို့ ကျနော်ထင်တယ်။ဒါလောလောဆယ် ကျနော် ထင်ထားတာနော်။


အဲဒါကျနော်တို့နဲ့အတူတူ ဘာလဲ ဆိုတော့ ရခိုင်ဆိုတဲ့ လူမျိုးတွေ၊ ကချင်ဆိုတဲ့ လူမျိုးတွေလိုပဲ အရင်ကတည်းက အခြေချနေထိုင်လာတဲ့ သမိုင်းရှိတယ်ဆိုရင်တော့ တန်းတူအခွင့်အရေးရသင့်တယ်။
အဲလိုမဟုတ်ဘဲ နောက်မှ ရောက်လာတဲ့သူမျိုးတွေ ဆိုရင်တော့ ဌာနေ နိုင်ငံသားအခွင့်အရေး မရဘူး။ ကချင်၊ မွန်၊ရခိုင်၊ ရှမ်းတွေလို ပြည်နယ်တောင်းခွင့်မရှိဘူး။ နောက်တခုက နိုင်ငံတခုခုမှာ မူလနိုင်ငံသားရှိပြီးသားတွေက နောက်နိုင်ငံတခုမှာ ပြည်နယ်တောင်းခွင့်မရှိဘူး။ ဥပမာ ကျနော်တို့ နိုင်ငံမှာ ရှိတဲ့ တရုတ်လူမျိုးတွေပေါ့ဗျာ။ သူတို့မှာ ဟိုဘက်မှာ တရုတ်ပြည်ရှိနေတာပဲ ကျနော်တို့ နိုင်ငံမှာ ဘယ်လောက်များများရှိရှိ တရုတ်ပြည်နယ်တော့ တောင်းလို့မရဘူး။ အဲဒီသဘောလေးတွေကို နားလည်ဖြေရှင်းဖို့ လိုမယ်လို့ ထင်တယ်။  နောက်တခုက လူမျိုးတမျိုးပေါ့ဗျာ၊ လူစုတစုပေါ့ဗျာ။ သူ့ဟာသူ ဘယ်လို အခေါ်ခံချင်တဲ့ကိစ္စက သူတို့ကိစ္စလို့ ကျနော်ထင်တယ်။

ဒါကတော့ကျနော်တို့ လူ့အဖွဲ့အစည်းက ဘယ်လောက်ယဉ်ကျေးသလဲဆိုတာပေါ်မှာ မူတည်တာပဲ။ ရိုဟင်ဂျာခေါ်သင့်မသင့်တို့ ဆိုတာတွေကတော့ နိုင်ငံရေးပြသနာအနေနဲ့ စဉ်းစားရမယ်ထင်တယ်။ ကျနော်နားလည်ခဲ့သော သမိုင်းအရ ဆိုရင်တော့ သူတို့မှာ ပြည်နယ်တောင်းဆိုနိုင်သော အခွင့်အရေး မရှိဘူး အဲဒါနဲ့ လူသားတယောက်ချင်း ရသင့်ရထိုက်တဲ့ အခွင့်အရေးနဲ့ မရောသင့်ဘူးလို့ ကျနော် ထင်ပါတယ်။


ဒေါက်တာနိုင်အောင်က အဖြေတွေအများကြီး ပြောသွားပေမဲ့ ကျမစိတ်ထဲ မရှင်းလှပါဘူး။ နားလည် မလည်သလိုပါပဲ၊အဲဒါနဲ့ သေချာအောင်ထပ်မေးဖို့ စဉ်းစားခဲ့ပါတယ်။

မေး။ နည်းနည်းလေးပိုရှင်းအောင် သိချင်လို့ပါ၊အခု အကိုပြောနေတာက နိုင်ငံသားအခွင့်အရေးကို ပြောတာလား၊ တိုင်းရင်းသားအခွင့်အရေးကို ပြောတာပါလားရှင့်။

ဖြေ။ ။ကျနော်တို့ဒီမှာ စကားလုံးအရ လွဲနေကြတာတွေ ရှိတယ်၊ အင်္ဂလိပ်လိုနဲ့ မြန်မာလို့နဲ့ ဘာသာပြန်ကြတဲ့ အခါမှာ စကားလုံးအရ အခေါ်ဝေါ်မှာ လွဲနေတာလေးတွေ ရှိတယ်။ ကျနော်တို့က ethnic လို့ပြောရင် တိုင်းရင်းသားလို့ ဘာသာပြန်ကြတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ ethnic လို့ ပြောရင် မြန်မာပြည်မှာ ရှိနေတဲ့ ဗမာ- တရုတ်လည်း ethnic ပဲ။ ဗမာ-အိန္ဒိယလူမျိုးလည်း ethnic ပဲ။  ရခိုင်လည်း ethnic ပဲ။ နောက်ရခိုင်၊ ကချင် ဒါမျိုးကြတော့ လူနည်းစု လူမျိုးစု အခွင့်အရေးလို့ ခေါ်တယ်၊ အဲဒါကြောင့် လည်း လူနည်းစု အခွင့်အရေးအရ ပြည်နယ်ပေးရတယ်။ ဌာနေ တိုင်းရင်းသား အခွင့်အရေးပေါ့။ ethnic ဆိုတာကို ကျနော်တို့က တိုင်းရင်းသားလို့ ယူဆပြီး ပြောလိုက်တဲ့အခါမှာ ကျနော်တို့ ပြောလိုက်တဲ့ တိုင်းရင်းသားကို အင်္ဂလိပ်လို ဘာသာပြန်လိုက်ရင်လည်း ethnicဖြစ်သွားတယ်။ အဲတော့ ရိုဟင်ဂျာကို တိုင်းရင်းသားလို့ အသိအမှတ်မပြုနိုင်ဘူးလို့ ကျနော်တို့ ပြောနေတာက ဌာနေ တိုင်းရင်းသားတွေလို အသိအမှတ်မပြုဘူးလို့ ပြောနေကြတာ။ အင်္ဂလိပ်လို ethnic လို့ ပြောလိုက်တဲ့အခါကျတော့ ဟာ ဗမာ- တရုတ်လည်း ethnicပဲ အဲလို ဝေါဟာရပေါ်မှာ ပြဿနာတက်နေကြတယ်လို့ ကျနော်မြင်ပါတယ်။

မေး။ ။ ကျမလည်း ရိုဟင်ဂျာလို့ ပြောနေတဲ့ သူတွေနဲ့ တွေ့ဖူး အင်တာဗျူးထားတယ်ရှင့် သူတို့တွေကတော့ မြန်မာပြည်မှာ နေထိုင်တဲ့အတွက် မှတ်ပုံတင်ကစ နိုင်ငံသားအခွင့်အရေး ရကြတယ်ရှင့်။ မြန်မာပြည်မှာ လုပ်ငန်း  ကုမဏ်ီထောင်ပြီး အလုပ်လုပ်နေတဲ့ သူတွေနဲ့ နောက်ဆုံး လွှတ်တော်ထဲထိတောင် ၀င်ရောက်ခွင့်ရနေကြတာပါပဲ။ နိုင်ငံတကာမှာ သူတို့မရဘူးလို့ ပြောနေတာက တခြားတိုင်းရင်းသားတွေလို နေရာမရဘူး။ ပြည်နယ်မရှိဘူး။ ဘူးသီးတောင်မောင်းထောက သူတို့ရဲ့ နယ်မြေပါပေါ့။ အဲဒီနေရာကို ပြည်နယ်တခုအနေနဲ့ ရပိုင်ခွင့်ရှိတယ်လို့ ပြောနေကြတာ တွေ့ရတယ်ရှင့်။ဘာကြောင့်လဲ ဆိုတော့ အဲဒီဒေသမှာ နေတဲ့ လူဦးရေရဲ့ ၉၀%လောက်က သူတို့တွေပါလို့  ပြောတယ်။ သူတို့ကတော့ ဒါ ငါတို့ ရသင့်တာလို့ စွဲနေတာပေါ့။နောက်သူတို့မှာ ဧည့်နိုင်ငံသားအဖြစ်နဲ့ နေနရတယ်သူတွေလည်း ရှိတယ်ပေါ့။ ဒါပေမဲ့ ရန်ကုန်မှာ အခြေကျနေကြတဲ့ သူတွေလည်း ရှိနေတာ ကျမတို့ တွေ့ရတာပဲ၊ စီးပွားရေးလုပ်ကိုင်နေတဲ့ သူတွေနဲ့ မိသားစု ဆွေမျိုးသားချင်းတွေထဲမှာ ဆရာဝန်တွေတောင်ပါနေသေးတာပါပဲ။ နိုင်ငံသားအခွင့်အရေးမရဘူးလို့ သူတို့ပြောနေတာကို ကြားရတော့ ဘာကို ရည်ညွှန်းသလဲပေါ့။ သူတို့က ကချင်ဆိုရင် ကချင်ပြည်နယ်ရှိတယ်၊ ရှမ်းဆိုရင် ရှမ်းပြည်နယ်ရှိတယ်၊ စစ်တပ်ရှိတယ်ပေါ့၊အဲလိုပြောတော့ သူတို့က အဲလို ပြည်နယ်လိုချင်တဲ့ အနေအထားမျိုးဖြစ်နေတယ်။ ပြီးတော့ သူတို့က နိုင်ငံတကာမှာလည်း ဒါကိုပဲ သူတို့အခွင့်အရေး မရှိတဲ့အကြောင်း၊ ချိုးဖောက်ခံရတဲ့ အကြောင်း ပြောနေတာ၊ ရေးနေတာတွေ တွေ့ရတော့လေ။ ကျမအမြင်မှာတော့ ဘာဖြစ်လို့ အဲလိုပြောနေကြသလဲပေါ့။ ပြီးတော့အကို့အမြင်ပေါ့လေ၊ ဘယ်လိုအမြင်မျိုးနဲ့ သုံးသပ်မလဲ ဆိုတာလေး သိချင်ပါတယ်။

ဖြေ။ ဌာနေတိုင်းရင်းသား အခွင့်အရေးလို့ ပြောမယ်ဆိုရင် ဘယ်အချိန်က ဘယ်လိုအခြေချနေထိုင်လာခဲ့သလဲ ဆိုတဲ့ပေါ်မှာ မူတည်ပါတယ်။ အဲဒီသမိုင်းကိုတော့ သေချာဖော်ထုတ်သင့်တယ်။ သူ့ဘက် ကိုယ့်ဘက်ရော အခြားလေ့လာထားတဲ့သူတွေရော ပညာရှင်တွေ အများကြီး ရှိပါတယ်။ ကျနော်လည်း တတ်နိုင်သမျှ ဖတ်ပါတယ်။  သမိုင်းကို အမှန်ဖော်ထုတ်မဲ့ကိစ္စ တကြိမ်တခါတည်းနဲ့ ပြီးအောင်တော့လုပ်လိုက်သင့်တယ်။ အများသူငှာအငြင်းပွားပြီးတော့ သူမှန်နိုး၊ ငါမှန်နိုးနဲ့ ပြောနေတဲ့ကိစ္စဖြစ်တဲ့အတွက် အဖြေမှန်တခုကို ဖော်ထုတ်သင့်တယ်လို့ ကျနော်မြင်ပါတယ်။

နောက်တခုက လက်တွေ့မှာ ကျနော်တို့ နားလည်ထားတဲ့ နိုင်ငံရေး ခံယူချက်တခုနဲ့ ကျနော်ပြောချင်တယ်။ ကျနော်တို့ တိုင်းရင်သားတွေ ဌာနေတွေ ပြောနေတဲ့ ဥစ္စာက နဂိုမူလ ဖြစ်တည် တည်ရှိမှုကို ပြောတယ်လို့မြင်ရမှာဖြစ်တယ်။ ပြောချင်တာက ဘာလဲဆိုတော့ ၁၈၈၅ခု  အင်္ဂလိပ်သိမ်းပြီးတော့မှ မြန်မာပြည် မြေပုံကြီးက ဒီအတိုင်း ထွက်လာတာ။ နဂိုတည်းက သူ့ထီးသူ့နန်းနဲ့ သူ့ဟာသူ နေခဲ့ကြတဲ့ သူတွေပဲလေ။ အဲလိုရှိနေတာကို ၁၉၄၈ လွတ်လပ်ရေး ရဖို့တောင်းတဲ့အချိန်ကြမှ ဒီမြေပုံကြီးအတိုင်း ဆက်နေကြတဲ့ အခါမှာအားလုံးက သူကြီးတွေပဲပေါ့ဗျာ။ အဲလိုဖြစ်အောင်ညှိုခဲ့ကြတဲ့ ပင်လုံ။နောက်နဂိုမူလပိုင်ရှင်တွေအနေနဲ့ တိုင်းပြည်ကြီးကို ငါတို့တွေ ပါဝင်ပြီးတော့ လုပ်ခဲ့ကြတယ်ဆိုတဲ့ သဘောတူညီမှုနဲ့လုပ်ခဲ့ကြတဲ့ကိစ္စ၊ အဲဒီလိုမျိုးမှာ အခုပြောနေတဲ့ ရိုဟင်ဂျာလို့ ပြောတဲ့သူတွေ ရှိခဲ့တယ်ဆိုရင်လည်း ခုချိန်ထိတော့ ကျနော်တော့ မဖတ်မိသေးဘူး။ အဲလိုမျိုးရှိတယ်လို့လည်း ကျနော် မမြင်ဘူးပါဘူး။ တကယ်လို့ရှိတယ်ဆိုရင်တော့ သူတို့လည်း ပါသင့်ပါတယ်။

အဲဒါတော့ သေသေချာချာ ကျေကျေလည်လည် ဖြစ်အောင် ရှင်းသင့်တယ်။ နောက်တခုက  ရိုဟင်ဂျာတွေကို ကျနော် နားလည်စေချင်တာက ကိုယ့်ရွာမှာ ကိုယ့်လူများရင် ကိုယ့်လူ သူကြီးဖြစ်မှာပဲ၊ ဒါဒီမိုကရေစီပဲ ။ ဆိုတော့ အခြေခံကျတာက ဒီဘက်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးကို ပြည့်ပြည့်၀၀ ခံစားနေရသလားဆိုတာက ပိုအခြေခံကျပါတယ်။အခုလည်း ကျနော်နားလည်သလောက်ဆိုရင် အဲဒီကနေ တက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေတောင် ရှိတာပဲ။ သူတို့ရဲ့ အရေးကို သူတို့ ပြောဆိုပိုင်ခွင့်ရှိတာပါပဲ။ ရွာမှာဆို၇င်လည်း အုပ်ချုပ်ရေးမှူးတွေ ဘာတွေက ဒီလူမျိုးတွေလို့ပဲ ကျနော်နားလည်ထားပါတယ်။ ကိုယ်စားပြုမှုဆိုတာရှိလာရင်၊ တာဝန်ယူမှု တာဝန်ခံမှု ဆိုတာ ရှိလာမှာပဲ။

နောက်တခုမှ ကျနော်အားလုံးကိုတင်ပြချင်တာက ပြည်နယ်ရှိမှ စစ်တပ်ရှိမှ စစ်တပ်နဲ့တည့်မှ ကိုယ့်ကိုယ်ကို ကာကွယ်ရမယ်လို့ မထင်စေချင်ပါဘူး။ ကျနော်တို့ကို ကာကွယ်နိုင်တာက ကျနော်တို့ပဲ ဖြစ်တယ်ဆိုတာကို ယုံကြည်စေချင်ပါတယ်။ အခုလည်း အဲဒီအတွက်ပဲ ကျနော်တို့ ကြိုးစားနေကြတာပါ။ ကျနော်တို့သာလျှင်ဆုံးဖြတ်မှာဖြစ်တယ်၊ ကျနော်တို့သာလျှင် အနာဂတ်ကံကြမ္မာကိုယုံကြည်ပြီးတော့ နိုင်ငံတော်ကို တည်ဆောက်တာပဲ ရမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ကျနော်တို့ကို အကာကွယ်ပေးထားတဲ့ ဥပဒေတွေကို ဖျက်လိုဖျက်ဆီးမလုပ်တာတွေ ပါရမယ်၊ ပြဌာန်းထားရမယ်၊ နိုင်ငံတော်အတွက်လိုအပ်ချက်နဲ့ တည်ဆောက်ထားတဲက အဖွဲ့အစည်းတွေက ပြည်သူလူုထုကို အလုပ်အကြွေးပြုရမယ်။ပြည်သူရဲ့ အာဏာအောက်က ဆင်းသက်လာတဲ့ အုပ်ချုပ်မှုကနေပြီးတော့မှ ကျနော်တို့ကို ကာကွယ်စောင့်ရှောက်ပေးတာမျိုးပဲဖြစ်ရမယ်။ကျနော်တု့ကို နှိပ်စက်တာမျိုး မဖြစ်ရဘူး။ တပ်မတော်ဆိုလို့ရှိရင် ပြည်သူအားလုံးအတွက် ဘက်မလိုက်ဘဲနဲ့ အားလုံးကိုကာကွယ်မှု လုံခြုံမှု ပေးနိုင်တဲ့ ဟာဖြစ်ရမယ်၊ ပြည်သူ့ရဲ ဆိုရင်လည်း ဒီအတိုင်းပဲ အစိုးရဆိုရင်လည်း ဒီအတိုင်းပဲ ဆိုတဲ့ ဟာမျိုးဖြစ်အောင် ကျနော်တို့ ပြောင်းယူကြရမယ်။ အဲဒါကသာလျှင် ကျနော်တို့အတွက် အကောင်းဆုံး သားစဉ်မြေးဆက်ကာကွယ်နိုင်တဲ့ နည်းပါ ဆိုတာကို ကျနော်တင်ပြချင်ပါတယ်။

 လက်ရှိအနေအထားမှာတော့ ဒေါက်တာနိုင်အောင်က မြန်မာပြည်ကို ပြန်လာရင်းနဲ့ အလုံးစုံပါဝင်သော တွေ့ဆုံဆွေးနွေးရေးတရပ်ကို အောင်မြင်အောင် ကြိုးစားသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒေါ်က်တာနိုင်အောင်တို့ ကိုမိုးသီးဇွန်တို့ မြန်မာပြည်ကို ရောက်ရှိနေတယ်ဆိုတာကို ကြားသိရတဲ့ မြောက်ပိုင်းမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားတွေရဲ့ မိဘဆွေမျိုးတွေနဲ့ ခုချိန်ထိ သေသလား၊ ဘယ်ရောက်နေသလဲဆိုတာကို မသိရဘဲ ပျောက်ဆုံးနေကြတဲ့ ကျောင်းသားတွေရဲ့ ဆွေမျိုးတွေကလည်း သူတို့ကို တွေ့ခွင့်မေးမြန်းခွင့်ရချင်နေကြတယ်လို့ ကြားရ သိရပါတယ်။

ခုလို ဒေါက်တာနိုင်အောင်တို့ ကိုမိုးသီးဇွန်တို့ ရောက်ရှိလာခြင်းနဲ့ ပတ်သက်ပြီး ကမာရွတ်မြို့နယ်၊ လှည်းတန်းက သာမန်ပြည်သူ ၊ အသက် ၄၇နှစ်အရွယ် ကိုအေးကျော်ကတော့ ခုလို သုံးသပ်ဝေဖန်ပါတယ်။

“ပြန်လာတာကတော့ သူတို့အပိုင်းပေါ့လေ၊ ကျနော်ကတော့ ဘယ်လိုမြင်လဲဆိုရင် သူတို့က ကျနော်တို့ကို ထားပြီး သွားခဲ့တဲ့သူတွေပဲ။ ၁၉၈၈ ခုနှစ်တုန်းက သူတို့တိုင်းပြည်အတွက် လုပ်ခဲ့တယ်ပေါ့။ အဲဒီတုန်းကတော့ သူတို့က ကျနော်တို့ရဲ့ သူရဲကောင်းတွေဖြစ်ခဲ့မယ်။ ဒါပေမဲ့  ခုတော့ မဟုတ်တော့ဘူး၊ သူတို့ကို ကျနော်တို့ ခေါင်းဆောင်အနေနဲ့ ထားဖို့ဆိုတာကလည်း တော်တော်လေး စဉ်းစားရမဲ့ စောင့်ကြည့်ရမဲ့ အခြေအနေပေါ့။ဒါပေမဲ့ သူတို့ပြောသလို ကူညီချင်တယ်ဆိုရင်တော့ အားပေးပါတယ်။ ကူညီပါ၊ တချိန်တုန်းက မြန်မာပြည်မှာမွေးပြီး ကြီးခဲ့တဲ့ သူတွေပဲဗျာ။ လာလည်လို့ရပါတယ်။ ကူညီလို့ရပါတယ်။ နေချင်ရင်လည်း နေလို့ရပါတယ်၊ဒါပေမဲ့ ကျေးဇူးရှင်အနေနဲ့တော့ မဖြစ်သင့်ဘူးပေါ့ဗျာ“ လို့ ကိုမိုးသီးဇွန်တို့အဖွဲ့နဲ့ ဒေါက်တာနိုင်အောင်တို့ ပြန်လာခြင်းအပေါ်မှာ သုံးသပ်ပြောဆိုကြပါတယ်။

 လက်ရှိမြန်မာပြည်အရေးမှာ ငြိမ်းချမ်းရေးကြောင့်ပဲဖြစ်ဖြစ်၊ တွေ့ဆုံဆွေးနွေးရေး ခေါင်းစဉ်နှင့်ပဲဖြစ်ဖြစ် ပြန်လာကြတာကိုလည်း ကြိုဆိုပါသည်။ မြန်မာပြည်အတွက် ပေးလာမည့်အကူအညီများကိုလည်း ကြိုဆိုပါသည်။သို့သော်လည်း သူတို့ရှင်းလင်းရမည့် ကိစ္စများကိုတော့ ရိုးရိုးသားသား ရှင်းလင်းကြစေလိုပါသည်။


မိတ်ဆွေများကို လေးစားခင်မင်လျက်ပါ။

မေသင်္ကြန်ဟိန်(မြစ်မခ)