Thursday, 13 September 2012 00:33
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိက ခရီးစဉ်မှာ စက်တင်ဘာလ ၁၆ ရက်မှ အောက်တိုဘာလ ၅ ရက်နေ့အထိ ရက်ပေါင်း ၂၀ ကြာမြင့်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်၏ ပြောကြားချက်အရ သိရသည်။
''ခရီးစဉ်မှာ ဘယ်သူတွေ လိုက်ပါမယ်ဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူး။ အောက်တိုဘာလ ၅ ရက်နေ့မှာတော့ ပြန်ရောက်မယ်'' ဟု ဦးအုန်းကြိုင်က ပြောပါ သည်။
အဆိုပါခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်နှင့် ကိုယ်ရေးအရာရှိဖြစ်သူ ဒေါက်တာတင်မာအောင်တို့ လိုက်ပါသွားဖွယ်ရှိကြောင်းနှင့် ၎င်းတို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်အချို့ လိုက်ပါသွားဖွယ်ရှိကြောင်း သိရသည်။
အဆိုပါခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ဝါရှင်တန်အခြေစိုက် National Endowment for Democracy တွင် စက်တင်ဘာလ ၂၀ ရက်နေ့၌ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်းနှင့် အမေရိကန်ပြည်ထောင်စုတွင် မြန်မာ အများဆုံးနေထိုင်သည့် ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆန်ဖရန်စစ္စကို (ဘေးဧရိယာ)သို့ လာရောက်ရန် အဆိုပါဒေသရောက် မြန်မာများက ဖိတ်ကြားထားကြောင်းလည်း သိရသည်။
http://news-eleven.com
Wednesday, September 12, 2012
ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကခရီးစဉ် စက်တင်ဘာလ ၁၆ ရက်မှစတင်ပြီး ရက်ပေါင်း ၂၀ ကြာမြင့်မည်
သမ္မတဦးသိန်းစိန် တရုတ်နဲ့အမေရိကန် ခရီးစဉ်အတည်ပြု
မြန်မာသမ္မတဦးသိန်းစိန်
ကိုဇော်ဝင်းလှိုင်
12.09.2012
မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေကို
မကြာခင်သွားရောက်ဖို့ ရှိပါ တယ်။ တရုတ် နိုင်ငံမှာ ကျင်းပမယ့် အာဆီယံ-တရုတ်
နန်နင်းကုန်စည်ပြပွဲကို တက်ရောက်ဖို့ရှိသလို အမေရိကန်နိုင်ငံ
နယူးယောက်မြို့မှာကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာလည်း တက်ရောက်
မိန့်ခွန်းပြောကြားဖို့ ရှိနေပါတယ်။ အသေးစိတ်ကိုတော့ ဘန်ကောက်ရုံးကနေ
ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
သမ္မတဦးသိန်းစိန်ဟာ စက်တင်ဘာလအတွင်း ပြည်ပခရီးစဉ်နှစ်ခု သွားရောက်ဖို့
ရှိနေတာမှာ ပထမ ခရီးစဉ် ဖြစ်တဲ့ တရုတ်နိုင်ငံကို အခုလ ၁၈ ရက်နေ့မှာ
ရောက်ဖို့ရှိတဲ့အကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။
“အကြမ်းဖျင်းကတော့ နန်နင်းကုန်စည်ပြပွဲကိုသွားမယ်။ ASEAN-China ကိုသွားရင်းနဲ့ တချို့ နေရာတွေသွားမယ်။ ၁၈ ရက် နေ့လောက် ထွက်မယ်။”
သမ္မတဦးသိန်းစိန်ဟာ တရုတ်နိုင်ငံ နန်နင်းမြို့မှာ ကျင်းပမယ့်
ကိုးကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲ ကို တက်ရောက်မှာဖြစ်ပြီး
တရုတ်နိုင်ငံမှာ သုံးရက်လောက်ကြာမယ်လို့ သိရပါတယ်။ သမ္မတဦးသိန်းစိန်ဟာ
သူသမ္မတဖြစ်လာပြီးနောက်ပိုင်း တရုတ်နိုင်ငံကို ပြီးခဲ့တဲ့နှစ် မေလတုန်းက
တကြိမ် သွားရောက် လည်ပတ်ပြီး ဖြစ်တာကြောင့် ဒါဟာ သမ္မတအနေနဲ့
တရုတ်နိုင်ငံကို ဒုတိယ အကြိမ်မြောက် သွားရောက်ခြင်းဖြစ်ပါတယ်။
အဲဒီနောက် မြန်မာနိုင်ငံကို ခဏပြန်လာပြီး အမေရိကန်နိုင်ငံ
နယူးယောက်မြို့မှာကျင်းပမယ့် ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ
တက်ရောက် မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။
“အကြမ်းဖျင်းကတော့ ၂၇ ကျရင် UN မှာ မိန့်ခွန်းပြောမယ်ဆိုတာလောက်ပဲ
သိသေးတယ်။ မနက်ဖြန်ကျမှ UN ကိုယ်စားလှယ် မစ္စတာ နမ်ဘီယားနဲ့ တွေ့မှာ။
အဲဒီကျမှ final schedule လုပ်မှာ။ မနက်ဖြန်မှာ တွေ့မယ်။”
သမ္မတအနေနဲ့ မြန်မာနိုင်ငံကနေ စက်တင်ဘာလ ၂၃ ရက်နေ့လောက်မှာ
အမေရိကန်ခရီးစဉ်ကို စတင်မယ်လို့ သိရပြီး ဒီခရီးစဉ်ဟာလည်း ပျမ်းမျှအားဖြင့်
သုံးရက်လောက်ကြာမယ်လို့ သိရပါတယ်။ သမ္မတရဲ့ခရီးစဉ် အသေးစိတ်ကတော့
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ မြန် မာနိုင်ငံဆိုင်ရာ
အထူးအကြံပေး Vijay Nambiar နဲ့ မနက်ဖြန် နေပြည်တော်မှာ တွေ့ဆုံပြီးတော့မှပဲ
သိရမှာဖြစ်တဲ့အတွက် မစ္စတာနမ်ဘီယားနဲ့ တွေ့ဆုံပြီးမှပဲ သမ္မတရုံးက
အသေးစိတ်ကို ထုတ်ပြန် မယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
မြန်မာအစိုးရက အမည်မည်းစာရင်းထဲပါနေသူ ခြောက်ထောင်ကျော်ထဲက
နှစ်ထောင်ကျော်ရဲ့ အမည် စာရင်းကို သြဂုတ်လ ၂၈ ရက်နေ့က ပယ်ဖျက်ပေးပြီး
မရှေးမနှောင်းမှာပဲ အမေရိကန် ပြည်ထောင်စု ကလည်း သမ္မတ ဦးသိန်းစိန်အပါအ၀င်
မြန်မာအစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်တချို့အပေါ် တဦး ချင်းစီအလိုက်
ပိတ်ဆို့ အရေးယူထားတာနဲ့ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ချက် တချို့ကို
လျှော့ချပေး လိုက်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။
အခုလို ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတဲ့ကာလမှာ အမေရိကန် ပြည်ထောင်စု
အနေနဲ့ မြန်မာနိုင်ငံနဲ့ ပိုမိုရင်းနှီးစွာ ဆက်ဆံလိုတဲ့ ဆန္ဒရှိတယ်ဆိုတာကို
ပြသလိုတဲ့အတွက်ကြောင့် သမ္မတဦးသိန်းစိန်အပေါ် ဗီဇာကန့်သတ်ချက်ကို
လျှော့ချပေးခဲ့တာ ဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်နည်းတူပဲ မြန်မာ့ဒီမိုကရေစီအရေးခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်လည်း အမေရိကန် နိုင်ငံကို စက်တင်ဘာလ ၁၆ ရက်နေ့မှာ
မြန်မာနိုင်ငံကနေ စတင်ထွက်ခွာဖို့ ရှိနေတာ ပါ။ ဒေါ်အောင်ဆန်းစု ကြည်ဟာ
အမေရိကန်နိုင်ငံ ကွန်ဂရက်လွှတ်တော်က ချီးမြှင့်ထားတဲ့ Congressional Gold
Medal Award ခေါ် ကွန်ဂရက်လွှတ်တော်ရဲ့ ရွှေတံဆိပ်ဆုကို ကိုယ်တိုင်
လက်ခံရယူမှာဖြစ်သလို လွှတ်တော်မှာလည်း စကားပြော မှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဟာ အမေရိကန်နိုင်ငံမှာ ရှိနေစဉ်အတွင်း နယူးယောက်၊
ဝါရှင်တန်၊ ကယ်လီဖိုးနီးယားနဲ့ အင်ဒီယားနားပြည်နယ်တွေမှာ ရှိနေကြတဲ့
မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံက ခေါင်းဆောင် နှစ်ယောက်ဖြစ်ကြတဲ့
သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ အမေရိကန်နိုင်ငံကို
တပြိုင်တည်း ရောက်နေတဲ့အချိန်မှာ အမေရိကန်သမ္မတ Barak Obama အနေနဲ့ ဒီ
ခေါင်းဆောင် နှစ်ယောက်စလုံးနဲ့ တွေ့ဆုံသင့်တဲ့အကြောင်း CSIS လို့ခေါ်တဲ့
မဟာဗျူဟာနဲ့ နိုင်ငံတကာရေးရာ လေ့လာရေးဌာနက အကြံပြုချက် ထုတ်ပြန်ထားပါတယ်။
ဒီ CSIS အဖွဲ့ဟာ မြန်မာအစိုးရက လက်ရှိပြုလုပ်နေတဲ့ နိုင်ငံရေး၊
စီးပွားရေးနဲ့ လူမှုရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ပြီးခဲ့တဲ့
သြဂုတ်လအတွင်း သွားရောက်လေ့လာခဲ့ကြပြီး အမေရိကန်အစိုးရကို မူဝါဒဆိုင်ရာ
အကြံပြုချက်တွေ တင်ပြခဲ့ကြတာ ဖြစ်ပါတယ်ခင်ဗျား။
http://burmese.voanews.com/content/myanmar-president-thein-sein-visits-to-china-us/1506290.html
လစ်ဗျားတိုက်ခိုက်မှု သမ္မတအိုဘားမား ပြင်းထန်စွာ ရှုတ်ချ
J. Chiritopher Stevens
ဗွီအိုအေ (မြန်မာဌာန)
12.09.2012
လစ်ဗျားနိုင်ငံအရှေ့ပိုင်း Benghazi မြို့က
အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကို ဒေသခံ ဆန္ဒပြသူတွေ
အကြမ်းဖက်စီးနင်းခဲ့ရာမှာ လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး J.
Chiritopher Stevens နဲ့ သံတမန် ၃ ဦးသေဆုံးခဲ့ရပါတယ်။
အစ္စလာမ်ဘာသာရဲ့ တမာန်တော် မိုဟာမက်ကို စော်ကားတယ်ဆိုတဲ့ အပျော်တမ်း
ဗီဒီယိုကို အင်တာနက်ကနေ ထုတ်လွှင့်ခဲ့တဲ့အပေါ် အမျက်ဒေါသထွက်နေကြတဲ့
လူအုပ်ကြီးက ဘင်ဂါဇီမြို့က အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကို
သေနတ်နဲ့ပစ်ပြီး မီးရှို့ခဲ့ကြလို့ အမေရိကန် သံတမန်တွေ သေဆုံး
ကြရတာဖြစ်ပါတယ်။
အခုလို အမေရိကန်သံတမန်လေးဦး သေဆုံးခဲ့ရတဲ့အကြမ်းဖက်မှုကို သမ္မတအိုဘားမားက
ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ လွတ်မြောက်မှု၊ တရားမျှတမှုအတွက် ကမ္ဘာတဝန်းက
ပြည်သူတွေနဲ့အတူ အမေရိကန်ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အလေးမထားဘဲ
စာနာစိတ်ကင်းမဲ့စွာ အသက် အန္တရာယ်ပေးခဲ့ကြတယ်လို့ သမ္မတအိုဘားမားက
မှတ်ချက်ပေးပါတယ်။
သံအမတ်ကြီး J. Chiritopher Stevens ဟာ အနှစ်နှစ်ဆယ်အတွင်း ပြည်ပမှာ ပထမဆုံး
သေဆုံးရတဲ့ အမေရိကန် သံတမန်ဖြစ်ပါတယ်။ သံအမတ်ကြီးစတီဖင်ဟာ
အရှေ့အလယ်ပိုင်းနဲ့ အာဖရိက ဦးချိုဒေသရေးရာ အတွေ့အကြုံရင့်ကျက်သူဖြစ်ပြီး
ပြီးခဲ့တဲ့ မေလကမှ လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ်
ခန့်အပ်ခြင်းခံရသူ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာန သတင်းနဲ့ပြန်ကြားရေး စီမံကွပ်ကဲမှုအရာရှိ
ရှောင်စမစ်တ် (Sean Smith)လည်း သံအမတ်ကြီးနဲ့အတူ သေဆုံးခဲ့ပါတယ်။ နောက်ထပ်
သေဆုံးသူ အမေရိကန် သံ တမန်နှစ်ဦးရဲ့ အမည်တွေကို မိသားစုထံ
အကြောင်းကြားနေဆဲဖြစ်လို့ ဝန်ကြီးကလင်တန်က ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
ဝန်ကြီးကလင်တန်က ဒီအကြမ်းဖက်လုပ်ရပ်ကို အပြင်းထန်ဆုံး ရှုတ်ချလိုက်ပါတယ်။
လစ်ဗျားဒု-ဝန်ကြီးချုပ် Mustafa Abu Shagour ကလည်း အမေရိကန် သံတမန်လေးဦး
သေဆုံးရတဲ့ အကြမ်းဖက်လုပ်ရပ်ဟာ သူရဲဘောကြောင်တဲ့လုပ်ရပ် ဖြစ်တယ်လို့
ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
အင်တာနက်မှာတင်ထားတဲ့ ဗွီဒီယိုကို တုံ့ပြန်တဲ့အနေနဲ့ တချို့က ဒီလို ရက်ရက်
စက်စက် အကြမ်းဖက် တုံ့ပြန်ကြတာဖြစ်တယ်လို့ ၀န်ကြီးကလင်တန်က ပြောပါတယ်။
တခြားသူတွေရဲ့ ယုံကြည်ကိုးကွယ်မှု ကို စော်ကားတဲ့ ဘယ်သူ့ကိုမဆို အမေရိကန်
ပြည်ထောင်စုက ရှုတ်ချပေမဲ့ ဒီလိုမျိုး အကြမ်းဖက် လုပ်ရပ်ကိုတော့
လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။
အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့က အမေရိကန်သံရုံးအုတ်တံတိုင်းကို ဆန္ဒပြသူတွေက
ကျော်တက်ပြီး အမေရိကန် အလံကို ဖျက်စီးပြီး အစ္စလာမ်နဖူးစည်းကို
တင်ခဲ့ကြပါတယ်။
အစ္စလာမ်အစွန်းရောက်တွေက ဒီနေ့ ဗုဒ္ဓဟူးနေ့မှာလည်း ဆက်လက် ဆန္ဒပြနေကြဆဲ
ဖြစ်ပါတယ်။ အစ္စလာမ်အစွန်းရောက်တွေ ဒေါသထွက်စေခဲ့တဲ့ ဗွီဒီယိုကို အမေရိကန်
ဂျူး တယောက်က ထုတ်လုပ်ခဲ့တာဖြစ်ပြီး အစ္စလာမ်ဘာသာဟာ ကင်ဆာရောဂါလိုပဲလို့
ပြန့်နှံ့တယ်လို့ Youtube မှာ ဖော်ပြခဲ့ပါတယ်။
အခု နောက်ဆုံးဝင်လာတဲ့သတင်းအရ ကမ္ဘာတဝှန်း တာဝန်ထမ်းဆောင်နေကြတဲ့
အမေရိကန်နိုင်ငံ သားတွေဟာ ကမ္ဘာကြီးတိုးတက်ဖွံ့ဖြိုးရေး၊
ငြိမ်းချမ်းရေးအတွက် အင်အားတွေဖြစ်ပြီး ဒီအားကျ ဂုဏ်ယူ ဖွယ်ရာတွေအတွက်
တိုက်ပွဲဝင်ပေးရကျိုး နပ်ပါတယ်လို့ ဝန်ကြီးကလင်တန် က ပြောဆိုလိုက်တာပါ။
သူတို့တတွေလွတ်မြောက်ဖို့အတွက် အမေရိကန်ပြည်ထောင်စုက
ဝိုင်းဝန်းကူညီပေးခဲ့တဲ့ နိုင်ငံမှာ ဘယ်လိုလုပ်ပြီး
ဒီလိုများဖြစ်ရပါလိမ့်လို့လည်း မေးခွန်းထုတ်လိုက်ပါတယ်။
http://burmese.voanews.com/content/obama-condemns-strongly-on-libya-attack/1506481.html
The body of US Ambassador J. Christopher Stevens who was killed in Libya.
ကျောက်တော်မြို့နယ် သရက်အုပ် ကျေးရွာ ကောင်စီ ဥက္ကဌဟောင်း ယမန်နေ့က သတ်ဖြတ်ခံရ
မောင်အေး
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်အုပ် ကျေးရွာ ကောင်စီ ဥက္ကဌ ဟောင်း
ယမန်နေ့ ညနေပိုင်းက ကျောက်တော်မှ အိမ်အပြန် သတ်ဖြတ်ခံခဲ့ရသည်ဟု သတင်း
ရရှိသည်။
သတ်ဖြတ်ခံရသူ ကောင်စီ ဥက္ကဌ ဟောင်းမှာ သရက်အုပ်ကျေးရွာမှ ဦးကျော်မောင်ချေ(၆၄) နှစ်ဖြစ် သည်။
ဖြစ်ပျက်ပုံနှင့်ပတ်သတ်ပြီး ကျောက်တော်မြို့မှ လူကြီးတဦးက ယခုကဲ့သို့ နိရဉ္စရာသို့ ပြောသည်။
ကျောက်တော်မြို့နယ် ရခိုင်သားပိုင် ဆန်စက် လွန်ခဲ့သောလက မီးရှို့ခံထားရစဉ်။
“မနေ့က ည ၅ နာရီကျော်ကျော်ခန့်မှာ ကျောက်တော်ကနေ ကိုယ့်ရွာကို
တယောက်တည်းပြန် သွား တယ်။ နေ၀င်လာတဲ့အချိန်မှာ အိမ်ကိုမရောက်တဲ့အတွက်
အိမ်ကလူတွေ က ကျောက်တော် ကို ဖုန်း ဆက်ပြီးမေးတယ် ။ ကျောက်တော်က လည်း
ပြန်သွားပြီးလို့ ပြောတဲ့ အတွက် ရွာကလူ ၆ ဦးလိုက်ရှာ တဲ့အခါ လမ်းမှာ
သူ့ဖိနပ်နဲ့ သွေးတွေကိုတွေ့တဲ့အတွက် ရွာကလူတွေကို ထပ်ခေါ်ပြီး ရှာတဲ့အခါ
ဖိနပ် တွေ့တဲ့နေရာနဲ့ ကိုက် ၂၀၀ ခန့်မှာ အလောင်းကို တွေ့ပါတယ်” ဟု ပြောသည်။
အခင်းဖြစ်ပွားသည့်နေရာမှာ ကျောက်တော်မြို့နှင့် သရက်အုပ်ကျေးရွာအကြားတွင်ဖြစ်ြ
ဦးကျော်မောင်ချေမှာ ယမန်နေ့က မလေးရှားရှိသားဖြစ်သူထံမှ
ပေးပို့လိုက်သည့်ငွေများ ကို ကျောက်တော်မြို့တွင် နေထိုင်သည့်
သမီးအကြီးဖြစ်သူထံမှ တဆင့်ယူပြီး အကြွေးများပေးရန်ရှိ သည်ကို ပေးဆပ်ပြီး
ရွာသို့ အပြန်တွင် ယခုကဲ့သို့ အသတ်ခံရခြင်းဖြစ်သည်။
ယခုအခါ ဦးကျော်မောင်ချေအလောင်းကို ကျောက်တော်ဆေးရုံး ရင်ခွဲရုံတွင် ထားရှိပြီး လူအများ အပြား လာရောက်ကြည့်နေကြောင်း သိရသည်။
“ ဒဏ်ရာက ဦးခေါင်းမှာတချက်ရှိတယ်။ ကျောကုန်းမှာလည်းဒဏ်ရာတွေ ရှိတယ်။
လည်ပင်းကိုလည်း ဓါးနဲ့ လှီးထားတာတွေ့ရပါတယ်။ ဒဏ်ရာတွေက ဓါးခုတ်ရာတွေပါ” ဟု
သွားရောက်ကြည့်ရှုခဲ့သူ မြို့ခံတဦးက ပြောသည်။
ယခုအခါ ကျောက်တော်မြို့ ရဲစခန်းမှ အမှုနှင့်ပတ်သတ်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နြေ
ဦးကျော်မောင်ချေမှာ ဇနီးဖြစ်သူနှင့်အတူ သားသမီး ၇ ဦးကျန်ခဲ့ကြောင်း သိရသည်။
ဦးကျော်မောင်ချေသတ်ဖြတ်ခံရသဖြင့် ကျောက်တော်မြို့ အခြေအနေမှာ ပြန်လည်
တင်းမာနေပြီး အခြေအနေမှာ ပြန်လည် ဆိုးရွားလာနိုင်သော အခြေအနေတွင်
ရှိနေကြောင်း သိရသည်။
ကျောက်တော်မြို့နယ်တွင် ညမထွက်ရအမိန့်ထုတ်ထားပြီး လုံခြုံရေး
တင်းကျပ်ထား ထားသော် လည်း ယခု လုပ်ရပ် အပေါ် ရခိုင်အမျိုးသားများက လုံးဝ
မကျေမနပ် ဖြစ်နေကြကြောင်း သိရသည်။
ကျောက်တော်မြို့နယ်တွင် အကျင့်ပျက် စစ်သားများက ပိုက်ဆံယူပြီး
ဘင်္ဂလီတဦးကို စစ်ယူ နီဖောင်း ၀တ်ပြီး သူတို့နှင့်အတူ ယမန်နေ့
နံက်နက်ပိုင်းက ဈေးလာဝယ် သည့် အတွက် ကျောက်တော်မြို့တွင် ရုတ်ရုတ် သဲသဲ
ဖြစ်ပေါ် ခဲ့ကြောင်း မြို့ခံများကပြောသည်။
http://www.narinjara.com/burmese/?p=2123
September 12th, 2012 |
ကျောက်တော်မြို့ နယ် သရက်အုပ်ကျေးရွာနေ ဦးဖိုးမောင်၏သား ယခင် ဥက္ကဌ ဟောင်း
ဦးကျော်မောင်ချေ ( ၆၄-နှစ်) သည် ကျောက်တော်မြို့ နယ် ပိုက်သည်ရပ်ကျေး
ရွာနှင့် ကာလီယာကျေးရွာကြား လယ်ပြင်နားတွင် စက်တင် ဘာလ ၁၁ ရက်နိ ညဇာ ၅
နာရီကျော်တွင် ဘင်္ဂလီ ကုလားများ သတ်ဖြတ်မှုကို ခံလိုက်ရသည်ဟုသိရှိရပါသည်။
ဖြစ်ပွားပုံမှာသရက်အုပ်ကျေးရွာနေဦးကျော်မောင်ချေသည် ကျောက်တော်မြို
့သို့ ပစ္စည်းဝယ်ယူရန်လာပြီး ကျောက် တော်မှ သရက်အုပ်ကျေးရွာသို့  ညဇာ ၅
နာရီလောက်တွင် ပြန်လာရာ လမ်းတွင် ပိုက်သည်ရပ် ကုလားရွာနှင့်
ကာလီယာကျေးရွာအကြား လယ်ပြင်နားတွင် ကုလားများဓါးနန့် ၀ိုင်းခုတ်ခြင်းကို
ခံလိုက်ရခြင်းဖြစ်သည်။
ဦးကျော်မောင်ချေအား ကုလားများခုတ်သတ်ပြီး
အလောင်းကောင်ကို ယင်းနီရာတွင် ပစ်ထားခသည်။ ညဥ့် (၁၁) နာရီလောက်တွင်
ရွာသားများက အလောင်းကိုတွိရှိပြီး ခမရ ၃၇၈ တပ်ရင်းကို အလောင်းကောင်ကို
ကြည့်ရှု စစ်ဆေးရန် တိုင်ကြားရာ တပ်ရင်းမှူးနှင့် တာဝန်ရှိသူများက
စစ်ဆေးကြည့်ရှုရန် မလိုက်နိုင်ဟု ဖြေကြားခကြောင်း သိရှိရပါသည်။
ကျောက်တော်ရဲစခန်းကိုလည်း ဖုန်းနန့် တိုင်ကြားရာ စစ်တပ်မှအတိုင်း
ဖြေကြားခဲ့သည်။ သို့ ဖြစ် ၍ ကျေးရွာသားများသည် အလောင်းကောင်ကို ည (၁၂)
နာရီလောက်တွင် ယူပြီး ရင်ခွဲရုံသို့ ပို့  ထားလိုက်သည်။
ယခုအခါ ရဲစခန်းမှ တရားခံများကို လိုက်လံဖမ်းဆီးနိုင်ရန် ပြင်ဆင်နီကြသည်။
သို့ သော် တရားခံဟုယူဆရသူ တဦးကိုမျှ ဖမ်းဆီးမ ရသေးသောကြောင့် ဒေသခံ
ကျောက်တော်မြို့ နယ် ပြည်သူများမှာ ဒေါသတကြီးဖြစ်ပြီး အမြန်ဆုံး
ဖြေရှင်းပီးရန် အာဏာပိုင်များကို တောင်းဆိုထားသည်။ အကယ်၍ ဖြေရှင်းမပီးပါက
တမြို့ လုံးဆန္ဒပြမှု လုပ်မည်ဟု လည်း အာဏာပိုင်များကို
ပြောကြားထားကြောင်းသိရှိရပါ
သတင်းနှင့်ပြန်ကြားရေးဌာန
ရခိုင်ပြည်လွတ်မြောက်ရေးပါတ
ရခိုင်ပြည်
ညဥ့်လမ်းပေါ်က ဘ၀များစွာ
7Day News Journal
ရေးသားသူ- သီဟ
နီယွန်မီးရောင်များ မှိတ်တုတ်မှိတ်တုတ်ဖြင့် လင်းလက်နေသည်မှာ ရန်ကုန်၏ ညကမ္ဘာငယ်တစ်ခုအလား သက်ဝင်လှုပ်ရှားလျက်ရှိသည်။
သက်ကြီးခေါင်းချချိန် ကျော်သည့်တိုင်ပင် နုပျိုလတ်ဆတ်သယောင် ညချမ်းသည်
ဟိုမှဒီမှ ကူးခတ်သွားလာနေသည့် ညဥ့်ငှက်လေးများဖြင့် ပျော်ဝင်နေဆဲဖြစ်သည်။
ကားတစ်စီး ထိုးရပ်လာတိုင်း အပြေးအလွှားထွက်လာသည့် သွေးသားအကျိုးဆောင်များက စကားလုံးများဖြင့် ဆွဲဆောင်လျက်ပင်။
ထိုနေရာကား ရန်ကုန်မြို့၏ စီးပွားရေး အချက်အချာကျရာ ဈေးကြီးတစ်ခု၏ ပတ်ဝန်းကျင်တွင်ဖြစ်သည်။
နေ့လယ်ခင်းအချိန်တွင် ကုန်စည်ကူးသန်းရောင်းဝယ်မှုမျာြး
“ကျွန်မထင်ပါတယ် ဒီအလုပ်နဲ့ အသက်မွေးနေကြတဲ့ မိန်းကလေးတွေ အကုန်လုံးက
သူတို့ဘ၀ကိုသူတို့ ပျော်လို့ကျေနပ်လို့ လုပ်နေကြတာတော့ မဟုတ်ပါဘူး”ဟု
ပြောလာသူမှာ ပြည့်တန်ဆာလုပ်ငန်းဖြင့် ဆယ်စုနှစ်တစ်ခုနီးပါး အသက်မွေးနေရသည့်
မမော်မော်(အမည်လွှဲ)ပင်ဖြစ်သည်။
ဟိုမှသည်မှ ဥဒဟိုသွားလာသူများနှင့်
အသက်ဝင်လှုပ်ရှားနေသည့် ရန်ကုန်မြို့၏ ညနေချမ်းအချိန်တွင်
မမော်မော်တို့ကဲ့သို့သော လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း
ပြုရသူလေးများလည်း လူစည်ကားရာ ကားမှတ်တိုင်ကဲ့သို့သော နေရာများတွင်
လုပ်ငန်းခွင် ၀င်ရောက်လာကြပြီဖြစ်သည်။
သူတို့လုပ်ငန်းခွင်ဝင်ရာ နေရာသည်
အခြားသော သူများကဲ့သို့ ရုံးအဆောက်အအုံမရှိ၊ လုံခြုံရာနထ္ထိ။ လမ်းဘေး
ကွမ်းယာဆိုင်များသည်ပင်လျှင် သူတို့၏ရုံးခန်း၊ ကားမှတ်တိုင်သည်ပင်လျှင်
သူတို့ အလုပ်လက်ခံရာပင် ဖြစ်တော့သည်။ လူမြင်ကွင်းတွင် ဧည့်သည်ရှာ ဈေးညှိ
အလုပ်လုပ်နေရသော်လည်း သူတို့၏ အလုပ်မှာ တရားဝင် အလုပ်မဟုတ်။ ထို့ကြောင့်
တစ်ခါတစ်ရံ ကံမကောင်း အကြောင်းမလှပါက တစ်နှစ်တန်သည် နှစ်နှစ်တန်သည်
သံတိုင်လေးဘက်ကြား အနားယူရသည်များလည်း ရှိတတ်သည်။
ခွင့်ပြုချက်များ လိုင်စင်များဖြင့် တရားဝင် အလုပ်လုပ်ခွင့်ရသည့်
အလုပ်မဟုတ်သော်လည်း သူတို့အဖွဲ့ဝင်ဦးရေမှာ တစ်နေ့တခြား တိုးတိုးလာပြီး
သူတို့ကျင်လည်ရာ ပတ်ဝန်းကျင်သည်လည်း ပို၍ကျယ်ပြန့်လာနေပြီဖြစ်သည်။ ထိုသို့
တိုးပွားများပြားလာခြင်းမှာ နိုင်ငံ၏ စီးပွားရေး လူမှုရေး ပညာရေး
နိမ့်ကျမှုများကြောင့်ပင် ဖြစ်သည်ဟု ကောက်ချက်ဆွဲသူများလည်း ရှိကြသည်။
နိုင်ငံတော်မှလည်း ထိုသို့ လုပ်ကိုင်စားသောက်သည့် ပြည့်တန်ဆာများ
ပပျောက်သွားစေရန် လွတ်လပ်ရေးရပြီးစ ၁၉၄၉ ခုနှစ်ကပင် ပြည့်တန်ဆာနှိပ်ကွပ်ရေး
အက်ဥပဒေကို ပြဌာန်းဆောင်ရွက်ခဲ့သော်လည်း မပပျောက်သည့်အပြင်
တစ်နေ့ထက်တစ်နေ့
ပိုမိုများပြားလာခဲ့သည်ကို တွေ့နေရသည်။ ထို့ကြောင့်
ယင်းကဲ့သို့ နှိပ်ကွပ်ရေးဥပဒေဖြင့် ကိုင်တွယ်ခြင်းအား ပြန်လည်သုံးသပ်ရန်
လိုအပ်နေပြီဖြစ်ကြောင်း ဥပဒေပညာရှင်များက သုံးသပ်သည်။
ပြည့်တန်ဆာများ ပပျောက်စေရန် နှိပ်ကွပ်ရေးဥပဒေဖြင့် ဆောင်ရွက်သော်လည်း
ဥပဒေအား လက်တွေ့ အကောင်အထည်ဖော် လုပ်ကိုင်လျက်ရှိသည့်
အောက်ခြေအဖွဲ့အစည်းများ၏ အားနည်းချက်များကြောင့် လုပ်ငန်းခွင်ထဲတွင်
လုပ်ကိုင်စားသောက်နေသည့် ပြည့်တန်ဆာများမှာ နှိပ်ကွပ်ခံရသည့် ပုံသဏ္ဍန်များ
လွဲမှားနေကြောင်း သိရသည်။
“ကျွန်မတို့ ဒီနယ်မြေမှာ
လုပ်ကိုင်စားသောက်နေတာ သူတို့မသိတာမဟုတ်ဘူး သိတယ် တစ်ခါတလေ
ပေးရကမ်းရတာတွေလည်း ရှိတယ်။ ဒါပေမဲ့ စီမံချက်ဆိုတာကို
အကြောင်းပြပြီးတော့လည်း အဖမ်းခံရတာမျိုးလည်း ရှိတယ်”ဟု
လုပ်ငန်းခွင်အတွင်းမှ ပြည့်တန်ဆာတစ်ဦးက ပြောသည်။
၁၉၄၉
ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေအရ ပြည့်တန်ဆာဖမ်းဆီးမည်ဆိုပါက
ရဲအုပ်အောက်မနိမ့်သည့် ရဲအရာရှိက ၀ရမ်းမပါဘဲ ဖမ်းဆီးချုပ်နှောင်နိုင်ပြီး
ဖမ်းမိပါကလည်း နောက်တစ်ရက်တွင် တရားရုံးသို့ အမှုဖွင့်ရမည်ဟု ပါရှိသည်။
ဖမ်းဆီးမိသည့်နေ့၏ နောက်တစ်နေ့သည် အစိုးရရုံးပိတ်ရက် ဖြစ်ပါက အနီးစပ်ဆုံး
အစိုးရရုံးဖွင့်ရက်တွင် တရားရုံးတင်ရမည်ဟု ပါရှိကြောင်း
ပိတောက်မြေအသံလွှင့်ဌာနတွင် ဥပဒေအကြောင်းအရာများ အသံလွှင့်လျက်ရှိသည့်
ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)က ပြောသည်။ သို့သော် ယခုနောက်ပိုင်းတွင်
ချက်ချင်းရုံးမတင်ဘဲ ယမန်ယူသည့် အလေ့အထဖြစ်လာကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့အပြင် ပြည့်တန်ဆာဖမ်းဆီးသည့် အခါတွင်လည်း ရဲအုပ်အောက်မနိမ့်သည့်
အရာရှိဆိုသော်လည်း ယခုအခါတွင် အဆင့်မျိုးစုံမှ
ဖမ်းဆီးနေမှုများလည်းရှိကြောင်း အထက်တန်းရှေ့နေတစ်ဦးက ပြောသည်။
ရန်ကုန်မြို့တွင် ကျင်လည်နေသည့် ပြည့်တန်ဆာအချို့မှာ အတန်အသင့်
လယ်ဝယ်မှုရှိသဖြင့် အကြောင်းပြ ဖမ်းဆီးခံရမှု အနည်းငယ် သက်သာသော်လည်း နယ်မှ
ပြည့်တန်ဆာများမှာ အနိုင်ကျင့် နှိပ်ကွပ်ခံရမှု ပိုများကြောင်း
ပြည့်တန်ဆာကွန်ရက်တစ်ခုမှ သိရသည်။
ပြည့်တန်ဆာလုပ်ငန်းသည်
တရားမ၀င်သော်လည်း ထိုလုပ်ငန်းဖြင့် အသက်မွေးသူများ တစ်နေ့ထက်တစ်နေ့
များပြားလာသည့်အတွက် ပြည့်တန်ဆာနှင့် ဆက်စပ်သည့် HIV ၊ ကာလသားကဲ့သို့သော
ရောဂါပျံ့နှံ့မှုမှာလည်း ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။ လိင်မှတစ်ဆင့်
ကူးစက်သည့် ရောဂါများအား ကာကွယ်ရန်အတွက် ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော
အဖွဲ့အစည်းများမှ ပြည့်တန်ဆာများအား ကွန်ဒုံးများ ဖြန့်ဝေထားသော်လည်း
သက်ဆိုင်ရာမှ ဖမ်းဆီးလိုပါက ကွန်ဒုံးရှိသည်ဟု အကြောင်းပြ
ဖမ်းဆီးမှုများလည်းရှိသဖြင့် ကွန်ဒုံးမဆောင်ထားရဲကြောင်း မမော်မော်ကပြောသည်။
“ကွန်ဒုံးရှိရင် ဖမ်းရမယ်လို့ ဥပဒမှာမပါဘူး။ အဲဒီလိုသာ ဖမ်းကြေးဆိုရင်
အင်န်ဂျီအိုက ၀န်ထမ်းတွေ၊ ဆရာဝန်တွေပါ အကုန်ဖမ်းရမလို ဖြစ်နေပြီပေါ့”ဟု
ရှေ့နေဦးခင်ဇော်က ပြောသည်။ မြန်မာနိုင်ငံနှင့်
အိမ်နီးချင်းနိုင်ငံများဖြစ်သော
“ကျွန်မတို့ကိုလာပြီး ပညာပေးတဲ့အဖွဲ့တွေနဲ့ တချို့တွေက ကျွန်မတို့ရဲ့
အလုပ်အကိုင်တွေပြောင်းဖို့ ပြောကြတယ်။ အလုပ်အကိုင် ပြောင်းရအောင်
ကျွန်မတို့မှာ ပညာမှမတတ်တာ ကျွန်မတို့ တတ်တဲ့ပညာနဲ့ဆိုလည်း ရတဲ့အလုပ်က
အခုဝင်ငွေကို မီမှာမဟုတ်ဘူး”ဟု ပြည့်တန်ဆာတစ်ဦးက သူ၏ခံစားချက်ကို
ပြောပြသည်။
“အခုပြဌာန်းထားတဲ့ ဥပဒေတွေက နှိပ်ကွပ်ရေးဥပဒေတွေနဲ့
ပပျောက်ရေးဥပဒေတွေပဲ ဖြစ်နေတယ် ကာကွယ်ရေးဥပဒေ မပါဘူး”ဟု သူမက
ဆက်လက်ပြောပြသည်။ ပြည့်တန်ဆာများ အနေဖြင့်လည်း သူတို့နှင့်ဘ၀တူများအား
ကာကွယ်မှုများပေးရန်နှင့် လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါများမှ ကာကွယ်မှုများ
ပြုလုပ်ပေးရန် ပညာပေးအဖွဲ့အား တရားဝင် ဖွဲ့စည်းလိုသော်လည်း
လူမှုရေးအသင်းအဖွဲ့များ တရားဝင်ဖွဲ့စည်းခြင်း
စည်းမျဉ်းစည်းကမ်းများနှင့် ငြိစွန်းနေသဖြင့် ဖွဲ့ခွင့်မရကြောင်း သိရသည်။
“ကျွန်မတို့က တစ်ခြားနိုင်ငံတွေမှာလို တရားဝင်အတန်းတွေ ဘာတွေ
ချက်ချင်းရဖို့ မဆိုလိုပါဘူး။ ဒါပေမယ့် ဥပဒေထဲမှာပါတဲ့အတိုင်း တိတိကျကျ
ဖြစ်စေချင်တာပါ”ဟု မမော်မော်ကပြောသည်။
“အခုက တစ်ခါတလေ ပေးလည်းပေးရသေးတယ်။ ဖမ်းချင်တဲ့ အချိန်ကျတော့လည်း အဖမ်းခံရသေးတယ်”ဟု သူမက ဆက်လက်ပြောပြသည်။
၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေအရ ပြည့်တန်ဆာများကို
ဖမ်းဆီးမိပါက တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ကို ချမှတ်ရမည်ဟု ပါရှိပြီး
နောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့
အစိုးရတက်ပြီးချိန်တွင် သုံးနှစ်ထက်မပိုသည့် ထောင်ဒဏ်ဟု
ပြောင်းလဲခဲ့ကြောင်း ဥပဒေပညာရှင်များထံမှ သိရသည်။
“ပြည့်တန်ဆာတွေကို နှိပ်ကွပ်မယ်။ ထောင်ထဲထည့်မယ် ဆိုတာထက် အလုပ်အကိုင်
အသိပညာ ပေးမယ်ဆိုရင် မပပျောက်တောင် လျော့ပါးသွားမယ်၊ထောင်ချရုံနဲ့ေ
ထို့ကြောင့်
ပြည့်တန်ဆာလုပ်ငန်းများ မပပျောက်သည့်တိုင် စည်းကမ်းတကျ ဖြစ်လာစေရန်အတွက်
အစိုးရ၏ ထိန်းသိမ်းကိုင်တွယ်မှုသည် အရေးကြီးပြီး အသိပညာပေးမှုများလည်း
ပြုလုပ်သွားရန် လိုအပ်သည်ဟု ဥပဒေပညာရှင်များက ပြောသည်။ ထို့အပြင် ၁၉၄၉
ခုနှစ် အက်ဥပဒေသည် နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သဖြင့်
ခေတ်နှင့်လျော်ညီသည့် ပြုပြင်ပြောင်းလဲမှုများလည်း ပြုလုပ်ရန် လိုအပ်ကြောင်း
ဥပဒေပညာရှင်များက ပြောသည်။
ရန်ကုန်၏ ညနေချမ်းသည်လည်း တဖြည်းဖြည်း
ရင့်ကျက်လာခဲ့ပြီဖြစ်သည်။ လူစည်ကားရာ လမ်းမများနှင့်
ကားမှတ်တိုင်များတွင်လည်း ဘ၀ကြမ်းကြမ်း ပန်းနွမ်းနွမ်းလေးများ၏
သရုပ်သည်လည်း ပိုမိုပီပြင်လာခဲ့သည်။
သို့သော် သူတို့၏
လမ်းမထက်က ဘ၀များကား ရင့်ကျက်မှု မရရှိနိုင်သေးပေ။ မမော်မော် ပြောသလို
ဥပဒေထဲတွင် ပါသည့်အတိုင်း တိတိကျကျ ဖြစ်ခဲ့လျှင်သော်လည်းကောင်း (သို့မဟုတ်)
အခြားအိမ်နီးချင်းနိုင်ငံများကဲ
ဆာကူရာ ဇာတ်ကောင်နေရာလျောက်ထားနိုင်ပြီ...
7Day News Journal
ကမာရွတ်မြို့နယ်တွင်ဖြစ်ပွာ
"သေတာက ၃၆ နာရီအတွင်းသေတယ်။ သေဆုံးသူက ဧရာဝတီတိုင်း ပုသိမ်မြို့ကပါ။
တရားခံကလည်းဝန်ခံတယ်။ ၀န်ခံတော့ ဆက်လက် စစ်ဆေးနေတယ်။ ဆက်ပြီးတော့ အမှုတွဲ
တည်ဆောက်နေတယ်"ဟု ရဲမှူးက ပြောကြား
သည်။
တရားခံသည် MRTV-4 မှ ထုတ်လွှင့်မည့် ရုပ်သံဇာတ်လမ်းတွဲတွင် သရုပ်ဆောင်ရန်
ရွေးချယ်ခံထားရသော မေဇွန်ဆိုသူဖြစ်ပြီး သူမနေထိုင်သည့်အိမ်တွင် သူမအပါအ၀င်
၁၃ နှစ် အရွယ် အိမ်အကူတစ်ဦးနှင့် ယခုအသတ်ခံရသူ ၁၈ နှစ်အရွယ် အိမ်အကူတို့
နေကြသည်။
သေဆုံးသူတွင် ရှိနေသည့် ဒဏ်ရာများကြောင့် အိမ်ရှင်နှင့် ကျန်အိမ်ဖော်အား စစ်ဆေးရာမှ ၀န်ခံချက်ထွက်ပေါ်လာခြင်းဖြစ
ယင်းကဲ့သို့ နှိပ်စက်ပြုမူသူ တရားခံ မေဇွန်က
အိမ်အကူမိန်းကလေးအား ဆံပင်ဆွဲ၍ ဦးခေါင်းနှင့် နံရံကို စောင့်ခြင်း၊ ၂
တစ်လက်မ တုတ်ဖြင့် ရိုက်နှက်ခြင်း၊ ၀မ်းဗိုက်ပေါ်သို့ တက်၍ခုန်ခြင်း၊
အိမ်အကူနှစ်ယောက် အချင်းချင်း ကြက်မွေးတစ်ချောင်းစီကိုင်၍
တရားခံ မေဇွန်ပါဝင်သရုပ်ဆောင်မည့် Flowers and Butterflies
ရုပ်သံဇာတ်လမ်းတွဲမှာ မကြာမီတွင် MRTV-4 မှ ရိုက်ကူးတော့မည်ဖြစ်ပြီး သူမက
ဆာကူရာ ဇာတ်ရုပ်တွင် ယောက်ျားလို ပုံစံဖြင့် သရုပ်ဆောင်ရန်
ရွေးချယ်ခံထားရခြင်းဖြစ်သည်
တရားခံမေဇွန်သရုပ်ဆောင်ရမည့
တလွဲတချော်တွေ ဖြစ်ကုန်ပြီလား။ ။
By...ThanLarWaddy Times
လက်ပံတောင်းကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြခြင်းနှင့် ဖမ်းဆီးထားသော ရွာသူများအား လွှတ်ပေးရေး တောင်းဆိုသူများ စခန်းချနေထိုင်ရာ မုံရွာမြို့၊ မြို့မဂါတ်ဘုန်းကြီးကျောင်းအတွင်းသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် မဲဆန္ဒနယ်မှ ရွေးချယ်ခံရသော NLD လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်မှ လာရောက် ကြည့်ရှုအားပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
ဖမ်းဆီထိန်းသိမ်းခံရပြီး ပြန်လည်လွတ်မြောက်လာသူ၏ ကျန်းမာရေးအခြေ အနေအား ပုလဲမြို့နယ်ပြည့်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် မှ တွေ့ဆုံအားပေးနေစဉ်။
မြို့မဂါတ်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ လက်ပန်းတောင်းဒေသခံများ အားယနေ့ နေလည်(၂)နာရီတွင် အာဏာပိုင်များကထွက်ပေးရန် အမိန့်အ ပေါ် ခေတ္တစောင့်ဆိုင်းပေးရန် နှင့် အထက်မှခိုင်းတိုင်းမလုပ်ြကရန် ဥပဒေနှင့် အညီသာလုပ်ဆောင်ရန် ဒေသတွင်းအေးချမ်းမှုများကိ
ုသာ အလေးထား ဆောင်ရွက်ပြီးဒေသခံများကို အတတ်နိုင်ဆုံး ၄င်းတို့၏လိုအပ်ချက်များကို သာဆောင်ရွက်ပေးရန် မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူး ကြူအင်းနှင့်လည်းတွေ့ဆုံ ဆွေးနွေး မေတ္တာရပ်ခံခဲ့တယ်လို့ သတင်းများရရှိထားပါသည်။
မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူးကြူအင်းနှင့်တွေဆုံဆွေးနွေး မေတ္တာရပ်ခံနေစဉ်ပုံ။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုဂျင်မီ၊ ကိုကိုကြီး(စမ်းချောင်း)နှင့် ကိုဇော်ဇော်မင်းတို့ မုံရွာမြို့သို့ ချီတက်လာနေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
၈၈ မျိုးဆက်သစ်ကျောင်းသားများ မန္တလေး ၊မုံရွာ အဖွဲ့များကိုလည်း အကြမ်းမဖက်အနုနည်းဖြင့်အေးချမ်းစွာ ဆန္ဒထုတ်ဖော်ရန် တရားဥပဒေနှင့် အညီသာ ဆောင်ရွက်ရန်ကိုလည်း ဒေါ်ခင်စန်းလှိုင်မှ မေတ္တာရပ်ခံပန်ကြား ခဲ့စဉ်။
မုံရွာ NLD ရုံးချုပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်လျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသာအေးနှင့် ဆွေးနွေးညှိနှိုင်းပြီး ပြန်ရောက်ရှိလာသော ပုလဲမြို့နယ် လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်နှင့် မုံရွာအောင်ရှင်တို့မှ လက်ပံတောင်းစီမံကိန်း ဆန္ဒပြပွဲနှင့်ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲကို ပေရှစ်ဆယ်လမ်းရှိ မုံရွာ NLD ရုံးချုပ်တွင် ပြုလုပ်လျက် ရှိပါသည်။
ဒေါ်ခင်စန်းလှိုင်နှင့် ဦးသာအေးတို့၏ဆွေးနွေး ညှိုနှိုင်းမှုများကိုအချိန်နှင့်တစ်
ပြေးညီ တိတိကျကျတင်ပေးနိုင်ရန်လည်း သလ္လာဝတီတိုင်း(မ်)မီဒီယာဂရုမှ အစွမ်းကုန်ကြိုးစားနေပါသည်။ တွေဆုံဆွေးနွေးသည့်နေရာသို့လည်း သလ္လာဝတီတိုင်း(မ်) မှ တာဝန်ခံအယ်ဒီတာ(၂)ဦးလည်း လိုက်ပါသတင်းယူ နေကြပြီဖြစ်ပါသည်
* ဖမ်းဆီးထားသော ရွာသူများကို မုံရွာထောင်ကြီးချုပ်တွင် ထိန်းသိမ်းထားကြောင်း ၀န်ကြီးချုပ်မှ ပြောဆို
* မသွဲ့သွဲ့ဝင်းအား ဥပဒေပုဒ်မ (၃)ခုဖြင့် တရားစွဲဆိုထား
* (၁၃.၉.၂၀၁၂)တွင် ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်မှ ဆားလင်းကြီး မြို့နယ်သို့ သွားရောက်ပြီး မြေသိမ်းခံတောင်သူလယ်သမားများအား အစားပေးထားသော ရွာသစ်အား ပြ
ည့်စုံမှုရှိမရှိ သွားရောက်လေ့လာမည်
* ဖမ်းဆီးထားသော ကိုဝေဠုနှင့်တကွ ရွာသူများအား ဒေါ်ခင်စန်းလှိုင်မှ တွေ့ဆုံခွင့်တောင်းဆိုခြင်းအပေါ် မနက်ဖြန် အကြောင်းပြန်ပေးမည်ဟု ၀န်ကြီးချုပ်မှ ပြောဆို
* ဆန္ဒပြမှု ကြာရှည်လာပါက ဥပေဒေမဲ့လုပ်ရပ်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်း ဒေါ်ခင်စန်းလှိုင်မှ ပြောဆို
ရန်ကုန်မှ ရောက်ရှိလာသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသည့် ကိုဂျင်မီနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
မသွဲ့သွဲ့ဝင်းအပါအ၀င် ဖမ်းဆီးထားသူ ကျန်ရှိသုံးဦးအား ပြန်လွှတ်ပေးရန်နှင့် ထိုသူများနှင့် လောလောဆယ် တွေ့ဆုံခွင့်ရရှိရန် ၀န်ကြီးချုပ်ကို တောင်းဆိုခဲ့ကြောင်း မုံရွာအောင်ရှင်မှ ပြောကြားသည်။
မသွဲ့သွဲ့ဝင်းကို ဥပဒေပုဒ်မ သုံးခုဖြင့် တရားစွဲဆိုထားဖြစ်သောကြောင့် အမှန်တကယ်ကျူးလွန်ခြင်းရှိမရှိ သိရှိနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယနေ့ မိမိတွေ့ဆုံခဲ့သော အဖမ်းခံရာမှာ ပြန်လွတ်လာသူအမျိုးသမီးသည် နာတယ်ဟု ပြောသောကြာင့် လက်ရှိ အဖမ်းဆီးခံနေရသူ ရွာသူများနှင့် အမြန်ဆုံးတွေ့ဆုံပေးရန် တောင်းဆိုထားကြောင်း ဒေါ်ခင်စန်းလှိုင်မှ ပြောကြားသည်။
မုံရွာမြို့ခံများကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် တွေ့ဆုံ ဆွေးနွေးမှုများပြန်လည်ပြောပြနေသည့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကို ဂျင်မီကို မုံရွာမြို့လည်တွင်တွေ့ရစဉ်
ဓါတ်ပုံ - ဂျေပိုင်
ယနေ့နေ့လယ်ပိုင်းတွင် ဆန္ဒပြနေသူများ စခန်းချနေထိုင်ရာ မြို့မဂါတ် ဘုန်းကြီးကျောင်းတိုက်အတွင်းသို့ မုံရွာမြို့၏မြို့မိမြို့ဖ မျိုးဝင်းလေး ရောက်ရှိလာပြီး ရွာသူရွာသားများအား ဆန္ဒပြပွဲ ဆက်လက် မပြုလုပ်ရန်နှင့် တစ်ယောက်လျှင် ငွေငါးသောင်းဆီ ထောက်ပံ့မည်ဟု ပြောဆိုခဲ့သည်။
ထို့နောက် အဆိုပါ ဦးမျိုးဝင်းလေးသည် မုံရွာပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော ဖမ်းဆီးရာမှ ပြန်လည် လွတ်မြောက်လာသူ ရွာသူတစ်ဦးအား ငွေတစ်သိန်းခွဲအား လူနာဘက်မှ လက်မခံဘဲ ငြင်းခဲ့သော်လည်း ထောက်ပံ့သွားခဲ့သည်။
ယခုလည်း ကိုဂျင်မီတို့ တည်းခိုရာ Golden Arrow ဟိုတယ်အတွင်းသို့ ကိုဂျင်မီနှင့် တွေ့ချင်သည်ဟုဆိုကာ ဟိုတယ်အတွင်းသို့ ၀င်ရောက်သွားပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။
ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူများဖြစ်ကြသည့် ကျောင်းသားများနှင့် ရွာသူရွာသားများအား ဖမ်းဆီးခြင်းမပြုပါကြောင်း အာဏာပိုင်များထံမှ ကတိရရှိခဲ့ကြောင်း ကိုဂျင်မီမှ ပြောကြားသည်။
ထို့ပြင် အမှတ်(၁) ရဲစခန်းတည်ရှိရာ ဘူတာလမ်းအား ဟိုဘက်ထိပ်၊ ဒီဘက်ထိပ် ပိတ်ပင်ထားသော အတားအဆီးများအား အာဏာပိုင်များက ဖယ်ရှားပေးလိုက်ပြီ ဖြစ်သည်။
တလွဲတချော်တွေ ဖြစ်ကုန်ပြီလား။ ။
by Udp Myanmar on Wednesday, September 12, 2012 at 10:20pm
အခုတလော သတင်းတွေအကြား Hot News ကတော့ လက်ပံတောင်းတောင် ကြေနီစီမံကိန်း နှင့် ပတ်သက်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပါသည်။ အမျိုးသမီးတွေပုံ မြင်ရတော့ စိတ် မသက်မသာ ဖြစ်ရတာ အမှန်ပါ။
အခြေအနေတွေက တဖြည်းဖြည်းနဲ. တလွဲတချော်တွေဖြစ်ကုန်သလို ခံစားရပါသည်။ ကြေးနီစီ မံကိန်းကို ဖက်စပ်လုပ်နေတဲ့
တရုတ်ဝမ်ပေါင်နှင့် မြန်မာဦးပိုင်လီမီတက်တို.ဆီကနေ နစ်နာ ကြေးရရှိဖို. ဒေသခံရွာသူရွာသားတွေရဲ့ တောင်းဆိုဆန္ဒပြမှုတွေကနေ အခုတော့ နိုင်ငံရေး လှုပ်ရှားမှုတခုအသွင်ကို ဆောင်တဲ့ ထိပ်တိုက်မှုဆီ ဦးတည်နေသလိုပါ။
ပိုဆိုးဝါးတကတော့ ဒေသခံရွာသူရွာသားတွေထဲက ဆုတောင်း ဆန္ဒပြခဲ့သူ အမျိုးသမီး ၁၂ ဦးကို မုံရွာရဲစခန်းက ဖမ်းဆီးပြီး ကိုယ်ထိလက်ရောက် ကြမ်းကြမ်းတမ်းတမ်းနဲ. အနိုင်ကျင့် ဗိုလ်ကျမှုတွေဖြစ်ပါသည်။ အမျိုးသမီးတွေရဲ့ ဓာတ်ပုံတွေ ပြောဆိုချက်တွေဟာ ဒီကိစ္စကို အရင်က ဒီလောက် အာရုံမထားတဲ့ သာမန်လူတွေအတွက်တောင် စိတ်ထိခိုက်စရာ ဖြစ်စေ ပါသည်။
စိတ်ထဲမှာလည်း ဘာကြောင့် ရဲတွေက အစိုးရက ကြားထဲကနေ အမုန်းခံနေရတာလည်း။ ကြားထဲကနေ လူတွေေ-ာက်မြင်ကပ်အောင် ၀င်ပြီး လုပ်နေရတာလည်းဆိုတာပါ။ တကယ် တော့ ဒီပြသာနာဟာ ပုဂ္ဂလိက စီးပွားရေး ကုမ္မဏီတွေနှင့် ဒေသခံတွေအကြား နစ်နာမှုတွေ ပဋိပက္ခဖြစ်ကြတာ စမ်းတဲ့အရာ မဟုတ်ပါ။ အဖြေရဖို.ကတော့ Negotiation Skills အဓိကပါ။
ဒီမိုကရေစီနိုင်ငံတွေမှာလည်း Corporation တွေ နဲ. ဒေသခံပြည်သူတွေအကြား သဘာဝ သယံဇာတ ခွဲဝေတူးဖော်တဲ့ကိစ္စတွေဟာ မကြာခဏ ထိပ်တိုက်တွေ.တာ ရုံးကန်ကနားအထိ ဥပဒေကြောင်းအရ ခံစားခွင့် နစ်နာကြေးတွေ ပေးရေး တိုက်ပွဲတွေ ဖြစ်လေ့ ရှိပါသည်။
ဒီလိုမျိုးတွေဖြစ်တဲ့အခါ သက်ဆိုင်ရာကုမ္မဏီတွေနှင့် နစ်နာသူတွေအကြား ဆွေးနွေးကျ၊ တိုင် ပင်ကျ၊ ညှိနိုင်းကျ။ တောင်းဆိုကျ နောက်ဆုံး လူစုလူဝေးနှုင့် ဆန္ဒပြတာ တရားရုံးတွေတိုက်ပြီး ထိခိုက်မှုတွေကို ဥပဒေကြောင်းအရ တိုက်ပွဲဝင်ပြီး ဥပဒေအရ ဆုံးဖြတ်တာတွေကို နာခံကြရ တာပါ။ အမေရိကန် ချီကာဂိုမြို.မှာ အခုဆို ကျောင်းဆရာဆရာမတွေ ကျောင်းမတက်ပဲ မြို.တော်ကောင် စီကို ဆန္ဒပြနေတာ အင်နဲ.အားနဲ.ပါ။ ကလေးတွေဆို ကျောင်းတောင် မသွားနိုင်သေးပါ။
အခုလည်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ တရုပ်ဝမ်ပေါင်ကုမ္မဏီနှင့် မြန်မာ ဦးပိုင်တို.က ဒေသခံ ရွာပေါင်း ၂၆ ရွာက ပြည်သူတွေရဲ့ လယ်ယာမြေဧက ၇၀၀၀- ၈၀၀၀ ကျော် လောက် မတရားသိမ်းခဲ့တယ်။ ရွာတွေကို အတင်း ရွေ.ပြောင်းခိုင်တယ်ဆိုတဲ့ကိစ္စ တွေကနေ ရွာသူရွာသားတွေက နစ်နာကြေးရရှိဖို.အတွက် တောင်းဆိုရာက ဒီပြသာနာတွေ စခဲ့တာပါ။
ဒီတော့ ဒီဖြစ်ရပ်ဟာ မတရားသဖြင့် လယ်ယာမြေတွေ သိမ်းယူခဲ့တဲ့ ပုဂ္ဂလိက ကုမ္မဏီတွေနှင့် ဒေသခံတွေအကြား စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေပါ။ ပြေလည်အောင် ဖြေရှင်းပေးရမှာက တာဝန်ယူ ဖြေရှင်းပေးရမှာက တရုတ်ကုမ္မဏီနှင့် ဦးပိုင်လီမီတက်တို. ဖြစ်ပါသည်။
ဒီကိစ္စတွေကို စနစ်တကျနဲ. မကိုင်တွယ်ပဲ အရင်ကလို ရဲတွေ လုံထိမ်းတွေနဲ. နောက်ဆုံး ဒီလို ကိစ္စတွေကို ကိုင်တွယ် ဖြေရှင်းဖူးတဲ့ အတွေ.အကြုံလည်းမရှိ အရည်အချင်းလည်း မပြည့်စုံတဲ့ ဆားလင်းကြီးမြို.နယ် အုပ်ချုပ်ရေးမှူးရဲ့ မခြေမခံ လုပ်ဆောင်မှုတွေ ပြောဆိုမှုတွေကနေ လူတွေ ပိုပြီး ဒေါသဖြစ် မခံမရပ်နိုင်ဖြစ်ပြီး ပြသာနာက ပိုပြီး မီးပွားသွားတာပါ။
ဒီလိုနဲ. ရဲတွေ လုံထိမ်းတွေနဲ. ဒေသခံ ဆန္ဒပြမှုတွေအကြား ထိပ်တိုက်ရင်ဆိုင်မှု တင်းမာမှု Face-Off ဖြစ်ကုန်ပါတယ်။ ဒီတော့ လူတွေရဲ့ ဒေါသတွေ မခံချင်စိတ်တွေ မကြေနပ်ချက်တွေ ဟာ တရုတ်ကုမ္မဏီနှင့်ဦးပိုင်ဆီကနေ ရဲတွေ လုံထိမ်းတွေနဲ. အစိုးရဆီ ဦးတည် သွားခဲ့တာ-- အဲဒါ လမ်းချော်ပြီး တလွဲကို ဦးတည်စေပါသည်။ နောက် ပြသာနာတွေ ပိုပြီး ရှုပ်ထွေးကုန် ပါတယ်။ အစိုးရနဲ. အတိုက်အခံတွေ ကျောင်းသားတွေ ပြောရရင် ရန်သူဟောင်းတွေ တွေ.ကြ ပြန်ပြီ တပွဲလို. ဖြစ်စေပါသည်။
ဒေသခံ ဆန္ဒပြတဲ့ ရွာသူရွာသားတွေရဲ့ လှုပ်ရှားမှုတွေဖက်မှာလည်း ခွပ်ဒေါင်းအလံတွေ လွင့်ပြီး ဗကသတွေ နိုင်ငံရေး အကျဉ်းသားဟောင်းအဖွဲ.တွေက ရွာသားတွေရဲ့ လှုပ်ရှားမှုတွေကို ဦးဆောင်ပြီး ဒေါင်းအလံတွေ ကိုင်ကာ ရှေ.ထွက်လာတော့--- သွားပြီ ပြသာနာက-- ပုဂ္ဂလိက ကုမ္မဏီတွေနှင့် ဒေသခံတွေအကြား နစ်နာကြေး တောင်းဆိုမှုတွေကနေ နိုင်ငံရေး လှုပ်ရှားမှု နိုင်ငံရေး တောင်းဆိုမှုတွေဆီကို ခေါ်ဆောင်သွားသလို ဖြစ်ပြီး တောင်းဆိုမှုတွေကလဲ အရင်က နစ်နာကြေးတွေ ပေးဖို. ဒေသခံတွေရဲ့ ခံစားချက်တွေကို ဖြေရှင်းဖို.ဆိုတဲ့ အချက် ကနေ လုံးဝ စီမံကိန်းကြီး ရပ်တန်.ရေး တောင်ကြီးကို ကယ်ဆယ်ရေး ဆိုတဲ့ အဖြေရနိုင် မှုထက် ထိပ်တိုက် ရင်ဆိုင်မှုတွေ ပိုပြီး ဖြစ်စေတဲ့ တဖက်က လိုက်လျှော ပေးနိုင်ဖို. ခက်တဲ့ တောင်းဆိုမှုတွေဆီကို တိုးပြီး ဈေးတင် တောင်းသလို ဖြစ်သွားစေပါသည်။ ပြသာနာတွေက ဒီကစပြီး ပို၍ ပို၍ ရှုပ်ကုန်ပြီ။
ကုမ္မဏီတွေနှင့် ဒေသခံတွေအကြား နစ်နာကြေးပဋိပက္ခတွေကနေ ရဲတွေ လုံထိမ်းတွေ အစိုးရနဲ. အတိုက်အခံ နိုင်ငံရေးအဖွဲ.တွေ ဗကသကျောင်းသားတွေ နိုင်ငံရေးအရ ထောင်ကျ ဖူးသူတွေနဲ. ငယ်ငယ်က ကျောင်းတော်က ရန်စတွေဆီ ပြီပြီး ဦးတည်သွားပါတော့တယ်။ ။ ဒီအဖွဲ.တွေ ဒီအုပ်စုတွေဟာ ဘယ်တုန်းကမှ တဖက်နဲ. တဖက် အစေးကပ်ခဲ့တာ ကြည့်ရတာ မဟုတ်ပဲ နာကျည်းစရာ ဒဏ်ရာဟောင်းတွေအကြွေးဟောင်းတွေသာ ရှိခဲ့တာမို. အခုတော့ ရန်သူဟောင်းတွေ ပြန်ပြီး လမ်းပေါ်မှာ ထိပ်တိုက်တွေ.နေတဲ့ နိုင်ငံရေးပဋိပက္ခတွေဆီ ဦးတည် နေပါသည်။
ဒါကြောင့် တလွဲဖြစ်ကုန်ပြီး လမ်းတွေ လွဲလျော်နေပြီလို. ဆိုချင်ပါသည်။ ။ ဒီလိုအခြေအနေမှာ ရဲတွေကလည်း အတော် အသုံးမကျတာတွေ လုပ်ခဲ့သည်။ အရင်တုန်းက စရိုက်တွေလိုပဲ ဆန္ဒပြ ပွဲမှာ ပါနေတဲ့ ကျေးရွာသူ ဒေသခံ အမျိုးသမီး ၁၂ ဦးကို ဖမ်းဆီး ချုပ်နှောင်ပြီး အချုပ် ခံထဲမှာ အမျိုးသမီးတွေကို ၀တ်လွတ် စလွတ်ဖြစ်အောင် ကိုယ်ထိ လက်ရောက် လုံးထွေး ပုတ် သတ် ရိုက်ခဲ့မှုတွေ ဘောလီကျိုးတွေ ပြတ်အောင်အထိ အကြမ်းဖက် တိုက်ခိုက်မှုတွေ အချုပ် ခန်းထဲမှာ လူဆိုးအချုပ်သားတွေကို သုံးပြီး ဆံပင်တွေ ဆွဲ ပါးတွေရိုက် လှိမ့်ကန် စတဲ့ နည်းလမ်း မကျ ပညာမတတ်တဲ့သူတွေရဲ့ လုပ်ထုံး လုပ်နည်းတွေကို သုံးခဲ့တော့ ဒီအကြောင်း တွေကို ပြန်သိရတဲ့အခါ ဒီအမျိုးသမီးတွေရဲ့ ခံစားချက် ပုံတွေကို မြင်ရတဲ့အခါ မုံရွာရဲစခန်းကို လူတွေ ကော်ဆဲချင်တာ မဆန်းပါ။ တော်တော်အသုံးမကျတဲ့ မုံရွာရဲစခန်းပေါ့။
ဒီလောက်အထိ အ ရသလား ပညာ မဲ့ရသလား ကြားထဲကနေ ဒီလို Digital News Age and Social Media ခေတ် IT သတင်းနည်းပညာခေတ်ကြီးမှာ မုံရွာရဲစခန်းက ရဲတွေရဲ့ အချုပ်ခန်း မှား ကျူလွန်တဲ့ အကြမ်းဖက်မှုတွေဟာ Professional ရဲဝန်ထမ်းတွေရဲ့ Policing လုံခြုံရေးအ တွက် တည်ငြိမ်ရေးအတွက် ဥပဒေ စိုးမိုးရေးအတွက် ရဲတွေ လုပ်ရမည့် အလုပ်လား လမ်း ဘေးက လူဆိုး သူခိုးတွေ ရာဇ၀တ်ဂိုဏ်သားတွေရဲ့ အမူအကျင့်တွေနဲ. တူမနေဖူးလား။ ဒါကြောင့် ဒီလောက် အ ရပြီး ဒီလောက် ညံ့ဖျင်းရသလား ပညာမဲ့ရသလား--- မုံရွာက ရဲအရာ ရှိတွေရာလို. မေးချင်ပါတယ်။ အခုတော့ ဒီလူတွေဟာ လူတွေ၏ ရွံ.စရာ မသ တည်စရာ ကောင်းတွေလို ပြောတာ ဆိုတာ ဆဲတာ ရွှေမေတ္တာ ပေးခံရတာ နဲတောင်နဲ သေးတာ။
သူတို. ကျူးလွန်သူ ဆော်ကားသူတွေဟာ ဒေသခံ ရွာသူတွေ ကျေးလက်သူတွေ ဓာတ်ပုံတွေ မြင်လိုက်တာနဲ. နိုင်ငံရေး လုပ်စားတဲ့ စားဖားတွေ မဟုတ်ဖူး။ မတရားလွန်းသဖြင့် အနိုင်ကျင့် လွန်းတာ ခံရလို. မတတ်နိုင်ဆုံး လမ်းပေါ်အထိ ရောက်လာကျတဲ့ ကျေးလက်သူ ကျေးလက် သားတွေပါ။ ရိုးသားပြီး ကိုယ့်ထမင်းကိုယ် ရှာစားတဲ့ သာမန် အရပ်သူ အရပ်သားတွေပါ ဒီလူတွေကို အနိုင်ကျင့်တာကို ကာကွယ်မပေးပဲ ရဲတွေ ကိုယ်တိုင်က အချုပ်ခန်းထဲမှာ မှတ် လောက်သားလောက်အောင် ပညာပေးမယ်ဆိုတဲ့ ဥာဉ်ဆိုးတွေကြောင်. အခုလို ကျေးရွာသူ အမျိုးသမီးတွေကို လူ.ဂုဏ်သိက္ခာမဲ့စွာ ဆော်ကားခြင်း ကိုယ်ထိ လက်ရောက် ကျူးလွန်ခြင်း လူမိုက်အားပေး လုပ်ခြင်းမျိုးကို လုံးဝ ရှုံ.ချပါသည်။ ဒါဟာ ရဲတွေ ပြည်သူ. ၀န်ထမ်းတွေ လုပ်ရမည့် ကျင့်ရမည့် လုံးထုံးလုပ်နည်း မဟုတ်ပါ။ လမ်းဘေးက ခွေးလေ ခွေးလွင့်အဆင့် တွေ လုပ်တဲ့ အလုပ်မျိုးတွေကို မုံရွာရဲစခန်းက ကျူးလွန်တာမို. ပြသာနာတွေက ပြေလည် မသွားပဲ မီးလောင်နေတဲ့အထဲ ဓာတ်ဆီလောင်းပေး လေမှုတ်ပေးသလို ဖြစ်စေပါသည်။
ဒါကြောင့် ပုဂ္ဂလိကုမ္မဏီတွေနှင့် ဖြစ်တဲ့ကိစ္စမှာ ဘာကြောင့် ရဲတွေ အုပ်ချုပ်ရေး အဖွဲ.တွေက ကြားထဲက လူအမုန်းခံရအောင် လုပ်နေတာလည်း။ လူတွေေ-ာက်မြင်ကပ်အောင် ၀င်ပြီး လုပ်ပေးရတာလည်း။ ။ ဒီလောက်မှ ပညာမတတ်တော့ဘူးလား။
တရုတ်ဝမ်ပေါင် ကုမ္မဏီကြီး အကျိုးစီးပွားဖြစ်ပြီး အမြတ်ကြီးရရင်ရော သူတို.က မုံရွာက ရဲစခန်းကို အလှူငွေ ပေးမှာလား။ နောက် ဦးပိုင်လီမီတက် ၀င်ငွေတွေများလို.ရော ရဲ တွေက ခံစားခွင့် ရမလား။ ။ စဉ်းစဉ်းစားစား လုပ်ကျပါ။ ဒီလောက်တော့ အ ဖို. မသင့်ပါ။ ခေတ်ကြီး ပြောင်းနေပြီဆိုတာ သဘောပေါက်ဖို. လိုပါသည်။ ခက်တာက ရဲတွေ အုပ်ချုပ်ရေးအဖွဲ.တွေ၏ စရိုက်တွေက မပြောင်းလဲသေးပဲ အရင်တုန်းက အသုံးမကျတဲ့ ဥာဉ်ဆိုးတွေ အကျင့်ဆိုးတွေ လုပ်နည်း လုပ်ဟန်တွေနဲ. လမ်းကြောင်းအဟောင်းထဲမှာပဲ ရှိနေဆဲပါ။ တော်တော် ရှက်ဖို. ကောင်ပါသည်။ ကုမ္မဏီတွေရော အစိုးရဖက်ရော အထူးသဖြင့် ရဲဌာနတွေရော လူထုဆက် ဆံရေး Public Relations မှာ တော်တော်ညံ့တာပါ။ ဒီလိုပုံစံဖြင့်ကတော့ ပြသာနာလေးတွေ နောက်ထ မီးထတောက်ပြီး တောမီးလောင်မည့်အရာတွေ အများကြီး ရှိနေပါသည်။
တချိန်တည်းမှာ မူလက တောင်းဆိုမှုတွေ လွဲချော်မသွားအောင် ဒေသခံ ရွာသူရွာသားတွေ၏ နစ်နာကြေး တောင်းဆိုမှုတွေ လှုပ်ရှားမှုတွေကိုလည်း ဒေသခံ ရွာသားတွေပဲ ဦးဆောင် သင့် ပါသည်။ ဒေသခံတွေ ဆန္ဒပြတာ တောင်းဆိုတာဟာ တရားသည်။ လက်ခံသည်။ သူတို.ဘ၀ တွေ သူတို. လုပ်ငန်းတွေ အသက်မွေး ၀မ်းကြောင်းတွေ တိုက်ရိုက် ပျက်ဆီး ဆုံးရှုံးခဲ့မှု ကြောင်. သက်ဆိုင်ရာ တာဝန်ရှိတဲ့ မတရား လုပ်တဲ့ တရုတ်ကုမ္မဏီ ၀မ်ပေါင်နဲ. မြန်မာ ဦးပိုင် လီမီတက်ဆီကနေ ရသင့်ရထိုက်တဲ့ ခံစားမှု နစ်နာမှုတွေ လျှော်ကြေးတွေ တောင်းဆိုတာ သင့်တော်သည် တရားသည်း အားပေး ထောက်ခံရမည်။
သို.သော် ရှေ.ကနေ အလံကိုင်ပြီး ကျောင်းသားတပ်ဦး ပုံစံမျိုး ချီတက်တာတို. နိုင်ငံရေး အကျဉ်းသား ဟောင်းတွေက လှုပ်ရှားမှု ခေါင်းဆောင်တွေလို ရှေ.ထွက်ပြီး ရှေ.တက်ပြီး ပြည်ပ သတင်းမီဒီယာတွေမှာ ပြောရေးဆိုခွင့် ရှိသူတွေလို လုပ်ဆောင်နေခြင်းကတော့ မသင့် တော်ပါ။ ရွာသူရွာသားတွေ၏ အရေးကို အားပေး ထောက်ခံတာ ကြိုဆိုပါသည်။ သို.သော် နိုင်ငံရေးအသွင်ဆောင်တဲ့ လှုပ်ရှားမှုတွေ တောင်းဆိုမှုပုံစံတွေဖြင့် ဦးဆောင်သူတွေ ခေါင်း ဆောင်သူတွေအဖြစ် တက်လုပ်မယ်ဆိုရင်တော့ ဒီပြသာနာက ပိုပြီး ရှုပ်ထွေးသွားစေမည်။
ရွာသူရွာသားတွေ တောင်းဆိုတဲ့ နစ်နာမှုတွေကို တရားသဖြင့် လျှော်ကြေးပေးဖို. တောင်းဆို တာဟာ ရသင့် ရထိုက်တဲ့ အခွင့်အရေးဖြစ်လို. အောင်မြင်နို်င်စရာ ဖြစ်ပေမယ့် လုံးဝ ကြေးနီ စီမံကိန်းကြီးကို ရပ်ပစ်ဖို. ရပ်တန်ဖို. ဆိုတဲ့ နိုင်ငံရေး မျှော်မှန်းချက်တွေနဲ. တောင်းဆိုမှု တွေ လုပ်နေရင်တော့ အဖြေရစရာ ၂ဦး ၂ဖက် ပြေလည်စရာ အကြောင်းမရှိပါ။ ကုမ္မဏီတွေ အစိုးရ တွေဖက်ကလည်း လုံးဝ စီမံကိန်းကြီးကိုတော့ ရပ်ပေး ဖျက်သိမ်းပေးဖို.ရာဆိုတာ ဖြစ်နိုင်ခြေ မရှိပါ။ အကြောင်းကတော့ ပုဂ္ဂလိက ကုမ္မဏီတွေဆိုပေမယ့် ၂ ဖက်စလုံးမှာ နောက်ကနေ အစိုးရတွေ ပါဝင် ပတ်သက်ခဲ့တဲ့ ကိစ္စတွေမို. အခြေအနေတွေက ပိုပြီး ရှုပ်ထွေပါသည်။
ဒါကြောင့် နိုင်ငံရေး အသွင်ဆောင်တဲ့ လှုပ်ရှားမှုတွေဆီကို ပြောင်းပြီး တောင်းဆိုမယ် ဒီ ရွာသူ ရွာသားတွေ၏ နစ်နာကြေး တိုက်ပွဲဝင်မှုတွေကို ၀င်ပြီး လှုပ်ရှားမှုတခုလုံးကို ပဲ့ကိုင်ကာ ဦး တည်ချက် ပြောင်းမယ် ဆိုရင်တော့ လမ်းကြောင်းတွေ လွဲချော်ပြီး တလွဲတချော်ဖြစ်ကာ မတော်တရော်တွေသာ ဖြစ်လာမှာကို စိုးရိမ်မိပါသည်။
သို.ဖြစ်ပါ၍ ဒေသခံ ရွာသူရွာသားတွေ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ရသင့် ရထိုက်တဲ့ နစ်နာကြေး တောင်းဆိုမှုတွေကို အားပေး ထောက်ခံသည်။ မတရားသဖြင့် သိမ်း ဆီး ခဲ့တာဆိုရင်ဖြင့် တန်ရာ တန်ကျေး လျှော်ကြေးပေးပြီး ဒေသခံ နစ်နာသူတွေ လက်ခံ အောင် ညှိနိုင်းပေးရမည်။ လိုက်လျော်ပေးရမည်။
ရွာသူရွာသားတွေ၏ နစ်နာကြေး လှုပ်ရှားမှုတွေကို ခွပ်ဒေါင်းအလံတွေ ထောင်ပြီး ဗကသ တွေ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ခေါင်းဆောင်မှု နေရာမှာ ၀င်ယူပြီး လှုပ်ရှားမှုကို ဦးတည် ချက် ပြောင်းကာ နစ်နာကြေး တောင်းဆိုမှုကနေ စီမံကိန်းကြီး လုံးဝ ရပ်တန်.ပစ်ရမည် ဆိုတဲ့ နိုင်ငံရေး အသွင်ဆောင်တဲ့ လုပ်ဆောင်ချက် ဈေးတိုးတောင်းပြီး ထိပ်တိုက်ဖြစ်နိုင်တဲ့ လမ်း ကြောင်းကို ခေါ်ဆောင်သွားသလို ဖြစ်တာမို. အဲဒီလိုမျိုး လုပ်ချင်းကိုတော့ သင့်တော် သည်ဟု မယူဆပါ။ ထောက်ခံအားပေးပါ။ ကူညီပါ။ သို.သော် ရှေ.က တက်ပြီး ရှေ.က ထွက်ပြီး ခေါင်း ဆောင်ကြီးတွေလိုတော့ တက်မလုပ်စေချင်ပါ။
လမ်းချော်ပြီး တလွဲတော့ မဖြစ်စေချင်ပါ။ ရွာသူရွာသားတွေ အတော် ဒုက္ခရောက်နေတာပါ။ ။
Freedom News Group(Burma)
ကြေးနီ စီမံကိန်းမှာ တရုတ် စစ်ရဟတ်ယာဉ်တွေ ရောက်လာ
မြန်မာ့ လေပိုင်နက် ကို ကျော်ဖြတ် ပြီး တရုတ် နိုင်ငံ မှာ တိုက်ရိုက် မောင်း
နှင် လာသည် ဟု ယူဆရသည့် တရုတ် လေတပ် ဟယ်လီ ကော်ပတာ နှစ်စီး
သည် ကြေနီး စီမံ ကိန်း ရှိ ရ ဟတ်ယာဉ် ကွင်း သို့  ဆယ်မိနစ် ခြား စီ ဆင်း
သက် ပြီး နောက် ပြန် မထွက် သေး သည့် ခိုင် လုံ တိကျ သော သတင်း ရပ် ကွက် မှ တစ် ဆင့် သိရှိရသည်။
တစ်စီးလျှင် လူ ၁၄ ဦးခန့် လိုက် ပါ စီးနင်း နိုင်သည့် ဟယ်လီ ကော်ပတာ တွင် ကြေးနီစီမံ ကိန်း မှ အင်ဂျင် နီယာ များ အား အရေး ပေါ် ကယ် ထုတ်နိုင်ရန် ဟု သုံး သပ် ကြ ပြီး အချို့  က ကွန်မန်ဒို တပ် သား များ ပါလာ
သည် ဟု ဆိုကြသည်။
ပုံ တွင် တွေ့ ရသည် မှာ တရုတ် လေတပ် မှ ဟယ်လီ ကော်ပတာ ဖြစ်သည်။
ကချင်ငြိမ်းချမ်းရေးကွန်ယက်နှင့် ဗိုလ်ချုပ်ဂွမ်မော် အင်တာဗျူး
by ခွန် ဒီးယမ် on Wednesday, September 12, 2012 at 1:34am ·
ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှ ၂၂ရက်နေ့အထိသွားရောက်ခဲ့တဲ့ 
ကချင်ဒေသခရီးစဉ်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော်
ဒုစစ်ဦးစီးချုပ်ဗိုလ်ချုပ် ဂွမ်မော်နှင့် တွေ့ဆုံစကားပြောခဲ့သည့်
စကားဝိုင်းဖြစ်ပါတယ်။ --------
(ဗိုလ်ချုပ်
ဂွမ်မော်)။...။ တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့ အခါမှာ ကျနော်တို့ က proposal
တခုတင်ထားတယ် ၊ ပထမအချက်ကတော့  ဒီတိုက်ပွဲတွေရပ်အောင် လောလောဆယ်ဘယ်လို
ဘယ်လိုလုပ်ကြမလဲ ၊ တိုက်ပွဲတွေမရှိအောင် ဘယ်လိုလုပ်မလဲ။ ဒီကိစ္စ ကျနော်တို့ 
ပြောတာက အဆင့် ၃ ဆင့် နဲ့  ကျနော်တို့ တင်တယ် ၊ ပထမအဆင့် နံပါတ် ၅
မှာကျနော်က၊ အခု နီးနီးကပ်ကပ် ဖြစ်နေတဲ့  တပ်တွေ ခွာထားရမယ်၊ အဲတော
့ဒီတပ်တွေကို ဘယ်လိုခွာမလဲဆိုတဲ့ အပိုင်းကိုဆွေးနွေးဘို့ 
ကြိုးစားလိုက်တိုင်း အစည်းအဝေးက ပျက်သွားတယ်။ ဦးသန်းအောင်တို့နဲ့ 
ကျနော်တို့ ၃ကြိမ်ဆွေးနွေးတယ်။ ဦးအောင်သောင်းတို့ နဲ့  ၃ကြိမ်၊ အခု
ဝန်ကြီး ဦးအောင်မင်းနဲ့  ၃ကြိမ် တွေ့ ပြီးသွားပြီ။ တပ်တွေခွါဖို့ကိစ္စ
ဆွေးနွေးမယ်လို့  ပြောလိုက်တိုင်း အစည်းဝေးက ဆက်လုပ်လို့ မရတော့ ဘူး။ အဲဒီ
လွန်ခဲ့ တဲ့ ၃ကြိမ်အလုံးက အလွတ်သဘောတွေ့ဆုံရတာဖြစ်လို့ ၊
နောက်စတုတ္ထအကြိမ်ကျတော့  ကျနော်တို့ က တရားဝင်အစည်းအဝေးလုပ်ရအောင်လို့
အစပျိုး ပြောလိုက်တာနဲ့  သူတို့ဘက်က ဒီဟာကဘာပြန်ပြောလဲဆို "ဒါ
အကြိုညှိနှီုင်းရေးဖြစ်တယ်" တဲ့။ သို့ သော်လည်းဘဲ ဒီ အကြိုညှိနှီုင်းရေး
ချည်းဘဲလုပ်နေတာ ဆိုလို့ ရှိရင် အစည်းအဝေးကရှေ့ ကိုတိုးလို့  မရဘူး။ အဲတော့ 
တရားဝင်အစည်းဝေး လုပ်ရအောင်လို့  ကျနော်တို့ က တောင်းဆိုတယ် ၊ဒါပေမဲ
့အခုချိန်ထိ တရားဝင်အစည်းဝေးက ဖြစ်မလာဘူး ၊ အလွတ်သဘော ကျနော်တို့ 
ဗန်းမော်နဲ့  မူဆယ်ကို လာဖို့ခေါ်တယ်၊ ကျနော်တို့ က "အလွတ်သဘောမဟုတ်ဘဲနဲ
့လောလောဆယ် လုပ်နေတဲ့  ရွှေလီမြို့မှာဘဲ တစ်ကြိမ်တရားဝင် အစည်းဝေးလုပ်မယ်၊
မူတစ်ခုချမယ်၊ မူချပြီးရင် မြစ်ကြီးနားမြို့မှာ တရားဝင်အစည်းဝေး
နောက်တစ်ကြိမ် လုပ်ရအောင်" လို့  ပြောထားပြီးသား။ မြစ်ကြီးနားမြို့ရဲ့
ဘယ်မှာလုပ်မယ်၊ ဘယ်သူက တာဝန်ယူမယ်ဆိုတာအစ ကျနော်တို့  ကမ်းလှမ်းထားပြီးသား။
ဒါပေမဲ့ အခုထိ တရားဝင်အစည်းဝေးက ဖြစ်မလာဘူး။ တရားဝင်
အစည်းအဝေးလုပ်ပေးရမယ့်အစား ဟိုတနေ့ က ကျနော်တို့ ကို "လာအိုစ်နိုင်ငံမှာ
တွေ့ ရအောင်" လို့ ပြောတယ်၊ ကျနော်တို့ က "လာအိုစ်နိုင်ငံအထိတော့  လာလို
့မဖြစ်ဘူး" လို့ အကြောင်းပြန်လိုက်တော့၊ "ဒါဆိုရင် ထိုင်းနိုင်ငံကို လာခဲ
့ပါ" တဲ့ ၊ ထိုင်းနိုင်ငံကနေတဆင့် နေပြည်တော်ကို သူတို့  လာပြီး ကြိုမယ်"
လို့ ပြောတယ်။ အဲတော့ ကျတော်တို့ကပြန်ပြောလိုက်တယ် "နေပြည်တော်သွားဖို့
ဆိုရင်တော့  ကျနော်တို့  ထိုင်းကနေတဆင့် သွားစရာမလိုတော့ ပါဘူး" လို့ ၊
(ရီသံများ) အလွတ်သဘောတွေ့ဆုံ ဆွေးနွေးတယ်ဆိုတာ က အခုပြောခဲ့သလို ဖြစ်နေတာ။
ဒါကြောင့်  ကျနော်တို့ အခု ကြိုးစားနေတာက တိုက်ပွဲဖြစ်နေတဲ့ တပ်တွေကို
တိုက်ပွဲမဖြစ်တော့အောင် အချင်းချင်း ခွာထားဖို့ပဲ။ အခုက ဟိုဘက် ဒီဘက်
စစ်တပ်တွေ တစ်နေရာထဲမှာ ရောနေတယ်။ အဲဒါနဲ့  သတင်းသမားတွေက တခါတလေ
ကျနော်တို့ ကိုမေးတာပေါ့  "အခု ဘယ်ဖက်က စပစ်သလဲ" တဲ့။
ကျတော်ကပြန်ဖြေလိုက်တယ်၊ "အခု အရင်တွေ့တဲ့ဖက်က ပစ်နေတာပဲ" လို့ ၊
တကယ်တမ်းလဲ အဲလိုဖြစ်နေတယ်။ နောက် ဒုတိယအဆင့် အနေနဲ့ ကျနော် တို့ ပြောတာက
"အားလုံးပါဝင်နိုင်တဲ့ ညီလာခံကြီးတစ်ခု ခေါ်ပေးဖို့" ပါ။ ဒုတိယပင်လုံတို့ ၊
၂၁ရာစု ပင်လုံတို့ ဘာတို့ ခေါ်ကြတာပေါ့ ။ ကျနော်တို့ ပြောတာက "အရင်ပင်လုံမှာ
ကျင်းပခဲ့ သလိုမျိုး ညီလာခံကြီးတစ်ခု ကျင်းပရမယ်၊ အကုန်လုံးပါဝင်ရမယ်၊
ပါဝင်သင့် တဲ့ လူတွေ အကုန်ပါဝင်ရမယ်၊ အဲဒီမှာ ဘုံသဘောတူညီချက် တခုရအောင်
ကျနော်တို့  ၀ိုင်းဆွေးနွေးရမယ်"။ ဒီညီလာခံမှာတော့ အခုလို အလူမသိ သူမသိ
တိုးတိုးတိတ်တိတ်မဟုတ်ပဲ ပွင့် ပွင့် လင်းလင်း ပြည်သူတွေရဲ့ ရှေ့ မှာ
အစည်းအဝေးတွေ လုပ်ရမယ်၊ အဲလို လုပ်လိုက်ခြင်းအားဖြင့်  အစိုးရကလဲ
မတရားလုပ်လို့  မရတော့ ဘူး၊ ကျနော်တို့ ဘက်ကလည်း မတရား တောင်းဆိုလို့ မရဘူး
။ အားလုံး ၀ိုင်းပြီး ကြည့် နေကြတော့မှာကိုး။ ဒါကြောင့်  ဟိုတနေ့ က ကျနော်
ဝန်ကြီးဦးအောင်မင်းကို ပြောပြတယ်။ "ကျနော်တို့ ကတောင် ဒီလို
လူထုရှေ့မှောက် ပွင့်လင်းမြင်သာ ဆွေးနွေးကြဖို့ တောင်းဆိုနေတာ၊ ခင်ဗျားတို
့အစိုးရက ဘာလို့  မလုပ်ရဲရတာလဲ" လို့  ကျနော်သူ့ ကို မေးတယ်။
လူထုရှေ့မှောက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတဲ့အခါ ကျနော်တို့ဖက်ကလဲ
မတောင်းဆိုသင့် တဲ့ ဟာတွေ တောင်းဆိုလို့  မရတော့ သလို အစိုးရဖက်ကလဲ ပေးသင်
့ရက်သားနဲ့  မပေးဘူးဆိုပြီး ညစ်တာမျိုးတွေ လုပ်လို့ မရတော့ ဘူး။ အဲတော့ 
ညီလာခံတခု ကျင်းပရမယ်။ အဲဒီမှာ ဘုံသဘောတူညီချက်တခု Ntional Accord တခု
ကျနော်တို့ ရလိမ့် မယ်။ ဘာဖြစ်လို့  ဒီ Ntional Accord ကို လွှတ်တော်
ပြင်ပမှာ လိုချင်သလဲလို့  ကျနော်တို့ ပြောလိုက်ရင် ဒါက ဖွဲ
့စည်းပုံအခြေခံဥပဒေ ပြဿနာ ဖြစ်တယ်လို့ ဖြေရမယ်။ အခုဖွဲ့စည်းပုံအရ
တပ်မတော်သား ၂၅ ရာခိုင်နှုန်းလို့ ဆိုပေမဲ့  တပ်မတော်သား ၂၅
ရာခိုင်နှုန်းနဲ့တောင်မှ ဒီ အခြေခံဥပဒေကို ဘယ်လိုမှ ပြင်လို့ မရတဲ့ကြားထဲ
ဟိုဘက်မှာ ယူနီဖောင်းချွတ်ထားတဲ့ လူတွေလဲ အများကြီးဘဲ။ လွှတ်တော်ထဲမှာ
ပြင်လို့ မရသလို Referemdum လုပ်ဖို့ကလဲ (ဒီပြည်ထောင်စုထဲမှာ ဗမာလူမျိုးက
လူများစုဖြစ်နေတဲ့အတွက်ကြောင့်) ဘယ်လိုမှမဖြစ်နိုင်ဘူး။ အဲတော့  ကျနော်တို့ 
လွှတ်တော်အပြင်က Assembly ကြီးတစ်ခုမှာ Ntional Accord တစ်ခုကို
မရဘူးဆိုရင် ဒီဥပဒေကို ဘယ်လိုမှပြင်လို့ မရဘူး။ ဒါကြောင့်  ကျနော်
"လွှတ်တော်ပြင်ပမှာ ဒါကို လုပ်ချင်တယ်"လို့ ဦးအောင်မင်းကို ပြောတယ်။
ပထမပိုင်းတော့ သူက "ဟာဟုတ်တယ်တဲ့ ။ ဒါပေမဲ့  ဒီကရှင်းလင်းချက်ကို
လွှတ်တော်ထဲ ပြန်ယူသွားဘို့ လို အပ်တယ် တဲ့ ၊ဒါကြောင့် မို့ လို့ 
ဝန်ကြီးသိန်းဇော်ကို တာဝန်ပေးရမယ်" လို့ သူက ဒီလိုပြောတယ်။ ဒါပေမဲ့ 
အခုကျတော့  ဒီအသံကလဲ ပျောက်သွားပြန်ရော။ အဲတော့  ကျနော်တို့ ပြောချင်တာက
ခုနကပြောသလိုဘဲ အခြေံဥပဒေ တခုဟာ တဖြေးဖြေးနဲ့  ကောင်း မွန်လာအောင် လုပ်သင်
့တယ်ဆိုတာလဲ ကျနော်တို့ သဘောပေါက်တယ်၊ ceasefire လုပ်ရမယ်ဆိုတာလဲဘဲ ကျနော်
လက်ခံတယ်၊ သို့ သော်လည်းဘဲ ဒီမှာ Agreement လုပ်ထားပြီးတော့  တဖက်က
ဘာဆက်လုပ်မလဲဆိုတာ မသိဘဲနဲ့  ကျနော်တို့  က ceasefire agreement
မလုပ်နိုင်ဘူး။ ဒါ ကျနော်တို့  ၁၇နှစ်လုံးလုံး ကျနော်တို့  လုပ်ထားခဲ့ တာ။
ဒါကြောင့်  ကျနော် ဟိုတနေ့ က အစည်းဝေးမှာပြောတယ် ၊ ဟိုဘက်ပိုင်းမှာ
ဘာလုပ်မလဲဆိုတာ သိဖို့ လိုတယ်။ ပြီးတော့  တကယ်ဆွေးနွေးမလား
မဆွေးနွေးဘူးလား၊ မဆွေးနွေးပဲ ဒီလို agreementလေးလောက် လုပ်ထားပြီး
နောက်တိုက်ပွဲပြန်ဖြစ်မယ် ဆိုရင်တော့  ဒီလက်မှတ် မထိုးတာဘဲကောင်းတယ်၊
"ကျနော်တို့ ဘက်ကတော့  agreement လုပ်ထားပြီးတော့  တဖက်အုပ်စုကတော့
နောက်ဖြစ်လာမဲ့  တိုက်ပွဲအတွက် ပြင်ဆင်နေတာမျိုး မဖြစ်စေချင်ဘူး" လို့ ပွင်
့ပွင့် လင်းလင်း ပြောထားတယ်။ ဒါ ကျနော်တို့ ဘက်က propose လုပ်ထားတဲ
့အခြေအနေပေါ့ ။
(သတင်းထောက်အမျိုးသမိး) ဟုတ်ကဲ့ 
ဗိုလ်ချုပ်ပြောတာနားထောင်ရတာလဲ တော်တော်စိတ်လှုပ်ရှားတယ်၊ နောက်ပီးတော့ 
ကျမတို့ လဲသိချင်တာပေါ့ နော်၊ ကိုယ်နဲ့  ကိုယ်ပတ်ဝန်းကျင်မှာလည်း
ဒီကိစ္စတွေက သိချင်တာပေါ့ နော်၊ ဒီကိစ္စတွေက ဂျာနယ်တွေထဲပါလာတော့  ပါလာတာတွေက
တပိုင်းတစ information တွေဖြစ်နေတဲ့ အခါကျတော့ အမျိုးတဖုံ အဓိပ္ပါယ်တွေ
ကောက်ယူတာတွေ လွဲနေတာတွေ ရှိကြတယ်လေ။ အဲဒါ ရန်ကုန်မှာရှိတဲ့ 
သူငယ်ချင်းတွေကို မေးကြည့် တဲ့  အခါကျတော့ လဲ အထူးသဖြင့်  IDP တွေ
ဘယ်လောက်တိုးလာပီ တိုက်ပွဲဖြစ်နေပီ ဆိုတာလောက်ဘဲ သိရတယ်။ ဘာ့ ကြောင့် 
ဒီဟာက မပြေလည်သေးတာလဲဆိုတာကို ပြည့် ပြည့် စုံစုံ မသိရတဲ့ အခါကျတော့ 
ဒီမပြည့် မစုံ information က အရမ်းအန္တရာယ်ကြီးသွားတယ်။ အဲတော့
အခုလိုသိ၇တာကို အရမ်းဝမ်းသာတယ်။ နောက်တခု ဟို ကျမတို့  ဘယ်လိုထပ်ပြီးတော့ 
လုပ်ရမယ်ဆိုတဲ့ ဥစ္စာပေါ့နော် ဟို Advocacy သဘောမျိုးပေါ့  ဘယ်လို
ပြန်လုပ်ရမလဲဆိုတာ။ အထူးသဖြင့်  ပြည်သူလူထုပိုပြီးတော့ ပါဝင်လာအောင်ပါ။
ဒီဘက်က ဒီသဘောထား ဒီလိုရှိတဲ့ ဥစ္စာကို ရှင်းရှင်းပြောရရင် ကျမတို့ ကို
တ၀က်တပျက် သတင်းအမှောင်ချထားကြတယ်။ ဥပမာ KIO ဖက်က Border Guard ဖွဲ့ဖို့ကို
လက်မခံဘူး ဆိုတာပဲ ကျမတို့ကို ပြောထားတယ်ရှင့်။ သတင်းက လက်မခံဘူးဆိုတဲ့
နေရာမှာတင် ရပ်သွားတယ်ရှင့်။ တကယ်တမ်းမှာ KIOဖက်က ပြည်ထောင်စုတပ် ဖွဲ
့ချင်လို့  Border Guard ဆိုတဲ့ဟာကို လက်မခံရတာပါ ဆိုတဲ့ ဟာကိုကျတော့
ကျမတို့ကို မပြောပြဘူး၊ လုံးဝ ဖျောက်ထားတယ်ရှင့်။ အဲလိုဖျောက်ထားလိုက်တော့
ကျမတို့ပြည်သူတွေဖက်က နားလည်မှုတွေ လုံးလုံးလျားလျား အဓိပ္ပါယ် တဖက်သက်ကြီး
ဖြစ်သွားစေတာပေါ့ နော်။ ဆိုတော့  အခုလိုသိခွင့်ရတာ ကျမအရမ်းဝမ်းသာတယ်။ တကဲ
့ကိုအခွင့် ထူးဘဲ ဒီလိုတွေ့ ရတဲ့ ဥစ္စာကို စီစဉ်ပေးတဲ့ သူတွေကိုရော လက်ခံတွေ
့ဆုံပေးတဲ့  ဦးတို့ ကိုရော။ အခုလိုကြားလိုက်ရတာ
တော်တော်အထောက်အကူဖြစ်မှာပါ၊ ရန်ကုန်ပြန်တဲ့ အခါဖြစ်ဖြစ် ကျမနိုင်ငံရေး
လောကမှာရော မီဒီယာတွေ နဲ့ ရော ကျမဆက်စပ်ထားတဲ့  နိုင်ငံရေးအင်အားစုတွေ
နောက် ပြည်သူလူထုကိုရော Advocate လုပ်တဲ့  နေရာမှာ အရမ်းကိုအသုံးတဲ့ ပြီး
peace process အတွက်လဲ ကျမတို့ အစိုးရကို တွန်းအားပေးနိုင်လိမ့် မယ်လို
့မျှော်လင့် ပါတယ်။ တွန်းအားလဲပေးပါ့ မယ်လို့  ကျမတတ်နိုင်တ့ဲဘက်ကနေ
လုပ်မှာပါ ။ အခု ဗိုလ်ချုပ်ပြောနေတဲ့  ဥစ္စာကို နားထောင်နေရတာ
စိတ်တောင်အရမ်း လှုပ်ရှားတယ်။
(ဗိုလ်ချုပ်
ဂွမ်မော်)။...။ အခုကျနော်တို့  တင်ထားတဲ့  proposal က အဲဒီ ၂၀၀၉ မှာ
ဦးအောင်သောင်းတို့ နဲ့  အစအဆုံး ပြောထား ပြီးသား။ အခု ဒုချုပ်
ဗိုလ်ချုပ်ကြီးစိုးဝင်းနဲ့  ကျနော်ပြောတယ် သူက နားထောင်တော့  အေးဗျာတဲ့ 
ခင်ဗျားပြောတာလဲ ဟုတ်သလိုလိုဘဲ တဲ့  ဒါနဲ့  ဒီအစီစဉ်က ဘယ်လောက်ကြာမလဲတဲ့ 
၁၅နှစ်လောက်ကြာမလားတဲ့  သူကမေးတာ။ အဲ ခင်ဗျားတို့ အစိုးရက တကယ်လုပ်ချင်လို
့ရှိရင် မကြာပါဘူးလို့  ပြီးနိုင်တယ်လို့  ၅နှစ်ဆို ပြီးနိုင်တယ်လို့ 
ကျနော်က ပြောတယ်။ ဒါကြောင့်  အခုကျနော်တို့  တင်ထားတဲ့  proposal က
အသစ်လဲမဟုတ်ဘူး ။ ၂၀၀၉ မှာ ဦးအောင်သောင်းတို့ ဦးသိန်းဇော်တို့ 
ဗိုလ်ချုပ်ကြီးရဲမြင့် တို့  အခု ဒုချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းတို့ 
အစအဆုံး ကျနော်တို့ က ရှင်းပြပြီးသား။ ခုနကပြောသလိုဘဲ ကျနော်တို့ ကို
ဗိုလ်ချုပ်ကြီးရဲမြင့် က ပြောတာပေါ့  ၊ ဟာ ခင်ဗျားတို့ 
ပြည်ထောင်စုတပ်မတော်ထဲမှာ မပါရတော့ ပြည်ပရန်ကြောင့် စစ်ဖြစ်လာရင်
တိုက်ပွဲဝင်စရာမလိုဘဲနဲ့  ဘေးထွက်ပြီး အေးအေးနေလို့ ရတာပေါ့
ဆိုတဲ့ပုံစံမျိုး လို့ပြောတယ်၊ ကျနော်တို့ က ကချင်လူမျိုးတွေ စစ်သားလုပ်လို
့ရှိရင် ပြည်ထောင်စုကိုကာကွယ်ဖို့ ကျတော်တို့လဲ တိုက်ပွဲဝင်ရမှာပေါ့
ဆိုပြီးတော့  လက်ခံတယ်လို့ ။ ဒါကြောင့်  ကျနော်တို့ ပြောနေတာက
အခြေခံဥပဒေမှာ နိုင်ငံတော် အချုပ်အခြာ အာဏာ ကာကွယ်ဘို့  တပ်မတော်မှာဘဲ
တာဝန်ရှိတယ်၊ အဲတော့  ကျနော်တို့ ကို ဒီကာကွယ်ဘို့  တာဝန်
မပေးချင်ဘူးလားလို့  ကျနော်မေးတယ် ၊ "ကောင်းပြီ ဒါဆိုလို့ ရှိရင်
ပြည်ထောင်စုနဲ့ အခြားတိုင်းပြည် စစ်ဖြစ်လာရင် ပြည်ထောင်စုဘက်က ကာကွယ်ဘို့ 
ကချင်လူမျိုးတွေ တာဝန်မရှိဘူးလို့ ကျနော်တို့ က ထုတ်ပြန်လိုက်မယ်"လို့ 
နောက်လိုက်သေးတယ် ထမင်းစားဝိုင်းမှာ။ အဲတော့  ကျနော်တို့ က ပြောတယ်
ပြည်ထောင်စုတပ်မတော်ဖွဲ့ ရအောင် ၊ ကာကွယ်ရေးဦးစီးချုပ် တယောက်ထဲ
ရှိရမယ်ဆိုတဲ့ မူကို ကျနော်တို့ လက်ခံတယ်။အဲတော့  ပြည်ထောင်စု တပ်မတော်ဖွဲ
့ပါ၊ သူတို့က ပြည်ထောင်စုတပ်မတော်မဖွဲဘူး အခု မြန်မာ့  တပ်မတော်ကလဲ
ပြည်ထောင်စု တပ်မတော်ပါဘဲတဲ့ အဲလိုဘဲပြောတယ်။ အဲတော့  ကျနော်ကပြောတယ်
မဟုတ်ဘူးဒါ သေသေချာချာဖွဲ့  ရမယ်။ ပြည်ထောင်စု တပ်မတော်ဖွဲ့ ။ အဲတော့  အခုက
အားလုံးကတော့  constitution ပြဿနာတွေဘဲ ၊ အခု ကမ္ဘာမှာ ဒုတိယသမ္မတ အရွေးရ
အခက်ဆုံးဆိုတာကလဲ ဒါ ကျနော်တို့ နိုင်ငံဘဲရှိတယ် နော်။ အဲတော့ 
နောက်တခုကဘာလဲဆိုရင် ဒီ အင်္ဂလိပ်လိုရေးထားတာနဲ့ ဗမာလိုရေးထားတာလဲ
ကွာတယ်ကိုး၊ ဟို constitutionမှာ ဗမာလိုကျရင် တပ်မတော်လို့ ရေးထားတယ်၊
အင်္ဂလိပ်လိုကျတော့  Defense Services ဆိုပီးတော့  ရေးထားတယ်၊ အဲလိုပေါ့ 
နဲနဲလည်း ကွဲလွဲမှုတွေ ရှိတာပေါ့ လေ၊ အဲလိုလုပ်တဲ့  အခါကျတော့  ဒီ Defense
Services ပြသနာ၊ သို့ သော်လည်းဘဲ ကျနော်တို့ က ဒီ constitution
ကိုတိုက်ခိုက်နေရင် ဟို နည်းလမ်းရှာလို့ မရဘဲနဲ့ ဖြစ်သွားမယ် ၊ အဲတော
့ဘယ်လိုလုပ်ကြမလဲဆိုတဲ့  နည်းလမ်းကို ရှာတာပေါ့ ။ ခုန ကျနော်ပြောသလိုဘဲ
ကျနော်တို့  မေးချင်တဲ့ မေးခွန်းတွေ အများကြီး ဒါပေမဲ့  မေးလိုက်ရင်
တယောက်နဲ့ တယောက် Tension တွေဖြစ်လာမှာစိုးလို့ မမေးဖြစ်သေးတာ ၊ ဥပမာ အခု
တနှစ်ကျော်သွားပြီ ဒီတိုက်ပွဲ ကောင်းပြီ လွှတ်တော်က တနှစ်ကျော်သွားတဲ့
ဒီတိုက်ပွဲအပေါ်မှာ ဘယ်လိုသဘောထားသလဲ ကျနော်သိချင်တယ်။ တကယ်သိချင်တဲ
့မေးခွန်းပါ။ ဆွေးနွေးသလား မဆွေးနွေးဘူးလား ၊ ဒီတိုက်ပွဲကို
ဆက်ပြီးတိုက်ဖို့ လိုအပ်တယ်လို့  လွှတ်တော်က ဆုံးဖြတ်သလား ၊ အဲ လွှတ်တော်က
မတိုက်ရဘူးလို့  ပြောတာကို တပ်မတော်ကများ တိုက်နေသလား ၊ နောက်အခု
ဒီကျနော်တို့  ကမ်ပိုင်တီ ပန်ဝါဒေသမှာ တိုက်ပွဲတွေ တိုက်ရိုက်ကွပ်ကဲနေတာ
လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့် ယိန်းဗျ ၊လွှတ်တော်ကိုယ်စားလှယ်က ဒီလို
တိုက်ပွဲတွေ ကွပ်ကဲလို့ ရသလား၊ ဟိုဘက်မှာအစည်းအဝေးလုပ်နေတဲ့ အချိန်မှာ သူက
ဒီတိုက်ပွဲမှာ လာပြီးမှကွပ်ကဲနေတာဆိုတော့ ၊ ဟိုလွှတ်တော်မှာ သူဘယ်လို အခွင်
့တောင်းခဲ့ သလဲ မသိဘူး။ အဲ့ဒါ ကျနော်တို့ သိချင်နေတာ ၊ တကယ်သိချင်တာ။
(ဘုန်းကြီးတပါး ၏ ၀င်ေ၇ာက်ပြောဆိုမှု --------)
(ဗိုလ်ချုပ်
ဂွမ်မော်)။....။ ကျနော် ဟိုတနေ့ ကဘဲ ဦးအောင်မင်းကို စတာ ၊ အာ ၀န်ကြီး
ကျနော်တို့  ကချင်တွေက ဟို ဗမာပြည် လွတ်လပ်ရေး ရကာစထဲက
ပြည်ထောင်စုကိစ္စချည်းဘဲ စဉ်းစားလာတာ တော်တော် ပင်ပန်းလာတယ်လို့။
(စကားဆက် ပြတ်ပီး ပြန်စပုံရပါသည် )
(ဗိုလ်ချုပ်
ဂွမ်မော်)။....။ မင်းဘာသာပြောင်းပါလို့ ပြောတာ အကြိမ်ကြိမ် ၊ အဲဒါနဲ့ ဘဲ
သူကလဲ ဗိုလ်မှူးကနေ မတက်နိုင်တော့ ဘူး ၊ အဲအခါကျတော့  နောက်ဆုံးမှာ
ဦးသိန်းဇော်က ဘာပြောလဲဆိုတော့  အင်း ဟုတ်တာပေါ့ ကွာတဲ့  ကိုယ်
့ဘုရားအပေါ်မှာတောင် သစ္စာမရှိတဲ့  နောက် နိုင်ငံတော်အပေါ်မှာလဲ ဘယ်သစ္စာရှိပါ
့မလဲတဲ့  ( ရီသံများ ) အဲဒါနဲ့  ပြီးသွားတာ။ အဲဒါကြောင့် တနေ့ က ၀န်ကြီး
အောင်မင်း အဲကိစ္စပြောတော့  ကျနော်ပြောတယ်လေ ကိုကျော်ရင်လှိုင်တို့ 
လှမောင်ရွှေတို့ နဲ့ ။ ဟုတ်တယ် ဒါပေမဲ့ ပြောနေရုံနဲ့  မပြီးဘူး ၊
ကျနော်ပြောချင်တာက ဟိုးမှတ်ပုံတင်မှာ ဘာဖြစ်လို့  ကိုးကွယ်သည့်  ဘာသာဆိုပီး
ပါရသလဲ။ ဒါက နိုင်ငံသား ကဒ်ပြားဘဲ ၊ အချက်အလက်က အပေါ်မှာရှိရမယ် ၊ အဲတော့ 
ဒီနိုင်ငံသားတယောက်က သူဘာဘဲ ကိုးကွယ် ကိုးကွယ် လွတ်လပ်စွာ
ကိုးကွယ်နိုင်ရမှာ ၊ အဲတော့  ဒီကဒ်ပြား က နိုင်ငံသားဖြစ်ကြောင်း သက်သေခံ
ကဒ်ပြားပဲ။ ဒီနေရာမှာတော့  ကိုးကွယ်သည့် ဘာသာဆိုတာမျိုး သုံးစရာမလိုဘူး ၊
ဒီ ချုပ်ကိုင်မှုတွေက တခါတလေမှာ တိုင်းရင်းသားတွေချည်းပဲ နစ်နာလို့ 
ပြောတာမဟုတ်ဘူး ၊ တိုင်း၇င်းသား ဆိုတာ အားလုံးပါတယ် ၊ မြို့ ထဲက
လူတွေလဲပါတယ် ၊ ဥပမာ ပညာရေးစနစ်မှာ ဘာဖြစ်လို့  PhD တွေ အများကြီး
ထွက်မလာရသလဲ ၊ Assistant lecturer က ဟိုကနေ အဆည ကနေ တိုက်ရိုက်ပေးနေတယ် ၊
Assistant မဖြစ်ဘဲနဲ့  ဒီလူဟာ PhD မရနိုင်ဘူး။ နယ်မှာရှိတဲ့  ဆရာ၊ ဆရာမ
တယောက်ရဲ့  အရည်အချင်းကတော့  အဆည က ဘယ်သိနိုင်မလဲ ၊ လက်ဆောင်ရောက်လာရင်
သူကတော့  ပေးလိုက်တာဘဲ ၊ အဲတော့  ဟိုမှာ ဆားဗစ်မရှိဘဲနဲ့ တော့  အရင်တုန်းက
ပညာရေးစနစ်က PhD ဘယ်လိုမှမရနိုင်ဘူး ၊ အဲတော့ ဒီကနေ့ ကျနော်တို
့အားလုံးကိုခြုံပီးပြောမယ်ဆိုလို့ ရှိရင် ဒါ အခြေခံ ဥပဒေရဲ့ ပြဿနာ
၊ဒါကြောင့်  ကျနော်တို့  စဉ်းစားကြည့် တာကတော့  ဒီ ၂၀၁၅ ရွေးကောက်ပွဲ
အရေးကြီးပြီးတော့  ၂၀၁၅ မှာ ကျနော်တို့ က ဒီမိုကရေစီပြောင်းလဲရေးတွေပိုပြီး
လုပ်နိုင်မယ်ဆိုရင် ၂၀၁၆ ကနေမှ ပြောင်းလဲရေးတွေ တကယ်လုပ်နိုင်မယ် ၊
ဒီအချိန်မှာတော့ မရှိသေးဘူး ၊ ဒါ ကျနော်တို့ က ဒီလိုဘဲမြင်ထားတယ် ၊
ဒီကြားထဲမှာ ကြီးမားတဲ့  ပြဿနာ မပေါ်ဘို့  အရေးကြီးတယ် ၊ အခု
ရခိုင်လိုပြဿနာတွေပေါ်လာရင် အများကြီးရှုပ်ကုန်မယ် ၊ တကယ်ကိုရှုပ်မှာ ၊
တချို့ နိုင်ငံကြီးတွေက ကြည့် နေမှာ။ ၁၀ နှစ်လောက်စစ်ဖြစ်လို့ ရှိရင်ငါတို
့ဘာလုပ်ကြမလဲဆိုပြီး (အခွင့်အရေးယူဖို့) စဉ်းစားနေတဲ့ နိုင်ငံတွေ
မရှိဘူးလို့ ပြောလို့  မရဘူး ၊ တကယ်ကို ရှိနိုင်တယ် ၊(
စကားဆက်ပြတ်သွားပုံရပါသည်)
အင်္ဂလိပ်စကားနဲ့ 
သူကမ္ဘာကိုချယ်လှယ်နေတာဘဲ ၊ ဒါကြောင့် မို့ ကျနော် ဟို British မိတ်ဆွေတွေနဲ
့ တွေ့ လို့ ရှိရင် ပြောတယ် ၊ ခင်ဗျားတို့  အင်္ဂလိပ်အစိုးရက
လွတ်လပ်ရေးပေးထားတဲ့ နိုင်ငံတွေ အကုန်ရှုပ်တယ်လို့  ကျနော် ပြောတယ် ၊
ပြင်သစ်ကနေ ရတဲ့ နိုင်ငံတွေ အကုန်လုံး ဒီနေ့ ရှင်းတယ်လို့  ၊ ဒါ ကျနော်တို
့ကလဲ ဘယ်လိုများဖြစ်ခဲ့ ကြလဲ မသိဘူးလို့  တခါတလေ စဉ်းစားတာ ၊ (ရီသံများ)
Original transcript by- Chit Aung Hla Patrick
Edited by-Khun Deerum
စီးပွားရေး လုပ်ငန်း၊ ကျင့်ဝတ် နှင့် ခေတ်သစ် ကမ္ဘာ
စီးပွားရေး လုပ်ငန်း၊ ကျင့်ဝတ် နှင့် ခေတ်သစ် ကမ္ဘာ – အပိုင်း(၁) (Business, Ethics and the Modern World – Part I)
by Nyein Chan Aye on Wednesday, September 12, 2012 at 7:36am ·
စစ်ကိုင်းတိုင်း၊
မုံရွာခရိုင် က လက်ပန်းတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်း နဲ့
ဆက်စပ်ပြီး ခုဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲသတင်းတွေ ဆက်တိုက်ကြားရတော့
ကျောင်းတုန်းက လုပ်ခဲ့ရတဲ့ စဉ်ဆက်မပြတ် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး ဘာသာရပ်
နဲ့ ပတ်သက်တဲ့ စာတမ်းရေးရတာတွေ၊ ဆွေးနွေးပွဲတွေ၊ လေ့လာခဲ့ရတဲ့
အကြောင်းအရာ၊ အဖြစ်အပျက်တွေကို သတိရမိတယ်။
အဲ့အထဲက
ခေါင်းထဲတမ်းရောက်လာတဲ့ အကြောင်းအရာတခုကတော့ အိန္ဒိယ သဘာဝ ဓာတ်သတ္တု ရှာဖွေ၊
တူးဖော်၊ ရောင်းချနေတဲ့ မိုင်းကုမ္ပဏီ တခု အိန္ဒိယနိုင်ငံ ပြည်နယ်တခုမှာ
မိုင်းတွင်း လုပ်ငန်းလုပ်ဆောင်ဖို့ စီစဉ်ရာမှာ ကြုံတွေရတဲ့ ကန့်ကွက်မှု၊
ဝေဖန်ခံရမှု အကြောင်းတွေပါပဲ။ အဲဒီ မိုင်းကုမ္ပဏီ လုပ်ငန်းလုပ်ဖို့ စီစဉ်တဲ့
ဒေသက ဒေသခံ ဌာနေတိုင်းရင်းသား တွေဟာ တောင်ကို ကာကွယ်တဲ့ သဘောနဲ့ တတောင်လုံး
ပတ်လည် ဝိုင်းပြီး လူချိန်းကြိုးသဏ္ဍာန် လက်ချင်းတွဲလျက် စီတန်း ရပ်၊
ကန့်ကွက် ဆန္ဒပြကြတဲ့ ဓာတ်ပုံ ဆိုရင် မျက်စိထဲမှာ ခုအထိ မြင်ယောင်နေတယ်။
အဓိက ကန့်ကွက်ကြတာကတော့ ဗမာပြည် အပါအဝင် ကမ္ဘာအနှံ့က ဖွံ့ဖြိုးဆဲ
တိုင်းပြည်တွေရဲ့ ခေတ်သစ် စက်မှုလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု
လုပ်ငန်းတွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ ဒေသခံ တွေရဲ့ မိရိုးဖလာ
အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ ထိခိုက်မှု၊ ရိုးရာ ထုံးတမ်း စဉ်လာ
ယဉ်ကျေးမှုတွေကို ထိခိုက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ မြေသိမ်းခံရမှု နဲ့
သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးလို့ ဂေဟ စနစ် ပျက်ယွင်းလာမှု တွေကို
ကာကွယ်ဖို့ ပြောဆိုထောက်ပြ၊ ဆန့်ကျင် ကန့်ကွက်ကြတာပါပဲ။
အဲဒီ
မိုင်းကုမ္ပဏီ က နိုင်ငံတကာ မှာလည်း ဓာတ်သတ္တု ရှာဖွေ၊ တူးဖော်မှုတွေ
လုပ်သလို နိုင်ငံပေါင်းစုံက လုပ်ငန်းရှင်ကြီးတွေရဲ့ ရင်းနှီးမြှုပ်နှံထားတဲ့
ပိုင်ဆိုင်မှုရှယ်ယာတွေလည်း ရှိတယ်။ သူတို့ရဲ့ လုပ်ငန်းတွေမှာ အထက်မှာ
ဆိုခဲ့သလို အငြင်းပွားဖွယ်ရာ အဖြစ်အပျက်နဲ့ အကြောင်းအရာတွေ ရှိတော့
နိုင်ငံတကာ နဲ့ ဒေသတွင်းက လူ့အခွင့်အရေး အဖွဲ့အစည်းတွေ နဲ့ သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တွေ ရဲ့ ဝေဖန်ပြစ်တင် ဖိအားပေးမှုတွေ
ကြုံလာရတယ်။ တချို့ လူ့အခွင့်အရေး ကို အပြည့်အဝ လိုက်နာဖို့ ဦးထိပ်ထားတဲ့
ရင်းနှီးမြှုပ်သူ လုပ်ငန်းရှင်၊ အဖွဲ့အစည်းတွေက သူတို့ရဲ့
ရင်းနှီးမြှုပ်နှံငွေ၊ အစုရှယ်ယာ ပြန်ထုတ်သွားတာတွေ ရှိခဲ့တယ်။ ထင်ရှားတဲ့
ထဲကဆိုရင် အင်္ဂလန် က ဘာသာရေးအခြေပြု အဖွဲ့အစည်းတခု ဖြစ်တဲ့ The Church of
England က သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အဲဒီ ကုမ္ပဏီ မှာ
ဆက်မလုပ်တော့ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဗမာပြည်အတွက် နားလည်လွယ်တဲ့
စကားနဲ့ဆိုရရင် အဲဒီ ကုမ္ပဏီ နဲ့ စီးပွားရေးအရ မဆက်ဆံတော့ဖို့ ဆုံးဖြတ်တဲ့
ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်တဲ့ စီးပွားရေး ပိတ်ဆို့မှု တမျိုးလို့
ဆိုနိုင်ပါတယ်။
လူသိများတဲ့ စီးပွားရေး ပိတ်ဆို့မှု သဘောက
အုပ်စိုးသူ အစိုးရ ကို ပစ်မှတ်ထား ဒဏ်ခတ်ချင်လို့ တနိုင်ငံလုံး အတိုင်းအတာ
နဲ့ အရေးယူ ဆောင်ရွက်လေ့ရှိတဲ့ ပုံစံပါ။ လူ့တဦးချင်း နဲ့ လူနည်းစု
လူမျိုးစု တွေရဲ့ အခွင့်အရေး နဲ့ ရပိုင်ခွင့်ကို လေးစားလိုက်နာမှုမရှိဘဲ
ကိုယ့်တိုင်းသူပြည်သားအပေါ် လူလိုထား မဆက်ဆံတဲ့ ဖိနှိပ်မှု ပြင်းထန်တဲ့
အစိုးရမျိုးတွေ အုပ်ချုပ်တဲ့ တိုင်းပြည်မျိုးကို ဖိနှိပ်မှုတွေ လျော့စေဖို့
နိုင်ငံတကာက ဝိုင်းဝန်းဖိအားပေးတဲ့ အနေနဲ့ စီးပွားရေး အရ မဆက်ဆံဖို့၊
ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့ အရေးယူ အပြစ်ပေး ဒဏ်ခတ်လေ့ရှိကြတယ်။ ဒီသဘောဟာ
တဘက်ကကြည့်ရင် နိုင်ငံရေး သဘောဆောင်တယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့်
တကယ့် စီးပွားရေး ပိတ်ဆို့မှု ရဲ့ အတွင်း အနှစ်သာရ က ဒီထက်ပိုပါတယ်။
လွယ်လွယ်
နဲ့ ရှင်းအောင် ဆိုရရင် “မသူတော် နဲ့ ပေါင်း စီးပွားမရှာဘူး” ဆို တဲ့
သဘောပါ။ ကျင့်ဝတ်သီလမဲ့ လုပ်ရပ်တွေကို အခြေပြုပြီး ရလာတဲ့ အကျိုးအမြတ်ကို
မယူဘူး၊ မလိုချင်ဘူး၊ သမ္မာ အာဇီဝ စစ်စစ် ဖြစ်တဲ့ စီးပွားရှာမှုမျိုးပဲ
လုပ်မယ်ဆိုတဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ လေးစားလိုက်နာမှု၊ ခံယူချက်၊
စောင့်ထိန်းချက် မျိုးကြောင့် ဖြစ်ပေါ်လာတဲ့ အရေးယူဆောင်ရွက်မှု
ပုံစံဖြစ်ပါတယ်။ ဒါပေမယ့် ဒီသဘောကို ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းမှ အပြည့်အဝ
လိုက်နာကျင့်သုံးတယ်ဆိုတာ ကမ္ဘာမှာ မရှိပါဘူး။ အကြောင်းက နိုင်ငံတိုင်း၊
အဖွဲ့အစည်းတိုင်းဟာ မိမိအကျိုးစီးပွား ကို ရှေ့တန်းတင် အဓိက စဉ်းစာပြီး
လမ်းစဉ်တွေ၊ မူဝါဒ တွေ ချမှတ်လေ့ရှိလို့ပါပဲ။ ဒါ့အပြင် သက်ဆိုင်ရာ
နိုင်ငံတွေရဲ့ နိုင်ငံရေး အခြေအနေ၊ ကမ္ဘာ့နိုင်ငံရေး၊ ပထဝီ နိုင်ငံရေး
စတာတွေနဲ့လည်း သက်ဆိုင်လေ့ ရှိပါတယ်။
ကမ္ဘာ့ အထင်ကရ
ဒီမိုကရေစီ တိုင်းပြည်ကြီးဖြစ်တဲ့ အမေရိကန်ဟာ သူတို့ အကျိုးစီးပွားအတွက်
ကမ္ဘာအရပ်ရပ်က လူ့အခွင့်အရေး အချိုးဖောက်ဆုံး အစိုးရတွေကို အကာအကွယ်ပေး၊
ထောက်ပံ့၊ နိုင်ငံရေး၊ စီးပွားရေး ဆက်ဆံမှုတွေ လုပ်ခဲ့ရပါတယ်။ အရင်
စစ်အေးခေတ် ကာလတုန်းကဆိုရင် နိုင်ငံရေး လိုအပ်ချက် အကျိုးရလဒ် အတွက်
ကွန်မြူနစ် ဆန်ကျင့်ရေး အာဏာရှင်တွေကို ကမ္ဘာ့အနှံ့က
ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ အာဏာမြဲ တည်တံ့အောင် ဆောင်ရွက်ပေးခဲ့တာပါပဲ။
စစ်အေးခေတ်ကုန်ဆုံးတဲ့ အချိန်မှာ အမေရိကန် အပါအဝင် အနောက် ဒီမိုကရေစီ
အုပ်စုရဲ့ နိုင်ငံခြားရေး နဲ့ စီးပွားရေး မူဝါဒတွေဟာ လူ့အခွင့်အရေးကို
ပိုမိုအလေးပေး စဉ်းစားလာကြပေမယ့် ဦးစားပေး နံပါတ်တစ်အနေနဲ့ ရှိနေမြဲကတော့
မိမိအကျိုးစီးပွားကို အဓိက အခြေပြု မူဝါဒဖော်ဆောင်ခြင်းပါပဲ။
ဒါပေမယ့်
ဒီမိုကရေစနစ်ရဲ့ ကောင်းမွန်တဲ့ သဘောအရ ပြည်သူ့သဘော ဆန္ဒ က
နိုင်ငံမူဝါဒတွေမှာ အနည်းနဲ့ အများဆိုသလို အရေးပါ၊ အရာရောက်နေတဲ့အတွက်
သူတို့ တိုင်းပြည်တွေက ပြည်သူလူထု နဲ့ လူ့မှု အဖွဲ့အစည်းတွေရဲ့ ကမ္ဘာ့ရေးရာ
အဖြစ်အပျက်၊ အကြောင်းအရာ ကိစ္စအဝဝကို မျက်ခြေမပြတ်မှု အနည်းအများ
အပေါ်မူတည်ပြီး သူတို့ အစိုးရ တွေ၊ သူတို့ နိုင်ငံက ကုမ္ပဏီကြီးတွေ
နိုင်ငံရေး၊ စီးပွားရေးအရ ဆက်ဆံနေတဲ့ နိုင်ငံတကာက တိုင်းပြည်တွေမှာ
ဖြစ်ပေါ်နေတဲ့ လူသားချင်း စာနာထောက်ထားမှု ကင်းမဲ့မှုတွေ၊ လူ့အခွင့်အရေး
ချိုးဖောက်မှု နဲ့ သဘာဝပတ်ဝန်းကျင့် ညစ်ညမ်းစေမှုတွေကို ဝေဖန်၊ ထောက်ပြ၊
ကန့်ကွက်ပြီး ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့ တောင်းဆိုကြရင် နိုင်ငံ့ နဲ့
ပုဂ္ဂလိက အဖွဲ့အစည်း အကျိုးစီးပွားထက် လူ့အခွင့်အရေးဘက်၊ ဒါမှမဟုတ်
သဘာဝပတ်ဝန်းကျင့်ကာကွယ်ရေးရှုထောင့်ဘက်ကို အခြေပြုပြီး စဉ်းစားဆောင်ရွက်မှု၊
မူဝါဒ ချမှတ်မှု၊ ဥပဒေပြုမှု တွေကို မဖြစ်မနေ လုပ်ရတတ်တာတွေလည်း ရှိပါတယ်။
ဒီသဘောဟာ တိုင်းပြည် အနာဂတ် ရေနံအတွက် ကမ္ဘာပတ် စစ် ဖြစ်ရတာမျိုးတွေကို
မကာကွယ် မတားဆီးနိုင်ပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှု အပါအဝင် အခြား
ကျင့်ဝတ်မဲ့ လုပ်ရပ်တွေကို နိုင်ငံရေး နဲ့ အမျိုးသား အကျိုးစီးပွားအလိုအရ
လုံးဝ မျက်စိမှိတ်၊ နားပိတ်၊ မျက်ကွယ်ပြုပြီး အာဏာရှင်တွေ တည်မြဲအောင်
လုပ်ပေးနေရတဲ့ စစ်အေးခေတ်ထက်တော့ လူ့အခွင့်အရေး နဲ့ ကျင့်ဝတ် ရှုထောင့် က
ကြည့်ရင် နည်းနည်း ပိုကောင်းလာတယ်လို့တော့ ဆိုချင်ရင် ရပါတယ်။
အထက်မှာ
ဆိုခဲ့တဲ့ “မသူတော် နဲ့ စီးပွားပေါင်း မလုပ်ဘူး” ဆိုတဲ့ ကျင့်ဝတ်သဘော
မူဝါဒကို ထိခိုက်စေတဲ့ နောက်တချက်ဖြစ်တဲ့ ပထဝီ နိုင်ငံရေး ကို ဥပမာပြရရင်
အရင်ခေတ် ဗမာ စစ်အစိုးရ နဲ့ ကမ္ဘာ့ထိပ်တန်း ဒီမိုကရေစီ တိုင်းပြည်ကြီး
တခုဖြစ်တဲ့ အိန္ဒိယ တို့ရဲ့ ဆက်ဆံရေး ကို ပြရပါမယ်။ အိန္ဒိယ အစိုးရဟာ
ကနဦးမှာ စစ်အစိုးရ နဲ့ နိုင်ငံရေး၊ စီးပွားရေး လုံးဝ မဆက်ဆံဘဲ ဗမာပြည်
ဒီမိုကရေစီလှုပ်ရှားမှုကို အပြည့်အဝ ထောက်ခံပေးခဲ့တယ်။ ဒါပေမယ့် ပထဝီ
နိုင်ငံရေး အရ ဗမာ စစ်အစိုးရနဲ့ ပိုမိုနီးစပ်ပြီး ဒေသတွင်းမှာ လူတွင်ကျယ်
ဖြစ်နေတဲ့ တရုတ် နိုင်ငံရဲ့ သြဇာ အာဏာ ကို ထိန်းညှိလိုမှုကြောင့်
နောက်ပိုင်းမှာ အိန္ဒိယ အစိုးရဟာ ဗမာပြည်နဲ့ သက်ဆိုင်တဲ့ နိုင်ငံခြားရေး
မူဝါဒ ကို ပြောင်းလဲခဲ့ရတယ်။ အမျိုးသား အကျိုးစီးပွားကြောင့် ကိုယ်ကျိုး
ငဲ့ပြီး မဖြစ်မနေ ပြောင်းလဲလိုက်ရတဲ့ မူဝါဒလို့လည်း ဆိုနိုင်ပါတယ်။ တရုတ်
ရဲ့ ဒေသတွင်းနဲ့ ကမ္ဘာမှာ အင်အားကြီးမားလာနေတာကို ဗဟိုပြုပြီး
ပြောင်းလဲလာတဲ့ အမေရိကန် ရဲ့ လက်ရှိ အာရှ နဲ့ ပစိဖိတ် ဒေသ နိုင်ငံရေး၊
စစ်ရေး၊ စီးပွားရေး မူဝါဒတွေဟာလည်း ဒီသဘောပါပဲ။
ဒါကတော့
နိုင်ငံတကာမှာ ဖြစ်ခဲ့တဲ့၊ ဖြစ်လေ့ရှိတဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကြောင့်
နိုင်ငံရေး၊ စီးပွားရေး အရ တနိုင်ငံလုံးအတိုင်းအတာနဲ့ အရေးယူ လုပ်ဆောင်တဲ့
ပိတ်ဆို့တာဆီး ပုံစံဖြစ်ပြီး သူ့ရဲ့ လက်တွေ့ အကောင်အထည် ဖော်ဆောင်ရာမှာ
ထည့်သွင်းစဉ်းစားရလေ့ရှိတဲ့ အချက် နဲ့ အားနည်ချက် သဘောတွေ ဖြစ်ပါတယ်။
ဒါ့အပြင် အထက်မှာ ဆိုခဲ့တဲ့ အိန္ဒိယ မိုင်းတွင်း ကုမ္ပဏီ အဖြစ်အပျက်လို
တနိုင်ငံလုံး သဘောမဟုတ်ဘဲ၊ တနည်းအားဖြင့် နိုင်ငံရေး သဘော အဓိက မဆောင်ဘဲ
ကျင့်ဝတ်ပိုင်းဆိုင်ရာ အရ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းကြီးတွေ
တခုချင်းသီးသန့် ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့၊ စီးပွားရေး အရ မဆက်ဆံဖို့၊
ဝယ်ယူအားပေး ခြင်းမပြုဖို့ လုပ်ဆောင်တဲ့ အရေးယူပိတ်ဆို့၊ စီးပွားရေး
ဒဏ်ခံမှုတွေလည်း ရှိပါတယ်။ ဒီလို စီးပွားရေးလုပ်ငန်းကြီးတွေ ရဲ့
စီးပွားရှာမှု လုပ်နည်း၊ လုပ်ဟန် သမာသမတ်ကျ/မကျ၊ ကျင့်ဝတ် ညီမှု ရှိ/မရှိ
ကိုကြည့်ပြီး တဖွဲ့ချင်း၊ တခုချင်း ကွက် အရေးယူ ဒဏ်ခတ်တဲ့ သဘောက လူသား
နဲ့ စီးပွား ကျင့်ဝတ်ပိုင်း ဆိုင်ရာ အရကြည့်ရင် ပိုပြီး ထိရောက်၊ လက်တွေ့
အလုပ်ဖြစ်တယ်လို့ ဆိုရပါမယ်။
အကြောင်းက ကမ္ဘာနဲ့ချီ
စီးပွားလုပ်ဆောင်နေတဲ့ နိုင်ငံပေါင်းစုံပါဝင်တဲ့
စီးပွားရေးလုပ်ငန်းကြီးတွေဟာ မိမိတို့ရဲ့ အကျိုး/အမြတ် ရလဒ်
ရေရှည်တည်မြဲစေဖို့၊ ဈေးကွက်မှာ နေရာအမြဲတမ်း ရနေစေဖို့ အတွက် စားသုံးသူ၊
စီးပွားဘက် နဲ့ ပြိုင်ဘက်တွေ အကြေားမှာ နာမည်ကောင်းရဖို့ အရေးကြီးတဲ့အတွက်
သူတို့ရဲ့ စီးပွားရေး လုပ်နည်း၊ လုပ်ဟန်တွေ တရားဝင်ကြောင်း၊
ကျင့်ဝတ်ညီကြောင်း၊ လူ့အခွင့်အရေး ကို လေးစားလိုက်နာကြောင်း နဲ့
သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေကြောင်း သက်သေပြုနိုင်ဖို့ လိုတဲ့
အတွက်ကြောင့် ဖြစ်ပါတယ်။ လူသိများတဲ့ အင်္ဂလိပ်စကားလုံးနဲ့ ဆိုရရင် ကုမ္ပဏီ
ရဲ့ Image ကောင်းဖို့ လိုလို့ ဖြစ်ပါတယ်။ ဒီလို အနေအထား နဲ့
တောင်းဆိုမှုကြောင့် ကမ္ဘာ့စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဟာ အာဏာရှင်နဲ့
ပေါင်း စီးပွားမရှာမိဖို့၊ လူ့အခွင့်အရေး မချိုးဖောက်မိဖို့၊ မိမိ ရဲ့
ဝန်ထမ်း အလုပ်သမားတွေ ကို နိုင့်ထက်စီးနင်း ဂုတ်သွေးစုပ်
နင်းမခိုင်းမိစေဖို့၊ မိမိ လုပ်ငန်းလုပ်တဲ့ ဒေသက ဒေသခံတွေရဲ့ အကျိုးစီးပွား
နဲ့ အိုးအိမ်၊ စည်းစိမ် ကို မပျက်စီးစေဖို့၊ ဥတု သဘာဝ နဲ့ ပတ်ဝန်းကျင် ကို
မထိခိုက်စေဖို့ မဖြစ်မနေ အလေးထား စီစဉ် ဆောင်ရွက်၊ မူဝါဒ ချမှတ်လာရပါတယ်။
ဆိုခဲ့သလို
လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး၊ သဘာဝ ပတ်ဝန်းကျင် နဲ့ သက်ဆိုင်တဲ့
ကျင့်ဝတ်ပိုင်းဆိုင်ရာ ချိုးဖောက်နေကြောင်း အစွပ်အစွဲ ခံရရင် စီးပွားရေး
လုပ်ငန်း ရဲ့ နာမည် အကြီးအကျယ် ထိခိုက်စေပြီး လုပ်ငန်းက
အစုရှယ်ယာရှင်တွေရဲ့ အရင်းအနှီးတွေ နှုတ်ထွက်တာ၊ လုပ်ငန်းရဲ့
စားသုံးသူ/သုံးစွဲသူ တွေက သုံးစွဲ၊ ဝယ်ယူအားပေး မှု မလုပ်တော့တာ၊ ဈေးကွက်
မှာ နာမည်ပျက်တာ တွေ ရင်ဆိုင်လာရနိုင်ကာ မိမိရဲ့ ကိုယ်ကျိုးစီးပွား အမြတ်
ရရှိမှု နဲ့ ရေရှည် တည့်တံ့ ခိုင်မြဲ တိုးတက်မှုကို ထိခိုက်လာနိုင်တဲ့အတွက်
မိမိရဲ့ စီးပွားလုင်ငန်းဆောင်ရွက်မှုပုံစံကို တရားဥပဒေ နည်းလမ်းတကျ
ဝတ်တန်းကျေ ဆောင်ရွက်ရုံနဲ့ မလုံလောက်တော့ဘဲ တတ်နိုင်သမျှ လူမှုစီးပွား
ကျင့်ဝတ်တွေနဲ့ပါ ညီအောင် အလေးထား လာရပါတယ်။
မြင်သာတဲ့ ဥပမာ
ဆိုရရင် ကမ္ဘာ့ ဆက်သွယ်ရေး နဲ့ နည်းပညာ ဈေးကွက် မှာ ထိပ်တန်း ရောက်နေတဲ့
အဆင့်မြင့် လျှပ်စစ် နည်းပညာ တကိုယ်ရည် နဲ့ လုပ်ငန်းသုံး အသုံးအဆောင်
ပစ္စည်းတွေထုတ်တဲ့ ပန်းသီးတံဆိပ် ကုမ္ပဏီရဲ့ တရုတ် နဲ့ ထိုင်ဝမ် နိုင်ငံက
စက်ရုံတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ အလုပ်သမားတွေရဲ့ လုပ်ခလစာ နည်းမှု၊ အလုပ်သမား
အခွင့်အရေး အချိုးဖောက်ခံရမှု၊ အလုပ်သမားတွေ လုပ်ငန်းခွင် နဲ့
လူမှုစီးပွားဒဏ် ကို မခံနိုင်လို့ ကိုယ့်ဘာသာ သတ်သေခဲ့မှု ဖြစ်စဉ်
သတင်းတွေနဲ့ ဒီ ဖြစ်ရပ်တွေရဲ့ အကျိုးဆက် ဂရက်တွေ ကို ပြရပါမယ်။ ကမ္ဘာတဝှမ်းက
ပန်းသီးတံဆိပ် ကုမ္ပဏီရဲ့ နည်းပညာ ကို သဘောကျ နှစ်သက် အားပေးကြတဲ့
သုံးစွဲသူတွေဟာ သူတို့ သုံးစွဲနေတဲ့ ပစ္စည်းတွေရဲ့ ဖြစ်ပေါ်လာပုံ နဲ့
နောက်ကွယ်က အကြောင်း၊ သတင်း ဖြစ်ရပ်ဆိုးတွေကို သိမြင်လာရတော့ ကုမ္ပဏီရဲ့
စီးပွားလုပ်နည်း၊ လုပ်ဟန်နဲ့ ကျင့်ဝတ် အပေါ် မေးခွန်းထုတ်မှုတွေဖြစ်လာကာ
ပန်းသီးတံဆိပ် လျှပ်စစ် ပစ္စည်းတွေကို မသုံးစွဲတော့ဖို့ ထုတ်ဖော် ဆန္ဒ
ပြုမှုတွေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ပန်းသီးတံဆိပ် ကုမ္ပဏီကလည်း ဒီလို ဈေးကွက်
မှာ နာမည် နဲ့ တံဆိပ် ကို ထိခိုက်စေမယ့်၊ အကျိုးစီးပွားကို ပျက်စီးစေမယ့်
အဖြစ်အပျက်တွေကို ရှောင်ကြဉ်နိုင်ဖို့ အပြုသဘောဆောင်တဲ့ အလျင်အမြင်
အရေးယူမှု တွေ၊ အစီအစဉ်တွေ၊ မူဝါဒတွေကို ချမှတ် ဖော်ဆောင်ခဲ့ရပါတယ်။
ဒီလို
အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေ၊ အခြား လူ့အခွင့်အရေး နဲ့
သဘာဝပတ်ဝန်းကျင် ကို ထိခိုက်စေတဲ့ အပြုအမူတွေဟာ ဥပမာပြုခဲ့တဲ့ ပန်းသီး
ကုမ္ပဏီလို အဖွဲ့အစည်းတခုတည်းမှာပဲ ဖြစ်ပေါ်လေ့ရှိတဲ့ အဖြစ်အပျက်တွေ
မဟုတ်သလို ကမ္ဘာ့ စီးပွားရေး မှာ အရေအတွက် အနည်းစု ဖြစ်နေတာလည်း မဟုတ်ပါဘူး။
ကမ္ဘာ့ပတ်လည် စီးပွားလုပ်ဆောင်နေတဲ့ နိုင်ငံပေါင်းစုံပါဝင်တဲ့ စီးပွားရေး
ကော်ပိုရေးရှင်းကြီးတွေတိုင်းမှာ အလားတူ အဖြစ်အပျက်မျိုးတွေ
မြင်တွေ့ရလေ့ရှိပါတယ်။ ဒီလို တရား မမျှမတ၊ ကျင့်ဝတ်မဲ့
စီးပွားလုပ်ဆောင်နေမှုတွေကို လူအများစု သိအောင်၊ စားသုံးသူ/သုံးစွဲသူ တွေ
သိမြင်ခံစားလာအောင်၊ အစုရှယ်ယာရှင် နဲ့ ငွေကြေးအရင်းအနှီး ထောက်ပံ့သူတွေ
နားလည်လက်ခံလာအောင် လူအခွင့်အရေး နဲ့ လူမှု အဖွဲ့အစည်းတွေက ဝိုင်းဝန်း
ဆော်သြလေ့ရှိပြီး မတရားမှုတွေ ပျောက်အောင်၊ လူသား နဲ့ သဘာဝ ပတ်ဝန်းကျင်
ထိခိုက်နစ်နာမှုတွေ နည်းအောင် နိုင်ငံတကာ အစိုးရတွေ နဲ့ အစိုးရမဟုတ်တဲ့
အဖွဲ့အစည်းတွေ၊ စီးပွားရေး ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေကို
တရားနည်းလမ်းကျတဲ့ ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်း နဲ့ ကျင့်ဝတ် တွေ
သတ်မှတ်ပြဋ္ဌာန်းပေးဖို့ တိုက်တွန်းနှိုးဆော်လေ့ရှိပါတယ်။
ဥပမာ
တခု ပြရရင် ပြည်တွင်းစစ်ဖြစ်နေတဲ့ အာဖရိက ပဋိပက္ခ ဒေသတွေက ထွက်တဲ့
စိန်တွေကို နိုင်ငံတကာမှာ ရောင်းဝယ် ဖောက်ကားမှု မလုပ်ဖို့ လွန်ခဲ့တဲ့
ဆယ်စုနှစ် အတွင်းမှာ ကမ္ဘာအနှံ့က လူ့အခွင့်အရေး အဖွဲ့တွေ၊ ဒီမိုကရေစီ
အစိုးရတွေ နဲ့ ကုလ သမဂ္ဂ အပါအဝင် နိုင်ငံတကာ က အစိုးရမဟုတ်တဲ့
အဖွဲ့အစည်းကြီးတွေက ဝိုင်းဝန်း တောင်းဆိုမှုတွေရှိခဲ့ပြီး ပဋိပက္ခ ဒေသထွက်
စိန်တွေ လက်တွေ့ ဈေးကွက်မှာ အရောင်းအဝယ် မဖြစ်စေဖို့လည်း
ဥပဒေတွေပြဋ္ဌာန်းတာ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကတိခံဝန်ချက်၊ သဘောတူညီမှုတွေ
လုပ်တာတွေ ရှိခဲ့ဖူးပါတယ်။ သုံးစွဲသူတွေ အကြားမှာ စိန်တွေ ထွက်ပေါ်လာရာ
လမ်းကြောင်း၊ ကြေကွဲဖွယ် နောက်ခံသမိုင်း နဲ့ ဇစ်မြစ် သဘော ကို
သိနားလည်လာစေဖို့လည်း လှုံ့ဆော်ပညာပေးမှုတွေ လုပ်ခဲ့ပါတယ်။ အထူးသဖြင့်
ပိုက်ဆံချမ်းသာပြီး အများစု ဝယ်ယူသုံးစွဲနေကြတဲ့ (ဝယ်ယူသုံးစွဲနိုင်တဲ့)
အမေရိက နဲ့ အနောက်ဥရောပ က ပြည်သူလူထု (အမျိုးသမီးအဓိက) ကြားမှာ အဓမ္မမှုတွေ
တင်းကြမ်းပြည့်နေတဲ့ သွေးစွန်းနေတဲ့ စိန်တွေ ကို ဝယ်ယူသုံးစွဲ အပေါ်ရံ
အလှတန်ဆာဆင်နေမှုရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ အားနည်းပုံ၊
ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဓန အင်အားကြီးတဲ့ နိုင်ငံကြီးတွေက လက်နက်
ကုမ္ပဏီကြီးတွေကပဲ ဒီလို ပြည်တွင်းစစ် ဖြစ်နေတဲ့ ပဋိပက္ခ ဒေသတွေမှာ လက်နက်တွေ
အကြီးအကျယ်ရောင်းချပြီး ရရှိတဲ့ အကျိုးအမြတ် ပိုက်ဆံတွေနဲ့ အဲ့ဒေသက
စိန်တွေကို ပြန်ဝယ်သလို ဖြစ်နေပုံ၊ ဒီလို အကျိုးအမြတ်ကြီးတဲ့ သဘာဝသယံဇာတ
ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် စီးပွားအတွက် ဒေသတွင်းမှာ ပဋိပက္ခ နဲ့
စစ်ပွဲတွေ အဆုံးမသတ်နိုင် ဖြစ်နေပုံတွေကို လူအများစု သိမြင် ခံစားနားလည်
လာအောင် လူထု ပညာပေး လုပ်ငန်းတွေနဲ့ ဆွေးနွေးပွဲ၊ ရှုံ့ချ ပွဲတွေ
လုပ်ခဲ့ဖူးပါတယ်။
ဒီလို အာဖရိက ရဲ့ ကြေကွဲဖွယ် ဖြစ်ရပ်မှန်
နောက်ခံ အခြေအနေကို မှီးပြီး ဟောလီးဝုဒ်က “သွေးစွန်းနေတဲ့ စိန်” ဆိုပြီး
ရုပ်ရှင်ရိုက်ခဲ့ဖူးပါတယ်။
ဒီလို ကမ္ဘာပတ်လည်
စီးပွားလုပ်ဆောင်ရမှာ ဖြစ်ပေါ်နေတဲ့ ကျင့်ဝတ်၊ သီလ နဲ့ တရားမဲ့မှုတွေ
လျော့ပါးလာအောင် အစိုးရတွေ နဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ စီးပွားရေး
ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေက နိုင်ငံတကာ စံနှုန်း၊ စံညွှန်း၊
သဘောတူညီချက် တွေ အရ လေးစား လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်ဥပဒေသပြဋ္ဌာန်းမှု
တွေ လက်တွေ့ လုပ်ဆောင်လာရပါတယ်။ ဒါကြောင့် ကမ္ဘာနဲ့ချီပြီး နိုင်ငံတကာမှာ
စီးပွားရှာချင်တဲ့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကလည်း ဒီလို
ဥပဒေ၊ ကျင့်ဝတ် နဲ့ လုပ်ထုံး၊ လုပ်နည်း တွေကို သူတို့ရဲ့ စီးပွားရေး
လုပ်နည်း၊ လုပ်ဟန် နဲ့ မူဝါဒတွေမှာ မဖြစ်မနေ ထည့်သွင်း ကျင့်ကြံ
လုပ်ကိုင်လာရပါတယ်။
ဒီလို ရေရှည်
အကျိုးစီးပွားဖြစ်ထွန်းမှုကို ဖော်ဆောင်တဲ့ “ရှဥ့်လည်း လျှောက်သာ ၊ ပျားလည်း
ဆွဲသာ”၊ လူ၊ သဘာဝ၊ ငွေကြေး အကျိုးအမြတ်ဘယ်သူ့ ဘယ်သူ မှ တဘက်စောင်းနင်း
မထိခိုက်စေဘဲ စီးပွားလုပ်ဆောင်တဲ့ သဘောဟာ ဆောင်းပါး အစ မှာ ဆိုခဲ့တဲ့
“စဉ်ဆက်မပြတ် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Development)”
ဆိုတဲ့ ခေတ်သစ် ဘောဂဗေဒ နဲ့ ဖွံ့ဖြိုးတိုးတက်ရေး သီအိုရီ နည်းနာ နိဿယ
ဖြစ်ပါတယ်။
ငြိမ်းချမ်းအေး
၁၂ ၊ စက်တင်ဘာ ၊ ၂၀၁၂
(ဒုတိယ ပိုင်း ဆက်လက် ဆွေးနွေး တင်ပြပါမည်။)
မြန်မာပြည် က လူတွေသည် မြေဇာပင် မဟုတ်။
by Aye Aye Soe Win on Wednesday, September 12, 2012 at 10:43am ·
မြန်မာပြည်
က လူတွေသည် မြေဇာပင် မဟုတ်။ မသက်ဆိုင်သောသူများ၏ နိုင်ငံရေးအာဂျန်ဒါများ၊
အဆက်အစပ်မရှိ ရှေ.တန်းရောက်လာနေတဲ.အတွက် ဒီစာကို ရေးပါတယ်။
အရှေ.အလယ်ပိုင်းမှာ လောင်တဲ.မီး။
နိုင်ငံတကာ
ခေါင်းဆောင် ၃ ဦး က ဆီ ရီးယား မှာဖြစ်နေတဲ. တိုက်ပွဲတွေ၊
အကြမ်းဖက်မှုတွေနဲ.ပတ်သက်ပြီး ခြုံငုံပြောဆိုတဲ. အသံ ၃ သံကို
(မြန်မာပြည်မှာ ဘင်ဂါလီ အရေး မီးဆက်မွှေးနေတဲ.သူတွေ သိအောင်)
နှိုင်းယှဉ်နိုင်အောင် သူတို.စကားအတိုင်း အောက်မှာ တင်ပြပေးလိုက်ပါတယ်။
“The massacres in Syria that gain strength from the international
community’s indifference are continuing to increase…The regime in Syria
has now become a terrorist state.” – Turkish prime minister Recep
Erdogan told a meeting of his ruling AK Party on Wednesday
(((သုံးသပ်ချက်--စီရီးယားမှာ
ဖြစ်နေတာတွေကို ခု ဘယ်န်ုင်ငံကမှာ အလေးမထားတော.ဘူး။ မျက်နှာလွဲ ခဲ ပြစ်
သဘောထားကြောင်.ပဲ ပို အားကြီးလာတယ်။ စီရီးယား ဟာ
အကြမ်းဖက်မှုတွေပြည်.နေတဲ.နိုင်ငံလို.တူရကီ
ဝန်ကြီးချုပ်ကပြောပါတယ်။---ဒီတော.--မြန်မာတွေက တူရကီ ပါ အဖွဲ.၀င်ဖြစ်လေတဲ.၊
အို အိုင်စီကို တခုပဲ ပြောလိုက်ပါ။ ဆီ ရီးယားအတွက်ပဲပူကြပါ။ ဆီ
ရီးယားမှာတောင် ကမ္ဘာက ခု မျက်နှာလွဲ ခဲ ပစ်။ ဘာကြောင်. မြန်မာပြည် လာ၊
တပူပူလုပ်နေကြတာလဲ။ အိုအိုင်စီ အဖွဲ.၀င်နိုင်ငံက သူတွေ လာစစ်ဆေးရအောင်
သူတို.က ဘာမို.လဲ--လို. ပြန်မေးခွန်းထုတ်ကြပါ)))
“Why should Russia be the only one reassessing its position? Perhaps
our negotiating partners should reassess their position…Because if you
recall what happened in recent years… you will see that far from all of
our partners’ initiatives ended the way they wanted them to.” – Russian
president Vladimir Putin told Russia Today television in regards to
Syria on Thursday.
(((သုံးသပ်ချက်---ရုရှားတနိုင်ငံက
ဘာကြောင်.မိမိအနေအထား မိမိ ပြန်သုံးသပ်ရမှာလဲ။ မကြာသေးသော နှစ်တွေ မှာ
ဖြစ်သမျှ ပြန်သုံးသပ်ရင်--နိုင်ငံ အသီးသီးမှာ--ပါတနာဆိုတဲ. နိုင်ငံတွေဟာ
ကိုယ်လုပ်ချင်ရာကို ကိုယ်ဖြစ်စေချင်သလို အဆုံးသတ်ခဲ.ကြတာပါပဲ လို. ပူတင်က
ပြောပြီ။ ဒီတော.--ကမ္ဘာနဲ. နှိုင်းယှဉ်ရင် မဖြစ်စလောက် သော- ဘင်ဂါလီ
အရေးဒို.အရေးသမားတွေ ကို မြန်မာပြည်သူလူထု က
ကိုယ်.တိုင်းပြည်အရေးကိုယ်.အရေး ဆိုတဲ. လက်ဦးမှုနဲ.ပဲ ပွဲစားတွေ ဘယ်လို
ခြောက်ခြောက် မမှုပဲ--ကိုယ်.နိုင်ငံ ဂုဏ်ကိုယ်ဆက်ဖေါ်ဆောင်ပါ)))
“The clock is ticking at a different pace [for the United States and
Israel].” – Israeli defense minister Ehud Barak speaking about
differences between the two countries over Iran to a meeting of his
Independence party.
(((သုံးသပ်ချက်--အီရန်နှင်.ပတ်သပ်၍
အစ္စရေးနဲ. အမေ ရိက သွားနေတဲ. နှုန်းချင်း မတူ ညီ လို.
အစ္စရေးကာကွယ်ရေးဝန်ဲကြီးကပြောတယ်။ ဟုတ်ပါသည်။ အမေရိက၏လတ်တလောအပူသည်
ရွေးကောက်ပွဲသာဖြစ်နေသည်။
မြန်မာပြည်မှ လူ ၈၀ သည်၎င်း၊ စီရီးယားမှ လူ ၃၀၀၀၀ သည် အဆုံး အရှုံ့း
ကိန်းဂဏန်းသက်သက်သာဖြစ်သည်။ ဘင်ဂလားဒက်ရှ် နယ်ခြား မှ ကျော် ၀င်လာသော
ဘင်ဂါဘီ ပြဿနာကြောင်. မြန်မာနိုင်ငံကို ဘယ်သူမှ လာဖိအားပေးလို.မရ။ )))
တူရာတူရာ
အစိုးရအတွင်းစည်းထဲရောက်နေတဲ. ဘင်ဂါလီ ပွဲစားတွေမှာဒါလေးတွေ သွားတွေ.ပါတယ်။
၁--ကချင်
ကပြဿနာကိုပဲ ပြဿနာလို. မြင်တယ်။ ရခိုင် ကပြဿနာကို ဘင်ဂါလီ
လူ.အခွင်.အရေးတဲ.။ မြန်မာ ရခိုင်တွေ က အရိုင်းအစိုင်းတွေတဲ.။ ဘုန်းကြီးတွေက
racists တဲ.။
၂--အေဘီမြောက်ပိုင်း ကိစ္စက (ဘုံရန်သူအစိုးရကို
အားပျော.အောင် လုပ်တဲ.နေရာမှာ) အနှေက်အယှက်ဖြစ်နေတယ်တဲ.၊
အချိန်မတန်သေးဘူးတဲ.။ ပါဂျောင်မြောက်ပိုင်းစခန်းကိစ္စ ကို
ရှေ.တန်းမတင်ပါနဲ.တဲ.။
၃-- ပွင်.လင်းဇောင်းပေး ၊ အခြောင်သမား အခန်းကဏ္ဍ
တရားဝင်ဖြစ်လာရေးအတွက် ပြင်ပက အန်ဂျီအိုတွေ နဲ. လက်ဝါးရိုက်ထားသူများ၊
ပြည်တွင်း က ထိပ်သီးတို.၏ ရုံးခန်းတွေမှာ
ချောင်းပေါက်မတတ်ဖြစ်နေတာကို--နိုင်ငံရေးလို.ဆိုသတဲ.။ သတင်းလို.ဆိုသတဲ.။
တကဲ. သတင်း
တကဲ.သတင်း news worthy ဖြစ်ရမှာက မြန်မာပြည် ကို ရေပေါ်ရေအောက် မြေပေါ်မြေအောက် ဖျက်ဆီးနေသော
(၁)တရုတ် လွှမ်းမိုးမှု ကို အဆင်.ဆင်. ဆန်.ကျင်ရေး၊
(၂)အ နောက်တံခါး ကို အဆင်.ဆင်.ကာကွယ်မှု၊
(၃)
နိုင်ငံသားတွေ ရဲ. ရုန်းမရ လှုပ်မရ ဘ၀အခြေအနေတွေ၊သူတို. အခါခါ
အော်နေသော်လည်း၊ ဘယ်လို ခေါ်ခေါ် ခေါ်မရ အဖြေမရ၊ အကူအညီမရ၊ သူတို.တတွေ
အကြိမ်ကြိမ်ပြစ်ပယ်ခံ နေရဆဲမို. ဒုက္ခ ပင်လယ်ကြီးထဲမှာ အစုလိုက်အပြုံလိုက်
ရေနစ်နေတဲ. သတင်းတွေသာ တကဲ. သတင်းစစ်စစ် ဖြစ်ကြောင်း --ထပ်မံသတိပေး
နှိုးဆော်လိုက်ပါတယ်။
ကြည်.သောသူမြင်ပါ၏၊ မြင်အောင်.စေ.စေ.စပ်စပ်ကြည်.ဖို.တော.လိုပါကြောင်း---
အေးအေးစိုးဝင်း
စက်တင်ဘာ ၁၂ ၂၀၁၂