Thursday, September 13, 2012

ကိုမင်းကိုနိုင်၏အစ်မကြီး....



Ba Thet Aung
မနေ့က(၁၂၉၂၀၁၂)နေ့..နေ့လည်(၁)နာရီမှာစတင်တဲ့..တောင်ဥက္ကလာပမြို့နယ်ကစိတ်တိုင်းကျခမ်းမတွင်ကျင်းပသော
ရန်ကုန်တက္ကသိုလ်ပြန်လည်ရှင်သန်ဖွံ့ဖြိုးရေးနှင့်တ.က.သအဆောက်အအုံပြန်လည်တည်ဆောက်ရေး၏ပုံမှန်အစည်းအဝေးအပြီးတွင်
..ကိုမင်းကိုနိုင်၏မိဘများနေထိုင်ရာအိမ်သို့..မရောက်တာကြာ၍မိဘများနှင့်တွေ့ဆုံရန်ခေတ္တခဏ၀င်ရောက်တွေ့ဆုံခိုက်တွင်တွေ့မြင်
ရသောကိုမင်းကိုနိုင်၏အစ်မကြီး....မကြည်ကြည်ညွန့်မှ..ပြန်လည်လွတ်မြောက်လာပြီးအတူတူမနေသောယနေ့အချိန်အထိအများ
အကြိုးကိုဘဲဆက်လက်ပေးဆပ်လုပ်ဆောင်နေပြီးရံဖန်ရံခါမှ..အိမ်ကိုခေတ္တခဏအချိန်လေးဝင်ရောက်တွေ့ဆုံချိန်မှာဘဲ
..မောင်၏စားရေးသောက်ရေး..ကိုမေးမြန်းပြီး..“မင်းတို့ဘယ်လိုစားသောက်နေလဲ..အခုကောထမင်းစားပြီးကြပြီလားဟု..
စိုးရိမ်စိတ်ဖြင့်..မောင်ကိုမေးပြီး..အိမ်သို့လာချိန်လေးမှာယုယကြင်နာမှုကိုပေးလိုက်တာကိုမြင်တွေ့ခဲ့ရသောပီတိလေးကိုခံစားမိပါကြောင်း...

(ဗသက်အောင်)

ပုဇွန်တောင်မြို့နယ်အတွင်း အငြိမ်းစားရဲမှူး၏ဇနီးသည် သတ်ဖြတ်ခံရမှု

Popular Myanmar News Journal
ပုဇွန်တောင်မြို့နယ်အတွင်း အငြိမ်းစားရဲမှူး၏ဇနီးသည် သတ်ဖြတ်ခံရမှုတွင် တရားခံဟုယူဆရသူအား နှစ်ရက်အတွင်း ဖမ်းဆီးရမိခဲ့ပေမယ့် ယင်းဖမ်းဆီးရမိမှုတွင် အဖြစ်မှန်နှင့်အနည်းငယ် ခြားနားချက်များ၊ ရဲတပ်ဖွဲ့၏ အားနည်းချက်များရှိနေသဖြင့် အသတ်ခံရသူ၏ ကာယကံရှင်
မိသားစုတွင် နစ်နာမှုများရှိကြောင်း ၊ အသတ်ခံရသူ ဒေါ်မေနှင်းဆီဟန်၏ခင်ပွန်း ရဲမှူးဦးမျိုးချစ်ထွန်း (အငြိမ်းစား) က စက်တင်ဘာလ ၁၁ ရက် ရက်စွဲဖြင့် နိုင်ငံတော် သမ္မတထံ စာတစ်စောင်ပေးပို့ခဲ့ကြောင်းသိရသည်။
အဆိုပါ စာမှာ အဖြစ်မှန်ဖော်ထုတ်ပေးနိုင်ပါရန်နှင့် မိသားစု ဂုဏ်သိက္ခာထိခိုက်စေမှုကို ကာကွယ်ဖော်ထုတ်ပေးနိုင်ပါရန် အတွက် ပေးပို့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယင်းနှင့်ပတ်သက်၍ သေဆုံးသူ၏တူမဖြစ်သူက ပေါ်ပြူလာနယူးစ်သို့အတည်ပြုပြောကြားခဲ့သည်။

အကာအကွယ်မဲ့တဲ့ အိမ်ဖော်တွေအတွက် စဉ်းစားဖို့ အချိန်ကျနေပြီ

Myo Set
အိမ်ဖော်မလေး မအေးယုအောင်ဟာ မီးပူနဲ့အကပ်ခံခဲ့ရပ်ါတယ်။ သူမရဲ့ အိမ်ရှင် အမျိုးသမီးနဲ့ ထိုမိန်းမရဲ့ ခင်ပွန်းသည်ဖြစ်သူ တရားသူကြီး ဦးအောင်ဖုန်းဝင်းတို့ရဲ့ အမှုကို ဖုံးဖိဖျောက်ဖျက်ဖို့ကြိုးစားတာကို မီဒီယာတွေက အစပိုင်းမှာဖော်ပြခဲ့ကြပေမယ့်် ဒီနေ့မှာဆိုရင်တော့ဖြင့် အစအန ဘာမှကိုမကြားရလောက်အောင်ပဲ ဖြစ်သွားပါတယ်။

ဒါဟာ မြန်မာမီဒီယာလောကမှာ အရည်အချင်းပြည့်ပြည့်၊ စေတနာပါပါနဲ့ လုပ်ကိုင်နိုင်တဲ့ စိတ်ဝင်စားမှု ပေးနိုင်တဲပ လူငယ်၊ လူကြီး သတင်းထောက်တွေ နည်းပါးနေသေးတာကို ပြသနေတဲ့ လက္ခဏာတစ်ခုပဲဖြစ်ပါလိမ့်မယ်။

ယခုတစ်ဖန် ဒီမီဒီယာတွေကျေးဇူးကြောင့်ပဲ လူသတ်မှုတစ်ခုလို့ယူဆရတဲ့ အမှုကို ထပ်မံကြားသိရပါတယ်။ အိမ်ဖော်မလေး အသတ်ခံရတာပါ။ အိမ်ရှင်က သတ်တာပါ။

ဒါတွေဟာ Tips of the iceberg( ရေခဲတုံးကြီးရဲ့ မြင်ရတဲ့အပိုင်းလေး--မမြင်ရသော ရေထဲက အပိုင်းက အကြီးကြီးပုံစံ) သဘောတရားနဲ့ ရှုမြင်မိပါတယ်။ စီးပွားရေးကျဆင်းလာလို့ ကျောင်းမတက်နိုင်ဘဲ အိမ်ဖော်အလုပ်ကို ရွေးချယ်ရပါတယ်။ အများအားဖြင့် ကျေးလက်ဒေသတွေက ဖြစ်လေ့ရှိတာကိုတွေ့ရပါတယ်။ အဲ့ဒီလို ကျေးလက်ဒေသက လာတဲ့သူတွေဖြစ်တဲ့ အိမ်ဖော်မကလေးတွေဟာ သူတို့ရဲ့ အသိအကျွမ်း၊ အသိုင်းအဝန်းနယ်ပါယ်လဲ ကျဉ်းမြောင်းတာမို့ အကာအကွယ်လဲ သိပ်၇လေ့မရှိတတ်ပါဘူး။
ဒါကြောင့််မို့လို့ အခုလို ဝမ်းနည်းစရာတွေ ဖြစ်လာတဲ့ အချိန်ကျမှပဲ လူတွေသိရတယ်ဆိုတာမျိုးတွေဖြစ်နေတာပါ။

တစ်ကယ်တမ်းပြောရရင် ဒီလိုကိစ္စတွေရဲ့ အဖြေက စီးပွားရေးနဲ့ တရားဥပဒေပါပဲ။ အိမ်ဖော်မလေးတွေသာမက မည်သူမဆို တရားဥပဒေရဲ့ အကာအကွယ်နဲ့ ပြည်သူ့ဝန်ထမ်းဖြစ်တဲ့ ရဲတွေကသာ ကာကွယ်ပံ့ပိုးပေးနိုင်ရင် ဒီလို အသက်ဆုံးရှုံးမှုတွေဖြစ်စရာမရှိပါဘူး။ ဥပမာပြောရရင် ငယ်စဉ်က စာအုပ်ထဲမှာ သင်ခဲ့ရတာက ရဲတွေဆိုတာ ပြည်သူ့ဝန်ထမ်း..အားကိုးရာတွေပါ။ အခု အပြင်မှာကျတော့ ၇ဲတွေအနားချဉ်းကပ်လိုက်၇င် အားကိုးရာမဲ့မိန်းခလေးဆိုရင် ထပ်အနိုင်ကျင့်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့အဆင့််အထိ မကြာခဏရောက်သွားတာကို ကြားသိနေရပါတယ်။ အခြားလူတွေဆိုလဲ ထပ်ပြီး အရည်ညှစ်မလွှတ်လိုက်ရင် ကံကောင်းလို့ ပြောရမှာကို ရဲတွေနဲ့ ဆက်ဆံဖူးသူတွေ အများစု နားလည်ကြပါလိမ့်မယ်။

တိုင်းပြည်စီးပွားရေး မကောင်းလို့ ဒီလိုအလုပ်တွေ လုပ်နေရတယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် ဒီတိုင်းပြည်စီးပွားေ၇းဟာ လာမယ့် ၂ဝ၂၂ အထိ တက်ရိပ် အလွန်အမင်းမပြနိုင်ပါဘူး။ တိုင်းပြည်စီးပွားရေးတစ်ကယ်တက်လာ၇င် အရင်ဆုံး ဆင်းရဲတွင်းက ထွက်သွားမှာက လက်ရှိ မြန်မာပြည်က လူလတ်တန်းစားတွေပါ။ နင်းပြားတွေက သက်သာတယ်ဆိုရုံကလေး ဆိုနိုင်မှာပါ။ ဒါကြောင့် မြန်မာပြည်မှာ အိမ်ဖော်လူတန်းစားဟာ လာမယ့် ဆယ်စုနှစ်တွေအတွက်ဆက်ရှိနေဦးမှာပါ။ ဒီလိုအနေအထားတစ်ရပ်မှာ အိမ်ဖော်တွေကို လူသားချင်းမစာနာစွာ နှိပ်စက်မှု၊ ခြေတော်တင်မှု ..စတာတွေကို အပြည့်အဝ အကာကွယ်ပေးဖို့အတွက် ယနေ့ မီဒီယာများမှာ ကျယ်ကျယ်လောင်လောင် အသံထွက်ဖို့ လိုအပ်လာပြီဖြစ်ပါတယ်။

လွှတ်တော်ဆိုတာကတော့ ကြီးကြီးကျယ်ကျယ်တွေ (အပြင်မှာတော့လက်တွေ့ဖြစ်မလာသေး) လျှောက်ပြောနေတဲ့ နေရာဖြစ်နေဆဲမို့ အလုပ်မဖြစ်သေးဘူးလို့ပြောရမှာပဲဖြစ်ပါတယ်။ မီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့်ရေးနိုင်လာရင် လူထု သတိထားမိလာမှာဖြစ်ပါတယ်။ ဒီလို သတိထားမိလာမယ်ဆိုရင် လူလူချင်း နှိပ်စက်တာကို မကြိုက်တဲ့ အင်အားစုတွေ စုစည်းမိလာမှာဖြစ်ပါတယ်။ ဒီအင်အားစုတွေက ကန်ပိန်းအသွင်နဲ့ နိုင်ငံရေးဖိအားတွေကို အစိုးရထံ ဖိအားပေးနိုင်ပါတယ်။ အဲ့လို အဖွဲ့တွေက Civic society အမျိုးအစားတွေပါ။ တစ်ခုနဲ့ တစ်ခု နွယ်နေပါတယ်။

အကာအကွယ်မဲ့တဲ့ အိမ်ဖော်တွေအတွက် စဉ်းစားဖို့ အချိန်ကျနေပြီလို့ပဲ ပြောချင်ပါတော့တယ်။

ပြည်တွင်းပြန် နိုင်ငံခြားသား ခံယူထားသူများ၏ နိုင်ငံရေး ကစားကွက် နေရာ ...

by Ko Htike on Thursday, September 13, 2012 at 6:19pm ·

ပြည်တော်ပြန် နိုင်ငံရေး/တော်လှန်ရေးသမားတွေကို ၅ နှစ် နေခွင့်ပြုဖို့ အစိုးရက စဉ်းစားနေတယ်လို့ သတင်းထဲမှာ ဖတ်လိုက်ရပါတယ်။
အဆိုပါ ပုဂ္ဂိုလ်တွေဟာ ဘယ်လိုအကြောင်းနဲ့ ပြည်တွင်းကို ပြန်ဝင်ဝင် .. အတော်များများက နိုင်ငံခြားတိုင်းပြည်ရဲ့ နိုင်ငံသားတွေအဖြစ်နဲ့ ပြည်ဝင်ခွင့် လျှောက်ပြီး နေကြရတာ ဖြစ်ပါတယ်။
ဒီတော့ ပြည်တော်ပြန်တွေ ပြည်တွင်းမှာ .. ပြည်သူအကျိုးအတွက် နိုင်ငံရေးသမား ပုံစံနဲ့ နိုင်ငံရေး ကစားကွက်ထဲ ဝင်ဖို့က ခက်ခဲပါတယ်။ အနိမ့်ဆုံး အဖြစ် နေထိုင်ခွင့် ရဖို့အတွက်တောင် ခက်ခဲပါတယ်။ နေထိုင်ခွင့် ကျော်သွားလို့ (over stay ဖြစ်လို့) အဖမ်းခံရရင် .. နိုင်ငံရေးကြောင့် ဖမ်းခံရတာ မဟုတ်လို့ ပြဿနာက ထင်သလောက် ရှင်းမနေပါဘူး။
ဒါကြောင့် နိုင်ငံရေး လုပ်မှာလား၊ လူမှုရေး လုပ်မှာလားဆိုတာ ပြည်တော်ပြန်တွေအနေနဲ့ လက်တွေ့ အခြေအနေကို သေချာတွက်ပြီးမှ ဖြေရမယ့်မေးခွန်း ဖြစ်လာပါတယ်။ နိုင်ငံရေး သမားအဖြစ် နိုင်ငံရေး ကစားပွဲထဲ ဝင်ကစားမယ်ဆိုရင်တော့ အခုလောလောဆယ် အခြေအနေမှာ ပြည်တွင်းက ပါတီ တစ်ခုခုရဲ့ ပါတီဝင် အဖြစ်တောင် လျှောက်ထားဖို့တောင် နိုင်ငံခြားသား ဖြစ်နေလို့ မရပါဘူး။ ကိုယ်တိုင် အဖွဲ့အစည်း ထောင်ဖို့ဆို ပိုဝေးပါတယ်။
လူမူရေးအဖွဲ့ရော အဖြစ်ရော။ ဒါလည်း ... မသေချာပါဘူး။ ပြည်တွင်းမှာ NGO(s) တွေအတွက် တိကျတဲ့ ရှင်းလင်းတဲ့ ဥပဒေကလည်း မရှိသေးပါဘူး။
ဒီတော့ .. ပြည်တော်ပြန်တွေအတွက် ပြည်တွင်းမှာ အလုပ် လုပ်နိုင်အောင် "နားလည်မှု" တို့၊ "လျှို့ဝှက်အပေးအယူ" တို့ .. "အစိုးရဝန်ကြီး တချို့နဲ့ လက်ဝါးချင်း ရိုက်မှု" တို့ လုပ်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုပုံဆို ပွင့်လင်းမြင်သာမှုကတော့ အားအတော် နည်းသွားတယ်။ ပွင့်လင်းမြင်သာမှု မရှိဘဲ ဒီပုံစံနဲ့ အမြဲံဆက်သွားနေမယ်ဆိုရင်တော့ တိုင်းပြည်အတွက် အန္တရာယ်ကြီးပါတယ်။
နောက်ပြီး တိုင်းပြည်အကျိုးအတွက် လုပ်မှာလား ... မိမိစီးပွားရေး ဂွင်အတွက် နယ်စပ်မှာ အနေကျပ်လို့ ဝင်လာကြတာလား ဆိုတာကလည်း လူတိုင်းရင်ထဲက ထုတ်မပြောပေမယ့် သိနေတဲ့ သံသယ မေးခွန်းပါ။ ဒါကြောင့် အခုလောလောဆယ်မှာ ပြည်တွင်းဝင်လာသူတွေအတွက် နိုင်ငံရေးကစားစရာ နေရာ မရှိသေးဘူးလို့ ပြောလို့ရပါတယ်။ အစိုးရ ဝန်ကြီးတွေနဲ့ လျှို့ဝှက် သဘောတူညီမှုတွေနဲ့ လုပ်မယ်ဆိုရင်တော့ .. မပြောတတ်ဘူးပေါ့။
အခုနောက်ဆုံးတော့ အစိုးရက နားလည်မှုရှိတယ်၊ သဘောထားကြီးတယ် ဆိုပြီး ၅ နှစ် နေထိုင်ခွင့် ပေးဖို့ စဉ်းစားတယ်ဆိုပြီး သတင်းထွက်လာပါတယ်။ ရုတ်တရက် ကြည့်ရင် သဘောထားကြီး သလိုလိုပါပဲ။ တကယ်တမ်းမှာတော့ .. မင်းတို့တွေ ၅ နှစ် တိတိ နိုင်ငံရေး ကစားပွဲထဲ လာမရှုပ်နဲ့လို့ တရားဝင် ကြေငြာလိုက်တာပါ။ ဝန်ကြီးတွေကလည်း အတိုင်းအတာ တစ်ခုအထိပဲ သဘောတူပြီး ... အကျိုးပျက်မယ့် ကိစ္စမြင်ရရင်တော့ .. မြောက်ပိုင်းကိစ္စနဲ့ မကင်းသူတွေအတွက် .. အဲဒီ အနိုင်ကွက်ကို ထုတ်သုံးနိုင်စရာ ရှိနေပါတယ်။ အကျိုးရှိနေသေးရင်တော့ မသိချင်ယောင် ဆောင်နေဦးမှာပါ။ အခြားလူတွေကိုတော့ နိုင်ငံခြားသား ဖြစ်မှုဆိုတာနဲ့ စည်းအပြည့်အဝ ခြားထားမှာပါ။
အထူးသတိထားဖို့ကတော့ ပြည်တော်ပြန် နိုင်ငံခြားသား ခံယူထားသူတွေအနေနဲ့ .. လက်တလော ပြဿနာဖြစ်နေတဲ့ လက်ပံတောင်းတောင် ဧရိယာက ကိစ္စလို ဆန္ဒပြမှုတွေကို .. လူကိုယ်တိုင်သွားရောက် အားပေးတာမျိုး .. မလုပ်မိဘဲ ရှောင်ကျဉ်ဖို့ လိုအပ်တယ် ထင်ပါတယ်။ မဟုတ်ရင် .. နိုင်ငံခြားသားတွေ (သို့) ပြည်ပ အနှောက်အယှက်တွေက မြှောက်ပေးလို့ ဖြစ်လာတာ ဆိုပြီး .. အဖမ်းခံနေရသူတွေ အမှုပိုကြီးလာနိုင်လို့ ပါပဲ။
ဘာပဲ ပြောပြော အခုလောလောဆယ်မှာတော့ ပြည်တွင်း ပြန်ဝင်မယ့် နိုင်ငံခြားသား ခံယူထားသူတွေအတွက်ကတော့ အသိပညာ ဖလှယ်တာ၊ (လက်ခံရင်) အကြံပေး (သို့) အတိုင်ပင်ခံ လုပ်တာ၊ ပရဟိတ လုပ်တာ .. စတဲ့ အလုပ်တွေကို နောင် ၅ နှစ် အထိ ဆက်လက် လုပ်ကိုင် နေဖို့က လွဲပြီး ကျန်တာ ရွေးစရာ မရှိသေးပါ။



ကိုထိုက်

ဦးမိုးသီးဇွန်နဲ့ ဦးထွန်းအောင်ကျော်တို့ ဦးဆောင်တဲ့အဖွဲ့ အဖွဲ့ချုပ်က ချမှတ်ထားတဲ့ မူဝါဒတွေအပေါ် ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်မယ်ဆိုရင် NLD ပါတီအနေနဲ့ လက်ခံကြိုဆိုမည်

RFA Burmese
ABSDF ကျောင်းသားတပ်မတော် ခေါင်းဆောင်ဟောင်းတွေ ဖြစ်ကြတဲ့ ဦးမိုးသီးဇွန်နဲ့ ဦးထွန်းအောင်ကျော်တို့ ဦးဆောင်တဲ့အဖွဲ့ဟာ ဒီကနေ့ နေ့လည်က ရွှေဂုံတိုင်လမ်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို လာရောက်ပြီး NLD နာယက ဦးတင်ဦး ၊ ဦးလှဖေ နဲ့ ဦးစိုး
ဝင်းတို့ကိုတွေ့ဆုံခဲ့ပါတယ်။

ဦးတင်ဦးက ပြည်ပရောက် အတိုက်အခံ နိုင်ငံရေးသမားတွေရဲ့ အကြပ်အတည်း အခက်အခဲတွေကို သိရှိနားလည်ကြောင်း ၊ မြန်မာနိုင်ငံ
တိုးတက်ရာ တိုးတက် ကြောင်းအတွက် ၀ိုင်းဝန်းဆောင်ရွက်လိုတဲ့ ဆန္ဒရှိကြတာ သဘောပေါက်နားလည်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြည်ပရောက် အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်တွေ အနေနဲ့ အဖွဲ့ချုပ်နဲ့တကွ အဖွဲ့ချုပ်က ချမှတ်ထားတဲ့ မူဝါဒတွေအပေါ် ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်မယ်ဆိုရင် NLD ပါတီအနေနဲ့ လက်ခံကြိုဆိုမှာ ဖြစ်ကြောင်း ပါတီ နာယက ဦးတင်ဦးက ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

ကိုမိုးသီးဇွန်နဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချဲနဲ့ ဒီနေ့ မနက်က တွေ့ဆုံပြီး ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ကျင့်စဉ် ဆိုင်ရာတွေကို ပြည်သူတွေ ကြားမှာရော၊ တပ်မတော်သားတွေ ကြားမှာပါ သင်တန်းပေးဖို့ လိုအပ်တဲ့အကြောင်း ဒီတွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့ကြတယ်လို့ ကိုမိုးသီးဇွန်က ပြောပါတယ်။

သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ် ကလည်း ကိုမိုးသီးဇွန်တို့ရဲ့ လေ့လာတွေ့ရှိချက်တွေကို ခရီးစဉ်အပြီး အမေရိကန် ပြည်ထောင်စု ပြန်ရောက်တဲ့အခါ နိုင်ငံတကာသိအောင် ထုတ်ပြန်ဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

ထင်းရှူးမြိုင် ဘုန်းတော်ကြီး ကျောင်း ကိုရာနဲ့ချီတဲ့ အာဏာပိုင်အဖွဲ့စည်းတွေအဓမ္မ၀င်ရောက် ဖျက်ဆီး

RFA Burmese

တောင်ကြီးမြို့ သစ်တောရပ်ကွက်မှာရှိတဲ့ ထင်းရှူးမြိုင် ဘုန်းတော်ကြီး
ကျောင်း ကို ဒိကနေ့နေ့လည်ပိုင်းက မြို့ နယ် သံဃမဟာနာယက အဖွဲ့အပါအ၀င် ရာနဲ့ချီတဲ့ အာဏာပိုင်အဖွဲ့စည်းတွေ ခဲ့တဲ့ အတွက် မြို့ခံ ဒါယကာဒါယိကာမတွေ မကြေမနပ် ဖြစ်နေကြတယ်လို့ စုံစမ်းသိရပါတယ်။

သံဃာ့ မဟာနာယကအဖွဲ့အနေနဲ့ ဒီကျောင်းတိုက်ဟာ တရားဝင် အသိအမှတ်ပြုထားတဲ့ ကျောင်းတိုက် မဟုတ်တာကြောင့် အခုလို လာရောက်ဖြိုဖျက် ပစ်ရတာဖြစ်ကြောင်း ဒေသခံတွေကို ပြောကြားခဲ့တယ်သိရှိရပါတယ်။

အခုဖြိုဖျက်ခံနေရတဲ့ ထင်းရူးမြိုင်ကျောင်းတိုက်ကိုပြောင်းရွှေ့ဖို့ လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက မြို့နယ် သံဃာ့မဟာနာယကအဖွဲ့ကနေနို့တစ်စာပေးပို့ထားခဲ့ပြီး၊ ထင်းရူးမြိုင်ကျောင်းတိုက်ဆရာတော်ကလည်း ၀ါတွင်းကာလအတွင်း သံဃာ ၂၂ ပါး ရှိတဲ့ ကျောင်းတိုက်ရွှေ့ပြောင်းဖို့ကိစ္စ အတွက် ညှာတာထောက်ထားပေးဖို့ ပြည်နယ်သံဃ မဟာနာယက အဖွဲ့နဲ့ သက်ဆိုင်ရာအာဏာပိုင်တွေထံ သြဂုတ် ၃၁ ရက်နေ့စွဲနဲ့ အသနားခံစာ ပေးပို့ ထားတယ်လို့ သိရပါတယ်။

ပြည်ခိုင်ဖြိုးပါတီမှ တရားစွဲဆိုထားသည့် အန်အယ်လ်ဒီ အမတ် ဒေါ်ဖြူဖြူသင်းအား ရွေးကောက်ပွဲ ကော်မရှင် ခုံရုံးမှ အနိုင်ပေးလိုက်ပြီ

Yangon Media Group


==========================================
ကျော်သူ
==========================================
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းအား တရားမဲ့ပြုကျင့်ကာ လွှတ်တော်ကိုယ်စားလှယ် အဖြစ် တရားစွဲ ဆိုခြင်း အားပြည်ထောင် စုရွေးကောက် ပွဲကော် မရှင်ခုံရုံးမှ စက်တင်ဘာ ၁၁ရက် တွင် အနိုင်
ပေး လိုက်ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မင်္ဂလာတောင်ညွန့်မြို့နယ်မှပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင် ရောက်အရွေးခံခဲ့သည့် အမျိုးသားဒီမို ကရေစီအဖွဲ့ ချုပ်ပါတီမှဒေါ်ဖြူဖြူသင်း အားပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ဒေါ်လဲ့လဲ့ဝင်း ကတရားမဲ့ပြုကျင့် ကြောင်းစွဲ ဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

''နှစ်ဘက်လျှောက်လဲတဲ့ကိစ္စ တွေမှာတရားမဲ့ပြုကျင့်တာ တွေမရှိခဲ့ဘူး။ကြားဖြတ်ရွေးကောက်ပွဲမှာ မှန်မှန် ကန်ကန် နဲ့မဲရခဲ့တယ်လို့ဆိုပြီး ၊ ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်ခုံရုံး က ဆုံးဖြတ်လိုက် တယ်''ဟု အနိုင်ရရှိသွားသူဒေါ်ဖြူဖြူသင်း ကရန်ကုန်မီဒီယာဂရု(ပ်)အားတရားစီရင် ဆုံးဖြတ်အပြီး တွင်ပြောသည်။

အဆိုပါအမှုကို တရားစီရင်ပေး သည့်ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်ခုံရုံးမှလည်း အပြီးသတ် စီရင်ပေး လိုက်ပြီးကြောင်း ပြောသည်။
''ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်ဖြူဖြူသင်းက တရားမဲ့ပြုကျင့် တယ်လို့ဒေါ်လဲ့လဲ့ဝင်းကစွဲဆိုတာ ကိုပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ခုံရုံးက ဒေါ်ဖြူဖြူသင်းကို အနိုင်ရကြောင်း ဆုံးဖြတ်ပေး လိုက်ပါတယ်'' ဟုရန်ကုန်မီဒီ ယာဂရုပ်က ယင်းကိစ္စကိုပြည်ထောင် စုရွေး ကောက်ပွဲကော် မရှင်သို့ ဆက်သွယ် မေး မြန်းရာ ယင်းကဲ့သို့ဖြေကြားခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအပါအဝင် ဒေသခံပြည်သူများမှလည်း သက်သေ အဖြစ်လိုက်ပါ ထွက်ဆိုပေးခဲ့ ကြောင်း သိရသည်။

''မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးဝင်းဇော်ကလည်း မှန်မှန်ကန် ကန်နဲ့ထွက်ဆိုပေးခဲ့တယ်။ စက်ဆန်း၊ကုတို့ ဆိပ်ရပ်ကွက်က ပြည်သူတွေ ကလည်းသက်သေ အဖြစ်လိုက်ပါထွက် ပေးခဲ့ကြတယ်။

ဒီအမှုကိုလည်း ရှေ့နေ တွေကအခမဲ့ လိုက်ပါဆောင်ရွက် ပေးကြတယ်။ အမှန်ဆုံးဖြစ်အောင် ဆောင်ရွက် ပေးခဲ့ကြတဲ့သူတွေ ကိုလည်း ကျေးဇူးတင်ပါတယ်''ဟုဒေါ်ဖြူဖြူသင်းက ပြောသည်။

ငါးလအတွင်း မြန်မာနိုင်ငံတွင် ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ခြောက်ဘီလီယံ ကျော်ရှိ

The Voice Weekly
ရန်ကုန် ၊ စက်တင်ဘာ ၁၁
ယခုနှစ် ဧပြီလမှ သြဂုတ်လ အတွင်း မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန် ကဏ္ဍတွင် အမေရိကန် ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၏တရားဝန် ထုတ်ပြန်ချက်များ အရ သိရသည်။

ယင်းကုန်သွယ်မှု၏ ပို့ကုန် ကဏ္ဍသည် အမေရိကန် ဒေါ်လာ ၃ ဒသမ ၂၃ ဘီယီယံ ရှိပြီး ၊ သွင်းကုန် ပမာ
ဏသည် အမေရိကန် ဒေါ်လာ ၃ ဒသမ ၃၈ ဘီလီယံ ရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပို့ကုန်ကဏ္ဍ၏ အဓိကမှာ သဘာဝ ဓာတ်ငွေ့ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ကျော်ရှိပြီး ကျန်ပို့ကုန်များမှာ ပဲ နှင့် ကျောက်စိမ်းတို့ ဖြစ်ကြောင်း Asian Affairs သတင်းဌာနတွင် ဖော်ပြထားသည်။

၂၀၁၂-၂၀၁၃(ဇူလိုင်လအထိ) ခုနှစ်အတွက် ကုန်သွယ်မှု ပမာဏသည် အမေရိကန် ဒေါ်လာ ၄ ဒသမ ၃၆ ဘီလီယံ ရှိပြီး ၊ ၂၀၁၁-၂၀၁၂ ခုနှစ်က ၁၈ ဒသမ ၁၇ ဘီလီယံထိ ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန မှ သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Vijay Nambiar နှင့် အဖွဲ့ အား လက်ခံတွေ့ ဆုံ

နေပြည်တော် စက်တင်ဘာ ၁၃

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂ အ
တွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Vijay Nambiar ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အား ယနေ့ နံနက် (၁၁) နာရီတွင်
နေပြည်တော်ရှိနိုင်ငံတော်သမ္မတအိမ်တော်သံတမန်ဆောင် ဧည့်ခန်းမ၌
လက်ခံတွေ့ ဆုံကြောင်း နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားကြောင်းသိရသည်။
သတင်းအပြည့်အစုံအား နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုဒ် http://www.president-office.gov.mm/ တွင် ၀င်ရောက်ဖတ်ရှူနိုင်ပါသည်။

သတင်းဓါတ်ပုံ - http://www.president-office.gov.mm/

"ဗိုလ်မှူးချုပ် ကျော်ဇောအတွက် ပြည်တော်ပြန် ကန့်သတ်ချက် များသည် အစိုးရ၏ လက်တွေ့မကျသော အပြုအမူဟု သားဖြစ်သူ ဝေဖန်"

Popular Myanmar News Journal

ဗိုလ်မှူးချုပ် ကျော်ဇော အား ရဲဘော် သုံးကျိပ်ဝင် တစ်ဦး အဖြစ် သာ ကန့် သတ် ဖိတ်ခေါ် ပြည်ဝင် ခွင့်ပြုခြင်းနှင့် မိသားစုဝင် အားလုံး အား ဖိတ်ခေါ်မှု မပြုခြင်း သည် အစိုးရ ၏ လက်တွေ့မကျသော အပြု အမူဖြစ်ကြောင်း မြန် မာပြည် ပြန်လာ ခွင့် အတွက် ချန်လှပ်ခြင်းခံ ထားခဲ့ ရသည့် သားဖြစ်သူ ဦးအောင်ကျော်ဇော က
ဝေဖန် လိုက်သည်။ ထိုသို့ ပြည်တော်ဝင်ရေး အ တွက် သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းက ဗိုလ်မှူးချုပ် ကျော်ဇော၏ သမီး တစ်ဦးဖြစ်သူ ဒေါက်တာ လှကျော်ဇော ထံသို့ ဆက်သွယ် အကြောင်းကြား ခဲ့ခြင်းဖြစ်ပြီး ရဲဘော် သုံးကျိပ်ဝင်တစ်ဦး အဖြစ်သာ လက်ခံ အသိ မှတ်ပြုခြင်း ၊ အတူ လိုက်ပါ နိုင် သည့် မိသားစု များအဖြစ် သမီး ကြီး ဒေါက် တာ လှကျော်ဇောနှင့် သြစတြေးလျရှိ သမီး လတ် ဒေါ် စန်းကျော်ဇော တို့ နှစ်ဦး ကို သာ ခွင့်ပြု ခြင်းဖြစ်ကြောင်း ဦးအောင်ကျော်ဇောက ဆိုသည်။ ”အစိုးရ ဘက်က ရဲဘော် သုံးကျိပ်ဝင် ဆိုတဲ့ သမိုင်း အကန့်လေး တစ်ခု တည်း နဲ့ လက်ခံတယ် ဆိုတာ လက်တွေ့မကျပါဘူး။ ရိုးသားမှု တကယ် ရှိတယ်ဆိုရင်၊ ပြန်လည် ပေါင်းစည်း ချင်တယ် ဆိုရင် ဒီလို မသတ်မှတ် သင့် ပါဘူး”ဟု ၄င်းက ပြောသည်။
ဗိုလ်မှူးချုပ် ကျော်ဇော အနေ ဖြင့် မြန်မာ့ လွတ်လပ်ရေး သမိုင်းတွင် ရဲဘော် သုံးကျိပ်ဝင် အဖြစ် သာမက ဗမာ့ တပ်မတော်တွင် ဗိုလ်မှူးချုပ် ရာထူး အထိ စွမ်းစွမ်း တမံ ထမ်းဆောင်ခဲ့ပြီး ၁၉၅၄၊ ၅၅ ခုနှစ် များ တွင် ရန်ကြီးအောင်၊ ဘုရင့်နောင် စစ်ကြောင်း များဖြင့် ကူမင် တန် တရုတ် ဖြူ တပ် များ ကျူးေ ကျာ် မှု ကို ဦးဆောင် တိုက်ခိုက်ခဲ့ သူဖြစ်သည်။ ၁၉၅၇ ခုနှစ် ဧပြီလ တွင် ဗမာ့ တပ်မတော်မှ အနားပေးခြင်း ခံရကာ ၁၉၇၆ တွင် ဗမာပြည် ကွန်မြူနစ် ပါတီ အခြေစိုက် တရုတ် နယ်စပ် သို့ မိသားစုနှင့် အတူ ထွက်ခွာ သွား ခဲ့ ခြင်း ဖြစ်သည်။
”ဒါလူတိုင်း သိနေတာပဲ။ ငြင်းပယ်လို့ မရပါဘူး။ ကွန်မြူနစ် ပါတီ ဗဟို ကော် မတီ ဆိုတာ ကြာလှပြီ မရှိတော့တာ။ တိုင်းပြည်ရဲ့ ခေါင်းဆောင် တစ်ေ ယာက် ၊ ပြည်သူတွေ ရဲ့ ခေါင်းဆောင် တစ်ယောက် ကို ပြည်သူတွေ ပဲ ပိုင် တာ။ အစိုးရ အနေ နဲ့ ဒီအရွယ် ဒီအဘိုးကြီး ဘယ်လို ပုံစံနဲ့ လာလာ လက်ခံ တယ် ပြောရမှာပါ။ တကယ်လို့ ရဲဘော်သုံးကျိပ် သာ မဟုတ်ဘူး ဆိုရင် လက် မ ခံ ဘူး လား”ဟု ဦးအောင်ကျော်ဇောက မေးခွန်းထုတ်သည်။
ယင်း သို့ ဖိတ်ခေါ်ခြင်းနှင့် ပတ်သက်၍ ဒေါက်တာ လှကျော်ဇောအား ဧရာ ဝတီ သတင်း ဌာန မှ ဆက်သွယ်၍ မေးမြန်း ခဲ့သည့် အင်တာဗျူး တစ်ခု တွင် သူမက”အစိုးရ အနေနဲ့ တိုင်းပြည်ကြီးကို တကယ် ပဲချစ်တယ်။ တ ကယ် တည်ဆောက် ချင်တယ် ဆိုရင်တော့ အယူဝါဒ မရွေး၊ လူမျိုး မရွေး၊ ဘာသာ မရွေး ပေါ့။ ပြန်လာ ချင်တဲ့ သူပြန်လာခွင့် ပြုရမယ်။ အခု ဖေဖေ့ ကို ပြန်ခေါ် တာတောင် ကျွန်မတို့ မိသားစု ဝင် တွေ အကုန် မခေါ် ဘူး ။ ဖေဖေ့ မှာ သား သမီး သုံးယောက် ရှိတယ်။ မြေး ခုနစ်ယောက် ရှိတယ်။ အကုန်ပြန် မခေါ် ဘူး။ ဦးအောင်မင်း ပြောတာက အဘ ဦးကျော်ဇော ကို အနီးကပ် ပြုစု ဖို့ သမီးနှစ်ယောက် ကို လိုက်ပါ ခွင့်ပြုတယ် လို့ပဲ ပြော တာေ လ။ ကျွန် မမောင် ကိုအောင်ကျော်ဇော လည်းမပါဘူး။ အဲဒီလို အကန့် အ သတ်တွေ နဲ့ တော့ တိုင်းပြည် ကြီးကို အမျိုးသား စည်းလုံး ညီညွတ်ရေး၊ အမျိုး သား ပြန် လည် သင့်မြတ်ရေးတွေ အတွက်တော့ သိပ် မသင့်တော် ဘူး ထင်တယ်” ဟု ဖြေခဲ့ သည်။
ဗိုလ်မှူးချုပ် ကျော်ဇော အား ဒေါက်တာ လှကျော်ဇော နှင့်အတူ အနီး ကပ် ပြု စု စောင့်ရှောက် မှုပြုနေ ခဲ့သော သားဖြစ်သူ ဦးအောင်ကျော်ဇော အနေဖြင့်မူ သူ ၏ ဖခင်ကို အမှီပြု၍ နိုင်ငံရေး အရ အသုံးမချ သင့် ကြကြောင်း၊ ၄င်း အပြင် အဆိုပါ ကိစ္စ များနှင့် ပတ်သက်၍ ကွန်မြူနစ် ပါတီ အနေဖြင့် ပြောရန် အခွင့် မရှိကြောင်း ဆိုသည်။ ၄င်းအနေဖြင့် မူ ပြည်တွင်း စစ် မီးမလောင် တော့ဘဲ ပြည်သူများ ၏ ဘဝ အမှန် တကယ် လွတ်မြောက် ချိန်မှ သာ တိုင်းပြည်သို့ ပြန်လာ မည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။ ”ဒါ ကျွန်တော် မသွားရလို့ ပြောတာ မဟုတ်ပါဘူး။ အဖေ့ ကို လိုက်ပို့ ချင် ပို့ မယ်။ ဒါပေမဲ့ ကျွန်တော် တစ်ဦးချင်း အနေနဲ့တော့ အခုလို ရှုပ်ယှက် ခတ်နေ တဲ့ အချိန် မှာ ပြန်စရာ အကြောင်း မရှိပါဘူး။ လက်ရှိ ဗမာပြည် ရဲ့ အပြောင်း အလဲ ကို မယုံကြည်သေး လို့ပါ။ ပြည်သူ့ ဘဝ တကယ်ရော လွတ်မြောက်ပြီ လား။ တကယ်ရော ထမင်းငတ် တာတွေ လုံလောက်ပြီလား။ ပြည် တွင်းစစ် မီးမလောင်တော့ ဘူး။ တိုင်းပြည် လည်း တိုးတက်ပြီ ဆိုရင် ဘယ်သူမှ အသိ အမှတ်ပြု စရာမလို ပါဘူး။ ကိုယ့် အထုပ် ကိုယ်ကိုင်ပြီး မူဆယ် အပေါက်ဝ ကနေ ပြန်လာ လိုက်မယ်”ဟု ၄င်းက ပြောသည်။
၎င်းအနေဖြင့် အသက် ၁၈ နှစ်မှစ၍ နိုင်ငံရေး လုပ်ကိုင်ခဲ့ပြီး ယခု ၆၄ နှစ် အရွယ် အထိ မြန်မာနိုင်ငံသား အယုတ် အလတ် အမြတ် မရွေး မည်သူ့ ကို မဆို ၄င်းတို့၏ အခက် အခဲနှင့် ပြဿနာ များကို ကူညီပေးနေ ဆဲ ဖြစ်ကြော င်းနှင့် ယုံ ကြည်ရာ ကို သာ လုပ်ခဲ့ခြင်းဖြစ် ကြောင်း ထပ်လော င်း ဆို ပါ သည်။ ”တိုင်းပြည် ကို ဖျက်ဖို့ လုပ် ခဲ့တာ မဟုတ်ဘူး။ တိုင်းပြည် ကောင်း မယ် ထင်လို့ ပျော်စရာ ကောင်းတဲ့ လူငယ် ဘဝကို စွန့်ပြီး မိသားစု အလိုက် ကွန်မြူနစ် အလံတော် အောက်ကို ဝင်ခဲ့တာ။ မဖြစ်ခဲ့တာ ကတော့ မ တတ်နိုင် ဘူး။ ကောင်း အောင် လုပ်ချင် လို့ လာခဲ့တာပဲ။ တိုင်းပြည်ေ ကာင်းပြီ ဆို ပြန်ခဲ့မှာပါ။ ဘယ်သူမှ ခေါ်စရာတောင် မလိုပါ ဘူး” ဟု ဦးအောင်ကျော်ဇောက ပြောသည်။ လက်ရှိ အခြေ အနေ များသည် ဗိုလ်မှူး ချုပ်ကျော်ေ ဇာ ကူမင်း ဆေးရုံတွင် တက်ရောက် ကုသစဉ် ရွှေတိဂုံ ဘုရားဖူး ချင် သည်ဟု ပြောခဲ့ ရာမှ အစပြုခဲ့ပြီး အဆိုပါ အချက် မှာလည်း ဗိုလ်မှူး ချုပ် ကျော်ဇော ကွယ်လွန် ချိန် မှသာ ဖော်ပြစေ လို ခဲ့ကြောင်း ၄င်းက ရှင်းပြ သည်။
”မီဒီယာကို ဘာလို့ ကျွန်တော် ပြောခဲ့လဲ ဆိုတော့ ဖေဖေ ကွယ်လွန်ချိန် မှာ ကွန်မြူနစ် တစ်ယောက် အနေ နဲ့ သေခဲ့တယ် ဆိုတာမျိုး မဖြစ်စေ ချင် ဘူး။ ဖေဖေ က တိုင်းပြည် ရယ်၊ တပ်မတော် ရယ်၊ သူ့ပြည်သူရယ် ကို တကယ် ချစ်တယ်။ ပြီးတော့ ဖေဖေ က ဗုဒ္ဓဘာသာကို နက်နက် ရှိုင်းရှိုင်း သက်ဝင် ယုံကြည်သူ တစ်ယောက် ပါ။ သူ့ရဲ့ တကယ့်နောက်ဆုံး ဆန္ဒက ဗုဒ္ဓဘာသာဝင် ကောင်း တစ်ယောက် ရဲ့ စွန့်ခွာခြင်း မျိုးနဲ့ ဘဝ ကို အဆုံး သတ်သွားချင်တာပါ။ ရွှေတိဂုံ ဘုရားဖူး ချင်တဲ့ အကြောင်း ကို လည်း ဖေဖေ ကွန်လွန်မှသာ ဖော်ပြဖို့ ပြောခဲ့တာပါ”ဟု ၄င်းက ဆိုသည်။ ဗိုလ်မှူး ချုပ်ကျော်ဇော သည် ဗိုလ်ချုပ် အောင်ဆန်းနှင့် အတူ တည်ထောင် ခဲ့သော တပ်မတော် တွင် တိုင်းပြည်နှင့် လူမျိုးအား ထိပါးသော ကျူးကျော် ရန်သူ များအား နှိမ်နင်းခဲ့ ပြီး တိုင်းရင်းသား များနှင့် ဖြစ်ပွား သည့် ပြည်တွင်းစစ် ကာလ အင်းစိန် တိုက်ပွဲမှ လွဲ၍ ပြည်တွင်း ငြိမ်းချမ်းရေး ကို လိုလားသော ပုဂ္ဂိုလ် တစ်ဦးဖြစ် ကြောင်း ၄င်း၏ ဖခင် နှင့်ပတ်သက်၍ ဦးအောင်ကျော်ဇော က ပြောသည်။ ၄င်း အနေဖြင့်မူ ဖခင်၏ နောက်ဆုံး ဆန္ဒ အရ မြန် မာပြည် ကို ဘုရားဖူး ရန် အတွက် ခွင့်ပြုပါက လိုက်ပို့ခြင်းမှ လွဲ၍ လတ်တလော တွင် ပြန်လိုသည့် စိတ်ကူးမရှိ သေးကြောင်းကို ” ပြန်မယ့် စိတ်ကူး မရှိသေး ပါဘူး။ အဓိက က သွေးချင်းတွေ၊ KIA တို့ လက်နက် ကိုင် တော်လှန်ရေး လုပ် ခဲ့တဲ့ ကချင် တွေ၊ ကရင်တွေ သူတို့ အားလုံး သူတို့ ဒေသတွေ မှာ ပျော်ပျော် ရွှင်ရွှင် နဲ့ ပြန်နေရ တဲ့ အချိန်မှာ ပြန်လာမယ်” ဟု သူ၏ ဆန္ဒ ကို ဆိုခဲ့သည်။
ဦးအောင်ကျော်ဇော သည် မိသားစုနှင့် အတူ လက်ရှိတွင် တရုတ် -မြန်မာ နယ်စပ် တွင် နေထိုင် ကာ မြန်မာ့နိုင်ငံရေး စောင့်ကြည့်ဝေဖန် သူ တစ်ဦး အဖြစ် ရပ်တည်နေပြီး တိုင်းရင်းသား များ တန်းတူ ညီတူ နေထိုင်ရေး၊ ငြိမ်း ချမ်းရေး နှင့် လွတ်လပ် တရားမျှတရေး တို့အတွက် ကူညီဆောင် ရွက်ပေးနေ သူ တစ်ဦး ဖြစ်ကြောင်း သိရသည်။

အောင်ခွန်းဆက်

ရန်ကုန်မှာ ကုလားရုံးကို ဖက်ရမ်းပွေ့ ဖက် ကြအုံးမည်လား



မနေ့ က ရခိုင်ပြည်နယ် ကျောက်တော်မြို့ နယ် သရက်အုပ်ကျေးရွာ ဥက္ကဋ္ဌဟောင်း
ဦးကျော်မောင်ရွှေကို မွတ်ဆလင်ကုလားတွေက လည်ပင်းလှီးပြီး သတ်ဖြတ်လိုက်သော
သတင်းဖတ်ရသည် ။ ဓါတ်ပုံနှင့်တကွ မြင်ရသည် ။ သွေးလန့် စရာ
မြင်ကွင်းအတိပါတည်း ။ ယခုအချိန်တွင် ရခိုင်ပြည်နယ်မှာ
စုံစမ်းစစ်ဆေးရေးအဖွဲ့ တွေ စစ်ဆေးနေတုံးကာလဖြစ်သည် ။ သူတို
့ရှိနေချိန်မှာပင် ဤပြသနာက ထပ်ဖြစ်လာသည်ဆိုတော့ ကုလားတွေရဲ့ 
လည်ပင်းလှီးသတ်သော အဖြစ်တွေကို မျက်ဝါးထင်ထင် ကြုံရပြီ ။
      ညနေဖက်ချိန်မှာမူ တီဗွီဖွင့်ကြည့်တော့ လစ်ဗျားနိုင်ငံမှာ
အမေရိကန်ပြည်ထောင်စု၏ သံအမတ်ကြီးကို မွတ်ဆလင်လူအုပ်စုတွေက ခွေးဆွဲသလို
ဆွဲကာ ၀ိုင်းဝန်းသတ်ဖြတ်နေသည်ကို မြင်ရသည် ။ ကြည့်ရက်စရာ မရှိတော့ ။
မိုဟာမက်အလ္လာအကြောင်းနှင့် ရိုက်ပြထားသော ဗွီဒီိယိုကား တခုကို
ယူတူးမှာတင်ပြီး ပြသလာသောကြောင့် ယင်းကားကို ဒေါသပေါက်ကွဲကာ ယခုလို
အမေရိကန်သံရုံးကို ၀ိုင်းဝန်းတိုက်ခိုက်သတ်ဖြတ်ကြခြင်းဖြစ်သည် ။
အီဂျစ်နိုင်ငံတွင် မကြာခင်ကလည်း မြန်မာသံရုံး၌် လွှင့်ထူထားသော
နိုင်ငံတော်အလံကို ဖြုတ်ချပြီး မီးရို့ ခဲ့ သည် ။ သံအမတ်ကြီးကိုလည်း
ခြိမ်းခြောက်သည် ။ နောက်ဆုံးတော့ သံအမတ်တွေကိုပင် သူတို့ ဆီမှ
ချက်ချင်းနှင်ထုတ်တော့သည် ။ မကြာခင် မြန်မာသံအမတ်ကြီးကအစ
သံရုံးဝန်ထမ်းတို့ မှာ ယခုလို အမေရိကန်သံအမတ်ကြီးလိုပင် ခွေးဆွဲ သလို
အဆွဲခံရကာ အသက်သေဆုံးနိုင်စရာ ဖြစ်လာနိုင်သည် ။  ထို
့ကြောင့်မြန်မာသံရုံးဝန်ထမ်းများကို သတိပေးပြီး အမြန်ဆုံး
၎င်းနိုင်င့များမှ ခေါ်ယူသင့်သည် ။ အမေရိကအစိုးရကမူ နိုင်ငံတကာရှိ
သံရုံးများသို့  သတိပေးထားပြီးဖြစ်သည် ။
        သူတို့ ၏ အတင့်ရဲမှုများကို နိုင်ငံတကာသတင်းများတွင် တွေ
့နေရသည် ။  နိုင်ငံတကာတွင် ဖြစ်ပွါးနေသော အကြမ်းဖက်မှုများသည်လည်း သူတို
့ပင်ဖြစ်နေကြသည် ။ မျက်မှောက်ကာလတွင် မြန်မာနိုင်ငံသည် သူတို့ ၏ ကစားစရာ
နယ်မြေတခုဖြစ်လာပြီ ။ လက်နက်မဲ့ ရခိုင်လူမျိုးတို့ မှာ မိမိအိမ်
မိမိရပ်ရွာမှာနေ၍ မည်သည့်နေ့ ၌ လည်ပင်းလှီးပြီး အသတ်ခံရမည်လဲ ဆိုသည်ကို
စိုးရိမ်စိတ်ပေါက်ကာ နေရပါသည်ဟု ပြောဆိုရေးသားလာကြသည်ကို ဖတ်ရသည် ။
ယခုကျောက်တော်မြို့ နယ်မှ  သရက်အုပ်ကျေးရွာ၏ ဥက္ကဋ္ဌဟောင်း
ဦးကျော်မောင်ရွှေမှာ လည်ပင်းလှီးပြီး အသတ်ခံရခြင်းသည် သမိုင်းလိမ်
ဘင်္ဂလီကုလားလူမျိုးတို့ ၏ လူ့ အခွင့်အရေးကို စာနာလွန်းသူများအတွက်
သက်သေပြစရာတခုဖြစ်သည် ။
        ဤအမှုနှင့်ပတ်သက်၍ ထိရောက်သော အရေးယူမှုများကို လိုလားသည် ။
လူတဦးတယောက်က သတ်ဖြတ်ခြင်းမဖြစ်နိုင် ။ ကျေးရွာတခုလုံးက
ဝိုင်းဝန်းသတ်ဖြတ်ခြင်းဖြစ်ရာ တရားဥပဒေအရ စစ်ဆေးရန် လူသတ်တရားခံများကို
ဖမ်းဆီးရန်လိုသည် ။  ပြသနာတိုင်းမှာ ဖြစ်ပွါးပြီးနောက် တိကျသော
တရားစီရင်ရေးစနစ်သို့ ရောက်အောင် တရားခံများကို
အမြန်ဆုံးဖမ်းဆီးရန်သာရှိသည် ။ ထို့ ကြောင့် နောက်ထပ်ရာဇ၀တ်မှုများကို
မဖြစ်ပွါးရအောင် ရခိုင်လူမျိုးများ၏ အသက်အိုးအိမ်ကို စောင့်ရှောက်ပေးရန်
နိုင်ငံတော်အစိုးရမှာ အထူးတာဝန်ရှိသည် ။  အစိုးရအနေဖြင့် လုံလောက်သော
လက်နက်ကိုင် လုံခြုံရေးနှင့် တင်းကြပ်သော လုံခြုံရေး ၊ တိကျသော
ဥပဒေအတိုင်း မဆောင်ရွက်သောကြောင့် ယခုလို လည်ပင်းလှီးလူသတ်မှုများမှာ
ဖြစ်ပွါးနေရခြင်းဖြစ်သည် ။ ၄င်းအချက်မှာ လုံးဝမလိုလား မဖြစ်သင့်ပေ ။

        ကြားရသောသတင်း တပုဒ်အရ -OIC- ဆိုသော အစ္စလမ်အဖွဲ့ ချုပ်က
လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးရန် ရန်ကုန်မြို့ တွင်
ရုံးခမ်းဖွင့်လှစ်မည်ဟု သိရသည် ။ မြန်မာပြည်တွင်းတွင် -၈၈-
ကျောင်းသားအဖွဲ့ က -မြအေးမှ -ကုလားလို့  မရေးပါနဲ့ လို့  ရန်ကုန်မြို
့လယ်မှာ လူအုပ်အကြားပြောတော့ သတင်းစာမှ တောင်းပန်စွာဖြင့် ပြင်ဆင်ခဲ
့ရသည် ။ ယခုလည်း သူ့ ထက်အကောင် တကောင်ဖြစ်သော အဖွဲ့ က ရန်ကုန်မြို့ မှာ
ရုံးခမ်းဖွင့်လှစ်တော့ ဤထက်မြောက်မြားစွာသော တောင်းဆိုမှုများနှင့်
ရင်ဆိုင်လာကြရတော့မည်ဖြစ်သည် ။  အောင်ဆန်းကွင်းထဲက တခြမ်းပဲ့ ပလီသည်
တချိန်ကတည်ထားခွင့် ရခဲ့ သော ကြောင့် မွတ်ဆလင်ဘာသာဝင်တွေ အဖို့ 
ယခုအချိန်မှာ ရန်ကုန်မြို့ က ကုလားပြည်ဖြစ်တော့မည့်အလားအလာ ဖြစ်နေပြီ ။
   OIC- အဖွဲ့ က မွတ်ဆလင်ဘာသာဝင်လူမျိုးများအား လူသားချင်း
စာနာထောက်ပံ့ရအောင် မောင်တောမြို့ နှင့် ဘူးသီးတောင်မြို့ မှ မည်သည့်
ဘင်္ဂလီလူမျိုး ဒုက္ခသည်စခမ်းမှ မရှိ ။ ရခိုင်လူမျိုးများသာ ရခိုင်ပြည်မှာ
ဒုက္ခသည်များဖြစ်နေကြရသည် ။ ပြီးတော့ မည်သည့်-NGOs - အဖွဲ့ ကိုမျှ
ရခိုင်လူမျိုးတွေက လက်မခံဟု တောင်းဆိုထားသည် ။ ဤတောင်းဆိုချက်မှာ
နောင်ဖြစ်လာမည့် ပဋိပက္ခများအတွက် မီးစမဖြစ်နိုင်ရန် အစိုးရမှ
သတိထားရန်လိုသည် ။ အကယ်၍-OIC- အဖွဲ့ ကို ရခိုင်ပြည်နယ်အနှံ့
ကူညီထောက်ပံ့ရန်အတွက် ရန်ကုန်မြို့ မှာ ရုံးခမ်းဖွင့်လှစ်ရန်
ထားရှိပေးခြင်းသည် အစိုးရအဖို့  သူတို့ ထောက်ပံ့ပေးသော ဒေါ်လာများအား
ရယူလိုမှု တခုတည်းသက်သက် မဖြစ်သင့် ။ အရှည်သဖြင့် ဤ-OIC- ရုံးခမ်းကို
ဖွင့်လစ်ပေးရန် အကျိုးသက်ရောက်မှု မည်မျှ ရှိလေမည်နည်းဆိုသည်ကို
စဉ်းစားရန်လိုသည် ။ အကယ်၍ ရုံးခမ်းဖွင့်လှစ်ရန်
ထားရှိလိုက်ပြီဆိုသည်နှင့် လစ်ဗျားက အမေရိကန်သံအမတ်ကြီး၏ ပြသနာမျိုးကို
ဘင်္ဂလီလူမျိုးတွေက မကြာခင် ရန်ကုန်မြို့ ကြီး အလယ်မှာ ပြုလုပ်လာဘွယ်ရာ
ရှိပါတော့သည် ။ ထို့ ကြောင့် မြန်မာနိုင်ငံသားတိုင်းက လုံးဝလက်မခံဘဲ ဆန်
့ကျင်ကန့် ကွက် ဆန္ဒပြထုတ်ဖေါ်ရန်လိုပါသည် ။

အောင်သာနီ