Friday, September 14, 2012

တမန်တော် မိုဟာမက်အား သရော်ထားသော ပြကွက် ပါဝင်မှုအပေါ် ဒေါသထွက်ဆန္ဒပြကြခြင်းကို ဖြစ်စေသော ဗွီဒီယို

အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ အာရပ်ကမ္ဘာတွင် ပိုမိုဖြစ်ပွားလာလျက်ရှိသည်။ အမေရိကန်ကုမ္ပဏီတစ်ခုက ရိုက်ကူးထုတ်လုပ်သည့် ရုပ်ရှင်ဇာတ်ကားတွင် အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော် မိုဟာမက်အား သရော်ထားသော ပြကွက် ပါဝင်မှုအပေါ် ဒေါသထွက်ဆန္ဒပြကြခြင်းကို ဖြစ်စေသော ဗွီဒီယိုပါ ။

ကမ္ဘာ့အရပ်အမြင့်ဆုံးထိုင်းမွန်အမျိုးသမီး။

ဗမာပြည် ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဖိုးသံချောင်းသို့ ဆက်သွယ် မေးမြန်းချက်

စက်တင်ဘာလ ၁၃၊ ၂၀၁၂
ရဲဘော်သုံးကျိပ်ဝင် လည်းဖြစ်၊ ဗမာပြည်ကွန်မြူနစ် ပါတီခေါင်းဆောင် တစ်ဦးလည်းဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ၏ ကျန်းမာရေး သတင်းနှင့် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက် သတင်းများကို ဗီအိုအေ၊ အာ(ရ)အက်(ဖ)အေ အသံလွှင့်ဌာနများမှ ကြားသိရသည့်အတွက် ဗမာပြည် ကွန်မြူနစ် ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဖိုးသံချောင်းကို မြန်မာ အင်ဒီပဲန်ဒင့် ဂျာနယ် မှ အီးမေး(လ)ဖြင့် မေးမြန်းခဲ့ပါသည်။ ဖိုးသံချောင်း၏ ဖြေကြားချက်များမှ အချို့ကို စာဖတ် ပရိသတ်များ ဖတ်ရှု အကဲခတ်နိုင်ရန် ကောက်နုတ် ဖော်ပြ လိုက်ပါသည်။
ဗမာပြည် ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ (ဦး)ဖိုးသံချောင်း ဗမာပြည် ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ (ဦး)ဖိုးသံချောင်း မေး- မြန်မာအင်ဒီပဲန်ဒင့်သတင်း ဂျာနယ်အနေနဲ့ ဗိုလ်ချုပ်ကျော်ဇောရဲ့ ကျန်းမာရေး အခြေအနေကို စိုးရိမ်ပူ ပန်မိပါတယ်။ ကျန်းမာရေး အခြေအနေ အလားအလာကို ဆေးပညာအရ ဘယ်လို ခန့်မှန်းမိသလဲ ဆိုတာ သိလိုပါတယ်။
ဖြေ- သူ့ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး အသံလွှင့်ဌာနတွေရဲ့ အင်တာဗျူးတွေမှာ ရဲဘော်လှကျော်ဇော ပြောထား တာတွေက အပြည့်စုံဆုံးပါ။ ကျွန်တော်က ဆေးပညာ ဗဟုသုတ နည်းပါတယ်။ အသက်ကြီးလို့ အသီးမှည့်တဲ့ အချိန်မှာ ဖြစ်ပေါ်လေ့ရှိတဲ့ ဓမ္မတာအတိုင်း ရောဂါစုံ ဝင်ပါတယ်။ အထူးသဖြင့် အဆုတ် ပြဿနာ လို့ပဲ နားလည်မိပါတယ်။
မေး- မြန်မာအစိုးရအနေနဲ့ ဗိုလ်ချုပ် ကျော်ဇောကို ရဲဘောသုံးကျိပ်ဝင် တစ်ဦးအနေနဲ့ တိုင်းပြည်ကို ပြန်လာဖို့ ဒေါက်တာ လှကျော်ဇောဆီကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက သမ္မတ ကိုယ်စား ဖုန်းဆက် ပြောကြားတယ် လို့ ကြားရပါတယ်။ ဖိတ်ကြားမှုဟာ ပုဂ္ဂိုလ်ရေးအရ သက်သက်လား၊ နိုင်ငံရေးအရ ပါ ပါသလားဆိုတာ သိလိုပါတယ်။
ဖြေ- ကျွန်တော့်အမြင်အရတော့ အစိုးရဟာ နိုင်ငံရေးအရ လက်ဦးကွက် တစ်ကွက် ယူလိုက်တာ ဖြစ်ပါတယ်။ စစ်အစိုးရ အဆက်ဆက်ဟာ ဗိုလ်ချုပ် ကျော်ဇောကို တစ်လျှောက်လုံး ဖုတ်လေတဲ့ ငါးပိ ရှိလေတယ် မထင်ဟန် လုပ်ခဲ့ရုံမက သူနဲ့ပတ်သက်တဲ့ သမိုင်းတွေကိုပါ ပြင်တာ။ ပိတ်ပင်တာတွေ လုပ်ခဲ့တာကို ကျွန်တော်တို့ မမေ့ပါ ဘူး။ သူတို့ဟာ ပြည်သူ လူထုထဲမှာ ဩဇာကြီးလှတဲ့ ဗိုလ်ချုပ်ကျော်ဇော ပါးစပ်က ထွက်မယ့်စကားကို ကြောက်ကြပါတယ်။ ဒါကြောင့် သူလုပ်နိုင်၊ ကိုင်နိုင်၊ ပြောနိုင်၊ ဆိုနိုင်နေတုန်းက သူ့ကို ပေယျာလကန် လုပ်ထားခဲ့ကြပြီး အခုကျမှ သူတို့ နာမည်ကောင်း ရအောင် ပြည်တွင်းကို ပြန်လာဖို့ ဖိတ်ခေါ်တယ်လို့ လုပ်ကြတာပါ။ ပြည်ပမှာ သူ့သားသမီး သုံးယောက် ရှိတာကို ၂ ယောက်ထဲပဲ ပြန်လာခွင့်ပြုတာကို ကြည့်ရင်လည်း ဒါဟာနိုင်ငံရေး အဓိပ္ပာယ် အပြည့်ရှိတယ်ဆိုတာ ပေါ်လွင်ပါတယ်။
မေး- ဒေါ်လှကျော်ဇောရဲ့ စကားအရ ဗ.က.ပ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့အတွက် ပါတီနဲ့ တိုင်ပင်ပြီးမှ အကြောင်းပြန်မယ် လို့ သိရပါတယ်။ ပါတီရဲ့ သဘောထားကို သိပါရစေ။
ဖြေ- ကျွန်တော်တို့ ပါတီအနေနဲ့ သူတို့မိသားစုကို လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ပေးထားပါတယ်။ ရဲဘော် လှကျော်ဇောဟာ ပါတီနဲ့အတူ အခက်အခဲများစွာ ဖြတ်သန်းလာခဲ့သူမို့ သူ့ရပ်တည်ချက်ကို ပါတီက ယုံကြည်ပါတယ်။ နာခံခိုင်းတာ လုပ်ဖို့ မလိုပါဘူး။
မေး- ပါတီ ပုဂ္ဂိုလ်တစ်ဦးချင်းအပေါ် ဖိတ်ခေါ်မှုကို ဘယ်လို သဘောထားပါသလဲ။ ပါတီအနေနဲ့ ဖိတ်ခေါ်မှု ပြုလုပ်သင့်တယ် လို့ ယူဆပါသလား။ ဖိတ်ခေါ်ခဲ့ရင် ဘယ်လိုတုံ့ပြန်ဖို့ သဘောထားရှိပါသလဲ။
ဖြေ- အစိုးရအနေနဲ့ အဖွဲ့အစည်းထဲက တစ်ဦးချင်းကို ဖဲ့ဆွေးနွေးတာတွေ လုပ်ပါတယ်။ ကျွန်တော်တို့ ပါတီက လူကို လုပ်တာလည်း ရှိပါတယ်။ ဒါဟာ ထောက်လှမ်းရေး လုပ်ဟန် ဖြစ်ပါတယ်။ သိက္ခာရှိတဲ့ နိုင်ငံရေး အဖွဲ့အစည်း တစ်ရပ်၊ အစိုးရတစ်ရပ်ရဲ့ လုပ်ဟန် မဟုတ်ပါဘူးလို့ ပြောပါရစေ။ ဒါမျိုးတွေကို ကျွန်တော်တို့ ရဲဘော်တွေက မတုံ့ပြန်ပါဘူး။
မေး- အမျိုးသား ညီညွတ်ရေးအတွက် လက်ရှိအစိုးရကို ဘာတွေလုပ်ဖို့ တိုက်တွန်းလိုပါသလဲ။
ဖြေ- စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး မတည်ဆောက်ဘဲနဲ့ အမျိုးသား စည်းလုံးညီညွတ်ရေး မရှိနိုင်ဘူး ဆိုတာ အထူးပြောစရာ မလိုဘူး ထင်ပါတယ်။ အမျိုးသား စည်းလုံး ညီညွတ်ရေး မရှိရင်လည်း အချိန်မရွေး စစ် ဖြစ်နိုင်ပါတယ်။ ဗမာပြည်မှာ ဖြစ်ပေါ်ခဲ့တဲ့ပြည်တွင်းစစ်ဟာ အုပ်စိုးသူတွေဘက်က အကြမ်းဖက် ဖိနှိပ်ရာက နေစခဲ့တာပါ။ အဲဒီလို လုပ်ဟန်တွေ၊ အာဏာသိမ်းဖို့ အခွင့်အာဏာကို အသိအမှတ်ပြု ထားတာတွေ ရှိနေသ ရွေ့ ပြည်တွင်းစစ် အပြတ်ချုပ်ငြိမ်းဖို့အတွက် အာမခံချက် မရှိနိုင်ပါဘူး။
မေး- အမျိုးသား ညီညွတ်ရေးအတွက် ပါတီရဲ့ လုပ်ငန်းစဉ် အကြမ်းကို သိလိုပါတယ်။
ဖြေ- အမျိုးသား ညီညွတ်ရေးအတွက် အဓိက လိုအပ်တာဟာ ဒီမိုကရေစီ၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား တန်းတူရေး ဖြစ်ပါတယ်။ ဒီသုံးခု အထဲမှာ ဒီမိုကရေစီက အဓိက အကျဆုံးပါ။ ဒီအခြေခံပေါ်မှာ ကျန်တဲ့ နှစ်ခုကို တည်ဆောက်ရတာပါ။ ဒါပေမယ့် ပြည်သူလူထုက အပ်နှင်းတာ မဟုတ်ဘဲ “နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်မယ်” လို့ သတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမျိုးဟာ ဒီမိုကရေစီကို အာမ မခံနိုင်ပါဘူး။ ဒါကြောင့် အမျိုးသား ညီညွတ်ရေး အတွက် ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အဲဒီဥပဒေကို အကာအကွယ် ပေးနေတဲ့ စစ်အာဏာရှင်စနစ် မရှိဖို့အတွက် လုံးပမ်း ကြရပါမယ်။ အဲဒီရည်ရွယ်ချက် အတွက် တက်ြွကတဲ့အင်အားစုမှန် သမျှနဲ့ စည်းလုံးရပါမယ်။ အမျိုး သားညီညွတ်ရေးအတွက် ညီညွတ်တဲ့ အင်အားစုကြီး တစ်ရပ် တည်ဆောက် ရပါမယ်။ ဒါဟာ အဖွဲ့အစည်း သဏ္ဌာန်နဲ့ ဟုတ်ချင်မှ ဟုတ်မှာပါ။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကိုယ်သန်ရာသန်ရာ နယ်ပယ်ကနေ လှုပ်ရှားကြ တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သေချာတာက လူထုကြီး ပါဝင်မှ ရမှာပါ။ လူထုကို အခြေခံ၊ လူထုနဲ့ အတူ ချီတက်ကြရပါမယ်။
မေး- ပြည်သူလူထုကို ဘာသတင်းစကားများ ပေးလိုပါသလဲ။ အခြား နိုင်ငံရေး အင်အားစုများကိုရော ဘာပြောလို ပါသလဲ။ ပြောလိုတာ ရှိသေးရင် ပြောကြားပေးပါ။
ဖြေ- ဗိုလ်ခင်ညွန့်က ကျွန်တော်တို့ ကို ဒေသတစ်ခုပေးပြီး “ငြိမ်းအဖွဲ့” လုပ်ဖို့ တိုးတိုးတိတ်တိတ် ကမ်းလှမ်း  ခဲ့တုန်းက ကျွန်တော်တို့က (၁) နှစ်ဖက် လျှို့ဝှက်ပြီး တွေ့ဆုံဆွေးနွေးဖို့၊ (၂) ဗမာပြည်တွင်းမှာပဲ တွေ့ဖို့၊ တွေ့ကြမှ နှစ်ဖက် စိတ်ဝင်စားတဲ့ ပြည်တွင်းရေး ကိစ္စများကို တင်ပြဖို့၊ (၃) တွေ့ဆုံဆွေးနွေးတာကို လျှို့ ဝှက်ထားဖို့၊ နှစ်ဖက် သဘောတူညီချက် ရမှ တိုင်းပြည်ကို ထုတ်ပြန်ဖို့ သဘောတူညီချက် မရရင်လည်း လျှို့ ဝှက်ထားကြဖို့ ကမ်းလှမ်းခဲ့ပါတယ်။ နောင်တော့ ဗိုလ်ခင်ညွန့် အရာကျသွားလို့ ထင်ပါတယ်။ ဘာမှဖြစ်မြောက် မလာခဲ့ပါဘူး။ အဲဒီတုန်းက ဆွေးနွေးဖြစ်ရင် တင်ပြဖို့အချက် ၃ ချက် စဉ်းစားထားပါတယ်။ အဲဒါကတော့ (၁)၁၉၈၈ မတိုင်မီနဲ့ အဲဒီနောက်ပိုင်းမှာ မတရားအသင်း ကြေညာခံထားကြရတဲ့ သမဂ္ဂတွေ၊ အဖွဲ့အစည်း တွေကို တရားဝင် ပါတီများအဖြစ် ပြန်လည်ပေးဖို့၊ (၂) ပိုနေမြဲ ကျားနေမြဲ နည်းနဲ့ (ယာယီ)ဖြေရှင်း ထားတဲ့ စစ်ရပ်စဲရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအရ စေ့စပ်ဆွေးနွေးပြီး ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့၊ (၃)အထက်ပါ ၂ ချက် ပြေလည်ပြီဆိုမှ ကျွန်တော်တို့ ပါတီ တရားဝင် တည်ရှိရေးအတွက် စေ့စပ်ဆွေးနွေးကြဖို့ ဖြစ်တယ်။ (ကျွန်တော်တို့ပါတီကို မတရားအသင်း ကြေညာတာက သူတို့မဟုတ်လို့ သူတို့လုပ်ခဲ့တဲ့ကိစ္စကိုပဲ အရင်ဦးစားပေးတာ ဖြစ်တယ်။) ဒါပေမယ့် ဗိုလ်ခင်ညွန့် အထက်မှာ ပြောခဲ့သလိုပဲ ဘာမှမဖြစ်ခဲ့ပါဘူး။ အခုတော့ အခြေအနေတွေ ပြောင်းလဲသွားပါ ပြီ။ “၂၀ဝ၈ အခြေခံဥပဒေ” အသက်ဝင် နေပါပြီ။ အခြေအနေသစ်မှာ အသစ်စဉ်းစားရမှာပါ။ (၁) ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ နိုင်ငံရေးစနစ် တစ်ခုရှိဖို့ လက်ရှိ အာဏာပိုင်တွေနဲ့ စေ့စပ် ဆွေးနွေးချင်ပါတယ်။ (၂) စေ့စပ်ဆွေးနွေးပွဲ ဖြစ်လာ ဖို့အတွက် ဘာတွေကြိုတင် လိုအပ်မလဲဆိုတာကို တိုးတိုးတိတ်တိတ် အပြန်အလှန် တီးခေါက်ကြည့်တာက စရ မယ် ထင်ပါတယ်။ (၃) အထက်ပါ ၂ ချက်ကို လက်ခံရင် ကျွန်တော်တို့က “မစ်ရှင်”တစ်ခု လျှို့ဝှက်ပြီး လွှတ်ချင် ပါတယ်။ ဒါက“ကြံဆချက်”ပါ။ “၂၀ဝ၈ အခြေခံဥပဒေ” ရှိနေသမျှ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
အနိမ့်ဆုံး တောင်းဆိုချင်တာက အလုပ်သမား သမဂ္ဂ၊ လယ်သမားသမဂ္ဂနဲ့ ကျောင်းသား သမဂ္ဂဆိုတဲ့ သမဂ္ဂကြီး ၃ ခု တရားဝင် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ခွင့် ဖြစ်ပါတယ်။ အခုလက်ရှိပုံစံနဲ့ သမဂ္ဂတွေ တည်ရှိ နေရတာဟာ ဘာအာမခံချက်မှ မရှိပါဘူး။ ဥပဒေမှာကိုက ပြဿနာရှိနေတာ ဖြစ်ပါတယ်။
http://www.myanmarij.com/?p=5395

ခရိုနီလက်စွဲ ကော်လံဖြူတယောက်နှင့် မူလမြေယာပိုင်ရှင်တောင်သူတို့ရဲ့အမြင်နှိုင်းယှဉ်ချက်

By Yamoun Nar

“MESSENGER ဂျာနယ် စက်တင်ဘာလ (၃) ရက်နေ့ထုတ် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းမှ စီမံကိန်းတာဝန်ခံ ဦးမြင့်အောင်နှင့် ဆက်သွယ်မေးမြန်းခြင်းကို အသိမ်းခံ (၂၆) ရွာမှ ဖြေကြားခြင်း”
(၁၃.၉.၂၀၁၂)

မေး ... ရွာသူရွာသားတွေနဲ့ စီမံကိန်းကအဆင်မပြေဖြစ်နေတယ်။ အဓိက ကြေးနီစီမံကိန်းကြီးကြောင့် ရွာသူရွာသားတွေ ဒုက္ခရောက်တယ်လို့ မြင်ကြတယ်။ ဖွံ့ဖြိုးမှုအတွက် စီမံကိန်းက လိုအပ်သလို အခြေခံလူတန်းစားတွေအတွက်က ကြည့်ရပါတယ်။ ဒါကိုဘယ်လိုမြင်ပါသလဲ ?

ဦးမြင့်အောင် ဖြေ ... ကျွန်တော်တို့ကတော့ ဟိုအရင်စီမံကိန်းအတွက် ဒေသခံတောင်သူလယ်သမားတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းရပါမယ်။ ဒီအတိုင်းဘဲ ကျေးရွာပြောင်းမယ်ဆိုရင် သူတို့ရဲ့မူလ အိမ်အဆင့်အတန်းထက်မနိမ့်အောင် သွားရေးလာရေးဘဲဖြစ်ဖြစ် ပညာရေး၊ ကျန်းမာရေး လုပ်ငန်းလုပ်တဲ့နေရာတွေကို ရေတို့၊ လျှက်စစ်မီးတို့ လိုအပ်မှုမရှိအောင် ထားပေးထားတယ်။ တောသူတောင်သားဆိုတာ ဒီနေရာမှာနေရင် ဘယ်လောက်ဘဲ ရေရှားရှား မပြောင်းချင်ကြဘူး။ ကျေးရွာအသစ်ဆောက်တဲ့ နေရာနဲ့ရွာဟောင်းရှိတဲ့နေရာ နှိုူင်းယှဉ်လို့ ရပါတယ်။ မြေတွေသိမ်းတာက ဧက (၆၀၀၀) ကျော်ကို လျော်ကြေးပေးရမှာပါ။ ဧက (၇၈၀၀) မှာ ပုံမှန်လျော်းကြေးပေးရမှာက ဧက (၅၀၀၀) ကျော် ဘဲပေးရမှာ။

တောင်သူတွေက (လန) ရတဲ့ သတ္ထုတွင်းပိုင်တဲ့မြေသတ်မှတ်တယ် တောသဘာဝကတော့ လွတ်တဲ့နေရာမှာ ထွန်ယက်စိုက်ပျိုး တာဖြစ်တယ်။ ထွန်ယက်စိုက်ပျိုးတဲ့အခါ တိုးလာတဲ့ ဧက (၁၇၀၀) လောက်ရှိတယ်။ ဒါကမြို့နယ်မှာ စာရင်းမပေါက်ဘူး။ တရားမဝင်တိုးချဲ့ပြီး သတ္ထုတွင်းဧရိယာထဲကို လုပ်ကိုင်တာ နောက်လျော်ကြေးနှုန်းထားအတိုင်းပေးတယ်။

သူတို့မြေသိမ်းလျော်ကြေးအကြောင်းကို ကျွန်တော်တို့ လူကြီးတွေသိတယ် ထိုက်တန်တဲ့လျော်ကြေးပေးမယ်။ ပြီးရင် ယာကို စွန့်လွှတ်လိုက်ရတဲ့အတွက် သူတို့ရဲ့စားဝတ်နေရေး အလုပ်အကိုင်ရရှိရေး တပိုင်တနိုင် စီးပွားရေး၊ ပညာရေး လူမှုရေး ကလေးငယ်တွေအတွက် ပညာရေးမြင့်မားဖို့ ဆောင်ရွက်ပေးထားမှာပါ။ အဲဒီအတွက် တိုင်းဒေသကြီးနဲ့ ပြည်သူ့လွှတ်တော်သို့ ညှိနှိုင်းဆောက်ရွက်ပြီးသားပါ။

ဒေသခံတွေရဲ့ခံစားချက်ကို ကျွန်တော်တို့ စာနာပါတယ်။ ပြီးခဲ့တဲ့ နှစ်ရက် သုံးရက်ကတော့ အမြင့်ဆုံးဆောင်ရွက်ပေးနေပါတယ်။ မြေယာသိမ်းခံရမည့်သူတွေ ရွှေ့ရမည့်သူတွေ အသီးသီးစာနဲ့တင်ပြပါ ၎င်းတို့ရဲ့လိုအပ်ချက်တွေကို အမြင့်ဆုံး အကောင်းဆုံးဖြည့်ဆည်းပေးမှာပါ။


(၂၆) ရွာမှ … တောင်သူများ၏ ဖြေကြားချက်

ကျေးရွာအသစ်က ကျုပ်တို့အတွက် ဘယ်လိုကောင်းတယ်ပြောပြော ကျုပ်တို့က တောင်သူလယ်သမားတွေဖြစ်တဲ့အတွက် စိုက်ပျိုးစရာ မြေတစ်လက်မမျှတောင် မရှိတဲ့နေရာမှာ ကျုပ်တို့လုံးဝမနေနိုင်ပါ။ ကျုပ်တို့ရဲ့ စိုက်ပျိုးမြေတွေပေါ်မှာဘဲ ကျုပ်တို့ စိုက်ပျိုးရေးတွေလုပ်မယ်။ ထန်းတက်မယ်။ နွား၊ သိုး၊ ဆိတ်၊ ကြက်၊ ဝက်၊ မြင်း မွေးမြူရေးတွေလုပ်မယ်။ ဒီလုပ်ငန်းနဲ့ဘဲ ကျုပ်တို့ ကျေးရွာတွေဖွံ့ဖြိုးအောင်လုပ်မယ် ဒီလုပ် ငန်းတွေနဲ့ ကျုပ်တို့ သားသမီးတွေကို ဘွဲ့ရအောင်လုပ်နိုင်တယ် ရွာသစ်မှာသွားပြီးတော့ တစ်နေ့ ၃၁၀၀ ကျပ်နှုန်းနဲ့ တရုတ်ကျွန်လုပ်မှာမ ဟုတ်ဘူး။

မေး ... ဒေသခံတွေက သုံးနှစ်စာသီးနှံလျော်ကြေးပေးမယ်ဆိုလို့ လက်မှတ်ထိုးလိုက်ပြီးမှ လယ်ယာတွေသိမ်းတယ်ပြောတယ်။
ဦးမြင့်အောင်-ဖြေ ... လျော်ကြေးတွေက သီးစားဆိုလဲမရှိဘူး မြေလျော်ကြေးက ၂၀၁၀ခုနှစ်က သေချာတွက်ချက်ပြီးမှ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေလည်းတင်ပြတယ်။ ကွင်းဆင်းတယ် သက်ဆိုင်ရာဥပဒေနဲ့လုပ်တယ်။ ပြီးမှ အသင့်တော်ဆုံးနှုန်းနဲ့ သတ်မှတ်ပြီးမှ ၂၀၁၂ကတည်းက အတည်ပြုချက်ယူပြီးမှ ၂၀၁၁ မတ်လ လောက်မှာစပေးတာ သီးနှံလျော်ကြေးပေးတာမဟုတ်ဘူး။ ပြီးရင်လျော်ကြေးပေး နည်း သုံးမျိုးရှိတယ်။ အဲဒီအတိုင်းပေးလိုက်တာ။ သုံးမျိုးထဲမှာအမြင့်ဆုံးကိုပေတာ။

(၂၆) ရွာ တောင်သူများ၏ဖြေကြားချက် ...

ကျုပ်တို့က သီးနှံလျော်ကြေးသုံးနှစ်စာကို လက်မှတ်ထိုး လက်ဗွေနှိပ်၍ ထုတ်ယူခဲ့ပါသည်။ ကျုပ်တို့မြေကိုစွန့်လွှတ်ကြောင်း ဆိုသည့်စာကို ကျုပ်တို့ လုံးဝမတွေ့ခဲ့ပါ။ မသိရှိခဲ့ပါ။ ကျုပ်တို့မြေကို စွန့်လွှတ်ကြောင်း လုံးဝ လက်မှတ်မထိုးခဲ့ပါ။ လက်ဗွေမနှိပ်ခဲ့ပါ။ ယခု အချိန်ကျမှ ကျုပ်တို့မြေကို ကျုပ်တို့ လက်မှတ်ထိုး လက်ဗွေနှိပ်၍ စွန့်လွှတ်ခဲ့ကြောင်း သိရပါတယ်။ ဒါဟာ ကျုပ်တို့ကို သူတို့ ကလိမ်ကကျစ် သက်သက်လုပ်တာသာဖြစ်တယ်။
မေး ... ဒေသခံစာချုပ်ချုပ်တုန်းက သုံးနှစ်စာသီးနှံလျော်ကြေး အဲဒီလိုပြောပြီးပေးတာ။ ပေးတဲ့အခါကြတော့ စကားပြောမှားသွားတယ်လို့ ?

ဦးမြင့်အောင်ဖြေ ...

မှားတာမရှိပါဘူး။ အသုံးအနှုန်းလွဲတာပဲ ရှိတယ်။ စာချုပ်ရယ်လို့ မဟုတ်ဘူး ဝန်ခံကတိ လက်မှတ်ထိုးခိုင်းတာရှိတယ်။ မြေအခွန်နှုန်းက စလုပ်တယ်။ မြေအပေါင်းသီးနှံလျော်ကြေးဆိုပြီး ထည့်ပေးတ်။ သီးနှံက သုံးနှစ်စာမဟုတ်ဘူး။ ၁၉၅၉ဥပဒေကဆိုရင် မြေလျော်ကြေးပေးမယ်ဆိုရင် မြေခွန်တော်ရဲ့ ၁၂ဆ (သို့) ၂၀ဆ တစ်မတ်လောက်လုပ်တဲ့အခါကတော့ တစ်ဧက ၅ိ ကျပ် လောက်ရတယ်။ အဆနှစ်ဆယ်ဆိုမှ ၅ိ/ (သို့) ၁၅ိ/ကျပ် လောက်ဘဲရတယ်။

အဲဒါသည်အလွန်နည်းတယ်။ အဲဒါကြောင့်လည်းပါမယ် နောက်တစ်မျိုးတွက်တာ က ဒေသပေါက်ဈေးနဲ့ ဒေသအထွင်နှုန်းနဲ့ ကိုက်တဲ့အသီးနှံပေါ် မူတည်တဲ့နှုန်းထားနဲ့ သုံးဆတွက်လိုက်တယ်။ နောက်တနည်းက မြေရဲ့ကာလပေါက်ဈေးပေါ် သူနဲ့သက်ဆိုင်တဲ့ ယာ၊ ယာမှာမှ အမြင့်ဆုံးသည် တစ်နှစ်ထွက်တဲ့ သီးနှံ စိုက်တဲ့သီးနှံ သူ့ရဲ့ကာလပေါက်ဈေးရဲ့ သုံးဆသည် အမြင့်ဆုံးဖြစ်နေတယ် အဲဒါကြောင်းမို့ လျော်ကြေးပေးတဲ့ အခါကြတော့ မြေခွန်တော်အဆ ၂၀ ၊၁၅ိ ကျပ်ဖြစ်ဖြစ် ဘာဘဲဖြစ်ဖြစ် မြေခွန်အပေါင်းသီးနှံလျော်ကြေးဆိုပြီး နှစ်ခုစလုံးထည့်ရတယ်။ ထည့်ပြီးမှ တစ်ဧကမှာ ဘယ်လောက်နှုန်းလဲ တန်ဖိုးဇယားတွေပါရှိတယ်။ အဲဒီ ဇယားတွေအတိုင်းလဲ သူတို့ကို ဝန်ခံ ကတိ ထိုးခိုင်းတယ်။ မြေယာအပေါင်း သီးနှံလျော်ကြေး ဘယ်လောက်ထုတ်ပေးပါတယ်။ အဲဒါကြောင့် လယ်ယာမြေကို စွန့်ပါတယ်လို့ ဝန်ခံ ကတိ လက်မှတ်ထိုးပါတယ် ဆိုပြီးလက်မှတ်ထိုးပါတယ်။

(၂၆) ရွာ တောင်သူများဖြေကြားချက်

သူတို့က သီးနှံလျော်ကြေး သုံးနှစ်ဆိုပြီးပေးလို့ ကျုပ်တို့က လက်မှတ်ထိုး လက်ဗွေနှိပ်တာပါ။ ကျုပ်တို့က အဲဒီမြေရာတွေကို စွန့်လွှတ်ကြောင်း လက်မှတ်ထိုး လက်ဗွေနှိပ်ခြင်း လုံးဝမဟုတ်ပါ။ ၎င်းစာချုပ်ကိုလည်း ကျုပ်တို့ကို မပေးခဲ့ပါ။

မေး ... ဆရာတော်တွေနဲ့ ဒေသခံတွေက လယ်တီဆရာတော်ရဲ့ သမိုင်းဝင် ကျမ်းတွေရေးတဲ့ နေရာတွေလည်းဖြစ်တယ်။ ဒေသခံတွေက လက်မှတ်ထိုးတဲ့အခါ အထဲကစာတွေကို မဖတ်ရဘူလို့ပြောတယ် အဲဒါနဲ့ပတ်သတ်ပြီး ဘာပြောချင်ပါလဲ ?
ဦးမြင့်အောင် ဖြေ ... ဝန်ခံကတိ လက်မှတ်ထိုးတဲ့ ပုံသေဖတ်နေရတဲ့ပုံတွေ မှတ်တမ်းတင်ထားတာရှိပါတယ်။ တစ်ယောက်ချင်နှစ်ယောက်ချင်းပေးတာ မဟုတ်ဘူး၊။ ပြုံးပြုံးရွှင်ရွှင်နဲ့ ဝန်ခံကတိ လက်မှတ်ထိုးပါတယ်။ ငါးသိန်း တစ်သောင်း နှစ်သောင်းဆို တာ အဲဒီအချိန်က အမြင့်ဆုံးပေးတာပါ။

(၂၆) ရွာ တောင်သူမျာဖြေကြားချက် ...

လက်ပန်တောင်းတောင်ကြီးဟာ လွန်ခဲ့တဲ့ ရှေးယခင် နှစ်ရာပေါင်းများစွာ ဘိုးဘွားဘီဘင်လက်ထက် ကတည်းက သစ်တွေဝါးတွေခုတ်ခဲ့တယ်၊ မျှစ်-ဆူးပုတ်ရွက်-ဟင်းရွက်စုံ-မှို စတဲ့ ဟင်းစားတွေကို ရှာဖွေခဲ့ကြတယ်။ ဗုဒ္ဓ ဘာသာဝင်တွေရဲ့ သမိုင်းမှတ်တိုင်ဖြစ်တဲ့ ကျမ်းမြတ်တွေကိုလည်း လယ်တီဆရာတော်ဘုရားကြီးက ဒီလက်ပန်တောင်းတောင်ကြီးပေါ်မှာဘဲ ရေးသားခဲ့တယ်။ ရှေးအဘိုးအဘွားတွေရဲ့ သမိုင်းဝင် စေတီဘုရားကျောင်းကန်တွေကိုလည်း တစ်စတစ်စ တည်ဆောက်ခဲ့ကြရတာပါ။ ကြေးနီစီမံကိန်း ကြောင့် ပျက်စီးသွားတဲ့အတွက် အစားထိုးမရတဲ့ ပျက်ဆီးဆုံးရှုံးမှုကြီးဖြစ်တယ်။

မေး ... စီမံကိန်းကထွက်တည့် စွန့်ပစ်မြေစာကို လယ်ကွင်းထဲကိုပုံထားတယ်။ စိုက်ပျိုးရတာလည်း အခက်ခဲရှိတယ်။ ရွာတွေဘက်မှာ ရှိတဲ့ရေကို ဓါတ်ခွဲခန်းမှ စမ်းသပ်တာ သောက်ဖို့မညီညွတ်ဘူးပြောတယ်။

ဦးမြင့်အောင် ဖြေ ... စွန့်ပစ်မြေပုံရှိတယ်။ အဲဒါတွေက လျော်ကြေးပေးထားပြီးသား။ သူတို့ နှမ်း၊ပြောင်း စိုက်ကြတယ်ဆိုရင် အဲဒီစိုက်ခင်းတွေ မသုံးဘူး သူတို့ရိတ်သိမ်းပြီးချိန်ကြမှ ကျွန်တော်တို့ကသုံးတာ။ ကျန်သုံးရေက ၁၉၉၅ ခု လောက်က ဒီရေနက်ထဲမှရှိတဲ့ မြေဆီလွှာတွေကို အဲဒီရွာက လူထုက ပုဂ္ဂလိကလုပ်တာ ဖြစ်ကြတဲ့အတွက် အိမ်တွေမှာလည်းရှိတယ် ရိုးနံဘေးမှာလည်းရှိတယ် သူတို့ရွာထဲမှအပြည့်ဘဲ အဲဒါ ကြောင့်ဖြစ်တာပါ။

သတ္ထုတွင်း လုပ်ငန်းကြောင့်မဟုတ်ဘူး သူတို့ရဲ့ ပုဂ္ဂလိက လုပ်ငန်းကို နည်းစနစ်မကျဘူး တစ်ချက်က ကိုယ့်အိမ်ဘေးမှာ ရေးတွင်းလေး ရေကန်လေးတွေလုပ်တယ် အဲဒီအခါမှာတော့ မြေပေါ်ရေကတော့ ကန်လေးတွေမှာစိမ့်နိုင်တယ် မြေအောက်ရေမှာကတော့ မရှိဘူး ဘာလို့မရှိလဲဆိုတော့ ပြီးခဲ့တဲ့လက ရေတွင်းတစ်တွင်းတူးပေးတယ် ရွာထဲမှာ ရေချိုတဲ့နေရာရှိတယ် မချိုတဲ့နေရာရှိတယ် အဲဒါက သတ္ထုတွင်းကြောင့်မဟုတ်ဘူး သူတို့ရဲ့ ကိုယ်ပိုင်လုပ်ငန်းကြောင့်ဖြစ်တာ သူတို့ပေးတဲ့ သောက်သုံရေမသန့် ဓါတ်ခွဲခန်းရလဒ်ကို သူတိုကို ရှင်းပြပေးတယ် ဒီဘက်ရေမှက ဓါတ်ခွဲခန်း ရလဒ်ထွက်ရင် သူရဲ့ ph နည်းမယ် NGO ရှိမယ် ရေCO3 ရှိမယ် O2 ရှိမယ် အဲဒါတွေရှိတာပေါ့ ကန်ကုန်းရွာမှာက မြစ်ကမ်းဘေးမှာ တူးရင်ရေချိုထွက်တယ်။

ကုန်းပေါ်မှာနဲ့ ပေတရာလမ်းဘက်ကူးရင် အညာဒေသမှာလို ရေငန် ရေခါး ထွက်တယ်။ ရေငန် ရေခါးက သူ့ရဲ့ အက်စစ်ဓါတ်ကြောင့် မဟုတ်ဘူး ကယ်စီယမ် ပါဆင်းနှိတ် ရယ်၊ မက်ဂနီစီယမ် ပါဆင်းနိတ် ရယ်ကြောင့် ရေခါးလို့ phက 6 to 9 လောက်ရှိချင်ရှိမယ်။ အညာဒေသထုံးဆံဖြစ်လို့ ရေခါးသောက်သုံးရန် မသင့်တာပါ။ ဓါတ်ခွဲခန်းရလဒ်ကိုကြည့်ရင် ဘာတွေများနေတာကို သိရပါတယ်။

(၂၆) ရွာ တောင်သူများ၏ ဖြေကြားချက် ...

စွန့်ပစ်မြေပုံတယ်ဆိုတာ အဲဒီစွန့်ပစ်မြေကို မပုံမီ စိုက်ပျိုးလို့ရတယ်ဆိုတဲ့ အပေါ်ယံမြေဆီလွှာ တွေကို တစ်နေရာမှာ စုထားရပါမယ်။ ကြေးနီတူးတဲ့လုပ်ငန်းကို လုပ်ပြီးတဲ့အချိန်မှာ အဲဒီစွန့်ပစ်မြေတွေကိုညှိပြီး စိုက်ပျိုးလို့ရအောင် ဖယ်ရှားစုပုံထားတဲ့ မြေဆီလွှာတွေကို ပြန်ဖြန့်ပေးရမှာပါ။

အဲဒါကို ကုမ္ပဏီက လုပ်ထားတာ လုံးဝမတွေ့ရဘူး။ အိုင်ဘင်ဟိုး ကုမ္ပဏီ စံပါယ်တောင်မှာ စတင်လုပ်ဆောင်စဉ်တုန်းက လေထု ညစ်ညမ်းမှုကာကွယ်ရန် သစ်ပင် သုံးသိန်း ကိုစိုက်ပျိုးခဲ့ပေမယ့် လက်ပန်တောင်းတောင် စီမံကိန်းဟာ (၉)လခန့်ရှိပါပြီ သစ်ပင်စိုက်ပျိုးခြင်းကို လုံးဝမတွေ့ရပါ။ ယခုချိန်မှာ ရေပြဿနာ အခက်အခဲ မရှိပေမယ့် စံပါယ်တောင်လို ကြေးနီတွေကို ပင်လယ်ရေမျက်နှာပြင်အောက် တူးဖော်ခဲ့ရင် လက်ပန်တောင်းတောင်ရဲ့ ပတ်ဝန်းကျင် လယ်ယာမြေဧက သောင်းချီ တွင်းရေများ ခမ်းခြောက်သွားနိုင်ပါသည်။ ကျော်ရွာတံတားနှင့် ရွှေလှေတံတားကြား ကြေးနီများတူးဖော်ရာတွင် စွန့်ပစ်မြေများ ပိတ်ဆို့မှုကြောင့် ချင်းတွင်းမြစ်ရေကြီးချိန်တွင် မုံရွာမြို့ကို ရေလွှမ်းသွားနိုင်ပါသည်.

ထိုလက်ပန်တောင်းတောင် ကြေးနီစီမံကိန်းကြောင့် ချင်းတွင်း-ဧရာဝတီ မြစ်ဆုံ ဒေသများသည် အက်စစ်ရေများပျံနှံ၍ စိုက်ပျိုးမြေများ ဧက လေးသိန်း ခန့်ပျက်ဆီးဆုံးရှုံးနိုင်ပါသည်။ ယခု စံပါယ်တောင်အနီး ယမားချောင်းထဲတွင် ငါး အစရှိသည့် ရေသတ္တဝါများ မရှိတော့သလို ချင်းတွင်း-ဧရာဝတီ ဒုတိယ မြစ်ဆုံ မှသည် ဧရာဝတီ မြစ်ဝကျွန်းပေါ် များသို့တိုင်အောင် အက်စစ်ဓါတ်များ ပျံနှံနိုင်ပါသည်။ ရေနေသတ္တဝါများ အသက်ရှင်နိုင်တော့မည် မဟုတ်ပါ။ နောင်နှစ်ပေါင်း(၆၀) ကြေးနီစီမံကိန်းကြီး ပြီးစီးသည့်အထိ ခွင့်မပြုကြတော့ဘဲ ကျုပ်တို့ (၂၆) ရွာမှ လယ်ယာသမားများသည် အမျိုးသားရေးစိတ်ဓါတ်ဖြင့် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းကြီး အမြန်ဆုံးရပ်ဆိုင်းရန် ဆန္ဒပြင်းပြလျက် ရှိပါသည်။

မေး ... စီမံကိန်းတွေက ပွင့်လင်းမြင်သာဖို့လိုပါတယ်။ အခုစီမံကိန်းကတော့ ပွင့်လင်းမြင်သာမှုရှိအောင် EIA SIA HIA တွေ ကောအစပေး လုပ်ထားတာတွေရှိလား ?

ဦးမြင့်အောင် ဖြေ ...

ရှိတာပေါ့ အဲဒါက မလုပ်လို့မှ မရတာ ကျွန်တော်တို့က ISO 3001 အဲဒါနဲ့ကလုပ်ရတာ အင်ဖာနေမယ်ကွန်ထရိုးနဲ့ ပတ်သတ်ပြီး လုပ်ရတယ် အချို့ကိစ္စတွေလည်း ထပ်လုပ်ရသေးတယ်။ စီမံကိန်းအတွက် ပြီးမှ Enviiroment Impact ဘယ်လို ဖြစ်မလဲဆိုတာကို ခြောက်လ တစ်ကြိမ် လုပ်တယ် အဲဒါက Third ပါတီဖြစ်တဲ့ စင်ကာပူ ကလုပ်တယ် သဘာဝပတ်ဝန်းကျင်ပိုင်း ကဖြစ်ဖြစ် ကွာလတီပိုင်းကဖြစ်ဖြစ် နည်းပညာပိုင်းကဖြစ်ဖြစ်လုပ်တယ် Enviroment Impact တွေနဲ့ ပတ်သတ်ပြီး သူတို့ လူကြီးတွေက ပတ်ဝန်းကျင်ထိမ်းသိန်းရေးကို လုပ်ဖို့ အမြဲတမ်းပြောတယ် ကျွန်တော်တို့ နိုင်ငံက နည်းဥပဒေများသာမက နိုင်ငံတကာ စံချိန်စံညွှန်းမူကိုလည်း လက်လွှတ်မခံဘဲ လုပ်ရမှာပါ။

(၂၆) ရွာ တောင်သူများ၏ ဖြေကြားချက် ...

ဒီနှစ် (၆၀) စီမံကိန်ုးကြီးပြီးသွားခဲ့ရင် ဒီအသိမ်းခံရတဲ့ လယ်ယာမြေ ဧက(၇၈၀၀)ကျော်မကဘဲ ဧကသိန်းချီ စွန့်ပစ်မြေများ ဖုံးလွှမ်းခြင်း အက်စစ်ရေများ ပျံနှံခြင်း လက်ပန်တောင်းတောင် ပျောက်ကွယ်သွားခြင်းကြောင့် ဂေဟစနစ် ပျက်ပြီး မိုးများလွန်းခြင်း မိုးခေါင်လွန်းခြင်း မုန်တိုက်းဒဏ်ကို မကာကွယ်နိုင်ခြင်း စသည်တို့လည်း ဖြစ်ပါမည်။

မေး ... -- EIA SIA HIA Report လုပ်တော့ အဓိက ဘာတွေကို သွားတွေ့သလဲ ?

ဦးမြင့်အောင် ဖြေ ...

ဒီမှာကတော့ တော်တော်များကတော့ ပုံမှန် အော်တိုတင်းဝင်တယ် လုပ်တယ်ဆိုတော့ လုပ်တဲ့တွေ့တဲ့ဟာတိုင်းသည် သူတို့ကအမြဲတမ်း ကြည့်မှုလုပ်တယ် ဒီမှာရှိတဲ့ Report ကို ယူတယ်။ အစအဆုံး သေချာလုပ်ပါတယ်။ အားနည်းချက်ကတော့ နည်းပါတယ်။ အသေးစားဖြစ်စဉ်လောက်လေးတွေဘဲ ရှိပ်တယ်။ တကယ်လို့ သိချင်တယ်ဆိုရင် ကျွန်တော့် Report တွေကိုလည်း မိတ္တူ ပေးလို့ရပါတယ်။

(၂၆) ရွာ တောင်သူများ၏ ဖြေကြားချက် ...

ကျုပ်တို့ကတော့ နှစ်ပေါင်း (၂၀) ခန့် တူးပြီးသား စံပါယ်တောင် ကြေးနီစီမံကိန်းကို ကြည့်ပြီး ဆုံးဖြတ်တာဘဲ။ စံပါယ်တောင်ဟာ ဧက (၄၀) ရှိပေမယ့် တကယ်တူးလိုက်တော့ ဧက (၇၀) ဖြစ်သွားတယ်။ ကြေးနီသန့်စင်ဖို့ နေရာယူတဲ့မြေဟာ ဧက (၇၀၀) ဖြစ်တယ်။ စွန့်ပစ်မြေကတော့ ဧက (၃၀၀၀) လောက်ဖြစ်တယ်။ ကန်ကုန်း၊ ဒုန်းတော၊ ဂုန်တော၊ ရွာသာ ရွာ (၄) ရွာရဲ့ စိုက်ပျိုးမြေဧက (၃၀၀၀) ဟာ အက်စစ်ရေတွေ ပျံနှံသွာတဲ့အတွက်ကြောင့် ဘာမှ စိုက်ပျိုးလို့မရတော့ပါ။ စိုက်ပျိုးလို့ရတာ ဧက (၈၀၀) လောက်ဘဲ ကျန်တော့တယ်။ အက်စစ်ရေတွေကလည်း ကျန်စိုက်ပျိုးမြေတွေထဲကို ဆက်လက်ပျံနှံဆဲပါ။ သက်ဆိုင်ရာများကလည်း ရွာသားများကြေးနီချက်ရာတွင် စနစ်တကျ ညွှန်ကြားမှုမရှိသောကြောင့် ကြေးနီစွန့်ပစ်မြေများ ၎င်းတို့ရွာထဲတွင်ပျံနှံနေသောကြောင့် ရွာတွင်းရှိ အပင်များ မသန်စွမ်းတော့ပါ။ တစ်ချို့သေကုန်ပါသည်။

လက်ပန်တောင်းတောင်က ဧက (၁၅၀၀) ရှိတဲ့အတွက် စံပါယ်တောင်ထက် အဆ(၄၀)လောက် ရှိပါတယ်။ စံပါယ်တောင်က စာချုပ်သက်တမ်း (၁၈) နှစ်ခန့် ကျန်တဲ့အတွက် ဆိုးကျိုးများ ဒီထက်တစ်ဆ ဖြစ်လာနိုင်ကြောင်းပါ။
မေး ... ၃၃ လုံးမှာ ကြေးဖမ်းမယ် အက်စစ်တို့ ဓာတုဗေဒ ဆေးဝါးတွေလုပ်ရင် ယမားချောင်းကနေ ချင်းတွင်းမြစ်ထဲကို စီးမယ် အဲမှတစ်ဆင့် ဧရာဝတီမြစ်ထဲကို စီးမယ်လို့ သဘာဝပတ်ဝန်းကျင် ပညာရှင်တွေက ပြောတယ်

ဦးမြင့်အောင် ဖြေ ...

အဲဒါကတော့ သဘာဝထိန်းသိမ်းရေး ပညာရှင်တွေက ပြောတယ်ဆိုရင် ပညာရှင်တွေကို ကျွန်တော်တို့နဲ့ တွေ့ပေးလိုက်ပါ သူတို့ကို နည်းပညာလေးဘဲ ပြောမှာပါ သူတို့ကိုလည်း သဘာဝပတ်ဝန်းကျင်းပိုင်းကို နားလည်အောင် လာရောက်ကြည့်ရင်သိနိုင်ပါတယ်။ ရွာလူတွေပြောတာက တောင် (၃၃) လုံးဆိုတာ ဒေသအခေါ်အဝေါ်ရှိတယ် လက်ပန်တောင်းတောင်ကြီး တစ်လုံးဘဲရှိပါတယ်။ ဧက (၇၀၀၀) ကျော်တယ် တောင်ရဲ့ဧက မဟုတ်ဘူး တောင်ရဲ့ဧက အဲလောက်မရှိဘူး စီမံကိန်းမှာ တခြားလုပ်ရမယ့် ကိစ္စကြောင့် ဧက အဲလောက်ရှိတာပါ ချင်းတွင်းမြစ်ထဲကို ယမားချောင်းထဲသို့ စီးဝင်တယ်ဆိုတာကို သဘာဝပတ်ဝန်းကျင် ပညာရှင်တွေဘဲ ဖြစ်ဖြစ် နိုင်ငံတကာဘဲဖြစ်ဖြစ် လာရောက်လေ့လာနိုင်ပါတယ်။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးလိုက်မယ်ဆိုရင် သူတို့က အားလုံးသိသွားမှာပါ။

(၂၆) ရွာ တောင်သူများ ဖြေကြားချက် ...

လက်ပန်တောင်းတောင် ၃၃လုံးတောင်တန်းကြီးဟာ ဧက(၁၅၀၀)လောက်ကျယ်ပါတယ် စံပါယ်တောင်ကြေးနီစီမံကိန်းကြီး နောင် (၁၈) နှစ်အကြာ စာချုပ်သက်တမ်း ပြည့်ပြီးသွားရင် သဘာဝပတ်ဝန်းကျင် ဘေးထွက်ဆိုးကျိုး ဒီထက်နှစ်ဆဖြစ်မယ်။ စံပါယ်တောင်ရဲ့ ဘေးထွက်ဆိုးကျိုးဟာ နောင်နှစ်ပေါင်း(၁၈)နှစ်ကျော်ကြာရင် ဧက(၁၀၀၀၀)ကျော် ပျက်စီးသွားနိုင်တယ် လက်ပန်တောင်းတောင်ဟာ စံပါယ်တောင်ထက် အဆ (၄၀) လောက် ရှိတဲ့အတွက် ဒုတိယမြစ်ဆုံဖြစ်တဲ့ ချင်းတွင်း-ဧရာဝတီ လယ်ယာမြေဧက (၄၀၀၀၀၀) လေးသိန်း (နောင်အနှစ်-၆၀-) ကြာရင် ပျက်စီးသွားနိုင်ကြောင်းပါ။

အဲဒါတွေကြောင့် ကျုပ်တို့ (၂၆) ရွာစလုံးရဲ့ လယ်ယာမြေတွေကို ဆုံးရှုံးရမည့်အပြင် လယ်ယာမြေ ဧက(၄၀၀၀၀၀)လေးသိန်းနဲ့ မြစ်ချောင်း သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးသွားမယ်။ ကျွန်ုပ်တို့ရဲ့ (၂၆)ရွာတင်မကတော့ဘဲ မြန်မာပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ ဒုတိယမြစ်ဆုံ မပျက်စီးရေးကို အမျိုးသားရေးစိတ်ဓာတ်အနေဖြင့် ကျေးရွာလူထုအားလုံး -

(၁) လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းကြီး လုံးဝ ရပ်ဆိုင်းသွားရေး
(၂) လှုပ်ရှားမှုတွင် ဖမ်းထားသူများကို ပြန်လွှတ်ရေး
(၃) ကြေးနီတူးဖော်မှုကြောင့် ဖြစ်ပြီးသော မြေစာပုံမှုများ၊ ဘာသာရေး အဆောက်အအုံများ ပျက်စီးမှုများအပေါ် လျော်ကြေးပေးရန်အရေး
၎င်းတောင်းဆိုချက် အရေး (၃) ချက်ကို မရမချင်း ပြည်သူများနှင့်အတူ တရားဥပဒေနှင့်အညီ ငြိမ်းချမ်းစွာဆန္ဒပြု တောင်းဆိုသွားကြပါမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်ထုတ်ပြန်ချက်

စားသောက်ဆိုင်အမည်ခံ ဇိမ်ခန်း ၆၆ ခု

News Of Myeik

ရဲအုပ်မြင့်လွင်နှင့်သူ့တပည့်အကျင့်ပျက်ရဲများ၊ ရဲသတင်းပေးများဂိုဏ်းဖွဲ့ကာ
ဥပဒေအပြင်ဘက်လုပ်ကိုင်နေသောလုပ်ငန်းများစွာအနက်အရုပ်ဆိုးဆုံးဖာ
ခန်း ( ပြည်တာဆာလုပ်ငန်း )လုပ်ကိုင်နေသည့်စားသောက်ဆိုင်အမည်ခံဖာ
ခန်းများ၏ဓာတ်ပုံတစ်ချို့ ကိုပြည်သူများကတင်ပြလာတဲ့အတွက်ပြန်လည်
တင်ပေးလိုက်ပါတယ်အထက်လူကြီးစုံစမ်းပြီးဒီအကျင့်ပျက်ရဲအုပ်မြင့်လွင်ကို
အရေးယူပေးပါရန်ပန်ကြားအပ်ပါတယ်။

မြိတ်မြို့ ၊ မြို့မ ရဲစခန်းမှ စခန်းမှူးအကျင့်ပျက်ရဲအုပ်မြင့်လွင်မွေးထားသော
ဂိုဏ်းဝင်ထဲမှတစ်ချို့ဖြစ်ပါတယ်။ ၄င်းတို့ ဟာရဲအုပ်မြင့်လွင်နှင့်ပတ်သက်မှု
မရှိဘဲဖွင့်ထားတဲ့စားသောက်ဆိုင်များကိုဝင်ဖမ်းခြင်း၊ထီဒိုင်များကိုသတင်းပေး
ခြင်း၊်ဆက်ကြေးမတရားယူခြင်း၊ဖာခေါင်းလုပ်ခြင်း၊ဖာခေါင်းများကိုဆက်ကြေး
ပြန်ကောက်ခြင်း၊စသဖြင့်လုပ်ကိုင်ကြပါတယ်အခုတင်ပေးထားတဲ့ဓာတ်ပုံများ
ကတော့ မြိတ်မြို့ ၊ရွှေပြည်တန်ရပ်ကွက်မှာပြောင်ကျကျဖာခန်းဖွင့်ထားတဲ့စား
သောက်ဆိုင်အမည်ခံဖာခန်းဖြစ်ပါတယ်၊သုခ 9 လမ်းထိပ်မှာလည်းရှိပြီးဒီလို
လုပ်နေတဲ့စားသောက်ဆိုင်အမည်ခံ 66 ခုရှိတယ်လို့ဒေသခံတွေပြောပါတယ်။
ဒီနားမှာနေတဲ့မိကောင်းဖခင်သားသမီးတွေအဖို့လွန်စိတ်အနှောက်ယှက်ဖြစ်
နေရပါတယ်။ရဲအုပ်မြင့်လွင်ကတော့ဂိုဏ်းချုပ်ဖြစ်ပြီး ၄င်း၏အောက်တွင်ရဲကြပ်
မျိုးသိန်း ၊ ဇော်မိုးအောင်တို့ လိုလက်ထောက်
ဂိုဏ်းချုပ်များရှိကာ၊ ဂိုဏ်းသားများအဖြစ် ရဲသတင်းပေးများရှိပါတယ်။၎င်းတို့
ကိုမျက်နှာဖုန်းခွာချရလျှင်ဖြင့်-- ရဲကြပ် မျိုးသိန်း- ဥပဒိရုပ်ကိုကြည့်ရုံဖြင့်အ
လွန်ကောက်ကျစ်သည့်မျက်နှာရှိပြီး..မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီးမြိတ်မြို့
တွင်အကြီးအကျယ်လုပ်နေသည့်မူယစ်ရာဇာကြီးဖြစ်ပါတယ်။အခုလူကြီးမင်း
တို့ဖမ်းလိုက်ပြီးဖြစ်ကာတရားသူကြီးများကလည်းအမိန့်ချမှတ်လိုက်ပြီးဖြစ်
သည့် လူငယ်များစွာမှာအဲဒီယုတ်မာသောမျိုးသိန်းဆိုသည့်ရဲဆိုးဖြစ်ပါတယ်
လူငယ်များကိုမူးယစ်ဆေးဝါးရောင်းခိုင်းပါတယ်။သူကပဲကာကွယ်ပေးသလို
နှင့်နောက်ပြီးအခြေအနေမကောင်းတော့ရင်သူကပဲနေရာအတိအကျပြောပြီး
ပြန်ဖမ်းခိုင်းပါတယ်ဖမ်းခံထလာတဲ့လူငယ်တွေကဒီမူးယစ်ဆေးဝါးတွေကို
ဘယ်ကရသလဲလို့မေးလာရင်လူငယ်တွေမျိုးသိန်းဆိကလို့ အမှန်အတိုင်းဖြေ
လို့ကတော့ဌက်ပျောသီးဖြစ်ပြီမှတ်တော့ဒီလိုထောင်ထဲထည့်လိုက်တဲ့လူငယ်
လေးတွေအများကြီးပါ။သာဓကအနေဖြင့်.. သားကြီး ( ကွမ်းယာ )ဆိုတာတစ်
မြို့လုံးသိမှပါ။ နောက်ပြီး ကန်ခေါင်းရပ်မှာ ရဲအုပ်မြင့်လွင်ဦးဆောင်မှုဖြင့်
မရောင်ရာဆီလူးတဲ့ လူဖမ်းတဲ့ပွဲမှာ သူတို့လာဖမ်းတဲ့ ဘောင်းဘီကြီးဆိုသူဟာ
မျိုးသိန်းမွေးထားတဲ့လူပါ မျိုးသိန်းနှင့်ဘောင်းဘီကြီးဟာမြိတ်မြို့ပေါ်ကလူသူ
ရှင်းတဲ့နေရာတွေအမြဲတွေ့လေ့ရှိပါတယ်ဒါကိုဓာတ်ပုံရလျှင်မကြာခင်တင်ပေး
ပါမယ်။ ဒါကသာဓကအနည်းအကျဉ်းပါ၊မျိုးသိန်းဟာတစ်နေ့ကိုမြင်းဆေး( ရာ
ဘ 3 လုံးလောက်အနည်းဆုံးရှူနေတဲ့မူးယစ်ကောင်၊အရက်မူးသမား ) သုံး
လုံးလောက်သုံးစွဲတဲ့ကောင်ပါ။ နောက်တစ်ယေက်က ဇော်မိုးအောင်ဆိုတဲ့
အကျင့်ပျက်ရဲ-ဥပဒိရုပ်က အထမ်းသည်လိုပုံပါ။ထပ်ပြောင်နေပြီးလေယာဉ်
ကွင်းနှင့်လေယာဉ်တွေမှားဆင်းနိုင်ပါတယ်။ဒီအကျင့်ပျက်ရဲက ရဲအုပ်မြင့်လွင်
ကိုအသေကြောက်တဲ့ရဲတစ်ဦးဖြစ်ပြီး ထီ၊ ဘောပွဲဒိုင်၊ဓာတ်ဆီဆိုင်တွေဆက်
ကြေးလိုက်ကောက်ရတဲ့မြင့်လွင်က သေဆိုသေရမဲ့အကောင်ပြည်သူတွေ
ထက်မြင့်လွင်အတွက်သီးသန့် နိုင်ငံတော်က ကျွန်တော်တို့အခွန်တွေနှင့်လစာ
ပေးထားရတဲ့အမှိုက်ကောင်ဖြစ်ပါတယ်။ နောက်တစ်ယောက်က သိန်းနိုင်-
ထီလိုင်းကြေးတွေလိုက်ကောက်ရတဲ့ရဲသတင်းပေးပြည်သူထဲက ခွေးသား
လောက်ကောင် အရပ်သားဖြစ်ပါတယ်ဘုရားကိုင်ရပ်မှာနေထိုင်ပြီးအလုပ်
လက်မဲ့တစ်ဦးဖြစ်ပါတယ် အခုခါမှာတော့ လိုင်စင်မဲ့ကားတစ်စီးကိုပိုင်ဆိုင်
ထားပြီး 2 ထပ်တိုက်တစ်လုံးနှင့်ပါ။ တွေးကြည့်ပေါ့ ရဲသတင်းပေးတောင်အ
လုပ်လက်မဲ့ဘ၀ကနေဒီလိုဖြစ်လာတယ်ဆိုတော့ရဲအုပ်မြင့်လွင်ဆိုတဲ့သူတို့
ဂိုဏ်းချုပ်မှာဘယ်လောက်ရှိမလဲ နိုင်ငံတော်ကပေးတဲ့လခ ကဒီကောင်အိမ်
သာမှာသုံးတဲ့စရိတ်လောက်ပဲရှိမပေါ့။ပြီးတော့ သားညီ ( ဖာခေါင်း )၊ မြိုသစ်
ရပ်မှာနေတယ်။အောင်ထွန်းဦးလို့ ခေါ်တဲ့ ကုလားရှည် ဖာခေါင်းပါပဲ။အောင်
သန်းမြင့် ( ဖာခေါင်း ) တခြားအများကြီးပါပဲ ဒီလူတွေကိုသက်ဆိုင်ရာစုံစမ်း
လို့လွယ်အောင်တင်ပေးလိုက်တာဖြစ်ပါတယ် သက်ဆိုင်ရာကစုံစမ်းလို့လွယ်
အောင်ဆိုတော့ထောက်လှမ်းရေးတွေကလည်းသိမှာပါ ဒါပေမယ့်မေ့နေမှာစိုး
လို့ပါ တဲ့ပြည်သူတွေက ဒီလိုအကျင့်ပျက်ရဲတွေဟာဒီမိုကရေစီစနစ်ကိုသွားနေ
ပါတဲ့ဆိုတဲ့နိုင်ငံတစ်ခုမြို့တစ်ခုမှာမရှိသင့်တော့ဘူးဒီလူတွေရှိသင့်တာက
ထောင်တွေ မှာပဲဖြစ်ပါတယ်သူတို့ယုတ်မာပြီးပို့လိုက်တဲ့သူတွေနှင့်ထောင်မှာ
အေးအေးဆေးဆေးသွားနေခိုင်းဖို့ အချိန်ရောက်ပြီဖြစ်ကြောင်းပြည်သူတွေ
ကိုယ်စားတင်ပြပေးလိုက်တာပါ။တစ်ကယ်လို့ ထောက်လှမ်းရေးတွေကလည်း
မသိချင်ယောင်ဆောင်နေမယ်၊အထက်လူကြီးတွေကလည်းမျက်နှာလွဲနေ
မယ်ဆိုရင်တော့ကျွန်တော်တို့ ဘိတ်သူ/သားများဟာလည်းမည်သည့်နေရာ
အထိပေါက်ရောက်တယ်ဆိုတာသိစေရပါမယ်လို့ ပြောလာကြောင်းပါခင်ဗျား..


မြိတ်မြို့တွင်ဥပဒေကိုချိုးဖောက်ကာမကောင်းမှုမှန်သမျှကိုဂိုဏ်းဖွဲ့လုပ်ကိုင်နေ
သောမြို့မရဲစခန်းမှစခန်းမှူးရဲအုပ်မြင့်လွင့်နှင့်ရဲသတင်းပေးများကြောင့်ပြည်သူ
များမှာလုံခြုံ မှုရှိသည်ဟုခံစားရခြင်းမရှိတော့ကြောင်းသိရ
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ တွင် ဥပဒေချိုးဖောက်ကာမ
ကောင်းမှုမှန်သမျှကိုဂိုဏ်းဖွဲ့ လုပ်ကိုင်နေသောမြို့ မရဲစခန်းမှ စခန်းမှူးရဲအုပ်
မြင့်လွင်နှင့်ရဲသတင်းပေးများကြောင့်ပြည်သူများမှာရဲအုပ်မြင့်လွင်ရှိသောမြို့
တွင်နေထိုင်ရသည်မှာလုံခြုံမှုရှိသည်ဟုလုံးဝမခံစားရတော့ကြောင်းမြိတ်မြို့နေ
ပြည်သူ/သားများကပြောကြားလာတဲ့အတွက်ဒီသတင်းကိုတင်ပေးလိုက်ရပါ
တယ်။ပြည်သူများအနေဖြင့် ဥပဒေဘက်တော်သားတစ်ယောက်ဟာဥပဒေကို
လုံးဝချိုးဖောက်နေပြီးဘယ်လိုမှယုံကြည်မှုမရှိတော့ကြောင်းအဆိုပါအကျင့်
ပျက်ရဲဝန်ထမ်းနှင့်၎င်း၏တပည့်များ၊ရဲသတင်းပေးများကိုစိတ်ဆိုးဒေါသထွက်
နေကြကြောင်းသိရပါတယ်ရဲအုပ်မြင့်လွင်ဆိုသူမှာနိုင်ငံတော်သမ္မတကြီးဦး
သိန်းစိန်တာဝန်ယူပြီးနောက်ပိုင်းမှာလာဘ်ပေးလာဘ်ယူကိစ္စများကိုစတင်
ကိုင်တွယ်တဲ့အချိန်မှာအဲဒီအကျင့်ပျက်ရဲအုပ်လည်းစာရင်းထဲမှာပါသွားပြီးတနင်္သာရီမြို့ ကိုခဏသွားရောက်တာဝန်ထမ်းဆောင်နေခဲ့ပါတယ်အဲဒီရဲအုပ်ဟာ
ရာထူးလျော့ချခံရခြင်း၊အရေးယူခံရခြင်းမရှိပဲသူ့အထက်ကလူကြီးကိုပေးကမ်း
နိုင်တာကြောင့်ရဲလူကြီးများနှင့်အဲဒီရဲအုပ်မြင့်လွင်တို့ဟာသမ္မတကြီးကိုတပတ်
ရိုက်လိုက်နိုင်ခဲ့ပါတယ်တနင်္သရီမှာအ၀င်ပြထားပြီး၊မကြာခင်မှာမြိတ်လေဆိပ်
မှာလူလိုသလိုလိုနှင့်နေရာတစ်ခုကိုအကြောင်းပြပြီးမြို့ပေါ်ကိုရောက်လာပြန်ပါ
တယ်သိပ်မကြာခင်မှာပဲအပေးကမ်းကြမ်းတဲ့အတွက်မြိတ်မြို့ ပေါ်ကဂုဏ်
သိက္ခာကြီးတဲ့ရဲဝန်ထမ်းတွေသာရုံးထိုင်ခွင့်ရှိတဲ့မြို့မရဲစခန်းကိုအဲဒီရဲအုပ်မြင့်
လွင်ဆိုသူဟာပြန်လည်ရောက်ရှိလာပါတယ်ဒီကိစ္စကိုသမ္မတကြီးနှင့်အထက်
လူကြီးတွေမလိုက်တာလား၊ သက်ဆိုင်ရာထောက်လှမ်းရေးတွေကရောမသိ
လိုက်တာလားဆိုတာတော့သူတို့ကိုယ်တိုင်သူကြမှာပါ။ပေးကမ်းပုံကအားလုံး
သိန်း 700လောက်အကုန်ခံပြီးဒီနေရာကိုမတန်မရာရယူလိုက်တယ်လို့သိရ
တယ်အဲဒီဂုဏ်သိက္ခာကြီးတဲ့ပြည်သူ့ ရဲတွေသာရုံးထိုင်လေ့ရှိတဲ့မြို့မရဲစခန်းမှာ
အကျင့်ပျက်ရဲတစ်ကောင်မတန်မရာနေရာရလာပြီးဒုတိယနေ့ မှာပင်သူ့ ရဲ့
နောက်လိုက်ရဲသတင်းပေး ( informer ) တွေကိုအားလုံးခေါ်ယူပြီး ဘိသိပ်ခံ
ယူုပွဲကျင်းပကြောင်းရဲသတင်းပေးများကိုတစ်ဦးလျှင်ကျပ် 50000 စီပေးစေပါ
တယ်ရဲ ကရဲသတင်းပေးတွေကိုငွေကြေးထောက်ပံ့ရမည့်အစား ရဲသတင်းပေး
တွေက ရဲကိုဆက်ကြေးပြန်သွင်းရပါတယ်ဒါဟာဘာကြောင့်လဲဆိုတော့ရဲအုပ်
မြင့်လွင်က ရဲသတင်းပေးတွေနှင့်ဂိုဏ်းတစ်ခုဖွဲ့ ပြီးလုပ်ပိုင်ခွင့်တွေဥပဒေမဲ့ချ
ပေးလိုက်တာပဲ။အခုဆိုရင် ရဲကဥပဒေမဲ့လုပ်ရပ်တွေနှင့်အုပ်စုဖွဲ့ ပြီး မြို့သစ်၊
မြိတ်တောင်၊အင်းလေးမြိုင်စက်မှုဇုံစတဲ့ဆင်ခြေဖုံးဒေသတွေမှာ ဖာခန်း(ပြည်
တန်ဆာ )၊မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ချဲထီ၊ ( 2လုံး၊ 3 လုံး )များကိုအ
ကြီးအကျယ်လုပ်ကိုင်နေပါတယ်အဲဒီတစ်ဝိုက်ကနေရာတွေစားသောက်ဆိုင်
အမည်ခံထားတဲ့ ( KTV )တွေ၊ဖာခန်းတွေ 66 ခုရှိတယ်လို့သိရပါတယ်ကဲ...
မြိတ်မြို့အတွက်အရုပ်ဆိုးဆုံးလုပ်ရပ်တွေကိုဒီလူတွေက နှမချင်းမစာနာလုပ်
ကိုင်နေကြပါတယ်သူတို့က ဒီဒေသခံတွေမဟုတ်တဲ့အတွက်ဒီမြို့ မှာရာထူးရ
တုန်းလုပ်ချင်သလိုလုပ်သွားပြီးဒီကဒေသခံမိကောင်းဖခင်သားသမီးတွေက
တော့ဒီလိုနေရာမျိုး မှာဘယ်လိုနေထိုင်နေရတယ်ဆိုတာကိုယ်ချင်းစာကြည့်
နိုင်ပါတယ်အဲဒီဖာခန်း ( ပြည်တန်ဆာအိမ် ) တွေ ၊ချဲထီ၊မူးယစ်ဆေးဝါးလုပ်
မှုတွေကို ၄င်း၏တပည့် ရဲကြပ် မျိုးသိန်းနှင့်ဇော်မိုးအောင်ဆိုသူကလုပ်ကိုင်
ပေးရပါတယ်ဆက်ကြေးတွေကိုလည်ဒီအကျင့်ပျက်ရဲတွေနှင့်ရဲသတင်းပေး
တွေကလုပ်ကိုင်ကြပါတယ်။မျိုးသိန်းဆိုသူရဲကြပ်ဟာလည်းအင်မတန်ယုတ်
ညံ့သောစိတ်ထားရှိသည့်ရဲတစ်ဦးအဖြစ်မြို့ နေလူထုကကောင်းကောင်းသိကြ
ပြီး၊ ဘောင်းဘီကြီးဆိုသူနှင့်လည်းအဆက်သွယ်ရှိကြောင်း၊ယခင်မူယစ်ဆေး
ဝါးရောင်းချခဲ့သူများကိုလည်း၎င်းကပင်ရှယ်ယာထည့်ကာရောင်းချစေခဲ့
ကြောင်းမူးယစ်ဆေးဝါးရောင်းချသည့်လူငယ်များကိုရဲများကလာဖမ်းသွား
သောအခါမူလနေရာကိုမေးကြရာသူတို့ ၀ယ်ရသည်မှာ မျိုးသိန်းဆိုသည့်ရဲဖြစ်
ကြောင်းသူကရောင်းခိုင်းကြောင်းပြောသောအခါရဲများကဒီနာမည်ကိုလုံးဝမ
ပြောရန်၊တရားရုံးတွင်လည်းထုတ်မပြောရန်ခြိမ်းခြောက်ခြင်း၊ညှင်းပန်းနှိပ်
စက်ခြင်းများပြုလုပ်လေ့ရှိပါတယ်ဒါကြောင့်မူးယစ်ဆေးဝါးရောင်းပေးကြတဲ့
မသိနားမလည်တဲ့လူငယ်အတော်များများဟာသူတို့အပေါ်ကလူကိုမဖော်နိုင်
ပဲထောင်ထဲမှာအများကြီး ယခုထက်တိုင်အများကြီးရှိပါတယ်။သားသမီးရှိသူ
တိုင်းကိုယ်ချင်းစာကြည့်ပါခင်ဗျား။။မြင့်လွင်တို့ မျိုးသိန်းတို့မှာလည်းသားသမီး
တွေရှိနေပါတယ်ဝဋ်ဆိုတာမြန်ပါတယ်လို့ ဒေသခံတစ်ဦးကရင်ဖွင့်ခဲ့ပါတယ်။
ရဲအုပ်မြင့်လွင်ဟာ မြို့သစ်ရဲစခန်းမှာတာဝန်ကျစဉ်ကတည်းက ညပိုင်းအချိန်
များတွင်လမ်းသွားလမ်းလာလူများကိုစခန်းကိုခဏလိုက်ခဲ့ကိစ္စရှိသည်ဟုခေါ်
ကာစခန်းရောက်ပါကမှောင်ရိပ်ခိုသည်ဟုစွပ်စွဲကာလူတစ်ဦးကိုကျပ် 20000
တောင်းကာပြန်ပေးဆွဲသည့်ပုံစံများနှင့်ငွေရှာခဲ့ကြောင်းသိရသည်။နောက်
နောက်များကမလုပ်ချင်တော့သောအခါတွင်လည်းကောင်းငွေရနည်းသည့်
အခါတွင်လည်းကောင်း၊ဘ၀သစ်ကဲ့သို့နေရာများသို့ပြောင်းပစ်မည်ဟုခြိမ်း
ခြောက်လေ့ရှိကြောင်းသိရပါတယ်၎င်းမြင့်လွင်ဟာ သမီးမွေးနေ့ ၊မယားမွေး
နေ့ ၊၄င်း၏မွေးနေ့ များပြုလုပ်ကာ မြိတ်မြို့ပေါ်ရှိ၎င်းနှင့်မကင်းနိုင်သည့်အလုပ်
များကိုလုပ်နေသည့်လုပ်ငန်း 600 လောက်ကလူများကိုမွေးနေ့ဖိတ်ပါတယ်။
တစ်ယောကို မွေးနေ့ လက်ဆောင် တစ်သိန်းလောက်ပေးရပါတယ်။အဲဒီငွေ
တွေဟာတစ်နှစ် ကို သိန်း 1800 လောက်နှစ်စဉ်ရရှိပါတယ်။ရဲအုပ်မြင့်လွင်
ဟာလက်ရှိ မှန်လုံကားကြီး ( express ) 7 စင်းခန့်  အိမ်ခြံမြေ 5 ကွက်၊ဆိုင်
ကယ် အစီး 20 ( တက္ကစီ )အုံနာထားပြီး အလွန်ချမ်းသာတဲ့အကျင့်ပျက်ရဲတစ်
ဦးအဖြစ်ဇိမ်ခံနေပြီး ၄င်းတပည့်များ၊မျိုးသိန်း ၊ ဇော်မိုးအောင်၊ နှင့်ရဲသတင်း
ပေးများက သက်ဆိုင်ရာအလိုက် ဖာခန်း၊မူးယစ်ဆေးဝါး၊ထီ လုပ်ငန်းများကို
ကြီးကြပ်ပေးနေရာ၎င်းအားဆက်သနေရကြောင်းသိရပါတယ်။ဒီကိစ္စကိုပြည်သူ
များကတင်ပြလာတဲ့အတွက်ကျွန်တော်တိုမြိတ်သူ/သားများကိုတာဝန်ယူ
ကာကွယ်ပေးနေကြတဲ့ထောက်လှမ်းရေးအဖွဲ့အစည်းများနှင့်အထက်လူကြီး
များ၊နိုင်ငံတော်သမ္မတကြီးအထိတင်ပြပါပေးပါလို့ ပြောလာတဲ့အတွက်ဒီပို့စ်
ကိုတင်ပေးလိုက်တာဖြစ်ပါတယ်။ လူသားအားလုံးတရားဥပဒေစိုးမိုးမှုအောက်
တွင်နေထိုင်ကြပါစေ။