Monday, September 17, 2012

အကျဉ်းထောင် ရှစ်ခုမှ နိုင်ငံရေးအကျဉ်းသားပေါင်း ၈၇ဦး လွတ်မြောက်

Eleven Media Group
စက်တင်ဘာလ ၁၇ရက်နေ့ ည ၁၁ နာရီ မိနစ် ၃၀ ဝန်းကျင် အချိန်အထိ ရရှိသောသတင်းများအရ မြန်မာနိုင်ငံ အသီးသီးရှိ အကျဉ်းထောင် ရှစ်ခုမှ နိုင်ငံရေးအကျဉ်းသားပေါင်း ၈၇ဦး လွတ်မြောက်လာခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသမားဟောင်းများ အဖွဲ့မှ ရရှိသော သတင်းများအရ သိရပါသည်။

ထောင်အသီးသီးမှ လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများစာရင်းမှာ ရန်ကု န် အင်းစိန်ထောင်မှ ၈ဦး၊ မန္တလေး အိုးဘိုထောင်မှ ၄၆ဦး၊ တောင်ငူထောင် မှ ၂၆ဦး၊ သာယာဝတီထောင်မှ ၃ဦး၊ ပဲခူးထောင်မှ ၁ဦး၊ မြင်းခြံထောင်မှ ၁ဦး၊ လွိုင်ကော်ထောင်မှ ၁ ဦး၊ တောင်ကြီးထောင်မှ ၁ဦး စုစုပေါင်း ၈၇ ဦးဖြစ်ကြောင်း သိရသည်။

၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က "အခုလို လွှတ်ပေးသင့်တာကြာပါပြီ။ ထောင်ထဲမှာ ဆယ်စုနှစ်တွေ ကြာတဲ့အထိနေခဲ့ကြရတဲ့ ဘ၀တွေအများကြီးရှိပါတယ်။ ဦးရွှေထူးဆိုရင် ၁၅နှစ်နီးပါးရှိပြီ။ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်တော်ပြန်လာတဲ့သူတွေကိုတောင် လက်ခံနေပြီဆိုတဲ့အချိန်မှာ ပုဒ်မတွေအမျိုးမျိုးနဲ့ အစွပ်စွဲခံခဲ့ရပြီး မတရား ဖမ်းဆီးခံခဲ့ရတဲ့သူတွေ ထောင်ထဲမှာ မရှိသင့်ပါဘူး။ အခုလို လွှတ်ပေးခြင်းဟာ နိုင်ငံတကာမှာ မျက်နှာပန်းလှမယ့်ကိစ္စပါ။ ကျွန်တော်တို့အနေနဲ့ ဘယ်လောက်ကျန်သေးတယ်ဆိုတာကိုတော့ စနစ်တကျ သတင်းစုဆောင်း စိစစ်သွားပြီး ကျန်သေးရင် တောင်းဆိုမှုတွေ ပြုလုပ်သွားမှာပါ။ တစ်စုံတစ်ယောက်က နိုင်ငံရေး အကျဉ်းသားတွေရဲ့ဘ၀တွေကို နိုင်ဖဲတစ်ချပ် ကိုင်ထားသလို ကိုင်ထားတာမျိုး မဖြစ်ပါစေနဲ့လို့တော့ ဆုတောင်းပါတယ်"ဟု ပြောပြခဲ့ပါသည်။
လွတ်မြောက်လာသူများထဲတွင် ၁၉၉၈ခုနှစ်ကတည်းက အကျဉ်းကျနေသော တောင်ကြီးထောင်မှ ဦးရွှေထူး၊ သာယာဝတီထောင်မှ မောင်မောင်သန်းရွှေ၊ ဇာနိုင်ထွန်း(ခ)ဖြူလေး၊ ကိုဥာဏ်ထွန်း၊ ပဲခူးထောင်မှ ကိုဇင်လင်းထွန်း စသည်တို့ပါဝင်ကြောင်းသိရသည်။

လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများကိုလည်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ ရွှေဝါရောင် ဦးဆောင်သံဃာတော် အရှင်ဦးပဏ္ဏ၀ံသ၏ ရွှေတောင်ကျောင်းတိုက်တွင် လက်ခံတွေ့ဆုံ၍ အားပေးကူညီမှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

လွတ်မြောက်လာသည့် အကျဉ်းသားများကို ဆေးစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ဆေးကုသရန်လိုအပ်ပါက ၎င်းတို့ တက်နိုင်သည့်အားဖြင့် ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသား သုံးပုံတစ်ပုံနီးပါးကို စိတ်အားထက်သန်စွာ လွတ်ငြိမ်းချမ်းသာခွင့် ပြုပေးခဲ့သည့် သမ္မတကြီးအား အထူးကျေးဇူးတင်ပါကြောင်းနှင့် ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသား နှစ်ရာကျော်အား အမြန်ဆုံးစိတ်အားထက်သန်စွာ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် တောင်းဆိုပါကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ အဖွဲ့ဝင်များကပြောပြပါသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ပြုစုထားသော စာရင်းအရ မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များ၌ နိုင်ငံရေးအကျဉ်းသားပေါင်း ၃၀၃ ဦးရှိရာ လက်ရှိအချိန်ထိ ၈၇ ဦး လွတ်မြောက်လာကြောင်း သတင်းရရှိပါသည်။ CJMyanmar   NLD အမတ် ဦးမင်းသူ (ယခင် အိုးဘိုထောင်မှ နိုင်ငံရေး အကျဉ်းသားဟောင်း) လာရောက်ကြိုဆိုအားပေးစဉ်။

ဒေါ်အောင်ဆန်းစုကြည် ဝါရှင်တန်ဒီစီသို့ ခရီးစဉ်ချောမွေ့စွာရောက်ရှိ

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ (၁၇) ရက်နေ့၊ အမေရိကန်စံတော်ချိန် နံနက် ၁၀ နာရီ ၃၀
မိနစ်တွင်(မြန်မာစံတော်ချိန်ည ၉နာရီအချိန်ခန့်) အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီသို့ ခရီးစဉ်ချောမွေ့စွာရောက်ရှိခဲ့ပြီဖြစ်သည်။



မြန်မာ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အမေရိကန်နိုင်ငံသို့ သွားရောက်ရန်အတွက် ဂျပန်နိုင်ငံ တိုကျိုရှိ နာရီတာလေဆိပ်တွင် ခေတ္တဆိုက်ရောက်စဉ်။

"aခါင်းဖြတ်သတ်ပါ" ဆိုတဲ့ သဘောထားဆိုင်းဘုတ်အပေါ် ဖြေရှင်းချက်တောင်းဆိုပြီ"


Lwin Aung Soe

‎"သြစတြေးလျနိုင်ငံ New South Wales ပြည်နယ်ဝန်ကြီးချုပ်က ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဆန္ဒပြမှုမှာ ကိုင်ဆောင်ခဲ့တဲ့ "aခါင်းဖြတ်သတ်ပါ" ဆိုတဲ့ သဘောထားဆိုင်းဘုတ်အပေါ် ဖြေရှင်းချက်တောင်းဆိုပြီ"......
"ရဲတပ်ဖွဲ့ အကြီးအကဲ Andrew Scipione ကလဲ ဒီလူတွေ ဒီလိုမျိုး အကြမ်းဖက်မှုတွေ ထပ်လုပ်လာမယ်ဆိုရင်တော့ သူတို့ကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ပြီး တုန့်ပြန်သွားတော့မယ်လို့ ပြောဆိုလိုက်ပါပြီ"......

ပြည်နယ်ဝန်ကြီးချုပ် Barry O'Farrell က ၁၆ စက်တင်ဘာ မနေ့က သူ့ရဲ့ သက်ဆိုင်ရာဝန်ကြီးတဦးကို အဲလို ဖြေရှင်းချက် တောင်းဆိုလိုက်တာဖြစ်ပြီး ဒီနေ့ ၁၇ စက်တင်ဘာမှာ ပြန်လည်တင်ပြရမှာဖြစ်ပါတယ်......

မူဆလင်မိခင်တဦးက အဲဒီ ဆိုင်းဘုတ်ကို သူ့ရဲ့ခလေးငယ်လေးကို ကိုင်ခိုင်းပြီး ဓါတ်ပုံရိုက်နေတာကို မြင်ရတဲ့ သြစတြေးလျနိုင်ငံသားတွေသာမက တချို့မူဆလင်ဘာသာဝင်တွေပါ ဒေါသထွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဲဒီအမျိုးသမီးကို ရှာဖွေဖေါ်ထုတ်ဘို့လဲ အမိန့်ပေးလိုက်ပါပြီ.....

ရဲတပ်ဖွဲ့ အကြီးအကဲ Andrew Scipione ကလဲ ဒီလူတွေ ဒီလိုမျိုး အကြမ်းဖက်မှုတွေ ထပ်လုပ်လာမယ်ဆိုရင်တော့ သူတို့ကို "အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ပြီး လိုက်ဖက်ညီစွာ တုန့်ပြန်သွားတော့မယ်"လို့ ပြောဆိုလိုက်ပါတယ်.... အကြမ်းဖက်ဆန္ဒပြချိန်မှာ ရဲအရာရှိတွေနဲ့ ပြည်သူတွေကို ထိခိုက်အောင် လုပ်ဆောင်ခဲ့သူတွေကိုလဲ လာရောက်အဖမ်းခံဘို့ သတိပေးလိုက်ပါတယ်....

တချိန်တည်းမှာပဲ ဒီလိုဆူပူမှုဖြစ်အောင် မက်ဆေ့တွေနဲ့ အဓိက လှုံ့ဆော်ပေးခဲ့သူတွေကို ဖေါ်ထုတ်ဘို့ ကြိုးစားနေပြီး အကြမ်းဖက်မှုဆိုင်ရာ ကျွမ်းကျင်သူများ၊ တန်ပြန်ရေး အရာရှိများကို အသင့်အနေထားရှိနေကြဘို့ တပ်လှန့်လိုက်ပါပြီ....

သြစတြေးလျနိုင်ငံရဲ့ အမေရိကန်သံအမတ်ကြီး Jeffrey Bleich ကတော့ သူ့ရဲ့လုံခြုံရေးအတွက် အမေရိကကို ပြန်မှာမဟုတ်ဘူး.... ဒီနိုင်ငံမှာ လုံခြုံမှုအပြည့်အဝရှိတယ်လို့ ငါယုံကြည်တယ်လို့ ပြောဆိုလိုက်ပါတယ်....

Htoo Maung

http://www.news.com.au/news/nsw-premier-asks-for-probe-into-boy-holding-beheading-sign-at-anti-islamic-film-protest-in-sydney/story-fnehlez2-1226475905656