Tuesday, September 18, 2012

စက်တင်ဘာမိုးစက်များ - မင်းကိုနိုင်

By Ko Myoe
မင်းကိုနိုင် facebook.



ညီမလေးရေ..
အဲဒီ့နေ့က
ကောင်းကင်ကြီး မျက်ရည်စို့
မိုးတွေလည်း ညိုလို့

သမီးက အမာခံ မဟုတ်ဘူး
အသေခံ တဲ့
မင်း ပြောခဲ့တယ်..

ညီမလေးရေ..
ချီတက်လာသူတွေကို
မင်းဈေးပန်းထဲက
ချ ချ ကျွေးခဲ့တဲ့
ကြံချောင်းတွေဆို
ခုထိတိုင် ချိုနေတုံး

ညီမလေးရေ..
မင်းလဲကျသွားသည့်တိုင်
မလွှတ်တမ်းကိုင်ခဲ့တဲ့
တို့ဖခင်ဓါတ်ပုံ
တို့အားလုံးရဲ့ နှလုံးသားအစုံနဲ့
ခန်းမများအားလုံးမှာ
အပြီးအပိုင်ချိတ်ဆွဲလိုက်နိုင်တာ
မင်းပေးခဲ့တဲ့ စံနမူနာ..

ညီမလေးရေ..
မိုးတွေညိုတဲ့
ဒီလိုနေ့တိုင်းမှာ
မင်းနဲ့အတူ
စွန့်ခဲ့သူအပေါင်းအတွက်
မျက်ရည်ပန်းခွေ
လမ်းတွေပေါ်ပြည့်လို့
ညီမလေးရေ..။

-မင်းကိုနိုင်
၁၉-၉-၂၀၁၂

ဘင်္ဂါလီ လုံးဝ မရှိမှသာ ပြသာနာ ငြိမ်းမည်ဟု ဒေါက်တာ အေးချမ်း သုံးသပ်

rRakhine Citizen Journalists
ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးနေသော ပြသာနများ ပြေလည်သွားရန် ဘင်္ဂါလီများ လုံးဝ မရှိရန် လိုအပ်ကြောင်း ရခိုင်တိုင်းရင်းသား သမိုင်း ပညာရှင် ဒေါက်တာ အေးချမ်းက သုံးသပ်လိုက်သည်။ ဒီပြသာဖြစ်လာတာ နှစ်ပေါင်း ၇၀ ကျော်လာပြီ။ နောက်ထပ်မဖြစ်စေချင်ရင် လုံးဝ သီးခြားစီထားရမယ်။ ၀င်မလာနိုင်အောင် ခြံစည်းရိုးကို မြင့်မြင့်ကာရမယ်“ ဟု ဒေါက်တာအေးချမ်း က ရှင်းပြ သည်။ ရခိုင်ပြည်နယ်နှင့် ဘင်္ဂါလားဒေခ်ျ့ နယ်စပ်ဒေသဖြစ်သော မောင်တော၊ ဘူးသီးတောင်တို့တွင် ရခိုင်လူဦးရေ ၉ရာခိုင်နှုန်းခဲ့သာ နေထိုင်လျှက်ရှိပြီး ကျန်ရာခိုင်နှုန်းများကို ဘင်္ဂါလီများ ကြီးစိုးထားသည်။

ရခိုင်အရေး အလေးပေး ဆွေးနွေးသော အမျိုးသားရေး လက္ခဏာ နိုင်ငံသားဖြစ်မှု ဆွေးနွေးပွဲတွင် သမိုင်းဖြစ်ရပ်များ ကို ဆွေးနွေးတင်ပြနေသော သမိုင်းပညာရှင် ဒေါက်တာ အေးချမ်း

ဓါတ်ပုံ - The Voice Weekly

ရခိုင်ပြည်ကို ကာကွယ်ရန် အခွင့်အရေး မရခဲ့ဟု ဦးအေးသာအောင် ဆို

အစိုးရကသာ အဏာကို ချုပ်ကိုင်ခဲ့သဖြင့် မြန်မာနိုင်ငံ၏ အနောက်ဖက် တံခါး ရခိုင်ပြည်ကို ရခိုင်တိုင်းရင်းသားများ ကာကွယ်ခွင့် မရခဲ့ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောကြားသည်။ အစိုးရကသာ အာဏာကို ချုပ်ကိုင်ထားခဲ့ပြီး ရခိုင်တိုင်းရင်းသားများတွင် လုပ်ပိုင်ခွင့် အာဏာ မရှိခဲ့သဖြင့် အနောက်ဖက်တံခါးကို ထိထိရောက်ရောက် ကာကွယ်နိုင်ခြင်း မရှိခဲ့ကြောင်း ၄င်းက ရှင်းပြသည်။ ရခိုင်အရေး အလေးပေး ဆွေးနွေးသော အမျိုးသားရေး လက္ခဏာ နိုင်ငံသားဖြစ်မှု ဆွေးနွေးပွဲတွင် ဦးအေးသာအောင်က ယင်းသို့ ပြောကြားခြင်းဖြစ်သည်။ အနောက်ဖက်တံခါးကို ရခိုင်တိုင်းရင်းသားများ သမိုင်းပေးတာဝန်အရ စောင့်ရှောက်ခဲ့သောလည်း အာဏာကို ချုပ်ကိုင်ထားသော အစိုးရပိုင်း၏ အားနည်းမှု အကျင့်ပျက် ခြစားမှုတို့ကြောင့် တစ်ဖက်နိုင်ငံက ဘင်္ဂါလီများ ၀င်လာခဲ့ကြောင်း၊ ယင်းသို့ ၀င်ရောက်လာမှုတို့ကြောင့် ဘူးသီးတောင် ၊ မောင်တောမြို့နယ်တို့တွင် လူဦးရေ မညီမျှမှုများ ဖြစ်လာခဲ့ကြောင်း ဦးအေးသာအောင်က ဆိုသည်။ ဘူးသီတောင် ၊ မောင်တောမြို့တို့တွင် ရခိုင် တိုင်းရင်းသား ဦးရေမှာ ၉ရာခိုင်နှုန်းခန့်သာ ရှိပြီး ဘင်္ဂါလီ ၈၄ရာခိုင်နှုန်းခန့်ရှိသည်။

ရခိုင်အရေး အလေးပေး ဆွေးနွေးသော အမျိုးသားရေး လက္ခဏာ နိုင်ငံသားဖြစ်မှု ဆွေးနွေးပွဲတွင် တွေ့ရသော ဦးအေးသာအောင်

ဒေါ်အောင်ဆန်းစုကြည်သည် ဝါရှင်တန်မြို့ တော်ရှိ ငြိမ်ချမ်းရေး အင်စတီကျူ့  အဆောက်အအုံနှင့်RFA ရုံးချုပ်သို့ သွားရောက်လည်ပတ်

အမေရိကန်ပြည်ထောင်စုသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ဝါရှင်တန်မြို့ တော်ရှိ ငြိမ်ချမ်းရေး အင်စတီကျူ့  အဆောက်အအုံ၌ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နှင့်အတူ မိန့်ခွန်း တစ်ရပ် ပြောကြား


စက်တင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်မှာ ဒေါ်အောင်ဆန်းစုကြည်

မလေးရှားကို လှေနဲ့ ခိုးသွားမည့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၁၂ ဦးဖမ်းဆီးခံရ

September 18, 2012 at 10:23 am
ဘင်္ဂလာဒေခ်ျ့ နိုင်ငံကနေ မလေးရှားနိုင်ငံကို စက်လှေနဲ့ ခိုးသွားမယ့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၁၂ ဦးနဲ့ ကို စစ်တကောင်းမှာ ရဲအဖွဲ့က မနေ့မနက်က ဖမ်းဆီးလိုက်ပါတယ်။

Photo: thedailystar
သူတို့ဟာ ဘင်္ဂလာဒေခ်ျ့နိုင်ငံ အနယ်နယ် အရပ်ရပ်က ဖြစ်ပြီး စစ်တကောင်း ခရိုင် ဘန်ခါလီဆိုတဲ့ အရပ်မှာ လူမှောင်ခိုသမားတွေက စက်လှေနဲ့ ယူဆောင်သွားဖို့ စုရုံးနေစဉ် ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ သူတို့ ၁၁၂ ဦးနဲ့ အတူ ဘုတ်ပိုင်ရှင်ကိုလည်း ရဲက ဖမ်းဆီးလိုက်ပါတယ်။
ဘုတ်ပိုင်ရှင်ကတော့ မိမိအနေနဲ့ ခုလို မလေးကို သွားမှာကို မသိရှိကြောင်းနဲ့ သူ့စက်လှေကို လူမှောင်ခိုသမားတွေက ဘန်ခါလီကနေ ကတူဒီယာကျွန်းကို သွားရောက်ဖို့ တာကာ ၈၀၀၀နဲ့ ဌားရမ်းထားတယ်လို့ ရဲကို ပြောဆိုတယ်လို့ ဆိုပါတယ်။
အခု အဖမ်းခံရတဲ့သူတွေဟာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနယ်နယ် အရပ်ရပ်က ဖြစ်ပြီး မလေးမှာ အလုပ် သွားလုပ် လိုသူတွေ ဖြစ်တယ်လို့  ဘင်္ဂလာရဲက ထုတ်ဖေါ် ပြောဆိုပါတယ်။
လူမှောင်ခိုသမားတွေဟာ လူတစ်ဦးစီက မလေးအရောက် တာကာ (၂) သိန်း ကျစီ တောင်းခံထားပေမယ့် ဒီငွေတွေကို လက်ငင်း ပေးစရာမလိုဘဲ မလေးရှားကို ရောက်မှ ပေးရမှာ ဖြစ်ပါတယ်။  လောလောဆယ် စရံ အနေနဲ့ လူတစ်ဦးစီက တာကာ ၂၀၀၀ ကနေ ၁၀၀၀၀ ထိ ကောက်ခံထားတယ်လို့ ပြောပါတယ်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားတွေဟာ နှစ်စဉ် စက်လှေတွေနဲ့ ဘင်္ဂလာ ပင်လယ်အော်ကို ဖြတ်ကာ မလေးရှားကို အလုပ်သွားလုပ်ဖို့ ခိုးထွက်ကြတယ်လို့ ဆိုပါတယ်။
ခုလို ခိုးထွက်ကြတဲ့ အခါ မလေးရှားကို ရောက်သွားတာတွေ ရှိသလို စက်လှေတွေပျက် (ဒါမှမဟုတ်) လမ်းကြောင်းမှားပြီး ထိုင်း၊ အင်ဒိုနီးရှား၊ အိန္ဒိယ စတဲ့ နိုင်ငံတွေကို ရောက်ရှိသွားကြတယ်လို့ ဆိုပါတယ်။
အဲသလို ရောက်ရှိသွားတဲ့အခါ သက်ဆိုင်ရာ နိုင်ငံတွေဆီမှာ ခိုလုံခွင့်ရရန်နဲ့ လူသားချင်း စာနာတဲ့ အကူအညီတွေ ရရှိလိုတာကြောင့် သူတို့ကို သူတို့ မြန်မာနိုင်ငံ အစိုးရရဲ့ ဖိနှိပ်မူကြောင့် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေဆိုပြီး လိမ်လည် ပြောဆိုကြတယ်လို့ ဆိုပါတယ်။
မြန်မာ လူ့အခွင့်အရေး လူပ်ရှားသူတွေကလည်း သူတို့တွေဟာ ရိုဟင်ဂျာတွေ ဖြစ်ကြောင်း၊ မြန်မာ အစိုးရ နှိပ်စက်တဲ့ အတွက် ထွက်ပြေး လာသူတွေ ဖြစ်ကြောင်း ပြောဆိုပြီး ရိုဟင်ဂျာတွေအရေးကို ကမ္ဘာက ပိုမို အာရုံစိုက်လာအောင် ရှေ့နေလိုက်ကာ လိမ်လည် လုပ်ဆောင်ကြတယ်လို့ ဆိုပါတယ်။
ပြည်ပ မှာ ရှိနေတဲ့ သတင်းမီဒီယာတွေကလည်း သူတို့ဟာ မြန်မာနိုင်ငံသား ဟုတ်မဟုတ် သေချာ မလေ့လာတော့ဘဲ နိုင်ငံခြားသား လူ့အခွင့်အရေး လူပ်ရှားသူတွေ အတိုင်း သံယောင်လိုက်ကာ သူတို့ဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ ဖြစ်ကြောင်း ရေးသားထုတ်လွင့်ကြတယ်လို့ ပြောပါတယ်။
ခုလို ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားတွေ အမြောက်အများ လှေစီးပြီး မလေးရှားကို ထွက်ခွာနေကြတာကို ဘင်္ဂလာဒေခ်ျ့မှာ ခဏခဏ ဖမ်းဆီးမိနေတာ ရှိပေမယ့် ဘင်္ဂလာဒေခ်ျ့နိုင်ငံ ပြင်ပ နိုင်ငံ တစ်ခုခုမှာ ဖမ်းမိရင်တော့ သူတို့ဟာ ဘင်္ဂလာဒေခ်ျ့နိုင်ငံသာားတွေ မဟုတ်တော့ဘဲ  ရိုဟင်ဂျာတွေ အဖြစ် အလွယ်တကူ အမည်တပ်လိုက်ကြတယ်လို့ ဆိုပါတယ်။
အခု အဖမ်းခံရတဲ့သူ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၁၂ ဦးဟာလည်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ပြင်ပမှာ ဖမ်းမိရင် သူတို့ကို သူတို့ ရိုဟင်ဂျာတွေ ဖြစ်ကြောင်း ခံယူကြမယ့်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အကယ်၍ သူတို့ကို ဘင်္ဂလာဒေခ်ျ့နိုင်ငံ ပြင်က တစ်နေရာမှာ ဖမ်းမိခဲ့ရင်  လူ့အခွင့်အရေး လူပ်ရှားသူတွေက သူတို့ဟာ မြန်မာ အစိုးရရဲ့ ဖိနှိပ်မူ၊ လုပ်အားပေး စေခိုင်းမူကြောင့် ထွက်ပြေး လာသူ ရိုဟင်ဂျာတွေ ဖြစ်ကြောင်း အစီရင်ခံစာတွေ ထုတ်ပြီး မြန်မာကို အပုတ်ချ ဝေဖန် ပြစ်တင်ကြမှာ မြေကြီး လက်ခတ်မလွှဲ ဖြစ်တယ်လို့ နယ်စပ်  အရေး လေ့လာသုံးသပ်သူတွေက ပြောဆိုပါတယ်။
http://www.narinjara.com/burmese/?p=2201

ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံရေးအကြောင်းပြောဆိုဆွေးနွေးမှုအားတိုက်ရိုက်လွှင့်ထုတ်မည်။


Aung Pan

အမေရိကပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျူ့ အဆောက်အဦးတွင် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံရေးအကြောင်းပြောဆိုဆွေးနွေးမှုအားတိုက်ရိုက်လွှင့်ထုတ်မည်။
နှစ် ၂၀ကျော်အတွင်းပထမဆုံးအကြိမ် အမေရိကန်နိုင်သို့ ရောက်ရှိလာသည့် ဒီမိုကရေခေါင်းဆောင်ဒေါ်အောင်းဆန်းစုကြည်သည် မြန်မာနိုင်ငံရေး ခက်ခဲစွာထိခိုက်ပျက်စီးလွယ်မှုကြားကနေ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ခဲ့ရတဲ့ အကြောင်းအရာများကို အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စ တီကျူအဆောက်အဦးမှာ ယနေ့ည မြန်မာစံတော်ချိန် (၁၂)နာရီတွင်(This event will be webcast live beginning at 12:30pm EST on September 18, 2012.) ပြောဆိုဆွေးနွေးမည်ဖြစ်သည်။
အဆိုပါ တွေ့ဆုံဟောပြောပွဲသို့ အမေရိကန်နိုင်ငံခြားဝန်ကြီးတက်ရောက် မိတ်ဆက်စကားပြောကြားမည်ဖြစ်ပြီး အောက်ပါဝက်ဆိုဒ်မှ တိုက်ရိုက်လွှင့်ထုတ်မည်ဖြစ်သည်။

http://www.usip.org/newsroom/webcasts

ဟောပြောပွဲအစီအစဉ် -

Speakers:

Aung San Suu Kyi, featured speaker
Member of Parliament, Burma
Chairperson and General Secretary, National League for Democracy
Hillary Rodham Clinton, introductory remarks
Secretary of State
United States Department of State
Jim Marshall, opening remarks
President
United States Institute of Peace
Henrietta Fore, opening remarks
Co-chair
Asia Society
Tom Freston, presenter of Asia Society Global Vision Award
Trustee
Asia Society
Suzanne DiMaggio, co-moderator
Vice President, Global Policy Programs
Asia Society
Colette Rausch, co-moderator
Director, Rule of Law Center
United States Institute of Peace

Explore Further

Read about USIP's efforts in Burma/Myanmar
Read the Olive Branch blog post, "Democracy is a Process - and a Journey" by Colette Rausch
Read the News Feature, "Burma Dialogue Involving USIP, Partners to Continue" by Vijay Simhan
Read the On the Issues feature, "Communal Violence in Burma" by Priscilla Clapp

Related Academy Courses

Rule of Law Practitioners Course
Building Bridges through Intergroup Dialogue
Human Rights and International Humanitarian Law

ရွှေဝါရောင်နှစ်ပတ်လည်အခမ်းအနား

Aye Aung's photo

.

ပြောင်းလဲခန့်အပ်လိုက်သော ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ။

အင်တာနတ်
5 minutes ago
၁။ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီးလှထွန်း အား ညွှန်ကြားရေးမှူးချုပ် နိုင်ငံတော်သမ္မတရုံး။

၂။ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီးဇော်သန်းသင်း အား ညွှန်ကြားရေးမှူးချုပ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး။

၃။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ဦးအောင်မော် အား ဦးဆောင်ညွှန်ကြားရေးမှူး၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန။

၎။ ပညာရေးဝန်ကြီးဌာနမှ ဦးကျော်စိုး အား ဦးဆောင်ညွှန်ကြားရေးမှူး၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ပြန်ကြားရေးဝန်ကြီးဌာန။

၅။ ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနမှ ဦးစံရွှေအောင်အား ညွှန်ကြားရေးမှူးချုပ်၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန။

၆။ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဌ ဦးမောင်မောင်ဝင်းအား ညွှန်ကြားရေးမှူးချုပ် ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန။

၇။ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဌ ဦးနေအေးအား ညွှန်ကြားရေးမှူးချုပ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန။

၈။ ပြန်ကြားရေးန၀န်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေအား ညွှန်ကြားရေးမှူးချုပ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန။