Wednesday, September 19, 2012

ဒေါ်အောင်ဆန်းစုကြည်ကပိတ်ဆို့မှုကိုအလုံးဆုံပယ် ဖျက်ပေးဖို့ပြောကြား



ဒေါ်အောင်ဆန်းစုကြည်နှင့် ဟီလာရီ ကလင်တန်တို့
ယနေ့ ၀ါရှင်တန် စံတော်ချိန် နံနက် ၉ နာရီခန့်က
 အိမ်ဖြူတော်တွင်တွေ့ဆုံကြစဥ
(AFP Photo)

ဒေါ်အောင်ဆန်းစုကြည်ကပိတ်ဆို့မှုကိုအလုံးဆုံပယ်
ဖျက်ပေးဖို့ပြောကြားခဲ့သလိုဟီလာရီ ကလင်တန်ကလည်းနိုင်ငံရေး

အကျဉ်းသားကျန်သေးတာ၊တိုင်းရင်းသားဒေသတွေ
မှာအကြမ်းဖက်မှုတွေရှိနေသေးတာထောက်ပြပါတယ်
။မြန်မာအနေနဲ့မြောက်ကိုရီးယားအရေးမှာပါဝင်ပတ်
သက်ပေးဖို့ကိုလည်းပြောခဲ့ကြောင်းကနေဒါ
သတင်းစာတစောင်မှာဖေါ်ပြပါတယ်

ပတ်စ်ပို့အတု နှင့် မြန်မာနိုင်ငံမှ ဘင်္ဂါလီများ ဒါကာတွင် ဖမ်းမိ


တာ့ခ်နာအခြေစိုက် အမှတ် ၄၂ နယ်ခြားစောင့် တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ဂျာဟစ်အာဆန်က ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် အစည်းအဝေးနှင့် ပတ်သက်ပြီး သတင်းသမားများ၏ မေးမြန်းမှုကို ဖြေကြားနေစဉ်။ ရခိုင်ပြည်နယ် ပဋိပက္ခများကြောင့် ဇူလိုင် ၈ ရက်နေ့ကစပြီး ရပ်ဆိုင်းထားသည့် မြန်မာ-ဘင်္ဂလာဒေ့ရှ် နယ်ခြား စောင့် တပ်များ ၏ လစဉ်ဆွေးနွေးပွဲကို စက်တင်ဘာ ၅ ရက်နေ့က ပြန်လည် စတင်ခဲ့ကြောင်း သိရသည်။ (ဓာတ်ပုံ – ငြိမ်းချမ်း / ဧရာဝတီ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့နယ်အတွင်းရှိ ဟိုတယ်များနှင့် ဒါကာ နိုင်ငံတကာလေဆိပ်၌ ပတ်စ်ပို့ အတုနှင့် မှတ်ပုံတင်ကတ် အတု ကိုင်ဆောင်သူများကို အာဏာပိုင်များက ဖမ်းဆီးရမိမှုတွင် မြန်မာနိုင်ငံဘက်မှ ဘင်္ဂါလီများ ပါဝင်နေကြောင်း သိရသည်။
ယခုလ ၁၇ ရက်နေ့က ဒါကာမြို့  ဖိုကီယာပူလ် ဟိုတယ်တွင် တည်းခိုနေထိုင်သူ Mohammad Sanaullah၂၅ နှစ်၊ Abdul Hamid ၂၀ နှစ်၊ Harunur Rashid ၁၈ နှစ်၊ Nur Mohammad ၁၈ နှစ်၊ Deen Mohammad ၂၀ နှစ်၊ Yusub Ali ၁၈ နှစ်၊ Md Kashem ၁၈ နှစ်နှင့် Hamidul Islam ၄၀ နှစ်တို့ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပတ်စ်ပို့(နိုင်ငံကူး လက်မှတ်)အတု ၊ မှတ်ပုံတင်ကတ် အတုများနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဒါကာ ရဲဌာန သတင်း ပြန်ကြားရေးအဖွဲ့မှ MR, Gazi Rabiul Islam က ပြောသည်။
“သူတို့နေတဲ့ အခန်းကို မသင်္ကာလို့ ဝင်စစ်တော့ ပတ်စ်ပို့ အတုတွေ၊ မှတ်ပုံတင် အတုတွေ ရတယ်။ သေသေချာချာ စစ်ဆေးကြည့်တော့ မြန်မာနိုင်ငံ ဘက်က လာတယ်လို့ သိရတယ်။ ဘယ်အတွက် ဘယ်နိုင်ငံကိုသွားမယ်ဆိုတာနဲ့ သူတို့ရဲ့ နေရပ်လိပ်စာ အတိ အကျ ရအောင် ကျနော်တို့ စစ်ဆေးနေဆဲပါ”ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
ထိုအပြင် ပြီးခဲ့သည့် ၁၁ ရက်နေ့ကလည်း ဆော်ဒီ အာရေဘီယာနိုင်ငံကို သွားမည့် လေယဉ်လက်မှတ်နှင့် ပတ်စ်ပို့ အတု ကိုင် ဆောင်ထားသူ ၆ ဦးကို လည်းကောင်း၊ ၇ ရက်နေ့တွင် ပတ်စ်ပို့အတု ကိုင်ဆောင်ထားသူ ၁၈ ဦးကိုလည်းကောင်း ဒါကာ နိုင်ငံ တကာ လေဆိပ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ဒါကာမြို့ထုတ် သတင်းစားများတွင် ဖော်ပြခဲ့သည်။
ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်း နိုင်ငံသား မှတ်ပုံတင်များ ထုတ်ပေးရန်အတွက် နယ်မြေခံအာဏာပိုင်များ၏ ထောက်ခံချက်များ လိုအပ်ပြီး ယင်း နိုင်ငံသား မှတ်ပုံတင် ရှိသူမှသာ ပတ်စ်ပို့ လျှောက်ပိုင်ခွင့် ရှိသည်။
ဖမ်းဆီးရမိသူများ၏ ပတ်စ်ပို့နှင့်မှတ်ပုံတင်များတွင် စစ်တကောင်း လိပ်စာများကို အများဆုံးတွေ့ရကြောင်း၊ သို့သော် အာဏာပိုင်များ ၏ အဂတိလိုက်စားမှုများကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ ဘင်္ဂါလီများသည် မှတ်ပုံတင်နှင့် ပတ်စ်ပို့များကို အလွယ်တကူ ရရှိနေကြောင်း ဒါကာမှ အမည်မဖော်လိုသူ သတင်းထောက် တဦးက ပြောသည်။
ယခုကဲ့သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပတ်စ်ပို့ အတု ကိုင်ဆောင်၍ နိုင်ငံခြားသွားနေသည့် ဘင်္ဂါလီများ ယခင်ကရှိသော်လည်း မြန်မာ နိုင်ငံ ရခိုင်ပြည်နယ်အတွင်း အဓိကရုဏ်းများ ဖြစ်ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ် အစိုးရက လုံခြုံရေး ပိုမိုတင်းကျပ်လာသည့် အတွက် ဆက်တိုက် ဖမ်းမိနေခြင်းဖြစ်ကြောင်း တာ့ခ်နာမြို့က ထောက်လှမ်းရေး တဦးက ပြောဆိုသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းမှ ဘင်္ဂါလီများသည် တရားဝင် နိုင်ငံသားမဟုတ်သည့် ယာယီနိုင်ငံသားကတ် ကိုင်ဆောင်၍ နိုင်ငံ တကာသို့ သွားရန် ယခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ လည်းကောင်း၊ ထိုမှတဆင့် နိုင်ငံတကာသို့ တရားမဝင် လမ်းကြောင်းများက သွားလာနိုင်ကြကြောင်း၊ အိန္ဒိယ အာဏာပိုင်များက တရားမဝင် နယ်စပ်ဖြတ်ကျော်သူများကို ပစ်ခတ်ဖမ်းဆီးခွင့် ပေး လိုက်ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ် ပတ်စ်ပို့များကိုင်ဆောင်၍ လေကြောင်းဖြင့် နိုင်ငံတကာသို့ ထွက်ရန် ကြိုးစားခဲ့ကြကြောင်း၊ ပင် လယ်ပြင် လမ်းကြောင်းများကို အသုံးပြုမှုများလည်း ရှိကြောင်း သိရသည်။
burma.irrawaddy.org

Arrange by Burma Task Force Canada!

Aung San Suu Kyi Addresses Asia Society in Washington D.C.

 
Published on Sep 18, 2012 by WASHINGTON, September 18, 2012 — In her first visit to the U.S. in more than 40 years, Myanmar democracy icon and parliamentarian Aung San Suu Kyi discusses the progress of reform in her country and calls for an easing of U.S. sanctions. Introduced by U.S. Secretary of State Hillary Clinton.

ဈေးချိုတော်ကို မသမာသော အကြံ ဖော်ထုတ်ရရှိ ။

မမ္တလေး ဈေးချိုတော် ၇ (ခုနှစ်)နံပတ်ရုံ (မုန့်စုံရုံ ဟုလည်းခေါ်ကြ) နဲ့ဈေးအိမ်သာ (သန့်စင်ခန်း)အကြားမှာ ဆိုင်တွေအောက်ခြေနားက
ကြွတ်ကြွတ်အိတ်နဲ့ထည့်ထားတဲ့ ဓာတ်ဆီအိတ် ၄ အိတ်ကို ဈေးမဖွင့်ခင် မနက်၆နာရီဝန်းကျင်က တွေ့ရှိပါတယ်။ ဈေးခင်းဖို့ရောက်လာတဲ့
ရှမ်းခေါက်ဆွဲဆိုင်ရှင်မိန်းမကြီးကမီးတောက်နေတာကိုစတင်တွေ့ရှိလို့ဈေးသန့်စင်ခန်းအစောင့်ကို အော်ဟစ်အကူအညီတောင်း
တာကြောင့်အခြားသောဈေးသူဈေးသားများနဲ့အတူ ရေစိုပုဆိုး၊ ရေစို အ၀တ်တွေနဲ့ငြိမ်းတာကြောင့် မီးတောက် တစ်တောင် သာသာပဲ ရှိခဲ့ကာခဏတွင်းမီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။

မနက်ပိုင်းမှာ ဓာတ်ဆီအိတ် ၄အိတ်တွေ့ရှိခဲ့တာဖြစ်ပြီး ခေါင်မိုးနေရာတွေမှာ ဆက်လက်ရှာဖွေရာဓာတ်ဆီအိတ်တွေဆက်တွေ့
တယ်လို့ဆိုပါတယ်။ မွန်းလွဲ ၁ နာရီ လောက်မှာတော့ ဓာတ်ဆီအနံ့ထပ်ရတာကြောင့် ဆက်လက်ရှာဖွေရာ နောက်ထပ် ကြွတ်ကြွတ်အိတ်အနက်ရောင်နဲ့ ထည့်ထားတဲ့ ဓာတ်ဆီအိတ်တွေကို ထပ်မံတွေ့ရှိပါတယ်။

ဒီလိုဖြစ်တာ ၄ ကြိမ်ရှိပြီဖြစ်တာကြောင့် ဈေးသူဈေးသားများက တရားခံကို
အမြန်ဆုံးဖမ်းမိစေချင်နေကြပြီး မီးဘေးအတွက်လည်း စိုးရိမ်နေကြရပါတယ်။

သက်ဆိုင်ရာတာဝန်ရှိသူများ နေ့လည်(၂)နာရီခန့်တွင် ရောက်ရှိလာပြီး စုံစမ်းမှုများပြုလုပ်သွားသည်ကို တွေ့ရသည်။


ကိုဝိုင်ဝိုင်ကေနှင့် ရှည်ရှည်(စံကျူရီ)

ဤသို့ ကြွပ်ကြွပ်အိတ်နှင့် ထည့်ထားသော ဓါတ်ဆီ များကို ရှာဖွေ တွေ့ရှိခဲ့သည်။

မန္တလေးဈေးချိုတော်.ကုန်စုံတန်း.၇.ရုံ.မီးရှိုး.ရန်ပြင်စဉ်ထားတဲ့.ကြွတ်ကြွတ်အိပ်များဖြစ်.ဓာတ်ဆီးများထဲ့.ဈေးကိုမီးရှိုးရန်ပြင်စဉ်သော
နေရာ..။

၈၈ မျိုးဆက် (၁၉) ဦးအား နိုင်ငံကူးလက်မှတ်ထုတ်ပေး။

Aung Pan

နိုင်ငံကူးလက်မှတ် ရရှိခဲ့ကြသော ၈၈မျိုးဆက်ကျောင်းသားများ စာရင်း။ (88 Generation Students)
၁။ ပေါ်ဦးထွန်း (ခေါ်) မင်းကိုနိုင်
၂။ ကိုကိုကြီး
၃။ မင်းဇေယျ
၎။ ဌေးကြွယ်
၅။ ပြုံးချို
၆။ အံ့ဘွယ်ကျော်
၇။ မြအေး
၈။ ထွန်းမြင့်အောင်
၉။ စိုးထွန်း
၁၀။ ပဏ္ဍိတ်ထွန်း
၁၁။ မြတ်သူ
၁၂။ သက်ဇော်
၁၃။ သင်းသင်းအေး (ခေါ်) မီးမီး
၁၄။ ယဉ်ယဉ်ဝိုင်း
၁၅။ သရဖီသိမ့်သိမ့်ထွန်း
၁၆။ အေးသီတာ
၁၇။ ရဲဝင်း
၁၈။ ဇော်သက်ထွေး
၁၉။ မျိုးအောင်ထွေး

““ဟီလာရီကလင်တန်မိန့်ခွန်းကောက်နှုတ်ချက်””



အင်တာနတ်
သမ္မတ ဦးသိန်းစိန်နဲ့ ကျမ နှစ်ကြိမ်တွေ့ခွင့်ရခဲ့ပါတယ် ။ နေပြည်တော်မှာတစ်ခါ၊ ကမ္ဘောဒီးယားမှာတစ်ခါပါ ။ နောက်တစ်ပတ် UN အထွေထွေအစီးအဝေးအတွက် သူလာမှာကိုလည်း ကျမတို့ မျှော်လင့်နေပါတယ် ။
ဒီနေ့မနက်ကState Departmentမှာကျမနဲ့ ဒေါ်စုတို့ ရှေ့အနာဂတ်အလုပ်တွေကို ဆွေးနွေးဖြစ်ကြတယ် ။ လုပ်စရာအလုပ်တွေကလည်း အများသားလေ ။ ဒေါ်စု US ကို ဒီအချိန် လာရခြင်းရဲ့ အရေးကြီးတဲ့ အကြောင်းတစ်ချက်ကတော့ ရှေ့မှာလုပ်စရာတွေ ဘယ်လောက်တောင် ကျန်သေးတယ်ဆိုတာ လာသတိပေးတာလို့ ကျမယူဆပါတယ် ။ တရားဥပဒေစိုးမိုးရေးက အစ ရခိုင်ပြည်နယ်အရေးနဲ့ တခြားတိုင်းရင်းသားပဋိပက္ခတွေအရေးအဆုံးပေါ့ ။ ပြုပြင်ပြောင်းလဲရေး reforms တွေကိုလည်း ဆက်လုပ်ရဦးမယ် ။ အခြေအနေပေးရင် တိုင်းပြည်ကို မှားယွင်းတဲ့ လမ်းကြောင်းပေါ်ပို့နိုင်တဲ့ အားတွေကလည်း ရှိနေတယ် ။ ဒီတော့ နောက်ပြန်ဆွဲမဆွဲဖို့ရာလည်း သတိထားရမယ် ။

ကျမတို့ State Department နဲ့ သမ္မတ အိုဘားမားအုပ်ချုပ်ရေးအဖွဲ့ကတော့ ဒီပြုပြင်ပြောင်းလဲရေးတွေကို ဆက်လုပ်ရဖို့ ပထမဆုံးတိုက်တွန်းပြောမယ့်လူတွေဆိုတာ အသေအချာပါဘဲ ။ နိုင်ငံရေးအကျဉ်းသားတွေ ကျန်နေသေးတယ် ။ တိုင်းရင်းသားတွေနဲ့ဖြစ်တဲ့ စစ်ပွဲပဋိပက္ခတွေက အမျိုးသားရင်ကြားစေ့ရေး ၊ တည်ငြိမ်အေးချမ်းရေးကို နှောင့်နှေးစေတေယ် ။ မြောက်ကိုးရီးယားနဲ့ စစ်ရေးဆက်သွယ်မှုတွေကလည်း ရှိနေသေးတယ် ။ တရားဥပဒေစိုးမိုးဖို့ဆိုရင် နောက်ထပ် reform တွေ လိုသေးတယ် ။ ပွင့်လင်းမြင်သာမှု transparency တွေကို မြှင့်တင်ရမယ် ။ အခြေခံဥပဒေနဲ့ ပတ်သက်တဲ့ အပြောင်းအလဲ စိန်ခေါ်မှုတွေလည်း ထည့်စဉ်းစားရမယ် ။

ဒါပေမယ့် အမေရိကန်ကတော့ မြန်မာပြည်မှာ စနေပြီဖြစ်တဲ့ တိုးတက်ပြောင်းလဲမှုတွေကို အားပေးဖို့ မြန်မာအစိုးရ၊ မြန်မာပြည်သူတွေနဲ့ အတူရှိပါတယ် ။
အခုဆိုရင် နှစ်နိုင်ငံသံအမတ်တွေရှိတဲ့အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပြီ ။ စီးပွားရေးပိတ်ဆိုမှုလျှော့ချပြီး အမေရိကန်ကုမ္ပဏီတွေ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံလာနိုင်အောင် လမ်းခင်းပေးခဲ့ပြီးပြီ။ အဲဒီလို ရင်းနှီးမြှုပ်နှံရာမှာ လက်ရှိဖြစ်နေတဲ့ အပြောင်းအလဲတွေကို အနှောင့်အယှက်မဖြစ်ဘဲ ပိုမြန်ပိုတိုးတက်သွားအောင် နည်းနဲ့ မြှုပ်နှံမှာပါ ။

US အနေနဲ့ မြန်မာအစိုးရနဲ့ရော ၊ အတိုက်အခံခေါင်းဆောင်တွေနဲ့ပါ ရင်းနှီးစွာ ဆက်ဆံထားပါတယ် ။ မြန်မာပြည်အသစ် new Burma ရဲ့ ပထမဆုံး အမေရိကန်သံအမတ်ကြီး ဒဲရစ် မစ်ရှယ်လည်း အခု ကျမတို့နဲ့ အတူ ရှိနေပါတယ် ။ သူနဲ့ သူ့လက်ထောက်အတွင်းရေးမှုး Kurt Campbell တို့ ဦးဆောင်တဲ့ အဖွဲ့ဟာ သင့်တော်လိုအပ်တဲ့နေရာမှာ အကူအညီတွေ ပေးနိုင်အောင် မြန်မာပြည် မဲဆန္ဒနယ်အသီးသီးက အမတ်တွေနဲ့ အမြဲမပြတ် ဆွေးနွေးမှုတွေ လုပ်လျက်ပါ ......။

(Spring Flowers)


မစ္စစ် လော်ရာဘုရှ် မှ ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့် ဟိုတယ်သို့ လာရောက် တွေ့ဆုံနှုတ်ဆက်စဉ် ....

မြန်မာပြည်အတွက် တက်ကြွစွာ ပံ့ပိုးခဲ့ကြသည့် အမေရိကန် ကွန်ဂရက်နှင့် ဆီနတ်တာများက ဒေါ်အောင်ဆန်းစုကြည်အား နံနက်စာဖြင့် တည်းခင်းအပြီး အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် Washington Post သတင်းစာတိုက်ကို သွားရောက် လေ့လာ လည်ပတ်နေတာပါ ။

ဒေါ်အောင်ဆန်းစုကြည်၏ကြီးမြတ်သော စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီပြောင်းလဲမှုကို အခက်အခဲများကြားမှ တဆင့်တက်လှမ်းအောင်မြင်လာမှုအားဂုဏ်ပြူချီးမွမ်းစကားပြောကြားရင်း Asia Society မှ Global Vision Award ဆုပေးအပ်။

အမေရိကန်ကွန်ဂရက်စ်လွှတ်တော်က ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင် ရွှေတံဆိပ် ဆုကို လက်ခံရယူ

.တော်သေးတာပေါ့ အိတ်ကပ်ထဲမှာ ငွေ ၂၀၀ အပိုပါလာလို့



အင်တာနတ်

ဒီနေ့ ဖိုးစိန်လမ်းမှာ သတင်းယူနေတုန်း သတင်းဖြစ်နေတဲ့ နေအိမ်ကို တရားရေးက လူကဝရမ်းနဲ့ဆွဲချဖို့နဲ့ အဲဒါကို ကူဖို့ ဒုရဲအုပ်တစ်ယောက်ပါတယ်။ သတင်းသမားထုံးစံအတိုင်းမို့ ဓာတ်ပုံလေးတွေရိုက်မိပါတယ်။ ဒုရဲအုပ်က မရိုက်နဲ့လို့လာပြောတယ်။ အဲဒါနဲ့ ဘာကြောင့်ရိုက်လို့မရတာလဲမေးတော့ မဖြေတော့ဘဲနဲ့ ထွက်သွားတယ်။ ပြီးမှ တရားရေးကလူက ရဲအင်အားကို ထပ်တိုးတောင်း ၁ နာရီကျရင် ပြန်လာခဲ့မယ်ဆိုပြီးထွက်သွားတယ်။ သွားခါနီလေးတောင် အမှတ်တရစကားလေးပြောသွားတယ်... ဒီထဲမှာ ရှိတဲ့ လူတွေကို ပုဒ်မ ၃၆ နဲ့ဆွဲမယ်တဲ့ (ပုဒ်မ ၃၆ = ဝတ္တရားနှောက်ယှက်မှု/ ပြစ်ဒဏ်က ဒဏ်ငွေ ၂၀၀ ကျပ်).....တော်သေးတာပေါ့ အိတ်ကပ်ထဲမှာ ငွေ ၂၀၀ အပိုပါလာလို့ :)

(လူမင်းသောင်းထွန်း)