Thursday, September 20, 2012

မြန်မာခေါင်းဆောင်နှစ်ဦးအပေါ် ပိတ်ဆို့မှုများဖယ်ရှားပြီးနောက် အိုဘား မားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ ဆုံ

The Voice Weekly
ဝါရှင်တန်၊ စက်တင်ဘာ -၂၀
ပြည်ထောင်စုမြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုများကို ဦးဆောင်လုပ် ကိုင်နေသူနှစ်ဦးဖြစ်သည့် သမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့နှစ်ဦးအပေါ် သတ်မှတ် ပြဋ္ဌာန်းထားသည့် ပိတ်ဆို့အရေးယူမှု များကိုဖယ်ရှားပေးလိုက်ပြီးနောက် အမေရိကန်သမ္မတ ဘားရက်အိုဘားမား က
နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၀ါရှင်တန် တွင် တွေ့ဆုံခဲ့ကြောင်း နိုင်ငံတကာမီ ဒီယာများကရေးသားဖော်ပြသည်။
အမေရိကန်ကွန်ဂရက်၏ အမြင့် ဆုံးသော ဂုဏ်ပြုဆုရယူရန် ဒေါ်အောင် ဆန်းစုကြည် ၀ါရှင်တန်သို့နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်းပထမဆုံးရောက်ရှိ လာချိန်၌ သမ္မတအိုဘားမားအနေဖြင့် ၎င်းင်းနှင့်တွေ့ဆုံရန် အစီအစဉ်ရှိ၊ မရှိဟူ သောကိစ္စကို အိမ်ဖြူတော်ပြောရေးဆိုခွင့် ရှိသူများက ထုတ်ဖော်ပြောကြားခြင်းမ ရှိခဲ့သော်လည်း နောက်ဆုံးတွင် တွေ့ဆုံ ဖြစ်ခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် မိမိ အနေဖြင့် ဒီမိုကရေစီရေးနှင့် လူ့အခွင့် အရေးကိစ္စတို့တွင် ဒေါ်အောင်ဆန်းစု ကြည်၏ နှစ်ပေါင်းများစွာ ရဲစွမ်းသတ္တိ ပြည်ဝမှု၊ ဆုံးဖြတ်ချက်ခိုင်မာမှုနှင့် ပုဂ္ဂိုလ်ရေးစွန့်လွှတ်စွန့်စားမှုအစရှိသည် တို့အပေါ် များစွာနှစ်သက်မိပါကြောင်း သမ္မတအိုဘားမားက ချီးမွမ်းပြောဆို သည်။ ထို့ပြင် “မြန်မာနိုင်ငံ၏ ဒီမိုကရေ စီအသွင်ကူးပြောင်းမှု၊ ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် သမ္မတဦးသိန်းစိန်နှင့် အတူပူးပေါင်းလုပ်ဆောင်မှုကြောင့်ဖြစ် ပေါ်လာသော လတ်တလော တိုးတက် ဖြစ်ထွန်းမှု” အစရှိသည်တို့ကို ကြိုဆို ကြောင်း အိုဘားမားကပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အိုဘားမားတို့သည် အိမ်ဖြူတော်ရှိ Oval Office တွင်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံချိန် နာရီဝက်မျှကြာမြင့်ကြောင်း၊ သတင်းဓာတ်ပုံဆရာများကို ခဏတာမျှ ၀င်ရောက်ဓာတ်ပုံရိုက်ယူခွင့်ပြုခဲ့သော် လည်း ရုပ်သံနှင့် ပုံနှိပ်သတင်းမီဒီယာ များမှ သတင်းထောက်များကိုဝင်ရောက် ခွင့်မပြုခဲ့ကြောင်း ၀ါရှင်တန်မှသတင်း မီဒီယာသမားများကပြောကြားသည်။ ထိုနေ့အစောပိုင်းတွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းတို့အပေါ်သတ် မှတ်ပြဋ္ဌာန်းခဲ့သည့် ပိတ်ဆို့အရေးယူမှု များကိုဖယ်ရှားပေးလိုက်သည်။ “ယခု လိုဖယ်ရှားပေးခြင်းသည် ဦးသိန်းစိန် နှင့် သူရဦးရွှေမန်းတို့၏ ပြုပြင်ပြောင်း လဲရေးလုပ်ရပ်များကို အသိအမှတ်ပြု ခြင်းဖြစ်သလို အမေရိကန်ပြည်ထောင် စု၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြား ရေးမူဝါဒပန်းတိုင်များကိုထောက်ခံအား ပေးခြင်းလည်းဖြစ်ပေသည်” ဟု ဘဏ္ဍာ ရေးဝန်ကြီးဌာနကကြေညာချက်ထုတ် ပြန်သည်။

မုံရွာမြို့၏ မြလည်ဆွဲကြီး ပျောက်ဆုံးတော့မည်

by Nay Thiha on Wednesday, September 19, 2012 at 4:01pm ·

           ကျွန်တော်တို့ငယ်စဉ်က ဇာတိ လယ်ဇင်ရွာမှ မုံရွာမြို့သို့သွားသောအခါ ရွာအနောက်အထွက်တွင် ပြာပြာညို့ညို့ ထန်းတောကြီးကို မြင်ရပါသည်။ ထန်းပင်လုံးနက်ပြာမြင့်မြင့်ကြီးများကြားတွင် အရှေ့မှ ကြွတက်လာသည့်နေရောင်ဖြင့် လင်းလင်းလက်လက် မြစိမ်းရောင်တောက်နေသော တောင်တန်းမြင့်ကြီးကို လှမ်းမြင်ရပါသည်။ မဟာဆန်လိုက်တာ။ ထိုတောင်ကြီးမှာ လက်ပံတောင်းတောင်ဖြစ်သည်ဟု ဖခင်က ပြောပါသည်။ မြို့နားသို့ကပ်လာသောအခါ ပေတစ်ရာလမ်းက ချင်းတွင်းမြစ်နှင့် ယှဉ်ပြေးပါသည်။ လက်ပံတောင်းတောင်ကြီးနှင့်လည်း ယှဉ်ပြေးပါသည်။
            မြစ်ထဲတွင် လှေများက ရွက်ဖွင့်လျက် တောင်လေ၏အားဖြင့် စက်ဘီးထက်မြန်မြန် တရွှဲရွှဲ ရွက်တိုက်ပြေးပါသည်။ မြစ်ရေပြင်ပေါ်တွင် ရွက်လှေအရိပ်များ ပြေးနေသည်။ လှေအရိပ်များနှင့်အတူ တောင်အရိပ်ကြီးကိုလည်း မြင်ရသည်။ ရေပြင်ပေါ်က အရိပ်တောင်။ မြေပြင်ပေါ်က စိမ်းစိမ်းပြာပြာတောင်။ ကြည့်မဝသည့် လှုပ်ရှားအရိပ်များ။
            ကြည့်ရင်း ကြည့်ရင်း တောင်ကြီး၏အရောင်မှာ အပြာလက်သည့်နေရာ လက်၊ အဝါယှက်သည့်နေရာ ယှက်၊ အစိမ်းပက်သည့်နေရာ ပက်၊ ရောင်မျိုးစုံ ယှက်သန်းလင်းလက်နေသည်။ တောင်အောက်ခြေမှာ အရောင်ရင့်ရင့်၊ တောင်လုံးများကြားတွင် အရောင်ရွှန်းလက်၊ အထက်ပိုင်းတွင် ဝါဝါ ဖြာ လင်း။ တောင်ကြီး၏ အရောင်မျိုးစုံ ယှက်ယှက်သန်းသန်း အလင်းကွက်တွေ ဝေနေသည်ကို ကြည့်၍မဝ ကြည့်နေရသည်။
            ပုံပန်းသဏ္ဍာန်အားဖြင့် တောင်တန်းကြီး၏ တောင်ဘက်ပိုင်းမှာ မီးတောင်အေးပမာ မို့မို့ပြန့်ပြန့် မုန့်ပေါင်းဆင်း ပြေးသွားသည်။ မြောက်ဘက်ပိုင်းမှာ ဆင်ကြီးနှာမောင်းခင်း၍ ဝပ်နေသည့်ပုံဖြစ်သည်။ တောင်၏ ပုံသဏ္ဍာန်ကို မုံရွာသားများက  အမျိုးမျိုးမြင်ကြသည်။ ကဗျာဆရာ ဘုတလင်ချစ်လေးက ဤလက်ပံတောင်းတောင်မှာ မုံရွာမြို့၏ မျက်ခုံးမွှေးဖြစ်သည်ဟု မြင်သည်။ ချင်းတွင်းမြစ်ကမ်းသို့ ရေဆင်း၍ သောက်နေသည့် ဆင်နက်ပြာကြီးဟု ထင်သူကထင်သည်။ ကျွန်တော်ကတော့ လက်ပံတောင်းတောင်သည် မုံရွာ၏ မြလည်ဆွဲ ထင်သည်။
            ဖိုဝန်းတောင်ကိုမူ ပိန်းကောလှေကြီး မှောက်ထားပုံနှင့် တူသည်ဟု ပြောကြသည်။ ဟိုအရင်က မုံရွာမှ ဖိုဝန်းတောင်သို့ သွားသောအခါ လမ်းမှာ စံပယ်တောင်၊ ကြေးစင်တောင်တို့ကို မလှမ်းမကမ်းမှာ မြင်ရပါသည်။ ထိုစဉ်က ထိုတောင်များတွင် ကြေးနီတူးဖော်ခြင်း မလုပ်ရသေးပါ။ တောင်နှစ်လုံးသည် မှေးယှက်နေကြရာ ဒေစီကျော်ဝင်းတောင်ဟု လူများက ခေါ်တတ်ကြသည်။ ထိုစဉ်ကမူ ထိုတောင်များမှာ အမို့အမောက်တွေနှင့်။ ယနေ့ကား ပင်လယ်ထက်နက်အောင် ပေ၁၀၀၀ နီးပါး နက်ရှိုင်းသော ဧက ၇၀ ကျယ် ဧရာမကျင်းကြီး ဖြစ်နေပြီဟု သိရ၏။ ထိုတောင်များမှရသော ကြေးနီတန်ချိန် ငါးသိန်းကျော်ကို ထုတ်ယူ ငွေလုပ်လိုက်ကြပြီ။ အနားရှိ ရွာများမှာကား စိုက်ပျိုးမြေတွေ အကုန်ပျက်သည်။ ရေတွင်းတွေ အကုန်ပျက်သည်။ လူစဉ်မမီသည့်ကလေးများ မွေးလာကြသည်။ ရောဂါဆိုးများ ဖိစီး နှိပ်စက်လာသည်။ မြေပျက်၊ ရေပျက်၊ ရွာပျက်၊ လေသန့်ပင် အသက်ရှုစရာမရတော့။
            ကြေးနီ တူးဖော်မှုမှာ လူထုအတွက် ဆိုးကျိုးများသာ ခံမဆုံး ခံကြရသည်။ သူခိုးများအတွက်သာ အကျိုးရှိကြသည်။ ကြေးနီ ခိုးမှုကြီးကို ဂျာနယ်အချို့တွင် တွေ့ရသည်။ ဤရှေ့သွားဖြစ်သော စံပယ်တောင်၊ ကြေးစင်တောင်တို့၏ နမူနာကို ကြည့်၍ ယခု လက်ပံတောင်းတောင် ကြေးနီလုပ်ငန်းကား အများကြီး ပိုဆိုးမည့် အခြေအနေ ရှိသည်။
            ယခုပင် လက်ပံတောင်းတောင်တစ်ဝိုက်ရှိ ရွာ ၂၆  ရွာက လုပ်ကိုင်နေသော စိုက်ပျိုးမြေ ဧက ၇၈၀၀ ကျော်ကို သိမ်းယူပြီးပြီ။ ရွာ ၄ ရွာကို အဝေးသို့ နှင်သည်။ ရွာဘုန်းကြီးပင်မှ နှင်ထုတ်ခံရသည်။ စာသင်ကျောင်းများကိုလည်း နှင်ထုတ်သည်။ ရွာသူ ရွာသားများမှာ လုပ်စားစရာ မြေမရှိကြတော့။
            ကြောက်စရာကောင်းသည်မှာ ကြေးနီလုပ်ဖို့အတွက် မြေဧက ၇၈၀၀ ပေါ်မှာ အက်ဆစ် ငရဲမီးရည်များ ဖျန်းမည်။ ထို အက်ဆစ်တို့သည် မြေကြီးကို အဆိပ်သင့် ပျက်စီးသွားစေရုံသာမဟုတ်၊ ချင်းတွင်းမြစ်ထဲသို့ တစိမ့်စိမ့်စီးဆင်းသွားကာ မြစ်ရေကို အဆိပ်သင့်စေမည်။ ငါးပုစွန် ရေသတ္တဝါတို့ကို သေစေမည်။ ထိုအက်ဆစ်ရည်သည် ဧရာဝတီမြစ်တွင်းသို့ပါ ဆက်စီးသွားပြီး ဧရာဝတီ ငါးပုစွန်များကို သေစေမည်။ ဧရာဝတီရေလွှမ်းသည့် လယ်မြေများကို အဆိပ်သင့် ပျက်စီးစေမည်။ စပါး ကောက်ပဲ စိုက်ပျိုးထုတ်လုပ်မှု ပျက်စီးစေမည်။
            ဤကြေးနီလုပ်ငန်းလုပ်သည့်အတွက် လူထုမှာ ရက်ရက်စက်စက် သားစဉ်မြေးဆက် နာမည်။ တိုင်းပြည်လည်း နာတာရှည်ကြီး နာမည်။ ဤလုပ်ငန်းမှ တိုင်းပြည်က ပြန်ရနိုင်သည့်ဝင်ငွေနှင့် တိုင်းပြည်နှင့် လူထု အရှုံးကြီးရှုံးစရတို့မှာ ထေ၍ မရနိုင်အောင် အရှုံးကြီးပါလိမ့်မည်။
            မုံရွာ ချင်းတွင်းနယ်သူ နယ်သားတို့မှာလည်း ဤလှပသောတောင်ကြီးကို ထာဝစဉ် ဆုံးရှုံးသွားကြ ရလိမ့်မည်။ သူတို့၏ မြလည်ဆွဲကြီး ပျောက်သွားခံရပါလိမ့်မည်။
            တောင်သူတွေ မြေဆုံး ရေဆုံး သားသမီး လူလုံးမလှ အင်္ဂါမစုံ။
            တိုင်းပြည်မှာလည်း ဧရာဝတီမြစ်ရိုးတစ်လျှောက်၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်အထိ အနာကြီး နာနိုင်သည်။ နာဂစ်မုန်တိုင်းက ရက်ပိုင်းတိုက်ပြီး ဖျက်ဆီးသည်။ ဤကြေးနီလုပ်ငန်းကြီးက ထာဝရ ဆိုးကျိုး တစ်သီတစ်တန်း နှင့် အချိန်ကာလရှိသမျှ အနာကြီးနာနေအောင် လုပ်လိမ့်မည်။
            နိုင်ငံတော်၏ အကြီးအကဲများသည် တိုင်းပြည်အတွက် ရစရာနှင့် ဆုံးရှုံးစရာများကို ချိန်စက် စဉ်းစား၍ နိုင်ငံအတွက် လူထုအတွက် အသက်သာဆုံးလမ်းကို စဉ်းစားရှာဖွေသင့်သည်။ Best Option ကို ရွေးချယ်ရလိမ့်မည်။
            ဤကိစ္စသည် တိုင်းတစ်ပါး ဆန့်ကျင်ရေးလုပ်ငန်းမဟုတ်ပါ။ မိမိနိုင်ငံ မိမိလူမျိုးများကို ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းသာဖြစ်သည်။ အမြော်အမြင်ကြီးသော ပြည်ချစ်လုပ်ငန်းသာဖြစ်သည်။
            မှားခဲ့မိသောအမှားကို ဆက်မှားလျှင် တစ်ပြည်လုံး ကြေးနီတွင်းထဲ စုံးစုံးနစ်ကြရဖို့ ရှိလိမ့်မည်။
            အမှားကို မြင်၍၊ အမှားကိုသိ၍၊ ထိုအမှားကို စွန့်ပစ်ခြင်းမှာ သူတော်ကောင်းတို့ လုပ်ကောင်းသော အရာသာဖြစ်သည်။
            မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်း ကြေးနီစီမံကိန်းကို အပြီးအပြတ် ဖျက်သိမ်းခြင်းသည်သာ အသက်သာဆုံးလမ်း၊ တိုင်းပြည်နှင့်လူထု အသက်ဆက်ရှုနိုင်ဖွယ်ရာ လမ်း ဖြစ်ပါသည်။

                                                                                                                                                                                                          အံ့မောင်
                                                                                                                                                                                                   ၁၈. ၉. ၂၀၁၂    မုံရွာ


လက်ပံတောင်း Photo- Aung Nay Myo
လက်ပံတောင်း Photo - Aung Nay Myo
လက်ပံတောင်း Photo - Aung Nay Myo

ရွေးကောက်ပွဲဝင်လိုသော ဦးမိုးသီးဇွန် အခြေခံဥပဒေ ပြင်ရန် တောင်းဆို

ကိုကိုအောင်

| ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၉ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၄၆ မိနစ်


ရန်ကုန် (မဇ္ဈိမ) ။      ။ ပြည်တော်ပြန် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမိုးသီးဇွန် က ပါတီသစ် တည်ထောင်၍ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသောကြောင့် ၎င်းအတွက် အခက်အခဲဖြစ်နေသည့် အခြေခံဥပဒေအား ပြင်ဆင်ပေးရန် တောင်းဆိုလိုက်သည်။

“ကျနော် နိုင်ငံရေးပဲ လုပ်မှာပါ။ လူမှုရေးအလုပ်တွေ မလုပ်ပါဘူး။ ပါတီထောင်မယ်၊ ရွေးကောက်ပွဲဝင်မယ်။ ဒါပေမယ့် အခြေခံဥပဒေက မြန်မာနိုင်ငံမှာ ၁ဝ နှစ် အနည်းဆုံး ဆက်တိုက်နေမှ ရွေးကောက်ပွဲ ဝင်ခွင့်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့် အခက်ကြုံနေရပါတယ်။ ဒါကို ပြင်ပေးဖို့ လိုတယ်။ ပြင်ပေးဖို့လည်း တောင်းဆိုပါတယ်” ဟု ဦးမိုးသီးဇွန် က ပြောသည်။

၂ဝဝ၈ ခုနှစ်က အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂ဝ (ဂ)တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦး၏ အရည်အချင်းအဖြစ် “ရွေးကောက် တင်မြှောက်ခံရသည့် အချိန်နှင့် တဆက်တည်း ပြည်ထောင်စု မြန်မာ
နိုင်ငံတော်တွင် အနည်းဆုံး ၁ဝ နှစ် အခြေချနေထိုင်ခဲ့သူ” ဖြစ်ရမည်ဟု ဖေါ်ပြပါရှိသည်။
nndp1 ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် အမှတ် ၇၂ လေးဒေါင့်ကန်လမ်း ဇ/မြောက်ရပ်ကွက် အမျိုးသားဒီမိုကရေစီ ပါတီသစ်ဌာနချုပ်တွင် ဦးမိုးသီးဇွန်နှင့် NNDP ဥက္ကဋ္ဌ ဦးသိန်းညွှန့်တို့ တွေ့ဆုံစဉ်။ (ဓာတ်ပုံ-ဘိုဘို မဇ္ဈိမ)
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အုပ်ချုပ်မှုအောက် ၁၉၈၈ ခုနှစ်အတွင်း ပါတီစုံဒီမိုကရေစီ တောင်းဆိုဆန္ဒပြမှု
နိုင်ငံအဝှမ်းဖြစ်ပွားခဲ့သော လူထုအုံကြွမှုအတွင်း ထင်ရှားလာခဲ့သည့် ကျောင်းသားခေါင်းဆောင် ဦးမိုးသီးဇွန်သည် စစ်တပ်မှ အာဏာသိမ်းအပြီးနောက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို တည်ထောင်ဦးဆောင်ခဲ့ဖူးသည်။

ထို့နောက် စစ်အစိုးရအား လက်နက်ကိုင် တော်လှန်ရေးအတွက် မြန်မာ-ထိုင်းနယ်စပ်သို့ ထွက်ခွါခဲ့ကာ ABSDF ခေါ်
ကျောင်းသားတပ်မတော်တွင် ဥက္ကဋ္ဌ တာဝန် ယူခဲ့ဖူးသည့် ဦးမိုးသီးဇွန်သည် နောက်ပိုင်းကာလများတွင် ပြည်ပတွင် သာ အခြေချနေထိုင်လာခဲ့ပြီး ၂ဝဝ၈ ခုနှစ်တွင် အမေရိကန်နိုင်ငံသားအဖြစ် ခံယူခဲ့သည်။

သမ္မတဦးသိန်းစိန်၏ အထူးကိုယ်စားလှယ် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် ပမာဏ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ဦးမိုးသီးဇွန်နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်အချို့ မြန်မာနိုင်ငံသို့ စက်တင်ဘာ ၁ ရက်နေ့တွင် လေကြောင်းခရီးဖြင့် ပြန်လည် ဝင်ရောက်လာခဲ့သည်။ အစိုးရကလည်း သူအပါအဝင်
ပြည်ဝင်ခွင့် ပိတ်ပင်ထားသူပေါင်း ၂ဝဝဝ ကျော်ကို Black List စာရင်းမည်းမှ ဖယ်ရှားပေးခဲ့ကြောင်း ကြေညာထား ခဲ့သည်။

ဦးမိုးသီးဇွန် ပါတီထောင်၍ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရေး ဥပဒေများ ပြင်ဆင်နိုင်ရန် လွှတ်တော်အတွင်း တင်ပြဆွေးနွေးသွားမည်ဟုလည်း လွှတ်တော်အမတ် ဦးသိန်းညွန့်က ပြောသည်။

“လွှတ်တော်အတွင်းကနေ ပြင်ဖို့ လိုအပ်တဲ့ ဥပဒေတွေကိုပြင်ရမယ်။ ကျနော့်အနေနဲ့လည်း ဆောင်ရွက်နိုင်သမျှ
ဆောင်ရွက်ပေးမယ်။ ဖြစ်လာတဲ့ ပြဿနာပေါ် မူတည်ပြီး အခြေခံ ဥပဒေကို ပြင်ဖို့ ပြောမှာပဲ။ အခုလည်း ဒီကိစ္စကို
ပြောမှာပဲ” ဟု ဆိုသည်။

ပြည်ပရောက် အတိုက်အခံများ မြန်မာနိုင်ငံသို့ ပြန်လာ “ကျနော် နိုင်ငံရေးပဲ လုပ်မှာပါ။ လူမှုရေးအလုပ်
တွေ မလုပ်ပါဘူး။ ပါတီထောင်မယ်၊
ရွေးကောက်ပွဲ ဝင်မယ်။ ဒါပေမယ့် အခြေခံ ဥပဒေမှာပါတဲ့ မြန်မာ နိုင်ငံမှာ ၁ဝ နှစ် အနည်း ဆုံး ဆက်တိုက်နေမှ ရွေးကောက်ပွဲ ဝင်ခွင့်ရ မယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့် အခက်ကြုံ
နေရပါတယ်။ ဒါကို ပြင်ပေးဖို့လို တယ်။ ပြင်ပေး ဖို့လည်း တောင်းဆိုပါတယ်” လိုကြသော်လည်း ပြည်ဝင်ခွင့် ဗီဇာဖြည့်ရာကအစ ကန့်သတ်ချက်များ များလွန်းနေပြီး ယင်းသို့သော
ရှုပ်ထွေးသည့် လုပ်ထုံးများကြောင့် အခက်အခဲဖြစ်နေ
သည်ဟုလည်း ဦးမိုးသီးဇွန်က ဆိုသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လာရောက် ကြိုဆိုနေသူများကို “ကျနော်တို့ အခက်အခဲတွေ
အများကြီးကြားထဲက ပြန်လာနိုင်ခဲ့ပါပြီ။ ကျနော်တို့ အရမ်းပျော်ပါတယ်။ ကျနော်တို့ရဲ့ပျော်ရွှင်မှုဟာ ဘယ်သူ့ကိုမှ ဒုက္ခ မပေးပါဘူး။ ကျနော်တို့ရဲ့ပျော်ရွှင်မှုမှာ အားလုံးပါဝင်ပါတယ်” ဟု ဦးမိုးသီးဇွန် က စက်တင်ဘာလ ၁၂ ရက်နေ့ တွင် နှုတ်ခွန်းဆက်စကား ဆိုခဲ့သည်။

၁၉၈၈ ခုနှစ်မှစတင်၍ ၂၃ နှစ်ကြာ စစ်အုပ်ချုပ်ရေး ကာလတွင်းမှ အဆမတန် တိုးပွားလာခဲ့သော Black list စာရင်းမည်းတွင် ပြည်ပနှင့်နယ်စပ်ရှိ အတိုက်အခံများ၊ နိုင်ငံခြားသားများ၊ သတင်းစာဆရာများ၊ မြန်မာအတိုက်အခံ များကို ထောက်ခံအားပေးသူ နိုင်ငံခြားသားများလည်း ပါဝင်သည်။

နိုင်ငံခြားရေး၊ လူဝင်မှု ကြီးကြပ်ရေး၊ ပြန်ကြားရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာန စသည်ဖြင့် ဌာနပေါင်းစုံမှ စုဆောင်း တင်ပြချက်အရ တားမြစ်သော စာရင်းတွင် လူတဦးထဲကိုပင် စာရင်းသွင်းမှု တကြိမ်ထက်ပို ပါဝင်နေတတ်ပြီး
နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံတော် ကုန်ကျငွေဖြင့် ပညာတော်သင် သွားရောက်ပြီး ပြန်မလာတော့သည့်သူများနှင့် “နိုင်ငံရေးနှင့် ငြိစွန်းသည်” ဟု ခေါ်ဝေါ်လေ့ရှိသော အတိုက်အခံလှုပ်ရှားမှုနှင့် ပတ်သက်သူများကိုလည်း ပိတ်ပင်လေ့ရှိသည်။

မူလစာရင်းတွင် အရေအတွက် မည်မျှပါဝင်သည်ကို ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း အငြိမ်းစား နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိဟောင်းတဦး အဆိုအရ နှစ်သောင်းခန့်ပင် ရှိခဲ့ဖူးသည်ဟု သိရသည်။

ပိတ်ပင်ထားသော စာရင်းမှ ဖယ်ရှားပြီးနောက် ထိုင်းနိုင်ငံတွင် နေထိုင်လျက်ရှိကြသော လူ့ဘောင်သစ်ဒီမိုကရစ်တစ် ပါတီ ခေါင်းဆောင် ဦးအောင်မိုးဇော်၊ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်မှ ဦးမောင်မောင်တို့လည်း
မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာကြပြီ ဖြစ်သည်။
mizzimaburmese.com

ညိုအုန်းမြင့်ရဲ့ မြန်မာပြည် ခရီးစဉ်


by May Thingyan Hein on Wednesday, September 12, 2012 at 9:18pm · မေသင်္ကြန်ဟိန်(မြစ်မခ)

စက်တင်ဘာ ၁၂၊ ရန်ကုန်မြို့။

မိုးသီးဇွန်ရဲ့ သတင်းစာရှင်းလင်းပွဲကို ရောက်ပြီးတဲ့နောက်၊ ဒေါက်တာနိုင်အောင်နဲ့ အင်တာဗျူးပြီးတဲ့နောက်မှာ မြောက်ပိုင်းကိစ္စအတွက် ကျမ ဆက်မေးမှ ရတော့မယ်ဆိုတာ နားလည်ခဲ့ပါတယ်။

 အထူးသဖြင့် မြောက်ပိုင်းကိစ္စတွေကို အနီးစပ်ဆုံးသိနိုင်တဲ့သူတွေကို အဓိကထားပြီး ဆက်သွယ်မေးမြန်းမယ်လို့ စဉ်းစားခဲ့ပါတယ်။ အဲဒီအချိန်မှာ ကိုညိုအုန်းမြင့်နဲ့ တွေ့ခွင့်ရဖို့ အမ တယောက်ရဲ့ အကူအညီနဲ့ ကျမ ကြိုးစားခဲ့ပါတယ်။

ကိုညိုအုန်းမြင့်ရဲ့ အမေအိမ်ကို ကျမတို့မြစ်မခ သတင်းထောက် ကျော်ဇင်မန်းရယ်၊ ငြိမ်းချမ်းရယ် နံနက် ၉နာရီ မထိုးမီမှာပဲ ထွက်လာခဲ့ကြတယ်။

မိုးဖွဲဖွဲတွေကျနေတဲ့ အချိန် FMI City ရောက်တော့ ခြံဝင်းဝက  ခေါင်းလောင်းလေးကို ကျမ ခပ်လှုပ်လိုက်တယ်။

အပြာစင်းတွေပါတဲ့ ရှပ်အကျီာင်္လက်ရှည်နဲ့ ဂျင်းဘောင်ဘီအပြာရောင် တွဲဝတ်ထားတဲ့ ခပ်၀၀နဲ့ အမျိုးသားတဦးက ပြေးလာပြီး ခြံဝင်းတံခါးကို လာဖွင့်ပေးတယ်။

အဲဒီလူဟာ အများက ညိုညိုလို့ ခေါ်တဲ့ ကိုညိုအုန်းမြင့်ပါပဲ။ ဆံပင်တိုတို၊ ရှပ်အကျီာင်္အဖြူပေါ်မှာ အပြာစင်းကို တံတောင်ဆစ်နားထိ မရောက်တရောက်ခေါက်တင် ၀တ်ထားတဲ့ သူက ကျမကို ပြုံးပြနှုတ်ဆက်ပါတယ်။

`“facebook ထဲမှာတော့ တွေ့ဖူးတယ်၊ လူချင်းတော့ ခုမှ တွေ့ဖူးတယ်“လို့ ကိုညိုအုန်းမြင့်က ပြုံးရင်း ပြောပါတယ်။

ကျမကလည်း ကိုညိုအုန်းမြင့်တို့ မြန်မာပြည်ကို ပြန်လာတဲ့နေ့က ကျမတို့မြစ်မခသတင်းထောက်တွေ သွားသတင်းယူရင်း ဗီဒီယိုရိုက်ထားခဲ့ကြောင်း၊ ဗီဒီယိုထဲမှာတော့တွေ့ဖူးပေမဲ့ ခုမှ အပြင်မှာတွေ့ဖူးကြောင်း ပြောရင်း နှုတ်ဆက်ကြပါတယ်။

ဧည့်ခန်းထဲမှာ ၀င်ထိုင်ပြီးတော့ ကျမအနေနဲ့ မေးချင်တဲ့ သိချင်တဲ့ အကြောင်းတွေပြောပြရင်း ဗီဒီယိုမှတ်တမ်းယူဖို့ကိုလည်း ခွင့်တောင်းပါတယ်။

အပြင်မှာ မိုးအုံ့နေတဲ့အတွက် အိမ်ခန်းထဲမှာ ဗီဒီယိုရိုက်ရလောက်အောင် အလင်းရောင် မကောင်းပါဘူး။  ကိုညိုအုန်းမြင့်က အလင်းရောင်ရအောင် မီးတွေလိုက်ဖွင့်ပေးတယ်၊ အသံလုံအောင်လည်း ဖွင့်ထားတဲ့ ပြတင်းပေါက်တွေကို ကိုယ်တိုင်ထပြီး ပိတ်ပေးတယ်။


မေး။ ။ အကိုရဲ့ နိုင်ငံရေးBackgroundလေးကပဲစပြီးမေးပါရစေ ဆိုတဲ့ မေးခွန်းနဲ့ ကျမစပြီး အင်တာဗျူးလုပ်ပါတယ်။

ဖြေ။ ။၁၉၈၈တုန်းက ကျနော် ကရန်ကုန်တက္ကသိုလ်လ်၊ သမိုင်းဋ္ဌာနက ဆရာပါ၊ နည်းပြဆရာပါ။ ပင်မပေါ့။ အရေးအခင်းဖြစ်တဲ့အခါကြတော့ အဲဒီတုန်းက  ဘာခေါ်မလဲ ဆရာသမဂ္ဂလည်း ပါတယ်ပေါ့။ ဒေါ်အောင်ဆန်းစုကြည်ဆီကိုလည်း ရောက်ပါတယ်။ အဲဒီတုန်းကNLD ပါတီ မရှိသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုဝိုင်းလုပ်ပေးရင်းနဲ့ NLDပါတီထောင်တဲ့အခါကြ ဗဟိုကော်မတီလုပ်ပါတယ် ။ နောက် ဗဟိုလူငယ်ဆိုပြီးတော့ တနလာရီတိုင်း ကိုင်ပါတယ်။ ဒါပေမဲ့သိပ်အဖမ်းးအဆီးများလာတယ်။  နောက်တခါ ကျနော်ရဲ့ယုံကြည်ချက်ကပြည်ပမှာရှိနေတဲ့နယ်းစပ်မှာရှိနေတဲ့လက်နက်ကိုင်တိုက်နေကြတဲ့ တိုင်းရင်းသားတွေနဲ့ ဒီဘက်က ဒီမိုကရေစီအင်အားစုနဲ့ကြားထဲမှာက အဆက်ပြတ်နေတယ်။

အဲဒီတုန်းက စစ်အစိုးရကို တော်လှန်တဲ့အချိန်မှာ ကျနော့်ရဲ့ ဆုံးဖြတ်ချက်က တိုင်းရင်းသားတွေနဲ့ ပိုပြီးတော့ ရင်းရင်းနှီးနှီးရှိချင်တယ်။ နောက် အဲဒီတုန်းက ABFDS ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုက အင်မတန်အရေးကြီးတယ်လို့ ကျနော်တို့ယူဆခဲ့တာပေါ့နော် အဲဒီတုန်းက စခဲ့တာပါ။

အရင်တုန်းကတော့ ကျနော် နိုင်ငံရေးလှုပ်ရှားမှု ဘာမှ မရှိဘူး၊ အတွေ့အကြုံလည်း မရှိဘူး၊ နိုင်ငံရေး မိသားစုကလည်း ပေါက်ဖွားလာတာ မရှိဘူး။အမေရော အဖေရောက အစိုးရ၀န်ထမ်းတွေပါ။ ဒါပေမဲ့ လုပ်သင့်လုပ်ထိုက်တယ် ထင်လို့ ကျနော်ပါလာခဲ့တာပါ။ အဲဒါကတော့ ကျနော့်အယူအဆပေါ့။

ခပ်ဖြေးဖြေး အေးအေးနဲ့စကားကို ပီပီသသနဲ့ ပြောတတ်ပေမဲ့ တခါတရံမှာတော့ စကားသံလုံးနေတတ်တာ  သတိထားမိပါတယ်။

မေး။ ။အကိုတို့က ၈၈ ပြီးတော့၊တောခိုတဲ့ နေရာမှာ ဘယ်ဘက်ကို ထွက်ခဲ့တာပါလဲရှင့်။
ဖြေ။ ။ကျနော်က ၈၈ မှာ မထွက်ပါဘူး ခင်ဗျာ၊ ၈၉ မှာ ထွက်တာပါ။ ကျနော်အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် ၊ အရင်တုန်းက သူ့ရဲ့ ပြောရေး ဆိုခွင့်ရှိသူပေါ့နော်။ ရုံးအဖွဲ့တွေ မလုပ်ခင်ကပေါ့၊နောက်ပိုင်းတော့ လူငယ်တာဝန်ခံဖြစ်ပြီးတော့ တနင်္သာရီတိုင်း တာဝန်ခံဖြစ်တဲ့အတွက် ကျနော်သော့ကောင်းကနေ တောခိုခဲ့တာပါ။ ဟိုဘက်ကမ်းပဲ ဖြစ်မယ်ပေါ့နော်၊ ရနောင်းကို ဖြတ်ပြီးတော့ ကျနော် မနယ်ပလောရောက်ပါတယ်။

မေး။ ။ အကိုကလေ ဒေါ်အောင်ဆန်းစုကြည်နားမှာ နေခွင့်ရခဲ့တယ်ဆိုတော့လေ ဘာကြောင့်တောခိုဖြစ်ခဲ့တာပါလဲ။

ဖြေ။ ။ ဘာကြောင့်တောခိုဖြစ်တာလဲ ဆိုတော့လေ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အကြမ်းမဖက်တဲ့ လမ်းစဉ်ပေါ့နော်။ ဒါပေမဲ့ ရှင်းရှင်းပြောရရင် ကျနော်ရဲ့ ယုံကြည်ချက်က ဖိအားဆိုတာက တခုတည်းဖိလို့မရဘူးပေါ့နော်။ အဲတော့ ကျနော်တို့က နဂိုတည်းကနေပြီးတော့ ကျနော်တို့မှာ Unity လိုတယ်၊  Unity ကလည်း ညီညွှတ်မှသာ အားရှိမှာပေါ့နော်။ အဲတော့ ဒါပေမဲ့ ကျနော်က ဖောက်ခွဲတာတို့ လက်နက်နဲ့ တိုက်တာတို့ ၀ါသနာမပါဘူး။ ဒီဘက်မှာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေ တော်တော်များများလည်း ကျနော်လိုက်ဖူးတယ်လေ၊ အဲဒီအချိန်တုန်းက တပ်ကလည်း တော်တော်ဆိုးတယ်၊ အဲဒီအချိန်မှာ ကျနော် Co-operate လုပ်ပေးနိုင်ရင် ဖိအားတွေ တူမယ်၊ အသံတွေ တူမယ်၊ ကျနော်တို့ညီညွှတ်မယ်ဆိုရင် သူတို့ ဒေါ်အောင်ဆန်းစုကြည်ကို စကားပြောမယ်။ ညှိုနှိုင်းမယ်ပေါ့နော် အဲဒီအချိန်တုန်းက အဲလိုလေး စဉ်းစားတာ။

မေး။ ။အကိုက သမိုင်းဆရာလည်းဖြစ်တယ် ၁၉၈၉မှာလည်း တောခိုခဲ့တော့ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်တဲ့ အဖွဲ့တွေနဲ့ရော သဟဇာတ ဖြစ်ပါသလားရှင့်။

ဖြေ။ ။ကျနော်ကတော့ လက်နက်ကိုင်ပြီး တိုက်ပွဲတော့ မ၀င်ခဲ့ပါဘူး။ ABSDF လည်း ကျနော် မလုပ်ပါဘူး။ ဒါပေမဲ့ အဲဒီအချိန်က ABSDF ခေါင်းဆောင်တွေပေါ့နော် ဒေါက်တာနိုင်အောင် ဆိုရင်လည်း ငယ်ငယ်တည်းက ကျောင်းနေဖက်၊ ဒါပေမဲ့ သူက တတန်းကြီးပါတယ်။ ကိုမိုးသီးကလည်း ဒီဘက်မှာ သိသွားတယ်ပေါ့နော်။  သိသွားတော့  ကျနော်တို့ရဲ့ စိုးရိမ်ချက်က အဲဒီအချိန်တုန်းကလည်း ကိုမိုးသီးက NLD ပေါ်မှာ အမြင်သဘောထားတွေ မရှင်းခဲ့ဖူးပေါ့နော်။ မရှင်းခဲ့တော့ ကျနော်တို့အနေနဲ့ မှားသွားမဲ့ သတင်းစကား စိုးရိမ်တယ်၊နောက်တခုက အဲဒီအချိန်က ကိုသန်းလွင်ထွန်းပေါ့နော်၊ သူတို့ကလည်း ရှိနေတယ်။ အဲဒီတော့ ကျနော်တို့ပူးပေါင်းပြီးတော့ နည်းလမ်းတခုပေါ့နော်။ ကျနော်တို့ စကတည်းက တွေ့ဆုံဆွေးနွေးရေးပါ။  ကျနော်က လက်နက်မကိုင်ဘူး။ ကျနော်က ပြည်တွင်းက NLD နဲ့ ပြည်ပမှာ ရှိနေတဲ့ အင်အားစုတွေကြားထဲမှာ ဆက်သွယ်ပေးတဲ့ လူတယောက်အနေနဲ့ ကျနော် နေခဲ့ပါတယ်။

မေး။ ။ ကျမအနေနဲ့ ရှေ့က အကိုတို့ရဲ့ သမိုင်းတွေကို သေချာမသိပါဘူး၊ခုလို အချိန်ရောက်မှ အကိုတို့ရဲ့ နောက်ခံသမိုင်းကြောင်းတွေကို ကမန်းကတမ်းလိုက်ပြီးလေ့လာရတဲ့ အနေအထားဖြစ်နေပါတယ်။ အဲဒါကြောင့်ကျမကို ပြည့်ပြည့်စုံစုံလေး ပြောပေးပါနော်။ ကျမ အနေနဲ့ကလေ အကို့ကို NLD (LA) ကလို့ သိထားပါတယ်၊ ABSDF နဲ့က ဘယ်လို ပါဝင် ပတ်သက်နေသလဲ ဆိုတာလည်း ဆက်စပ်လို့မရဘူးဖြစ်နေတယ်။

ဖြေ။ ။ ဟုတ်ကဲ့ ဒီလိုပါ ခင်ဗျ၊ ကျနော် ဒီဘက်ကို တောခိုလာတဲ့အခါကျတော့ DAB ဆိုတာ ဒီမိုခရက်တစ် တပ်ပေါင်းစု တခုပါ။ အဲဒီတုန်းကတော့ အကြီးဆုံးပါ။  မာနယ်ပလောမှာ အခြေစိုက်ပါတယ်။ အဲတော့ ကျနော်တို့ရဲ့ ယုံကြည်ချက်က အကြမ်းမဖက်တဲ့နည်း၊ ဒေါ်အောင်ဆန်းစုကြည် နည်းပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်အခါတုန်းကမှ အကြမ်း မဖက်ခဲ့သလို၊ တပ်မတော်ပြိုကွဲအောင်လည်း သူဘယ်တုန်းကမှ မစဉ်းစားဘူးပေါ့နော်။ အချို့လူတွေ ရှိတယ်၊ လာပြောကြတဲ့ လူတွေ ရှိတယ်။ ဒါပေမဲ့ သူက ယုံကြည်တာက တပ်ကွဲတာ တိုင်းပြည်ပျက်တာပဲလေ။ တိုင်းပြည်ပျက်တဲ့ နည်းက တပ်ကွဲတဲ့နည်းပဲ၊ သူက ဒါကို မဖြစ်စေချင်ဘူး။ အဖြစ်စေရဘူးဆိုတော့ သူ့ရဲ့ သဘောထားကို ဟိုဘက်က လက်နက် ကိုင်တဲ့သူတွေ နားလည်အောင်လည်း ရှင်းပြဖို့လိုတယ်လို့ ကျနော် ထင်တယ်လေ။ ဒါတွေအားလုံးကို ဒေါ်အောင်ဆန်းစုကြည် ခိုင်းတာ မဟုတ်ဘူး။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှု နောက်ကို လိုက်ရတဲ့ အခါကျတော့ သူတို့ရဲသဘောထားကို ဟိုဘက်မှာ လုပ်ပေးဖို့ပေါ့။

အဲဒီအချိန်မှာ ကျောင်းသားက လေးခု ရှိပါတယ်။ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့၊ ကိုဋ္ဌေးကြွယ်တို့ ကိုမင်းဇေယျာတို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကြားထဲမှာ ကျနော်ရယ် ဦးထွေးမြင့်ရယ်က သွားသွားပြီး စကားပြောရတယ်။  အဲဒီအချိန်မှာ ကျောင်းသားရပ်နေတာက မြေပေါ်မှာ ဆိုရင် လူ့ဘောင်သစ်ပါတီအနေနဲ့ ရပ်မယ်၊ ကျောင်းသားသမဂ္ဂတရားဝင် မဖွဲ့အခြင်း မြေအောက်မှာ ကျောင်းသားသမဂ္ဂနဲ့ ရပ်မယ်၊ ပြီးတော့ ကျနော်တို့ တိုင်းပြည်မှာ လက်နက်ကိုင်ပြီးတော့ လမ်းစဉ်ကလွဲပြီး ဘာမှ မရှိတော့ပါဘူးဆိုတဲ့ ယုံကြည်တဲ့ လမ်းစဉ်နဲ့ နောက်တခါ မြို့မှာနေရင် အဖမ်းခံရမယ်ဆိုတာကို စဉ်းစားခဲ့တဲ့ သူတွေပေါ့။ အဲဒီတုန်းက တောခိုခဲ့တာက ထိုင်းမြန်မာ နယ်စပ်တခုတည်းတင် လူ သုံးသောင်းလောက်ရှိပါတယ်။ကြောက်လန့်ပြီးတော့ ပြေးခဲ့ကြတာ၊ ကျနော်တို့ တိုင်းပြည်ကလည်း တကယ့်ကို ဦးနေ၀င်းလက်ထပ်တုန်းက အင်မတန် ကြောက်ရတာ ပေါ့နော်။ ထောက်လှမ်းရေး လာပြီ တံခါးခေါက်ပြီဆိုရင် ညဆိုရင် အိပ်လို့ရတဲ့ နေရာမဟုတ်ဘူး။ အဲဒီတော့ အဲလို လူမျိုးတွေ ပြေးကြတဲ့အခါမှာ ဖရိုဖရဲဖြစ်နေတဲ့ ဒီအင်အားစုတွေက ABSDF ဖြစ်လာတယ်။  ABSDF ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ခိုးပြီးတော့ စာပို့ပါတယ်။ ဒါကြောင့်လည်း ၁၉၈၉ မှာ နေအိမ်အကျဉ်းချခံရတာလည်း ဒါကို စွဲချက်တင်ခံရတာပေါ့။ ဆိုတော့ ဘာပဲပြောပြော ABSDF က တကယ့်တကယ် လက်နက်ကိုင်ချင်လို့တော့ မဟုတ်ဘူး။ ကျန်တဲ့လမ်း ရွေးစရာမရှိတော့လို့။ ၁၉၈၈ ကိုဖုန်းမော်ကစပြီးတော့ မြို့ပေါ်မှာ ပစ်ဟယ် ခတ်ဟယ်နဲ့ဖြစ်ခဲ့ပါတယ်။

အဲလိုပြောရင်း အိမ်အပြင်ကနေ ကြောင်တကောင်အော်နေသံကြားလို့ အသံဖမ်းရာမှာ အနှောက်အယှက်ဖြစ်တယ်လို့ ထင်တဲ့ ကိုညိုအုန်းမြင့်က ထပြီး ကြောင်ကို မောင်းရင်း တံခါးသွားပိတ်ပါတယ်။

မေး။ ။အဲဒီအချိန်တုန်းက ABSDF အဖွဲ့အနေနဲ့တောခိုကျောင်းသားတွေနဲ့ ဖွဲ့စည်းခဲ့တယ်ပေါ့နော်၊ နောက် အကိုက တောခိုပြီးတော့ ABSDF နဲ့ ဘယ်လိုပုံစံမျိုးနဲ့ ပတ်သက်ခဲ့လဲဆိုတာပေါ့ သမိုင်းကြောင်းကို နည်းနည်းရှင်းအောင်ထပ်ပြောပေးပါဦး။

ဖြေ။ ။ဟုတ်ကဲ့ ABSDF ရဲ့ အနေအထားပေါ့ပြီးတော့ကျနော် စိုးရိမ်တာက ကျနော်က သမိုင်းဆရာလည်းဖြစ်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်သန်းထွန်းရဲ့ အခန်းကဏ္ဍပေါ့နော်။ အဲလို အခန်းကဏ္ဍတွေမှာ ကျနော့်အနေနဲ့ သမိုင်းတပတ်လည်မှာလည်း စိုးရိမ်မိတယ်။ စိုးရိမ်ခဲ့တယ်ဆိုတော့ ဒီမိုကရေစီကို ကျနော်တို့ လုပ်ကြပါတယ်။  နောက်ပိုင်းမှာတော့ အာဏာတွေ့လာတဲ့အခါကျတော့ ခွဲပြားလာတာတွေ ဖြစ်လာတယ်ပေါ့နော်။ ကျနော်တို့က ကြိုပြီးတော့ နည်းနည်း Moderate ဖြစ်တဲ့ အတွေးအခေါ်ရှိတဲ့ သူတွေနဲ့ မော်နီတာ လုပ်ဖို့ပေါ့နော်။ဒါပေမဲ့ အဲဒီအချိန်မှာ ABSDF ဟာကလည်း သူတလူ ငါတမင်းဖြစ်ခဲ့တယ်။ အဲတော့ အဲဒီလို သူတလူငါတမင်းဖြစ်တဲ့ ပြဿနာတွေကို ကျနော်တို့က နေပြီးတော့ အတတ်နိုင်ဆုံး ဘယ်လိုဖြေရှင်းမလဲပေါ့နော်။ အဲဒီအချိန်မှာ ကျနော်တို့က မာနယ်ပလောမှာ အားလုံးစုံကြတယ်။ အဓိကကတော့ ABSDF နဲ့စာရင် ကျနော်တို့က တိုင်းရင်းသား တွေရဲ့ ပင်လုံစိတ်ဓါတ်တွေ ဘာတွေပေါ်မှာ နားလည်မှု မလွဲစေချင်ဘူး။ ကျနော်တို့မှာ အဆက်အသွယ်လည်း မရှိဘူး။ ၁၇(၁) လည်း ကြောက်ရတယ်။ အကုန်လုံးဖြစ်နေတယ်ဆိုတော့ ကျနော်တို့ တောခိုရတဲ့ အကြောင်းရင်းက ကျနော်တို့ ဟိုကိုသွားပြီးတော့ NLD ရဲ့ သဘောထားတွေကိုပေါ့နော် ပြောမယ်ပေါ့။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်အနေဆုံးက ကျနော်ဖြစ်တယ်။ ဖြစ်နေတယ် ဆိုတော့ အဲဒါလေးကို ၀ိုင်းပြီးတော့ ကျနော်လုပ်ပေးချင်တယ်။ အဲဒီလို စဉ်းစားခဲ့တာဖြစ်တယ်။

မေး။ ။အဲဒီလို တောခိုပြီးတဲ့နောက်ပိုင်းမှာရော ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆက်အသွယ်ရခဲ့ပါသေးလား။

ဖြေ။ ။သူနဲ့ တိုက်ရိုက်တော့ ကျနော် မရတော့ဘူးခင်ဗျာ၊မရတော့ဘူးဆိုတာကလည်း ၁၉၈၉မှာ နေအိမ်အကျဉ်းကျပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း တော်တော်သတိထားသွားပုံရပါတယ်။ နောက်နဂိုကတည်းက လက်နက်ကိုင်လမ်းစဉ်ကို သူလုံးဝ မယုံဘူး။ ဒါပေမဲ့လည်း တိုင်းရင်းသားတွေအပေါ်မှာ လုပ်ပေးရမယ်ဆိုတာကို နားလည်တယ်။

မေး။ ။အကိုက နောက်ပိုင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆက်အသွယ်မရတော့ဘူးဆိုတော့ နိုင်ငံရေးလုပ်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားဖြစ်လိမ့်မယ်လို့ ရိပ်ဖမ်းသံဖမ်းနဲ့ လုပ်နေရသလို ဖြစ်နေတာပေါ့။

ဖြေ။ ။ပြောနိုင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရက် ၂၀၀ လောက်တော့ အနီးကပ်နေဖူးတယ်ဆိုတော့ မူတွေကတော့ အကုန်သိထားပြီးသားဖြစ်နေတာပေါ့။ ဥပမာ ဗိုလ်ချုပ်ကြီး စောဗိုမြနဲ့တွေ့တော့ သူတို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို သတင်းထဲမှာပဲ ကြားရတယ်ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်နားက အနီးကပ်လူလာတယ်ဆိုတော့သူတို့ပိုပြီး အားတတ်တာပေါ့။ အဓိကကတော့ တိုင်းရင်းသား တွေ ခွဲထွက်တာတို့ ဘာတို့ပေါ၊ အဲဒါတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သိချင်ခဲ့တဲ့ ဟာတွေပဲ။ အဲလိုဟာမျိုးတွေတော့ ကျနော့်အနေနဲ့ ဆက်စပ်ပေးသလိုဖြစ်ခဲ့တာပေါ့နော်။ အဲတော့ ရိုးရိုးသားသားပြောရမယ်ဆိုရင် သူနောက်ပိုင်း ဘာစဉ်းစားတယ်ဆိုတာတော့ ကျနော်တို့ မသိတော့ဘူး။ ဒါပေမဲ့ အကြံဥာဏ်ကတော့ ပေးလို့ရပါတယ်။ ဥပမာဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုသွားတွေ့ခဲ့တဲ့ အမေရိကားက လွှတ်တော်အမတ်ပေါ့နော် သူသွားတွေ့ခါနီးကို ကျနော်တို့ကို ခေါ်တွေ့တာတို့ပေါ့နော်၊ အဲလိုမျိုးတွေ ရှိခဲ့ပါတယ်။

ကျနော် ဘယ်လောက်ထိလဲ ဆိုတော့ ၁၉၉၅ မှာ စီးပွားရေးပိတ်ဆို့မှု လုပ်တာက ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးဆိုပြီး စာတမ်းတွေ ရေးခဲ့တဲ့အတွက် ဒီနေ့ ကျနော် NLD ကိုတော့ ပြန်ဖို့ တော်တော်လေးခက်တယ်ပေါ့နော်။ အဲဒီမှာ ကျနော်တို့ အတွေးအခေါ် နည်းနည်းလေး ကွဲသွားတဲ့ သဘောရှိပါတယ်။

မေး။ ဒါဆို အကိုက ABSDF အဖွဲ့နဲ့ ပတ်သက်မှု မရှိဘူးသီးခြားဖြစ်နေတယ်ဆိုတဲ့ သဘောရှိတာပေါ့နော်။

ဖြေ။ ဟုတ်ကဲ့၊ ဟုတ်ပါတယ်။

မေး။ဒါဆိုကျမ တခုလောက်မေးချင်ပါတယ်။ ၁၉၉၂ ခုနှစ်ပြည်ထောင်စုနေ့မှာ ABSDF မြောက်ပိုင်းက AB ကျောင်းသားတွေကိုပဲ သံသယစိတ်နဲ့ သတ်ပစ်ခဲ့တယ်ဆိုတာကိုတော့ အကို ကြားခဲ့ဖူးပါသလားရှင့်။

ဖြေ။ ဟုတ်ကဲ့ပါ။
 စက်တင်ဘာ ၁၃၊ ရန်ကုန်မြို့။

ကိုညိုအုန်းမြင့်နဲ့ တွေ့ဆုံခွင့်ရချိန်မှာ ကျမအနေနဲ့ ကိုညိုအုန်းမြင့်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစောပိုင်းပြောရေးဆိုခွင့်ရရှိခဲ့သူ၊ လူငယ်ဗဟိုလည်းဖြစ်တယ်၊ ပြီးတော့ တောခိုသွားခဲ့တယ်ဆိုတာ သိရပါတယ်။

အဲဒါကြောင့် ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ABSDF ပါဂျောင်စခန်း၊ ကျောင်းသား ခေါင်းဆောင် ထွန်းအောင်ကျော်အပါဝင် ၃၅ ဦးကို ထောက်လှမ်းရေးလို့စွပ်စွဲပြီး အသတ်ခံရကြောင်းကြားခဲ့ပါသလား၊ ဘယ်လိုကြားခဲ့ရပါသလဲ။ ဆိုတဲ့ မေးခွန်းတွေကို ဆက်မေးခဲ့ပါတယ်။

မေး။ အဲဒါကို ဘယ်လိုကြားခဲ့တာပါလဲရှင့်။

ဖြေ။ အဲဒီတုန်းက သမိုင်းမှာ အင်မတန်မှ ဆိုးဝါးခဲ့ပါတယ်။ ဒါက ကချင်ဘက်တင် ဖြစ်တာမဟုတ်ဘူး။ တယောက်နဲ့ တယောက်ယုံကြည်မှု မရှိဘူး၊ နောက်တခါ အင်မတန်နုနယ်တယ်၊ ကျနော်တို့ လူမျိုးတွေ အင်မတန်ကြောက်စရာကောင်းတယ်။ မြန်မာလူမျိုးရဲ့ အားနည်းချက်က တယောက်နဲ့ တယောက်ချောက်တွန်းကြတာပေါ့နော်…မနာလိုမှု ကျနော်တို့ လူမျိုးက တယောက်ချမ်းသာရင် တယောက်ကြည့်မရဘူး။ တယောက်အောင်မြင်ရင် တယောက်ကြည့်မရဘူးဆိုတာ ကျနော်တို့လူမျိုးရဲ့ ဒီဟာကပေါ့နော်၊ နောက် အဲဒီတုန်းက ဘာလဲ ဆိုတော့ကိုယ်နဲ့ မကြိုက်ဘူးဆိုရင် ထောက်လှမ်းရေးလို့ တံဆိပ်ကပ်လိုက်တာ။အဲဒါ အင်မတန်ကြောက်ရပါတယ်။ ကျနော်နဲ့ အတူတူ တောခိုလာတဲ့ ဗိုလ်ကြီး သန့်စင်မြိုင်ဆိုတာက အရင်တုန်းက ဗိုလ်ချုပ် ကျော်ထင်ရဲ့ p.s.oပေါ့နော်။ ဗိုလ်မှူးချုပ်ကျော်မြင့် ကိစ္စမှာ ထောင်ကျပြီးတော့ သူတို့ဘ၀တွေက ပျက်သွားကြတဲ့ ဗိုလ်ကြီးသန့်စင်မြိုင်ကိုတောင်မှ သူနဲ့ မတည့်တဲ့ သူတယောက်ကဆိုရင် ခင်ဗျားတို့ မာနယ်ပလောမှာ ထောက်လှမ်းရေး တယောက်ရောက်နေတယ်၊ သန့်ဆိုတဲ့ နာမည်ပါတယ်လို့ ပြောလိုက်တာနဲ့ ချက်ခြင်း ကေအန်ယူက လာဖမ်းတယ်။ အဲဒီတုန်းက ဦးတင်မောင်ဝင်း ကျနော်တို့ရှေ့က ဂျီပီနဲ့ အတွင်းရေးမှူးက မဟုတ်ပါဘူး၊ ကျနော် အာမခံပါတယ် ဆိုပြီးတော့ ပြန်ထုတ်ခဲ့ရတာပေါ့။ အဲတော့ဖြစ်ခဲ့ရတဲ့ ပြဿနာတွေကို ပြန်ကြည့်မယ် ဆိုရင် တယောက်နဲ့ တယောက် မနာလိုမှုတွေ နောက်တခါ သံသယတွေ ဟို ရှေ့မတိုးနိုင်ဘူး၊ ကျနော်တို့ အရင်တုန်းက အားလုံး ထင်ထားတာက ABSDF သူငယ်ချင်းတွေ အားလုံး တောခိုသွားကြတယ်၊ ကျနော့် မိတ်ဆွေတွေ တောခိုသွားကြတယ်။ အဲလို တောခိုသွားတဲ့ အချိန်မှာ လူတွေက ကျနော်တို့ ဟိုရောက်တဲ့ အခါကျရင် သေနပ်တွေရမယ်၊ တခါတည်း ရှေ့တန်းကို ထွက်ပြီးတော့ ပြည်သူတွေ တောင့်တနေတဲ့ ဒီမိုကရေစီ ကြီးကို ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထပ်ကလိုပဲ မြင်းတွေစီးပြီး ပြန်ဝင်လာပြီးတော့ တိုင်းပြည် ကြီးကို ဒီလို သိမ်းလို့ရမယ်လို့ ထင်ခဲ့တာ။

အဲလိုပြောပြီးတော့ ကိုညိုအုန်းမြင့်က ခပ်ယဲ့ယဲ့ပြုံးတယ်၊ ပြီးမှ ဆက်ပြောပါတယ်။

အဲတော့ ဟိုရောက်တဲ့အခါကြတော့ အစာလည်း မမှန်ဘူး။စားစရာလည်း မရှိဘူး တောထဲမှာ နေရတယ်။ ငှက်ဖျားနဲ့ နပန်းလုံးနေရတယ်။ ကျန်းမာရေး ချို့တဲ့တယ်။ စစ်သင်တန်းဆိုတာကလည်း ကျနော်မြင်တာပေါ့နော်  ကျနော်လည်း အဲဒီထဲ ရောက်ဖူးပါတယ်။ ၀ါးတုတ်ကို ထမ်းပြီးတော့ ကျင်းပေါက်တွေ လုပ်ရတယ်။
ဆိုတော့ အဲလို နေရာမျိုးကို ရောက်တဲ့အခါမှာ ခေါင်းဆောင်ပိုင်းမှာက ပဋိပက္ခတွေက ရှိတယ်။ ခုချိန်ထိပါ။ တောထဲမှာ ဖြစ်တဲ့အခါကြတော့ တယောက်နဲ့ တယောက် ပြောကြဆိုကြရင်းနဲ့ သူလျှိုလို့ စွပ်စွဲခံရတယ်။

ကိုညိုအုန်းမြင့်က စကားပြောရင်း ခဏရပ်သွားတယ်၊ပြီးမှ ခပ်ဆဆနဲ့ စကားပြန်ဆက်ပါတယ်။

ကျနော်တို့ အန်အယ်ဒီထဲမှာလည်း ရှိပါတယ်။ NLD(LA)ထဲမှာလည်း ပျောက်သွားတဲ့ လူတွေ ရှိတယ်။ ကရင်သတ်တယ်လို့လည်း မစွပ်စွဲနိုင်ဘူး။ ကျောင်းသား သတ်တယ်လို့လည်း မစွပ်စွဲနိုင်ဘူး။ ဒါပေမဲ့လို့ လူတွေက ပျောက်ပျောက်သွားတယ်။ ပျောက်သွားရတဲ့ အခြေခံက ဒါဟာ ရန်သူ့သူလျှို။ ထိုင်းမြန်မာ၊ တရုတ်မြန်မာ နယ်စပ်တွေမှာ ရန်သူ့ သူလျှို ဆိုတာက သေဒဏ်ပဲ။ တယောက်နဲ့ တယောက်တွန်းကြရင်းနဲ့ ဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။

သူ့အဖြေ ဆုံးသွားချိန်မှာတော့ကျမသိချင်တဲ့ မေးခွန်းတခုကို မေးနိုင်ဖို့ ကြိုးစားကြည့်တယ်။

မေး။ ဟုတ်ကဲ့ အဲဒီလို စခန်းထဲမှာ ဒီလို သူလျှိုတွေပဲ ဆိုပြီးတော့ ဖမ်းဆီးနေတာတွေ စစ်ဆေးနေတာတွေ လုပ်နေတဲ့ အချိန်မှာ  ကေအိုင်အေတို့အပါဝင် ဒီလိုမျိုး မလုပ်သင့်ဘူးလို့သဘောအယူအဆရှိတဲ့အခြား အဖွဲ့အစည်းတွေကရော ၀င်ပြီး တားခဲ့တာတွေ ဘာတွေ မဟုတ်ခဲ့ဖူးလားရှင့်။

ဖြေ။ ဟုတ်ကဲ့ ၊ အဲဒါကို ကျနော်တို့ NLD(LA) ကနေသွားပြီး ဆွေးနွေးပေးတာ ရှိပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျနော်တို့က နိုင်ငံရေးက  ဘယ်လိုခေါ်မလဲ ပန်းချီကားတချပ်ကို ကြည့်ရသလိုပေါ့နော်၊ အဲဒီတုန်းက အေအိုင်ယူနဲ့ က ဟို အစိုးရကို ချည်းကပ်တဲ့အပိုင်းပေါ့လေ၊ အဲဒီတုန်းက ဟို ဘယ်လို ခေါ်မလဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကလည်း ချည်းကပ်နေတဲ့ အပိုင်းဆိုတော့လည်း ကျနော်တို့ သိတယ်၊ ဒီလို အပိုင်းတွေမှာ ရန်သူတွေ ၀င်တယ်၊ပြီးတော့အဲဒီတုန်းက ပွင့်ပွင့်လင်းလင်းပြောရရင် ရန်ကုန်မှာလည်း အဆိပ်တွေ ခပ်တယ်၊ ဘယ်သူသောက်မိလို့ မူးလဲတယ်၊ဘယ်လိုဖြစ်တယ် အဲလိုတွေဖြစ်တော့ကျီလန့်စာစား ဆောက်တည်ရာမရ ဖြစ်နေတဲ့ အချိန်မှာ အဲလို ဆောက်တည်ရာမရ ဖြစ်နေတဲ့ သူတွေရဲ့ လက်ထဲမှာ အာဏာသွားရှိတဲ့အခါ နောက် ကေအိုင်ယူ စခန်းမှာလည်း တချို့စခန်းတွေမှာ စစ်တပ်ကနေ ထိုးစစ်ဆင်တယ်ဆိုတော့ ရန်သူ့ သူလျှိုပဲပြောပြော အစိုးရဘက်ကပဲပြောပြော  နှစ်ဖက်စလုံးက information ရှာကြတာပေါ့လေ။ အဲဒီအချိန် ၉၂ မှာ ကျနော် ကြားတဲ့အချိန်မှာ ကျနော်တို့က အဓိက တာဝန်ရှိတဲ့သူ မဟုတ်ဘူး။ တာဝန်ရှိတာက ဒေါက်တာ စိန်ဝင်းဖြစ်ပါတယ်။ ဒေါက်တာ စိန်ဝင်းက သူ့အနေနဲ့ အဝေးရောက်အစိုးရပဲ ပြောပြော ညွှန့်ပေါင်းအစိုးရပဲပြောပြော ၀န်ကြီးချုပ် တယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ဟာ သူ တခုမှ မလုပ်ခဲ့ဖူး။ ပြီးတော့ သူက အချို့ဟာတွေမှာ အရမ်းသတိထားတယ်။ နှေးကွေးမှု ဖြစ်တယ်။

အဲဒီအချိန်တုန်းက သူ့ရဲ့ ၀န်ကြီးတယောက်လည်း အသတ်ခံရတယ်။ ကူးမင်းမြို့က ဟိုတယ်ထဲမှာ ဓါး ၁၆ ချက် အထိုးခံပြီး သတ်ခံရတယ်၊ အဲတော့ အဲလို အခြေအနေမျိုးတွေမှာ တကယ့်တကယ်ကတော့ ကျနော်တို့ အင်မတန် ပြောလို့ခက်တယ်လေ။ ခက်တယ်ဆိုတာကလည်း တမျိုးတဘာသာ၊ တရွာတပုဒ်စမ်းပေါ့လေ။ ABSDF က စစ်ဘုရင်လေးတွေလို ဖြစ်နေတယ်။ တပ်ရင်းတရင်းမှာ သူ့တပ်ရင်းနဲ့ သူအနေအထားအရ သူက ခေါင်းဆောင်ပဲ သူ့ကို ဗဟိုကနေ ပြီးတော့ ဘာမှ သွားပြောလို့မရဘူး။ ဘယ်သူကမှ သူတို့ကို မလွှမ်းမိုးနိုင်ဘူး၊ ပြောလို့မရနိုင်ဘူး။ နောက်တခုက အဲလို ဖြစ်သွားရတဲ့ အကြောင်းရင်း တခုက ကျနော်တို့ ဒီမှာ DAB နဲ့ ဒီမိုကရက်တစ် တပ်ပေါင်းစုနဲ့က ဆက်ဆံရေး မကောင်းခဲ့တာတွေက ဒီပြဿနာတွေကို တွန်းပို့ခဲ့တယ်လို့ ကျနော် ထင်ပါတယ်။

ကိုညိုအုန်းမြင့်က အဖြေကို အရှည်ကြီး ပြောသွားခဲ့တယ်၊ နားထောင်ရတဲ့ ကျမစိတ်ထဲမှာ မောလည်း မောလာတယ်။ ပြီးတော့ စိတ်မကောင်းဖြစ်မိတယ်။

မေး။ အကိုခုနပြောခဲ့တာမှာလေ၊ ဒီလိုမြောက်ပိုင်းလို ကိစ္စမျိုးက မြောက်ပိုင်းတခုတည်းမှာတင်ဖြစ်ခဲ့တာ မဟုတ်ဘူးဆိုတော့လေ။  အခြား ဘယ်နေရာတွေမှာ အလားတူပြဿနာမျိုးတွေ သတ်ဖြတ်မှုမျိုးတွေ ဖြစ်ခဲ့ပါသေးလဲရှင့်။

ဖြေ။ ။ကျနော် ကြားဖူးသလောက်တော့ABSDF စခန်းတွေမှာ ရှိတဲ့ မင်းသမီး တနင်္သာရီတိုင်းအစပ်တွေမှာ ရှိပါတယ်။အဲဒီနေရာတွေမှာလည်း ထားဝယ်ဘက်က တောခိုလာတဲ့ ကျောင်းသားတွေပေါ့နော် အဲဒီကျောင်းသားတွေလည်း ပျောက်ကုန်တယ်ဆိုတာ ကျနော်တို့ ကြားဖူးတယ်။ ခေတ်ကလည်း ပျက်နေတဲ့ အချိန်လေ ကျနော်တို့ကတော့ တာဝန်မဲ့စွာပြောရမယ်ဆိုရင်တော့ တောတွင်းမှာရှိတဲ့ ဥပဒေတခုက အရမ်းကြောက်ဖို့ ကောင်းတယ်။ ဆိုတော့ ဒါကို နားမလည်တာလား ဒါ တကယ်ပဲ တောခိုတာလား၊ တချိန်တုန်းကလည်း ကျနော်တို့ သိခဲ့ဖူးတာတွေ ရှိတာပေါ့နော်၊ တချို့က အိုတီအက်စ် တက်ချင်တယ်၊ တပ်ဘက်ကပဲ ဖြစ်ဖြစ်၊ ရဲဘက်ကပဲ ဖြစ်ဖြစ် စတိုင်ပန်လေးတွေ လျှောက်ပြီးတော့ ကျောင်းတက်ခဲ့ရတဲ့ သူတွေ ရှိတယ်။ အဲတော့ အဲဒီလူတွေက ၈၈ အရေးအခင်းဖြစ်တဲ့အခါမှာ ဒီလူတွေက အပေါ်ကပဲ တာဝန်ပေးလို့လား၊ တပ်မတော် ထောက်လှမ်းရေးကပဲ တာဝန်ပေးလို့လားအဲလိုမျိုးတွေ ၀င်ခဲ့တာတွေလည်း တွေ့ဖူးတယ်။ တွေ့ဖူးတယ်ဆိုတာ ကြားလည်း ကြားဖူးတယ်၊ သိလည်း သိတယ်။ ဘယ်သူတွေလဲ ဆိုတာသာ မသိတာ။ သူတို့က ကျောင်းပြီးသွားတဲ့အခါကျရင် အိုတီအက်စ်သွားတဲ့ သူ ရှိတယ်၊ ရဲဘက်ကို သွားတဲ့ သူတွေရှိတယ်ဆိုတော့ ဒါတွေကလည်း တဖက်တည်းကိုတော့ အပြစ်တင်လို့ မရဘူး။

အစိုးရဘက်ကလည်း အရင်တုန်းက ကျနော်တို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလက်ထက်မှာ အာဏာကိုချုပ်ကိုင်ထားမယ်ဆိုတော့ပါတီကေဒါတွေက လူထုတွေထဲမှာ စိမ့်ဝင်ခဲ့ပြီးတော့ ဒီလူတွေနဲ့ တောအတူတူခိုကြတော့၊ ဥပမာဖြင့် ဖိုးကံကောင်း ကြားဖူးမှာပေါ့ ဖိုးကံကောင်းဆိုတာ၊ မြက်ခင်းသစ် လုပ်ခဲ့တဲ့ သူပေါ့နော်။ သူက ၁၉၈၈ မှာ လိမ်လည်မှု တခုနဲ့ ထောင်ထဲ ရောက်နေတယ်လေ၊ သူက ထောက်လှမ်းရေးကို သူပြောတယ်။ ကျနော် ဒီလူတွေရဲ့ သတင်းကို ယူပေးမယ်ပေါ့နော်။
ဒီလို နှစ်ဖက်ပြိုင်တဲ့အခါမှာ သတင်းရဖို့က အရေးကြီးတယ်၊ကျနော်တို့ NLD ထဲမှာလည်း ရှိခဲ့တယ်၊ ဘာကြောင့်လဲ ဆိုတော့ ဒီနေ့ ဗဟိုကော်မတီအစည်းဝေးပြီးရင် ညနေကြရင် လေဒီယိုကနေ ပြန်ကြားရေးဌာနက ပြန်တုန့်ပြန်တာတွေ ရှိခဲ့တယ်။ ဆိုတော့ ကျနော်တို့ ဗဟို ကော်မတီဆိုတာ လူ ၄၀ ပဲ ရှိတယ်။ ဘေးနားမှာတော့ စာရေးပေးတဲ့ သူရှိတယ်ပေါ့။ အဲတော့ ဒီလူ ၄၀ ထဲမှာရော မရှိနိုင်ဘူးလား။ ဒါမှ မဟုတ် အဝေးကနေ အသံဖမ်းနိုင်တာနဲ့ပဲ ဖမ်းနေလား။ အဲလိုဆိုတော့ ဘယ်လိုခေါ်မလဲ  စိုးရိမ်စိတ်တွေ ကြောင့်ကျ စိတ်တွေ ဖြစ်တာတွေလည်း ရှိတယ် အဲဒီတော့ ကျနော်တို့ ကြားဖူးတာကတော့ ကေအိုင်အေ ထိန်းချုပ်နယ်မြေတွေမှာလည်း တယောက်နဲ့ တယောက် စွပ်စွဲမှုတွေ ကေအန်ယူဘက်က လက်ညှိုးထိုးတာတွေ အဲလိုမျိုးတွေပေါ့နော်။ အဲဒါမျိုးတွေ အများကြီး ကြုံခဲ့ရပါတယ်။


မေး။ ဟုတ်ကဲ့ပါ၊ သတင်းပေး ဆိုတာကတော့ နေရာတိုင်းမှာ အဖွဲ့အစည်းတိုင်းမှာ ရှိနိုင်တာပဲလို့ တွေးမိပါတယ်၊ ဒါပေမဲ့ ထောက်လှမ်းရေးလို့ စွပ်စွဲတဲ့ ထဲမှာ အဲဒီတုန်းက အသက် ၁၄ နှစ် ၁၅ နှစ်တွေ ၁၇နှစ်ဆိုတာတွေလည်း ပါနေတာကိုလည်း တွေ့ရတော့။ ဒီကလေးတွေက တကယ်ပဲ ထောက်လှမ်းရေးမှာ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ သူတွေ၊ပြီးတော့ တပ်ကြပ်အဆင့် ဗိုလ်အဆင့်လို့ စွပ်စွဲနေတာတွေက  ဖြစ်နိုင်ပါ့မလား ဆိုတာကိုရော အဲဒီတုန်းက တွေးမိခဲ့ကြပါသလားရှင့်။ အဲဒါကို ဘယ်လိုမြင်မိပါသလဲ။

ကိုညိုအုန်းမြင့်က တွေးဆသလို၊ တွေသွားသလို မျက်လုံးနဲ့ ကျမကို တချက်လှမ်းကြည့်တယ်။

ဖြေ။ ။ဒါကတော့ ဟို …ခုနပြောသလိုပေါ့ ကျနော်တို့ရဲ့ အဓိက ပြဿနာပေါ့၊ Power Struggle က အဓိက ပြဿနာပေါ့နော်။ အင်မတန်မှ လူမဆန်တဲ့ လုပ်ရပ်ပေါ့၊ အဲဒီလူမဆန်တဲ့ လုပ်ရပ်မှာ…

ကိုညိုအုန်းမြင့် စကားမဆက်နိုင်ဘဲ ခဏ တိတ်သွားတယ်။

ဟို…ကျနော် တွေ့ဖူးပါတယ်။ ကိုသံချောင်းဆိုတဲ့ လူနဲ့ တွေ့ဖူးပါတယ်။ သူ မြောက်ပိုင်းကို ပြန်မသွားခင်မှာ …ဟို ….လူတွေက မှန်မှန်ကန်ကန်လုပ်တတ်တဲ့ ဦးနှောက်မရှိဘူး လို့ပဲ ပြောရမှာပေါ့။ ပြီးတော့ ဒီထောက်လှမ်းရေး ဆိုတဲ့ ဟာက ကျနော်တို့ တိုင်းပြည်မှာက ခေတ်အဆက်ဆက်က ရှိခဲ့တဲ့ စိုးရိမ်ကြောင့်ကျမှု လက်စားချေလိုမှုပေါ့၊ အဲလိုမျိုး ထောက်လှမ်းရေးဆိုတဲ့ နာမည်တပ်ပြီးတော့ ဒီလူတွေ ဒီလူတွေကို …ဟို… ကျနော် ပြောချင်တာက သတ်တာကို … ကျနော်တယောက်တည်းရဲ့ အမြင်နဲ့ ပြောရရင်တော့ သူ ထောက်လှမ်းရေး ဆိုရင် သူ့ကို ပြန်လွှတ်လိုက်ပေါ့။ ကျနော် ပြောပြတာ နှိပ်စက်စရာလည်း မလိုဘူး၊ သတ်စရာလည်း မလိုဘူး။တဖက်က အဲဒီအချိန်တုန်းက ကိုယ့်ကို လုပ်တယ်ဆိုရင် ကိုယ်က လက်စားချေရမှာ မဟုတ်ဘူး။ ကျနော့် မိတ်ဆွေ ကျနော်နဲ့ အင်မတန်ရင်းနှီးတဲ့သူတယောက် ပျောက်သွားဖူးတယ်၊ အဲဒီအတွက်ကြောင့် ကျနော် ဒီအမှုမှာ ဘယ်သူ သတ်တယ်ဆိုတာတော့ ကျနော်သိချင်တယ်။

စက်တင်ဘာ ၁၅၊ ၂၀၁၂။

ကိုညိုအုန်းမြင့်နဲ့ တွေ့ဆုံမေးမြန်းနေစဉ်မှာ ကိုညိုအုန်းမြင့်စကားတွေထဲမှာ မြောက်ပိုင်း(ပါဂျောင်)မှာ အသတ်ခံရတဲ့ ကျောင်းသားရဲဘော်တွေအပြင် အခြားဒေသတွေမှာလည်း အသတ်ခံရတဲ့ ကျောင်းသား ရဲဘော်တွေလည်း ရှိသေးတယ်ဆိုတာကလည်း ကျမကို သတိပြုမိစေခဲ့တယ်။

တလောတုန်းကလည်း ကျမဆီကို အမျိုးသမီးကြီးတဦး ဆက်သွယ်လာခဲ့ဖူးတယ်၊ ပဲခူးကလို့ ပြောတယ်။ သူ့ရဲ့သားကလည်း တောခိုသွားခဲ့တယ်။ တခါမှလည်း အဆက်အသွယ်မရတော့ဘူးလို့ ငိုသံ၊ရှိုက်သံတွေနဲ့ ပြောလာခဲ့တယ်။ ဘယ်သူ့ကို မေးလို့ မေးရမှန်းလည် မသိဘူးလို့ ပြောတယ်။

ကျမအနေနဲ့လည်း ဒီကိစ္စတွေကိုတော့ သေချာမသိကြောင်း၊ သူ့သားနာမည် ပြောရုံနဲ့ စုံစမ်းဖို့လည်း ခက်ခဲကြောင်း၊ လက်ရှိ ABSDF အဖွဲ့တွေနဲ့လည်း အဆက်ဆံမရှိကြောင်း၊ဒါပေမဲ့ နီးစပ်ရာ တောခိုကျောင်းသားတွေ ပြန်လာရင်တော့ မေးမြန်းပေးပါ့မယ် သူ့ကို နှစ်သိမ့်အားပေးခဲ့ရတယ်။

ဒီလိုဇာတ်လမ်းတွေက အရင်တုန်းကဆိုရင်တော့ ပုံပြင်တွေပဲလို့ မှတ်ရင် မှတ်မိလိမ့်မယ်။ ခုတော့ တကယ့်အဖြစ်အပျက်တွေပဲ ဆိုတာကို ရင်နာနာနဲ့ပဲ လက်ခံရသလို ဖြစ်နေပါတယ်။

အဲဒီလို တောထဲမှာ ပျောက်သွားတဲ့ တောခိုကျောင်းသားတွေနဲ့ ပတ်သက်ပြီး ကိုညိုအုန်းမြင့်ကိုလည်း ဆက်မေးမိပါတယ်။

မေး။။အခုလိုအချိန်မှာပေါ့လေ၊အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ မြန်မာပြည်ကို ပြန်လာလို့ရတဲ့အချိန်မှာ အချို့ကလည်း ပြန်လာကြတယ်၊ ဒီလိုအချိန်မှာ တောခိုကျောင်းသားတွေရဲ့ မိသားစုအချို့တွေကလည်း ကိုယ့်သား၊ ကိုယ်မောင်၊ ကိုယ့်ညီ၊ကိုယ့်အကို စသဖြင့် ပြန်လာကြဖို့ မျှော်နေကြတာလည်း ရှိတယ်ပေါ့လေ။ သူများတွေ ပြန်လာတယ်၊ ကိုယ့်သား ပြန်မလာ၊ ကိုယ့်သားရဲ့ သူငယ်ချင်းနဲ့ တွေ့ပေမဲ့ ဘာမှ ပြန်မပြောနိုင်ဆိုတဲ့ မိသားစုဝင်တွေကလည်း မနည်းဘူး။

ဒါ့အပြင် အသတ်ခံခဲ့ရတဲ့ ကျောင်သားရဲဘော်တွေရဲ့ မိသားစုဝင်တွေကလည်း  သူတိုရဲ့ နားမလည်နိုင်တာတွေ ထိခိုက် ခံစားချက်တွေကလည်း ရှိနေတော့ ABSDF အဖွဲ့အနေနဲ့ ယခု တာဝန်ရှိသူတွေအနေနဲ့ရော၊ အရင်တာဝန်ရှိခဲ့တဲ့ သူတွေအနေနဲ့ ရော  ဒီလိုမိသားစုဝင်တွေကို  ရှင်းလင်းပြောဆိုဖို့ လိုအပ်တယ်လို့မြင်ပါသလား၊ ကိုညိုအုန်းမြင့်အနေနဲ့ သူတို့အပေါ်မှာ ဘယ်လို အကြံမျိုး ပေးနိုင်ပါမလဲရှင့်။

ဖြေ။ ။ကျနော်နဲ့ ဒေါက်တာနိုင်အောင်နဲ့ သဘော မတူဘူးဗျ။ သူက ခုချိန်ထိ အဲဒီမှာ ထောက်လှမ်းရေးတွေ ရှိတယ်၊ တကယ်လည်း  ဟုတ်ခဲ့တယ်ဆိုတဲ့ ဟာမျိုးမြင်ပြီး ဖြစ်ခဲ့တာပေါ့နော်။ ပြီးတော့ အဲဒီအချိန်တုန်းက ဘာကို မြင်ခဲ့ရလဲဆိုတော့ ထစ်ခနဲ ရှိရင်သတ်ပစ်လိုက်တာပေါ့။ ဦးသန်းလွင်ထွန်း(လက်ရှိ VOA မြန်မာ-ဌာနမှူး)သူ့ကိုလည်း ABSDF က သူ့ကိုလည်း ပြစ်ဒဏ်ပေးပါတယ်။ ပေးသူက အဲဒီတုန်းက ကိုသန်းဝင်းက ABSDF ရဲ့ အထွေထွေ အတွင်းရေးမှူးပေါ့နော်။  ဆိုတော့ ကိုသန်းလွင်ထွန်းကလည်း ထွက်ပြေးရတယ်။ မွန်နယ်မြေထဲက ထွက်ပြေးရတယ်။ …ဒီလိုမျိုး…ထစ်ခနဲ ရှိရင် လုပ်တဲ့ ဟာက ကျနော်တို့ ဘာကြောင့်ဒီမိုကရေစီခရီးရှည်တာလဲ…ဒီလောက် ဆိုးပါတယ်ဆိုတဲ့ လူတွေကို ကျနော်တို့ ဘာကြောင့် မနိုင်တာလဲ။ ကိုယ်က ပိုဆိုးလို့လား၊ ဒါမှမဟုတ် ကိုယ်က ပိုညံ့လို့လားပေါ့။ ဟုတ်လား ကျနော် ဒီ လက်ရှိ ABSDF က လက်ရှိ ခေါင်းဆောင်တွေနဲ့လည်း ကျနော် ရင်းနှီးပါတယ်။ ကျနော်ကတော့ ဒီပြဿနာတွေ ကို ရှင်းရှင်းလင်းလင်းဖြစ်စေရှင်တယ်။ နားလည် စေချင်တယ်။ အဲတော့ တာဝန်ရှိတာက ဘယ်လိုပဲ ကော်မရှင် ပြောပြော အဲဒီတုန်းက ကိုမိုးသီးက ဥက္ကဋ္ဌဖြစ်တယ်၊ ကိုနိုင်အောင်က ဒုဥက္ကဋ္ဌဖြစ်တယ်။ နောက်တခါ ကိုမိုးသီး၊ ကိုနိုင်အောင်ရဲ့ Power Struggle မှာ  သူတို့ရဲ့ Power Struggle မှာ   ဘာဖြစ်လာလဲ ဆိုတော့ ကိုယ့်ကို ထောက်ခံတဲ့ မဲလို လာတယ်။ ကိုနိုင်အောင်ရဲ့ အဲဒီတုန်းက လုပ်ခဲ့တဲ့ အချက်က မြောက်ပိုင်းမှာ ရှိတဲ့ သူတွေရဲ့ မဲ လိုချင်တယ်။

အဲဒီအချိန်တုန်းက ကိုမိုးသီးကလည်း မြောက်ပိုင်းပေါ်မှာ အားမရှိခဲ့ဘူး။ အဲဒီတုန်းက ကိုမိုးသီးကလည်း ကျနော်တို့ နားလည်သလောက်ပြောရရင်တော့ ထောက်လှမ်းရေးလို့ ဆိုရင်တော့ သေချာ စစ်ဆိုတဲ့ ဟာမျိုး၊ အဲဒီမှာ မြောက်ပိုင်း ABSDF ရယ်၊ တောင်ပိုင်း ABSDF ရယ် ဆိုတော့ တောင်ပိုင်းအနေနဲ့လည်း မြောက်ပိုင်းအပေါ်မှာ သြဇာသက်ရောက်မှု နည်းနေတယ်လို့ ကျနော် ထင်တယ်။ အဲတော့ ခုန ပြောတဲ့ သေဆုံးသွားခဲ့ရတဲ့ သူတွေရဲ့ မိသားစုတွေအတွက်ကတော့ တရားမျှတမှု မရှိဘူးလို့ ဖြစ်နေမှာပဲ။

မေး။ ။ ABSDF မှာ ဒီလို ပြဿနာတွေ ရှိနေတယ်ဆိုတာက နောင်လာမဲ့ အနာဂတ်နဲ့ နောင်လာမဲ့ လူငယ်တွေမှာ နိုင်ငံရေးဆိုတဲ့ အပေါ်မှာ တမျိုးမြင်သွားနိုင်စရာတွေ ရှိနေတယ်၊ ABSDFကတော့ ဒီလိုပဲ မြန်မာ့ဒီမိုကရေစီအတွက် လူ့အခွင့်းရေးအတွက် တိုက်ပွဲ ၀င်တယ်လို့ ပြောပြီးတော့ လူ့အခွင့်အရေးချိုးဖောက်နေတာတွေ ရှိတယ်၊ လူ့အခွင့်အရေး ချိုးဖောက်ခဲ့တာတွေကို ဖုံးကွယ်ထားတယ် ဆိုတာမျိုးကရော အနာဂတ်မှာ ဘယ်လိုဖြစ်လာနိုင်မလဲ။ နောက်ခုချိန်မှာ သူတို့ မရှင်းဘူး၊ နောက်ကာလတွေထိ ဒီပြဿနာကြီးက ပါသွားမယ်ဆိုရင်ရော ဘယ်လိုဖြစ်လာနိုင်မလဲပေါ့ အဲဒါကိုလည်း ကျမအနေနဲ့စိတ်ဝင်စားမှု ရှိတယ်ဆိုတော့ အကို့အနေနဲ့ရော ဘယ်လိုသုံးသပ်မိပါသလဲရှင့်။

ဖြေ။ ။ဟုတ်..ဟုတ်ကဲ့။

အဲဒီအချိန်မှာ ကိုညိုအုန်းမြင့်ဆီကို ဖုန်းလာတဲ့အတွက် ကိုညိုအုန်းမြင့်က ဖုန်းဖြေပါတယ်။

ဖြေ။ ။ဟုတ်၊ ခုနပြောတဲ့ သမိုင်းမှာ ABSDF ရဲ့ အမည်းစက်ဆိုတာကိုရော နောင်အနာဂတ် လူငယ်တွေအတွက်ရော ဆိုတာကို ကျနော် ဒေါ်မေသင်္ကြန်ဟိန်နဲ့ သဘောတူတယ်။ နောင်အနာဂတ်မှာ လူငယ်တွေက လက်နက်ကို အားကိုးပြီးတော့ အာဏာကို အားကိုးပြီးတော့ တိုက်ပွဲဝင်ဖို့ စဉ်းစားရမယ် ဆိုတာကိုပေါ့နော်။ နောက် ကျနော် ဒီကိစ္စမှာ နှစ်ပိုင်းတွေ့ပါတယ်။ ABSDF ရဲ့ ဒီအဖြစ်အပျက်ကတော့ ကျနော်တို့ မြို့နေ လူတန်းစား သင်ခန်းစာယူသင့်တာပေါ့နော်။ နောက် ကျနော်တို့ တိုင်းရင်းသားတွေ ဘက်ကလည်း ရှိပါတယ်။ ဥပမာ အားဖြင့် ကရင် ဆိုရင် ကျနော်တို့ ၈၉၊ ၉၀ လောက်လို့ ကျနော် ထင်ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်တုန်းက ကျနော် မာနယ်ပလောမှ ရှိနေတုန်းမှာ သူနာပြု ဆရာမလေး ရွာကနေ ဒီကို ပြေးလာကြတယ်ပေါ့။ ဒုက္ခသည်တွေလည်းပါတယ်။ အဲဒီအမျိုးသမီးလေးကို ဒီမတရားပြုကျင့်တယ်။တပ်ကပေါ့နော်။ တပ်က ဗိုလ်ကြီးပြီးတော့ သူ့အောက်က အဆင့်ဆင့်ပေါ့နော်၊ ၇ ယောက် ၈ ယောက်လောက် ပြုကျင့်ကြတယ်။ နောက် ဒီကောင်မလေးက ကိုယ်ဝန်လည်း ရသွားတယ်။ အားလုံး ပြေးနေရင်းနဲ့ပေါ့ ဒါက ကျနော်တို့ စစ်ရဲ့ အနိဋ္ဌာရုံပေါ့ စစ်ပွဲတွေရဲ့ ပြဿနာတွေပေါ့နော်။ နောက်ဘေးထွက် ပြဿနာတွေကို ကျနော်တို့ တွေ့ရတယ်။ ကျနော်တို့ တိုင်းပြည်မှာ တကယ်ပဲ ဒီမိုကရေစီ ဆိုတာကို တည်ဆောက်နေပြီ ဆိုရင် တကယ်ပဲ ပြောင်းသင့်တာပေါ့နော်။ ၁၉၈၈ခုနှစ် အရေးခင်းတုန်းကလည်း စမ်းချောင်းမှာ ကိုယ့်ထမင်းစားနေတဲ့ ဆရာကတော်ပေါ့ ဘယ်ကမှ မသိပစ်လိုက်တဲ့ဟာ ထိပြီး ပွဲခြင်းပြီး သေတယ်ပေါ့၊ အဲတော့ ကျနော် ပြောချင်တာက  ကြိုးစားပြောင်းသင့်ပြီလို့ ကျနော် ထင်တယ်လေ၊။

တောင်အာဖရိကမှာဆိုရင် တောင်းပန်တဲ့ဟာမျိုး။ဒါမှ မဟုတ်ရင်လည်း တရားဥပဒေစိုးမိုးရေးပေါ့။ အချို့ဟာတွေကတော့ ကာယကံရှင်တွေက တရားစွဲရင်တောင်မှ ကျနော်တို့ အပြစ်ရှိတဲ့ သူက အပြစ်ဝန်ခံရမယ်၊ ဘယ်သူရယ်မောင်ဖြူရယ် မောင်မဲရယ် လို့ မဟုတ်ပါဘူး။ ဒီအပြစ်က ဒီလူတွေကို ထောင်ကျစေချင်လို့ ဒီလူတွေကို တမင်သပ်သပ် မုန်းလို့ မဟုတ်ပါဘူး။ သမိုင်းရဲ့ သင်ခန်းစာပေါ့နော်။ သမိုင်းမှာ ဒီသင်ခန်းစာ မရှိဘဲနဲ့ သူတို့ တောခိုသွားတယ်၊ တောထဲမှာ သတ်လို့ရတယ်၊ ပြန်လာကြတယ်ဆိုတဲ့ ဟာမျိုး မဖြစ်စေချင်ပါဘူး။

ကျနော်ထင်ပါတယ်။ ကျနော်တို့ တိုင်းပြည်ကြီးက ပြောင်းနေတဲ့ ကာလ အသွင်ကူးပြောင်းဆဲ ကာလမှပေါ့ တကယ့်ကို တည်ဆောက်ချင်တယ်ဆိုရင် အုတ်မြစ်ခိုင်ဖို့ အတွက်တော့ ဒီလို မတရား အသတ်ခံခဲ့ရတာတွေ၊ ရှင်းရှင်းပြောရရင် ပျောက်သွားပြီးတော့ ဘာမှန်းမသိတဲ့ ဟာတွေ၊ စစ်အာဏာရှင်မို့ သတ်တယ်ဆိုတာက သူ့အာဏာအတွက် သတ်တာပေါ့၊ ဒီဘက်က ဒီမိုကရေစီလို့ ပြောပြီး သတ်နေတာကတော့ တည့်တည့်ကြီး လွဲတယ်လို့ ကျနော်ထင်တယ်လေ။ ပြီးတော့ ကျနော်တို့NLD(LA)က နဂိုကတည်းက လက်နက်ကိုင်တဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ ဒီဘက်နောက်ပိုင်း ABSDF ခေါင်းဆောင်တွေကတော့  တော်တော်လေး Flexible ဖြစ်လာတာ တွေ့ရတယ်၊ ဒါပေမဲ့ သူတို့အတွေးအခေါ်ထဲမှာကိုက ရန်သူ၊ သူလျှို ဆိုတာတွေက ခုချိန်ထိ ဒီအတွေးအခေါ်တွေ ရှိသေးတယ်ပေါ့။ အဲဒီဟာတွေကလည်း ကျနောတို့ရဲ့ ရေရှည်မှာတော့ အခက်အခဲ တခုလို့ ကျနော်ထင်ပါတယ်။

မေး။ ကျမဖေဖေကလည်း နိုင်ငံရေးသမားတယောက်က ဖေဖေက အမြဲပြောဖူးပါတယ်။ နိုင်ငံရေးမှာ တယောက်နဲ့တယောက် တိုက်ခိုက်တဲ့အခါမှာ အလွယ်ဆုံးနဲ့ အောက်တန်းအကျဆုံး တိုက်ခိုက်နည်းကတော့ သူကတော့ စိတ်မချရဘူး၊ သူက သူလျှိုတို့ ၊ အစိုးရ လူပါလို့ ပြောလိုက်တာပါပဲတဲ့…အဲလို ပြောရင် တဖက်သားမှ ဟုတ်သည် ဖြစ်စေ မဟုတ်သည် ဖြစ်စေ ထိခိုက်သွားရတာပဲ၊ ဒါကို ယုံတဲ့ သူတွေလည်း ရှိတယ်လို့ ဖေဖေက ပြောခဲ့ဖူးတယ်ဆိုတော့လေ။ ဒီနည်းလမ်းက တော်တော်လေးကို နောက်ကျခဲ့တဲ့ နည်းလမ်းဖြစ်သလို တော်တော်များများကလည်း ဒါကို သုံးကြတယ် လို့လည်း ပြောရမယ်ထင်ပါတယ်။ ခုလို အကိုတို့လည်း မြန်မာပြည်ကို ပြန်လာပြီး ကူညီလုပ်ကိုင်တော့မယ်လို့ ပြောနေတော့လေ၊ ကျမတို့ တိုင်းပြည်ကလည်း တကယ်ပဲ့ အကူအညီလိုနေတဲ့ တိုင်းပြည်ပါ။ ဒါပေမဲ့ ခုလို အသွင်ကူးပြောင်းရေး ကာလတွေမှာ ၁၉၉၂ ခုနှစ်က ဖြစ်ခဲ့တဲ့ ကိစ္စတွေက ၂၀၁၂ မှာမှ ပြောလာကြတယ်၊ ဆိုလာကြတယ်ပေါ့လေ။ အဲဒီလို နှစ် ၂၀လောက်တုန်းက ဖြစ်ခဲ့တာတွေကို အရင်ကရော ဘာဖြစ်လို့ ခုလို မြောက်ပိုင်းကိစ္စတွေ မပြောခဲ့ကြတာလဲ၊ ခုမှ ဘာကြောင့်ပြောလာကြသလဲပေါ့။
အဲဒါကိုလည်း ကျမ စဉ်းစားကြည့်ပါတယ်။ အကို့အနေနဲ့ရော အဲဒီပေါ်မှာ ဘယ်လိုမြင်ပါသလဲရှင့်။

ကိုညိုအုန်းမြင့်က တအောင့်လောက်စဉ်းစားတယ်၊ ပြီးမှ ဆက်ပြောပါတယ်။

ဖြေ။ ။ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေချိန်ပေါ့၊ ခုလို အသွင်ကူးပြောင်းနေတဲ့ ကာလမှာပေါ့ တကယ်ပဲ ပြောင်းချင်နေတာလား။ ဒါမှ မဟုတ်ရင်လည်း ပြုပြင်ပြောင်းလဲမှုရဲ့ နောက်နားမှာ အချို့ မပြောင်းချင်တဲ့ သူတွေကလည်း ပါပါတယ်။ ဒါကတော့ နှစ်ဘက်စလုံးမှာပါပဲ။ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းတို့ရဲ့ ၀ိုင်းလုပ်ပေးနေတော့လည်း ဒါကိုမြင်တယ်။ ပြီးတော့ ကျနော်တို့ဘက်တွေမှာလည်း ရှိပါတယ်။ အဲဒီတော့ ဟို …တချိြု့ပဿနာတွေမှာ ကျနော်တို့ ဆီမှာ ကြောက်စရာအကောင်းဆုံးက ခုနပြောသလို စိတ်မချရဘူး၊ ရန်သူရဲ့ လူဖြစ်တယ်။ အဓိကကလည်း ခုလိုဖြစ်တဲ့ အပိုင်းမှာတော့ ကျနော်တို့အနေနဲ့လည်း အမှုမှန်ပေါ်စေချင်တယ်။ အမှုမှန်မပေါ်သရွေ့၊ ပေါ်အောင် မလုပ်နိုင်သရွေ့ပေါ့နော်။ ဖြစ်ခဲ့မှာပါပဲ။

ကေအန်ယူဆိုရင်လည်း စွပ်စွဲမှုတွေ အများကြီး ကြုံရတယ်။ KNU ဖဒိုမန်းရှာဆိုရင်လည်း ထိုင်နေရင်းနဲ့ အပစ်ခံရတယ်ဆိုတော့ ကျနော်တို့ ဒါတွေဟာ တိုင်းပြည်ရဲ့ မတည်ငြိမ်မှုတွေ၊ နိုင်ငံရေးပြဿနာတွေပေါ့နော်။ ကျနော်ဆိုရင် သူငယ်ချင်းတွေနဲ့ တွေ့တော့ သူတို့လည်း ထောင်ထဲမှာ ၁၇ နှစ် ၁၉ နှစ်လောက်ကျခဲ့တာတွေ ဆိုတော့ ခင်ဗျားဘာဖြစ်လို့ ကျလည်းလို့ မေးလိုက်တော့ လူ့အခွင့်ရေး ကြေငြာစာတမ်းကိုင်ခဲ့လို့ ၇ နှစ်၊ ပုံနှိပ်အက်ဥပဒေက ၇ နှစ် အဲလိုမျိုးတွေ ပေါင်းလိုက်တော့ ၂၁ နှစ်လောက်ဖြစ် သွားတယ် ဆိုတာမျိုးတွေပေါ့။  လျော့ရက်နဲ့ဆိုတော့ ၁၈ နှစ်ဆိုလား မသိဘူး၊ ပြန်ပြီးတော့ ထွက်လာတယ်။ ဒါတွေက နောင်ကို ကျနော်တို့ ဒါတွေကို Remind လုပ်ကြမလဲ။ ကျနော်တို့မှာ ဒါတွေက တာဝန်ရှိတယ်။ ဒါက ကျနော်တယောက်တည်းမှာ မဟုတ်ဘူး။ဒေါက်တာ နိုင်အောင်၊ မိုးသီးဇွန်၊ ကိုသန်းလွင်ထွန်း ကျနော်တို့အားလုံးမှာ  ပြည်သူတွေက နောက်တခါ ဒီလိုအဖြစ်ဆိုးမျိုးတွေ မကြုံကြဖို့ ဆိုတာ အဓိက ။ ဒါ သင်ခန်းစာလို့ ကျနော်ထင်တယ်ပေါ့နော်။ အဲဒီထဲကမှ ဒါ တကယ်ခံရတဲ့ သူတွေဘက်ကလည်း တရားစွဲခြင်းခံရမှာပေါ့လေ။ ကျနော်တို့ ABSDF မှာဖြစ်သွားခဲ့တဲ့ ဟာက ကျနော်တို့ ၈၈တွေရဲ့ သမိုင်းမှာ အင်မတန်မှ အရုပ်ဆိုးခဲ့တယ်။ ပြည်သူတွေကလည်း ယုံချင်မှကို ယုံမှာ။

ကိုညိုအုန်းမြင့် ပြောရင်း စကားသံရပ်သွားတယ်။

မေး။။ အခု  ကျမတဦးတည်းရဲ့ ခံစားချက်အနေနနဲ့ ပြောရရင်ကို ဒီကိစ္စကို တယောက်ယောက်က တာဝန်ယူဖြေရှင်းတာမျိုး တာဝန်ရှိတဲ့ သူ တယောက်ယောက်က တာဝန်ယူတာမျိုး  ဖြစ်စေချင်တာ ဖြေရှင်းစေချင်တာ …အဲဒီလို ရှင်းလင်းတာမျိုးကို ကျမက တိတ်တိတ်ကလေး ရင်ထဲကနေ မျှော်လင့်တာ။ ရှင်းစေချင်တယ်။ ရှင်းရှင်းလင်းလင်း ဖြစ်စေချင်တယ် ပြည်သူလူထုကြားမှာလည်း ဒီကိစစကို အမြင်ရှင်းစေချင်တာပေါ့လေ။ နောက် ကျမတို့ နိုင်ငံမှာက နိုင်ငံရေးဆိုတာ ကြောက်စရာဆိုတဲ့ အမြင်က နအဖ လက်ထပ်ကတည်းက ရှိခဲ့ကြတော့လေ ဒီကိစ္စကိုများ မရှင်းဘဲ ထားခဲ့ရင် လူငယ်တွေအနေနဲ့ နိုင်ငံရေးဆိုတာ တကယ့်ကို ကြောက်စရာပဲ လုံးဝ မတို့မထိသင့်တဲ့ အရာလို့များ မြင်သွားနိုင်သလားရှင့်။ ဘယ်လိုမြင်သွားနိုင်မလဲပေါ့လေ။

ဖြေ။ ဖြစ်နိုင်ပါတယ်။ တာဝန်ခံမှု မရှိဘူးဆိုရင်တော့ ခေါင်းဆောင် လုပ်လို့မရဘူး။ ကိုယ့်ဟာကို အဖွဲ့ဖွဲ့၊ ကိုယ့်ဟာကို ဥက္ကဋ္ဌလုပ်၊ ကိုယ့်ဟာကို အတွင်းရေးမှူး လုပ်လုပ်၊ ကြိုက်တာ လုပ်လို့ရတယ်။ ခေါင်းဆောင်ဆိုတာကတော့…ယနေ့ ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်ပဲ။ ရှင်းရှင်းပြောရရင် ပြည်သူတွေကပဲ ပြောပြော သူ့အပေါ် အသိအမှတ်ပြုခံရမှု ပေါ့နော်၊ တကယ်တော့ ကျနော်တို့အတွက် ဒီသင်ခန်းစာက နှစ်ဖက်ပါ။ အကောင်းဘက်ကနေ ပြန်ကြည့်မယ်ဆိုရင်တော့ ….

စက်တင်ဘာ ၁၈၊ ရန်ကုန်မြို့။

မြောက်ပိုင်းကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေရဲ့ ရှင်းလင်းမှုကို သေဆုံးသွားသူ မိသားစုဝင်တွေက မျှော်လင့်နေကြောင်း ဆက်လျက်ပြီး မေးမြန်းဖြစ်ပါတယ်။

ဖြေ။ ဖြစ်နိုင်ပါတယ်။ တာဝန်ခံမှု မရှိဘူးဆိုရင်တော့ ခေါင်းဆောင် လုပ်လို့မရဘူး။ ကိုယ့်ဟာကို အဖွဲ့ဖွဲ့၊ ကိုယ့်ဟာကို ဥက္ကဋ္ဌလုပ်၊ ကိုယ့်ဟာကိုအတွင်းရေးမှူးလုပ်လုပ်၊ကြိုက်တာလုပ်လို့ရတယ်။ ခေါင်းဆောင်ဆိုတာကတော့…ယနေ့ ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်ပဲ။ ရှင်းရှင်းပြောရရင် ပြည်သူတွေကပဲ ပြောပြော သူ့အပေါ် အသိအမှတ်ပြုခံရမှု ပေါ့နော်၊ တကယ်တော့ ကျနော်တို့အတွက် ဒီသင်ခန်းစာက နှစ်ဖက်ပါ။ အကောင်းဘက်ကနေ ပြန်ကြည့်မယ်ဆိုရင်တော့ ….ဒီလိုဖြစ်ခဲ့တာတွေက ကမ္ဘာစစ်မှာ နာဇီပေါ့နော်၊ ဟစ်တလာတို့ ဆိုရင် ဂျူးတွေလည်း သတ်၊ ရုရှင်တွေလည်း သတ်ပေါ့။ တကယ်တော့ ဂျူးတွေ အသတ်ခံရတာပဲ လူသိတယ်။ ရုရှင်အသတ်ခံရတာတွေကို လူမသိဘူးဆိုတော့ မီဒီယာတွေရဲ့တင်ဆက်မှုကလည်း အများကြီး အရေးကြီးတယ်။ ဒါကြောင့် မီဒီယာက ဒီနေ့ ဒီမိုကရက်တစ်မှာ ပရင်စပါယ်အရ ကြည့်မယ်ဆိုရင် forurth ပေါ့နော်၊ လွှတ်တော်ရှိမယ်၊ အစိုးရ ရှိမယ်၊ တရားဥပဒေရှိမယ်၊ မီဒီယာက နံပတ် ၄ ဖြစ်လာတယ်။ ဖြစ်တယ်ဆိုတော့ တိုင်းပြည်တပြည်ရဲ့ တည်ငြိမ်ရေး နဲ့ တိုင်းပြည်တပြည်ရဲ့ ရှေ့ကိုသွားရေးမှာ မီဒီယာရဲ့ ကဏ္ဍက အရမ်းကို အရေးကြီးပါတယ်။ ဒီနေ့ပိုပြီးတော့ ကြောက်ဖို့ကောင်းတာက Social Media  - Facebook တွေပါ။ facebook တွေက အစိုးရတောင် ပြုတ်ကျတယ် အီဂျစ်မှာ။ တူနေရှား၊ အီဂျစ်တို့မှာ facebook တွေကနေ လုပ်တဲ့ ဟာက အင်တာနေရှင်နယ်ရဲ့ ဖိအားကို ဖြစ်စေတယ်။ အဲဒီတော့ …ဒီတာဝန်မယူတာကတော့ စိတ်မကောင်းစရာကောင်းတယ်။

ကိုယ်လုပ်ကိုယ်ခံရမှာပေါ့နော်။ အဲတော့ တာဝန်ယူလိုက်တဲ့အခါကျရင် အားလုံးလည်း ကျေနပ်သွားတယ်။ ဒီလိုအသတ်ခံလိုက်ရတဲ့ မိသားစုတွေက ဒေါက်တာနိုင်အောင်ပဲဖြစ်ဖြစ် မိုးသီးဇွန်ပဲဖြစ်ဖြစ် အဲဒီမှာဖြစ်တဲ့ ကိုသံချောင်းပဲဖြစ်ဖြစ် ရော်နယ်အောင်နိုင်ပဲဖြစ်ဖြစ် သွားပြီး သတ်မလားဆိုရင်တော့ သူတို့ သတ်ချင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ လူ့ရဲ့ တန်ဖိုးပေါ့နော်။ အသက်တချောင်းကတော့ ပြန်ယူလို့မရဘူး၊ ဒါပေမဲ့လို့ အသိအမှတ်ပြုခံရမှုပေါ့။ ကျနော် မှားပါတယ်။ အဲဒီတုန်းကတော့ ကျနော်လုပ်ခဲ့ပါတယ်ဆိုတဲ့ ဟာကို ဒီခေါင်းဆောင်တွေ မပြောသရွေ့ဒီပြဿနာ မပြီးနိုင်ဘူးလို့ ကျနော်ထင်တယ်။

မေး။။ကျမတို့တိုင်းပြည်ရဲ့ခုလိုအသွင်ကူးပြောင်းရေးကာလမှာအဲဒီပြဿနာကို ဖြေရှင်းပြီးမှ နိုင်ငံရေး ရှေ့ဆက်သွားသင့်တယ်လို့ မြင်ပါသလား။ ဒီကိစ္စက ဖြေရှင်းဖို့ အရေးကြီးပါသလား ။ ဘယ်လိုမြင်ပါသလဲရှင့်။


ဖြေ။ ။အစိတ်အပိုင်းတခုအနေနဲ့တော့အရေးကြီးပါတယ်။ ဒါပေမဲ့လို့ ခနပြောသလို ကျနော်တို့ဟာ ဒီကိစ္စတွေကို ကျနော်တို့ လေယဉ်ပျံပေါ်ကနေ မဆင်းခင်မှာကို မြောက်ပိုင်းကိစ္စ တရားစွဲတာတွေ ဘာတွေ ရှိတယ်ပေါ့။ကျနော် ကိုနိုင်အောင့်ကို အားပေးပါတယ်။ အားပေးတယ်ပေါ့ ခင်ဗျားဗျာ ပွင့်ပွင့်လင်းလင်းပြောလိုက်ပါပေါ့။ အဲဒီမှာ ကျနော်တောင် မသိလိုက်ဘူး၊ အဲဒီည ဟိုတယ်မှာ statement တွေ လုပ်နေတော့ သူရှင်းမယ် ထင်လို့။ အဲ..နောက် သူဖတ်ပြတဲ့အခါကျတော့ နိုင်ငံရေး စာစောင်လိုဖြစ်နေတယ်လေ။ ကျနော် ပြောစေချင်တာက အမေးအဖြေပဲ လုပ်စေချင်တယ်။ ဘယ်လိုခေါ်မလဲ ကျနော်တို့ ဒီဘက်ကို ပြည်သူတွေ အထင်သေးလာတာတွေလည်း အများကြီး ကျနော်တို့ ကြုံခဲ့ရတာပေါ့။ သူခိုးက လူဟစ်တယ်ဆိုတဲ့  ကိစ္စမျိုး အရမ်းသတိထားရတယ်၊ အဲလိုမျိုး မြင်သွားမှာကို ကျနော် စိုးရိမ်တယ်။ ကျနော်ဆိုရင် အင်တာဗျူးတောင်မပေးတော့ဘူး၊ ကျနော်လည်း feeling မကောင်းဘူး။ ပြီးတော့ ကျနော်လုပ်နေတဲ့ ငြိမ်းချမ်းရေး  ကိစ္စတွေကိုလည်း မထိစေချင်ဘူး။ရှင်းရှင်းပြောရရင် ပေါ်ပြူလာဖြစ်ဖို့က အရေးမကြီးဘူး၊ ကျနော်ပြောတာတွေ ဂျာနယ်ထဲမှာ မပါတာက အရေးမကြီးဘူး။ ကျနော်ထက် အရေးကြီးတဲ့ ကိစ္စတွေရှိတော့ ကျနော်လည်း ရှောင်ပေးလိုက်တယ်။ ဒါပေမဲ့ သူတို့အနေနဲ့ အချို့ဟာတွေမှာ နိုင်ငံရေးအရ ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေဘက်မှာ အားနည်းတာက အမှန်ကို အမှန်အတိုင်း မပြောရဲတာ၊ အမှားကို မှားတယ်လို့ မပြောရဲတာပါ။

မေး။ အဲဒါကြောင့်မို့ ဒီမိုကရေစီတိုက်ပွဲက ၂၄ နှစ်ကြာတာလားရှင့်။

(ကိုညိုအုန်းမြင့်ကတော့ မျက်နှာတည်သွားပြီး မျက်နှာတည်တည်နဲ့ပဲ ဆက်ဖြေပါတယ်)

ဖြေ။ ဟုတ်ပါတယ်။ ကျနော်ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်  ကျနော် ပြီးခဲ့တဲ့ ဒီနအဖ- တပ်မတော်အစိုးရက လူတွေကို ကျနော် တော်တယ်လို့ မမြင်ပါဘူး။ ကျနော်တို့က သူတို့ထက် ပိုညံ့ပါတယ်။ ကျနော်တို့ရဲ့ ညံ့ဖျင်းမှု၊ ကျနော်တို့ရဲ့ အားနည်းမှု၊ ကျနော်တို့ရဲ့ တခါတလေကျတော့ ဟန်ဆောင်မှုတွေပေါ့လေ။ ကျနော်တို့ လူမျိုးရဲ့ သဘာဝတွေပေါ့လေ။ ကျနော်တို့ ဟန်ဆောင်တယ်။ လူအထင်ကြီးအောင်နေမယ်။ စာလုံးကြီးကြီးတွေ ရေးမယ်ပေါ့။ ကျနော် ဒီဘက်ပိုင်း ၁၀ နှစ်မှာ ထိပ်သီးအစည်းအဝေးတွေ  ထိပ်သီး ထိပ်သီး အစည်းဝေးတွေပေါ့နော်၊ ကျနော် နောက်ပိုင်းမှာ တက်ဖို့ ငြင်းတယ်။ အဖွဲ့အစည်းနဲ့ လုပ်တဲ့အခါမှာ သူတို့ရဲ့ အမှန်တရားကို မကြည့်တာတွေ၊နိုင်ငံရေးဆိုတာ တကယ့်တကယ်တော့ မြေပုံကြည့်ပြီး ခရီးသွားကြတာတွေ ကျနော်တိုရဲ့ ဒီမိုကရေစီ အမှန်တရားဖက်က ရပ်တည်တယ်ဆိုပေမဲ့ လက်ရှိ မြေပေါ်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို ကျနော်တု့ မကြည့်ကြဘူး။ ကျနော်တို့ရဲ့ အဓိက ပြဿနာက သည် ၏ေ၇ွးနေကြတယ်၊ စာလုံးကြီးကြီးတွေ လုပ်တယ်။

ကျနော်တို့လိုချင်တာက အဆင့်တိုင်းမှာ တိုက်မယ်ဆိုရင် ဘယ်လို တိုက်မလဲ။ How …။ကျနော်တို့ ဘယ်လို လုပ်ကြမလဲ။ ဒီ function မပါတဲ့ဟာတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ တော်တော်များများက နစ်မွန်းကြတယ်။ ပြီးတော့ကျနော်တို့က Statement တွေထုတ်ကြတယ်။အခါကြီး ရက်ကြီးတွေမှာ ပွဲလမ်းတွေ လုပ်ကြတယ်။ ကျနော်တို့ မနိုင်ခဲ့ရတဲ့ အကြောင်းအရင်း ကျနော်တို ရှုံးရတဲ့အကြောင်းအရင်းက အဆင့်တိုင်း အဆင့်တိုင်းကို မတိုက်နိုင်ခဲ့တာပါ။ စည်းကမ်းမရှိလို့ ဖြစ်တာပါ။


မေး။။ အကွဲအပြဲတွေ ကိစ္စကရော မြန်မာပြည်ရဲ့ နိုင်ငံရေးသမိုင်းမှာ ဘယ်လောက် ကြံကြာစေခဲ့သလဲရှင့်၊ မြန်မာပြည်သမိုင်းကို ပြန်ကြည့်ရင် ဟိုးအရင်ကတည်း ကွဲခဲ့တဲ့ သမိုင်းတွေနဲ့ ကျမတို့ ငယ်ငယ်ကသင်ခဲ့ရတဲ့ သမိုင်းစာအုပ်မှာတောင် အကွဲဇာတ်လမ်းတွေကို သင်ခဲ့ကြရတော့လေ၊ ကွဲတယ်ဆိုတာ မဆန်းပါဘူးလို့တောင် စိတ်ထဲမှာတွေးထားကြပြီဆိုတော့။ ခုလို ဒီမိုကရေစီရေးကျန့်ကြာနေတာကလည်း ညီညွှတ်မှု မရှိလို့လို့ ပြောလို့ရနိုင်ပါသလားရှင့်။


ဖြေ။ ။ဟုတ်ပါတယ်၊ မှန်ပါတယ်။ ကျနော်တို့ သမိုင်းတွေမှာလည်း ဟို ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် သီပေါမင်း ပါတော်မမူခင်ကတည်းကစပြီး ကွဲခဲ့ကြတယ်။ ကျနော်တို့ရဲ့ သမိုင်းတလျှောက်လုံးမှာ မှန်တာပြောရင် လူမိုက်အုပ်ချုပ်တယ်လို့တောင် ပြောရမယ်။ တကယ့်ကို ထိုင်းနိုင်ငံနဲ့ ယှဉ်ကြည့်ပါ။ ထိုင်းနိုင်ငံမှာလည်း ဒီပြဿနာရှိတယ်။ အာဏာရှိရင်တော့ လုမဲ့သူ ရှိမှာပဲ။ ထိုင်ခုံဆိုတာ ၂ယောက်မရှိဘူးလေ။ ဒါပေမဲ့ ခုနပြောသလို ကျနော်တို့က မိုက်မှ အားရှိမှ တိုင်းပြည်တည်ဆောက်လို့ရမယ်ဆိုတာနဲ့ ကျနော်တို့ရဲ့ လိမ်မာပါးနပ်မှုနဲ့ မျှတနှုနဲ့ ဦးနှောက်ကို လွှာပြီးတော့ သုံးမယ်ဆိုရင် …ခု ကျနော် သမ္မတဦးသိန်းစိန်ကို တော်တော်ကို လေးစားသွားတယ်။ သူ့ရဲ့ ပါးပါးနပ်နပ်နဲ့ တည်တည်ငြိမ်ငြိမ် လုပ်နိုင်တဲ့ ဟာက ဒါကို ဘယ်သူမှ မထင်ကြဘူးပေါ့နော်။ ကျနော်တို့ လူမျိုးပြဿနာက လူမျိုးပြဿနာလို့လည်း ကျနော်ထင်တယ်။ နောက် ကျနော်တို့က ကျနော်တို့ ငယ်ငယ်တုန်းကဆိုရင် အပ်ချုပ်စက်ဆိုရင် ဆင်ဂါးမှ၊ စက်ဘီးဆိုရင် ရက်လ်လေးမှ  လေဒီယိုဆိုရင် ပင်နစောလစ်မှ ဆိုတဲ့ အဲဒီလို အစွဲအလန်းတွေရယ်၊ သီပေါမင်းလက်ထပ် ပါတော်မမူခင်လက်ထက်ကတည်းကမှ နန်းတွင်းမှာ တယောက်နဲ့ တယောက် ငါခိုင်းတာလုပ်မဲ့ သူကို တင်ဖို့အတွက် ကျန်တဲ့ သူ သတ်ပြစ်ရတဲ့ ဘ၀မျိုး ။

၁၉၂၀မှာလည်း ဒီလိုပဲဖြစ်လာတယ်။ ဂျီစီဘီအေမှာလည်း ဒီလိုပဲ ကွဲတယ်။ဗိုလ်ချုပ်တို့ လက်ထပ်မှာလည်း ဒီလိုပဲ ကွဲတယ်၊ ဦးကျော်ငြိမ်းတို့ လက်ထပ်မှာလည်း ဒီလိုပဲ ။ကျနော်တို့ တိုင်းပြည်မှာ ကျနော် စိုးရိမ်တာက လူတော်တွေကို လူမိုက်တွေက မထားချင်ဘူး ဆိုတဲ့ ဟာမျိုး ဖြစ်လာတာကိုပဲ။

မေး။ ။ မြန်မာပြည်မှာ လက်ရှိအနေအထားကိုရော ပြောင်းနေပြီလို့ ပြောင်းနေတဲ့ အရွေ့တခုလို့ မြင်ပါသလား။ဘယ်လိုမြင်ပါသလဲရှင့်။

ဖြေ။ ။ကျနော်တို့ တိုင်းပြည်က အများကြီး မတက်ဖူး။ ကျနော်တို့ တိုင်းပြည်က တိုက်တွေ အမြင့်ကြီးဆောက်ထားပေမဲ့ စိတ်ဓါတ်တွေက မရဘူး။ ဒီစိတ်ဓါတ်က ကျနော်တို့ မှ ပျက်တာ မဟုတ်ဘူး။ ဗိုလ်ချုပ်မှူးကြီး စောမောင်လက်ထပ်မ ပျက်တာ မဟုတ်ဘူး။ ကျနော်တို့ စိတ်ဓါတ်တွေက မဆလ လက်ထပ်ကတည်းက ရှင်းရှင်းပြောရရင် ရေသာခိုချင်တာ။လူလည်လုပ်ချင်တာ အဲလိုမျိုးဖြစ်တဲ့အခါကျတော့ ကျနော်တို့ တိုင်းပြည်မှာ စပြင်ရမှာက အများကြီးပါ။ လူတွေရဲ့ စိတ်ဓါတ်ပါ။ ကြီးနိုင်ငယ်ညှင်းမဖြစ်ဖို့၊ စည်းကမ်းလေး ရှိဖို့။ အဲဒါတွေ ရှိနေရုံနဲ့လည်း ကျနော်တို့ တိုင်းပြည် မတိုးတက်နိုင်သေးဘူး။သမ္မတက ဘယ်လောက်ပဲ ကောင်းအောင်လုပ်ပေးပေး၊ လွှတ်တော်ဥက္ကဋ္ဌက ဘယ်လောက်ပဲ ကောင်းအောင်လုပ်ပေးပေး၊ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုပဲ ကောင်းအောင် လုပ်ပေးလုပ်ပေး။

ကျနော်တို့လူတွေမှာ စည်းကမ်းမရှိရင် မဖြစ်ဘူး၊ကျနော်တွေ့တယ် လမ်းတွေမှာ ကွမ်းတံတွေးတွေ ထွေးကြတယ်။ ကျနော်တို့က ကျွတ်ကျွတ်အိတ်လေး ယူသွားပြီး ကွမ်းတံထွေးကို ဒီအိတ်ထဲ ထွေးပြီး သင့်တော်တဲ့ နေရာမှာ ထည့်ခဲ့ရင်။ ကျနော်တို့ အမေရိကားမှာ ၉ နှစ်နေလာတဲ့အခါမှာ တက္ကသိုလ်က ဘွဲ့ရတာတခုပေါ့ ဒါက ပညာရေးပိုင်းပေါ့ ကျနော် စည်းကမ်းရလာတယ်။ စည်းကမ်းက ဒီလမ်းကို ဒီလို ဖြတ်ရင် ဖမ်းခံရမယ်ဆိုတဲ့ အသိကြောင့် ကျနော်က မီးပွိုင့်မှာ ပလိပ်ပဲ စောင့်နေနေ၊ရဲ ပဲစောင့်စောင့် ကျနော် ဒီနေရာမှာ ရပ်ကို ရပ်ရမှာ။ အဲဒီလိုမျိုး စည်းကမ်းကို ပြင်ဖို့အတွက် အရေးကြီးဆုံးက ပညာရေးလို့ ကျနော်မြင်တယ်။ ကျနော်တို့ တိုင်းပြည်ရဲ့ စနစ်၊ အနာဂတ် ကျနော်တို့ ဘာစ ပြောင်းမလဲ ဘာစလုပ်မလဲ။ ကျနော် ပြန်လာရတဲ့ အကြောင်းရင်းကလည်း တိုင်းပြည်အတွက် ဘာစလုပ်နိုင်မလဲ ဒီအချိန်မှာ ကျနော် ရန်သူလည်း မလုပ်လိုတော့ဘူး၊ ရှင်းရှင်းပြောရရင် ဘယ်နေရာကမှ နိုင်ငံရေးကို မပါချင်တော့ဘူး။ အဲဒီတော့ ပြောရရင် ကျနော်တို့ ပြင်ရမှာတွေက အများကြီးပဲ။

မေး။ ။အကို့အနေနဲ့ မြန်မာပြည်မှာ ပြန်လာနေဖို့ အစီစဉ် ရှိပါသလား၊ဘာတွေ လုပ်ဖို့ အစီစဉ် ရှိပါသလဲ။

စက်တင်ဘာ ၁၈၊ ရန်ကုန်မြို့။

ကိုညိုအုန်းမြင့်ကိုABSDF မြောက်ပိုင်းကိစ္စပေါ်မှာဘယ်လိုမြင်သလဲဆိုတဲ့အမြင်သုံးသပ်ချက်တွေကို
မေးမြန်းပြီးတဲ့နောက်မှာတော့ လက်ရှိ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သုံးသပ်ချက်တွေကိုလည်း မေးမြန်းဖြစ်ခဲ့ပါတယ်။

ကိုညိုအုန်းမြင့်အနေနဲ့ မြန်မာပြည်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တပ်မတော်ကြားမှာ ငြိမ်းချမ်းရေး ရရှိစေရေးအတွက် ဆောင်ရွက်နေကြောင်း။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် မြန်မာပြည်ကို ပြန်လာခြင်းဖြစ်ကြောင်း ပြောပါတယ်။

မေး။ ။အကို့အနေနဲ့ မြန်မာပြည်မှာ ပြန်လာနေဖို့ အစီစဉ် ရှိပါသလား၊ဘာတွေ လုပ်ဖို့ အစီစဉ် ရှိပါသလဲ။

ဖြေ။ ။ဟုတ်ကဲ့ အခုလောလောဆယ်ကတော့ ကျနော် ငြိမ်းချမ်းရေး အကျိုးဆောင်တဲ့ နေရာမှာပေါ့နော်။ ကျနော်က ပွင့်ပွင့်လင်းလင်းပြောရရင် NLD (LA) ဖြစ်နေတယ် ။ ဒီ ၁၀ နှစ်မတိုင်မီက ကျနော်က ကရင်နဲ့ တောစပ်မှာနေခဲ့ဖူးတယ်။ အဲတော့ ကျနော်နဲ့ သူတို့ရဲ့ရင်းနှီးမှုက ၀န်ကြီးဦးအောင်မင်းတို့ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့အတွက် အဆင်ပြေစေတာပေါ့နော်။  ဆိုတော့…ကျနော်ကတော့  ကျနော့်အလုပ်ရှိပြီးသားပဲ။ တိုင်းပြည်မှာ ပြုပြင်ပြောင်းလဲရေး ကာလကိုလည်း ဖြတ်သန်းကြတော့ ငြိမ်းချမ်းရေး မရရှိဘဲနဲ့ တိုးတက်မှုကို ဘယ်လိုမှ  မလုပ်နိုင်ဘူး။
အခု Sanction ကိစ္စကို ကျနော်တို့လိုက်လုပ်နေတယ်။ UMFCCI ဥက္ကဌနဲ့လည်း တွေ့ပြီးတော့ ဒီအခက်အခဲတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးကြတယ်။ ဥပမာ အားဖြင့် အလုပ်သမားတွေ ဆန္ဒပြတဲ့ ကိစ္စတွေပေါ်မှာ အဲဒီတော့ သမဂ္ဂဖွဲ့တာ၊ သမဂ္ဂထောင်တယ်ဆိုတာက ကောင်းတဲ့ ကိစ္စ၊ သမဂ္ဂ ထောင်ပြီးတော့ ဆန္ဒထုတ်ဖော်တာဆိုတာကလည်း သဘောထားကို ပြတဲ့ ကိစ္စ။ ဒါပေမဲ့ သမဂ္ဂနဲ့ အလုပ်ရှင်နဲ့ ညှိုနှိုင်းဖို့ ကိုယ်စားလှယ်လွှတ်ပြီးတော့ အလုပ်သမားတွေရဲ့ အခက်အခဲတွေပေါ့။ ဒီယဉ်ကျေးမှု တခုကို ထည့်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ပြီးတော့ ဒီသမဂ္ဂဆိုတာက တနေ့တုန်းကလည်း UMFCCI နဲ့တွေ့တော့ ခင်ဗျားတို့လုပ်ပါ၊ လုပ်တဲ့အခါကျရင် ခင်ဗျားတို့ ပိုပြီးတော့ အကျိုးရှိနိုင်မယ်ပေါ့။

ကျနော်တို့ကတော့ ဘယ်နေရာမှာပဲ ရပ်ရပ်တိုင်းပြည်ကောင်းရင် တော်ပြီ။ ကျနော့်အတွက်နေနရာလည်း မလိုဘူး၊ PR လည်းမလိုဘူးဝင်လို့ ထွက်လို့ရနေတယ်ဆိုရင် ကျနော်လုံလောက်တယ်လို့ ထင်တယ်။ ကျနော်နဲ့ အခုတွဲပြီး အလုပ်လုပ်ကြတဲ့ ပြည်ထောင်စု ၀န်ကြီး တော်တော်များများက ပြန်လာစေချင်တယ်။ ကျနော်အခု ကိုင်ထားတဲ့ အမေရိကန် ပတ်စ်ပို့ကို လွှင့်ပစ်ပြီးတော့ မြန်မာ ပတ်စ်ပို့ပြန်ယူပါပေါ့။ အမေရိကားကနေ ထိုင်းကို ပြန်ရောက်လာတာက အမေရိကားက ကျနော့်တိုင်းပြည်မဟုတ်ဘူး။ ကျနော် ဘာလိုပဲ နေရနေရ အလုပ်လုပ်တတ်တဲ့အတွက် ၀င်ငွေကောင်းတဲ့အလုပ်နဲ့ကောင်းကောင်းမွန်မွန်နေရပေမဲ့ ကျနော့်တိုင်းပြည်မဟုတ်တဲ့ တိုင်းပြည်တပြည်မှာ ဧည့်နိုင်ငံသားပေါ့နော်။ ကျနော့်တိုင်ပြည်ပေါ့နော် မြန်မာပြည်ဟာ ကျနော်မွေးတယ်၊ ကျနော် ဒီမှာပဲ ကြီးလာရတယ်။ဒီက ပညာသင်ပေးလိုက်ရတယ်။ အစိုးရတွေ ကောင်းခြင်း မကောင်းခြင်းက တပိုင်း ကျနော် သန်း ၆၀ အတွက် လုပ်ပေးတယ်။ ကျနော့်အတွက်ကတော့ ဘာမှ မလိုပါဘူး။

မေး။ အခုလို တိုင်းပြည်က ပြောင်းလာတယ်လို့ အကိုပြောတော့လေ ဘာကြောင့်လို့ အကိုထင်လဲရှင့်။

ဖြေ။ ။ ဘက်ပေါင်းစုံကြောင့်လို့ ကျနော်ထင်တယ်။ ဖိအားတွေကြောင့်လည်း ပါတယ်။ပြီးတော့ အစိုးရအဖွဲ့အနေနဲ့ မရပ်တည်နိုင်တော့ဘူးလို့ ကျနော်ထင်တယ်။ မရပ်တည်နိုင်တော့တဲ့ အခြေအနေကြောင့် ပြောင်းကို ပြောင်းရမဲ့ အနေအထားဖြစ်လာတယ်၊ အဲဒီအတွက်ကြောင့်ဖြစ်သွားတယ်။ နောက်တချက်က ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျနော်ထင်တယ် တကယ်လို့များ ဒီပြုပြင်ပြောင်းလဲရေးက အောင်မြင်သွားတယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို Credit ပေးရမှာပေါ့။ နိုင်ငံတကာ အတွေ့အကြုံတွေနဲ့ ယဉ်တဲ့အခါမှာ ဒီလိုမျိုး ပြောင်းသွားမယ်လို့လည်း ဘယ်သူမှ မထင်ဘူး။ အဲဒါကြောင့် ကျနော်အထင်ကတော့ ဘက်ပေါင်းစုံပြောင်းသင့်တဲ့ အချိန်ရောက်ပြီ။ ဘာကြောင့်ပြောင်းလဲဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်လည်းပါတယ် ပြီးတော့ Players တွေရဲ့ သဘောပေါ့။ သမ္မတရှိမယ်၊ လွှတ်တော်ရှိမယ်၊ ဒေါ်အောင်ဆန်းစုကြည်ရှိမယ်ပေါ့၊ပြီးတော့ ဗိုလ်ချုပ်မင်းအောင်လှိုင် ပေါ့။ ဒီ ၄ ဦးရဲ့ သဘောကို ဖြစ်တယ်လို့ ကျနော် ထင်တယ်။

မေး။ ဟုတ်ကဲ့အကို၊ ခုနအကိုက ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ထည့်ပြောတယ်လေ၊ အဲဒါက နည်းနည်းထူးဆန်းတယ်။ နောက်အကို့ရဲ့ အမြင်လေးပေါ့နော်။ အဲဒါကိုလည်း နည်းနည်းရှင်းအောင် ပြောပေးပါဦးရှင့်။

ဖြေ။။ ကျနော်တို့ တယောက်နဲ့ တယောက်မြန်မာမှာက မြန်မာနိုင်ငံရဲ့ ပြသနာက အင်္ဂလိပ်လိုပြောရရင်တော့ Disconnect ပေါ့။ ဆက်စပ်မှုတွေ လွဲနေတယ်နေရာတိုင်းမှာ ကျနော် မနေ့ကလည်း ဘဘဦးဝင်းတင်နဲ့ စကားပြောတဲ့အခါကျတော့တခုဗျ systematic မဖြစ်ဘူး။ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသန်းရွှေနဲ့လည်း လွဲနေကြတယ်ဗျ။ ကျနော်ရဲ့ စဉ်းစားချက်က ဒီလိုပါ ဒါတွေအကုန်လုံးကို ဦးသန်းရွှေက ချပေးတယ်ပဲ ပြောပြော။ သမ္မတက ဒီနေရာမှာနေ၊ လွှတ်တော်ဥက္ကဋ္ဌက ဘယ်မှာ ချပေးခဲ့တယ်ပေါ့ဗျ၊ ဒါပေမဲ့ သူ့စေတနာက ကျနော် သူ့ကို မုန်းလို့ မဟုတ်ဘူး၊ ချစ်လို့ မဟုတ်ဘူး။ ကျနော် သူ့ကို ရိုးရိုးလေး တွေးကြည့်တာပါ။ ဒီအသွင်ကူးပြောင်းရေးကာလမှာ အာဏာကို ပြန်ပြီးတော့ ပေးခဲ့တဲ့ နေရာမှာ လုပ်ပိုင်ခွင့်တွေ ပေးခဲ့တာပေါ့နော်။ ကျနော်တို့ ထင်တောင်မထင်ဘူး။ ဒါအိမ်မက်တခုပဲပေါ့။

ကျနော်တို့ဘက်မှာတော့ အရမ်းစွပ်စွဲကြတယ်ပေါ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီးနဲ့၊ ၂၀၁၀ ရွေးကောက်ပွဲကြီးနဲ့ လွှတ်တော်ကြီးကလည်း အာဏာရှင်တွေက ဟိုဘက်ကနေပြောင်း ဗိုလ်ချုပ်တွေရဲ့ လွှတ်တော်၊ ဗိုလ်ချုပ်နောက်ခံ လွှတ်တော်ပေါ့ ဒါတွေ မနှစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်နဲ့ တွေ့ပြီးတဲ့အချိန်မှာ ပြောလိုက်တယ်။ အတိုက်အခံအားလုံးက ဒါမဟုတ်ဘူး။ မကောင်းဘူးပေါ့။ ကျနော်က ကျနော့်ကိုယ် ကျနော် နိုင်ငံရေးသမားလို့ မယူဆဘူး၊ ကျနော်က နိုင်ငံရေးထဲမှာ ပါဝင်ပတ်သက်သောသူပါ။ ကျနော် ရိုးရိုးသားသားပဲ နေချင်တယ် အမှန်ကို အမှန်အတိုင်း ပြောချင်တယ်။ ဦးသန်းရွှေ သူ့ဟာသူ ရှေ့ဘက်က ဘယ်လိုပဲ လုပ်ထားလုပ်ထား ဒီအသွင်ကူးပြောင်းရေး ကာလမှာတော့ သူဟာ အဓိက ဇာတ်ကောင်လို့ ကျနော် ထင်တယ်။တကယ်လို့များ အသွင်ကူးပြောင်းရေးကာလမှာနောက်ပိုင်း တိုင်းပြည်ကောင်းသွားပြီ ဆိုရင် ကျနော် ထင်တယ် ဒါ ဦးသန်းရွှေလည်း Credit ရသင့်တယ်။

မေး။ ။ဟုတ်ကဲ့ပါအကို၊ ကျမ ထပ်မေးပါရစေ တကယ်လို့များ ဦးသန်းရွှေရဲ့ အစီအစဉ်ပေါ့နော်၊ ဦးသိန်းစိန်ကိုလည်း ဦးသန်းရွှေက ရွေးပေးခဲ့တယ်ပေါ့လေ၊ တကယ်လို့များ ဦးသိန်းစိန်ရဲ့ နေရာမှာ တခြားတဦးဦးများဖြစ်ခဲ့ရင်ရော မြန်မာပြည်ရဲ့အပြောင်းအလဲက ဘယ်လိုဖြစ်နိုင်ပါသလဲ။

ဖြေ။ ။အဓိကက…ကျနော် …ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်နဲ့ ကျနော် ခင်ပါတယ်။ မိတ်ဆွေပေါ့ ကျနော် အဘီဆစ်ဝန်ကြီးချုပ်ဖြစ်လာတဲ့အခါမှာ တိုင်းပြည်အတွက် အနာဂတ်ကောင်းတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တိုင်းပြည်မှာ ခေါင်မလုံရင် ထိပ်ဆုံးမှာ ခေါင်မလုံရင် ပြဿနာရှိတယ်။ သူ့ရဲ့ ရိုးသားမှု၊ သူ့ရဲ့ အာကတိကင်းမှု ဒီဟာကို ဦးသန်းရွှေ စဉ်းစားတယ်လို့ ကျနော်ထင်တယ်။ တိုင်းပြည်က ချစားနေတယ်။ နေရာတကာမှာ အကျင့်ပျက်လာဘ်စားမှုတွေ မတရားမှုတွေနဲ့။ ပြောင်းပြီ ဆိုရင် ပြောင်းနိုင်တဲ့သူကို ထိပ်ဆုံးမှာ ခေါင်ပေါ့နော် လုပ်ခဲ့တယ်လို့ ကျနော် ထင်တယ်။ တခြားသူ တယောက်ဆိုရင် ဖင်ပြန်ခေါင်းပြန် နိုင်တယ် စီးပွားရေးအရ၊ ကျနော် ခုနပြောသလိုပဲ ဒေါ်မေသင်္ကြန်ဟိန် မေးသလိုပဲ ဘာတွေပြင်သင့်သလဲ ဆိုရင် စိတ်ဓါတ်တွေပဲ။ ဒီစိတ်ဓါတ်တွေ သံချေးတက်နေတဲ့ ဟာတွေ ကို တိုက်ရ ချွတ်ရနဲ့ ဆိုတော့ ကြာတော့ ကြာမှာပေါ့နော်။ ဒါကြောင့် ကျနော်တို့ အားကိုးတာ မီဒီယာပဲ။ လူထု ဆက်သွယ်ရေးမှာ အမြန်ဆုံးပဲ လူတွေကို နားလည်မှု အရှိဆုံးပဲ။  တင်ပြလို့ရပါတယ်။ ကျနော်တို့ ခဏခဏ ခံရတယ်။ ခံရတယ်ဆိုတာက အင်တာဗျူးတွေ ဖြေတဲ့အခါကျရင် သုံးမှာက ၃ မိနစ်လောက်စာပဲ။ ကျနော်တို့လျှောက်ပြောနေရင် ဒုက္ခရောက်ကုန်ရော၊ အဲဒီတော့ မီဒီယာတင်ပြမှုက သိပ်အရေးကြီးတယ်။

မီဒီယာသည် ပွင့်ပွင့်လင်းလင်း ပြောရရင် သမ္မတယောက်လိုပဲ တာဝန်ရှိတယ်။ အာဏာတော့ မရှိဘူးပေါ့နော်။
အာဏာမရှိပေမဲ့ တာဝန်ရှိတယ်။ တိုင်းပြည်ကို ထိန်းကျောင်းသွားနိုင်တာ မီဒီယာပဲ။ ခုဏပြောသလိုပဲ နောက်လူတယောက်ဆိုရင် တိုင်းပြည်ဟာ ခုလောက် ငြိမ်ငြိမ်သက်သက်ပြောင်းနိုင်ပါ့မလား။

မေး။ကျမတို့တိုင်းပြည်မှာ ဒီမိုကရေစီလို့ ပြောရင် ဒေါ်အောင်ဆန်းစုကြည်ဟာ စံပဲပေါ့လေ၊ တခြားနှိုင်းယဉ်စရာခေါင်းဆောင်လည်း ပြည်သူ့အတွက် မရှိကြပါဘူး၊ နောက်တချက်က ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ ဆန်တယ်ဆိုတာကိုလည်း လက်တွေ့မှာရော အားလုံးက  လက်ခံကြတယ်ပေါ့လေ၊ဒါပေမဲ့ နိုင်ငံရေးအင်အားစုတွေတော်တော်များများမှာတော့ ရန်သူငါ ခွဲတဲ့ စိတ်ဓါတ်တွေကို တွေ့ရတယ်။
ကိုယ့်နဲ့ အမြင်မတူရင် တိုက်ပစ်လိုက်၊သူတို့ကို ဖြုတ်ပစ်လိုက် ဆိုတာမျိုး၊ ဒါကတော့ ငါ့လူ ဒါကတော့ ငါ့ရန်သူဆိုတာမျိုးခွဲခြားတာတွေ ပြီးတော့ အပြစ်ကို သူများကို ပုံချတာတွေက ကျမတို့ တိုင်းပြည်ရဲ့ အသွင်ကူးပြောင်းရေးကာလအတွက် နှောင့်နှေးမှုကို ဖြစ်စေသလား၊ အဲဒီ စိတ်ဓါတ်ကိုရော ပြောင်းဖို့ လိုအပ်ပါသလား။ တိုင်းပြည်အတွက် အဲဒီစိတ်ဓါတ်တွေက ဘယ်လို သက်ရောက်မှုတွေ ဖြစ်စေပါသလား နိုင်ငံရေးနဲ့ ပါဝင်ပတ်သက်သူအနေနဲ့ အကို့ရဲ့ သဘောထားအမြင်ကိုသိချင်ပါတယ်။

ဖြေ။ ။ ကျနော်တို့ …ဟို ..NLD ထဲမှာလည်း ဒီပြဿနာရှိပါတယ်။ ကျနော်တို့ရဲ့ အဖွဲ့အစည်းတိုင်းမှာ ဒီပြဿနာရှိကြတယ် ဒါက  ပြောရရင်တော့ ဘယ်လိုပြောရမလဲ၊ မွန်းကျပ်မှုတွေကနေ စပြီးတော့ ကူးစက်တာလို့ ကျနော် မြင်တယ်။ ကျနော်တို့ တိုင်းပြည်က ပြာပုံဘ၀ကနေ ပြန်တက်ရမှာ။ ပြာပုံဘ၀ကနေ ပြန်တက်ရမဲ့ အနေအထားမှာစိတ်ဓါတ်တွေရော ကျနော်တို့မှာ တခုပဲ ရှိတယ်၊ ကျနော်တို့ရင်ထဲမှာ ခွင့်လွှတ်နိုင်တယ်။နောက် လူတဖက်သားရဲ့ အခက်အခဲကို ၀င်ပြီးတော့ ကိုယ်ချင်းစာပေးချင်တဲ့ စိတ် ကျနော်တို့မှာနည်းပါးတဲ့ ဟာကို ကျနော်တို့စပြီးမြင်ရတယ်။ ကျနော်တို့ နှစ်ပိုင်းရှိပါတယ် တပိုင်းက ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီလိုပဲဖြစ်နေလိမ့်မယ်လို့ ကျနော် ယုံကြည်တယ်။ သူ့အနေနဲ့လည်း ကျနော် စပြီးသိတဲ့ ၈၈ နဲ့ ဒီနေ့တော့ တူချင်မှလည်း တူမှာပေါ့။ အဲဒီတုန်းက ဘာလဲဆိုတော့ သူလုပ်ချင်တာက လူတွေရဲ့ မော်ဒယ်လ်ကို သူပြောင်းချင်တာ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် သူ မလုပ်ခဲ့နိုင်ဘူး။ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယက မဟာတ္တမဂန္ဒီလို လူတွေရဲ့ အနာဂတ်ကို သွားဖို့ ပြင်ဆင်ရတဲ့ ကာလမှာ သူ့အနေနဲ့ ဒီပေါ်မှာ စွန့်လွတ်ပြီးတော့ လုပ်ပေးခဲ့နိုင်မယ်လို့ ကျနော် ထင်ပါတယ်။ဒါလည်း သူလုပ်နေတယ်ပေါ့နော်။ တဖက်မှာလည်း သမ္မတကြီး ဦးသိန်းစိန်ဖြစ်လာခဲ့တာကလည်း တခုကောင်းပါတယ်။ ဦးသိန်းစိန်ရဲ့ ခွင့်လွှတ်ပေးတတ်တယ်၊နားလည်ပေးတတ်တာတွေကလည်း တော်ရုံတန်ရုံပြဿနာတွေကို ဖြေရှင်းနိုင်တယ်။ လူတိုင်းလူတိုင်းက သူများရဲ့ ဖိနပ်ထဲကို စီးကြည့်ဒါမှ သူ ဘယ်လိုခံစားရသလဲ ဆိုတာကိုသိမှာပေါ့။

အဲတော့ ကျနော်တို့ တကယ်ပဲ ဒီမိုကရေစီကို ပြောင်းချင်တယ်ဆိုလို့ရှိရင် နိုင်ငံရေးခေါင်းဆောင်တွေ ဦးဆောင်နေတဲ့ သူတွေရဲ့ လုပ်နိုင်တဲ့ ရိုးသားမှုဟာ အင်မတန်အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။  ရိုသားမှု မရှိတဲ့အခါကျတော့ ငါနဲ့ တူရင် ငါ့လူ ၊ ငါနဲ့ မတူရင်တော့ ငါ့ရန်သူပေါ့နော်။ ကျနော်တို့ ဒါတွေဟာ အများကြီး ဖြတ်ခဲ့ရပြီးပြီ။ လူတွေက အပြစ်တင်တာပဲ ရှိတယ်၊ ကိုယ်ညံ့တယ်ဆိုတာ တယောက်မှ မပြောဘူး။ သူများ အပြစ်တွေချည်းပဲ လွဲချနေတယ်။ စီးပွားရေး ပိတ်ဆို့မှုဆိုတာက နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်။ ကျနော်တို့ ဘာဖြစ်လို့ ဒီစီးပွားရေးပိတ်ဆို့ခြင်းကို ပြုတ်အောင် ဥပမာဖြင့် ကိုပြည်သစ်ညွှန့်ဝေ၊ ဦးမောင်မောင် တို့ကို ဒီကို မရမကခေါ်လာပြီးတော့ လုပ်ရသလဲ ဆိုရင် ကျနော်တို့ရဲ့ အဓိကက ဘာလဲဆိုတော့ ခင်ဗျား ချည်ထားခဲ့တဲ့ ကြိုး ခင်ဗျားဟာ ခင်ဗျားပြန်ဖြုတ်ပေါ့ ကျနော်တို့လည်း မဖြုတ်တတ်ဘူး။ ဆိုတော့ ကျနော် ထင်တယ်…ဆင်းရဲတွင်းက လွတ်ဖို့ပေါ့ ဒီလို လူမျိုးတွေ အကောင်းမြင်ဝါဒီဖြစ်ဖို့ အရေးကြီးတယ်လို့မြင်ပါတယ်။အဆိုးမြင် ၀ါဒီတွေကတော့ ဟာ ဒီလမ်းက မကောင်းဘူးပျက်နေတယ်။ အိုကေ ဒီလမ်းပျက်ရင် မင်းပြင်လိုက်လေ။ ဒီပေါ်မှာလက်ညှိုးထိုးပြီး အပြစ်တင်တာ ဘယ်မှ မရောက်ဘူး။ လူတိုင်းက အပြစ်မကင်းဘူးလေ။ ဘယ်သူမှ ဘုရားလည်းမဟုတ်ကြဘူး။သာမန်လူတွေပဲ ကျနော်လည်း အပြစ်လုပ်မှာပဲ ကျနော်လည်း မှားမှာပဲ။အဲဒါတွေပေါ်မှာ အတတ်နိုင်ဆုံး နားလည်ပေးနိုင်ရမှာ။ ကျနော်ထင်ပါတယ် သမ္မတကြီး၊ ဦးရွှေမန်း၊ဦးမင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဒီလေးယောက်ကတော့ တိုင်းပြည်ကို တကယ် ကယ်ပေးချင်တယ်။ ဦးသန်းရွှေကတော့ မျိုးစေ့ချပေးခဲ့တာပေါ့နော်။အဲတော့ တကယ်ကယ်ချင်တယ်ဆိုရင် ဒီနေရာတွေမှာလည်း ရန်ငါ စည်း မထားသင့်တော့ဘူး ထင်တယ်။ဒီအချိန်က တိုင်းပြည် နောက်ပြန်မရွေ့ဖို့ အားလုံးမှာတာဝန်ရှိတယ်လို့ ကျနော် ထင်ပါတယ်။

မေး။ အကိုတို့လို ပြည်ပမှာ နေထိုင်တဲ့ ဒီမိုကရေစီအင်အားစုတွေအနေနဲ့ရော မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေးကာလအတွက် ဘယ်လိုတာဝန်ရှိတယ်လို့ မြင်ပါသလဲရှင့်။

ဖြေ။။ကျနော်ကတော့ဒီပြန်လာရမှာပဲလေကျနော့်အလုပ်ကလည်းပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးပေါ့နော်။
ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီမှာ ၀ိုင်းလုပ်ပေးနေတဲ့ အခါကျတော့ကျနော်တို့ကတော့ ဟိုဘက် ဒီဘက် သွားနေရမှာပေါ့နော်။

မေး။။အခုလို ငြိမ်းချမ်းရေးဖော်ဆောင်ပေးနေတာက အရင်ကတည်း ဦးအောင်မင်းတို့အဖွဲ့ကလည်း လုပ်နေတော့လေ၊ အခုဆိုရင် အကိုတို့လည်း လုပ်ဆောင်လာတဲ့အတွက် အောင်မြင်လာနိုင်တယ်လို့ ထင်ပါသလား။နောက်တခုက ဒီလို ငြိမ်းချမ်းရေးလက်မှတ်ထိုးလိုက်ရုံနဲ့ရော တကယ်ပဲ ငြိမ်းချမ်းသွားနိုင်ပါသလား။
ကိုညိုအုန်းမြင့်နဲ့ ကျမ တွေ့ဆုံမေးမြန်းချိန် ၃ နာရီကျော်ကြာခဲ့တဲ့အတွက် အသံဖမ်းခဲ့တာတွေကို တရက်တည်းနဲ့လည်းအပြီး အသံဖိုင်တွေ ဖြည်ဖို့ မလွယ်သလို၊ ခုလို အပိုင်းပိုင်းဖြတ်ပြီး ဖြည်တာတောင်မှ တော်တော်ကြာအောင်ဖြည်ရပါတယ်။

အပိုင်းလိုက် ဖော်ပြပေးရာမှာလည်း တရက် နှစ်ရက်နဲ့ အပြီး မဖော်ပြနိုင်ခဲ့ခြင်းကို နားလည်ပေးစေလိုပါတယ်။

တဆက်တည်းမှာပဲ (ကိုညိုအုန်းမြင့်အင်တာဗျူးပြီးရင်တော့ မြောက်ပိုင်း ABSDF ကျောင်းသားရဲဘော်ဟောင်း၊ သေဒဏ်ပေးခြင်း ခံခဲ့ရသူ ကိုဘိုဘိုရဲ့ မြောက်ပိုင်းခရီးစဉ်အတွေ့အကြုံတွေရဲ့ အင်တာဗျူးဆောင်းပါးကို စတင်ဖော်ပြပေးသွားပါမယ်- စက်တင်ဘာလ ၁၈ ရက်နေ့ အမီစတင်ဖော်ပြပေးဖို့စိတ်ကူးထားခဲ့ပေမဲ့ ဒီကြားထဲမှာ အကြောင်းကြောင်းကြောင့် နောက်ကျသွားခဲ့ရပါတယ်)

လက်ရှိ မြန်မာပြည်မှာတော့ ကချင်လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ တပ်မတော် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေကြတာ ခုဆိုရင် ၁၅ လပြည့်ပြီးခဲ့ပါပြီ။ ၂၀၁၁ ခုနှစ်၊ ဇွန်လမှာ စပြီးဖြစ်ပွားခဲ့ကြတယ်၊ အဲဒီတိုက်ပွဲတွေကို ရပ်တန့်ဖို့ သမ္မတကိုယ်တိုင်အမိန့်ပေးခဲ့ပေမဲ့လည်း ခုချိန်ထိ ရပ်တန့်ခြင်းမရှိတဲ့အပြင် တိုက်ပွဲတွေပိုပြင်းထန်လာပြီး ကချင်ဒုက္ခသည် ပြည်သူတွေလည်း ၁ သိန်းကျော်အထိ တက်လာကြောင်း သတင်းတွေ ကြားရ၊ ဖတ်ကြရပါတယ်။

ဒီလို အနေအထားတခုမှာ ကိုညိုအုန်းမြင့်တို့လို ပြည်ပက ဒီမိုကရေစီအင်အားစုတွေအနေနဲ့ ပြည်တွင်းမှာ စစ်ဖြစ်နေတဲ့ ကချင်လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ တပ်မတော် တိုက်ပွဲတွေကို ရပ်တန့်အောင် အပစ်အခတ်ရပ်ဆိုင်းအောင် ငြိမ်းချမ်းရေး ရရှိအောင် ပြည်တွင်းကိုဝင်ရောက်ပြီး ကြိုးပမ်းမယ်ဆိုတာ ၀မ်းသာစရာပါပဲ။

ဒါပေမဲ့ တကယ်ပဲ ပြည်ပက ဒီမိုကရေစီအင်အားစုတွေအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် တကယ်ပဲ ဆောင်ရွက်နိုင်ခြင်း ရှိမရှိဆိုတာကလည်း  စိတ်ဝင်စားစရာဖြစ်လာပါတယ်။

မေး။။အခုလို ငြိမ်းချမ်းရေးဖော်ဆောင်ပေးနေတာက အရင်ကတည်း ဦးအောင်မင်းတို့အဖွဲ့ကလည်း လုပ်နေတော့လေ၊ အခုဆိုရင် အကိုတို့လည်း လုပ်ဆောင်လာတဲ့အတွက် အောင်မြင်လာနိုင်တယ်လို့ ထင်ပါသလား။နောက်တခုက ဒီလို ငြိမ်းချမ်းရေးလက်မှတ်ထိုးလိုက်ရုံနဲ့ရော တကယ်ပဲ ငြိမ်းချမ်းသွားနိုင်သလား။

ဖြေ။ ။ဦးအောင်မင်းနဲ့ ကျနော်နဲ့စပြီး အလုပ်လုပ်တဲ့နေရာကိုပြန်သွားပါမယ် ကျနော် သူ့ကို မေးပါတယ်။ကျနော်သူ့ကို အကူအညီပေးခဲ့တာမှာ ဆိုတော့ ကျနော် သူ့ကို မေးပါတယ်။ ဗိုလ်ချုပ် ခင်ညွှန့်လက်ထပ်မှာ လုပ်ခဲ့တာမှာ ခွင့်မပြုခဲ့ဘူး။ တခုရှိတာက gape တခု ရှိခဲ့တယ်ပေါ့နော်။
အပစ်အခတ်ရပ်ဆဲရေးအတွက် ကျောက်တွင်းပေးတာ။ ရွှေတွင်းပေးတာအခွင့်အရေးတွေပေးတာပေါ့နော်။ အခုကျတော့ ကျနော်တို့ ၀ိုင်းလုပ်ပေးတဲ့ နေရာမှာ Political Dialogue တခုဖြစ်အောင်ပေါ့၊ အောင်မြင်တာ မအောင်မြင်တာက ကျနော်တို့ တိုင်းပြည်ရဲ့ ကံကြမ္မာပေါ့နော်။ ကျနော်တို့ တိုင်းပြည်မှာ လက်နက်ကိုင်နေရတဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ ခံစားချက်ကို ကျနော် နားလည်တယ်။ ကျနော်တို့ ဆိုရင် အခု ကျနော် ခုချိန်ထိ Black list စာရင်းကနေ မလွတ်သေးဘူး။ အတိုက်ခံတယောက် ကို ဘာကြောင့် ဦးအောင်မင်းကလည်း လုပ်ကြပါလို့ ပြောသလဲ ဆိုတာ ပြည်ထောင်စု စစ်စစ်အားလုံးကျေနပ်တဲ့ ဟာ ဖြစ်စေချင်တာ။ အပြန်အလှန်ယုံကြည်မှု trust ပေါ့ နော်တ ယောက်နဲ့ တယောက် နားလည်ပါတယ်။ တယောက်နဲ့ တယောက် ယုံကြည်ပါတယ် ဆိုရင် ဖြစ်နိုင်ပါတယ်။ အဲဒီလိုဖြစ်နိုင်တဲ့ အချိန်မှာ ကျနော်တို့ဘက်က ရှေးရိုးစွဲက တဖက်စောင်းနင်းပါပဲ။
ယုံကြည်မှုတွေ နည်းသွားတယ်၊ လက်နက်နဲ့ ဖြေရှင်းတယ်၊ တယောက်နဲ့ တယောက်သတ်မှပေါ့။ မွန်ပြည်သစ်နဲ့ ကျနော်တွေ့တုန်းကလည်းပြောတယ်၊ ကျနော့် မွေးနေ့မှာ ငှက်ကလေး ကြက်ကလေးကိုတောင် ကျနော်လွှတ်နေတာ ခင်ဗျားတို့ တယောက်နဲ့ တယောက်မသတ်တော့ဘူးဆိုရင် ကျနော် ကုသိုလ်ရတယ်။ ကျန်တာ ကျနော့်မှာ ဘာစီးပွားရေးမှ မရှိဘူး။ စီးပွားရေးလည်း မလုပ်တတ်ဘူး။ ဟို ပါမစ်လည်း ထုတ်ရောင်းစားမဲ့ ကောင်လည်း မဟုတ်ဘူး။ ကျနော့်ဘ၀ရဲ့ သမိုင်းမှာ ကျနော် အဲဒါလေးကို လုပ်ပေးခြင်းအားဖြင့် ကုသိုလ် ကျနော် လိုချင်တယ်။ နောက်တခုက ဒီလူတွေကို မှန်မှန်ကန်ကန်ဖြစ်စေချင်တယ်။အစိုးရက လိမ်တဲ့ ဟာမျိုး၊ အစိုးရကနေပြီးတော့မှ အစိုးရကနေပြီးတော့မှ နိုင်ငံရေးကစားလို့ရတဲ့ ဟာမျိုး လူတွေအမျိုးမျိုးစွပ်စွဲကြတာ ကျနော်တို့တိုင်းပြည်မှာ ပြည်သူတွေက ကောလဟာလနဲ့ တသက်လုံး နေကြတယ်။

ကိုညိုအုန်းမြင့်က အဲလိုပြောရင်း တအောင့်နားပါတယ်။ပြီးမှ ဆက်ပြောပါတယ်။

ဒီနေ့ ပွင့်လင်းတဲ့ မီဒီယာတွေ ဖြစ်လာတယ်၊ မီဒီယာ လွတ်လပ်ခွင့်တွေ ရလာပြီဆိုတော့ လူထုအနေနဲ့ အမှန်တွေ သိလာရမယ်၊ ဆိုတော့ ခုနပြောခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ၀ိုင်းကူညီပါတယ်။ ဒါပေမဲ့ သူတို့မှာယုံကြည်မှု တည်ဆောက်လို့မရနိုင်သေးဘူး။ နာကျည်းချက်တွေ သိပ်များတယ်ဆိုတော့ ဒီနေ့ ဒူးပြဲတဲ့အနာတော့ ညနေတွင်း အကောင်းပြန်မဖြစ်နိုင်ဘူး။ ဒါပေမဲ့ အချိန်နဲ့ ပြန်ကုစားရမယ်။
ဗိုလ်ချုပ် ခင်ညွှန့်လက်ထပ်က လုပ်သွားခဲ့တာ ကျနော်တွေ့ပါတယ်၊ အဲဒီတုန်းက ၀ိုင်းလုပ်ပေးခဲ့တဲ့ ဗိုလ်မှူးချုပ်တယောက်နဲ့ ရင်းနှီးပါတယ်။ ကျနော်ပြောတယ် ခင်ဗျားတို့ လုပ်ခဲ့တာ ဆေး မမှန်ဘူး။ စေတနာမှန်ပေမဲ့ ဆေးမမှန်ဘူး။ ဒီနေ့ဟာ သမ္မတကို ကျနော် ယုံကြည်တယ်။ သမ္မတက ဘာကြောင့် ငြိမ်းချမ်းရေးကိစ္စတွေ လုပ်ချင်တာလဲ ဆိုတာကို ကျနော် မေးတယ်။ ကျနော် လက်ခံတယ် ယုံကြည်တယ် အဲဒါကြောင့် ကျနော် လုပ်ပေးတယ်။ အဲလို လုပ်ပေးဖို့အတွက်ကျနော့်ရဲ့ NLD(LA) ကနေ ကျနော် ထွက်ပေးရတယ်။

မေး။ သမ္မတကြီးနဲ့ တွေ့ပြီးတော့ ယုံတယ်လို့ ပြောသံကြားရတယ်၊ အကိုတို့လို ပြည်ပက အင်အားစုတွေကရောပြီးတော့ အမြဲအတိုက်အခံလုပ်ခဲ့တဲ့ သူတွေကရော သမ္မတအပေါ်မှာ ယုံကြည်မှု ရှိတယ်၊ လက်ခံတယ်ဆိုတဲ့ အသံတွေ ကျမတို့ ကြားရတယ်ဆိုတော့ ၀မ်းလည်း ၀မ်းသာပါတယ်။ အကိုတို့ကလည်းအမြဲအတိုက်အခံလုပ်ခဲ့တဲ့ သူတွေဆိုတော့လေ။ဒါပေမဲ့ ကျမတို့မှာတော့ အမြဲတမ်း စောင့်ကြည့်ရမယ်ဆိုတဲ့စိတ်က ရှိနေတော့ အကိုတို့ခုလို ပြောတဲ့အပေါ်မှာလည်း နည်းနည်းတော့ထူးဆန်းနေသလို ခံစားရတယ်ရှင့်။အကိုတို့အနေနဲ့ သမ္မတအပေါ်မှာလက်ခံတယ် ယုံကြည်တယ်လို့ ဘာကြောင့်ပြောတာပါလဲရှင့်။

ဖြေ။ ။ကျနော်တို့ထက် စာရင် မမေသင်္ကြန်ဟိန်တို့နဲ့ သန်း ၆၀ သော ပြည်သူတွေ အလိမ်ခံရမှာပဲလေ၊ ဆိုတော့ ကာ ကျနော်သည် ဟို ဘယ်လိုပြောရမလဲ အရှေ့ဒီမောလ်းပေါ့နော်၊ အဲဒီက သမ္မတနဲ့လည်း ကျနော် တွေ့ဖူးတယ်။ဒီလွတ်လပ်ရေးကို ကြိုးပမ်းခဲ့ကြတဲ့ မီဒီယာ သမားတွေနဲ့လည်း ကျနော်တို့က ခင်ပါတယ်။ အဲဒီထဲက တယောက်က ၃ နှစ်လောက်ကြာတော့ ချင်းမိုင်မြို့ကို သင်တန်းလေးတခုနဲ့ ရောက်လာတယ်။ကျနော်က မေးကြည့်တယ်။ ဧရာဝတီက ကိုအောင်ဇော်လည်း ရှိတယ်။ ခင်ဗျားတို့ တိုင်းပြည်မှာ သမ္မတကို ဆန္ဒပြတာတွေ ဘာတွေနဲ့ လူထု အုံကြွမှုကလည်း ရှိနေတော့ ဒါတွေကို ခင်ဗျားတို့က မရေးကြဘူးလားပေါ့ ကျနော်က အဲလို မေးတယ်။ သူက ဘာပြောလဲဆိုတော့ ကျနော်တို့ရဲ့ သမ္မတက ခုမှ ၃ နှစ်သားပဲ ရှိသေးတယ်တဲ့။ အင်မတန် တန်ဖိုးရှိတဲ့ စကားပါ၊ ဒါက အသွင်ကူးပြောင်းရေးကာလမှာ သူမှားရင်လည်း စေတနာအမှားပဲ ဖြစ်မှာပါ။ အဲတော့ ဦးသိန်းစိန်က ခုမှ သူက ၁နှစ်သား ကျော်ကျော်လေး ရှိသေးတယ်။ အဲဒါလေးကို သူက မြန်မြန်မလျှောက်နိုင်လို့ ခင်ဗျားမှာတာဝန်ရှိတယ်လို့ ပြောရင် ပြောတဲ့ သူက ဆိုးတာပဲ။ တနှစ် သားကလေးကို ကွန်ပြူတာမရိုက်တတ်ဘူးလို့ ပြောရမလား။ အရှေ့ဒီမောလ်မှာက သူတို့ရဲ့ နားလည်ပေးနိုင်မှုပေါ့။ ကျနော်တို့ တိုင်းပြည်မှာက လူတွေအပေါ်မှာ နားလည်မပေးနိုင်ဘူး။ မုဒိတာပေါ့ဗျာ။ နည်းတယ်။ ပြီးရင် ကြီးနိုင်ငယ်ညှင်းကလည်း ရှိတယ်။အဲဒီတော့ အခု ဦးအောင်မင်းတို့၊ ဦးစိုးသိမ်းတို့ ဦးခင်ရီတို့ဆီကနေ ပြန်ကြားရတော့ သူ့ရဲ့အခက်အခဲတွေကိုသနားတောင် သနားလာမိတယ်ပေါ့နော်။

အားလုံးကလည်း ၀ိုင်းပြီး ပြောင်းချင်ကြတယ်။ သူလည်း လုပ်တဲ့ နေရာတွေမှာ သတိထားပြီးတော့ လုပ်ရတဲ့ အပိုင်းတွေလည်း ရှိတယ်။ ဒါပေမဲ့ သူ တနှစ်ခွဲသားလေးမှာ လမ်းလျှောက်နေရတဲ့ ဟာလေးကို ၀ိုင်းပြီးတော့ ဖေးဖေးမမ လုပ်ပေးရင် ပိုပြီး ခရီးတွင်မှာပေါ့ကျနော်ကတော့ အဲဒီသဘောလောက်ပဲ ရှိပါတယ်။

မေး။ ။အကို့အနေနဲ့ရှေ့လာမဲ့ မြန်မာပြည်အရေးမှာဆက်လျက်ပါဝင်မယ်ဆိုရင် နိုင်ငံရေးထဲကို ထဲထဲဝင်ဝင်မလုပ်ရင် ဥပမာ နိုင်ငံရေးပါတီတခုခုမှာ ၀င်မလုပ်ဘဲနဲ့ ရော တကယ်ပဲ နိုင်ငံရေးထဲမှာ ပါဝင်ပတ်သက်ပြီး လုပ်နိုင်လိမ့်မယ်လို့ အကိုထင်ပါသလား။ ပြီးတော့ ကျမအရင်တုန်းက ကြားကြားနေတာကတော့ NLD(LA)အနေနဲ့ရော ပြည်ပက ဒီမိုကရေစီအင်အားစုတွေအနေနဲ့ရော ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းရံမယ်ဆိုတာမျိုးတွေကို နှစ်ပေါင်းများစွာ ကြားခဲ့ရတော့လေ၊ အခု ဘာကြောင့် အဲလိုမျိုး အပြောင်းအလဲ ဖြစ်သွားရတာလဲရှင့်။ ဘာကြောင့် ဒီလိုဖြစ်သွားရတာလဲရှင့်။

ဖြေ။ ။ ပြည်သူတွေ နားလည်တဲ့ စကားနဲ့ပြောရရင်တော့ အမေပေါ့နော်။ အမေသိတ်ဒုက္ခရောက်တဲ့ အချိန် ကျနော်တို့ ၀ိုင်းရံပါတယ်။ ဒီနေ့ အမေက ကိုယ့်ဟာကို လုပ်နိုင်တဲ့အချိန်မှာ ကျနော်တို့ မလိုတော့ဘူးလို့ ထင်ပါတယ်။ မလိုတော့ဘူး ဆိုတာက ၀ိုင်းရံတဲ့ သူက သိတ်များလွန်းတော့ ကျနော်ရဲ့ ပုဂ္ဂိုရေးအရ အမြင်က ကျနော် ဒုက္ခရောက်နေတဲ့ သူကို ကူညီချင်တယ်။ ကျနော် သိတ်နာမည်ကြီးတဲ့ လူတွေနားမှာ ကျနော်မနေချင်ဘူး။ အဲလူတယောက် ဒုက္ခရောက်နေတဲ့အချိန်မှာ ကျနော် ဘာပဲ လုပ်ပေးရ လုပ်ပေးရ လွန်ခဲ့တဲ့ ၇ နှစ် ဒေါ်အောင်ဆန်းစုကြည်ဒီပဲယင်းဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ မြေမြှုပ်ပစ်ဖို့ ပြီးခဲ့တဲ့ စစ်အစိုးရက ကြိုးစားတာ မဟုတ်ပါဘူး။ နိုင်ငံတကာကလည်း ပါတယ်။ နိုင်ငံတကာက အဖြေတခုထွက်ဖို့အတွက်ကို ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်လိုက်တော့ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ နိုင်ငံရေးတခု သွားကြစို့ပေါ့နော်။ အဲဒီအချိန်မှာ ကျနော်တို့ တော်တော်လေးကို ဘယ်လိုခေါ်မလဲ ကျနော်တို့က အနူတွေလိုပဲ နိုင်ငံရေးမှာပေါ့နော်၊ ကျနော်တို့က ဒီဒေါ်အောင်ဆန်းစုကြည်ရဲ့ အတွက် ဘယ်လိုပြောမလဲ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီးတော့ အတိုက်အခံတွေအားလုံးကို ထမင်းစားနေကြတာပဲ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ အကောင်းမပြောဘူး။ အဲတော့ ကျနော်တို့ကတော့ အဲလို မဟုတ်ဘူး ဒေါ်အောင်ဆန်းစုကြည်ကြောင့် ထမင်းစားရတာ မဟုတ်ဘူး၊ ကိုယ့်ဟာကို ဘာသာပြန်စားတယ်။ NLD သိတ် ဒုက္ခရောက်နေတဲ့ အချိန်တွေမှာ ကျနော် အန်အယ်ဒီကို အမြဲပြောပါတယ်။ခင်ဗျားတို့ဟာ လေဖြတ်ပြီးတော့ မျောနေတဲ့ သူလိုပဲပေါ့ အဲလိုပဲ လိုရင်အကြံပေးမယ်ပေါ့။

အခုတော့ ဒေါ်အောင်ဆန်းစုကြည်နားမှာလည်း အများကြီး ရှိနေပြီ အဲဒီအချိန်မှာ ကျနော်က မမေစု ဆိုပြီးလုပ်ပြနေစရာ မလိုဘူး ကျနော် မပြောနိုင်ဘူး။ကျနော် ထင်တယ်။ ၈၈တုန်းက အတူတူပါတီကို ထောင်လာတာပဲ ကျနော် သူ့ကို ထောက်ခံတယ်။ သူ့ကိုလည်း ကျနော် လေးစားပြီးသား ထောက်ခံပြီးသား၊ တိုင်းပြည်ကောင်းအောင်လုပ်တာပဲ အမြဲတမ်းထောက်ခံနေမှာပဲ၊ ဒါပေမဲ့ ခုဏပြောသလို ၀ိုင်းရံတယ်ဆိုတာက ဒုက္ခရောက်တဲ့ အချိန်လေးမှာပဲ ကျနော် လုပ်ပေးချင်တယ်။ ဒုက္ခမရှိဘူးဆိုရင် ကျနော် လုပ်မပေးချင်ဘူး။

မေး။ ။ဟုတ်ကဲ့ပါ၊ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ နိုင်ငံရေး အနေအထားကိုရော ဘယ်လိုသုံးသပ်မိပါသလဲရှင့်။

ဖြေ။ ဟုတ်ကဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ မြှောက်တိုင်းလည်း မြောက်တဲ့ သူ မဟုတ်ဘူး။ နှစ်၂၀ အတွင်းပျက်ဆီးသွားတယ်လို့တော့ ကျနော် မမြင်ရဘူး။ ဒါပေမဲ့ ကျနော်ရဲ့ စိုးရိမ်မှု တခုကတော့ ပြီးခဲ့တုန်းက ကျနော်တို့ ပြောကြတယ်၊ ဦးသန်းရွှေကို အာဏာရှင်တယောက်ဖြစ်ခဲ့တယ် ။ ဦးနေ၀င်းကို လည်း အာဏာရှင်ဖြစ်တယ်ပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကို အမှန်ကို အမှန်တိုင်းမြင်ပြီးတော့ အမှန်ကို အမှန်အတိုင်း ပြောရဲတဲ့ သူ မရှိမှာကိုတော့ကျနော် ကြောက်တယ်။ ဘာကြောင့်လဲ ဆိုတော့ လူတွေဟာ အာဏာရှင်ဖြစ်ရတာက မွေးလာကတည်းကငါကြီးလာရင် အာဏာရှင်လုပ်မယ်ဆိုပြီးတော့ ဖြစ်တာ မဟုတ်ဘူးလေ။ ပတ်ဝန်းကျင်မကောင်းလို့။

မေး။ မြန်မာ့နိုင်ငံရေးမှာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေအပေါ်မှာရော ဘယ်လို မြင်လဲအကို။

ဖြေ။ ကျနော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ပါတယ်။အမ တယောက်လိုရော အဒေါ်တယောက်လိုရောကိုယ့်ခေါင်းဆောင်တယောက်လိုရောပေါ့။ ဒါပေမဲ့ ကျနော် ချစ်ရင် ကျနော် မှန်မှန်ကန်ကန် ပြောရလိမ့်မယ်။ နို့မို့ရင်တော့ ချစ်တာလား နှစ်တာလားပေါ့။ ကျနော်တို့ထက်ပိုဆိုးတာက ကုလား၊ ကုလားပြည်မှာဆိုရင် နိုင်ငံရေးသမားတွေ သေသွားတဲ့အခါကျရင် ဘယ်လောက်ပုဂ္ဂိုလ်စွဲလည်းဆိုတော့ မီးထဲမှာ လိုက်ခုန်ချတယ်။ကျနော်တို့ လူမျိုးတွေမှာက ပြည်သူချစ်တဲ့ ခေါင်းဆောင်ဆိုတာရယ်၊ စစ်အစိုးရကို သိတ်မုန်းတာရယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့သူ၊ ဒေါ်စုကို ပုဂ္ဂိုလ်ရေးအရ ကြည်ညိုတဲ့သူ ၊တဘက်ကလည်း စစ်အစိုးရကို မုန်းလွန်းတဲ့သူ အဲဒါတွေပေါင်းပြီးတော့လည်း အားဖြစ်လာတာပေါ့နော်။ဘယ်လိုပဲဖြစ်ဖြစ်သူ့ရဲ့ အောက်က လူတွေကတော့ သူ့ကို အမှန်ကို ပြောရမယ်။ လုပ်သင့်လုပ်ထိုက်တာကို မပြောဘူး၊ ဒေါ်အောင်ဆန်းစုကြည်ကို မှန်ပါ့ဘုရား ဆိုတဲ့ အင်မတန်မှ ဆိုးတဲ့နိုင်ငံရေး စနစ်တခုက ကျနော်တို့ တိုင်းပြည်ကို ပျက်ဆီးစေတယ်။ အမှန်ကိုပြောလို့လည်း ကြေမွသွားတာလည်း ခေတ်အဆက်ဆက်မှာ ရှိခဲ့တယ်။ ကြေမွသွားတဲ့ လူတွေလည်း အများကြီးပဲ။ကျနော်တို့မှာ နောက်ထပ် စိန်ခေါ်မှု တခုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပတ်ဝန်းကျင်ကနေပြီးတော့ သူ့ဘေးနားကနေပြီးတော့ အာဏာရှင်တယောက် မဖြစ်အောင်၊ ကျနော်ပြောတာက အာဏာရှင်ကြီးကို ပြောတာ မဟုတ်ဘူးနော်၊ ခေါင်းဆောင်တယောက်မှာ သူစဉ်းစားနိုင်အောင် အကြံပြုပေးရမှာမျိုးရှိတယ်။  သူက ဆုံးဖြတ်ရမှာ။ အသက်လည်းရလာပြီး ၆၇ နှစ်ဆိုတာ တော်တော်ကြီးလာပြီ။ သူ့အနေနဲ့ အဲလိုမျိုး လူကောင်းတွေ ရွေးပြီးတော့ လုပ်သင့်တယ်လို့ ထင်တယ်။ ကျနော်တို့ကိုပြောတာ မဟုတ်ဘူးနော်။ ဆိုတော့ အမေရိကန်အစိုးရ၊ အမေရိကန်က ဘာဖြစ်လို့ အောင်မြင်လည်းဆိုတော့ သမ္မတမှာ အကြံပေးတွေ အများကြီးထားတယ်။

မေး။ ဟုတ်ကဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကြံပေးကြတဲ့ သူတွေလည်း ရှိမှာပါ၊ ရှိနိုင်ပါတယ်။

ဖြေ။ ကျနော်ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိချုပ်ပေါ့၊ သူ့ရဲ့ အိတ်စွဲပေးတဲ့ သူကို ပြောချင်တာမဟုတ်ဘူးလေ။ နိုင်ငံရေးအရ သူဆုံးဖြတ်နိုင်တဲ့ ဟာကို လုပ်ပေးဖို့လိုနေတယ်လေ။

မေး။ အကို့အနေနဲ့ရော ပြည်ပမှာရောက်နေတဲ့ အင်အားစုတွေအနေနဲ့ရော လာမဲ့ ၂၀၁၅ မှာ နိုင်ငံရေးအရ ၀င်ရောက်လာကြပြီး မြန်မာနိုင်ငံရေးလုပ်ကြမှာမျိုးရော မရှိနိုင်ဘူးလားရှင့်။

ဖြေ။ ရှိနိုင်ပါတယ်။ ဒါပေမဲ့ အန်အယ်ဒီက Brand Nameပေါ့။ အဲတော့ ကျနော်လည်းအန်အယ်ဒီရုံးကို ရောက်ပါတယ်။ စကားလည်း ပြောကြည့်တယ်၊ ကျနော်တို့ တလျှောက်လုံးပေါ့လေ နိုင်ငံရေးပါတီအနေနဲ့လုပ်ရမဲ့ အလုပ်တွေပေါ့၊ နိုင်ငံရေးပါတီက အာဏာရဖို့တင် မဟုတ်ဘူး။ အာဏာကို ဆက်ရှိဖို့ဆက်ကိုင်ထားနိုင်ဖို့ပေါ့။ အန်အယ်ဒီကို မြင်လိုက်တဲ့အခါမှာ ကျနော့်အနေနဲ့စိုးရိမ်သွားတယ် capacity  မရှိဘူး။ စိတ်ဓါတ်တခုတည်းနဲ့ လုပ်လို့မရဘူး။တိုင်းပြည်ကို ကျနော်တို့က မြင်တာ၊ ကျနော်တို့က တော်လှန်သော စိတ်ဓါတ်နဲ့ ပေါ့၊အမြဲတမ်း ဒီမိုကရေစီ လူ့အခွင့်ရေး။ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ပေါ့ဗျာ၊ အဲတော့ဒီမိုကရေစီ လူ့အခွင့်အရေး ဒီမိုကရေစီ လူ့အခွင့်အရေးပြောနေ ရေကြီးတဲ့အခါမှာ ဘာလုပ်သလဲ၊ ရခိုင်ကိစ္စ ဖြစ်တယ် ခင်ဗျားတို့ ဘာလုပ်သလဲ ..လို့မေးတယ်။ ဆိုတော့ နိုင်ငံရေးပါတီရဲ့ အဓိပါယ်က လူတွေရဲ့ အကျိုးကို လုပ်ပေးဖို့။နိုင်ငံရေး ရှိခြင်းဖြစ်စေ၊ ရွေးကောက်ပွဲ ရှိခြင်းဖြစ်စေ၊ ကျနော်တို့ အရှေ့တောင်အာရှနိုင်ငံတော်တော်များများရဲ့ ရွေးကောက်ပွဲ ကန်မ်ပိန်းတွေကို သွားလေ့လာခဲ့တာပဲ၊ ဆိုတော့ ရွေးကောက်ပွဲအနားနီးမှာဖြစ်တဲ့ Issue က တခု၊ ကျနော်တို့ တိုင်းပြည်က အဲဒီနေရာတွေ မရောက်သေးဘူး။ ရပ်ကွက်ထဲမှာ မီးလာလား၊ မလာရင် ကျနော်တို့ ဘယ်လိုလုပ်မလဲ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆိုတာက ဒေါ်စုနဲ့ ပြေးလိုက်နေရမှာ မဟုတ်ဘူး။

စက်တင်ဘာ ၂၀၊ ရန်ကုန်မြို့။

ပြီးတဲ့နောက်မှာတာ့ကိုညိုအုန်းမြင့်ကို ဘန်ကောက်သံရုံးကို ၀င်စီးခဲ့တဲ့ ကိုဂျင်မီနဲ့ပတ်သက်ပြီး မေးမြန်းဖြစ်သလို၊ ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ဆက်လျက်မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး။ ပြီးခဲ့တဲ့ မြန်မာတွေ ဘန်ကောက်ရုံးကို စီးခဲ့တဲ့ ကိုဂျော်နီနဲ့ပတ်သက်ပြီး သိချင်တာလေးရှိပါတယ်။ ကျမကို facebook ဆွေတွေကလည်း သိချင်လို့ မေးပေးပါဆိုတဲ့ မေးခွန်းပါ။ အဲဒီတုန်းက ဘန်ကောက်မှာ မြန်မာသံရုံးကို ၀င်စီးခဲ့တဲ့ ခေါင်းဆောင် ကိုဂျော်နီ တယောက် ဘယ်လိုဖြစ်သွားပါလဲရှင့်။ လက်ရှိသူ့ရဲ့ အခြေအနေကိုလည်း သိချင်ပါတယ်။

ဖြေ။ ။ဟုတ်ကဲ့၊ ကျနော်တို့ သိထားတာက ကိုဂျော်နီက သူ…ထိုင်းနဲ့ မြန်မာ ကြားထဲက မှောင်ခို စီးပွားရေးတခုကို အခြေခံပြီးတော့ အသတ်ခံလိုက်ရတယ်။ဒါတွေက ခုနပြောတဲ့ အမှန်တရားဖော်ထုတ်ရေးမှာ ဖော်ရမဲ့ကိစ္စတွေပါ။ ကျောသားရင်သား သိတ်ခွဲလို့တော့ မရသေးဘူး။ အချို့ ကိစ္စတွေမှာ ကျနော်တို့ ဒီဘက်ကို ပြန်လာပြီးတော့ နေလို့ရတဲ့အခါကျရင်တော့ ဒီကိစ္စတွေကို ၀ိုင်းပြီးတော့ လုပ်ပေးရမှာပေါ့နော်။ မတရားအသတ်ခံခဲ့ရတာတွေ ဘာကြောင့်ဖြစ်ခဲ့တယ် ဆိုတဲ့ ပြဿနာမျိုးတွေကို ထိုင်းဘက်ကနေဆိုရင် နိမ့်ခေါင်လို့ ခေါ်တယ်၊ အမှတ် ၉ နယ်မြေပေါ့နော်။အမှတ် ၉ နယ်မြေက တော်တော်ရုပ်ဆိုးပါတယ်။ ကချနားဘူရီ ဒီဘက်ခြမ်းဆိုရင် မွန်နဲ့ကရင်အစပ်ပေါ့ ။အဲဒီမှာတွေကနေပြီးတော့ ဖြစ်သွားကြတဲ့ ပြဿနာတွေပေါ့နော်။ အဲဒီတုန်းက သွားခေါ်ပေးခဲ့တဲ့ NLD ရဲ့ ဗဟိုကော်မတီတဦးဖြစ်တဲ့ ဦးညွှန့်သိန်း ပါပဲ၊နောက်တခါ မန်းငြိမ်းမောင်တို့ သွားခေါ်ပေးတယ်။သူတို့ကားကို တားတယ် ဖမ်းသွားတယ်ကြားတယ်၊ နောက်တော့ သေသွားတယ်။ ဒါတွေတကယ်တမ်း ဘာဖြစ်လို့ ဖြစ်တာလဲ ဆိုတာကို ကျနော်တို့ ကိုယ်တိုင်လည်း ခန့်မှန်းလို့မရသေးပါဘူး။ အဲလိုပဲ ကျနော်နဲ့ ခင်နေတဲ့ NlD ထဲမှာပဲ  ဗဟိုကော်မတီ လုပ်နေတဲ့ ကိုဆန်နီဆိုရင်လည်း ဒီလိုပဲ သတ်သွားတယ်။ သူလျှိုဆိုပြီးတော့ လက်ညှိုးထိုးခံရတယ်။ ကျနော်တို့ ဘက်မှာ ရန်သူ သူလျှို သတင်းပေးဆိုပြီးတော့ သတ်သွားတဲ့ သူတွေကလည်း အများကြီးပဲ။

ကျနော်ကိုယ်ချင်းစာတယ်၊ သူ့ရဲ့ အမျိုးသမီးကို ကျနော် အမြဲတမ်းပြောတယ်။ ခင်ဗျား တရားစွဲပါ။ပြီးတော့ ခင်ဗျားက ကျမ အမျိုးသားက သူလျှို မဟုတ်ပါဘူးဆိုတာကို ပြောပါ၊လုပ်ပါ၊ သေသွားတာကိုတော့ ဘယ်လိုမှ လုပ်လို့ရမတော့ဘူး။ဒါပေမဲ့ ဘာကြောင့် သတ်တာလဲ၊ ဘယ်လို သေတာလဲ၊ ဘယ်သူက လုပ်တာလဲ ဆိုတာကိုတော့ ဖော်ထုတ်ဖို့ လိုတယ်။ ကျနော်ရော ကိုသန်းလွင်ထွန်းရော အဲဒီတုန်းက ရှိပါတယ်။ သူလည်း ကိုဂျော်နီနဲ့ ရင်းနှီးပါတယ်။ ကျနော်တို့အနေနဲ့ ဒီလိုပဲ အသတ်ခံရတယ် ဆိုတာက ခုနပြောတဲ့ ဒီမိုကရေစီလို့ နာမည်ခံထားတဲ့ သူတွေနဲ့တော့ လွတ်မယ်လို့ ကျနော် မထင်ဘူး။ တရားဥပဒေရဲ့ အပေါ်မှာ ဘယ်သူမှ မရှိသင့်ဘူးလို့ ကျနော် ထင်တယ်လေ။

မေး။ ။နောက် ကချင်ပြည်နယ်ဘက်xမြောက်ပိုင်းမှာပဲဖြစ်ပွားခဲ့တဲ့ ပြဿနာတွေထဲမှာ မမိမိခိုင်ဆိုတဲ့ အမျိုးသမီးကို ၀ိုင်းပြီး မုဒိန်းကျင့်ခံရတာကို ကယ်တင်ပြီး အကိုတို့ကယ်ထုတ်ပေးခဲ့တယ်ဆိုတာတွေလည်း ကြားရတယ်။ အဲဒါ ဟုတ်ပါသလား။ နည်းနည်းလောက် ရှင်းပြပေးပါဦး။

ဖြေ။ ။ဟုတ်ပါတယ်။ ကျနော်တော့ မရောက်သေးပါဘူး၊ NLD (LA) ကနေပြီးတော့ သွားပြီးတော့ ကယ်ပေးခဲ့တာလို့ ကျနော် ပြန်ကြားရပါတယ်။ နောက် မနန်း(နန်းအောင်ထွေးကြည်) ဆိုရင်လည်း ကျနော်တို့ သိနေတာပဲ။ အဲဒါတွေကိုတော့ ပြန်ပြီးတော့ ဖော်ထုတ်ပေးသင့်တယ်လို့ ကျနော် ထင်တယ်။ အဲဒါမျိုးက ကမ္ဘောဒီးယားမှာလည်း ရှိတာပဲ။ အဲတော့ဒီသတ်တဲ့ သူတွေကိုလည်း တမှုပြီး တမှု တရားဥပဒေအရ စွဲချက်တင်ပြီး လုပ်လို့ရတာတွေ ရှိတယ်။ ဒီလိုမျိုး ကိစ္စတွေကို အမှုမှန်တွေ ထွက်လာအောင် ကျွမ်းကျင်တဲ့ သူတွေနဲ့ ဖွဲ့စည်းပြီးတော့ ဖော်ထုတ်ရေးတွေ လုပ်သင့်တယ်။ဒါတွေဟာ သမိုင်းမှာ မရှိဘူး မဖော်ထုတ်ဘူးဆိုရင် ထပ်ကျူးလွန်ကြမှာပဲ။ မကျူးလွန်အောင် လုပ်သင့်တယ်လို့ ကျနော် ထင်တယ်။ အဲဒီတုန်းကတော့ NLD-LA ကနေ ကယ်ထုတ်ကြတယ်ဆိုတာတော့ ကျနော် သိပါတယ်။ အဲဒီတုန်းကတော့ ကျနော် မရောက်သေးတော့ အသေးစိတ်တော့ မသိပါဘူး။

မေး။ ။ဟုတ်ကဲ့ပါအကို၊ ကျမ ရိုဟင်ဂျာလို့ပြောနေတဲ့ ဘင်္ဂါလီ ကိစ္စနဲ့ပတ်သက်ပြီးတော့ မရှင်းတာလေးတွေ သိချင်တာလေးတွေ ရှိလို့ မေးပါရစေ၊ အချိန်တော်တော်ယူလိုက်မိတာလည်း ကျမ သိပါတယ်။ မေးလက်စနဲ့ ရှင်းအောင်လို့ ဆက်မေးပါရစေ။

ဖြေ။ ဟုတ်ကဲ့။

မေး။ ။ပြည်ပမှာ ရှိတဲ့အဖွဲ့အစည်းတွေအနေနဲ့ ရိုဟင်ဂျာလို့ပြောနေတဲ့ သူတွေ၊ ရိုဟင်ဂျာအရေး ဆောင်ရွက်နေတဲ့ သူတွေဆီကနေ အလှူငွေတွေလက်ခံကြတယ်၊ အဲဒီအဖွဲ့တွေကပဲ ဒေါ်အောင်ဆန်းစုကြည် လန်ဒန်ကိုရောက်တော့လည်း ရိုဟင်ဂျာတွေဆီက ရတဲ့ ငွေတွေနဲ့ အခမ်းအနားလုပ်ပေးခဲ့တယ်ဆိုပြီး ပြောကြတာတွေကို တဆင့်စကားနဲ့ ကြားရပါတယ်။ စတာလင်ပေါင် ၇ ထောင်လား၊ ရ သောင်းလားဆိုတာတော့ ကျမ သေချာမသိပါဘူ၊ ဒါပေမဲ့ အဲဒီကိစ္စတွေက facebook တွေမှာလည်း ရေးသားကြတာတွေတွ့ရပါတယ်။ အဲဒီကိစ္စတွေ ဟုတ်မဟုတ်နဲ့၊ NlD _LA အနေနဲ့ ရော တကယ်ပဲ ရိုဟင်ဂျာတွေ ဆီကနေ အလှူငွေလက်ခံပြီး ပါတီကိစ္စတွေ ဆောင်ရွက်နေခြင်း ရှိမရှိဆိုတာလည်း သိချင်ပါတယ်။အကို့အနေနဲ့ သုံးသပ်ပေးပါဦး။

ဖြေ။ ။ကျနော်တို့မှာ ၂ ပိုင်းရှိပါတယ်။ ဖြေ။ ။ကျနော်တို့မှာ ၂ ပိုင်းရှိပါတယ်။ ဋ္ဌာန ခွဲတွေလည်း ရှိပါတယ်။ ကျနော်တို့ ကနေဒါ ဌာနခွဲဆိုရင် ဖျက်တောင်ပစ်ရတယ်။ ကျနော်တို့က NLD –LA မှာ တာဝန်ခံရှိပါတယ်။ ဘာသာရေး၊ လူမျိုးရေးနဲ့ နိုင်ငံရေး မရောရပါဘူး။ ကနေဒါ ဋ္ဌာနခွဲမှာ တာဝန်ခံတဲ့ ကိုအောင်ဒင်ဆိုတဲ့ သူက မူဆလင်နဲ့ရိုဟင်ဂျာ ကိစ္စတွေကို လုပ်တော့ကျနော်တို့ပဲ ဆုံးဖြတ်ပြီးတော့ ဒီဋ္ဌာနကို ဖျက်ပစ်လိုက်တယ်။ ခင်ဗျားဟာ ခင်ဗျား ရိုဟင်ဂျာ ကိစ္စလုပ်လို့ရတယ်၊ဒါကိုယ်ပိုင် လွတ်လပ်ခွင့် ဒါပေမဲ့ NLD-LA _့ကနေဒါဋ္ဌာနခွဲရဲ့ ဥက္ကဌအနေနဲ့တော့ လုပ်လို့မရဘူးပေါ့။ တကယ်တော့ ရိုဟင်ဂျာ ကိစ္စက အမျိုးသားရေး ကိစ္စပါ။ အမျိုးသားရေးကိစ္စဖြစ်တဲ့အခါမှာ သူများတွေ ထင်ယောင်ထင်မှားဖြစ်စေတဲ့ အလုပ်မျိုး မလုပ်ရပါဘူး။ နောက်တခုက အင်္ဂလန်မှာ နိုင်ငံရေး လှုပ်ရှားတဲ့ အခါကျတော့ အရင်တုန်းကတော့ တစုတည်းလို့ ထင်ရတယ်ပေါ့နော်။ NLD- LA ရှိမယ်၊ တက်ကြွတဲ့ လှုပ်ရှားသူ ရှိမယ်၊ DPNF ရှိမယ်၊ ကျောင်းသားဟောင်း ABSDF အဲဒီက ဌာနေ ကိုယ်စားလှယ်တွေ ရှိမယ်။ ရိုဟင်ဂျာကလည်း အဲဒီထဲမှာ တဖွဲ့ပါနေတယ်။ဆိုတော့ အင်္ဂလန်ကို ရောက်တဲ့အခါကျတော့ ဘာမြင်လဲဆိုတော့ရိုဟင်ဂျာ ကိစ္စပေါ့နော်၊ ကျနော်တို့မှာ ဘားမားကမ်ပိန်းယူကေ ပေါ့။သူတို့က လူ့အခွင့်အရေးဘက်ကနေ ကြည့်တယ်ပေါ့။ ဒီကိစ္စကို။ NLD _LA က အဲဒီကမ်ပိန်းထဲမှာ မပါဘူး။မပါတဲ့အတွက် ခြိမ်းခြောက်ခံရတယ်၊ မလေးရှားမှာဆိုရင် NLD-LA ရုံးကို မီးရှို့မယ်လို့ ခြိမ်းခြောက်တယ်။ လန်ဒန်မှာ လုပ်နေကြတာတော့ဖြစ်နိုင်တယ်၊ NLD-LA ဆိုပြီးတော့တော့ မဖြစ်နိုင်ပါဘူး။

နောက် လန်ဒန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ ငွေ လှူသွားတာတို့ဘာတို့ကတော့ ဘယ်သူ မဆို လှူမှာပဲလေ။ ဒါကြီးကို ရိုဟင်ဂျာကနေ ပိုက်ဆံကောက်တယ်ဆိုတာတော့ မဟုတ်ပါဘူး၊ပြီးတော့တချို့လူတွေက ရိုဟင်ဂျာတွေ မဟုတ်ပါဘူး။ မူဆလင်တွေပါ။ ဒီလို သတင်းတွေထွက်လာတာက ကျနော်ထင်ပါတယ် အန်အယ်ဒီ အယ်လ်အေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နာမည်ဖျက်ချင်လို့လို့ မြင်ပါတယ်။ နောက်ကိုဇာဂနာတို့က ရိုဟင်ဂျာတွေအပေါ် ပင်းတယ်ဆိုတာလည်း မဟုတ်ဘူး။ BCUKက  ပင်းတယ်ဆိုတာတော့ ကျနော် လက်ခံပါတယ်။  ရခိုင်ပြဿနာမှာ ရခိုင်မှာ ရိုဟင်ဂျာ ၃ ထောင်သေပါတယ်ဆိုတဲ့ စာရင်းထွက်လာတယ်။ ကျနော် ပြောတယ်လေ ၃ ထောင် သေတယ်ဆိုတာ မဖြစ်နိုင်ဘူး၊ ကျနော်တောင်မှ ကိုသန်းလွင်ထွန်းကို သွားပြီးတော့ ပြောပါသေးတယ် မေးကြည့်ပါဦး BCUK ကနေပြီးတော့အစိုးရကို ပြောတာရော။ တကယ်တော့ သူတို့ တိုင်းပြည်ပြောင်းသွားတာကို မသိလိုက်ဘူး။ ကိုအောင်ဒင်တို့ပေါ့၊ ကျနော်တို့မှာ အမျိုးသားရေးဆိုတာ ရှိတယ်။ သူတို့ချည်းကပ်တာက လူ့အခွင့်ရေးပေါ့နော်။ ပြီးတော့ မဟုတ်တာတွေကို ဟုတ်တာလုပ်တော့ မဟုတ်တန်းတရားတွေကို အတင်းလုပ်တော့ တိုင်းပြည်ကို လာလာထိတယ်။ တချိန်တည်းမှာပဲ အဲလို အဖွဲ့အစည်းတွေက အလိုလိုနေရင်း သေသွားတယ်။ အစိုးရကိုတော့ မကြိုက်ကြတာ မှန်တယ်။ အဲဒါမျိုးတွေလည်း ရှိတော့၊တကယ်တော့ ရိုဟင်ဂျာကတော့ ကျနော်တို့ တိုင်းပြည်မှာ ရတဲ့အခွင့်အရေးကို ယူဖို့ လုပ်တာပေါ့လေ။ အဲဒီမှာ ခုန ကမ်ပိန်းတွေနဲ့ လှုပ်ရှားသူတွေကို အသုံးချတာလို့ ကျနော်မြင်တယ်။အဲဒီထဲမှာတော့ NLD-LA က လုံးဝ မပါဘူး။

မေး။ အကိုကလည်း သမိုင်းဆရာဖြစ်ခဲ့တော့လေ ရိုဟင်ဂျာဆိုတာကတော့  ကျမတို့ရဲ့ သမိုင်းတွေမှာ မပါခဲ့ဘူးဆိုတာလည်း သိမှာပါ။ ဒါပေမဲ့ဘာဖြစ်လို့ BBC မှာက ဒါကို တိုင်းရင်းသားအနေနဲ့ ဖော်ပြခဲ့တာလဲ။ ပြီးတော့ သူတို့က ပြည်တွင်းမှာ နေထိုင်တယ်၊ သူတို့ကိုယ်တိုင်ကလည်း ရိုဟင်ဂျာလို့ ပြောတယ်၊ ပြီးတော့ နိုင်ငံသားအခွင့်ရေးမရဘူးလို့ ပြောတယ်၊ ဒါပေမဲ့ ယောမင်းကြီးလမ်းမှာ နေထိုင်ပြီး ကုမဏီထောင်ပြီးစီးပွားရေးလုပ်ငန်းတွေ လုပ်နေတယ်၊ မိသားစုဝင်တွေမှာလည်း ဆရာဝန်တွေ ဘာတွေရှိတယ်၊ဘင်္ဂါလီလွှတ်တော်အမတ်တွေထဲမှာတောင် ရိုဟင်ဂျာလို့ ပြောနေတဲ့ သူတွေ ရှိနေတယ်။ အဲဒါကို နိုင်ငံသားအခွင့်အရေးမရကြောင်း ပြောတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်လဲ အကို့ရဲ့ အမြင်လေးသိချင်ပါတယ်။

ဖြေ။ ။  သူတို့က ကျနော်တို့ တိုင်းရင်းသား မှမဟုတ်တာ။ နိုင်ငံသား ဖြစ်ပိုင်ခွင့်ရှိပါတယ်။ ကျနော် တခု စိတ်မကောင်းတာက လူတွေဟာ ဘာဖြစ်လို့ ဒါကို တောင်းဆိုလာရတာလဲ။ သူတို့ ကျနော်တို့ တိုင်းပြည်ထဲ ၀င်လာတယ်၊ ကိုလိုနီခေတ်ကတည်းက လယ်မြေတွေ လုပ်ကိုင်ဖို့အတွက် ခေါ်လာခဲ့ကြတယ်။ ကျနော်တို့ တိုင်းပြည်က ရှမ်း၊ကချင်၊ကရင်၊ မွန်၊ မြန်မာ အဲလို ရှိတဲ့ အခါမှာ လူ့အခွင့်ရေးက တပိုင်းပါ။ နိုင်ငံသား ၊ တိုင်းရင်းသား ဖြစ်တည်မှုက တပိုင်းပါ။ ကျနော်တို့ဘက်က ပြဿနာက လေနဲ့ဝမ်းနဲ့ မကွဲတာ။ လူ့အခွင့်ရေး လူု့အခွင့်ရေး ဆိုပြီး နအဖ ကို လက်ညှိုးထိုးလို့ရရင် တော်ပြီ ဆိုတဲ့ လူတွေအပေါ်မှာ စနစ်တကျ အမြတ်ထုတ်ခံလိုက်ရတယ်လို့ပဲ  ကျနော် ပြောချင်တယ်။

ဒါပ ပြည်ပမှာပေါ့နော်။ ပြည်တွင်းထဲမှာ ကျနော့်အဖေက အရင်တုန်းက ကယ်ဆယ်ရေးဋ္ဌာနက ညွှန်ကြားရေးမှူးချုပ်ပါ။ ဒီလူတွေ ရွှေဟင်္သာစီမံချက်နဲ့ ပြည်တွင်းထဲကို ပြန်ဝင်တော့ ကျနော့်အဖေ ဒုက္ခရောက်တယ်။ ဘာကြောင့်လဲဆိုတော့ ထွက်တုန်းက လူဦးရေက ရ သောင်း၊ ပြန်ဝင်လာတော့ ၂ သိန်း ၄ သောင်းဖြစ်နေတယ်။ အဲတော့ UNHCR- ကုလသမဂ္ဂမဟာမင်းကြီးရုံးမှာ တင်တုန်းက ၇ သောင်း၊ပြန်ဝင်လာတော့ ၂ သိန်း ၄ သောင်းဖြစ်နေတယ်။ဘာပြောလဲဆိုတော့ ကျနော် မူဆလင် ကျနော် မိန်းမ နောက် ၃ ယောက်ထပ်ယူထားတယ်။ ဆိုတော့ ဒီလိုမျိုးနဲ့ တိုင်းပြည်ကို မတရား ခိုးဝင်လာတယ်။ တရားဝင် မတရား ခိုးဝင်လာကြတယ်လို့ ကျနော် မြင်တယ်။ ဒီကိစ္စနဲ့ပဲ ကျနော့်ကို အယ်လ်ဂျာဇီးယားက ၃ ခါရှိပြီ အင်တာဗျူးလုပ်တာ။ ရိုဟင်၈ျာတွေရဲ့ အဓိက လုပ်ခဲ့တဲ့ သူတို့ဘာတို့ပေါ့ဗျာ။ ကျနော်က ဘာပြောလဲဆိုတော့ သူတို့က တခြားတိုင်းပြည်ကနေပြီးတော့ ခိုးဝင်ရင်းနေထိုင်တဲ့ သူတွေပါလို့ ကျနော် ပြောတယ်။ ကျနော့်ကို မကြိုက်ကြဘူး သူတို့က။

နှစ်ခုပေါ့ လူ့အခွင့်ရေး ရှု့ထောင့်ကနေပြီးတော့ ဒါကို မပြောလိုဘူး။ ဒါပေမဲ့ အမျိုးသားရေးဘက်က ပြောရင်တော့ ပြဿနာရှိတယ်။ ကျနော်လည်း သူတို့ကို ပြန်မေးတယ်။ ထိုင်းနိုင်ငံမှာ မြန်မာ ၄ သန်းရှိတယ်။ ခေတ်အဆက်ဆက်မှာ နေလာတဲ့ သူတွေရှိတယ်။ ချင်းမိုင်မှာ ကြိုက်တဲ့ မီးဖိုချောင်ဝင်သွား ရှမ်းရှိတယ်။ သူတို့ဟာ ဒီနေ့ထိ လျှို့လျှို့ဝှက်ဝှက်ပဲ နေနေရတယ်။ ကျနော်တို့ မြန်မာတွေက ထိုင်းနိုင်ငံသား လျှောက်လို့မရဘူးလေ။ ခိုးဝင်တဲ့ သူက ခိုးဝင်တဲ့အတိုင်းပဲ ဖြစ်မယ်။ တရားမ၀င်ဘူး။ တိုင်းပြည်တပြည်ရဲ့ အချုပ်အချာ အာဏာကိုတော့ အဲလောက်ထိ မစော်ကားသင့်ဘူးလို့ ကျနော်ထင်တယ်။

အဲလိုပြောလို့လည်း ကျနော့်ကို ခြိမ်းခြောက်တာတွေ ရှိတယ်။ သတ်မယ်လို့ ပြောတာတွေ လူလွှတ်သတ်ခိုင်းမယ်လို့ ပြောတာတွေလည်း ရှိတယ်။
ကျနော် ရခိုင်တွေဘက်ကနေ လိုက်ပြောတာ မဟုတ်ဘူး။ ဒါပေမဲ့ ဒါအမျိုးသားရေးဖြစ်နေတယ်။အမျိုးသားလုံခြုံရေးဖြစ်နေတယ် နောက်တခုက မရှိတဲ့ လူမျိုးတခုကို ပြောတယ်။ ဥပမာ မြန်မာ-မူဆလင် ရှိတယ်။ ဒါမြန်မာ-မူဆလင်တွေက ရိုဟင်ဂျာလည်း မဟုတ်ဘူး။ မြန်မာနိုင်ငံသား၊မြန်မာ၊  မူဆလင်ဘာသာကိုးကွယ်သူပဲ။ အဲဒါ မြန်မာ မူလဆင်တွေကို ဒီ culture တွေကို သွင်းနေတာက ကျနော်တို့တိုင်းပြည်မှာ အင်မတန်မှ ကြောက်စရာကောင်းတယ်။  ကျနော်တို့တိုင်းပြည်မှာ ဒါက စနစ်တကျ လုပ်သွားတယ် စနစ်တကျလုပ်တယ်လို့မြင်တယ်။ ကျနော်တို့တိုင်းပြည်မှာ မျိုးချစ်စိတ် ပြန်ရှိဖိုလိုတယ်၊ ဒါပေမဲ့ ကုလားတွေကို ရိုက်တာမျိုး၊ ကုလားတွေကိုသတ်တာမျိုး မဖြစ်သင့်ဘူး။ ကျနော်တို့မြန်မာပြည်မှာ လူတိုင်းနေထိုင်ခွင့်ရှိပါတယ်။ ခုနပြောတဲ့ ရိုဟင်၈ျာ ၉၉ % နေလို့ ဒီပြည်နယ်ကို ရိုဟင်ဂျာ ပြည်နယ်ပေးရမယ် တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပေးရမယ်ဆိုတာကတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး၊ မဖြစ်သင့်ဘူး။ တကယ့်တကယ်ကို ရိုဟင်ဂျာဆိုတာတောင်မှ မခေါ်ရတဲ့ စကားပေါ့နော်၊ ကျနော်တို့ငယ်ငယ်တုန်းက သိတာ ခေါ်တောပဲ သိတာ။  ရိုဟင်ဂျာဆိုတာ နိုင်ငံရေးစကားပါ။

ဒါကို ပွင့်ပွင့်လင်းလင်းပြောလို့ရတယ်၊ ဒီခေါ်တောတွေရဲ့ ပိုက်ဆံကို အသုံးချပြီးတော့ လုပ်ခဲ့တဲ့ သူတွေ ရှိတယ် အဖွဲ့အစည်းတွေ ရှိတယ်။  ရိုဟင်၈ျာဆိုတာ တခါမှကို မကြားဖူးဘူး။ သူတို့ကို ခေါ်တာက ခေါ်တောကုလားတွေပဲ၊ ဒါ သူတို့ကို နှိမ်တာမဟုတ်ပါဘူး။ ဘင်္ဂါလီဆိုတာ ယဉ်ယဉ်ကျေးကျေးခေါ်တာပဲ။ ဘင်္ဂါလီဆိုတာက ဟိုဘက် ကမ်းကနေ ကူးလာတဲ့သူတွေ၊ သူတို့ ဒီထဲမှာ နေထိုင်တာ ကြာချင်လည်း ကြာမယ်။ဒါပေမဲ့ ဒီဘက်က ရခိုင်နဲ့လည်း ရုပ်မတူဘူး၊ ဘာမှလည်း မတူဘူး။

အဲဒီလို မေးမြန်းပြီးတဲ့နောက်မှာတော့ ကိုညိုအုန်းမြင့်ကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်စကားနဲ့ စကားအနည်းငယ်ပြောဖြစ်ကြပြီး တွေ့ဆုံမေးမြန်းခြင်းပြီးဆုံးခဲ့ပါတယ်။

မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်လျက်ပါ။
 မေသင်္ကြန်ဟိန်(မြစ်မခ) 
http://maythingyanhein.blogspot.ca/2012/09/blog-post_20.html

မြန်မာ အဓိကရုဏ်းပုံများ ဝဘ်ဆိုက်တင်၍ အိန္ဒိယ ကျောင်းဆရာတဦး ဖမ်းဆီးခံရ

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၀ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၅၅ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။       ။ အိန္ဒိယ အရှေ့မြောက် ပြည်နယ်သားများအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာ
စေရန် လံှု့ဆော်မှု ဖြစ်စေခဲ့သည့် “၂ဝ၁၂ မြန်မာပြည် အဓိကရုဏ်း ရင်ဖိုဖွယ် ပုံများ” Burma Riots Thrilling Pictures 2012 အား အင်တာနက် ဝဘ်ဆိုက်တခုပေါ် လုပ်ကြံဖန်တီး၍ တင်ခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် အိန္ဒိယနိုင်ငံ၊ မုံဘိုင်းအခြေစိုက် ကျောင်းဆရာ တဦးအား အိန္ဒိယ သတင်းဆက်သွယ်ရေးဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

“ကျောင်းဆရာ ရှရစ် အာမဒ် ဘရှီး ဆီဒီကီ Sharif Ahmed Bashir Siddiqui ဟာ သူ့အိမ်က ကွန်ပျူတာကနေ ဒါတွေ ကို အင်တာနက်ပေါ် တင်နေတာ ဖြစ်တယ်” ဟု ဒု-ရဲမင်းကြီး ဆန်ဂျေး ရှင်ဒေး Sanjay Shinde အား ကိုးကား၍ ပီတီအိုင် သတင်းတရပ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ(ရခိုင်ပြည်နယ်)အတွင်း အကြမ်းဖက်မှုများကို လီဆည် ပြုပြင်ထားသည့် အဆိုပါ ဗီဒီယိုများကို ကျောင်းဆရာ က သြဂုတ်လ အတွင်းက အင်တာနက်ပေါ်သို့ လွှင့်တင်ခဲ့ခြင်းဖြစ်သည်ဟု ရဲအရာရှိက ဆိုသည်။ အဆိုပါ ဗီဒီယိုများမှာ
နောက်ပိုင်းတွင် မိုဘိုင်းဖုန်းများသို့ ပျံ့နှံ့သွားကာ ပူနေးမြို့နှင့် အခြား ဒေသများရှိ အိန္ဒိယ အရှေ့မြောက် ပြည်နယ်သား
ကျောင်းသားများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာစေသည့် အကြောင်းရင်း ဖြစ်သည်ဟုလည်း ဆိုသည်။

သိပံ္ပဘွဲ့ရ ကျောင်းဆရာမှာ မုံဘိုင်းမြို့အတွင်း ပုန်းအောင်းနေထိုင်ရာမှ ဗုဒ္ဓဟူးနေ့ ညနေပိုင်းကမှ သတင်းဆက်သွယ်ရေး ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ လုပ်ကြံဗီဒီယိုများ ဆက်လက်မပြန့်ပွားစေရန် အိန္ဒိယ အစိုးရက အင်တာနက်စာမျက်နှာ ၂၄၅ ခုကို သြဂုတ်လ ၂၂ ရက်နေ့မတိုင်မီကတည်းက ပိတ်ပင်ခဲ့ရသည်။

အိန္ဒိယ အရှေ့မြောက်ပိုင်းရှိ အာသံပြည်နယ်နှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဒေသခံ တိုင်းရင်းသား များနှင့် မူဆလင် ဘာသာဝင်များအကြား အကြမ်းဖက်မှုများနှင့် တင်းမာနေမှု သတင်းများလည်း ထိုအတောအတွင်း ပျံ့နှံ့ခဲ့သည်။

အာသံပြည်နယ်တွင် ဒေသခံ ဘိုဒို တိုင်းရင်းသားများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာသည်ဆိုသော မွတ်ဆလင် များအကြား အကြမ်းဖက်မှုများ ဇူလိုင်လကတည်းက စတင်ဖြစ်ပွားခဲ့သည်။ သြဂုတ်လဆန်းပိုင်းတွင် သတ်ဖြတ်မှုများနှင့် မီးရှိုမှုများ ပြင်းထန် သည်းသန်လာခဲ့ကာ အနည်းဆုံး လူ ၁ဝဝ ခန့် သေဆုံးခဲ့ရပြီး လူဦးရေ လေးသိန်းခန့်မှာ အိုးအိမ်မဲ့
ဖြစ်ခဲ့ရသည်။

သြဂုတ်လ ၁၁ ရက်နေ့က မုံဘိုင်းမြို့ကြီးရှိ မူဆလင်များ သောင်းနှင့်ချီ၍ ငြိမ်းချမ်းစွာ ဆန္ဒပြကြစဉ် မသမာသူတစုက ဝင်ရောက်အကြမ်းဖက်၍ ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ရပြီး သတင်းမီဒီယာသမားများလည်း ရိုက်နှက်ခံခဲ့ရသည်။

၎င်းနောက်တွင် အရှေ့မြောက်ပိုင်းရှိ ပြည်နယ်သားများအပေါ် အကြမ်းဖက် တိုက်ခိုက်မည် ဟူသည့် ခြောက်ခြားဖွယ် ခြိမ်းခြောက်မှုများ ကောလာဟလအဖြစ် ဖေ့စ်ဘွတ်နှင့် မိုဘိုင်း မက်ဆေ့ခ်ျများမှတဆင့် ပျံ့နှံ့လာခဲ့သည်။

အစိုးရ တာဝန်ရှိသူများနှင့် ရဲဌာနမှ ထို ကောလာဟလများနှင့်ပတ်သက်၍ စိုးရိမ်ကြောင့်လန့်ခြင်း မရှိရန် ကတိကဝတ် များ ပြုထားသော်လည်း မုံဘိုင်း၊ ဘန်ဂလို၊ ပူနေး၊ ချန်နိုင်း စသည့် ပြည်မကြီးရှိ မြို့များတွင် အရှေ့မြောက်ပြည်နယ်များမှ လာရောက် အလုပ်လုပ်ကိုင်နေသူများနှင့် ကျောင်းသူ ကျောင်းသားများမှာ ၎င်းတို့နေရပ်သို့ သောင်းနှင့်ချီ၍ ပြန်လည် ထွက်ခွါသွားခဲ့မှုများ ဖြစ်ပွားခဲ့ရသည်။

အိန္ဒိယ ပြည်ထဲရေးဌာနက ပိတ်ပင်လိုက်မှုကြောင့် အဆိုပါ Burma Riots Thrilling Pictures 2012 အား အင်တာနက်ပေါ်တွင် ကြည့်ရှု၍ မရတော့ပေ။
mizzimaburmese.com

Aung San Suu Kyi's Address to U.S. Congress


Published on Sep 19, 2012 by
Nobel Laureate and Burmese Opposition leader, Aung San Suu Kyi received the Congressional Gold Medal for her commitment to democracy, peace and human rights on Wednesday. The medal is the U.S. Congress' highest honor.
Suu Kyi is on a 17-day U.S. tour and met with Secretary of State Hillary Clinton at the State Department on Tuesday.
In 1991, she was under house arrest when awarded the Nobel Peace prize. She accepted the award in person June 16, 2012 in Oslo, Norway.

Watch the full event here:
http://www.c-span.org/Events/Burmese-Opposition-Leader-Receives-Congressional...
Join the conversation on Facebook
http://www.facebook.com/thedailyconversation
Add TDC to your circles on Google+
https://plus.google.com/100134925804523235350/posts
Follow The Daily Conversation on Twitter
http://www.twitter.com/thedailyconvo

Keywords:
TDC TheDailyConversation The Daily Conversation Daw Aung San Suu Kyi Accepts Congressional Gold Medal US United States Congress speech capital america american burma opposition Nobel Peace Prize Secretary of State Hillary Clinton leader house arrest Speaker of the House John Boehner, Senate Majority Leader Harry Reid, Senate Republican Leader Mitch McConnell, House Democratic Leader Nancy Pelosi, Secretary of State Hillary Rodham Clinton and Former First Lady of the United States Laura Bush military democracy friend TDC TheDailyConversation

ဒေါ်အောင်ဆန်းစုကြည် ဝါရှင်တန်မြန်မာမိသားစုနှင့် တွေ့ဆုံနှုတ်ဆက်

ခွန် ဒီးယမ်