Friday, September 21, 2012
ဇွန် ၈ ရက်နေ့တွင် ကျောင်းအုပ်ဆရာကြီးနှင့် ဒေသခံများအား သတ်ဖြတ်သော တရားခံအား နစကဖမ်းဆီး
ကိုသောင်း ပုလဲမြေ
Thursday, 20 September 2012
-----------------------------------------------------------
mgchanthar
မောင်တောမြို့နယ် အခြေစိုက် နစက က ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွင် ကျောင်းအုပ်ဆရာကြီးနှင့် ဒေသခံ တချို့အား သတ်ဖြတ်ခဲ့မှုတွင် ပါဝင်ခဲ့သော အကြမ်းဖက်သမား တရားခံ မိုဟာမတ် အာလာမ် (၄၀)နှစ်အား တနင်္ဂနွေ (၁၆)ရက်နေ့က လိုက်လံဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
နစကထံ ဖမ်းဆီးခံရသူမှာ မောင်တောမြို့ မင်္ဂလာကြီးနယ်မြေမှ မိုဟာမတ် ဇော်လိလေရ်၏သား အာလာမ်ဖြစ်ကြောင်းနှင့် အရေးအခင်းကာလတွင် ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာနှင့် ဒေသခံတချို့အား ၎င်းအပါအ၀င် ဇွန် ၈ ရက်နေ့က သတ်ဖြတ်ခဲ့မှုတွင် ပါဝင်ခဲ့ကြောင်း နစကမှ ထုတ်ဖေါ် ပြောဆိုသည်။
သို့သော်လည်း ကျောင်းအုပ်ဆရာကြီးနှင့် ဒေသခံများအား သတ်ဖြတ်ရာတွင် အဓိက ပါဝင်ခဲ့သူ အကြမ်းဖက်သမား တရားခံဖြစ်သော၊ မူးယစ်မှောင်ခိုသမားများဖြစ်သော ကျန် ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရှိရသည်။
ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာအား သတ်ဖြတ်သော တရားခံမှာ အာလာမ် အပါအ၀င် တခြားဘင်္ဂလီ အကြမ်းဖက်သမားများဝိုင်းပြီး ဓါးဖြင့်ခုတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြက်သက်သေ ဒေသခံနှင့် သရီကုန်ဘောင်တွင် တာဝန်ထမ်းဆောင်နေခဲ့သော ကျောင်းဆရာမများက ပြောသည်။
တရားခံ အာလာမ်မှာ ကျောင်းအုပ်ဆရာကြီးများနှင့် ဒေသခံရခိုင်လူထုများအား သတ်ဖြတ်ပြီး မောင်တောမြို့နှင့် မျက်နှာချင်းဆိုင် တည်ရှိသော ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တာခ်နာမြို့ ကားဂိတ်အနီးရှိ ၎င်း၏ညီ နုရုလ်အာမိ နေအိမ်သို့ ၃ လခန့် တိမ်းရှောင်နေခဲ့ပြီး ယခုမောင်တောမြို့သို့ ပြန်လည်ရောက်ရှိချိန်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း နစကမှ ပြောသည်။
အာလာမ် အနေဖြင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံအတွင်း ၎င်းအကြမ်းဖက်ခဲ့သော ဓါတ်ပုံနှင့် သတင်းအမှားများကို ဖြန့်ချီခဲ့ကြောင်းနှင့် ဘင်္ဂလီများအား လူမျိုးရေး၊ ဘာသာရေးအရ စည်းရုံးပြီး ရခိုင်ပြည်သို့ သွားရောက်ကာ တိုက်ပွဲဝင်ရန်လိုအပ်ကြောင်း လှုံဆော်ခဲ့ကြောင်း စုံစမ်း သိရှိရသည်။
သက်ဆိုင်ရာမှ စစ်ဆေးချက်များအရ အာလာမ်မှာ မြန်မာ-ဘင်္ဂလာနှစ်နိုင်ငံအကြား မူးယစ်ဆေးဝါးများအား ဂိုဏ်းဖွဲ့ပြီး မှောင်ခိုတင်ပို့ နေသောသူဖြစ်ကြောင်း နစကမှ ဆိုသည်။
အဆိုပါ ညီအစ်ကို နှစ်ဦးမှာ ရာဘားမူးယစ်ဆေးဝါးများအား လုပ်ဆောင်နေသူဖြစ်ကြောင်း၊ ဘင်္ဂလာသို့ ထွက်ပြေးလာပြီးနောက်ပိုင်း မူးယစ်ဆေးဝါးများ ထပ်မံလုပ်ဆောင်နိုင်ရန် မောင်တောမြို့နယ်ရှိ နစကအရာရှိတဦးနှင့် အဆက်အသွယ်ပြုလုပ်ပြီး စက်တင်္ဘာ ၁၆ ရက်နေ့က လှေဖြင့်နတ်မြစ်ဖြတ်ကျော်၍ မိမိနေအိမ် မင်္ဂလာကြီးနယ်မြေသို့ ရောက်လာချိန်တွင် နစကမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက ပြောသည်။
ယခုအခါ သက်ဆိုင်ရာမှ အသေးစိပ်စစ်ဆေးချက်များကို မေးမြန်းနေကြောင်းနှင့် ဥပဒေကြောင်းအရ သေဒဏ်ချမှတ်နိုင်ကြောင်း မောင်တောမြို့နယ် ဒေသခံများက ဆိုသည်။
ဇွန် ၈ ရက်နေ့က စတင်အကြမ်းဖက်သော ကာလတွင် သတ်ဖြတ်ခံရသည့် ကျောင်းအုပ်ဆရာကြီးများမှာ ၎င်း၏တပည့်များဖြစ်သော ယင်းဖေါ်ပြပါ ဘင်္ဂလီကျောင်းဆရာများထံ အသတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ယင်းအကြမ်းဖက်သမားများမှာ ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာ (မောင်တောမြို့နယ် သရီကုန်ဘောင်ရွာ)၏ နေအိမ်သို့ နေ့စဉ်ဝင်ထွက်သွားလာ စားသောက်နေကြသူများလည်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ သရီကုန်ဘောင်ကျေးရွာတွင် ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာ၊ ဦးဘဒို၊ ဦးအောင်သိန်းလှနှင့် တချို့သူများအား သတ်ဖြတ်ရာတွင် ပါဝင်ခဲ့သော တရားခံများမှာ မော်ဇူရာမာန်၊ အောင်မြင့်နှင့် ခင်မောင်ထူး တို့ပါဝင်ခဲ့ကြောင်း သိရှိရသည်။
ကျောင်းအုပ်ဆရာကြီးတွင် သမီး မလဲ့လဲ့သန်း (၈)တန်းနှင့် သားတဦးကျန်ရစ်ခဲ့ကြောင်းနှင့် ဇနီးဖြစ်သူ ဆရာမကြီးမှာလည်း အကြမ်းဖက်သမားများ၏ ဓါတ်းဒဏ်ရာဖြင့် မထနိုင်သေးကြောင်း သိရှိရသည်။ ဦးမောင်ချမ်းသာမှာ မသေခင် မိမိနေအိမ်အတွင်း ကျောင်းဆရာ၊ ဆရာမများအား သိမ်းဆည်းထားခဲ့ပြီး ၎င်းတို့လွတ်မြောက်ရန် ရှေ့ကကာကွယ်ပေးခဲ့ကြောင်းနှင့် နောက်ဆုံးတွင် တပည့်များ၏ လက်ချက်ကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အနေဖြင့် ရခိုင်ပြည်နယ်အကြမ်းဖက်မှုနှင့် ဆက်စပ်မှုရှိသည့် UNHCRနှင့် INGOမှ ၀န်ထမ်းများအား ဥပဒေပုဒ်မ အမှုများဖြင့် သြဂုတ် ၂၄ ရက်နေ့က အသီးသီး ထောင်ပြစ်ဒဏ် ၂ နှစ်မှ ၆ နှစ်အထိ မောင်တောမြို့ တရားရုံးက ချမှတ်ထားသော ခင်မောင် (ခ) အဏ္ဏ၀ါဆာဒတ်၊ ခင်မောင်ဆွေ (ခ) တာရတ်နှင့် ချိုလေးမာခါတုန်တို့ကို သမ္မတအာဏာဖြင့် သြဂုတ် ၂၈ ရက်နေ့က လွှတ်ပေးခဲ့သည်။
ယင်းရခိုင်ပြည်နယ်အတွင်း ဇွန်လ ၈ ရက်နေ့က စတင်ခဲ့သည့် အကြမ်းဖက်သမားများ သောင်းကျန်းမှုတွင် နေအိမ်စုစုပေါင်း ၃၀၀၀ ကျော်၊ သေဆုံးသူ ၁၀၀ ဦးခန့်၊ ဒဏ်ရာရရှိခဲ့သူ ၃၈ ဦး၊ ဘုန်းတော်ကြီးကျောင်း ၁၅ ကျောင်း၊ ဗလီကျောင်း ၇ ခု၊ ဒုက္ခသည်စခန်း ၃၇ နေရာရှိခဲ့ကြောင်းနှင့် ဒုက္ခသည် စုစုပေါင်း ၉၀၀၀၀ ခန့်ရှိခဲ့ကြောင်း သိရှိရသည်။
မြန်မာအပေါ် ဘဏ္ဍာရေးအကူအညီ ကန့်သတ်မှု ဖြေလျှော့ရေး အမေရိကန်အောက်လွှတ်တော် ထောက်ခံ
Eleven Media Group
မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အမေရိကန်ပြည်ထောင်စု၏ ဘဏ္ဍာရေးအကူအညီ ကန့်သတ်ထားမှု ဖြေလျှော့ပေးရေး ဥပဒေမူကြမ်းကို အမေရိကန် အောက်လွှတ်တော်က စက်တင်ဘာလ ၁၉ ရက်နေ့က ထောက်ခံခဲ့ပါသည်။
အောက်လွှတ်တော်က အတည်ပြုလိုက်သည့် အဆိုပါဥပဒေကြမ်းအရ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (
IMF) တို့မှတစ်ဆင့် မြန်မာနိုင်ငံကို ဘဏ္ဍာရေး အကူအညီ ပေးနိုင်တော့မည် ဖြစ်သည်။ သို့ရာတွင် အဆိုပါဥပဒေကြမ်းအနေဖြင့် အမေရိကန်အထက်လွှတ်တော်၏ အတည်ပြုချက်ကို ရယူရဦးမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေမှုများအတွက် ချီးမြင့်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့အရေးယူမှုများကို တစ်ဆင့်ပြီးတစ်ဆင့် ဖြေလျှော့လျက်ရှိနေသည်။
အမေရိကန်ကွန်ဂရက်လွှတ်တော်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အရပ်သူအရပ်သားများအား ပေးအပ်သည့် ဆုများအနက် အမြင့်ဆုံးဖြစ်သည့် အမေရိကန် ကွန်ဂရက် ရွှေတံဆိပ်ဆုကို စက်တင်ဘာလ ၁၉ ရက်နေ့က ပေးအပ်ခဲ့ပြီး နာရီပိုင်းအကြာတွင် အမေရိကန်အောက်လွှတ်တော်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အမေရိကန်ပြည်ထောင်စု၏ ဘဏ္ဍာရေးအကူအညီ ကန့်သတ်ထားမှု ဖြေလျှော့ပေးရေး ဥပဒေမူကြမ်းကို ထောက်ခံခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ဖြေလျှော့မှုကို အလေးအနက် ထောက်ခံကြောင်း အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီသို့ ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပြောကြားခဲ့သည်။
လက်ရှိ၌ မြန်မာနိုင်ငံအား ငွေကြေးချေးငှားခြင်းကို အမေရိကန်အစိုးရက ဗီတိုအာဏာနှင့် ပယ်ချရန် ဥပဒေ ပြဋ္ဌာန်းထားကြောင်းနှင့် ငွေကြေး ချေးငှားမှု ပြန်လည် မစတင်မီ မြန်မာနိုင်ငံအနေဖြင့် အဆိုပါဖွံ့ဖြိုးရေးဘဏ်များအပေါ် တင်ရှိနေသည့် ကြွေးကျန်များကို ပြန်ဆပ်ရမည်ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလ ၂၁ ရက်နေ့ ဖားကန့်မြို့ ရေကြီးရေလျှံမှုမြင်ကွင်း
Eleven Media Group
ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်ရှိ စစ်ဘေးတိမ်းရှောင်လာသူများအတွက် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းများတွင် အလှူရှင်များ ရှားပါးလာသြ ဖင့် ဆက်လက်ရပ်တည်ရန် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း အဆိုပါကယ်ဆယ်ရေးစခန်းများမှ တာဝန်ရှိသူများထံမှ သိရှိရသည်။ ဖားကန့်မြို့ပေါ်တွင် ကယ်ဆယ်ရေးစခန်းများကို သြဂုတ်လ တတိယပတ်အတွင်းမှ စတင်၍ ဖွင့်လှစ်ကာ စောင့်ရှောက်ကူညီမှုများ ပြုလုပ်နေရာမှ ယခုစက်တင်ဘာလ ၂၁ ရက်နေ့အထိ ကယ်ဆယ်ရေးစခန်းပေါင်း ၃၈ ခု ရှိသွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်
အင်းယားကန်ဘောင်တွင် ငြိမ်းချမ်းရေးနေ့ အမှတ်တရ ကျောက်တိုင် စိုက်ထူ
Published on Sep 21, 2012 by BurmaVJMedia
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် တနိုင်ငံလုံး စစ်ပွဲရပ် ဟု အမည်ပေးထားသည့် လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်ပွဲနှင့် ငြိမ်းချမ်းရေးဆုတောင်းပွဲကို ဒီကနေ့ မနက် ၁၀း၃၀ နာရီခွဲ အချိန်မှစတင်၍ ရန်ကုန်မြို့ ဆူးလေဘုရားလမ်း မြို့တော်ခန်းမမှ စတင်ကာ မဟာဗန္ဓုလပန်းခြံမှ စတင်ကာ ဗိုလ်တထောင်ဘုရားသို့ စီတန်းလမ်းလျှောက်ကြပါသည်။ အဲ့ဒီကမှတဆင့် ယုဇနပလာဇာရှေ့မှ တာမွေ အ၀ိုင်းထိပ်သို့ ဆက်လက် ချီတက် လမ်းလျှောက်သွားကြပါသည်။ လမ်းလျှောက်ချီတက်သူများ ဖြတ်သန်းသွားရာ လမ်းတလျှောက် မြို့နယ်ရဲတပ်ဖွဲ့မှူးများနဲ့ ရဲတပ်ဖွဲ့ဝင်များက တားဆီးပြီး မေတ္တာရပ်ခံ ပန်ကြားမှုတွေ ပြုလုပ်ခဲ့ပေမဲ့ လမ်းလျှောက်သူများကတော့ ဆက်လက် ချီတက် ဆန္ဒထုတ်ဖော်နေကြပါသည်။ အခုအခါမှာတော့ လမ်းလျှောက်ချီတက်သူများဟာ လှည်းတန်းလမ်းဆုံ အင်းယားကန်ဘောင်သို့ ဆက်လက် ချီတက်သွားနေကြပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်/ကျေးညီလာခံ ကြေညာစာတမ်း
ဒေါ်အောင်ဆန်းစုကြည်NED Dem Awardလက်ခံရယူ
Published on Sep 21, 2012 by RFABurmeseVideo အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော်က အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီထွန်းကား ရေး အဖွဲ့ကြီးတခုဖြစ်တဲ့ NED အဖွဲ့က မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ဒီမိုကရေစီ ဆုချီးမြင့်ခဲ့ပါတယ်။
ခွန် ဒီးယမ်
ရုရှနိုင်ငံ ကရင်မလင်နားမှာ နိုင်ငံရေးသီချင်း သွားအော်ဆိုလို့ အဖမ်းခံထားရတဲ့ ကြောင်သောင်းကြမ်းအဆိုတော်အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသူ တိုလော့ကွန်နစ်ကော့ဗာ ရဲ့ ခင်ပွန်းသည် ပီတာဗာဇီလော့နဲ့ သမီးလေး ဂါရာ အမေစုကို Amnesty International ပွဲမှာ ပန်းစည်းလက်ဆောင် ပေးအပ်စဉ် (20-9-2012)
(အဲ့ဒီအဆိုတော်အားလုံးကို ပြန်လွှတ်ပေးဖို့ ရုရှအစိုးရကို ဒီပွဲမှာ အမေစု တောင်းဆိုလိုက်ပါတယ်)
အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘိန်နာနဲ့အတူ သူ့ရုံးဝရန်တာကတဆင့် ဝါရှင်တန်မြို့တော်ရဲ့ ရှုခင်း ကြည့်ရှူ
ဒီမို ဖက်တီး
ဒေါ်အောင်ဆန်းစုကြည်ဟာ သောကြာနေ့ ညနေခင်းမှာပဲ နယူးယောက်မြို့ အခြေစိုက် Atlantic ကောင်စီအဖွဲ့က ကျင်းပတဲ့ ဂုဏ်ပြုညစာစားပွဲကို တက်ရောက်မှာဖြစ်ပြီး အဖွဲ့ကြီးက ချီးမြင့်တဲ့ ကမ္ဘာ့နိုင်ငံသားဆု Global Citizen Award ကို လက်ခံရယူမှာဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Henry Kissinger ၊ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးဟောင်း Sadako Ogata နဲ့ လူသားချင်း စာနာမှု အကူအညီပေးသူ ဂီတပညာရှင် Quincy Jones တို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူု ဂုဏ်ပြုချီင်္းမြင့်မှာ ဖြစ်ပါတယ်။
ထိန်းသိမ်းခံနေရသော ရုရှားပန့်ခ်ဂီတ Pussy Riots အဖွဲ့ဝင်များ ပြန်လွှတ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်တောင်းဆို
7Day News Journal
ဝါရှင်တန်၊ စက်တင်ဘာ - ၂၁
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရုရှားနိုင်ငံမှ ပန့်ခ်ဂီတအဖွဲ့ Pussy Riots ၏ အဖွဲ့ဝင်များအား ထိန်းသိမ်းထားရာမှ ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။
အမေရိကန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က ယခု တောင်းဆိုမှုကို လူငယ် ၃၀၀ ခန့်နှင့် တွေ့ဆုံပွဲတစ်ခု၌ မေးခွန်းတစ်ခုကို ပြန်လည်ဖြေဆိုရင်း ပြောခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)က ပြုလုပ်ခဲ့သော အဆိုပါတွေ့ဆုံပွဲတွင် ပရိသတ်တစ်ဦးက Pussy Riots အဖွဲ့နှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ``ကျွန်မအနေနဲ့ တစ်ဖွဲ့လုံးကို ဖြစ်နိုင်သမျှမြန်မြန် လွှတ်ပေးတာ မြင်ချင်ပါတယ်´´ဟုပြောကြားခဲ့သည်။
ထို့အပြင် သူမက အဖွဲ့၏ဖျော်ဖြေပုံနှင့်ပတ်သက်၍ ``သီချင်းထဲမှာ တခြားသူတွေအဖို့ စက်ဆုပ်ရွံရှာစရာ တစ်ခုခုများ ရှိနေခဲ့လို့လား´´ဟုလည်း ပြန်လည်မေးမြန်းခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်များသည် ရုရှားအစိုးကို ဝေဖန်ခြင်းဖြစ်နိုင်ပါသလားဆိုသော မေးမြန်းမှုကိုလည်း သူမက ``အစိုးရများသည် ဝေဖန်ရေးကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားရမည်´´ဟု ဖြေကြားခဲ့သည်။
သူမက Pussy Riot အဖွဲ့၏ သီချင်းများနှင့်ပတ်သက်၍ ``ကိုယ်က တခြားသူတွေကို တစ်ဦးချင်း တိုက်ခိုက်စော်ကားနေတယ်ဆိုရင်တော့ ဒါဟာ ကွဲပြားခြားနားတဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်´´ဟုလည်း ရှင်းပြခဲ့သည်။
ရုရှားပန့်ခ်အဖွဲ့ Pussy Riots သည် ပြီးခဲ့သည့် သြဂုတ်လက ဘာသာရေးအမုန်းပွားမှုဖြစ်အောင် လှုံ့ဆော်သည်ဟူသောစွဲချက်ဖြင့် ရဲဘက်စခန်းတွင် ထောင်ဒဏ် ၂နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ ယင်းအဖွဲ့သည် အောက်တိုဘာလ ၁ ရက်၌ ရုရှားအာဏာပိုင်များထံ အယူခံဝင်သွားမည်ဟုသိရသည်။
AI အဖွဲ့က ပြုလုပ်ခဲ့သော ယခုဆွေးနွေးပွဲတွင် Pussy Riots အဖွဲ့ဝင်တစ်ဦး၏ ခင်ပွန်းဖြစ်သူ Pyotr Verzilov လည်း ပါဝင်ခဲ့သည်။
REF: SBS.COM
ခွင့်ပြုချက်မရဘဲ ပြည်တွင်းစစ်ပွဲများရပ်တန့်ရေး လမ်းလျောက်ဆန္ဒဖော်ထုတ်သူများကို စခန်း ၁၀ ခုတွင်အမှုဖွင့်
7Day News Journal
ရန်ကုန်၊ စက်တင်ဘာ-၂၁
ပြည်တွင်းစစ်ပွဲများရပ်တန့်ရေးအတွက် ယနေ့ လမ်းလျောက်ဆန္ဒဖော်ထုတ်ခဲ့ကြသူများအား ၄င်းတို့ဖြတ်လျောက်ရာလမ်းတစ်လျောက်ရှိ မြို့နယ်ရဲစခန်း ၁၀ ခုတွင်အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေက ပြောကြားသည်။
"လမ်းလျောက်ဖို့အတွက်တင်တဲ့လျောက်လွှာထဲမှာပါတဲ့ ခေါင်းဆောင်တွေ ပြီးတော့နောက်ထပ်ဘယ်သူတွေပါမလဲဆိုတာကတော့ သူတို့ကိုစစ်ဆေးပြီးမှသိပါမယ်။ လျောက်လွှာတင်တုန်းက ၂၀၀ ခုတော့ တစ်ထောင်ကျော်သွားပါတယ်" ဟု ဦးမြင့်ဆွေက သတင်းထောက်များသို့ပြောကြားသည်။
ယင်းဆန္ဒဖော်ထုတ်ပွဲနှင့်ပတ်သက်၍ မီဒီယာရှင်းလင်းပွဲတစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးတွင် ယခုကျင်းပလျက်ရှိသည်။
သြစတေးလျဝန်ကြီးချုပ် ဂျူလီယာဂျေးလတ်ရဲ့ သမိုင်းတင်သည့် ရဲရဲတောက်မိန့်ခွန်း
လွတ်လပ် ပွင့်လင်း ဝေမျှခြင်း သူမဟာ မိမိရဲ့ ခိုင်မာပြတ်သားတဲ့ ရပ်တည်ချက်ကနေလျော့မပေးနိုင်ကြောင်းကိုထပ်လောင်းအတည်ပြုလိုက်တာကြောင့် သူမရဲ့ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေရဲ့ အခွင့်
အရေးအပေါ် ယုံကြည်ချက်ကို ချီးကျူးထောပနာ ပြုသင့် လှပါတယ်။ ဒီလို တစ်ယောက်တစ်လေက ဦးဆောင်ပြောဆိုတာကို ကြား
ရတော့ လေသင်းရနံ့လေးကို ရှူရှိုက်လိုက်ရသလိုပါပဲ။
"သြစတေးလျ ဝန်ကြီးချုပ် ထပ်မံပြောဆိုလိုက်ပြန်ခြင်း"
ဒီအမျိုးသမီးကိုတော့ ကမ္ဘာ့ခေါင်းဆောင်ကြီးတောင် ခန့်အပ်ဖို့ကောင်းနေပါပြီ။
ဒီထက်မှန်တဲ့စကားမျိုးကို ဘယ်တုန်းကမှ မပြောခဲ့ကြဘူးပါလား။ဒီအမျိုးသမီးဟာ သတ္တိဗျတ္တိအတော်အတန်ရှိသူမို့ ကမ္ဘာက ကြား
သင့်တဲ့ ဒီစကားမျိုးကို ပြောဝံ့တာပါ။ တုံ့ပြန်မှုတွေကို အကြီးအကျယ်ရှိလာနိုင်စရာပါ။ ဒါပေမယ့် အနည်းဆုံး သူမဟာ သူနဲ့သြစတေးလျ
နိုင်ငံရဲ့ ယုံကြည်ချက်ကို ချပြလိုက်တာပါပဲ။
ဝန်ကြီးချုပ် ဂျူလီယာဂျေးလတ်က အစ္စလာမ်ရှရိယာဥပဒေနဲ့အညီနေထိုင်လိုတယ်ဆိုတဲ့ သြစတေးလျ မွတ်စ်လင်တွေကို ဒီကထွက်သွား
ကြဖို့ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုကြီးတွေကို တားဆီးနုင်ဖို့ရာ အစိုးရင အစွန်းရောက်သမားတွေအပေါ်
ဦးတည်အာရုံစိုက်နေချိန် ဒီလိုပြောကြားလိုက်တာပါ။
သီးခြားအနေနဲ့ ဂျေးလတ်က သူမဟာ နိုင်ငံက မွတ်စ်လင်ဗလီတွေကိုသူလျှိုအဖွဲ့အစည်းတွေက စောင့်ကြပ်ကြည့်ရှုနေတာကို ထောက်ခံ
အားပေးကြောင်း၊ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်လို့ သြစတေးလျမွတ်စ်လင်များကို ဒေါသထွက်စေခဲ့တာပါ။
သူ့စကားတွေကို ကိုးကားရရင် -
"ပြည်ပက လာရောက်နေထိုင်သူတွေကသာ အသားကျအောင် လုပ်ရမှာလေ၊ သြစတေးလျသားတွေက လုပ်ရမှာ မဟုတ်ဘူး။ နေချင်နေ၊ မနေချင်ထွက်သွား"
"တို့ဟာ တချို့ပုဂ္ဂလိကတွေနဲ့ သူတို့ရဲ့ယဉ်ကျေးမှုတွေကို စော်ကားနေမိသလားဆိုတာကို တွေးတွေးပူနေရတဲ့ ဒီနိုင်ငံအတွက် ကျွန်မငြီးငွေ့လာရပါပြီ။ ဘာလီကျွန်းတိုက်ခိုက်မှုပြီးကတည်းက ကျွန်မတို့ သြစတေးလျသားအများစုမှာ မျိုးချစ်စိတ်ဓာတ်တွေ တရှိန်ထိုး တိုးမြင့်လာတာ လက်တွေ့သိခဲ့ရပြီ"
"ကျွန်မတို့ ယဉ်ကျေးမှုဟာ အနှစ် ၂၀၀မျှမက အမျိုးသား အမျိုးသမီး သန်းပေါင်းများစွာက ရုန်းကန်ကြိုးစားတိုက်ပွဲဝင်အောင်ပွဲဆင်ပြီးမှ ဖွံ့ဖြိုးတိုးတက်လာခဲ့တာပါ"
"ကျွန်မတို့ အင်္ဂလိပ်စကားကိုပဲ အဓိကပြောပါတယ်။ စပိန်၊ လက်ဘနွန်၊ အာရပ်၊တရုတ်၊ ဂျပန်၊ ရုရှားနဲ့ အခြားဘာသာစကားတွေမပြောပါဘူး။ ဒါကြောင့် ရှင်တို့ ကျွန်မတို့လူ့အသိုင်းအ၀ိုင်းမှာ အပါအ၀င်ဖြစ်ချင်တယ်
ဆိုရင် ဒီဘာသာစကားကို သင်ကြားပါ"
"သြစတေးလျလူမျိုးအားလုံးဟာ ဘုရားသခင်ကို ယုံကြည်ကြပါတယ်။ခရစ်ယာန် တချို့တလေကြောင့်၊ လက်ယာဝါဒီကြောင့်၊ နိုင်ငံရေးနှိုးဆော်ချက်စတာတွေကြောင့် မဟုတ်ပါဘူး။ ခရစ်ယာန်အမျိုးသား အမျိုးသမီးများ
က ဒီနိုင်ငံတော်ကြီးကို ခရစ်ယာန်အယူဝါဒအပေါ် အခြေပြုကာ ထူထောင်ခဲ့ကြကြောင်းကို ရှင်းလင်းစွာ ကမ္ဗည်းအက္ခရာတင်ခဲ့ကြတာပါ"
"ဒီအကြောင်းကို ကျွန်မတို့ စာသင်ခန်းနံရံတွေမှာ ဖော်ပြထားနိုင်မယ်ဆိုရင်သင့်လျော်မှာပါ။ ဘုရားသခင်နဲ့သင် အဆင်ပြေဖို့မရှိဘူးဆိုရင် သင့်ရဲ့အိမ်ယာသစ်အတွက် ကမ္ဘာ့အခြားတစ်နေရာမှာသာ စဉ်းစားပါတော့လို့ ကျွန်မအကြံပေးပါရစေ"
"ဘာလို့လဲဆိုတော့ ဘုရားသခင်က ကျွန်မတို့ ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းဖြစ်လို့ပါပဲ"
"ကျွန်မတို့ဟာ သင်တို့ရဲ့ ယုံကြည်မှုတွေကို လက်ခံပါတယ်။ ဘာညာမေးခွန်းထုတ်နေမှာလည်း မဟုတ်ပါဘူး။ ကျွန်မတို့ တောင်းဆိုနေတာတစ်ခုလုံးကသင်လည်း ကျွန်မတို့ယုံကြည်ချက်တွေကို လက်ခံဖို့၊ ကျွန်မတို့နဲ့အတူတကွ
အေးအေးချမ်းချမ်း အဆင်ပြေပြေ နေထိုင်သွားကြဖို့ပါပဲ"
"ဒါဟာ ကျွန်မတို့ရဲ့တိုင်းပြည်၊ နယ်မြေ နေထိုင်မှုပုံစံပါ။ အဲဒီ့ခံစား စံစားခွင့်အားလုံးကို သင်တို့ကို ကျွန်မတို့က ပေးအပ်မှာပါ။ ဒါပေမယ့် သင်က ကျွန်မတို့ရဲ့ အလံ၊ ကျွန်မတို့ရဲ့ အဓိဋ္ဌာန်၊ ကျွန်မတို့ရဲ့ ခရစ်ယာန်အယူ သို့မဟုတ်ကျွန်မတို့ လူနေမှုဘ၀ကို ဆန့်ကျင်ကန့်ကွက် ငြင်းခုံလာမယ်ဆိုရင်တော့ကျွန်မ အလေးအနက် အားပေးချင်တာကတော့ သြစတေးလျသားတို့ရဲ့
အခြားသော လွတ်လပ်ခွင့်ကြီးတစ်ခုဖြစ်တဲ့ "ထွက်သွားနိုင်ခွင့်"ကို ရယူလိုက်ကြဖို့ပါပဲ"
"သင် ဒီမှာမပျော်ရွှင်ဘူးဆိုရင် ပြန်သွားပါ။ ကျွန်မတို့ သင့်ကို အတင်းလာခိုင်းခဲ့တာလည်း မဟုတ်ပါဘူး။ သင်ကသာ လာနေပါရစေလို့ တောင်းဆိုခဲ့တာပါ။ ဒါကြောင့် သင့်ကို လက်ခံတဲ့ နိုင်ငံကို သင်ကလည်း လက်ခံပေးပါ။"
ဒါကတော့ သြစတေးလျ ဝန်ကြီးချုပ် ဂျူလီယာဂျေးလတ်ဆိုတဲ့ မိန်းမသားတစ်ယောက်ရဲ့ ရဲရဲတောက်မိန့်ခွန်းပါပဲ ..။ မြန်မာနိုင်ငံရဲ့ နိုင်ငံခေါင်းဆောင်များ၊ လူထုခေါင်းဆောင်များနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။
သူပြောခဲ့တဲ့ မိန့်ခွန်း၊ သူ့အတွေး၊ သူ့ခံယူချက်တွေဟာ လေးစားစရာ၊ အားကျစရာ၊ လိုက်နာစရာ ဖြစ်တယ်ဆိုတာ ..သင်လည်း မျိုးချစ်စိတ်ရှိသူတစ်ယောက်ဖြစ်မယ်ဆိုရင် ထပ်တူခံစားနားလည်နိုင်မှာပါ။
ဒါကြောင့် ..မြန်မာတွေကို သိစေချင်တာက ...
ကိုယ့်မြေကို ကိုယ်ကာကွယ်တာ .. အားနာစရာမဟုတ်။
ကိုယ့်တိုင်းပြည်ကို ကိုယ်ချစ်တာ ..ရှက်စရာမဟုတ်။
ကိုယ့်လူမျိုးကို ကိုယ်စောင့်ရှောက်တာ .. မျက်နှာငယ်စရာမဟုတ်။
-----------------------
သကျသစ္စာ
Photo: သြစတေးလျဝန်ကြီးချုပ် ဂျူလီယာဂျေးလတ်ရဲ့ သမိုင်းတင်သည့် ရဲရဲတောက်မိန့်ခွန်း
သူမဟာ မိမိရဲ့ ခိုင်မာပြတ်သားတဲ့ ရပ်တည်ချက်ကနေ
လျော့မပေးနိုင်ကြောင်းကို ထပ်လောင်းအတည်ပြုလိုက်
တာကြောင့် သူမရဲ့ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေရဲ့ အခွင့်
အရေးအပေါ် ယုံကြည်ချက်ကို ချီးကျူးထောပနာ ပြုသင့်
လှပါတယ်။
ဒီလို တစ်ယောက်တစ်လေက ဦးဆောင်ပြောဆိုတာကို ကြား
ရတော့ လေသင်းရနံ့လေးကို ရှူရှိုက်လိုက်ရသလိုပါပဲ။
"သြစတေးလျ ဝန်ကြီးချုပ် ထပ်မံပြောဆိုလိုက်ပြန်ခြင်း"
ဒီအမျိုးသမီးကိုတော့ ကမ္ဘာ့ခေါင်းဆောင်ကြီးတောင် ခန့်အပ်ဖို့
ကောင်းနေပါပြီ။
ဒီထက်မှန်တဲ့စကားမျိုးကို ဘယ်တုန်းကမှ မပြောခဲ့ကြဘူးပါလား။
ဒီအမျိုးသမီးဟာ သတ္တိဗျတ္တိအတော်အတန်ရှိသူမို့ ကမ္ဘာက ကြား
သင့်တဲ့ ဒီစကားမျိုးကို ပြောဝံ့တာပါ။ တုံ့ပြန်မှုတွေကို အကြီးအကျယ်
ရှိလာနိုင်စရာပါ။ ဒါပေမယ့် အနည်းဆုံး သူမဟာ သူနဲ့သြစတေးလျ
နိုင်ငံရဲ့ ယုံကြည်ချက်ကို ချပြလိုက်တာပါပဲ။
ဝန်ကြီးချုပ် ဂျူလီယာဂျေးလတ်က အစ္စလာမ်ရှရိယာဥပဒေနဲ့အညီ
နေထိုင်လိုတယ်ဆိုတဲ့ သြစတေးလျ မွတ်စ်လင်တွေကို ဒီကထွက်သွား
ကြဖို့ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှု
ကြီးတွေကို တားဆီးနုင်ဖို့ရာ အစိုးရင အစွန်းရောက်သမားတွေအပေါ်
ဦးတည်အာရုံစိုက်နေချိန် ဒီလိုပြောကြားလိုက်တာပါ။
သီးခြားအနေနဲ့ ဂျေးလတ်က သူမဟာ နိုင်ငံက မွတ်စ်လင်ဗလီတွေကို 
သူလျှိုအဖွဲ့အစည်းတွေက စောင့်ကြပ်ကြည့်ရှုနေတာကို ထောက်ခံ
အားပေးကြောင်း၊ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်လို့ သြစတေးလျမွတ်စ်လင်
များကို ဒေါသထွက်စေခဲ့တာပါ။
သူ့စကားတွေကို ကိုးကားရရင် -
"ပြည်ပက လာရောက်နေထိုင်သူတွေကသာ အသားကျအောင် လုပ်ရမှာ
လေ၊ သြစတေးလျသားတွေက လုပ်ရမှာ မဟုတ်ဘူး။ နေချင်နေ၊ မနေချင်
ထွက်သွား"
"တို့ဟာ တချို့ပုဂ္ဂလိကတွေနဲ့ သူတို့ရဲ့ယဉ်ကျေးမှုတွေကို  စော်ကားနေမိ
သလားဆိုတာကို တွေးတွေးပူနေရတဲ့ ဒီနိုင်ငံအတွက် ကျွန်မငြီးငွေ့လာရ
ပါပြီ။ ဘာလီကျွန်းတိုက်ခိုက်မှုပြီးကတည်းက ကျွန်မတို့ သြစတေးလျသား
အများစုမှာ မျိုးချစ်စိတ်ဓာတ်တွေ တရှိန်ထိုး တိုးမြင့်လာတာ လက်တွေ့သိ
ခဲ့ရပြီ"
"ကျွန်မတို့ ယဉ်ကျေးမှုဟာ အနှစ် ၂၀၀မျှမက အမျိုးသား အမျိုးသမီး သန်း
ပေါင်းများစွာက ရုန်းကန်ကြိုးစားတိုက်ပွဲဝင်အောင်ပွဲဆင်ပြီးမှ  ဖွံ့ဖြိုးတိုးတက်
လာခဲ့တာပါ"
"ကျွန်မတို့ အင်္ဂလိပ်စကားကိုပဲ အဓိကပြောပါတယ်။ စပိန်၊ လက်ဘနွန်၊ အာရပ်၊တရုတ်၊ ဂျပန်၊ ရုရှားနဲ့ အခြားဘာသာစကားတွေမပြောပါဘူး။ ဒါကြောင့် ရှင်တို့ ကျွန်မတို့လူ့အသိုင်းအ၀ိုင်းမှာ အပါအ၀င်ဖြစ်ချင်တယ်
ဆိုရင် ဒီဘာသာစကားကို သင်ကြားပါ"
"သြစတေးလျလူမျိုးအားလုံးဟာ ဘုရားသခင်ကို ယုံကြည်ကြပါတယ်။ 
ခရစ်ယာန် တချို့တလေကြောင့်၊ လက်ယာဝါဒီကြောင့်၊ နိုင်ငံရေးနှိုးဆော်
ချက်စတာတွေကြောင့် မဟုတ်ပါဘူး။ ခရစ်ယာန်အမျိုးသား အမျိုးသမီးများ
က ဒီနိုင်ငံတော်ကြီးကို ခရစ်ယာန်အယူဝါဒအပေါ် အခြေပြုကာ ထူထောင်
ခဲ့ကြကြောင်းကို ရှင်းလင်းစွာ ကမ္ဗည်းအက္ခရာတင်ခဲ့ကြတာပါ"
"ဒီအကြောင်းကို ကျွန်မတို့ စာသင်ခန်းနံရံတွေမှာ ဖော်ပြထားနိုင်မယ်ဆိုရင် 
သင့်လျော်မှာပါ။ ဘုရားသခင်နဲ့သင် အဆင်ပြေဖို့မရှိဘူးဆိုရင် သင့်ရဲ့အိမ်ယာ
သစ်အတွက် ကမ္ဘာ့အခြားတစ်နေရာမှာသာ စဉ်းစားပါတော့လို့ ကျွန်မအကြံ
ပေးပါရစေ"
"ဘာလို့လဲဆိုတော့ ဘုရားသခင်က ကျွန်မတို့ ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်း
ဖြစ်လို့ပါပဲ"
"ကျွန်မတို့ဟာ သင်တို့ရဲ့ ယုံကြည်မှုတွေကို လက်ခံပါတယ်။ ဘာညာမေးခွန်း
ထုတ်နေမှာလည်း မဟုတ်ပါဘူး။ ကျွန်မတို့ တောင်းဆိုနေတာတစ်ခုလုံးက
သင်လည်း ကျွန်မတို့ယုံကြည်ချက်တွေကို လက်ခံဖို့၊ ကျွန်မတို့နဲ့အတူတကွ
အေးအေးချမ်းချမ်း အဆင်ပြေပြေ နေထိုင်သွားကြဖို့ပါပဲ"
"ဒါဟာ ကျွန်မတို့ရဲ့တိုင်းပြည်၊ နယ်မြေ နေထိုင်မှုပုံစံပါ။ အဲဒီ့ခံစား စံစားခွင့်
အားလုံးကို သင်တို့ကို ကျွန်မတို့က ပေးအပ်မှာပါ။ ဒါပေမယ့် သင်က ကျွန်မ
တို့ရဲ့ အလံ၊ ကျွန်မတို့ရဲ့ အဓိဋ္ဌာန်၊ ကျွန်မတို့ရဲ့ ခရစ်ယာန်အယူ သို့မဟုတ်
ကျွန်မတို့ လူနေမှုဘ၀ကို ဆန့်ကျင်ကန့်ကွက် ငြင်းခုံလာမယ်ဆိုရင်တော့ 
ကျွန်မ အလေးအနက် အားပေးချင်တာကတော့ သြစတေးလျသားတို့ရဲ့ 
အခြားသော လွတ်လပ်ခွင့်ကြီးတစ်ခုဖြစ်တဲ့ "ထွက်သွားနိုင်ခွင့်"ကို ရယူ
လိုက်ကြဖို့ပါပဲ"
"သင် ဒီမှာမပျော်ရွှင်ဘူးဆိုရင် ပြန်သွားပါ။ ကျွန်မတို့ သင့်ကို အတင်းလာ
ခိုင်းခဲ့တာလည်း မဟုတ်ပါဘူး။ သင်ကသာ လာနေပါရစေလို့ တောင်းဆိုခဲ့
တာပါ။ ဒါကြောင့် သင့်ကို လက်ခံတဲ့ နိုင်ငံကို သင်ကလည်း လက်ခံပေးပါ။"
ဒါကတော့ သြစတေးလျ ဝန်ကြီးချုပ် ဂျူလီယာဂျေးလတ်ဆိုတဲ့ မိန်းမသား
တစ်ယောက်ရဲ့ ရဲရဲတောက်မိန့်ခွန်းပါပဲ ..။ မြန်မာနိုင်ငံရဲ့ နိုင်ငံခေါင်းဆောင်
များ၊ လူထုခေါင်းဆောင်များနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။
သူပြောခဲ့တဲ့ မိန့်ခွန်း၊ သူ့အတွေး၊ သူ့ခံယူချက်တွေဟာ လေးစားစရာ၊ အား
ကျစရာ၊ လိုက်နာစရာ ဖြစ်တယ်ဆိုတာ ..သင်လည်း မျိုးချစ်စိတ်ရှိသူတစ်
ယောက်ဖြစ်မယ်ဆိုရင် ထပ်တူခံစားနားလည်နိုင်မှာပါ။
ဒါကြောင့် ..မြန်မာတွေကို သိစေချင်တာက ...
ကိုယ့်မြေကို ကိုယ်ကာကွယ်တာ .. အားနာစရာမဟုတ်။
ကိုယ့်တိုင်းပြည်ကို ကိုယ်ချစ်တာ ..ရှက်စရာမဟုတ်။
ကိုယ့်လူမျိုးကို ကိုယ်စောင့်ရှောက်တာ .. မျက်နှာငယ်စရာမဟုတ်။
                                -----------------------
သကျသစ္စာ
ရခိုင်အထူးစုံစမ်းရေးအဖွဲ့ က မစုံစမ်းတတ်သူများ မဖြစ်ကြပါစေနဲ့ 
သတင်းတပုဒ် ဖတ်ရတယ် ။ ပေါက်တောမြို့ နယ် လွှတ်တော်ကိုယ်စားလှယ်
ဦးတက်ထွန်းအောင်ကို အထူးစံစမ်းစစ်ဆေးရေးသမားတွေက မေးမြန်းခဲ့ တယ် ။
အဲဒီမှာ ဒေါ်သန်းသန်းနုတို့ လဲ ပါတယ် ။ ဦးတက်ထွန်းအောင်က
ဘင်္ဂလီကုလားတွေကို ၀န်ကြီးချုပ်ဟောင်း ဦးနုက သူ့ ပါတီမဲအနိုင်ရစေဖို့ 
လုပ်ပစ်ခဲ့ တာကို ပြောပြတယ် ။ ဒေါ်သန်းသန်းနုက ကျမက ဦးနုရဲ့ သမီးပါလို့ 
ပြန်ပြောတယ် ။ ဦးတက်ထွန်းအောင်က နာမည်ကြားဖူးပါတယ် ။ ဒါပေမဲ့  သူ့ ပါတီ
မဲအနိုင်ရဖို့ လုပ်တာကိုတော့ ပြောရမှာဘဲ ဆိုပြီး ပြောတယ် ။
        အဖေလုပ်သူရဲ့ ဒဏ်ကို သမီးဖြစ်သူက ခံစားရလေတယ်လို့ 
ဒေါ်သန်းသန်းနုက မှတ်ထင်သွားနိုင်တယ် ။ ဒါပေမဲ့  ရခိုင်လူမျိုးရဲ့
စိတ်ထဲမှာ အနာတရဖြစ်နေတဲ့  ဒီဒဏ်ကို ပြောနေတယ်ဆိုတာကိုတော့
နားလည်သွားပေးဖို့ လိုတယ် ။ ဒီ့နောက် ဆက်ပြီးတော့ အမေးအဖြေ လုပ်ရာမှာ
အံဝင်ကွင်မကျတာတွေ ဖြစ်လာတာတွေ့ ရတယ် ။  ဘယ်လိုဖြစ်တော့မှာလဲ ။
ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့  သမီးဖြစ်သူ ဒေါ်သန်းသန်းနုက
မေးစမ်းနေရတာကိုး ။
        ဦးတက်ထွန်းအောင်က ဘင်္ဂလီကုလားတွေရဲ့ ရန်စရှာမှုများ ၊
မုဒိမ်းမှုများ၊ လူသတ်မှုများကို ပြောပြတယ် ။ စုံစမ်းစစ်ဆေးသူတွေက ဒါတွေက
အတိတ်တွေကလို့  ဆိုပြီး မေးစရာမလိုသလို ပြောစရာမလိုလို့  ပြောတယ်တဲ့  ။
ကဲ - ဒီတော့ခါ သမ္မတဦးသိန်းစိန်အစိုးရက ရခိုင်ပြည်အတွက်
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဆိုပြီး ကိုယ်စားလှယ်အဖွဲ့ တွေဟာ
ဘာကိုအခြေခံပြီး မေးခွန်းထုတ်ရမှာလဲ ဆိုတာ မသိဘဲနဲ့  နာမည်ကြီးချင်လို့ 
ပါဝင်ချင်တာနဲ့ ကို သွားကြတာဖြစ်တယ် ။ ဒါက သမ္မတဦးသိန်းစိန်ရဲ့  စေတနာကို
စော်ကားသလို ဖြစ်ရပ်မှန်ကိုလဲ မှန်မှန်ကန်ကန် ဖြစ်စေမှာ မဟုတ်ဘူး ။
       နိုင်ငံတော်ကလဲ သိဖို့ ကောင်းပါတယ် ။ ရခိုင်ပြည်ကိစ္စမှာ
ဝန်ကြီးချုပ်ဦးနုဟာ စနက်တန်တချောင်းပါဘဲ ။ ဒါကို လောင်စာထည့်ပြီး
ဘာမှလုပ်စရာမလိုဘူး ။ သတိထားပြီး ကိုယ်စားလှယ်တွေ လုပ်ခိုင်းသင့်တယ် ။
ပြီးတော့ သတင်းသမားတွေ ဂျာနယ်လစ်တွေ အများကြီးတွေဘဲ ရှိနေတယ် ။ သူတို
့တွေကို ကိုယ်စားလှယ်တွေ လုပ်ပြီး စုံစမ်းစစ်ဆေးရေးလုပ်ခိုင်းရင်
ဖြစ်ရပ်မှန်သတင်းတွေ အထောက်အကူပြု အချက်အလက်တွေ ရရှိမှာဖြစ်တယ် ။
သိသာနိုင်ပါတယ် ။
         တချိန်က ကျနော်က တကယ့်ဖြစ်ရပ်မှန်မှုခင်း ဂျာနယ်မှာ သတင်းထောက်
တယောက်အဖြစ် ရေးသားခဲ့ သူဖြစ်တယ် ။ နေပြည်တော်ရဲက ထုတ်ဝေတဲ့  အယ်ဒီတာ
မောင်ယဉ်ကျော် ဦးစီးတဲ့ မှုခင်းဂျာနယ်ဆိုတော့ လူသတ်မှုသတင်းတွေဘဲပေါ့ ။
ရာဇ၀တ်မှုသတင်းကို ရေးသားရာမှာ အခြေခံအကြောင်းအရာတွေကို ဖေါ်ပြရတော့
စိတ်ဝင်စားစရာ အခြေခံအကြောင်းလေးတွေနဲ့  ဖေါ်ပြတယ် ။ ပြီးတော့
မပြီးပြတ်သေးတဲ့  ရန်ငြိုးရန်စတွေ ထိတ်လန့် စရာဖြစ်လာမဲ့  အခြေအနေတွေကို
ဖေါ်ပြတယ် ။ တကယ့်ဖြစ်ရပ်မှန်မှုခင်းဂျာနယ်ဟာ သာကေတမြို့ နယ်မှာ
ရှောင်တိမ်းနေတဲ့  လူသတ်သမား ရောက်နေတယ် ဆိုတဲ့  သတင်းခေါင်းစဉ်နဲ့ေ
ဖ်ါပြခဲ့ တယ် ။
စာဖတ်သူ ပရိတ်သတ်က စိတ်ထဲမှာ တခုခု ခံစားလာရတယ် ။
ရှေ့ဆက်ဘာဖြစ်မလဲဆိုပြီး စိုးရိမ်စိတ်တွေ ၀င်လာကြတယ် ။ လူသတ်သမားက
သာကေတမြို့ နယ် ရောက်နေပြီ မဟုတ်လား ။ ဒီလိုပါဘဲ ။ ရာဇ၀တ်မှုတွေကို
အခြေခံနေတဲ့  ရခိုင်ပြည်နယ်က သတင်းအချက်အလက်တွေကို စုံစမ်းသူများဟာ
သတင်းဂျာနယ်လစ်တွေ မဟုတ်ဘဲ မှတ်တမ်းတင် စာရေးတွေရဲ့ အလုပ်ကို
နိုင်ငံရေးပါတီက နိုင်ငံရေးသမားတွေကို ခိုင်းနေလို့ ကတော့ ဘာမှ
အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ထင်တယ် ။
       ဆိုလိုချင်တာက မေးတာစမ်းတာ အင်တာဗျုးတွေ လုပ်ခိုင်းတာက သတင်းထောက်
တွေ ဂျာနယ်လစ်တွေ သတင်းစာဆရာတွေကို လုပ်ခိုင်းတာပိုကောင်းပါတယ် ။
ပြီးတော့ ဒေါ်သန်းသန်းနုတို့ လို ရခိုင်လူမျိုးတွေအတွက် အနာဟောင်းကို
တူးဆွပေးမဲ့ သူတွေကိုလဲ မေးတာမြန်းတာများမှာ မပါဝင်စေချင်တာပါဘဲ ။
စုံစမ်းစစ်ဆေးတာများကို သုံးသပ်ပြီး စာရင်းပြုစု မာတိကာ ခွဲ တဲ့  သူအဖြစ်
 အသိအမှတ်ပြု ပေးလို့  ရပါတယ် ။
      ခုအချိန်ထိ စုံစမ်းစစ်ဆေးသူများရဲ့ လေ့လာချက်တွေကို ကြည့်တော့
သမိုင်းလိမ်ဘင်္ဂလီကုလားတွေရဲ့ သမိုင်းဆိုင်ရာအချက်အလက်များ ၊
ယဉ်ကျေးမှူလက်ရာများ ၊ စာပေများကို ဖေါ်ပြတင်ပြတာတွေ မရှိသေးဘူးဆိုတာပါဘဲ
။ ပါးစပ်ပြောနဲ့  ငါတို့ ဟာ လူမျိုးတပါလို့  ပြောလို့ မ ရသလို
လူမျိုးတမျိုးပါလို့  ပြောနိုင်တဲ့  အချက်အလက် တခုတလေကိုမှ
မတင်ပြနိုင်တာကို ထောက်ရှုရရင် ရခိုင်ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ
့ဟာ ရခိုင်ပြည်နယ်က ပြသနာ အဓိက အပိုင်းဟာ ဘာလဲဆိုတာကို သိနိုင်လောက်ပါပြီ
     ဇါဂနာပြောသလို သိပ်ကို ရှင်းနေပါတယ် ။  ကျနော်တို့  မေးစမ်းတဲ့ 
သူတွေဟာ ဘယ်သူကမှ ရိုဟင်ဂျာလို့  မပြောကြဘူး ။ ဘင်္ဂလီမွတ်ဆလင်
လူမျိုးပါလို့  ပြောတယ် ။ ရိုဟင်၈ျာလို့  ခေါ်စေချင်သလားလို့  မေးတာတောင်
အဲဒီလို ခေါ်စေချင်ရင် အဲလို ပြောမယ် ဆိုတာတောင် သူတို့ က မပြောပါဘူးတဲ့ 
။ သူတို့ ဟာ ဘင်္ဂလီလူမျိုးပါလို့  ပြောတာပါတဲ့  ။
ကျေးဇူးပါဘဲ ကိုဇါဂနာ -
ဒီလို ဗြောင်မေး ဗြောင်ပြောတဲ့  ခင်ဗျားကို ဒီနေရာမှာ ချီးကြူးပါရစေ ။
     ဒါပေမဲ့  နောက်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့ အနေနဲ့  မေးတာစမ်းတာ
အင်တာဗျူး လုပ်တဲ့ သူတွေဟာ  ဒေါ်သန်းသန်းနုတို့ လို ဟိုလူတွေက ဒီလို
ပြောနေတယ် ဆိုတာမျိုးလို နိမိတ်ပြ အင်တာဗျူးမျိုးနဲ့  မပြုလုပ်ကြပါနဲ့ 
မှာလိုက်ပါရစေ ။  နိုင်ငံရေးသမားတွေဟာ သတင်းသမားတွေရဲ့  အလုပ်ကို
မလုပ်တတ်ပါဘဲနဲ့  လုပ်လို့ ကတော့ လူမျိုလို့  လူမျိုးပျောက်မဲ့  အရေးကို
ကာကွယ်နေကြတဲ့ သူအဖို့   ပိုပြီးတော့ အန္တရယ်ရှိလာနိုင်တယ်ဆိုတာ
ပြောကြားချင်ပါတယ် ။
အောင်သာနီ
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှု
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် မြန်မာနိုင်ငံ ထာဝရ ငြိမ်းချမ်းရေး ရရှိရန်နှင့် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများ ရပ်တန့်ရန်အတွက် ယနေ့ လှုပ်ရှားမှုများ
ခွင့်ပြုမိန့်မရရှိခဲ့သော်လည်း ငြိမ်းချမ်းရေးအတွက် လှည့်လည် ဆန္ဒပြ။ ယနေ့ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲတွင် ဆူးလေ ဘုရားအနီး မြို့တော်ခန်းမ ရှေ့မှ စတင်စုဝေးကာ အထက်ပုဇွန်တောင်လမ်း၊ ဗညားဒလလမ်း၊ အရှေ့ရွှေ့ဂုံတိုင်လမ်း၊ လင့်လမ်း၊ ဓမ္မစေတီလမ်း၊ ဗားကရာလမ်း၊ ပြည်လမ်းတို့မှ ငြိမ်းချမ်းစွာ လှည့်လည် ဆန္ဒပြမည်ဖြစ်ပြီး ညနေ ၄ နာရီ ဝန်းကျင်တွင် အင်းလျားကန်ဘောင်သို့ စုဝေးရောက်ရှိမည် ဖြစ်ကာ လူဦးရေး သုံးရာကျော်ခန့် ယင်းလှုပ်ရှားမှုတွင် ပါဝမည်ဖြစ်သည်။
r The Voice Weekly
သားအမိနှစ်ဦးကို ကားဖြင့် တိုက်မိခဲ့သူအား ဖမ်းဆီးနိုင်ခြင်း မရှိသေး
The Voice Weekly
ရန်ကုန်၊ စက်တင်ဘာ ၂၁
ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်း ပေါ်တွင် စက်တင်ဘာ ၉ ရက်နေ့ည ၉နာရီ ၃၀မိနစ်တွင် သားအမိနှစ်ဦးအား တိုက်မိခဲ့သော ယာဉ်မောင်းနှင့် မော်တော်ယာဉ်အားအား ၁၀ရက်ကြာသည် အထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ယင်းအမျိုးသမီး၏ ဖခင်ဖြစ်သူ ဦးစိန်ထွန်းက The Voice Weekly သို့ပြောကြားသည်။
ယင်းနေညတွင် ဒေါ်ရီရီမြင့်သက် ၄၀ နှစ်သည် သားဖြစ်သူ မောင်ပြည့်စုံကျော်နှင့် အတူ ၎င်းတို့ နေထိုင်ရာ အမှတ် ၂ ရပ်ကွက်မှ နေ၍ အမှတ် ၁ ရပ်ကွက်သို့ သုဓမ္မာ လမ်းမကြီး မှတဆင့် ဖြတ်ကူးစဉ် မြောက် မှတောင်သို့ မောင်းနှင် လာသော လိုက်ထရပ် မော်တော်ယာဉ် အဖြူရောင် တစ်စီး လာသည်ကို မြင်သဖြင့် လမ်းလယ် အဖြူရောင် မျဉ်းပေါ်တွင် ရပ်တန့်နေစဉ် ယင်းယာဉ်မှ သားအမိနှစ်ဦးအား တိုက်မိကာ ထွက်ပြေးသွားကြောင်း ယင်းနေ့ညက မျက်မြင်များ၏ ပြောကြားချက်ကို ၎င်းက ဆက်လက် ပြောကြားသည်။
''ရောက်ပြီး နောက်နေ့မှာ ပထမဆုံး ဦးခေါင်းဒဏ်ရာကို ခွဲစိတ်ရတယ်၊ နောက် ၁၇ ရက်နေ့က တစ်ခါ ခွဲစိတ် ရတယ်၊ စရောက်ကတည်းက သတိ မရသေးဘူး၊ ဆရာဝန်ကြီး ပြောတာတော့ ၅၀/၅၀ တဲ့" ဟုယင်းက မြေးဖြစ်သူ၏ အခြေအနေကို ပြောဆိုသည်။
ယာဉ်တိုက်မှုများနှင့် ပတ်သက်၍ မျက်မြင်တွေ့ရှိသူများက သက်သေ မလိုက်ချင်ကြောင်း၊ ပြစ်မှုကျုးလွန်သူအား ဖမ်းဆီးနိုင်ရေးတွင် ၄င်းတို့၏ အကူအညီ လိုအပ်ပြီး စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်းအမှတ်(၇) နယ်မြေ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုရဲအုပ် အောင်ဇင်မျိုးမင်း က The Voice Weekly သို့ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ပြောကြားသည်။
"ရိုဟင်ဂျာ" ဟူသော အသုံးအနှုန်းရပ်တန့်ပေးပါရန်
မြတ်ဆုဝေ (သံတွဲ)
သို့
ပြည်တွင်း ပြည်ပ၌ရှိသော ရခိုင်တိုင်းရင်းသားများအပါအ၀င် မြန်မာပြည်ဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ အထူးသဖြင့် သတင်းမီဒီလောက၌ဖြတ်သန်းနေကြသော တိုင်းချစ်၊ ပြည်ချစ် ပုဂ္ဂိုလ်များအား အသိနှင့်သတိရှိစေရန် မေတ္တာရပ်ခံလိုပါသည်။
မိမိတို့ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ နိုင်ငံဖြစ်သလို ကိုယ်ပိုင် ရိုးရာ၊ဘာသာစကား၊ ယဉ်ကျေးမှုများကို ပိုင်ဆိုင်သည့် တိုင်းရင်းသား
လူမျိုးပေါင်းစုံနေထိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်နေသည်ကို မေ့မေ့လျှော့လျှော့၊ ပေါ့ပေါ့ဆဆ မနေကြရန် တိုက်တွန်းလိုပါသည်။
မြန်မာနိုင်ငံတွင် ခက်အဆက်ဆက်၊ စနစ်အဆက်ဆက် အုပ်ချုပ်လာခဲ့သော အစိုးရများ၏အားနည်းချက်ကို အခွင့်ကောင်းယူလျှက်၊ လူ့အခွင့်အရေးဟူသောဆောင်ပုဒ်အောက်မှ ကိုယ်ပိုင်အခွင့်အရေးအဖြစ် အသုံးပြုကာ ကမ္ဘာနှင့်မြန်မာတွင် ဘယ်သောခါမျှ မရှိခဲ့သော "ရိုဟင်ဂျာ" ဟူသောလူမျိုးတစ်မျိုးပေါ်ပေါက်လာအောင် မူဆလင်ဘာသာဝင် ဘင်္ဂလီများကလုပ်ကြံဖန်တီးနေသည်ကို သတိထားရန် လိုအပ်သည်။ ပြည်တွင်း ပြည်ပမီဒီယာသမားများအနေဖြင့် အထူးသတိထားစေလိုပါသည်။
မိမိတို့ မြန်မာနိုင်ငံသည် အစိုးရအဆက်ဆက်၏ ပျော့ညံ့ခြင်းကြောင့်မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူများ မဆင်းရဲသင့်ဘဲ ဆင်းရဲနေရသည်။ပြည်သူလူထုမှာလည်း ဆင်းရဲတွင်းမှ လွတ်မြောက်အောင် နည်းအမျိုးမျိုးဖြင့်ကြိုးစားနေရသည်။ ဤသည်ကို အခွင့်ကောင်းယူကာ ဘင်္ဂလီများက ငွေကြေးဖြင့်အနိုင်ပိုင်းခဲ့ကြသည်။ သတင်းလောကကို ငွေဖြင့်ဝယ်ယူခဲ့ကြသည်။
မျိုးချစ်ပြည်ချစ် ပုဂ္ဂိုလ်များကလည်း အမျိုးမချစ်နိုင်တော့ဘဲငွေနောက်လိုက်ကာ အမျိုးသားရေး လမ်းကြောင်းမှ သွေဖယ်သွားခဲ့ကြသည်။
ဘင်္ဂလီများက လူ့အခွင့်အရေးကို အကြောင်းပြကာ နိုင်ငံတကာတွင် မျက်ရည်ခံထိုး၍မြန်မာပြည်ကို ထိုးစစ်ဆင်နေသည်။ ငွေအားကို အသုံပြုကာ သတင်းမီဒီယာမှတဆင့်"ရိုဟင်ဂျာ" ဟူသော စကားလုံးကို ကမ္ဘာက သိအောင်နည်းလမ်းပေါင်းစုံကြိုးစားပြီး၊ ကြိုးစားနေဆဲလည်းဖြစ်သည်။
ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ နူးညံ့သည့် နှလုံးသားကို ပိုင်ဆိုင်သောတိုင်းရင်းသားလူမျိုးများ နေထိုင်သည့် မြန်မာနိုင်ငံ ဖြစ်သော်ငြားလည်း
ဘင်္ဂလီတို့၏ လုပ်ကြံဖန်တီးမှုကြောင့် မြန်မာလူမျိုးပျောက်ကာမူဆလင်ဘာသာဝင်များနေထိုင်သည့် ဘင်္ဂလီနိုင်ငံဖြစ်လာမည်ကို တွက်ဆသင့်သည်။
ဘင်္ဂလီမူဆလင်များက မြန်မာနိုင်ငံကို အမည်ခံ "ရိုဟင်ဂျာ" လူမျိုးနှင့်တဖုံ၊ဘာသာနှင့်တစ်မျိုး၊ လူ့အခွင့်အရေးနှင့် တသွယ် နည်းမျိုးစုံသုံးပြီးလူဦးရေတိုးပွါးနှုန်း စစ်လက်နက်တပ်ဆင်ကာ မြန်မာကိုထိုးစစ်ဆင်တိုက်ခိုက်နေသည်။
ဘင်္ဂလီများ၏ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကို တိုက်ပွဲ၏မျက်နှာစာတွင်ရှိနေသော ရခိုင်လူမျိုးများမှာ အဓိက ရင်ဆိုင်နေရပြီး အထူးသဖြင့်
ရခိုင်ပြည်ရှိ မေယုဒေသဖြစ်သော မောင်တော၊ ဘူးသီတောင်မြို့နယ်ရှိပြည်သူအများမှာ စစ်ပွဲ၏အဆိုးဆုံးဒဏ်ကို ခံစားနေရသည်။
မေယုဒေသကိုလက်လွှတ် အဆုံးရှုံးခံလိုက်ရပါက ရခိုင်ပြည်ကြီးကျဆုံးသွားမည်ဖြစ်သလို ရခိုင်ပြည်ကြီး ကျဆုံးသွားပါက မြန်မာနိုင်ငံကြီး
ကျဆုံးသွားမည်ကို လက်ရှိအစိုးရနှင့်တကွ မြန်မာတိုင်းရင်းညီအစ်ကိုမောင်နှမများ သတိရှိရန်လိုအပ်ပေသည်။
ဘင်္ဂလီများက ငွေအားဖြင့်အသုံးပြုကာ ကမ္ဘာတွင် "ရိုဟင်ဂျာ" ဟူသောလူမျိုးတစ်မျိုးပေါ်ပေါက်လာအောင် သတင်းမီဒီယာများမှ ထိုးဖောက်နေခြင်းအား"ရိုဟင်ဂျာ" ဟူသော စကားလုံးကို ပပျောက်သွားရေးအတွက် မြန်မာပြည်ဖွား
တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်များ၊ မီဒီယာများမှ သမိုင်းပေးတာဝန်တစ်ရပ်အနေနှင့် လုပ်ဆောင်ရန်လိုအပ်သည်။ မီဒီယာများအနေဖြင့်
သတင်းများထုတ်လွှင့်၊ ရေးသား၊ ပြောဆိုရာတွင်" ရိုဟင်ဂျာ" ဟူသော စကားလုံးကလုံးဝမသုံးရန်လိုအပ်သည်။
လူ့အခွင့်အရေးကို အခွင့်ကောင်းယူကာ နိုင်ငံတကာတွင် မျက်ရည်ခံထိုးပြီးငိုပြနေခြင်းကို လူသားချင်းစာနာသောသူ များမှာလည်း
မိမိတို့တိုင်းပြည်နှင့် လူမျိုးကို အမြစ်ဖြုတ်ရန် ကျူးကျော်နေသောနယ်ချဲ့တို့ကို စုစည်းတွန်းလှန်သင့်ပေသည်။
နိုင်ငံတော်အစိုးရ အနေဖြင့်လည်း နိုင်ငံတကာ မျက်နှာစာအားရှေ့တန်းမတင်ဘဲလူဦးရေတိုးပွါးနှုန်းကို လက်နက်ကြီးသဖွယ် အသုံးပြုကာ မြန်မာနိုင်ငံကိုလူမျိုးရေးအရ၊ ဘာသာရေးအရ ၀ါးမျိုရန်ကြိုးစားနေသည်ကိုသတိထားရန်လိုအပ်ပေသည်။
မြန်မာပြည်သူလူထုတစ်ရပ်လုံး အနေဖြင့်လည်း ရခိုင်တွင်ဖြစ်ပျက်နေသောအရေးသည် ရခိုင်အရေးသက်သက်မဟုတ်ဘဲ မြန်မာ
တစ်နိုင်ငံလုံးအရေးဟု တွေးမြင်ကာကျူးကျော်လာသူ နယ်ချဲ့များအား တစ်စုတစ်စည်းတည်း တွန်းလှန်ရန်လိုအပ်ပေသည်။
"ရိုဟင်ဂျာ" ဟူသော အသုံးအနှုန်းပေါ်ပေါက်လာရန် လုပ်ကြံဖန်တီးနေသောသူ၊လူဦးရေ တိုးပွါးနှုးကို စစ်လက်နက် သဖွယ် အသုံးပြုနေသောမူဆလင်ဘာသာဝင်များ၊ မြန်မာနိုင်ငံတွင် သမိုင်းအစဉ်အလာအရ နေထိုင်သောမူလတိုင်းရင်းသားများမဟုတ်ဘဲ
နည်းလမ်းပေါင်းစုံးဖြင့် ချဉ်းကပ်ကာမြန်မာ့လူ့အဖွဲ့အစည်းများသို့ ၀င်ရောက်နေသူများ စသည်တို့သည်
မြန်မာပြည်ကို နယ်ချဲ့ရန် ရောက်ရှိနေသော ဘင်္ဂလီဖွါး မူဆလင် ဘာသာဝင်တစ်ခုတည်းကသာ ဖြစ်ကြောင်းကို သတိမူသင့်သည်။
လူမျိုးရှိမှ ဘာသာရှိမည်၊ လူမျိုးနှင့် ဘာသာရှိမှ တိုင်းပြည်ရှိမည်ဟူသောမူကိုကိုင်ကာ ပြည်ပမှ ဘင်္ဂလီများက "ရိုဟင်ဂျာ" ဟူသော အသံကိုတစ်ကမ္ဘာလုံးသို့ ပြန်နှံ့သွားရန် ကြိုးစားနေပြီး၊ ပြည်တွင်၌လည်းမူဆလင်ဘာသာဝင်များ တစ်နိုင်ငံလုံး ပျံ့နှံ့သွားရန် ကြိုးစားနေကြသည်။
သို့ဖြစ်ပါ၍ "ရိုဟင်ဂျာ" ဟူသော အသုံးအနှုန်းအားကန့်ကွက်သူများအနေဖြင့်သော်လည်းကောင်း၊
ထောက်ခံသူများအနေဖြင့်သော်လည်းကောင်း၊ သတင်းမီဒီယာများတွင်ထုတ်ဖော်ပြောဆိုခြင်းကိုသော်လည်းကောင်း၊ အလွတ်သဘောပြောဆိုခြင်းကိုသော်လည်းကောင်း ရပ်တန့်ပေးပါရန် တောင်းဆိုလိုက်ပါသည်။
မြန်မာနိုင်ငံနှင့် တိုင်းရင်းသားလူမျိုးများ ကမ္ဘာတည်သ၍ တည်တံ့နိုင်ပါစေ။
http://arakantimes.net/burmese
ရခိုင်လယ်သမား လင်မယားအား ဘင်္ဂလီများ သေနတ်ဖြင့် တိုက်ခိုက်
ရွှေမြန်မာမီဒီယာဂရု
ရခိုင်ပြည်နယ် မောင်တောမြို့ တောင်ပိုင်း အမှတ်(၆)ရပ်ကွက် လေးမိုင်အပိုင်ရွာသာယာကျေးရွာသား တဦး မှာသေနတ် ဒဏ်ရာဖြင့် မောင်တောဆေးရုံသို့ရောက်ရှိနေ ကြောင်းသတင်း ရရှိသည်။
သေနတ်ဒဏ်ရာနှင့် ဆေးရုံသို့ရောက်နေသူမှာ အသက် ၅၀ကျော်ရှိ ဦးအောင်လှဖြူဖြစ်ပြီးအခင်းဖြစ်ပွားသည့် လယ်တဲက ဇနီးဖြစ်သူ အသက် ၅၀ ၀န်းကျင်ရှိ ဒေါ်မအောင်စိန်မှာထွက်ပြေးလွတ်မြောက် သွားသည်ဟုဆို သည်။
“ခုဆေးရုံကို ရောက်နေတဲ့ ဦးအောင်လှဖြူမှာ ခေါင်းမှာဒဏ်ရာရတယ်။ အသက်အန္တရာယ်တော့မစိုးရိမ်ရဘူး။ ခဲကျည်တွေခေါင်းမှာ တွေ့တယ်။ ခွဲစိတ်ကုသဖို့အတွက် ခုဘူးသီးတောင် ဆေးရုံကို ယူဖို့ပြင်နေတယ်“ ဟုကိုယ် တိုင်သွားရောက် ကြည့်ရှုသူ ဦးမောင်ခိုင် က ရွှေမြန်မာမီဒီယာဂရု သို့   ပြောသည်။
ဖြစ်ပုံနှင့် ပတ်သက်ပြီး၎င်းက “စက်တင်ဘာ ၁၄ရက်နေ့ ညနေ ၇နာရီခွဲမှာဖြစ်တာပါ။
ဘင်္ဂလီလက်နက် ကိုင်အယောက် ၂၀ကျော်က အရင်ဆုံး ဦးအောင်လှဖြူ ဇနီးဆံပင်ကိုဆွဲလားယမ်းလား လုပ်တယ်။
အဲဒါကြောင့် ခင်ပွန်းဖြစ်သူက ခုခံဖို့ကြိုးစားတဲ့ အချိန်မှာ သေနတ်နဲ့ပစ်ပြီးလဲကျန်ရစ်ပြီးမှ ထွက်ပြေးသွားတယ်လို့ လူနာ အပြောကို ကိုးကာပြီးဦးမောင်ခိုင် ပြောသည်။
အဆိုပါ သေနတ်ပစ်ဖေါက်သံ ကြားရ၍ရွာသားများ သွားရောက်ကာ ဒဏ်ရာရသူဦးအောင်လှဖြူကို အဆိုပါနေ့  ကချက်ချင်းမောင်တော
 ဆေးရုံသို့ သယ်ယူပို့ဆောင်ခဲ့သည်ဟု ဆိုသည်။
သူတို့ ဇနီးမောင်နှံနှစ်ဦးသည် ရွာသာယာရွာမှဖြစ်ပြီး ကင်ပြင်သာစိန်နှင့်ကံသာယာအကြား လယ်တဲတခုတွင် လယ် လုပ်ကိုင် စားသောက်နေရင်းယခုလို အသက်အန္တရာယ်ကို ရန်ပြုခြင်း ခံလိုက်ရသည်ဟု သိရသည်။
ယခုအခါ အခင်းဖြစ်ပွားသည့် နေရာသို့ သက်ဆိုင်ရာ အာဏာပိုင်တပ်ဖွဲ့များက လိုက်လံရှာဖွေမှုများ ပြုလုပ် နေသည်ဟု ဆိုသည်။
တိုက်ဆိုင်မှုတစ်ခုမှာ ပြည်ခိုင်ဖြိုးပါတီ၏ ရခိုင်ပြည်နယ်တာဝန်ခံ ဦးမောင်ဦး ရောက်နေစဉ် ဤကဲ့သို့ ဖြစ်ပျက်ခြင်းဖြစ်သည်။
နောက်ဆုံးသတင်းပေးပို့ ချက်အရခေါင်းက ခဲကျည် ၄လုံးကို မောင်တောမှာထုတ်ယူပြီး နောက်ကျန်ရှိနေသောခဲကျည်များကိ
ုထုတ်ယူရန်အတွက်ဘူးသီးတောင်ဆေးရုံသို့ သယ်ဆောင်သွားကြောင်းသိရသည်။
တည်ငြိမ်မှု စပြုလာသည့် မောင်တောမြို့တွင် ယခုလိုပစ်ခတ် သတ်ဖြတ်မှုများ ဖြစ်ပေါ်လာနေသည့် အတွက် မောင်တောမြို့ခံသားနှင့် နယ်တွင်ရှိလူနည်းစုများဖြစ်သည့် ရခိုင်သားများအနေဖြင့် အလွန်တရာစိုးရိမ် ကြောင့် ကြမှုများ တိုးပွားလာသည်ဟု သိရသည်။
ရွှေမြန်မာမီဒီယာ သတင်းထောက်မှ ပို့ ပေးသည်။
ရခိုင်ပြည်ကို တစ်ဖက်နိုင်ငံ၏ လောင်းရိပ်အောက်ကို ဆွဲသွင်းပါက လုံးဝသည်းခံမည် မဟုတ်ဟု ဒေါက်တာအေးမောင် သတိပေး
Rakhine Citizen Journalists
ရခိုင်ပြည်နယ်ကို တစ်ဖက်နိုင်ငံ၏ လောင်းရိပ်အောက်ကို ဆွဲသွင်းပါက အနောက်ဖက် တံခါးကို စောင့်ရှောက်နေသော ရခိုင်တိုင်း
ရင်းသားများ အနေဖြင့် လုံးဝ သည်းခံမည်မဟုတ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဥက္ကဌ ဒေါက်တာအေးမောင်က အမျိုးသားရေး လက္ခဏာနှင့် နိုင်ငံသားဖြစ်မှု ဆွေးနွေးပွဲတွင် သတိပေးပြောကြားလိုက်သည်။
"ရခိုင်ရေမြေနှင့် နယ်မြေတွေကို တစ်ဖက်နိုင်ငံရဲ့ လောင်းရိပ်အောက်ကို ဆွဲသွင်းမည်ဆိုရင် ရခိုင်တိုင်းရင်းသားများ လုံးဝသည်းမခံဘူး" ဟု ၄င်းက ဆိုသည်။
ရခိုင်တိုင်းရင်းသားများ၏ အမျိုးသားရေး လက္ခဏာ ထိမ်းသိမ်းသွားမည်ဖြစ်ပြီး ရခိုင်တိုင်းရင်းသားများ၏ အမျိုးသား လက္ခဏာများ မပျောက်ရေးတာဝန်မှာ ပြည်ထောင်စု တစ်ရပ်လုံးတွင် တာဝန်ရှိကြောင်း ဒေါက်တာအေးမောင်က ရှင်းပြသည်။
ဘင်္ဂါလီ လူဦးရေ တိုးပွါးမှု မြင့်မားလာမှုနှင့် ရခိုင်ပြည်နယ်တွင်ဖြစ်ပွါးခဲ့သော ဆူပူ အကြမ်းဖက်မှုများသည် ရခိုင်တိုင်းရင်းသားများ၏ အမျိုးသားလက္ခဏာကို ခြီမ်းခြောက်နေပြီလောဟု ရခိုင်တိုင်းရင်းသားများမှာ စိုးရိမ်ပူပန်နေကြကြောင်း ၄င်းက ပြောကြားသည်။
ရမ်းဗြဲမြို့နယ်တွင် ရခိုင်တိုင်းရင်းသား လူမျိုးစု တစ်ခုဖြစ်သော ကမန် လူမျိုး နှစ်သောင်းခန့်ကို မှီကာ ဘင်္ဂါလီလူမျိုး သုံးသိန်းခန့် လူမျိုးရေး ၀ါးမျိုမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ဒေါက်တာ အေးမောင်က ဆိုသည်။
ဘင်္ဂါလီလူမျိုးများက ၄င်းတို့ကို နိုင်ငံသား အဖြစ်သတ်မှတ်ရန် ၁၉၈၂ခုနှစ် နိုင်ငံသား ဖြစ်ခွင့် ဥပဒေကို ပြင်ဆင်ရန် လိုအပ်ကြောင်း ပြောဆိုထားကြပြီးရခိုင်ပြည်နယ်တွင် ရှိသော လူဦးရေ တစ်ဝက်ကျော်သည် ဘင်္ဂါလီလူမျိုးများ ဖြစ်သည်။
ဘင်္ဂါလီများ ယင်းသို့ နိုင်ငံသားဖြစ်ရန်တောင်းဆိုထားသော်လည်း မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုး ၁၃၅မျိုးတွင် ဘင်္ဂါလီလူမျိုးမပါဝင်ပေ။
ရခိုင်ပြည်နယ် ဖြစ်စဉ်များကို သေသေချာချာ ကိုင်တွယ် မဖြေရှင်းနိုင်ပါက ရခိုင်လူမျိုးများကို ဘင်္ဂါလီ များက တဖြည်းဖြည်း ၀ါးမျိုလာမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော အခြေအနေဖြစ်သည်။
ဦးကျော်မောင်ချေ အားသတ်ဖြတ်ခဲ့သော တရားခံများအချုပ်ခန်းမှ ဖောက် ထွက်
Rakhine Straight Views
ကျောက်တော်မြို့တွင် လူသတ်မှုဖြင့်ဖမ်းဆီးထားသော ဘင်္ဂလီနှစ်ဦး   ၂၁ ရက်နေ့ည ၁း၃၀ ခန့်အချိန်တွင်
 ကျောက်တော်ရဲစခန်းအချုပ်ခန်းမှ ဖောက် ထွက် လွတ်မြောက်သွားကြောင်းသတင်းရရှိပါသည်။
    ထိုသို့ ဖောက်ထွက်သွားခြင်းမှာ ပုဆိုးကိုသံတိုင်အားလိမ်ကာ ထွက်သွား ခြင်း ဖြစ်ကြောင်းလည်း သိရှိရပါသည်။
    ထိုသူတို့သည် မကြာသေးမီက သရက်အုပ်ကျေးရွာမှာ ဦးကျော်မောင်ချေ အားသတ်ဖြတ်ခဲ့သော တရားခံများဖြစ်ပြီး ရဲစခန်းတွင် ၀န်ခံထွက်ဆိုထား သူများလည်းဖြစ်ကြောင်းလည်းသိရသည်။
    ယင်းသို့လွတ်မြောက်သွားခြင်းသည် ရဲစခန်းတွင်လုံးဝတာဝန်ရှိပြီး ပြန်လည် ဖမ်းဆီးနိုင်ခြင်းမရှိလျင်...............။
    ရခိုင်သားများအားသတ်ဖြတ်ခဲ့သော အဆိုပါ တရာခံအား ယင်းသို့ လွတ် မြောက်သွားမှုမှာ သံသယမကင်းကြောင်းများရှိကြောင်းလည်းသိရှိရပါသည်။
    ယနေ့တွင် ရဲများက အပူတပြင်းရှာဖွေနေသော်လည်း တွေ့ရှိခြင်းမရှိသေး ကြောင်းနှင့် ထိုသို့လွတ်မြောက်သွားခြင်းမှာ ရဲသားများအရက်သောက် ပြီး အိပ်နေခြင်းများကြောင့်ဖြစ်သည် ဟုလည်း ကျောက်တော်မြို့သူသားများက ပြောကြားခဲ့ပါသည်။
    ညနေပိုင်းက ရဲသားများအရက်ဝယ်သွားသည်ကို တွေ့လိုက်ရကြောင်း လည်း ပြောဆိုကြပါသည်။