Saturday, September 22, 2012

ကြေးမုံသတင်းစာ စာတည်းမှူးချုပ်၏ စာဖတ်သူများသို့ ပြန်ကြားချက်

ပြန်ကြားရေးဒုဝန်ကြီးဦးရဲထွဋ်ရဲ့ဖေဘွတ်မှ
စက်တင်ဘာ ၁၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ ဒေါက်တာစေတနာရဲ့ သမီးငယ်တို့၏ ဓမ္မတာစိတ်ပြောင်းလဲခြင်းနှင့် ရာဇ၀တ်မှုများ ဆောင်းပါးမှာ ပါဝင်တဲ့ ရေးသားချက်များဟာ လူအများစိတ်ဝင်စားနေတဲ့ စမ်းချောင်းဗဟိုလမ်း လူသတ်မှုနဲ့ ပတ်သက်ပြီး တရားခံဘက်က ဘက်လိုက်ရေးသားသလိုဖြစ်နေကြောင်း၊ တရားခံအပြစ်ပေါ့စေနိုင်မည့်အကြောင်း အရာကို ဇောင်းပေးဖော်ပြထားရာရောက်ကြောင်း စသည်ဖြင့် ပရိသတ်တစ်ဦးက ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက်ကနေတဆင့် ထောက်ပြတိုင်ကြားခဲ့ပါတယ်။
အထက်ပါတိုင်ကြားချက်နဲ့ပတ်သက်ပြီး ပြန်လည်စိစစ်ခဲ့ရာမှာ ဆောင်းပါးပါ ရေးသားချက်အချို့ဟာ တရားရုံးမှ စဉ်းစားခြင်းမပြုမီ ကြိုတင်လမ်းကြောင်းပေး တဲ့အရေး အသား မျိုးဖြစ်နေတာ ကို တွေ့ရှိ ရပါတယ်။ ဒါ့ကြောင့် မနက်ဖြန်ထုတ်ကြေးမုံသတင်းစာမှာ စာတည်းမှူးချုပ် က ပြန်လည်ရှင်းလင်း တောင်းပန်ဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။ နောင်အလားတူ အဖြစ်မျိုး ထပ်မံမဖြစ်ပွားဖို့အတွက်လည်း နိုင်ငံတကာ စာနယ်ဇင်းများမှာလိုက်နာရတဲ့ Editorial Guidelines များကိုလည်း လေ့လာပြီး မိမိတို့ သတင်း စာအလိုက်Editorial Guidelines ပြုစုထားဖို့စီစဉ်ဆောင်ရွက်နေကြောင်း အသိပေးလိုပါတယ်။
ယခုလို နိုင်ငံပိုင်သတင်းစာများကို ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေချိန်မှာ အတတ်ပညာအရ၊ နည်းပညာအရ အားနည်းချက်များကို မလွဲမသွေရင်ဆိုင်နေရပါတယ်။ ဒီအားနည်းချက်များကို ပြုပြင်နိုင်ဖို့အတွက် ဆောင်ရွက်ရာမှာ ပြည်သူများထံက အကြံပြုချက် များ၊ ဝေဖန်ထောက်ပြချက်များကလည်း အလွန်အရေးပါတယ်လို့ ပြည်ထောင်စုဝန်ကြီး က ခံယူ ထားပါတယ်။ ဒါ့ကြောင့် ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်ကတဆင့် အကြံပြုချက်များ၊ တိုင်ကြားချက်များကို ၀န်ကြီးကိုယ်တိုင် အလေးထားဖတ်ရှုပြီး တစ်ဦးချင်းထံပြန်ကြားခြင်း၊ လိုအပ် ပါက အများပြည်သူကို အသိပေးပြန်ကြားခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်းတင်ပြအပ်ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည် (Atlantic Council 2012 Global Citizen Award) ဆုပေးပွဲတက်ရောက်

NY , sep 21

အမေစုမူပိုင်ကမ္ဘာကျော်ချိတ်လွှတ်တော်ထဲကသူကြီးတချို့ပုံတူကူးမှာစိုးမိသည်။

မြန်မာတနိုင်ငံတည်း၌သာရှိသည်။

ဘရုတ်သုတ်ခ ပုံများမှ


Hlaing Bwa
(၆) ခြင်တောင်လှန်၍ သန်းခေါင်စာရင်းစစ်သောအလေ့အထသည်ကမ္ဘာပေါ်တွင် မြန်မာတနိုင်ငံတည်း၌သာရှိသည်။
(၇) ကမ္ဘာပေါ်တွင် ၀ါးတားဂိတ် (၀ါးလုံးတား၍ပိုက်ဆံတောင်းသောဂိတ်)အများဆုံးတိုင်းပြည်မှာ မြန်မာပြည်ဖြစ်သည်။
(၈) လေအေးစက်တပ်ထားသောအခန်းများတွင်နောက်မှီကုလားထိုင်ပေါ်ထိုင်၍ တောင်းစားသောသူတောင်းစားများမှာ
မြန်မာနိုင်ငံတခုတည်းတွင်သာရှိသည်။
(၉) နောက်ဖေးလမ်းကြားထဲသို့ တိုက်ပေါ်မှအမှိုက်ပစ်ချသောအမှိုက်စွန့် စံနစ်သည် မြန်မာနိုင်ငံတခုတည်းတွင်သာရှိသည်။
(၁၀) ဒီမိုကရေစီပါလီမန်ဟုဆိုသော လွတ်တော်ထဲတွင် (၂၅%) သောစစ်ယူနီဖေါင်းဝတ်ထားသူများ မျက်နှာမာများနှင့် မျက်နှာပြောင်တိုက်ထိုင်နေသော ဒီမိုကရေစီလွှတ်တော်သည် ကမ္ဘာ့ပထမဆုံးသောဒီမိုကရေစီလွှတ်တော်ဖြစ်သည်။
(၁၁) အိမ်သာများတွင် နိုင်ငံခြားသားအတွက်သီးသန့် (Foreigner Only)ဟုခွဲခြားသောဆိုင်းဘုတ်များသည်
မြန်မာတနိုင်ငံတည်းတွင်သာရှိသည်။
(၁၂) မြို့ လည်ခေါင်တွင် ခရီးသည်တင်ကားများကို လက်တား၍ပိုက်ဆံတောင်းသော ဓါးပြများကိုမဖမ်းပဲခွင့်ပြုထားသောတိုင်းပြည်သည်
မြန်မာပြည်ဖြစ်သည်။
(၁၃) ကမ္ဘာပေါ်တွင် မီးအားမြှင့်စက်အရောင်းရဆုံးတိုင်းပြည်မှာမြန်မာပြည်ဖြစ်သည်။
(၁၄) ကမ္ဘာပေါ်တွင်အင်တာနက်အနှေးဆုံးနှင့် Overseas PhoneCall ဈေးအကြီးဆုံးမှာ မြန်ပြည်ဖြစ်သည်။
(၁၅) မြန်မာနိုင်ငံသည် မွတ်ဆလင်နိုင်ငံမဟုတ်ပဲ OIC (Organisationof Islamic Cooperation) ကိုဝင်ခွင့်ပေးသော ကမ္ဘာ့ပထမဆုံးသောအမိုက်မဲဆုံးသော ဗုဒ္ဒဘာသာနိုင်ငံဖြစ်သည်။
(မှတ်ချက်။ OIC အဖွဲ့ ဝင် (၅၇) နိုင်ငံရှိပြီး ရုရှား နှင့် ထိုင်းလန်းဒ် သည်Observers များဖြစ်ပြိး အန္ဒိယနှင့်အီသီယိုးပီးယား
တို့ ကလုံးဝ Blocked ထားသည်)။
(၁၆) ဈေးဝယ်ပြီး ငွေအကြွေ မအမ်းနိုင်၍ပစ္စည်းနှင့်လဲလှယ်သောစနစ်သည်ကမ္ဘာပေါ်တွင် မြန်မာပြည်၌သာရှိသည်။
(၁၇) အာဏာရူးလောဘရူးများကို တရိုတသေဖြင့် "အဘ" ဟုခေါ်ရသော ကမ္ဘာ့အယဉ်အကျေးဆုံးတိုင်းပြည်သည် မြန်မာပြည်ဖြစ်သည်။
(၁၈) "လာဘ်ပေးရန်မလို" (လာဘ်ပေးလျှင် ရန်မလို)"လာဘ်ပေး ရန်မလို"ဟူသော အဓိပ္ပါယ်ရသည့်ဆိုင်းဘုတ်များကို
ရုံးဌာနများတွင် ပြောင်ပြောင်တင်းတင်းကပ်ထားသည့် ကမ္ဘာတွင်တခုတည်းသောတိုင်းပြည်ဖြစ်သည်။
(၁၉) ကမ္ဘာ့အမြင့်ဆုံး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုပိုင်ရှင်ရှိနေသည့်ကမ္ဘာ့အရှည်ကြာဆုံးပြည်တွင်းစစ်ဖြစ်နေသောတိုင်းပြည်ဖြစ်သည်။
(၂၀) ဖိနပ်များကိုသဲကြိုးပြန်တပ်၍ စီးခြင်း၊ တခါသုံးဓါတ်ငွေ့ မီးခြစ်များကိုဓါတ်ငွေ့ နှင့်မီးခြစ်ကျောက်များပြန်ထည့်၍
အသုံးပြုသောစံနစ်တို့ အား မြန်မာနိုင်ငံမှ စတင်ခဲ့သည်။
(၂၁) အကြော်များအား တာရှည်ခံရန်အတွက် ပလတ်စတစ်ကြွတ်ကြွတ်အိတ်များအား အကြော်ဆီအိုးထဲတွင်ထည့်ကြော်
သော နည်းစံနစ်ကို မကြောက်မလန့် - မြန်မာနိုင်ငံတွင် ပထမဆုံးတည်ထွင်ကြံဆ အသုံးချခဲ့သည်။
(၂၂) တတိုင်းပြည်လုံးနီးနီးမှောင်နေသော်လည်း လျှပ်စစ်ဓါတ်အားများပိုလျှံနေ၍ နိုင်ငံခြားသို့ တင်ပို့ ရောင်းချနေသည့် ထူးခြားသော
တိုင်းပြည်ဖြစ်သည်။
(၂၃) တိုင်းပြည်တွင် ရေနံ နှင့် သဘာဝဓါတ်ငွေတို့ အလျှံပယ်ထွက်ရှိနေသော်လည်း နိုင်ငံခြားမှ ဒီဇယ်ဆီဝယ်သုံးနေသည့်
အလွန်ချမ်းသာသောတိုင်းပြည်ဖြစ်သည်။(မှတ်ချက်။ ဒီဇယ်ဆီကို အန္ဒိယမှဝယ်ပါသည်)
(၂၄) ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် ကြိုတင်မဲဖြင့်အာဏာရသွားသော အစိုးရအုပ်ချုပ်သည့် ကမ္ဘာပေါ်တွင်
တစ်ခုတည်းသော ဒီမိုကရေစီတိုင်းပြည်။
(၂၅) လက်မူ့ လယ်ယာမှစက်မူ့ လယ်ယာသို့ဟုကြွေးကြော်ကာဘိုးဘွားပိုင်ဓါးမဦးချလယ်ယာမြေများကို ခရိုနီများနှင့်အာဏာပိုင်များ
ပေါင်းကာ သိမ်းယူ၍ စက်မူလယ်ယာစံနစ်ကိုအကောင်အထည်ဖေါ်သော ထူးခြားသည့်နိုင်ငံဖြစ်သည်။
(၂၆) နိုင်ငံအတွင်း ဆင်းရဲမှူ့ ပပျောက်ရေးဟု ကြွေးကြော်ပြီး အခြေခံလူတန်းစားများ နေထိုင်ပိုင်ဆိုင်သော အိမ်ယာမြေများကို
ဥပဒေအသစ် ပုဒ်မအသစ်များတပ်၍ သိမ်းယူကာ ဆင်းရဲမူပပျောက်အောင် ဖေါ်ဆောင်သောစံနစ်သည် ကမ္ဘာပေါ်တွင်
မြန်မာတနိုင်ငံတည်း၌သာရှိသည်။
(၂၇) ကုန်း/ရေ နှစ်မျိုးသွား (Amphibian) လူစီးဘတ်စ်ကားများအားကမ္ဘာပေါ်၌ မြန်မာနိုင်ငံတွင်ပထမဆုံးအသုံးပြုနိုင်ခဲ့သည်။
(၂၈) " မြေကြီးက ရွှေသီးလို့ ပြည်ဝမ်းဝနေဆိုတဲ့" သီချင်းအားရုပ်မြင်သံကြားတွင် သတိယတိုင်းလွှင့်နေပြီး ပညာတတ်များနှင့်
အရွယ်ရောက်သူ (၅) သန်း ကမ္ဘာပတ် ကျွန်ခံနေရသောတိုင်းပြည်ဖြစ်သည်။
(၂၉) မြန်မာနိုင်ငံသည်လျှပ်စစ်မီးသီးကိုတီထွင်ခဲ့သောအမေရိကန်နိုင်ငံသား သောမတ်စ်အက်ဒီဆင်အား
ဂုဏ်ပြုဆုံးသောတိုင်းပြည်အဖြစ် မှတ်တမ်းတင်ထားခြင်းခံရသည်။
(အက်ဒီဆင်အားဂုဏ်ပြုသောအားဖြင့် သူ၏မွေးနေ့ တွင်အမေရိကန်နိုင်ငံ၌ လျှပ်စ်မီးကိုငါးမီးနစ်တိတိ ဖြတ်တောက်ထား
ခဲ့ဖူးပါသည်)။
(၃၀) ငွေမပေးနိုင်လျှင်အကူအညီမပေးသော၊ ဘာတစ်ခုမှစေတနာဖြင့်ကူညီဖေါ်မရသောသူများက "ကူညီပါရစေ"
ဆိုင်းဘုတ်အား မူပိုင် ယူထားသည်မှာလည်း မြန်မာနိုင်ငံတခုတွင်သာရှိပါသည် ။
(၃၁) (၂၁) ရာစုတွင် ကျောင်းသားများအားတန်းစီ၍(ဘယ်ပြန်ညာပြန် ဒုတိယကမ္ဘာစစ်က ဖက်ဆစ်ဂျပန်စတိုင်) ပါးရိုက်
သော ဆရာမမျိုးသည်လည်းကမ္ဘာတွင် မြန်မာနိုင်ငံမှ ပထမဆုံးပေါ်ထွန်းခဲ့သည်။ (မှတ်ချက်။ ရန်ကုန် TTC ကျောင်းဆရာမ)
(၃၂) ကမ္ဘာပေါ်တွင် တက္ကသိုလ်ကျောင်းပညာရေးအား ဂရုတစိုက်အရှိဆုံးသောနိုင်ငံ။
(မြို့ပြ ဧရိယာများအတွင်းရှိတက္ကသိုလ်များကို ပိတ်ပြီးမြို့ ပြများနှင့်ဝေးရာဒေသများသို့ ပို့ ၍ ဒေသန္တရ ဗဟုသုတ
ရရန်၊ အေးချမ်းဆိတ်ငြိမ်စွာ ပညာသင်ကြားနိုင်ရန်၊ ကိုယ်ခံစွမ်းအား များမြင့်မားလာရန် ဘေးအန္တရာယ်လုံခြုံစိတ်ချစေရန် စေတနာ
များဖြင့် မြို့ပြင် စစ်တပ်များနှင့်နီးရာ လူမနီးသူမနီးလွင်တီးခေါင်များ တွင်တက္ကသိုလ်များ ဆောက်လုပ်ပြီးပညာသင်ကြားစေသောနိုင်ငံ)။
(၃၃) အတန်းပိုင်ဆရာ/ဆရာမများ ကိုယ်တိုင်သင်သော ဝိုင်းကျူရှင်တက်မှစာမေးပွဲအောင်ပြီး ၀ိုင်းကျူရှင်မတက်ပဲ စာတော်နေသော
ကျောင်းသား/ကျောင်းသူအား တုတ်ဖြင့် အချက်ရာကျော်ရိုက်၍မှတ်လောက်သားလောက်ဆုံးမတတ်သည့် ဆရာမ/ဆရာမများ
ထွန်းကားသည့် တခုတည်းသောနိုင်ငံ။
(၃၄) ကျောင်းများတွင် ကျောင်းအပ်ဖို့ ကျောင်းဝင်ခွင့်ရဖို့ ဆရာ/ဆရာမကြီးများအား ဆန်အိတ်၊ ဆီပုံးများဖြင့်တရိုတသေ
ညွှတ်ကျိုးပူဇော်ရသော ဓလေ့ရှိသည့် ပညာရေးဝန်ထမ်းများအကြီးအကျယ်လာဘ်စားသည့် ကမ္ဘာ့တခုတည်းသောနိုင်ငံ။
(၃၅) "စရိတ်မျှပေးကျန်းမာရေး" ဟူသောဆောင်ပုဒ်ကြီးဖြင့်ပေးစရာ စရိတ်မရှိသော ဆင်းရဲကျောမွဲလူနာများ ဆေးရုံများ
မှ နှင်ထုတ်ခံရသည့် တခုတည်းသောနိုင်ငံ။
(၃၆) အစိုးရကိုယ်တိုင်က ငြိမ်းချမ်းရေးကိုကျုံးအော်နေသလိုဘာသာစုံငြိမ်းချမ်းရေးဆုတောင်းပွဲများ မပြတ်ကျင်းပနေပြီး
စစ်ပွဲများရပ်နားခြင်းမရှိသေးသည့်နိုင်ငံ။ ငြိမ်းချမ်းရေးကိုကျုံးအော်နေသူများအချင်းချင်း ရန်ဖြစ်နေသောနိုင်ငံ။
(၃၇) လမ်းအသုံးပြုကြေးများကို အဓမ္မတရားဝင်ကောက်ခံပြီးလမ်းများကို လမျက်နှာပြင်ကဲ့သို့ နောက်ဆုံးပေါ်ဒီဇိုင်းဖေါ်
ပေးသည့် ကမ္ဘာပေါ်ရှိ တခုတည်းသောနိုင်ငံ။
(၃၈) ဗုဒ္ဓဘာသာတိုင်းပြည်များအကြား - ဗုဒ္ဓသားတော်ရဟန်းသံဃာများကို ဗုဒ္ဓဘာသာဝင်ဆိုသူများကိုယ်တိုင် ထုနှက်
ကန်ကျောက် ပစ်ခတ် ဖမ်းဆီး နှိပ်စက် သတ်ဖြတ် ထောင်ချသည့်ကမ္ဘာပေါ်ရှိ တခုတည်းသော ဗုဒ္ဓဘာသာနိုင်ငံ။
(၃၉) Hand Phone များနှင့်စကားပြောရာတွင်အော်ကြီးဟစ်ကျယ်နှင့် "ဟဲလိုဂျားလား" "ဟဲလိုဂျားလား" ဟူသောဝေါဟာရကို
ကမ္ဘာတွင်အသုံးအများဆုံးသောနိုင်ငံ။ (မှတ်ချက်။ ကမ္ဘာအရပ်ရပ်ရှိအခြားသောတိုင်းပြည်များတွင် "Hello!" နှင့် "OK" ဟူသော
စကားလုံးနှစ်လုံးသည် အသုံးအများဆုံးဖြစ်ကြောင်းသိရှိရသည်)။
(၄၀) အိမ်ရှိ Remote Control အမျိုးမျိုးကို ပလတ်စတစ် coverများဖြင့်ဖုံးပြီး၊ ဧည့်ခန်းရှိရုပ်မြင်သံကြားများအား အင်္ကျီဝတ်ပေးခြင်း
ပိတ်စလှလှများဖြင့်အုပ်ထားခြင်းကို ပြုလုပ်သည့် အလေ့အထရှိသည့် တခုတည်းသောတိုင်းပြည်။
(၄၁) ကိုရီးယားလိုထမင်းစားရေသောက်မပြောတတ်လျှင်အင်္ဂလိပ်လိုကြားညှပ်မပြောတတ်လျှင် လူရာအသွင်းမခံရသော
တိုင်းပြည်ဖြစ်သည်။
(၄၂) ကမ္ဘာပေါ်တွင် ကော်ပီသံစဉ်အခိုးဆုံးတိုင်းပြည်။(မှတ်ချက်။ အဆိုပါကော်ပီအဆိုတော်များသည် သူတို့ စီဒီများကို
ခိုးကူးခွေလုပ်ပြီးလမ်းဘေးတွင်ရောင်းသောအခါ ဘ၀မေ့ပြီးဒေါသအမြက်ချောင်းချောင်းထွက်လေ့ရှိကြသည်)။
(၄၃) မိန်းကလေးအများစုသည် ဒီမိုကရေစီလွတ်လပ်ခွင့်နှင့်လူ့ အခွင့်အရေး (အမျိုးသမီးအခွင့်အရေး) တို့ ၏အဓိပ္ပါယ်သည်
ဒူးပေါ်ပေါင်ပေါ် စကတ်တိုနှံ့ နှံ့ များဝတ်ခြင်း မလုံ့ တလုံဝတ်ခြင်းများဟု အဓိပ္ပါယ်ကောက်ကြသောတိုင်းပြည်ဖြစ်သည်။
(၄၄) ကမ္ဘာပေါ်တွင် - နှစ်လုံး၊ သုံးလုံး၊ "ရှစ်လုံး" နှင့်ဘောလုံးစသည့် "အလုံး"များ အလွန်ခေတ်အစားဆုံးသောတိုင်းပြည်ဖြစ်သည်။
(၄၅) ကမ္ဘာပေါ်တွင် ရဟန်းသံဃာငါးသိန်းနှင့် လက်နက်ကိုင်ငါးသိန်းရှိသော ထူးခြားသည့်တိုင်းပြည်ဖြစ်ပြီး တခါတရံ
လက်နက်ကိုင်များသည်လှပစွာချီတက်သောအခမ်းအနားကြီးများပြုလုပ်ပြီး၊ တခါတရံရဟန်းသံဃာများသည်လည်း
မျက်စေ့တဆုံး ငြိမ်းချမ်းစွာ စီတန်းဆန္ဒပြလေ့ရှိသည့်အလေ့အထရှိသော - တခုတည်းသောတိုင်းပြည်ဖြစ်သည်။
(၄၆) ဘာဒေါက်တာပဲဖြစ်ဖြစ် နာမည်ရှေ့ မှာဒေါက်တာပါလျှင်ဘာမှမတတ်လည်း ရောက်လေရာအထင်ကြီးခံရပြီး အဖွဲ့ 
အစည်းတွေမှာ ခေါင်းဆောင်တင်တဲ့နိုင်ငံ။ (ပျက်ခါမှပျက်ရော)
(၄၇) နေရာတကာတွင် အကျင့်စာရိတ္တကောင်ကြောင်းထောက်ခံစာသည်အရေးပါပြီး၊ အနှီထောက်ခံစာကို အကျင့်
စာရိတ္တမကောင်းသူများက လက်မှတ်ထိုးပေးမှအလုပ်ပြီးမြောက်သောတိုင်းပြည်ဖြစ်သည်။
(၄၈) အလွန်များပြားသောဘွဲ့ ရအလုပ်လက်မဲ့များရှိပြီးရထားသောဘွဲ့ နှင့်ဘွဲ့ တခြား အလုပ်တခြားအဖြစ်ဆုံးသောတိုင်းပြည်။
(၄၉) မူကြိုတန်းမှ ဘွဲ့ ရသည်အထိ ဆရာ/ဆရာမ တို့ ကစာခေါ်တာကို နောက်ကလိုက်ရေးပြီးသင်ကြားသည့်
အလွတ်ကျက်ပညာရေးကို (၂၁) ရာစုအထိ ကျင့်သုံးနေဆဲဖြစ်သောတိုင်းပြည်။ (မှတ်ချက်။ သည်အတိုင်းကျက်
အလွတ်ကျက်ပညာရေးသည် (၁၉) ရာစုတွင်ကျန်ခဲ့ပြီးStreaming System ဟုခေါ်ပြီး တိုးတက်သော ကမ္ဘာကြီးတွင်
Critical Analyzing & Thinking ကိုအခြေခံသောSelf-study System ဖြင့်အောင်မြင်စွာ သင်ကြားနေကြပါသည်။
အောင်မြင်နေသော တိုင်းပြည်များတွင် ကျောင်းဖတ်စာအုပ်ထဲကအတိုင်း တလုံးမကျန်ဖြေဆိုပါက Plagiarism ခေါ်စာခိုးချ
မူဖြစ်ပြီး ကျောင်းထုတ်ခံရနိုင်သည်။ မြန်မာပြည်တွင်မူ - စာအုပ်ထဲကထက်ပို၍အထွန့် တက်ပါက စာမေးပွဲကျမည်ဖြစ်သည်)။
(၅၀) ၈၅% သော တိုင်းသူပြည်သားများ ထမင်းနပ်မှန်အောင်ပင်မစားနိုင်သောလည်း အာဏာရလူတစုအတွင်းမန်ယူကဲ့သို့ သော
ကလပ်အသင်းကိုပင်ဝယ်ယူရန် ကမ်းလှမ်းနိုင်သောကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင်နိုင်ငံဖြစ်နေခြင်း။
(၅၁) မြန်မာ့လူ့ အဖွဲ့ အစည်းအတွင်း အရက် နှင့် ဆေးလိပ်တို့ကို နေရာဒေသမရွေး အချိန်အခါမရွေး အသက်အရွယ်မရွေး
ဝယ်ယူရရှိင်သော တိုင်းပြည်ဖြစ်ခြင်း။
(ဥပမာ - ကနေဒါနိုင်ငံတွင်အသက် (၁၆) နှစ်ပြည့်လျှင်ကားမောင်းလိုင်စင်ဖြေဆိုပိုင်ခွင့်ရှိသော်လည်း အသက် (၁၉) နှစ်ပြည့်မှသာ
ဆေးလိပ်ဝယ်ခွင့်ရှိပြီး အသက် (၂၁)နှစ်ပြည့်မှ ဘီယာ နှင့်အရက်တို့  ကိုဝယ်ယူနိုင်ပြီး ... အားလုံးကိုလည်းအချိန်အကန့် 
အသတ်ဖြင့်သာရောင်းခွင့်ရှိသည်)။
(၅၂) နိုင်ငံ့အရေးသည် နိုင်ငံသားတိုင်းနှင့်သက်ဆိုင်သည်ဟုအခြေခံဥပဒေတွင်ပါဝင်သော်လည်း ကျောင်းဝင်ခွင့်လျှောက်လွှာ
များတွင် နိုင်ငံရေးကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာရပ်ကွက်ထောက်ခံစာများ ထည့်ခိုင်းသောတိုင်းပြည်ဖြစ်သည်။
(၅၃) ကြိုးနီစံနစ်နှင့် လုပ်စားဥပဒေများ မလိုအပ်သောဝန်ဆောင်မူအဆင့်ဆင့်နှင့် လာဘ်စားသောယဉ်ကျေးမူ့ ကြောင့် နိုင်ငံခြားမှ
တင်သွင်းသောပစ္စည်းများမှာ မြန်မာပြည်တွင် နိုင်ငံခြားမှာထက်အဆပေါင်းများစွာ ဈေးကြီးပေးဝယ်နေရသည့်တိုင်းပြည်ဖြစ်သည်။
(၅၄) နိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်ထားသော်လည်းရောက်ရာအရပ်တွင် ဧည့်စာရင်းတိုင်ကြားနေရသည့် ဧည့်နိုင်ငံသားများ
အပေါများဆုံးနိုင်ငံ။
(၅၅) အထင်ကရ အဆောက်အအုံကြီးများ၊ ရုံးကန္နားများတွင်မျက်နှာစာ တခါးမကြီးများအား ပိတ်ထား၍ ဘေးဘက်၊
နောက်ဖေးဘက် စသော မလွယ်ပေါက်များမှ ၀ယ်ထွက်လေ့ရှိသောအကျင့်ရှိသည့် နိုင်ငံ။
(၅၆) ပညာပေးမူများလုပ်နေသည့်ကြားက မြစ်ချောင်းများအတွင်းသို့ ကျင်ကြီးစွန့် ချခြင်းအကျင့်ကို မစွန့် လွှတ်သေး
သောလူမျိုးများနေထိုင်သည့်တိုင်းပြည်ဖြစ်သည်။
(၅၇) လမ်းဘေးဈေးသည်ကအစ နောက်ဆုံးပေါ်ဇိမ်ခံကားကြီးများကိုစီးနေသူများ မကျန်ကွမ်းစားပြီး ကွမ်းတံထွေး
ကို "ဗျစ်" ကနဲ ကြုံရာနေရာတွင် ထွေးချတတ်သည့်လူမျိုးများနေထိုင်သောတိုင်းပြည်ဖြစ်သည်။ (တခါတရံ မီးပွိုင့်တွင်
တဘက်ကားမှ တံခါးဖွင့်၍ထွေးလိုက်သော ကွမ်းတံထွေးသည်ဘေးတွင်ယှဉ်၍ရပ်ထားသော ကားပေါ်မှလူကိုလာစင်သည်
အထိဖြစ်သည်။ အိမ်နီးချင်းစင်္ကာပူလိုနိုင်ငံ၌ပင် ဤသို့ လုပ်ခွင့်မရှိပါ။ မိမိဘာသာ ပလပ်စတစ်အိတ်ကိုယူလာပြီး ထွေးထည့်
ရမည်ဖြစ်ပါသည်)။
(၅၈) "အမှိုက်မပုံရ" ဟူသော ဆိုင်းဘုတ်ထောင်ထားသောနေရာသည် အမှိုက်ပုံရန်နေရာဖြစ်ကြောင်းပြသသည့် အမှတ်
အသားသဖွယ် အားလုံးက နားလည်သဘောပေါက်သည့်လူမျိုးများနေထိုင်သောတိုင်းပြည်ဖြစ်သည်။
(၅၉) ကင်မရာကို အခွန်ဆောင်ရသော တိုင်းပြည်သည်ကမ္ဘာပေါ်တွင် မြန်မာပြည်တခုတည်းသာရှိသည်။
(၆၀) အလုပ်လျှောက်ရာတွင် - ရုပ်ရည်ချောမောလှပသောမိန်းကလေးဖြစ်ရမည်၊ အသက်(၂၂)ထက်မကြီးရ၊
အိမ်ထောင်မရှိအပျိုဖြစ်ရမည် ဆိုသော စည်းကမ်းလိုအပ်များပါဝင်သည့်အလုပ်လျှောက်လွှာပုံစံများကို နေရာတကာ၌
ပိုးစိုးပက်စက်တွေ့ ရသောတိုင်းပြည်ဖြစ်ပါသည်။
(၆၁) ကမ္ဘာပေါ်တွင် "သေးမပေါက်ရ" ဆိုသောဆိုင်းဘုတ်များရှိသည့်တခုတည်းသောနိုင်ငံဖြစ်သည်။
(၆၂) လူများ လူနိုင်၊ ကားများ ကားနိုင်သော လူကူးမျဉ်းကြားများရှိသည့်ကမ္ဘာ့ပထမဆုံးသော တိုင်းပြည်။
------------------

(၆၃) ???????????

ငြိမ်းချမ်းရေးဦးဆောင်သူများတရားစွဲ/ဖမ်းဆီးပြီ

အဘ ဥက္ကာကိုကို
စက်တင်ဘာ ၂၁ ရက်ညနေက တံတားဖြူမှတ်တိုင်၊ အင်းလျားကန်ပေါင်တွင် ငြိမ်းချမ်းရေးလိုလားသူ တစ်ထောင်ကျော်မှ လာရောက်စိုက်ထူခဲ့ကြသောငြိမ်းချမ်းရေးကျောက်စာတိုင်ငယ်မှာ စက်တင်ဘာ ၂၂ ရက်နေ့တွင် ပျောက်ခြင်းမလှ ပျောက်သွား ပါသည်။
စည်ပင်ဌာနဆိုင်ရာများကိုတော့ မနေ့ညနေက အဲ့ဒီနားမှာ မယောင်မလည်လုပ်နေတာ တွေ့ရသည်။ (စွပ်စွဲခြင်းမဟုတ်ပါ :P )
ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခဲ့ကြသော ဦးဆောင်သူများထဲမှ ကိုဘိုဘို၊ ကိုမိုးသွေး၊ မခင်စန္ဒာညွှန့်၊ မဖွေးဖွေးတို့ကို လှိုင်မြို့နယ်ရဲစခန်းမှ တရားစွဲဆိုလိုက်ပါသည်။ ယနေ့ညနေ အာမခံလာပေးရန် အကြောင်းကြားထားပါသည်။

rLin Htet Naing Jame
မနေ့ က(၂၁.၉.၂၀၁၂)အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ က
ပြည်မြို့ တွင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ သူများထဲမှ ဆရာတော်ဦးဝိမလအားအာဏာပိုင်များက လာရောက် ခေါ်ဆောင် ဖမ်းဆီးသွားကြောင်းထပ်မံသိရှိရပါသည်။ ပြည်မြို့ ခံတစ်ဦးထံမှသိရှိရပါသည်။