Sunday, September 23, 2012
နေမျိုးဇင်၂ကိုယ်ခွဲရမည်။
Herry Ko Ko
ခရစ်ယာန်မိန်းကလေးအား လိမ်လည်၍ အမှုဆင်သောမွတ်စလင်ဗလီဆရာအား ဖမ်းဆီး တရားစွဲဆို
by FNG on September 23, 2012
KhalidChisti
DK ၊    ၊ပါကစ္စတန်နိုင်ငံတွင်လောလောလတ်လတ်ဖြစ်ပွားခဲ့သောကိစ္စတခုဖြစ်သည့် အသက် (၁၁)
နှစ်အရွယ် ခရစ်ယာန်ဘာသာဝင်မိန်းကလေးငယ်တဦးမှ ကိုရန်ကျမ်းစာရွက်များအားမီးမွှေး
ရာတွင်သုံးသည်ဆိုကာ တရားစွဲဆိုထားသောအမှုနှင့်ပတ်သက်၍ အဆိုပါခရစ်ယာန်မိန်း
ကလေးအား လိမ်လည်လုပ်ကြံပြီးအမှုဆင်ခဲ့သည်ဟုသတင်းထွက်လာသော မွတ်စလင်
ဗလီဆရာအား ဘာသာရေးအကြည်ညိုပျက်စေမှုနှင့် တရားစွဲဆိုရန်အမှုခိုင်လုံခြင်းရှိမရှိအား
ပါကစ္စတန်ရဲမှစုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက် ပါကစ္စတန်ရဲမှ ဗလီဆရာဟာဖစ်ခါလစ်ခစ္စတီး
အား ဘာသာရေးအကြည်ညိုပျက်စေမှု (Blasphemy Law) နှင့် တရားစွဲဆိုရန်မှတ်
ပုံတင်ခဲ့သည်ဟု ပါကစ္စတန်ရဲအရာရှိတဦးဖြစ်သူ မူနီယာဂျက်ဖရီမှဆိုသည်။
ကိုရန်ကျမ်းစာအုပ်အားမီးရှို့သည်ဟုအစွပ်စွဲခံရသည့်ခရစ်ယာန်မိန်းကလေး၏အိတ်ထဲသို့
မွတ်စလင်ဗလီဆရာခါလစ်မှ ကိုရန်ကျမ်းစာတအုပ်အားထည့်၍ မိန်းကလေးမှမီးရှို့သည်
ဟုထင်ရစေရန် လိမ်လည်အမှုဆင်ခဲ့ခြင်းအား ဗလီဆရာခါလစ်ဦးစီးဦးဆောင်ပြုသောဗလီ၌
ဝတ်ပြုသူတဦးမှ ဖွင့်ချလာခဲ့အပြီး၌ ခါလစ်အား ယခုလဆန်းပိုင်းတွင် ပါကစ္စတန်ရဲမှဖမ်းဆီးခဲ့
သည်။ ခါလစ်မှလည်းဘူးခံငြင်းခဲ့သည်။
မတရားအမှုဆင်ခံရသောခရစ်ယာန်မိန်းကလေး
အသက် (၁၁) နှစ်သာရှိသေးသော မိန်းကလေးငယ်အား ဘာသာမတူသဖြင့်ဘ၀ပျက်စေရန်
မတရားသဖြင့်လိမ်လည်အမှုဆင်ခဲ့သူ ဗလီဆရာခါလစ်အနေနှင့် ကိုရမ်ကျမ်းစာအုပ်အား
ဖျက်ဆီးမှုသာပြစ်မှုထင်ရှားခဲ့ပါက ကိုယ်ရှူးကိုယ်ပတ်၍ထောင်တသက်ကျမည်ဖြစ်သည်။
ပါကစ္စတန်နိုင်ငံတွင် ကိုရန်ကျမ်းစာအုပ်ကိုဖျက်ဆီးလျှင် ဘာသာရေးအကြည်ညိုပျက်စေ
မှုဥပဒေအရ ထောင်တသက်ကျခံရမည်ဖြစ်သည်။
စွပ်စွဲခံရသူမိန်းကလေးအားခံဝန်နှင့်ပြန်လွှတ်ပေးရန်အတွက် ကြားနာမှုနှင့်ပတ်သက်၍
တရားရုံးမှရုံးချိန်း ရွှေ့ဆိုင်းခဲ့ပြီးနောက် မိန်းကလေး၏ရှေ့နေဖြစ်သူ တာဟီယာနာဗိဒ်ချော်ဒရီမှ
ဒုတိယအကြိမ်မြောက်ထပ်မံကြိုးပမ်းခဲ့ပြီးနောက် မိန်းကလေးပြန်လွတ်လာမည်ဟုယူဆရသည်။
freedomnewsgroup.com
မလေးတွင် ရောင်းစားခံခဲ့ရသော ရခိုင်အမျိုးသမီး ၂ ဦး အထဲမှ တစ်ဦးကို ကယ်တင်နိုင်
September 23, 2012 at 7:56 am ထွန်းထွန်း
မလေးရှားနိုင်ငံသို့ ရောင်းစားခံရသော ရခိုင်အမျိုးသမီး ၂ဦးအနက် တစ်ဦးကို ကယ်တင်နိုင် ခဲ့ကြောင်း မလေးရှား အခြေစိုက် ARRC ဒုက္ခသည် ရုံးမှ အထွေထွေအတွင်းရေးမှူး ကိုစောသန်းက နိရဉ္စရာသို့ပြောသည်။
ပွဲစားမှတဆင့် မလေးရှားသို့ ရောင်းစားခံရသော အမျိုးသမီး၂ဦးမှာ မပုမနှင့် မတင်နုတို့ဖြစ်သည်။ မပုမမှာ မင်းပြားမြို့နယ် ကြောင်ရှည်ချောင်း ကျေးရွာမှဖြစ်ပြီး မတင်နုမှာ ဘူးသီးတောင်မြို့နယ် ခွဆုံကျေးရွာမှဖြစ် သည်ဟု သိရသည်။
မပုမကို စက်တင်ဘာ ၂ရက်နေ့က ကယ်တင်နိုင်ခဲ့ပြီး ၂၁ရက်နေ့က ARRCရုံးသို့ ခေါ်ဆောင်နိုင်ခဲ့သော်လည်း မတင်နုမှာ ယခုထိ ပျောက်ဆုံးနေသည်ဟု သိရသည်။
ဖြစ်စဉ်အကျဉ်းချုပ်နှင့် ပတ်သက်၍ ကိုစောသန်းက ယခုလို နိရဉ္စရာသို့ ပြောသည်။
“သူတို့ရန်ကုန်မှာ စက်ရုံအလုပ်သမားတွေပါ။ မာန်အောင်သား (ရခိုင်) ပွဲစား ဦးဥာဏ်ထွန်းနဲ့ “ကြည့်မြင်တိုင် သဲတန်းမှတ်တိုင်”မှာ အဲဒီအမျိုးသမီး ၂ယောက်နဲ့ဆုံတော့ မလေးရှား ကော်ဖီမစ် စက်ရုံမှာ အလုပ်သွင်းပေးမယ်။ လစာကောင်းကောင်းရမယ်။ ကျပ်ငွေ ၁သိန်းပေးရင် အဆင်ပြေပြီ။ အဲဒီကို ရောက်တာနဲ့ လုပ်ခထဲက ၆လစာ ဖြတ်မယ်ဆိုပြီး မလေးရှားမှာရှိတဲ့ ပွဲစား ဗမာ- မွတ်ဆ လင် နေသန်းဌေး (မလေးနာမည် အီပ) လက်ထဲကို ပို့ပေးတာဖြစ်ပါတယ်” ဟုပြောသည်။
ရန်ကုန်ကနေ ဦးဥာဏ်ထွန်းကတဆင့် မလေးရှားဘက်မှ ပွဲစား နေသန်းဌေး လက်ထဲ သို့ရောက် ပြီးနောက် သူတို့ ရောင်းစားခံခဲ့ရပုံကို ယခုလိုပြောပြသည်။
“မလေးရှားကို ရောက်တာနဲ့ ၂ယောက်ကို တယောက်နေရာစီ ခွဲလိုက်ပါတယ်။ မပုမမှာ ပထမ မွတ်ဆလင်သူ သူဌေးတဦး၏အိမ်တွင် အိမ်ဖေါ်အဖြစ် ၈လအ ရောင်းစားခံရတယ်။ လုပ်ခလစာ ၆လကိုဖြတ်တော့ နောက်၂ လပိုသွားတဲ့ အတွက် ရင်းဂစ် ၆၀၀ပေးတယ်။ သူဌေးက အဲဒီကတဆင့် လူသူဝေးလွန် ခေါင်းပါး တဲ့အိမ်နံပါတ် (၉)၊ JALAN PULAU ANGSA U/ 10 B SANWAN CERIA ALAM မှာ ဒုတိယ ၅လရောင်းစား ခံခဲ့ရပါတယ်” ဟု ဆိုသည်။
“ ဒီအဆောက်အအုံဟာ သူ့အဆောက်အအုံတွေပါ။  သူဌေးက အိမ်မှာမနေဘူး။ ၅လပြီးရင် မပုမက အိမ်ရှင် သူဌေးမဆီက ငွေတောင်းပါတယ်။ သူဌေးမက နင်တို့ အတွက် ပထမဆုံး ရင်းဂစ် ၉၀၀၀ ပေး လိုက်ရပြီ။ လစဉ်လဲ ပွဲစားကို ရင်းဂစ်၇၀၀စီ ပေးနေရတယ်။ နင့်ကိုပေး စရာ အကြောင်းမရှိဘူးဆိုပြီး ဆူပူကြိမ်းမောင်းပြီးမှ ရောင်းစား ခံထားရတာကိုသိတယ် လို့ပြောတယ်လို့ ဆိုပါတယ်” ဟု ပြော သည်။
သူဌေးမထံ ဆူပူကြိမ်းမောင်းခံရပြီးနောက် ဗမာပွဲစား နေသန်းဌေး(မလေးနာမည် အီပ)သည် အဆို ပါအိမ်သို့ ရခိုင်ပြည်တွင် ရခိုင်-ဘင်္ဂလီပဋိပက္ခအတွင်း ရောက်လာသောအခါ မပုမအား လူမဆန်စွာ ပြောဆိုခဲ့သည်ဟု မပုက ကိုးကားပြီး သူက ဆိုသည်။
“ နင့်ကိုနောက် ၂နှစ်ကြာပြီးမှ ပို့ပေးမယ်။ နင်ဘာမှ မပေးနဲ့ သတ်ပစ်မယ်လို့ ပြောခဲ့ ပါ တယ်။ သေချင်လားလို့ ပြောခဲ့ပါတယ်။ သူငယ်ချင်း မတင်နုကိုမေးတော့ သူ့ကိုနောက် ၇နှစ်ကြာမှ တွေ့ရလိမ့်မယ်လို့ ပြောပြီးထွက်သွားတယ်။ အဲဒီအချိန်ကနေ ငိုယိုပြီးတော့ အလုပ်လဲမလုပ်တောဘူး။ နောက်ကြာလာတဲ့ အချိန်မှာ အဲဒီမှာ သန့်ရှင်းရေး လုပ်နေတဲ့ အင်ဒိုနီးရှား အမျိုးသမီး အကူအညီနဲ့ ဆက် သွယ်ပြီးတော့ ရဲထောက်လှမ်း ရေးတပ်ဖွဲ့နဲ့ စက်တင်ဘာ ၂ရက်နေ့က သွားထုတ်နိုင်ခဲ့ပါတယ်” ဟုဆိုသည်။
ထိုမှတဆင့် အမှုစစ်ဆေးရန် မလေးရှား တနာနီသာမှာရှိတဲ့ မူခင်းစစ်ဆေးရေး ဌာန၌ ၃ပတ်ခန့် ထားခဲ့ပြီးမှ စက်တင်ဘာ ၂၁ရက်နေ့က မလေးရှားအခြေစိုက် မလေးရှား ရခိုင်ဒုက္ခသည်များရုံး (arrc)သို့ယူ ဆောင်နိုင် ခဲ့သည်ဟု ဆိုသည်။
ပျောက်ဆုံးနေသော မတင်နုကို ယခုထိ မတွေ့ရှိသေးသည့်အတွက် အရေးယူနိုင်ရန် မလေးရှားရှိ Tenaga nita အမျိုးသမီးစွန်းအင် မြှင့်တင်ရေးအဖွဲ့နှင့် ပူးပေါင်းကာ ARRC တာဝန်ရှိသူတို့က ဆောက်ရွက်လျှက်ရှိနေသည်ဟု သိရသည်။
မတင်နုနှင့် မပုမမှာ ရန်ကုန်ကနေ မလေးရှားသို့ ပွဲစားမှတဆင့် ရောင်းစားခံရသည်မှာ ၁နှစ်ကျော်ကြာမြင့်နေ ပြီဖြစ်သော်လည်း  ARRCရုံးအဖွဲ့မှ လွန်ခဲ့သည့် သြဂတ်စ်လမှ စ၍ သူမတို့ လွှတ်မြောက်ရေးကို ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုသည်။
narinjara.com
အဓိကရုဏ်းကြောင့် ဘင်္ဂလာဒေခ်ျ့ စစ်တကောင်း ရမ်ဂါမတီတွင် အရေးပေါ် ပုဒ်မ ၁၄၄ ထုတ်
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ် သက်လူမျိုးများ နေထိုင်ရာ ရမ်ဂါမတီခရိုင်တွင် သက်ကျောင်းသားများနှင့် ပြောင်းရွှေ့ အခြေချ နေထိုင်သူ ဘင်္ဂလီ လူမျိုးများ အကြား အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ပြီးနောက် ယခုအခါ  ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီဟု The Dailystar သတင်းအရ သိရသည်။
ပုဒ်မ ၁၄၄ ကို ဒေသဆိုင်ရာ အာဏာပိုင်များက ယမန်နေ့ နံနက် ၁၁ နာရီမှ ထုတ်ပြန် လိုက်ခြင်း ဖြစ်ပြီး  အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းရန် အတွက် ဖြစ်သည်ဟု အာဏာ ပိုင်များက ပြောသည်။
ဘင်္ဂလာဒေခ်ျ့ထုတ် သတင်းစာများအရ သိရသည်မှာ သက်အမျိုးသား ကျောင်းသား  (၂) ဦးနှင့် ဘင်္ဂလီကျောင်းသားများ ရမ်ဂါမတီ အစိုးရ ကောလိပ်တွင် ခိုက်ရန် ဖြစ်ပွားသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ပြင်ပတွင်နေထိုင်သူ တချို့က အုတ်ခဲများ၊ တုတ်များ၊ ဓါးများဖြင့် ကောလိပ်ကျောင်း ရှိ ဒေသခံလူမျိုး စု ကျောင်းသားများကို ၀င်ရောက် တိုက်ခိုက်ရာမှ အဓိဂရုဏ်း စတင် ဖြစ်ပွားသည်ဟု သတင်းစာ က ရေးသည်။
တိုက်ခိုက်မူအတွင်း လူပေါင်း ၂၀ ဒဏ်ရာ ရရှိခဲ့ပြီး တချို့ကို ဆေးရုံတင်ပို့ခဲ့ရသည်ဟု ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ စစ်တပ်မှ အခြေအနေကို ၀င်ရောက် ထိန်းသိန်းခဲ့ရပြီး ဈေုးဆိုင်များ၊ ကားများ ဖျက်ဆီးခံခဲ့ရသည်။
အခုအခါ အခြေအနေမှာ တည်ငြိမ်နေပြီး စစ်တပ်၊ ရဲနှင့် နယ်စပ် လုံခြုံရေး တပ်ဖွဲ့ဝင် အများအပြားကို တပ်ဖြန့်ချထားလိုက်ကြောင်း သိရသည်။
ရမ်ဂါမတီကို  ရခိုင်အမျိုးသားများက (သက်ထောင်) အဖြစ် သိရှိကြပြီး အဆိုပါ ဒေသတွင် ဌာနေတိုင်းရင်းသား သက်လူမျိုးများနှင့် မြေပြန့်မှ အခြေချနေထိုင်ရန်လာသူ ဘင်္ဂလီလူမျိုးများ အကြား ယခုကဲ့သို့ အဓိဂရုဏ်းများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ်တွင်  ရမ်ဂါမတီ (သက်ထောင်)၊ ခါကာဆိုရီ ( ဖလံထောင်)နှင့် ဘင်ဒရိုင်ဘင် ( ဗိုလ်မင်းထောင်) ဟု ခရိုင် (၃) ခုရှိပြီး အများစု လူမျိုးများမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။
( ယနေ့ တွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် အစ္စလာမ်မစ် အဖွဲ့ ၁၂ ခုက တနိုင်ငံလုံး သပိတ် ခေါ်ထားမူကြောင့် ကား၊ ရထား၊ သဘောင်္များ အသွားအလာများ လုံးဝ ရပ်ဆိုင်းကာ ကျောင်းများ၊ အစိုးရရုံးများ၊ ဈေးဆိုင်များကိုလည်း ပိတ်ထားရသည်။ ယခုကဲ့သို့ တရက်တာ သပိတ် ခေါ်ယူရခြင်းမှာ ယမန်နေ့က  မွတ်ဆလင် ဆန့်ကျင်ရေး “ Innocence of Muslim”  ဗွီဒီယိုကို ဆန့်ကျင် ဆန္ဒပြသူများကို ဒက္ကားမြို့တော်တွင် ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွဲမူကြောင့် ဖြစ်သည်ဟု သိရသည်။)
narinjara.com
ဒေါ်အောင်ဆန်းစုကြည်ကို ချစ်သောပြည်သူများ(နယူးယောက်)
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့  နယူးယောက်မြို့ က မြန်မာ့ကွန်မြူနီတီတွေ တွေ့ ကြတယ်ဆိုတာထက် အခြားပြည်နယ်က လာတဲ့  လူတွေ လဲ ရောက်လာကြတာတွေ့ ရပါတယ် ။ တညလုံးကားနဲ့  လာခဲ့ ကြတဲ့  သူတို့ တွေဟာ တွေ့ ဆုံပွဲပြုလုပ်မဲ့  နေရာမှာ မနက်မိုးမလင်းခင်ကတည်းက စောင့်ဆိုင်းနေကြတယ်ဆိုတာ ပြောပြပါတယ် ။ မနက်ပိုင်းမှာ လူတန်းရှည်ကြီးနဲ့  ဟောပြောတွေ့ ဆုံမဲ့ ခမ်းမကို ၀င်ရဖို့ အတွက် တန်းစီစောင့်စားနေကြတာကို လျှပ်တပြက်ရိုက်ပေးလိုက်ပါတယ် ။ ဒီလောက်လူများတာကို ဒေါ်အောင်ဆန်းစုကြည်က လူတွေအရမ်းတောင့်တယ်ဆိုပြီးတော့ တွေ့ ဆုံပွဲမှာ စစချင်း မိန့် ခွန်းမှာ ထည့်ပြောသွားရပါတယ် ။ လူတွေအင်နဲ့ အားနဲ့  တောင့်တယ်ဆိုတာဟာ ညီညွတ်ရေးမှာလဲ တော့င့်တင်းဖို့ လိုတယ်လို့  ပြောသွားတာဖြစ်ပါတယ် ။
ခိုင်အောင်ကျော်(နယူးယောက်)
ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးယောက်တွင် တွေ့ဆုံပွဲကို လက်သီးဆုတ်ပြီး ဝင်လာသူက ကိုတိုးလွင် ဖြစ်ပါတယ်။ သူဟာ ဒီပဲယင်း အရေးအခင်းမှာ အမေ့ကို ရိုက်တဲ့ ဝါးရင်းတုတ်ကို ခေါင်းထိုးခံလိုက်လို့ တစ်ခေါင်းလုံး အကွဲခံပြီး အန်တီ အသက်ကို ကယ်လိုက်သူပါ။ ဒီပဲယင်းမှာ အရိုက်ခံရပြီး ပျောက်နေလို့ မိသားစုက ဆွမ်းတောင်သွတ်လိုက်ပါတယ်။ နောက်မှ ထောင်ထဲကနေ ပြန်လွတ်လာတယ်။ အခု ဆန်ဖရန်စစ်စကို ရောက်နေပါတယ်။
အမေက ဝါရှင်တန် မိသားစုနဲ့ တွေ့ဆုံပွဲအပြီး သူ့ကို မိုက်ကလိုဖုန်းနဲ့ ကိုတိုးလွင်ရှေ့ကိုလာပါ ဆိုပြီး ကျေးဇူးတင်စကား ဆိုတယ်။ ဘလက်လစ် ဖျက်တဲ့အထဲ ပါမပါ မေးရှာပါတယ်။ ကိုတိုးလွင်ဟာ တကယ့် သူရဲကောင်းတစ်ဦး ဖြစ်ပါတယ်။
(ကိုဇော်ဝင်းမှ တဆင့်)
NY ရောက်မြန်မာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
ဦးရော်နီညိမ်း
22.09.2012
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ၁၇ ရက်ကြာ အမေရိကန် ပြည်ထောင်စု ခရီးစဉ်ရဲ့ ဒုတိယ ခရီးတထောက် အဖြစ် နယူးယောက်မြို့ကို ရောက်နေစဉ်မှာ စက်တင်ဘာလ ၂၁ ရက်နေ့ကတော့ နယူးယောက်နဲ့ ရပ်ဝေး ရပ်နီးက မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေနဲ့ Queens College မှာ တွေ့ဆုံခဲ့ပါတယ်။ လူအင်အား သုံးထောင်လောက် တက်ရောက်ကြတဲ့ ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ကိုးကွယ်ကြသူတွေ နေထိုင်ရာနိုင်ငံ ဖြစ်တာကြောင့် ဒီလို မတူကွဲပြား ခြားနားမှုတွေကို အင်အားအဖြစ် ပေါင်းစည်းပြီး အားလုံး စည်းလုံးညီညွတ်ကြဖို့ နဲ့ နိုင်ငံ ပြန်လည် ထူထောင်ရေးမှာ ပြည်ပရောက် မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေ တတ်နိုင်တဲ့ ကဏ္ဍတွေကနေ ပါဝင် ကူညီဆောင်ရွက်ဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။ အပြည့်စုံကိုတော့ နယူးယောက်မြို့ကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ဦးရော်နီညိမ်းက တင်ပြထားပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စနေနေ့က နယူးယောက်မြို့က Queens College မှာ နယူးယောက်မြို့နဲ့ ရပ်ဝေး ရပ်နီးက မြန်မာနိုင်ငံသားတွေ၊ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံက တိုင်းရင်းသားအရေးနဲ့ ဘာသာမတူသူတွေ အကြား ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အထူးဂရုပြုပြီး အခုလို ပြောကြားသွားခဲ့ပါတယ်။
“နှစ်ဘက်စလုံးမှာ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် ဆိုတာ ထားလိုက်ဦး။ တဘက်ကို ပြင်းပြင်းထန်ထန် ပြောရင် ဟိုတဘက်က ကျေနပ်မှာ မဟုတ်ဘူး၊ မကျေနပ်တာ ကျမကို မကျေနပ်တာ ပြောတာ မဟုတ်ဘူး။ ဟိုဘက်ကို မကျေနပ်တာ ပြောတာ။ အဲဒီတော့ အချင်းချင်း ပဋိပက္ခတွေဟာ ပိုပြီးတော့ ကြီးသွားနိုင်တယ်။ အဲဒီတော့ ကျမကနေပြီးတော့ ပြင်းပြင်း ထန်ထန် ဝေဖန်ပြောလို့ မကျေနပ်ရင် မကျေနပ်တာ ရတယ်။ ဒါပေမဲ့ ဒီပဋိပက္ခတွေ ပိုပြီးတော့ ကြီးထွားသွားမယ့် ကိစ္စမျိုးကိုတော့ ကျမ မလုပ်နိုင်ဘူး။ အခြေခံအားဖြင့် ကျမ ဘက်ကနေပြီးတော့ ပြင်းပြင်းထန်ထန် ပြောရမယ်ဆိုရင် ဘာ ပြင်းပြင်းထန်ထန် ပြောရမလဲ။ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုရင်တော့ ကျမ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ ကျမ ပြောပါရစေ။”
ပြဿနာကို မီးမွေးတဲ့အလုပ်ကို မစဉ်းစားဘဲနဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းသင့်တယ် ဆိုတာကိုပဲ စဉ်းစားသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ဆိုခဲ့ပါတယ်။
“ကျမတို့ အားလုံး ၀ိုင်း စဉ်းစားရမှာက ဒီပဋိပက္ခတွေ ငြိမ်းအေးသွားအောင် ဘယ်လို လုပ်မလဲ ဆိုတာကို စဉ်းစားရမှာပါ။ ဘာကြောင့် ဆိုတဲ့ ဇစ်မြစ်ကို သွားရမယ်။ ပြဿနာတခုကို ဖြေရှင်းဖို့ဆိုရင် ဒီပြဿနာရဲ့ ဇစ်မြစ်ဟာ ဘာလဲ ဆိုတာကို သေချာ စဉ်းစားရမယ်။ လေ့လာရမယ်။ အဲဒီ ပြဿနာရဲ့ ဇစ်မြစ်ကို လေ့လာပြီးတော့ တွေ့ရှိမှ ဒီပြဿနာကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့်မိုလို့ ပြဿနာကို ကိုင်တွယ်တဲ့နေရာမှာ ခေါင်းအေးအေးနဲ့ ကိုင်တွယ်ဖို့ လိုပါတယ်။ ပြဿနာဖြစ်နေတဲ့ နေရာတွေမှာ ပဋိပက္ခ ဖြစ်နေတဲ့ နေရာတွေမှာ တယောက်နဲ့တယောက် လက်ညှိုးထိုးတာ၊ ဟိုဘက် လက်ညှိုးထိုးတာ၊ ဒီဘက် လက်ညှိုးထိုးတာ၊ အဲဒါတွေကို လုပ်မယ့်အစား တကယ့် ပြဿနာက ဘာလဲ။ တချိန်မှာ တဘက်က လွန်မယ်၊ တချိန်မှာ နောက်တဘက်က လွန်မယ်။ တဘက်တည်းက အမြဲပဲ လွန်နေတယ် ဆိုတာ ရှိခဲပါတယ်။ အဲဒါကြောင့်မိုလို့ သေသေချာချာ ပြဿနာကို ကြည့်ပြီးတော့ ဘယ်လို ဖြေရှင်းရမလဲ ဆိုတဲ့ အဖြေကို ရှာရမှာပါ။”
ပြည်ထောင်စု မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံနဲ့ ဘာသာပေါင်းစုံကို ကိုးကွယ်ကြသူတွေ နေထိုင်ရာ ဒေသဖြစ်တယ် ဆိုတဲ့အချက်ကို သတိထားဖို့ ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုသွားခဲ့ပါတယ်။
“ကျမတို့နိုင်ငံက ပြည်ထောင်စု ဖြစ်တယ်။ ပြည်ထောင်စု ဆိုတာ တိုင်းရင်းသားမျိုးစုံနဲ့ ဖွဲ့စည်းထားတဲ့ အင်အားစု၊ ဒီလို မတူတဲ့ ယဉ်ကျေးမှုတွေ၊ မတူတဲ့ ဘာသာစကားတွေ၊ မတူတဲ့ ကိုးကွယ်တဲ့ဘာသာတွေ၊ အားလုံးနဲ့ စုပြီးတော့ ဖွဲ့ထားတဲ့ ပြည်ထောင်စု ဆိုတာ မတူကွဲပြားမှုတွေ ကြောင့်ကို သူ့မှာ အင်အားရှိတယ်။ ကျမတို့သာ နေတတ်မယ်၊ ထိုင်တတ်မယ်၊ စဉ်းစားတတ်မယ်ဆိုရင် ကျမတို့ အချင်းချင်း မတူ ကွဲပြားမှုများ ရှိခြင်းကိုက ကျမတို့ရဲ့ ကြွယ်ဝမှုပဲလို့ ကျမကတော့ ဒီလိုပဲ မြင်ချင်ပါတယ်။”
ဒီပွဲကို တက်ရောက်လာကြတဲ့ ရပ်ဝေးရပ်နီး မြန်မာနိုင်ငံသားတွေ ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရတဲ့အတွက် သူတို့ရဲ့ ခံစားချက် ထင်မြင်ချက်တွေကို အခုလို ပြောဆိုသွားခဲ့ပါတယ်။
“သူပြောသွားတာတွေထဲက ကျနော် အကြိုက်ဆုံးက ကိုယ့်တိုင်းပြည်က ကိုယ့် အတွက် ဘာလုပ်ပေးနိုင်လဲ လို့ မေးတာထက်စာရင် ကိုယ်က ဘာလုပ်ပေးနိုင်တယ် ဆိုတာကို ကိုယ့်ကိုယ်ကို ပြန်မေးဖို့ အရေးကြီးတယ် ဆိုတာကို၊ အဲဒီစကားကို ကျနော် အရမ်းသဘောကျတယ်။ အဲဒါ ကျနော်တို့ အကုန်လုံး လုပ်သင့်တယ်လို့ ယူဆပါတယ်။ မြန်မာနိုင်ငံကနေ လာတဲ့လူတွေ အတွက် ကျနော်တို့ နိုင်ငံအတွက် ကျနော်တို့ တခုခုတော့ ပြန်လုပ်ပေးသင့်တယ်လို့၊ လူတိုင်းမှာ တာဝန်ရှိတယ်လို့ ကျနော် ယူဆတယ်။”
“ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့အထဲက နိုင်ငံရေး လုပ်စားဖို့ မဟုတ်ဘူးဆိုတာကို အကြိုက်ဆုံးပဲ။”
ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာနိုင်ငံသားတွေ၊ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံပွဲကို တက်ရောက်လာကြသူတွေဟာ သုံးထောင်ကျော် လေးထောင် နီးပါးလောက် ရှိပြီး နယူးယောက်နဲ့ အနီးတ၀ိုက်တင် မက ရပ်ဝေးဖြစ်တဲ့ ဘက်ဖလိုး၊ ယူတီကာ၊ အီတာကာ စတဲ့ နယူးယောက် အထက်ပိုင်း ပြည်နယ်က လာကြတဲ့သူတွေ၊ တောင်ပိုင်းမှာရှိတဲ့ ဖလော်ရီဒါ နဲ့ တက်ခ်ဆက် ပြည်နယ်က လာကြသူတွေလည်း ဒီပွဲမှာ ရောက်ရှိလာကြပါတယ်။
နယူးယောက်မြို့က တိုင်းရင်းသား တွေနဲ့ တွေ့ဆုံပြီးနောက်ပိုင်းမှာတော့ မွန်းလွဲပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုလံဘီယာ တက္ကသိုလ်ကို သွားရောက်ပြီး တက္ကသိုလ် ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံပြီး သြ၀ါဒစကား ပြောကြားတာ၊ ကျောင်းသားတွေ နဲ့ အမေးအဖြေ လုပ်တာတွေကို ပြုလုပ်ခဲ့ပါတယ်။ အကြောက်တရားနဲ့ အမုန်းတရားဟာ သိပ်ပြီး နီးကပ်နေတာကြောင့် အကြောက်တရားကြောင့် အမုန်းတရား ဖြစ်ပေါ်လာတယ် ဆိုတဲ့အချက်ကို ဒေါ်အောင်ဆန်းစုကြည်က ကိုလံဘီယာ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေကို အထူး ဂရုပြု ပြောဆိုသွားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၂၂ ရက်နေ့မှာ သူ့ရဲ့ အမေရိကန် ပြည်ထောင်စု ၁၇ ရက်ကြာ ခရီးစဉ် ဒုတိယ ခရီးတထောက် ဖြစ်တဲ့ နယူးယောက်မြို့မှာ ဒုတိယနေ့ အဖြစ် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံတာ၊ အမေရိကန် တက္ကသိုလ်နှစ်ခု က ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံတာတွေကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာ ၂၃ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တတိယ ခရီးတထောက် အဖြစ် Kentucky ပြည်နယ်က Louisvilleမြို့ကို သွားရောက်မှာ ဖြစ်ပါတယ်။
http://burmese.voanews.com/content/dassk-nyc-09-22-12/1513161.html
ငါးဦးစီးဌာနနှင့်တနင်္သာရီငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏အရှုပ်အထုတ်များ။
ရက်လွန်ဒါဏ်ကြေး၊ဒေသဖွံဖြိုးရေးကြေး၊VIP ကြေးများ၊ငါးဦးစီးဌာနနှင့်တနင်္သာရီငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏အရှုပ်အထုတ်များ။
တနင်္သာရီတိုင်းဒေသကြီးသည်ရေထွက်သံယံဇါတအရင်းမြစ်များနှင့်ပေါကြွယ်ဝပြီးဒေသခံအများစုမှာရေလုပ်ငန်းနှင့်ပင်စီးပွားအသက်မွေး
ကြသည်။ထိုကိစ္စများတွင်ငါးဦးစီးဌာနနှင့်ငါးလုပ်ငန်းအဖွဲ့ချုပ်တို့သည်အရေးပါသောကဏ္ဍမှပါဝင်သည်။
တနင်္သာရီဒေသကြီးမြိတ်မြို့ရှိလုပ်ငန်းရှင်များမှငါးဖမ်းလှေ(လိုင်းနီ)ငါးသယ်လှေ(လိုင်းဖြူ၊လိုင်းပြာ)များဖြင့်လုပ်ကိုင်ကြသည်။
ထိုသို့လုပ်ဆောင်ရာတွင်နိုင်ငံတော်မှသတ်မှတ်ချက်အတိုင်းအခွန်အခများပေးဆောင်ပြီးလုပ်ကိုင်ကြသည်။
တရာဝင်ပေးဆောင်ရသောအခွန်အခများအပြင်၊ခေါင်းစဉ်အမျိုးမျိုးတပ်ကာပေးဆောင်နေရသောအခကြေးငွေများလည်းရှိပြီး၊စစ်အစိုးရခေတ်တလျှောက်လုံးပေးဆောင်ရသည့်အပြင်ယနေ့တိုင်အောင်အစဉ်အလာမပျက်ပေးကမ်းနေရဆဲဖြစ်သည်။
၁...ဒေသဖွံ့ဖြိုးရေးကြေးဆိုသည်မှာငါးသယ်လှေများဖြစ်သောလိုင်းဖြူနှင့်လိုင်းပြာတို့မှထိုင်းနိုင်ငံသို့တခေါက်ထွက်ခွာတိုင်းလိုင်းဖြူ
တစ်ခေါက်လျှင်(၃၀၀၀၀)သုံးသောင်းကျပ်နှင့်လိုင်းပြာတစ်ခေါက်လျှင်(၁၅၀၀၀)တစ်သောင်းခွဲကျပ်ပေးဆောင်ရသည်။
လွန်ခဲ့သော(၁၀)နှစ်ကျော်လောက်ကတည်းမှယနေ့တိုင်အောင်ကောက်ခံနေဆဲဖြစ်ပြီး၊ဒေသဖွံဖြိုးရေးကိစ္စရပ်များတွင်အမှန်တကယ်
အသုံးပြုနေခြင်းမရှိခဲ့ပါ။အရေးပေါ်လိုအပ်လာလျှင်လဲနောက်ခေါင်းစဉ်တစ်မျိုးဖြင့်ထပ်ကောက်လိုက်ဦးမှာဖြစ်ပါသည်။။။၎င်းငွေများကိုမည်သူကမည်သည့်နေရာတွင်မည်ကဲ့သို့အသုံးချနေသလဲ။။။
၂...VIP ကြေးဆိုသည်မှာ လိုင်းနီ(ငါးဖမ်း)လှေတစ်ခေါက်လျှင်(၅၀၀၀)ငါးထောင်ကျပ်၊လိုင်းဖြူ(ငါးသယ်)လှေတစ်ခေါက်လျှင်(၁၀၀၀၀)
တစ်သောင်းကျပ်၊လိုင်းပြာ(ငါးသယ်)လှေ တစ်ခေါက်လျှင်(၅၀၀၀)ငါးထောင်ကျပ်ကိုနှစ်ပေါင်းဆယ်နှစ်ကျော်ခန့်ပေးဆောင်လာရသည်မှာ
ယနေ့တိုင်အောင်ဖြစ်သည်။။။၎င်းငွေများကိုမည်သူကမည်သည့်နေရာတွင်မည်ကဲ့သို့အသုံးချနေသလဲ။။။
၃...ရက်လွန်ဒဏ်ကြေးဆိုသည်မှာသတ်မှတ်ရက်ထက်ကျော်၍၀င်ရောက်လာသောငါးသယ်လှေ(လိုင်းဖြူ ၊
လိုင်းပြာ)များမှတရက်လွန်လျင်တစ်သိန်းကျပ်နှုန်းဖြင့်ကောက်ခံကြောင်းအောက်ပါစာရင်းအရသိရပါသည်။
သည်ဖြစ်စေ၊သွင်းကုန်ပစ္စည်းများစောင့်ဆိုင်းရ၍ဖြစ်စေ၊ထိုကိစ္စရပ်များအမှန်တကယ်     ဖြစ်၍အဖြစ်မှန်ကိုအမှန်တိုင်းအထောက်အထားဖြင့်တင်ပြဖြစ်သော်လည်းငါးဦးစီးဌာနမှလက်မခံပါ။
ယခင်တိုင်းငါးလုပ်ငန်းဦးစီးမှူးဦးလှထွန်းမပြောင်းရွှေမှီကရက်လွန်ဒါဏ်ကြေားများထပ်၍မကောက်ခံတော့ပါကြောင်းတရားဝင်ပြောခဲ့သည်ကိုအားလုံးကသိပါသည်။ယခုအခါဝန်ကြီးရုံးမှတရားဝင်ပြန်လည်ကောက်ခံနေပြန်ပြီဖြစ်ပါသည်။
ခေတ်အဆက်ဆက်ကတောင်းခံလာခဲ့သောအလှူငွေအမျိုးမျိုးကိုလည်း၎င်းလုပ်ငန်းရှင်များကပေးဆောင်ခဲ့ရသည်။သင်္ကြန်ဆိုလျင်
သင်္ကြန်အတွက်အလှူငွေ၊အမျိုးသမီးရေးရာအလှူငွေ၊ဘော်လုံးပွဲဆိုလျင်လည်းဘော်လုံးပွဲလက်မှတ်၊လက်ဝှေ့ပွဲဆိုလျှင်လဲ
လက်ဝှေ့လက်မှတ်စသည်တို့အပြင်ယခုအခါမြိတ်မြို့၏နိုင်ငံကျော်အမတ်ကြီးဦးတင်ရှန် ၏တင်ပြချက်အရဖြစ်မည်ထင်သည်
 အတင်ပြကောင်းလွန်နေတာလေ။
ဆိုကရေးတီးအတွက်ဆိုပြီးလုပ်ငန်းများထံမှ အလှူငွေ(အတင်းအကြပ်) ၅၂သိန်းတောင်းခံနေပြန်ပြီ။
ယခင်ဦးလှထွန်း(တိုင်းဦးစီးမှူးဟောင်း)နှင့်ယခုလက်ရှိတိုင်းဦးစီးမှူးလက်ထက်တွင်ကောက်ခံခဲ့သောဒါဏ်ငွေအမြောက်အမြားမည်သူက
မည်သည့်နေရာတွင်မည်သို့အသုံးပြုနေပါသလဲ။
ယနေ့ကာလသည်ဒီမိုကရေစီစံနစ်ဖြင့်လာနေပါ၍ပွင့်လင်းမြင်သာသောအချိန်အခါမျိုးတွင်ယခုကဲ့သို့အတောင်းအရမ်းများမရှိသင့်တော့
ပါကြောင်းနှင့်နိုင်ငံတော်သမ္မတကြီး၏ website:http://www.president-office.gov.mm/ သို့ဆက်လက်တင်ပြသွားပါမည်။