Tuesday, September 25, 2012

မြန်မာ့နိုင်ငံရေးတိုးတက်မှု အိုဘားမား ချီးကျူး

rကုလသမဂ္ဂ အထွေထွေ ညီလာခံ အတွင်း အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား မိန့်ခွန်းပြောကြားနေစဉ်။xကုလသမဂ္ဂ အထွေထွေ ညီလာခံ အတွင်း အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား မိန့်ခွန်းပြောကြားနေစဉ်။


President Barack Obama speaks for Myanmar during the UN General Assembly

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ အင်္ဂါနေ့က စတင်ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အတွင်း အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား က မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေနဲ့ပတ်သက်လို့ အားတက်စကား ပြောဆိုသွားပါတယ်။

မြန်မာသမ္မတက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ၊ ပိတ်ထားတဲ့ လူမှုအသိုင်းအ၀ိုင်းကို လွတ်လပ်ခွင့်ပေးတာ၊ ထင်ရှားတဲ့ အတိုက်အခံခေါင်းဆောင် တယောက်ကို လွှတ်တော်မှာ ပါဝင်ခွင့်ပြုခဲ့တာတွေ ရှိခဲ့ပါတယ်။ လူထုအနေနဲ့လည်း နောက်ထပ် အပြောင်းအလဲတွေ ထွက်ပေါ်လာစေဖို့ စောင့်စားနေကြပါတယ်လို့ သမ္မတ အိုဘားမား က ပြောသွားပါတယ်။

မြန်မာနိုင်ငံ အစ အီဂျစ်နိုင်ငံ အဆုံး လူထုရဲ့ လက်ထဲမှာ အာဏာရောက်စေဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ရတာကို သူမြင်တွေ့ခဲ့ရတယ်လို့  သမ္မတ အိုဘားမားက ဆိုပါတယ်။ ဒီအတွက် ကမ္ဘာကြီးမှာ မျှော်လင့်ချက် ပိုပြီး ထားလာနိုင် သလို အီရတ်စစ်ပွဲကို အဆုံးသတ်နိုင်ခဲ့တာ၊ အမေရိကန် စစ်သည်တွေ နေရပ်ရင်း ပြန်ခေါ်နိုင်ခဲ့တာတွေကိုလည်း အလေးထား ပြောသွားခဲ့တာပါ။ အီဂျစ်နိုင်ငံမှာ မကြာသေးခင်တုန်းက ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေလို အဖြစ်အပျက်မျိုးတွေကို တားဆီးဖို့ အတွက်လည်း သမ္မတ အိုဘားမားက ပြောပါတယ်။

အထွေထွေ ညီလာခံ အတွင်းမှာတော့ သမ္မတ အိုဘားမား ဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့တော့ မရှိပဲ နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ကသာ သူ့ကိုယ်စား လက်ခံတွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီ့ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ မိန့်ခွန်းထဲမှာပဲ ကမ္ဘာပေါ်မှာ အကြမ်းဖက်မူနဲ့ အစွန်းရောက်မူကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ဖို့ အမေရိကန်သမ္မတ ဘားရပ်အိုဘားမားက နိုးဆော်သွားပြီး ကမ္ဘာကြီးဟာ သည်းညည်းခံမူ၊ တိုးတက်မူတွေနဲ့ လုပ်ဆောင်နိုင်ပါတယ်လို့ ပြောကြားသွားပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၆၇ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ အမေရိကန်သမ္မတ အိုဘားမားက အကြမ်းဖက်မူကို ကိုယ်တိုင် မကျူးလွန်ရင်တောင်မှ အမေရိကန်ပြည်ထောင်စုနဲ့ အနောက်ကမ္ဘာအပေါ် အမုန်းတရားပွားအောင် လုပ်ဆောင်နေသူတွေကို ဘေးဖယ်ထားဖို့ အချိန်ရောက်ပြီလို့ ပြောသွားပါတယ်။

တခါ သမ္မတ အိုဘားမား မိန့်ခွန်းပြောကြားနေချိန်မှာ လူတွေက အပေါ်ယံသဘော လက်ခုပ်တီးပြီး အားပေးတာတွေရှိခဲ့ပါတယ်။
burmese.voanews.com

ဒေါ်အောင်ဆန်းစုကြည်၊သမ္မတကြီးဦးသိန်းစိန်တွေ့ဆုံ


သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ ရန် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစဉ်


ဒေါ်အောင်ဆန်းစုကြည်ကသမ္မတကြီးဦးသိန်းစိန်ကို လေယာဉ်အကြာကြီး စီးခဲ့ရလို့ ခရီးပန်းနေလား၊
အဆင်ပြေလားလို့ မေးမြန်းတော့ သမ္မတကြီးက နေ့/ည မှားနေလို့ အနားယူချင်နေကြောင်းကို ပြောပါတယ်။
သမ္မတကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ``မစု... ပိန်သွားတယ်`` လို့ ပြန်ပြောတဲ့ အကြောင်း သူတို့နှစ်ဦးကို ဓာတ်ပုံရိုက်ခွင့်ရခဲ့တဲ့သမ္မတနဲ့ အတူ အမေရိက ခရီးစဉ်ကို လိုက်ပါလာတဲ့ မီဒီယာသမားတဦးက ဘီဘီစီကို ပြောပါတယ်။
ခေါင်းဆောင်နှစ်ဦးကို စက်တင်ဘာ ၂၅၊ ညပိုင်းက နယူးယောက်မြို့မှာ မောင်ရင်းနှမပမာ ရင်းနှီးနွေးထွေးစွာ တွေ့မြင်ရပုံ ဖြစ်ပါတယ်။

မူရင်း-BBC

DASSK speaks at University of Louisville



အစိုးရတပ်နဲ့ KIA တိုက်ပွဲ အရပ်သားပြည်သူ ၃ ဦးပြင်းထန်စွာဒဏ်ရာရ

RFA Burmese

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူ(ဆိုင်းတောင်) ကျေးရွာအုပ်စု နမ့်မှော်၊ ဆိုင်းအောင်နဲ့ မှော်လကင် ၃ရွာကြားမှာ မနေ့က နေ့လည်ပိုင်းမှာ အစိုးရတပ်နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် အရပ်သား (၃) ဦး မိုင်းထိမှန်ကာ ပြင်းထန်စွာ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မနေ့ကနှစ်ဘက်တပ်တွေ တိုက်ပွဲပြင်းထန်ပြီး အရပ်သားပြည်သူ ၃ ဦးရဲ့ ခြေ၊ လက် နဲ့ နောက်ကျောဘက် လက်ပျဉ်တွေကို မိုင်းထိမှန်တဲ့ အတွက် ဒဏ်ရာပြင်းထန်တဲ့အကြောင်း၊ ဖားကန့်မြို့နယ် ဆေးရုံမှာ
အတွင်းလူနာအဖြစ် ကုသနေရပြီး မြစ်ကြီးနားဆေးရုံကို လွှဲပြောင်းဖို့ စီစဉ်နေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

လက်ရှိအခြေအနေမှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် နယ်မြေမလုံခြုံတဲ့ အတွက် နမ့်မှော်ရွာဘက်က ဒေသခံပြည်သူ ၉၄၃ ဦးဟာ ဆိုင်းတောင်ရွာမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေ ခရစ်ယာန်ကျောင်းတွေနဲ့ လူမှုရေးအဖွဲ့အစည်း တွေက စီစဉ်ပေးတဲ့နေရာတွေမှာ လာရောက် ခိုလှုံနေကြတယ်လို့သိရပြီး အခုဆိုရင် ဖားကန့်ဒေသတစ်ခုလုံးမှာရှိတဲ့ ကယ်ဆယ်ရေးစခန်း ၄၀ကျော်မှာ ဒုက္ခသည်ပြည်သူ တသောင်းကျော် ရှိနေပြီလို့ သိရပါတယ်။

အခုလ ၁၆ရက်နေ့ကနေ ၁၈ရက်နေ့ အထိ ဖားကန့်ဒေသကို ရောက်ရှိခဲ့တဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ငြိမ်းချမ်းရေး ခရီးစဉ် အပြီး မနေ့က တိုက်ပွဲဟာ အရပ်သားပြည်သူတွေကို ထိခိုက်စေတဲ့ အပြင်းထန်ဆုံးတိုက်ပွဲဖြစ်တယ်လို့လည်းဒေသခံတွေက ပြောပါတယ်။

ဘယ်အရွယ်မှာ နိုင်ငံရေးနယ်ပယ်ထဲ ၀င်သင့်သလဲ

Photo

7Day News Journal

အတွဲ (၁၁)၊ အမှတ်(၂၈) အောင်ခိုင်၊ မင်းဟိန်းကျော်၊ ထွန်းခိုင်
၁၉၈၉ ခုနှစ် ဇူလိုင်လ၏ တစ်ခုသောညနေခင်းတွင် ထိုစဉ်က အသက် ၁၅ နှစ်ခန့်သာ ရှိသေးသည့် သူမ၏သားဖြစ်သူ ကိုးတန်းကျောင်းသား ကိုဘိုဘိုတစ်ယောက် စစ်အာဏာရှင်ကို ဆန့်ကျင်ရန် မြန်မာနိုင်ငံမြောက်ဘက်ရှိ တောတွင်းလက်နက်ကိုင် တပ်ဖွဲ့တစ်ခုဆီသို့ ထွက်ခွာသွားသည်ဟု သိလိုက်ရချိန်မှ စတင်ပြီး သတင်းအစအန ပျောက်သွားခဲ့သည့် သားဖြစ်သူ အသက်အန္တရာယ် ကင်းဝေးရေးအတွက် ဒေါ်မြင့်မြင့်ကြည်တစ်ယောက် နေ့စဉ်နှင့်အမျှ ဆုတောင်းနေခဲ့ရသည်။ သားဖြစ်သူ ကိုဘိုဘိုတစ်ယောက် တောခိုသွားပြီးနောက် တပ်မတော်ထောက်လှမ်းရေးမှ စေလွှတ်လိုက်သူဟု စွပ်စွဲခံရကာ ABSDF (မြောက်ပိုင်း) စခန်းတွင် ဖမ်းဆီးနှိပ်စက်ခံခဲ့ရကြောင်း သတင်းကြားချိန်မှ သူမ၏သား အသက်ရှင်နေသေးကြောင်း သိခဲ့ရပြီး သက်ပြင်းချနိုင်ခဲ့ကြောင်း ဒေါ်မြင့်မြင့်ကြည်က ဖွင့်ဟသည်။
“အဲဒီတုန်းက အရူးတစ်ယောက်လိုပဲ။ သားဇောကပ်နေတာ”ဟု ဒေါ်မြင့်မြင့်ကြည်က ထိုစဉ်အချိန်က နိုင်ငံရေးလှုပ်ရှားသော လူငယ်တစ်ယောက်၏ မိခင်ဖြစ်သူ၏သောကကို ပြောသည်။
သားဖြစ်သူအား တောတွင်းလက်နက်ကိုင် စခန်းဆီမှ ကိုယ်တိုင်ပြန်လည် ခေါ်ဆောင်လာခဲ့အပြီး မိသားစုပြန်လည်ဆုံစည်း နေထိုင်ရန်အတွက် ကြိုးစားနေစဉ် နှစ်အနည်းငယ်အကြာတွင် သူမ၏သားဖြစ်သူတစ်ယောက် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ထောင်ဒဏ် နှစ်(၂၀) ထပ်မံကျခံခဲ့ရပြန်သည်။
“လူငယ်တွေ ဘယ်အရွယ်မှာ နိုင်ငံရေးလုပ်ပြီး တာဝန်ကြီးကြီးကို ယူရမယ်။ မယူရဘူး ဆိုတာကိုတော့ မပြောလိုဘူး။ ဒါပေမဲ့ အန်တီ့လိုပဲ မိဘတွေ ထပ်မပူလောင်စေချင်ဘူး။ ကလေးတွေလည်း အဲလို ထပ်မဖြစ်စေချင်တော့ဘူး”ဟု ဒေါ်မြင့်မြင့်ကြည်က ခါးသီးလှသည့် သူမ၏ အတွေ့အကြုံများနှင့်ယှဉ်ပြီး ပြောကြားသည်။
NLD ပါတီ နာယက ဟံသာဝတီဦးဝင်းတင်က ၎င်း၏အဆိုအရ ငယ်စဉ်အရွယ်ကတည်းက လူငယ်များအကြား နိုင်ငံရေးနိုးကြားမှုနှင့် နိုင်ငံရေးရောင်ပြန်ဟပ်မှုက အရေးပါသည်ဟု သိရသည်။
“ငယ်ငယ်တည်းက လုပ်သင့်တာပဲ။ ခေတ်က နိုင်ငံရေးခေတ်ဆိုရင် လူငယ်ကလည်း နိုင်ငံရေးထဲ ပါလာမှာပဲ”ဟု ဦးဝင်းတင်ကပြောသည်။မကြာခဏ မုန်တိုင်းထန်လွန်းလှသည့် မြန်မာ့နိုင်ငံရေးလောကတွင် လူငယ်များအနေဖြင့် ၀င်ရောက်လှုပ်ရှားသင့် မသင့်နှင့် မည်သည့်အသက်အရွယ်တွင်   ပါဝင်လုပ်ဆောင်သင့်နည်းဆိုသည့် မေးခွန်းမှာ အဖြေရှာရန် လွန်စွာခက်ခဲသည့် မေးခွန်းတစ်ခုလို ဖြစ်နေသည်။ အငြင်းပွားဆွေးနွေးစရာ ကောင်းလှသည့် ကိစ္စရပ်လည်း ဖြစ်သည်။ ယင်းမေးခွန်းအတွက် တိကျသည့်အဖြေ မရှိသော်လည်း မြန်မာ့နိုင်ငံရေး သမိုင်းတစ်လျှောက်လုံးတွင် လူငယ်လူရွယ်များ၏ အခန်းကဏ္ဍသည် အမြဲလိုလို အရေးပါလျက်ရှိကြောင်း သမိုင်းက သက်သေပြနေသည်။ ၎င်းတို့ထဲမှ အချို့သည် အပြောင်းအလဲများ၏ အဓိကနေရာမှ ပါဝင်လှုပ်ရှားကြရသည်။ အချို့မှာ အညတရဘ၀ဖြင့် တိုင်းပြည်အတွက် ပေးဆပ်နေခဲ့ကြရသည်။ အချို့မှာ လမ်းတစ်ဝက်တွင် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရေးလောကမှ ကျောခိုင်းခဲ့ကြသည်။
နိုင်ငံရေးကို လူငယ်ဘ၀မှ စတင်ပြီး ထဲထဲဝင်ဝင် ပတ်သက်ခဲ့သည့် ခေတ်အဆက်ဆက်မှ လူသိများသူ (၂၀) ဦးခန့်အား 7Day News က မေးမြန်းရာတွင် အဆိုပါ မေးခွန်းအတွက် အဖြေအမျိုးမျိုး ပေးခဲ့ကြသည်။ တွေ့ဆုံမေးမြန်းခဲ့သူများတွင် ဦးဝင်းတင်၊ ဦးသုဝေ၊ ဦးသိန်းညွန့်၊ ဦးအုန်းကြိုင် စသည့်
ဝါရင့်နိုင်ငံရေးသမားကြီးများ၊ ဦးအောင်သင်းကဲ့သို့ စာရေးဆရာကြီး၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ ABSDF ကဲ့သို့ လက်နက်ကိုင်အဖွဲ့တွင်း ၀င်ရောက်ခဲ့ဖူးသူများ၊ Generation Wave ၊ ဗ. က.သ စသည့် ၂၀၀၇ ခုနှစ်က လှုပ်ရှားခဲ့သူများ ပါဝင်ခဲ့သည်။
သို့သော် ၎င်းတို့အားလုံး တူညီသော ထောက်ပြပြောဆိုချက်များမှာ လူငယ်များအနေဖြင့် တကယ်မလေ့လာဘဲ နိုင်ငံရေးလောကထဲ ၀င်ရောက်ခြင်းနှင့် ထင်ပေါ်ကျော်ကြားလိုစိတ် ကြီးမားလွန်ခြင်းများ လွှမ်းမိုးပါက ကာယကံရှင်အတွက်သာမက တိုင်းပြည်အတွက်ပါ အန္တရာယ်ကြီးကြောင်း တညီတညွတ်တည်း ပြောသည်။
လူငယ်များအနေဖြင့် နိုင်ငံရေးလောကထဲ ၀င်ရောက်မည်ဆိုပါက ထဲထဲဝင်ဝင် သိရှိအောင် ကြိုးစားလေ့လာမှုများ ပြုလုပ်ရန် အထူးလိုအပ်မည်ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။
“လူငယ်တွေ လုပ်သင့်တာက ဒီမိုကရေစီဘာညာနဲ့ နိုင်ငံရေးကို လုပ်ချင်ရင်၊ ဒီမိုကရေစီဆိုတာ ဘာလဲဆိုတာ သိအောင်လုပ်ရမယ်။ သိသလား။ အများစုပြီး ၀ိုင်းအော်ရင် ဒီမိုကရေစီထင်နေတယ်။ ပညာရေးအခြေမခံတဲ့ ဒီမိုကရေစီသည် ဘယ်တော့မှ မခိုင်ဘူး”ဟု လူငယ်များအပေါ် စာပေသြဇာကြီးမားသည့် စာရေးဆရာ ဦးအောင်သင်းကပြောသည်။ ပညာနှင့် မယှဉ်တွဲသည့် လှုပ်ရှားမှုများသည် ဆိုးကျိုးကို ခံစားရနိုင်ကြောင်း အသက် ၈၅ နှစ်ရှိပြီဖြစ်သော ပြည်သူ့ရဲဘော် တပ်ဖွဲ့ဝင်ဟောင်းလည်းဖြစ်သူ ဦးအောင်သင်းကပြောသည်။
“တကယ့်ဒီမိုကရေစီကို စည်းမဲ့ကမ်းမဲ့ သွားတိုက်ဖျက်ရင် စည်းမဲ့ကမ်းမဲ့ အုပ်ချုပ်တဲ့ အာဏာရှင်စနစ် ပေါ်လာလေ့ ရှိတယ်။ အဲဒါ သဘာဝပဲ”ဟု ၎င်းကဆိုသည်။
နိုင်ငံရေးစိတ်ပါဝင်စားသည့် လူငယ်များအဖို့ စိတ်ဓာတ်ခိုင်မာရန်နှင့် စာပေလေ့လာလိုက်စားမှုများ အထူးတလည်ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ စိတ်အားထက်သန်ပြီး နုနယ်သည့် လူငယ်များအဖို့ သူတစ်ပါး၏ အသုံးချခံ မဖြစ်စေရန်အတွက် လွန်စွာအရေးကြီးကြောင်း ဗိုလ်ချုပ်အောင်ဆန်းနှင့်    အာဇာနည်များအား လုပ်ကြံမှုတွင် လူငယ်များ ပါဝင်ခဲ့မှုအပေါ် ဥပမာပေးပြီး ၂၀၀၉ ခုနှစ်က အီလက်ထရွန်းနစ်ဥပဒေ အပါအ၀င် အခြားစွဲချက်များဖြင့် ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရသူ လူငယ်နိုင်ငံရေးသမား ကိုတင်ထွဋ်ပိုင်ကပြောသည်။
“ပုဂ္ဂိုလ်ရေးကို အဓိကထားပြီး တိုက်ခိုက်ချင်တဲ့ သူတွေအတွက် အင်အားဖြစ်သွားနိုင်တယ်။ ဒါတိုင်းပြည်အတွက် အများကြီး အန္တရာယ်ရှိတယ်”ဟု ၎င်းကဆိုသည်။
စနစ်တစ်ခုအား တိုက်ဖျက်ရာတွင် တက်ကြွလှုပ်ရှားသူများ၏ အခန်းကဏ္ဍမှာ မည်မျှအရေးကြီးကြောင်းကို သမိုင်းက သက်သေပြပြီးဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီးကဆိုသည်။ သို့ရာတွင် နိုင်ငံရေးလောကထဲသို့ ၀င်ရောက်မည်ဆိုပါက တက်ကြွလှုပ်ရှားသူ အဖြစ်ထက် ပညာရပ်ဆိုင်ရာများ ပိုမိုလေ့လာလိုက်စားရန် လိုအပ်လာပြီဖြစ်ကြောင်း သူကပြောသည်။
“နိုင်ငံရေးသမားလို့ပြောရင် သာမန်သပိတ်မှောက် ကျောင်းသားအဆင့်ထက်တော့ ကျော်ဖို့လိုတယ်”ဟု ၎င်းကဆိုသည်။
ခေတ်အဆက်ဆက်တွင် နိုင်ငံရေးစိတ်ဝင်စားသည့် လူငယ်များကို အပြင်းအထန် ဖိနှိပ်ခြင်းမှ အနည်းငယ် လွတ်မြောက်လာသည့်အချိန်၊ အပြောင်းအလဲအတွက် ဦးတည်နေသည့် ယနေ့လို အချိန်မျိုးတွင် လူငယ်များအနေဖြင့် ခေါက်ရိုးကျိုးနေသော ခံယူချက်အချို့ကို ပြောင်းလဲရန် လိုအပ်နေပြီဖြစ်ကြောင်း လေ့လာသူများနှင့် နိုင်ငံရေးသမားအချို့က ဆိုသည်။ ခက်ခဲစွာ ရုန်းကန်ခဲ့ရသည့် စွန့်လွှတ်မှုများအတွက် ပြည်သူက လေးစားမည်ဖြစ်သော်လည်း ယင်းအခြေအနေကို သာယာသွားသည့် အကျင့်စွဲကပ်ကာ ပညာပိုင်းဆိုင်ရာ လေ့လာလိုက်စားမှုများကို လျစ်လျူရှုတတ်သည့် ဓလေ့ကို အတိတ်တွင် ထားခဲ့သင့်ပြီဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ လူငယ်နိုင်ငံရေးသမားများအဖို့ ထင်ပေါ်ကျော်ကြားလိုစိတ် ကြီးမားလွန်းခြင်းသည် သူ၏ဘ၀ကို ဖျက်ဆီးပစ်မည့်အရာဖြစ်ကြောင်း ဦးအောင်သင်းကဆိုသည်။
အပြောင်းအလဲကာလတွင် လူထုယုံကြည်မှု ရရှိသည့် ကိုယ်ကျိုးစွန့်ခဲ့သူများနှင့် အရည်အချင်းရှိသည့် ပညာရှင်များ ဟန်ချက်ညီညီ ပူးပေါင်းရေးမှာ လွန်စွာအရေးပါကြောင်း ဦးကိုကိုကြီးကဆိုပါသည်။
“ပညာအရည်အချင်းက အရမ်းအရေးကြီးတယ်။ ရေရှည် အဲဒီအခါမှာ ကိုယ်စွန့်လွှတ်ခဲ့တာတွေဟာ တိုင်းပြည်အတွက်ပဲ။ ဒီလိုစွန့်လွှတ်ခဲ့လို့ ဒီလိုနေရာတွေ ယူထားရမယ် ဆိုတာမျိုးတော့ လက်မခံဘူး”ဟု ဦးကိုကိုကြီးကဆိုပါသည်။
နိုင်ငံတကာတက္ကသိုလ်များတွင် သမဂ္ဂများ၊ အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းနိုင်ပြီး နိုင်ငံနှင့်ပတ်သက်သော ဒီဘိတ်များကိုလည်း လွတ်လပ်စွာဖန်တီးပေးသဖြင့် ကျောင်းသားလူငယ်တိုင်းမှာ နိုင်ငံရေးအမြင်ရှိကြောင်း မြောက်ကယ်ရီလိုင်းနား တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ၊ မီဒီယာအထူးပြု ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သော ဦးနေသန်မောင်ကပြောသည်။ ဒီမိုကရေစီနိုင်ငံကြီးများနှင့် မြန်မာနိုင်ငံ ကွာခြားချက် ကြီးမားခြင်းမှာ ပြည်တွင်း၌ ပညာရေးစနစ် ညံ့ခြင်းနှင့် တံခါးပိတ်ဝါဒကို ကာလရှည် ကျင့်သုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
“အမေရိကားမှာဆိုရင် Domestic Policy ကို ကျောင်းသားတွေက မလုပ်ဘူး။ နိုင်ငံရေးပါတီတွေရဲ့အလုပ်။ လူငယ်တွေရဲ့ Awareness က သိပ်ကောင်းတော့ သူတို့က ကမ္ဘာကြီးကို လှမ်းမြင်နိုင်တယ်။ တခြားနိုင်ငံတွေအတွက် ပါဝင်ကြတယ်”ဟု နိုင်ငံရေးလေ့လာသူ ဦးနေသန်မောင်က သုံးသပ်သည်။ မြန်မာကဲ့သို့ပင် ထိုင်းကဲ့သို့ နိုင်ငံများ၌လည်း အကူးအပြောင်း ကာလများ၌ လူငယ်များက နိုင်ငံရေးတွင် ပါဝင်လေ့ရှိကြောင်းလည်း ၎င်းကဆက်ပြောသည်။
လူငယ်များ နိုင်ငံရေးနှင့် ပတ်သက်ရမည့် အသက်အရွယ်ကို မသတ်မှတ်လိုသော်လည်း နိုင်ငံရေးလုပ်မည်ဆိုပါက ရဲဘော်ရဲဘက်စိတ် ထားရှိခြင်း၊ ယုံကြည်ချက် စွဲမြဲစေခြင်း၊ လိပ်ပြာသန့်သန့်ဖြင့် ရိုးသားစွာ လုပ်ကိုင်ခြင်းတို့ဖြင့် နိုင်ငံရေးလုပ်ရန် အကြံပေးလိုကြောင်း ဦးဝင်းတင်ကပြောသည်။
“အခုခက်နေတာက ဒါပဲ။ တိုင်းပြည်မှာ ပြောသာပြောနေရတယ်။ ရဲဘော်ရဲဘက်စိတ်က သိပ်နည်းတယ်”ဟု ၎င်းကဆိုသည်။
ABSDF ကျောင်းသားတပ်မတော်အတွက် အမည်းစက်တစ်ခုအဖြစ် လူသိများသည့် တပ်ဖွဲ့ဝင်အချင်းချင်း ထောက်လှမ်းရေးဟု စွပ်စွဲကာ လူ ၄၀ နီးပါးအား သတ်ဖြတ်ခဲ့ကြသည့် စိတ်မချမ်းမြေ့ဖွယ်ရာ ပါဂျောင်စခန်းဆီသို့ ၁၉၉၂ ခုနှစ်အတွင်း နှစ်ကြိမ်တိုင်တိုင် သွားရောက်ခဲ့သူ လွတ်မြောက်ရေးအတွက် ABSDF မြောက်ပိုင်းမှ ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် ဆွေးနွေးခဲ့သည်ဟု ဒေါ်မြင့်မြင့်ကြည်ကပြောသည်။ သူကြုံတွေ့ခဲ့ရသည့် အဆိုပါဖြစ်စဉ်တွင် ထောက်လှမ်းရေးဟု ဖမ်းဆီးကာ နှိပ်စက်၊ အသတ်ခံရသူများနှင့် သတ်သည်ဟု စွပ်စွဲခံနေရသူများရော နှစ်ဖက်စလုံးသည် အသက် ၂၀၊ ၂၅ နှစ်အရွယ် လူငယ်၊ လူရွယ်များ ဖြစ်သည်ဟု ဆိုသည်။ တော်လှန်ရေးအတွက် သွားရောက်ကြသည့် လူငယ်များအချင်းချင်း စည်းလုံးနေရမည့်အစား၊ ရဲဘော်ရဲဘက်စိတ် ပျောက်ဆုံးကာ သတ်ဖြတ်ဖမ်းဆီးမှုများ ပြုလုပ်နေကြခြင်းမှာ စိတ်မကောင်းစရာ ဖြစ်ရပ်ဟု ၎င်းကဆိုသည်။
နိုင်ငံရေးလေ့လာလိုက်စားလိုသော လူငယ်များအား လူကြီးများဘက်မှလည်း လမ်းဖွင့်လက်တွဲခေါ်ရန် လိုအပ်ကြောင်း ဦးဝင်းတင်က ပြောသည်။ လူငယ်များအား လူကြီးများက လိုချင်သော ပုံသွင်းယူခြင်း၊ အသုံးချခြင်းများကို မပြုလုပ်ရန် လိုအပ်ကြောင်း ၎င်းကပြောသည်။ လူငယ်များအတွက် လွတ်လပ်စွာတွေးခေါ်ခွင့် ပေးရမည်ဖြစ်ပြီး ထိုအပေါ်တွင်သာ လမ်းမှားသို့မရောက်ရန် ထိန်းကျောင်းမှုများ ပြုလုပ်သင့်ကြောင်း ၎င်းကဆိုသည်။
“ပြောခွင့်နဂိုထဲက မပေးဘဲ မင်းလိုက်ဆို၊ ဆိုတာမျိုးတော့ ခုခေတ်ကလေးတွေ ပညာသင်တဲ့ပုံစံမျိုး ဖြစ်နေတယ်။ အလွတ်ကျက်ခိုင်းသလို။ အလွတ်ကျက်တော့ စာမတတ်သလို နိုင်ငံရေးလည်း မတတ်တော့ဘူး”ဟု ဦးဝင်းတင်က သူ၏အမြင်ကို ပြောသည်။
ယနေ့ နိုင်ငံရေးအခင်းအကျင်းသည် တစ်ချိန်က အခေါ်ကိစ္စအတွက်ပင် အငြင်းပွားခဲ့ရသည့် လူထောင်သောင်းချီ အသက်များ၊ ဘ၀များ စတေးခဲ့ရသည့် သမိုင်းဝင် ရှစ်လေးလုံးနေ့ရက်အတွက် ပြည်ထောင်စုအဆင့်ဝန်ကြီးများ လာရောက်သည့်အထိ အုပ်ချုပ်သူနှင့် နိုင်ငံရေးအသိုင်းအ၀ိုင်းကြား ဆက်ဆံရေးမှာ အတိုင်းအတာတစ်ခုအထိ ချောမွေ့လာပါသည်။ တစ်ချိန်တည်းမှာပင် ပြည်တွင်းစစ် အရှိန်တက်နေခြင်း ကဲ့သို့သော ဒီမိုကရေစီနှင့် မအပ်စပ်သော ကိစ္စများကြောင့် စိုးရိမ်စရာများကလည်း ရှိနေသေးသည်။
လေ့လာသူများ၏ အဆိုအရ အသွင်ကူးပြောင်းရေးများတွင် ဖွားဖက်တော်အဖြစ် နောက်ကြောင်းပြန်လှည့်ရေးက ကပ်ပါလာသည်ဟု ဆိုသည်။ ဘာမဆို ဖြစ်လာနိုင်သော ယခုလိုအချိန်မျိုးတွင် လာရာလမ်းသို့ လွမ်းမောနေသူများ ဇာတ်ကြောင်းပြန်ပါက မြန်မာလူငယ်များသည် ရှေ့က ညီအစ်ကိုတော်များနည်းတူ သမိုင်းပေးတာဝန်ကို ထမ်းဆောင်မည်မှာ မလွဲပေ။ သို့သော် ဘယ်ပုံဘယ်နည်းဖြင့် ထမ်းဆောင်နိုင်မည် ဆိုသည်မှာတော့     လူငယ်များ၏ တက်ကြွသည့် စိတ်များအပြင် ပညာအရည်အချင်း ပြည့်ဝခြင်း၊ ညီညွတ်ခြင်း တက်ကြွခြင်းများက အဆုံးအဖြတ် ပေးသွားမည်ဖြစ်သည်။
http://7daynewsjournal.com/article/7625

DASSK interview with CNN



Daw Aung San Su Kyi's speech in Burmese at Fort Wayne, Indian.



အမေရိကန် ဖို့ဝိန်းနယ်မှာ ဒေါ်အောင်ဆန်းစုကြည် ဈေးဝယ်ထွက်

This World - Aung San Suu Kyi: The Choice

အီးဂရက်စ်က ဦးလှမောင်ရွှေ-ဦးကျော်ရင်လှိုင် ရခိုင်အရေးဆွေးနွေး

ခိုင်အောင်ကျော် ( နယူးယောက် )

အမေရိကရောက် အီးဂရက်စ်က ဦးလှမောင်ရွှေ-ဦးကျော်ရင်လှိုင်
ကဗျာဆရာကြီး ဦးမောင်စွမ်းရည်နဲ့ တွေ့ ဆုံ- ရခိုင်အရေးဆွေးနွေး

ကဗျာဆရာကြီး ဦးမောင်စွမ်းရည်က ဦးလှမောင်ရွှေနဲ့  ဦးကျော်ရင်လှိုင်တို
့အိမ်ကိုလာမယ်- ဒါကြောင့် နေ့ လည်-၁-နာရီလောက်မှာလာခဲ့ ပါ-
ရခိုင်ကိစ္စတွေ ဆွေးနွေး စရာ ရှိတာပေါ့ ဆိုပြီး လာရမဲ့ အချိန်ကို တိတိကျကျ
ပြောလာပါတယ်။ ကျွန်တော်က မနက် -၉-နာရီဆိုရင် လာမယ်လို့  မနေ့ ကတည်းက
ပြောထားတော့ အိမ်မှာ မရှိမှာစိုးလို့  ဆရာက ဖုံးဆက်ပြောတာဖြစ်ပါတယ် ။
ဆရာ့ဆီကို သွားတွေ့ စရာ ကိစ္စက ရှိနေတော့ အခုလို ဖုံးဆက်ပြီး တကူးတက
ဆရာ့မှာ အပြင်ကို မသွားခင် ပြောတာဖြစ်ပါတယ် ။
     ဒီလိုနဲ့  နေ့ လည်-၁-နာရီလောက်မှာ ဆရာ့အိမ်ကိုသွားပါတယ်- ဆရာက
ဆေးခန်းသွားတာ မရောက်လာသေးလို့  ရွှေပြည်စိုးကို ဖုံးဆက်ပြီး
စောင့်နေကြရပါတယ် ။ ရွှေပြည်စိုးက ဆရာတို့ နဲ့  တရပ်ကွက်ထဲနေတော့
လဘက်ရည်ဆိုင်မှာ ခဏ၀င်ထိုင် သောက်ယင်း အချိန်ဆွဲ စောင့်နေဖြစ်တာပါ ။ နေ
့လည်--၁-နာရီခွဲမှာ ဆရာတို့  ဇနီးမောင်နှံ ပြန်ရောက်လာပါတယ် ။ ဒီလိုနဲ့ 
ဦးလှမောင်ရွှေတို့ ကို ဆရာက အိမ်မှာ ပြန်ရောက်နေပြီဖြစ်ကြောင်း
ဖုံးဆက်အကြောင်းကြားလိုက်ပါတော့တယ် ။
      သူတို့ တွေရောက်တော့ ထွေထွေရာရာ ဆရာ့တပည့်မို့  လာတွေ့ တာဆိုပြီး
အသိမိတ်ဟောင်း တပည့်ဟောင်းတွေအကြောင်း ဆရာနဲ့  ပြောကြဆိုကြပါသေးတယ် ။
သူတို့ တွေ ပြောနေတာကို ဆရာက ဓါတ်ပုံရိုက်မယ်ဆိုပြီး ပြောတော့
ကျွန်တော်လဲ ကိုယ့်ကမ်မရာနဲ့  ဓါတ်ပုံရိုက်လိုက်ပါတယ် ။ ဖြစ်ချင်တော့
ဘက်ထရီကုန်နေပြီ ဆိုတာ ပြနေတာမြင်တော့ နောက်ထပ် ကျွန် တော့မှာ
ဓါတ်ပုံမရိုက်ဖြစ်လိုက်တော့ပါ ။ ဆရာ့အိမ်မှာ တွေ့ ဆုံပွဲဟာ ဆရာနဲ့  သူတို
့နဲ့  တွေ့ ဆုံပြီး စကားပြောလိုရင်းက အဓိကလား -ဒါမှမဟုတ် ကျွန်တော်တို
့နဲ့  ပြောချင်တာ သိချင်တာလား ဆိုတာ သူတို့ ဘဲ သိကြမှာပါ ။
     ဆရာနဲ့  ဦးကျော်ရင်လှိုင်နဲ့  စကားလက်ဆုံ ပြောနေတာကို
ကြည့်နေချိန်မှာဘဲ ဦးလှမောင်ရွှေက ကျွန်တော်နဲ့ အတူ ပါလာတဲ့ 
ကိုသန်းထွန်းအောင်ကို စကားပြောနေတာ မြင်ရတယ် ။ အဲဒီခါကျမှ သူက
အစိုးရအကြောင်းတွေ ၀န်ကြီးတွေရဲ့  အကြောင်းတွေ ပြောနေတာတွေ့ ရတယ် ။
-အခုဝန်ကြီးတွေက -Capacity-မရှိကြဘူးဆိုတာကို ထပ်ခါတလဲလဲ ပြောနေတာတွေ
့တော့ ကျွန်တော်စိတ်ထဲ တမျိုးကြီးဖြစ်နေရတယ် ။ ကျွန်တော်တို့ ဟာ
တဖက်စောင်းနင်း အမြင်ရှိသူများ-ဒါမှမဟုတ် ထာဝစဉ်အဆိုးမြင်သူများ
မဟုတ်ဘူးဆိုတာ သိစေချင်လို့  သူတို့ ကို အထင်ကြီးခြင်း-အထင်သေးခြင်းဆိုတာ
ပြောချင်တာ မဟုတ်ကြောင်း ဦးလှမောင်ရွှေကို ပြောပြလိုက်ပါတယ် ။
   အဓိက ကျွန်တော်ပြောလိုက်တာက ရခိုင်ကိစ္စနဲ့  တွေ့ ချင်တယ်-
ပြောကြမယ်-ဆိုကြမယ်- ဒီအချိန်မှာ မျှဉ်းပြိုင်အဖြစ် မသွားချင်ဘူး- အယင်က
သံရုံးရှေ့မှာ ဆန္ဒပြခဲ့ ကြတယ်- အခုအချိန်မှာ လူကြီးလူကောင်းဆန်ဆန် တွေ
့ကြမယ်ဆိုရင် ပိုကောင်းတယ် ဆိုတဲ့  သဘောကို ပြောပြလိုက်ပါတယ် ။ (
မှတ်ချက်- နောက်မကြာခင် သူနဲ့ ပြောဆိုချက်များကို ဆောင်းပါးရေးပြပါမည် )
။  ရခိုင်အရေးစုံးစမ်းရေးကော်မရှင်မှာ ဒေါ်သန်းသန်းနုပါနေတာကိုလဲ
ထည့်ပြောလိုက်ပါတယ်- ဦးကျော်ရင်လှိုင်က ဒီကိစ္စကျမှ တာဝန်ရှိသူအဖြစ်
ဝင်ပြီး ဖြေရှင်းချက်ပေး ပြောပြလာပါတယ် ။ ကျွန်တော်က ပုဒ်မ္မ-၁၄၄- အမိန်
့ကို အစိုးက ပြည်သူသိအောင် ပညာပေးမရှင်းပြဘဲနဲ့  ဥပဒေအတိုင်းတိတိကျကျ
မဆောင်ရွက်လို့  အခုလို ဖြစ်ပျက်နေတာကို ပြောပြလိုက်ပါတယ် ။ သူ့ အပြောအရ
ပြောရရင် နိုင်ငံကို တည်ဆောက်ရာမှာ အခုလုပ်နေကြတဲ့  သူတွေဟာ သဘောရိုး
စေတနာရိုးနဲ့  လုပ်ကိုင်နေကြသူတွေဖြစ်တယ် ။ ၀န်ကြီးဦးအောင်မင်းဆိုရင်
တိုက်ခန်းသုံးခန်းကို ရောင်းလိုက်ရပြီ- သူ့ မှာလဲ
အိပ်စိုက်လုပ်နေရတာပါလို့  ဦးလှမောင်ရွှေက ပြောတော့ ကျွန်တော့မယ် ဘာမှ
ပြန်လည် တုန့် ပြန်မပြောတော့ပါဘူး ။
      မြန်မာနိုင်ငံကို ပြန်လာကြဖို့ နဲ့  -၅-နှစ်ဗီဇါ ပေးမယ်ဆိုတဲ
့အကြောင်းတွေကိုလဲ ၀န်ကြီးဦးအောင်မင်း ပြောသွားတာတွေကို ပြောရှာပါတယ် ။
ပြည်သူ့ အသံကို နားထောင်ချင်တဲ့  သမ္မတဦးသိန်းစိန်နဲ့  အစိုးရအဖွဲ့ ဟာ
နယူးယောက်မြို့ က မြန်မာ့ကွန်မြူနီတီနဲ့  တွေ့ ဖို့ လိုတယ်ဆိုတာ
ပြောပြလိုက်ပါတယ် ။ အထူးသဖြင့် ဒုသမ္မတ စိုင်းခမ်းမောက်ရဲ့  ရခိုင်အရေးနဲ
့ ပါတ်သက်လို့  ပြောကြားသွားတဲ့   ယခုဖြစ်ပွါးခဲ့ သည့်
ရခိုင်ပြည်နယ်ဖြစ်စဉ်ကို ပြန်လည်သုံးသပ်ကြည့်သည့်အခါတွင်
ဖြစ်စဉ်ဖြစ်ရပ်များသည် လူ့ အဖွဲ့ အစည်း နှစ်ရပ်အကြား ကြာရှည်စွာရှိနေခဲ
့သည့်  ပဋိပက္ခများကြောင့် ဖြသ်ပွါးခဲ့ သည့်အတွက် ) ဆိုပြီး နေပြည်တော်
ရခိုင်အရေးဆွေးနွေးပွဲမှာ ထည့်သွင်းပြောကြားသွားခဲ့ ပါတယ် ။
   ဒီလိုထည့်သွင်းပြောကြားလိုက်တာဟာ ပြည်တွင်းမှာသာ  ပြောလို့ ရပေမဲ့ 
ကျွန်တော်တို့ ဆီမှာ ပြောလို့ မရကြောင်းနဲ့  အခုရခိုင်ပြည်နယ်မှာ
ဖြစ်ပျက်သွားတာ ဖြစ်နေတာဟာ အစိုးရရဲ့  ဥပဒေအတိုင်း တိတိကျကျ
မဆောင်ရွက်တာကြောင့် ဖြစ်တယ် ဆိုပြီး ပြောပြလိုက်ပါတယ် ။ ဒီတော့
ဦးလှမောင်ရွှေက အဲဒါကိုက ဒုသမ္မတ စိုင်းခမ်းမောက်ကို
မျှော်လင့်နေတယ်-အထင်ကြီးနေလို့  ဖြစ်တယ်ဆိုပြီး ပြောတယ်- သူတို့ မှာ
-Capicity-မရှိပါဘူးလို့  ထပ်လာပြောတော့ ကျွန်တော်တို့  ပြောချင်
သတင်းပေးချင်တဲ့ ဖက်ကို မရောက်လာတော့သလို ဖြစ်နေတယ် ။
ဝန်ကြီးဦးအောင်မင်းနဲ့ အတူ ပါလာတဲ့  သူတို့ ဟာ ဘာကြောင့်များ သူတို့ ရဲ
့ သမ္မတနဲ့ ဝန်ကြီးတွေကို အထင်ကြီးစရာ မလိုဘူးလို့  ပြောနေရတာလဲ ဆိုပြီး
မစဉ်းစားချင်တော့လောက်အောင် ဖြစ်လာမိပါတယ်  ။  မည်သို့ ပင်ဖြစ်စေ
ကျွန်တော်နဲ့  ရခိုင်လူငယ် ကိုသန်းထွန်းအောင်တို့ ကတော့ သမ္မတတို
့အုပ်စုတွေနဲ့  တွေ့ ဖြစ်မယ်ဆိုရင် တွေ့ လိုကြတယ် ဆိုတဲ့ အကြောင်း
ပြောပြလိုက်ပါတယ် ။ ဒီလို တွေ့ ဆုံကြမှသာ ကျွန်တော်တို့ ရဲ့ 
အမြင်သဘောထား လိုလားတောင့်တမှုတွေကို သိခွင့်ရသွားလိမ့်မယ် ဆိုတာတော့
ပြောဖြစ်လိုက်ပါတယ် ။ အခုလို ပြောပြလိုက်တာဟာ သူတို့ က အစိုးရနဲ့ 
အနီးစပ်ဆုံး အုပ်စုဖြစ်နေလို့ ပါဘဲ ။

ခိုင်အောင်ကျော် ( နယူးယောက် )

မြိတ်မြို့လူထု နှင့် မြိတ်ခရိုင် ၈၈ မျိုးဆက်ကျောင်းသားများတွေ့ ဆုံ



၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၄  ရက်နေ့ နေ့လည် ၂.၀၀ ခန့် မြိတ်မြို့ ၊ပေ ၆၀ လမ်း၊ဘုရားကိုင်ရပ် မြိတ်မြို့လူထု နှင့် မြိတ်ခရိုင် ၈၈ မျိုးဆက်ကျောင်းသားများတွေ့ ဆုံခဲ့ကြပါတယ်။

မြိတ်မြို့ပေါ်ရှိ လူထုများမှာ နှစ်ပေါင်းများစွာ ခံစားလာခဲ့ရသော ငါးမှုန့်စက်ရုံမှထွက်ရှိသည့် အပုတ်နံ့များဒဏ်ကို ရင်နှင့်အမျှ ခံစားနေလာခဲ့ရာမှ ဒီမိုကရေစီ ခေတ်ရောက်ရှိလာချိန် တွင်လူထုများ ရဲဝန့်စွာ ကန့်ကွက်လက်မှတ်ထိုးနိုင်ရန်အတွက် မြိတ်ခရိုင် ၈၈ မျိုးဆက်ကျောင်းသားများအား ဖိတ်ခေါ်ပြီး ခံစားလာရသမျှ အပြန်အလှန်ဆွေးနွေးကြရင်း ကန့်ကွက်လက်မှတ်များကို လူထုမှ မိမိသဘောဆန္ဒအလျောက်ထိုးခဲ့ကြပြီး နိုင်ငံတော်သမ္မတကြီးထံ တိုက်ရိုက်တင်ပြသွားပါမည်ဟု မြိတ်ခရိုင် ၈၈ မျိုးဆက်ကျောင်းသား ကိုတင်ကိုကိုဦးမှ ပြောခဲ့ပါသည်။

မြို့ခံ တစ်ဦးဖြစ်သည့် မြို့သစ်ရပ်နေ ဦးလွင်ကိုဦးမှ ဒီ ငါးမှုန့်စက်ရုံ အနံ့ဆိုးကြောင့် ဒီမှာရှိတဲ့လူ ၁၀၀ မှာ ၈၅ ယောက် ပန်းနာရင်ကြပ်ရောဂါ၊ နှလုံးရောဂါတို့ကိုခံစားနေရပါတယ်။ ဒါပေမယ့် ယခင် စစ်အစိုးရအဆက်ဆက် တင်ပြခဲ့ပေမယ့် အရေးယူပေးခြဲ့ခင်းလုံးဝမရှိပါဘူး။ တင်ပြကြတဲ့ ဆရာဝန်တွေတောင် အကြိမ်းအမောင်းခံပြီး တာဝန်ရွှေ့ပြောင်းပစ်တာတွေတောင်ရှိပါတယ်။ ထင်းတွေသုံးတဲ့အတွက် ဒီရေတောတွေ ပြုန်းကုန်ပြီ ၊ ငါး၊ ပုစွန်လေးတွေ သားပေါက်ဖို့နေရာတောင် မရှိတော့တာ ဒါလဲ မသိသလိုနေနေကြတယ်ဗျာ....ပါကေး(ငါးပေါက်လေးများ) ရဖို့ ကမ်းနီးဆွဲတဲ့အခါ ငါးဖမ်းပိုက်တွေကို ခိုးပြင်ထားကြတယ်လေ.... ကုန်ပြီပေါ့ဗျာ..
ငါးဖမ်းလှေတွေကို ဂြိုလ်တုကနေကြည့်နိုင်တဲ့ စက်တွေတပ်ထားပေမယ့် ကြည့်တဲ့စက်ကြီးတွေကို သက်ဆိုင်ရာ ကုမ္ပဏီတွေမှာဘဲ့ထားထားတယ်လေ ... ငါးဦးစီက ဘယ်လိုဖမ်းမလဲ ခိုးဝင်ဆွဲမှုတွေကိုဘယ်လိုသိကြမလဲ စဉ်းစားကြည့်ကြပေါ့ဗျာ။

နောက်မြို့ခံ နောက်လယ်ရပ်နေ ဒေါ်အေးအေးသိန်းမှ ဒီငါးမှုန့်စက်ရုံလုံးဝ မရှိသင့်တော့ဘူး လူတွေသေတာများလှပြီ၊ ငွေရှင်တွေနဲ့ အာဏာရှင်တွေပေါင်းပြီး လူထုကို ဒုက္ခပေးနေကြတာ ကြာပြီ အခု ဒီမိုကရေစီခေတ်ရောက်ပြီ အမှန်အတိုင်း ဆောင်ရွက်ပေးမယ်ထင်ပါတယ်။