Wednesday, September 26, 2012

မြန်မာထုတ်ကုန်အမေရိကန်သို့တင်ပို့မှု ပိတ်ပင်ထားခြင်းအား ဝါရှင်တန်အစိုးရမှပယ်ဖျက်။

Aung Pan
မြန်မာစစ်အာဏာရှင်တို့အားစီးပွားရေးပိတ်ဆို့ဒါဏ်ခတ်အရေးမှုတခုဖြစ်တဲ့ မြန်မာနိုင်ငံထုတ်ကုန်များ အမေရိကန်နိုင်ငံသို့ တင်သွင်းမှုပိတ်ပင်ခြင်းအား အမေရိကန်အစိုးရကပယ်ဖျက်လိုက်ကြောင်းကို အမေရိကန်နိုင်ငံခြားဝန်ကြီး ဟီလာရီကလင်တန်ကကြေငြာလိုက်သည်။
ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်နေသော သမ္မတဦးသိန်းစိန်အား အမေရိကန်နိုင်ငံခြားရေးဝန်ကြီး က
လင်တန်မှ မြန်မာနိုင်ငံထုတ်ကုန်များ အမေရိကန်နိုင်ငံသို့ တင်သွင်းမှုပိတ်ပင်မှု ရုတ်သိမ်းလိုက်ခြင်းတွင် လက်နက်ရောင်းဝယ်မပါဝင်ဘဲ မြန်နိုင်ငံပြုပြောင်းလဲရေးလုပ်ငန်းစဉ်များ ပိုမိုအောင်မြင်တိုးတက်လာစေရန်အတွက် ရည်ရွယ်ကြောင်းကို ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံအမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ပြုပြင်ပြောင်းလဲရေးများလုပ်ဆောင်နေမှုကာလတွင် မြန်မာ့စီးပွားရေး အရှိန်အဟုတ်ဖြင့်လျင်မြန်စွာဖွံဖြိုးတိုးတက်စေရန်အတွက် အမေရိနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်အဖြစ်ရောက်ရှိနေသော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ အမေရိကန်စီးပွားရေးပိတ်ဆို့မှုကိုရုတ်သိမ်းရန်အတွက် ထောက်ခံပြောဆိုခဲ့ပြီးနောက် ယခုလိုအမေရိကန်အစိုးရရဲ့ကြေညာချက်ထွက်ရှိလာခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံခြားဝန်ကြီးကလင်တန်သည် ယမန်နေ့က မြန်မာသမ္မတနှင့်တွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရာတွင် တိုးတက်မှုများတွေ့မြင်ရသောကြောင့် ကျေနပ်အားရမိကြောင်းချီးကျူးစကားဆိုခဲ့သည်။

(AP/John Minchillo)

မြန်မာနိုင်ငံမှ ခိုးဝင်သူ ၁၂၃ ဦး ဘင်္ဂလာက ပြန်ပို့၊ မြန်မာနယ်စပ် အထိန်းအကွပ်မရှိ ဖြစ်နေဆဲ

September 26, 2012 at 12:35 pm
ယခုတလောတွင် မြန်မာနိုင်ငံမှ ဘင်္ဂလာဒေခ်ျ့နိုင်ငံသို့ ခိုးဝင်လာသူများကို ပြန်ပို့နေရာ လွန်ခဲ့သော တနင်္လာနေ့ နေ့လည်ပိုင်းက လူပေါင်း ၁၂၃ ဦးကို ဘင်္ဂလာဒေခ်ျ့ ဘက်မှ မြန်မာသို့ ပြန်လည် ပို့ဆောင်ခဲ့သည်ဟု ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ပြောသည်။

သူတို့မှာ မြန်မာဘက်က မွတ်ဆလင်များ ဖြစ်ကြပြီး နယ်စပ် ဖြတ်ကျော်လမ်းများမှ တဆင့် ဘင်္ဂလာဒေခ်ျ့သို့ စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် ခိုးဝင်လာစဉ် ဖမ်းဆီးရမိသူများ  ဖြစ်သည်ဟု ကော့စ်ဘဇား အခြေစိုက် အမှတ် (၁၇) BGB တပ်ရင်း တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး Md Khalekuzzaman က သတင်းထောက်များသို့ ပြောသည်။
ဖမ်းဆီးပြန်ပို့ခံရသူများ အထဲမှ ၃၂ ဦးကို ဘင်္ဂလာနယ်ခြားစောင့် တပ်ဖွဲ့က ကင်းလှည့်နေစဉ် အိုကီးယားမြို့နယ် ခေါင်းတုံးတွင် တနင်္ဂနွေနေ့ နံနက်က ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ထိုအထဲတွင် အမျိုးသမီးနှင့် ကလေးငယ်များ ပါဝင်သည်ဟု သူက ဆိုသည်။
အိုကီးယားမြို့နယ်မှာ မောင်တောမြို့နယ် မြောက်ပိုင်းနှင့် ဆက်စပ်နေပြီး နတ်မြစ် အထက်ပိုင်းတွင် တည်ရှိသော ဘင်္ဂလာဒေခ်ျ့က မြို့နယ် တစ်ခုဖြစ်သည်။ ခေါင်းတုံးသည် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ဖေါက်လုပ်ရန် သဘောတူညီမူ ရထားသည့် ချစ်ကြည်ရေး တံတားထိုးရန် သတ်မှတ် ထားသော နေရာဖြစ်ပြီး ခေါင်းတုံးနှင့် မျက်နာချင်းဆိုင်တွင်  နတ်မြစ် တဘက်ကမ်းတွင် တောင်ပြို မြို့နယ်ခွဲ တည်ရှိသည်။
အလားတူ လူပေါင်း ၁၆ ဦးပါဝင်သည့် အုပ်စုတစ်ခုကိုလည်း တနင်္လာနေ့ နံနက်တွင် အဆိုပါ ဒေသမှပင် ဖမ်းဆီးမိခဲ့သည်ဟု ဒုတိယ ဗိုလ်မှူးကြီးက ပြောသည်။
ကျန်သူများအထဲမှ ၅၀ ဦးကို နတ်မြစ်ဝတွင် တည်ရှိသော ဆင်မဖြူကျွန်း (ဘင်္ဂလီ အခေါ် ဆာပိုရီဒွီခ်ျ Sahporidwip) မှ ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ ဆင်မဖြူကျွန်းမှာ အင်္ဂလိပ်နှင့် မြန်မာ သူပိုင်ကိုယ်ပိုင် အငြင်းပွားရာမှ အင်္ဂလိပ်-  မြန်မာ ပထမ စစ်ပွဲကို ဖြစ်စေခဲ့သောကျွန်းဖြစ်သည်။
တခြား ခိုးဝင်လာသူ ၈ ဦးမှာ ဟွေကျောင်း စစ်ဆေးရေးဂိတ်မှ ဖမ်းမိခြင်းပြီး တစ်ခြား ၁၇ ဦးကို မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ကို နယ်စပ်မျဉ်း အဖြစ် ပိုင်း ခြားထားသော နတ်မြစ်ကို ဖြတ်ပြီး မော်တော် ဘုတ်များဖြင့် ခိုးဝင်လာစဉ် ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။
ဖမ်းဆီးမိသူများအား ဘင်္ဂလာဒေခ်ျ့ တာဝန်ရှိသူများက မြန်မာသို့ ပြန်ပို့ရာတွင် မြန်မာ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ဝင်များသို့ တရားဝင် လွှဲပြောင်းပေးခြင်း မရှိဘဲ နယ်စပ်လမ်းများမှ တဆင့် ကိုယ့်အစီအစဉ်နှင့် ကိုယ် ပြန်သွားရန် ပို့ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
သို့အတွက် ပြန်ပို့ခံရသူများမှာ မြန်မာနိုင်ငံသား ဟုတ်မဟုတ်ကို မြန်မာ နယ်စပ် အရာရှိများ အနေဖြင့် ဆန်းစစ်နိုင်ခြင်း မရှိကြောင်း သိရသည်။
ဘင်္ဂလာဒေခ်ျ့ဘက်မှ နေ့စဉ်နေ့တိုင်း မြန်မာနိုင်ငံမှ ခိုးဝင်သူများကို မြန်မာဘက်သို့  ပြန်ပို့ နေသော်လည်း မြန်မာ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ဝင်များက တစ်ဦး တစ်ယောက်ကိုမှ ဖမ်းမိသည်ဟု မကြားရပါကြောင်း၊ ဖမ်းမိလျှင်လည်း သူတို့ထံမှ ငွေယူပြီး ပြန်လည် လွှတ်ပေးလေ့ရှိပါကြောင်း မောင်တော မြောက်ပိုင်း တောင်ပြိုဒေသခံ ကျေးရွာသား တစ်ဦးက ပြောသည်။
မြန်မာ နယ်စပ်တလျှောက်တွင် သံဆူးကြိုးများ ကာရံထားပြီး နစကခေါ် နယ်စပ် လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေး ယူထားသော်လည်း ယခုကဲ့သို့ တရားမ၀င် တံခါးမရှိ ဓါးမရှိ ၀င်ထွက် သွားလာနေကြသည်ကို ယခုအချိန်ထိ တစ်စုံတစ်ရာ တားဆီးနိုင်ခြင်း မရှိဘဲ ဖြစ်နေသဖြင့် မြန်မာ အနောက်ဘက် နယ်စပ်မှာ အမှန်တကယ် ကျိုးပေါက်နေသလားဆိုသည်ကို နိုင်ငံတော် အစိုးရမှ  အမြန် သုံးသပ် ဆန်းစစ်ရန် လိုအပ်နေကြောင်း နယ်စပ်နေ နိုင်ငံရေး သမားများက သုံးသပ် ပြောဆို နေကြသည်ဟု သိရသည်။
http://www.narinjara.com/burmese/?p=2336

ရသေ့တောင် ရခိုင်ဒေသ လူထု အစည်းအဝေးမှ ဆုံးဖြတ်ချက် ၁၈ ခု၊ ကန့်ကွက်ချက် ၆ ခုနှင့် အဆိုပြုချက် ၃ ခု ချမှတ်

September 26, 2012 at 7:09 pm
စက်တင်္ဘာလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့ထိ ၂ ရက်တိုင်တိုင်  ကျင်းပပြုလုပ်ခဲ့သော ရခိုင်ဒေသ လူထု အစည်းအဝေးမှ နိုင်ငံတော် အစိုးရသို့ တင်ပြမည့်  ဆုံးဖြတ်ချက်၊ ကန့်ကွက်ချက်နှင့် အဆိုပြုချက်များမှာ အောက်ပါ အတိုင်း ဖြစ်သည်။
———————————————————————————–
(၂၅/၂၆-၉-၂၀၁၂) နေ့များတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင်
ကျင်းပသောရခိုင်ဒေသလူထုအစည်းအဝေး က နိုင်ငံတော် အစိုးရသို့ တင်ပြတောင်းဆိုချက်များ
Photo: Narinjara ၁။ မြန်မာနိုင်ငံ၏ အနောက်ဘက် ရခိုင်နယ်စပ်ဒေသနှင့် တရားမ၀င်ခိုးဝင်သူ များရှိနေပါ၍ပင်လယ်ပြင်နှင့်
နယ်စပ်အား လုံခြုံရေးကို အခိုင်အမာတည်ဆောက်ပေးပါရန်။
၂။ ရခိုင်ပြည်နယ်တွင် နည်းပါးနေသည့်ရခိုင်လူဦးရေကို ပြန်လည်ဖြည့်တင်းနိုင်ရန် ရခိုင်ဒေသတွင် စီးပွါးရေးဇုံများကို  ရခိုင်တိုင်းရင်းသားများက ဦးဆောင်အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်မှအပြည့်အ၀ ကူညီပေးရန်။
၃။ ရခိုင်ပြည်နယ်မှ ထွက်ရှိသော သယံဇာတများအား ဒေသခံပြည်သူများသို့ ရသင့်ရထိုက်သော အခွင့်အရေးများ  ကို နိုင်ငံတကာ၏ စံချိန်စံနှုန်းများအတိုင်း ပြည်ထောင်စုအစိုးရမှ ခံစားခွင့်ပေးပါရန်။
၎။ မြန်မာနိုင်ငံရှိ ဘင်္ဂလီများ၏ လူဦးရေပေါက်ပွားနှုန်းကို ထိန်းချုပ်နိုင်သည့် ဥပဒေတစ်ရပ် ပြဌာန်းပေးပါရန်။
၅။ နိုင်ငံသားမဟုတ်သူများ၏ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများပိုင်ဆိုင်မှုကို ဥပဒေအရကန့်သတ်ပေးပါရန်။
၆။ တိုင်းရင်းသားကျေးရွာတိုင်းတွင် ပြည်သူ့စစ်များဖွဲ့စည်းပြီး ခေတ်မီလက်နက်များတပ်ဆင်ပေးပါရန်
၇။ ၁၉၈၂-ခုနှစ်၊ နိုင်ငံသားဖြစ်မှု ဥပဒေအတိုင်း တိကျစွာအကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန်။
၈။ UN နှင့် INGOs အဖွဲ့အစည်းများ၏ ဆော င်ရွက်ချက်များကို သက်ဆိုင်ရာအစိုးရမှ အနီးကပ်ကြီးကြပ်
ဆောင်ရွက်ပေးပါရန်။
၉။ မြန်မာနိုင်ငံအတွင်းရှိ အစွန်းရောက် အစ္စလမ်များ၏ အရင်းအမြစ်များကို ရှာဖွေဖော်ထုတ်၍  တိတိကျကျ အရေးယူ ဆောင်ရွက်ပေးပါရန်။
၁၀။၁၉၄၂-ခုနှစ်၊ ကုလား-ရခိုင်အဓိကရုဏ်းနှင့် ၁၉၄၈နောက်ပိုင်း မူဂျာဟစ်ရန်ကြောင့် ထွက်ပြေး တိန်းရှောင် ခဲ့ကြရသည့်  ရခိုင်ဒုက္ခသည်များ၏ ပိုင်ဆိုင် ခဲ့သော လယ်ယာ၊ ဥယျာဉ်၊ခြံမြေများကို ယင်းတို့၏ မျိုးဆက်များအား ပြန်လည်ပေး အပ်၍ ရပ်ရွာတည်ထောင် နေရာချ ထားပေးပါရန်။ ဤသို့နေရာချထားမှုကို ကုလားနှင့် ရခိုင်လူဦးရေ အချိုး  အစားညီမျှ သည့်အဆင့်အထိ ထိန်းညှိ ပေးရန်။
၁၁။ ရခိုင်ပြည်နယ်အတွင်း အများပြည်သူသွားလာနေကြသော အဓိကဆက်သွယ်ရေး လမ်းကြောင်းများရှိ ဘင်္ဂလီ ကျေးရွာ/ရပ်ကွက်များနှင့် စစ်တွေ တက္ကသိုလ်တွင် ကျောင်းသား/သူများ လုံခြုံအေးချမ်းစွာ ပညာသင်ကြား နိုင်ရန် တက္ကသိုလ် အနီးတစ်ဝိုက်ရှိ ဘင်္ဂလီကျေးရွာများအား ဖယ်ရှားပေးရန်။
၁၂။ ဒေသခံပြည်သူများအတွက် စိုင်းဒင်ရေတံခွန်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို အမြန်ဆုံးအကောင်အထည်  ဖော် ဆောင်ရွက်ပေးပါရန်။
၁၃။ နယ်စပ်ဒေသများရှိ အစိုးရ၀န်ထမ်းအားလုံး၏ လုံခြုံရေးကို အပြည့်အ၀တာဝန်ယူပေးပါရန်။
၁၄။ မဒရ်ဆာ(Madressar) စာသင်ကျောင်းများ၏ သင်ရိုးညွန်းတမ်းများအား သက်ဆိုင်ရာဌာနများမှ စိစစ်ခွင့်ပြုပြီး  ၄င်းအတိုင်း သင်ကြားမှုရှိ/မရှိ အချိန်ပြည့်စောင့်ကြပ်စီစစ်မှု ပြုလုပ်ပေးပါရန်။
၁၅။ ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတကြီးမှ ( ၁၁ – ၇ -၂၀၁၂ ) နေ့တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ
မဟာမင်းကြီးအား ပြောကြားခဲ့သည့် ဘင်္ဂလီနှင့်ပတ်သက်သော စကားရပ်များကို ရခိုင်ပြည်သူ၊ ရဟန်းရှင်လူ
တစ်ရပ်လုံးမှ အလေးအနက်မှတ်တမ်းတင် ထောက်ခံပြီး ၄င်းစကား အရပ်ရပ်အတိုင်း ဆက်လက်အကောင်
အထည်ဖော်ဆောင်ရွက်ပေးပါရန် အလေးအနက် တောင်းဆို အပ်ပါသည်။
၁၆။ တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများမှ သိမ်းယူထားသော လယ်ယာ၊ ကိုင်းကျွန်း၊ ဥယျာဉ်  ခြံမြေ၊ ချောင်းမြောင်းအင်းအိုင်များကို သက်ဆိုင်သူ ပြည်သူများထံသို့ ပြန်လည်ပေးအပ်ရန်။
၁၇။ အများပြည်သူ မှီခိုအားထား အသက်မွေးဝမ်းကျောင်းပြုနေရသော မြစ်ချောင်း၊ အင်းအိုင်၊ ပင်လယ်များကို
လေလံကွက်များ အဖြစ် ဖန်တီး၍ လေလံတင်ရောင်းချခြင်းကို ရပ်ဆိုင်းပေးရန်။
၁၈။ ရခိုင်ပြည်နယ်အတွင်း မြို့ချင်းဆက် ၊ ရွာချင်းဆက် ရထားလမ်း၊ ကားလမ်းများကို မြန်မြန်ဆန်ဆန်ပြီးစီးအောင်  ဆောင်ရွက်ပေးပါရန်။

Photo: Narinjara (၂၅/၂၆-၉-၂၀၁၂) နေ့များတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် ကျင်းပသော
ရခိုင်ဒေသလူထုအစည်းအဝေး က ကန့်ကွက်ချက်များ
၁။ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခအခြေအနေများအရသော်လည်းကောင်း၊ ဘင်္ဂလီများ၏ အတွင်းစိတ်သန္တာန်
မမှန်ကန်မှုအရသော်လည်းကောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ယဉ်ကျေးမှုနှင့် ကျေးဇူးသစ္စာကို
မစောင့်သိ မရိုသေ၍သော်လည်းကောင်း ရခိုင်ပြည်နယ်အတွင်း ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂလီများ
အတူယှဉ်တွဲ နေထိုင်ရန် မဖြစ်နိုင်ပါသောကြောင့် ရခိုင်၊ ဘင်္ဂလီ အတူယှဉ်တွဲနေထိုင်ရေးကို လုံးဝ ကန့်
ကွက်သည်။
၂။ မြန်မာပြည်၏ ပြည်တွင်းရေးတွင် O.I.C ၏ နိုင်ငံရေးအရ မတရားဝင်ရောက်စွက်ဖက်မှုကို လုံးဝ ဆန့်
ကျင် ကန့်ကွက်သည်။၎င်းအပြင် ရခိုင်ပြည်နယ်ရှိ မည်သည့်နေရာတွင်မဆို O.I.C ရုံးစိုက်ခြင်းကိုလည်း
လုံးဝကန့်ကွက်သည်။
၃။ သာဘ၀ပတ်ဝန်းကျင်နှင့် ဒေသခံရခိုင်တိုင်းရင်းသားများ၏ လူမှုစီးပွါးရေးကို ထိခိုက်ပျက်စီးစေနိုင်သော
“လေးမြို့’’ ရေအားလျှပ်စစ်ဓာတ်အားစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို လုံးဝကန့်
ကွက်သည်။
၎။ မြန်မာနိုင်ငံတွင် လုံးဝမရှိသော လူမျိုးဖြစ်သည့် “ရိုဟင်ဂျာ” ဟူသောဝေါဟာရကို ပြည်တွင်း/ပ
မီဒီယာများက သုံးစွဲနေမှုအပေါ် ရခိုင်ပြည်သူ၊ ရဟန်းရှင်လူ တစ်ရပ်လုံးက လုံးဝကန့်ကွက်သည်။
၅။ နိုင်ငံသားစီစစ်ရေးကဒ်ကို မသမာသောနည်းဖြင့်ရယူ၍ လွတ်တော်အရပ်ရပ်တွင် တက်ရောက်နေကြ
သည့် ဘင်္ဂလီကိုယ်စားလှယ်(အမတ်)များကို ရခိုင်ပြည်နယ် လူထုတစ်ရပ်လုံးမှ လုံးဝကန့်ကွက် သည်။
၆။ ရခိုင်တစ်မျိုးသားလုံး၏ အထွဋ်အမြတ်ထားသော ဘာသာရေး၊ယဉ်ကျေးမှုဆိုင်ရာသင်္ကေတ၊ လက္ခဏာ
အမှတ်အသားများအား ဘင်္ဂလီလူမျိုးခြားများက ပုံတူကူးယူအသုံးပြုခြင်းကို ပြင်းပြင်း ထန်ထန် ကန့်
ကွက်သည်။
သို့
ဥက္ကဌ
ရခိုင်ဒေသလူထုအစည်းအဝေးကျင်းပရေးကော်မတီ
ရသေ့တောင်မြို့
ရက်စွဲ။ ၁၆၊ ၉၊၂၀၁၂
အကြောင်းအရာ။ လူထုအစည်းအဝေးကြီး၏ တောင်းဆိုချက်/ကန့်ကွက်ချက်/မှတ်တမ်းတင်ရန်
အချက်များကို တင်ပြခြင်း
ရည် ညွန်းချက် ။ အစည်းအဝေးကျင်းပရေးကော်မတီ၏ (၂၄-၉-၂၀၁၂) ရက်စွဲပါတာဝန်ပေးအပ်ချက်
၁။ အထက်ပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ဒေသလူထုအစည်းအဝေးကြီးမှ တောင်းဆိုချက်/ကန့်ကွက် ချက်/ အကြံပြုချက်များကို တက်ရောက်ဆွေးနွေးတင်ပြကြသော ကိုယ်စားလှယ်တော်ကြီးများ၏ ဆန္ဒသဘောထား အပေါ်မူတည်၍ တခဲနက်ဆုံးဖြတ်အတည်ပြုနိုင်ရေးအတွက် ပြင်ဆင်စုစည်းသတ်မှတ် ပေးရန် အဖွဲ့ဝင်(၉)ဦး ပါဝင်သော ပြုစုရေးကော်မတီကို တာဝန်ပေးအပ်ခဲ့ပါသည်။
၂။ ဤအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ တက်ရောက်လာကြသော ကိုယ်စားလှယ်များ နှင့် ပြည်တွင်း/ပမှ အကြံပြုတင်ပြချက်များကို စီစစ်ခွဲခြမ်းစိပ်ဖြာ၍ ဤလူထုအစည်းအဝေးကြီးမှ တောင်းဆို ချက် ၊ ကန့်ကွက်ချက် ၊ အကြံပြုချက်များကို ပြုစုခဲ့ပြီးဖြစ်ပါသည်။
၃။ သို့ဖြစ်ပါ၍ ရခိုင်ဒေသလူထုအစည်းအဝေးကြီးမှ တခဲနက်ထောက်ခံ အတည်ပြုချက်ရယူနိုင်ရန် ပူးတွဲတင့်ပြအပ်ပါသည်။
( အရှင်ကုသလ )
အဖွဲ့ခေါင်းဆောင်
(၉)ဦးကော်မတီ
အကြံပြုတိုက်တွန်းချက်
၁။ ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများဖြစ်သော
(က) RNDP (ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ)
(ခ) ALD ( ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်)
(ဂ) ALP (ရခိုင်ပြည် လွတ်မြောက်ရေးပါတီ)
(ဃ) USDP (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)
(င)တစည (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) တို့မှလည်း ရခိုင်ဒေသလူထုအစည်း အဝေးမှ နိုင်ငံတော်သို့ တင်ပြတောင်းဆိုချက်များ / ကန့်ကွက်ချက်များ/ အကြံပြုချက်များကို အင်တိုက် အားတိုက် ထောက်ခံကူညီပေးပါရန် အကြံပြုတိုက်တွန်းအပ်ပါသည်။
၂။ ရခိုင်လူမျိုးအတွက် ရခိုင်အကျိုးအတွက် ကိုယ်စားပြုပါတီများသည် အကွဲကွဲအပြားပြားမဆောင် ရွက်ကြဘဲ ပူးပေါင်းဆောင်ရွက်ကြရန် ရခိုင်ဒေသလူထုအစည်းအဝေးမှ အလေးအနက်အကြံပြုတိုက်တွန်း အပ်ပါသည်။
၃။ ရခိုင်ပြည်နယ်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက် ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအဖွဲ့ အစည်းများ၊ အသင်းအဖွဲ့များနှင့် ပြည်ပတွင်ရောက်ရှိနေကြသည့် ရခိုင်လူမျိုးအသင်းအဖွဲ့ အစည်း တို့သည် ကွန်ယက်သဖွယ် အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ကြပါရန် ဤရခိုင်ဒေသလူထုအစည်းအဝေး ကြီးမှ အလေးအနက်ထား၍ တိုက်တွန်းအကြံပြုအပ်ပါသည်။
မှတ်တမ်းတင်ခြင်း
Photo: Narinjara ဤရခိုင်ဒေသလူထုအစည်းအဝေးကြီးသို့ အဖွဲ့အစည်းအသီးသီးနှင့် လူပုဂ္ဂိုလ်များမှ ပေးပို့သည့် အောက်ဖော် ပြပါ စာတမ်းများကို မှတ်တမ်းတင်ပါကြောင်း ဖော်ပြအပ်ပါသည်။
(၁) ရခိုင်အမျိုးသမီးသားအစည်းအရုံးမှ ပေးပို့သောသ၀င်လွှာ
(၂) ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ တင်သွင်းသည့်သ၀င်လွှာ
(၃) ခိုင်အောင်ကျော် (နယူးယောက်)မှ တင်သွင်းသည့် “ရခိုင်အနာဂတ်စီမံကိန်းများနှင့် ကာကွယ်ရေး ဆောင်ရွက် ချက်များကို ဆန်းစစ်ကြည့်ခြင်း”စာတမ်း
(၄) ရန်ကုန်မြို့ရှိ ရခိုင်တိုင်းရင်းသားများ၏ သဘောထားစာတမ်း
(၅) ကျောက်နီမော်ဒေသနေ ရခိုင်တိုင်းရင်းသားများမှ တင်သွင်းသည့်စာတမ်း
အထူးအနေဖြင့် အင်ဒိုနိးရှားနိုင်ငံ အထက်လွှတ်တော်ဥက္ကဌ ( အာဆီယံအမတ်များညီလာ A.I.P.A ဥက္ကဌ Dr MARZUKI ALIE ABDUL MADJID) အား (1st August 2012) နေ့တွင် မြန်မာနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်အား ပြန်ကြားလွှာတွင်ပါရှိသော “ ရိုဟင်ဂျာ ဆိုသူများသည် ဤနိုင်ငံတွင်မရှိပါ။ ၄င်းအပြင် ရိုဟင်ဂျာ လူမျိုးသည် မြန်မာလူမျိုးပေါင်းစုံ စာရင်းတွင်လည်း ပါဝင်ခြင်းမရှိပါ။ ——- The so called Rohingyas does not exit in this country and that race does not even exit in the race of Myanmar.) စာပိုဒ်အား ရခိုင်ပြည်သူ ရဟန်း၊ရှင်လူ တစ်ရပ်လုံးမှ အသိအမှတ်ပြု မှတ်တမ်းတင်ပါသည်။
၎င်းအပြင် အရှင်ဝီရသူ( အရှင်ဝိစိတ္တဘိဝံသ၊ မစိုးရိမ်ကျောင်းတိုက် ၊ မန္တလေးမြို့) ၏ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ထုတ်ပြန်သည့် စာတမ်းကိုလည်း ရခိုင်လူထုအစည်းအဝေးမှ မှတ်တမ်းတင်အပ်ပါသည်။
အချက်အလက်များပြုစုရေး (၉)ဦးကော်မတီမှ ရခိုင်ဒေသလူထုအစည်းအဝေးသို့ တက်ရောက်လာကြသော ရခိုင်ပြည်နယ်ရှိ မြို့နယ်များနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှ တက်ရောက်လာကြသော ကိုယ်စားလှယ်များသို့ တင်ပြချက်
ရခိုင်ဒေသလူထုအစည်းအဝေးကြီး ကျင်းပရေးကော်မတီသည် ဤအစည်းအဝေးကြီးမှ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်နှင့် မှတ်တမ်းများကို မှတ်တမ်းတင်နိုင်ရန်နှင့် (၂၄-၉-၂၀၁၂)ရက်စွဲဖြင့် အဖွဲ့ဝင်(၉)ဦးပါဝင်သော အချက်အလက်များ ပြုစုရေးကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။
ဤကော်မတ်ီအနေဖြင့် ရပ်ဝေးရပ်နီးမှ ရောက်ရှိလာကြသော အကြုံပြုချက်စာတမ်းများ မြို့နယ်အသီးသီး လူပုဂ္ဂိုလ် အသီးသီးတို့၏ အကြံပြုတင်ပြချက်များကို အသေးစိတ်ဖတ်ရှု့စီစစ်ပြီး အစည်းအဝေးကြီးမှ အတည်ပြုဆုံး ဖြတ်ချက်ချမှတ်နိုင်အောင်
(၁) နိုင်ငံတော်အစိုးရသို့ တင်ပြတောင်းဆိုချက် (၁၈)ချက်
(၂) ကန့်ကွက်ချက် (၆)ချက်
(၃) အကြံပြုချက် (၃)ချက်
(၄) မှတ်တမ်းတင်ခြင်းများကို စုစည်းရရှိခဲ့ပြီးဖြစ်ပါ၍ တာဝန်ပေးအပ်သည့် ရခိုင်ဒေသလူထုအစည်းအဝေး ကျင်းပရေးကော်မတီသို့ အစည်းအဝေးကြိးမှ အတည်ပြုချက်ရယူနိုင်ရန် တင်ပြထားပြီးဖြစ်ပါသည်။
ဤကော်မတီမှ ပြုစုတင်ပြထားသောအချက်များမှာ ကိုယ်စားလှယ်တော်ကြီးများ၏ ဆန္ဒသဘောထားနှင့် အနီးစပ်ဆုံး ကိုက်ညီိလိမ့်မည်ဟုလည်း မျှော်လင့်ပါသည်။
တိုတောင်းသောအချိန်အတွင်း ပြုစုခဲ့ရသောကြောင့် ချွတ်ယွင်းချက်များရှိပါက ကျွန်တော်တို့အား နားလည်ပေး ကြပါရန် ဤကော်မတီမှ ကိုယ်စားလှယ်တော်ကြီးများအား အနူးအညွတ်တောင်းပန်အပ်ပါသည်။
(၉)ဦးကော်မတီ
နေ့စွဲ။ ၂၆၊၉၊၂၀၁၂
 http://www.narinjara.com/burmese/?p=2341

Shopping Centre ဖွင့်ရန် မန္တလေးတွင် မြေရှာမူ ဂဂမျိုးဆက်ကျောင်းသားများ ငြင်းဆို

Aye Chan Mon
ရန်ကုန်၊ စက်တင်ဘာ ၂၆။

အိမ်ခြံမြေဈေး သိန်းသောင်းဂဏန်းဝန်းကျင် အထက်တွင်သာရှိသော မန္တလေးမြို့အတွင်း ဂဂ မျိုးဆက်
ကျောင်းသားများက ယခုလအတွင်း Shopping Centre ဖွင့်လှစ်ရန် မြေနေရာလိုက်လာရှာဖွေနေခြင်းမှာ
မဟုတ်မှန်ကြောင်း ကျောင်းသားခေါင်းဆောင်များက ငြင်းဆိုပြောကြားသည်။

"ဂီတပွဲလေးတွေပွဲ လုပ်ပြီး ရန်ပုံငွေရှာနေတာပါ၊ မန္တလေးမှာ မြေရှာနေတယ်ဆိုတဲ့ သတင်းတွေက လုံးဝ
မဟုတ်ပါဘူး" ဟု ၈၈မျိုးဆက် ကျောင်းသား ဦးကိုကိုကြီးက ဆိုသည်။

မန္တလေးမြို့နာမည်ကျော် Shopping Centreကြီးတစ်ခု၏ မျက်စောင်းထိုး မြေကွက်တစ်ခုကို ကျပ်သိန်း
နှစ်သောင်းပေးကာ ၈၈မျိုးဆက် ကျောင်း သားများအတွက် ဗိုလ်မှူးဟောင်းတစ်ဦးက လာရာဝယ်ယူရန်
ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း အဆိုပါခြံ၏ အမွေဆိုင်တစ်ဦးက ပြောဆိုသည်။

"ကုန်တိုက်ဖွင့်မယ်လို့ ပြောတာ၊ တခြားလူဆီက စရန်ငွေယူထားလို့ လက်မခံလိုက်ဘူး"ဟု ၎င်းက
ရှင်းပြသည်။
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးကလည်း အဆိုပါသတင်းမှာလုံးဝ မမှန်ကန်
ကြောင်း၊ ၎င်းတို့အဖွဲ့၏ အမည်ကို အလွဲသုံးစားပြုမူများ မကြာခဏဖြစ်ပေါ်နေကြောင်း ပြောကြားသည်။

စီးပွါးရေးလုပ်ငန်းရှင်တစ်ချို့က ၈၈မျိုးဆက်ကျောင်းသားကို အခြေတည်၍ စီးပွားရေးလုပ်ငန်းများ ထူထောင်
ပေးရန် စီစဉ်မှုအချို့ ပြုလုပ်ခဲ့ ဘူးကြောင်း ၎င်းတို့နှင့်နီးစပ်သူများထံမှသိရသည်။
SWEET
News from : Yangon Chronicle
Post by အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)

စာတင်သော်လည်း ထူးခြားမူမရှိ၍ အောက်တိုဘာတွင် ရှေ့နေ တစ်ရာကျော် ဆန္ဒပြမည်


Aye Chan Mon ရန်ကုန်၊ စက်တင်ဘာ ၂၆။

သမိုင်းဝင်တရားရုံးအဆောက်အအုံများ ဟိုတယ်ပြုလုပ်ရန် စီစဉ်မှုကို နိုင်ငံတော်သမ္မတ အပါအဝင်
သက်ဆိုင်ရာအဖွဲ့အစည်းအသီးသို့ ယခု လဆန်းပိုင်းက ကန့်ကွက်စာများ တင်ပြထားသော်လည်း
ထူးခြားမှု မရှိ၍ အောက်တိုဘာ၁၇ ရက်နေ့တွင် ရှေ့နေ တစ်ရာကျော်က ဆန္ဒပြရန် စီစဉ်နေကြောင်း
ရှေ့နေများကွန်ယက်ဝင် ဦးကိုနီက ဆိုသည်။

ဆန္ဒပြပွဲကို မြို့တော်ခန်းမရှေ့မှ မနက် ၁၀ နာရီတွင် စတင်မည်ဖြစ်ပြီး သက်ဆိုင်ရာ တရားရုံးများသို့
ချီတက်လမ်းလျှောက်ကြမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

"ဒါက သမိုင်းဝင် အဆောက်အအုံတွေပါ၊ ဆန္ဒပြလို့မှ မထူးခြားရင် အစိုးရကို တရားဆက်စွဲမှာပါ"ဟု
မဟာဗန္ဓုလ ပန်းခြံဘေးရှိ တရားလွတ်တော် အဆောက်အအုံနှင့် ပန်းဆိုးတန်းနှင့် ကမ်းနားလမ်းထောင့်၍
စုပေါင်းတရားရုံး အဆောက်အအုံတို့ကို ဟိုတယ်ဆောက်လုပ်ရန် စီစဉ်နေမှုအတွက် ၎င်းက ခြိမ်းခြောက်
ပြောကြားသည်။

ယခင်က အမှုကိစ္စများ လျှင်မြန်ပြီးစီးစေရန် တရားရုံးများကို တစ်စုတစည်းတည်း ထားရှိရာက ပြီးခဲ့သည့်
လပိုင်းအတွင်းက သီးခြားစီခွဲထုတ် ခဲ့ခြင်းအပေါ် ဝါရင့်ရှေ့နေအများစုက ကန့်ကွက်ပြောဆိုနေကြသည်။
SWEET

News from : Yangon Chronicle
Post by အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)

Education First ဖွင့်လှစ်ပွဲနဲ့ ရန်ပုံငွေ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

ဒီမို ဖက်တီး 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ကမကထပြုလုပ် ကျင်းပတဲ့ Education First ဖွင့်လှစ်ပွဲနဲ့ ရန်ပုံငွေ ထူထောင်ပွဲကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် (BBC)
Official Launch of the Secretary General's Global Initiative on Education Education First

ဘသောင်း ဟိန်း's photo.
 
United Nations, Education First Debate
 
ကမ္ဘာ့ထင်ရှားတဲ့ အမျိုးသမီးများအလယ်က ဒေါ်အောင်ဆန်းစုကြည် (ဘေးကပ်ရပ်ကတော့ ဗြိတိသျှဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွင် ဘရောင်းရဲ့ ဇနီး ဆာရာ ဘရောင်း ဖြစ်ပါတယ်)။
BBC Burmese's photo. Tun Wai's photo.
 
ြှဗိတိသျှဝန်ကြီးချုပ်ဟောင်းနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ကမ္ဘာလုံးဆိုင်ရာ ပညာရေးမြှင့်တင်ရေး ကုလသမဂ္ဂ အထူး သံအမတ်ကြီး ဂေါ်ဒွင် ဘရောင်းက ဒေါ်အောင်ဆန်းစုကြည်ကို ခင်မင်ရင်းနှီးစွာ နှုတ်ဆက်နေတာ ဖြစ်ပါတယ်။
NEWS bbc UNDP's photo.
 
Impressions from the 67th United Nations General Assembly: Helen Clark and other UN officials met with Myanmar opposition leader and Nobel laureate Aung San Suu Kyi.
ခမ်းနားလှပစွာ ကျက်သရေရှိသော အမေ
♥ ♥ ♥ ♥ ♥
Photo - Aung II

ရခိုင်ပြည်လုံးဆိုင်ရာ ညီလာခံသို့  တင်သွင်းသော စာတမ်း

ခိုင်အောင်ကျော်(နယူးယောက်)

(  ဤစာတမ်းမှာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့  ရခိုင်ဒေသလူထု ညီလာခံသို

့တင်သွင်းခဲ့ သည့် စာတမ်းဖြစ်ပါသည် )



ရခိုင်အနာဂါတ် စီမံကိန်းနည်းလမ်းများနှင့် ကာကွယ်ရေးဆောင်ရွက်ချက်များကို

ဆန်းစစ်ကြည့်ခြင်း စာတမ်း



ကြွရောက်လာသူ ရခိုင်လူမျိုးများအား လက်စုံမိုးကာ ရှိခိုးပါ၏



ရခိုင်ပြည်လုံးဆိုင်ရာ ညီလာခံတွင် သဘာပတိအဖြစ် ဆောင်ရွက်နေကြသော

ဆရာတော် ရဟန်းသင်္ဃာတော်များနှင့် လူကြီးလူကောင်းများ ၊

နိုင်ငံရေးပါတီခေါင်းဆောင်များ ၊ မြို့ နယ်များ၏ ကိုယ်စားလှယ်တော်များ ၊

မြို့ နယ်ပေါင်းစုံမှ  မြို့ မိမြို့ ဖများနှင့်

ကျောင်းသားကျောင်းသူများအား လှိုက်လှဲစွာ နုတ်ခွန်းဆက်သ ပြုလိုက်ပါသည် ။



ကြွရောက်အားပေး ချီးမြှောက်ကြသော ဂုဏ်သရေရှိ လူကြီးလူကောင်းများ အား

ကျွန်တော် ပထမဦးစွာ မိတ်ဆက်စကား ပြောကြားပါရစေ ။။။။။



      ကျွန်တော်၏ နာမည်မှာ ခိုင်အောင်ကျော် ဖြစ်ပါသည် ။ ကျွန်တော်သည်

အမေရိကပြည်ထောင်စု နယူးယောက်မြို့ တွင် နေထိုင်လျှက်ရှိသူဖြစ်ပြီး

ယခုအချိန်ထိ ရခိုင်ပြည်၏ အရေးအရာများနှင့် နေ့ တဓူဝဖြစ်ပျက်နေသော

အကြောင်းအရာများကို ချိန်ခါမလပ် တွေးတောကြံဆ နေသူဖြစ်ပါသည် ။

ရခိုင်လူမျိုးဖြစ်သော ကျွန်တော့်အဖို့  ဘ၀နှင့် ပေးဆပ်ထားသော

ရခိုင်နိုင်ငံရေး၏ ကွင်းဆက်ပြသနာများကို မည်သည့်အခါမှ မေ့လျှော့ထား၍

ရမည်မဟုတ်ပါ၍ ယခုကဲ့ သို့ ပင် ရခိုင်အနာဂါတ် စီမံကိန်းနည်းလမ်းများနှင့်

ကာကွယ်ရေးဆောင်ရွက်ချက်များကို ဆန်းစစ်ကြည့်ခြင်း စာတမ်းအား

တင်သွင်းရခြင်းဖြစ်ပါသည် ။ ဤနေရာ၌ ကျွန်တော်၏ တင်သွင်းထားသော စာတမ်းသည်

အနောက်တောင်လေ ပြိုကာမုန်တိုင်း တိုက်သည့်အခါ အရှေ့ရိုးမ ကမ်းပါးယံ

ဖြိုဖျက်ကာ ပေးရလေမည့်အလား ဖြစ်ပျက်သွားရသည့် အခြေအနေများကို

ထိမ်းသိမ်းကာကွယ်နိုင်အောင်  ရေးသားတင်သွင်းရခြင်းဖြစ်ကြောင်း

ရှေးဦးစွာ ပြောကြားချင်ပါသည် ။

     ထို့ ကြောင့် ဤစာတမ်းပါအချက်အလက်များအား အောက်ပါ အခန်းများနှင့်

မာတိကာ ခွဲ ပြီး တင်သွင်းခွင့်ပြုပေးလိုပါသည် ။



( က )  အတိတ်ကာလ ရခိုင်တို့ ၏ နိုင်ငံရေး ကံကြမ္မာ ဆုံးရှုံးခြင်း ၊

( ခ )  မြန်မာနိုင်ငံ လွပ်လွပ်ရေးရပြီးကာလ နိုင်ငံရေးကာလ ကံကြမ္မာ ဆုံးရှုံးခြင်း ။

( ဂ )  မျက်မှောက်ကာလ “ ခြ “ စားခံလိုက်ရသော ရခိုင်မြေပြသနာ ၊

( ဃ )  သမ္မတ နှင့် အစိုးရ ၊ နိုင်ငံခြားသားပညာရှင်များ ၊

ရခိုင်သမိုင်းပညာရှင်များ ၊ နိုင်ငံရေးသမားများ အပြင် ပြည်သူများ ဆန္ဒ

ရောင်ပြန်ဟပ်ခြင်း ၊

( င ) အနောက်တံခါး ပိတ်မလား ၊ အရှေ့တောင်နံရံ ဖွင့်မည်လား ။

( ဃ )  မည်သူ့ မှာ တာဝန်ရှိသနည်း ။

( စ )  သုံးသပ်ချက်များ ၊



လေးစားအပ်ပါသော သဘာပတိများနှင့် တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များအား တင်ပြပါရစေ ။။



( က ) အတိတ်ကာလ ရခိုင်တို့ ၏ နိုင်ငံရေးကံကြမ္မာ ဆုံးရှုံးခြင်း ။



      အငြင်းပွါးဘွယ် မရှိသော ရှေးခေတ်ရခိုင် ရှင်ဘုရင်တို့ ၏

နယ်မြေကာလသည် မြောက်ဦးမြို့ ကိုတည်ထောင်တော်မူပြီး မင်းစောမွန်

ကွယ်လွန်၍ -၂-နှစ်မြောက်အချိန် ညီတော်ဖြစ်သူ မင်းခရီက ရခိုင်နန်းတော်ကို

သိမ်းပိုက်အုပ်ချုပ် ဆက်ခံပါသည် ။ မင်းခရီရှင်ဘုရင်သည် လက်ရုံးရည်

နှလုံးရည်နှင့် ပြည့်စုံသော မင်းတပါးဖြစ်သည့်အတွက်ကြောင့် ၄င်းအချိန်က

အချိန်မရွေး တိုက်ခိုက်သတ်ဖြတ် ကျူးကျော် ရန်စ နှစ်ဖက်ရန်သူ ဖြစ်လျှက်

ရှိနေသော ဗမာဘုရင်နှင့် ရခိုင်ရိုးမတောင်ဖြစ်သည့် ဖိုးခေါင်တောင်မှာ

ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုခဲ့ ပါသည် ။ သွေးချောင်းစီးနေသော

နှစ်ပြည်ထောင်တို့ ၏ အမုန်းရန်စများကို ချုပ်ငြိမ်းစေကာ

ရွှေလမ်းငွေလမ်းဖေါက်လျှက် ရခိုင်နိုင်ငံနှင့် ဗမာနိုင်ငံပိုင်

နယ်ခြားများကို သတ်မှတ်ကာ စာချုပ်ချုပ်ဆိုနိုင်ခဲ့ ကြပါသည် ။

     မင်းနှစ်ပါးတို့ ၏ အမြော်အမြင်ကြီးမားမှုကြောင့် ရခိုင်နိုင်ငံနှင့်

ဗမာနိုင်ငံတို့ သည် ၄င်းအချိန်၌ တဦးကို တဦး အသိအမှတ်ပြုကာ

ငြိမ်းချမ်းစွာ အတူလက်တွဲ  နေထိုင်ခဲ့ ကြပါသည် ။ ယင်းစာချုပ်ချုပ်ဆိုသည့်

နေ့ ရက် မင်္ဂလာ အချိန်ကား ကောဇာသက္ကရာစ် ( ၈၁၆ ) ခုနှစ် တန်ခူးလဆန်း ( ၆ )

ရက် ဖြစ်ပါသည် ။ မင်းခရီဘုရင်၏ မင်္ဂလာရှိသော မိန့် ကြားမှုကား “

ရခိုင်ရိုးမတောင်၏ အနောက်ဖက်ခြမ်းနယ်မြေသည် ရခိုင်နိုင်ငံတော်ဖြစ်ပြီး

အရှေ့ဖက်နယ်မြေဖက်ခြမ်းသည် ဗမာနိုင်ငံတော်ဟု ခေါ်တွင် သတ်မှတ်

အသိအမှတ်ပြုသည် “ ဆိုသော သမိုင်းဝင်ကြေညာချက်သည် နှစ်နိုင်ငံလူမျိုးတို

့၏ သွေးချောင်းစီးသတ်ဖြတ်မှုများ ရပ်ဆိုင်းကာ အေးချမ်းသာယာ ရှိခဲ

့ကြပါသည် ။ မင်းခရီဘုရင်၏ ရခိုင်အမျိုးသားများအတွက် ကြီးမြတ်သော မင်္ဂလာနေ

့ရက်တခုကို မွေးဖွါးပေးလိုက်ခြင်းသည် လူမျိုးတမျိုး၏

ဂုဏ်ကြက်သရေအပေါင်းကို ပေါ်လွင်စေခဲ့ သည်အထိပင်ဖြစ်ပါသည် ။

     ထို့ ကြောင့်လည်း မြောက်ဦးခေတ်သမိုင်းသည် ကမ္ဘာ့အလယ်တွင်

ထိုးဖေါက်ကျယ်ပြန့် ခဲ့ ပြီး ရခိုင်နိုင်ငံတော်၏  နိုင်ငံတကာများနှင့်

သံခင်းတမန်ခင်း ဆက်သွယ်နိုင်ခဲ့ ကြသည်အထိ ရှိနေခဲ့ ပါသည် ။ သို့ သော်လည်း

ရခိုင်မင်းဆက်များတွင် အုပ်ချုပ်ရေးယန္တယားညံ့ဖျင်းခြင်းနှင့်

ညီညွတ်ခြင်းများ ပြိုကွဲရလောက်အောင် သစ္စာဖေါက်များ ရှိလာသော

အချိန်အခါနှင့် တဖက်ရန်သူလူမျိုးများ၏ နယ်မြေချဲ့ ထွင် သိမ်းပိုက်ရန်

ကြံစည်တင်ကူးမှုများကို မတွက်ချက်နိုင်သောကြောင့် ရခိုင်နိုင်ငံတော်သည်

ခရစ်သက္ကရစ် ( ၁၇၈၄-ခုနှစ် ဒီဇင်ဘာလ-၃၁-ရက် ) နေ့ တွင် ဗမာဘုရင်တို့ ၏

နယ်ချဲ့  ကိုလိုနီဘ၀ကို ကျရောက်သွားခဲ့ ရပါသည် ။  ရခိုင်အမျိုးသားများ၏

ဂုဏ်ယူဝင့်ကြွားဘွယ်ရာကောင်းသော ရခိုင်အမျိုးသားများနေ့ ထူးနေ့ မြတ်မှ

ရခိုင်နိုင်ငံတော်၏ အသိအမှတ် ပြုခြင်းခံထားသော ရခိုင်နိုင်ငံတော်သည်

၎င်းကဲ့ သို့ လူမျိုးခြားလက်အောက်ကျရောက်သွ

ားသည်နှင့်  ရခိုင်လူမျိုးတို

့၏ နိုင်ငံရေးကံကြမ္မာ ဆုံးရှုံးသွားခဲ့ ရခြင်းဖြစ်ပါသည် ။

   ဤသို့  နိုင်ငံရေး ကံကြမ္မာ ဆုံးရှုံးသွားရခြင်းသည်  ၁၈၂၅-ခုနှစ်တွင်

အင်္ဂလိပ်တို့ က တခါ သိမ်းပိုက်လာခြင်း ၊ ၁၉၃၁-ခုနှစ်တွင် ဂျပန်နိုင်ငံမှ

သိမ်းပိုက်ခံရခြင်း ၊ ၁၉၄၅-ခုနှစ်တွင် အင်္ဂလိပ်တို့ က ဒုတိယအကြိမ်

သိမ်းပိုက်ခြင်း ၊ ၁၉၄၈-ခုနှစ်တွင် မြန်မာနိုင်ငံ လွပ်လွပ်ရေးရရှိသောအခါ

ပြန်လည်၍ ခံလိုက်ရခြင်း တို့ ကြောင့် ရခိုင်လူမျိုးများအဖို့ 

မိမိကြမ္မာကို မိမိတို့  ဖန်တီး၍ မရရှိနိုင်ခဲ့ သော အခြေအနေများဖြစ်ပေါ်ခဲ့ရပါသည် ။



( ခ ) မြန်မာနိုင်ငံ လွပ်လွပ်ရေးရရှိပြီး ရခိုင်လူမျိုးများ၏

နိုင်ငံရေးကံကြမ္မာ ဆုံးရှုံးခြင်း



      စင်စစ်အားဖြင့် ရခိုင်နိုင်ငံသည် ခေတ်အဆက်ဆက် ကျွန်သက်ရှည်ခဲ့ ရသော

စနက်ကြောင့် နောက်ပိုင်းကာလများတွင် မြန်မာနိုင်ငံ၏ တစိတ်တဒေသဆိုသော

လက္ခဏာများဖြစ်သွားခဲ့ ရခြင်းဖြစ်သည် ။ တချိန်တည်းမှာပင် ပေါ်ထွန်းလာသော

ရခိုင်နိုင်ငံရေးခေါင်းဆောင်များ နှင့်တော်လှန်ရေးခေါင်းဆောင်များသည်

လည်း မြန်မာနိုင်ငံလွတ်လွပ်ရေးအတွက်ဗမာလူမျိုး နိုင်ငံရေးခေါင်းဆောင်များနှင့်

တော်လှန်ရေးခေါင်းဆောင်များတို့ နှင့် အတူတကွ လက်တွဲ တိုက်ပွဲဝင်ခဲ့ကြသည် ။

စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ခဲ့ ကြသောကြောင့်

မြန်မာနိုင်ငံသည် -၁၉၄၈-ခုနှစ် ဇန္န၀ါရီလ-၄-ရက်နေ့ တွင် လွပ်လွပ်ရေးရရှိခဲ့သည် ။

စစ်မှန်သော လွတ်လွပ်ရေးသာ ရရှိခဲ့ သည်မှန်ပါက မြန်မာနိုင်ငံသည်

တိုင်းရင်းသားလူမျိုးများ၏ ငြိမ်းချမ်းသာယာသော နိုင်ငံတခုဖြစ်မည်မှာ

သေချာလွန်းမက သေချာလှပါသည် ။

      သို့ သော်လည်း မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးများနှင့်

သဟဇာတမကျသော နိုင်ငံရေးစနစ်ကြောင့် ယခုအချိန်ထိ တိုင်းပြည်မငြိမ်မသက်

ဖြစ်ကာ တိုက်ပွဲသံများနှင့်  ငိုကြွေးသံများဖြင့် နှစ်ပေါင်းပရိစ္ဆေဒ

ကြာမြင့်လာပါတော့သည် ။ ဤသို့ တဖက်မှာ မြန်မာနိုင်ငံ၏

တိုင်းရင်းသားလူမျိုးများ ပဋိပက္ခ ဖြေရှင်းမရ ဖြစ်နေသော ကာလ၀ဲ၈ယက်မှာ

အနောက်ဖက်မှ ခိုးဝင်လာသော တိုင်းရင်းသားလူမျိုးများ မဟုတ်သည့်

ဘင်္ဂလီလူမျိုးများကား တစစနှင့် ရခိုင်ပြည်၏ မြေပေါ် နယ်ချဲ့ ကျူးကျော်လာခဲ

့သည်မှာ မည်သူမှ မသိလိုက်ကြရသော အခြေအနေဖြစ်ပါတော့သည် ။  အကယ်၍

ရခိုင်လူမျိုးများ၏ မိမိကြမ္မာ မိမိဖန်တီးပိုင်ခွင့်သာ

ရရှိနိုင်မည်ဖြစ်သော နိုင်ငံရေးကြမ္မာကို  ပြုလုပ်ခွင့် ရှိခဲ့ မည်ဆိုပါက

နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသော လူမျိုးများကို လုံးဝတားမြစ်

ကာကွယ်နိုင်လိမ့်မည်ဖြစ်ပါသည် ။ သို့ သော် မြန်မာအစိုးရ၏

တိုင်းရင်းသားလူမျိုးများနှင့် ပဋိပက္ခများ ၊ မိမိပါတီ မဲအနိုင်ရရေး ။

မိမိကောင်းစားရေး စိတ်ဆန္ဒများ ကိန်းအောင်းကာ လာဘ်စားခြင်းများ  တို

့ကြောင့် ရခိုင်တို့ ၏ အနောက်ဖက်တံခါးကား ကျိုးရုံတောင်မက တံခါးတခုလုံး

အိမ်တဆောင်လုံး ဖျက်ဆီးမီးရို့  ခံလိုက်ရပါလေပြီ ။ ၄င်းအခြေအနေမှာ

ရခိုင်လူမျိုးတို့ အဖို့  နိုင်ငံရေးကံကြမ္မာကို မဖန်တီးရသော

အကြောင်းအရာများသာ ဖြစ်ပါသည် ။



လေးစားအပ်ပါသော သဘာပတိများနှင့် မိတ်ဆွေ သဟာယအပေါင်းများအား

ခင်မင်ရင်းနှီးစွာ ဆက်လက်တင်ပြခွင့် ပေးစေလိုပါသည် ။



 ကျွန်တော် တင်ပြမည့် အောက်ပါအချက်အလက်မှာ “ ခြ’ စား ခံလိုက်ရသော အဖ

ရခိုင်မြေနှင့် မြန်မာမြေ ၀မ်းတွင်းသား အကြောင်းဖြစ်ပါသည် ။  ခေါင်းစဉ်က

ဤသို့ ဖြစ်ပါသည် ။



( ဂ )  မျက်မှောက်ကာလ  “ ခြ ‘ စားခံလိုက်ရသော ရခိုင်မြေ အခြေအနေ ။

      ရခိုင်ပြည်တ၀န်းမှာ ကျွန်တော်တို့ ၏ ကျေးလက်ဒေသတို့ မှာ

လူကြီးသူမတို့ ၏ အညောင်းအညာဖြေပြီး ဗဟုသတဖြစ်သော စကားများကို

ပြောကြားသောနေရာကား ရွာမြောက်ပိုင်းက ဇရပ်ဖြစ်ပါသည် ။  ယင်းဇရပ်မှာ

ရွာလူကြီးတို့ သည် မိမိရွာ၏ နေရေးထိုင်ရေး ၊ တခြားပတ်ဝန်းကျင်ရွာ၏

နေရေးထိုင်ရေး တို့ နှင့် ဆက်စပ်ကာ ပြောဆိုဆွေးနွေးကြတတ်ပါသည် ။ တခါတခါ

နယ်ချဲ့  တော်လှန်ရေးများ အကြောင်းကို ပြောပြသောအခါ ရွာလူငယ်ကာလသားတို

့မှာ နားထောင်မစဲ ရှိနေကြတတ်ပါသည် ။ တခါတခါ ဓူဝံကြည်ကို ကြည့်ပြီး အိန္ဒိယ

ပင်လယ်ဖက်ဆီသို့  ခရီးနှင်ခဲ့ ကြရသည့် အကြောင်းများကို ပြောပြသော

ဘင်္ဂလားပင်အော်အတွင်း လှေသဗ္မန်များနှင့် သွားလာခဲ့ ကြသည့် အကြောင်းများမှာ

အံမခန်းလောက်အောင် လေးစားခဲ့ ကြရပါသေးသည် ။

     ကျွန်တော်တို့ ၏ အဖိုးအဖွါးများက ရွာမြောက်ပိုင်းက ဇရပ်ပေါ်မှာ

ညနေနေ၀င်ချိန်သော်၎င်း၊ နေ့ ခင်းလေပြေ ကလေးတဖြူးဖြူးနှင့်

ဝါးပိုးဆစ်များကို ခေါင်းခုယင်း ပြောကြားနေချိန် ဇရပ်ဘေးနားမှာ  အဖီတွဲကာ

နေခွင့်တောင်းလာသော ဘင်္ဂလီမွတ်ဆလင် ကုလားလူမျိုးတို့ ကား တယောက်စမှ

နှစ်ယောက်ဖြစ်လာသည်ကို မည်သူမျှ သတိမထားမိလိုက်ကြဘဲ ဖြစ်နေခဲ့ ကြပါသည် ။

မည်သည့် ခြံနားတွင် မဆို အဖီလေးထိုးပြီး နေခဲ့ သောသူများမှာ သူတို့ ၏

ကိုးကွယ်လိုသော ဘာသာကိုလည်း ကိုးကွယ်ခွင့်ရအောင် ရွာကာလသားများက ပလီ

တလုံးတောင် ဓနိမိုးပြီး  စေနာ ထက်သန်ကာ ဆောက်ပေးလိုက်ကြပါသေးသည် ။

       ရခိုင်မြေသည်ကား နယ်မြေငြိမ်းချမ်း သာယာလှသော ဗုဒ္ဒဘာသာ

အရိပ်လွှမ်းမိုးရာ နယ်မြေဖြစ်သည်က တကြောင်းနှင့် မည်သူပင်လာလာ

အစိုးရတာဝန်သာ ရှိလေသည်ဟု အမှတ်မထင် နေထိုင်ခဲ့ ခြင်းဖြင့်

နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသော ဘင်္ဂလီလူမျိုးများကား မည်သည့်အခက်အခဲမ

မရှိဘဲ သွားလာနေထိုင်ခွင့် ရရှိခဲ့ ကြပါပြီ ။  ရခိုင်ရှင်ဘုရင်လက်ထက်က

ဘင်္ဂါ ဆယ့်နှစ်မြို့ ကို ပိုင်စိုးခဲ့ သည်ဟု ဆိုသော်လည်း လက်တွေ့ မှာမူ

ရခိုင်လူမျိုးတို့ ၏ နယ်မြေဒေသများကိုကား ဘင်္ဂလီလူမျိုးတို့ မှာ

ပိုင်စိုးရန် ခြေချနိုင်ခဲ့ ကြသည်မှာ “ ခြ “ လို

နေခွင့်ပေးလိုက်၍ဖြစ်ပါသည် ။ ဗုဒ္ဒဘာသာ အယူဝါဒ

ရှိကြသောသူများဖြစ်သောကြောင့် ငါးပါးသီလမြဲ မြံကြသူများဖြစ်ရာ

ရခိုင်မြေသည်ကား ကြေးစည်သံနှင့် တရားသံ ဓမ္မသံများ လွှမ်းမိုးခဲ

့သောကြောင့် လူမျိုးတမျိုး၏ ခိုးဝင်လာခြင်းကို မည်သို့ မျှ

စိတ်နှင့်တောင် မငြူစူခဲ့ ကြချေ ။  သို့ အတူ အုပ်ချုပ်ခံ

ပြည်သူများအနေနှင့် အစိုးရသည်သာ လုပ်ပိုင်ခွင့်ရှိသောကြောင့်

မည်သည့်အကြောင်းအရာမဆို အစိုးရမှာသာ တာဝန် ရှိသည်ဟု

ထင်မှတ်ယုံကြည်ထားကြရင်းစွဲ ရှိကြသည် ။ ၄င်းအစိုးရသည် တပါတီစနစ်ကို

ချမှတ်အုပ်ချုပ်နေသောအစိုးရလား သို့ တည်းမဟုတ် ကွန်မြူနစ် အစိုးရ သို့

တည်းမဟုတ် ဒီမိုကရေစီ အစိုးရလား ဆိုသည်ကို ရခိုင်လူမျိုးတို့ မှာ

မတွေးတောခဲ့ ကြချေ။

ထို့ ကြောင့် “ ခြ “ လို ၀င်ရောက်ခဲ့ သော ရခိုင်မြေ၏ နေရာဒေသအသီးသီးမှာ

ဘင်္ဂလီမွတ်ဆလင်လူမျိုးတို့ သည် နယ်စပ်ဖြတ်ကျော်ကာ

ခိုးဝင်လာနိုင်သည့်အခွင့်အရေးကို နှစ်ပေါင်းပရိစ္ဆေဒ

ကြာမြင့်သည့်တိုင်အောင် လှုပ်ရှားနိုင်ခဲ့ ကြသည် ။ ၄င်းကဲ့ သို့ 

တရားမ၀င် လာရောက် ပြီး နေထိုင်လာခဲ့ ခြင်းကြောင့် နိုင်ငံတော်အတွက်

အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသော အန္တရယ်အဖြစ် ယခုအချိန်တွင်မှ

နောင်တတရားဖြင့် သိလာခဲ့ ကြရတော့သည် ။  ဤအွှန္တရယ်ကား ရခိုင်မြေနှင့်

မြန်မာ့မြေ ၀မ်းတွင်းသားကို ဥမင်လှိုဏ်ခေါင်း ဖေါက်ကာ ခိုးဝင်မွှေနှောက်

“ ခြ “ ကဲ့ သို့ လှိုက်စားခဲ့ ပါလေပြီ ။ အကာအခွံသာ တည်တန်

့ခိုင်မြဲနေသယောင် ရှိနေသော်လည်း ၀မ်းတွင်းသားကား ပြိုကွဲပျက်စီးကာ အမှု

န့်  ကြိတ်သလို ဖြစ်နေပြီဖြစ်သောကြောင့် ဤ “ခြ” ကို မည်သို့ 

မည်ပုံကိုင်တွင် ဖြေရှင်းရမည်ဆိုသည်ကို အမျိုးသားလုံခြုံရေး ပေါ်လီစီအရ

ကိုင်တွယ်ရန်လိုပါတော့သည် ။



( ဃ )  သမ္မတနှင့် အစိုးရ ၊ နိုင်ငံခြားသမိုင်းပညာရှင်များ ၊

ရခိုင်သမိုင်းပညာရှင်များ ၊ ပြည်သူများက ဆန္ဒထုတ်ဖေါ်ပြီး ရောင်ပြန်ဟပ်

တင်ပြခြင်း။



        မြန်မာနိုင်ငံ၏ အမျိုးသား ဥပဒေကို အောက်ပါအတိုင်း အသိအမှတ် ဖေါ်ပြထားပါသည် ။

Burmese nationality law

From Wikipedia, the free encyclopedia

Jump to: navigation, search

Burmese nationality law currently recognizes three categories of

citizens, namely citizen, associate citizen and naturalized citizen,

according to the 1982 Citizenship Law.[1][2] Citizens, as defined by

the 1947 Constitution, are persons who belong to an "indigenous race",

have a grandparent from an "indigenous race", are children of

citizens, or lived in British Burma prior to 1942. Under this law,

citizens are required to obtain a National Registration Card

(နိုင်ငံသားစီစစ်ရေးကပ်ပြား, NRC), while non-citizens are given a

Foreign Registration Card (နိုင်ငံခြားသားစီစစ်ရေးကပ်ပြား, FRC).

Citizens whose parents hold FRCs are not allowed to run for public

office.[3]

Burma has a stratified citizenship system (from the 1982 Citizenship

Law), based on how one's forebears obtained it:

•       Full citizens are descendants of residents who lived in Burma prior

1823 or were born to parents who were citizens at the time of birth.

•       Associate citizens are those who acquired citizenship through the

1948 Union Citizenship Law.

•       Naturalized citizens refers to persons who lived in Burma before 4

January 1948 and applied for citizenship after 1982.

Dual citizenship is not recognized by Burma. Naturalization in another

country immediately voids Burmese citizenship.

Foreigners cannot become naturalized citizens of Burma, unless they

can prove a close familial connection to the country.[4]

References

1.      ^ Tun Tun Aung (March 2007). "An Introduction to Citizenship Card

under Myanmar Citizenship Law". 現代社會文化研究 (38): 265-290.

2.      ^ "Burma Citizenship Law". Government of Burma. UNHCR. 15 October

1982. Retrieved 15 March 2012.

3.      ^ Soe Than Lynn; Shwe Yinn Mar Oo (20 September 2010). "Citizenship

criteria trips up election candidates". Myanmar Times. Retrieved 15

March 2012.

4.      ^ "Myanmar Immigration Policies". eHow. Retrieved 15 March 2012.



    ဤကဲ့ သို့  အမျိုးသားလုံခြုံရေး အန္တရယ်ကို ခြိမ်းခြောက်လာသည့်

နယ်စပ်ခိုးကျော်ဝင်ရောက်လာသော လူမျိုးများနှင့် ပတ်သက်၍

မြန်မာနိုင်ငံအစိုးရသည် အမျိုးသားဥပဒေကို အထက်ပါ အတိုင်း ကျင့်သုံးခဲ

့ကြပြီးဖြစ်ပါသည် ။ အဓိကအားဖြင့် -၁၉၈၂-ခုနှစ် ဥပဒေအရ နိုင်ငံသားဥပဒေကို

သတ်မှတ်ရာ၌  အတိအကျ ဖေါ်ပြထားသည်ကို တွေ့ ရှိမည်ဖြစ်ပါသည် ။

ဤစည်းကမ်းသတ်မှတ်ချက်ကို နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က ပြောထားသလို

နိုင်ငံခြားသားပညာရှင်များကလည်း ထုတ်ဖေါ်ပြောဆိုထားသည်ကို တွေ

့ရှိရမည်ဖြစ်ပါသည် ။

 ပြင်သစ်နိုင်ငံ အရှေ့တိုင်းဖျားရေးရာ လေ့လာရေးဋ္ဌါန အကြီးအကဲဖြစ်သူ

အရှေ့တောင်အာရှ -ရခိုင်သမိုင်း ပညာရှင် ဒေါက်တာဂျက်-ပီ-လိုက်ဒါကို

ရန်ကန်ုရောက်စဉ် မော်ကွန်း၈ျာနယ်မှ ညဏ်လင်းနှင့် ဇေယျာလှိုင်တို့ က

အင်တာဗျူး ပြုလုပ်ခဲ့ ရာ အောက်ပါအတိုင်း ဖြေဆိုခဲ့ သည် ။



ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားနာမည်မဟုတ်ဘူး။ ခေါ်ဝေါ် စရာ နာမည်သက်သက်ပါပဲ။

မျက်မှောက်ခေတ်ကျမှ ရခိုင်ဒေသ က မွတ်ဆလင်တွေကို သီးခြားအဖွဲ့တစ်ခုအဖြစ်

ခွဲထုတ်သတ် မှတ်ဖို့အတွက် ဒီစကားလုံးကို ပြည်လည်ဖော်ထုတ်လိုက်ကြတာပဲ။

ဘာနဲ့နှိုင်းလို့ရသလဲဆိုတော့ မြန်မာပြည်မှာရှိတဲ့ တရုတ်မွတ်

ဆလင်တွေကိုခေါ်တဲ့ “ပန်းသေး” ဆိုတဲ့ နာမည်နဲ့နှိုင်းရင် ရကောင်းရနိုင်တယ်။



    သို့ အတူ ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်းကလည်း ယခုကဲ့ သို့ ပင်

နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသော ဘင်္ဂလီလူမျိုးဖြစ်ကြောင်း

ပြောဆိုထားပြီးဖြစ်ပါသည် ။ တချိန်တည်းမှာပင် နိုင်ငံရေးပါတီများမှ

နိုင်ငံရေးခေါင်းဆောင်များနျင့် ပြည်သူတရပ်လုံးကလည်း နယ်စပ်ဖြတ်ကျော်

ခိုးဝင်လာသောသူများဟု ဆန္ဒထုတ်ဖေါ် ရောင်ပြန်ဟပ်

တင်ပြလှုပ်ရှားနေကြပြီးဖြစ်ပါသည် ။



( င ) အနောက်တံခါး ပိတ်မည်လား ၊ အရှေ့တောင် နံရံ ဖွင့်မည်လား။



ယခုကဲ့ သို့  ရခိုင်ပြည်နယ်၏ အမျိုးသားလုံခြုံရေး ပေါ်လီစီကို

ကျင့်သုံးရမည်ဆိုသော ပြသနာမှာ အမျိုးသားချစ်စိတ်ဖြင့် ကာကွယ်ရမည့် လက္ခဏာ

ဖြစ်လာသည် ။  ပထမဦးစွာ နယ်စပ်ဖြတ်ကျော် လာသည်ဆိုခြင်းကြောင့်

အနေက်တံခါးကို လုံခြုံအောင် တားဆီးပတ်ပင်ရန်လိုနေပြီဖြစ်သည် ။ ဤတံခါးကို

ပိတ်သည်နှင့် ဤလှောင်ခြိုင့်အတွင်း ပိတ်မိနေသူများကို မည်သူက

တရားဝင်ခြင်း ၊ မည်သူက တရားမ၀င်ခြင်းကို ဥပဒေအရ တိကျစွာ ဆောင်ရွက်ရန်မှာ

အစိုးရ၏ တာဝန်တွင်သာ တည်ပေသည် ။ အစိုးရသည် လာဘ်စားမှုကြောင့်

ဖြစ်ပျက်နေသော ဤပြသနာအား မည်သည့်နည်းနှင့်မျှ ငြင်းချက်ထုတ်ပြီး

လာဘ်မစားပါဟု ပြောဆို၍ မဖြစ်သလို ခိုးဝင်လာမှုများ မတွေ့ ရတော့ဟု

အဓိပ္ပါယ်မဲ့  စကားများကို ပြောဆိုရန် အားမထုတ်သင့်ပေ ။

     အခြားတဖက်မှာ  ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ

ဒေါက်တာအေးမောင်သည်၎င်း ရခိုင်မြေတလက်မှကိုမျှ အထိမခံ မပေးနိုင်ဘူးလို့ 

ကမ္ဘာသိ ကြေညာပြောဆိုထားခြင်းသည်လည်း အချုပ်အချာ အာဏာပိုင် နိုင်ငံတခု၏

အမျိုးသား လုံခြုံရေး ပေါ်လီစီကို သက်ရောက်စေပါသည် ။ တချိန်တည်းမှာပင်

ဥပဒေအရ တရားမ၀င်သူများကို ဖမ်းဆီးခြင်း ။ နယ်နှင်ဒဏ်ပေးခြင်းများအား

ဆောင်ရွက်ရန်လိုသည် ။ အနောက်တံခါးကို ပိတ်ထားပြီး အရှေ့ဖက်ရှိရာ

ရခိုင်ရိုးမ တောင်နံရံကို ဖွင့်ပေးမည် ဆိုသည်မှာ မဖြစ်နိုင်သော

ပြသနာဖြစ်နေပါသေးသည် ။ နယ်မြေ လုံခြုံရေး မရှိသရွေ့ ရခိုင်မြေကို

လုံခြုံအောင်ထားရပေလိမ့်မည်ဟု ထင်မှတ်ရပါသည် ။ အကယ်၍

အမျိုးသားလုံခြုံရေးအရ အမိမြေ ကာကွယ်ရေးဥပဒေကို ချမှတ်

ဆောင်ရွက်နိုင်ပြီဆိုလျှင် မြန်မာနိုင်ငံသားတိုင်းသည် နိုင်ငံသားတို့ ၏

အခွင့်အရေးအရ ရခိုင်တို့ ၏ အရှေ့ တောင် တံခါးကို ဖွင့်လှစ်ထားသော

အခွင့်အရေး ရရှိကြရမည်ဖြစ်ပါသည် ။



( စ )  မည်သူ့ မှာ တာဝန်ရှိလေသနည်း



     ဤပြသနာမှာ မည်သူက မည်သူ့ ကို ယိုးမယ်ဖွဲ့ ၍ ပြောဆိုစရာ

မလိုအပ်တော့ဟု ထင်မြင်ယူဆပါသည် ။ အင်္ဂလိပ်အစိုးရလက်ထက်ကပင် ခေါ်ယူလာခဲ့ သော

ဤပြသနာ၏ ကွင်းဆက်သည် နောင်နှစ်ပေါင်း -၅၀- အကြာတွင် လူမျို၍

လူမျိုးပျောက်သွားရမည့် ဆိုသော ပြသနာကို ယခုအချိန်၌ လက်တွေ့ မြင်တွေ

့နေရပြီဖြစ်ပါသည် ။ ထို့ ကြောင့် မျက်မှောက်ကာလ၏ အစိုးရသည်သာ ဤပြသနာကို

လက်တွေ့ ကျကျ ဆောင်ရွက်ရန်သာလို သည် ။ ပြည်သူတရပ်လုံးနှင့် ဗုဒ္ဒဘာသာဝင်

တိုင်းရင်းသားလူမျိုးတို့ သည် အမိမြေကို ကာကွယ်ရေးအတွက်

စည်းစနစ်ကျစွာဖြင့် တာဝန်ယူ ဆောင်ရွက်ရန်လိုပါတော့သည် ။ ဤကဲ့ သို့ 

အမိမြေကို ကာကွယ်စောင့်ရှောက်ရန် သတိလစ်နေပြီဆိုလျှင် တနေ့ သောအခါ

မြန်မာနိုင်ငံသည် မွတ်ဆလင်ကိုးကွယ်သော နိုင်ငံဟု အနာဂါတ်ကမ္ဘာမှာ

ဖြစ်ပေါ်သွားနိုင်သည်ကို သတိထားကြည့်ရမည်ဖြစ်ပါသည် ။



   လေးစားအပ်ပါသော သဘာပတိများနှင့် မိတ်သသင်္ဂဟ လူကြီး လူကောင်းများ ကို

အထူး မေတ္တာရပ်ခံပါရစေ ။



     တချို့ သော လူကြီးလူကောင်းများ ဗဟုသုတ လေ့လာလိုက်စားသော လူများ

ကျောင်းသားကျောင်းသူများက သိရှိကြမည်ဖြစ်သော်လည်း တချို့ က မသိကြသေးဟု

ထင်မြင်ပါသောကြောင့် ဖေါက်သည်ချကာ ပြောပြတင်ပြလိုက်ပါမည် ။ ယခုအခါ

အာဖဂန်နန်စ္စတန်သည်၎င်း ။ အင်ဒိုနီးရှားနိုင်ငံ ၊ မလေးရှားနိုင်ငံ ၊တို

့သည်၎င်း ယခင်ရှေးနှစ်ပေါင်းများစွာက ဗုဒ္ဒဘာသာဝင်များ ကိုးကွယ်သော

နိုင်ငံဖြစ်ပါသည်ဟု ဆိုလျှင် ယုံကြည်ချင်မှ ယုံကြည်ကြပါလိမ့်မည် ။ သို

့သော် ၄င်းနိုင်ငံတို့ မှာ အမှန်ပင် ဗုဒ္ဒဘာသာဝင်များနိုင်ငံဖြစ်ခဲ

့ကြပါသည် ။ သို့ သော် ယခုအချိန်တွင်မူ မွတ်ဆလင်ဘာာဝင် ကိုးကွယ်သော

နိုင်ငံများဖြစ်သွားကြပါပြီ ။ ယင်းသို့ ဖြစ်သွားရခြင်းမှာ လူမျို၍

လူမျိုးပျောက်သွားသော လက္ခဏာ ဖြစ်သွားရခြင်း၏ နိမိတ်ပုံပြင် ဖြစ်ပါသည် ။

ထို့ ကြောင့် ဗုဒ္ဒဘာသာဝင်များဖြစ်သော မြန်မာနိုင်ငံကို

မွတ်ဆလင်ကိုးကွယ်သော နိုင်ငံမဖြစ်အောင် လူမျို၍ လူမျိုးမပျောက်အောင်

ထိမ်းသိမ်းကာကွယ် စောင့်ရှောက်ရန်မှာ ဗုဒ္ဒဘာသာဝင်တိုင်း၏

အဓိကတာဝန်ဖြစ်ပါသည် ။



သုံးသပ်ချက်များ ။။



  ရခိုင်အနာဂါတ် စီမံကိန်းနည်းလမ်းများနှင့်

ကာကွယ်ရေးဆောင်ရွက်ချက်များကို ဆန်းစစ်ကြည့်ခြင်း၌ ဓမ္မဓိဋ္ဌန်ကျကျ လေ့လာ

သုံးသပ်ပါသည် ။  ထို့ ကြောင့် နိုင်ငံခြား သမိုင်းပညာရှင်များ၏

ထင်မြင်ယူဆချက်များ ၊ ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်း၏

ထင်မြင်ယူဆချက်များ ၊အပြင် သမ္မတဦးသိန်းစိန်နှင့် အစိုးရ၀န်ကြီးများ ၊

နိုင်ငံရေးခေါင်းဆောင်များတို့ ၏ သုံးသပ်ချက်များကို ခြုံငုံသုံးသပ်ကြည့်

ဆန်းစစ်ကြည့်ဖြစ်ပါသည် ။ ၄င်းသုံးသပ်ချက်ထဲမှာ  အောက်ပါအချက်အလက်များကို

ခိုင်မာစွာ တွေ့ ရှိရပါသည် ။



( က )  သမိုင်းလိမ်ထားသော နာမည်မှာ  နာမည်သာဖြစ်ပြီး လူမျိုးအမည်

မဟုတ်ကြောင်း သမိုင်းပညာရှင်များက အသိအမှတ်ပြုခြင်း ။



( ခ ) သမ္မတဦးသိန်းစိန်မှအစ ပြည်သူတရပ်လုံးက အသိအမှတ် မပြုခြင်း ၊

( ဂ ) -၁၉၈၂- ခုနှစ် ဥပဒေအရ မြန်မာနိုင်ငံအစိုးရမှ ကျင့်သုံးထားသော

အမျိုးသားဥပဒေ ရှိနေခြင်း ။

( ဃ ) နယ်စပ်ကို လုံအောင်ပိတ်ကာ ဥပဒေအရ တိကျအာင်ဆောင်ရွက် ။  ဥပဒေမဲ့ သူများကို

        အရေးယူအပြစ်ပေး ၊ နိုင်ငံသားဖြစ်သူများကို နိုင်ငံသားအခွင့်အရေး

ရရှိရေးဆောင်ရွက်ခြင်း ၊



ဖြေရှင်းသုံးသပ်နည်း



( က ) သမိုင်းလိမ်ထားသော နာမည်ကို အသိအပမှတ် မပြု၍ ရခိုင်ပြည်လုံးဆိုင်ရာ

ညီလာခံမှာ အမည်သစ် တခုကို ဖန်တီးပေးလိုက်ရန် ။

( ခ ) နိုင်ငံသားဖြစ်ခွင့် လျှောက်သူများ၏ လယ်ယာမြေများကို

နိုင်ငံသားဖြစ်သူ ရခိုင်လူမျိုးများအား ပြန်လည် ပေးအပ်ရန် ။

( ဂ ) နိုင်ငံသားဖြစ်သူများအား  နိုင်ငံခြားများသို့ 

သွားရောက်နိုင်အောင် အစိုးရမှ ပါ့စ်ပို့ လုပ်ပေးကာ အမြန်ဆုံး စီစဉ်

ဆောင်ရွက်ပေးရန်     တို့ ကို ပြုလုပ်မှသာ အမိမြေကာကွယ်ရေး

ပေါ်လီစီကို ကာကွယ်ထိမ်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်ပါကြောင်း

လေးစားစွာဖြင့် ဤစာတမ်းအား တင်သွင်းအပ်ပါသည် ။



ခိုင်အောင်ကျော်

နယူးယောက်

အမေရိက ပြည်ထောင်စု

နေ့ စွဲ ။   ၁၇-၉- ၂၀၁၂

နံနက် -၁၀-နာရီ - ၃၇-မိနစ်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံ

DVB TV News အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေကြတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံခဲ့ကြပါတယ်။ ဦးအံ့ဘုန်းမြတ် သတင်းပေးပို့ထားပါတယ်။

Myanmar @ UN Council.

Myo Chit Myanmar

ပါဂျောင်အမှုစစစ်ပြီ

ကိုဝိုင် ဝိုင်ကေ .......ဒီအပတ်ထုတ် မြန်မာတိုင်းစ် မှာပါတယ်။

တရုတ်၏ ပထမဆုံး လေယာဉ်တင် သင်္ဘော စတင် တာဝန် ထမ်းဆောင်

Khaing Linn 

အင်္ဂါနေ့က တရုတ် နိုင်ငံ၏ ပထမဆုံး လေယာဉ်တင် သင်္ဘောမှာ တာဝန် စတင် ထမ်းဆောင်လိုက်ပြီ ဖြစ်ကာ ဂျပန်နိုင်ငံနှင့် ကျွန်းပိုင်ဆိုင်မှု အရေးနှင့် ပတ်သက်ပြီး တင်းမာမှု အရှိန် မြင့်တက်လာချိန်တွင် ယခုလို လုပ်ဆောင် လိုက်ခြင်းလည်း ဖြစ်သည်။အဆိုပါ ပြဿနာမှာ ဂျပန်နိုင်ငံ အနေဖြင့် အငြင်းပွား ကျွန်းများကို ဝယ်ယူပြီး နောက်ပိုင်းတွင် ပိုမို အရှိန်မြင့်လာခြင်း ဖြစ်ကာ တရုတ် နိုင်ငံမှာလည်း ယင်းကျွန်းများကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ဖြစ်ကြောင်း ကြွေးကျော်နေခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ အနေဖြင့် ၎င်းတို့၏ ဂျပန်နိုင်ငံနှင့် သံတမန်ရေး အရ စတင် ဆက်သွယ်မှု နှစ် ၄၀ မြောက် အထိမ်းအမှတ် အဖြစ် အထိမ်းအမှတ်ပွဲ ကျင်းပမည့် ကိစ္စကိုလည်း ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။ အင်္ဂါနေ့က တရုတ် နိုင်ငံခြားရေး ဒုဝန်ကြီးဖြစ်သူ Zhang Zhijun မှ ပြောရာ၌ တရုတ် နိုင်ငံနှင့် ဆွေးနွေးမှု ပြုခဲ့ရာတွင် နိုင်ငံ၏ မြေအရေးအတွက် အချုပ်အချာ အာဏာပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး ဂျပန် နိုင်ငံ၏ နှစ်ဖက် လုပ်ဆောင်မှုများကို မည်သည့်နည်းနှင့်မှ သည်းခံမည် မဟုတ်ကြောင်း ပြောကြားလိုက်သည်။ ယခုလ
ို လေယာဉ်တင် သင်္ဘောနှင့် ပတ်သက်ပြီး အချို့က ပြောရာ၌ ပိုင်ဆိုင်မှု အငြင်းပွားကျွန်းများ အရေးနှင့် သက်ဆိုင်မှု မရှိကြောင်း ပြောဆို နေကြသော်လည်း ကျွမ်းကျင်သူ တစ်ဦး အပြောအရ တရုတ်နိုင်ငံ အနေဖြင့် ၎င်း၏ မဟာ ဗျူဟာကျ ရေတပ် စွမ်းရည်ကို တိုးတက် လုပ်ဆောင်ခြင်း တစ်ခုဖြစ်ကြောင်း ပြောခဲ့သည်။

source : reuters
https://www.facebook.com/photo.php?fbid=473217312709142&set=a.452811328083074.110728.452793661418174&type=1&ref=nf