Friday, September 28, 2012

‘Innocence of Muslims’ ဇတ်ကား ထုတ်လုပ်သူ ထောင်ကျခံရ

rFriday 28th September 2012

Nakoula Basseley Nakoula ခေါ် အရှေ့အလည်ပိုင်း ဒေသရှိ ပြည်သူအများကို အုံကြွမှု ဖြစ်စေသည့် ဇတ်လမ်းကို
ထုတ်လုပ်သူမှာ အမေရိကန် ဖယ်ဒရယ် တရားရုံးမှ ခံဝန်ချုပ်ပါ အချက်များကို ဖောက်ဖျက်မှုဖြင့် အကျဉ်းချ ခံလိုက်ရပြီ ဖြစ်သည်။ Nakoula ကြာသပတေးနေ့ ညနေပိုင်းက လော့စ်အိန်ဂျယ်လိမြို့ အမေရိကန် ခရိုင် တရားရုံးတွင် ရောက်ရှိလာ ခဲ့ပြီးနောက် တရားသူကြီး Suzanne H. Segal မှ ကာလရှည်ကြာ လှည့်ဖျားမှုနှင့် ခံဝန်အရာရှိကို လိမ်လည် လှည့်ဖျားမှု တို့အတွက် ဥပဒေ ချိုးဖောက်သည် ဆိုသည့် စွဲချက်ကို သတ်မှတ် လိုက်ခြင်း ဖြစ်သည်။
တရားရုံးတော် အနေဖြင့် ယခု အကြိမ်တွင် တရားခံ အပေါ် ယုံကြည်မှု မရှိတော့ကြောင်းနှင့် ၎င်းအနေဖြင့် လူ့အဖွဲ့အစည်းကို အန္တရာယ် ဖြစ်စေနိုင်သည်ဟု ယူဆသဖြင့် ယခုလို ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။ အဆိုပါ ဇတ်ကား ထုတ်လုပ်သူမှာ ပြစ်မှု ကျူးလွန်ဖူးသည့် သမိုင်း မှတ်တမ်းရှိကာ မူးယစ်ဆေးနှင့် ဆိုင်သည့် ပြစ်မှုလည်း ရှိကြောင်း အရာရှိများမှ ပြောသည်။ သို့ရာတွင် ၎င်းအနေဖြင့် လွန်ခဲ့သည့် လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်ကလည်း ချက်လက်မှတ် လိမ်လည်မှု တစ်ခုကိုလည်း ကျူးလွန်ထားပြီး ခံဝန်ချုပ်ကို ဖျောက်ဖျက် ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် နောက်ထပ် လှည့်ကွက် တစ်ခု အဖြစ်လည်း၎င်းအနေဖြင့် ၂၀၀၂ ခုနှစ် ကလည်း တရားသူကြီးကို ၎င်း၏ အမည်မှန်မှာ Mark Basseley Youseff ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု LA Times သတင်းတွင် ဖော်ပြသည်။

source : LA Times
mrtv4.com.mm

တိုက်ပွဲဖြစ်နေမှု ကေအိုင်အေက အပစ်ရပ်အမိန့် မထုတ်၍ဖြစ်ကြောင်း သမ္မတပြော

Published on September 28, 2012 by ​အေး​နိုင်   ·

ကချင်ပြည်နယ်မှာ စစ်ပွဲတွေဆက်ဖြစ်တာဟာ အစိုးရတပ်ဘက်က ပစ်ခတ်မှု ရပ်ဆိုင်းမိန့် ထုတ်ထားပေမယ့် ကချင်လွတ်လပ်ရေးတပ်မတော်ဘက်က ပစ်ခတ်မှု ရပ်ဆိုင်းမိန့်တွေ မထုတ်တဲ့အတွက် တိုက်ပွဲဖြစ်တာလို့ နိုင်ငံတော်သမ္မတက ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု ရောက်နေတဲ့ သမ္မတဦးသိန်းစိန်က Asia Society မှာ ကျင်းပတဲ့ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

“ကချင်လက်နက်ကိုင်အဖွဲ့အစည်းနဲ့ပတ်သက်ပြီး ကျနော်တို့ ထိတွေ့ဆက်ဆံမှုတွေ ရှိပါတယ်။ တချို့သဘောထားလေးတွေက နည်းနည်း ကွဲလွဲနေတာလေးရှိတယ်။ ဥပမာအားဖြင့် အစိုးရတပ်ဘက်က ပစ်ခတ်မှု ရပ်ဆိုင်းထားတယ်၊ ရပ်ဆိုင်းမိန့်တွေ ထုတ်ထားတယ်။ ဟိုဘက်က ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းတဲ့အမိန့်တွေ မထုတ်ဘူး။ မထုတ်တဲ့အတွက် အောက်ခြေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိတယ်။ ဒါတွေကို တဖြည်းဖြည်းနဲ့ ရပ်စဲသွားအောင် လုပ်မယ်ဆိုရင် ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းသွားမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

ကေအိုင်အိုအဖွဲ့ဟာ ၁၉၉၄ ခုနှစ်မှာ အပစ်ရပ်ခဲ့ပြီးဖြစ်ပေမယ့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် စစ်ကောင်စီ မဖျက်ခင်ထုတ်တဲ့ တိုင်းရင်းသားတွေ နယ်ခြားစောင့်တပ် ပြောင်းရင်ပြောင်း မပြောင်းရင် လက်နက်ချဆိုတဲ့ ရာဇသံကြောင့် အပစ်ရပ်သဘောတူတာပျက်ပြီး တိုက်ပွဲပြန်ဖြစ်လို့ စစ်ရှောင်ဒုက္ခသည် ၁ သိန်းနီးပါး လောက်ရှိနေတာပါ။

သမ္မတက ၂၀၁၁ ခုနှစ်ကုန်ပိုင်းမှာ တိုက်ခိုက်မှုတွေရပ်တန့်ဖို့ တပ်မတော်ကို အမိန့်ပေးခဲ့တဲ့အကြားက တိုက်ပွဲတွေဆက်ဖြစ်နေတာဖြစ်ပြီး လက်ရှိမှာ ကေအိုင်အိုဌာနချုပ် လိုင်ဇာအနီးကို ချဉ်းကပ်လာနေတာပါ။

ကေအိုင်အေဘက်က  အပစ်ရပ်မိန့် မပေးလို့ တိုက်ပွဲဖြစ်ရတယ်ဆိုတဲ့ သမ္မတပြောကြားချက်အပေါ် ကေအိုင်အေ ပြောခွင့်ရသူ ဦးလနန်းက ထိုးစစ်ကို ပြုလုပ်နေတာ ဘယ်သူပါလဲလို့ ပြန်လည်မေးခွန်းထုတ် တုံ့ပြန်ပါတယ်။ အပစ်ရပ်ဖို့ထက် ပြဿနာရဲ့အရင်းအမြစ်ကို ဖြေရှင်းရမယ်လို့ ပြောပါတယ်။

“ထိုးစစ်လုပ်တာက ဘယ်အဖွဲ့လဲဆိုတာ မေးစရာရှိတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့က ရမခကနေ ရှေ့တန်းကိုညွှန်ကြားမှုရှိတယ်။ ၁၈ ရက်ကနေစပြီးတော့ ရှမ်းပြည်မြောက်ပိုင်းမှာလည်း စစ်ဆင်ရေးပြန်လုပ်ဖို့ ရှေ့တန်းထွက်တဲ့ တပ်ဖွဲ့တွေကို ညွှန်ကြားတာရှိတယ်။ ဒါကိုကြည့်ရင် သမ္မတကတော့ အမြဲတမ်း သူပြောတဲ့စကားပါ။ ဒါပေမယ့် ရှေ့တန်းမှာ သူ့ညွှန်ကြားချက်တွေက ထိရောက်မှုရှိရဲ့လား ဆိုတာ မေးစရာရှိတယ်။ ထိုးစစ်မလုပ်ဘူးဆိုပေမယ့် တပ်တွေအလုံးအရင်းတက်လာတယ်ဆိုတာ ဒါ ထိုးစစ်တာပဲ။”

ကချင်အတိုင်ပင်ခံအဖွဲ့ဝင်၊ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးညှိနှိုင်းရေးအဖွဲ့ဝင် ဦးဆင်ဝါးနောင်က အစိုးရဘက်က ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ တရုတ်နိုင်ငံ ရွှေလီမှာ ဆွေးနွေးစဉ်တုန်းက အပစ်ရပ်ဖို့ သဘောတူမလိုဖြစ်ပြီးကာမှ စကားလုံး ၄ လုံး ရွေးချယ်မှုကြောင့်နဲ့ ပြန်ကြားရေး ၀န်ကြီးဟောင်း ဦးကျော်ဆန်းရဲ့ နေပြည်တော် ရှင်းလင်းပွဲပြောဆိုချက်ကြောင့် ပျက်ပြားခဲ့ပုံကို အခုလို ပြောပါတယ်။

“နေပြည်တ်ာမှာ ဗိုလ်ချုပ်ကျော်ဆန်းက သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါ ကေအိုင်အေကို အပုပ်ချပြောတာပေါ့။ သူတို့ နားထဲမှာ အဲလိုမျိုးကြားသွားသွားတာ။ နေပြည်တော်မှာတော့ ဒီလိုပြောနေပြီ။ ကေအိုင်အိုကို လက်ရှိအစိုးရက ဘယ်လိုမြင်သလဲ။ ဘယ်အဆင့်ထားသလဲ စသဖြင့် မေးခွန်းတွေ အများကြီး မေးလာတာပေါ့။”

နှစ်ဘက်ကိုယ်စားလှယ်တွေ ပဏာမအလွတ်သဘော တွေ့ဆုံဆွေးနွေးနေကြတာထက် နှစ်ဖက်တာဝန်ရှိသူတွေ အတည်ညှိနှိုင်း ဆွေးနွေးသင့်တယ်လို့ ဆိုပါတယ်။

ကေအိုင်အိုရဲ့ ထိပ်ပိုင်းခေါင်းဆောင်ရာထူးမှာ ဆယ်စုနှစ်နဲ့ချီပြီး လုပ်ဆောင်လာရာက နိုင်ငံရေးပါတီထူထောင်ဖို့ နုတ်ထွက်ခဲ့တဲ့ ဒေါက်တာတူးဂျာကလည်း နှစ်ဘက်တိုက်ခိုက်မှုတွေဟာ တပ်နေရာချထားရေး ဆွေးနွေးအဖြေရှာဖို့ အဓိကကျနေတာ မြင်တွေ့တယ်လို့ ပြောပါတယ်။

“အခုက သူတို့အချင်းချင်း ယုံကြည်မှုအပိုင်းမှာ အားနည်းနေကြသေးတယ်။ ထပ်ပြီးတော့ တွေ့ဆုံဆွေးနွေးကြဦးမယ်ဆိုရင် တပ်ပိုင်းဆိုင်ရာကို သူတို့အကျေအလည် သဘောတူညီမှုရအောင် ဆွေးနွေးနိုင်ပြီဆိုရင်တော့ အပစ်အခတ်ရပ်စဲရေးကတော့ ဖြစ်လာမှာပါ။”

ကုလသမဂ္ဂ ညီလာခံတက်နေတဲ့ သမ္မတက မိန့်ခွန်းမှာလည်း ကချင်စစ်ပွဲကိစ္စ၊ ရခိုင်ပြည်ကိစ္စ၊ အစိုးရအကောင်အထည်ဖော်ဆောင်နေတဲ့ လုပ်ငန်းတွေ၊ စိန်ခေါ်မှုတွေ၊ အသီးအပွင့်တွေကို ထည့်သွင်းရှင်းပြခဲ့ပါတယ်။

အစိုးရနဲ့သက်ဆိုင်သူတွေအားလုံးအကြား နိုင်ငံရေးသည်းခံမှုရှိရှိနဲ့ မျက်နှာစုံညီ ဆွေးနွေးအဖြေရှာခြင်းဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှု ဓလေ့သစ်ကို စတင်ပုံဖော်နိုင်ပြီလို့ ပြောပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီကို တည်ဆောက်နိုင်ဖို့ဆိုရင် လက်နက်ကိုင်ပဋိပက္ခတွေ အားလုံး ချုပ်ငြိမ်းသွားအောင် ဦးစွာဆောင်ရွက်ဖို့လိုတယ်လို့ ယုံကြည်တာကြောင့် ပြည်တွင်းမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးတရပ်ရဖို့ အလေးထား ဆောင်ရွက်နေတယ်လို့ သမ္မတက ပြောပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်လို့ ရေတိုရေရှည် စီမံချက်ချမှတ် ဖြေရှင်းမယ်လို့ သမ္မတက ပြောပါတယ်။

လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံအနေနဲ့ ကိုယ့်နယ်စပ်မျဉ်းတွေကို လုံခြုံအောင်ဆောင်ရွက်ခွင့်၊ အချုပ်အခြာအာဏာကို ကာကွယ်ခွင့်တွေ ရှိတယ်လို့ ယုံကြည်ပြီး အပြည်ပြည်ဆိုင်ရာစံနှုန်း ကျင့်ထုံးတွေနဲ့ကိုက်ညီအောင် ကြိုးစားလုပ်ဆောင်မယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် သူ့ကို အသုံးချမယ်ဆိုရင် အသုံးချခံဖို့ အဆင်သင့်ဖြစ်တဲ့အကြောင်းနဲ့ အစိုးရနဲ့ တိုင်းရင်းသားတွေဘက်က လိုလားဖို့ လိုကြောင်း ပြောဆိုထားပါတယ်။

burmese.dvb.no

မြန်မာ့ပို့ကုန်တွေ အမေရိကန်အတွက် ကျန်သေးရဲ့လား

Published on September 28, 2012 by နေသွင် 

မြန်မာပြည်ဟာ တချိန်တုန်းကတော့ ဆန်၊ အ၀တ်အထည်ကနေ ကမ္ဘာကျော် ပတ္တမြားတွေအထိ ကုန်ပစ္စည်းတွေ အမြောက်အမြား နိုင်ငံခြားကို တင်ပို့တဲ့ နိုင်ငံဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒဏ်ခတ် ပိတ်ဆို့မှုတွေကြောင့် လောင်စာနဲ့ စားသောက်ကုန်တွေကို အဓိက လိုအပ်တဲ့ တရုတ်နဲ့ အိန္ဒိယက လွဲလို့ မြန်မာ့ပို့ကုန်တွေကို ၀ယ်ချင်သူတွေ နည်းပါးခဲ့ပါတယ်။















အခုတော့ အမေရိကန်က မြန်မာ့ပို့ကုန်တွေကို ပြန်ဖွင့်ပေးတော့မယ်ဆိုလေတော့ အခြေအနေတွေ အရင်နဲ့ မတူဘဲ ပြောင်းလဲသွားတော့မယ် ပုံပါပဲ။ ဒါပေမယ့် မြန်မာ့ပို့ကုန်တွေထဲက အမေရိကန် စားသုံးသူတွေအတွက် ဘာတွေကျန်သေးလဲလို့ မေးစရာရှိပါတယ်။

အရင်ဆုံး လက်ရှိ မြန်မာပို့ကုန်တွေကို ကြည့်ကြရအောင်ပါ။

မြန်မာ့ပဲအမျိုးမျိုးကို အဓိက တင်ပို့နေတဲ့ နိုင်ငံက အိန္ဒိယဖြစ်ပြီး၊ ကျောက်မျက်နဲ့ သစ်မာတွေကို တရုတ်ပြည်ကို အဓိက တင်ပို့နေပါတယ်။ မြန်မာ့အထည်အလိပ်ပို့ကုန်တွေကို အဓိက လက်ခံတဲ့ နိုင်ငံက ဂျပန်နိုင်ငံပါ။ လောလောဆယ် မြန်မာ့ပို့ကုန်တွေကို စာရင်းချကြည့်လိုက်ရင် ဓာတ်ငွေ့က ပို့ကုန်တန်ဖိုးရဲ့ ၅၇ ရာခိုင်နှုန်း၊ ပဲအမျိုးမျိုးက ၁၈ ရာခိုင်နှုန်း၊ ကျွန်းနှင့် သစ်မာက ၁၀ ရာခိုင်နှုန်း၊ အထည်အလိပ်က ၆ ရာခိုင်နှုန်း၊ ဆန်က ၅ ရာခိုင်နှုန်း၊ ငါးနှင့် ပင်လယ်ထုတ်ကုန်ပစ္စည်းက ၄ ရာခိုင်နှုန်းအသီးသီးရှိပါတယ်။

အဲဒီတော့ ဒီပို့ကုန်တွေထဲမှာ ဘယ်လို ကုန်ပစ္စည်းမျိုးကို အမေရိကန်အတွက် ဖြစ်လာမလဲ စဉ်းစားကြည့်ရအောင်။

ဖြစ်နိုင်ခြေပို့ကုန်ကတော့ ဆန်ပါ။ မြန်မာပြည်ဟာ အခုလို စီးပွားရေးချွတ်ခြုံကျရတဲ့ အခြေအနေကို တရှိန်ထိုးကျမသွားခင်တုန်းက ကမ္ဘာမှာ ဆန်အများဆုံးတင်ပို့တဲ့ နိုင်ငံဖြစ်ခဲ့ဖူးပါတယ်။ အခုတော့ အဲဒီနေရာကို ထိုင်းနဲ့ ဗီယက်နမ်တို့က ရယူလိုက်ပါပြီ။

မြန်မာပြည်ရဲ့ ဆန်စပါးထုတ်လုပ်မှု တိုးတက်လာဖို့နဲ့ ဈေးကွက်တွေ ရဖို့ကတော့ အချိန်ယူရပါဦးမယ် ဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ဟာ အရင်တုန်းကလိုမျိုး ဆန်စပါး အမြောက်အမြားထုတ်လုပ်နိုင်တဲ့ နိုင်ငံတနိုင်ငံ မဖြစ်နိုင်လို့ မပြောနိုင်ပါဘူး။ ဒါက မြန်မာပြည်အပိုင်းပါ။ အမေရိကန်ဘက်က ကြည့်ရင်တော့ အမေရိကန်က ထွက်တဲ့ဆန်က အမေရိကန်အတွက် အလျှံပယ် ဖြစ်နေပါတယ်။ ဒါကြောင့် မြန်မာပြည်က ပို့လိုက်တဲ့ ဆန်နဲ့ ချက်ထားတဲ့ ထမင်းက အမေရိကန် ပြည်ထောင်စု အိုင်အိုင်ဝါက ညစာစားပွဲတွေမှာ အခန့်သားနေရာယူဖို့ဆိုတာကတော့ အခုလည်း မဖြစ်နိုင်၊ နောင်မှာလည်း ဖြစ်နိုင်ဖို့ မရှိပါဘူး။

ဒါဖြင့်ရင် ကျောက်စိမ်းတို့လို ကျောက်မျက်ရတနာတွေရောလို့ မေးစရာရှိပါတယ်။ အခုနှစ်ပိုင်းတွေ အတွင်းမှာ ကျောက်စိမ်းကို တရုတ်တွေက အသည်းအသန်အ၀ယ်လိုက်တာကြောင့် ကျောက်စိမ်းဈေးတွေ ခေါင်ခိုက်နေပါတယ်။ ကျောက်ကုန်သည်တွေ၊ ကျောက်တွင်းပိုင်ရှင်တွေအတွက် အမေရိကန်ဒေါ်လာ သန်းချီပြီး ရကြ၊ ပွကြပါတယ်။ ဒါပေမယ့် ကျောက်စိမ်းဆိုတာမျိုးကလည်း ကြိုက်လက်စရှိမှ ကြိုက်တတ်ကြတဲ့ ရတနာမျိုး ဖြစ်နေပါတယ်။ တရုတ်တွေရဲ့ သည်းခြေကြိုက်ရတနာ အမျိုးအစားပါ။ တခြား ပတ္တမြားတို့လို တခြားကျောက်မျက်တွေကို ကမ္ဘာ့ဈေးကွက်မှာ ထိုးဖောက်နိုင်နေတဲ့အချိန်မှာ ဈေးကွက်ထဲကို အမေရိကန်တွေ ၀င်လာလို့ မြန်မာ့ကျောက်မျက်ဈေးကွက်က သိပ်ကြီး ထူးခြား ပြောင်းလဲသွားမယ့်ပုံတော့ မရှိပါဘူး။

နောက်တခုက မြန်မာပြည်မှာ ရေနံနဲ့ဓာတ်ငွေ့လို စွမ်းအင်အရင်းအမြစ်တွေ ပေါကြွယ်လှပါတယ်။ တကယ်တမ်းကျတော့ ဒါတွေကလည်း မြန်မာပြည်ရဲ့ မြောက်ပိုင်း တရုတ်ပြည်နဲ့ အရှေ့ဘက်က ထိုင်းနိုင်ငံတို့ဆီကိုပဲ ဦးတည် နေပုံရပါတယ်။ မြန်မာပြည် ကပ္ပလီပင်လယ်ကနေ တရုတ်ပြည်ယူနန်ကို သွယ်တန်းထားတဲ့ ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းဆိုရင် နောက်နှစ်မှာပဲ လုပ်ငန်းတွေစနိုင်တော့မယ့် အခြေအနေဖြစ်နေပါပြီ။ တဖက်မှာ အမေရိကန် ပြည်ထောင်စုဘက်က ကြည့်ရင် လောလောဆယ်မှာ ပြည်တွင်းမှာ အထွက်ကြမ်းနေတဲ့ စွမ်းအင်တွေနဲ့တင် အဆင်ပြေလုံလောက်နေပါပြီ။ တခြားမြန်မာ့ပို့ကုန်တွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်၊ လောင်စာနဲ့ သစ်တွေကို ကြည့်လိုက်ရင်လည်း အာရှဈေးကွက်ကို ကျော်ဖို့တောင် အကန့်အသတ်ရှိနေပါတယ်။

ဒါဖြင့်ရင် အမေရိကန်အတွက် ဘာတွေကျန်ဦးမလဲ၊ ရေတိုမှာတော့ အေးစက်နေတဲ့ ပင်လယ်စာလုပ်ငန်းက မြန်မာပြည်အတွက် အလားအလာကောင်းတွေရှိပါတယ်။ ဗီယက်နမ်နဲ့ ထိုင်းတို့ဆိုရင် ပင်လယ်စာထုတ်လုပ်မှုလုပ်ငန်းမှာ အလွန်အောင်မြင်နေပါတယ်။ ဒါကြောင့် မြန်မာပြည်အတွက် ဗီယက်နမ်နဲ့ ထိုင်းရဲ့လမ်းကြောင်းကို လိုက်မယ်ဆိုရင် လိုက်နိုင်ပါတယ်။

နောက်ထပ် အလားအလာရှိတဲ့ လုပ်ငန်းကတော့ အခုလောလောဆယ်မှာတင် ဂျပန်ဈေးကွက်မှာ ဈေးကွက်ကြီးကြီး ရထားပြီးသားဖြစ်တဲ့ အထည်ချုပ်လုပ်ငန်းပါ။ တရုတ်ပြည်မှာ အထည်ချုပ်လုပ်ငန်း ထုတ်လုပ်မှုစရိတ်တွေ တက်လာတာကြောင့် ထုတ်လုပ်သူတွေဟာ ကမ္ဘောဒီယား၊ ဗီယက်နမ်နဲ့ လာအိုတို့ကို ပြောင်းရွှေ့သွားကြပါတယ်။ မြန်မာပြည်မှာ လုပ်သားအင်အားတွေ အလျှံပယ်ရှိနေသလိုပဲ အနည်းဆုံး လာအို၊ ကမ္ဘောဒီးယားတို့နဲ့ နှိုင်းယှဉ်လိုက်ရင် လုပ်အားခတွေလည်း နိမ့်နေပါသေးတယ်။ ဒါကြောင့် အမေရိကန်က ဝေါလ်မတ် (Walmart) တို့ ဂပ်စ် (Gap) တို့လို ကုန်တိုက်တွေထဲမှာ “Made in Myanmar” (မြန်မာပြည်မှာ လုပ်သည်) တံဆိပ်နဲ့ အ၀တ်အထည်တွေ အလျင်အမြန် ရောက်လာနိုင်ပါတယ်။

ရေရှည်မှာတော့ မြန်မာပြည်ဟာ ထိုင်းတို့ မလေးရှားတို့လိုပဲ အာရှရဲ့ ကုန်စည်ထုတ်လုပ်မှုနဲ့ ၀န်ဆောင်မှုကမ္ဘာထဲမှာ အစိတ်အပိုင်းတရပ်အနေနဲ့ ပါဝင်လာဖို့ရှိပါတယ်။ အခုတင်ပဲ ဂျပန်က ကင်မရာထုတ်လုပ်သူတွေအတွက် အသေးစားလုပ်ငန်းတွေကို လုပ်ကိုင်နေတာရှိသလို၊ နောက်ထပ် အလားအလာကောင်းတွေလည်း အသေအချာရှိနေပါတယ်။

တဖက်မှာလည်း မြန်မာပြည်အတွက် အခက်အခဲတွေက ရှိနေပါတယ်။ မြန်မာပြည်မှာ လျှပ်စစ်မီး မမှန်တာကြောင့် စက်ရုံတွေ လည်ပတ်ရေးမှာ အခက်အခဲရှိနေပါတယ်။ ဒုတိယကတော့ ကမ္ဘာ့ ကုန်သွယ်ရေးနဲ့ နှစ်ပေါင်းများစွာ အဆက်ပြတ်ခဲ့တာကြောင့် မြန်မာပြည်က အလုပ်သမား အင်အားစုတွေက အရည်အချင်းပိုင်းမှာ အားနည်းကြပါတယ်။

ဒါအပြင် မြန်မာပြည်ရဲ့ အခြေခံအဆောက်အဦ (infrastructure) ပိုင်းနဲ့ ပတ်သက်လို့လည်း မေးစရာ မေးခွန်းတွေ ရှိပါတယ်။ မြန်မာပြည်ရဲ့ ရထားလမ်းတွေ၊ ကားလမ်းတွေနဲ့ ဆိပ်ကမ်းတွေက အခြေအနေ အတော်ဆိုးပါတယ်။ လောလောဆယ် တောင်ပိုင်းထားဝယ်မှာ ဆိပ်ကမ်းသစ်ကြီးတွေ ဆောက်နေပေမယ့် အသုံးပြုနိုင်တဲ့ အခြေအနေ ရောက်ဖို့ကတော့ နှစ်နဲ့ချီပြီး အချိန်ယူရပါဦးမယ်။

ဒါကြောင့် အမေရိကန်က မြန်မာ့ပို့ကုန်တွေကို ဖွင့်ပေးလိုက်တာဟာ မြန်မာပြည်အတွက် စိတ်အား တက်ကြွစရာဆိုပေမယ့် လောလောဆယ်မှာ ကုန်သွယ်ရေးတွေ နေ့ချင်းညချင်း တိုးတက်သွားမယ့် အလားအလာတော့မရှိပါဘူး။ အာရှကျားတွေ တိုးတက်သွားတဲ့လမ်းကြောင်းအတိုင်း ပို့ကုန်ဦးစားပေး စီးပွားရေးပုံစံကို စဉ်းစားမယ်ဆိုရင် မြန်မာပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အမြောက်အမြားလိုအပ်နေပါတယ်။ ဒါတွေကို ဆောင်ရွက်နိုင်မယ်ဆိုရင်တော့  အကောင်းမြင်နိုင်စရာ အကြောင်းတွေလည်း အမြောက်အမြားရှိပါတယ်။ ဗီယက်နမ်ငါးဖမ်းသမားတွေနဲ့ ကမ္ဘောဒီးယားက အထည်ချုပ်အလုပ်သမတွေတော့ ရင်တမမနဲ့ စောင့်ကြည့်နေရမယ့် ပုံရှိပါတယ်။

(ရည်ညွန်း။ ။ What might the US buy from Myanmar?  by Josh Noble ) 

/burmese.dvb.no

ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါ ကြောင့် အမေရိကန်ဧည့် များ မြန်မာသို့ လာရောက်ရန် စိတ်ဝင်စား

မြန်မာ့ ဒီမိုကရေ စီ ခေါင်းဆောင် ဒေါ်အောင် ဆန်း စုကြည်သည် အမေရိ ကန်နိုင်ငံ ကွန်ဂရက်လွှတ်တော်က အရပ်သားများ ကို ပေးအပ်သည့် အမြင့်ဆုံး ဂုဏ်ထူးဆောင် ရွှေတံဆိပ် ရရှိခဲ့ခြင်းကြောင့် အမေရိကန်နိုင် ငံသားများ မြန်မာနိုင်ငံကို ပိုမို စိတ်ဝင်စား လာကြကြောင်း ခရီးသွားလုပ်ငန်း များမှ သိရသည်။
''အမေရိကန် ဧည့်က အရင် ကထက် ၅ဝ ရာခိုင်နှုန်းလောက်ကို တက်လာ တာ'' ဟု သင်္ဂဇာ ခရီးသွားလုပ်ငန်းမှ ဦးတင်ထွန်းအောင်က ပြောသည်။
ထို့အပြင် အမေရိကန်နိုင်ငံသားများကို အစ္စလာမ် နိုင်ငံအချို့သို့ ခရီး သွားလာခွင့် တားမြစ်ထား ခြင်းကြောင့် မြန်မာနိုင်ငံသို့ အမေရိကန်ဧည့် ပိုဝင်လာကြောင်း ခရီး သွားလုပ်ငန်းရှင်တစ်ဦးကလည်း ပြောသည်။
အမေရိကန် အစိုးရသည် နိုင်ငံသားများ၏ လုံခြုံရေးအတွက် ခရီးသွားခွင့် တားမြစ်ထားသည့် နိုင်ငံများ ထုတ်ပြန်လေ့ရှိကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံတွင်း လုံခြုံaရး ကောင်းမွန်မှုကြောင့် ယခုနှစ် ခရီးသွားဧည့် ပိုမိုတိုးလာခြင်းဖြစ်ကြောင်း ဦးတင်ထွန်းအောင်က ပြောသည်။
အမေရိကန်သား တို့သည် မြန်မာနိုင်ငံကို ပိုမိုစိတ်ဝင် စားလာခြင်းကလည်း အမေရိကန် ဧည့်ဝင်ရောက်မှု တိုးတက်ရာတွင် အကြောင်းရင်း တစ်ခု ဖြစ်ကြောင်း ပတ္တမြားမြေ ခရီးသွားလုပ်ငန်းမှ ဦးအေးကျော်က ပြောသည်။
''အမေရိကန်တွေက တစ် နိုင်ငံလုံးကို သွားဖို့ စိတ်ဝင်စား တယ်။ အခုဆို ကချင်ကလည်း စစ်ဖြစ်နေတယ်။ မြောက်ဦးကိုလည်း ခရီးသွားခွင့် ပိတ်ထားတဲ့အတွက် မန္တလေးတို့၊ ဟဲဟိုးတို့ကို သွားကြ တယ်'' ဟု ၄င်းက ပြောသည်။
အမေရိကန် နိုင်ငံသားများ သည် ယခင်နှစ်များစွာက မြန်မာ နိုင်ငံသို့ လာရောက်လည်ပတ်မှု နည်းပါးခဲ့သည်။ သို့သော် ၂ဝ၁၁ ခုနှစ်မှစ၍ အစိုးရသစ်၏ အပြောင်း အလဲများကြောင့် အမေရိကန်က ၄င်းတို့ နိုင်ငံသားများအား မြန်မာ နိုင်ငံသို့ ခရီးသွားလာခွင့်ကို ပြန်လည်ဖွင့်ပေး ခဲ့သည်။ ထို့ကြောင့် အမေရိကန်နိုင်ငံသားများ ၂ဝ၁၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံသို့လာရောက် လည်ပတ်မှုပိုမိုများပြားလာကြခြင်း ဖြစ်ကြောင်းသိရသည်။

teashoptalk.com

လူကုန်ကူးခံရသူ မြန်မာအမျိုးသမီးငယ်(၅)ဦးအား ထိုင်းဘက်မှ လာရောက်၍ မြန်မာဘက်သို့လွှဲအပ်



Friday, September 28, 2012  , ,  

စက်တင်ဘာ(၂၈)ရက်နေ့ နံနက်(၁၀)နာရီက မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်မှာ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဒု-ရဲမှူးကြီး Mukda Tanasombat ဦးဆောင်တဲ့ အဖွဲ့ဝင်(၁၀)ဦးဟာ ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရတဲ့ မြန်မာ မိန်းကလေးငယ် (၅)ဦးကို မြန်မာဘက်ရှိ တာဝန်ရှိ ပုဂ္ဂိုလ်များထံ လာရောက်လွှဲအပ်ခဲ့တယ်လို့ သိရပါတယ်။


ထိုင်းဘက်မှ လွှဲအပ်ရာတွင် မြန်မာဘက်မှ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ကျိုင်းတုံ မှ လူမှုဝန်ထမ်း ဦးစီးအရာရှိ ဦးအာဒဲလယ်၊ ကျိုင်းတုံ အမျိုးသမီးသက်မွေးအတတ်သင်ကျောင်းမှ ဦးစီးအရာရှိ ဒေါ်ခင်မြင့်မြင့်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကိုယ်စား တာချီလိတ်လူကုန်ကူး တာဆီးကာကွယ်ရေးမှ ဒုရဲမှူး ရင်ရင်အေး နှင့် အဖွဲ့ဝင်များ၊ လ၀ကဦးစီးအရာရှိ ဦးမိုးဇက်၊ ကျိုင်းတုံ(မြန်မာ)world vision မှ ဦးစိုင်းလုံးကျောက် တို့က လက်မှတ်ရေးထိုးကာ လက်ခံခဲ့ကြတယ်လို့ သိရပါတယ်။


လူကုန်ကူးခံရသူ အမျိုးသမီးငယ်(၅)ဦးအား အမျိုးသမီးရေးရာအဖွဲ့နဲ့ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ တစ်ဦးချင်းစီ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြပါတယ်။ အဆိုပါ အမျိုးသမီးငယ်(၅)ဦးမှာ ကျိုင်းတုံဇာတိများဖြစ်ကြပြီး အသက်အရွယ်အားဖြင့် (၁၈)နှစ်အရွယ် (၃)ဦး၊ (၁၆)နှစ်နဲ့(၁၉) နှစ်အရွယ်(၂)ဦးဖြစ်ကြောင်း သိရပါတယ်။
<

လွှဲအပ်ခြင်းအပြီးမှာပဲ ကျိုင်းတုံ မှ လူမှုဝန်ထမ်း ဦးစီးအရာရှိ ဦးအာဒဲလယ် နဲ့ ကျိုင်းတုံ အမျိုးသမီးသက်မွေး အတတ်သင်ကျောင်းမှ ဦးစီးအရာရှိ ဒေါ်ခင်မြင့်မြင့်တို့က အမျိုးသမီးငယ်(၅)ဦးအား ကျိုင်းတုံ အမျိုးသမီးသက်မွေး အတတ်သင်ကျောင်းသို့ ခေါ်ဆောင်သွားကြတယ်လို့ သိရပါတယ်။


သတင်းမှတ်တမ်းဓါတ်ပုံများကို ကြည့်ရန်
လူကုန်ကူးခံရသူ အမျိုးသမီးငယ်(၅)အား ထိုင်းမှ လာရောက်လွှဲအပ် 18 photos
tachileik.net

မွေးဖွားရာမြို့မှ ရွေးကောက်ပွဲဝင်ချင်ကြောင်း မိုးသီးဇွန်ပြောဟုသိရ

posted on September 28, 2012

Black List (စာရင်းမဲ)မှ ပယ်ဖျက်အပြီး ၂၀၁၂ခုနှစ် စက် တင်ဘာလ(၂)ရက်နေ့က မြန်မာ နိုင်ငံသို့ပြန်ရောက်လာသော (၈၈)မျိုးဆက်ကျောင်းသားတစ်ဦး ဖြစ်သူ မိုးသီးဇွန်က လာမည့် ၂၀၁၅ခုနှစ် အထွေထွေရွေး ကောက်ပွဲတွင် သူ၏ မွေးဖွားရာ မြို့ဖြစ်သည့် ရန်ကုန်တိုင်းဒေသ ကြီး သင်္ဃန်းကျွန်းမြို့နယ်မှ ၀င် ရောက်ယှဉ်ပြိုင်ရန် ဆန္ဒရှိနေ ကြောင်းသိရသည်။
မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသော မိုးသီးဇွန်က ပြည်သူလူထုသည် လွတ်လပ်မှု ကို လိုလားနေသည်ကို တွေ့ရ ကြောင်း၊လွတ်လပ်မှုမရှိ၍ လူမှု့ ဒုက္ခပေါင်းစုံကိုခံစားနေရကြောင်း၊ လွတ်လပ်မှုသာလျှင် လူတိုင်း၏ ပြဿနာကို ဖြေရှင်းပေးနိုင်မည် ဖြစ်ကြောင်း၊ပြောကြားခဲ့သည်ဟု အင်တာနက်သတင်းများ ပျံ့လွင့် လျက်ရှိကြောင်း သိရသည်။

Byသတင်းမုဆိုး
hotnewsweekly.com

မောင်အောင်နိုင်ဦး ရေခဲချောင်းရောင်းရန်သွားသောစစ်တွေမြို့အင်ပါလာရပ်ကွက်အား ပြောင်းရွှေ့နိုင်ရေး သမ္မတကြီးထံ တင်ပြထားပြီးဖြစ်ကြောင်း

September 28, 2012 at 3:48 pm
စစ်တွေတွင် ရခိုင် လူငယ် တစ်ဦး သတ်ဖြတ်ခံရ

အရေးအခင်း ဖြစ်ပွားပြီး ၄ လခန့်အကြာ ယနေ့တွင်  စစ်တွေ၌ ရခိုင်ကလေးငယ် တစ်ဦး  အသတ်ခံလိုက် ရကြောင်း သတင်း ရရှိသည်။

အသတ်ခံရသူ လူငယ်မှာ ရေခဲချောင်းရောင်းနေသော စစ်တွေ ကျေးတောရွာမှ ဦးစောမောင်နှင့် ဒေါ်မချေတို့၏ သား အောင်နိုင်ဦး ဖြစ်ကြောင်း သိရသည်။ သူ့အား သတ်ဖြတ်သူများမှာ စစ်တွေ အင်ဘာလာရပ်ကွက် (အောင်မင်္ဂလာရပ်ကွက်)မှ ဘင်္ဂလီ မွတ်ဆလင်များ ဖြစ်ကြောင်း စစ်တွေ ဒေသခံများက ပြောသည်။ ယခုအခါ အောင်နိုင်ဦး အလောင်းအား စစ်တွေ ဆေးရုံကြီးသို့ ယူဆောင်လာကြောင်း မျက်မြင်များက ပြောသည်။ အောင်နိုင်ဦးသည် ယခုလအတွင်း ဒုတိယ အကြိမ်မြှောက်သတ်ဖြတ်ခံရသူ ဖြစ်ပြီး ယခုလ ၁၁ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် သရက်အုပ်ကျေးရွာမှ ဦးကျော်မောင်ချေကို  ကျောက်တော် ပိုက်သည်ရွာမှ မွတ်လဆင် အုပ်စု တစ်စုက သတ်ဖြတ်ပစ်ခဲ့သည်။

September 28, 2012 at 5:22 pm
လက်ရှိ စစ်တွေအခြေအနေ တင်းမာနေ

မင်းခိုင်မိုက်(ရန်ကုန်)
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဘင်္ဂလီများ က ရေခဲချောင်းရောင်းသူ ရခိုင်လူငယ်တဦးအား ၀ိုင်းရိုက်လိုက်ပြီးနောက် စစ်တွေမြို့အခြေနေမှာ တင်းမာနေသည်။ ယနေ့ နေ့လည် ၂နာရီခန့် အချိန်တွင် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက် (ဘင်္ဂလီအများစုနေထိုင်ရာ) အင်ဘာလာလမ်းဆုံတွင် ရေခဲချောင်းရောင်းသည့် ရခိုင်ကလေးငယ်တဦးမှာ ဖြတ်သွားစဉ် ဘင်္ဂလီများမှ ခေါ်ယူပြီး ၀ိုင်းရိုက်ကြရာမှ စတင်ဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေသခံတဦးကပြောသည်။ ” အဲဒီ ရေခဲချောင်းရောင်းတဲ့ ရခိုင်ကောင်လေးက အင်ဘာလာလမ်းဆုံက မင်းဗာကြီးလမ်းအတိုင်း ဖြတ်သွားတယ်။ ဒီတော့ အဲဒီနားမှာ ရှိတဲ့ ဘင်္ဂလီတွေက ရေခဲချောင်း ၀ယ်မလိုနဲ့ ခေါ်လိုက်တယ်။ သူတို့အကွက်နားက လမ်းကြားနားကိုရောက်ရော့ ၀ိုင်းရိုက်ကြတယ်။ ဒါကို တခြားရခိုင်တွေက မြင်ကြ၊ ကြားကြတော့ ရိုက်ကြတဲ့သူတွေက အင်ဘာလာထဲကိုဝင်ပြေး သွားတယ်။ အဲဒီနောက်ပိုင်းမှာ အခြေနေက တင်းမာနေတာ” ဟု ဆိုသည်။ အဆိုပါ ကလေးငယ်မှာ စစ်တွေမြို့ ကျေးတော ရပ်ကွက်နေ အဖ ဦးစောမောင် ၏သား မောင် အောင်နိုင်ဦး အသက် (၁၂) ဖြစ်ကြောင်း သိရှိရသည်။ ” ကောင်လေး သေတယ်လို့တော့ သတင်း ဖြစ်နေတယ်။ သေတယ်၊ မသေဘူး လားဆိုတာတော့ အတိအကျမသိသေးဘူး။ အဲဒီကောင်လေးကို စစ်တွေ စစ်တပ်ဆေးရုံးကို စစ်သားတွေ ယူသွားတယ်လို့ ပြောပါတယ်။ အခြေနေ တော်တော်ဆိုးတယ်လို့ တော့ ပြောတာပဲ။” အောင်မင်္ဂလာရပ်ကွက်မှ ဒေသခံ အမျိုးသမီးတဦးကလည်း ” အပြင်မှာတော့ တော်တော်ကို ဆူနေပါတယ်။ စစ်သားတွေ၊ ရဲတွေလည်း အများကြီးပဲ။ ဒေသခံရခိုင်တွေပါ၊ ဘုန်းကြီးတွေပါ ရောက်နေကြတယ်။ တချို့ကတော့ အဲဒီကလေးကို မတွေ့သေးဘူးလို့ ပြောပါတယ်။ စစ်တပ်ဆေးရုံကို ယူသွားတယ်လို့လည်း ပြောကြပါတယ်။” ဟု နိရဉ္စရာသို့ပြောသည်။ ယခုအခါ မင်းဗာကြီးလမ်းတလျှောက် အင်ဘာလာအနီးတ၀ိုက်တွင် စစ်သား၊ ရဲသားများကို လုံခြုံရေးအပြည့် ချထားပြီး မည်သူမှ ဖြတ်သန်းခွင့်မပြုပဲ လမ်းပိတ်ထားသည်။ စစ်တွေဒေသခံ ရခိုင်လူထုအနေဖြင့်လည်း အဆိုပါကိစ္စအတွက် မကျေမနပ်ဖြစ်ကာ ဒေါသပေါက်ကွဲနေကြပြီး အင်ဘာလာအနီး တ၀ိုက်တွင် စောင့်ဆိုင်းနေကြကြောင်း စစ်တွေမှ ပေးပို့သော သတင်းများအရ သိရသည်။
 http://www.narinjara.com/burmese/


Friday, 28 September 2012
(အရေးပေါ်သတင်းပေးချက် )ရခိုင် ကလေးငယ် တစ်ဦးစစ်တွေမြို့  အင်ပါလာရပ်ကွက်တွင်ပြင်းထန်ဒဏ်ရာရ


စစ်တွေမြို့အင်ပါလာရပ်ကွက်၊မင်းဘာကြီး လမ်းအတိုင်း ရေခဲချောင်းရောင်းရန်သွားသော  ရခိုင် ကလေးငယ် တယောက်ဦးကို အင်ပါလာ ရပ်ကွက်မှ ဘင်္ဂလီကုလားများရိုတ် သတ်သဖြင့် ဒဏ်ရာ အပြင်းအထန်းရကာ ဆေးရုံးတင်ထားရပါသည်ဟုရွှေမြန်မာ မီဒီယာဂရုသတင်းထောက်ဖြူဖြူအောင်မှ သတင်းပေးပို့ သည်။ အခု စစ်တွေမြို့တွင် လက်ရှိ အခြေအနေ တင်းမာနေသည်ဟုဆိုသည်။ ။ လူများသည် အင်ပါလာ ရပ်ကွက်ကို ချီတတ်လျှက်ရှိပါသည်ဟုရွှေမြန်မာမီဒီယာဂရုသတင်း ထောက်မှပြောသည်။ ဒဏ်ရရှိသွားသောကလေးငယ်မှာ စစ်တွေမြို့ ကျေးတောရွာမှဟု စုံစမ်း သိရှိရပါသည်။  ၄င်းကလေးငယ်ကိုယခုစစ်ဆေးရုံးကိုသယ်ဆောင်သွားသည်ဟုဆိုသည်ယခုလက်ရှိ အခြေများတင်းမာနေဆဲဟုရွှေမြန်မာမီဒီယာဂရု သတင်းထောက်ပို့ ပေးသည်။

ဆက်လက်ဖော်ပြပါမည်။


Yangon Press International
11 hours ago

လုံခြုံရေး တာဝန်ရှိသူများက ကလေးအရိုက်ခံရသည့် သတင်းမဟုတ်မှန်ဟု လိုက်လံရှင်းလင်း

ညနေ ၄နာရီ၊ စက်တင်ဘာ ၂၈၊ ၂၀၁၂၊ YPI

ရေခဲချောင်းရောင်းသည့် ကလေး အရိုက်နှက်ခံရသည့် သတင်းနှင့် ပတ်သက်၍ ဒေါသထွက်နေသည့် လူအုပ်ကို ရဲမှူးကြီး မျိုးမင်းအောင်နှင့် ရခိုင်ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီးတို့က ကလေးပျောက်သည့် ကိစ္စမှာ မဟုတ်ကြောင်း လူအုပ်ကို လိုက်လံဖြေရှင်း နေကြောင်း စစ်တွေမြို့မှ သတင်းထောက်တဦးက YPI သို့ ပြောသည်။ ရဲမှူးကြီး မျိုးမင်းအောင်ကို YPI မှ ဆက်သွယ်မေးမြန်းရာ ၎င်းက “ ကလေးပျောက်တယ်ဆိုတဲ့ သတင်းက ကောလဟလပါ၊ ဒီကိစ္စကို ကျွန်တော်တို့ စစ်ဆေးပြီးပါပြီ” ဟု ညနေ ၄နာရီ ၂၀ မိနစ်တွင်ဖြေကြားသည်။ ကလေး အရိုက်ခံရသည့် သတင်းမဟုတ်မှန်ကြောင်း အသံချဲ့စက်ဖြင့် လိုက်လံရှင်းလင်းပြောကြားရန် သတင်းမေးမြန်းနေစဉ် ပြင်ဆင်နေကြောင်းလည်း စစ်တွေမြို့မှ သတင်းထောက် ပြောသည်။ ယင်းရပ်ကွက် နှစ်ဖက် နှစ်ချက်တွင် ၀ိုင်းထားသည့် လူအုပ်မှာ စုစုပေါင်း ၁ သောင်းခန့်အထိရှိနိုင်ကြောင်း ယင်းနေရာရောက်ရှိနေသည့် သတင်းထောက် တဦးက YPI သို့ပြောသည်။ အခြားစစ်တွေမြို့ခံတဦးက ပြောရာတွင် ကလေးငယ် ဒဏ်ရာရသည်မှာ သေချာကြောင်း၊ သို့ရာတွင် မည်သည့်ဆေးရုံသို့ သယ်ဆောင်သွားသည်ကိုမူ အတည်မပြုနိုင်သေးကြောင်း ပြောဆိုသည်။ အချို့သော သတင်းများအရ စစ်ဆေးရုံသို့ သယ်ဆောင်သွားသည်ဟု သိရကြောင်း ယင်းမြို့ခံက ပြောသည်။ စစ်တွေမြို့ထဲတွင်မူ ကလေးငယ် သေဆုံးသွားပြီဟု ဆိုင်ကယ်ဖြင့် လိုက်လံ ပြောဆိုလျှက်ရှိသည်ကိုလည်း တွေ့မြင်နေရကြောင်း ၎င်းက ပြောသည်။ ကလေးငယ် ဒဏ်ရာရရှိသည့် သတင်းနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။ ။


The Voice Weekly 10 hours ago စစ်တွေတွင် ရခိုင် ကလေး ရိုက်နှက်ခံရမှု မဟုတ်ဟု အစိုးရ ဖြေရှင်း

ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာ (အင်ဘာလာ) ရပ်ကွက်တွင် ရေခဲချောင်း ရောင်းသော ရခိုင်တိုင်းရင်းသား ကလေးငယ် တစ်ဦး ရိုက်နှက်ခံရမှု သတင်းမှာ မမှန်ကန်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့သတင်းပြန်ကြားရေးဌာနမှ ဦးဦးလှသိန်းက The Voice Weekly သို့ ပြောကြားသည်။ အဆိုပါ ကလေးငယ်ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကရှာဖွေတွေ့ရှိထားပြီဖြစ်ကာ ၄င်းကို စစ်ဆေး မေးမြန်းနေကြောင်း ၄င်းကဆိုသည်။ ယင်းကလေးငယ် ကို ထုတ်ဖော်ပြသပေးရန် အောင်မင်္ဂလာ ရပ်ကွက်တွင် ဒေသခံ လူပေါင်းထောင်ချီ တောင်း ဆိုနေကြကြောင်း ဒေသခံများထံ ဆက်သွယ် မေးမြန်းချက်များ အရ သိရှိရသည်။



Eleven Media Group
11 hours ago

ယနေ့ (စက်တင်ဘာလ ၂၈ ရက်နေ့) နံနက် ၁၁ နာရီခန့်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွှေပြည်သာရပ်ကွက်မှ ရေခဲချောင်းရောင်းသော ကလေးတစ်ဦးသည် စစ်တွေ မြို့ပေါ်ရှိ အင်ပါလာ( အောင်မင်္ဂလာ) ဘင်္ဂါလီ ရပ်ကွက်အတွင်းသို့ ရေခဲချောင်းသွားရောင်းရာမှ ပြန်ထွက်မလာသဖြင့် စစ်တွေမြို့ပြည်သူများမှ သေပြီဟုယူဆကာ မွန်းလွဲ ၁ နာရီခန့်တွင် သံဃာတော် တစ်ရာကျော်ခန့်နှင့် လူဦးရေ သုံးထောင်ခန့်စုဝေးကာ အဆိုပါရပ်ကွက်အတွင်း သို့ဝင်ရောက်ရန် ကြိုးပမ်း ခဲ့ကြောင်း သိရသည်။ ယင်းအတွက်ကြောင့် ပြည်နယ်အစိုးရ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် ရေးရာတာဝန်ရှိသူများ၊ ရဲများနှင့် စစ်တပ် တစ်တပ်တို့ အဆိုပါပြည်သူများကို တားဆီးရန် ရောက်ရှိနေကြပြီး ညနေ ၄ နာရီခန့်တွင် ရဲ ၆၀ ဦးခန့်က ပြည်သူများကို တားဆီးနေပြီး စစ်တပ်က မီးတိုင်တစ်တိုင်အကွာခန့်တွင် တပ်စွဲထားကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကလေးသေဆုံးခြင်းမှာ မဟုတ်မှန်ကြောင်း ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ကော်မတီဥက္ကဌ ဦးလှသိန်းက Eleven Media Group သို့ ပြောကြားသည်။ ပြည်သူများကို ဗိုလ်မှူးကြီး ထိန်လင်းက ကလေးသေဆုံးခြင်းမှာ မဟုတ်မှန်ကြောင်း ပြောဆိုခဲ့ကာ ပြည်သူများက ကလေးကို ထုတ်ပေးရန် တောင်းဆိုနေကြကြောင်း သိရသည်။ ညနေ ၄ နာရီခွဲခန့်တွင် ဗိုလ်မှူးကြီးထိန်လင်းက သံဃာတော်များနှင့် တွေ့ဆုံခဲ့ပြီး လောလောဆယ် ကလေးကို ရှာနေပါကြောင်း၊ အချိန်အတိုင်းအတာ တစ်ခုအတွင်း ကလေးကိုတွေ့အောင် ဆောင်ရွက်ပေးပါ့မည်ဟု ပြောဆိုကြောင်း သိရသည်။ ယခုအခါ ပြည်နယ်အစိုးရ လွှတ်တော်ကိုယ်စားလှယ်များလည်း ရောက်ရှိလာကြောင်း သိရသည်။ ရခိုင်ပြည်နယ်၊ စစ်တွေ မြို့ပေါ်ရှိ အင်ပါလာ( အောင်မင်္ဂလာ) ဘင်္ဂါလီရပ်ကွက်အတွင်းသို့ ရောက်ရှိပြီး ပျောက်ဆုံးသွားသည်ဟု သတင်းထွက်ပေါ်ခဲ့သော ကလေး၏ အမည်မှာ မောင်အောင်နိုင်ဦး၊ (အဘ ဦးစောမောင်) အသက် ၁၂ နှစ် ခန့်ဟု သိရပြီး လက်ရှိအချိန်တွင် ၄င်းနေထိုင်ရာ ကျေးရွာဖြစ်သော ကျေးတောပိုက်ဆိပ်ကျေးရွာသို့ ပြန်လည်ရောက်ရှိနေပြီဟု တာဝန်ကျရဲများက ပြောကြားထားပြီး ကလေးကို ပြည်သူများရှေ့သို့ ခေါ်လာပြရန် သွားရောက်ခေါ်ဆောင်နေသည်ဟု ပြောဆိုထားကြောင်း သိရသည်။ ယခုအချိန်တွင် ပျောက်ဆုံးသွားသည်ဟု ယူဆခဲ့သော မောင်အောင်နိုင်ဦးအား မိခင်ဖြစ်သူနှင့်အတူ ပြည်သူများအား ခေါ်ပြနေကြောင်း သိရသည်။ ပျောက်ဆုံးသွားသည်ဟု ယူဆခဲ့သော မောင်အောင်နိုင်ဦးအား မိခင်ဖြစ်သူနှင့်အတူ ပြည်သူများအား ခေါ်ပြရာတွင် ပြည်သူများမှ အမှန်တကယ် ဈေးဝင်ရောင်းသည့် ကလေးမဟုတ်ကြောင်း ငြင်းဆိုနေပြီး လူစု မခွဲသေးကြောင်းသိရသည်။မိမိအနေဖြင့် ယနေ့တွင် အဆိုပါရပ်ကွက်သို့ ဈေးသွားရောင်းခြင်း မရှိပါကြောင်း ဈေးကြီးအတွင်း ၌သာ ရောင်းချခဲ့ပါကြောင်း ပြဿနာများ ဖြစ်ပေါ်နေသည်ကိုလည်း ကျေးရွာရှိ အခြားသူများ လာရောက်ပြောဆိုမှသာ သိရှိရပါကြောင်း မောင်အောင်နိုင်ဦးအား Eleven Media Group မှ သတင်းထောက်က မေးမြန်းရာတွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင်ပြည်နယ် ၀န်ကြီးချုပ်နှင့် တွေ့ဆုံရန် သံဃာတော်အချို့နှင့် ပြည်သူအချို့တို့ ပြည်နယ်အစိုးရ ရုံးသို့ သွားရောက်နေကြာင်း သိရသည်။ စစ်တွေမြို့ရှိ သံဃာတော်အချို့နှင့် ပြည်သူအချို့တို့ နှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ပြီးနောက် ည ၇ နာရီအချိန်တွင် စုရုံးလျက်ရှိနေသော ရခိုင်ဒေသခံ လူစု လူဝေးများမှာ လူစုခွဲသွားခဲ့ကြောင်း သိရပါသည်။   စက်တင်ဘာလ ၂၈ ရက်နေ့ ည ၇း၄၅ အချိန်တွင် ရရှိသော သတင်းများအရကလေးငယ်ပျောက်ဆုံးမှုနှင့် ပတ်သတ်ပြီး စုဝေးလျှက်ရှိသော လူထုသည် ည ၇း၀၀ အချိန်တွင် လူစုကွဲသွားပြီဖြစ်ကြောင်း သိရသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့် သွားရောက်တွေ့ဆုံသော သံဃာတော်များ ပြန်လည်ရောက်ရှိလာပြီးနောက် ပြည်နယ်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ရာတွင် ၀န်ကြီးချုပ်က ယခုအခင်းဖြစ်ပွားသည့် ကျေးရွာနှင့် ရခိုင်တိုင်းရင်းသားတို့အကြား နောက်ထပ် ပြဿနာများ မပေါ်ပေါက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းကျေးရွာအား ပြောင်းရွှေ့နိုင်ရေး သမ္မတကြီးထံ တင်ပြထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည့်အတွက် ဒကာတို့အနေဖြင့် ကိုယ့်အိမ်ကိုယ်ပြန်ကြရန် သံဃာတော်များမှ မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။ အဆိုပါ လူစုမကွဲခင်အချိန်ထိ စုဝေးလျက်ရှိသော လူဦးရေမှာ တစ်ထောင်ဝန်းကျင်ခန့် ကျန်ရှိနေသေးကြောင်း သံဃာတော်များ၏ မေတ္တာရပ်ခံမှုကြောင့်သာ လူစုကွဲသွားခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။ စက်တင်ဘာလ ၂၈ရက်နေ့ ည ၁၀နာရီ ၃၀မိနစ် အချိန်က ရရှိသော သတင်းများအရ ယနေ့ည ၈နာရီကျော်ခန့် အချိန်တွင် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများက စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်များ တစ်လျောက် ပြည်သူများ အနေဖြင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် အတွက် လမ်းမပေါ်သို့ ထွက်ခြင်း ဆူပူခြင်း များမပြုလုပ်ရန် လိုက်လံကြေငြာ ခြင်းများ ပြုလုပ်ခဲ့ကြောင်းနှင့် လမ်းမပေါ်တွင် ရှိနေသူ ဒေသခံအချို့ကို ဖမ်းဆီး ခေါ်ဆောင်သွားမှုရှိ ခဲ့ပြီး လက်ရှိအချိန်တွင် ၁၀ ဦးခန့် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။     


Ye Yint Nge
ဒါကလက်ရှိသတင်းတွေပါ။
နောက်ရက်တွေမှာကလေးပုံနဲ့သတင်းတွေ
တက်ကောင်းတက်လာနိုင်ပါသေးတယ်။