Monday, October 1, 2012
The Voice ဂျာနယ်နဲ့ ဗိုဟ်ချုပ်ဂွမ်မော် အင်တာဗျူး
Voice : အစိုးရတပ်နဲ့ ကေအိုင်အေ တိုက်ပွဲ ဖြစ်နေတာ တစ်နှစ် ကျော်နေပြီ။ တချို့ကလည်း ခုဖြစ်နေတဲ့ တိုက်ပွဲ က ခွဲထွက်ရေး အတွက် တိုက်နေ တယ်လို့လည်း ပြော ကြပါတယ်။ ကျွန်တော် တို့ နားလည် ထားတာက ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်း တယ်လို့ ကြားထားပါ တယ်။ အဲဒီအပေါ် မှာ တိကျတဲ့ သဘော ထားကို ပြောပြပေးပါခင်ဗျ။
GGM : ကချင်တွေရဲ့ စိတ်ထဲမှာ ပြည်ထောင်စု မြန်မာနိုင်ငံလို့ ပေါ်ထွက်လာ အောင် အစကတည်းက ကြိုးစားတဲ့ နေရာမှာ ကချင်တွေ ပါခဲ့ ပါတယ်။ ဒါကြောင့်မို့ ပြည်ထောင်စုကနေ ခွဲထွက် ရေးလို့ ပြောတဲ့ အထဲမှာ ကချင် မပါဘူး။ဦးအောင်မင်းကိုလည်း ပြောခဲ့တယ်။ ပြည်ထောင်စု ဆိုတဲ့ စကားကို ကျွန်တော် တို့ ပြောခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ၊ သိပ်ပင်ပန်း နေပြီလို့ နောက်ခဲ့သေးတယ်။ ပြည်ထောင်စုနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်လို့ ပြောလိုက်ရင် ပြည်ထောင်စု ခွဲထွက်ရေး လို့ နားလည် ကြတယ်။ ဒါက ကချင်တွေ ရဲ့ Concept ပဲ။ ခု ပြောနေကြတာ လည်း ပြည်ထောင်စု အရေးပဲ။ ကေအိုင်အိုက ဘယ်လောက်တောင် ရှင်းရှင်းလင်းလင်း လုပ်ခဲ့သလဲဆိုရင် ၁၉၈၁ ခုနှစ်မှာ ဗိုလ်ချုပ် နေဝင်းနဲ့ တွေ့တဲ့အခါ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီကို လက်ခံမယ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေး၊ ဒီမှာ မူထိတယ် ဆိုပြီး စေ့စပ်ကြောင်းလမ်းရေး ပျက်ခဲ့တာ ဒီနေ့ထိပဲ။ ၁၉၉၄ တုန်းက အပစ်အခတ် ရပ်စဲရေး စေ့စပ်ပွဲ လုပ်တယ်။ နိုင်ငံထဲမှာ အခြေခံ ဥပဒေ တစ်ရပ် ပေါ်ထွက်ရေးအတွက် ကြိုးပမ်းတဲ့ နေရာမှာ ပါဝင်ခဲ့တယ်။အဲဒီမှာ နိုင်ငံရေး ဆွေးနွေး ရအောင်လို့ ပြောရင် လက်မခံခဲ့ဘူး။ အစိုးရနဲ့ လုပ်။ သူတို့က အာဏာ သိမ်းထားတဲ့ တပ်မတော် အစိုးရလို့ပြောတယ်။ ၂၀၀၈ ကုန်ခါနီး မှာ အသွင် ကူးပြောင်းရေး အတွက် နယ်ခြားစောင့် တပ်ဖွဲ့ဖို့ပြောတယ်။ အသွင် ကူးပြောင်းရေး ဆိုတာက နိုင်ငံရေး ဝေါဟာရ ဖြစ်တယ်။ အသွင်ကူးပြောင်း ရေးနဲ့ Road Map က ဘယ်လို ချိတ်ဆက်မှု ရှိသလဲ မေးတော့ မရှိဘူးလို့ ပြောတယ်။ နယ်ခြားစောင့်တပ် ဆိုတာ နိုင်ငံတော် စီမံကိန်း ဆိုတာ သဘောပေါက်တယ်။ ဒါပေမဲ့ နိုင်ငံတော်က ကေအိုင်အေ တပ်တစ်ခု တည်းကို ပြောနေတာ။ ကေအိုင်အိုမှာ ကျန်း မာရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေး အစ ရှိတဲ့ဌာန ၁၀ခု ရှိ တယ်။ ကေအိုင်အေ ဆိုတဲ့ စစ်တပ်က ကေအိုင်အိုရဲ့ အဖွဲ့အစည်း တစ်ခုပဲ။ တပ်တစ်ခုတည်းကို မပြောဘဲနဲ့ တစ်ဖွဲ့လုံး ကိစ္စ ပြောပါ။ ဘယ်လောက်ထိ ညှိခဲ့လည်း ဆိုရင် ပူးပေါင်းလို့ရတာ ပူးပေါင်း မယ်။ ဥပမာ-ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေပေါ့။ နောက် ကေအိုင်အေကို နယ်ခြားစောင့်တပ် ပေးရင် ဘယ်လောက် ပေးမလဲ မေးတော့ မသိဘူးတဲ့။ ကျန်းမာရေး မကောင်းတဲ့သူနဲ့ အသက် ၁၀ နှစ်ကျော် ကို ဖယ်လိုက်ရင် တပ်ရင်း ၃၀ ရနိုင်တယ်၊ ပေးမလား ဆိုတော့လည်း မဖြစ်ဘူးတဲ့။ ဒါနဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးက ပြီးသွားပြီ။ အဲဒီနောက်မှာ ဦးသန်းရွှေ (အငြိမ်းစား ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးဟောင်း) ဆီကို လိပ်မူ ပြီးတော့ ကေအိုင်အိုက စာပို့ခဲ့တယ်။ ပြည်ထောင်စု စကတည်းက ကချင်လူမျိုး တွေ ပါခဲ့ပါတယ်။ ပြည်ထောင်စုထဲ တန်းတူရေး ရချင်ပါတယ်။ တပ်မတော် မှာ ဦးစီးချုပ် တစ်ယောက်တည်း ထားမယ် ဆိုလည်း လက်ခံမယ်။ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းပေးပါ။ အဲဒီလို ဖွဲ့ရင် ကျွန်တော်တို့ တပ်တွေကို ပြင်ဆင် ဖွဲ့စည်း သွားမယ်။ နိုင်ငံတော်မှ ပြည်ထောင်စု မြန်မာနိုင်ငံလို့ ခေါ်သေးတယ်။ ဘာလို့ ပြည်ထောင်စု တပ်မတော်လို့ မရနိုင် ရမှာလဲ။ ဒါ ကျွန်တော်တို့ရဲ့ သဘောထားပါ။
Voice : ဟုတ်ကဲ့။ တိုက်ပွဲတွေ စဖြစ် ခဲ့တည်းက ညှိနှိုင်း နိုင်ခဲ့ရင် ခုလိုအခြေ အနေမျိုးဖြစ်မှာ မဟုတ်ဘူးလို့ လေ့လာသူ တွေကသုံးသပ်တယ်။ ဗိုလ်ချုပ်တို့ ဘာ ကြောင့် မညှိနှိုင်း နိုင်ခဲ့တာ လဲခင်ဗျ။
GGM : တိုက်ပွဲတွေ မနှစ်က ဇွန်လ ၉ ရက်မှာ စဖြစ်တာနဲ့ ၁၃ ရက်နေ့ နေ့လယ် ၁၂နာရီထိ ကျွန်တော် တို့ဘက်က တိုက်မိန့် မပေးသေးဘူး။ ဦးအောင်သောင်း တို့၊ ဦးသိန်းဇော်တို့နဲ့ ဆွေးနွေးနေတုန်း။ ကြာရင် မလိုလားအပ်တာ များလာမယ်။ ဒါကြောင့် ဒီတိုက်ပွဲ အမြန်ရပ်ဖို့ သူတို့ သမ္မတဆီ တင်ပြမယ် ဆိုတော့ သဘော တူတယ်။ ၁၃ ရက်နေ့ နေ့လယ် နှစ်နာရီ အထိ စောင့်တယ်၊ သဘောတူညီမှုမရ ခဲ့ဘူး။ ဒါကြောင့် ၁၄ ရက်နေ့က စပြီး ကျွန်တော်တို့ကလည်း တိုက်မိန့်ပေး လိုက်တယ်။ ဆွေးနွေးပွဲတွေ စလုပ် ကတည်းက တိုက်ပွဲတွေ စဖြစ်တာပဲ။ အပစ်အခတ် ရပ်ဖို့အတွက် လက်မှတ်ထိုး ရအောင်လို့ ပြောတယ်။ တခြားနိုင်ငံ တစ်ခုကို သက်သေထားပြီး လုပ်ပေးပါ ပြောရင်လည်း အစိုးရကသိက္ခာရှိသေး တဲ့အတွက် နိုင်ငံတကာမပါနဲ့၊ ပြည်တွင်း ပြဿနာပဲတဲ့။ ဒါဆို ကတိတစ်ခုပေးပါ။ အစိုးရက နိုင်ငံအတွင်းမှာရှိတဲ့ တိုက်ပွဲ တွေအားလုံး ရပ်ပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုတာကို ၁၅ ရက်အတွင်း ကြေညာပေးပါ။ ဒါလည်းမဖြစ်နိုင် ဘူးဆိုတော့ ဆွေးနွေးပွဲက ၃ ကြိမ်မှာ ပြီးသွားရောပဲ။ ခု ပထမအဆင့် အနေနဲ့ လုပ်ရမှာက တိုက်ပွဲတွေ လျှော့ချရေး။ ခုတပ်တွေ ရောနေတယ်။ အစိုးရတပ်က ရိက္ခာပို့တာတောင် ကျွန်တော်တို့ တပ်မဟာ ၃ ကိုဖြတ်ပြီးပို့ရတာ။ ခဏခဏ ရိက္ခာ ပို့ခွင့်တောင်းတုန်း။ ကူညီပေးဖို့တော့ စဉ်းစားလို့ ရပါတယ်။ ဒါပေမဲ့ လက် တွေ့တော့ မကျဘူး။ မဟာဗျူဟာအရ နောက်ကျော ရောက်နေတဲ့ တပ်ကို ခွာပေးပါ။ ခွာလိုက်ရင် တိုက်ပွဲတွေ လျော့သွားပါမယ်။ ဒုတိယ အဆင့်အနေ နဲ့ ပင်လုံမှာ ကျင်းပသလို ညီလာခံ ကျင်းပရမယ်။ ဒုတိယ ပင်လုံလည်း မဟုတ်ဘူး။ နောက်ခံသမိုင်းနဲ့ လုပ်ဆောင်ရမယ့် ကိစ္စတွေ ရှိတဲ့အတွက် ကချင်ကလည်း ကချင်တွေချည်း အစည်းအဝေး လုပ်ရမယ်။ တခြား တိုင်းရင်းသား တွေနဲ့လည်း လုပ်ရမယ်။ ဘုံသဘော တူညီမှုပေါ့။ လက်တွေ့မှာတော့ အစိုးရနဲ့ ဆွေးနွေးတဲ့အခါ တပ်တွေရွှေ့ဖို့ ကိစ္စ တွေမှာ မဆုံးဖြတ်နိုင်ဘူး။ တပ်ကိစ္စတွေ ပါလာရင် ဆွေးနွေးလို့ မရတော့ဘူး။
Voice : ကေအိုင်အို အနေနဲ့ရော၊ အစိုးရရော တိုက်ပွဲတွေ ဖြစ်လို့ ပြည်သူတွေ ဒုက္ခရောက်နေတာကို ငဲ့ပြီး နှစ်ဦးနှစ်ဖက် ဆွေးနွေးလို့ မရနိုင်တော့ဘူးလား ခင်ဗျ။
GGM : ခုနက ပြောသလိုပဲ။ ဦးအောင်မင်း တို့နဲ့ တပ်ကိစ္စ ပြောရင် ဆက်ဆွေးနွေးလို့ မရတော့ဘူး။ နောက်တိုက်ပွဲ တစ်နှစ် ကျော်လာတဲ့အထိ တိုက်ပွဲ ကိစ္စကို လွှတ်တော်က ဘယ်လို စဉ်းစားသလဲ။မစဉ်းစားဘူးလား။ ဆွေးနွေးတယ်ဆိုရင် ဒီတိုက်ပွဲတွေကို အစိုးရက ခွင့်ပြုလို့ တိုက်နေတာလား။ ဒါတစ်ပိုင်း။ နောက် ငြိမ်းချမ်းရေးလို့ ပြောနေတဲ့စကား လွှတ် တော်အနေနဲ့ ဘယ်မှာ ရပ်ပြီး ပြောနေ တာလဲ။ ကချင်ပြည်နယ်က လွှတ်တော် အမတ် ဦးစခုန်တိန့်ယိမ်းက တိုက်ပွဲမှာ လာဦးစီး နေတယ်။ အဲဒီအချိန်မှာ လွှတ်တော် အစည်းအဝေး ရှိတယ်။ လွှတ်တော်မှာ ဘယ်လိုခွင့်တောင်းပြီး စစ်ပွဲ ဦးစီး ရသလဲ။
Voice : လွတ်လပ်တဲ့ အာရှအသံ (RFA)မှာ ငြိမ်းချမ်းရေး အကျိုးဆောင် ပေးတဲ့ ဦးညိုအုန်းမြင့်က ပြောသွားတာ ရှိတယ်။ ကေအိုင်အိုက အခြေခံ ဖွဲ့စည်းပုံကို လည်း လက်ခံတယ်၊ ပြည်ထောင်စု တပ်မတော် ဦးစီးချုပ် တစ်ယောက်တည်း ရှိရမယ် ဆိုတာကိုလည်း လက်ခံတယ်၊ ဒါပေမဲ့ အစိုးရလူကြီးတွေကို ကေအိုင်အိုက မယုံကြည်ကြဘူးလို့ ပြောထားတာ ရှိပါ တယ်ခင်ဗျ။ ကေအိုင်အိုရဲ့ သဘောထားက လက်ရှိ အစိုးရအပေါ် ဘယ်လို သဘောထား ရှိသလဲခင်ဗျ။
GGM : အဓိက လူမဟုတ်ပါဘူး။ မူပါ ပဲ။ အရင် ကတည်းက အခြေခံ ဥပဒေပဲ။ ၂၀၀၈ ဖွဲ့စည်းပုံအရ တခြားသူ ဥက္ကဋ္ဌ တက်လုပ်လည်း ဘာမှမပြောင်းဘူး။အဓိကက ဥပဒေပဲ။ ကျွန်တော်တို့ ကေအိုင်အို အမည်နဲ့ ရွေးကောက်ပွဲဝင်မယ် ရမလား လို့မေးတော့ နေပြည်တော်ကို လှမ်းမေး ကြတယ်။ ရတယ်တဲ့။ နောက်နှစ်ရက် ကြာတော့ မရဘူး ဖြစ်ပြန်တယ်။ကျွန်တော် တို့က ဒီဂရီကုန်တဲ့အထိ ညှိပေးခဲ့ပြီးပြီ။ရွေးကောက်ပွဲ ဝင်မယ်။ ဒုတိယသက်တမ်း မှာမှ ဝင်မယ်။ ပထမ သက်တမ်းမှာ ဒီပုံစံ မှာပဲနေမယ်။ ၁၇ နှစ်လုံးလုံး ဆွေးနွေးဖို့ စောင့်နေခဲ့တာ။ ခုလက်မှတ်ထိုးရုံနဲ့ တော့ငြိမ်းချမ်းရေး ရမသွား နိုင်ဘူး။သဘောတူ လက်မှတ်ထိုးတာက စေ့စပ် ကြောင်း လမ်းတာနဲ့တူတယ်။ နိုင်ငံရေး ဆွေးနွေးတာက မင်္ဂလာဆောင်တာ နဲ့တူတယ်လို့တောင် ဦးအောင်မင်းကို ပြောခဲ့ပါသေးတယ်။
Voice : ခုလက်ရှိက ဒုက္ခသည်တွေ လည်း တစ်သိန်းနီးပါး ရှိနေပြီ။ ပြီးခဲ့တဲ့ တစ်ပတ်က ဖားကန့်မှာ လက်နက်ကြီး ထိပြီး ကျောင်းသူလေး သေဆုံးသွား ရတာတွေလည်း ဖြစ်ခဲ့တယ်။ ဒီတော့ ငြိမ်းချမ်းရေး အတွက် ဆက်ဆွေးနွေးဖို့ ရှိပါသလား။
GGM : ရှိပါတယ်။ ကျွန်တော်တို့ ဆုံး ဖြတ်ချက်တွေကို လူထု အစည်းအဝေးနဲ့ လုပ်ခဲ့တာတွေ ရှိပါတယ်။ နောက်တစ်ခု တိုက်ပွဲဖြစ်တော့ လူထု ဒုက္ခရောက်တာ မှန်တယ်။ တိုက်ပွဲ မဖြစ်တုန်းကရော ဒုက္ခ မရောက်ဘူးလား။ မြန်မာပြည်က တိုက်ပွဲ မဖြစ်ဘဲ ဒုက္ခရောက် ခဲ့တာပါ။ ကချင်တွေ စိတ်ထဲမှာ တိုက်ပွဲကြာလာရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာ မယ်၊ ကြာရင် ထိန်းရ ခက်မယ်၊ ဒါကြောင့် တိုက်ပွဲကို အရင် ဖြေရှင်းရမယ်လို့ ဦးအောင်မင်းကို ပြောခဲ့တယ်။ လူထု ဖိအား ပါလာရင် ဆုံးဖြတ်ရ ခက်မယ်။ တိုက်ပွဲတွေများလာရင် လူထုက နာကြည်းမှု တွေဖြစ်လာတယ်။ ဒီလို ပြဿနာတွေ ထိန်းမနိုင်ရင် ခက်မယ်လို့ အစကတည်း က ပြောခဲ့တယ်။ ဖားကန့်မှာ ဖြစ်တဲ့ဟာ ဆိုရင်လည်း ဝက်ဘ်ဆိုက်မှာ ကွန့်မင့်ပေး ကြတာတွေကို မယုံနိုင်ဘူး။ မိသားစု တွေလည်း ပေါက်ကွဲကြတာတွေလည်း ပါ တယ်။ မှားပစ်ကြတယ်လို့ ပြောကြ တယ်။ ဘယ်တပ်ပဲဖြစ်ဖြစ် မှားတာတော့ ရှိတာပေါ့။ ဒါပေမဲ့ ဘာဖြစ်လဲ မယုံနိုင် တဲ့ အဖြစ်အပျက်တွေက အများကြီးပဲ။ ဗုံးတစ်လုံးကွဲရင် ကျွန်တော်တို့ဆီ ကလား။ သူတို့ဆီကလား ဆိုတာ ကွဲကွဲ ပြားပြားမသိရဘူး။ မှားပစ်ရင်းနဲ့ပဲ နောက်ပိုင်း ရွာထဲမှာ ဝင်ပစ်သွားကြတာ။ကျွန်တော်တို့ စဆွေးနွေး ကတည်းက မူတစ်ခုချပြီးတာနဲ့ မြစ်ကြီးနားမှာ တွေ့မယ်လို့ တရားဝင် ကြေညာထားပြီး သားပါ။ အခု ဗိုလ်ချုပ်စိုးဝင်းနဲ့ တွေ့ဆုံ ဆွေးနွေးမယ် ဆိုတာလည်း ကျွန်တော်တို့ တောင်းဆိုတာ မဟုတ်ဘူး။ ကျွန်တော် တို့ပြောတာက ဘယ်သူပဲဖြစ်ဖြစ် နိုင်ငံတော်က တာဝန် ပေးထားတဲ့ သူတွေနဲ့ တွေ့မယ်။ ဒုချုပ်မှ၊ ကာချုပ်မှ ပြောတာ မဟုတ်ဘူး။ ခုနောက်ဆုံး နေပြည်တော် မှာ ဆွေးနွေးရအောင် ပြောတယ်။ မူ မရှိဘဲ နေပြည်တော်မှာ ဘာသွားဆွေးနွေး မလဲ။ ဘယ်ခေါင်းစဉ်နဲ့ဆွေးနွေးမလဲ။ အဓိက မူတစ်ခုရှာ။ နေရာ အဓိက မဟုတ်ဘူး။ မူပဲ။
Voice : ကေအိုင်အိုနဲ့သာ အပစ် အခတ် ရပ်စဲနိုင်ရင် ပြည်တွင်းငြိမ်းချမ်း ရေး ဖော်ဆောင်ရေး လုပ်လို့ ရပြီလို့ နိုင်ငံတော်သမ္မတကြီး ပြောခဲ့ပါတယ်။ အဲဒီအပေါ်မှာ ကေအိုင်အိုက ဘယ်လို မှတ်ချက်ပြုချင် ပါသလဲ ခင်ဗျ။
GMM : ကေအိုင်အို အနေနဲ့က အပစ် အခတ် ရပ်စဲရေး တစ်ခုတည်း မပြောဘူး။ နိုင်ငံရေး ဆွေးနွေးမယ် ဆိုတဲ့ ကတိကို ရချင်တာ။ ကတိမရဘဲနဲ့ အပစ်အခတ် ရပ်စဲရေး ဘာလုပ်မလဲ။ ပြန်ပစ်ကြမှာပဲ မဟုတ်လား။ ဒီတော့ တိုက်ပွဲတွေ ပြန်ဖြစ်မယ့် ကတိတော့ မလိုချင်ဘူး။ ဆွေးနွေး မယ်ဆိုတဲ့ ကတိ မရဘူး။ ၂၀၀၈ ထဲ ဝင်လာပါ ပြောတယ်။ ဒါဆိုရင် ဆက်သွားလို့ မရတော့ဘူး။ သမ္မတရဲ့ ပထမဆုံး မိန့်ခွန်းမှာလည်း တခြား အဖွဲ့အစည်း တွေကို ရည်ညွှန်း ပြောတာပါတယ်။ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေကို ရည်ညွှန်း ပြောတာ မပါ ဘူး။ ဒါကြောင့် အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဘယ်လို သဘောထားသလဲ။ သောင်းကျန်းသူ၊ အခွင့်အရေး တောင်းသူလို့ သဘောထား လား။ သောင်းကျန်းသူလို့ သတ်မှတ်ရင် သောင်းကျန်းသူ အနေနဲ့ပဲ သူဖြေရှင်း မှာပဲ။ နောက်တစ်ခုက ပင်လုံစာချုပ် အပေါ်မှာ ခုလက်ရှိ အစိုးရက ဘယ်လို သဘောထားလဲ မေးတာ ခုထိ အဖြေမရဘူး။ အတူတကွ ယှဉ်တွဲ နေထိုင်လို့ရတဲ့ ဥပဒေ ပေါ်ဖို့ ကျွန်တော်တို့ ကြိုးစားရမယ်။ ခုသမ္မတ ပြောတဲ့ဟာ စာချုပ်ကို ကြည့် လေ။ ခုဟာက ယာယီ အပစ်အခတ် ရပ်စဲရေးပဲ။ ဘာမှ တိတိကျကျ မရှိဘူး။ ရှမ်းနဲ့လည်း တိုက်ပွဲ ပြန်ဖြစ် တာပဲ။ ဒါကြောင့် အာမခံချက် မရှိဘဲ စာချုပ်ကြီး ချုပ်ပြီး နောက်ဖြစ်လာမယ့် စစ်ပွဲအတွက် ပြင်နေတာမျိုးနဲ့တော့ မရပ်ချင်ဘူး။
တောင်ကိုရီးယား အာဏာရှင်ဟောင်း ပတ်ချုံဟီး လူ့အခွင့်အရေး ချိုးဖောက်ခဲ့ခြင်းအတွက် သမီးဖြစ်သူ ပြန်တောင်းပန်
Aye Chan Mon
1 OCTOBER, 2012 - 19:33
တောင်ကိုးရီးယား သမ္မတ ရွေးကောက်ပွဲတွင် အာဏာရပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မည့် ယခင်တောင်ကိုရီးယား စစ်အာဏာရှင်ဟောင်း ပတ်ချုံဟီး၏ သမီးဖြစ်သူ ပတ်ဂျန်ဟေးသည် ကွယ်လွန်သူဖခင်၏ အုပ်စိုးမှုကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ပြည်သူများအား တောင်းပန်ခဲ့သည်။ မစ္စက်ပတ်သည် ယခု တောင်းပန်စကားကို သူမ၏ ကွန်ဆာဗေးတစ်ပါတီ New Frontier မှ တိုက်ရိုက်ထုတ်လွှင့်သော ရုပ်သံအစီအစဉ် တစ်ခုတွင် သတင်းထောက်များသို့ တောင်းပန်ပြောကြားခဲ့ခြင်း ဖြစ်သည်။ မစ္စက်ပတ်သည် ပြီးခဲ့သည့် တစ်လခန့်အထိ ပြိုင်ဘက် သမ္မတလောင်းများဖြစ်သော မွန်းဂျေအင်နှင့် အန်ချိုးလ်ဆူတို့ကို ကျော်ဖြတ်ကာ တောင်ကိုရီးယား၏ ပထမဆုံးအမျိုးသမီး သမ္မတဖြစ်လာရန် ရေပန်းစားခဲ့ပြီးနောက် ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ်အတွင်းကမူ ဖခင်၏အရိပ်ကြောင့် လူထုသဘောထား စစ်တမ်းများတွင် လူကြိုက်များမှု လျော့ကျလာသည်။ သူမ၏ဖခင် ပတ်ချုံဟီးသည် ၁၉၆၁ တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းပြည်ကို တင်းကျပ်စွာ အုပ်ချုပ်ခဲ့ကာ ၁၉၇၉ တွင် လုပ်ကြံခံခဲ့ရသည်။
သို့သော် ၎င်းကိုထောက်ခံသူများက ပတ်ချုံဟီးသည် တောင်ကိုရီးယားစီးပွားရေး တိုးတက်မှုအတွက် အခြေခံကောင်းများ ချမှတ်ပေးခဲ့ကြောင်း ဆိုသည်။ သို့သော် ဝေဖန်သူများက ပတ်ချုံဟီးသည် ၎င်းအာဏာရစဉ်အတွင်း အတိုက်အခံများကို နှိပ်ကွပ်ခဲ့ကာ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့ကြောင်း ဆိုသည်။ ထို့ကြောင့် မစ္စက်ပတ်ဂျန်ဟေးက ရုပ်သံကလွှင့်ခဲ့သော ၁၀ မိနစ်စာမိန့်ခွန်းတွင် သူမ၏ဖခင်နှင့်ပတ်သက်၍ အမြင်များကို ညှိနှိုင်းပေးရန် ကြိုးစားခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တောင်းပန်ခဲ့သည်။ “ကျွန်မအဖေအတွက်က စီးပွားရေးတိုးတက်ရေးနဲ့ အမျိုးသားလုံခြုံရေးဟာ တိုင်းပြည်အတွက် အရေးကြီးတဲ့ ကိစ္စတွေ ဖြစ်ခဲ့တာပါ။ စီးပွားရေးတိုးတက်မှု နောက်ကွယ်မှာ လုပ်သားတွေဟာ ဖိနှိပ်တဲ့ လုပ်ငန်းခွင်ဝန်းကျင်အောက်မှာ ဒုက္ခခံစားပြီး ပေးဆပ်ခဲ့ရပါတယ်။ မြောက်ကိုရီးယားရန်ကနေ အမျိုးသားလုံခြုံရေးကို ကာကွယ်ပေးဖို့အတွက် ကြိုးစားမှုတွေ နောက်ကွယ်မှာ နိုင်ငံတော်က ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဒဏ်တွေကို ခံစားခဲ့ရပါတယ်” ဟု သူမက ပြောကြားသည်။
Ref: AFP
News from : BY 7DAY NEWS
Post by အေးချမ်းမွန်
ကမ္ဘာမူစလင်အဖွဲ့ချုပ် (OIC) ရခိုင်ပြည်နယ်တွင် အခြေစိုက်ရန်ကြိုးပမ်း မှုအား ဆန္ဒပြကန့်ကွက်သွားမည်
Yangon Chronicle
စစ်တွေ၊အောက်တိုဘာလ ၁။
ကမ္ဘာမူစလင်အဖွဲ့ချုပ် (OIC) သည် ရခိုင်ပြည်နယ်တွင်း အခြေစိုက်၍ ရခိုင်လူမျိုးတို့နှင့်ဘင်္ဂါလီလူမျိုးတို့အတူယှဉ်တွဲ နေထိုင်နိုင်ရန် နှင့်ဘာသာရေးလုပ်ငန်းများလုပ်ဆောင်မည့်အစီအစဉ်အား အစိုးရအဖွဲ့မှခွင့်ပြုမည်ဟု ကြားသိရသောကြောင့် ရခိုင်လူမျိုးများအနေဖြင့် ဆန္ဒပြကန့်ကွက်သွား မည်ဖြစ်ကြောင်းကို စစ်တွေမြို့ရှိ ၀ံလက်ဖောင်ဒေးရှင်းမှ အမှုဆောင် ဦးသိန်းဝင်း ကပြောသည်။
စစ်တွေမြို့တွင် အောက်တိုဘာလ ပထမပါတ်အတွင်း OIC အဖွဲ့အား ခွင့်မပြုနိုင်ကြောင်း စစ်တွေမြို့ရှိ သံဃာတော်များ၊ မြို့မိမြို့ဖများ၊ကျောင်း သားလူငယ်များက လက်မှတ်ရေးထိုး၍နိုင်ငံတော်သမ္မတအား တင်ပြ မည်ဖြစ်ကြောင်းနှင့် အောက်တိုဘာ ၄ ရက်နေ့တွင် ရခိုင်အမျိုးသမီးထုမှ ရခိုင်အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ဘ၀လုံခြုံရေးနှင့်အေးချမ်း စွာနေထိုင်ရေးအ တွက် အတူယှဉ်တွဲမနေထိုင်နိုင်ကြောင်း ဆန္ဒပြတောင်း ဆိုမည်ဖြစ်ကြောင်း သိရသည်။
“မြို့ပေါ်မှာကော၊ပြည်နယ်အတွင်းမှာဘယ်နေရာမှာမှ ဘ၀လုံခြုံရေး အတွက် အာမခံချက်မပေးနိုင်ဘူး၊လူတိုင်းကကျီး လန့်တစားဖြစ်နေတယ် ၊တစ်နေ့ကိုတစ်နေရာမှာ ပြသနာတက်တယ်ဆိုပြီး အသံတွေထွက်နေ ကြတော့ အမြဲတမ်းစိုးရိမ်နေကြ တယ်၊ဒါကြောင့်ဘယ်လိုမှအတူယှဉ်တွဲနေ ထိုင်လို့မဖြစ်ဘူး”ဟု ဦးသိန်းဝင်းက ဆိုသည်။
အဆိုပါကိစ္စနှင့်ဆက်လျဉ်း၍ ရခိုင်အမျိုးသမီးထုမှ စက်တင်ဘာလ ၂၆ ရက်နေ့တွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှူးရုံးများသို့ ဆန္ဒပြခွင့်လျှောက် ထားခဲ့ကြောင်းသိရပြီး ကမ္ဘာမူစလင်အဖွဲ့ချုပ် (OIC) ရခိုင်ပြည်နယ်အတွင်း အခြေမစိုက်ရေး၊စစ်တွေမြို့အတွင်း ရှိ အင်ပါလာရပ်ကွက်(ဘင်္ဂါလီရပ်ကွက်) အား မြို့အတွင်းမှပြောင်းရွေ့ပေးရေးနှင့် ရခိုင်အမျိုးသမီးများနှင့် ကလေးသူ ငယ်များ၏ ဘ၀လုံခြုံရေးနှင့် အေးချမ်းစွာနေထိုင်ရေးအတွက် အတူယှဉ်တွဲ မနေထိုင်နိုင်ရေး တို့အားတောင်းဆိုဆန္ဒပြမည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာလ ၄ ရက်နေ့တွင် ဆန္ဒပြမည့်အစီအစဉ်အား သက် ဆိုင်ရာဒေသအာဏာပိုင်များနှင့် ပြည်နယ်အစိုးရမှ လက်ရှိရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေသည့်ပြသနာများကြောင့် ၁၄ ရက်ခန့်ရက်ရွေ့ဆိုင်း ရန်နှင့် တောင်းဆိုမှုအစီအစဉ်များ အား နေပြည်တော်ရှိအစိုးရအဖွဲ့သို့ တင်ပြထားကြောင်းသိရပြီး အဆိုပါတောင်းဆိုချက်များအား လိုက်လျော ပေးခြင်းမရှိပါက ရခိုင်အမျိုးသမီးထုကိုယ်စား “အစိုးရကခွင့်မပြုရင်လမ်းပေါ်အကုန်ထွက်မယ်”ဟု မြို့မိမြို့ဖရခိုင်အမျိုး သမီးကြီးတစ်ဦးကပြော သည်။
“နိုင်ငံတကာရုံးတစ်ရုံးလာဖွင့်တဲ့ကိစ္စက ပြည်နယ်အစိုးရအနေနဲ့ ဆုံးဖြတ်လို့ရမှာမဟုတ်ဘူး၊နေပြည်တော်မှာရှိတဲ့ အစိုးရအဖွဲ့ကဘဲဆုံးဖြတ်ပေးနိုင်လိမ့်မယ်၊၁၄ ရက်လောက်ရွေ့ဆိုင်းတယ် ဆိုတာကိုတော့ လူထုကလက်ခံထားတယ်”ဟု သက်ဆိုင်ရာအာဏာ ပိုင်အဖွဲ့အစည်းမှ တာဝန်ရှိသူကပြောသည်။
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုသည့် ၄ လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီးရခိုင်ပြည်နယ်အတွင်းလုံခြုံရေးအတွက် တာဝန်ယူလျက်ရှိသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့၏အိုးအိမ်များပင်လွမ်းမောလျက်ရှိနေ ကြောင်းကို “ကျနော်တို့ရဲ့အိမ်မက်က အိမ်ကိုဘဲပြန်ရောက်နေတယ်” ဟု လုံခြုံရေးတာဝန်ကျနေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတပ်ရင်း(၆)မှ အရာရှိတစ်ဦးကဆိုသည်။
မင်းခဏ့်
ကြံ့ ဖွတ်အမတ် ဒေါ်လဲ့လဲ့ဝင်းဆွေမှ အဖြစ်မှန်အား ဖုံးကွယ်ပြောကြား။
Nik Nayman
ရန်ကုန် ကျောက်မြောင်းတွင် ဖြစ်ပွားခဲ့သော ရမ်းကားမှုတွင် ကြံ့ ဖွတ်အမတ်  ဒေါ်လဲ့လဲ့ဝင်းဆွေမှ အဖြစ်မှန်အား ဖုံးကွယ်ပြောကြား။
အဖြစ်မှန်က ဒီလိုပါ။
တကယ်လာတာက (၆)ယောက်၊ လွတ်သွားတာ (၂)ယောက်၊ လွတ်သွားတဲ့အထဲမှာ လူကြီးသားက ပါသွားတယ်။ ရဲကလည်း လူကြီးသားကို လွှတ်ပေးလိုက်တယ် ထင်တာဘဲ။ ဒါကို စုံစမ်းလို့ ရတဲ့  ဒေါ်လဲ့လဲ့ဝင်းဆွေက လွတ်သွားတဲ့လူဟာ လူကြီးသားမှန်းလည်း သိရော ခေါင်းရှောင်ပြီး ရဲကို ထိုးကျွေးတော့တာဘဲ။
ရဲနဲ့  ဒေါ်လဲ့လဲ့ဝင်းဆွေလည်း မကြည်ဘူး။ ရဲတွေက သူ့ကို တော်တော်အမြင်ကပ်နေတာ။ နေရာတကာ ပါနေလို့လေ။ ရပ်ကွက်ကလည်း မကြည်ဘူး။ လမ်းခင်းကတည်းက အလံစိုက်ရမယ်၊ ကျောက်စာ စိုက်ရမယ်လို့ပြောလို့ ရပ်ကွက်က အလံဘဲ စိုက်မယ်၊ ကျောက်စာတော့ မစိုက်နိုင်ဘူးလို့ ပြောထားတယ်။
ဒီကြားထဲဦး အောင်သိန်းလင်းခေါ်လာပြီး ရိုက်စားလုပ် မင်္ဂလာယူသေးတယ်။ ကြာရင် ပြည်သူတွေက သူ့ကို လက်မှတ်ထိုးပြီး ဖြုတ်ဖို့ စီစဉ်တော့မှာ။ ဖြေတာကြည့်အုံးလေ။ အလံတိုင်ကို ချိုးပါတယ်လို့ ရပ်ကွက်ပြည်သူကပြောတာကို သူက အလံကို မချိုးပါဘူး။ အလံအောက်ကတိုင်ကို ချိုးတာပါတဲ့။ ကြောက်ချီးပန်းတာ။ ပုံထဲမှာ ကြည့်ပါလား။ အလံပါလဲလို့။ သူများသားသမီးကျပြောသေးတယ်။ ငါးခြောက်ရောင်းတာတဲ့။ သူကမှ ဘာမှမရှိတဲ့ စတိုးဆိုင်ဖွင့်ပြီး ဘယ်ကအောက်ဆိုဒ်ဝင်ငွေနဲ့ ရပ်တည်နေသလဲ မသိဘူး။ သူ့အောက်ကကောင်တွေကလည်း ငွေတိုးချေးစားတဲသူနဲ့၊ ကြာကူလီရိုက်တဲ့သူတွေနဲ့ချည်းဘဲ။ သူများကို ပြောမနေနဲ့။ ခင်ဗျားအကြောင်း ခင်ဗျားသိလို့ - ကျားကွက်သစ်သားများမှ ပြောကြားတာကို ကြားသိရပါတယ်။
(ကေကေတီ)။
လျှပ်စစ်မုန်းတိုင်း
7Day News Journal
နေမင်းတွင်လျှပ်စစ်မုန်းတိုင်း ဖြစ်ပေါ်ပြီး လျှပ်စစ်အပူလှိုင်းများ ကမ္ဘာပေါ်တွင် ကျရောက်နိုင်ကြောင်း ယနေ့ထွက်ပေါ်နေသော သတင်းကို နာဆာတွင်ဖော်ပြထားခြင်းမရှိကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ကျွမ်းကျင်သူ ဦးထွန်းလွင်ကပြောသည်။
"ဟိုးအရင်တုန်းက နာဆာက ၂၀၁၂ မှာ လျှပ်စစ်မုန်းတိုင်ဖြစ်မယ်လို့တော့ ခန့်မှန်းဖူးတယ်။ အဲလိုဖြစ်ရင် လျှပ်စစ်အပူလှိုင
်းတွေကြောင့် ဆက်သွယ်ရေးလိုင်းတွေထိခိုက်မယ်လို့တော့ပြောတယ်။ လူတွေတော့ မထိခိုက်ဘူးလို့တောပြောတယ်။ ဒီနှစ်က ဒီဇင်ဘာ၂၁ ရက်ကမ္ဘာပျက်မယ်လို့ပြောနေကြတာတွေလည်း ရှိတယ်။အခုသတင်းကတော့ ကောလဟလပါ"လို့ ဦးထွန်းလွင်ကပြောသည်။
လျှပ်စစ်မုန်တိုင်းဖြစ်ပေါ်နေသည် မဖြစ်ပေါ်နေသည်ကို အတည်မပြုနိုင်သော်လည်း မြန်မာနိုင်ငံအတွက် အန္တရာယ် မရှိနိုင်ကြောင်း၊ နေမင်းတွင် လျှပ်စစ်မုန်းတိုင်ဖြစ်ပေါ်မှုသည် နှစ်ပေါင်း ၃၀ လျှင် တစ်ကြိမ်သာ ဖြစ်ပေါ်နိုင်ကြောင်း၊ သို့သော်လည်း နေနှင့်ကမ္ဘာသည် မိုင်ပေါင်း ၉၃ သန်းကွာဝေးသောကြောင့် ကမ္ဘာပေါ်သို့ ကျရောက်ရန် ၁၀၀ ရာခိုင်နှုန်းလျှင် ၁၁ ရာခိုင်နှုန်းသာဖြစ်နိုင်ချေရှိကြောင်း၊ စင်္ကြာဝဠာကို ပြန်လွင့်နိုင်သော်လည်း ဂြိုဟ်ကြီးကိုးလုံးက ခံထားသောကြောင့်ကျရောက်ရန် ဖြစ်နိုင်ချေနည်းပါးကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွန် ကြားမူဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးချစ်ကျော်ကပြောသည်။
"လျှပ်စစ်အပူလှိုင်းဖြတ်နေတာဆိုမဟုတ်ပါဘူး။ ဖြစ်နေရင်တောင် မြန်မာနိုင်ငံအတွက် အန္တရာယ်မရှိဘူး" ဦးချစ်ကျော်ကပြောသည်။
စီးပွါးရေးသမားတွေ တော်တော် များများ ရင်ခုန်စွာကြိုဆိုခဲ့ကြ
Duwa Kachin
ဒီတခါဦးသိန်းစိန် ပြန်လာတော့ စီးပွါးရေးသမားတွေ တော်တော် များများ ရင်ခုန်စွာကြိုဆိုခဲ့ကြပါတယ်။
အကြောင်းကတော့ စီးပွါးရေးပိတ်ဆို့မှု (Sanction) ရုတ်သိမ်းတဲ့သတင်းကြောင့်ပါပဲ။
ကြိုဆိုတဲ့လူတန်း ကိုကြည့်လိုက်တော့ စီးပွါးရေးကုမ္ပဏီ အသီးသီးက ၀တ်စုံတွေ တန်းစီလို့ စည်ကားနေတာတွေ့ရပါတယ်။
ဆင်းရဲသားလူတန်းစားတွေအတွက်တော့ Sanction ရုတ်သိမ်းခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ လက်ငုတ် လုပ်နေရင်းတန်လန်း လယ်မြေယာမြေ မသိမ်းဖို့ ပိုအရေးကြီးနေပါပြီ။
တခုရှိတာက လုပ်ပိုင်ခွင့် လိုင်စင်အတွက် အပြိုင်အဆိုင် လက်ဆောင်ဆက်သဖို့ ready ဖြစ်နေပြီ... ဆိုတာပါပဲ...
ကျောင်းနှင့် လူနေအိမ်များ ဆက်တိုက်ခိုက်ခံနေရ
October 1, 2012 at 9:09 am
ပုဒ်မ ၁၄၄ ထုတ်၊ စုံစမ်းရေး ကော်မရှင်ဖွဲ့၊ ကျောင်းနှင့် လူနေအိမ်များ ဆက်တိုက်ခိုက်ခံနေရ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇား ရာမူးတွင် ဘုန်းတော်ကြီးကျောင်းများနှင့် လူနေအိမ်များ တိုက်ခိုက်ခံရပြီးနောက် အခင်းဖြစ်ပွားရာ ဒေသများတွင်  ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီး  ယခုအခါ ပြည်ထဲရေး ၀န်ကြီးမှ စုံစမ်းရေး ကော်မရှင် တစ်ခုကိုလည်း ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
Bangladeshi-Radical-Muslims-Torch-Buddhist-Temples
သို့သော်လည်း တိုက်ခိုက်မူများမှာ ရပ်မသွားဘဲ ယမန်နေ့ ညနေပိုင်းထိ ဆက်လက် ဖြစ်ပွားခဲ့သည်။
“ ကျွန်တော်တို့ ၀ါးခွပ်ချောင်း ဈေးနားရွာကို ညနေ (၇) နာရီမှာ လာတိုက်ခိုက်ပါတယ်။ လာတိုက် ခိုက်ခဲ့တဲ့ လူပေါင်းက ၁၀၀၀ ကျော် ပါဝင်တယ်။ အိမ် (၇) အိမ် မီးရှို့ခံရပါတယ်။ ဘုန်းကြီးကျောင်းကို လာတိုက်ခိုက်တော့ ဘီဂျီဘီ နယ်ခြားစောင့်တပ်နဲ့ ရဲက သေနတ် ၁၅ ချက်ခန့် ပစ်ခတ်တော့ လူစုကွဲပြီး ထွက်ပြေး သွားကြပါတယ်” ဒိုင်းနက် အမျိုးသား ဦးကျော်လှစိန် က ပြောသည်။
ဝါးခွပ်ချောင်းကျေးရွာမှ ဒိုင်းနက် အမျိုးသားများ နေထိုင်သောကျေးရွာ ဖြစ်ပြီး မောင်တောမြို့နယ်နှင့် မျက်နာချင်းဆိုင် ဘင်္ဂလာဒေခ်ျ့နိုင်ငံ  နတ်မြစ် တဘက်ကမ်းတွင် တည်ရှိသည်။
တခြား ယမန်နေ့က တိုက်ခိုက်ခံရသော နေရာတခုမှာ စစ်တကောင်းမြို့ ပိုတီယာ အရပ်တွင် ဖြစ်ပြီး မာရမာကြီး (ဘရ၀ါ) ဘုန်းကြီးကျောင်း (၄)  ကျောင်းနှင့် ဟိန္ဒူ ကျောင်း (၁)  ကျောင်းတို့ ပျက်စီး သွားသည်ဟု သိရသည်။
ကော့စ်ဘဇားခရိုင် တောင်ပိုင်း အိုကီးယားမြို့နယ် ကုပ်ဘဇာ အရပ်တွင်လည်း ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း(၃) ကျောင်း ယမန်နေ့ နေ့လည်က ဆက်လက် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
ရာမူး ပန်းဝါမှ ပြဿနာများ တိုးပွားလာမည်ကို စိုးရိမ်၍ မီးရှို့ခံရသော ကျောင်းမှာ (၆)  ကျောင်းဟု ရခိုင်ဒေသခံများက အရေအတွက်ကို လျော့ချ ပြောကြားသော်လည်း ယနေ့ထုတ် The Daily Star သတင်းစာတွင်  ရာမူးမြိုနယ် တစ်ခုတည်း၌ မီးရှို့ဖျက်ဆီးခံခဲ့ရသော ကျောင်းမှာ ၁၂ ကျောင်း ထိ ရှိပြီး အများစုမှာ ရှေးရခိုင်များ တည်ဆောက်ထားခဲ့သော ဘုန်းတော်ကြီးကျောင်းနှင့် သိမ်များ ဖြစ်ကြသည်။
ယခု မီးရှို့ခံရသော ကျောင်းများကို ပြန်လည် တည်ဆောက်ပေးမည်ဟု အစိုးရ တာဝန်ရှိသူများက ပြောကြားသော်လည်း ယဉ်ကျေးမူ အနုပညာများလက်ရာများ တည်ရှိရာ အဆောက်အဦးများ ဖြစ်သဖြင့် အစားထိုးမရသော ဆုံးရှုံးမူကြီး တစ်ရပ် ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောသည်။
အဆိုပါ ကျောင်းများထဲတွင် တချို့ကျောင်းများမှာ နှစ်ပေါင်း ၂၅၀ ခန့် ကြာမြှင့်နေပြီ ဖြစ်သည်ဟု ဆိုသည်။
ယခု လက်ရှိ ဘင်္ဂလာဒေခ်ျ့ အစိုးရနှင့် အတိုက်အခံ ဘီအန်ပီ ပါတီမှ အဆိုပါ တိုက်ခိုက်မူကို ရှုတ်ချလိုက်ပြီး ကျူးလွန်သူများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည် ဖြစ်ကြောင်း ပြောဆိုသည်။ သို့သော်လည်း အစိုးရနှင့် အတိုက်အခံအကြားတွင်  ဗုဒ္ဓဘာသာကျောင်းများနှင့် မိသားစုများ တိုက်ခံ ခံရမူ အပေါ်  တစ်ဘက်နှင့် တစ်ဘက် ပြစ်တင် ဝေဖန်လျှက် ရှိနေကြသည်။
ဒေသခံများ၊ နိုင်ငံရေး သမားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကမူ  ယခု တိုက်ခိုက်မူကို အစွန်းရောက် စစ်သွေးကြွ များနှင့် ရိုဟင်ဂျာများက နောက်ကွယ်က  လုံဆော် လုပ်ဆောင်သည်ဟု  သံသယ ဖြစ်နေကြောင်း ယနေ့ထုတ် The Daily Star က ပြောသည်။
ယခုအခါ အဖမ်းအဆီးများ ရှိနေပြီး ပိုတီယာတွင် တိုက်ခိုက်သူ ၂၆ ဦးကို ရဲက ဖမ်းဆီးခဲ့သည်။ ယခုအခါ နေရာအတော်များများတွင် လူစု လူဝေး မလုပ်ရဟု တားမြစ်ထားပြီး အမိန့်မနာခံသူများကို ပစ်ခတ်သွားရန် အမိန့်ထုတ်ထားသည်ဟု ဆိုသည်။
ယခု အရေးအခင်းမှာ ဘာသာရေး လူမျိုးရေး အဓိဂရုဏ်း မဟုတ်ဘဲ ဆူပူလိုသူများမှ တိုင်းပြည် တည်ငြိမ်ရေးကို မလိုလားသဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ သတင်းပြန်ကြားရေး ၀န်ကြီး မစ္စတာ အီနုရ်က သတင်းထောက်များသို့ ပြောသည်။
ဘင်္ဂလာဒေခ်ျ့ ပြည်သူအများစုက ယခုကဲ့သို့ ငြိမ်းချမ်းစွာ နေထိုင်သော လူနည်းစု ဗုဒ္ဓဘာသာဝင်များ အပေါ် အကြမ်းဖက် တိုက်ခိုက်မူကို မလိုလားကြကြောင်း သိရသည်။
တိုက်ခိုက်မူ အတွင်း ထောင်နှင့်ချီသော ဗုဒ္ဓဘာသာဝင်များမှာ ဘေးလွှတ်ရာသို့ ထွက်ပြေးခိုလုံခဲ့ကြရပြီး အများစုကို စိတ်ကောင်း စေတနာကောင်းရှိသူ မွတ်ဆလင် ဘင်္ဂလီများက နေအိမ်များတွင် ခိုလုံခွင့်ပေးထားခဲ့ကြောင်း သိရသည်။
ဘုန်းတော်ကြီးကျောင်း တိုက်ခိုက်ခံရစဉ် အတွင်း ရွာကြီးဘက် ကျောင်းဆရာတော်ကို သူနှင့် ရင်းနှီးသူ မွတ်ဆလင် ဘင်္ဂလီ လူငယ် တစ်စုက ကယ်တင်ကာ ဆရာတော်အား ၎င်းတို့နေအိမ်တွင် နေရာချပေးထားကြောင်း ဆရာတော်က နိရဉ္စရာသို့ မိန့်ကြားသွားသည်။
September 30, 2012 at 10:40 am
ဘင်္ဂလာဒေခ်ျ့တွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် လူနေအိမ်များ လုယက် မီးရှို့ ဖျက်ဆီးခံရ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇား ခရိုင် ရာမူး (ပန်းဝါမြို့တွင်) ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများနှင့် လူနေအိမ်များ ယမန်နေ့ညက လုယက် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု bdnews24.com တွင် ဖေါ်ပြသည်။
Buddhist temples, homes burned, looted in Ramu Photo: Bdnews24.com ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း (၆) ကျောင်းနှင့် လူနေအိမ် ၂၀ ခန့် မီးရှို့ဖျက်ဆီးခံရကာ အိမ်ပေါင်း ၁၀၀ ကျော် လုယက် ဖျက်ဆီးခံခဲ့ရသည်။ အများစုမှာ ဘာရ၀ါ (မာရမာကြီး) လူမျိုးတို့၏ နေအိမ်များ ဖြစ်ကြသည်။
ယခုတိုက်ခိုက်မူသည် ဗုဒ္ဓဘာသာ မိသားစုများ အပေါ် ဘင်္ဂလာဒေခ်ျ့တွင် အဆိုးရွားဆုံး တိုက်ခိုက်မူ ဖြစ်ကြောင်း သတင်းက ဆိုသည်။
ယခုတိုက်ခိုက်မူသည် မွတ်ဆလင်တို့၏ အထွတ်မြတ်ထားရာ ကိုရမ် (Quran) အား facebook တွင် မဖွယ်မရာ လုပ်သည် စွပ်စွဲချက်များ ပေါ်ပေါက်လာပြီးနောက် စတင်ဖြစ်ပွားသည်ဟု ဆိုသည်။
ကော့စ်ဘဇားခရိုင် ရဲမင်းကြီး Selim Mohammed Jahangir အဆိုပါ တိုက်ခိုက်ခံရမူအား အတည်ပြု ပြောကြားပြီး ယနေ့ နံနက်လင်းအားကြီး အချိန်တွင် ရဲအဖွဲ့မှ ထိန်းသိမ်းနိုင်ခဲ့သည်ဟု သတင်းတွင် ဖေါ်ပြသည်။ သို့သော်မြို့စွန် အနား ဒေသများတွင် အခြေအနေမှာ အေးဆေး တည်ငြိမ်မူ မရှိသေးဟု သတင်းက ရေးသည်။
Photo: bdnews24.com ယခုအခါ  ရဲတပ်ဖွဲ့ဝင်များဖြင့် ဗုဒ္ဓဘာသာများ နေထိုင်ရာများကို လုံခြုံရေး တင်းကျပ်လိုက်ပြီဟု ဆို သည်။
အများဆုံး မီးရှို့ခံရသော နေရာမှာ ရာမူးမြို့မှ (၅) မိုင်ခန့်ဝေးသော Mithhachharhi Bonbihar တွင်ဖြစ်သည်ဟု နိတိ ဘရာဝါ က ပြောသည်။
အမြင့်ပေ ၁၀၀ ရှိသော တည်ဆောက်နေဆဲ ဗုဒ္ဓရုပ်ထုတော် တစ်ဆူလည်း ဖျက်ဆီးခံခဲ့ရသည်ဟု သတင်းတွင် ဖေါ်ပြသည်။
ယခု တိုက်ခိုက်မူမှာ မွတ်ဆလင် ဘာသာရေး အစွန်းအဖွဲ့များမှ ဦးဆောင်ပြုလုပ်ခြင်း ဖြစ်ကြောင်း ဆိုသည်။
ဖျက်ဆီးခံရရာတွင် ရခိုင်များ ကိုးကွယ်နေသော ရွာကြီးဘက်ကျောင်းလည်း ပါဝင်ပြီး အဆိုပါ ကျောင်းကို တခြား လူနေအိမ်များကိုပါ မီးကူးစက်မည်ကို စိုးရိမ်သဖြင့် မီးရှို့ခဲ့ခြင်း မရှိကြောင်း သိရသည်။ ရာမူး (ပန်းဝါ)တွင် ရခိုင် ဗုဒ္ဓဘာသာ နေအိမ်များလည်း တည်ရှိရာ တစ်စုံတစ်ရာ တိုက်ခိုက်ခဲ့ခြင်း မရှိဟု သိရသည်။
http://www.narinjara.com
စစ်တွေတွင် လုံခြုံရေး တင်းကျပ်၊
September 29, 2012 at 10:29 am
စစ်တွေတွင် လုံခြုံရေး တင်းကျပ်၊ သတင်းအမှားထုတ်ပြီး ဆူပူမူ ဖြစ်အောင်ဖန်တီးမူများ ရှိနေ ယနေ့ စစ်တွေ၏ အခြေအနေမှာ တည်ငြိမ်နေသော်လည်း အင်ဘာလာ ကျေးရွာအနီး တ၀ိုက်တွင် လုံခြုံရေးကို အင်အားဖြည့် တိုးချဲ့ ချထားကြောင်း သတင်းရရှိသည်။
“ ရေခဲချောင်းရောင်းတဲ့ ကောင်လေး သေဆုံးတယ်ဆိုတာက ဖြစ်နိုင်ခြေ မရှိ ဖြစ်နေပါတယ်။ ဒါပေမယ့် လူတွေက အစိုးရ တာဝန်ရှိသူတွေ ပြောတာကို ယုံကြည်မူ မရှိ ဖြစ်နေတယ်။ တချို့ လူတွေက သတင်းမှား ထုတ်ပြီး ဆူပူမူတွေ ထပ်ဖြစ်အောင် ဖန်တီးနေတဲ့ အနေထားမှာ ရှိပါတယ်” ဟု စစ်တွေမှ အမည်မဖေါ်လိုသူ  နိုင်ငံရေး သမား တစ်ဦးက ပြောသည်။
ဆူပူမူများ ဖြစ်အောင် ဖန်တီးနေသူများမှာ မည်သူများ ဖြစ်နိုင်မလဲဟု မေးမြန်းရာ ခန့်မှန်း ရခက်ကြောင်း သူက ပြောဆိုသည်။
ယမန်နေ့က အခြေအနေမှာ ပေါက်ကွဲ လုနီးပါး ဖြစ်ပေါ်ခဲ့ကြောင်း အာဏာပိုင်များက အချိန်မှီ ထိန်းသိမ်းနိုင်ခဲ့၍ ပြဿနာ မပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။
“ ဟိုဘက် ဒီဘက် နှစ်ဖက်စလုံးမှာ တုတ်တွေ၊ ဓါးတွေ ဓါတ်ဆီ ပုလင်းတွေ အပြည့်ပါဘဲ။ ပေါက်ကွဲမူ ဖြစ်လို့ကတော့ အရင်ထက် ပိုဆိုးသွားနိုင်ပါတယ်။ အခုက လူတွေက မကြာခင်က ဆူပူ ဖြစ်ထားတော့ အဆင်သင့် ပြင်ဆင်ထားကြတယ်။ လူတိုင်းလက်မှာ လက်နက် ကိုယ်စီ ရှိကြပါတယ်” ဟု သူက ဆက်ပြောသည်။
ယခုအခါ လုံခြုံရေးကို ပိုပြီး တင်းကျပ်ရန် အတွက် နောက်ထပ် အကူတပ်များ အင်ဘာလာ ရပ်ကွက်ဘက်သို့ ကား (၅) စီးခန့်နှင့် အတူ ၀င်ရောက် လာသည်ဟု သတင်း ရကြောင်း သူက ပြောသည်။
စစ်တွေ ဆတ်ရိုးကျချောင်း တဘက်ကမ်း ကျေးတောရွာမှ ဦးစောမောင်နှင့် ဒေါ်မချေတို့၏ သားဖြစ်သူ အောင်နိုင်ဦး (အသက် ၁၂ နှစ်)အား ရေခဲချောင်း ရောင်းနေစဉ် အင်ဘာလာ ရပ်ကွက်ထဲသို့ ခေါ်ယူပြီး မွတ်ဆလင် အုပ်စု တစ်ခုက သတ်ပစ်လိုက်ပြီ ဆိုသော သတင်း စစ်တွေမြို့သို့ ပျံ့နှံ့သွားခဲ့ပြီးနောက် လူပေါင်း ၃၀၀၀ ခန့်က အဆိုပါ ကျေးရွာအား ၀ိုင်းဝန်းထားခဲ့ကြသည်ဟု ဆိုသည်။
ညနေပိုင်းထိ လူများက အဆိုပါ ကျေးရွာအနီးတွင် စုရုံးနေခဲ့ကြပြီး ပုဒ်မ ၁၄၄ ကြောင့် ညနေ ခုနှစ် နာရီခန့်တွင်  လူစု ကွဲသွားခဲ့သည်ဟု ဆိုသည်။
လူစုခွဲရန်  ရေခဲချောင်းရောင်သည့် လူငယ် အောင်နိုင်ဦး အသတ်ခံ ပျောက်ဆုံးနေသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ရခိုင်ပြည်နယ် အစိုးရမှ ရှင်းလင်းပြောကြားခဲ့သော်လည်း မကျေနပ်သူ လူပေါင်း ၂၀၀ ခန့်က လူစုမကွဲမှီ  ဓါတ်မီးတိုင်များကို တုတ်ချောင်းများဖြင့် ခေါက်ကာ အစိုးရကို “ လက်ရှိ အစိုးရ- ကုလား အစိုးရ” ဟု ဟစ်အော်ကာ သရော်ခဲ့ကြသည်ဟု မျက်မြင် တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ် စစ်တွေ မြို့နယ် ပြည်နယ် လွှတ်တော် ဦးအောင်မြကျော်ကမူ အဆိုပါ လူငယ် အောင်နိုင်ဦးမှာ မိဖ လက်ထဲသို့ ပြန်ရောက်သွားပြီ ဖြစ်ကြောင်းနှင့် သေဆုံးသွားသည် ဆိုခြင်းမှာ မဟုတ်မှန်ဘဲ ကောလောဟလသာဖြစ်ကြောင်း ယမန်နေ့က ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ကို ပြောကြားခဲ့သည်။
http://www.narinjara.com/burmese/?p=2405
၂ ကြိမ် တိတိ အဓမ္မ ပြုကျင့်ရန် ကြံစဉ်သူ နိုင်ငံခြားသား ၀န်ထမ်းအား ရဲက အရေးမယူရဲ
October 1, 2012 at 11:09 am
ကျောက်ဖြူမြို့နယ် ဂုံးရှိန်ကျေးရွာ အနီးတွင် တည်ရှိသော လုပ်ငန်းခွင် တစ်ခုတွင် နေ့စား အလုပ်သမား တစ်ဦးကို နိုင်ငံခြား အလုပ်သမား တစ်ဦးက နှစ်ကြိမ်တိုင် အဓမ္မ ပြုကျင့်ရန် ကြံစည်သည်ကို ရဲသို့ သွားရောက် တိုင်ကြားသော်လည်း ရဲက အရေးမယူရဲဘဲ ဖြစ်နေကြောင်း သိရသည်။
အိန္ဒိယ လုပ်သားများသည် ယခုလို ပိုက်လုံးဆက်သည့် ရွှေဂတ်စီမံကိန်းတွင်လည်း ၀င်ရောက် လုပ်ကိုင်နေကြသည်။ (ဓါတ်ပုံ- နိရဉ္စရာ) အိန္ဒိယ  PunjLloyd  ကုမ္ပဏီမှ Mr Ali Kumar သည်  နေ့စား ၀န်ထမ်း တစ်ဦး ဖြစ် သူ ကျောက်ဖြူမြို့ နယ် ဂုံးရှိန်ကျေး၇ွာအုပ်စု စေပုတ်ကေ ကျေးရွာမှ အသက် ၁၇ အရွယ် အမျိုးသမီးငယ် တစ်ဦးအား အဓမ္မပြုကျင့်ရန် ကြံစည်ကြိုးစားခဲ့သည်ဟု သိရသည်။
“ ကြိုးစားတာက ၂၅ ရက်နေ့ နံနက် ၈ နာရီမှာ ဖြစ်ပါတယ်။ အရာရှိနဲ့ ဘေးလူတွေ မြင်သွားတော့ အကြံအစည် မဖြစ်မြောက်လိုက်ဘူး။ ဒေသခံတွေက ရဲကို တိုင်ကြားတဲ့ အတွက် အဲဒီ အာလီ ကူမာကို ရဲစခန်းက ခေါ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ  MOGE ကုမ္ပဏီက တာဝန်ရှိသူတွေ လာ ပြီး အာမခံနဲ့ ခေါ်ထုတ်သွားခဲ့ပါတယ်” ဟု လူမူရေး လုပ်နေသူ လူငယ် တစ်ဦးက ပြောသည်။
MOGE မှာ Myanmar Oil and Gas Enterprise ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းခွင်သို့ ပြန်ရောက်ပြီး ညနေ ၃ နာရီခန့်တွင် အာလီကူမာက နောက်ထပ် တစ်ကြိမ် အမ္မပြုကျင့်ရန်  ကြံစည် ကြိုးစားခဲ့သည်ဟု သူက ဆိုသည်။
“ ဒေသခံ ဂုံးရှိန် ရွာသူ ရွာသားတွေသားတွေနဲ့ ကျောက်ဖြူမြို့ ပေါ်က  ပြည်သူတွေက ဒီဖြစ်ရပ်ပေါ် မှာ ကျောက်ဖြူရဲသို့ သွားရောက် တိုင်ကြားတယ်။ သူတို့က ပိုက်ဆံ ရထားတယ် ထင်ပါတယ်။ ဘာမှ အရေး မယူဘူး။ ဒေသခံတွေကတော့ ဒေါသထွက်လျှက် ရှိနေကြပါတယ်” ဟု သူက ဆိုသည်။
အမူမှာ တရားရုံးသို့  ယခု အချိန်ထိ မရောက်ရှိသေးဘဲ ကျောက်ဖြူမြို့ ရဲစခန်းတွင်သာ ရှိနေသေးကြောင်း တရားရုံးနှင့် နီးစပ်သူ ဒေသခံ တစ်ဦးက ပြောကြားသည်။
“ နိုင်ငံခြားသား အမူဆိုတော့ ရဲက တရားရုံးကို မပို့ဘဲ ထားတယ်လို့ ထင်ပါတယ်။ ကျွန်တော်သိရ သလောက် အမူက တရားရုံးကို မရောက်သေးဘူး။ ဒီအပေါ်မှာ ဒေသခံတွေက မကျေ မနပ် ဖြစ်နေကြတာပါ” ဟု ဆိုသည်။
ကျောက်ဖြူရဲစခန်းသို့ ဆက်သွယ်ရာ ဒီအမှုအကြောင်း မသိရှိကြောင်း ပြောကြားသည်။
ယခင်ကလည်း ဂုံးရှိန် ကျေးရွာတွင် ယခုကဲ့သို့ အလားတူ အဖြစ်အပျက်များ ပေါ်ပေါက်ခဲ့ဖူးကြောင်း၊ သို့သော်လည်း ကုမ္ပဏီမှ အမူကို ငွေပေးကာ ကျေအေးမူများ ရှိခဲ့သည်ဟု ဆိုသည်။
ဒေသခံ ပြည်သူများကမူ မြေသိမ်း၊ မတော်မတရားလုပ်မူ အပါအ၀င် အနိုင်ကျင့် စော်ကားမူများကြောင့် နိုင်ငံခြား ကုမ္ပဏီများ အပေါ် အထူးမကျေမနပ် ဖြစ်နေကြဟု ဆိုသည်။ ဘင်္ဂလာ ပင်လယ်အော်၏ ကောင်းမွေကို အစိုးရနှင့် နိုင်ငံခြား ကုမ္ပဏီများက မြိန်ရှက်စွာ အကျိုးခံစားနေကြရသော်လည်း ဒေသခံများမှာမူ ကောင်းမွေကို တစ်စုံတစ်ရာ ခံစားခွင့်မရဘဲ ဆိုးမွေများကိုသာ ခံစားနေကြရသဖြင့် ရခိုင်မှ စီမံကိန်းများ အပေါ် အထူး စိတ်ပျက် နေကြသည်ဟု သိရသည်။
http://www.narinjara.com/burmese/?p=2429
ဒေါ်အောင်ဆန်းစုကြည်နေ့
rမေရိကန်မှ ဒေါ်အောင်ဆန်းစုကြည်နေ့အဖြစ် သတ်မှတ်
************************************
လတိုင်း၊ လတိုင်း၏ စက်တင်ဘာလ ၂၅ရက်နေ့ကို ဒေါ်အောင်ဆန်းစုကြည်နေ့အဖြစ်အမေရိကန်နိုင်ငံ၊အင်ဒီယားနားပြည်နယ်၊ Fort Wayne မြို့တော်ဝန် Tom Henryကသတ်မှတ်ခဲ့ကြောင်းသိရသည်။
*****************************************************************************************
“ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ကိုရောက်နေတုန်း ဖို့ဝေးမြို့မှာ မိန့်ခွန်းပြောခဲ့ပြီးတော့ စက်တင်ဘာ ၂၅ ရက်နေ့ကို ဒေါ်အောင်ဆန်းစုကြည်နေ့သတ်မှတ်ဖို့မြို့တော်ဝန်က ပြောကြားခဲ့တာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မြန်မာတွေအတွက်တော့ ဂုဏ်ယူစရာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးပာာ တစ်ခေတ်မှာတယောက်ပဲ ပေါ်လာနိုင်မှာပါ”ပာု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။
“မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီကြိုးပမ်းမှုတွေအတွက် အမေရိကန်နိုင်ငံကတောင် အသိအမှတ်ပြုတဲ့အနေ နဲ့ ခုလိုသတ်မှတ်ပေးခဲ့တာ အရမ်းကိုကောင်းပါတယ်။ မြန်မာနိုင်ငံသားတွေအတွက်လည်း တကယ်ကို ဂုဏ်ယူဖွယ်ရာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးသိန်းစိန်တို့ ပာန်ချက်ညီညီနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်နိုင်မယ်ဆိုရင် ပန်းတိုင်က သိပ်မဝေးတော့ပါဘူး”ပာု မြန်မာ့အရေးလေ့လာနေ သူတစ်ဦးက ဆိုသည်။
အမေရိကန်နယူးယောက်မြို့သို့ရောက်ရှိနေသည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစု ကြည်သည် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဝါရှင်တန်မြို့၊ ကပ်ပီတော်၌ အရပ်ဘက်ဆိုင်ရာ အမြင့်ဆုံးဆု(ကွန်ဂရက်)ရွှေတံဆိပ်ဆုအားလည်းကောင်း၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဝါရှင်တန်မြို့ ကက်ပီတော်၌ ရုံးစိုက်သော NED(National Endowment for Democracy)ဆုအားလည်းကောင်း၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် နယူးယောက်မြို့အခြေစိုက် အတ္တလန်တစ်ကောင်စီမှ ချီးမြှင့်သော ၂၀၁၂ ဂလိုဘယ်နိုင်ငံကြီးသားဆုအားလည်းကောင်း၊ နယူးယောက်မြို့၊ ကွင်းစ်ကောလိပ်ကျောင်းသားများအား စကားပြောအပြီး ကျောင်းအထိမ်းအမှတ်လက်ဆောင်အားလည်းကောင်း ရရှိခဲ့သည်။
Yangon chronicle
အာရပ်နွေဦးနဲ့မြန်မာနိုင်ငံအပြောင်းအလဲမပတ်သတ်ဘူးလို့ ဦးသိန်းစိန်က ပြောကြား
DVB TV News
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ လုပ်ဆောင်ခဲ့တာဟာ အာရပ်နွေဦးလို့ ခေါ်တဲ့ အာရပ်ကမ္ဘာက အာဏာရှင် အစိုးရဖြုတ်ချတဲ့ လူထုအုံကြွမှုတွေနဲ့ မပတ်သတ်ဘူးလို့ မြန်မာသမ္မတ ဦးသိန်းစိန်က နယူးယောက်တိုင်း သတင်းဌာန ကို ပြောကြားလိုက်ပါတယ်။ ဒီမိုကရေစီကိုလိုလားတဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒအရ ပြောင်းလဲတာဖြစ်ပြီး အန္တရာယ် နည်းအောင် ဖြည်းဖြည်းချင်းပြောင်းလဲခဲ့တာလို့ ဦးသိန်းစိန်က ဆိုပါတယ်၊ ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတက ခန့်အပ်ရတာဖြစ်လို့ ကာကွယ်ရေးဦးစီးချုပ်က အရေးပေါ်အခြေအနေကြေညာပြီး အာဏာသိမ်းနိုင်တယ်ဆိုတာလည်း မမှန်ဘူးလို့ သူက ဆိုပါတယ်။ ဒ့ါအပြင် လွတ်တော်ထဲက စစ်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဟာလည်း အခြေအနေ ပြောင်းလဲလာရင် တဖြည်းဖြည်းချင်း လွှတ်တော်ထဲကနေ ထွက်ခွာသွားမှာဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်က ပြော ကြားခဲ့ပါတယ်။
စစ်အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ထောင်နဲ့ချီတဲ့နိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ချခဲ့တဲ့ အပေါ် ၀မ်းနည်းကြောင်း တရားဝင်ပြောဆိုဖို့ သမ္မတဦးသိန်းစိန်က ငြင်းဆန်လိုက်ပါတယ်။ ဘီဘီစီကမ္ဘာတလွှားဌာန ကြီးရဲ့ နာမည်ကြီး Hard Talk အစီအစဉ်နဲ့ မေးမြန်းခန်းမှာ ဦးသိန်းစိန်က ဒါဟာ နိုင်ငံအတော်များများမှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ကိစ္စသာဖြစ်ပြီး၊ သူနဲ့စစ်အစိုးရက တိုင်းပြည်အတွက် မှန်တယ်ထင်တဲ့ လုပ်ရပ်ကို လုပ်ခဲ့တာဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမှန်တယ်ထင်တာကို လုပ်ခဲ့တာသာဖြစ်ကြောင်း ခုခံပြောဆိုသွားပါတယ်၊ အဲဒီ့နောက်ဆက်ပြိး ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူနဲ့လွှတ်တော်က သမ္မတအဖြစ် ရွေးချယ်မယ်ဆိုရင် သူ့အနေနဲ့ လက်ခံဖို့ အဆင့်သင့်ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီလို ရွေးချယ်လို့မရအောင် ဖွဲ့စည်းပုံမှာ ကန့်သတ်ထားတဲ့ ကိစ္စကတော့ သူတယောက်တည်းသဘောနဲ့ ပြောင်းလဲလို့ မရကြောင်းလည်း ဥိးသိန်းစိန်က ပြောကြားသွားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပင်းဝါမြို့ရှိ ဘုန်းကြီးကျောင်းများနှင့် ကိုးကွယ်သူရွာသားအိမ်များ မီးရှို့တိုက်ခိုက်ခံရ။
ဘုန်းကြီးကျောင်းတကျောင်းနှင့်လူနေအိမ်၂၀ဖျက်စီးမီးရှိုခံခဲ့ရသည်။ 
SOURCE..
http://bdnews24.com/details.php?cid=2&id=233354&hb=top
ရခိုင်ကျောင်းသားနှစ်ဦး - မောင်တောက ဒေါ်မသိန်း- မောင်လင်္ကျာထွန်းတို့ ကို လွှတ်ပေးပါ
ရခိုင်ကျောင်းသားနှစ်ဦး - မောင်တောက ဒေါ်မသိန်း- မောင်လင်္ကျာထွန်းတို့ ကို
လွှတ်ပေးပါလို့  ၀န်ကြီးဦးစိုးသိန်းကို တွေ့ ဆုံပွဲမှာ တင်ပြလိုက်ပြီ
ဒီလို တွေ့ ဆုံပွဲမှာ ၀န်ကြီးဦးစိုးသိန်းက ချစ်စရာလေးတွေ ပြောသွားပါတယ်။
အယင်က စစ်အစိုးရလက်ထက်တုံးကဆိုရင် ဘာမှ မီဒီယာတွေ လာမလုပ်နဲ့ တဲ့  ။
ခုတောင်မှ မီဒီယာတွေကို ၀န်ကြီးတွေက ကြောက်နေကြတယ်တဲ့  ။ ပြောရရင်
့လိုက်ရာမှာ မြစ်ဆုံတိုက်ပွဲ ကျပါလေရော တဲ့ ၊ ၀န်ကြီး ဦးစိုးသိန်းက
ပွင့်လင်းတယ်လို့  မြင်ပါတယ် ။ သူ့ ပြောတဲ့ စကားအရ ဆိုရင်
မြန်မာနိုင်ငံဟာ တိုးတက်ပြောင်းလဲသွားမှာ သေချာတယ်လို့ မြင်တယ်ဗျ ။
   တခုတော့ ရှိတယ်လေ။ သူပြောသလို လုပ်ရဲတဲ့ လူရှိမှ ။ ရခိုင်စကားနဲ့ 
ကျနော့်ကို ဓါတ်ပုံရိုက်တော့ လုပ်လိုက်သေးတယ်လေ ။ ကျနော်လဲ မေးတဲ
့အခါတုံးက ပြောပါတယ် ။ အယင်က ဆိုရင် ကျနော်တို့ ဟာ ရန်သူတွေဘဲ ။ တယောက်နဲ
့တယောက် မျက်နာချင်း မဆိုင်ကြဘူးလို့  ။ ခုတော့ ကျနော်တို့ လိုချင်တဲ့ 
အနေအထား တခုတော့ ခြေလှမ်းမြင်ရပါတယ် ။  ကျနော်ပြောချင်တာက ကျနော်တို့ ရဲ
့ ဖြစ်ချင်တာကို တထိုင်ထဲနဲ့  လုပ်လို့  မရဘူးဆိုတာ သိထားဖို့ လိုတယ် ။
    ဒါပေမဲ့  အလုံးစုံယုံကြည်လိုက်ဖို့  ပြောနေတာမဟုတ်သေးဘူးနော် ။
ကျနော်တို့  ထိတွေ့ ဆက်ဆံရမယ် ။ ယုံကြည်မှု တည်ဆောက်ရမယ် ။ ခုတော့
မဖြစ်သေးဘူးပေါ့ ။ တချိန်ကျ ဖြစ်လာရမှာပေါ့ ။ ကျနော်တို့ က -၂၀၀၈- ဖွဲ
့စည်းပုံကို မကြိုက်ဘူးလေ။ ဒါကိုတော့ အတိအလင်း ပြောထားရမှာပေါ့ ။
တကယ်လို့  -၂၀၁၅-မှာ စစ်ယူနီဖေါင်းဝတ်တွေကို လွှတ်တော်ထဲမှာ
မမြင်ရတော့ဘူးဆိုရင် ဒါဟာ တကယ်စစ်မှန်တဲ့  ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်တဲ
့ အစိုးရလို့  အသိအမှတ် ပြုရမဲ့  နည်းလမ်းတခုပေါ့ဗျာ ။ ခုတောင်
ကြည့်ပါလား ။ ၀န်ကြီးဦးစိုးသိန်းလဲ ဒီမိုကရေစီစနစ်ရဲ့  အနှစ်သာရကို
ပြောနေတာလေ။ သူ့ လို လူမျိုး ၀န်ကြီးတွေကို အမေရိကကို မကြာမကြာ
လွှတ်ပေးဖို့ လိုတယ် ။ ဒါပေမဲ့  သူ့ လို အပြောကောင်းတဲ့  ၀န်ကြီးဖြစ်မှ ။
   အပြောမကောင်းရင်လဲ သူ့ ကိုဘဲဆက်ခါဆက်ခါ နယူးယောက်ကို လာစေမှ ဖြစ်မှာလေ
။ နိုင်ငံရေးဆိုတာ စည်းရုံေးရးကောင်းမှနော် ။ လူရှေ့မှာ အသေကြီးလို
လာပြောနေလို့  ကတော့ မရဘူးပေါ့ ။ အာဝဖွန်းလဲရွှင်မှ - ဟာသလဲ ပြောတတ်မှ -
အိုဘာမားတို့  ရော်နေးတို့  မဲဆွယ်စည်းရုံးဟောပြောရာမှာ သီချင်းတွေ
ဆိုနေကြပါတယ်ဗျာ ။
    ကျနော်ကတော့ ကိုယ့်တာဝန် ကြေခဲ့ ပါတယ် ။
ရခိုင်ကျောင်းသားနှစ်ယောက်ကို လွှတ်ပေးဖို့  ။ ဆရာမ ဒေါ်မြရာဇါလင်းရဲ့ 
မောင်တောက ဒေါ်မသိန်းကို လွှတ်ပေးဖို့  ၊ ရန်ကုန်က သေဒဏ်ပေးထားတဲ့ 
မောင်လင်္ကျာထွန်းကို အသက်( ၈၅ ) နှစ်လောက် ရှိနေတဲ့  သူ့ အမေကိုယ်စား
လွှတ်ပေးဖို့  တောင်းဆိုခဲ့တာလေ။ မကြာမှီက ပြိးဆုံးသွားတဲ့ ရသေ့တောင် လူထု
ညီလာခံ-၁၈-ချက်ကို ဆောင်ရွက်ပေးဖို့ နဲ့  ဒေါ်အောင်ဆန်းစုကြည်ကို
ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး-ကချင်ပြည်နယ် ငြိမ်းချမ်းရေးတို့ မှာ ပါ
ဝင်စေဖို့ - ပြီးတော့ သမ္မတရဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား
လူမျိုးထဲမှာ သမိုင်းလိမ်လူမျိုး မပါဘူးဆိုတာကို ဥပဒေအဖြစ် လွှတ်တော်ကပြ
ဋ္ဌန်း ပေးဖို့ တောင်းဆိုခဲ့ပါတယ် ။
  ဒါဆိုရင် ကျနော် တာဝန် ကြေပါတယ် နော် ။။ ဘာကြောင့် တာဝန်ကြေပါတယ်လို့ 
ပြောသလဲဆိုရင် ထောင်ထဲက လူတွေ သူတို့  ကိုယ့်အိမ်ကို ပြန်ရောက်ကြမယ်လို့ 
ယုံကြည်ပြီးသားမို့ ပါ ။
အမှတ်တရ ဓါတ်ပုံရိုက်ထားတာ ကြည့်ပါအုံးလေ ။ မြန်မာသံအမတ်ကြီး ဦးသန်းဆွေ
၊ ၀န်ကြီးစိုးသိန်းနဲ့  ကျနော်တို့  သုံးဦး ရိုက်ထားတာတွေ ။ သမ္မတ
အကြံပေး ဦးလှမောင်ရွှေနဲ့  ဒေါက်တာကျော်ရင်လှိုင်တို့ နဲ့  တရင်းတနှီး
ရိုက်ထားကြတယ်လေ။ တခုတော့ ရှိတယ်ဗျ ။ မလွပ်မြောက်ခင် ကျနော့်ကို
ဆောင်းပါးတွေ မရေးပါနဲ့ အုံးလို့  ၀န်ကြီးဦးစိုးသိန်းကလဲ အတန်တန်မှာတယ်
။ ဒေါက်တာကျော်ရင်လှိုင်ကလဲ ပြောပါတယ် ။ ဒါပေမဲ့  ခုဟာက ဦးလှမောင်ရွှေရဲ
့ ဖေ့စ်ဘုတ်မှာ တင်ထားပြီဆိုတော့ ကျနော်လဲ ခုလို လူတွေကို
သတင်းပေးရတာပါဘဲ ။ မတတ်နိုင်ဘူးပေါ့ ။ ဒါပေမဲ့  ၀န်ကြီးဦးစိုးသိန်းရဲ့ 
အပြောနဲ့  အဟောကိုတော့ ယုံကြည်မိတယ်ဗျာ ။ ဒါကြောင့် သူတို့ တွေ
အမေ့အိမ်ကို မြန်မြန်ရောက်လာကြမယ်လို့  ထင်ပါကြောင်း ။
ခိုင်အောင်ကျော် ( နယူးယောက် )
">
သမ္မတကြီးထံ ဒုတိယအကြိမ် လူထုလက်မှတ် ၁၆၇၇ ဖြင့် မြိတ် ကျောက်မီးသွေးလျှပ်စစ် ဓါတ်အားပေးစက်ရုံ စီမံကိန်းအား ကန့်ကွက်စာတင်
သမ္မတကြီး၏ အိမ်အပြန်
ဥက္ကာကိုကို's photo.
(တောက်)......ဒီချိတ်ကြီး ဘယ်သူလာချိတ်သွားပါလိမ့်
အဘ ဥက္ကာကိုကို
သမ္မတကြီး ဒီဖက်ကို လက်ပြပါဦးလို့ အော်တော့ သဘောကောင်းတဲ့ တို့သမ္မတကြီးက ပြုံးပြုံးလေးလက်လှမ်းပြတယ်။
ဓာတ်ပုံ- ဥက္ကာကိုကို
နှစ်၂၀ကျော်တွင်းမှာ အစိုးရထဲကခေါင်းဆောင်တယောက်ကြိုပည်သူတွေလက်ခံကြိုဆိုဖူးတယ်
အမေရိကန်ပြည်ထောင်စုမှ ပြန်လည်ရောက်ရှိလာသော သမ္မတဦးသိန်းစိန်အား စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ပြည်သူများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လာရောက်ကြိုဆို
PDF Print Monday, 01 October 2012 13:01 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်နိုင်ငံ နယူးရောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်ရုံးတွင် ပြုလုပ်သော ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတကို  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)တို့မှ ပါတီဝင်များ၊ အနုပညာရှင်များ၊ စက်မှုလုပ်ငန်းရှင်ကြီးများနှင့် တိုင်းရင်းသားလူငယ်များ၊ Myanmar Egress သင်တန်းသားများနှင့်အဖွဲ့ဝင်များ၊ အထည်ချုပ်စက်ရုံများမှ ၀န်ထမ်းများ၊ ဌာနဆိုင်ရာ အသီးသီးမှ အဆင့်မြင့်အရာရှိများနှင့် ပြည်သူများက လာရောက်ကြိုဆိုခဲ့ကြသည်ကို တွေ့ရသည်။
အဆိုပါ လာရောက်ကြိုဆိုသူများသည် နံနက် ၇ နာရီခန့်မှ စတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့တွင် 'နိုင်ငံတကာတွင် မြန်မာ့ဂုဏ်ကို ဆောင်ခဲ့သော နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အား ကြိုဆိုပါ၏'၊ 'Congratulation Mr.President '၊ 'We Support You '၊ 'ပြည်သူသန်း ၆၀ အတွက် သမိုင်းဝင်အပြောင်းအလဲကို ဆောင်ကျဉ်းသူသမ္မတကြီး ဦးသိန်းစိန်အား လှိုက်လှဲစွာ ကြိုဆိုပါ၏'၊ အစရှိသော စာတန်းများကိုင်ဆောင်ကာ စောင့်ဆိုင်းနေခဲ့ကြပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နံနက် ၉ နာရီ ၂၀ မိနစ်တွင် စင်ကာပူ Silk Air လေကြောင်းလိုင်းဖြင့် ရောက်ရှိလာခဲ့ရာ ကြိုတင်စောင့်ဆိုင်း ကြိုဆိုနေသူများက ''သမ္မတကြီး ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဂုဏ်ယူပါတယ်သမ္မတကြီး''စသည့် ကြွေးကြော်သံများဖြင့် ကြိုဆိုခဲ့ ကြကြောင်း သိရသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်က ''နိုင်ငံအကျိုးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်ပေးနေတဲ့ သမ္မတကြီးကို လာရောက်ကြိုဆိုတာပါ။ တိုင်းသူပြည်သားတွေအားလုံး သာယာဝပြော တဲ့ ဘ၀ရှေ့တက်လမ်းတွေအတွက် တံခါးဖွင့်ပေးတဲ့ သမ္မတကြီးကို  ၀မ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ သမ္မတကြီးကို လာကြိုချင်ကြတယ်ဆိုလို့ ကျွန်တော်တို့က စီစဉ်ပေးတာပါ။ တစ်နိုင်ငံလုံးက ပြည်သူတွေ စိတ်ချမ်းသာသာနဲ့ နေထိုင် နိုင်အောင်သမ္မတကြီးက အစွမ်းကုန် ဆောင်ရွက်မယ်လို့ ယုံကြည်ပါတယ်''ဟု ပြောပြခဲ့ပါသည်။
ရခိုင်တိုင်းရင်းသူတစ်ဦးက ''ကျွန်မက ရခိုင်ပြည်နယ် စစ်တွေကပါ။ Myanmar Egress မှာ သင်တန်းလာတက်တာပါ။ အခုလို လာကြိုခွင့်ရတာ ၀မ်းသာပါတယ်။ ကြိုဆိုရမယ်လို့ မမျှော်လင့်ပါဘူး။ အခုလို အပြောင်းအလဲတွေလုပ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီထက်မက တိုးတက်အောင်လုပ်ပေးပါလို့ သမ္မတကြီးကို တောင်းဆိုပါတယ်''ဟု ပြောပြခဲ့ပါသည်။
နိုင်ငံသမ္မတကြီးကို ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံများမှ အထည်ချုပ်ဝန်ထမ်းများမှလည်း  ''မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းနှင့် အလုပ်သမားများ အကျိုးအတွက် အထူးဆောင်ရွက်ပေးသော နိုင်ငံတော်သမ္မကြီးအား ဂုဏ်ပြု ကြိုဆိုပါသည်''ဟူသည့် ဆိုင်းဘုတ်များနှင့် ကြိုဆိုခဲ့ကြသည်။
လှိုင်သာယာမြို့နယ် လက်ဝါးအထည်ချုပ်စက်ရုံမှ ၀န်ထမ်းအမျိုးသမီးတစ်ဦးက''မနက် ၇နာရီကတည်းက ရောက်နေတာပါ။ စက်ရုံက စီစဉ်ပေးမှုနဲ့ အခုလိုလာကြိုတာပါ။ အခုလိုလာကြိုရတာ အရမ်းဝမ်းသာပါတယ်။ သမ္မတကြီး အနေနဲ့ ဒီ့ထက်အကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ လူနေမှုအဆင့်အတန်းတွေ ဒီထက်ပိုပြီးကောင်းအောင် လုပ်ဆောင်ပေးမယ်လို့လည်း ယုံကြည်ပါ တယ်''ဟု ပြောပြပါသည်။
''ကျွန်တော်တို့နိုင်ငံရဲ့ သမ္မတလည်းဖြစ်တယ်။ ကျွန်တော်တို့ ပါတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ဖူးတယ်။ သန်းခြောက်ဆယ်သော ပြည်သူတွေအတွက် ဒီမိုကရေစီဖော်ဆောင်ပေးနေလို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုရမယ့် တာဝန် ကျွန်တော်တို့မှာ ရှိပါတယ်။ အဲဒါကြောင့် ဒီနေ့အင်အား၁၅၀ခန့်နဲ့ လာရောက်ကြိုဆိုခြင်းဖြစ်ပါတယ်''ဟု ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်းကော်မတီအဖွဲ့ဝင် ဦးတင်ဝင်းက ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မဦးသိန်းစိန်သည် အမေရိကန်နိုင်ငံသို့ စက်တင်ဘာလ ၂၄ရက်နေ့က စတင်ထွက်ခွာခဲ့ပြီး အမေရိကန်နိုင်ငံတွင် ခေတ္တ ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ ဆုံခြင်း အမေရိကန် နိုင်ငံခြားရေးဝန် ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံခြင်း၊ အမေရိကန်နိုင်ငံ နယူးရောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်ရုံးတွင်ပြု လုပ်သော ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခြင်း၊ ဘင်္ဂလားဒေ၀န်ကြီးချုပ်နှင့် တွေ့ဆုံခြင်း၊ နယူးယောက်မြို့ရှိ အာရှအသင်းတွင် တွေ့ဆုံမေးမြန်းဖြေကြားခြင်းများ ပြည်ပမီဒီယာများနှင့် တွေ့ဆုံမေးမြန်းဖြေကြားခြင်းများ၊ ပြည်ပအခြေစိုက် မြန်မာမီဒီယာများနှင့် တွေ့ဆုံခြင်း စသည်တို့ကိုပြုလုပ်ခဲ့ကြောင်း သိရသည်။
http://news-eleven.com
အမေရိကန်စစ်တပ်မှ နည်းပညာနှင့် အတတ်ပညာများကို ရယူသွားမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား
1/Oct/2012
အမေရိကန်စစ်တပ်နှင့် မြန်မာ့တပ်မတော်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားရန်မရှိဘဲ နည်းပညာနှင့် အတတ်ပညာများကိုမူ လေ့လာရယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။ အမေရိကန် ပြည်ထောင်စုတွင် စက်တင်ဘာလ ၂၈ ရက်နေ့က မြန်မာမီဒီယာသမားများနှင့် တွေ့ဆုံရာတွင် အမေရိကန် စစ်တပ်နှင့် မြန်မာစစ်တပ်တို့၏ တပ်မတော်ချင်း ဆက်ဆံရေး မေးမြန်းချက်များကို ဖြေကြားရာ၌ ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ''တိုင်းပြည်ကို ကာကွယ်နိုင်ဖို့အတွက် ဘာလိုလဲဆိုရင် တပ်မတော်ဟာ Standard Army ဖြစ်ဖို့ လိုတယ်။ ကျွန်တော်တို့ တပ်မတော်ဟာ Standard Army မဖြစ်သေးဘူး။ မဖြစ်သေးတဲ့ အတွက်ကြောင့် တပ်မတော်ကိုလည်း စပြီးတော့ ပြုပြင်ပြောင်းလဲနေတဲ့ အနေအထားတွေ ရှိပါတယ်။ အဲဒီတော့ အမေရိကန်နဲ့ ပူးပေါင်းပြီးတော့ Training တွေပေးဖို့တို့၊ စစ်ရေး လေ့ကျင့်ဖို့တို့ ဘာတို့ ဒါတွေကတော့ ကျွန်တော်တို့ အစီအစဉ်မရှိပါဘူး။ နောင်လည်း ကျွန်တော်တို့ ရှိစရာတော့လည်း သိပ်အကြောင်းမရှိပါဘူး'' ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ ယနေ့ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေး အတွက်သာဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရန်အတွက် အုပ်ချုပ်ရေးပိုင်းမှာ ၀င်ရောက်စွက်ဖက်ရန် မရှိကြောင်း၊ နိုင်ငံရေးအပိုင်းမှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကာအကွယ်ပေးသည့် သဘောသာရှိကြောင်း၊ တပ်မတော်၏ အဓိကအလုပ်မှာ တိုင်းပြည်ကို ကာကွယ်ရန်သာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။ ''ကျွန်တော်တို့ တပ်မတော်ကို Standard Army ဖြစ်ဖို့ အတွက်ကတော့ အမေရိကန်တင် မဟုတ်ပါဘူး။ တရုတ်ကရော၊ ရုရှားကရော၊ ဂျပန်ကရော ကျွန်တော်တို့ ရနိုင်တဲ့ နည်းပညာတွေ၊ အတတ်ပညာတွေ ဒါတွေကတော့ ယူရမှာ ဖြစ်ပါတယ်'' ဟု သမ္မတက ဆက်လက်ပြောကြားခဲ့သည်။ အရာရှိသင်တန်းသားများအား ယခင်က အနောက်နိုင်ငံများက နှစ်ပေါင်း ၂၀ ကျော် လက်ခံခဲ့ခြင်း မရှိခဲ့ကြောင်း၊ ရုရှားသို့သာ စေလွှတ်ခဲ့ရခြင်းများ များပြားခဲ့ကြောင်း၊ ယခုအခါတွင် တပ်မတော် အရည်အသွေးမြှင့်ရန် အမေရိကန်၊ အင်္ဂလန်၊ ရုရှား၊ တရုတ်၊ ဂျပန် စသည့် မည်သည့်နိုင်ငံကိုမဆို စေလွှတ်သွားမည် ဖြစ်ကြောင်း၊ သို့သော် တပ်မတော်နှစ်ရပ် ပူးပေါင်းပြီး စစ်ရေးပြခြင်းမျိုးကိုမူ ပြုလုပ်သွားမည် မဟုတ်ကြောင်းလည်း ထည့်သွင်းဖြေကြားခဲ့သည်။ အောက်ခြေ တပ်မတော်သားများ၏ ဘ၀များအား မြှင့်တင်ပေးရန် ဘယ်လိုသဘော ရှိပါသလဲ ဆိုသော မေးခွန်းနှင့် ပတ်သက်၍လည်း နိုင်ငံတော်သမ္မတက အဆိုပါကိစ္စသည် တိုင်းပြည်စီးပွားရေးနှင့် ဆိုင်ကြောင်း၊ ရေမြင့်လျှင် ကြာတင့်လာမည် ဆိုသည့်အတိုင်း တိုင်းပြည်စီးပွားရေး တက်လာသည်နှင့်အမျှ တစ်ဦးချင်း ၀င်ငွေများ များပြားလာပြီး တပ်မတော်သားများအပြင် အခြားဝန်ထမ်းများလည်း နေနိုင်စားနိုင်အောင် အဆင့်မြှင့်တင် ပေးသွားမည် ဖြစ်ကြောင်း ဖြေကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
News from : ခေတ်လူငယ်
Post by အေးချမ်မွန်