Tuesday, October 2, 2012
မောင်တောမြို့တွင်ဆူပူအကြမ်းဖက်မှုများတွင်ပါဝင်ခဲ့သော်လည်း ငွေပေးပြီး လွတ်မြောက်ခဲ့သူများစာရင်း
Rakhine Straight Views
မောင်တောမြို့တွင်ဆူပူအကြမ်းဖက်မှုများတွင်ပါဝင်ခဲ့သော်လည်း ငွေပေးပြီး လွတ်မြောက်ခဲ့သူများစာရင်းကို ၇ရှိထားပါသည်။
ယင်းအတွက် ထိုသူတို့၏ပေးထားသော ငွေပမာဏကိုလည်း ဖော်ပြပေးသွား ပါမည်။
၁။ ဇော်ဟိရ်အာလောမ်(ဘ) အဇီဟောက်(ကားပစ္စည်းရောင်း) သိန်းလေးဆယ် ဖြင့် လွတ်မြောက်ခဲံ့ကြောင်းသိရသည်။
၂။ လာလူ(ဘ) ဆာမျာ၊ မြေဆီရောင်း၊ နာရီစင်ရှေ့၊ မောင်တော
ဆယ်သိန်းကျပ်ဖြင့်လွတ်ပေးထားကြောင်းသိရသည်။
၃။ ဒိလ်မာမတ်(ဘ) နုရ်ဟာဆိမ်း(ကားပစ္စည်းရောင်း) မောင်တော
ငွေကျပ် သိန်း ၂၀ ဖြင့်လွတ်
၎။ အီမာန်ဟူးဆေင်း(ဘ) မော်တူဟူဆောင်း (စားကုန်ဆိုင်ရောင်း) ငွေကျပ်
၂ သိန်း ဖြင့်လွတ်မြောက်ခဲ့သည်။
၅။ ဟာမိတ် (ဘ) မော်တူဟူဆောင်း၊ စားကုန်ဆိုင်ရောင်း ငွေကျပ် ၂ သိန်း ဖြစ့် လွတ်မြောက်ခဲ့သည်။
၆။ အီဒရစ် (ဗိုလ်မှူးရွာ) ငွေကျပ် ၂ သိန်းဖြင့်လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
၇။ ဟာဂျီအော်လီအာမောက် (ဗိုလ်မှူးရွာ) အထည်ဆိုင်ရောင်းသည်။ ငွေကျပ် ၅ သိန်းဖြင့် လွတ်မြောက်ခဲ့ရသည်။
၈။ ဗျူဟာ အီနုစ်(ဗိုလ်မှူးရွာ၊အထည်ဆိုင်ရောင်း
ငွေကျပ် ၅ သိန်းဖြင့်လွတ်မြောက်ခဲ့သည်။
၉။ ရောဖိ(ဘ) ကော်ဘိရ်အာမတ်(စားကုန်ဆိုင်ရောင်း)
ငွေကျပ် သိန်း ၈၀ ဖြင့်လွတ်မြောက်ခဲ့ခြင်းဖြစ်ပါသည်။
၁၀။ ဇော်ဟိရ်အာမတ် (ဘ) ရောက်ရှိတ်အာမတ် (ကုန်သည်ကြီး)
ငွေကျပ် သိန်း ၁၀၀ တစ်ရာဖြင့်လွတ်မြောက်ခဲ့သည်။
၁၁။ ကော်ရီမူလ္လာ AI
CF ၀န်ထမ်း၊ ငွေကျပ် ၂ သိန်းဖြင့်လွတ်မြောက်ခဲ့သည်။
၁၂။ အဒူရော်ရှိတ်(ဘ) ကူဒိုက် ဆော်ဒီနိုင်ငံနှင့်ဆက်သွယ်သူဖြစ်သည်။
ငွေကျပ် ၂ သိန်း၊ ရာဒိုနာရီတစ်လုံးနှင့် ဆန်နှစ်အိပ်ဖြင့် လွတ်မြောက်ခဲ့သည်။
ထိုသို့ ငွေများကို ပေးဆောင်ခဲ့သူများမှာ မော်ဂျီအူလာ(ခ)လှသိန်း ၊ ဂေါ်နီ၊
(ဘူးသီးတောင်ပြောင်း)နှင့် ဖွေယာစ်ခါန်(ဘ)ဘာဆာမျာ (ရာအိမ်မှူး)တို့ဖြစ် ကြောင်းလည်း သိရှိရပြီး ငွေများကို စုဆောင်းကာသွားရောက်ပေးခဲ့သူဖြစ်သည်။
သို့သော်လည်းယနေ့အချိန်ထိ မည်သူ့ကိုမျှ ပြန်လည်ဖမ်းဆီးခြင်းမရှိသည့်အပြင် ထွက်ပြေးတိမ်းရှောင်စာရင်းများသာပြ ပြီး လွှတ်ပေးထားသူများဖြစ်ကြောင်းလည်းသိရသည်။
ထိုသူတို့သည် ထွက်ပြေးတိမ်းရှောင်စာရင်းတွင် ပြထားသူများဖြစ်သော်လည်း လက်တွေ့တွင် ထွက်ပြေးသူများမဟုတ်သည့်အတွက်
 ငွေပေးလွတ်မြောက် ခဲ့ ခြင်းသာဖြစ်ကြောင်း ခိုင်လုံသောသတင်းများအရ သိရှိရပါသည်။
မောင်တောမြို့အားဆူပူအကြမ်းဖက်မှုတွင် ပါဝင်ခဲ့သူများဖြစ်သော်လည်း
ယနေ့ထိ လွတ်မြောက်နေသူ ၃၅၀ စာရင်း အား ရရှိထားပြီဖြစ်သည့်အတွက် တစ်ဖြေးဖြေးတင်ပြသွားပါမည်။
ကျောက်နီမော်ရွာမီးရှို့ရန်ကြိုးပမ်းသူ ဘင်္ဂလီသုံးဦး ဖမ်းဆီးရမိ
Rakhine Straight Views
Written by ဇင်ကီး Tuesday, 02 October 2012 20:51
အောက်တိုဘာ (၁)ရက်နေ့ ည(၁၁း၃၀)တွင် ကျောက်နီမော်ကျေးရွာအားမီးရှို့ရန် အနီးရှိကျောက်ထရံရွာမှ ဘင်္ဂလီများ ကြိုးပမ်းရာတွင် ယင်းဒေသ၌ တပ်စွဲစောင့်ကြပ်နေသော ခမရ(၃၆၂)မှ အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ပြီး ဦးဆောင်သူ ဘင်္ဂလီသုံးဦးကို ဓာတ်ဆီပုံးများနှင့်တကွ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်ပွားပုံမှာ ထိုနေ့က ကျောက်နီမော်ရွာ တောင်ကျော်လမ်းရှိ အသုဘတစ်ခုတွင် ရခိုင်များစုဝေးနေကြစဉ် ဘင်္ဂလီ (၁၀၀)ခန့်က လူစုလူဝေးဖြင့်ကြွေးကြော်၍ ဓာတ်ဆီပုံးများကိုကိုင်ဆောင်ကာ ကျောက်နီမော်ရွာဘက်သို့ မီးရှို့ဖျက်ဆီးရန် ချီတက်လာကြသဖြင့် အသုဘစောင့်နေသူ ရခိုင်များက စစ်တပ်ကို အကြောင်းကြားခဲ့အပြီး တပ်မတော်မှအချိန်မီ ထိန်းသိမ်းလူစုခွဲခဲ့ရသည်။
အဆိုပါဘင်္ဂလီများမှာ ညမထွက်ရအမိန့်ကြောင့် ၄င်းတို့၏ ငါးဖမ်းစက်လှေများ ကုန်းပေါ်သို့တင်မရ၍ သက်ဆိုင်ရာအာဏာပိုင်များထံ ခွင့်ပန်ပြီးညပိုင်း၌ စက်လှေတွန်းတင်ခဲ့ကြကြောင်း၊ ထိုသို့စက်လှေတွန်းတင်အပြီး ဘင်္ဂလာဒေ့ခ်ျနိုင်ငံအတွင်း ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများ၊သိမ်များ၊အိမ်များဖျက်ဆီးပြီးလူများကိုသတ်ဖြတ်ခဲ့မှုအပေါ် အောင်ပွဲခံသည့်အနေဖြင့် သောက်စားပျော်ပါးကြရာမှ ယခုကဲ့သို့ လူစုလူဝေးဖြင့် ရခိုင်အိမ်များကိုမီးရှို့ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
မေလ (၂၈)ရက်နေ့က သပြေချောင်းရွာသူ မသီတာထွေး ကျောက်နီမော်ရွာမှအပြန် ဘင်္ဂလီလူငယ်သုံးဦးက ပစ္စည်းလုယက်၊ မုဒိန်းကျင့်ပြီး ရက်စက်စွာသတ်ဖြတ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်မြို့နယ်များတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သလို ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ရခိုင်ရွာများမှာလည်း ဘင်္ဂလီများ၏အကြမ်းဖက် ဖျက်ဆီး၊ သတ်ဖြတ်ခြင်းကို မကြာမီရက်များက ဆိုးရွားစွာခံစားခဲ့ကြရသည်။
အင်ပါလာရွာကို ပြောင်းရွှေ့ပေးမည်ဟု ဇွန်လ ၂၂ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံတိုင်းရင်းသားများ မြို့မိမြို့ဖများ ဘုန်းတော်ကြီးများဖြင့်ကျင်းပသည့် အစည်းအဝေးတွင် နယ်စပ်ရေးရာနှင့်လုံခြုံ ရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ၀န်ခံဂတိပြု
ခဲ့ကြောင်း သိရသည်။
သို့သော်လည်း ယနေ့အချိန်ထိ စစ်တွေမြို့ အင်ပါလာ ရွာအားပြောင်း ရွှေ့ ခြင်း တစ်စုံတစ်ရာမရှိခဲ့သလို ပြောင်းရွှေ့ရန်
 ပြင်ဆင်ခြင်းလည်းမရှိသေးသည့် အတွက် ဘင်္ဂလီများနှင့် ရခိုင်တိုင်းရင်းများ မကြာခဏ ပဋိပက္ခဖြစ်နေရခြင်း ဖြစ်ကြောင်း လည်း ဒေသခံ စစ်တွေမြို့သူမြို့သားများပြောပါသည်။
အင်ပါလာရွာရှိနေခြင်းသည်စစ်တွေမြို့တွင် နောက်ထပ်ပြဿနာများ ဖြစ် ပေါ်လာနိုင်ကြောင်းနှင့် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့လျင် မည်သူ တာဝန်ယူမည်ကို ပြည်သူများကလိုလားကြောင်းနှင့် လုံခြုံရေးအပြည့်အ၀ တာဝန်ယူထားသည်ဟု ဆိုသော်လည်း ဘင်္ဂလီများအတွက်သာ လုံခြုံနေ ခြင်း ဖြစ်ပြီး ရခိုင်တိုင်းရင်းများအတွက် လုံခြုံမှုရှိမရှိကို လာရောက်လေ့လာကြပါ ရန် တင်ပြအပ်ပါသည်။
Daw Aung San Suu Kyi in Los Angeles(Youtube)
YEYINTNGE(CANADA)Daw Aung San Suu Kyi recorded Live in Los Angeles
မဟတ္တမဂန္ဒီ၏ ၁၄၃ ကြိမ်မြောက်မွေးနေ့အထိမ်းအမှတ်ပွဲရန်ကုန်မြို့ရှိ၊ အိန္ဒိယသံရုံးတွင် ကျင်းပ
7Day News Journal အိန္ဒိယနိုင်ငံ၏ငြိမ်းချမ်းရေးခေါင်းဆောင်တစ်ဦးဖြစ်သည့် မဟတ္တမဂန္ဒီ၏ ၁၄၃ ကြိမ်မြောက်မွေးနေ့အထိမ်းအမှတ်ပွဲကို နိုင်ငံတကာအကြမ်းမဖက်ရေးနေ့ဟု ကုလသမဂ္ဂမှ သတ်မှတ်ထားသည့် ယနေ့(အောက်တိုဘာ ၂ ရက်နေ့) တွင် ရန်ကုန်မြို့ရှိ၊ အိန္ဒိယသံရုံးတွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် သီတဂူဆရာတော်ဒေါက်တာအရှင်ဥာဏိဿရက မဟတ္တမဂန္ဒီသည်ဗုဒ္ဓဘာသာဝင်တစ်ဦးမဟုတ်သော်လည်း ဗုဒ္ဓဘာသာ၏အခြေခံအချက်များဖြစ်သည့် ပါရမီ ၁၀ ပါးကိုကျင့်သုံးကြောင်းကို ဂန္ဒီ၏ဘ၀အတွေ့အကြုံဖြတ်သန်းမှုများနှင့်ယှဉ်ကာ Life of Mahatama Gandhi & Buddhist Principles ခေါင်းစဉ်ဖြင့်ဟောပြောခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးဒေါက်တာဗီလာဆွန်ဒါရာရာဂျမ် ရှေရှာဒရီက သီတဂူဆရာတော်ကြီးအနေဖြင့် ဗုဒ္ဓဘာသာနှင့်ပတ်သက်သော ငြိမ်းချမ်းရေးအယူအဆများကို မဟတ္တမဂန္ဒီမွေးနေ့အထိမ်းအမှတ်ပွဲတွင် ဟောကြားပေးမှုကို ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်။
လက်ပံတောင်းကို ကာကွယ်၊ လယ်သမားတွေကို ဝိုင်းရံ
လက်ပံတောင်း လှုပ်ရှားမှု ပြန်အားယူနေပါပြီ။ သူတို့တတွေ စိတ်ဓါတ်အညွန့်မကျိုးကြ။ သာမန် လယ်သမားတွေ ဖြစ်ပြီး ဒီလောက်ကြီးတဲ့ ဖိနှိပ်မှုတွေကြုံရတာတောင် နောက်မတွန့်ကြ။ ဒီလောက် လှည့်ကွက်တွေသုံးပြီး အကောင်းဆုံး ရွှေပြည်အေးသမားတွေ ထုတ်သုံးတာတောင် မတွေဝေ မယိမ်းယိုင်ကြ။ လက်ပံတောင်း စိတ်ဓါတ်ဟာ လေးစားလောက်စရာ သူရဲကောင်းစိတ်ဓါတ်လို့ ဆိုရပါတော့မယ်။ လယ်သမားတွေဘက်က တာဝန်ကျေပါတယ်။ ကျန်တဲ့ ပြည်သူတွေ ဝိုင်းရံကြဖို့ လိုနေပါပြီ။
ဒီလို အချိန်မျိုးမှာ ဦးသိန်းစိန်က နောက်ကွယ်မှာ နိုင်ငံရေး ပယောဂတွေ ပါတယ်လို့ ထုတ်ပြောလိုက်တယ်။ ဆိုချင်တာကတော့ နိုင်ငံရေးသမားတွေက မြှောက်ပေးနေတယ်ပေါ့။ ဒီစကားကနေ ဆင့်ပွားလာမယ့် အန္တရာယ်တွေကို လယ်သမားတွေနဲ့ အမှန်တရားကို ချစ်မြတ်နိုးသူတွေ လက်ပံတောင်းကို ချစ်မြတ်နိုးသူတွေဘက်က ကြိုတင်သိမြင်ပြီး  ကာကွယ်ထားကြဖို့လိုပါလိမ့်မယ်။
ဦးသိန်းစိန်က နောက်ကွယ်မှာ နိုင်ငံရေး ပယောဂ ပါနေတယ်လို့ပြောတာဟာ အခြေခံလူတန်းစားဖြစ်တဲ့ လယ်သမားတွေက သူ့ကို ဆန့်ကျင် အံတုနေတာကို  ဝန်မခံရဲလို့ နိုင်ငံတကာ ရှေ့မှောက်မှာ အရှက်ပြေ ပြောတဲ့ စကားပါ။
ဒါပေမဲ့ ဒီစကားကို ကိုးကားပြီး လက်ပံတောင်းအရေးမှာ ကျေးရွာပြင်ပက နိုင်ငံရေးသမားတွေ ဝင်မပါဖို့ အစိုးရ အလိုတော်ရိတွေက ပြောလာကြလိမ့်မယ်။ အဲသလို ပြောခဲ့ရင် ပြည်သူတွေ နားမယောင်ကြဖို့ အရေးကြီးပါတယ်။ ခေါင်းဆောင်တွေလည်း နားမယောင်ကြဖို့ အရေးကြီးပါတယ်။
အလိုတော်ရိ ကြားလူတွေက ပြောကြပါလိမ့်မယ်။ မင်းတို့ နိုင်ငံရေးသမားတွေ ဝင်ပါရင် အစိုးရက နိုင်ငံရေး ပယောဂ ပါတယ်လို့ ထင်လိမ့်မယ်။ အဲသလို နိုင်ငံရေး ပယောဂပါတယ်လို့ သူတို့က ထင်ရင် အဲဒါကို အကြောင်းပြပြီး နှိမ်နင်းဖြိုခွဲလိမ့်မယ်။ သူတို့ဘက်က အဲသလို အကြောင်းပြချက်ရှာမရအောင် မင်းတို့ ဝင် မပါဘဲ ရှောင်နေကြ။ လယ်သမားအရေးကို လယ်သမားတွေပဲ လုပ်ပါစေလို့ ပြောကြလိမ့်မယ်။
ဒါဟာ ခေါင်း ဆောင်နဲ့လူထုကို သွေးခွဲတဲ့ နည်းပါ။  ကိုယ့်လူ သူ့ဘက်သား လုပ်တဲ့ လုပ်ရပ်ပါ။ ကိုယ့်ကို စေတနာထား သလိုလိုနဲ့ ဖိနှိပ်သူ  အကြိုက်ခွင်ထဲဝင်အောင် သွင်းတဲ့ အပြောမျိုးပါ။ ဒီလို အပြောမျိုးဟာ လူထုလှုပ်ရှားမှုကို အားနည်းအောင် လုပ်တဲ့ အပြောမျိုးသာ ဖြစ်တဲ့ အတွက် ဒီလို အပြောမျိုးကို ခေါင်းဆောင်တွေရော၊ လူထု ကပါ နားမယောင်ကြဖို့ အရေးကြီးပါတယ်။
လက်ပံတောင်းအရေးမှာ အဓိကလူထုဟာ လက်ပံတောင်း ဒေသခံရွာသားတွေ ဖြစ်ပါတယ်။ ဒါမှန်ပါတယ်။ ဒါပေမဲ့ လက်ပံ တောင်းပတ်ဝန်းကျင် ရွာသားတွေသက်သက်နဲ့သာ ဆိုင်တဲ့ အရေး အခင်းသေးသေး လေးမျှသာ မဟုတ်ပါဘူး။ တနိုင်ငံလုံး ပြည်သူလူထုနဲ့ ဆိုင်တဲ့ အရေးအခင်းကြီးပါ။ အဲဒီဒေသမှာရှိတဲ့ တောင် ၃၃ လုံးကို ထိန်းသိမ်း ကာကွယ် ရေးဟာ တနိုင်ငံလုံး ပြည်သူတွေရဲ့ အရေးပါ။ နိုင်ငံရေးသမားရော၊ ကျောင်းသားရော၊ စာပေ အနုပညာရှင်တွေ၊ တတ်သိပညာရှင်တွေပါ အားလုံးဝိုင်းဝန်းကြရမှာပါ။ လက်ပံ တောင်းရွာသားတွေရဲ့ အား သက်သက်နဲ့ ဦးပိုင်လို၊ ကြံ့ဖွံ့လို အင်အားကြီးတဲ့ ဖိနှိပ်သူတွေကို ရင်ဆိုင်ဖို့ မလွယ်ပါဘူး။ ဦးပိုင်၊ ဝမ်ပေါင်နဲ့ ကြံ့ဖွတ်တို့ဟာ ပညာသားပါပါ၊ ပရိယာယ်ကြွယ်ဝစွာနဲ့ နည်းမျိုးစုံသုံးပြီး ဖြိုခွဲဖို့ ကြိုးစားမှာပါ။ ကြိုးလည်း ကြိုးစားနေပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေ ကြားက ဝင်ပြီး ဖြန်ဖြေလာလောက်အောင် အထိ ကြံ့ဖွတ်ဘက်က စည်းရုံး နိုင်တယ်ဆိုတာ နည်းနည်းနောနော ပရိယာယ် မဟုတ်ပါဘူး။  ဒီတော့ နိုင်ငံရေး သမားတွေ၊ လှုပ်ရှား တက်ကြွ သူတွေရဲ့ ခေါင်းဆောင်မှု၊ ဝိုင်းရံမှုတွေ မဖြစ်မနေ လိုအပ်ပါတယ်။ နိုင်ငံရေးသမားတွေ၊ လှုပ်ရှားတက်ကြွသူတွေဟာ အစိုးရနဲ့ အကြိမ်များစွာ ရင်ဆိုင်ခဲ့ဖူးသူတွေ ဖြစ်တဲ့ အတွက် နည်းနာပိုင်း မှာ အကူအညီ အများကြီး ပေးနိုင်ကြပါလိမ့်မယ်။ အဲသလို နိုင်ငံရေးသမားတွေရဲ့ အကူအညီနဲ့ အင်အားပိုကောင်းပြီး စည်းစနစ်တကျ ပိုဖြစ်လာတာကို ဦးသိန်းစိန်က ကြောက်လို့ ပယောဂတွေ ပါတယ် စွပ်စွဲနေတာပါ။ ဖယ်ထုတ်ဖို့ ခွဲထုတ်ဖို့ ကြိုးစားနေတာပါ။ လယ်သမားတွေ အထီးကျန်ဖြစ်အောင် လုပ်နေတာပါ။
ဘာကြောင့် ဒါတွေကို ဒီလို စိုးရိမ်ပြီး ကြိုတင်သတိပေးနေသလဲဆိုတော့ ရှေ့မှာ ဒါမျိုးဥပမာ ပူပူနွေးနွေး ရှိထားပြီးမို့ပါ။ ၈၈ မျိုးဆက်ကျောင်းသား ကိုမျိုးသန့်က ကိုဟန်ဝင်းအောင်ကို မင်းဒီရွာမှာ ဆက်မနေနဲ့ ၊ မင်းရွာမှာရှိနေရင်  သူတို့က ရွာထဲကို ဇွတ်ဝင်ဖမ်းလိမ့်မယ်။ မင်းကြောင့် ရွာသားတွေ ဒုက္ခရောက် လိမ့်မယ်လို့ ပြောပြီး နှင်ထုတ် ခဲ့တဲ့ ဥပမာရှိခဲ့လို့ပါ။ ကိုမျိုးသန့်ရဲ့ ဒီစကားဟာ ခေါင်းဆောင်နဲ့ လူထုကို သွေးခွဲတဲ့ စကားဖြစ်ပါတယ်။ လူထုကို စေတနာထားသလိုလိုနဲ့ အမှန်စင်စစ်မှာတော့ လူထု ကိုခေါင်းဆောင်သူမဲ့ပြီး အားနည်း ပျော့ညံ့ သွားအောင် လုပ်တဲ့ စကားဖြစ်ပါတယ်။
ဒီစကားမျိုးဟာ ခေါင်းဆောင်တွေကို သိပ်စိတ်ထိခိုက်စေတဲ့ စကားမျိုးပါ။ ဒီစကားကြောင့် ကိုဟန်ဝင်းအောင် ပြန်ဆုတ်သွားတာ ဖြစ်နိုင်ပါတယ်။ ဒီစကားဟာ နောက်ကွယ်မှာ ထောင်ချောက်ကိုပါ တခါတည်း ဆင်ထားပြီးသားဖြစ်ပါတယ်။ တကယ်လို့ ကိုဟန်ဝင်းအောင် ပြန်မဆုတ်ခဲ့လို့ ပြဿနာတက်ခဲ့ရင် ဟန် ဝင်းအောင် မင့်ကြောင့်လို့ လက်ညှိုးထိုးဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်ဆို တာ အဝေဖန်ခံနိုင်ရပါမယ်။ ဘယ်သူတွေ ဘယ်လိုပင် ဝေဖန်စေကာမူ ကိုယ့်ပြည်သူ၊ ကိုယ့်လူထုရှေ့မှာ မား မားမတ်မတ် ဆက်လက်ရပ်တည်ရဲဖို့ လိုပါတယ်။
တကယ်တော့ ကိုဟန်ဝင်းအောင် ဆုတ်မပေးခဲ့လို့ စစ်တပ်နဲ့ ရဲက ရွာကို ဝင်စီးခဲ့ရင် စစ်တပ်နဲ့ ရဲရဲ့ အပြစ်သာ ဖြစ်တယ်။ ဦးပိုင်နဲ့ ကြံ့ဖွတ်ရဲ့ အပြစ်သာဖြစ်တယ်။ စစ်နဲ့ ရဲကို အပြစ်မတင်ဘဲ ကိုဟန်ဝင်းအောင် ကို အပြစ်တင် တာဟာ စစ်နဲ့ရဲဘက်ကို ဖေးမပြီး ခေါင်းဆောင်နဲ့လူထုကို သွေးခွဲတာသက်သက်သာ ဖြစ်တယ်။ တကယ်တော့ ရွာသားတွေနဲ့ ခေါင်းဆောင်တွေဟာ အပြန်အလှန် အကာအကွယ်ပေးနေကြတာ ဖြစ်တယ်။ ရွာသားတွေ မတရား အလုပ်ခံရတာကို မခံရအောင်၊ လွတ်မြောက်အောင် ခေါင်းဆောင် တွေက အကာအကွယ်ပေးတယ်။ ခေါင်းဆောင်ကို ဖဲ့ပြီး၊ ကွက်ပြီး နှိမ်နင်းဖြိုခွဲလို့မရအောင် လူထုက သူတို့ ခေါင်းဆောင်ကို အကာအကွယ်ပေးတယ်။ ဒါဟာ လူထုရဲ့ နိုင်ငံရေးရင့်ကျက်မှုကို ပြတာပဲ ဖြစ်တယ်။ ခေါင်းဆောင်ကို ထိန်းသိမ်းရမယ်၊ ကာကွယ်ရမယ်ဆိုတဲ့ အသိစိတ်ရှိတာဟာ လူထု ရဲ့ နိုးကြားမှု နိုင်ငံရေး အသိရှိမှုကို ပြတာဖြစ်တယ်။ ဒီသွေးစည်းညီညွတ်မှုဟာ ဖိနှိပ်သူကို တုန်လှုပ်စေတဲ့ သွေးစည်း ညီညွတ် မှုမျိုးဖြစ်တယ်။ ဖိနှိပ်သူဟာ စစ်တပ်ကလာတဲ့သူတွေဖြစ်တယ်။ စစ်ဗျူဟာကို ကျွမ်းကျင် နားလည်ကြတယ်။ ခေါင်းနဲ့ကိုယ်ကိုခွဲထုတ်နိုင်ရင် ခေါင်းက အကာအကွယ်မဲ့ပြီး ကိုယ်ကချိနဲ့ အားနည်း သွားမယ်ဆိုတာကို ကောင်းကောင်းနားလည်ပြီးသားဖြစ်တယ်။ ဒါ့ကြောင့်နည်းမျိုးစုံသုံးပြီးခွဲထုတ်နေတာ ဖြစ်တယ်။
တကယ်တော့ လူထုဟာ ခေါင်းငုံ့ပြီးလုပ်သမျှခံမယ်၊ ပြဿနာထပ်အတက်မခံဘူးဆိုရင် အစကတည်းက ကိုယ့်အိမ်မှာ အေးအေးနေလိုက်ရင် ပြီးတာပဲ။ လူထုက ဒီလိုတိုက်ပွဲဝင်နေတယ်ဆိုတာဟာ ကိုယ့်အခွင့်အ ရေးကို ထိုက်ထိုက်တန်တန်လိုချင်လို့ တိုက်ပွဲဝင်နေတာ။ မတရားလုပ်တာကို ခေါင်းငုံ့ မခံချင်လို့ တောင်းဆို နေတာ။ ဒါကို အိမ်ပြန်ပြီး အေးအေးဆေးဆေးနေကြပါ။ ခင်ဗျားတို့ အိမ်ပြန်ပြီး အေးအေးဆေးဆေးနေရင် အစိုးရက မဖမ်းအောင် ကျနော်တို့ အကူအညီပေးပါမယ်ဆိုတာဟာ လူထုကို စော်ကားတာဖြစ်ပါတယ်။ လူထုကို ခေါင်းငုံ့ခံလိုက်ကြပါလို့ပြောတာဖြစ်တယ်။ လာမယ့်ဘေး ပြေးတွေ့ဖို့ ဆုံးဖြတ်ထားတဲ့ လူထုကို ရန်မလိုမှ ရန်ပြိုမယ်လို့ ပြောပြီး ရွှေပြည်အေးတရားဟောနေတာသာ ဖြစ်တယ်။
၈၈  မျိုးဆက်ကျောင်းသားခေါင်းဆောင်  ကိုမင်းကိုနိုင်ရဲ့ စက်တင်ဘာ ၃၀ ရက်နေ့ကရန်ကုန်မှာ ပြောသွားတဲ့ စကားဟာ အားတက်စရာကောင်းတယ်။ ဒီစကားတွေကို ကြိုဆိုပါတယ်။ ဒါဟာ မူလ မင်းကိုနိုင်ပဲလို့ မျှော်လင့်ချက်ထားမိပါတယ်။ ဒါပေမဲ့ အပြောသက် သက်နဲ့တော့ ရာနှုန်းပြည့် ယုံကြည် လိုက်ဖို့ ခက်တယ်။ သူတို့ ၈၈ အဖွဲ့ဟာ ပထမတခါ ဖိနှိပ်သူဘက်က ရပ်တည်ခဲ့ဖူးတဲ့ အစဉ်အလာ ရှိသွားခဲ့ပြီ။ အဲဒီအစဉ်အလာ၊ အဲဒီအမည်းစက်ကို အပြောသက်သက်လောက်နဲ့ တော့ ဖျက်လို့ မရဘူး။ အလုပ်နဲ့ သက်သေပြနိုင်မှသာ အမည်းစက်ကို ဆေးကြောနိုင်မှာ ဖြစ်တယ်။ ၈၈ ထဲမှာ လူထုဘက်က ရပ်ချင်တဲ့သူတွေရှိသလို ခရိုနီတွေဘက်ကရပ်ချင်တဲ့သူတွေလည်းရှိနေတယ်လို့ ကြားနေကြရတဲ့ အတွက် ၈၈ မျိုးဆက်ရဲ့ လုပ်နည်းလုပ်ဟန်ကို သတိထားကြဖို့လိုပါမယ်။ ဂရုတစိုက် ဝေဖန်ပိုင်းခြားဖို့လိုပါမယ်။
လူထုလှုပ်ရှားမှုတခုမှာ ခေါင်းဆောင်တွေကလည်း သွေးခွဲဝေဖန်တာကို မတုန်လှုပ်ပဲ အရေထူမယ်၊ ကြံ့ခိုင်မယ် ဆိုရင်၊ လူထုက လည်း သွေးခွဲသပ်လျှိုတာကို နားမယောင်ဘဲ ခေါင်းဆောင်ကို အကာအကွယ် ပေးထားမယ်ဆိုရင် ညီညွတ်ရေးဟာ သွေးစည်းခိုင်မာနေလိမ့်မယ်။ ဒီလိုသွေးစည်းခိုင်မာမှုမျိုးရှိမှ အောင်မြင်မှု ရနိုင်မှာဖြစ်တယ်။ နိုင်ငံရေးသမားရော၊ ကျောင်းသားရော၊ စာပေ အနုပညာရှင်တွေနဲ့ တတ်သိပညာရှင်တွေပါ ဝိုင်းရံ အားဖြည့်ကြဖို့တော့ လိုအပ်ပါလိမ့်မယ်။
ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
၃၊ အောက်တိုဘာ၊ ၂၀၁၂။
ဥဒေပညာရှင်အချို့သည်ပွင့်လင်းစွာ ဆွေးနွေးမှုအားနည်းေ
ဥဒေပညာရှင်အချို့သည်ပွင့်လင်းစွာ ဆွေးနွေးမှုအားနည်းနေကြောင်း
တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီအတွင်းရေးမှူးပြောကြား
by Yangon Media Group on Monday, October 1, 2012 at 7:07am ·
ဝေမာသိမ့်
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီကရန် ကုန်တိုင်းဒေသကြီးအတွင်း တရားရုံး များသို့လေ့လာသည့်အခါ ဥပဒေပညာ ရှင်များအချို့သည် ပွင့်ပွင့်လင်းလင်း ဆွေးနွေးရန် အားနည်းနေကြောင်းတွေ့ ရှိရသည်ဟု အဆိုပါကော်မတီအတွင်း ရေးမှူးဦးဝင်းမြင့်က ဆိုသည်။
    ''တရားရုံးတွေကို သွားလေ့လာ တဲ့အခါမှာ ဥပဒေပညာရှင်တွေကိုယ် တိုင် တချို့လည်းပွင့်ပွင့်လင်းလင်း မပြောရဲ၊ မဆွေးနွေးရဲကြတာတွေရှိ တယ်။ တချို့လည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး အကြံဉာဏ်တွေပေးတာ ရှိတယ်။ တချို့လည်းတရားဥပဒေ စိုးမိုးရေးကို ကြိုးစားလိုတဲ့သူတွေလည်း ရှိပါတယ်။ တချို့လည်း ရင်ထဲမှာ တော့ရှိတယ်အခုထိမပြောရဲသေးတာ တွေတွေ့ရတယ်။ ကျွန်တော်ဆို လိုချင် တာကဥပဒေသမားကိုယ်တိုင်က ပညာတတ်ကြီးတွေ ကိုယ်တိုင်က ပွင့် ပွင့်လင်းလင်း မပြောရဲ တော့ တိုင်းသူ ပြည်သားသာမန်အရပ်သားကတော့ ပိုဆိုးတာပေါ့''ဟု ဦးဝင်းမြင့်က ဆိုသည်။
တရားဥပဒေစိုးမိုးရေးနှင့် တည် ငြိမ်အေးချမ်းရေးကော်မတီသည်  ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စက် တင်ဘာ(၂၅)ရက်မှစက်တင်ဘာ(၂၇) ရက်နေ့အထိတာမွေမြို့နယ်တရားရုံး၊ အရှေ့ပိုင်းခရိုင်တရားရုံး နှင့်ရန်ကုန် တိုင်းဒေသကြီးတရားလွှတ်တော်ရုံး တို့တွင် လေ့လာမှုများပြုခဲ့ကြောင်းသိ ရသည်။ ထိုသို့လေ့လာရာတွင် ကော် မတီမှအတွင်းရေးမှူးဦးဝင်းမြင့်၊အဖွဲ့ ဝင်များဖြစ်ကြသည် ဦးသိန်းညွှန့်၊ဒေါ် လဲ့လဲ့ဝင်းဆွေ၊ ဦးမင်းဆွေအပါအဝင် အဖွဲ့ဝင်(၅)ဦးတို့ လေ့လာခဲ့ကြောင်း သိရသည်။
ဦးဝင်းမြင့်က''အားလုံကို ပွင့်လင်းလာစေချင်တယ်။ ထင်သာ မြင်သာဖြစ်စေချင်တယ်။အကောင် အထည်ဖော်ပေးစေ ချင်တယ်။အစိုးရဆိုတာ ရှိမှန်းမသိရ အောင် ဘဝလုံခြုံမှုအပြည့်ရအောင် ကျွန်တော်တို့ ကော်မတီအနေနဲ့တက် နိုင်သလောက်တော့ကြိုးစားသွားမယ်'' ဟုဆိုသည်။
တရားဥပဒေစိုးမိုးရေးနှင့်  တည်ငြိမ်အေးချမ်းရေးကော်မတီအဖွဲ့ ဝင် ဦးသိန်းညွှန့်က''တရားရေးအဖွဲ့ အစည်းတွေကို ထိန်းကျောင်းဖို့၊ထိန်း ညှို့ကြဖို့ ကျွန်တော်တို့ကော်မတီအ နေ့လေ့လာခဲ့ တယ်''ဟု ဆိုသည်။ တရားဥပဒေစိုးမိုရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီကို ဩဂုတ်လ(၂၁)ရက်နေ့တွင် ကော်မ တီဥက္ကဋ္ဌအဖြစ် ကော့မှူးမဲဆန္ဒနယ် မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အား တာ ဝန်ပေးအပ်ခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(၁၅)ဦးဖြင့် ပြည်သူ့ လွှတ်တော် တွင် အတည်ပြုဖွဲ့စည်းခဲ့ သည်။အဆိုပါကော်မတီသည် ပထမ အကြိမ် စတုတအကြိမ်ပြည်သူ့လွှတ် တော်အစည်းအဝေးများပြီးဆုံးရပ် နားချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဥပဒေပညာရှင်များထံမှ အကြံဉာဏ်ရယူခြင်းအခမ်းအနားကို စက်တင်ဘာ(၁၈)ရက်နေ့တွင် ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ခန်း မတွင်ကျင်းပအကြံများရယူခဲ့သည်။
ဘင်္ဂလားဒေ့ရှ် အစိုးရစွပ်စွဲချက် ဘင်္ဂလီရိုဟင်ဂျာငြင်းဆို
ကိုဇော်ဝင်းလှိုင်
02.10.2012
ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်အနီးက Ramu နဲ့ Cox’s Bazaar မြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေမှာ ပါဝင်ပတ်သက်သူတွေကို အာဏာပိုင်တွေအနေနဲ့ အမြန်ဆုံး အရေးယူပေးဖို့နဲ့ လူနည်းစု ရခိုင် ဗုဒ္ဓဘာသာဝင်တွေကို အကာကွယ်ပေးဖို့တို့အတွက် ရာနဲ့ချီတဲ့ ဒါကာတက္ကသိုလ် ကျောင်း သားတွေ ဒီကနေ့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဒီအကြမ်းဖက်မှုတွေအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရက ရိုဟင်ဂျာတွေလက်ချက်ဖြစ်တယ်လို့ ပြောဆိုထားပေမဲ့ ပြည်ပရောက် ရိုဟင်ဂျာတွေကတော့ ဒီ စွပ်စွဲမှုတွေနဲ့ပတ်သက်ပြီး မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက် ဗွီအိုအေ ရုံးခွဲကနေ ဆက်သွယ် စုံစမ်းထားတဲ့ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
Ramu လို့ခေါ်တဲ့ ပန်းဝါမြို့နဲ့ Cox’s Bazaar လို့ ခေါ်တဲ့ ဖလောင်းချိန် ဒေသတွေမှာ ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေမှာ တာဝန်ရှိသူတွေကို အမြန်ဆုံး ဖမ်းဆီး အရေးယူပေးဖို့ အစိုးရကို ဖိအားပေးတဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထိပ်တန်း တက္ကသိုလ်ကြီးဖြစ်တဲ့ ဒါကာ တက္ကသိုလ် က ကျောင်းသား ၃၀၀ လောက် ဒီကနေ့မနက်ပိုင်းက သူတို့ ကျောင်းဝင်းအတွင်းမှာ ချီတက် ဆန္ဒပြခဲ့ကြတာပါ။
အခု ချီတက် ဆန္ဒပြကြတဲ့ ကျောင်းသားအများစုဟာ Ramu နဲ့ Cox’s Bazaar ဒေသတွေက ကျောင်း လာတက်ကြတဲ့ ကျောင်းသားတွေဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် The Daily Star သတင်းဌာနက ၀ါရင့်သတင်းထောက် Abdul Karam Azad က ဗွီအိုအေကို ပြောပြပါတယ်။
“သူပြောသွားတာကတော့ - ဒီမနက်ပဲ Ramu နဲ့ Cox’s Bazaar ဒေသက ကျောင်းသားတွေဟာ တက္ကသိုလ် ကျောင်းဝင်းအတွင်းမှာပဲ ချီတက် ဆန္ဒပြခဲ့ကြတာပါ-တဲ့။ သူတို့က အကြမ်းဖက် တိုက်ခိုက် မှုတွေ ပြုလုပ်ခဲ့သူတွေကို ချက်ချင်း ဖမ်းဆီး အရေးယူဖို့၊ အိုးအိမ်ပျက်စီး ဆုံးရှုံးသွားသူတွေ အတွက် ထိုက်တန်တဲ့ လျော်ကြေးပေးဖို့တွေကို တောင်းဆိုခဲ့ကြပါတယ်-လို့ ပြောသွားတာပါ။”
ဒီဆန္ဒပြပွဲကို သတင်းထောက် ဘာသာရပ်ကို သင်ကြားနေကြတဲ့ တခြား ကျောင်းသား အတော် များများလည်း ပူးပေါင်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ရှိအာဏာရပါတီဖြစ်တဲ့ Awami League ပါတီ ရဲ့ ကျောင်းသားလူငယ်အဖွဲ့ကလည်း အလားတူ တောင်းဆိုချက်တွေနဲ့တူ သီးခြား ချီတက် ဆန္ဒပြခဲ့ကြတယ်လို့ Abdul Karam Azad က ပြောပါတယ်။
အစိုးရအနေနဲ့ ဒီကိစ္စမှာ အဓိက တာဝန်ရှိသူတွေလို့ သံသယ ဖြစ်သူတွေအထဲ ရိုဟင်ဂျာတွေလည်း ပါတယ်လို့ Abdul Karam Azad က ဆက်ပြောပြပါတယ်။
သူပြောသွားတာကတော့- “  ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးရေးတွေ ပြုလုပ်နေတဲ့ အစိုးရအရာရှိတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ တရားမ၀င် လာရောက် နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေရဲ့ လက်ချက်ဖြစ်နိုင် တယ်ဆိုပြီး သံသယ ရှိနေကြပါတယ်- တဲ့။ အစိုးရအနေနဲ့ မြန်မာနိုင်ငံ၊ ရခိုင်ပြည် နယ်အတွင်းမှာ ဖြစ်ခဲ့ တဲ့ ပဋိပက္ခတွေလို အဖြစ်မခံနိုင်ဘူးဆိုတာကို ပထမဆုံး အကြိမ်ပြသလိုက်တာလည်း ဖြစ်တယ် - လို့ ပြောသွားတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ ရှိနေကြတဲ့ ရိုဟင်ဂျာတွေက သူတို့အပေါ်ထားတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ မူဝါဒတွေကို သဘောမကျတဲ့အတွက် အခုလို အကြမ်းဖက် ဆူပူမှုတွေဖြစ်အောင် ဖန်တီး လုပ်ဆောင်တဖြစ်နိုင်တယ်ဆိုပြီး အစိုးရ အရာရှိတွေက သံသယ ရှိနေကြတာပါ- လို့ ပြောသွားတာပါ။ ”
ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က အခုလို တဘက်သတ် ပြောဆိုနေတာတွေဟာ မဟုတ် မှန်ကြောင်းနဲ့ သူတို့ ရိုဟင်ဂျာတွေအနေနဲ့ သူတပါး နိုင်ငံအတွင်းမှာ ခိုလှုံနေထိုင်တဲ့သူတွေဖြစ်တဲ့ အတွက် ဒီလိုကိစ္စမျိုးတွေကို လုပ်ဆောင်ခြင်း မရှိဘူးလို့ မလေးရှားအခြေစိုက် ရိုဟင်ဂျာ လူ့အခွင့် အရေးအဖွဲ့က ဥက္ကဋ္ဌ Zafar Ahmad bin Abdul Ghani က ပြောပါတယ်။
“ဒီ ရိုဟင်ဂျာတွေဟာ ကျနော်တို့ နိုင်ငံနဲ့ပတ်သက်ပြီးတော့ သူတို့ ထွက်ပြေးခိုလှုံနေတယ်၊ ဒုက္ခသည် အနေနဲ့ နေ နေတယ်။ ဒီ ရိုဟင်ဂျာတွေဟာ တချို့ဘာသာကို သွားပြီးတော့ နှိပ်စက်ဖို့ ရိုဟင်ဂျာတွေ စိတ်ထဲမှာ လုံးဝ မရှိဘူး၊ အခုကိစ္စက ကျနော်တို့လူမျိုးနဲ့ ဘာမှမဆိုင်ဘူး၊ ဒီရိုဟင်ဂျာတွေ မပါဘူး။ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ဆိုင်တယ်၊ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေနဲ့ပဲ ဆိုင်တယ်။ ကျနော်တို့လူတွေကတော့ ဘာမှ မပါဘူး။”
အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ကိုရမ်ကျမ်းစာအုပ်ကို မီးရှို့ထားတဲ့ ဓာတ်ပုံကို Facebook အင်တာနက် စာမျက်နှာမှာ ဖော်ပြလိုက်တဲ့အတွက် အခုလို အကြမ်းဖက် တိုက်ခိုက် မှုတွေ ပြုလုပ်ခဲ့တာလို့ ဒီအထဲမှာ ပါတဲ့သူတွေက ပြောတာကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် သတင်းစာ တချို့မှာ ဖော်ပြခဲ့ကြတာပါ။
လက်ရှိအခြေအနေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ ပုဒ်မ ၁၄၄ ညမ ထွက်ရအမိန့်ထုတ်ထားပြီး အခြေအနေတွေဟာ ဒီကနေ့အထိ တည်ငြိမ် အေးချမ်းမှု ရှိနေပေမယ့် Ramu မြို့ ရဲစခန်းက စခန်းမှူး ရာထူးက နှုတ်ထွက်သွားတယ်လို့ Abdul Karam Azad က ပြောပါတယ်။
သူပြောသွားတာကတော့ - “Ramu မြို့က အခြေအနေတွေဟာ တည်ငြိမ် အေးချမ်းနေပြီး အကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူတွေကို အာဏာပိုင် တွေက ဖမ်းဆီး အရေးယူနိုင်ဖို့ ကြိုးပမ်းနေပါတယ် - တဲ့။ ဒါပေမယ့် Ramu မြို့ ရဲစခန်းကို ကြီးကြပ် ကွပ်ကဲရတဲ့ အရာရှိကတော့ ဒီကနေ့ပဲ ရာထူးကနေ နှုတ်ထွက်သွားပါတယ် - လို့ ပြောသွားတာပါ။”
အခုချိန်ထိတော့ ဒီ အကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်တယ်လို့ သံသယရှိသူ ၁၆၆ ဦးကို ဘင်္ဂလာ ရဲအဖွဲ့က ဖမ်းဆီးထားပြီး ဖြစ်တယ်လို့ ပြည်ထဲရေး
ဝန်ကြီး Muhiuddin Khan Alamgir က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
Ramu ခေါ် ပန်းဝါမြို့မှာ ပြုလုပ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် နှစ်ပေါင်း ရာနဲ့ချီပြီး တည်ရှိနေခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းတွေအပါအ၀င် ကျောင်းပေါင်း ၂၂ ကျောင်းလောက်နဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ဘုရားဆင်းတုတော်တွေလည်း ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ညမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး နောက်တနေ့ တနင်္ဂနွေနေ့မနက်မှာ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် အခင်းဖြစ်ပွားရာကို သွားရောက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုကြောင့် အစ္စလာမ်ဘာသာကိုးကွယ်သူ သက်ကြီး ရွယ်အိုနှစ်ဦးလည်း သေဆုံးခဲ့ပြီး လူအတော်များများလည်း ထိခိုက် ဒဏ်ရာရခဲ့ကြတာ ဖြစ်ပါတယ်ခင်ဗျား။
http://burmese.voanews.com/content/dhaka-university-students-demonstrate-on-rohengya-issue/1518926.html
ဘုန်းတော်ကြီးကျောင်း မီးရှို့တိုက်ခိုက်မူ လူပေါင်း ၁၆၀ ကျော် ဖမ်းဆီး၊ ၆၀၀ ကျော်တရားစွဲ
October 2, 2012 at 1:08 pm
ဘုန်းတော်ကြီးကျောင်းကို အကြမ်းဖက် တိုက်ခိုက်သူတွေကို ဘင်္ဂလာရဲအဖွဲ့က လိုက်လံ ဖမ်းဆီးနေ တဲ့ နေရာမှာ အခုအခါ လူပေါင်း ၁၆၆ ဦးကို ဖမ်းဆီးထားပြီ ဖြစ်တယ်လို့ ပြည်ထဲရေး ၀န်ကြီး မစ္စတာ အလောင်ဂျီက ပြောပါတယ်။
ဖမ်းဆီးတဲ့ အထဲမှာ ၉၃ ဦးက ကော့စ်ဘဇားခရိုင်က ဖြစ်ပြီး ၇၃ ဦးက စစ်တကောင်းက ဖြစ်ပါတယ်။
စစ်တကောင်းမြို့ ပိုတီယာမှာလည်း လူပေါင်း ၂၆ ဦးကို ဖမ်းဆီးပြီး ၆၀၀ ကျော်ကို တရားစွဲဆိုထား တယ်လို့ ပြောပါတယ်။
အခု မီးရှို့မူဟာ လွန်ခဲ့တဲ့ စနေနေ့က ဒေသအခေါ် ရာမူး( မြန်မာ အခေါ် ပန်းဝါ)မှာ စတင် ဖြစ်ပွား ခဲ့ပြီး နောက်ပိုင်းမှာတော့ နေရာ ၄ ခုကို ပျံ့နှံ့ ဖြစ်ပွားခဲ့ပါတယ်။
မီးရှို့မူကြောင်း ကျောင်းပေါင်း ၂၂ ကျောင်း ပျက်စီးသွားခဲ့ပြီး အဖိုးတန် ဗုဒ္ဓ ရွှေဆင်းထုတော်တွေ လုယက်ခံရသလို တန်ဖိုး မဖြတ်နိုင်တဲ့ ပဋိကတ်တော်တွေလည်း မီးထဲပါကုန်တယ်လို့ အသက် ၈၃ နှစ်ရှိပြီး ဖြစ်တဲ့ ဘင်္ဂလာဒေခ်ျ့က ဒုတိယ အကြီးဆုံး ဆရာတော် Shreemad Sattyapriya မဟာထေက ပြောပါတယ်။
ရာမူး (ပန်းဝါ)က မီးရှို့ခံရတဲ့ ကျောင်းတွေထဲမှာ တချို့ကျောင်းတွေကတော့ နှစ်ပေါင်း၂၅၀ကနေ ၃၀၀ ထိရှိနေပြီ ဖြစ်ပါတယ်။
ခုတိုက်ခိုက်မူဟာ ကြိုတင် စီစဉ်တာ ဖြစ်တယ်လို့ သတင်းစာတွေမှာ ရေးသားပြီး ရာမူး မှာ ကျောင်းတွေကို မီးရှို့တိုက်ခိုက်တာဟာ အချိန် (၆) နာရီ ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။
ခုလို တိုက်ခိုက်တာကိုတော့ ဘင်္ဂလာဒေခ်ျ့ လူအဖွဲ့အစည်း အများအပြားက ကျေညာချက်တွေ ထုတ်ပြီး ကန့်ကွက် ရှုတ်ချခဲ့ကြပါတယ်။
အခုအခါမှာတော့ အခင်းဖြစ်ပွားတဲ့ နေရာတွေမှာ လုံခြုံရေး တွေကို တင်းကျပ်ထားပါတယ်။
http://www.narinjara.com/burmese/?p=2455
Mother ကုမ္ပဏီအရာရှိက အုတ်စက်ဝန်ထမ်းကြီးတစ်ဦးအား ဒူးထောက်စေကာ ခြေဖြင့်ကန်သဖြင့် စက်ရုံတွင်းမကျေနပ်မှုများ ဖြစ်ပေါ်
Tuesday, 02 October 2012
မကြာသေးမီကာလအတွင်း တင်ဒါခေါ်ယူခြင်းမရှိဘဲ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုသို့ လွှဲပြောင်း လိုက်သည့်အတွက် စက်ရုံလုပ် သားများအကြား မကျေနပ်မှုများ ဖြစ်ခဲ့ရသော တညင်းကုန်းစက်ရုံ ရှိ ၀ါရင့်အသက်ကြီးလုပ်သားကြီး တစ်ဦးကိုလွှဲပြောင်းရယူလုပ် ကိုင်လျက်ရှိသည့် Mother Industrial Co.Ltd ၏ အရာရှိတစ် ဦးက ဒူးထောက်ရှိခိုးစေ၍ခြေဖြင့်ပြင်းထန်စွာ ကန်ခဲ့မှုနှင့်ပတ်သက် ၍ စက်ရုံလုပ်သားထုများအကြား မကျေနပ်မှုများ ဖြစ်ပေါ်လျက်ရှိ ကြောင်း သိရသည်။
““ကျွန်တော်တို့ရဲ့ ဆရာဆို လည်းဟုတ်တယ်။ ဦးလေးဆို လည်းဟုတ်တယ်။ အဲဒီ ဦးထွန်း ရွှေဆိုတဲ့အန်ကယ်ကြီးကို Mother ကုမ္ပဏီက GM ဦးကြည်မောင် က ပြဿနာရှာပြီး လက်သီးနဲ့ထိုးတယ်။ ပြီးတော့ ထိုင်ရှိခိုးခိုင်း တယ်။ အဲသလို တစ်ဖက်က ရှိခိုးနေတဲ့ကြားကခြေနဲ့ထပ်ကန် သေးတယ်။ Mother ကုမ္ပဏီလုပ်ငန်းလွှဲပြီးနောက်ပိုင်း ကျွန်တော် တို့ရဲ့ သက်ကြီးစက်ရုံအရာရှိ တစ် ယောက်ကို ဒီလို ကိုယ်ထိလက် ရောက်လုပ်တာ။ အရာရှိတောင် ဒီလို မတရားအနိုင်ကျင့်ခံရတာ။ ကျွန်တော်တို့ အောက်ခြေ၀န် ထမ်းတွေဆို ဒီ Mother ကလူ တွေ ပိုပြီး အနိုင်ကျင့်တော့မှာ။ ဒါနဲ့ပတ်သက်ပြီး ၀န်ထမ်းတွေ အကုန်လုံး အဲဒီပုဂ်္ဂိုလ်ကို မကျေ နပ်ဘူး””ဟု စက်ရုံ အောက်ခြေ၀န် ထမ်းတစ်ဦးက Mother ကုမ္ပဏီ အရာရှိ၏ လုပ်ရပ်အပေါ် သုံး သပ်ပြောကြားသွားခဲ့သည်။
သတင်းထောက်ကမတရား အနိုင်ကျင့် ကန်ကြောက်ခံရသည့် စက်ရုံ ၀ါရင့်အလုပ်သမားကြီး ဦးထွန်းရွှေအားတွေ့ဆုံ၍ မေး မြန်းခဲ့ရာ ““အုတ်စက်ရုံမှာ ၂၇ ရက်နေ့က GM ဦးကြည်မောင် ကို လုပ်ငန်း Procedure တွေ ဘယ်လိုလုပ်ရမလဲဆိုပြီး သြ၀ါဒ ခံတာပါ။ အဲဒါ ဘာဖြစ်မှန်းမသိ ဘူး။ ကျွန်တော့်ကိုသူက မင်းတို့ ကို မကျေနပ်တာများပြီ ဆိုပြီး ဓာတ်ဘူးတွေ၊ ဖန်ခွက်တွေနဲ့ ကောက် ပေါက်တယ်။ ပြီးတော့ ကျွန်တော် ကို လိုက်ထိုးတယ်။ ကျွန်တော်ကလည်း ပြဿနာကြီး မှာစိုးလို့ထွက်ပြေးတာ။ အနောက် ကလိုက်ပြီးအစည်း အဝေးခန်း ထောင့်မှာ ကျွန်တော့်နားထင်ကို လက်သီးနဲ့ထိုးတယ်။ ကျွန်တော် ကလည်း
တောင်းပန်ပါတယ်၊ ရှိခိုးပါတယ်လို့ပြောတော့ သူက မြန်မာတွေက ဒီလိုမရှိခိုးရဘူး၊ထိုင်ကန်တော့ရတယ်တဲ့။ ကျွန်တော် ကလည်း ကန်တော့ဖို့လုပ်တဲ့ အချိန်မှာ ပိတ်ကန်တယ်ဗျာ။ အဲဒီလိုအချိန်မှာ ၀န်ထမ်းတွေ လည်း အများကြီး””ဟု မိမိ၏ မတရားအနိုင်ကျင့်ခံရမှုအားရင်ဖွင့်ပြောကြားသွားခဲ့သည်။
အုတ်စက်အလုပ်သမားများ အနေဖြင့်လည်း မိမိတို့၏ ဆရာ ကဲ့သို့ဖြစ်နေသော စက်ရုံ အရာရှိဦးထွန်းရွှေကို Mother ကုမ္ပဏီအရာရှိက မတရားအနိုင် ကျင့်ခဲ့ခြင်း၊ ထိုင်ရှိခိုးစေကာ ကန်ကြောက်ခဲ့ခြင်းများနှင့် ပတ် သက်၍မကျေနပ်မှုများဖြစ်လျက် ရှိနေပြီး အဆိုပါ ပြဿနာအား တာဝန်ရှိသူများက စနစ်တကျ အရေးယူဆောင်ရွက်ခြင်းမပြု ပါကမလိုလားအပ်သောပြဿနာ များ ပေါက်ဖွားကြီးထွားလာနိုင်ကြောင်းနှင့်စက်ရုံအလုပ်သား များ၏ အုံကြွမှုများ ဖြစ်လာနိုင် ကြောင်း ၀ါရင့် ၀န်ထမ်းအချို့က သုံးသပ်ကြသည်။
ခန့်ခန့် (ဒဿနိက)
Hot News
Daw Aung San Suu Kyi recorded Live in Los Angeles
Streaming by Ustream Aung San Suu Kyi's Speech at RFA
လက်နက်ခဲယမ်းများ ပါရှိလာသည့် ကွန်တိန်နာ
Eleven Media Group
    စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဒဂုံမြို့သစ်အရှေ့ပိုင်း စက်မှုဇုန်အတွင်းရှိ ဂျုံစက်ရုံတစ်ရုံ၏ ပြည်ပမှ ကုန်ကြမ်းပစ္စည်းများ တင်သွင်းလာသော ကွန်တိန်နာ တစ်လုံးအတွင်းမှ လက်နက်ခဲယမ်းများ ပါရှိလာသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။ ပါကစ္စတန်နိုင်ငံထုတ် ဂျုံစေ့များကို စင်ကာပူကုမ္ပဏီမှ တင်သွင်းပေးခြင်းဟု သိရပြီး လတ်တလောတွင် ဖြစ်စဉ်အပြည့်အစုံအား သိရှိရခြင်း မရှိသေးသော်လည်း မကြာမီ ထုတ်ပြန်ဖွယ်ရှိကြောင်း သိရှိရသည်။ အဆိုပါ ကွန်တိန်နာ သယ်ဆောင်သည့် နိုင်ငံနှင့် ဆိပ်ကမ်းများကိုလည်း သက်ဆိုင်ရာမှ ဆက်လက် စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။
ရည်းစားထားလို့  လစာဖြတ်တဲ့MRTV-4
Nik Nayman
ဝန်ထမ်းတွေ သမီးရည်းစားထားလို့  လစာဖြတ်တောက်တဲ့ ပေါ်လစီ မှာ ရှိနေသလား။
MRTV-4 က အကြောင်းလေးတစ်ခု ပြောပြချင်ပါတယ်ဗျာ -
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တို့ လူ့အခွင့်အရေး (Human Right) တို့ ပြောပြောနေကြတာ။ တကယ်တမ်းက ဒါတွေကိုတောင် မပြင်နိုင်ကြသေးဘူး အောက်ခြေကလူတွေ ပြောပါတယ်။
ကျွန်တော့်သူငယ်ချင်းတစ်ယောက်က MRTV-4 မှာ အလုပ်လုပ်ပါတယ်။ သူအလုပ် စ၀င်တော့ ဘာပေါ်လစီတွေမှ ဖတ်ခိုင်း၊ လက်မှတ်ထိုးခိုင်းတာတွေ မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့လက လစာထုတ်တော့ သူရမဲ့လစာထဲကနေပြီး ၄၀ ရာခိုင်နှုန်း လစာဖြတ်တောက်ပါတယ်တဲ့။ အဲဒါနဲ့ မကြေနပ်လို့ သူ့ Project Manager သူရိန်ထွန်းကို သူက သွားမေးပါတယ်။ ဘာကြောင့် လစာဖြတ်တာလဲဆိုပြီး။ သူရိန်ထွန်းက ပြောပါတယ် ရည်းစားထားလို့ပါတဲ့။
အဲဒါနဲ့ MRTV-4 ကပဲ သူ့ရည်းစားကို မေးတော့ သူရည်းစားကိုပါ ၄၀ ရာခိုင်နှုန်း ဖြတ်တောက်ထားပါတယ်။ အဲဒါနဲ့ ကျွန်တော့်သူငယ်ချင်းလဲ သူရိန်ထွန်းကို ဘာဆိုင်လို့ ရည်းစားထားရင် ဖြတ်တာလဲ၊ ခင်ဗျား ဘာမြင်လို့လဲလို့ မေးပါလေရော။ အဲဒီအချိန်မှာ သူရိန်ထွန်းက MRTV-4 ပေါ်လစီအရလို့ ပြောပါတယ်။ မျက်မြင်သက်သေကတော့ HR Manager စလင်း ဆိုတဲ့သူက ပြောလို့တဲ့။ ကျွန်တော်သူငယ်ချင်းလဲ ပေါက်ကွဲပြီး စလင်း ဆိုသူကို သွားပြောတော့ သူမပြောပါဘူး ဖြစ်ပြန်ရော။ ဘာပဲပြောပြော နှစ်ယောက်လုံး ဘောလီဘော ပုတ်နေပြီနော်။ နောက်တော့ ဘာပြောပြန်လဲဆိုတော့ စလင်းက မင်းတို့နှစ်ယောက် ရုံးဆင်းရင် အတူတူပြန်လို့၊ နောက်ပြီး ပြန်လိုက်ပို့လို့တဲ့ ဖြစ်ပြန်ရော။
နေပါအုံး ကြားထဲက မေးပါရစေအုံး ပြန်ပို့တာ၊ အတူတူပြန်တာက ရုံးချိန် မဟုတ်ဘူးနော်။ ရုံးဆင်းချိန်။ လူ့အခွင့်ရေးလေး နားလည်ကြပါအုံး မောင်မင်းကြီးသား စလင်း ရ။ ပြီးတော့ တစ်ရက်က ကျွန်တော့်သူငယ်ချင်း ရုံးဆင်းချိန်မှာ သူ့အခန်းတံခါးကို ပိတ်နေတုန်း သူ့ကောင်မလေးကလဲ ဘေးက စောင့်နေတာကို စလင်းက တွေ့ပြီး သူ့စိတ်နဲ့ နှိုင်း ရိုင်းပြန်ပြီး သူရိန်ထွန်းသူကို ဒီကောင် ရုံးဆင်းချိန် အခန်းမှာ ဘာလုပ်လဲ မသိဘူးလို့ သွားပြောထားပါသေးတယ်။
အဲဒီ မကျေနပ်ချက်တွေနဲ့ပဲ လစာဖြတ်တောက်တာပေါ့။ နောက် သူရိန်ထွန်းက ပြောသေးတယ်၊ လစာဖြတ်တာ မကျေနပ်ရင် တိုင်ချင်ရာတိုင် အဲ့ဒါ ပေါ်လစီ ဆိုပဲ။ အော် ..... တစ်သက်နဲ့ တစ်ခါ ဒီတစ်ခါပဲ ကြားဖူးတယ်၊ ရည်းစားထားလို့ လစာဖြတ်တာ။ အဲဒါလား ရုံးတွေက ပေးတဲ့ လူ့အခွင့်အရေး၊ လွတ်လပ်ခွင့်တွေ၊ ဘယ်နိုင်ငံမှာမှမရှိဘူး။
နောက်ပြီး ကျားနဲ့မ ကြိုက်တာချစ်တာက ဖြစ်ရိုးထုံးစံ။ ကြိုက်တဲ့ရုံး သွားကြည့် ၀န်ထမ်းသမီးရည်းစားတွေ အများကြီး။ ဘယ်ရုံးကမှ မဖြတ်တောက်ဘူး။ အလုပ်မပျက်ရင် ပြီးတာပဲ။ ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်အခွင့်အရေး၊ ကိုယ်ပိုင်လွတ်လပ်ခွင့် မရှိတော့ဘူးလား ရုံးဝန်ထမ်းတွေမှာ။
သောက်ကျိုးနဲဗျာ .... သမီးရည်းစား ကြိုက်ကြလို့ လစာဖြတ်တယ်တဲ့။ သူရိန်ထွန်းနဲ့ စလင်း ရေ မင်းတို့ခေတ်ကျမှ အဲဒီပေါ်လစီထုတ်။ သောက်ကျိုးနဲ သူများအကြောင်းတွေလဲ ၀င်ပြီး ပတ်သက်သေး၊ နောက် တိုင်ချင်ရာတိုင် အဲ့ဒါပေါ်လစီဆိုတော့ ဒီပေါ်လစီသာ MRTV-4 မှာ တကယ်ရှိတယ်ဆို ပြလေ။ အခုဟာက ကျွန်တော်သူငယ်ချင်းကလဲ သူတို့အရှေ့မှ မနေတတ် မထိုင်တတ် ဖြစ်နေတာမဟုတ်။ အမြင်မတော်တာတွေ လုပ်နေတာလဲ မဟုတ်။
MRTV-4 က တာဝန်ရှိတဲ့သူတွေ ဒီအတိုင်း ငြိမ်နေပြီး ဘာမှ ဆက်မဖြေရှင်းပေးဘူးဆိုရင် ကျွန်တော်တို့ သူငယ်ချင်းဘက်ကနေ ကျွန်တော်တို့ ရပ်တည်ပြီး မီဒီယာကနေ ဒီပေါ်လစီ MRTV-4 မှာ ရှိနေတဲ့အကြောင်း၊ လူ့အခွင့်ရေးချိုးဖောက်ပါတယ်ဆိုတဲ့ဟာကို ကြော်ငြာပြရအုံးမှာပေါ့။
နောက်ပြီး ဥပဒေမှာ အသရေဖျက်မှု၊ အလုပ်သမားဥပဒေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတာ မမေ့နဲ့အုံးနော်။
(ဆန်းထွန်းဦး)။
မီဒီယာကျင့်ဝတ်နဲ့ ကိုက်ညီမှုရှိပါရဲ့လား???
Myat Thein Tun
ဒီသတင်းရေးသားတင်ပြပုံထဲမှာ ဘေးထွက်ဆိုးကျိုးဘယ်လောက်ရှိမယ်လို့ ထင်သလဲ??? ဒီသတင်းမျိုးကို ဘယ်လိုမျိုးရေးသားတင်ပြသင့်ပါသလဲ??? ဒီသတင်းဟာ ဖတ်ရှုသူတွေအတွက် အကျိုးကျေးဇူး ထူးထူးခြားခြားရစေနိုင်ပါသလား???မီဒီယာကျင့်ဝတ်နဲ့ရော ကိုက်ညီမှုရှိပါရဲ့လား??? ကျွန်တော်ကတော့ ဘယ်လိုမှ သဘောမကျပါဘူး။ သဘောမကျတဲ့အကြောင်းလည်း ပြောပြီးသွားပါပြီ။ ဘယ်ဂျာနယ်ကလည်းဆိုတာကိုတော့ ကျေးဇူးပြုပြီး မဖြေပါရစေနဲ့။ —
ခေါင်းဆောင်တဦးအနေဖြင့် တရားသောပစ်ဒဏ်ခံယူမည်ဟု စိုင်းနော်ခမ်းပြော
တနင်္လာနေ့၊ အောက်တိုဘာလ 01 ရက် 2012 ခုနှစ်
တရုတ်နိုင်ငံ ၌ ရုံးတင်စစ်ဆေးခံရပြီးနောက် အမှုစီရင်ချက်မချရသေးသော ရွှေတြိဂံမူးယစ်ရာဇာ အမည်ရ စိုင်းနော်ခမ်းမှာ ခေါင်းဆောင်တဦးအနေဖြင့် တရားသောပစ်ဒဏ်ခံယူမည်ဟုပြောကြောင်း မိသားစုဝင်များက ပြောကြားလိုက်ပါသည်။
“ သူက ခေါင်းဆောင်တယောက်ဖြစ်နေလို့ တာဝန်ယူတဲ့အနေနဲ့ အဖမ်းခံလိုက်တာဖြစ်တယ်လို့ ပြောတယ်။ အမှန်ဆို တရုတ် ၁၃ ဦးသတ်တာ သူမလုပ်ရဘူးလို့ ပြောတယ်။ အဖမ်းခံရတုန်းကလည်း သူနဲ့ အရင်းနှီးဆုံး ပုဂ္ဂိုလ်၊ သူ့နဲ့အနီးကပ် ဆုံးလူကဘဲ သစ္စာဖောက်ပြီး အာဏာပိုင်တွေကို လမ်းပြခေါ်လာတာလေ” ဟု ၎င်း၏ ညီမတော်သူ နန်းညွန့်အေးက ဘန်ကောက်ပို့စ် အား ပြောပါသည်။
စိုင်းနော်ခမ်း၏ ညီမ နန်းညွန့်အေးသည် အစ်ကိုဖြစ်သူနှင့် ပြီးခဲ့သည့် ကြာသပတေးနေ့နှင့် သောကြာနေ့က စကားပြော ခွင့်ရခဲ့သည်ဟု ဆိုပါသည်။
စိုင်းနော်ခမ်းအား တရုတ်အစိုးရက ပြစ်ဒဏ်မစီရင်သေးသည်မှာ ၎င်းတို့လိုချင်သော သတင်းအချက် အလက်များ မပြည့်စုံ သေး၍ ဖြစ်နိုင်ကြောင်း၊ သို့သော် ၎င်းကျူးလွန်ထားသော ပြစ်မှုမှာ ၂၈ မှုထက်မနည်း ရှိနေသဖြင့် ပြစ်ဒဏ်မှာလည်း သေဒဏ်ကျခံရဖွယ်သာရှိကြောင်း ဒေသတွင်းလုံခြုံရေးအရာရှိတဦး ကပြောပါ သည်။
“စိုင်းနော်ခမ်းက သူပိုက်ဆံရှာနိုင်တုန်းကတော့ မြန်မာအာဏာပိုင်တွေထဲက အကြီးအကဲတွေရော၊ ဒေသခံ ကျေးလက် လူထု ကပါ သူ့ကိုအကာအကွယ်ပေးခဲ့ကြတယ်။ သူ့ကိုလည်း သျှမ်းရော်ဘင်ဟွဒ်(Robin Hood) လို့ တင်စားကြတယ်လေ။ သူ အဖမ်းခံရတုန်းက ပြန်လွှတ်ပေးဖို့ ရွာသားတွေကနေ သွားပြီးဆန္ဒပြကြ သေးတာဘဲ။ နောက်ပြီးသူက မြန်မာအာဏာပိုင် ထဲက ထိပ်သီးတွေနဲ့ လည်း ဝင်ထွက်ရင်းနှီးတဲ့လူဘဲ။ ဒါပေမယ့် ခုအဖမ်းခံ ရပြီး နောက်ပိုင်း သူ့ကို အရေးတယူအားပေး မေးမြန်း တဲ့လူမရှိတော့ သူစိတ်ညစ်နေတယ်” ဟုနန်းညွန့်အေး က ဘန်ကောက်ပို့စ်သတင်းစာ၌လည်း ပြောကြားပါသည်။
စိုင်းနော်ခမ်းသည် အသက် ၉ နှစ်ကတည်းက ကျောင်းမှထွက်၍ အလုပ်လုပ်ခဲ့ရသဖြင့် စာရေးတတ်ဖတ်တတ် ရုံသာ ရှိခဲ့ ကြောင်း ညီမ ဖြစ်သူကပြောကြား၏။ သို့သော် လူမှုဆက်ဆံရေး၌အတော်အတန်ကောင်းမွန်သဖြင့် MTA အတွင်း စစ်မှုထမ်းစဉ် လားဟူရွာသားများနှင့် အသင့်မြတ်ဆုံးပေါင်းသင်းတတ်သူအဖြစ် အထက်အရာ ရှိများ၏ ချီးမွမ်း ခြင်းခံရကြောင်း ထိုစဉ် က လုပ်ဖော်ကိုင်ဖက်တဦးက ပြောပါသည်။
ယခင်နှစ် အောက်တိုဘာ ၅ ရက်က တရုတ်လူမျိုး ၁၃ ဦး မဲခေါင်မြစ်အတွင်းသတ်ခံရမှုနှင့်ပတ်သက်ပြီး တြိဂံဒေသ မူးယစ် ရာဇာအမည်ရ စိုင်းနော်ခမ်း နှင့် လုပ်ဖေါ်ကိုင်ဖက် ၆ ယောက်အား တရုတ် အာဏာပိုင်း များက စက်တင်ဘာ ၂၀ -၂၁ ရက် နေ့တို့၌ ရုံးတင်စစ်ဆေးရာ ၎င်းနှင့်အတူ စိုင်းဆန်ခမ်း၊ စိုင်းယီလိုင် နှင့် လားဟူအမျိုးသား ဂျဘိုး ၊ ဂျထိုးဘိုးနှင့် ဂျဆီးကား တို့ပါဝင်ကြောင်း တရုတ်အစိုးရပိုင် စီစီတီဗီ ကထုတ် လွင့်ဖော်ပြခဲ့သည်။ အဆိုပါသတ်ဖြတ်မှုနှင့်ပတ်သက်၍ မိမိလုံးဝ မသိရှိရကြောင်း စိုင်းနော်ခမ်းက ငြင်းဆိုခဲ့ပြီး သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုများအားတောင်းပန်၍ ဘတ်ငွေ သန်း ၃၀ လျော်ပေးရန် ကမ်းလှမ်း လိုက်သည်။ သို့သော်ယနေ့တိုင် ၎င်းအပေါ် တရုတ်အစိုးရက ပြစ်ဒဏ်မချရသေးပေ။ စိုင်းနော်ခမ်းသည် ထိုင်းနိုင်ငံမှ အမှု ၁၇ မှု ၊ မြန်မာအစိုးရမှ ၁၅ မှု၊ လောဝ် (လာအို) မှ ၇ မှု ၊ တရုတ်မှ ၂၉ မှု ဖြင့် စွဲချက် တင်ခံထား ရသူဖြစ်သည်။
News from :သျှမ်းသံတော်ဆင့်သတင်း
Post by အေးချမ်းမွန်
ဦးသိန်းစိန် ၊ ဂျပ်စတင် ဘီဘာ နဲ့  ဘကြီးအောင်
ယမန်နေ့ က ဦးသိန်းစိန် အမေရိကန် ခရီးစဉ် ပြန်လာ သည် ကို ကြိုဆိုကြသူများ ထဲ  အချို့ မှာ သမ္မတ ကို ကြို ဆို မည့် အစီအစဉ် မှန်း မသိ ကြ ရ ဟု ဆိုသည်။ ရန်ကုန် တိုင်း ရွှေ ပြည်သာ စက်ရုံ မှ အထည် ချုပ် ၀န်ထမ်းတစ်ဦး က FNG ကို ပြောပြ ချက် အရ " မနက် ဆိုင်းတွေ ကို ပေါ့ နော် ဂျာကြီး က နင် တို့  ကို နေ့  တွက် မဖြတ် ဘူး လို့  ပြောတယ်၊ လေဆိပ် မှာဂျပ်စတင် ဘီဘာ ကို
သွား ကြိုကြမယ် ဆို ပြီး ခေါ်တာ ပါ။
 ဂျပ် စတင် ဘီဘာသီချင်း တွေ ကျွန် မကြိုက် တယ် ၊ FM မှာ လာတယ်။ စက်ရုံ ရှေ့ က လပေးနဲ့  ရောင်း တဲ့ အထည် ဆိုင်မှာ
 ဂျပ်စတင် ဘီဘာ ပုံပါ တဲ့ အကျီတွေ ကို စက်ရုံ အလုပ်သမား တွေ က ကြိုက်ကြတော့ အားလုံး ပဲ လိုက်ကြတာ ပဲ ဟု ပြောသည်။ နောက်ကျတော့ လေဆိပ် ရောက်တော့ ဦးသိန်းစိန် ပုံတွေတွေ့ တော့ ဘယ်မှာ လဲ ဂျပ် စတင် ဘီဘာ ဆို မေးတော့ ၊ သူက ဦးသိန်းစိန်နဲ့  အတူ ပါလာမှာ လို့  ကျွန်မ တို့  ကို ပြောပါတယ်။
နောက်ဆုံး ပြီးတဲ့ အထိ ပါပဲ ဦးသိန်းစိန် ကား တန်းပြီးတဲ့ အထိ ဘောစိ ကို ပါမေးတဲ့ အခါ ဂျပ်စတင် ဘီဘာ က ထိုင်းမှာ ကုတိယို ၀င်စား နေလို့  နောက်လေယာဉ် နဲ့  မှာ ပါလာ မယ်ပြောတယ် ဟု ကြိုဆိုမှု တွင် ပါသည့် အလုပ်သမ တစ်ဦးက FNG ကို ပြောပါတယ်။
ကျွန်မ တို့  အဖြစ် က ဘကြီး အောင် ရဲ့  ကြွေရုပ် လေး လို ဖြစ်နေပြီလို့  သူက ထပ် လောင်း ပြောပါတယ်။
News from : Freedom News Group(Burma)
Post by အေးချမ်းမွန်
ကြိုသည့်ထုံးကို နှလုံးမူစေ ယူတတ်လေ
မြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန်က အမေရိကပြည်ထောင်စုက ပြန်သွားတော့
ရန်ကုန်လေဆိပ်မှာ ကြိုဆိုသည့်သတင်း ဓါတ်ပုံတွေ မြင်ရသည် ။ ဇါဂနာများ
ပါလေမလားဆိုပြီး ကြည့်ဖြစ်သည် ။ တော်ပါသေးသည် ။ သူ့ ကို မမြင်တော့
အသက်ရှူဖြောင့်သွားမိသည် ။ သူပါလျှင် ပွဲက ကြည့်မကောင်းလှပါ ။
ထူးခြားသည်မှာ တိုက်ပုံအနီဝတ်သူများ မမြင် ။  ဒေါ်အောင်ဆန်းစုကြည်က
နိုင်ငံခြားမှ ပြန်ရောက်ပြီဆိုရင် တိုက်ပုံအနီဝတ်သူများက ရှေ့က
လက်တားပြီး ကြိုဆိုကြသည်ကို မြင်ရသည် ။ ထို့ ကြောင့် လူ့ အဖွဲ့ အစည်း
နှစ်ခုက မြန်မာပြည်မှာ ရှိလေ၏ဟု မှတ်ယူထားပါသည် ။ စိတ်ထဲမှာတော့
တခုခုဖြစ်နေသည် ။ စစ်အစိုးရလက်ထက်တုံးကလို ခေါ်ယူခြင်းလားမသိ- သို့ သော်
ဆိုတာမျိုး ပါ့ ။ ခုတော့ စစ်အစိုးရလည်း မဟုတ်လို့  ပြောနေတော့
ကြိုဆိုသူများမှာ ကိုယ်စိတ်နဲ့ ကိုယ်လာသူများ ဖြစ်ဖို့ များသည် ။
      မယုံကြည်သူများကိုတော့ ဇွတ်ယုံခိုင်းလို့ တော့ မရ ။ ကိုယ့်အမြင်နဲ
့ကိုယ်စီ ရှိနေကြသည်ဘဲ ။ ကျွန်တော်တို့  ယခုတလော ရန်ကုန်လေဆိပ်က
ကြိုဆိုသူများကို မြင်ရသည်မှာ မှတ်လောက်သားလောက်သည့် သခင်္ဏးစာများကို
ရထားသည် ။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံခြားခရီးစဉ်နှင့် ယခုသမ္မတကြီး
ဦးသိန်းစိန်၏ အပြန်ခရီးစဉ်ကို မပြောလိုတော့ ။  ပြည်ပမှာတော့ ကိုယ်က
အကောင်ကြီးလို့  ထင်နေသည့် ဒီမိုကရေစီအတိုက်အခံများ၏
ရန်ကုန်ပြန်ခရီးစဉ်တို့ မှာ တချို့ ကြိုဆိုသူမဲ့ ဖြစ်နေသည်ကို မြင်ရသည် ။
ဧရာဝတီမှ အယ်ဒီတာအောင်ဇေါ်ဆိုလျှင် ကြိုဆိုသူ တယောက်တလေမျှ မမြင်တွေ့ ရ ။
မိဇျိမ္မသတင်းဂျာနယ် စိုးမြင့်ဆိုလျှင်လည်း အလားတူ ။ သူကား
ပိုတောင်ဆိုးသေးသည် ။ ယင်းအချိန်က ပြန်ကြားရေးဋ္ဌါန၀န်ကြီး ဦးကျော်ဆန်းကို
ကျနော်တို့ မှားခဲ့ ပါတယ် တဲ့  ။
     ကိုအောင်မျိုးမြင့်ကတော့ မိသားစုတွေနှင့်တွေ့ တော့
ငိုပြလိုက်ရှာသည်မှာ မကြည့်ရက်စရာ။ သူ့ ခမြာကလည်း အခြောက်ဆိုတော့
ငိုရှာပေလိမ့်မယ်လို့  ခွင့်လွှတ်နိုင်သေးသည် ။ တခုတော့ ရှိသည် ။
ကိုအောင်မျိုးမြင့်က မြန်မာနိုင်ငံလူ့ အခွင့်အရေးဋ္ဌ့ာနဆိုပြီး တကောင်ထဲ
ခြင်္သေ့လို ၀င်သွားပြီး တယောက်ထဲ ရဲရဲဝံ့ဝံ့ပြည်တော် ပြန်သွားခြင်းဖြစ်သည်
။ သူများတွေလို အပေါင်းအဖေါ်တွေနှင့် သွားခြင်းမဟုတ် ။ ဒါ့ကြောင့် သူ
့သတ္တိကိုတော့ ချီးကြိုးဖြစ်သည် ။ သတ္တိကို ချီးကြူးခြင်းမှာ ယခုအစိုးရကို
မယုံနိုင်သေး၍ဖြစ်သည် ။ ဒေါ်စောမြရာဇါလင်းမှာ အလွန်လှပသော
အိမ်အပြန်ခရီးဖြစ်ခဲ့ သည် ။ ကြိုဆိုသူ မျက်ရည်ကျသူ ပွေ့ ဖက်သူ
ငိုယိုသူတွေနှင့် ။
    မိုးသီးဇွန်ကတော့ သူပြန်ရင် မျက်ရည်ကျပြီး ကြိုဆိုမည့်သူများကို မတွေ
့လို့ ဟု သူပြောသွားသည် ။ သူပြန်သွားတော့ တယောက်ထဲ သွားခြင်းမဟုတ် ။
လူတွေကိုစုပြီး ခေါ်သွားခြင်းမျိုးဖြစ်သည် ။ အမေရိကပြည်ထောင်စုက
မြန်မာနိုင်ငံကို ရောက်သွားတော့ သူတို့ က အမိမြေ ပြန်လည်ထူထောင်ရေးအဖွဲ
့ဆိုပြီး နာမည်နဲ့  လှုပ်ရှားတော့ ကျွန်တော်တို့ က စကားပြောဖြစ်ပါသည် ။
ကောင်းပါသည်ပေါ့ ။ ဘာကြောင့်ဆို သူတို့ ကို အကြောင်းသိမို့ 
ကောင်းပါသည်ထက် ဘာများပြောစရာရှိပါသနည်း ။ မြန်မာနိုင်ငံမှာ ဗုဒ္ဒဘာသာတွေ
သွေးချောင်းစီးအောင် လုပ်သော ဟန်ညောင်ဝေ ခရီးကား သူခိုးကျင့်သူခိုးကြံ
ခရီးဖြစ်ရာ မည်သူမျှ ဥရောပဗျူရို ဒါရိုက်တာကြီး ခရီးစဉ်အဖြစ် ကြိုမဲ
့သူမရှိ ။ သူကား ရခိုင်လူမျိုးတို့ အတွက် အဓိက မဟာရန်သူပေဘဲ ။
    ထူးခြားသည်မှာ  မြောက်ပိုင်းကချင် လူသတ်မှုကြီးကား အသံမစဲ
ပဋ္ဌန်းရွတ်ပွဲလို ဖြစ်နေသည် ။ ကာတွန်းတခုမှာ မြင်လိုက်သည် ။ လူသာလာပါ
ပြသနာ မယူလာပါနှင့်တဲ့  ။ မြန်မာနိုင်ငံကို တည်ဆောက်ရာမှာ
လူတော်လူကောင်းများ လိုအပ်ပါသည် ။ လူတော်သော်လည်း လူကောင်းများ မဟုတ်က
နိုင်ငံတော်သည် ကျွန်တော်တို့ လိုချင်သော ဒီမိုကရေစီစနစ်ဆီသို့ 
ရောက်ရှိနိုင်မည် မဟုတ် ။ ၀န်ကြီးဦးစိုးသိန်းနှင့် ကျွန်တော်တို့  တွေ
့ဆုံပွဲမှာ ပညာတတ်များ လိုအပ်ပါသည်ဟု ပြောသွားသည် ။ အညံ့စားများသာ
ရှိလျှင် အညံ့စားကိုယ်စားလှယ် အညံ့စားလွှတ်တော် အညံ့စားအစိုးရ ရှိပြီး
ပညာတတ်သူရှိလျှင် ပညာတတ်လွှတ်တော် ပညာတတ် အစိုးရ ရှိမည်ဟု ပြောသွားသည် ။
နိုင်ငံရေးစကားမှာ ပြည်သူတို့ သည် သူတို့ နှင့် ထိုက်တန်သောအစိုးရကို
သူတို့  ရရှိကြသည်ဟု ဖွင့်ဆိုထားသည် ။ ၄င်းစကားကို ၀န်ကြီးဦးစိုးသိန်း
ပြောဆိုသွားခြင်းဖြစ်သည် ။
      ပြည်သူ့ အသံကို နားထောင်လိုသည်ဆိုသော အစိုးရသည် ပြည်သူများ၏
မျက်ရည်များဖြင့် ရေးဖွဲ့ ထားသော တိုင်ကြားစာများကို တရားဥပဒေခွင်သို့ 
ယူဆောင်သွားရန်လိုသည် ။ ယခုအချိန်တွင် ရခိုင်လူထုတရပ်လုံးက သူတို့ ၏
တောင်းဆိုချက်-၁၈-ကို တင်ပြတောင်းဆိုထားသည် ။
၎င်းတောင်းဆိုချက်များသည်ကား ရခိုင်လူမျိုးတို့ ၏ နှလုံးသည်းပွတ်ထဲမှ
စီးကျလာသော မျက်ရည်များ ရင်ခုန်သံများဖြစ်သည် ။ ယင်းရင်ခုန်သံများကို
အစိုးရမှ တိတိကျကျ ကိုင်တွယ်ပေးရန်လိုသည် ။ ၀န်ကြီးဦးစိုးသိန်းကိုလည်း
ပြောဖြစ်အောင် ပြောလိုက်ပါသေးသည် ။
     သမ္မတကြီး ဦးသိန်းစိန်၏ အိမ်အပြန်ခရီးကား ကျန်းကျန်းမာမာ နှင့်
ဘေးမသီ ရန်မခဘဲ ရောက်ရှိလာပြီဖြစ်သည် ။ ကုလသမ္မဂ ညီလာခံတွင်
မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးပေါ်လီစီများကို ချပြခဲ့ ခြင်းနှင့်
မြန်မာနိုင်ငံ၏ ရပ်တည်နေသော နိုင်ငံခြားရေးအခြေအနေများကို
တင်ပြနိုင်ခြင်းမှာ မည်သူမျှ စောဒကတက်၍ မရခဲ့ ခြင်းကပင်လျှင်
အောင်မြင်ရေးခရီးစဉ်တခုဟု သုံးသပ်ကြသည် ။ အထူးသဖြင့် ဤသို
့အောင်မြင်သောခရီးစဉ်ကြောင့် ကုလသမ္မဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက
-OIC- ဆိုသော မွတ်ဆလင်အဖွဲ့ ချုပ်ကို မြန်မာနိုင်ငံ၏
တိုးတက်ပြောင်းလဲလာသော နိုင်ငံရေးအခြေအနေအဖြစ် ရှုပ်ထွေးအောင်
မပြုလုပ်မိရန် သတိပေးဖြစ်အောင် ပေးလိုက်သေးသည် ။ ယင်းသို
့သတိပေးလိုက်ခြင်းမှာ ဗုဒ္ဒဘာသာဝင် ရခိုင်လူမျိုးများ၏ တိုက်ခိုက်စော်ကား
ခံနေရသော ပကတိလက်ရှိမျက်မှောက် အခြေအနေများကို သံတမန်နည်းအရ
ပြောဆိုလိုက်ခြင်းဖြစ်သည်။  ထို့ ကြောင့် သမ္မတကြီး ဦးသိန်းစိန်၏
အိမ်အပြန်ခရီးမှ အနားယူပြီး အချိန်တွင်ကား - OIC- ရုံးခမ်းကို
မဖွင့်လှစ်ပေးရန် တောင်းဆိုသံများ နိုင်ငံအနှံ့ ဆန္ဒပြမှုများနှင့်
ရင်ဆိုင်တွေ့ ကြုံရဘွယ်ရှိသည် ။ လက်ပန်တောင်းတောင် ၊ ကြေးနီတောင် ၊
့အသံများဖြစ်နေရာ ကြိုသည့်ထုံးကို နှလုံးမူစေ ယူပါလေ ဟု
တင်ပြလိုက်ရပါသည် ။။။။
ခိုင်အောင်ကျော် ( နယူးယောက်)