Wednesday, October 3, 2012

နေပြည်တော်တွင် ရဲနှင့် အနှိပ်ခန်းပေါင်းပြီး အမှုဖုံးကွယ်


နေပြည်တော်မှာ ဝင်ငွေကောင်းတဲ့ အလုပ်ရမယ်လို့ လှည့်ဖြားခံရပြီး သားမယား
ပြုကျင့်ခံရတဲ့ အမျိုးသမီးငယ်ဟာနေပြည်တော်ရဲဆီမှာ အကူအညီ
တောင်းပေမယ့် လျစ်လျူရှုခံရတဲ့အပြင် ကျူးလွန်သူတွေဘက် ရဲက
ရပ်တည်တယ်လို့  ပြောပါတယ်။

လှိုင်သာယာ စက်မှုဇုန် ၁ ဧရိယာမှာ အသက် ၆၀ အရွယ် မျက်စိတဖက် ပျက်နေတဲ့
မိခင်မုဆိုးမနဲ့ အတူနေထိုင်ရင်း ရှာဖွေကျွးမွေးနေတဲ့ ၂၂ နှစ်အရွယ် စက်ရုံအလုပ်သမ
ဒီအမျိုးသမီးငယ်ဟာ နေပြည်တော်က အလှပြင်ဆိုင်မှာ ဝင်ငွေကာင်းမယ်ဆိုတဲ့
လူပွဲစားရဲ့ ပြောစကားကို ယုံပြီး လိုက်သွားရာက သားမယားအဖြစ် အဓမ္မပြုကျင့်ခံခဲ့ရ
တဲ့ အထိ ဖြစ်ခဲ့တာလို့ ကာယကံရှင်က ပြောပါတယ်။

ကျန်းမာရေးကြောင့် စက်ရုံအလုပ်နားနေရချိန်မှာ လစာ ၁ သိန်းနဲ့ အပိုကြေး တလ
၁ သိန်း စုစုပေါင်း ၂ သိန်းလောက် ရမယ်ဆိုတဲ့အတွက် လိုက်သွားခဲ့တာလို့ ဆိုပါတယ်။

နေပြည်တော် ရွှေကြာပင်ရပ်ကွက်က ဇနီးမောင်နှံအိမ်မှာ ညအိပ်ရင်း အောက်ထပ်က
အခန်းတွင်းကို သွင်းပြီး အသက် ၄၀ ကျော်အရွယ်အမျိုးသားကို နှိပ်ခိုင်းရာနေ
သားမယားပြုကျင့်ခံခဲ့ရသလို ရိုက်နှက်တာလည်း ခံရတယ်လို့  ပြောပါတယ်။

ဒီနောက် ခြံကို ကျော်လွားထွက်ပြေးရာမှာ လွတ်မြောက်ခဲ့တယ်လို့ အဲဒီအမျိုးသမီးက
ဆိုပါတယ်။

အမှတ် (၁) ရဲစခန်းမှာ စက်တင်ဘာ ၁၃ ရက်နေ့ က အမှုသွားဖွင့်ရာ ရဲက အမှုမဖွင့်ပေးပုံနဲ့ သူ့ကို ငွေကြေမှ ပြန်ရမယ်လို့  ပြောဆိုခဲ့ပြီး ပြန်ခိုင်းတယ်လို့ ဆိုပါတယ်။

“ရဲစခန်းက အမှုဖွင့်မေပးဘူး။ သမီးကိုပိုက်ဆံပေးပြီး အမှုမဖွင့်နဲ့  ပြန်ဆိုတော့
သမီးက ဒီလိုဖြစ်ထားတာ ဖွင့်မယ်ဆိုတော့ မဖွင့်ပေးဘူး။ ညကျ ရဲတယောက်ကလာပြီး
ပိုက်ဆံ ၁ သောင်းပေးပြီး လမ်းစရိတ် ကားလတ်မှတ်ဖြတ်သွားတဲ့။

ပိုတဲ့ဟာကို ထမင်းဝယ်စားဆိုပြီး ပြောတယ်။”“သွားတိုင်ခါစကေတာ့ ရဲဦးလေးက ပခုံးမှာ
ကြယ်ပွင့် ၂ ခုတော့ တွေ့ တယ်။

သူက ညည်းပြန်ချင်ရင် ညည်းတို့ အိမ်က အစ်မတွေလာပြီး ပိုက်ဆံ ၅ သောင်း
ရမှ ပြန်ရမယ်။

ပိုက်ဆံမရမချင်း မပြန်ရဘူးလို့လည်း ပြောသေးတယ်။”သူမဟာ ရဲက အမှုမဖွင့်ပေးလို့
အပြန်လမ်းမှာ လူမိုက်တွေကလိုက်တဲ့အတွက် ကူညီသူတွေက ဆိုင်ကယ်ပေါ်
တင်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်ခဲ့ရတယ်လို့  ဆိုပါတယ်။

ဒီနောက် သူမဟာ သူ့ကို စာနာသူတွေ အကူအညီနဲ့ ရဲချုပ်ရုံးဆီရောက်သွားမှ
စက်တင်ဘာ ၁၅ ရက်နေ့မှာ အမှုဖွင့်ခွင့်ရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခွင့်မရခင် ရဲက အမှုမဖွင့်ပေးဘဲ ငွေ ၁၀ သိန်းပေးမယ်ဆိုပြီး အမှုမဖွင့်ဖို့
ကမ်းလှမ်းတယ်လို့ ဆိုပါတယ်။

“ညည်း ပိုက်ဆံ ၁၀ သိန်းပေးရင် ကျေနပ်လားတဲ့။ သမီးက ပိုက်ဆံမလိုဘူး၊
ဖျက်ဆီးခံရတဲ့အတွက် တိုင်ရမှာပဲ။

တကယ်လို့ ထွက်ပြေးလို့သာမရခဲ့ရင် တခြားကို ပါရင်ပါသွားမှာ ဘယ်မှလည်း
မသွားတတ်ဘူး။

”အမှုလက်ခံပြီးတဲ့နောက် လင်မယား ၂ ဦးနဲ့ လူငယ် ၁ ဦးကို ရဲက လူကုန်ကူးမှုနဲ့
အမှုဖွင့်ပေး ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ဒီအမျိုးသမီးအပေါ် စာနာကြတဲ့
ရွှေကြာပင်ရပ်ကွက်က ရပ်ကွက်သားတွေက သူမကို အလုပ်အကိုင်ရရှိရေး
အတွက်ပါ စီစဉ်ပေးလို့ သူဟာ ဈေးဆိုင်တဆိုင်မှာ အကူအေရာင်းသမား
အဖြစ် လုပ်နေပါတယ်။

ဒီကိစ္စကို နေပြည်တော်မှာရှိတဲ့ အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်က အိုင်အယ်လ်အို
ဆက်ဆံရေး ကွန်ရက်အဖွဲ့ဝင် ဦးသက်ဝေထံရောက်လာပြီး ဒီနေ့ ရန်ကုန်မြို့ 
အိုင်အယ်လ်အိုဆက်ဆံရေးရုံးကို တိုင်ကြားပါတယ်။

 by DVB

အာအက်ဖ်အေနဲ့ကျနော်ပြတ်စဲသွားပါပြီ။

by Ko Nyo on Wednesday, October 3, 2012 at 8:39am ·
ကျနော်နဲ့အာအက်ဖ်အေရေဒီယိုမပတ်သက်တော့ပါ။

မကြာခနကျနော့်ဆီအသံသိတ်မထွက်လို့သတင်းမေးသူတွေရော၊
အာအက်ဖ်အေအကြောင်းမေးမြန်းစုံစမ်းသူတွေရော၊
သတင်းနဲ့သတင်းအချက်အလက်တွေပေးပို့ နေတဲ့မိတ်ဆွေတွေရော၊
ဗုဒ္ဓဟူးနေ့မနက်တိုင်းအာအက်ဖ်အေကပုံမှန်လွှင့်ပေးနေတဲ့
“စိတ်ယဉ်ကျေးမှုမှတ်စုများအစီအစဉ်”ကနေ
ကျနော့်ရဲ့သတင်းဆောင်းပါးနဲ့လူမှု၊ယဉ်ကျေးမှု၊နိုင်ငံရေးနဲ့
လူ့အဖွဲ့အစည်းရဲ့ဖွံ့ဖြိုးဆိုင်ရာ
ဆောင်းပါးတွေကိုစောင့်မျော်နားဆင်ပြီး၊ဝေဖန်၊အကြံပြု
ကြသူသောတရှင်တွေအားလုံးကို
အထူးကျေးဇူးတင်ပါတယ်။
ဒီတပတ်ကစလို့အာအက်ဖ်မှာကျနော့်ရဲ့အစီအစဉ်တွေ
ကြားရတော့မှာမဟုတ်ကြောင်းလည်းလေး
လေးစားစားအသိပေးလိုပါတယ်။
ကျနော်ဟာအခုနှစ်ဇန်န၀ါရီလကစလို့၁၄နှစ်ကြာ
အိန္ဒိယအခြေစိုက်အာအက်ဖ်အေ
အထူးသတင်းထောက်အနေနဲ့ရော၊ဥရောပ(နော်ဝေး)
အခြေစိုက်သတင်းထောက်အနေနဲ့ရော၊
ဆောင်ရွက်ခဲ့တာကိုရပ်ဆိုင်းခံခဲ့ရပြီးနောက်၊
အခုနှစ်အောက်တိုဘာလကစပြီး
အာအက်ဖ်အေပင်တိုင်ဆောင်းပါးရှင်အဖြစ်ကိုပါရပ်စဲခံခဲ့ရပါတယ်။
အာအက်ဖ်အေ၊သတင်းထောက်အဖြစ်ကရော၊ပင်တိုင်ဆောင်းပါးရှင်အဖြစ်နဲ့ပါ
အကြောင်းပြချက်နဲ့ရှင်းလင်းခွင့်တစုံတရာမှမရှိဘဲတဘက်သပ်ရပ်စဲခံရတယ်
ဆိုတာကိုလည်းအသိပေးလိုပါတယ်။
အာအက်ဖ်အေသတင်းထောက်ဖြစ်စေ
၊ဆောင်းပါးရှင်တွေပဲဖြစ်ပစေ၊အလုပ်စတင်
ကတည်းကသဘောတူစာချုပ်၁နှစ်တခါချုပ်ရပါတယ်။
အဲဒီတုံးက..သတင်းဌာနကဖြစ်စေ၊မိမိအနေနဲ့ဖြစ်စေ
တာဝန်မထမ်းစေလို၊တာဝန်မထမ်းလိုပါက
အချိန်မရွေးအလုပ်ကရပ်စဲနိုင်ကြောင်း၊သဘောတူလက်မှတ်ထိုးရပါတယ်။
ဒါကြောင့်ကျနော့်ကိုအလိုမရှိရင်အချိန်မရွေး
အလုပ်ထုတ်နိုင်တာကိုကျနော့်ရဲ့သောတရှင်
မိတ်ဆွေများသိရှိစေလိုပါတယ်။
ကျနော့အနေနဲ့အာအက်ဖ်အေမှာသတင်းထောက်အနေနဲ့ရော
၊ဆောင်းပါးရှင်အနေနဲ့ရော
တာဝန်ထမ်းခဲ့စဉ်(၁၄)နှစ်လုံးလုံးမိမိယုံကြည်ချက်နဲ့အတူ၊သတင်းမှန်ပေါ်ထွက်ရေး၊
လူ့အခွင့်အရေးနဲ့၊ဒီမိုကရေစီဘက်ကမားမားရပ်ပြီးတတ်နိုင်သလောက်
ကျိုးစားဆောင်ရွက်ခဲ့ပါတယ်။
အောင်မြင်တာတွေရှိသလို၊မအောင်မြင်တာတွေလည်းရှိပါတယ်။
ဘယ်လိုပဲဖြစ်စေ..အာအက်ဖ်အေရေဒီယိုသတင်းဌာနကိုတော့ကျေးဇူးတင်ပါတယ်။
အခုအချိန်ရေဒီယိုကနေအသံလွှင့်ခွင့်မရပေမဲ့လည်းအင်တာနက်သတင်းဋ္ဌာနတွေ၊
ဂျာနယ်မဂ္ဂဇင်း(ပြည်တွင်း၊ပြည်ပ)တွေကနေဆက်လက်ပြီး
အစွမ်းရှိသမျှရေးသွားမယ့်အကြောင်း
လည်းမိတ်ဆွေများကိုသိစေလိုပါတယ်။
ကျနော့အနေနဲ့အရင်အတိုင်း..
အလွတ်သတင်းထောက်အနေနဲ့သတင်းနဲ့၊ဆောင်းပါးတွေကို
ရေးသားသွားမှာဖြစ်ပါတယ်။
ရေဒီယိုသတင်းသမားအနေနဲ့လုပ်ကိုင်စဉ်၊သတင်းတွေပေးပို့တာ၊
အကြံဥာဏ်ပေးတာ၊
ဝေဖန်ဆွေးနွေးသုံးသပ်ပေးတာတွေအပြင်၊
စိတ်ဓာတ်ရေးရာမြှင့်တင်အားပေးကြတဲ့
(ပြည်တွင်း၊ပြည်ပ) မိတ်ဆွေများနဲ့ရေးဖော်ရေးဘက်များအားလုံး
ကိုလည်းအထူးကျေးဇူးတင်ပါတယ်။
မြန်မာ့ဒီမိုကရေစီရှင်သန်ရေးနဲ့သတင်းလောကဖွံ့ဖြိုးရေးအတွက်
မသေမချင်းကလောင်လက်နက်နဲ့ဆက်လက်
တိုက်ပါအုံးမယ်လို့ကတိပြုပါတယ်။
လေးစားယုံကြည်လျှက်..
ကိုညို။
၃အောက်တိုဘာ၊၂၀၁၂

ဦးသိန်းညွန့်အလိမ်ခံရခြင်း

 
အလိမ်ခံရမှာပေါ့။ စသွားကတည်းက ကိုယ့်ဖာသာကိုယ်မသွားဘဲ ကြံ့ဖွတ်တွေနဲ့ရောသွားတာကိုး။ ကြံ့ဖွတ်တွေက တရားရုံးတွေကို မလာခင်ထဲက ကြိုညှိထားပြီးသား။ အားလုံးရှင်းထားဖို့။ အလိမ်ခံရတာတောင်နည်းသေး။
 kyawkhine toe

OIC ကို သတိထားရန် ဘန်ကီမွန်း သတိပေး

 ဘင်္ဂါလီများကို နိုင်ငံသား အဖြစ် သတ်မှတ်ပြုပြီး ရပိုင်ခွင့်များ
အပြည့်အ၀ပေးရန် မြန်မာနိုင်ငံကို တောင်းဆိုထားသော အစ္စလာမ် နိုင်ငံ ၅၀
ကျော်ဖြင့် ဖွဲ့စည်းထားသော OIC အဖွဲ့အစည်းကို သတိထား ဆက်ဆံရန် ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံ သမ္မတကို
သတိပေးလိုက်ကြောင်း ဘီဘီစီတွင် ဖော်ပြသည်။

 OIC နှင့် ဆက်ဆံခြင်းဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို
ထိခိုက်စေနိုင်ကြောင်း ဘန်ကီမွန်းက ဆိုသည်။ OIC အဖွဲ့သည် လွန်ခဲ့သော
လပိုင်းအတွင်းက ရခိုင်ပြည်နယ် အခြေအနေများကို လေ့လာခဲ့ပြီး ယခု
ရုံးစိုက်လိုက်ပြီဖြစ်ကြောင်း ပြည်ပမီဒီယာများ၏ ဖော်ပြချက်အရသိရှိရသည်။

 ရခိုင်ပြည်နယ် အရေးကိစ္စကို ၀င်ရောက်စွက်ဖွက်ပြီး ရုံးစိုက်ထားသော OIC
လုံးဝကန့်ကွက်ကြောင်းနှင့် ပြန်လည် ထွက်ခွါသွားရန် စက်တင်ဘာလ ၂၅ရက်နေ့မှ
၂၆ရက်နေ့ထိ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ကျင်းပသော ရခိုင်ဒေသ
လူထု အစည်းအဝေး ဆုံးဖြတ်ချက်တွင် ပါရှိသည်။

 သမ္မတဦးသိန်စိန် ကုလသမဂ္ဂတွင် မိန့်ခွန်း အပြီးတွင် OIC အထွေထွေ
အတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံခဲ့ပြီး ဘင်္ဂါလီများကို နိုင်ငံသား
အဖြစ်အသိအမှတ်ပြုပြီး ရပိုင်ခွင့်များ ပေးပါက မြန်မာနိုင်ငံကို
လာရောက်လည်ပတ်မည်ဖြစ်ကြောင်း ဘီဘီစီတွင် ဖော်ပြထားသည်။

တပ်မတော်သာ ပြည်သူများနှင့်အတူတူ လျှောက်ပြီဆိုပါက...( ဒေါ်အောင်ဆန်းစုကြည်)

တပ်မတော်သာ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် မားမားမတ်မတ် ပြည်သူများနှင့်အတူတူ လျှောက်ပြီဆိုပါက နောက်ကြောင်းပြန်လှည့်ရန် အလားအလာ မရှိသလောက်ဖြစ်သွားမည်ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
..............................................................................................................................
Wednesday, 03 October 2012 09:03
တပ်မတော်သာ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် မားမားမတ်မတ် ပြည်သူများနှင့် အတူတူလျှောက်ပြီဆိုပါက နောက်ကြောင်း ပြန်လှည့်ရန် အလားအလာ မရှိသလောက် ဖြစ်သွားမည်ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

စက်တင်ဘာလ ၂၉ ရက်နေ့က ပြုလပ်ခဲ့သော အမရေိကန်နိုင်ငံ ဆန်ဖရန်စစ္စကို မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင် မြန်မာပြည်နိုင်ငံရေး အခြေအနေသည် မည်သည့်အဆင့်ရောက်ပါက နောက်ကြောင်းပြန်မလှည့်နိုင်ပါဘူးဟု ယူဆပါလဲ၊ ထိုအခြေအနေရောက်အောင် ဘယ်လိုဝိုင်းဝန်းပြီးတော့ လုပ်ကြရပါမည် လဲဟူသော မေးခွန်းအား ၎င်းက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

နောက်ကြောင်း မပြန်နိုင်သည့်အဆင့်ဆိုသည်မှာ မရှိနိုင်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်မှုအောက်ကို ရောက်သွားသည့် ၁၉၆၂ ခုနှစ်က ဆိုလျှင် ဒီမိုကရေစီ နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ အဆိုပါ ဒီမိုကရေစီနိုင်ငံတစ်ခု၊ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသည့် အစိုးရအုပ်ချုပ်သည့် အနေအထားမှ နေ့ချင်းညချင်း စစ်အုပ်ချုပ်မှုအောက်ကို ရောက်သွားကြောင်း၊ ထို့ကြောင့် နောက်ကြောင်း ပြန်လှည့်ရန် မရသည့် အခြေအနေဆိုသည်မှာ အင်မတန်မှ ပြောရခက်ပါကြောင်း၊ တကယ်ပဲ ရှိနိုင်သလားဆိုပါကမူ ရှိနိုင်ပါကြောင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းဖြေကြားခဲ့သည်။

နောက်ကြောင်းပြန်မလှည့်နိုင်တဲ့ အခြေအနေက ဘယ်လိုလဲဆိုတော့ ပြည်သူလူထုအားလုံးဟာ နောက်ကြောင်းပြန်လှည့်ဖို့ကို လုံးဝ မလိုလားတဲ့အချိန် ရောက်မှပါ။ အဲဒီဟာကတော့ တော်တော်အချိန်ယူရမှာပါ။ အခုလောလောဆယ်တော့ ကျွန်မတို့အနေနဲ့ ဒီလောက်ရောက်လို့ရှိရင်၊ ဒီအခြေအနေရောက်ရင် နောက်ကြောင်းပြန်လှည့်မှာ မဟုတ်ဘူးလို့ ပြောရမှာခက်ပါတယ်  .   .   .

''နောက်ကြောင်း ပြန်မလှည့်နိုင်တဲ့ အခြေအနေက ဘယ်လိုလဲဆိုတော့ ပြည်သူလူထုအားလုံးဟာ နောက်ကြောင်းပြန်လှည့်ဖို့ကို လုံးဝမလိုလားတဲ့ အချိန်ရောက်မှပါ။ အဲဒီဟာကတော့ တော်တော်အချိန်ယူရမှာပါ။ အခုလောလောဆယ်တော့ ကျွန်မတို့ အနေနဲ့ ဒီလောက်ရောက်လို့ရှိရင်၊ ဒီအခြေအနေရောက်ရင် နောက်ကြောင်းပြန်လှည့်မှာ မဟုတ်ဘူးလို့ ပြောရမှာ ခက်ပါတယ်။ တစ်ခုတော့ ကျွန်မပြောချင်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံက တပ်မတော်ဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ မားမားမတ် မတ်ပြည်သူတွေနဲ့ အတူတူ လျှောက်ပြီဆိုရင်တော့ နောက်ကြောင်း ပြန်လှည့်ဖို့ အလားအလာ မရှိသလောက် ဖြစ်သွားမယ်လို့တော့ ကျွန်မတို့ ယုံကြည်လို့ ရပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ယနေ့တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက်သာဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရန်အတွက် အုပ်ချုပ်ရေးပိုင်းမှာ ၀င်ရောက်စွက်ဖက်ရန် မရှိကြောင်း၊ နိုင်ငံရေးအပိုင်းတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို အကာအကွယ်ပေးသည့် သဘောသာ ရှိကြောင်း၊ တပ်မတော်၏ အဓိကအလုပ်မှာ တိုင်းပြည်ကို ကာကွယ်ရန်သာဖြစ်ကြောင်း နိုင်ငံတော်သမ္မတက စက်တင်ဘာလ ၂၈ ရက်နေ့က အမေရိကန်တွင် မြန်မာမီဒီယာသမားများနှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။

ထို့ပြင် စက်တင်ဘာ ၂၉ ရက်နေ့တွင် BBC ၏ Hardtalk အစီအစဉ်နှင့် တွေ့ဆုံခန်းတွင်လည်း နိုင်ငံတော်သမ္မတက လွှတ်တော်တွင် ၂၅ ရာခိုင် နှုန်းနေရာယူထားသော စစ်တပ်အနေဖြင့် တိုင်းပြည်၏နိုင်ငံရေးတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
http://news-eleven.com/

တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ထိမ်းမြားမှု ၈၉ မှု

လူကုန်ကူးခံရသူများ၏ ၈၃ ရာခိုင်နှုန်းမှာ အသက် ၁၂ နှစ်မှ ၃၅ နှစ်ကြား အမျိုးသမီးများဖြစ်ပြီး ၂၀၁၁ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ထိမ်းမြားမှု ၈၉ မှုဖြင့် အများဆုံးဖြစ်ပွားခဲ့

Wednesday, 03 October 2012 12:20

၂၀၁၁ ခုနှစ်အတွင်း လူကုန်ကူးမှု ၁၃၆ မှုဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသူများ၏ ၈၃ ရာခိုင်နှုန်းမှာ အသက် ၁၂ နှစ်မှ အသက် ၃၅ နှစ်ကြား အမျိုးသမီးများဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ထိမ်းမြားစေမှု ၈၉ မှုဖြင့် အများဆုံးဖြစ်ပွားခဲ့ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ သိရပါသည်။
တရုတ်နိုင်ငံတွင် နိုင်ငံခြားမှ အမျိုးသမီးများကို အဓမ္မထိမ်းမြား လက်ထပ်ထားသော နိုင်ငံသားများကို တရားမ၀င်နိုင်ငံခြားသား လက် ခံမှုဖြင့်သာ အရေးယူလျက်ရှိနေ၍ တရုတ်နိုင်ငံဘက်မှ အမျိုးသမီးဝယ်လိုအားမှ မြင့်တက်နေဆဲဖြစ်သောကြောင့် မြန်မာအမျိုးသမီးများ တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ရန် လူကုန်ကူးမှုမှာ ထိုသို့ များပြားနေရ ခြင်းဖြစ်ကြောင်းလည်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
ထိုသို့ အဓမ္မလက်ထပ်စေမှုများတွင် သမီးရည်းစားအဖြစ် ချစ်ကြိုက်ဟန်ဆောင်ကာ ယုံစားမိသော အမျိုးသမီးငယ်များကို ရောင်းစားခြင်း၊ စက်ရုံတွင် အလုပ်ရမည်ဟု လိမ်လည်စည်းရုံးကာ တရုတ်နိုင်ငံသားနှင့် အဓမ္မလက်ထပ်စေခြင်း စသည့်ဖြစ်စဉ်များ ပါဝင်ကြောင်းသိရသည်။
၂၀၁၂ ခုနှစ် မေလက ရန်ကုန် မြို့ လှိုင်သာယာမြို့နယ်တွင် နေထိုင် သူ မ --- အား မဇင်(ခ) မဇင်မာထွေးနှင့် မဇင်မာထွေး၏မိခင်ဖြစ်သူ ဒေါ်ချယ်ရီတို့က တရုတ်နိုင်ငံရွှေလီမြို့တွင် Fancy နားကပ်ပြုလုပ်သည့် အလုပ်လုပ်ကိုင်ရမည်ဟုဆိုကာ တရုတ်နိုင်ငံ ကျန်းဝေ့ရုံမြို့တွင် တရုတ်အမျိုးသားတစ်ဦးထံ ယွမ် ၄၁၀၀၀ ဖြင့် ရောင်းစားခံခဲ့ရပြီး၊ ထိုမှတစ်ဆင့် အခြားတရုတ်အမျိုးသားတစ်ဦးထံ ထပ်မံရောင်းစား၍ အဓမ္မ လက်ထပ်စေသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
၂၀၁၁ ခုနှစ် ဧပြီလကလည်း မိုင်းကိုင်မြို့နယ်နေ မ --- အသက် (၂၀)နှစ်အား သီပေါမြို့နယ်နေ စိုးသူမှ လက်ထပ်ထိမ်းမြားမည်ဟု လူကြီးစုံရာနှင့် ပြောဆိုတောင်းရမ်းခေါ်ဆောင်သွားပြီး တစ်ရွာတည်းနေ စိုင်းထွန်းကျော်၊ ချစ်ထွေးတို့နှင့် ပူးပေါင်းကာ မူဆယ်မြို့မှ တစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ကာ တရုတ် အမျိုးသားနှင့် အဓမ္မလက်ထပ်စေခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။
အလားတူ ၂၀၁၁ ခုနှစ် နိုဝင် ဘာလတွင် လားရှိုးမြို့နေ မ --- ၏ သမီးဖြစ်သူ မ --- အသက် ၁၉နှစ်အား စန်းသီ(ခ)အောင်လှိုင်ဝင်းဆိုသူက သမီးရည်းစားဟန် ဆောင်၍ တရုတ်နိုင်ငံရွှေလီမြို့သို့ ခေါ်ဆောင်သွားပြီး စန်းသီ(ခ) အောင်လှိုင်ဝင်း၏ မိခင်မှတစ်ဆင့် တရုတ်လူပွဲစားများနှင့် ဆက်သွယ်ကာ တရုတ်အမျိုးသားတစ်ဦးထံ ယွမ် ၁၅၀၀၀ ဖြင့် ရောင်းစားခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။
၂၀၁၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးမှုများမှာ အဓမ္မထိမ်းမြားမှု ၈၉ မှု၊ ပြည့်တန်ဆာမှု ၂၉ မှု၊ အဓမ္မစေခိုင်းမှု ၁၄ မှု၊ အဓမ္မကိုယ်ဝန်ဆောင်စေမှု ၁ မှု၊ ကလေးသူငယ်လူကုန်ကူးမှု ၁ မှု၊ အဓမ္မ တောင်းရမ်းစေခိုင်းမှု ၁ မှုနှင့် ကြွေးမြီဖြင့် နှောင်ဖွဲ့ စေခိုင်းမှု ၁ မှု စုစုပေါင်း ၁၃၆ မှုတို့ ဖြစ်ကြောင်း သိရသည်။ ထိုသို့ လူကုန်ကူးမှုများမှာ တရုတ်နိုင်ငံသို့ ၆၉ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံသို့ ၁၄ ရာခိုင်နှုန်းနှင့် ပြည်တွင်း၌ ၁၇ ရာခိုင်နှုန်းဖြစ်ပွား ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၌ လူကုန်ကူးမှု အများဆုံး ဖြစ်ပွားကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လအထိ လူကုန်ကူးမှု အမှုပေါင်း ၁၅၄ မှုဖြစ်ပွားခဲ့ပြီး တရားခံ ၂၆၆ ဦးကို လူကုန်ကူးမှု တာဆီးကာကွယ်ရေး ဥပဒေဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်းလည်း သိရသည်။ ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ ၃၀၂၈၅ ဦးတို့ကို လမ်းခရီး၌ တားဆီး၍ မိဘထံ ပြန်လည်ပို့ဆောင်အပ်နှံခြင်း၊ လူမှောင်ခိုမှု ၁၁၀၂ မှုကို အမှုဖွင့်ပြီး တရားခံ ၂၇၄၄ ဦးကို အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ လူကုန်ကူးမှု အမှုစာရင်း
untitled1http://news-eleven.com

မန္တလေးတိုင်းဒေသကြီးတွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ၂၀၀ ကျော်အား ထုတ်ပယ်

မောင်တာ
မန္တလေး၊စက်တင်ဘာ-၃၀
အတွဲ (၁၁)၊ အမှတ်(၃၀)

မန္တလေးတိုင်းဒေသကြီးတွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ၂၁၂ ဦးအား တာဝန်မှ ထုတ်ပယ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးကြီးအောင်ကျော်မိုးက ပြောသည်။

ထို့အပြင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းကို မန္တလေးတိုင်းဒေသကြီးအတွင်း ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးဥပဒေနှင့်အညီ
အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးရဲမြင့်က စက်တင်ဘာ ၂၈ ရက် လွှတ်တော်အစည်းအဝေးများ အပြီးတွင် လွှတ်တော်ကိုယ်စားလှယ်များကို အသိပေးပြောကြားသည်။

ဝန်ကြီးချုပ်ဦးရဲမြင့်က “ကျွန်တော်တို့ ရွေးချယ်ဆောင်ရွက်မယ့် အစီအစဉ်တွေကို ကြိုတင်ပြင်ဆင်မှုတွေ အားလုံးလုပ်ထားပြီး ဖြစ်ပါတယ်။ သက်ဆိုင်ရာ မြို့နယ်အလိုက် တာဝန်ရှိပုဂ္ဂိုလ်များအား သင်တန်းများ ပေးအပ်ထားပြီး ဖြစ်ပါတယ်။ အားလုံးပြီးပါပြီ။ ကျွန်တော်တို့ Ready ဖြစ်နေပါပြီ”ဟု ရှင်းလင်းပြောကြားသည်။ ဥပဒေ၊ နည်းဥပဒေများ ထွက်ရှိပြီးဖြစ်သလို မန္တလေးတိုင်းဒေသကြီးအတွင်း ရွေးချယ်မှုပြုလုပ်ရန် အဆင်သင့်ဖြစ်နေသော်လည်း ဘတ်ဂျက်ကိစ္စ ထည့်သွင်းတွက်ချက်နေ၍ မရွေးချယ်နိုင်သေးဘဲ ဖြစ်နေကြောင်း၊ ဘတ်ဂျက်မရှိသေးဘဲ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးအသစ်များ ခန့်အပ်တာဝန်ပေးလိုက်လျှင် မလိုလားအပ်သော နည်းလမ်းများဖြင့် ဘတ်ဂျက်ရှာဖွေနိုင်ဖွယ် ရှိသောကြောင့်ဖြစ်ကြောင်း ဦးရဲမြင့်က ထပ်မံရှင်းလင်း ပြောကြားသည်။

၎င်းက “ဒါတွေကို အမြန်ဆုံးလုပ်သွားမှာ ဖြစ်ပါတယ်။ ဘာလို့မလုပ်သေးလဲဆိုတော့ ကျွန်တော်တို့ တာဝန်ပေးအပ်လိုက်တယ်ဆိုရင် သူတို့အတွက် ချီးမြှင့်ငွေ၊ သတ်မှတ်ထားသော လစဉ်အသုံးစရိတ် ဒါတွေလည်း တစ်ပါးတည်းပေးရမှာ ဖြစ်ပါတယ်။ လစဉ်သတ်မှတ်ထားသော အသုံးစရိတ် မရှိဘူးဆိုရင် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ လေ့လာသိရှိပြီးကြတဲ့ အတိုင်းပဲ အခြားသော အစီအစဉ်များနဲ့ ဆောင်ရွက်လာနိုင်ဖွယ်ရှိတဲ့ အနေအထားမျိုးတွေကို တွေ့ကြုံလာနိုင်တဲ့အတွက် အခုဆိုရင်တော့ ဒီလကစပြီး ဘတ်ဂျက်မှာ လျာထားထည့်သွင်း တွက်ချက်ဖို့ ဖြစ်ပါတယ်”ဟု အကျယ်တ၀င့် ရှင်းလင်းပြောကြားသည်။

ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပတ်သက်၍ ပထမအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး သတ္တမနေ့တွင် မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးကြီးအောင်ကျော်မိုးက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ မမှန်မကန် လုပ်ရပ်များအပေါ် လူထုက မကျေနပ်၍ တိုင်ကြားလာမှုများ မှန်ကန်ကြောင်း စိစစ်တွေ့ရှိချက်အရ တာဝန်မှ ထုတ်ပယ်ပြောင်းလဲမှုများ ရှိခဲ့ကြောင်း ပြောသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စုစုပေါင်း ၂၁၂ ဦးအား ထုတ်ပယ်အရေးယူ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းမှုကို ဖြေကြားသည်။

ထို့အပြင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ တာဝန်များ ပျက်ကွက်ခြင်းအပေါ် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို (၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေ၊ အမှတ် ၇)ဖြင့် အရေးယူ ဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်းပြီးဖြစ်ကြောင်း ထို့အပြင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေး ဥပဒေပုဒ်မ ၁၅ ဖြင့်လည်း ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ကျင့်ဝတ်ဖောက်ဖျက်ခြင်း၊
အရည်အချင်း ပျက်ယွင်းခြင်းများအပေါ် အရေးယူဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးအောင်ကျော်မိုးကပြောသည်။

အမရပူရမြို့ ရွှေဂွမ်းထုပ်ရပ်ကွက်နေ အသက် ၂၅ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်မည် ဆိုသည့်အပေါ် ကြိုဆိုကြောင်း၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ လုပ်ဆောင်ချက်များသည် ရပ်ရွာအပေါ် အကျိုးသက်ရောက်မှုရှိပြီး အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်မည်ဆိုလျှင် ရပ်ကွက်အတွက် အမှန်တကယ် အလုပ်လုပ်ပေးနိုင်သော စေတနာထားနိုင်သော လူများကို ဒီမိုကရေစီနည်းကျကျ ရွေးချယ်ခန့်ထားရန် လိုအပ်ကြောင်း ပြောသည်။ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေသစ်တွင် အမျိုးသမီးများလည်း အမျိုးသားများနှင့်တန်းတူ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံနိုင်ခွင့်ရှိသည်။
http://7daynewsjournal.com/article/7742

အာရှ၏ ကိုလိုနီခေတ်နောက်ဆုံးခံတပ်ကြီးကို ထိန်းသိမ်းခြင်း

by Yangon Press International on Wednesday, October 3, 2012 at 12:39pm ·
အေပီသတင်းဌာနမှ ဒဲန်းနစ်ဂရေး၏ဆောင်းပါးကို အောင်ထွန်းဦးဘာသာပြန်သည်။
အာရှမှာ ဒီလိုနေရာမျိုး ဘယ်နေရာမှာမှ နောက်ထပ်မရှိတော့ပါဘူး။ လူမျိုးစုမျိုးစုံကြားမှာ ရာစုနှစ်တစ်ခု ထက်ပိုပြီး ပကတိအတိုင်း လန်းလန်းဆန်းဆန်း နဲ့အရောင်အသွေးစုံလင်စွာရှိနေခဲ့တဲ့ ခန့်ညားပြီးအညတရ ဖြစ်တဲ့ ကိုလိုနီခေတ်အဆောက်အဦးတွေ ရာပေါင်းများစွာနဲ့ပြည့်နှက်နေတဲ့ မြို့ရှုခင်းတစ်ခုပါ။

အာရှရဲ့အခြားမြို့ကြီးတိုင်းလိုလိုမှာ အတိတ်ကို ဘူဒိုဇာနဲ့ဖြိုချဖျက်စီးခဲ့တဲ့ လျင်မြန်တဲ့ခေတ်မီတိုးတက်မှုဟာ မြန်မာနိုင်ငံရဲ့အကြီးဆုံးမြို့နဲ့အရင်ကမြို့တော်ဟောင်းဖြစ်ခဲ့တဲ့ ရန်ကုန်မြို့ကိုတော့ရှောင်ကွင်းခဲ့ပါတယ်။ Rangoon လို့တစ်ချိန်ကသိခဲ့ကြတဲ့ ရန်ကုန်မြို့ကို “အချိန်ကိုဖမ်းထားတဲ့မြို့”လို့ ဖော်ပြကြပါတယ်။




အခုအခါမှာတော့ မြန်မာနိုင်ငံဟာ အလျင်အမြန်တိုးပွါးလာတဲ့ကမ္ဘာလှည့်ခရီးသည်တွေအပါအ၀င် ပြင်ပကမ္ဘာဆီ ကိုကြာရှည်ပိတ်ထားတဲ့ တံခါးတွေဖွင့်လိုက်တဲ့အချိန်မှာပဲ ရန်ကုန်မြို့ရဲ့ဗိသုကာလက်ရာတွေနဲ့နှစ်သက်ကြည် နူးစရာအနေအထားကို အားကောင်းလာတဲ့တိုးတက်မှုနဲ့ယိုယွင်းမှုကနေ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့ အဓိကကျတဲ့ အားထုတ်မှုတစ်ရပ်ကိုလုပ်ဆောင်လိုက်တာဖြစ်ပါတယ်။

“ကျွန်မတို့အတွက်ရန်ကုန်မြို့မှာလက်ဆောင်တစ်ခုရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့အရေးတကြီးဆောင်ရွက်ဖို့လို ပါတယ်။နို့မဟုတ်ရင် အဲဒီလက်ဆောင်ကို ထာဝရဆုံးရှုံးရပါလိမ့်မယ်” လို့ မြို့ပြရေးရာကျွမ်းကျင်သူ ဇင်နွယ်မြင့် က မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ နိုင်ငံခြားသားနဲ့ဒေသခံထိန်းသိမ်းစောင့်ရှောက်သူများရဲ့ ဆွေးနွေးပွဲ တစ်ခုမှာ ပြောခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို မကြာသေးခင်ကမှတည်ထောင်ထားတဲ့ Yangon Heritage Trust ကစီစဉ်ခဲ့ တာပါ။

တကယ့်ကိုလက်ဆောင်ပဲဆိုတာကတော့ တက်ရောက်လာသူတွေ ဆွေးနွေးပွဲကျင်းပရာ Strand ကနေထွက် လိုက်တာနဲ့ထင်ရှားပါတယ်။ Strand ဟာ မြစ်ကမ်းပါးစင်္ကြံတစ်လျှောက်မှာ ၁၉၀၁ခုနှစ်ကတည်ဆောက်ခဲ့တဲ့ အထင်ကရဟိုတယ်တစ်ခုဖြစ်ပြီး တစ်ခါတုန်းက ဘားမားလို့သိကြတဲ့ နိုင်ငံကိုဝင်လာကြတဲ့ ကမ္ဘာလှည့်ခရီး သည်တွေဆင်းကြတဲ့ ဆိပ်ကမ်းတွေနားမှာရှိတာလည်းဖြစ်ပါတယ်။

အဲဒီနေကနေ တစ်နာရီမရှိတရှိလောက်လမ်းလျှောက်သွားတဲ့အခါမှာ ၀ိတိုရိယပုံစံ၊အန်းဘုရင်မပုံစံ၊ ရှေးဟောင်း ရောမနဲ့ဂရိဂန္ထ၀င်ပုံစံ၊ Art Deco ပုံစံနဲ့ ဗြိတိသျှနဲ့မြန်မာရောစပ်ထားတဲ့ပုံစံစတဲ့ ဗြိတိသျှကိုလိုနီခေတ် အဆောက် အဦတွေနဲ့ဟန်ပန်အဖုံဖုံက ခရီးသွားတွေကိုဧည့်ဝတ်ကြိုနေပါတော့တယ်။ အဲဒီအဆောက်အဦတွေအများအပြား ဟာ မိုးပေါ်ထောင်နေတဲ့ရွှေရောင်အချွန်နဲ့ဆူးလေစေတီက အလယ်ဗဟိုမှာရှိတဲ့ စစ်တုရင်ကွက်ပုံစံအကွက်ချ ထားတဲ့လမ်းတွေတစ်လျှောက် စုပြုံတည်ရှိနေတာဖြစ်ပါတယ်။

မကြာသေးခင်ကမှထုတ်ဝေခဲ့တဲ့ “ရန်ကုန်မြို့ရဲ့ရှေးဟောင်းအမွေအနှစ်အဆောက်အဦ ၃၀” ဆိုတဲ့စာအုပ်ကို ရေးသားသူ ဆယ်ရာရူနီ က သူမအကြိုက်ဆုံးအဆောက်အဦတွေထဲမှာ ပဲခူးကလပ်နဲ့ လောကနတ်ပန်းချီပြခန်း အဆောက်အဦတွေ ပါတယ်လို့ပြောပါတယ်။

ကျွန်းသစ်တွေနဲ့ဆောက်ထားတဲ့ ကလပ်ဟာ အတော်လေးယိုယွင်းပျက်စီးနေပြီး အဲဒီအတွက်ကြောင့်ပဲ့ အလွန် အကျွံပြင်ဆင်ခြင်းခံထားရတဲ့ အာရှကရှေးဟောင်းအမွေအနှစ်အဆောက်အဦ အများအပြားထက်ပိုပြီး စိတ်အာရုံကိုနှိုးဆွပေးပြီးအောက်မေ့သတိရစေတယ်လို့ သူမကပြောပါတယ်။တစ်ချိန်တစ်ခါက ကိုလိုနီနယ်မြေ ရဲ့ သီးသန့်အဖြစ်ဆုံးနဲ့ဇီဇာအကြောင်ဆုံးဖြစ်တဲ့ ဒီကလပ်ဟာ ရဒ်ယာဒ်ကစ်ပလင်း(Rudyard Kipling) လို ပုဂ္ဂိုလ်တွေကိုဧည့်ခံခဲ့ပါတယ်။ ကစ်ပလင်းဟာ ၁၈၈၉ မှာအဲဒီမြို့ကပြန်ပြီးတဲ့နောက် စစ်သားတွေနဲ့အရက်အ တူတူသောက်ပြီး သွက်လက်မြူးကြွတဲ့ “မန္တလေးသွားတဲ့လမ်း” ဆိုတဲ့ကဗျာကို ရေးစပ်ခဲ့တယ်လို့ဆိုကြပါတယ်။

လောကနတ်အဆောက်အဦဟာ “ရန်ကုန်မြို့ရဲ့လူမျိုးပေါင်းစုံရှိမှုသင်္ကေတ” ဖြစ်တယ်လို့ ရူနီကပြောပါတယ်။ ဘဂ္ဂဒက်မြို့သားဂျူးကုန်သည်တစ်ဦးက ၁၉၀၆ခုနှစ်မှာတည်ဆောက်ခဲ့တဲ့ ဒီအဆောက်အဦဟာ ဖိလစ်ပိုင်ဆံပင် အလှပြင်ဆိုင်တစ်ဆိုင်၊ ဂရိသားရေကုန်သည်နဲ့အတူ အီဂျစ်စီးကရက်၊ဂျာမန်ဘီယာနဲ့ဗြိတိသျှသကြားလုံး ဖြန့်ချိ တဲ့ကုမ္ပဏီတွေရှိခဲ့တာကြောင့် မြို့တော်ရဲ့ဂုဏ်အရှိဆုံး စီးပွါးရေးလုပ်ငန်းနေရာတစ်ခုဖြစ်ခဲ့ပါတယ်။



ထိန်းသိမ်းရေးအဖွဲ့ကိုဦးဆောင်သူ အနောက်တိုင်းမှာပညာသင်ခဲ့တဲ့သမိုင်းပညာရှင် သန့်မြင့်ဦးက Strand ဟို တယ်ရဲ့တစ်မိုင်ပတ်လည်အတွင်းမှာ ရိုမန်ကက်သလစ်၊ပရိုတက်စတင့်နဲ့အာမေနီးယန်းဘုရားရှိခိုးကျောင်းတွေ၊ ရှီးယားနဲ့စွန်နီဗလီတွေ၊ ဂျိန်းဝတ်ကျောင်းတစ်ခု၊ ဟိန္ဒူဘုရားရှိခိုးကျောင်းတစ်ခုနဲ့ အသစ်ပြန်လည်မွမ်းမံထားတဲ့ ဂျူးဘုရားကျောင်းတစ်ခုရှိတယ်လို့မှတ်ချက်ပြုပါတယ်။ အဲဒီဂျူးဘုရားကျောင်းဟာ တစ်ချိန်တုန်းက အာရှရဲ့အ ကြီးမားဆုံးဂျူးလူမျိုးအသိုင်းအ၀န်းများရဲ့ဗဟိုလည်းဖြစ်ခဲ့ပါတယ်။

များပြားလှတဲ့သဘာဝသယံဇာတတွေ အထူးသဖြင့် ကျွန်းသစ်၊ရေနံနဲ့ဆန်စပါးတို့ရဲ့ဆွဲဆောင်မှုကြောင့် ကြွယ်ဝ မှုကိုရှာဖွေကြသူတွေနဲ့ ဆင်းရဲတဲ့အလုပ်သမားတွေဟာ တစ်ကမ္ဘာလုံးကနေစုပြုံဝင်ရောက်လာခဲ့ကြပြီး ရန်ကုန် ကို နိုင်ငံတကာမြို့ကြီးအဖြစ်ပြောင်းလဲပစ်ခဲ့ပါတယ်။ ၁၉၂၀ပြည့်လွန်ကာလတွေမှာဆိုရင် တစ်ခါတစ်ရံ ရန်ကုန်မြို့ဟာ နယူးယောက်မြို့ထက်ပိုပြီး ရွှေ့ပြောင်းဝင်ရောက်လာသူတွေကိုကြိုဆိုခဲ့တာပါ။

အဲဒီနောက်မှာတော့ ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာခဲ့ပြီး ၁၉၆၂ခုနှစ်မှာတော့ ရာစုနှစ်ဝက်ကြာအထီးကျန်မှု၊ အာဏာရှင်အုပ်ချုပ်မှုနဲ့ စီးပွါးရေးဆိတ်သုန်းမှု တွေကိုဖွင့်လှစ်ပေးခဲ့တဲ့ အာဏာသိမ်းမှုတစ်ရပ်ပေါ်ပေါက်ခဲ့ ပါတယ်။ ဒီအာဏာသိမ်းမှုကပဲ ရန်ကုန်နဲ့မြို့သူမြို့သားတွေကိုအနှေးနဲ့အမြန်ဆိုသလို တန့်သွားအောင်လုပ်ခဲ့တဲ့ အဓိကအချက်လည်းဖြစ်ခဲ့ကောင်းဖြစ်နိုင်ပါတယ်။

“ရန်ကုန်မြို့မှာ ရှင်သန်ဆဲအမွေအနှစ်တွေအများကြီးရှိသေးသလို ဆယ်စုနှစ်ပေါင်းများစွာကြာအောင်အဲဒီ အဆောက်အဦဟောင်းတွေရဲ့ပတ်ဝန်းကျင်နဲ့အတွင်းထဲမှာ ပေါက်ဖွားကြီးပြင်းခဲ့တဲ့စရိုက်သွင်ပြင်တွေနဲ့ လူမှုကွန်ယက်တွေရှိပါသေးတယ်” လို့ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လှိုင်မော်ဦးကပြောပါတယ်။ ဒီအမွေအနှစ် ကို ရန်ကုန်မြို့ရဲ့ကျယ်ပြန့်လာတဲ့ စိမ်းစိမ်းစိုစိုနေရာတွေ၊ရေကန်တွေ၊ဆင်ခြေဖုံးအိမ်ရာတွေနဲ့အတူ ပြုစုစောင့်ရှောက်ဖို့လည်း သူကတိုက်တွန်းထားပါတယ်။

အခြားအကြံပြုချက်တွေထဲမှာတော့ ဆောက်လုပ်ရေးလုပ်ငန်းအသစ်တွေအပေါ်ကန့်သတ်ချက်တွေမြင့်မြင့်ထား ရှိဖို့၊ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာသင်တန်းပေးခြင်း၊ အများပြည်သူသိရှိအောင်လုပ်ဆောင်ရေး နဲ့ခိုင်မာတဲ့ တရားဝင်သုတေသနနဲ့ ဖြိုဖျက်ခြင်းမလုပ်ရမယ့် အဆောက်အဦတွေအားလုံးရဲ့စာရင်းပြုစုရေးတို့ပါဝင်ပါတယ်။ စည်ပင်သာယာဌာနကလည်း အဆောက်အဦ ၁၈၈ခုကို ထိန်းသိမ်းစောင့်ရှောက်ရေးစီမံချက်ကိုတင်ပြပါတယ်။



အဲဒီအဆောက်အဦးတွေကို ရန်ကုန်သူရန်ကုန်သားတွေအတွက်ရော ကမ္ဘာလှည့်ခရီးသည်တွေအတွက်ပါ အကျိုးရှိအောင် အကောင်းဆုံးဘယ်လိုအသုံးချမလဲဆိုတာကိုလည်းဆွေးနွေးခဲ့ပါတယ်။ အများသဘောဆန္ဒက တော့ တစ်ချို့အဆောက်အဦးတွေကို အမြတ်အစွန်းရမယ့် ဟိုတယ်နဲ့စီးပွါးရေးလုပ်ငန်းအဖြစ်ပြောင်းလဲပစ်ဖို့ဖြစ် ပြီး တစ်ချို့ကိုတော့ငွေကြေးထောက်ပံ့ပေးရမယ့် အနုပညာပြခန်းတွေ၊ပြတိုက်တွေနဲ့ကျောင်းတွေအဖြစ်ရှိနေစေ ဖို့ပါပဲ။

“ကျွန်တော်တို့ဟာ ဒီမြို့ရဲ့သမိုင်းမှာအပြောင်းအလဲကာလကိုရောက်နေပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီးဝန် ကြီးချုပ်ဦးမြင့်ဆွေက ဆွေးနွေးပွဲကိုပြောကြားပါတယ်။

“ကျွန်တော်တို့ဟာ ရန်ကုန်မြို့ကို၂၁ရာစုရဲ့မြို့တစ်မြို့အ ဖြစ်မြင်တွေ့လိုသလို ကျွန်တော်တို့ရဲ့အကောင်းဆုံးအမွေအနှစ်တွေကိုလည်းထိန်းသိမ်းလိုပါတယ်။ ကျွန်တော် တို့ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေနဲ့ပတ်သက်လို့ ကျွန်တော့်အနေနဲ့ဘာမှယုံမှားသံသယမရှိပါဘူး၊ ဒါပေမယ့် အခြားအာရှမြို့ကြီးတွေရဲ့အမှားတွေကနေပြီး ကျွန်တော်တို့သင်ခန်းစာယူရပါလိမ့်မယ်။”

အစိုးရဌာနတွေရှိခဲ့တဲ့အဆောက်အဦအများအပြားဟာ အစိုးရကမြို့တော်ကိုနေပြည်တော်ဆီပြောင်းသွားခဲ့တဲ့ ၂၀၀၅ ကတည်းကဗလာကျင်းကျန်ခဲ့တာဖြစ်ပြီး ရောင်းချခြင်းခံခဲ့ရပါတယ်။ အဆောက်အဦတစ်ချို့ ပြင်မရ လောက်အောင်ပျက်စီးသွားမှာ ဒါမှာမဟုတ် ဆောက်လုပ်ရေးသမားတွေက၀ယ်ယူပြီးဖြိုချပစ်လိုက်မှာကို စိုးရိမ် နေကြတာပါ။

အကာအကွယ်ပေးခြင်းမခံရသေးတဲ့ ပုဂ္ဂလိကပိုင်အဆောက်အဦးအများအပြားကတော့ ဖြိုချခံခဲ့ရပြီးဖြစ်ကာ အရုပ်ဆိုးအကျည်းတန်တဲ့ အထပ်မြင့်အဆောက်အဦးတွေက ထာဝရအစားထိုးနေရာယူလိုက်ပြီဖြစ်ပါတယ်။ဒီ အဆောက်အဦးတွေဟာ တစ်ချိန်တစ်ခါကညီညီညာညာရှိခဲ့တဲ့ အဆောက်အဦတွေရဲ့အနားသတ်မျဉ်းကို ပျက်စီးစေပါတယ်။

ဗြိတိသျှသံရုံး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ စိန်ပေါလ်ကျောင်းနဲ့ မြို့တော်ခန်းမတို့အပါအ၀င် နိုင်ငံပိုင်အဆောက် အဦအချို့နဲ့ အပြည့်အ၀အသုံးပြုခံရတဲ့အထင်ကရအဆောက်အအုံ အချို့ကတော့ဘေးကင်းပုံရပါတယ်။ ဒီအဆောက်အဦတွေဟာ ဥရောပဒီဇိုင်းနဲ့ မြန်မာဘုရားပုထိုးများကလွှမ်းမိုးတဲ့အဆင်အယင်တွေရဲ့အရောအ နှောလည်းဖြစ်ပါတယ်။

အလားတူဘေးအန္တရာယ်ကင်းတာကတော့ သူတို့အားလုံးထဲမှာ အကြီးကျယ်အခမ်းနားဆုံးဖြစ်တဲ့ ဗြိတိသျှကိုလိုနီအာဏာတည်ရှိခဲ့ရာ ယခင်အတွင်းဝန်များရုံးပဲဖြစ်ပါတယ်။

အဲဒီကြီးမားလှတဲ့ ၀ိတီုရိယခေတ်ဟန် အဆောက်အဦထဲမှာ မြန်မာ့လွတ်လပ်ရေးနဲ့ဒီမိုကရေစီခေါင်းဆောင်အောင်ဆန်းစုကြည်တို့ရဲ့ချစ်လှစွာသောဖ ခင်ကြီး အောင်ဆန်းဟာ ၁၉၄၇ ခုနှစ်မှာလုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီအဆောက်အဦကို ဟိုတယ်အဖြစ်ပြောင်းလဲဖို့ နိုင်ငံခြားရင်းနှီးမြှပ်နှံသူတစ်ဦးက လေလံဆွဲတာကြောင့် လူထုအနေနဲ့အုတ်အော်သောင်းတင်းဖြစ်ခဲ့ပါတယ်။ ဒါကရန်ကုန်သူရန်ကုန်သားတွေအနေနဲ့ သူတို့ရဲ့အမွေအ နှစ်တွေအတွက် မားမားမတ်မတ်ရပ်တည်ဖို့အသင့်ပြင်ထားတယ်ဆိုတဲ့ မျှော်လင့်ချက်ရှိစရာလက္ခဏာတစ်ရပ် ဖြစ်ပါတယ်။       ။

မုတ်သုန်ကိုမှီတဲ့မီးသံသရာ ဘယ်တော့လွတ်မလဲ

by Yangon Media Group on Tuesday, October 2, 2012 at 12:22pm ·

ကိုကို(စက်မှုတက္ကသိုလ်)

နေပြည်တော် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ပြီးခဲ့တဲ့အပတ်မှာ ဆွေးနွေးပွဲတစ်ပွဲပြုလုပ်ခဲ့ပါတယ်။ လျှပ်စစ်ကဏ္ဍမှာပြည်တွင်းပြည်ပရင်းနှီးမြှပ်နှံမှုတွေဖိတ်ခေါ်နိုင်ဖို့အတွက်ပြုလုပ်တဲ့ အဲဒီဆွေးနွေးပွဲကို ပြင်ပပညာရှင်တွေ၊လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှာအလုပ်လုပ်ခဲ့ဖူးတဲ့ အငြိမ်းစားကျွမ်းကျင်ဝန်ထမ်း ဟောင်းကြီးတွေ၊ရင်းနှီးမြှပ်နှံမယ့်ကုမ္ပဏီတွေကို ဖိတ်ကြားခဲ့ပါတယ်။ ကျွန်တော့်ကိုလဲ ပြည်ထောင်စုဝန်ကြီးက လာရောက်လေ့လာ ဆွေးနွေးပေးဖို့ပြောပါတယ်။အဲဒါနဲ့ ကျွန်တော်လဲ မရောက်တာကြာပြီဖြစ်တဲ့ နေပြည်တော်ကို တစ်ခေါက် ရောက်ခဲ့ရပါတယ်။

ဆွေးနွေးပွဲက စိတ်ဝင်စားစရာကောင်းပါတယ်။အဲဒီမှာ ရေအားလျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးလုပ် ငန်းတွေကို စုပေါင်းပြီး နိုင်ငံပိုင်ကော်ပိုရေးရှင်းကြီးတစ်ခုဖွဲ့စည်းနိုင်မည့် စိတ်ကူးအစီအစဉ်တစ်ရပ်ကိုပါ ၀န်ကြီးဌာန က ချပြခဲ့ပါတယ်။အဲဒီကော်ပိုရေးရှင်းကြီးက နောက်ပိုင်းမှာ သဘာဝဓါတ်ငွေ့ဓါတ်အားပေး စက်ရုံတွေကိုပါ သူ့အောက်ထည့်သွင်းနိုင်မယ့်အစီအစဉ်များလည်းပါပါတယ်။ဆိုလိုတာက လက်ရှိ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနက ဓါတ်အားဖြန့်ဖြူးရေးလုပ်ပြီး အဲဒီကော်ပိုရေးရှင်းက ထုတ်လုပ်ရေး တာဝန်ယူဖို့ သဘောဖြစ်ပါတယ်။

ဆွေးနွေးကြသူအားလုံးက အဲဒီအဆိုပြုချက်ကို သဘောမကျကြပါဘူး။လျှပ်စစ်(၁)နဲ့(၂)ကိုပေါင်းပြီး ၀န်ကြီးတစ်ဌာနဖွဲ့စည်းလို့ အားလုံးဝမ်းသာနေကြတုန်းမှာ ဒီလိုပြန်လုပ်မှာကို စိုးရိမ်တစ်ကြီးကန့်ကွက်ဆွေး နွေးကြပါတယ်။ကျွန်တော်ကလဲ အဲဒီသဘောနဲ့ထပ်တူပဲ ၀င်ရောက်ဆွေးနွေးခဲ့ပါတယ်။အရင်က ၀န်ကြီးဌာန နှစ်ခုခွဲလုပ်တော့ ပေးတဲ့သူနဲ့ဖြန့်တဲ့သူအကြား ညှိုနှိုင်းရခက်ခဲတာ အားနည်းမှုရှိတာတွေကြောင့် လျှပ်စစ်ဓါတ် အားစီမံရေးမှာ အဆင်မပြေဖြစ်ခဲ့တာတွေရှိခဲ့တာတော်တော်များများသိကြပါတယ်။

အဲဒါကြောင့် ၀န်ကြီးဌာန တစ်ခုတည်းထားပြီးလုပ်ရင် အရင်တွေ့ကြုံခဲ့ရတဲ့ အားနည်းချက်တွေအတန်အသင့်ပြေပျောက်သွားမယ်လို့ ကျွန်တော်ထင်ပါတယ်။ဆွေးနွေးပွဲမှာဆွေးနွေးခဲ့ကြတဲ့အချက်တွေကြောင့် အဲဒီကော်ပိုရေးရှင်းစိတ်ကူးဟာလဲ လက်တွေ့ဖြစ်နိုင်ချေအတော်နည်းသွားမယ်လို့လဲ ကျွန်တော်မျှော်လင့်မိပါတယ်။

အဲဒီနေ့ကဆွေးနွေးပွဲက အတော်ကလေးလွတ်လပ်ပွင့်လင်းတာတွေ့ရပြီး ဆွေးနွေးသူများကလဲ စိတ်ဝင်တစား စေတနာထက်ထက်သန်သန်နဲ့ဆွေးနွေးခဲ့ကြပါတယ်။ဆွေးနွေးမှုတွေကို အနှစ်ချုပ်ပြောရရင်

(က) အရင်ကျင့်သုံးခဲ့တဲ့ ရေအားလျှပ်စစ်ကို အခြေခံတဲ့လျှပ်စစ်ဓါတ်အားမူဝါဒမှားယွင်းနေတယ်။ ရေအားလျှပ်စစ်ဆိုတာ ရာသီအပေါ်မူတည်ပြီးထုတ်လုပ်ရတာဖြစ်တယ်။တစ်နှစ်ပတ်လုံးမှာ ဓါတ်အားကို တစ်သတ်မတ်တည်းထုတ်မပေးနိုင်ဘူး။

(ခ) အဲဒါကြောင့် တစ်သမတ်တည်းဓါတ်အားထုတ်ပေးနိုင်တဲ့ သဘာဝဓါတ်ငွေ့၊ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတွေကို အခြေခံသင့်တယ်။

(ဂ) ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးမှု တစ်ပေါင်းတစ်စည်းတည်းဖြစ်သင့်တယ်။အဲဒါမှ ရေအားကထုတ်လုပ်ရရှိတဲ့ ဓါတ်အားခက ချိုသာလို့ သဘာဝဓါတ်ငွေ့နဲ့ထုတ်တဲ့ဓါတ်အားခကို လျှော့ချ အရှုံးခံထုတ်ပေးနိုင်မယ်။

(ဃ) လျှပ်စစ်ဓါတ်အားဆိုင်ရာ မူဝါဒတွေ စနစ်တကျမှန်မှန်ကန်ကန်ချမှတ်ရမယ်စသဖြင့်ပါ။

ဒါက ကျွန်တော်မှတ်မိသလောက်ရေးချကြည့်မိတာပါ။ ဓါတ်အားခနဲ့ပတ်သက်ပြီးတော်တော်များများက နိုင်ငံတော်က အနစ်နာခံသော နှုန်းထားမျိုးဖြစ်သင့်တယ်ဆွေးနွေးကြတာတွေ့ရပြီး တစ်ယောက်စနှစ်ယောက်စ ကတော့ ဈေးကွက်စီးပွားရေးနှင့်အညီ ဈေးနှုန်းရှိသင့်တယ်လို့ ဆွေးနွေးကြတာလဲတွေ့ရပါတယ်။ပုဂ္ဂလိက ရင်းနှီးမြှပ်နှံမှုတွေ ၀င်လာရင်တော့ အဲဒီဓါတ်အားခဟာ အကြိတ်အနယ် အပြေအလည် ဆွေးနွေးကြရမယ့် ကိစ္စကြီးဖြစ်လာမယ်ထင်ပါတယ်။

          လျှပ်စစ်စွမ်းအားကိစ္စဟာ တိုင်းပြည်အတွက် ပထမဦးစားပေးဖြေရှင်းရမယ့်ကိစ္စဖြစ်ပါတယ်။ အရင်တုန်းကဦးစားပေးမှားခဲ့ပေမယ့် အခုအစိုးရသစ်လက်ထက်မှာ လျှပ်စစ်ကိစ္စကို အရေးတယူလုပ်လာတာ တွေ့ရပါတယ်။ဒါကလဲ ပြီးခဲ့တဲ့နွေရာသီတုန်းက ပြည်သူတွေရဲ့ ဖရောင်းတိုင်လှုပ်ရှားမှုကနေ ထွက်ပေါ်လာတဲ့ပြည်သူ့အသံ ပြည်သူ့ခံစားမှုကို အစိုးရက သိရှိနားလည်ဆောင်ရွက်လာခြင်းလို့လဲဆိုနိုင် ပါတယ်။

          ကျွန်တော့်အနေနဲ့ပြောရရင် ရေအားနဲ့သဘာဝဓါတ်ငွေ့၊ထုတ်လုပ်ရေးနဲ့ဖြန့်ဖြူးရေး တွဲရေးခွဲရေးကိစ္စဟာ အရေးတကြီးကိစ္စမဟုတ်ဘူးလို့ထင်ပါတယ်။ခွဲခဲ့တုန်းက အဆင်မပြေဖြစ်ခဲ့လို့ တွဲလိုက် ပြီးခါမှ လောလောဆယ်တော့ ပြန်မခွဲသင့်သေးဘူးမြင်ပါတယ်။တွဲရေးခွဲရေးထက် အရေးကြီးတာက ပြည်သူတွေ ဓါတ်အား လုံလုံလောက်လောက်ရရှိဖို့ဖြစ်ပါတယ်။အထူးသဖြင့် နွေရာသီရောက်တော့မယ့် အချိန်တိုင်းမှာ ပြည်သူတွေစိတ်ပူရတဲ့ စိတ်ပျက်ရတဲ့ မီးပျက်မှုတွေနည်းပါးသွားအောင် လုပ်ဖို့ပဲဖြစ်ပါတယ်။ ဒါကို ရေတိုအဆင်ပြေအောင်ထက် ရေရှည်အဆင်ပြေအောင် လုပ်ကြဖို့လိုပါတယ်။လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေနဲ့လဲ အခုဆိုအင်အားတောင့်တင်းလာ၊စီမံခန့်ခွဲမှုပိုအဆင်ပြေလာလို့ အရင်ထက်ပိုလုပ်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။အဲသလိုမှမဟုတ်ရင်တော့ မြန်မာနိုင်ငံကလျှပ်စစ်မီးဟာ မုတ်သုန်နဲ့အတူလာပြီး မုတ်သုန်ခွာ တာနဲ့ သူကပါရောပြီး ဆုတ်ခွာသွားတတ်တဲ့ မုတ်သုန်မှီတဲ့ မီးသံသရာမှာပဲ လည်နေဦးမှာ ဖြစ်ပါတယ်လို့တွေးနေမိကြောင်းပါ။

ကိုကို(စက်မှုတက္ကသိုလ်)

၂၉ စက်တင်ဘာ ၂၀၁၂

ရန်ကုန်တိုင်းမ်ဂျာနယ် ( အောက်တိုဘာ ၂-၂၀၁၂ ထုတ်)

တရားမ၀င်ရွှေတင်ပို့မှု များပြားလာ

Yangon Media Group

==========================================

နှင်းကို(သာစည်)
==========================================
ကမ္ဘာ့ရွှေဈေးအမြင့်ဘက်သို့ ဆက်တိုက်ဦးတည်နေသည့်အတွက် ပြည်ပသို့ တရားမဝင်ရွှေတင်ပို့ခြင်းများ ယခုနှစ်ပိုင်းတွင် ပိုမိုများပြား လာနေ ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင် များအသင်း အတွင်းရေးမှူး ဦးကျော် ဝင်းက ပြောကြားသည်။
လက်ရှိပြည်တွင်းရွှေဈေး သည် စက်တင်ဘာ၂၈ရက်တွင် တစ်ကျပ်
သား လျှင် ကျပ်၇၈၇၀၀ဝအဖြစ် သမိုင်းတစ် လျှောက် အမြင့်ဆုံး အနေအထားသို့ ရောက်ရှိနေသော်လည်း ကမ္ဘာ့ရွှေဈေး သည် ပြည်တွင်းရွှေဈေးထက် ပိုမိုမြင့် မားသည့်အနေအထား တစ်ရပ် အဖြစ် တစ်အောင်စလျှင် ဒေါ်လာ၁၇၈ဝသို့ ရောက်ရှိနေရာ တင်ပို့ရောင်းချပါက တွက်ခြေကိုက်သည့် အနေ အထားဖြစ် နေခြင်းကြောင့် အထက်ပါ ကဲ့သို့ ရွှေ တင်ပို့ခြင်းများ များလာခြင်းဖြစ်ကြောင်း ဆိုသည်။

ဦးကျော်ဝင်းက ''တရားမဝင်သွား နေတာ နေ့တိုင်းနီးပါးရှိပါတယ်။ ပမာဏ တော်တော်များတယ်။ ဒီမှာအရောင်း အဝယ်မဖြစ်မှတော့ အဲဒီ(ပြည်ပ)ကိုပဲ သွားမှာပေါ့။ ပမာဏက ကျွန်တော် ပြောရရင် သိပ်မကောင်းဘူး။ အခုလို ရွှေဈေးတက်ချိန်မှာ ပိုသွားတာပေါ့'' ဟု စက်တင်ဘာလ ဒုတိယအပတ်က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ တရားဝင်ရွှေတင်ပို့ခွင့်အား တစ်ခါမှ ခွင့်ပြုပေးခြင်းမရှိသော်လည်း တရား မဝင်အနေအထားဖြင့် တင်ပို့မှုများရှိ နေခဲ့ခြင်းဖြစ်ကာ အဓိကအသုံးများသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံများသို့ အဓိက ပြုလုပ်နေကြကြောင်း ဦးကျော်ဝင်းက ဆက်လက်ပြောသည်။

ဆက်လက်၍ ဦးကျော်ဝင်းက ''အခွန်ထမ်းစရာမလိုဘဲ လုပ်နေကြ တာ။ နိုင်ငံတကာဈေးနှုန်းနဲ့ယှဉ်ရင် အမြတ်လဲများတယ်။ ဒါကို နိုင်ငံတော် က မသိလို့ဘဲလားပေါ့။ တရားဝင်တင်ပို့ နိုင်ရင်တော့ အားလုံးအကျိုးရှိတာပေါ့။ နိုင်ငံတော်လဲ အခွန်ရတယ်လေ''ဟု ပြောသည်။

ယခင်က ကမ္ဘာ့ရွှေဈေးသည် တစ် အောင်စကို ဒေါ်လာ၁၉၀ဝအထိမြင့် တက်ဖူးပြီး ယင်းသို့ ကမ္ဘာ့ရွှေဈေးမြင့် တက်နေသရွေ့ မြန်မာ့ရွှေဈေးသည် လည်း ဆက်လက်မြင့်တက်နေဦးမည် ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များက သုံးသပ်သည်။
မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသူတော်က ''ကမ္ဘာ့ ရွှေဈေးဆက်တက်နေသရွေ့ မြန်မာ့ ရွှေဈေးလဲ ဆက်တက်နေမှာပဲ။ လိုက် မတက်ရင် ကျွန်တော်တို့ရွှေတွေ သူတို့ (ပြည်ပ)ဆီကိုရောက်သွားမှာပေါ့။ ဒီ အတိုင်းတောင် ရွှေတွေက တရားမဝင် ထုတ်ဖို့ကြိုးစားနေကြတာ''ဟု ပြော သည်။

ပြည်တွင်းရွှေဈေးကွက် လမ်းမ တော်ဦးထုံရွှေဆိုင်မှ အရောင်းတာဝန် ခံတစ်ဦးက ''ဘာလုပ်စားရမှန်းတောင် တွက်ဆလို့မရဘူး။ ရွှေကလာရောင်း တဲ့သူပဲရှိတာ။ ဝယ်တဲ့သူမရှိဘူး။ ငွေပြန် ကောက်ရတာ ခက်တာပေါ့။ အရောင်း အဝယ်ကတော့ ရေခဲတုံးပဲလို့ပြောရ မယ်''ဟု ပြောသည်။

အနာဂတ်မဲ့ နေလောင်ပန်းလေးများ

by Popular Myanmar News Journal on Wednesday, October 3, 2012 at 3:40am ·

ရန်ကုန်ဘူတာကြီး၏ နံနက် ခင်းသည် ထုံးစံအတိုင်း ရှုပ်ယှက် ခတ်လှုပ်ရှားနေသည်။ မြို့ပတ်ရ ထားက ရှုးရှုးရှဲရှဲဖြင့် ထိုးဆိုက် လာသည်နှင့် လူများစွာ ဝေါခနဲ က တိုက် ကရိုက်ဆင်းလာကြသည်။ ဒီ မြင်ကွင်းက မထူးဆန်းပါ။ဘူတာ ကြီးသို့ ဝင်ထွက်သွား လာဖူးသူများအတွက် နည်းနည်းမှ မထူးဆန်း။

အကယ်၍ ထိုခရီးသည်များ ကြား သင်ဂရုတစိုက် စောင့်ကြည့် နိုင်မည်ဆိုပါက ဆံပင် ဘုတ်သိုက်၊ ညစ်ပေဟောင်းနွမ်းသော အဝတ် အစားများဖြင့် အသက်ဆယ်နှစ် ဝန်းကျင် ကလေးငယ်များကို တွေ့ ရမည်ဖြစ်သည်။ ရထားဆိုက်သည် နှင့် သူတို့ကလေးတစ်စု အလုအ ယက် ဆင်းကြမည်။ သို့သော် သူတို့လက်ဗလာသက်သက်တော့ မဟုတ်။ အထုပ်ငယ်လေးများကို ခေါင်းပေါ်ရွက်ကာ တစ်စုစီ တစ်နေ ရာစီ ဦးတည်သွားကြမည်။ တကယ်တော့ ထိုကလေးငယ် များသည် ရန်ကုန်မြို့အနှံ့ တောင်း ရမ်းစားသောက်ရန်အတွက် ဆင် ခြေဖုံးရပ်ကွက်များမှ နေ့စဉ်နံနက် တိုင်းရထားစီးကာ လာကြခြင်း ဖြစ်ပြီး သူတို့ရွက်ထားသော အထုပ် ငယ်များမှာ အိုးတိုက်ဖွဲပြာ များဖြစ် ပြီး သူတို့အတွက်အကာအကွယ် ဖြစ်သည်ဟု မြောက်ဒဂုံ ၄၈ ရပ် ကွက်တွင် နေထိုင်ပြီး အသက် ၅ နှစ်အရွယ်ရှိ မောင်ငယ်ကို လက်ဆွဲ ကာ လိုက်လံ တောင်း ရမ်းးနေသည့် အသက် ၉ နှစ်ရှိ မပုံပုံက ပြော သည်။
”အိုးတိုက်ဖွဲပြာရောင်းသလို လုပ်တာ။ အဖမ်းခံရမှာစိုးလို့”ဟု သူမက ပြောသည်။
စာသင်ခန်းအတွင်း ပညာသင် ကြားနေရမည့်အရွယ်လေးများ ဖြစ်သော်လည်း အကြောင်းပြချက် များစွာရှိနိုင်သည့် အဆင်မပြေမှုများ ကြောင့် မိဘများကိုယ်တိုင် ၄င်းတို့ သားသမီးများအား လိုက်လံတောင်း ရမ်းခိုင်းသူများရှိပါသည်။ ငွေရ လွယ်သော တောင်းရမ်းသည့်ဘဝ ကို ကလေးငယ်တချို့ ကိုယ်တိုင်က သဘောကျ ကာမိဘ များမသိအောင် တောင်း ရမ်းစားသောက်သူများ လည်းရှိနေကြကြောင်း ကလေးငယ် များထံမှ သိရပါသည်။ သို့သော် အများစုမှာ မိဘများကိုယ်တိုင်က ပညာရေး နိမ့် ပါးသည့်အတွက်စားဝတ်နေရေး အဆင်မပြေမှုကို အကြောင်းပြု၍ ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုသလို ၄င်းတို့ မွေးထုတ်ထားသော သားသမီးများ အား တောင်း ရမ်းရန် အတင်းအကျပ် ခိုင်းစေကြခြင်းဖြစ်ပြီး ကလေးငယ် များက တောင်းရမ်း ခြင်းမပြုလိုကရိုက်နှက်ခိုင်းစေကြသည့်အတွက် တောင်းရမ်းစားသောက်သူ ဘဝသို့   ရောက်ရှိသွားခဲ့သူများလည်း ရှိပါ သည်။
 ”မနက်ဆို ၈ နာရီထိုးတာနဲ့ မောင်လေးကို ခေါ်ပြီး အိမ်က စထွက်တယ်။ အိမ်ကမထွက်ခင် အမေက သမီးတို့မောင်နှမ နှစ် ယောက်ကို ထမင်းတော့ကျွေး  လိုက်တယ်။ အိမ်ကနေထွက်တဲ့ အချိန် သူငယ်ချင်းတွေနဲ့လမ်းမှာ ချိန်းပြီး မြောက်ဥက္ကလာဘူတာကို လမ်းလျှောက်သွားတယ်။ အဲဒီ နောက် ဘူတာကနေ ရထားစီးပြီး မြိ့ထဲမှာ လိုက်တောင်းတယ်။ ည ၇ နာရီအထိပဲ။ ဒီလိုတောင်း လို့ တစ်ရက်ကို နှစ်ထောင်နဲ့ သုံးထောင် ကြားတော့ရတယ်။ ရတဲ့ပိုက်ဆံကို အိမ်ကို အကုန်ပြန်အပ်ရတယ်။ မအပ်နိုင်ရင် နောက်နေ့မနက်စား စရာမရှိဘူး။ အခုလည်း နေ့လယ် ပိုင်းတွေကတော့ ထမင်းမစားရ ဘူး။ အိမ်ပြန်ရောက်မှ နေ့လယ်စာ ပေါင်းစားရတယ်” ဟု မြောက်ဒဂုံ မှ မြို့ထဲသို့လာရောက် တောင်းရမ်းစား သောက်သူ အသက် ၁၂ အရွယ်ရှိ မထက်ထက်လွင်က စေတနာရှင်တစ်ဦးဝယ်ကျွေးသော ထမင်းကို ပလုပ်ပလောင်း စားရင်း   ပြော သည်။ထိုကလေးငယ်များ၏ ဘဝ ကား ပညာကောင်းမွန်စွာ သင်ကြား ရခြင်းမရှိဘဲ အရွယ်မတိုင်မီ လမ်းမ များပေါ်ရောက်ရှိခဲ့ရသည့်အတွက် အခြားသောကလေး ငယ်များနှင့် စိတ်နေစိတ်ထား၊ စရိုက်လက္ခဏာ များ လုံးဝတူညီခြင်းမရှိဘဲ ကွဲပြား ခြားနားသည်။လမ်းပေါ်၌ တောင်း ရမ်းစားသောက်သူ ကလေးငယ် များမှာ မိဘအုပ် ထိန်းသူ ဆိုဆုံး မမှုနှင့်ဝေးကွာသည့်အတွက် စိတ် ပိုင်းဆိုင်ရာလုံခြုံမှုမရှိဘဲ ရန်လိုစိတ် များသာ လွှမ်းမိုးနေခြင်းကြောင့် ကြမ်းတမ်း ရိုင်းစိုင်းသောလက္ခဏာ များကြီးစိုးေ နကြသည်ဟု အခြေအနေမဲ့ကလေးငယ်များအား ထိန်း သိမ်းပြုစုစောင့်ရှောက်ပေးနေသည့် ပြည်ကြီးခင် အဖွဲ့မှ ဒါရိုက်တာ ဒေါ်နွယ်ဇင်အေးက ဆိုသည်။ ”ဒီလိုကေ လးတွေ အများစုက လမ်းပေါ်ရောက်သွားတဲ့အခါ သူတို့ ကိုသွန်သင်မယ့်သူ မရှိတဲ့အတွက် အပေါင်းအသင်းတွေမှားပြီး သူများ လုပ်တာကို လိုက်လုပ်တာတွေ၊ ကော်ရှူ တာတွေစတဲ့ မကောင်းတဲ့ အပြုအမူတွေကို လုပ်ဖို့လွယ်သွား တယ်။ ဒါကြောင့် သူတို့တွေကြားမှာ တစ်ဦးနှင့်တစ်ဦးကြား လိင်ပိုင်ဆိုင် ရာ အကြမ်းဖက်မှုတွေ၊ ရောဂါ မကာကွယ်နိုင်ဘဲ HIV ကူးစက် ခံရတာတွေ၊ ကော်ရှူတာတွေ ဖြစ် လာတဲ့အပြင် လူကုန်ကူးသူတွေက လည်း ဒီလိုကလေးတွေကိုပစ်မှတ် ထားပြီးအများဆုံး လူကုန် ကူးကြ တာများတယ်ဟု ၄င်းက ဆိုသည်။ နောက်တစ်ပိုင်းကတော့ ဒီလိုမှ မဟုတ်ဘဲ တောင်းရမ်းစားသောက် ရင်း အရွယ်ရောက်လာတဲ့ မိန်းက လေးငယ်အများစုကလ ည်း လိင်မှု ကိစ္စတွေနဲ့ ပတ်သက်ပြီး လမ်းမှား ကို ရောက်ကုန်ကြတာများတယ်”ဟု၎င်းကထပ်လောင်းပြောသည်။


ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် တောင်းရမ်းစားသောက်သူ ပပျောက်ရေး

ယခင်အစိုးရ လက်ထက်က ရန်ကုန်၌ တောင်းရမ်းစားသောက် သူများပပျောက်စေရန် တောင်းရမ်း စားသောက်သူများအား စည်ပင်ရဲ မှဖမ်းဆီး၍ အသက် ၁၈ နှစ်ထ က် ကျော်လွန်သူများအား ဖမ်းဆီးကာ ထောင်ချခြင်း၊ အသက် ၁၈ နှစ် မပြည့်သေးသောကလေးငယ်များ အား လူမှုဝန်ထမ်းဦးစီးဌာန လက် အောက်ရှိ လူငယ်သင်တ န်းကျောင်း များသို့ ပို့ဆောင်ခြင်းများ ပြုလုပ်ခဲ့ သော်လည်း အစိုးရသစ်ပြောင်းလဲ ချိန၌ တောင်းရမ်းစားသောက်သူ များအား ဖမ်းဆီးအရေးယူမှုမှာ အတန်အသင့်လျော့ နည်းသွားခြင်း နှင့်အတူ တောင်းရမ်းစားသောက် သူများပိုများလာခြင်းကြောင့် တိုင်း ဒေသကြီးဝန်ကြီးချုပ်မှ စီမံချက် ချကာ အရေးယူခိုင်းထားကြောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးတင်ဇော်မိုးက ပြော သည်။”လူမှုဝန်ထမ်းဦးစီးဌာနအနေ နဲ့ကတော့ စည်ပင်ရဲကဖမ်းပြီး လာ ပို့တဲ့ကလေးတွေကို စာရိတ္တပိုင်း ဆိုင်ရာ   ပြုပြင်ပေးပြီး ပညာသင် ပေးဖို့ ကျိုက်ဝိုင်း၊ သန်လျင်နဲ့ ငှက်အော်စမ်းမှာရှိတဲ့ လူငယ် သင်တန်းကျောင်းမှာ ထိန်းထားပေး တယ်။ ပညာသင်ဖို့ခက်တဲ့ကလေး တွေ ကျတော့ အသက်မွေးဝမ်း ကျောင်းပညာတွေ သင်ပေးတယ်။ ဒါပေမဲ့ သူတို့အတွက် အလုပ်တော့ ရှာမပေးနိုင်ဘူး။ သင်တန်းကျောင်း တွေမှာသာ စည်းကမ်းနဲ့နေရပြီး ပိုက်ဆံလည်းမရတဲ့အခါကျတော့ ထွက်ပြေးတဲ့ ကလေးတွေလည်း ရှိတယ်။ နိုင်ငံ တော်အပိုင်းတွေအနေ နဲ့ ဒီလိုလေလွင့်ကလေးငယ်တွေကို ထိန်းသိမ်းရတာက သူတို့ကိုမထိန်း သိမ်းဘဲ ဒီအတိုင်းထားရင် ကြီးလာ တဲ့အခါ လူဆိုးသူခိုးတွေ ဖြစ်သွား မှာစိုးလို့”ဟု ¤င်းကရှင်းပြသည်။
 တောင်းရမ်းစားသောက်သူ အများစုအား ဖမ်းဆီးအရေးယူရာ ၌ ယခင်က ထိုတောင်းရမ်းစား သောက်သူများမှာ အိမ်ခြေယာမဲ့ များသာ များသော်လည်း ယခုအခါ  ဆင်ခြေဖုံးမြို့ နယ်များဖြစ်သော သန်လျင်၊ သာကေတ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ရွှေပြည်သာနှင့် လှိုင် သာယာမြို့နယ်များတွင် နေထိုင်သူ များသာ ဖြစ်ကြကြောင်း၊ ၄င်းတို့မှာ ဖမ်းဆီး အရေးယူသော်လည်း အပြစ် ဒဏ် ကျခံနေရာမှ ပြန်လည် လွတ်မြောက်ပါက ပြန်၍ တောင်း ရမ်းစားသောက်ကြသည်အ တွက် တောင်းရမ်း စား သောက်သူများ လုံးဝပပျောက်ရေးအတွက် မဖြေ ရှင်းနိုင်သောအခက် အခဲတစ်ရပ် ဖြစ်လာသည်ဟု မြို့တော်စည်ပင် စည်းကမ်းထိန်း သိမ်းရေးဌာနမှ ရဲအရာရှိကြီး တစ်ဦးက ပြာသည်။ဝါးပိုးဝါးကို လမ်းမထက် ခေါက်ရင်း နာမည်ကျော်အဆိုတော် များ၏ တေးသီချင်းများအား တကြော်ကြော်သီဆိုကာ အသက်  ၄ နှစ်အရွယ်မှ စ၍ လိုက်လံ တောင်းရမ်းခဲ့ရသူကိုရန်နိုင်က”စား ရေးသောက်ရေး အဆင်မပြေလို့ သာ တောင်းစားနေရပေမယ့်အရွယ်ရောက်လာတော့ ကျွန်တော် တို့လည်းရှက်တယ်ဗျ။ ဒီလိုမှမ တောင်းစားရင်လည်း ကျွန်တော် တို့ငတ်နေတာကိုဘယ်သူကထမင်း လာကျွေးမှာတုန်း။ ကျွန်တော်ရဲ့ ညီတွေ ညီမတွေကို ဘယ်သူ ကျောင်းလာထားပေးမှာ လဲ။ အခု ကျတော့ သူများဆီကမခိုးမဝှက်ဘဲ ရိုးရိုးသားသားမရှိလို့ တောင်းစား တဲ့သူတွေကို ဖမ်းပြီးထောင်ချတယ်။ ကလေးတွေကိုကျတော့ မိဘမဲ့ ဂေဟာ ပို့ပစ်တယ်။ တချို့မိဘတွေ ဆို သူတို့သားသမီးတွေ အဖမ်း ခံရတာ မသိဘဲ လိုက်ရှာရင်း ဒီ ဘဝရောက်သွားတာတွေလည်းရှိ တယ်ဟု ဆိုသည်။စည်ပင်ရဲတပ်ဖွဲ့ဝင်များအနေ ဖြင့်  ၄င်းတို့အား ဖမ်းဆီးရာ၌ ၄င်းတို့တောင်းခံရရှိသောငွေကြေး နှင့် တောင်းရမ်းရာ၌ အသုံးပြုသော ပစ္စည်းများကို သိမ်းဆည်းကာ ပြန် လွှတ်ပေးသူများ ရှိသကဲ့သို့ ဖမ်းဆီး ထောင်ချခြင်းများလည်း ရှိကြောင်း၊ ထို့ကြောင့် ဖမ်းဆီးထောင်ချခံရ သည့် တောင်းရမ်းစားသောက်သူ အများစုမှာ အကျဉ်းထောင်မှ ပြန် လည်လွတ်မြောက်လာ ပါက သူ တောင်းစားဘဝမှ သူခိုးဘဝသို့ ရောက်ရှိသွားသူများလည်း ရှိတတ် ကြောင်း တောင်းရမ်းစားသောက်မှု ဖြင့် ထောင်နှစ်ကြိမ်ကျခံရဖူးသူ ကိုရန်နိုင်က ထပ်မံပြော သည်။


ပတ်ဝန်းကျင်ကြောင့်လော သို့မဟုတ် . . .

မိဘ၏ ရင်ခွင်တွင် ရှိနေရ မည့်အစား လမ်းမများထက် လိုက် လံ တောင်းရမ်းစားသောက်နေရ ခြင်းမှာ စီးပွားရေးကို အခြေခံ သောဆင်းရဲမွဲတေမှု၊ မိဘအုပ်ထိန်း သူ များ၏ ပညာနိမ့်ပါးမှုနှင့် ကလေး များ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်မကောင်းမှုများကြောင့်ဟု ဆို လျှင် မှားမည်မထင်။ ပြည့်စုံသော ကလေးများနည်း တူ အစား အသောက် ကောင်း ကောင်းမွန်မွန် စားသောက်လိုခြင်း၊ ပန်းခြံ၊ ကစားကွင်းစသော နေရာ များ၌ သွားရောက်ဆော့က စား လိုခြင်း၊ စာသင်ခန်းအတွင်း အေး ချမ်းစွာ ပညာသင်ကြားလိုသော် လည်း မိဘများ၏ စီးပွားရေး အဆင်မပြေမှုကြောင့် ငွေရလွယ် သောထိုအလုပ်ကို လုပ်ကိုင်နေရ ခြင်းများလည်း ရှိနေကြသည်။ ၄င်း အပြင် အချို့သော ကလေးငယ်များ မှာမူ မိဘအုပ်ထိန်းသူ ကိုယ်တိုင်က ၄င်းတို့အား မျောက်ပြဆန်တောင်း သကဲ့သို့ အတင်းအကျပ် တောင်း ရမ်းခြင်းနှင့် တောင်းရမ်းခြင်း မပြုပါက ညှဉ်းပန်းရိုက်နှက် ခြင်း၊ ထမင်းမကျွေးဘဲ အငတ်ထားခြင်း စသောအပြုအမူများကို ကျူးလွန် နေကြောင်း၊ ထို့ထက်ပို၍ ဆိုးရွား သည်မှာ အချို့သော မိဘများ မှာ ၄င်းတို့၏ သားသမီးများအား နေ့ တွက်ခဖြင့် အခြားသူများအား ငှားရမ်းကာ တောင်းရမ်းခိုင်းစေခြင်း များရှိနေသည်ဟု တောင်းရမ်းစား သောက်သူ ကလေးငယ်များ ထံမှ သိရသည်။”တချို့ကျတော့ မိသားစုစား ဝတ်နေရေး ခက်ခဲလို့ တောင်းရမ်း  စားသောက်တာရှိသလို တချို့ က လေးတွေ ကျတော့ ပေါ့ပေါ့နေ ပေါ့ပေါ့စားချင်တဲ့စိတ် နဲ့ လမ်းဘေး မှာ နေတဲ့သူတွေနဲ့ ပေါင်းသင်း မိရာကနေ မိဘတွေမသိအောင် တောင်းစားရင်းလမ်းဘေးအိပ်၊ လမ်းဘေးစားသူတောင်းစား ဘဝ ကို ရောက်သွားတာ မျိုးတွေလည်း ရှိတယ်။ အဲဒီလို ကလေးတွေကျ တော့ အချိန်တန်အရွယ်ရောက် လာတဲ့အခါ ဒီလိုတောင်းစားတာ မကောင်းမှန်းသိပြီး လူကောင်းဘဝ ရောက်သွားနို င်ပေမယ့် မိဘက အတင်းအကျပ် တောင်းခိုင်းတဲ့ ကလေးမျိုးကျတော့ ကလေးရဲ့ ခေါင်းထဲမှာ တောင်းရင်ရတာပဲ ဆိုတဲ့အတွေးက စွဲသွားပြီး ဒီဘဝ က ကျွတ်မှာ မဟု တ်တော့ဘူး။ ဒီကလေးမျိုးက ကြီးလာရင်လည်း လူကောင်းဖြစ်လာမယ်လို့ မပြော နိုင်ဘူး။ ကျွန်တော်ကတော့ ဒါကို တွေးမိပြီးကျွန်တော့်ရဲ့ညီတွေ၊ ညီမတွေကို အတော င်းမခိုင်းတော့ ဘဲ ကျောင်းတက်ခိုင်းတယ်”ဟု ကိုရန်နိုင်က ရင်ဖွင့်သည်။ရတနာ့ မေတ္တာကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်ဆွေက ”ဒီလို ကလေး တွေက များသောအားဖြင့် စာမ တတ်ကြတော့ စရိုက်လည်းကြမ်း တမ်း။ နောက်ပြီး ပတ်ဝန်းကျင်က လည်း သူတို့ကို အလေးမထားသလို သူတို့ကလည်း
ပတ်ဝန်းကျင်ကိုပြန် ပြီး အလေးမထားတော့ဘဲ သူတို့ ကျင်လည်ရာဘဝထဲမှာပဲ ပျော်နေ ကြတာများတယ်။ အရွယ်ရောက် လာတဲ့အခါကျတော့ တောင်းရမ်း တဲ့အလုပ် ကို မလုပ်ချင်တော့ဘဲ ငွေရလွယ်တဲ့အလုပ်ကို ပြောင်း လုပ်ချင်လာတတ်ကြတယ်။ အဲဒီလိုအချိန်မျိုးမှာ ဒုစရိုက်သမားတွေနဲ့ တွေ့ပြီး ယောက်ျားလေးတွေဆို ခိုး၊ ဆိုး၊ နှို က်တွေ ဖြစ်ကုန်ကြသလို မိန်းကလေးတွေ ဆိုရင်လည်း လူ ကုန်ကူးခံရတာတို့၊ ပြည့်တန်ဆာ ဘဝကို ရောက်သွားတာတို့အထိ ဖြစ်လာကြတယ်”ဟု ဆိုသည်။


အခြေအနေမဲ့ဘဝမှသည် . . .

မြန်မာနိုင်ငံလူကုန်ကူးမှု တိုက် ဖျက်ရေး (ဗဟို)မှ တာဝန်ရှိသူတစ် ဦးကလူကုန်ကူးမှု ပြဿနာကိုအပူ တပြင်းဆောင်ရွက်လျက် ရှိသော် လည်း တောင်းရမ်း စား   သောက်နေ ကြသည့်ကလေးသူတောင်းစားများ ၏ ပြဿနာကိုပါ တစ်ပြိုင်တည်း ဖြေရှင်းပေးရန်လိုအပ်လျက်ရှိ ကြောင်း၊ လူကုန်ကူးသူများသည် လမ်းမများထက်   တောင်းရမ်းစား သောက်နေသော ကလေးငယ်များ အား ပစ်မှတ်ထား စည်းရုံးသိမ်းသွင်း ၍ လိင်ဖျော်ဖြေရေး လုပ်ငန်းနှင့် နယ်စပ်ဖြတ်ကျော် တောင်းရမ်းစား   သောက်ခြင်းလုပ်ငန်းများ ပြုလုပ် ကာလူကုန်ကူးမှု အားကျူးလွန် လျက်ရှိကြောင်း ပြောသည်။ မြန်မာ နိုင်ငံမှ နယ်စပ်ဖြတ်ကျော် ကလေး သူတောင်းစားများကို အများ အား ဖြင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ တို့တွင်တွေ့ရှိနေရပြီး ကလေးငယ် တစ်ဦးလျှင်ဘတ် ၂ဝဝဝ မှ ၂၅ဝဝ ကြားအထိထိုင်းနိုင်ငံ၌ ရောင်းစား ခံနေရခြင်းရှိသကဲ့သို့ တရုတ်နိုင်ငံ၌ ယွမ်ငွေ ၄ဝဝဝ မှ ၄၅ဝဝ ကြားဖြင့် ရောင်းစားခြင်းများ ခံနေရကြောင်း ၄င်းက ဆိုသည်။”ကလေးသူတောင်းစားတွေ ရဲ့ အခြေအနေက နောက်ဆုံးမှာ လူကုန်ကူး ခံရဖို့ အခွင့်အလမ်း အများဆုံးပဲ။ အခု ကလေးသူငယ် အခွင့်အရေး ကာကွယ်ဖို့ဆိုပြီး လုပ် နေကြတဲ့အချိန်မှာ တခြား ကလေးတွေရဲ့ ကိစ္စသာမက ဒီလို ကလေး သူတောင်းစားတွေရဲ့ အရေးကိစ္စကိုလည်း တာဝန်ရှိတဲ့ သူတွေကရော အရပ်ဘက်လူမှု အဖွဲ့အစည်းတွေပါဝိုင်းပြီး ဖြေရှင်း မှပဲ ဒီကလေးတွေကို လူကုန်ကူး ခံရမှုကနေ ကာကွယ်နိုင်မယ်”ဟု ၄င်းက ဆိုသည်။


တောင်းရမ်းစားသောက်သူ ကလေးငယ်များ ပြဿနာ မည်သို့ဖြေရှင်းမည်နည်း

မြန်မာနိုင်ငံ၌ ကလေးသူငယ် များအရေးအတွက် တာဝန်ယူထား သော ပြည်တွင်းပြည်ပအဖွဲ့အစည်း များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ ရှိသော်လည်း တောင်းရမ်း စား သောက်နေသော ကလေးငယ်များ ၏ ဘဝရှင်သန် ဖွံ့ဖြိုးရေးအတွက်သီးခြားတာဝန်ယူစောင့် ရှောက်ပေး နိုင်မည့် ဌာနဆိုင်ရာအဖွဲ့အစည်းမှာ တိကျစွာမရှိသေး သည့်အပြင် ကုလ သမဂ္ဂမှထုတ်ပြန်ထားသည့်ကလေး သူငယ်များ၏ရပိုင်ခွင့် အခွင့်အရေး များနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် ထိုကလေးငယ် များအား စောင့်ရှောက်ရန် အစီ အစဉ်ပါဝင်ခြင်း မရှိသည့်အတွက် လေလွင့်ကလေးငယ်များ၏ ဘဝ ကား လမ်းစမဲ့။ လက်ရှိ၌ ကလေးသူ ငယ်စောင့်ရှောက်ရေးနှင့် သက် ဆိုင်သော ပြည်တွင်းပြည်ပ အဖွဲ့ အစည်းများ၊ ဌာနဆိုင်ရာများမှ ဆောင်ရွက်နိုင်သည်မှာ လည်း  တောင်းရမ်းစားသောက်သူ ကလေး ငယ်များနှင့် ၄င်းတို့၏မိဘများအား ပညာပေးရန်မှလွဲ၍ အခြားမရှိ။ အမှန်ကို ဆိုရပါလျှင် ပေါက်ပင်ဘာ ကြောင့် ကိုင်းရသည် ဆိုသော စာလို အားလုံးတွင် ပြဿနာကိုယ်စီ ရှိကြပါလိမ့်မည်။ လူစည်ကားရာ လမ်းနေရာများတွင်လက်ဖဝါးဖြန့် ရင်း အတင်းတွယ်ကပ်တောင်းနေ သော ကလေးများကို တွေ့သည့် အခါ သင်စိတ်ပျက်သွားနိုင်သည်။ သို့မဟုတ် သင့်အိတ်ထဲမှ တန်ဖိုး အနည်းဆုံး ပိုက်ဆံကိုရှာကာ ပေး ကောင်းပေးလိုက်နိုင်သည်။ အချိန် အနည်းငယ်ရပါက သူတို့ကို ငေး မောရင်းစိတ်မကောင်းလည်း ဖြစ် နိုင်ပါသည်။ သို့သော် ကျွန်တော်တို့ ဒီ့ ထက် ဘာမှမတတ်နိုင်ခဲ့သည်မှာ ကြာမြင့်ခဲ့သည်ဖြစ်သည်။ အနာဂတ် ပျောက်ဆုံးနေသော ကလေးငယ် များ၏ အရေးသည် အစိုးရတစ်ခု တည်းတွင် သာ တာဝန်ရှိသည်ဟု မထင်။ လူ့အဖွဲ့စည်းတစ်ခုလုံးနှင့် သက်ဆိုင်သည်မို့အားလုံးပူးပေါင်း အဖြေရှာရန် လိုအပ်ပါသည်။ထိုသို့မဟုတ်ပါက ခရီးသည် တင်ယာဉ် ဘတ်စ်ကားများကို စာ ရွက်များဖြန့်ဝေကာ တောင်းရမ်း စားသောက်နေရရှာသော၊ အိုးတိုက် ဖွဲပြာအိတ်အား ခေါင်းပေါ်ရွက်၍ တစ်လမ်းဝင် တစ်လမ်းထွက်ကာ စားေ သာက်ဆိုင်များ၊ လက်ဖက် ရည်ဆိုင်များတွင်လိုက်လံတောင်း ရမ်းနေရရှာသော၊ လူစည်ကားရာ  ကားဂိတ်၊ ဘုရားနှင့် ပန်းခြံများ အတွင်း ‘ထမင်းဖိုးလေး ပေးခဲ့ပါ’၊ ‘မုန့်ဖိုးလေး ပေးခဲ့ပါ’ ဟု တကြော် ကြော်တောင်းရမ်းနေရှာသည့် ထိုကလေးများ၏ အနာဂတ်သည် ကား …

သူရထွန်း၊ ပြည့်ဖြိုးကျော်၊ မေဇင်ဝင်း

တရားမဝင် နိုင်ငံသားစိမ့်ဝင်မှုကာကွယ်ရန် ရခိုင်အနောက်ဘက် ကမ်းခြေတစ်လျှောက် ကမ်းခြေစောင့်တပ်များ ချထားရန် စီစဉ်ပြီးဖြစ်

Popular Myanmar News Journal

နိုင်ငံတွင်း တရားမဝင်နိုင်ငံသားစိမ့်ဝင်မှုတွေ ကာကွယ်နိုင်ရန် ရခိုင်ပြည်နယ်အနောက်ဘက်ကမ်းခြေတစ်လျှောက် ကမ်းခြေစောင့်တပ်များ
ချထားရန် စီစဉ်ပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ အကြံပေးပုဂ္ဂိုလ် တစ်ဦးက ပြောသည်။

ချထားရန် ကမ်းခြေစောင့် တပ်များ ထူထောင်ဖွဲ့စည်းပြီးဖြစ် သလို ဖွဲ့စည်းပုံလည်း ကျထားပြီး ဖြစ်ကြောင်း နိုင်ငံတွင်းတရားမဝင် ဝင်ရောက်မှုတွေအတွက် ထိထိ ရောက်ရောက်ဆောင်ရွက်သွားရန် စတင်နေပြီဖြစ်ကြောင်း ¤င်းက ဆိုသည်။

''အစိုးရဘက်ကတော့ တတ် နိုင်သလောက် စနစ်တကျတစ် ဖက် နိုင်ငံ ကစိမ့်ဝင်တဲ့ကိစ္စတွေကို မဖြစ် အောင် ထိထိရောက်ရောက်လုပ်ဖို့ စနေပါပြီ''ဟု ပြောကြားသည်။

၎င်းအပြင် လာမည့် တစ်နိုင်ငံ လုံးသန်းခေါင်စာရင်း ကောက်ယူမှု တွင် ၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေ အရ တိတိကျကျ ဆောင်ရွက်ရှင်း လင်းသွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည် နယ်နှင့် ဘင်္ဂလားဒေ့ရှ်ကြားရှိနတ် မြစ် အပြန့်ပိုင်းတစ်လျှောက်တွင် တံ တိုင်းကာရံမှုများ ဆောင်ရွက်ထား ပြီးဖြစ်သလို ယင်းအထက်ဘက် ရသေ့တောင်၊ ပလက်ဝမြောက် ပိုင်း တောတောင်ပိုင်းနေရာအချို့တွင် သာ အနည်းငယ်ကျန် မည်ထင် ကြောင်း၊ နိုင်ငံတွင်း တရားမဝင်နိုင်ငံ သားစိမ့်ဝင်မှုမှာ များစွာလျော့နည်း သွားပြီဖြစ်ကြောင်း သမ္မတအကြံ ပေးပုဂ္ဂိုလ် က ပြောသည်။

''တံတိုင်းတွေအပြင် မြစ် ကြောင်းတစ်လျှောက်မှာ ကမ်းခြေ စောင့် ရဲတပ်ဖွဲ့တွေထားလိုက်ရင် တော်တော်စိတ်ချရပြီ။ အဲဒါအပြင် ကင်းတပ်ဖွဲ့လေးတွေ တောက် လျှောက် စဉ်ဆက်မပြတ်ထားပြီး လုပ်ဖို့စီမံနေပါတယ်''ဟု ၄င်းက ပြောသည်။

ယင်းနှင့်ပတ်သက်၍ ရခိုင် အမျိုးသားကွန်ရက် ဒုတိယဥက္ကဋ္ဌ ကိုကျော်ဝင်းချေက ထိုသို့ အဖွဲ့ အစည်းများချထားမှုအပြင် လူဝင် မှုကြီးကြပ်ရေးမူဝါဒခိုင်ခိုင်မာမာ ချ မှတ်ရန်နှင့် နယ်စပ်ဒေသရှိ အကျင့် ပျက်ခြစားခြင်း မသမာမှုများကို ထိထိရောက်ရောက် အရေးယူနိုင်မှ တရားမဝင် နိုင်ငံသားစိမ့်ဝင်မှုများ ကို တားဆီးနိုင်မည်ဖြစ်ကြောင်း မှတ်ချက်ပြုသည်။

၎င်းနည်းတူ ရခိုင်အမျိုးသား တိုးတက်ရေးပါတီ၏ ဥက္ကဋ္ဌလည်း ဖြစ်၊ အမျိုးသားလွှတ်တော် အမတ် တစ်ဦးလည်းဖြစ်သူ ဒေါက် တာ အေးမောင်ကလည်းယင်းသည် ပြည်ထောင်စုစိတ်ဓာတ်ကို ပြညွှန် ခြင်းအဖြစ် သွားရမည်ဖြစ်ကြောင်း ဆိုသည်။

''ဘယ်နေရာမှာ တံတိုင်းကာ မလဲ၊ ကြည်း၊ရေ၊လေကို ဘယ်လို အသုံးချမလဲ။ မဟာဗျူဟာမြောက် ဘယ်လိုသုံးမလဲဆိုတာကို စဉ်းစားဖို့ လိုပါတယ်။ ပြည်ထောင်စုကို ဘယ် လိုကာကွယ်မလဲဆိုတဲ့စိတ်ဓာတ် ရှိဖို့လိုပါတယ်။ အဲဒီလို မှမဟုတ်ရင် တော့ သေနတ်မဖောက်ရဘဲ သိမ်း ပိုက်မှု ဖြစ်သွားမယ့်အခြေအနေပါ''ဟု ပြောသည်။

ယင်းနှင့်ဆက်စပ်၍ မြန်မာ နိုင်ငံလေကြောင်း၊ အနောက်ဘက် ကမ်းခြေနှင့်မြစ်ကြောင်းများ လုံခြုံ ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ယူရမည်ဖြစ်ပြီး ယင်းအ တွက် သြစတြေးလျနိုင်ငံ ပြည် ထောင်စု ရဲတပ်ဖွဲ့ (Australian Federal Police) မှ ကူညီရန်သြဂုတ် လအတွင်းက ဆွေးနွေးမှု ပြုခဲ့ ကြောင်း သိရှိရသည်။ ထို့အပြင် အမေရိကန်နှင့် ဥရောပ နိုင်ငံများမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စွမ်းရည်မြှင့်တင် ခြင်းဆိုင်ရာသင်တန်းများ ပို့ချပေး ပေးရန် ကမ်းလှမ်းမှုများရှိကြောင်း သိရသည်။ ရခိုင်ပြည်နယ်၌ ယခု နှစ်မေလ
၂၈ ရက်က မသီတာထွေး အဓမ္မပြု ကျင့်သတ်ဖြတ်ခံရမှုအပေါ် အခြေခံ၍ စတင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ၏ နောက်ဆက် တွဲအဖြစ် နိုင်ငံ တွင်းသို့ တရားမဝင် ရောက်ရှိနေသော နိုင်ငံသားများ ပြဿနာသည် ကြီးမားလာခဲ့ သည်။

ဥာဏ်လင်းအောင်

ဒါမျိုးကျတော့ မီးနဲ့ ရေ လိုမျိုး တခြားစီကွာဟနေတယ် (ကျော်ကိုကို)

Aung myo Tun

ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပက်သက်ပြီးတော့ ကျွန်တော်တို့ က
ဒေါ်အောင်ဆန်းစုကြည်နဲ့  NLD ၀င်မယ်လို့  ကြေညာကတည်းက
ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့  NLD အဖွဲ့ ဘဲ
နိုင်ကိုနိုင်မှာဘဲလို့  ကျွန်တော်တို့ က မျှော်လင့်ထားပြီးသား။
ဒေါ်စုတို့ နိုင်တယ်၊ နိုင်တဲ့အတွက်ကြောင့် လွှတ်တော်ထဲရောက်သွားပြီ။
လွှတ်တော်ထဲရောက်သွားတော့ အနည်းဆုံးတော့ ပါတီရဲ့ ပေါ်လစီအရ
ပြောနိုင်ဆိုနိုင်မယ်၊ ပြည်သူတွေရဲ့ လိုလားချက်အသံကို ထုတ်နိုင်လိမ့်မယ်လို့ 
ကျွန်တော်တို့ က မျှော်လင့်တယ်၊ ယုံလည်းယုံကြည်တယ်။ ဒါ့ကြောင့်မို့ လို့ 
အတိုင်းအတာတစ်ခုထိတော့ ပြောင်းလဲမယ်လို့ ခန့် မှန်းတယ်။
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်တော့မယ်ဆိုတဲ့ အခြေအနေမျိုးမှာ
ကျွန်တော်တို့  ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်ဆွေးနွေးပါတယ်။
ရွေးကောက်ပွဲအပြီး မေလအတွင်းမှာဖြစ်ပါတယ်ခင်ဗျ။ ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂ၊ ကျွန်တော်တို့ သမဂ္ဂကို ဒီအစိုးရက တရားဝင်အဖွဲ့ အစည်း
အဖြစ် အသိအမှတ်ပြုမထားဘူးခင်ဗျ။ ကျွန်တော်တို့ ကို ခေါ်ယူပြီး ရန်ကုန်တိုင်း
ဒေသကြီးလွှတ်တော်ကနေ ၆/၈၈ နဲ့ ငြိစွန်းတဲ့ အဖွဲ့ အစည်းဆိုပြီး ခြိမ်းခြောက်
တာမျိုးတွေရှိနေတယ်။ ဒါ့ကြောင့် အန်တီ့အနေနဲ့  လွှတ်တော်မှာ တက္ကသိုလ်
အက်ဥပဒေကို တရားဝင်ဖြစ်အောင် အတည်ပြုပေးပါ၊ တက္ကသိုလ်အက်ဥပဒေမှာ
သမဂ္ဂ လွတ်လပ်စွာဖွဲ့ စည်းခွင့်ရှိတယ် ဆိုတဲ့အချက်တွေကို ထည့်သွင်းပြီးတော့
တောင်းဆိုပေးပါ ဆိုပြီးတော့ ကျွန်တော်တို့  ဒေါ်အောင်ဆန်းစုကြည်နဲ့  ဆွေးနွေး
ခဲ့ပါတယ်ခင်ဗျ။ ဒေါ်စုအနေနဲ့ လည်း တတ်နိုင်သမျှ ကျွန်တော်တို့ ဘက်ကို
ကူညီသွားမယ်ဆိုပြီးတော့ ပြောခဲ့ပါတယ်။

ကျွန်တော်တို့ ကတော့ ပိုပြီး တိုးလုပ်ဖို့ တော့ မျှော်လင့်ထားတယ်။
ပိုတိုးလုပ်လာနိုင်မလားဆိုတော့ အဲဒီအချိန်မှာ မေ ဇွန် ဆလိုင်းကိုတင်မောင်ဦး
ကြိုးပေးခံရတဲ့ နှစ်ပတ်လည်ပွဲမျိုး၊ ၇၄ ၇၅ ကျောင်းသားတွေ ဇွန် အလုပ်သမား
နှစ်ပတ်လည်ပွဲမျိုး၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းပွဲမျိုးတွေ၊ ပြီးခဲ့တဲ့
စစ်အာဏာရှင် အစိုးရ စတက်လာတဲ့ ကိုဖုန်းမော်အရေးအခင်းတို့ ၊ မြေနီကုန်း
အရေးအခင်းတို့ ၊ တံတားနီအရေးအခင်းတို့  အားလုံးအဆင်ပြေတာကို
ကျွန်တော်တို့  တွေ့ ရတယ်ခင်ဗျ။ ၈၈ မျိုးဆက်ကျောင်းသားတွေလုပ်တဲ့
ပွဲတွေမှာလည်း အဆင်ပြေတာကို တွေ့ ရတယ်။ ဇွန်ပြီးတော့ ဇူလိုင်၊ လွန်ခဲ့တဲ့
မဆလ အစိုးရ တက်ခါစလက ၁၉၆၂ ခုနှစ်က ကျောင်းသားတွေကို ပစ်သတ်
ခဲ့တယ်၊ ကျောင်းသားသမဂ္ဂ ပြိုကျခဲ့တယ်။ သမဂ္ဂအဆောက်အအုံကို
ဗုံးဖောက်ခွဲတယ်၊ အရေးအခင်းတစ်ခုရဲ့  နှစ် (၅၀)ပြည့် ပွဲ
အခမ်းအနားတစ်ခုကို ကျင်းပဖို့  ကျွန်တော်တို့ က စဉ်းစားထားတယ်။
ကျွန်တော်တို့  ဆဲဗင်းဇူလိုင် ကျင်းပဖို့  ငှားရမ်းထားတဲ့ခန်းမကို အရင်ဦးဆုံး
မြို့ နယ်အုပ်ချုပ်ရေးအာဏာပိုင်တွေက လာရောက် ပိတ်ပင်သွားပါတယ်။
နောက်တစ်ချက်က ကျွန်တော့်ကို ရန်ကုန်တိုင်းဒေသကြီးရဲ့ 
နယ်စပ်ရေးရာဝန်ကြီးကနေ ခေါ်ယူပြီးဆွေးနွေးပါတယ်။ အဲဒီမှာလည်း
သူတို့ က မကျင်းပဖို့ ပြောပါတယ်။ ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းမှာရှိတဲ့
သမဂ္ဂနေရာဟောင်းမှာ ပန်းခွေသွားမချဖို့ တားဆီးပါတယ်။ ကျွန်တော်တို့ 
ဆဲဗင်းဇူလိုင် အခမ်းအနားကျင်းပဖို့  မတိုင်ခင်မှာကတည်းက ကျွန်တော်တို့ 
အပေါ်မှာ ဖိအားတွေပိုတိုးလာတယ်။ အဲဒီနေ့ ညမှာ ကျောင်းသားတွေ
အကုန်လုံးကို ဖမ်းဆီးတယ်။ တစ်နိုင်ငံလုံး (၂၃)ယောက် ထိန်းသိမ်းခံရတယ်။
ဒါမျိုးကျတော့ မီးနဲ့ ရေ လိုမျိုး တခြားစီကွာဟနေတယ်လို့  ကျွန်တော်တို့ 
ခံစားရတယ်။ ကျွန်တော်တို့  ကျောင်းသားတွေအားလုံးရဲ့ ရင်ထဲမှာတော့
တော်တော်ကို မျှော်လင့်ချက်ကုန်ဆုံးသွားတယ်လို့  ပြောရပါလိမ့်မယ်။
စစ်မှန်တဲ့အာဏာရဲ့  မူလပိုင်ရှင်တွေဖြစ်တဲ့ ပြည်သူတွေလက်ထဲ ပြန်ရောက်ဖို့ 
အတွက် ကျွန်တော်တို့ ကျောင်းသားတွေက ကြိုးစားနေတာဖြစ်တယ်။
ကျောင်းသားနဲ့ ပြည်သူတွေက တစ်သားတည်းကျတဲ့အတွက်ကြောင့်မို့ လို့ 
အဲဒီတစ်ချက်ကို သူတို့ က စိုးရိမ်လိမ့်မယ်။ နောက်တစ်ချက်ကတော့
နိုင်ငံတကာမျက်နှာစာမှာ အပြောင်းအလဲ ပြဖို့ အတွက်ကျတော့
ကျွန်တော်တို့  ဗကသ ထက် ပိုပြီးတော့ နိုင်ငံတကာနဲ့ ထိစပ်နေတဲ့
အဖွဲ့ အစည်းတွေ၊ နိုင်ငံတကာနဲ့ ထိစပ်နေတဲ့ လူပုဂ္ဂိုလ်တွေကို သူတို့ က
အချိုသပ်တဲ့နည်းနဲ့  စည်းရုံးကောင်းစည်းရုံးလိမ့်မယ်။ ဗကသ က
Do Or Die အချိုသပ်တဲ့နည်းနဲ့ လည်း စည်းရုံးလို့ မရဘူးဆိုတာ သူတို့ 
သိတဲ့အတွက်ကြောင့်မို့ လို့  ဗကသ ကိုတော့ ဒီနည်းနဲ့ မရဘူး၊
ဟိုနည်းနဲ့ ဘဲလုပ် ဆိုတဲ့ပုံစံမျိုးနဲ့  အကြမ်းဖက်တဲ့ပုံစံမျိုးတွေ၊ ခြိမ်းခြောက်တဲ့
ပုံစံမျိုးတွေကို သုံးစွဲလာရတယ်လို့ ဘဲ ကျွန်တော်မြင်တယ်ခင်ဗျ။

လွှတ်တော်နိုင်ငံရေးဟာဆိုလို့ ရှိရင် အခုမြင်ရတဲ့အပိုင်းမှာ ဘာ Result မှ၊
ဘာရလဒ်မှ ကောင်းကောင်းမွန်မွန် ထွက်ပေါ်လာတာ မတွေ့ ရသေးဘူး။
ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ က လွှတ်တော်ထဲ
ဝင်ရခြင်းအကြောင်းအရင်းမှာ တရာဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီရရှိရေးနဲ့ 
အခြေခံဥပဒေပြင်ဆင်ရေး ဆိုတဲ့ အချက်သုံးချက်ကို တင်သွားတယ်။
တကယ်တမ်းမှာ အခြေခံဥပဒေပြင်ဆင်ရေးကို လုံးဝထိတွေ့ လို့ မရနိုင်သလို
တရားဥပဒေစိုးမိုးရေးဟာလည်း မက်မောလောက်စရာကောင်းတဲ့ရလဒ်
မရှိဘူး။ ဒီမိုကရေစီရေးဟာလည်းဘဲ အခြေခံပြည်သူတွေမှာ ရတာ မတွေ့ 
သေးဘူး။ ထပ်ပြီးတော့ ချိုးဖောက်ခံနေရတာကို အသက်နဲ့ လဲပြီး ကာကွယ်နေ
ရတာကို တွေ့ ရတဲ့အတွက်ကြောင့်မလို့  ကျွန်တော်ကတော့ လွှတ်တော်အခင်း
အကျင်း လက်ရှိအနေအထားကို အားရကျေနပ်စရာ
ကောင်းသေးတယ်ဆိုတာကို လက်မခံသေးဘူးခင်ဗျ။ လာမယ့် လပိုင်းအတွင်း
မှာတော့ ခန့် မှန်းကြည့်လို့ မရနိုင်လောက်အောင် မြင်ကွင်းကမှုန်ဝါးနေပါတယ်။

အခုလက်ရှိအခြေအနေကို ပြောရမယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားဟာ
သူတို့ က ကိစ္စတစ်ခုခု ပြုလုပ်တော့မယ်။ လိုချင်တာတစ်ခုခု ရှိတော့မယ်ဆိုလို့ 
ရှိရင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပြီးတော့ အပေးအယူ၊ ကစားသလို
လုပ်နေတဲ့ဟာမျိုးကျ ကျွန်တော့်အနေနဲ့  မနှစ်သက်ဘူးခင်ဗျ။ အဓိကကတော့
ဒီတစ်ခေါက်လွှတ်တာက ဦးသိန်းစိန် အမေရိကန်ခရီးစဉ်ရှိတဲ့အခါမှာ နိုင်ငံရေး
အကျဉ်းသားတွေလည်း လွှတ်နေပါတယ်ဆိုတဲ့အချက်ကို ထုတ်ပြော
နိုင်တဲ့အနေအထားမျိုးရှိအောင်လို့  နိုင်ငံရေးအကျဉ်းသားကို လွှတ်ပြီးတော့
နိုင်ငံတကာမျက်နှာစာရဲ့ အမှတ်ပေးမှုကို ရယူသွားတယ်လို့ ကျွန်တော်မြင်တယ်။
အခုလက်ရှိမှာ နိုင်ငံရေးအကျဉ်းသားလို့ အဓိပ္ဖာယ်သတ်မှတ်ချက်နဲ့ 
ကျွန်တော်တို့ ဘက်က ဖွင့်ဆိုထားတဲ့သူတွေ အများကြီးဘဲ ထောင်ထဲမှာ
ကျန်နေသေးတယ်။ ကိုလက်ယျာထွန်းတို့ လိုမျိုး အခုအချိန်ထိ ကျန်နေသေးတာ
တွေ့ ရတယ်။ ကျွန်တော်က တောင်ကြီးထောင်မှာ နေခဲ့ရတယ်ဆိုတော့
တောင်ကြီးထောင်မှာ ဘယ်လိုလူမျိုးတွေရှိနေသေးလဲဆိုတော့ SSA နဲ့ 
ပက်သက်တယ်ဆိုပြီးတော့ အဖမ်းခံထားရတဲ့သူတွေ ရှိနေသေးတယ်။
သူတို့ တွေက သူတို့ ကိုယ်သူတို့ နိုင်ငံရေးအကျဉ်းသားမှန်းတောင် မသိဘူး။
 ရွာသူရွာသားတွေဖြစ်တယ်၊ အခြေခံလူတန်းစားတွေဖြစ်တယ်၊ တိုင်းရင်းသား
လူမျိုးတွေဖြစ်တယ်။ အဲဒါတွေက အများကြီးဘဲဗျ။ နေရာတိုင်းမှာရှိပါတယ်။
ကျွန်တော်ပြောချင်တာကတော့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့
အနေအထားမျိုးကို ပေးကိုပေးရမယ်။ အဲဒီအစီအစဉ်မျိုး ချမှတ်မှသာလျှင်
 တကယ့်နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတစ်ခုဖြစ်လိမ့်မယ် လို့  ကျွန်တော်မြင်တယ်။

အပစ်အခတ်ရပ်စဲရေးကို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့  ဆွေးနွေးနေတယ်
လို့  ကျွန်တော်တို့ သိတယ်။ အပစ်အခတ်ရပ်စဲရေးကနေ ပြည်ထောင်စုအဆင့်
ဆွေးနွေးပွဲကိုသွားမယ်လို့  တရားဝင်ကြေညာထားတယ်။ အဲဒီကြေညာချက်
အရ နိုင်ငံရေးဆွေးနွေးမယ်ဆိုရင် ပါတီထောင်ပြီး လွှတ်တော်ထဲဝင်မှ
ဆွေးနွေးမယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်တယ်။ ဒီ တိုင်းရင်းသားလက်နက်ကိုင်
တပ်တွေကို ကာကွယ်ရေးဦးစီးချုပ်လက်အောက်မှာ ထားပြီးတော့ ၂၀၀၈
အခြေခံဥပဒေကို လိုက်နာရမယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်နေသေးသ၍တော့
ငြိမ်းချမ်းရေးဆွေးနွေးမှုအဆင့်က အောင်မြင်မှုရဖို့  ရာခိုင်နှုန်း နည်းနည်း
နည်းနေသေးတယ်လို့ မြင်တယ်။ တကယ်တမ်းကျ အပစ်အခတ်ရပ်စဲရေးတင်
မကဘဲနဲ့  အစစ်အမှန်ငြိမ်းချမ်းရေးရဖို့  ဆောင်ရွက်ရလိမ့်မယ်။ ငြိမ်းချမ်းရေး
လှုပ်ရှားတဲ့သူတွေကိုလည်း တရားစွဲနေတယ်၊ ဖမ်းဆီးမယ်၊ ထောင်ချမယ်
ဆိုတဲ့ ခြိမ်းခြောက်မှုတွေရှိနေတာကိုလည်း အင်မတန်စိတ်မကောင်းစွာ
ကျွန်တော်တို့ တွေ့ ရတယ်။ ဒါဟာဆိုလို့ ရှိရင် မဖြစ်သင့်ဘူး။ ငြိမ်းချမ်းရေး
ကိုသာ တကယ်လိုလားမယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် စီတန်းလမ်းလျှောက်
သူတွေကို ခြမ်းခြောက်စရာမလိုဘူးလို့  ကျွန်တော်မြင်တယ်ခင်ဗျ။

(ဗကသ ဗဟိုလုပ်ငန်းကော်မတီဥက္ကဌ ကျော်ကိုကို ၏ လူငယ်နိုင်ငံရေးသမား
တစ်ယောက်ရဲ့ ဘ၀နဲ့ အမြင် “အရွေ့ ရဲ့ အရိပ်” ဘီဘီစီအထူးအစဉ် မှ
ထုတ်နုတ်ဖော်ပြပါတယ်)

ကားဟောင်းများ အပ်ရသည့် သံမဏိစက်ရုံ၏ အကျင့်ပျက်ချစားမှုအကြောင်း

rKyaw Khaing Phyo

ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ MEC မှ စီမံခန့်ခွဲလျက်ရှိသော ကားဟောင်းများ အပ်ရသည့် သံမဏိစက်ရုံ၏ အကျင့်ပျက်ချစားမှုအကြောင်း

ကျွန်တော်သည် ကားဟောင်းပိုင်ရှင်တစ်ဦးဖြစ်ပါတယ်။ အစိုးရက အခွန်မူဝါဒ ပြင်ဆင်ပြောင်းလဲ သတ်မှတ်ပြီး အခွန်လျော့ချကောက်ခံသည့်အတွက် used car အစားထိုးတင်သွင်းရန် ကျွန်တော့်ကားကို ၅.၇.၂၀၁၂ ရက်နေ့တွင် သွားအပ်ရန် အင်းစိန်ရွာမရှိ သံမဏိစက်ရုံသို့ သွားခဲ့ပါတယ်။ သံမဏိစက်ရုံသို့ရောက်သောအခါ
ကားလာအပ်လာသူများစွာကို တွေ့ရပါတယ်။ လာအပ်တဲ့ လူတွေထဲမှာ ကိုယ်တိုင်ကားလာအပ်သူက (၁၀) ယောက်တွင် (၂) ယောက်သာရှိပြီး (၈) ယောက်မှာ ပွဲစားများသာ ဖြစ်ပါတယ်။ ပွဲစားတွေက ကားအပ်ရန် လေး/ငါးသောင်း ယူပါတယ်။ ၄င်းသံမဏိစက်ရုံတွင် ၀န်ထမ်းများနှင့် ပွဲစားများပေါင်းစားနေသည်ကို တွေ့ခဲ့ရပါတယ်။ ပြည်သူ့ဝန်ထမ်းတွေထဲမှာ အကျင့်ဖျက်ချစားမှုမျိုးတွေ လုံးဝမရှိသင့်တော့ပါ။ ပြည်သူ့ဝန်ထမ်းတွေက မိမိတို့ရဲ့ဝန်ထမ်းကျင့်ဝတ်ကို စောင့်ထိန်းသင့်ပါတယ်။ အကျင့်ပျက်ချစားနေသူများထဲတွင် စက်ရုံလုံခြုံရေးဝန်ထမ်းအချို့အပြင် MEC မှ စစ်သားများ၊ စစ်သားများကို စီမံနေသော ဗိုလ်ကြီးရဲနိုင် ဆိုသူမှာလည်း ပါဝင်နေပါတယ်။ သံမဏိစက်ရုံဂိတ်က လုံခြုံရေးဝန်ထမ်းကို နှစ်သောင်းပေးလျင် တန်းစီစရာမလိုဘဲ တန်းဝင်နိုင်ပါတယ်။ ၄င်း အဖြစ်အပျက်များကို ဗိုလ်ကြီးရဲနိုင်ဆိုသူမှာ သိပါလျက် ခွင့်ပြုထားပါသည်။ ဘာကြောင့်ခွင့်ပြုထားသည်ကို စဉ်းစားကြည့်လျင် သူကိုယ်တိုင် အကျင့်ပျက်ချစားမှု တွင် ပါဝင်ပတ်သက်နေသည်ကို သိနိုင်ပါသည်။ ကျွန်တော် သံမဏိစက်ရုံသို့ ရောက်သောအခါ တန်းစီထားသော ကားတွေရဲ့မှန်ပေါ်တွင် အမှတ်စဉ်နံပါတ်များကို မနက်စောစော၌ တစ်ကြိမ် လိုက်ရေးပါတယ်။ နောက်တစ်ကြိမ်ကို ထမင်းစားပြီးအချိန်မှဘဲ လိုက်မှတ်ပါတယ်။ တကယ်ဆို ကားတစ်စီးတိုးတိုင် နံပါတ်စဉ်ကို စောင့်၍လိုက်ရေးသင့်ပါတယ်။ အဲ့ဒိလို နံပါတ်မမှတ်ထားတဲ့ ကားတွေက ကျော်တက်လာပြီး ဂိတ်နားရောက်လာတဲ့အခါကျတော့ ငါ့ကားကရှေ့က၊သူ့ကားက ရှေ့ကဆိုပြီး အငြင်းပွားမှုတွေ ဖြစ်စေပါတယ်။ ကျွန်တော်စုံစမ်းကြည့်လိုက်တော့ ကားတိုင်းကို နံပါတ်အချိန်ပြည့် လိုက်မမှတ်နိုင်ခြင်းမှာ စက်ရုံဝန်ထမ်း (၇) ယောက်ခန့်သာရှိတယ် ဆိုပြီး အကြောင်းပြပါတယ်။ MEC တွင် ကားဟောင်းအပ်နှံမှုနှင့်ပတ်သက်၍ အဓိကစီမံနေသူ ဗိုလ်ကြီးရဲနိုင် အပါအ၀င် အခြားအရာရှိတို့မှာ အောက်တွင်ဖြစ်ပျက်နေသော ၀န်ထမ်းမလုံလောက်မှု ကို အထက်သို့ မတင်ပြပါ။ လူနည်းတော့ ပိုလုပ်စားလို့ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် သံမဏိစက်ရုံဝင်းအတွင်းသို့ ရောက်သွားသောအခါ စာရင်းသွင်းသူက တစ်ထောင်၊ ခဲခြစ်သူက စာရွက်ဖိုးတစ်ထောင် (ခဲခြစ်သောစာရွက်မှာ ကား chassis အရွယ်သာရှိသည်)၊ စားပွဲတစ်ခုက တစ်ထောင်၊ နောက်စားပွဲတစ်ခုက လဘ္ဘရည်ဖိုး တစ်ထောင်၊ မိတ္တူဖိုး တစ်ထောင် စုစုပေါင်း (၅၀၀၀) ကုန်ပါတယ်။ စားပွဲတစ်ခုတွင် အရုပ်ဆိုးသော မြင်ကွင်းတစ်ခုမှာ စစ်ဦးထုပ်ထဲတွင် ပိုက်ဆံများထည့်ထားခြင်း ဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်နေသော ရဲဘော်များမှာ မည်သူနှင့် တူသွားပါသနည်း။ ဌာနအတွင်း ဒီလိုအကျင့်ပျက်ချစားမှုမျိုးရှိနေသည်ကို ပြည်သူတစ်ဦးအနေနဲ့ မလိုလားပါ။ Good Governance, Clean Government ဆိုတဲ့ စကားနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အလို့ငှာ အခုလိုဌာနအတွင်း အကျင့်ပျက်ချစားမှုမျိုးတွေ မရှိသင့်ကြောင်း နိုင်ငံတိုးတက်မှုကို လိုလားသော ပြည်သူတစ်ဦးအနေဖြင့် ရေးသားဖြန့်ဝေခြင်းဖြစ်ပါတယ်။ လွှတ်တော်၌လည်း အကျင့်ပျက်ချစားမှု ပပျောက်ရေး ဥပဒေမူကြမ်းအား ရေးဆွဲပြီးဖြစ်ပါတယ်။

မှတပါး အခြားမရှိ ( ကြေးနီတောင်စီမံကိန်းနှင့် ပတ်သက်၍ )

မှတပါး အခြားမရှိ ( ကြေးနီတောင်စီမံကိန်းနှင့် ပတ်သက်၍ ( သို့ ) မည်သည့်စီမံကိန်းဖြစ်ဖြစ် အကောင်ထည်ဖော်တဲ့အခါ )

by Ko Baloi on Wednesday, October 3, 2012 at 5:33am ·

မြန်မာနိုင်ငံမှာ အခုတလော နေ့တဓူဝကြားနေရတဲ့သတင်းကတော့ ကြေးနီစီမံကိန်းကြောင့် ဒေသခံပြည်သူတွေ ထိခိုက်နစ်နာဆုံးရှုံးနေရတဲ့အတွက် ဒေသခံပြည်သူတွေ ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ သတင်းတွေပါပဲ။ အစိုးရ
အနေနဲ့ ပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကအနေနဲ့ ပဲဖြစ်ဖြစ် ဘယ်လိုစီမံကိန်းမျိုးတွေအကောင်ထည်ဖော်ဖော်၊ စီမံကိန်းတွေ အကောင်ထည်ဖော်တဲ့နေရာမှာ အထူးဂရုစိုက်ရမှာက ဒေသခံပြည်သူတွေရဲ့ အကျိုးကျေးဇူးကိုရှေးရှုပြီး၊ ဒေသ
ခံပြည်သူများ ထိခိုက်နစ်နာမှုမဖြစ်စေရန် စီမံကိန်းတွေကိုအကောင်ထည်ဖော်ဆောင်ရွက်ရမှာဖြစ်ပါတယ်။
နိုင်ငံတော်နဲ့ ပြည်သူအများအကျိုးအမြတ်ရရှိရေးအတွက် အစိုးရ၏ စီမံကိန်းများကို မဖြစ်မနေအကောင်ထည်
ဖော်တဲ့နေရာမှာလည်း ဒေသခံပြည်သူတွေရဲ့အကျိုးကိုပါ မဖြစ်မနေထည့်သွင်းစဉ်းစားရပါတယ်။ မိမိအကောင်ထည်ဖော်မယ့် စီမံကိန်းကြီးကြောင့် မဖြစ်မနေပြောင်းရွေ့ရမယ့် အိုးအိမ်များနဲ့ လယ်ယာမြေများ
ကို စီမံကိန်းကိုအကောင်ထည်ဖော်ကြမည့် မည်သူမဆို၊ ပြောင်းရွေ့ရမည်သူများကို ပြောင်းရွေ့စရိတ်အပြင် ၎င်းတို့ဘဝ ရှင်သန်ရပ်တည်ရေးအတွက် ထိုက်သင့်ထိုက်တန်တဲ့ လျော်ကြေးငွေများ ပေးအပ်ရပါ့မယ်။ မိမိက
တော့လိုတာထက်ပိုပြီး အကျိုးအမြတ်ကို ပိုယူမယ် ဒေသခံပြည်သူတွေဖြစ်ချင်ရာဖြစ်ဆိုတဲ့ မိမိရဲ့ ဝိသမလော
ဘ အကျိုးမြတ်ရရှိဖို့တခုတည်းကိုသာကြည့်ပြီး ပါးကွက်သားဆန်ဆန် စီမံကိန်းများကို အကောင်ထည်ဖော်လို့
မရပါ။ မိမိအကျိုးအမြတ်ရရှိရေးအတွက်ကိုသာ ရှေးရှုပြီး ဒေသခံပြည်သူတွေအတွက် ဘာအကျိုးမှ မခံစားရပဲ
( မဆလ ) န.ဝ.တ ( နအဖ ) ခေတ်ကလို ဘာကိုမှဂရုမစိုက်ပဲ အာဏာကိုအလွဲသုံးစားလုပ်ပြီး အာဏာရှင်ဆန်
ဆန် စီမံကိန်းတွေကို အကောင်ထည်ဖော်တည်ဆောက်လို့ရတဲ့ ခေတ်ကာလလည်းမဟုတ်တော့ပါ။ ဒါကြောင့် ဒေသခံပြည်သူအများရဲ့ နစ်နာဆုံးရှုံးမှုတွေကို လျှော်ကြေးငွေအဖြစ် စီမံကိန်းကိုတည်ဆောက်ကြမယ့် အစိုးရပဲ
ဖြစ်ဖြစ်၊ ပုဂ္ဂလိကကုမ္မဏီတွေကပဲဖြစ်ဖြစ် ၎င်းတိုရဲ့ နစ်နာမှုတွေကို ထိုက်ထိုက်တန်တန် ပေးဆောင်ရမှာဖြစ် ပါတယ်။ အဲဒီလိုမှ မဟုတ်ပဲ စီမံကိန်းတွေကို ဖြစ်ချင်ရာဖြစ် အကောင်ထည်ဖော်တည်ဆောက်နေရင်၊ လက်ရှိ
အစိုးရဟာ အာဏာရှင်အရေကိုခြုံထားတဲ့ အစိုးရသာဖြစ်ချေမည်။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်
သို့ ဦးတည်သွားနေလျှင်၊ စည်းမရှိ- ကမ်းမရှိလုပ်ရပ်တွေကို စွန့်လွှတ်ကြရပါလိမ့်မည်။ ကြေးနီစီမံကိန်းသည် စစ်တပ်အသိုင်းဝိုင်း ဦးပိုင်များက ပါဝင်ပါတ်သက်နေခြင်းကြောင့် ရပ်ပစ်ရန်အခက်ကြုံနေလျှင်၊ အဲဒီစစ်တပ် အသိုင်းဝိုင်းကို ပထမအဆင့်အနေနဲ့ အပြုသဘောဘောင်ထဲက ကြားခံလူတွေကသွားရောက်ဆွေးနွေးပြီး၊ လက်ရှိခံစားနေရတဲ့ ဒေသခံပြည်သူတွေရဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်ခဲတွေနှင့် အနာဂတ်ဒေသခံပြည်သူ
တွေရဲ့ ဘဝတွေကို ဘယ်ပုံဘယ်နည်း အကောင်းဆုံးဖြစ်လာအောင် ဖြေရှင်းကူညီဆောင်ရွက်ရမလဲဆိုတာ
စေ့စပ်ဆွေးနွေးပေးသင့်ပါတယ်။ အကယ်၍ ထိုစေ့စပ်ဆွေးနွေးမှုကို စစ်တပ်အသိုင်းဝိုင်းက လက်မခံပဲ ငြင်းဆန်
ပယ်ချခဲ့ရင် မြစ်ဧရာလို တပြည်လုံးအတိုင်းသာအရ ငြိမ်းချမ်းစွာတောင်းဆိုဆန္ဒပြယုံမှတပါး အခြားမရှိပါ။

တချိန်တခါ အရင်စစ်အစိုးရလက်ထက်က အကောင်ထည်ဖော်ခဲ့တဲ့ စီမံကိန်းတွေဟာလည်း၊ လူထုအတွက် အကျိုးမပြုရင် ( သို့ ) ပညာရှင်များကသုံးသပ်ပြီး သဘာဝရင်းမြစ်တွေ များစွာထိခိုက်နစ်နာဆုံးရှုံးမှု များဖြစ်
နေသည်ဟုသုံးသပ်လျှင်၊ ဒီ- စီမံကိန်းတွေကို လွှတ်တော်မှာဆွေးနွေးကာ မဲခွဲဆုံးဖြတ်ပြီးတော့ဖြစ်ဖြစ်
( သို့တည်းမဟုတ် ) အများပြည်သူတွေရဲ့ ဆန္ဒအရ ရပ်ပစ်ရပါ့မယ်။ ((( မှတ်ချက် ။ ။ ယနေ့ဒီအချိန်အခါမှာ
လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရမယ့် ကာလဟုတ်သေးပါ။ ဒါကြောင့် အများပြည်သူရဲ့ ဆန္ဒ ( သို့ ) ဧရာဝတ
မြစ်ဆုံစီမံကိန်းကလိုပဲ သမ္မတအမိန့်နဲ့ ရပ်ဆိုင်းပစ်ရပါ့မယ် )))

အကယ်၍ အစိုးရကနေပြီး ဒီ- စီမံကိန်းဟာ ဒေသခံပြနည်သူတေနဲ့ ပြည်သူလူထုအတွက် အကျိုးရှိကြောင်း ခိုင်လုံတဲ့ အထောက်ထားနဲ့ တင်ပြနိုင်မည်ဆိုလျှင်ပင်၊ မည်သည့်စီမံကိန်းကြီးကြောင့်ဖြစ်စေ မဖြစ်မနေပြောင်း ရွေ့ကြရမယ့် ဒေသခံပြည်သူတွေအပေါ် ပြောင်းရွေ့စရိတ်နဲ့ သိမ်းဆည်းထားသည့် လယ်မြေများအပေါ် ထိုက်
သင့်ထိုက်တန်တဲ့ နစ်နာဆုံးရှုံးမှုတွေကို လျှော်ကြေးငွေအဖြစ်စီမံကိန်းကိုတည်ဆောက်ကြမယ့် အစိုးရပဲဖြစ်
ဖြစ်၊ ပုဂ္ဂလိကကုမ္မဏီတွေကပဲဖြစ်နေဖြစ်နေ ဆုံးရှုံးနစ်နာသွားခဲ့တဲ့ လျှော်ကြေးငွေများကို ၂ ဆ ( သို့ ) ၃ဆတိုးပေးဆောင်ယုံမှ တပါး အခြားမရှိပါ။
ဘာကြောင့် ၂ ဆ ( သို့ ) ၃ ဆ ဆုံးရှုံးနစ်နာမှုတွေကို တောင်းဆိုရသလဲဆိုရင် စီမံကိန်းကြောင့် ရရှိလာမယ့်အကျိုးအမြတ်တွေကို ဒေသခံပြည်သူတွေမှာလည်း ခံစားပိုင်ခွင့်ရှိလို့ပါပဲ။

( ကိုဗလိုင် )

((( ကြွယ်ဝချမ်းသာသူများအား အသိပေးခြင်း )))
ဝိသမလောဘဇောဆိုတာ    မရှိဆင်းရဲသားတွေက  ချမ်းသာချင်တဲ့ဇောကြောင့်   ဖြတ်လမ်းနည်းသုံးကာ
ဝိသမလောဘဇောတက်တာကို ရှုထောင့်တခုကနေကြည့်ပြီး နားလည်လက်ခံပေးလို့ရပေမယ့်...ချမ်းသာ
အတိနဲ့ ငွေကြေးပြည့်စုံသူတွေက ဝိသမလောဘဇောတက်တာကို လက်ခံပေးလို့ မရပါ။
မရှိဆင်းရဲသားပြည်သူများအပေါ် နိုင်ထက်စီးနင်း မလုပ်ကြပါနဲ့။

ကျွန်တော့် ကျန်းမာရေးဆေးစစ်ပြီး အခြေအနေ (မောင်ဝံသ)


by Maung Wuntha on Wednesday, October 3, 2012 at 6:27am ·

မိတ်ဆွေများခင်ဗျာ
ကျွန်တော် ကျန်းမာရေးဆေးစစ်ဖို့ စင်ကာပူကို စက်တင်ဘာ ၃၀ ရက်က ရောက်ပါတယ်။ အောက်တိုဘာ ၁နဲ့ ၂ နှစ်ရက် ဆေးစစ်မှုတွေ ပြုလုပ်ပါတယ်။
အောက်တိုဘာ ၃ မှာ အဖြေတွေရပါတယ်။ Mt Elizabeth ဆေးရုံက အဆုတ်ပါရဂူ ဆရာဝန်ကြီး Dr Philip Eng က အဆုတ် ကင်ဆာလို့ ဆုံးဖြတ်ပါတယ်။
သူ့ဆီကနေ Oncologist Dr Benjamin  ထံ လွှဲပေးလိုက်လို့ ဆွေးနွေးပြီး အောက်တိုဘာ ၄ မှာ ကီမိုဆေးသွင်းကုသမှုပြုလုပ်ပါမယ်။ အောက်တိုဘာ ၁၁ မှာ နောက်တစ်ကြိမ် ဆေးထပ်သွင်းကုသခံပြီး အောက်တိုဘာ လလယ်ထဲမှာ ရန်ကုန်ပြန်ပါမယ်။ ရန်ကုန်မှာ ကီမို ဆေးသွင်းကုသမှု ဆက်လုပ်ပြီး ရက်ချိန်းစေ့ရင် စင်ကာပူ ပြန်ပြရပါမယ်။
အကြမ်းဖျင်းတော့ ဒီလောက်ပဲ အစီရင်ခံနိုင်ပါသေးတယ်။ ကင်ဆာရောဂါဆိုတာကတော့ မထင်ဘဲ အလစ်ဝင်တိုက်တာကို ခံရတာမျိုးပါပဲ။
ဆက်လက်ပြီး ရှင်သန်နိုင်သမျှ ရှင်သန်နိုင်အောင် တိုက်ပွဲတစ်ပွဲလို ဆင်နွှဲရတော့မှာပါ။
ကျွန်တော့်အနေနဲ့ အောက်တိုဘာလလယ်ကနေ နိုဝင်ဘာ ၁၁ အထိ ခရီးထွက်ဖို့ ရှိတာကြောင့်  ရန်ကုန်မှာမိမိသဘောနဲ့ မိမိ အထွေထွေစစ်ဆေးမှု လုပ်ရာက ခုလို  စတွေ့ခဲ့တာပါ။
တစ်နည်းပြောရရင် ကံကောင်းတယ် ဆိုရမှာပါ။ ခရီးထွက်နေတုန်း တစ်ခုခု ဖြစ်ရင် ပိုဆိုးမယ်ထင်ပါတယ်။
ကျွန်တော် ကျန်းမာရေးဆေးစစ်ခံနေတဲ့ အကြောင်းကိုတော့ မိတ်ဆွေအချို့ရဲ့ facebook တွေမှာ တွေ့မိကောင်းတွေ့မိပါလိမ့်မယ်။ ကျွန်တော် ချစ်ခင်လေးစားရပါသော မိတ်ဆွေများအားလုံးကို ကျွန်တော့်အနေနဲ့ ဒီစာနဲ့ အစီရင်ခံလိုက်ခြင်းဖြစ်ပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
maungwuntha@gmail.com
3 October 2012

လွှတ်တော်တွင်း တင်ပြချက်များသည် ပြည်သူ့လိုအပ်ချက်နှင့် ကွဲလွဲနေဟု ဒေါ်ဖြူဖြူသင်းပြော

Published on October 3, 2012 by မိုးမြင့်ဇင်

လွှတ်တော်တွင်းမှာ တင်ပြချက်တွေဟာ မဲဆန္ဒနယ်ထဲက ပြည်သူ့လိုအပ်ချက်တွေနဲ့ အတော်များများ ကိုက်ညီမှု မရှိသေးဘူးလို့ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့ လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းက ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၂ ရက်နေ့ မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိမ်ညွန့် ရပ်ကွက်အနီး ဓမ္မာရုံမှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဖြေကြားခဲ့တာပါ။

ဒေါ်ဖြူဖြူသင်းက “ရပ်ကွက်ထဲက ပြည်သူလူထုရဲ့ လိုအပ်ချက်တွေနဲ့ တော်တော်များများ ကိုက်ညီမှုမရှိဘူးလို့ပဲ ပြောရမှာပေါ့။ ဘာကြောင့်လဲဆို အခုလက်ရှိ လွှတ်တော်ထဲမှာ လုပ်နေတာက ဥပဒေပြဋ္ဌာန်းတာတွေရှိတယ်၊ အဆိုတွေ ရှိတယ်၊ အဆိုတွေက တခြားသော မြို့နယ်တွေက ပြည်သူလူထုတွေအတွက် အကျိုးရှိသွားတာတော့ ရှိပါတယ်။ အနည်းအကျဉ်းပေါ့။ အလုံးစုံ တော်တော်များများကတော့ အခုလက်ရှိတွေ့နေရတာက လွှတ်တော်ထဲမှာ တင်ပြတာတွေနဲ့ ကွဲလွဲချက်တွေ တွေ့နေရတယ်” လို့ ပြောပါတယ်။

ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းရဲ့ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲကို တက်ရောက်လာသူတွေရဲ့ဆွေးနွေးမေးမြန်း အကြံပြုချက်တွေထဲမှာ သူတို့ရဲ့ နေ့စဉ်လူမှု ဘ၀မှာ ကြုံနေရတဲ့ အကြောင်းအရာ အခက်အခဲတွေက အဓိက အများဆုံးဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်ကတဆင့် လွှတ်တော်ထဲကို တင်ပြပေးဖို့ကိစ္စတွေကို လည်း ပြောပြတယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ အစိုးရက ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ အများဆန္ဒအတိုင်း ရွေးချယ်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အခုထိ တရားဝင် မထုတ်ပြန်ပေးသေးတာ၊ လမ်းတွေမကောင်းတာ၊ စည်ပင်ကိစ္စ၊ ပညာရေး၊ ကျန်းမာရေးကိစ္စတွေ ပါဝင်နေတယ်လို့ ပြောပါတယ်။
အခုပြည်သူတွေ တင်ပြထားတဲ့ အကြောင်းအရာတွေကို ဆောင်ရွက်ပေးနိုင်ဖို့အတွက် သက်ဆိုင်ရာ မြို့နယ်အဖွဲ့အစည်းတွေအားလုံးနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

“ကျမတို့ ခေါင်းဆောင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ညွှန်ကြားထားတာရှိပါတယ်။ ဘာလဲဆိုတော့ ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆိုတာက သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး လုပ်ကိုင်ဆောင်ရွက်သင့်တာတွေ ကို လုပ်ကိုင်ဆောင်ရွက်ခဲ့ပါ။ မြို့နယ်ကအဆင်မပြေဘူး၊ လုပ်လို့မရဘူးဆိုတဲ့ ကိစ္စရပ်တွေကို လွှတ်တော်ထဲတင်ပြီး ဆွေးနွေးတင်ပြရမှာပါ။ ဒါကြောင့် လွှတ်တော်မှာတင်တာနဲ့ ရပ်ကွက်ထဲဖြစ်တာနဲ့က တော်တော်တော့ ကွဲပြားခြားနားမှာပါ။ ဒါကြောင့် ကျမတို့က ပြည်သူလူထုတွေ တင်ပြထားတဲ့ ပညာရေး၊ ကျန်းမာရေး အစရှိသဖြင့် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မြို့နယ်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး ဒီတွေ့ဆုံပွဲတွေ ပြီးတဲ့နောက် မှာ ဆောင်ရွက်သွားမှာပါ။”
burmese.dvb.no

လိုသလို အလွဲသုံးနိုင်သည့် ဥပဒေများ ဖျက်သိမ်းရမည်ဟု ဒေါ်အောင် ဆန်းစုကြည် ဆို


Popular Myanmar News Journal
ပြည်သူများ၏ အခြေခံအခွင့်အရေးကို မရရှိစေဘဲ အာဏာပိုင်များ လိုသလို အလွဲသုံးနိုင်သည့် ပုဒ်မ ၁ဝ(က)၊ (ခ)၊ ပုဒ်မ ၅ ကဲ့သို့ ဥပဒေများကို ပယ်ဖျက်ရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၂၉ ရက်တွင် အမေရိကန်နိုင်ငံ ယေးလ်တက္ကသိုလ်၌ ပြောကြားသည့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

''အခုပြောခဲ့တဲ့ ပုဒ်မ ၅၊ ပုဒ်မ ၁ဝ တို့ဟာ အစကတည်းက ကျင့်သုံးခဲ့ဖို့ မကောင်းတဲ့ ဥပဒေတွေ ပါ။ အဲဒီ ဥပဒေကိုယ်ထည်ကြီး တစ်ခုလုံးကို အပြီးအပိုင်ထုတ်ပစ် တာမျိုးကိုပဲ ကျွန်မတို့ လိုလားပါ တယ်''ဟု ဒေါ်အောင် ဆန်းစုကြည် က ပြောသည်။

ယင်းနှင့် ပတ်သက်၍ ဗဟု အဖွဲ့မှ ဦးတင်မောင်သန်းကလည်း တရားဥပဒေသည် ပြဿနာများကို ဖြေရှင်းရေးနှင့် ဆက်စပ်ပြီး မူဝါဒ များသည် ပြဿနာများကို ဖြေရှင်း ရန်အတွက် ယေဘုယျကျကျ ချဉ်း ကပ်မှုဖြစ်ကြောင်း ဆိုသည်။

''ဥပဒေတစ်ရပ်ကို ထုတ်ပြန် တဲ့အခါ လုံခြုံရေးကို စိုးရိမ်လို့ လုံခြုံရေး အတွက်ဆိုပြီးစဉ်းစား ထုတ်ပြန်တဲ့အခါ တကယ်စိုးရိမ်တဲ့ အတိုင်းဖြစ် ရဲ့လားဆိုတာ မေးခွန်း ထုတ်ရပါမယ်''ဟု ဦးတင်မောင် သန်းက ပြောသည်။ ယင်းသို့သော ဥပဒေများပယ်ဖျက်ခြင်းအသစ်ပြန် လည်ရေးဆွဲခြင်းပြုလုပ် ရန် လွှတ် တော်တွင်း အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံရှေ့နေ များ ကွန်ရက်မှ တာဝန်ရှိသူတစ်ဦး က စက်တင်ဘာ လ ၃ဝ ရက်က ပြောကြားသည်။

''ဥပဒေကို မပြဋ္ဌာန်းခင်တုန်း က ချိုးဖောက်တဲ့သူမရှိဘူး။ ဥပဒေ ကို မလိုအပ်ဘဲ ပြဋ္ဌာန်းတဲ့အခါကျ တော့ အလိုလိုနေရင်းကို လူတွေက ဥပဒေချိုးဖောက်တဲ့သူတွေ ဖြစ်သွား တယ်။ အဲဒီတော့ အဲဒီလို ဝန်ထုပ် ဝန်ပိုးဖြစ်နေတဲ့ ဥပဒေတွေကို ဖျက်သိမ်းပစ်ရမယ်''ဟု ၈၈ မျိုးဆက် ကျောင်းသား ကိုကိုကြီးက ပြော သည်။

အဆိုပါပုဒ်မ ၅၊ ပုဒ်မ ၁ဝ(က)၊ (ခ)ကဲ့သို့ ပုဒ်မများအပြင် ပုဒ်မ ၃၃(က)ကဲ့သို့ အီလက်ထရောနစ် ဥပဒေများသည် ပြင်ဆင်သင့်သည့် ဥပဒေဖြစ်သည်မှာ အငြင်းပွားဖွယ် မရှိကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ပြောသည်။

''ဥပဒေမှာပါတဲ့ အချက်တွေ ကပြဿနာဖြစ်စေနိုင်တာ အားလုံး သိကြပါတယ်''ဟု ၄င်းက ပြော သည်။ယင်းအတွက် လွှတ်တော်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ယင်းဥပဒေကို ပြင်ဆင်သင့်ပြီး တရားရုံးများကလည်း ယင်းဥပဒေ များဖြင့် တရားစွဲဆိုခြင်းကို ခွင့် မပြုသင့်ကြောင်း ဆိုသည်။

အဆိုပါ ပုဒ်မ ၁ဝ(က)(ခ) သည် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ် မှ ကာကွယ်သည့် ဥပဒေအဖြစ် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ ဦးနေဝင်း အစိုးရလက်ထက်တွင် ထုတ်ပြန်ခဲ့သည့်ဥပဒေဖြစ်ပြီး ပုဒ်မ ၃၃(က)သည်အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးနည်း ပညာကို အသုံးပြုလျက် နိုင်ငံ တော် လုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေးနှင့် နယ်မြေအေးချမ်းသာယာ ရေး၊ တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေး၊ နိုင်ငံတော်၏ စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှု ကို ထိခိုက်စေသည့် ပြုလုပ်မှုတစ်ရပ် ရပ်ကိုပြု လုပ်လျှင် ထောင်ဒဏ် ၇ နှစ်မှ ၁၅ နှစ်အထိ ချမှတ်ရမည့် အ ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည် ဟု ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း သိရသည်။

ဥာဏ်လင်းအောင်

ပြည်သူလူထုအပေါ် ရိုင်းစိုင်စွာဆက်ဆံခဲ့တဲ့ ရဲမြို့ နယ်မှူး။

Nik Nayman

    ကျွန်တော်တို့က တာမွေမြို့နယ်၊ ကျားကွက်သစ် ရပ်ကွက်၊ မဂ္ဂင်လမ်းမှာ နေ ကြပါတယ်။

    ကျွန်တော်တို့ လမ်းကို ကွန်ကရစ်လမ်းအသစ် ခင်းနေပါတယ်။ လမ်းအသစ်ခင်းနေတဲ့ အတွက် ကား ဆိုင်ကယ်နှင့် စက်ဘီးများ ဝင်ခွင့်မပြုဟု သတိပေး တားမြစ်ထားပါတယ်။

    အခင်းဖြစ်ပုံမှာ လွန်ခဲ့သော စက်တင်ဘာလ ၃ဝ ရက် နံနက် (၁း၂ဝ) အချိန် လူငယ် (၄) ယောက် မိန်းကလေး (၂) ယောက်ပါသော super roof van ce106 ဖင်ကောက် တစ်စီးက လမ်းတွင် ပိတ်ဆို့ထားသော အုန်းတုံးများနှင့် တန်းများကို တိုက်ကာ ဝင်လာပါတယ်။

    ကားနံပါတ်မှာ ရှေ့ဘက်တွင် ၁ခ/၁၃ဝ၇ ဖြစ်ပြီး အနောက်ဘက်တွင် ၁ခ/၁၃၁၇ ဖြစ်အောင် ပြင်ဆင်ထားပါတယ်။ လူငယ်များ တားဆီးသော်လည်း ဂရုမစိုက်ဘဲ ဆက်မောင်းသောကြောင့် လူငယ်များလည်း ခုန်ရှောင်လိုက်ရပါတယ်။

    လမ်းရဲ့ ကျန်တဲ့ တစ်ဘက်ခြမ်းက ခင်းလို့ မပြီးသေးတဲ့အတွက် ကျောက်ပုံများ သဲပုံများရှိသောကြောင့် ဆက်သွားလို့မရပါဘူး။ အဲဒီအချိန်မှာ ကားက နောက်ဘက်ကို ပြန်ဆုတ်လာပြီး လမ်းအလယ်က ယာယီတဲနဲ့ ဝင်တိုက်မိပါတယ်။ လမ်းထဲမှာ မီးကလည်း ပျက်နေတဲ့အချိန် ဖြစ်ပါတယ်။

    လမ်းသူလမ်းသားများက တိုက်များပေါ်မှ ဝိုင်းဝန်းအော်ဟစ် တားဆီးကြပါတယ်။ ဒါပေမဲ့ သူတို့ကားပေါ်မှ ယောင်္ကျားလေး (၄) ယောက် ဆင်းလာပြီး၊ ယာယီတဲကို ရိုက်ချိုး၊ ကြံခိုင်ရေးမှ ကူညီခင်းသောကြောင့် ထောင်ထားသော အလံများကိုလည်း ရိုက်ချိုးပါတယ်။ သူတို့ အားလုံး မူးနေကြပါတယ်။

    လမ်းသားများကိုလည်း ညစ်ညမ်းစွာ ဆဲဆိုပြီး၊ လူကြီးသားကွ မင်းတို့ လမ်းသားတွေ မိုက်တဲ့ကောင် ထွက်ခဲ့ ဟု စိန်ခေါ်ပါတယ်။ လမ်းရာအိမ်မှူးက အေးဆေးစွာပဲ ငါ့ညီတို့ မင်းတို့ ဘာဖြစ်တာလဲ၊ အစ်ကိုက ရာအိမ်မှူးပါဟု ပြောသော်လည်း၊ မင်းလို ရာအိမ်မှူးလောက်ကို ဘာဂရုစိုက်ရမှာလဲ၊ လူကြီးသားကွ ဟု ပြောကာ ဆဲဆိုပြီး နှစ်ယောက်က ကားပေါ် ပြန်တက်၍ ကားကို ဆက်လက် နောက်ဆုတ်ပါတယ်။

    မီးမှောင်နေသောကြောင့် လမ်းကို ဖြတ်သော ကွန်ကရစ်ဖြတ်စက်ကို ကားနောက်ဘက်ဖြင့် တိုက်မိပါတယ်။ လမ်းထဲမှ လူငယ်များ ထွက်လာပြီး ကားကို ရပ်ခိုင်းသော်လည်း ရပ်မပေးဘဲ နောက်ဘက်ကို ဆက်ဆုတ်ပါတယ်။ လမ်းထိပ်ဘက်အရောက်မှာတော့ ပိတ် ဆို့ထားသော အုန်းတုံးများနှင့် တိုက်မိပြီး ဆက်မောင်းလို့ မရဘဲ ရပ်သွားကာ ကားဘီးမှာ အောက်မှ ကွန်ကရစ်များ ကာရံထားသော အုန်းတုံး များဖြင့် ညိ၍ မောင်းလို့ မရတော့ပါဘူး။

    လူငယ်များမှ ဝိုင်းဝန်းပြီး တားကာ ကားထဲမှ သော့ကို ဖြုတ်ယူသောအခါမှ ကားကို ရပ်လိုက်ပြီး လမ်းလူကြီးများလည်း ရောက်ရှိလာကာ လမ်းလူငယ်များ လက်လွန်ခြေလွန်ဖြစ်မည် စိုးသောကြောင့် တားဆီးပြီး ရဲစခန်းသို့ ရာအိမ်မှူးအား ဖုန်းဆက် အကြောင်းကြားခိုင်းပါတယ်။ ရဲသုံးယောက် ရောက်လာသောအခါ လူကြီးသားဟု အော်သော အင်္ကျီအဖြူဝတ်ထားသော တစ်ယောက်နှင့် နောက်ထပ် အင်္ကျီအမဲ ဝတ်ထားသော တစ်ယောက်မှာ ထွက်ပြေးသွားပါတယ်။

    ကျန်သော ယောင်္ကျားလေး (၂) ယောက်မှ တစ်ယောက်လည်း ထွက်ပြေးသွားရာ လမ်းသူလမ်းသားများနှင့် ရဲက ဝိုင်းဝန်းဖမ်းဆီးကာ ကားကိုပါ စစ်ဆေး၍ သော့ပိတ်ပြီး ကားကို ထားခဲ့ပါတယ်။ ရဲစခန်းသို့ တရားခံများကို ခေါ်ဆောင်သွားပါတယ်။ ရဲများမှ လမ်းသားများကို မျက်မြင်သက်သေများ လိုက်လာရနှ် ပြောကြားခဲ့ပါတယ်။

    ရဲစခန်းသို့ လမ်းသားများ ရောက်သောအခါ မြို့နယ်မှူးဆိုသူက ရိုင်းစိုင်းစွာ ပြောဆိုကာ အပေါက်ဝမှနေ၍ ပါလာသူများအား မင်းတို့ ဘယ်ကကောင်တွေလဲ စခန်းထဲကနေ အခုထွက်သွားကြဟုဆိုကာ မောင်းထုတ်ပါတယ်။

    လမ်းဖြစ်မြောက်ရေး ဥက္ကဌ ဦးထွန်းကြည်အား ရင်ဘတ်ကို ဆောင့်တားထားပြီး မင်းကရော ဘယ်ကလဲ ဘာလုပ်မှာလဲဟု မေးသောကြောင့် ကျွန်တော် လမ်းဖြစ်မြောက်ရေး ဥက္ကဌဟု ပြောပါတယ်။

    ဘေးတွင်ရပ်နေသော ရာအိမ်မှူးကိုလည်း မင်းက ဘယ်ကလဲ ဘာလုပ်မှာလဲဟု ထပ်မံမေးမြန်းပြီး ငါမြို့နယ်မှူးကွ အပြင်သို့ ထွက်သွားဟု ရိုင်းပျစွာ အော်ထုတ်ပါသည်။ စခန်းဝန်းအတွင်း ထိုင်နေသော မျက်မြင်သက်သေများကိုလည်း မင်းတို့က ဘာထိုင်လုပ်နေတာလဲ ငါထွက်သွားလို့ ပြောနေတာ မကြာဘူးလား၊ မင်းတို့ ကို ပြောနေတာ အခုထွက်သွားကြစမ်းဟု အော်ဟောက်မောင်းထုတ်ပါတယ်။

    ဆက်လက်၍ စခန်း အပြင်တွင် ရပ်နေသောလူများကို လည်း ဒီရှေ့မှာ ရပ်မနေကြနဲ့ ထွက်သွားကြ ဒီရှေ့မှာ ရပ်မနေကြနဲ့ဟု ဆက်လက်မောင်းထုတ်ပါတယ်။ စခန်းတွင်းသို့ ကြံခိုင်ရေးမှ ရပ်ကွက်စည်းရုံးရေးမှူး ကျော်စိုးနှင့် ပါတီမှ တစ်ယောက် အပါအဝင်၊ လမ်းမှ နှစ်ယောက်သာ ဝင်ခွင့်ပေးပြီး အမှုတိုင်ခိုင်းပါတယ်။

    ကြံခိုင်ရေးပါတီမှ ရပ်စည်း အားလည်း မင်းက ဘာကို တိုင်မှာလဲဟု မေးသောကြောင့် ကြံခိုင်ရေးအလံတိုင်အား ရိုက်ချိုးသောကြောင့် တိုင်မှာပါဟု ပြောရာ၊ မင်းတို့က ဘာလို့အလံတွေ ထောင်ထားတာလဲ ဘယ်နှစ်ချောင်း ထောင်ထားလဲဟု ထပ်မေးပါသည်။ စည်းမှူးမှ လမ်းခင်းရာတွင် ကြံခိုင်ရေးပါတီမှ လှူဒါန်းသောကြောင့် ထောင်ထားကြောင်း စသဖြင့် အကျိုးသင့် အကြောင်းသင့် ရှင်းပြမှ ဒါဆို တိုင်မည့်သူက မင်းလား ဒါဆို ရေးဟု ဆိုကာ စာရွက်ထုတ်ပေးပါသည်။

    ကြံခိုင်ရေးမှ တိုင်ပြီး လမ်းမှလည်း လမ်းအတွင်း ဆဲဆို ရမ်းကားကာ လမ်းသူလမ်းသားများကို စော်ကား၍ ပစ္စည်းများကို ဖျက်စီးသည်ကို အောက်တွင်သာ ထည့်ရေးရန် ပြောပါသည်။ လမ်းလူကြီးများမှလည်း ထပ်မံ၍ အမှုဖွင့်လိုကြောင်းပြောသော အခါ မင်းတို့က ဘယ်နှစ်မှုဖွင့်မှာလဲ တစ်ခုဘဲဖွင့်လို့ရမယ်ဟု ပြောပါသည်။

    ထို့ကြောင့် ရပ်ကွက်စည်းရုံးရေးမှူးမှ ရေးထားသောစာကို ပြန်ရုတ်သိမ်းပြီး ကြံ့ခိုင်ရေးမှ တာဝန်ရှိသူများနှင့် တိုင်ပင်ပြီးမှ နောက်တစ်ခေါက်လာမည်ဟု ဆိုကာ လမ်းကိစ္စကိုသာ တိုင်စေခဲ့ပါသည်။ ထိုအခါ ယာယီစခန်းမှူးမှ မြို့နယ်မှူးအား ဖုန်းဆက်၍ ခေါ်ခဲ့ပါသည်။ မြို့နယ်မှူး ရောက်ရှိလာရာ ဘာမဟုတ်တဲ့ ပုဒ်မသေးသေးလေးကိစ္စနဲ့ ငါ့ကို အိပ်ရေးပျက်အောင် ဖုန်းဆက်ပြီးခေါ်တယ်၊ ငါ မနက် ခရိုင်မှူးနဲ့ တွေ့စရာရှိတယ်ဟု ဒေါသဖြင့် အော်ငေါက်ပြီး ပြန်သွားခဲ့ပါသည်။ ထို့နောက် အဆိုပါကားအား စခန်းမှ ရဲတစ်ဦးရောက်လာပြီး လာယူပါသည်။

    လမ်းကော်မတီဝင်များက ယခုကိစ္စဟာ ယာဉ်မှုစစ်နဲ့လည်း ဆိုင်၍ ၄င်းတို့ စစ်ဆေးပြီးမှသာ ယူသင့် ကြောင်း ပြောဆိုရာ ရဲမှ ခင်ဗျားတို့ မပေးလည်း မယူဘူးဟုပြော၍၊ လမ်းကော်မတီဝင်များမှ ကျွန်တော်တို့က မပေးဘူး မပြောဘူး၊ စစ်ဆေးပြီးမှ လာယူပါဟု ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် ယာဉ်ထိန်းရဲများက ကားကို လာယူခဲ့ပါသည်။ လာရောက်သိမ်းဆည်းသူမှာ ဒုရဲအုပ် ဇော်မင်း ယာဉ်မှုစစ်မှဖြစ်ပြီး ယာဉ်တိုက်မှုပုဒ်မ (၂၇၉) ဖြင့် အရေးယူပေးမည်ဟု သိရပါသည်။ ကားအား (၅၁) လမ်းယာဉ်မှုစစ်ရုံးသို့ ယူဆောင်မသွားဘဲ တာမွေရဲစခန်းအတွင်း၌ ထိန်းသိမ်းထားပါသည်။

    လမ်းအတွင်းမှ အသိသက်သေများကိုမူ ယခုအချိန်အထိ စစ်မေးခြင်းမပြုသေးပါ။ ထွက်ပြေးလွတ်မြောက်သူနှစ်ဦးကိုလည်း မသိရှိရသေးပါ။ တာမွေမြို့နယ်ရဲစခန်းမှ ပုဒ်မ ၂၉၄/၄၂၇ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရပါသည်။ ပြည်သူ့လွှတ်တော်အဆင့် သမ္မတအဆင့်တို့မှ တရားဥပဒေစိုးမိုးရေးကို မည်မျှပင် လမ်းညွှန်ပြောကြားစေကာမူ အောက်ခြေအဆင့် ရဲဝန်ထမ်းများမှ လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ ပြည်သူလူထုအား ဖိနှိပ်ဆက်ဆံခြင်းများနှင့် မလျှော်မကန်ပြုမူမှုများ ရှိနေသေးကြောင်း သတင်းပေးပို့ပါသည်။

    မူးယစ်ရမ်းကားသော တရားခံများ (ကျန်နှစ်ယောက်အား စုံစမ်းဆဲ)။

    ၁။ မင်းမင်းဦး (ခ) ဘိုးလူ၊ ယာဉ်မောင်း၊ အဘအမည် - ဦးတင့် ၂၀၃၊ ၃ လွှာ၊ သီရိလမ်း၊ မေတ္တာညွန့်
    ၂။ ဝင်းသိန်းထွန်း၊ အဘအမည် - ဦးလှမြင့် ၅၈၆၊ အနန္တဂုဏ်ရည်လမ်း၊ မေတ္တာညွန့်
    ၃။ နွယ်နွယ်ဦး၊ အဘအမည် - ဦးလှသိန်း တိုက်(၁၀)၊ အခန်း (၁၀)၊ ယုဇနလမ်း၊ မင်္ဂလာတောင်ညွန့်
    ၄။ ကေသွယ်ထွန်းဝင်း၊ အဘအမည် - ဦးထွန်းဝင်း ၅၈၆၊ အနန္တဂုဏ်ရည်လမ်း၊ မေတ္တာညွန့်

    ပြည်သူအား ရိုင်းပြစွာ ဆက်ဆံသောရဲများ (တာမွေမြို့နယ် ရဲစခန်း)။

    မြို့နယ်ရဲမှူး ဒုရဲမှူး ကျော်ကျော်
    ယာယီစခန်းမှူး ဒုရဲအုပ် ရဲနိုင်
    ရဲစာရေး အမည်မသိ
    ယာဉ်မှုစစ် ဒုရဲအုပ် ဇော်မင်း တို့  ဖြစ်ပါတယ်။

""Congratulation Mr-President""

Published on Oct 2, 2012 by ဥက္ကာ ကိုကို
ကင်မရာ၊ တည်းဖြတ်၊ တင်ဆက်-Oakkar Ko Ko
(သမ္မတမိန့်ခွန်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခြင်း ကဒ်နှစ်ကဒ်ကို ဒီဗွီဘီမှ ယူပါသည်)

မြန်မာ အမျိုးသမီးများကို တရုတ်သို့ လိင်ကုန်ကူးရန် ဗြောင်စည်းရုံး

The Voice Weekly‎

မြန်မာနိုင်ငံမှ အမျိုးသမီးများကို တရုတ် နိုင်ငံသားများနှင့် အဓမ္မ ထိမ်းမြားရန် လိင်ပိုင်းဆိုင်ရာ လူကုန်ကူးရန် ဗြောင်ကျစွာ စည်းရုံးလာကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့မှ ဒုတိယ ရဲမှူးကြီး ညွန့်လှိုင်က ပြောကြားသည်။

ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများကို လူကုန်ကူးမှု ဥပဒေများနှင့် ပတ်သက်၍ စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ ပန်ဒါ ဟိုတယ်၌ ပြုလုပ်သော အသိပညာပေး ဆွေးနွေးပွဲ အပြီးတွင် ၎င်းက သတင်းထောက် များကို ပြောကြားခြင်း ဖြစ်သည်။

“တရုတ် အမျိုးသားနဲ့ လက်ထပ်ရမယ်။ ကလေးတစ်ယောက် မွေးပေးရမယ်။ သိန်းသုံးဆယ် ရမယ်။ ပြီးရင် ပြန်လာ ရမယ်ဆိုပြီး သဘောတူညီချက် ယူပြီး လုပ်တာ အများကြီးပဲ” ဟု ၎င်းက ရှင်းပြသည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံရှိ အမျိုးသား ဦးရေနှင့် အမျိုးသမီး ဦးရေ ကွာဟမှုကြောင့် မြန်မာနိုင်ငံမှ အမျိုးသမီးများသည် ဈေးကွက် တစ်ခု သဖွယ်ဖြစ်လာပြီး တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ လူကုန်ကူးမှု များတွင် တရုတ်အမျိုးသားများ အတွက် မြန်မာ အမျိုးသမီးများကို အဓမ္မ ထိမ်းမြားစေခြင်းမှာ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းထိ ရှိကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့မှ သိရှိရသည်။

ယင်းလူကုန်ကူးမှုကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံမှ အဆင့်မြင့် အရာရှိများနှင့် တရုတ်သမ္မတ နိုင်ငံမှ အဆင့်မြင့် အရာရှိများ အောက်တိုဘာလ အတွင်းတွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ဒုတိယရဲမှူးကြီး ညွန့်လှိုင်က ဆိုသည်။

အဆိုပါ အမျိုးသမီးများကို တရုတ် အမျိုးသားများက ပိုက်ဆံပေး ဝယ်ယူခြင်းကို တရုတ် ရဲတပ်ဖွဲ့ကလည်း အချိန်မရွေး ဖမ်းဆီးနိုင်သဖြင့် မည်သို့မျှ တရားမဝင်ကြောင်း၊ ယင်းသို့ လူကုန်ကူးမှုများ မဖြစ်စေရန် မန္တလေး၊ လားရှိုး၊ မူဆယ် နယ်စပ်ဒေသတို့တွင် လိုက်လံ တားဆီး နေကြောင်း ၎င်းက ရှင်းပြသည်။
စစ်မက် ဖြစ်ပွားနေသော ဒေသများတွင် အသက် ၁၄ နှစ်ခန့် အမျိုးသမီးငယ်များသည် တရုတ်သမ္မတ နိုင်ငံသို့ လိင်ပိုင်းဆိုင်ရာ ရောင်းစားခြင်း ခံနေရပြီး အချို့ မိန်းကလေးငယ်များမှာ မိသားစု အခြေအနေကြောင့် မိမိကိုယ်တိုင် ရောင်းချမှု ရှိနေကြောင်း အလုပ်သမား အရေးများကို ဆောင်ရွက်သူ တစ်ဦးဖြစ်သူ ဒေါ်ဘောက်ဂျာက ပြောကြားသည်။

မြန်မာအစိုးရ၏ နိုင်ငံအတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုများကို အမေရိကန် အစိုးရက စောင့်ကြည့် အဆင့်လျှော့ချ အသိအမှတ် ပြုခဲ့သည်။
မြန်မာနိုင်ငံမှ လူကုန်ကူးရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဦးတည်မှု ၈၄ ရာခိုင်နှုန်းရှိကြောင်း၊ လူကုန်ကူး ခံရမှု အမျိုးအစားများတွင် အဓမ္မ ထိမ်းမြားခြင်းမှာ ၆၀ ရာခိုင်နှုန်း ရှိကြောင်း အစိုးရက တရားဝင် ထုတ်ပြန်ထားသည်။

တစ်ဦးတစ်ယောက်၏ သဘောတူညီချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်ခြင်း ပြုရန် ရည်ရွယ်၍ ခြိမ်းခြောက်၊ သွေးဆောင်၊ လိမ်လည်လှည့်ဖျား၊ အခွင့်အာဏာ အလွဲသုံးစားပြုခြင်း သို့မဟုတ် ဘဝရပ်တည်ရန် ခက်ခဲနေ သော အခြေအနေကို အလွဲသုံးစားပြုခြင်း စသည်တို့ကို အကြောင်းပြုပြီး သိမ်းသွင်းစုဆောင်း၊ သယ်ယူပို့ဆောင်၊ လွှဲပြောင်း ရောင်းချခြင်း၊ ခိုလှုံခွင့်ပေးခြင်း စသည်တို့ကို လူကုန်ကူးမှုဟု အဓိပ္ပာယ် သက်ရောက်ကြောင်း လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေတွင် ဖော်ပြထားသည်။

ဖုန်းခွန်တွေပါ ကောက်

ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်နိုင်ငံခရီးစဉ်နှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲ

rအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ အောက်တိုဘာ ၄ ရက်နေ့ည ၉ နာရီခွဲ။ ကိုရီးယားလေကြောင်းလိုင်းဖြင့်ရောက်မည်။

 LA Convention Center ရှေ့တွင် ။။။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်နိုင်ငံခရီးစဉ်နှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲကို ၂၀၁၂ခုနှစ်၊အောက်တိုဘာလ၊(၈)ရက် (တနင်္လာနေ့) နံနက် ၁၁:၃၀နာရီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဌာနချုပ်ရုံးခန်းတွင် ကျင်းပမည်ဖြစ်ပါသဖြင့် တက်ရောက် သတင်းရယူနိုင်ပါကြောင်း လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

မှတ်ချက်။ ကြိုတင်စာရင်းပေးသွင်းရန်မလိုအပ်ပါ။ သက်ဆိုင်ရာ သတင်းဌာန အသိအမှတ်ပြု ကတ်ပြားဖြင့် တက်ရောက်နိုင်ပါသည်။

ကြည်တိုး
ဒုတာဝန်ခံ - ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ငွေကြေးခ၀ါချမှုစုံစမ်းရေးအဖွဲ့ ဖွဲ့စည်းမည်

By People Development For Knowledge
ကမ္ဘာ့အဂတိလိုက်စားမှု အရှိဆုံးနိုင်ငံများစာရင်းမှ လွတ်မြောက်ရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ပြီးခဲ့သည့်အပတ်ကလည်း နေပြည်တော်တွင် ကုလသမဂ္ဂအဂတိလိုက်စားမှုဆိုင်ရာတိုက်ဖျက်ရေး ကွန်ဗင်းရှင်းတွင် မြန်မာနိုင်ငံက ပါဝင် အတည်ပြုလက်မှတ်ရေးထိုးရန် အကြိုညှိနှိုင်းအစည်းအဝေးကို UNODC, UNDP နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ရှေ့နေချုပ်ရုံးနှင့် နိုင်ငံတော်သမ္မတ ဥပဒေအကြံပေးအဖွဲ့၊ ပြည်သူ့လွှတ်တော်ဥပဒေအကြံပေးကော်မတီတို့ ပါဝင်ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြည်ထဲရေးဝန်ကြီးဌာန၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်တို့ မှ ရေးဆွဲလျက်ရှိပြီး၊ နောက်လတွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုဖွယ်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှပြောကြားသွားသည်။ "ပြီးခဲ့တဲ့အပတ်က နေပြည်တော်မှာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုလုပ်တယ်၊ UNODC နဲ့ UNDP တို့လည်းပါတယ်။ သူတို့က နည်းပညာအကူအညီပေးရေးအတွက် ပါဝင်လာတာပါ။ ဒီရက်ပိုင်းအတွင်းမှာ မလေးရှားမှာလုပ်မဲ့ UNCAC နှစ်ပတ်လည်အစည်းအဝေးမှာ ထူးခြားမယ်ထင်တယ်။ ရှေ့နေချုပ်ရုံး၊ စသုံးလုံးနဲ့၊ လွှတ်တော်အကြံပေးအဖွဲ့တွေသွားတက်မယ်။ အမျိုးသားလွှတ်တော်ကလည်း အဂတိတိုက်ဖျက်ရေးကော်မရှင်ဥပဒေကို အကြမ်းရေးဆွဲပြီးပြီ ပြီးခဲ့တဲ့၂ လလောက်တုန်းက သတင်းစာကနေ ပြည်သူတွေရဲ့အကြံဥာဏ်တောင်းခံပြီးပြီ။ ဒါပေမယ့် ဥပဒေကြမ်းက မပြည့်စုံသေးလို့ ပြန်ပြီးပြင်ဆင်နေတယ်၊ ကုလသမဂ္ဂကွန်ဗင်းရှင်းနဲ့ အညီဖြစ်အောင်လို့လည်း ကြိုးစားဆောင်ရွက်နေတယ်။ လွှတ်တော် နောက်Section ကျရင်မှီလောက်ပါတယ်။" ဟုပြောကြားသွားသည်။ ၄င်းကိုယ်စားလှယ်ကပင် "ကော်မရှင်ဖွဲ့ရုံနဲ့တော့ မလုံလောက်ဘူး။ လုပ်သင့်လုပ်ထိုက်တဲ့ Action တွေလုပ်ရမှာပဲ။ ကော်မရှင်ကိုယ်တိုင် လွတ်လပ်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်ရမယ်။ ပြီးတော့ အမှီအခိုကင်းရမယ်။ ၀န်ကြီးဌာနအောက် ဦးစီးဌာနအဆင့်လောက်နဲ့တော့ မထိရောက်နိုင်ဘူး။ တာဝန်ခံတွေက တစ်ဆင့် ၀န်ကြီးအဆင့်စီတင် ၀န်ကြီးပြီးမှ သမ္မတတို့ လွှတ်တော်တို့ဆီရောက်မှာဆိုတော့ အဆင့်တွေခြားနေပြီ။ အဆင့်တွေများလာရင် ထုံးစံအတိုင်းပဲပြန်ဖြစ်နေဦးမှာပဲ။ အဲဒီကော်မရှင်က အစီရင်ခံစာတွေကို သမ္မတ သို့ ပြည်ထောင်စုလွှတ်တော်ကို တိုက်ရိုက်အစီရင်ခံနိုင်ရမယ်။ ပြည်သူတွေသိအောင်လည်း ကြေငြာပေးနိုင်ရမယ်။ Public Report ပေါ့။ ပွင့်လင်းမြင်သာမှုရှိရမယ်။ ကော်မရှင်ကိုယ်တိုင် အဂတိကင်းရမယ်။ တာဝန်ခံနိုင်ရမယ်။ ဒါမှအလုပ်ဖြစ်မှာ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့လည်း ၀န်ထမ်းတွေလာဘ်စားတာတွေကို တားဆီးနိုင်ရုံတင်မဟုတ်ပဲ ၀န်ထမ်းတွေရဲ့လူနေမှုဘ၀ အာမခံချက်ရရှိနိုင်အောင် အကြံဥာဏ်တွေပေးနိုင်ရမယ်။ အပြစ်ပဲပေးလို့မရဘူးလေ။ ၀န်ထမ်းတွေရဲ့ ၈၀% လောက်က မ၀လို့ အဂတိဖြစ်တာ။ သူတို့အတွက် အဆင်ပြေနိုင်မယ့် လူမှုဖူလုံရေးနဲ့ မိသားစု ကျန်းမာရေး၊ ပညာရေးစောင့်ရှောက်မှုတွေလုပ်ပေးနိုင်မှရမှာ။ လစာတိုးပေးတိုင်းလည်း ၀န်ထမ်းထမင်းဝတာမှမဟုတ်တာ။ ပြီးရင် စီးပွားရေးသမားတွေရဲ့ အဂတိလိုက်စားမှုတွေကိုပါ ဖေါ်ထုတ်နိုင်ရမယ်။ ဒါမှ Fair Play ဖြစ်မှာ။ အပြစ်ကြီးပဲပေးလို့တော့ အဂတိမပျောက်နိုင်ဘူး ၀န်ထမ်းပဲပျောက်သွားမှာ။"ဟုပြောကြားသွားသည်။ ငွေကြေးခ၀ါချမှုစုံစမ်းစစ်ဆေးရေးအဖွဲ့ အကြောင်းမေးမြန်းရာ " FIU ပေါ့ အဲဒီအဖွဲ့လည်းအတူတူပဲ၊ ဒါပေမယ့် FIU ကဖွဲ့ပြီးသားရှိတယ်၊ ရဲတပ်ဖွဲ့အောက်မှာပေါ့၊ လွတ်လပ်မှုမရှိသေးဘူး၊ သီးခြားရပ်တည်မှုမရှိသေးဘူး၊ ဖွဲ့စည်းပုံကို ပြန်ပြင်ရမယ်။ Action လည်းနည်းနေသေးတယ်။ အလုပ်သိပ်မဖြစ်ဘူး။ သူ့ကိုလည်း သီးခြားဆောင်ရွက်ခွင့်ရှိတဲ့ အဖွဲ့ဖြစ်အောင်လွှတ်တော်မှာ ဆွေးနွေးသွားမယ်။ ဒီကိစ္စတွေက တိုင်းပြည်အတွက် အရမ်းအရေးကြီးတယ်။ တိုင်းပြည်ရဲ့ Image နဲ့ ပြည်သူ့ဘဏ္ဍာငွေတွေကို ကာကွယ်ဖို့အတွက် လိုကို လိုအပ်တယ်။ အခုနောက်ပိုင်းက စီးပွားရေးတွေလည်းပွင့်လာတော့မှာဆိုတော့ ပြည်တွင်းပြည်ပစီးပွားရေးသမားတွေရဲ့ ဥပဒေပြင်ပဆောင်ရွက်မှုလေးတွေကို ဒီအဖွဲ့အစည်းတွေက တားဆီးနိုင်မှာပါ။ ဒါမှလည်း ပြည်သူတွေအတွက် ကာကွယ်မှုတွေ ရရှိနိုင်မယ်။"ဟုပြောကြားသွားသည်။ယခုလက်ရှိမြန်မာနိုင်ငံတွင် ပြည်ထောင်စုအဆင့်မဟုတ်သော သီးခြားလွတ်လပ်သည့် ကော်မရှင်များ မရှိသေးရာ ထပ်မံဖွဲ့စည်းရန် လိုအပ်နေသေးကြောင်း အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များ၏ နည်းပညာနှင့် အတွေ့အကြုံများရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။