Thursday, October 4, 2012
ကြမ္မာငိုခိုင်းသော နေ့ ရက်များ
ကျမအနေဖြင့် ခါတိုင်းကထက် မြန်မြန်သွားချင်သောစိတ်မှာ အလိုလို ပေါ်နေသည် ။
လူငယ်လူရွယ်လည်းမဟုတ် ။ သားကြီးသမီးကြီး ရှိနေနှင့်သော ကျမအဖို့  ဆန္ဒတွေ
စောနေမိသည်မှာ သည်တခါ ဆန်းပြားနေသည် ။ မရောက်ဖြစ်သော ကိုယ့်မွေးရပ်မြေကို
ရောက်ချင်ဇေါကတော့ လူတိုင်းမှာ ရှိကြသည်ချည်း ။
အမေ့အိမ်ကိုပြန်သွားဖူးသူတိုင်း သိရှိခံစား နားလည်ကြမည်ထင်သည် ။
မည်သည့်အတွက မသိစိတ်က စေ့ဆော်ပေးနေသည်လည်း မပြောတတ် ။
ရွှေတိဂုံစေတီတော်ကြီးက အပြန် တူတော်မောင်အား မြင်မြင်ချင်း
လေယဉ်လက်မှတ်ကို အဆင်ပြေသလားဆိုသော မေးခွန်းက ကျမနုတ်မှ အလိုလို
ထွက်ပြီးသားဖြစ်နေသည် ။ တူတော်မောင်တို့ တတွေက ကျမကို စိတ်အလိုမကျအောင်
မည်သည့်နည်းနှင့်မျှ မပြုလုပ်လိုကြ ။ ဒင်းတို့ တွေ ပုဆိုးတောင်
မစည်းတတ်-မ၀တ်တတ်ကတည်းက ကျမမှာ သားတို့ အဖေရှိရာ အမေရိကသို
့လိုက်ပါသွားခဲ့ရသည် ။ ခုတော့ တူတော်မောင်တို့ က လူပျိုကြီးဖါးဖါး
ဖြစ်နေသည် ။ မိသားစုဖွင့်လှစ်ထားသော ကုမဏီမှာ မန်နေဂျာကြီးဖြစ်နေပြီ ။
     မနက်ဖန်သွားရတော့မည်မို့  စစ်တွေကို စဉ်းစားကြည့်မိသည် ။ ကျမမှာ
့အိမ်မှာ အေးအေးလူလူ အပမ်းဖြေချင်သည် ။ အမေတို့ အဖေတို့ အတွက်
ကောင်းမှူအလှူတွေ ပြုလုပ်ချင်သည် ။ ပြီးရင် စစ်တွေတွင် မပြန်သေးခင်အထိ
နေလိုက်အုံးမည် ။ ရန်ကုန်ကိုရောက်ကတည်းက စီစဉ်ရေးဆွဲထားသော အစီအစဉ်မှာ
ကျမအတွက် အံဝင်ဂွင်ကျ ရှိနေဆဲ ။ တူမလေး မြသန္တာကလည်း ကုမဏီတွင် ခွင့်ယူကာ
ကျမနှင့်အတူ လိုက်ပါမည်ဟု ပြောထားရာ သူ့ အကိုက ကြည်ကြည်ဖြူဖြူ
ခွင့်ပြုရှာသည် ။ မြသန္တာ တယောက်ထဲတော့မဟုတ် ။ သူ့ ရုံးက
မြသန္တာ၏သူငယ်ချင်းဖြစ်သော လဲ့ လဲ့ သက် ဆိုသော ရန်ကုန်သူ ချောချောကလေး
တယောက်ကလည်း အဖေါ်ထည့်ပေးလိုက်သေးသည် ။
        ကျမတို့  မှာ လိုအပ်သည်များကို ယူဆောင်စုဆောင်းရသည်မှာ
မလွယ်လှချေ ။ ကျမ၏ အလှူအဒန်းများတွင် လှူဘွယ်ပစ္စည်းများအတွက် မကျန်ရစ်ခဲ
့ရအောင် ဂရုတစိုက် မှတ်ရ သိမ်းရနှင့် တအိမ်လုံး ကြွက်ကြွက်ညံကာ အသံတွေ
ထွက်နေကြရသည် ။ ဘုန်းတော်ကြီးကျောင်းများတွင် လှူဘွယ်ပစ္စည်းများကို
လှူဒန်းရမည်မို့  ကျမတို့ တတွေမှာ နေ့ နေ့ ညည သွားနေကြသည်မှာ
အိမ်မှာတောင် ထမင်းမစားဖြစ် ။ စားသောက်ဆိုင်တခုခု ၀င်ပြီး
စားသောက်လိုက်သည်နှင့်ပင် အချိန်တွေ ကုန်ခဲ့ ရသည် ။  လေယဉ်လက်မှတ်
အားလုံးစီစဉ်ပြီးပြီဆိုတော့ မနက်ဖန် အစောကြီးမှာ လဲ့ လဲ့ သက်ကို
မရမ်းကုန်းရှိ နေအိမ်က စောင့်ဆိုင်းဖို့  မှာထားလိုက်ရသည် ။  ကျမရင်မှာ
တော်တော် မောနေမိဖြစ်သည် ။ လွန်ခဲ့ သော နှစ်ပေါင်း-၃၀-ကျော်မှ တကြိမ်သာ
ပြန်ဖြစ်ခဲ့ သော မွေးရပ်မြေသည် ကျမကို အလွမ်းများနှင့် ဆီးကြိုနေပြီလား
မပြောတတ် ။  တညလုံး တောင်တောင် အီအီ တွေးတောပြီး အိပ်ရာထဲ လှဲနေရတော့
ကဗျာဆရာမ ကြည်အေး၏ တစ္ဆေကဗျာကို ပြန်လည် သတိရလာတော့သည် ။
   “  အိပ်ရာတွေလဲ- ကြေမွတွန့် လိပ်-သိပ်စိတ်ညစ်တယ်-“
ကျမက အိပ်ရာတွေထဲ ဘယ်လူးညာလူးနှင့် တညလုံးမိုးကြောင်တောင် လင်းခါမှ ခဏမျှ
မှေးလိုက်ရပါသည် ။
--------        ---------         ---------          --------
--------         ---------
ဤနေ့ ကား သောကြာနေ့ 
လဲ့ လဲ့ သက်က သောကြာနေ့ အကြောင်းကို မသိတော့ အိမ်ပေါ်မှ လူတွေကို
ကြည့်နေဖြစ်သည် ။ ကျမကတော့ ဒီကောင်မလေးကို ဘာတွေ ကြည့်နေမှန်း သိနေပြီ ။
မနေ့ ကတောင် ဒီကောင်မလေး စကားတခွန်း ပြောသေးသည် ။
    “   ကြီးမေရယ်- ကြီးမေတို့ မောင်တောမြို့ က ရခိုင်မြို့ လား
-ကုလားမြို့ လား-သမီးတော့ တခါတလေ ကြောက်တောင် လာနေတယ် “
 လဲ့ လဲ့ သက်အဖေက ညွှန်ကြားရေးမှူးချုပ် တဦးဖြစ်ပြီး နေပြည်တော်မှာ
တာဝန်ထမ်းဆောင်နေသည် ။ အကိုဖြစ်သူ ကိုသက်ဦးက
နိုင်ငံခြားသင်္ဘောသားဖြစ်ပြီး တခါတလေ ဖလော်ရီဒါကို ရောက်သောအခါ ကျမတို
့အိမ်သို့  အလည်လိုက်ပါလာတတ်သည် ။ ရွှေတောင်ကြားလမ်းတွင်
အိမ်နီးနားချင်းမို့  သူမတို့ မိသားစုနှင့် ကျမတို့ က ရပ်ဆွေရပ်မျိုးလို
ဖြစ်နေသည် ။ ကောင်မလေးပြောတော့ ကျမက ပြုံးပြနေလိုက်ရသေးသည်ကို အမှတ်
ရမိနေသည် ။
    “  ကြီးမေ - ကြီးမေ- တံခါးတွေ ပိတ်ထားလိုက်တော့- ထွန်းလှ - တံခါး တွေ
ပိတ်ဟေ့ “
 ကျမက မျက်မှောင်ကုတ်ပြီး အသံကို နားစွင့်နေလိုက်သည် ။ လဲ့ လဲ့ သက်က
ကျမကို တချက်မျှ စောင်းကြည့်လိုက်သည် ။
“  မြသန္တာကော - သမီး - မြသန္တာကော - ဟေ့ - ဘာဖြစ်လို့  တံခါးတွေ
ပိတ်ရမှာလဲ - ငါ့ကို ပြောပြကြပါအုံး “
     အိမ်အောက်ထပ်မှာ ပြေးသံလွှားသံတွေ ကြားရသည် ။ ပြန်လည်တုန်
့ပြန်သံတွေကို ကျမ မကြားရသေး ။ အိမ်အောက်မှ တံခါးတွေ ပိတ်သံတွေ ကြားရသည်
။ ကျမတို့ တိုက်က ဘာဂျာတံခါးတွေနှင့်မို့  သံတံခါးတွေ
ပိတ်လိုက်ပြီဆိုလျှင် အရာရာကို စိတ်ချရပြီးသားဖြစ်သည် ။  မြသန္တာက
အိမ်ပေါ်သို့  ပြေးတက်လာပြီး ပြူတင်းပေါက်တွေကို ပိတ်လိုက်သည် ။
    “  မြေးလေး- ဘာဖြစ်နေကြတာလဲ - တံခါးတွေ လိုက်ပိတ်နေကြတာ “
“  အဘွား- လမ်းမပေါ်မှာ ကုလားတွေ နဲတာမဟုတ်ဘူး - လက်နက်တွေကိုယ်စီနဲ့ -
ဘာဖြစ်လာကြလဲ မသိဘူး “
    ကျမက ပြူတင်းပေါက်နားကို ချဉ်းကပ်ပြီး ချောင်းကြည့်လိုက်သည် ။
အစပိုင်းကတော့ လူငယ်ချင်းချင်း ရန်ပွဲဖြစ်နေကြသလားဟု ထင်ခဲ့ သည် ။
  “ ဟင် - ကုလားတွေ နဲတာ မဟုတ်ဘူး မြေးလေး- ဒီလိုဆိုရင် ကုလားရခိုင်
ပြသနာတော့ ဖြစ်လာပြီပေါ့ ကွယ်  “
    ဘာပြောတယ် - ကြီးမေ - ကုလား ရခိုင် ပြသနာဖြစ်လာပြီ - ဘာဖြစ်လို့ 
ဖြစ်လာရတာလဲ ကြီးမေ ရယ် - သမီး ကြောက်တယ် -
   “  မကြောက်နဲ့  သမီး - ကြီးမေ - ရှိတယ် နော် - သမီး ဘာမှ မဖြစ်စေရဘူး “
ပြောရင်း ဆိုရင်း အိမ်ပေါ်ထပ်ကို ခဲနှင့် ပစ်ခတ်သံ ကြားလာရသည် ။
မှတ်ပြူတင်းများ ကွဲသွားသည် ။ ကျမအနေနှင့် တခုသာ ရှိတော့သည် ။
ခေါင်းအေးအေးနှင့် စဉ်းစားရောတ့မည့် အပိုင်းဖြစ်လာသည် ။
  “  မြသန္တာရယ်- ဗွီဒီယိုသာရိုက်ထားလိုက်တော့- အားလုံးကို သေသေချာချာ
ရိုက်ထား -ဟုတ်လား”
    မြေးလေး မြသန္တာက ဤနေရာမှာ တော်ရှာသည် ။ သတ္တိကောင်းလှပါသည် ။ အမေရိကမှ
လာသော ကျမအတွက် သူမသည် အမှန်တကယ် အားကိုးရသော မြေးကလေးဖြစ်သည် ။ လဲ့ လဲ
့သက်ကလည်း သူမ၏ ဒီဂျီတယ်ကမ်မရာကလေးနှင့် ပြူတင်းပေါက်ကနေပြီး ရိုက်နေသည်
။ မြသန္တာကလည်း အလွပ်မပေးချေ ။ ဗွီဒီိယို ရိုက်နေသော ကျမတို့ အိမ်ကိုသာ
မြင်သွားပါက ကျမတို့ ၏ အသက်အိုးအိမ်မှာ မစဉ်းစားရဲအောင် ဖြစ်မိသည် ။
    တလမ်းလုံးရှိသမျှ ရခိုင်လူမျိုးတွေအိမ်ကို ခဲများဖြင့် ပစ်ခတ်နေကြသည်
။ လူပေါင်းသောင်းနှင့်ချီပြီး တုတ်ဒါးလက်နက်များဖြင့် သဇင်ဟိုတယ်ကို
မီးရို့  ဖျက်ဆီးလိုက်ကြသည်ကို မြင်ရသည် ။ ဈေးလမ်းတလျှောက်တွင်
ဖျက်ဆီးနေကြသော ကုလားတွေကို ကျမတို့ မှာ  လူလို့  မမြင်တော့ ။
သရဲသဖက်သဘွယ် ကြောက်မက်စွာ မြင်လာကြသည် ။
     တညလုံး ရခိုင်လူမျိုးတွေနေအိမ်များကို မီးရို့ ဖျက်ဆီးခြင်း ၊
လူသတ်ခြင်းများကို မည်မျှ ပြုလုပ်လိုက်ပြီဆိုသည်ကို ကျမတို့  မခန်
့မှန်းနိုင် ။ လုံခြုံရေး တွေ နစကတွေ ရဲများကလည်း လက်ထဲတွင်
သေနတ်ကိုင်ထားသော်လည်း မည်သို့ မျှ ပစ်ခတ် နှိမ်နှင်းသည်ကို မကြားရ ။
တမြို့ လုံး မီးလောင်နေရာ ရခိုင်ပြည်နယ်၏ ရခိုင်လူမျိုးများမြို့ ဖြစ်သော
မောင်တောမြို့ ကား ကုလားတို့ ကြောင့် ကျီးလန့် စာစား ဖြစ်နေကြရပြီ ။
   သောကြာနေ့ ဆိုလျှင် ကုလားတွေက ပလီတက်ပြီး ဥပုသ်စောင့်ကြရသည် ။
တကြိမ်မဟုတ် ။ တနေ့ မှာ ငါးကြိမ်ခန့်  ဥပုသ်စောင့်သည်ဟု ပြောကြသည် ။
တရားထိုင်ကြရသည်ဟု ဆိုကြသည် ။ တရားထိုင်သည်ဆိုလျှင် စိတ်ငြိမ်းချမ်းပြီး
ကုသိုလ်ကောင်းမှု ပြုလုပ်ကြရသည်ဟုသာ ဘာသာတိုင်းမှာ ရှိကြသည် ။ ခုတော့
ပလီတက်ပြီး တရားထိုင်ပြီးသည်နှင့် ရခိုင်လူမျိုးတွေကို အသေရရ အရှင်ရရရ
လည်ပင်းလှီး -သတ်ဖြတ်- အိမ်များကိုမီးရို့  ပြုလုပ်ကြတော့သည် ။ သူတို့ ၏
ဘာသာရေးမှာ ယခုလို အကြမ်းဖက်အောင် ခိုင်းစေထားခြင်းတော့ ရှိမည်မဟုတ်-
လက်တွေ့ မှာတော့  ကြောက်စရာကောင်းလောက်အောင် ဆောင်ရွက်ကြသည် ။
    မြသန္တာ၏ ရိုက်ထားလိုက်သော ဗွီဒီိယိုကို ပြန်၍ ကြည့်ကြသောအခါ
တဆယ်ကျော် ကုလားလေးတွေကအစ မော်လီဗီ တရားဟောဆရာများကိုပါ မြင်ရသည် ။ သူတို
့လက်ထဲမှာ တုတ်ဒါးကိုယ်စီနှင့် ။ အကယ်၍ ရခိုင်လူမျိုး တယေက်ယောက်ကိုများ
တွေ့ ဖြစ်ခဲ့ လျှင် အသက်ရှင်ဘွယ်ရာ မရှိ ။ ခုတ်ထစ်သတ်ဖြတ်ကြမည့်
အသွင်အပြင်များကို မြင်ရသည် ။ ညနေပိုင်းတွင် ဆရာဝန် မိသားစုကိုလည်း
ဒါးနှင့် ခုတ်၍ သေဆုံးသွားရပြီဆိုသော သတင်းကြားလာရသည် ။ လဲ့ လဲ့ သက်မှာ
ယင်းသတင်းကို ကြားသည်နှင့် မျက်နှာတွင် သွေးတစက်မျှ မရှိတော့။
  “  ခဏလေးပါ မြေးလေးရယ်- ဒီပြသနာဖြစ်ပြီးသွားရင် မကြာခင် အခြေအနေ
တည်ငြိမ်လာမှာပါ- အဲဒီခါကျရင် ကြီးမေတို့  ရန်ကုန်ကို ပြန်ကြမှာပေါ့နော်
- ကြီးမေတို့ အိမ်ကို ဘယ်သူ တယောက်ကမျှ မီးလာရှို့ လို့  မရဘူးကွယ်-
တကယ်လို့  ကြီးမေတို့  အိမ်ကိုသာ အဲဒီလို မီးလာရို့ ရင် ဒီမြို့ ဟာလဲ
ပြာကျပြီပေါ့- ကုလားတွေက ကြီးမေတို့ အိမ်ကိုတော့ အဲဒီလို မလုပ်ရဲဘူးကွဲ့ 
- မြေးလေးရယ် “
   မြသန္တာနှင့် လဲ့ လဲ့ သက်တို့ ကို အားတက်စေအောင် ပြောသာပြောရသည် ။
ကျမလည်း အားမရှိလှပါ ။ အဘယ့်ကြောင့်ဆိုသော် ကုလားတွေက လူသားစား
ဘီလူးသဖက်လို အသွင်အပြင်က ကြောက်မက်စရာ ကောင်းနေသည်ကို  နေ့ စဉ်ရက်ဆက်
မျက်ဝါးထင်ထင် မြင်နေရသည်ဘဲ ။
-----------                       --------          -----------
      -----------
  လွန်ခဲ့ သော အပါတ်က ကျမတို့ မိသားစု ၏ တိုက်မှာ မောင်တောမြို့ နယ်ရှိ
ဘုန်းတော်ကြီးကျောင်းများမှ ရဟန်းသင်္ဃာတော်မြတ်များကို ဆွမ်းကျွေးအမျှဝေ
အလှူအဒန်း ပြုလုပ်ခဲ့ သည် ။ ကွယ်သူမိဖနှစ်ပါးအား ရည်စူးပြီး
ကောင်းမှုကုသိုလ်ပြုရာ တနယ်လုံးမှာ ရှိသော ဆွေမျိုး မိသင်္ဂများအပြင် တဖက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကယုချောင်း ၊ မြစ်နားရွာတို့ က ဆွေမျိုးများပါ
လာကြသည် ။ ကျမ၏ မိဖတို့ မှာ ဤသို့အလှူအဒန်းများကို နှစ်စဉ်
ပြုလုပ်နေကြဖြစ်သည် ။
  လဲ့ လဲ့ သက်က နိုင်ငံခြားက လူတွေ လာသည်ဆိုတော့ ကောင်မလေးခမြာ
ပျော်လိုက်သည်မှာ တော်တော် ရီစရာကောင်းသည် ။ သူက နိုင်ငံခြားက
လူတွေဆိုတော့ ကုတ်နဲ့  တိုင်နဲ့  လာမည် ထင်ထားသည် ။ ခုတော့
ရခိုင်လုံချီတွေဝတ်ပြီး လာကြသည်ကိုမြင်တော့ ကောင်မလေးမှာ ရီလဲ
ရီချင်စရာဖြစ်ပေလိ့မ့်မည် ။
       ကုလားတွေ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မောင်တောတမြို့ လုံး
ညမထွက်ရအမိန့် ထုတ်ထားသည် ။  ကျမတို့ မှာ သတင်းအချက်အလက်များကို လာသမျှ
လူများထံမှာ နားထောင်ရသည် ။  စစ်တွေမြို သို့ ပြန်သွား၍လည်း မရသေး ။
သက်ဆိုင်ရာအာဏာပိုင် အဖွဲ့ အစည်းများနှင့် ကျမတို့ က မြို့ မိမြို
့ဖအနေနှင့် ပြောကြ ဆိုကြရပြီ ။
  “  ကျမကတော့ ဆရာတော် ဦးပညာသာရကို အခုလို သတ်ဖြတ်ပစ်လိုက်တာကို ဘယ်လို
စိတ်ထဲ ကြေနပ်နိုင်မှာလဲ ရှင် - ဆရာတော်က ကျမတို့ အိမ်မှာ နေ
့ဆွမ်းအတွက်လာယူတာရှင့် - အခုလို နေ့ ဆွမ်းလှူဒန်းနေတာကလဲ နှစ်ပေါင်း
-၂၀- နီးကပါး ရှိပြီ- ကျမတို့ ရဲ့ ဆရာတော်ဟာ ဟိုတနေ့ ကဘဲ ကျမတို့ ရဲ့ 
မိဖကို ရည်စူးပြီး ပြုလုပ်တဲ့  အလှူကိုလဲ ကြွခဲ့ ပါသေးတယ်ရှင် “
    ကျမကို အင်တာဗျူး ပြုလုပ်နေသော သတင်းထောက်လေးတဦးကို ကျမက
ပြောပြနေခြင်းဖြစ်သည် ။  ပြီးတော့ ကျမအသည်းနာဆုံးက ကျမ၏ တူတော်သူ
အောင်ချမ်းသာကို တပည့်ဖြစ်သူ ကုလားလေးတွေက အသေသတ်လိုက်ခြင်းဖြစ်သည် ။
သရေကုန်ဘောင်ကျေးရွာမှ ကျောင်းဆရာလုပ်နေသော အောင်ချမ်းသာမှာ ကျမ၏
အဒေါ်ဖြစ်သူ၏ မြေးဖြစ်သည် ။ ဘွဲ့ ရ ကျောင်းဆရာတဦးဖြစ်ပြီး မြို့ ပေါ်တွင်
မနေဘဲ ကျေးလက်တောရွာမှာသာ ကျောင်းဆရာဘ၀ဖြင့် အသက်မွေးကျောင်းနေသူဖြစ်သည်
။ သူလည်း ကျမတို့ ၏ အလှူပွဲကို လာခဲ့ သူဖြစ်သည် ။ ခုတော့ ကျမ၏
ဆွေမျိုးတွေ -ဆရာတော်တွေတို့ မှာ ကျမကို မျက်နှာပြ လာခဲ့ ကြသလို
ကုလားတွေသတ်၍ အသေဆိုးနဲ့  သေဆုံးခဲ့ ကြလေပြီ ။
     ကုလသမ္မဂမှ လူ့ အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တာနား လာသောအခါ သူက
ကျမတို့ ၏ ရခိုင်လူမျိုးတွေကို လူသတ်သမားလိုလို အကြမ်းဖက်သမားလိုလို
ပြောလာနေတော့ ကျမနှင့် ထိပ်တိုက်တွေ့ သည် ။ ကျမဖြေရှင်းလိုက်သော စကားကို
သူကြားရတော့သည် ။ သူ့ အနေဖြင့် ယုံကြည်သည် မယုံကြည်သည်ဆိုသည်မှာ
အကြောင်းမဟုတ် ။ ခုတော့ ကျမ၏ တူတော်သူ အောင်ချမ်းသာနှင့် ဆရာတော်
ဦးပညာသာရတို့ အတွက် ကျမမျက်ရည်ကို အလဟသ အဖြစ်မခံနိုင် ။
   နောက်တရက်မှာ စစ်တွေမြို့ သို့  လာခဲ့ ကြသည် ။ လဲ့ လဲ့ သက်ရော
မြသန္တာရော ယခုအဖြစ်အပျက်ကို ဘယ်တော့မှ မမေ့နိုင်တော့ဟု ပြောရှာကြသည် ။
စစ်တွေမြို့ မှာ ကျမအလှူပြုလုပ်ခဲ့ သော ဘုန်းတော်ကြီးကျောင်းများတွင်
ဒုက္ခသည်များစွာမြင်ရသည် ။ ယင်းအကြားမှာ လွန်ခဲ့ သော ကျမတို
့မိသားစုအလှူတွင် အကူအညီပေးခဲ့ ကြသော မင်းဂံရပ်ကွက်မှာ မောင်လှဋ္ဌေးတို
့ကို ကြည့်မိသည် ။ မတွေ့  ။ မေးကြည့်တော့ ကုလားတွေ သတ်၍ သေဆုံးသွားပြီဟု
ပြောကြသည် ။
    “  အဲဒီတုံးက ကြီးမေရဲ့  အလှူမှာ အကူအညီပေးခဲ့ ကြတဲ့ 
လူငါးဦးစလုံးဟာ သေဆုံးသွားကြရတယ် ကြီးမေ - ဒါ့ကြောင့် ကြီးမေ သူတို့ ကို
   “  ဘာပြောတယ် - သူတို့ ငါးဦးစလုံး သေဆုံးသွားရတယ် - ဟုတ်တာပေါ့
ကြီးမေရယ် - သူတို့ တွေလဲ သေဆုံးသွားသလို ကျနော့်ကိုလဲ သေဆုံးပြီထင်ပြီး
ထားခဲ့ ကြတာ ကြီးမေရဲ့ - ဟောဒီမှာ ကြည့်ပါလား “
    လူငယ်လေးက အင်္ကျီချွတ်၍ ပြသည် ။ မကြည့်ရက်စရာ ။ ကြောပြင်မှာ ဒါးဒဏ်ရာ
အစင်းလိုက်ကြီးနှင့် ၊ မြင်ရသည်မှာ ကြက်သီးထစရာဖြစ်သွားသည် ။  မိန်းခလေး
တဦးက အနားသို့  ကြောက်ကြောက်ရွံ့ ရွံ့ ကပ်လာသည် ။ မျက်နာပြင်မှာ
မည်သည့်အလှဆီမှ လိမ်းချယ် မထား ။ နွမ်းနယ်နေသော မျက်လုံးဖြင့် ကျမကို
တချက်ကြည့်သည် ။ မြသန္တာတို့  လဲ့ လဲ့ သက်တို့ နှင့် အသက်အရွယ်
မတိမ်းမစောင်း ။ သို့ သော် သူ့ မျက်နာပြင်ကား ကြောက်ရွံ့စရာတို့ နှင့်
အတိရှိနေသောကြောင့် အပျိုပေါက်လေးတဦး၏ အလှများ ရှာမတွေ့  ။
    “  ကြီးမေ - သမီးတို့ ဟာ ဒီအချိန်မှာ ကိုယ့်အသက်ကို ကိုယ် လုနေရတဲ
့အချိန်ပါ ကြီးမေရယ်- မျက်နှာမှာ သနပ်ခါး လိမ်းဖို့ အချိန် မရသလို
မိပ်ကပ်လဲ လိမ်းဖို့ အချိန်မရ ပါ ။ အကိုတွေက နိုင်ငံခြားသွားပြီး
အလုပ်တွေ သွားလုပ်နေကြတော့ သမီးတို့ မှာ မိဖအိုတို့ ကို စောင့်ရှေက်
ကာကွယ်နေကြရပါတယ် - သမီးတို့ သေဆုံးမှ အဖေတို့ အမေတို့  သေကြရပါလိမ့်မယ်
ကြီးမေ- အခုတော့ သမီးတို့ က အရွယ်နဲ့ မလိုက်အောင် မိန်းမကြမ်းတွေ
ဖြစ်ချင်ဖြစ်ပါလိမ့်မယ် - ဒါပေမဲ့  သမီးတို့  သေမှ ဒီမြို့  ဒီရွာ မီးရို
့ခံရ ပျက်စီးရမှာပါ ကြီးမေရယ် - သမီးတို့ မှာ သတ္တိ တွေ ရှိပါတယ် - အခုလို
ကြီးမေတို့ လို  အားပေးလာတဲ့  လူတွေ ရှိနေလို့ ကတော့ သမီးတို့ 
သေပျော်တာပေါ့ ကြီးမေရယ် -----
ခိုင်အောင်ကျော် ( နယူးယောက် )
ဤအဖြစ်အပျက်ကို ဆက်၍ ရေးနိုင်စွမ်း မရှိတော့ပါ- မျက်ရည်ကျ၍
ငိုမိသောကြောင့် ဤမျှသာ ရေးသားတင်ပြလိုက်ရပါသည် ။
ဥပဒေနှင်မညီသော ရဲတပ်ဖွဲ့ပစ်ခတ်မှုကို တိုင်းလွှတ်တော် သို့်တိုင်ကြား
by Yangon Press International on Thursday, October 4, 2012 at 4:35am ·
စက်တင်ဘာ ၂၇ ရက်နေ့ညက ရှားခဲအင်းဝန်ထမ်းများနှင့် ရွာသားများအကြား  ဖြစ်ပွားသည့် ပြဿနာကို ရဲတပ်ဖွဲ့မှ ဖြေရှင်းစဉ် လူအုပ်ထဲသို့ သေနတ်ဖြင့်ပစ်ခတ်မှုမှာ ဥပဒေနှင့် မညီကြောင်း ယင်းကျေးရွာသားများက ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဋ္ဌသို့ ယမန်နေ့က လာရောက်တိုင်ကြားခဲ့သည်။
ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် ရှားခဲကျေးရွာသားများနှင့် အင်းဝန်ထမ်းများအကြား အငြင်းပွားမှုဖြစ်ပြီးနောက် ရဲတပ်ဖွဲ့ပစ်ခတ်မှုကြောင့် လူ ၂ဦးသေဆုံးရမှုကို ကျေးရွာသားများက  ယမန့်နေ့ မွန်းလွဲ ၂နာရီက ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်သို့ လာရောက်တိုင်းကြားခြင်းဖြစ်သည်။
အခင်းဖြစ်ပွားသည့်ညက ရဲတပ်ဖွဲ့ဝင်များက မိမိတို့လုံခြုံရေးအတွက် ကာကွယ်သည့်အနေဖြင့် လူအုပ်ထဲသို့ ပစ်ခတ်ခဲ့ရသည်ဟု ဆိုသော်လည်း အဓိကရုဏ်းနှိမ်နှင်းသည့်အခါ လုပ်ဆောင်ရမည့် လုပ်နည်းအဆင့်များကို ကျင့်သုံးခြင်းမရှိပဲ လူအုပ်အတွင်း ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာသားများက တိုင်းလွှတ်တော်ဥက္ကဋ္ဌထံ တိုင်ကြားခဲ့သည်။
အဓိကရုဏ်းနှိမ်နှင်းသည့်အခါမျိုးတွင် လုံခြုံရေး တပ်ဖွဲ့အနေဖြင့် အကာအရံချခြင်း၊ ဒုတိယအနေဖြင့် အသံချဲ့စက်ဖြင့် သတိပေးခြင်း၊ ယင်းနောက်တွင် စည်း ၃ဆင့်ခြားပြီး သံဆူးကြိုးကဲ့သို့သော အတားအဆီးများ ကိုကျော်လာသည့်အခါ ပစ်မိန့်တောင်းခံပြီးနောက်တွင် ပစ်ခတ်ရမည်၊ ပစ်ခတ်ရာတွင်လည်း ခြေထောက်သို့ မှန်း၍ ပစ်ခတ်ရမည်ဟု ယမန်နေ့က တိုင်းလွှတ်တော် တာဝန်ရှိသူတဦးက ရှင်းလင်းပြောကြားခဲ့သည်။
တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သူ ဦးဆန်းဆင့်ကလည်း `ယခုပစ်ခတ်မှုသည် ဥပဒေနှင့်မညီပဲ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများက ဥပဒေကြောင်းအရ အရေးယူရမည်ဖြစ်သည်´´ဟုလည်း မှတ်ချက်ပြုပြောဆိုသွားသည်။
ယင်းကဲ့သို့ လာရောက်တိုင်ကြားသူများထဲတွင် ၀ိုင်းဝိုင်းလည် ငါးထုတ်လုပ်ရေး အင်းဝန်ထမ်း ၂၁ ဦးက ရိုက်နှက်မှုဖြင့် သေဆုံးရသူ ဦးတလုပ် ခေါ် ၀င်းနိုင်၏ သားဖြစ်သူ ကိုအောင်တင်ဝင်း ကိုယ်တိုင်ပါဝင်သည်။
ပစ်ခတ်လူစုခွဲသည့် စက်တင်ဘာ ၂၇ ရက်မတိုင်မီကတည်းက အင်းဖျက်ဆီးမှုဖြင့် ကျေးရွာသားများနှင့် အင်းဝန်ထမ်းများအကြား ရန်စောင်နေခဲ့သဖြင့် ရဲဝန်ထမ်း ၂၀၀ ၀န်းကျင်အင်းတ၀ိုက် ရောက်ရှိနေပြီးဖြစ်သည်ဟုလည်း ကျေးရွာသားများက ရှင်းပြကြသည်။
ကျေးရွာသားများ က ပြောဆိုရာတွင် ဦးတလုပ် ခေါ် ၀င်းနိုင်အား အုပ်စုဖြင့် ရိုက်နှက်ခဲ့သည့် ၂၁ ဦးပါ အင်းဝန်ထမ်းများအား ယခုအချိန်ထိ ဖမ်းဆီးအရေးယူခြင်းမရှိသေးသည့်သဖြင့် ကျေးရွာသားများအနေဖြင့် ရန်ပြုလာမည့် အန္တရာယ်နှင့်ရင်ဆိုင်နေရကြောင်းလည်း ပြောဆိုသွားသည်။
ရဲတပ်ဖွဲ့ဝင်များ ချထားသော်လည်း ကျေးရွာသားများအနေဖြင့် လုံခြုံသည်ဟု မခံစားရကြောင်းလည်း ၎င်းတို့က ပြောသည်။
ကျုံပျော်မြို့နယ် ရှားခဲအင်း လေလံရခြင်းမရခြင်း နှင့်ပတ်သက်၍ လက်ရှိ အင်းလုပ်ကိုင်ခွင့်ရထားသည့် ၀ိုင်းဝိုင်းလည် ငါးထုတ်လုပ်ရေး သမအသင်းနှင့် ကျေးရွာသားများ အငြင်းပွားလျှက်ရှိရာမှ စက်တင်ဘာ ၂၇ ရက်နေ့တွင် ဦးတလုပ်အား ၀ိုင်းဝန်းရိုက်နှက်မှုဖြစ်ပွားပြီးနောက် တုတ်ဒါးများကိုင်ဆောင်ထားသည်ဟုဆိုသည့် ကျေးရွာသားများအား ရဲတပ်ဖွဲ့မှ ပစ်ခတ်ခဲ့ရာ ၂ ဦးသေဆုံးပြီး ၂ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။    ။
Orchid Hotel မှ မြန်မာအမျိုးသမီးဝန်ထမ်းတစ်ဦးနှင့်ဂျပန်နိုင်ငံသားတစ်ဦး နှစ်ဖက်စလုံးအား စွဲချက်တင်ကြောင်း အမိန့်ချမှတ်
Orchid Hotel မှ မြန်မာအမျိုးသမီးဝန်ထမ်းတစ်ဦးနှင့် တည်းခိုနေထိုင်သည့် ဂျပန်နိုင်ငံသားတစ်ဦးတို့ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အပေါ် အပြန်အလှန်တရားစွဲဆိုမှုအား မင်္ဂလာတောင်ညွှန့်မြို့နယ်တရားရုံးမှ နှစ်ဖက်စလုံးအား စွဲချက်တင်ကြောင်း အမိန့်ချမှတ်
Thursday, 04 October 2012 16:53
thn-10-4-9
တရားရုံးမှထွက်လာပြီး ကားပေါ်တက်မည့် Mr.Okahashi Takashi အား ၎င်း၏စကားပြန်နှင့် အခြား ဂျပန်နိုင်ငံသားတစ်ဦးမှ သတင်းထောက်များ ဓါတ်ပုံရိုက်ကူးနေမှုအား ကာပေးထားသည်ကို အောက်တိုဘာလ ၄ရက်နေ့က တွေ့ရစဉ် ပုဇွန်တောင်မြို့နယ်ရှိ Orchid Hotel မှ မြန်မာအမျိုးသမီးတစ်ဦးနှင့် တည်းခိုနေထိုင်သည့် ဂျပန်နိုင်ငံသားတစ်ဦးတို့ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလက ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အပေါ် အပြန်အလှန်အမှုဖွင့်ပြီး တရားစွဲဆိုထားမှုအား မင်္ဂလာတောင်ညွန့် မြို့နယ်တရားရုံးမှ နှစ်ဖက်စလုံးအားစွဲချက်တင်ကြောင်း ဆုံးဖြတ်ချက်ကို အောက်တိုဘာလ ၄ ရက်နေ့က အမိန့်ချမှတ်ခဲ့သည်။
Orchid Hotel တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်မှာ ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့က ဂျပန်နိုင်ငံသားတစ်ဦးသည် ညပိုင်းတွင်ပြင်ပမှ မြန်မာအမျိုးသမီးငယ်တစ်ဦး ခေါ်ဆောင်လာသည့်အတွက်  ဟိုတယ်ကောင်တာ၌ တာဝန်ကျနေသည့် မြန်မာအမျိုးသမီးဝန်ထမ်းတစ်ဦးက   ပြင်ပမှခေါ်ဆောင်လာသည့် အမျိုး သမီးငယ်နှင့် ပတ်သက်၍ ဟိုတယ်မှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊စည်းကမ်းအတိုင်း လက်မခံနိုင်ကြောင်း ပြန်လည်ပြောကြားရာတွင် အဆိုပါဂျပန်နိုင်ငံသားက အမျိုး သမီးဝန်ထမ်းကို ဆဲဆိုကြိမ်းမောင်းပြီး ပါးတစ်ချက်ရိုက်ခဲ့သည့်အတွက် မြန်မာအမျိုးသမီးဝန်ထမ်းဖြစ်သူက ပုဇွန်တောင်ရဲစခန်းသို့ ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် တိုင်ကြားခဲ့ကြောင်း၊   ဂျပန်နိုင်ငံသားဘက်မှလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့ တွင် ပုဇွန်တောင်ရဲစခန်း၌ အဆိုပါ မြန်မာအမျိုးသမီးဝန်ထမ်းအပြင် အခြားအမျိုးသမီးဝန်ထမ်းတစ်ဦးအား  မတရားတားဆီးကန့်ကွက်ခြိမ်းခြောက်မှုဖြင့် ပြန်လည်အမှုဖွင့်တိုင်တန်းခဲ့ပြီး အပြန်အလှန်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
တရားရုံးမှ ဂျပန်နိုင်ငံသားအပေါ် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၃/၃၅၄/၂၉၄(ခ) တို့ဖြင့် စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့ပြီး၊ မြန်မာအမျိုးသမီးဝန်ထမ်း မအေးကြည်နှင့် မမေဦးလှိုင်တို့အား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၄၁ ဖြင့် စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကာ နှစ်ဖက်စလုံးမှ စွပ်စွဲခံရသူများက အပြစ်မရှိကြောင်း ပြန်လည်ထုချေခဲ့ကာ ဆက်လက် တရားရင်ဆိုင်ရမည်ဖြစ်ပြီး ပြန်ခေါ်သက်သေများ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဂျပန်နိုင်ငံသား Mr.Okahashi Takashi အား Orchid Hotelမှ မြန်မာအမျိုးသမီးဝန်ထမ်းတစ်ဦးဖြစ်သူ မအေးကြည်က ပြစ်မှုဆိုင်ရာပုဒ်မ ၃၂၃/၃၅၄ တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကာ တရားရုံးတွင် သက်သေများစစ်ဆေးရာ၌ ဂျပန် နိုင်ငံသားမှ မအေးကြည်အား ဆဲဆိုမှုများ ထပ်မံပေါ်ပေါက်ခဲ့သဖြင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၄ အရဆဲဆိုမှုအားထည့်သွင်း စွဲချက်တင်ပေးရန် လျှောက်ထားခဲ့ကြောင်း မအေးကြည်ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသူ တရား လွှတ်တော်ရှေ့နေ ဦးဝင်းနိုင်၏ ပြောကြားချက်အရ သိရသည်။
''သက်သေတွေစစ်တော့ ဂျပန်နိုင်ငံသားက ဆဲဆိုတာတွေပါ ပေါ်ပေါက်တယ်။အဲဒီအတွက် စွဲချက်မှာ နောက်ထပ် ပုဒ်မ တစ်ခုထပ်တိုးဖို့ လျှောက်ထားလိုက်တယ်။ အခု စွဲချက်အမိန့်ကျတော့ အားလုံးသုံးခုနဲ့ စွဲချက်တင်တယ်။ ကျွန်တော်တို့ဘက်ကတော့ ပြန်ခေါ်သက်သေအနေနဲ့ ဂျပန်နိုင်ငံသားနဲ့ နောက်ထပ်တစ်ယောက်ကို ပြန်စစ်ဖို့လုပ်ထားတယ်။ သူတို့ဘက်ကလည်း မအေးကြည်ကို ပြန်စစ်ဖို့လုပ်ထားတယ်''ဟု မြန်မာအမျိုးသမီးနှစ်ဦးဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေဦးဝင်းနိုင် ကပြောပါသည်။
ဂျပန်နိုင်ငံသား Mr.Okahashi Takashi  က မြန်မာအမျိုးသမီးဝန်ထမ်း မအေးကြည်နှင့် မမေဦးလှိုင်တို့အပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၁/၅၀၆ တို့ဖြင့် တရားစွဲဆိုခဲ့သော်လည်း ပုဒ်မ ၃၄၁ ဖြင့်သာ စွဲချက်တင်ခဲ့ပြီး ဂျပန်နိုင်ငံသား အား မြန်မာအမျိုးသမီးဝန်ထမ်းနှစ်ဦးမှ ခြိမ်းခြောက်ပြောဆိုမှုများရှိသည်ဟု စွပ်စွဲချက်မှာ တိကျခိုင်မာသည့် သက်သေများ တင်ပြနိုင်ခြင်းမရှိသည့်အတွက် တရားရုံးမှ မြန်မာအမျိုးသမီးဝန်ထမ်းနှစ်ဦးအပေါ် စွဲဆိုထားသောပုဒ်မနှစ်ခုမှ ပုဒ်မ ၅၀၆ ဖြင့် စွဲဆိုထားမှုအား စွဲချက်မတင်မီလွှတ်ကြောင်း အမိန့်ကိုချမှတ်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ ပုဇွန်တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော်လည်း ပုဇွန်တောင်မြို့နယ်တရားရုံးတွင် စစ်ဆေးခြင်းမှာ တရားမျှတမှုမရှိနိုင်ကြောင်း မြန်မာအမျိုးသမီးဖြစ်သူ မအေးကြည်မှ ယူဆ၍ အရှေ့ပိုင်းခရိုင်တရားရုံးသို့ ရုံးပြောင်းပေးရန် အထွေထွေလျှောက်ထားမှုကို ခရိုင်တရားရုံးမှ မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံးသို့ ရုံးပြောင်းစစ်ဆေးရန် ဧပြီလ ၉ ရက်နေ့က အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
လက်ရှိ အမှုရင်ဆိုင်နေရသော ကာလမှာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ မှ အောက်တိုဘာလအထိ ၉ လခန့် ကြာမြင့်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။
http://news-eleven.com/
စက်မှုဇုန် (၂၅) ခု ရှိလာမည်။
The Voice Weekly
စက်မှု ဇုန် ၇ ခု ထပ်မံတိုးချဲ့မည်
ရန်ကုန်၊ အောက်တိုဘာ ၃
ပြည်တွင်းစက်မှုလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရန်အတွက် စက်မှုဇုန်အသစ် ၇ ခုကို တိုးချဲ့ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။
အဆိုပါ စက်မှုဇုန် အသစ် ၇ ခုမှာ မန္တလေးတိုင်း ဒေသကြီးအတွင်း တပ်ကုန်းစက်မှုဇုန်နှင့် ရတနာပုံ စက်မှုဇုန်၊ကရင်ပြည်နယ်တွင် ဘားအံစက်မှုဇုန်၊ မြဝတီစက်မှုဇုန်နှင် ဘုရားသုံးဆူ စက်မှုဇ
ုန်၊ ရခိုင်ပြည်နယ်တွင် ပုဏ္ဏားကျွန်း စက်မှုဇုန်၊ ရှမ်းပြည်နယ်တွင် နမ့်အွန် စက်မှုဇုန် တို့ဖြစ်ကြောင်း လည်း ဆက်လက် ဖော်ပြ ထားသည်။
'စက်မှုဇုန် အသစ် လုပ်မှာတွေက တစ်နေရာနဲ့ တစ်နေရာ မတူတဲ့အတွက် အတိအကျ မသိသေးပါဘူး။ ဘယ်တော့စမယ် ဆိုတာနဲ့ ပတ်သတ်ပြီး ဆွေးနွေးနေပါတယ်။အဲဒီ ၇ နေရာ ကိုရွေးရတာကတော့ ဖွံ့ဖြိုးလာအောင် နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးလာအောင်ပေါ့' ဟု စက်မှုဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက The Voice Weekly သို့ ဖြေကြားသည်။
ယခု ပြည်တွင်းတွင် စက်မှုဇုန် (၁၈)ဇုန် တည်ထောင်ထားပြီး ထပ်မံ တိုးချဲ့မည့် စက်မှုဇုန် ခုနစ်ခု ပါဝင်ပါက (၂၅) ခု ရှိလာမည် ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာ အရ သိရ သည်။
ကာတာလေကြောင်းလိုင်းရဲ့ CEO က ပြည်နယ်အဆင့်အကြီးကဲလဲမဟုတ် ပဲနဲ့ များ ...
The Voice Weekly
ကာတာ အဲဝေးမှ အမှုဆောင်အရာရှိချုပ် Mr.Akbar Al Baker အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် မြို့တော်ဝန် တို့လာရောက်ကြိုဆိုကြသည်ကို ယနေ့နံနက် ၇ နာရီခန့်က တွေ့ရစဉ်။
ရန်ကုန်မြို့ထဲ ဓားပြတိုက်ခံရခြင်း
October 4, 2012
တာမွေဗလီမှ (၁၀၇) အပြာကားကို  ကျွန်တော်စီးခဲ့သည်။ ရွှေတိဂုံတိုင်မှတ်တိုင် ရောက်မီ မီးနီမိလေ၏။
“ဆင်းမယ့်လူတွေ ဒီကပဲဆင်းနော်။ မှတ်တိုင်မှာ မရပ်တော့ဘူး” ဟု စပယ်ယာ  ကပြောသည် သည်တော့ ကျွန်တော် ကားပေါ်မှ ဆင်းလိုက်ရ၏။ ကားလမ်း  တစ်ဖက်ကိုကူးရန် လူကူးမျဉ်းကျားကို ရှာကြည့်သည်။ ရွှေဂုံတိုင်မီးပွိုင့်လမ်းဆုံ နှင့် အနီးအနားတွင် လူကူးမျဉ်းကျားမရှိ ချေ။ လူကူးမျဉ်းကျားကို ရှာရခြင်းမှာ မတော်တဆကားတိုက်ခံရလျှင် ကျွန်တော့် ဘက်မှ အမှားမရှိစေရန်ကတစ်ကြောင်း ကျွန်တော်ကိုယ်တိုင်က ဥပဒေနှင့် အသက်  မွေးသော အလုပ်အကိုင်ကို လုပ်ကိုင်နေ ၍လည်းတစ်ကြောင်းဖြစ်သည်။
လူကူးမျဉ်းကျားမရှိသဖြင့် သည်အတိုင်း  ပင် လမ်းဖြတ်ကူးလိုက်သည်။ လက်မောင်း တွင် တာဝန်ဆိုသော အနီရောင်ပိတ်စ ပတ်ထားသော အဖိုးကြီးတစ်ဦးရောက် လာသည်။ ကားတွေကြားထဲက မကူးရ  ဘူးဟုပြောပြီး ကျွန်တော်နဲ့ဘေးမှ ကပ် လိုက်လာသည်။ အနည်းငယ်လျှောက် လိုက်လာပြီးနောက်ထက်အဖိုးကြီးတစ်ဦး ထံ ကျွန်တော့်ကိုအပ်ပေးသည်။ “ဗိုလ်မှူး ဆီပို့ပေးလိုက်” ဟုပြော၏။ ကျွန်တော့် စိတ်ထဲ တပ်ကဗိုလ်မှူးများလားဟုတွေး မိ၏။ တပ်ကဗိုလ်မှူးနှင့် သည်ကိစ်္စဘာ မှမပတ်သက်ပါ။
အဖိုးကြီးတွေ တစ်ယောက်ပြီးတစ် ယောက် ကျွန်တော်ကို လက်ပြောင်းခေါ် ခဲ့ကြသည်။ တစ်နေရာတွင်ရပ်ထားသော   စည်းကမ်းထိန်းသိမ်းရေးကားကိုတွေ့ရ သည်။ ဗိုလ်မှူးဟုအခေါ်ခံရသူမှာကား ပေါ်တွင် စာအုပ်တစ်အုပ်နှင့် ထိုင်နေပြီး ရင်ဘတ်တွင် မြို့တော်စည်ပင်တံဆိပ် ကပ်ထားသော အသက် (၇၀) အရွယ်ခန့်  အဖိုးကြီးတစ်ဦးဖြစ်၏။
“အဘက ဘယ်ကဗိုလ်မှူးလဲ”
“စစ်တပ်ကပေါ့ကွ”
ထိုသို့ပြောပြီး ကျွန်တော့်အမည်၊ အသက်၊ အဘအမည်၊ နေရပ်လိပ်စာတို့ ကိုမေးသည်။ ကြည့်ရသည်မှာ ထိုအဖိုး ကြီးသည် တပ်ကဗိုလ်မှူးဖြင့် ပင်စင်ယူခဲ့သည်   ဖြစ်မည်။ ယခုအချိန်တွင် သူ့မှာ ထိုရာထူး နှင့် လုံးလုံးမပတ်သက်တော့ပါ။ သို့သော်  သူ့ကိုယ်သူဗိုလ်မှူးဟုပြောသည်။ ကျွန်တော့်ကို ခေါ်ဆောင်လာခဲ့သော အဖိုးကြီးများကလည်း (သူတို့လည်းတပ် မှပင်စင်ယူလားသူများဖြစ်သည်ဆို၏။)  ထိုအဖိုးကြီးကို ဗိုလ်ချုပ်ဟုပဲခေါ်သည်။ သာမန်အရပ်သားတစ်ယောက်ဆိုလျှင် ၀န်ထမ်းယောင်ဆောင်မှုဖြင့် အရေးယူ  မခံရပေဘူးလား။ သို့သော် စစ်မှုထမ်း ဟောင်းအများစုမှာ ထိုသို့ပင်လူတွင် ကျယ်လုပ်လေ့ရှိသည်မို့ ကျွန်တော်ဘာ မှမပြောတော့ပါ။
“အဘတို့ ကျွန်တော့်ကိုဘာလို့ဖမ်း လာကြတာလဲ”
“လူကူးမျဉ်းကျားကမကူးလို့ပေါ့”
“ဒီအနီးအနားမှာ လူကူးမျဉ်းကျားမှ မရှိဘဲဗျ။ ဘယ်မလဲ လူကူးမျဉ်းကျား” ထိုမေးခွန်းကိုမေးတော့ ဗိုလ်မှူးဆိုသော အဖိုးကြီးက ယာဉ်ထိန်းရဲမေဘက်ကို လက်ညှိုးညွှန်ပြသည်။ သူ့ကိုမေးပါဆို သော သဘော သို့နှင့်ပင် သူမကို ကျွန်တော်ထပ်မေးရပြန်ပါသည်။
“ညီမတို့ ဒီနေရာမှာ လူကူးမျဉ်းကျား     မှမရှိဘဲ”
“ဟုတ်ကဲ့ ကျွန်မအထက်ကို တင်ပြ  ပေးပါ့မယ်”
“ဟ လူကူးမျဉ်းကျားမရှိတဲ့နေရာမှာ လူကူးမျဉ်းကျားက မကူးလို့ဆိုပြီးတော့ လည်း ဖမ်းသေးတယ်။ ခုမှ အထက်ကို တင်ပြပေးပါ့မယ်ဆိုော့ ဘယ်လိုကြီးလဲ”
ရဲမေလှည့်ထွက်သွား၏။ ဤနေရာ ၌ ကျွန်တော်သာတိုက်ပုံအနက်ဝတ်မထား လျှင် အဟောက်အဟမ်းခံရနိုင်ပါသည်။ လက်မှနာရီကိုကြည့်မိ၏။ ရုံးချိန်နောက်ကျ ပေရော့မည်။ မတတ်နိုင်။ ဖြစ်ခဲ့ပြီးပြီ။ (မီးပွိုင့်တွင် ကျွန်တော့်အား အတင်းဆင်း ခိုင်းခဲ့သောကားကိုလည်း အရေးယူမှုမရှိ ခဲ့ပါ။) စကားကြောမရှည်တော့ဘဲ တိတ် တိတ်နေလိုက်၏။ ကားပေါ်တွင် လူမပြည့်  သေးသဖြင့် စောင့်နေရသေးသည်။ လူ (၂၅) ယောက်ပြည့်မှ ကားထွက်လေ၏။ လူကူးမျဉ်းကျားမရှိသည့်နေရာတွင် လူကူး မျဉ်းကျားမှ မကူးသဖြင့် အဖမ်းခံရသူများ ထဲတွင် ကျေနပ်သူတစ်ဦးတစ်လေမျှပင် မရှိပါ။
ကျွန်တော်ကဲ့သို့ အဖမ်းခံရရှာသော  အသက် (၇၀) ကျော်အဖိုးကြီးတစ်ဦးနှင့်  စည်ပင်ဝတ်စုံနှင့် (ပင်စင်လွန်)အဖိုးကြီး တို့ ခွန်းကြီး၊ ခွန်းငယ်စကားများကြသည်။ ငါတို့က တစ်သက်လုံးမင်းတို့ဆီဓားပြ အတိုက်ခံနေရတာ ဆိုသောသဘောမျိုး  ပြောသဖြင့် ဗိုလ်မှူးဆိုသော အဖိုးကြီးက  ခင်ဗျားတစ်မှုက နှစ်မှုဖြစ်သွားမယ်နော်။ ပါးစပ်ကိုပိတ်ထားဟုပြန်ပြော၏။
“မင်းတို့က ဟိန်းဟောက်လို့မရရင် ခြိမ်းခြောက်မှာပဲ”
“ဒီမိုကရေစီခေတ်ဗျ။ ခင်ဗျားမကျေနပ် ရင် တိုင်လို့ရတယ်”
“ဒါလားကွ ဒီမိုကရေစီ ယူနီဖောင်း  ၀တ်တဲ့လူက မ၀တ်တဲ့လူကို၊ လုပ်ပိုင်ခွင့် ရှိတဲ့လူက လုပ်ပိုင်ခွင့်မရှိတဲ့လူကို အနိုင် ကျင့်တာ ဒီမိုကရေစီလား”
ထိုသို့စကားများရန်ဖြစ်ရင်း လှည်းတန်း  ရှိ ယာဉ်ထိန်းရုံးသို့ ရောက်ရှိလာသည်။ ဥပဒေနှင့် အလုပ်လုပ်ပါသည်ဆိုသူများ က မျဉ်းကျားမရှိသောနေရာတွင် မျဉ်းကျား  မှ မကူးသဖြင့် ကျွန်တော်တို့ကို ဖမ်းဆီး  ခြင်းမှာ ဥပဒေကိုချိုးဖောက်ခြင်းမဟုတ် ပါလော။ လမ်းသွားလမ်းလာများကို ထောင်ချောက်ဆင်ဖမ်းဆီးခြင်းမဟုတ်ပါ  လော။ လက်ထဲမှနာရီကို ငုံ့ကြည့်မိသည်။ လတ်တလောတွင် အဖိုးတန်သော ကျွန်တော့်၏အချိန်များ ဓားပြအတိုက်ခံ လိုက်ရပြီဖြစ်သည်။ မတရားဖမ်းဆီးခံရ သဖြင့် လူ့အခွင့်အရေးလည်း ချိုးဖောက် ခံလိုက်ရလေပြီ။
ရုံးကိုရောက်တော့ ပင်စင်လွန်အဘိုး ကြီးတစ်ဦးမှ တစ်ယောက်ချင်း၏အမည် အသက်၊ အဘအမည်တို့ကို မေးပြီး စာရွက်ကိုလေးတွင် ရေးသားက ရုံးအပေါ် ထပ်သို့တက်စေလေသည်။ ယာဉ်ထိန်းရဲ မေတစ်ဦးက မျဉ်းကျားမကူးဟုဆိုကာ ဒဏ်ငွေ ၂၀၀၀ တပ်ရိုက်သည်။ ထောင် ချောက်ဆင်အဖမ်းခံခဲ့ရသော ကျွန်တော် တို့လူစု အေးဓားပြအတိုက်ခံရပြီဖြစ်၏။ (သည်နေရာ၌ အမှန်တကယ် လူကူးမျဉ်း ကျားရှိပြီး၊ မျဉ်းကျားမှမကူးမိ၍ အဖမ်းခံ ရသည်ဆိုလျှင် ကျွန်တော်လက်ခံပါသည်။) ယာဉ်ထိန်းရဲမေဆီဒဏ်ငွေဆောင်ပြီး နောက်တရားသူကြီးရှေ့ကိုရောက်ရပြန် သည်။ အခန်းထဲဝင်ပြီး တရားသူကြီးကို ကျွန်တော်ဦးညွတ်လိုက်၏။
“ဟာ ရှေ့နေကြီးလည်း အဖမ်းခံရတဲ့ အထဲပါလာတာလား”
“ဟုတ်ပါတယ်ဆရာမ။ ဒါပေမဲ့ ကျွန်တော်က ရွှေဂုံတိုင်မီးပွိုင့်မှာအဖမ်းခံ ရတာပါ။ အဲဒီမှာလူကူးမျဉ်းကျားမှမရှိဘဲ”
“ဆရာ အဲဒီကိစ်္စကလေ စည်ပင်ကို ပြောရမှာ။ ကျွန်မနဲ့ မဆိုင်ဘူး” ဟု ပြော ၏။ ဒဏ်ငွေ ၂၀၀ ထပ်ဆောင်ရပြန်ပါ သည်။ စည်ပင်ဗိုလ်မှူးဆိုသည့်လူ)ကို ပြောစဉ်က ယာဉ်ထိန်းရဲကိုပြောပါဆို၏။ ယာဉ်ထိန်းရဲမှ တရားသူကြီးထံတင်ပြပါ ဟု ညွှန်လေသည် ယခုတရားသူကြီးက စည်ပင်ကိုလက်ညှိုးထိုးပြန်ပါ၏။ သေချာ    သည်မှာကားကျွန်တော်တို့လူ (၂၅) ယောက် စလုံး ၂၈.၉.၂၀၁၂ ရက်နေ့ နေ့လည်   ၁၁း၃၀ အချိန်တွင် (ဟိုခေတ်တုန်းက အတိုင်း) ထောင်ချောက်ဆင်ခံရပြီး အေး ဓားပြအတိုင်ခံရလေသည်။ ငွေသာမက ကျွန်တော်တို့၏အချိန်များကိုလည်း ဓား ပြတိုက်ခံရခြင်းဖြစ်၏။ မတရားဖမ်းဆီးခံ ရသဖြင့် လူ့အခွင့်အရေးလည်း ချိုးဖောက်  ခံရလေသည်။ ထိုနစ်နာမှုအတွက်အဘယ် သူတွင် တာဝန်ရှိလေသနည်း။
        ကြည်တင့်
hotnewsweekly.com
သီရိလင်္ကာတွင် ဘင်္ဂလာဒေခ်ျ့ သံအမတ် တိုက်ခိုက် ခံရ
October 4, 2012 at 9:16 pm
သီရိလင်္ကာဆိုင်ရာ ဘင်္ဂလာဒေခ်ျ့ သံအမတ်ကြီးကို  ဒေါသထွက်နေသော ဗုဒ္ဓ ဘာသာဝင် ဆန္ဒပြသူများက  တိုက်ခိုက်ခဲ့သဖြင့် ဒဏ်ရာ အနည်းငယ်   ရရှိသွားကြောင်း သတင်း ရရှိသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများကို အကြမ်းဖက် မီးရှို့ဖျက်ဆီးမူ အပေါ် မကျေနပ်သော ဗုဒ္ဓဘာသာဝင် ၅၀၀ ခန့်သည် ယနေ့နံနက်က ကိုလံဘိုမြို့ရှိ ဘင်္ဂလာဒေခ်ျ့ သံရုံးရှေ့တွင် သွားရောက် ဆန္ဒပြခဲ့ကြသည်။
ထိုသို့ ဆန္ဒပြစဉ်အတွင်း ကျောက်ခဲများ၊ ရေသန့်ဗူးများဖြင့် ဘင်္ဂလာဒေခ်ျ့ သံရုံးကို တိုက်ခိုက် ခဲ့သဖြင့် သီရိလင်္ကာ ဆိုင်ရာ ဘင်္ဂလာဒေခ်ျ့ သံအမတ်တွင် ထိခိုက်ဒဏ်ရာ ရရှိသွား ခဲ့ခြင်း ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ ပုဂ္ဂလိက ရုပ်သံဌာနများမှ  ထုတ်လွှင့်သော သတင်းများ တွင် ဖေါ်ပြသည်။
အဆိုပါ ဆန္ဒပြပွဲအား ဗုဒ္ဓဘာသာ အဖွဲ့အစည်း တစ်ခု ဖြစ်သော Bodu Bala Sena  မှ ဦးဆောင်ပြုလုပ်ခြင်း ဖြစ်ပြီး အချက် (၅) ချက်ပါ တောင်းဆိုချက်များကို လည်း တောင်းဆိုခဲ့ကြ သည်ဟု ဆိုသည်။
တောင်းဆိုချက်များထဲတွင် တိုက်ခိုက်သူများကို အရေးယူ အပြစ်ပေးရန်၊ ပျက်စီးသွားသော ဘုန်းတော်ကြီး ကျောင်းများကို ပြန်လည် တည်ဆောက်ပေးရန်နှင့် လူနည်းစု ဗုဒ္ဓဘာသာဝင်များကို ကာကွယ်ပေးရန်တို့ ပါဝင်ကြောင်း သိရသည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံ ကော့စ်ဘဇားခရိုင် ရာမူး ပန်းဝါတွင် လွန်ခဲ့သော စနေနေ့ညနေက မွတ်ဆလင် အကြမ်းဖက်သမားများက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများကို ၀င်ရောက် မီးရှို့ဖျက်ဆီးခဲ့သဖြင့် အနည်းဆုံး ဘုန်းတော်ကြီးကျောင်း ၁၂ ကျောင်း ပျက်စီးခဲ့သည်။
၎င်းနောက်ပိုင်းတွင် ဘုန်းတော်ကြီး ကျောင်းများ တိုက်ခိုက်ခံရမူကို မကျေနပ်သဖြင့် အမေရိကန် နိုင်ငံ နယူးယောက် ကုလသမဂ္ဂ ရုံးရှေ့ အပါအ၀င် ထိုင်း၊ အိန္ဒိယ၊ မြန်မာနှင့် သီရိလင်္ကာနိုင်ငံများတွင် ဆန္ဒပြကန့်ကွက်မူများ ပေါ်ပေါက်ခဲ့သည်။
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာမှ မီးရှို့တိုက်ခိုက်ရာတွင် ပါဝင်သူများကို အမြန်ဆုံး ဖမ်းဆီး အရေးယူရန် ယမန်နေ့က ပြုလုပ်သော ကပ်ဘိနပ် အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးကို ညွှန်ကြားခဲ့သည်။
ယခုအခါ ကော့စ်ဘဇားနှင့် စစ်တကောင်းတွင် လူပေါင်း ၃၀၀ ကျော်ကို ရဲအဖွဲ့က ဖမ်းဆီးခဲ့သည်ဟု သိရသည်။
http://www.narinjara.com/burmese/?p=2483
ဒေါ်အောင်ဆန်းစုကြည် လေဆိပ်ကို ရောက်ပြီ .....
ဒီအချိန်က ထိုင်နေလို့ ရတဲ့ အချိန်မဟုတ်ဘူး .. ဒူးနှံ့ နေရမယ့် အချိန် မဟုတ်ဘူး.. အများကြီး အလုပ်လုပ်ရမယ့် အချိန်ပါလို့  ပြောပါရစေ.. (၄-၁၀-၂၀၁၂ ဒေါ်အောင်ဆန်းစုကြည် - လာကြိုသူတွေကို ခြံရှေ့  နုတ်ဆက်စကားပြောမှ)
OIC ကို နိုင်ငံ တွင်းအခြေချ ခွင့်ရန် သဘောမတူ သည့် ကန့် ကွက် ပွဲ များ ပြု လုပ် မည်
by FNG on October 4, 2012
308016_388513647886601_1704505450_n
OIC အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ၏ လူသားချင်း စာနာမှုဆိုင်ရာ ရုံးခန်း နှင့် ၎င်း တို့ 
၏ မည်သည့် ယန္တယား ကို မှ မြန်မာ နိုင်ငံ တွင်း လည်ပတ် ရန် မြန်မာ နိုင်ငံ တွင်း ဉ် ခွင့် ပြု ရန်
သဘော မ တူ ကြောင်း မျိုး ချစ် လူငယ် များ ကွန်ယက် မှ တာဝန်ရှိ သူ ကို အေးကျော် က FNG
ကို ပြောသည်။
OIC ကိုယ်စားလှယ် များ သည့် ပြီးခဲ့ သည့် သြဂုတ် နှင့် ဇူလိုင် လ အတွင်း က မြန်မာ နိုင်ငံ သို့ 
ရောက်ရှိ လာ ပြီး မြန်မာ အစိုးရ သမ္မတ ဦး သိန်း စိန် ၊ ပြည်ထောင်စု နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယ
ဗိုလ်ချုပ်ကြီး သိန်းဌေး နှင့် အခြား အစိုးရ အရာ ရှိ များ ကို တွေ့ ဆုံ ခဲ့ သည်။
အစ္စလာမ်ဘာသာကိုးကွယ်သည့် နိုင်ငံအများစုနှင့် ဖွဲ့စည်းထားသော  OIC အစ္စလာမ်မစ် နိုင်ငံများ
ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အား ဗုဒ္ဓ ဘာသာ ဖြစ်သည့် မြန်မာ နိုင်ငံ မှ ၀င်ရောက် ခွင့် ပေး ခြင်း
ကို ထိုင်း ၊ သီရိလင်္ကလာ ၊ အိန္ဒိယ  နှင့် ကမ္ဘော ဒီယား  စသည့် ဗုဒ္ဓဘာသာ နှင့် အခြား နိုင်ငံ များ
မှ ဗုဒ္ဓ ဘာသာ ၀င်များ က ဝေဖန် ထောက် ပြ မှု များ မှာ ၎င်း တို့  နိုင်ငံ ၏ သတင်း မီဒီယာ ထဲ တွင်
ပါ ဖော်ပြ လာ ကြာသည်။
OIC  ၏ လက်ဝေခံ လျှို့ ဝှက် အဖွဲ့  များ သည် ပုံစံ အမျိုး မျိုး ဖြင့် အခြား ဘာသာ ၀င်များ ၏ နိုင်ငံ
တွင်း သို့  ၀င်ရောက် ကာ ဘာသာရေး သွေးဆောင် မှု များ ကို ပုံစံ အမျိုး မျိုး ဖြင့် ပြု လုပ် သည်
ဟု န ခွန် ဆ၀န် မှ ထိုင် လူ မျိုး သတင်း ထောက် နှင့် ဘလောက် ဂါ ကိယတ် ဆွန်သွန်း က FNG
ကို ပြောသည်။
ဆော်ဒီအာရေးဗီးယား ဘုရင် အဗ္ဗဒူလာက သည် OIC မှ တစ်ဆင့် မြန်မာ နိုင်ငံ တွင်း ရှိ ဘင်္ဂါလီ
ရိုဟင်ဂျာ များ ကို ဒေါ်လာ သန်း ၅၀ လှုဒါန်း ထား သည်။
OIC အား မြန်မာ နိုင်ငံ တွင်း အခြေစိုက် စေခြင်း အား ဖြင့် ပိုမို ဆိုးရွား သည့် လူမှု ရေး ၊ ဘာသာ
ရေး ပဋိပက္ခ များ ကြုံ ရ မည် ဟု အတွေ့ အကြုံ ရှိသူ များ က ထောက် ပြ ကြ သည်။
ရန်ကုန် တက္ကသိုလ် သမိုင်း ဌာန မှ ဆရာ တစ်ဦး က ” ဦးသိန်းစိန် လည်း အကျပ် အတည်း ထဲ မှာ
ဆို တော့ လက်ခံ လိုက် ရတာ ပေါ့  ၊ ဒါပေမယ့် ပြည်သူ က OIC ကို လက်မခံ ဘူး ဆို တဲ့ ဆန္ဒပြမှု
လုပ် ရင် သူ လည်း OIC  ကို get out လို့  ပြော လို့  ကောင်း သွား တာ ပေါ့ ” ဟု ထောက် ပြသည်။
ဆော်ဒီအာရေဗျ အခြေစိုက် OIC ခေါ် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအသင်း ကို မြန်မာ
နိုင်ငံ တွင်း အခြေစိုက် ခွင့် မပေး ရန် ကန့်  ကွက် မှု များ ရှေ့ သီတင်း ပတ် ထဲ တွင် စတင် မည် ဟု သိ
ရသည်။
OIC အား ကျယ် ကျယ် ပြန့်  ပြန့်  ကန့် ကွက် မှု များ သည်  ပြီးခဲ့ သည့် သီတင်း ပတ် အတွင်း က
ဘင်္ဂလား ဒေရှ် နိုင်ငံ ဉ်  သမိုင်းဝင် ဗုဒ္ဓဘာသာ စေတီ ၊ ပုထိုး များ နှင့် ဘုန်းတော် ကြီး ကျောင်းများ
ဖျက်ဆီး ခံ ရ ပြီး နောက်  ပိုမို အား ကောင်းလားသည်။
freedomnewsgroup.com
ကျောက်နီမော်ကိုဘင်္ဂလီတွေတိုက်ခိုက်ရန်ကြိုးစား
Fresh news journal ပါသတင်း
ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်မှုအပေါ် ဒဂုံမြို့သစ်တွင် သံဃာ အပါး ၂၀၀ ကျော်ဆန္ဒပြ
Yangon Press International
နေ့လည် ၁နာရီ၊ အောက်တိုဘာ ၄၊ ၂၀၁၂၊ YPI
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဖြစ်ပွားနေသည့် ဗုဒ္ဓဘာသာဝင်များအား အကြမ်းဖက်မှု ချက်ခြင်းရပ်ရန် သံဃာ အပါး ၂၀၀ ၀န်းကျင်ယနေ့နေ့လည် ၁ နာရီတွင် ဒဂုံမြို့သစ်မြောက်ပိုင်း မကွေးကျောင်းတိုက်တွင် ဆန္ဒပြလျှက်ရှိသည်။
ယင်းဆန္ဒပြပွဲကို မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက ဦးစီးပြုလုပ်ခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသံရုံးရှေ့ ဆန္ဒပြရန် ရည်ရွယ်သော်လည်း နောက်ဆုံး မသွားရောက်တော့ပဲ ကျောင်းရှေ့တွင်ပင် ဆန္ဒပြရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ဆန္ဒပြသူများက “ ဗုဒ္ဓဘာသာဝင်များအပေါ် အကြမ်းဖက်မှုချက်ခြင်းရပ်” “ဗုဒ္ဓဆင်းတုတော်များ၊ ဘုန်းတော်ကြီးကျောင်းများ ဖျက်ဆီးမှု ချက်ခြင်းရပ်” “ရိုဟင်ဂျာ မိစ္ဆာကောင်များ ကျဆုံးပါစေ” အစရှိသည့် ပိုစတာများ ကိုင်ဆောင်ထားသည်ဟု လည်း ယင်းနေရာသို့ ရောက်ရှိနေသူ မသန္တာက ပြောသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုကိစ္စနှင့် ပတ်သက်၍ နေ့လည်တနာရီတွင် သတင်းစာရှင်းလင်းပွဲ လုပ်ရန် စီစဉ်ရာမှ ယခုလို ဆန္ဒပြရန် စီစဉ်လိုက်ကြခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကောက်ဘဇားခရိုင်နှင့် စစ်တကောင်းနယ်များတွင် လူငယ်တဦးက အင်တာနက်ပေါ်တင်သည့် ကူရ်အန်ကျမ်း မီးလောင်နေသည့်ရုပ်ပုံမှ အစပြုကာ ဗုဒ္ဓဘာသာဝင်နှင့် ဘုန်းတော်ကြီးကျောင်းများကို ဖျက်ဆီး အကြမ်းဖက်မှုများ ဖြစ်ပွားကာ အနည်းဆုံး လူ ၂ ဦးသေဆုံးခဲ့သည်။ ။
ပြန်ကြားရေး ၀န်ကြီး လမ်းပေါ်ထွက် ဆန္ဒပြ
October 4, 2012 at 11:15 am
ဗုဒ္ဓဘာသာဝင်များကို တိုက်ခိုက်မူ နိုဘယ်လ် ဆုရှင် ဒေါက်တာ ယူနိုး ကျေညာချက်ထုတ်၊ ပြန်ကြားရေး ၀န်ကြီး လမ်းပေါ်ထွက် ဆန္ဒပြ">ဗုဒ္ဓဘာသာဝင်များကို တိုက်ခိုက်မူ နိုဘယ်လ် ဆုရှင် ဒေါက်တာ ယူနိုး ကျေညာချက်ထုတ်၊ ပြန်ကြားရေး ၀န်ကြီး လမ်းပေါ်ထွက် ဆန္ဒပြ ဘင်္ဂလာဒေခ်ျ့ နိုင်ငံက  ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေနဲ့  ဗုဒ္ဓဘာသာဝင်များရဲ့  နေအိမ်တွေကို မီးရှို့တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး  နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါက်တာ မူဟာမတ် ယူနိုးမှ ကျေညာ ချက် တစ်စောင် ထုတ်ပြန်လိုက်ပြီး သတင်း ပြန်ကြားရေး ၀န်ကြီး ဟာဆန်နုရ်ဟုပ် အီနုရ် ကတော့  လမ်းပေါ်ထွက် ဆန္ဒပြခဲ့ပါတယ်။
သတင်းနှင့် ပြန်ကြားရေး ၀န်ကြီး ကန့်ကွက် ဆန္ဒပြနေစဉ်။ (ဓါတ်ပုံ- Star)
ကျေညာချက်ထဲမှာ ငြိမ်းချမ်းရေး ဆုရှင် ဒေါက်တာ ယူနိုးက အခု တိုက်ခိုက်မူကို ဘာသာရေး လွတ်လပ်ခွင့်ရှိတဲ့ ဘင်္ဂလာဒေခ်ျ့ သမိုင်းမှာ Black Incident  အဖြစ် သတ်မှတ်ရမှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။
ဒါ့အပြင် သူက တိုက်ခိုက်မူတွင် ပါဝင်သူတွေကို သေချာ စစ်ဆေးးပြီး အရေးယူသွားဖို့နဲ့  ဘင်္ဂလာဒေခ်ျ့ နိုင်ငံရဲ့ လူမျိုးရေးအရ တန်းတူ ညီမျှမူနဲ့ သဟဇာတ ဖြစ်မူကို မြင့်တင်ကြဖို့ မေတ္တာရပ်ခံ ဆော်သြ လိုက်ပါတယ်။
လူမျိုးရေး ဘာသာရေး အစွန်းရောက် သမားတွေကို ဆန့်ကျင်တဲ့ နေရာမှာလည်း အားလုံး အတူ တကွ ရပ်တည် တိုက်ပွဲဝင် ကြဖို့လည်း ပြောဆိုလိုက်ပါတယ်။
ဒေါက်တာ ယူနိုးဟာ ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင်သာမက Grameen ကျေးလက် ဘဏ်တစ်ခုကို စတင် ထူထောင်ခဲ့သူ တစ်ဦးဖြစ်ပြီး ကျေးလက် ဒေသက ဆင်းရဲ နွမ်းပါးတဲ့ ပြည်သူတွေကို အတိုးနည်းနည်းနဲ့ ငွေထုတ်ချေးပြီး စီးပွားရေး လုပ်ငန်းတွေကို ချပေးခဲ့တဲ့ အတွက် သူ့ရဲ့ ဘဏ်လုပ်ငန်းဟာ အောင်မြင်မူ အကြီးအကျယ် ရရှိခဲ့ပါတယ်။
အလားတူ ဘင်္ဂလာဒေခ်ျ့ သတင်းနဲ့ ပြန်ကြားရေး ၀န်ကြီး ဟာဆန်နုရ်ဟုပ် အီနုရ်ကလည်း ဒက္ကားမြို့ အမျိုးသား သတင်းထောက် အသင်းရုံးရှေ့ကို သွားပြီး ဘင်္ဂလာဒေခ်ျ့ ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့ဝင်တွေနဲ့ လက်ချင်းချိတ်ကာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ မိသားစုဝင်တွေ အပေါ် တိုက်ခိုက်ခဲ့တာကို ကန့်ကွက် ဆန္ဒပြခဲ့ပါတယ်။
သူက အခု တိုက်ခိုက်မူဟာ ကြိုတင် စီမံထားတဲ့ လုပ်ကြံမူကြီး တစ်ခု ဖြစ်ပြီး တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဖျက်လို ဖျက်ဆီး လုပ်လိုသူတွေရဲ့ လက်ချက်လို့ စွပ်စွဲ ပြောဆိုပါတယ်။
ရာချီရှိတဲ့ ဘင်္ဂလာဒေခ်ျ့ ကွန်မြူနစ်ပါတီဝင်တွေကလည်း အမျိုးသား သတင်းစာတိုက်ကို သွားပြီး တိုက်ခိုက်မူ အပေါ် ဆန့်ကျင် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီမှာ တက်ရောက်ခဲ့တဲ့ ကွန်မြူနစ်ပါတီ ခေါင်းဆောင် တစ်ဦးက လက်ရှိ အစိုးရနဲ့ အတိုက်အခံ ပါတီတို့ကို တစ်ဦးနဲ့ တစ်ဦး ဆက်လက်ပြီး အပြစ်ပုံချကာ  နိုင်ငံရေး ကစားနေကြရင်တော့ အမှန်တကယ် ပြစ်မူ ကျူးလွန်သူတွေကတော့ ကြားထဲမှာ ထွက်ပြေး လွှတ်မြောက်သွားလိမ့်မယ်လို့ သတိပေး ပြောကြားခဲ့ပါတယ်။
တခြား လူမူ အဖွဲ့အစည်း (၉) ခုကလည်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဗုဒ္ဓဘာသာမိသားစုဝင်တွေရဲ့ နေအိမ်တွေကို တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး ကန့်ကွက် ဆန္ဒပြပွဲတွေကို ပြုလုပ်ခဲ့ကြပါတယ်။
narinjara.com
ကျွန်မရဲ့ အစားထိုးမရပါသော ဖေဖေ
rLatt Latt Soe
မောင်ဝံသ
ကျွန်မအတွက် ခုလို နေ့မျိုးဟာ စောစီးစွာေ၇ာက်လာခဲ့မယ်လို့ မထင်ထားခဲ့ပါဘူး။ တရားမရှိဘူးပဲ ပြောပြော တကယ့်ကို မမျှော်လင့်ခဲ့တာပါ။ ကျွန်မဟာ ဖေဖေနဲ့ အနီးကပ်နေခဲ့ပြီး ဖေဖေ့စားပွဲပေါ်မှာ တင်ထားတဲ့ ဓာတ်မှန်ဟာ ကျွန်မတို့ မိသားစုအတွက် ခြုံခိုတိုက်ခိုက်မယ့် မြွေပွေးတကောင်ဆိုတာ လုံးဝ မရိပ်မိခဲ့ပါဘူး။
အဲဒီနေ့က...အတိအကျ ပြောရရင် ၂၅.၉.၁၂ နေ့လယ် ၃နာရီမှာ ဦးနု ရဲ့ တာတေ စနေသား စာအုပ်မိတ်ဆက်ပွဲကနေ ပြန်လာပြီး ခန နား ရေချိုးပါတယ်။ ပြီးတာနဲ့ မေးလ်တွေ စစ်ပါတယ်။ ဗိုက်ဆာတယ်ဆိုလို့ ခေါက်ဆွဲပြုတ်ပေးတာကို မြေးအဖိုး ၂ယောက် အတူတူ လုစားနေကြပါတယ်။ ပြီးတာနဲ့ ဖေဖေတူအရင်းဓာတ်မှန် ဆရာဝန်ကြီးကို သွားဖတ်ခိုင်းဦးမယ်ဆိုပြီး ပေါ့ပေါ့ပါးပါးပဲ ထွက်သွားပါတယ်။ ကျွန်မလဲ အေးအေးလူလူ ကျန်ခဲ့တာပါ။ ၆နာရီလောက်မှာ အိမ်ရှေ့က တံခါးခေါက်သံကြားလို့ ထွက်ကြည့်တော့ ဖေဖေရယ်....။ ကျွန်မက ခပ်အေးအေးပဲ ဘာတဲ့လဲ ဖေကြီးလို့ မေးလိုက်ပါတယ်။ ဖေဖေက မဖြေပဲ ကျွန်မ အမျိုးသား ပြန်လာပြီလားလို့ မေးပါတယ်။ လာနေပြီ လမ်းထိပ်ရောက်နေတယ် ပြောတယ်ဆိုတော့ ဖေက ပိုက်ဆံအံဆွဲလေး ဆွဲဖွင့်ရင်းက အခု ချက်ချင်း `အနိုင်´(အသည်းအထူးကု ဆရာဝန်ကြီး ဒေါက်တာဝင်းနိုင်)ဆီ သွားလို့ `အတိုး´(ဓာတ်မှန်ပါရဂူကြီး)က ပြောတယ်။ ဖေကြီးဓာတ်မှန်မှာ CA လို ပေါ်နေတယ်တဲ့။ ကျွန်မ ချက်ချင်းပဲ ထုံသွားပါတယ်။
မယုံနိုင်ပါဘူး။ ကျွန်မတွေ့တာတော့ ဖေကြီးရဲ့ အဆုတ်ဘယ်ခြမ်းမှာ အဖြူကွက်ကြီးတွေ့တာပဲ။ ဖေကြီးကို မောင်လေးအကြီးတုန်းကလို ရေ၀င်နေတာ နေမှာပါလို့တောင် ပြောမိသေးတယ်။
ကျွန်မအမျိုးသား ရောက်လာတော့ ကားမောင်းပို့ပြီး ၂ယောက်သား ထွက်သွားကြတယ်။
ကျွန်မ ချက်ချင်း အကိုတ၀မ်းကွဲ ဓာတ်မှန် ပါရဂူဆီ ဖုန်းဆက်ပါတယ်။ သူ့အတွေ့အကြုံအရ ၇၀ ရာနှုန်း သေချာတယ် ပြောပါတယ်။ online ကနေ တဆင့် စင်ကာပူရောက်နေတဲ့ အမအကြီးနဲ့ မောင်အကြီးဆီ message ပို့တယ်။ ပဲခူးရောက်နေတဲ့ မေမေ့ဆီ ဖုန်းဆက်တယ်။ ကျွန်မခေါင်းထဲမှာ ထုံနေတယ်။ ငိုရမှာလား မငိုရဘူးလား မဝေခွဲတတ်ဘူး။ ဟုတ်ကော ဟုတ်ရဲ့လား။ ဓာတ်မှန်ပေါ်မှာ တခုခုများ ဖုံးအုပ်မိသွားသလား...ဆေးများ ကွက်နေရော့သလား။ အရူးတယောက်လို လျှောက်တွေးနေမိတာနော်။ လက်မခံချင်တဲ့စိတ်ကြောင့်ပေါ့လေ။
ကျွန်မ ဖေဖေက လူကောင်းတယောက်ပါ။ ဘာလို့ စောစောစီးစီး သွားခိုင်းရမှာလဲ။ ကံကြမ္မာကို ကျွန်မ လာဘ်ထိုးလို့ မရနိုင်ဘူးလား။
ဒေါက်တာဝင်းနိုင်က ချက်ချင်းပဲ CT Scan ရိုက်ခိုင်းပါတယ်။ အာရှတော်ဝင်မှာ ရိုက်တဲ့ CT result ကို ညတွင်းချင်း အကိုဓာတ်မှန်ပါရဂူက ဖတ်ပါတယ်။ ပြီးတော့ ကျွန်မဆီ၊ ဖေကြိးဆီ ဖုန်းဆက်ပါတယ်။ မကြားချင်တဲ့ အဖြေကို သေချာသိရပါပြီ။
နောက်တနေ့ မနက် ၂၆.၉.၁၂ အသည်းဆေးရုံမှာ အကိုဆရာဝန်ထံ ဖေကြီး မေနဲ့ ကျွန်မ ချီတက်ကြပါတယ်။ အကိုက သေချာ ရှင်းပြပါတယ်။ စင်မှာ သွားထပ်စစ်ဖို့ ပိုသေချာအောင် လုပ်စရာရှိတာ မြန်မြန်လုပ်ဖို့.......စီစဉ်ရပါပြီ။ အမြန်ဆုံး သွားဖို့ရယ်၊ အမြန်ဆုံး check up လုပ်နိုင်ဖို့ရယ်။ အမ booking လုပ်ထားတဲ့အတွက် Lung & Chest Specialist ဆရာဝန်ကြီးနဲ့ Mount.E Hospital မှာ ပြသဖို့ ၁.၁၀.၁၂ ကို ချိန်းထားပါတယ်။ အကုန် ပြန်စစ်ပါတယ်။ အဆုတ်ထဲကနေ biosy ယူပါတယ်။ CT ပြန်ရိုက်ပါတယ်။
နောက်တနေ့ ၂.၁၀.၁၂မှာ တကိုယ်လုံး CT ဆေးအခေါ်က PET လို့ခေါ်တာနဲ့ brain mri ရိုက်ပါတယ်။ ဒီနေ့ ၃.၁၀.၁၂ မှာတော့ ဆရာဝန်ကြီးဆီမှာ ဆေးစစ်ချက်တွေ ပြန်ပြရပါတယ်။ ဖေဖေ့အကျိတ်က ခွဲလို့မရနိုင်ကြောင်းနဲ့ ဦးခေါင်းခွံနားမှာ ပြန့်နေတဲ့ ဆဲလ်တချို့တွေ့ကြောင်း သိရပါတယ်။ ကီမို သွင်းဖို့ စပြီး စီစဉ်ပါတယ်။ မနက်ဖြန် မနက်မှာ first cycle ကီမို သွင်းပါမယ်။ ၁၁ ရက်မှာ second cycle သွင်းပါမယ်။ အဲဒီနောက်တော့ မြန်မာပြည် ပြန်လာပါလိမ့်မယ်။
ဒီမှာ ဆက်ပြီး ကီမိုကို ဆေးပတ်ပြည့်အောင် သွင်းရပါမယ်။
ကျွန်မတို့ မိသားစုရဲ့ ဘ၀မှာ တိုက်ပွဲတွေ အကြိမ်ကြိမ်တိုက်ခဲ့ဖူးပါတယ်။
ဖေဖေဟာ ယုံကြည်ချက်ကြောင့် အကျဉ်းထောင်ထဲကို ၃ကြိမ်တိုင်တိုင် ဆယ်စုနှစ် နှစ်ခုစာအတွင်း ၀င်လိုက် ထွက်လိုက်လုပ်ဖူးပါတယ်။ ကျွန်မတို့ အံကြိတ်ခဲ့ရတဲ့နေ့တွေဟာ ကျွန်မ အသက် ၁၈ နှစ် မပြည့်ခင်ထဲကပါ။ အခု ကျွန်မ အသက် ၄၁ နှစ်ရှိပါပြီ။ တိုက်ပွဲတွေက မပြီးသေးဘူးဆိုတဲ့ သဘောလား။ ခန နားထားတဲ့ တိုက်ပွဲကို ပြန်တိုက်ခိုင်းတာလား။ အဖေဆိုတာ သက်ရှိထင်ရှား ရှိနေသေးတယ်ဆိုတဲ့ သင်္ကေတအနေနဲ့ ပါဆယ်ပစ္စည်းများကို `လက်ခံရရှိပါသည် င်ဝံသ´ ဆိုတဲ့ မော.. ရှေ့က မတပ်ထားတဲ့ ဖေဖေ့လက်မှတ်လေး တခုထဲနဲ့ ကျွန်မတို့ အားတင်းခဲ့ရတာ ငါးနှစ်တိတိ ကြာခဲ့ပါတယ်။ အဲဒါ နောက်ဆုံးအခေါက် အဖမ်းခံရတုန်းကပါ။ ပြန်ထွက်လာတော့ ဖေဖေ့သားတွေက အရပ်တွေ ရှည်နေလွန်းလို့ ဖေကြီးက မော့ကြည့်ရင်း သဘောတွေ ကျလို့လေ။
ကံကြမ္မာရဲ့ စိန်ခေါ်မှုက ဒီတခါတော့ တော်တော့်ကို ရက်စက် ဆိုးဝါးလွန်းပါတယ်။ ဒါပေမယ့် ကျွန်မတို့ တိုက်မှာပါ။ နိုင်သော်ရှိ မနိုင်သော်ရှိ ဘယ်တော့မှ အလံမလှဲဘူးလို့ စိတ်ပိုင်းဖြတ်ထားပါတယ်။
ဖေဖေကလဲ ဒီသဘောပဲ ရှိပါတယ်။
သစ္စာတွေလဲ ဆိုရလွန်းလို့ အပ်ကြောင်းထပ်နေပြီ။ ဖေဖေ့ကို ကိုယ့်အဖေဆိုတာအပြင် မြန်မာနိုင်ငံအတွက် `မောင်ဝံသ´ဆိုတာ ရှိဖို့ လိုကို လိုအပ်တယ်လို့ ယုံကြည်တဲ့အတွက် မချိန်းထားပဲ စောစော လာစောင့်နေတဲ့ အရာကို နဲနဲတော့ ညှိနှိုင်းဖို့ လိုအပ်တယ် မဟုတ်လား။ ဘာပဲပြောပြော ဖေဖေ့ရဲ့ facebook မှာ ၀ိုင်းအားပေးကြသူများကြောင့် ကျွန်မတို့ အားတက်ရပါတယ်။ ဖေဖေ့ကို အားပေးကြပါ။ ဖေဖေဟာ သူတပါးကို ဘယ်တော့မှ ချောက်မတွန်းခဲ့ဖူးသူ၊ မကောက်ကျစ်ခဲ့ဖူးသူ၊ သိပ်ကို ရိုးစင်းလွန်းသူပါ။ သူ့ကို ဆော်နေမှန်း သိတဲ့သူကို အေးအေးလူလူ စကားထိုင်ပြောနိုင်သူပါ။ ကျွန်မတို့က ဖေဖေ့နောက်ကနေ ဒေါသတွေ တငွေ့ငွေ့ထွက်နေရင် ဖေဖေက သမီးက နိုင်ငံရေးသမား သတင်းစာဆရာသမား သမီး မပီသသေးပါလား။ အရေမထူပါလားနဲ့ ဆုံးမနေကျပါ။ အနီးကပ် နေတဲ့ ကျွန်မဟာ ဖေဖေ့စိတ်ကို နေ့တိုင်းဖတ်နေရပါတယ်။ ဒီတလော ဖေဖေ နဲနဲ ပိန်လာတာ အလုပ်ပင်ပန်းလို့ပဲ ထင်ပြီး ပေါ့ဆခဲ့မိတဲ့ ကျွန်မကိုယ့်ကိုယ်ကို တော်တော် ခွင့်မလွှတ်ချင်ပါဘူး။ ဖေဖေက သိပ်လဲ အိပ်ရေးပျက်ခံနိုင်ပါတယ်။ ညဘက် ၂ နာရီ ၃နာရီ မှ အိပ်ပေမယ့် မနက်ခင်း ကျွန်မတို့ သားအမိနဲ့ မေမေ့အတွက် breakfast ကို ကိုယ်တိုင်ဝယ်ပေးပြီးမှ ပန်းကန်တွေထဲ အဆင်သင့် ထည့်ပေးပြီးမှ ၀ါသနာ စေတနာတွေကြောင့် အခမဲ့ ဖွင့်ထားတဲ့ သူ့သင်တန်းလေးကို သွားနေကျပါ။ ဆိုးလိုက်တဲ့ ကျွန်မပါ။ အဖေ့ကို ကိုယ်က ၀ယ်ပေးရမယ့်အချိန်မှာ အဖေက အဆင်သင့် ခူးပေးထားတဲ့ မနက်စာကို ဒီအရွယ်မှာ ကျွန်မက စားဝင်သတဲ့။ ကျွန်မရဲ့ စိတ်မြန်လွန်းတဲ့ ဖေဖေ၊ သွက်လက်လွန်းတဲ့ ဖေဖေ၊ လုပ်စရာတွေ များလွန်းလို့ ရေအိုးတွေ အများကြီး ရွက်ထားရတဲ့ ဖေဖေပါ။ သူ့ခေါင်းပေါ် တင်လာသမျှ ရေအိုးတွေကို မညီးမညူ ထမ်းထားရင်းက ခုတော့....
ဖေဖေ့ကို လျှော့သင့်တာလျှော့ခိုင်းရပါမယ်။ ဖေဖေ အသက်ရှည်ရှည်နေဖို့ အလုပ်တွေ နဲနဲလျော့သွားရင် စာနာ နားလည်ပေးကြပါ။
ဘာပဲ ပြောပြော `မောင်ဝံသ´ဆိုတာ ဆက်ပြီး ရှင်သန်နေမှာပါလို့ ကျွန်မတော့ ယုံကြည်ပါတယ်။
တကယ်တော့ ကျွန်မဟာ ဖေဖေ အားမရတဲ့ သမီးတယောက်ပါ။
လွတ်လပ်စိုး
ကန်တော်မင်္ဂလာပန်းခြံအတွင်းကျည် (၁၉၉) တောင့်ကို တွေ့ရှိ
Eleven Media Group
    အောက်တိုဘာလ (၃) ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ် အချိန်တွင် ဒဂုံမြို့နယ် ကန်တော်မင်္ဂလာပန်းခြံအတွင်းရှိ အမှိုက်ပုံ၌ ကာဘိုင် ကျည်ဟု ယူဆရသော ကျည် (၁၉၉) တောင့်ကို တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။
    အဆိုပါ ကျည် (၁၉၉) တောင့်သည် ကန်တော်မင်္ဂလာပန်းခြံမြောက်ဘက် ကန်စောင်းရှိ ငုဝါပင်ကြီး အောက်ခြေတွင် ပုံထားသော အမှိုက်ပုံအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကျည်တောင့်များကို ထုတ်ပိုးထားသော ကျွတ်ကျွတ်အိတ် သုံးလုံးကို သန့်ရှင်းရေးဝန်ထမ်းတစ်ဦးမှ တွေ့ရှိခဲ့ခြင်းဖြစ်ကာ သက်ဆိုင်ရာ တာဝန်ရှိသူများသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်ပါသည်။
ဂျုံစက်ရုံတစ်ရုံအတွင်း လက်နက်ခဲယမ်းများ တွေ့ရှိရသဖြင့်စစ်ဆေးလျက်ရှိ
ဒဂုံအရှေ့စက်မှုဇုန်ရှိ ဂျုံစက်ရုံတစ်ရုံအတွင်း လက်နက်ခဲယမ်းများ တွေ့ရှိရသဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ ဂျုံစေ့ပါရှိသည့် ကွန်တိန်နာသယ်ဆောင်လာသော ပြည်တွင်းလမ်းကြောင်းများကို စစ်ဆေးလျက်ရှိ
Wednesday, 03 October 2012 20:00
ဒဂုံအရှေ့စက်မှုဇုန်ရှိ ဒိုင်းမွန်းစတားဂျုံစက်ရုံအား တွေ့ရစဉ် ရန်ကုန်တိုင်းဒေသကြီး ဒဂုံအရှေ့စက်မှုဇုန်ရှိ ဂျုံစက်ရုံတစ်ရုံအတွင်း လက်နက်ခဲယမ်းများ တွေ့ရှိရသဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ ဂျုံစေ့ပါရှိသည့် ကွန်တိန်နာ သယ်ဆောင်လာသော  ပြည်တွင်းလမ်းကြောင်းများကို စစ်ဆေးလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
ဒဂုံအရှေ့စက်မှုဇုန်ရှိ ဒိုင်းမွန်းစတားဂျုံစက်ရုံမှာ အသုံးပြုရန် ပြည်ပမှ မှာထားသော ဂျုံစေ့များကို သီလ၀ါဆိပ်ကမ်းမှတစ်ဆင့် စက်တင်ဘာလ ၂၄ ရက်နေ့တွင် အဆိုပါစက်ရုံအတွင်းသို့ ကွန်တိန်နာယာဉ်ဖြင့် သယ်ဆောင်လာပြီးနောက်   လက်နက်ခဲယမ်းများကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
စစ်ဆေးတွေ့ရှိခဲ့သည့် လက်နက်ခဲယမ်းအမျိုးအစားများမှာ ၇ ဒသမ ၆၂ ကျည် ၂၈ တောင့်၊ ကျည်ကတ်နှစ်ခု၊ M-20 အမျိုးအစား ပစ္စတိုတစ်လက်၊ အပြာရောင်ကြိုးအိတ်တစ်ခုနှင့် ကာကီရောင် သေနတ်လွယ်ကြိုးတစ်ခုတို့ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍လည်း ဒဂုံအရှေ့စက်မှုဇုန်ရှိ ဒိုင်းမွန်းစတားဂျုံစက်ရုံမှ တာဝန်ရှိသူ စီမံကိန်းမန်နေဂျာအား သွားရောက်မေးမြန်းရာ '' ဒီကိစ္စကို လုံဝမသိပါဘူး''ဟု ပြန်ဖြေကြားခဲ့သည်။
ဂျုံစေ့များအတွင်း လက်နက်ခဲယမ်းများ တွေ့ရှိခဲ့ရသည့် ဂျုံများမှာ ပါကစ္စတန်နိုင်ငံထုတ် ဂျုံစေ့များဖြစ်ပြီး စင်ကာပူကုမ္ပဏီမှတာဝန်ခံ တင်သွင်းပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းကဲ့သို့ ဒိုင်းမွန်းစတားကုမ္ပဏီမှ မှာယူထားသော ဂျုံစေ့များပါရှိသည့် ကွန်တိန်နာအတွင်းမှ တွေ့ရှိခဲ့ရသော လက်နက်ခဲယမ်းများနှင့်ပတ်သက်၍ ပြည်တွင်းလမ်းကြောင်းများကို စုံစမ်းစစ်ဆေးရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရဲတပ် ဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ကို ဖွဲ့စည်းထားပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒဂုံအရှေ့မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူ စခန်းမှူးဖြစ်သူရဲအုပ် ထွန်းလင်းအား သွားရောက်မေးမြန်းရာ '' ကျွန်တော်တို့အနေနဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဖြေလို့ လုံးဝမရပါဘူး''ဟု ပြန်လည်ပြောကြားခဲ့သည်။
ဒဂုံအရှေ့စက်မှုဇုန်အတွင်း လည်ပတ်လျက်ရှိသော စက်ရုံအရေအတွက်မှာ ၂၉ ရုံရှိပြိး ဆောက်လုပ်ဆဲ စက်ရုံပေါင်း ၃၀ ခန့်ရှိကြောင်း အဆိုပါစက်မှုဇုန်စီမံခန့်ခွဲရေးရုံးမှ သိရှိရသည်။
 http://news-eleven.com