Friday, October 5, 2012

ရုပ်ရှင်ထဲမှ လူရမ်းကားများသဖွယ် ဒုတ်၊ ဓါး လက်နက်ဆွဲကိုင်ထားသည့် လူ ၁၀ ကျော် အိမ်ပေါ်အထိ ဝင်ရောက်တိုက်ခိုက်

r၂၀၁၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့  မနက် ၁.၀၀ ခန့်တွင် မြိတ်မြို့၊မြေနီလမ်းရှိ အိမ်အမှတ် (၆၂)နေ ကိုဝင်း+ မသီ တို့၏ နေအိမ်အား မင်းမဲ့စရိုက်ဆန်ဆန် ရုပ်ရှင်ထဲမှ လူရမ်းကားများသဖွယ် ဒုတ်၊ ဓါး လက်နက်ဆွဲကိုင်ထားသည့် လူ ၁၀ ကျော် အိမ်ပေါ်အထိ ဝင်ရောက်တိုက်ခိုက်ကြရာ အိမ်ပိုင်ရှင် ကိုဝင်းမှာ ဦးခေါင်းအနောက်ဘက် နှင့် လက်  ဓါးဒဏ်ရာဖြင့် မြိတ်မြို့ဆေးရုံကြီး အတွင်းလူနာအဖြစ် တင်ထားနေရဆဲဖြစ်သည်။

ည ၁၁.၃၀ ခန့်တွင် မြိတ်မြို့ အဝေးပြေးကားဝင်းအတွင်းရှိ ရွှေရည်ဖြိုးစားသောက်ဆိုင်အတွင်း Danger အဖွဲ့မှာ ဝင်ရောက်ရမ်းကားခဲ့ရာတွင် တံခါးမကြီးအား ဓါးဖြင့်ခုတ်ခွဲ ဝင်ရောက် ရမ်းကားနေစဉ် ကိုဝင်း၏ တူတော်သူမှ ထမင်းစားရန်ရောက်ရှိသွားပြီး ၊ ၄င်းအဖွဲ့မှ ခေါ်ယူ ထိုးနက်ခဲ့ရာ ဆိုင်ရှင်မှ တောင်းပန်ပြီး ကိုဝင်းတို့အိမ်ရှိရာသို့ ကိုယ်တိုင်လိုက်လံပို့ဆောင်ခဲ့ပါသည်။ ပြန်ရောက်ပြီး ခဏအကြာတွင် ဆိုယ်ကယ်စီ မူးယစ်ဆေးဝါး အဖွဲ့မှရောက်ရှိလာပြီး အိမ်သားအားလုံးကို တုတ်၊ ဓါးလက်နက်ဖြင့် ထိုးခုတ်ကြရာ အိမ်ရှင်အမျိုးသမီးပါမကျန် လိုက်လံခုတ်ကြသည်ဟု အိမ်ပိုင်ရှင် မသီမှပြောပါသည်။
ကိုဝင်းမှ ၄င်းမူးယစ်ဆေးဝါးအဖွဲ့နှင့် ရန်ငြိုးလုံးဝ မရှိ မမြင်ဖူးကြောင်း သူအား ယခုကဲ့သို့ဓါးဖြင်းအသေလိုက်ခုတ်မည့်ဟုပင် မထင်ကြောင်းနှင့် သားဖြစ်သူမှ ကိုဝင်းအား အတင်း ဝင်ရောက်ချီပွေ့ပြီး ထွက်ပြေး ကယ်ဆယ်လိုက်တာဖြစ်ကြောင်းသိရပါသည်။ အိမ်အား ဓါးဖြင့်ခုတ်ထစ်ထားပြီး ဆိုင်ကယ် ၃ စီးအား ဖျက်ဆီးထားခဲ့သည်။

အလာတူအဖြစ်မျိုး မြိတ်မြို့တွင် များစွာ ပေါ်ပေါက်ခဲ့ဖူးကြောင်း နှင့် သက်ဆိုင်ရာမှ အဆိုပါ အဖွဲ့အား မည်သည့်အကြောင်းကြောင့်မှန်းမသိ ထိရောက်စွာ အရေးယူမှု မရှိကြောင်း သိရပါတယ်။

ထိုလူရမ်းကားများမှာ Danger အမည်ရှိသည့် မူးယစ်ဆေးဝါး အဖွဲ့မှဖြစ်ကြောင်း နှင့် ထိုအဖွဲ့အတွင်းပါဝင်သည့် ခေါင်းဆောင် ၃ ဦးမှာ ရေပုန်းရပ်မှ သာအေး ၊ မြိတ်တောင်ရပ်မှ ဘကျော် ၊ နောက်လယ်ရပ်မှ ရေချမ်း တို့မှဦးဆောင်ပြီး အဖွဲ့ဝင်များစွာရှိကြောင်းသိရပါတယ်။

အိုအိုင်စီ-အဖွဲ့ ကို ဘာကြောင့် လက်မခံသင့်သလဲ


ရခိုင်အမျိုးသမီးတဦးကို အိုအိုင်စီအဖွဲ့ အား မည်သည့်အတွက်ကြောင့်
လက်မခံသင့်ပါသလဲ ဆိုသော မေးခွန်းကို မေးကြည့်ဖြစ်သည် ။ သူမ၏ အဖြေကား
ကုလားတွေက သတ်ဖြတ်၍ သေဆုံးရသော-မီးရို့ ခံရသော-ပျက်စီးခဲ့ ရသော-
မုဒိမ်းကျင့်ခံရသော- သောပေါင်းများစွာမျိုးဖြင့် အနိဋ္ဌါရုံ
အတိပြည့်လျှံနေသည့် အခြေအနေမျိုးမှာ သူတို့ အား ကမ္ဘာမှ ထောက်ပံ့မည့် အဖွဲ
့များကို မည်သည့်နည်းမျိုးဖြင့် လက်ခံ၍ မရနိုင်ကြောင်း ငိုယိုပြီး
ပြောပြရှာပါသည် ။
      နိုင်ငံရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် တဦးကို အိုအိုင်စီအဖွဲ
့အား မည်သည့်အတွက် ကြောင့်လက်မခံသင့်ပါသလဲ- မြန်မာနိုင်ငံအစိုးရနှင့်
မြန်မာ့ကြက်ခြေနီအဖွဲ့ တို့ မှ သဘောတူစာချုပ်ချုပ်ဆိုထားပြီးဖြစ်သည်ဟု
သိရပါသည် ဆိုပြီး မေးခွန်းထုတ်ဖြစ်ပါသည် ။ သူ၏အဖြေကား အစိုးရနှင့်
မြန်မာနိုင်ငံကြက်ခြေနီတို့ မှ လက်မှတ်ထိုးစာချုပ်ချုပ်ဆိုထားသည့်တိုင်
လွှတ်တော်မှ လက်မခံလျှင် ၄င်းလက်မှတ်ထိုးထားသည့် ကိစ္စမှာ
ပျက်ပြယ်သွားနိုင်ပါသည်၊ ဤအဖွဲ့ မှာ မြန်မာနိုင်ငံ၏
လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ ကူညီမည်ဆိုသော်လည်း
မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးတို့ မှ ပြည်တွင်းမှာ
ရုံးခမ်းဖွင့်မည်ဆိုခြင်းကို လက်မခံပါက လုံးဝဖွင့်ဖြစ်မည်မထင်ဟု
ပြောပြပါသည် ။
     ရဟန်းသင်္ဃတော် တပါးကို ယခုအချိန်တွင် အင်ဒိုနီးရှားနိုင်ငံ ဒိုဟာမြို
့၌ အိုအိုင်စီအဖွဲ့ က အစည်းအဝေးခေါ်ယူပြီး ဒေါ်လာ-၂၅-သန်း
ကောက်ခံရရှိထားပြီဖြစ်ကြောင်း-အခြားနိုင်ငံများက ထည့်ဝင်လာလျှင်
သန်းပေါင်းများစွာ ရရှိလာမည်ဖြစ်ပြီး နေအိမ်ပေါင်း( ၈၀၀၀ ) နှင့်
အခြားထောက်ပံ့ပစ္စည်းများ ပေးအပ်မည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချကြပါသည် ။
သို့ သော် သူတို့ ၏ ဆုံးဖြတ်ချက်မှာ ရိုဟင်ဂျာနှင့် ရခိုင်လူမျိုးအတွက်
အလှူငွေများထောက်ပံ့ရန်ဆိုပြီး ပါရှိနေပါသည် ။ ၄င်း အလှူငွေကို
လက်သင့်ခံနိုင်ပါမည်လားဟု လျှောက်တင်ကြည့်ဖြစ်ပါသည် ။
(http://www.thejakartapost.com/news/2012/10/05/oic-collects-25-million-rohingya-and-rakhine.html
)  ဖေါ်ပြပါ ၀ပ်ဆိုက်ကို ကြည့်ပါ---------
    ဆရာတော်က မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး -၁၃၅-မျိုးထဲမှာ
ယခုဖေါ်ပြနေသော လူမျိုးမှာ မရှိကြောင်း သမ္မတဦးသိန်းစိန်နှင့်
အစိုးရတာဝန်ရှိသူများကလည်း ပြောဆိုထားပြီးဖြစ်သည် ။ အိုအိုင်စီအဖွဲ
့ချုပ်မှ -၂၅-သန်းမပြောနှင့် သန်းပေါင်း ထောင်နှင့်ချီ၍ ရသည့်တိုင်
မြန်မာနိုင်ငံအတွင်းမှာ ရုံးခမ်းဖွင့်လှစ်မည်ဆိုခြင်းကို လက်မခံပါကြောင်း
။ အိုအိုင်စီအဖွဲ့ ချုပ်သည် မွတ်ဆလင်ဘာသာဝင်များ အဖွဲ
့ချုပ်ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်
သမိုင်းလိမ်ဘင်္ဂလီကုလားလူမျိုးများအား အသိအမှတ်ပြုကာ အစိုးရနှင့်ပြည်သူကို
မလိမ့်တပါတ်ပြုလုပ်ရန် ဒေါ်လာဖြင့် ကြံဖန်နေသောအဖွဲ့ ဖြစ်ကြောင်း
သိရှိရပြီဖြစ်ပါကြောင်း ။ ထို့ ကြောင့်ဤကိစ္စကို အစိုးရနှင့်ပြည်သူတို့ 
ပူးပေါင်းပြီးကာကွယ်တိုက်ဖျက်ရမည်ဖြစ်ပါကြောင်း ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က ဓနသဟာယအဖွဲ့ မှ ဒေါ်လာသန်း-၁၀၀၀-
ထောက်ပံ့ကူညီမည်ဆိုခြင်းကို လက်မခံဘဲ ပယ်ချခဲ့ သည့် စံနမူနာများရှိခဲ့ ရာ
ယခုလည်း အစိုးရသည် လွှတ်တော်၏ ဆုံးဖြတ်ချက်အတိုင်း
လက်ခံကျင့်သုံးရန်လိုပါကြောင်း ။ ဘင်္ဂလီမွတ်ဆလင်များကို
ကူညီရန်ဆိုခြင်းကို လက်သင့်ခံနိုင်မည်ဆိုသော်လည်း ယခုလို
သမိုင်းလိမ်ဘင်္ဂလီမွတ်ဆလင်များကို တိုင်းရင်းသားလူမျိုးများအဖြစ်
အသိအမှတ်ပြု ဆောင်ရွက်သတ်မှတ်ခြင်းများကို လက်သင့်မခံလိုပါကြောင်း မိန်
့မြွက်တော်မူပါသည် ။
    တက္ကသိုလ်ကျောင်းသားတဦးကို အိုအိုင်စီအဖွဲ့ ချုပ်အား
မည်သည့်အတွက်ကြောင့် လက်သင့်မခံနိုင်ပါသလဲဟု မေးမြန်းဖြစ်ပါသည် ။ သူက
ယခုအချိန်မှာမြန်မာနိုင်ငံ၏ ဒီမိုကရေစီရေစီးကြောင်းက
ဖြေးဖြေးသွားနေဆဲအချိန်ဖြစ်သည် ။ ခလုပ်ကန်သင်းသဘွယ် ပြသနာဖြစ်မည့်
မည်သည့်အဖွဲ့ အစည်းကိုမျှ လက်သင့်မခံနိုင် ။ အကယ်၍
မြန်မာနိုင်ငံအတွင်းမှာ အိုအိုင်စီအဖွဲ့ ချုပ်ကို ရုံးခမ်းဖွင့်လှစ်ပြီး
ထားမည်ဆိုပါက အဓိကရုဏ်းများ လမ်းပေါ်ထွက်ဆန္ဒပြမှုများ ဖြစ်ပေါ်ပြီး
အရေးအခင်း တခုဖြစ်ပွါးလာနိုင်သည် ။ အကယ်၍ အစိုးရမှ ကျောင်းသားများ၏ ဆန္ဒပြ
တောင်းဆိုမှုကို လက်မခံဘဲ ဇွတ်ထားမည်ဆိုပါက အစိုးရကို အယုံအကြည်မရှိ
တောင်းဆိုရေးအထိ ပြသနာများဖြစ်ပွါးလာပြီး -၈-လေးလုံးအရေးအခင်းကာလကို
ပြန်လည်ရောက်ရှိသွားနိုင်ပါသည်ဟု ပြောပြပါသည် ။
        ဘလော့ဂါလူငယ်တဦးကို မေးကြည့်ရာတွင် အိုအိုင်စီအဖွဲ့ ကို
ရုံးခမ်းဖွင့်ပေးထားခြင်းမှာ သတင်းအလိမ်များကို နေ့ စဉ် ကမ္ဘာသို့ 
တင်ပြနေမည်ဖြစ်ပြီး ဗလီတည်ရှိ ဆောက်လုပ်ထားသည်ထက် အန္တရယ်ကြီးမားပါသည် ။
ယခုတောင်မှ သတင်းအလိမ်များကို တင်ပြထားခြင်းကြောင့်
မြန်မာနိုင်ငံအစိုးရမှာ ဖြေရှင်းနေရဆဲဖြစ်သည် ။ ထို့ ကြောင့်
မည်သည့်နည်းနှင့်မျှ လက်သင့်ခံနိုင်စရာ မရှိပါဟု ဖြေကြားပါသည် ။
         မီဒီယာသမားတဦးကို မေးကြည့်ရာတွင် ကမ္ဘာ၌ ဖေါ်ပြနေသောသတင်းများမှာ
လိမ်ညာပြီး ရေးသားလုပ်ကြံဖန်တီးနေခြင်းများဟု ကမ္ဘာက  သိရှိကြပါသည် ။
သူတို့ ကလည်း ၄င်းလူမျိုးများအား အမြဲတမ်းနာမည်ပေါ်အောင်
အစည်းဝေးပြုလုပ်ပြီး ဆုံးဖြတ်ချက်များ ချမှတ်ကာ ဆောင်ရွက်နေသည် ။ အဓိကမှာ
မြန်မာနိုင်ငံအစိုးရကသာ တာဝန်အရှိဆုံးဖြစ်ပြီး အစိုးရက လက်မခံလျှင် ပွဲက
သိမ်းပြီးသားဖြစ်နေပါပြီ ။ အစိုးရသည် ယခုအချိန်တွင် လူထုနှင့်
ထိပ်တိုက်တွေ့ ရန် မကြိုးစားသင့်ဟု မြင်မိပါသည် ဆိုပြီးဖြေကြားပါသည် ။
       ရှေ့ နေတဦးကို မေးကြည့်သောအခါ သူက ယခုလို ဖြေဆိုပါသည်။
သမိုင်းလိမ်ကုလားတို့ မှာ အခွင့်အရေးရပြီဆိုပြီး အကြမ်းဖက်နည်းဖြင့်
ကမ္ဘာသိလှုပ်ရှားပြခြင်းကို ကမ္ဘာမှ နားလည်သွားသည် ။ ထို့ ကြောင့်
ကူညီထောက်ပံ့ရေးဆိုပြီး အစည်းအဝေး ပြုလုပ်ကာ အစိုးရကို
ရုံးခမ်းဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ကြခြင်းဖြစ်သည် ။ အစိုးရက
၎င်းလူမျိုးတို့ မရှိသည်ကို အတိအလင်း ပြောပြထားပါလျှက်
အင်ဒိုနီးရှားနိုင်ငံတွင် ယခုကဲ့ သို့ အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ချက်
ချသည်ဆိုခြင်းမှာ မြန်မာနိုင်ငံအစိုးရကို စိန်ခေါ်ခြင်းဖြစ်သည် ။
ရာဇ၀တ်မှုများအရ တင်ကူးစီမံခြင်းများကို ဥပဒေက ခွင့်မပြုသောအခါ
လူသားချင်းဆိုင်ရာ ကူညီထောက်ပံ့ရေးဆိုပြီး ပြုလုပ်လားခြင်းဖြစ်သည် ။ သို
့သော် သမိုင်းလိမ်လူမျိုးကို အသိအမှတ်ပြုရန် ကူညီထောက်ပံ့မည့်မည်သည့်
အဖွဲ့ ကိုမျှ လက်သင့်မခံရန် အစိုးရမှာ တာဝန်ရှိနေပါသည်ဟု
တည်ဆဲဥပဒေကြောင်းအရ ဖြေရှင်းပြောဆိုပါသည် ။
   ကမ္ဘာအရပ်ရပ်မှ မြန်မာနိုင်ငံတိုင်းရင်းသားများနှင့် ပြည်တွင်းမှာ
လူထုလူတန်းစားအသီးသီးများကို မေးမြန်းခွင့်ရခဲ့ ရာ ယခုကဲ့ သို့ 
အိုအိုင်စီအဖွဲ့ ချုပ်ကို မည်တွင်း၌ မည်သည့်နည်းနှင့်မျှ
လက်သင့်မခံကြောင်း အတိအလင်း ပြောကြပါသည် ။ ကျွန်တော်ကလည်း ၄င်းတို
့နှင့်အတူတူ အိုအိုင်စီအဖွဲ့ ချုပ်အား လုံးဝဥသုံ ဖွင့်လှစ်မပေးပါရန်
အစိုးရကို တောင်းဆိုပါသည် ။ အကယ်၍ ယခုကဲ့ သို့  တောင်းဆိုခြင်းများကို
အစိုးရမှ မလိုက်လျှောလျှင် ကြီးကျယ်သော ဆန္ဒပြပွဲများဖြစ်လာပြီး
လွှတ်တော်ထိပင်လျှင် ထိမ်းမနိုင် သိမ်းမရ
ပြသနာများဖြစ်လာလိမ့်မည်ထင်ရပါသည် ။ အဘယ့်ကြောင့်ဆိုသော် အစိုးရကို
အယုံကြည်မရှိခြင်းအဆိုများ၊ လွှတ်တော်ကိုယ်စားလှယ်များကို အယုံအကြည်
မရှိဆိုသော ဒီမိုကရေစီနည်းလမ်းများနှင့် အခွင့်အရေးများကို
တောင်းဆိုရဲသည်အထိ  ပြည်သူများသည် နားလည်နေကြပြီဖြစ်ပါကြောင်း ။။။။။။။။

အောင်သာနီ

ကံထူးရှင် ထီပေါက်ကြောင်း လိမ်လည်ပြောဆိုပြီး လုပ်စားနေသူများ ရှိနေသဖြင့် ပြည်သူများ သတိပြုရန်


မြ၀တီ
နေရာဒေသအချို့တွင် ထီပေါက်သဖြင့် ဆုငွေရရှိမည်ဖြစ်၍ ကော်မရှင်ပေးရန်နှင့် ခရီးစရိတ်ပေးရန် ဖုန်းဖြင့် လိမ်လည် ဆက်သွယ်ပြီး လုပ်စားနေသည့်ဖြစ်စဉ်များ မကြာခဏ ဖြစ်ပေါ်လျက် ရှိပါသည်။
ယခုတဖန် ၅-၁၀-၂၀၁၂ နေ့ နံနက် ၁၀ နာရီခန့်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နှစ်ပတ်လည် အထူးကံစမ်းမဲ ရွေးချယ်ပွဲတွင် ထိုတယ်လီဖုန်း နံပါတ်မှာ
ကံစမ်းမဲပေါက်သဖြင့် ပြန်လည် ဆက်သွယ် စေလိုကြောင်း၊ ၄င်းသည် မြန်မာ့ဆက်သွယ်ရေးနှင့် ကြေးနန်းဌာန၊ ဘဏ္ဍာရေးဌာနမှ ဒုဗိုလ်မှူးကြီး မြင့်အောင် ဖြစ်ကြောင်း ပြောဆို ဆက်သွယ်လာမှုအပေါ် သံသယရှိသဖြင့် စုံစမ်းရာ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းတွင် ထိုကဲ့သို့ နှစ်ပတ်လည် ကံထူးရှင် ရွေးချယ်ပွဲမျိုး ဆောင်ရွက်သည့် အစဉ်အလာမရှိကြောင်း သိရှိခဲ့ရပါသည်။

ကံစမ်းမဲပေါက်ကြောင်း ဆက်သွယ်လာသည့် ဖုန်းနံပါတ်အား ပြန်လည် ဆက်သွယ်သည့်အခါ အမျိုးသား တစ်ဦးမှ ၄င်းဆက်သွယ် ပြောဆိုခြင်းမရှိကြောင်း ငြင်းဆိုပါသည်။ ဖုန်းမှာ ၄င်းပိုင်ဖြစ်ပြီး အများသုံးရန် အခကြေးငွေဖြင့် ဆောင်ရွက်နေကြောင်း ပြောပြသိရပါသည်။ အံ့သြဖွယ်ကောင်း သည်မှာ ကံစမ်းမဲ ပေါက်ကြောင်း ဖုန်းဖြင့်ဆက်သွယ် ပြောဆိုသူ၏အသံနှင့် ယခုငြင်းဆိုသည့်သူ၏ အသံမှာ တစ်ထပ်တည်း တူညီနေခြင်း ဖြစ်ပါသည်။

ဖုန်းဖြင့် ဆက်သွယ်ခံရသူမှာ ဌာနဆိုင်ရာ အရာရှိ တစ်ဦးဖြစ်ကြောင်း သိရှိသွားချိန်မှစ၍ ဖုန်းပိတ်ထားခြင်း၊ Busy ပြခြင်း၊ ငြင်းဆိုခြင်း စသည်တို့ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။

အများပြည်သူ သိရှိနိုင်ပါရန်နှင့် သက်ဆိုင်ရာမှ ထိုလိမ်လည်သူအား စုံစမ်းဖော်ထုတ် ဖမ်းဆီးခြင်းဖြင့် တရားဥပဒေ စိုးမိုးရေးကို အထောက်အကူ ဖြစ်နိုင်စေရန် ရည်ရွယ်လျက် ရေးသားတင်ပြ ရခြင်းဖြစ်ပါသည်။

လိမ်လည်မှုများ ကင်းစေလိုသူ


ဂျပန်တွင် ကျင်းပမည့် Miss International 2012 ပြိုင်ပွဲ မြန်မာနိုင်ငံ ကိုယ်စားပြု မနန်းခင်ဇေယျာနှင့် တွေ့ဆုံခြင်း



မြ၀တီ
တွေ့ဆုံမေးမြန်းသူ - စိုးလင်းထွန်း

ဂျပန်နိုင်ငံ အိုကီ နာဝါတွင် ကျင်းပမည့် (၅၂) ကြိမ်မြောက် Miss International Beauty Pageant 2012 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်မည့် ပအိုဝ့် တိုင်းရင်းသူ မနန်းခင် ဇေယျာအား ပြိုင်ပွဲ ဝင်ရောက်ခွင့် ရပုံနှင့် ပြိုင်ပွဲ အခြေ အနေ
များကို တွေ့ဆုံ မေးမြန်းပြီး ဖော်ပြ လိုက်ပါသည်။

မေး - ကိုယ်ရေးအကျဉ်းလေး မိတ်ဆက်ပေးပါဦး၊

ဖြေ - ကျွန်မ နာမည် မနန်းခင် ဇေယျာပါ၊ အသက်က ၂၃ နှစ်၊ ပညာ အရည်အချင်းက LL.B ဥပဒေဘွဲ့၊ လူမျိုးက ရှမ်းပအိုဝ့် ဖြစ်ပြီး ဂျာမန်- အင်္ဂလိပ် ဧည့်လမ်းညွှန် လုပ်ပါတယ်။

မေး - ပြိုင်ပွဲ ဝင်ဖြစ်ပုံလေး ပြောပြပါ။

ဖြေ - ၂ဝ၁၂ ခုနှစ် မတ်လက မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်က ကျင်းပတဲ့ Miss Myanmar International 2012 ပြိုင်ပွဲမှာ Miss Myanmar International Crown ဆုရရှိခဲ့ ပါတယ်။ အဲဒါနဲ့ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် ကနေတစ်ဆင့် ဂျပန်မှာ ကျင်းပတဲ့ ပြိုင်ပွဲဝင်ဖို့ ဖြစ်ခဲ့တာပါ။

မေး - ပြိုင်ပွဲဝင်ဖို့ ကြိုတင် ပြင်ဆင်မှု အနေနဲ့ ဘာတွေလုပ်ထား ပါသလဲ။

ဖြေ - ပြိုင်ပွဲဝင်ဖို့ စက်တင်ဘာ ၂ ရက်နေ့က ကမ်းလှမ်းခံရ ပါတယ်။ စက်တင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ဗီယက်နမ် နိုင်ငံ ဟိုချီမင်း မြို့မှာ ကျင်းပတဲ့ (၈) ကြိမ်မြောက် International Travel Expo ခရီးသွား ပြပွဲဖွင့်ပွဲ အခမ်း အနားလည်း မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ဖျော်ဖြေခဲ့ရ ပါသေးတယ်။ ကြိုတင် ပြင်ဆင်ဖို့ အချိန်တော့ အရမ်းနည်း ပါတယ်။ ဒါပေမဲ့ ကျွန်မက ဂျာမန်နဲ့ အင်္ဂလိပ် ဧည့်လမ်းညွှန် လုပ်တော့ ကိုယ့်မြန်မာ နိုင်ငံ သမိုင်းကြောင်း၊ မြန်မာ့ ယဉ်ကျေးမှု၊ အနုပညာ၊ ဘာသာရေးက အစ နိုင်ငံခြားသား တွေကို ရှင်းပြရတဲ့ အလုပ် လုပ်တာ လေးနှစ်ကျော် ငါးနှစ် ရှိခဲ့လို့ သိပ်တော့ မစိမ်းပါဘူး။ ဘဝ ရပ်တည်ရေး အတွက် ပညာရပ်တွေ လေ့လာ ဆည်းပူးတာတော့ အဆက်မပြတ် လုပ်ခဲ့ပါတယ်။

မေး - ပြိုင်ပွဲမှာ ဘယ်လို ပုံစံမျိုးနဲ့ ဝင်ပြိုင်မလဲ။

ဖြေ - ပြိုင်ပွဲမှာ မြန်မာ့ ယဉ်ကျေးမှု ဝတ်စုံနဲ့ ဆွမ်းတော်အုပ် ပိုက်ပြီးပြိုင်မယ်။ ပြီးတော့ ရှမ်းသီချင်းနဲ့ ဖျော်ဖြေမယ်။ ညနေခင်း ဝတ်စုံကိုတော့ ကချင်ရိုးရာ ဝတ်စုံ ဝတ်ပြိုင်မယ်။ ပြိုင်ပွဲဝင် ဝတ်စုံတွေ ကိုတော့ ပြည်စိုးအောင်၊ မမမဉ္ဇူ (Zu Zu Collection) နဲ့ မသွင်စုထွေး တို့က ပံ့ပိုးပေးထား ပါတယ်။

မေး - ပြိုင်ပွဲဝင်ဖို့ ဘယ်သူတွေ ပါသေးလဲ။ ဂျပန်မှာ ကျင်းပမယ့် ပြိုင်ပွဲအခြေ အနေလေး ပြောပြပေး ပါဦး။

ဖြေ - ကျွန်မ တစ်ယောက်တည်း သွားရမှာပါ။ ဂျပန်မှာ တစ်လလောက် Camp ဝင်ရဦးမယ်။ Camp ထဲ ဘယ်သူမှ ဝင်ခွင့် မရလို့ တစ်ယောက်တည်း သွားမှာပါ။ ပြိုင်ပွဲကို နိုင်ငံပေါင်း ၅ဝ ကျော်က ပြိုင်ပွဲဝင် ၇ဝ ကျော် ဝင်ရောက် ပြိုင်မယ်လို့ သိရပါတယ်။ မြန်မာ နိုင်ငံကတော့ ကျွန်မ တစ်ဦး တည်းပဲပေါ့။

မေး - ဆုရဖို့ရော နီးစပ် နိုင်ပါ့မလား။

ဖြေ - ဆုရတာ မရတာ ကတော့ ကံတရားပေါ့။ ကျွန်မကတော့ အစွမ်းကုန် ကြိုးစားမှာပါ။ ကိုယ့်ကြောင့် ကိုယ့်နိုင်ငံ သိက္ခာ မကျစေရ ပါဘူးလို့ အာမခံရဲ ပါတယ်။ ကိုယ့်နိုင်ငံ Image တက်အောင် အတတ်နိုင်ဆုံး ကြိုးစားမှာပါ။ ပြိုင်ပွဲက ရုပ်ရည် လှပရုံသာ မက ဗဟုသုတ အရည် အချင်းပါ ပြည့်ဝရမယ့် အပြင် ပရိသတ် တွေရဲ့ မဲပေး ရွေးချယ်မှု ကလည်း အရေး ပါတာမို့ ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အချက်တွေကို www. miss International.org မှာ ဝင်ရောက် လေ့လာပြီး ကျွန်မကို မြန်မာပြည် ကနေ မဲပေး ကြပါလို့ မေတ္တာရပ်ခံ ပါရစေရှင့်။


 

ဘဏ်များအပေါ် အစိုးရိမ်မပိုရန် ဗဟိုဘဏ် ပြောကြား

The Voice Weekly
ရန်ကုန်၊ အောက်တိုဘာ ၅

ရန်ကုန်မြို့တော် အပါအဝင် မြန်မာနိုင်ငံ အနှံရှိ မြို့ကြီးများ၌ ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လျက်ရှိသော ပုဂ္ဂလိက ဘဏ်အချို့နှင့် ပတ်သက်သည့် ကောလဟာလ သတင်းများနှင့် ပတ်သက်၍ ဘဏ်များ၏ အကျိုးစီးပွားကို ထိခိုက်စေရန် အလို့ငှာ မလိုလားသူများ ထုတ်လွှင့်သော ကောလဟလ သတင်းများသာဖြစ်ပြီး မှန်ကန်မှုမရှိကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က The Voice Weekly သို့ ပြောကြားသည်။

မြန်မာနိုင်ငံသို့ ဘဏ်ခွဲအများဆုံး ဖွင့်လှစ်ထားသည့် ကမ္ဘောဇဘဏ် အပါအဝင် မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ဘဏ်များသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စနစ်တကျကြီးကြပ်ကွပ်ကဲမှုအောက်တွင် ဘဏ်လုပ်ထုံးလုပ်နည်းများ၊ စည်းကမ်းဥပဒေများနှင့် အညီ တည်ငြိမ်ခိုင်မာစွာဖြင့် လုပ်ငန်းများ လည်ပတ်လုပ်ကိုင်လျက်ရှိကြောင်း၊ သို့ဖြစ်၍ ပုဂ္ဂလိကဘဏ် များအပေါ် ပြည်သူလူထုများအနေနှင့် စိတ်ချယုံကြည်စွာ ဆက်သွယ်ဆောင်ရွက် နိုင်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တရားဝင် သတင်းထုတ်ပြန်သည်။

နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦးနှင့် တွေ့ဆုံမေးမြန်းခန်း

Published on Oct 4, 2012 by RFABurmeseVideo

ဘင်္ဂလားဒေ့်ရှ် နိုင်ငံက ဘင်္ဂါလီ လူမျိုးတွေ ရခိုင်ပြည်နယ် နယ်စပ်ကတဆင့် မြန်မာနိုင်ငံထဲကို တရားမဝင် ခိုးဝင်နေတဲ့ ကိစ္စနဲ့ အဲဒီခိုးဝင်လာတဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ အရေးယူမှု နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းချက် ပထမပိုင်းကို ထုတ်လွှင့်ပေးမှာပါ။ မောင်တောမြို့ အခြေစိုက် နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးနဲ့ ကွပ်ကဲမှုဌာနချုပ် (နစက) ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တွေ့ဆုံ မေးမြန်းထားပါတယ်။


ပြည်သူ့လွှတ်တော် နှင့် ၀န်ကြီးများ မရိုးသားဟု ထုတ်ဖော်ပြောပြီ


၈၈မျိုးဆက်ကျောင်းသားကိုမင်းကိုနိုင် မှ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့ အထိမိတ္ထီလာ ၊ မလှိုင် ၊ ကျောက်ဆည် ၊ သဲတော့ဝမ်းဝ ၊ သာစည် ၊ ယင်းမပင် ၊ ဘုရားငါးဆူ ၊ ရမည်းသင်း ၊ ပျော်ဖွယ် ၊ အစရှိသော မြို့ကြီးများ တွင် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတွေ့ဆုံသော ဆွေးနွေးပွဲများတွင် ၈၈ မျိုးဆက်ကျောင်းသားကိုမင်းကိုနိုင်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ နှင့် ၀န်ကြီးများသည် မိမိတို့ မရိုးသားလို့သာ မိမိတို့၏ ပိုင်ဆိုင်မှုကို ထုတ်မပြတာဖြစ်ကြောင်း ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း လျှိ့ဝှက်မဲခွဲဆုံးဖြတ်ရာတွင် ၎င်း ရှုံးနှိမ့်ခဲ့ရသည့် အတွက် ၎င်းတို့သည်လည်း မရိုးသာကြောင်းယခုကဲ့သို့ပြောဆိုခဲ့သည်။ “နိုင်ငံတော်သမ္မတကိုယ် တိုင်ကိုယ်က သိလို့ပြောင်းတယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အလားလာကောင်းဖို့လိုတယ် ၊ ပါဝင်ဖို့လိုတယ် ၊ နိုင်ငံတော်သမ္မတကိုယ်တိုင်က ပြောတယ် ၊ ဒါဟာ တော်တော်လေး အမျှော်အမြင်ရှိတဲ့စကားပါ။ အရင်တုန်းကလို ငါသဘောမကောင်းဘူး ၊ အစိုးရတင်မကပါဘူးဗျာ ၊ သူတို့ ခြေထောက်လည်းထိန်းကျောင်းပေးဖို့ပြောပါတယ်။ ဒီစကားကလည်းနိုင်ငံတော် သမ္မတိုက်ရိုက်ထုတ်လွှင့်တဲ့ မိန့်ခွန်း ကိုပြောတာ အရင် အရင် သမ္မတတွေဆီကတော့ တစ်ခါမှ တော့ မကြားဘူးခဲ့ဘူး ။ အဲဒီလိုမကြားဘူးတဲ့လူတွေ တွေ့လာလို့ နောက်ဆုံးကျတော့အဖြစ်ဆိုးခြင်း နဲ့ ကြုံပြီး မရှုမလှကျရှုံးရတယ်။ အခုကျွန်တော်တို့ ပြည်သူတွေကို အသိအမှတ်ပြုတဲ့စကားတွေပြောတယ် လက်တွဲပါပြောတယ်။ အစိုးရအဖွဲ့တွေကိုတောင် ထိန်းကျောင်းပေးဖို့တောင်ပြောတယ်။ ကောင်းမွန်တဲ့အစိုးရ ၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေး ၊ သန့်ရှင်းသောအစိုးရဖြစ်အောင် ကြိုးစားပါမယ်ပြောတယ်။ သန့်ရှင်းတဲ့ အစိုးရဆိုတာ ဘာလည်း ၊ ရေချိုးပြီးတော့ ဆပ်ပြာတွေကိုတိုက်ထားတာကိုပြောတာမဟုတ်ဘူး။ မဟုတ်မမှန်းတဇိုးလက်ဆောင်လဘ်လာဘတွေ နဲ့ ငွေမည်းတွေ နဲ့ ချမ်းသာနေတဲ့ အစိုးရမျိုးမဟုတ်ဘူးလို့ပြောချင်တာ ဒါ ရှင်းရှင်းလေး အဲဒီလိုသန့်ရှင်းတဲ့ အစိုးရဖြစ်အောင် ကြိုးစားပါမယ့် ၀ိုင်းဝင်းတည့်မတ်ပေးကျပါလို့ သမ္မတက ကြွေးကျော်နေတဲ့ အချိန်မှာ လွှတ်တော်ထဲမှာ အစိုးရအဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုစာရင်းကိုကြေငြာကြမည်လို့ မဲခွဲဆုံးဖြတ်ကျတော့ ကိုယ်တော်မြတ်များက မထောက်ခံဘူး ၊ တကယ်နော် လွှတ်တော်မှာ မဲခွဲတဲ့ အခါ ကျွန်တော် သဘောကတော့ ဗျောင်ခွဲဝေချင်တယ်။ မတ်တပ်ထရပ်တာမျိုး ၊ လျှို့ဝှက်မဲခွဲတယ်ဆိုတာ ဒါမရိုးမသားကိစ္စကြီး အများစု ကန့်ကွက်လိုက်တယ် ဆိုတာ မရိုးမသားဆက်လုပ်နေမယ်ဆိုတဲ့ အဓိပ္ပာယ်ကြီးဟာ ဘယ်နေမလည်း။ တကယ်ရိုးသားပြီး အစစ်ဆေးခံနိုင်တဲ့ ရဲရင့်တဲ့ပြည်သူ့ဘက်တော်သားတွေဟာ ဘယ်သူလဲဆိုတာကွဲပြားအောင် ဗျောင်ခွဲစေချင်တယ်။ ဒါမျိုးက ဗျောင်ခွဲ မှ ကောင်းမှာ။တကယ်တော့ အမှီးအမောက်မတည့်တဲ့အခါ ဘယ်သတ္တ၀ါလည်းဆိုတာပြောရတာတော်တော်လေးခက်ပါတယ်။ သူတို့က အမှန်တကယ်ရိုးသားတယ်ဆိုရင် သူတို့ရဲ့ ပိုင်ဆိုင်မှုကို တင်ပြရဲရမှာပေါ့ ၊ သူတို့က မရိုးမသားလို့ ပြည်သူကိုချမပြရဲတာ´´ဟု ၈၈ မျိုးဆက်ကျောင်းသားကိုမင်းကိုနိုင်မှပြောကြားခဲ့သည်။အဆိုပါကဲသို့ အစိုးရ၀န်ကြီးများ နှင့် သာမန်ရပ်ကွက်အုပ်ချုပ်ရေးမှ ဟိုးအထက်အဆင့်အထိထိ၏ ပိုင်ဆိုင်မှုစာရင်းများသည် မည်မျှရှိသည် ၊ မည်ကဲ့သို့ မျှခန့်မှန်းခြေတောငမသိရှိနိုင်ပဲ အချို့သောပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အချို့သည် ပါတီထဲမှပြည်သူ့ထဲမှ ထွက်လာသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ရှိသလို အစိုးရအဖွဲ့ထဲမှပါတီဝင် ပါတီထဲမှ ရွေးကောက်ပွဲ ရွေးကောက်ပွဲမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ကျသလို ၊ ခရိုနီတစ်စုမှ ပါတီဝင် ထိုအထဲမှ ရွေးကောက်ပွဲဝင် ရွေး ၊ ကောက်ပွဲ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ် စီးပွားရေး ခရိုနီတစ်စုပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်နေခြင်းမှာ လည်း အထက်ကဲသို့ အားနည်းချက်ဖြစ်ကြောင်းသိရှိရသည်။

ဖြိုးအောင်

News from : The Hot News
Post by : Aye Chan Mon

မနန်းခင်ဇေယျာ အား မဲပေးကြရန်...

ဂျပန် နိုင်ငံ  အိုကီနာဝါ ကျွန်း ဘူဒိုကန် အားကစား ခန်းမ တွင် အောက်တိုဘာ လ ၁ ရက်နေ့ မှ
အောက်တိုဘာလ ၂၁ ရက်နေ့  အထိ ကျင်းပ နေသည့် ၅၂ ကြိမ်မြောက် မယ် နိုင်ငံ တကာ
(Miss International)ကို မြန်မာ နိုင်ငံ ကိုယ်စား ပြု ကာ ရှမ်းပြည်နယ် တောင်ကြီး မြို့ မှ
မနန်းခင်ဇေယျာ သည် ၀င်ရောက်ယှဉ် ပြိုင်လျက်ရှိသည်။
နန်းခင်ဇေယျာသည် အသက် ၂၃ နှစ် ရှိ ပြီ ဖြစ် ပြီး အရပ် အမြင့် ငါး ပေး ခြောက် လက်မ ခွဲ
ဖြစ်သည်။

နန်း ခင်ဇေယျာ အား မဲပေး ရန်ဒီမှာနှိပ်ပါ။




 

ခိုးဝင်လာတဲ့ ဘင်္ဂလီတွေ မရှိဘူးလို့ ပြောတာ မဖြစ်နိုင်


မြန်မာနိုင်ငံမှာ ခိုးဝင်လာတဲ့ ဘင်္ဂလီတွေ မရှိဘူးလို့ ပြောတာ လက်တွေ့ကျကျ ဆိုရင်တော့ မဖြစ်နိုင်ပါ

by Lwin Aung Soe on Thursday, October 4, 2012 at 9:30pm ·



 မြန်မာနိုင်ငံမှာ ခိုးဝင်လာတဲ့ ဘင်္ဂလီတွေ မရှိဘူးလို့ ပြောတာ လက်တွေ့ကျကျ ဆိုရင်တော့ မဖြစ်နိုင်ပါ

မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့အတူ အမေရိကန် ပြည်ထောင်စုကို လိုက်ပါသွားတဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ၂၀၁၂ စက်တင်ဘာ ၂၆ ရက်နေ့ Queens College မှာ ဌာနေ မြန်မာတွေနဲ့ တွေ့ဆုံပါတယ်။ ဝန်ကြီး ပြောဆိုသွားတဲ့အထဲမှာ အထူးဂရုပြုစရာတွေ ရှိလာပါတယ်။

“ဘင်္ဂါလီမွတ်ဆလင်များကို တိုင်းပြည်ထဲက ပြန်လည်မောင်းထုတ်ဖို့ ဆိုတာတော့ မဖြစ်နိုင်ဘူး။ သူတို့ဟာ ခင်ဗျားတို့ပြောဆိုသလို မကြာမီက ရောက်လာတဲ့ ကျူးကျော်သူတွေ၊ နိုင်ငံခြားသားတွေ မဟုတ်ဘူး- ကျွန်တော်တို့အနေနဲ့ သန်းခေါင်စာရင်းဌာနမှာ အသေအချာ လေ့လာပြီးပြီ။ လွတ်လပ်ရေးရပြီးမှ ရောက်လာသူ မရှိသလောက်ပါပဲ။ ”

အထက်ပါ စကားနဲ့ ပတ်သက်ပြီး ကျနော် အပြုသဘောနဲ့ သုံးသပ်ဆင်ခြင် ချင့်ချိန်ပြီး အကြံပေးချင်တာ ရှိပါတယ်။ မြန်မာနိုင်ငံသားတဦးရဲ့ ယူဆချက်လို့ သတ်မှတ်စေလိုပါတယ်။

စင်ကာပူ ဆိုတဲ့ နိုင်ငံသေးသေးလေး

စင်ကာပူနိုင်ငံ ဘယ့်လောက် သေးငယ်တယ် ဆိုတာ တကမ္ဘာလုံး သိကြပါတယ်။ ပတ်ပတ်လည်မှာ မူဆလင်နိုင်ငံတွေ ရှိနေကြတာကိုလည်း တကမ္ဘာလုံး အသိပါ။

ဒါပေမယ့် စင်ကာပူ နိုင်ငံဟာ ဘာကြောင့် မူဆလင် နိုင်ငံ ဖြစ်မသွားတာပါလဲ.. ။
ဘာကြောင့် ကြံ့ကြံ့ခံ ရပ်တည်နိုင်ပါသလဲ... ။

မူဆလင်နိုင်ငံတွေ ပတ်ပတ်လည် ဝိုင်းခံနေရတဲ့ နိုင်ငံတွေအကြောင်းကို ကျနော်တို့ အရင်ဆုံး လေ့လာပြီး ကောင်းးတာတွေကို  နမူနာ ယူသင့်တယ်လို့ ပြောရပါမယ်။ ဒါဟာ ကြိုတင် ပြင်ဆင် ကာကွယ်တာပဲ ဖြစ်ပါတယ်။

နိုင်ငံသား ဥပဒေနှင့် လူဝင်မှု ကြီးကြပ်ရေး ဥပဒေ

လူဝင်ကြီးကြပ်ရေးရဲ့ စာရွက်ပေါ်မှာ ကြည့်ရင်တော့ ခိုးဝင် ဘင်္ဂလီတွေ မရှိဘူး ဆိုတာ ဟုတ်ကောင်း ဟုတ်နေပါလိမ့်မယ်။ ဒါပေမယ့် လက်တွေ့မှာ ဒေသခံ ရခိုင်ပြည်သူတွေရဲ့ ပြောဆိုနေကြတာတွေကို ကျနော်တို့ တကယ်ကိုပဲ အလေးထားရပါမယ်။ လက်တွေ့ကျကျ ပြောဆိုချက်တွေအရဆိုရင် မြန်မာနိုင်ငံမှာ ခိုးဝင်လာတဲ့ ဘင်္ဂလီတွေ မရှိဘူး ဆိုတဲ့ အချက်ကတော့ မဖြစ်နိုင်ဘူးလို့ ဆိုချင်ပါတယ်။

ယုတ္တိ တန်-မတန် စဉ်းစားစတမ်း ဆိုရင်လည်း လူဦးရေ မွေးဖွားနှုန်း မြင့်မားလွန်းနေတဲ့ အိမ်နီးချင်း ဘင်္ဂလာဒက်ရှ်နိုင်ငံ ကျဉ်းကျဉ်းလေးထဲကနေ ဘင်္ဂလီတွေ ခိုးဝင်လာနိုင်စရာ ရှိနေပါတယ်။ ဒါ့အပြင် ဒီလို ဘင်္ဂလီတွေဟာ ရိုဟင်ဂျာ ဖြစ်ပါတယ်ဆိုပြီး ပြည်ပနိုင်ငံတွေမှာ အခြေစိုက်နေကြတဲ့ အဖွဲ့အစည်းတချို့က သွေးထိုးမြှောက်ပင့် လှုံ့ဆော်ပြီး ရိုဟင်ဂျာနိုင်ငံ ထူထောင်ဖို့ ရည်မှန်းချက် ရှိတာကိုလည်း သိနေကြမှာ ဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးကတည်းက တရားဝင် တည်ရှိနေတဲ့ မြန်မာနိုင်ငံ နယ်နိမိတ်ကို ဖဲ့ထုတ်ပြီး နိုင်ငံသစ် ထူထောင်တာကတော့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို အကြီးအကျယ် စော်ကား ထိခိုက်တာဖြစ်လို့ အလျှော့ပေး လက်ခံဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။

ဒီအချက်တွေကို ကျနော်တို့ ပေါပေါ့ဆဆ မလုပ်သင့်ပါဘူး။ တိုင်းပြည်နဲ့ချီပြီးကို အရေးကြီးလှတဲ့ကိစ္စ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား ဥပဒေကိုသာမက လူဝင်မှု ကြီးကြပ်ရေး ဥပဒေတွေကိုပါ အမြန်ဆုံး စိစစ်ပြီး ပြင်သင့်တာ ပြင်ဖို့ တိုက်တွန်းလိုပါတယ်။

ပြောင်းလဲလာတဲ့ လူထုအမြင်သစ်ကို တန်ဖိုးထားသင့်

အရင်မြန်မာအစိုးရ လက်ထက်တွေမှာ အကျင့်ပျက် ခြစားမှုတွေ ရှိနေခဲ့တယ် ... ဒါကို တိုက်ဖျက် ဖယ်ရှားရမယ် ဆိုပြီး လက်ရှိအစိုးရကိုယ်တိုင်က သုံးသပ် ပြောဆိုထားခဲ့တာကြောင့် ပွင့်လင်းတဲ့ အစိုးရ၊ အနာဂတ်အတွက် တိုးတက်ချင်တဲ့ အစိုးရ ဖြစ်လာနိုင်တယ်ဆိုပြီး ပြည်သူတွေက အပြုသဘောနဲ့ မြင်လာခဲ့ကြပါတယ်။ ကောင်းတဲ့ သုံးသပ်ချက်လို့ ဆိုရမှာပါ။

လက်ရှိ မြန်မာအစိုးရအနေနဲ့ ဒီလိုမျိုး နှစ် ၂ဝ ကျော်အတွင်း ရတောင့်ရခဲ လူထုအမြင်သစ်ကို လက်လွတ်စပယ် လစ်လျူမရှုလိုက်စေလိုပါ။ အနည်းဆုံး ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်မီအထိ အစိုးရတာဝန် ထမ်းဆောင်ဖို့ Legitimacy ရထားပြီး ဖြစ်နေတဲ့ လက်ရှိအစိုးရဟာ လူထုရဲ့ ထောက်ခံအားပေးမှု ပိုင်ပိုင်နိုင်နိုင် ရရှိထားမှသာ တိုင်းပြည်တိုးတက်အောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။

လူထုဆန္ဒက အစိုးရသက်တမ်းကို အချိန်မရွေး ဆုံးဖြတ်နိုင်

အစိုးရတရပ်ရဲ့ Legitimacy ခိုင်မာတယ်- မခိုင်မာဘူး ဆိုတာကလည်း အစိုးရလုပ်ရပ်အပေါ် လူထုက ဆုံးဖြတ်တာနဲ့ ဆိုင်ပါတယ်။ ပြည်သူလူထုက ထောက်ခံအားပေးနေသရွေ့ Legitimacy က ခိုင်မြဲနေမှာသာ ဖြစ်ပါတယ်။ ဒါကို ဒီမိုကရေစီ အစိုးရတွေက နံပါတ်တစ် အရေးကြီးဆုံးအဖြစ် အလေးအနက်ထားကြပါတယ်။

အစိုးရ ဆိုတာ တရက်ပဲခံခံ၊ ဆယ်နှစ်ပဲ တာဝန်ယူယူ နိုင်ငံသမိုင်းမှာ မှတ်တမ်းတင်ခံရမြဲ ဖြစ်ပါတယ်။ နောင်လာနောက်သားတွေက ဆောင်ရန်-ရှောင်ရန် သင်ခန်းစာ ယူကြရဖို့ အမြဲတမ်း ဖြစ်နေပါတယ်။

BBC HARDtalk မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောဆိုသွားတဲ့ “လူထုဆန္ဒပေါ် မူတည်တယ်... လူထုဆန္ဒကို လေးစားရမယ်” ဆိုတာတွေကို သိပ်သဘောကျ အားရ ကျေနပ်မိပါတယ်။ နိုင်ငံသမ္မတနဲ့တကွ အစိုးရအသီးသီး စတဲ့ တာဝန်ရှိသူတွေဟာ လူထုဆန္ဒကို အချိန်ပြည့် အလေးပေး ဆောင်ရွက်နေရပါမယ်။ ဒါဟာ သမ္မတဦးသိန်းစိန် သာမက လူထုကပါ မျှော်မှန်းနေကြတဲ့ Good government, clean government ဖြစ်လာနိုင်ဖို့ အရေးပါဆုံး အခြေခံ လိုအပ်ချက်တခု ဖြစ်ပါတယ်။

BBC HARDtalk အင်တာဗျူး

ကြားဖြတ်ပြောချင်တာတခုကတော့ အဲဒီ BBC HARDtalk မှာ အင်တာဗျူးမေးသူရဲ့ အပြုအမူနဲ့ လေယူလေသိမ်းကို ကျနော် မြန်မာနိုင်ငံသားတဦးအနေနဲ့ မကြိုက်ပါ။ အပေါ်စီးက ပြောဆို မေးမြန်းနေတယ်လို့ ခံစားရပါတယ်။ မြန်မာနိုင်ငံကို ကျနော် တွယ်တာ မြတ်နိုး တန်ဖိုးထားလို့လည်း ဒီလို ခံစားလိုက်ရတာ ဖြစ်ပါတယ်။ ဒီလို အင်တာဗျူး အမေးခံရတဲ့ ဘယ်နိုင်ငံက သမ္မတ မဆို ကျနော့်လို ခံစားမိမလား မပြောတတ်ပါ။

ဒါပေမယ့် သမ္မတ ဦးသိန်းစိန်ရဲ့ သည်းခံ စိတ်ရှည် တည်ငြိမ်မှုကို ကျနော် သဘောကျမိပါတယ်။ သံတမန်ဆန်တဲ့ အပြုအမူကိုလည်း ချီးကျူးပါတယ်။ ဝံသာနု ရက္ခိတ သဘောကို စဉ်းစားမိလိုက်တဲ့အခါမှာတော့ သမ္မတအနေနဲ့ နည်းနည်းလေး ပိုပြီး မာန်တင်းထားတာမျိုး ဖြစ်စေချင်ပါတယ်။

နောက်ပြန် မလှည့်တော့ဘူး ဆိုရင် ရှေ့ကိုသာ ကြည့်ပါ

အရင့်အရင် အချိန်တွေက အကျင့်ပျက် ခြစားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေခဲ့တာတွေဟာ အခုလက်ရှိ အစိုးရရဲ့ လုပ်ဆောင်ချက်နဲ့ မဆိုင်သလို အခြေခံဥပဒေအရလည်း ပြန်လည် အရေးမယူနိုင်အောင် လုပ်ထားတာ ရှိပါတယ်။ ဒါကြောင့် အရင့်အရင် အစိုးရ လုပ်ထားတာတွေအပေါ်မှာ လက်ရှိအစိုးရက အကောင်းဆုံး ပြန်လည် ပြုပြင်ပေးဖို့ကသာ အဓိက အကျဆုံး ဖြစ်ပါလိမ့်မယ်။ ကြားဝင် ခေါင်းထိုးခံ ကာကွယ်ပေးဖို့ မလုပ်စေချင်ပါ။

လက်တွေ့ကျကျ လုပ်တာ စိတ်အချရဆုံး

စာရွက်ပေါ်က ကိန်းဂဏန်းတွေကို အမှန်လို့ ယူဆရင် ယုတ္တိကင်းမဲ့ပါလိမ့်မယ်။ လက်တွေ့မှာ ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်း လေ့လာ အထပ်ထပ်အခါခါ စစ်ဆေးပြီးမှ မှန်တယ် - မမှန်ဘူးလို့ ပြောနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဘင်္ဂလီ ခိုးဝင်သူတွေ ရှိနေနိုင်တဲ့ ရခိုင်ပြည်နယ်ဘက်မှာ တရားဥပဒေ စိုးမိုးမှုကို ဖြစ်စေမယ့် နယ်မြေအေးချမ်း တည်ငြိမ်ရေး လုပ်ငန်းစဉ်တွေကို ထိထိရောက်ရောက် လုပ်ဆောင်နေစဉ် အတွင်းမှာပဲ ခိုးဝင်လာတဲ့ ဘင်္ဂလီတွေ ရှိ-မရှိ ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်း မှတ်တမ်း ပြုစုပြီး လိုအပ်သလို ဆက်လက် ဆောင်ရွက်ပေးစေချင်ပါတယ်။

ခိုးဝင် ဘင်္ဂလီတွေဟာ ရခိုင်ပြည်နယ်မှာသာမက အခြားဒေသ အသီးသီးကို ပြန့်နှံ့သွားဖို့လည်း ရှိနိုင်တာကြောင့် သက်ဆိုင်ရာ အစိုးရအသီးသီးနဲ့ ပြည်သူတို့ ပူးပေါင်းလုပ်ဆောင်တာတွေ တက်တက်ကြွကြွ ရှိစေချင်ပါတယ်။

အပြန်အလှန် ထိန်းကျောင်းခြင်း (Checks and balances) 

အလုပ်လုပ်နေစဉ်အတွင်း ဟိုဟာလုပ်ပါ.. ဒီဟာလုပ်ပါ ဆိုပြီး အလုပ်ကြီးကြပ် ထိန်းကျောင်းပေးသူက လုပ်ငန်းသဘောအရ တိကျစွာ လမ်းညွှန်ကြတာ (သို့) တာဝန်နဲ့ အသိစိတ်အရ ရိုးသားစွာ အကြံပြုကြတာမျိုး ရှိပါတယ်။ ဒါဟာ ကောင်းတဲ့ Practice လို့ ဆိုရပါမယ်။

ဒီမိုကရေစီ နိုင်ငံတွေကို ကြည့်လိုက်ရင် တရားရေးမဏ္ဍိုင်၊ ဥပဒေပြုမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်တို့ဟာ အပြန်အလှန် ထိန်းကျောင်းမှုတွေ (Checks and balances) ထားရှိ ကျင့်သုံးကြပါတယ်။ Checks and balances ဟာ အပြစ်တင်တာ မဟုတ်ပါဘူး။ ကောင်းသထက်ကောင်းအောင် ဝိုင်းလုပ်ပေးကြတာသာ ဖြစ်ပါတယ်။ တကယ်လို့ Checks and balances မလုပ်ပေးဘူးဆိုရင် မလုပ်ပေးတဲ့အတွက် တာဝန်ရှိသွားမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာ အပြစ်တင်တတ်သူတွေကလည်း အပြစ်မတင်ဘဲ အပြုသဘောနဲ့သာ အရင်ကြည့်ပြီး ထိန်းကျောင်းပေးရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အဓွန့်ရှည်ပြီး တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်လာဖို့ ကျနော်တို့အားလုံး အလိုရှိကြပါတယ်။ အားလုံးက အလိုရှိတာကြောင့် အားလုံးရဲ့ ဆန္ဒအတိုင်းသာ တူတူညီညီ ဆုံးဖြတ် လုပ်ကိုင်ကြရင် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

လွင်အောင်စိုး
၅-၉-၂ဝ၁၂

အမေရိကန်ခရီးစဉ်က ပြန်လည်ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုမှု မြင်ကွင်း

DVB TV News
(ရိုက်ကူး ခွန်ခေါင်)

ဓမ္မစေတီလမ်း ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့ တွင် ဆန္ဒပြ တောင်းဆိုမှုတရပ် ဖြစ်ပွား

r
Popular Myanmar News Journal

ရန်ကုန်ရောက် ရခိုင် ရဟန်းတော်များ သာရေးနာရေး အသင်းမှ ရဟန်းတော်များနှင့် သံဃာတော်အချို့ စုပေါင်း၍ ယနေ့ အောက်တိုဘာလ ၅ ရက် နေ့ လည် ၁ နာရီခန့် က ရန်ကုန်မြို့ ဓမ္မစေတီလမ်း ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့ တွင် ဆန္ဒပြ တောင်းဆိုမှုတရပ် ဖြစ်ပွားခဲ့သည်။ မကြာသေးမှီ ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အစွန်းရောက် ဘင်္ဂါလီ တစ်စုတို့ က ဘုရားကျောင်းကန်၊ သာသနိက အဆောက်အအုံများနှင့် လူနေအိမ်များအား အကြမ်းဖက်မှု၊ မီးရှို့ ဖျက်ဆီးမှုများ
ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်ပွားခဲ့သော ဖြစ်စဉ်များအပေါ် ရှုတ်ချကြောင်းနှင့် အထွေထွေတောင်းဆိုမှု အချက် ၅ ချက် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။