Sunday, October 7, 2012

စစ်တွေမြို့၊ လမ်းမကြီးရှိကုလားဗလီအတွင်းမှ အိမ်ငယ်တစ်ဆောင်မီးလောင်

ယနေ့ ၇-၁၀-၂၀၁၂ နေ့ နေ့လည်ပိုင်းတွင် ကုလားဗလီကြီးအတွင်းမှ မီးခိုးများထွက်လာသဖြင့် သက်ဆိုင်ရာများမှဝင်ရောက်စစ်ဆေးကြည့်ရှုရာတွင် တစ်စုံတစ်ဦးက မီးရှို့ရန်ကြိုးစားထားမှုအားတွေ့ရှိရသဖြင့် မီးမလောင်ကျွမ်းမီ ၀င်ရောက်ငြိမ်းသတ်နိုင်ခဲ့သည်။ အိမ်ပေါ်ထပ်တွင် စက္ကူများအထပ်လိုက် စီထားပြီးတစ်စုံတစ်ဦးမှ ရည်ရွယ်ချက်ရှိစွာဖြင့် တမင်တကာမီးရှို့ခဲ့ခြင်းဖြစ်သည်။ အဆိုပါအိမ်အား မီးငြိမ်းသတ်မှုအပြီး တစ်နာရီနီးပါးအကြာတွင် ဗလီအတွင်းမှ အိမ်တစ်ဆောင်ထပ်မံပြီးမီးလောင်ကျွမ်းခဲ့သည်။ အဆိုပါမီးလောင်ကျွမ်းမှုအား သက်ဆိုင်ရာမှ အချိန်မီး ငြိမ်းသတ်နိုင်မှုကြောင့် အိမ်တစ်ဆောင်သာမီးကျွမ်းခဲ့ရသည်။ ယခုကဲ့သို့မီးရှို့မှုမှာ ဘင်္ဂလီကုလားများကိုယ်တိုင် မိမိအိမ်ကိုမိမိမီးရှို့ထွက်ပြေးပြီး ပတ်ဝန်ကျင်အနီးနေ ရခိုင်ပြည်သူများအား အပြစ်ဖို့ရန်အတွက် တမင်တကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်အဆိုပါဗလီအနီးပတ်ပတ်လည်တွင် ၂၄ နာရီပတ်လုံး လုံခြုံရေးများအပြည့် တာဝန်ယူစောင့်ရှောက်လျှက်ရှိကြောင်းသိရသည်။ ယခုမီးရှို့မှုဖြစ်စဉ်မှာ ပထမတစ်ကြိမ်မီးရှို့ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်သဖြင့် ဒုတိယတစ်ကြိမ်ထပ်မံကြိုးစားပြိး မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်းသိရသည်။ ကောလဟာလသတင်းအရ ယခုရက်ပိုင်းအတွင် ဘင်္ဂလီကုလားများမှ စစ်တွေမြို့တွင်းသို့ဝင်ရောက်တိုက်ခိုက်မည်ဟု သတင်းရရှိထားပြီး ယခုကဲ့သို့မီးလောင်မှုမှာ တိုက်ဆိုင်နေလျှက်ရှိကြောင်း သုံးသပ်ရရှိပါသည်။

By: Rakhine Straight Views

မြန်မာ့ဆက်သွယ်ရေး၏ ဂင်းနစ်စံချိန်တင်နိုင်လောက်သည့် အမှား

Soe Lynn
Posted: 05 Oct 2012 11:46 PM PDT
ကျွန်တော် ဦးသောင်းညွန့် ၁၄/ဖပန(နိုင်)061988 သည် သတင်းထောက် အလုပ်ဖြင့် အသက် မွေးဝမ်းကျောင်း ပြုသူ တစ်ဦးဖြစ်ပြီး၊ ချမ်းသာ ကြွယ်ဝသူ တစ်ဦး မဟုတ်ပါ သဖြင့် (မိသားစု စားဝတ် နေရေးမှာ လုံလောက်ရုံမျှသာ) ယနေ့ထက်တိုင် တယ်လီဖုန်း ၀ယ်သုံးနိ...
ုင်သော လူတန်းစားထဲတွင် ပါဝင် နိုင်ခြင်းမရှိသေးသူ တစ်ဦးဖြစ်ပါသည်။

သို့ပါသော်လည်း (၂၄.၅.၂၀၁၂) ရက်နေ့တွင် ကျွန်တော့်ထံသို့ ဖျာပုံမြို့၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းရုံးမှ ပူးတွဲပါ ပုံအတိုင်း တယ်လီဖုန်း အခွန်ငွေပေးသွင်းရန် တောင်းခံလွှာ ရောက်ရှိလာခဲ့ပါသည်။ ငွေတောင်းခံလွှာတွင် ပါဝင်သော တယ်လီဖုန်းနံပါတ်မှာ လွန်ခဲ့သော နှစ်အတန်ကြာကပင် ကျွန်တော်တို့မြို့တွင် တပ်ဆင်ချထားပေးခဲ့သော တယ်လီဖုန်းနံပါတ် အစဉ်များထဲက တစ်ခုအပါအ၀င်ဖြစ်နေ သည်ကိုလည်း စုံစမ်း သိရှိရပါသည်။

ငွေတောင်းခံလွှာတွင် ပါဝင်သော နာမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာတို့မှာ ကျွန်တော်၏ နာမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ အမှန်အတိုင်းပင် ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ကျွန်တော်အနေဖြင့် တယ်လီဖုန်း တပ်ဆင်နိုင်သည့် ငွေကြေးပမာဏမျိုး ရှိသူမဟုတ်သဖြင့် ကိုယ်တိုင်ကိုယ်ကျသော်လည်းကောင်း တစ်ဆင့်ခံဖြင့် သော်လည်းကောင်း တစ်ကြိမ်တစ်ခါမျှ တယ်လီဖုန်း တပ်ဆင်ခွင့်ရရန် လျှောက်ထားဖူးခြင်းမရှိပါ။

ငွေတောင်းခံလွှာပါ တယ်လီဖုန်းနံပါတ်မှာ တစ်ချိန်က တယ်လီဖုန်းတစ်လုံးရရန် ငွေရှိရုံနှင့်မပြီး ဌာနဆိုင်ရာအသိုင်းအ၀န်းနှင့် အဆင်ပြေသူများသာ (အကပ်ကောင်းသူများသာ) ရနိုင်သော ခေတ်အခါက နံပါတ်ဖြစ်နေသည်ကိုလည်း စုံစမ်းတွေ့ရှိရပါသည်။ သို့ဖြစ်ပါသောကြောင့် ထိုတယ်လီဖုန်းမှာ (ဌာနဆိုင်ရာအသိုင်းအ၀န်းမှ) တစ်စုံတစ်ဦးက ကျွန်တော့်၏ နာမည်ကို အလွဲသုံးစားလုပ်ကာ ကိုယ်ကျိုးအတွက် အသုံးချထားခြင်းဖြစ်ကြောင်း ပေါ်လွင် ထင်ရှားနေပါသည်။

ကျွန်တော့်အတွက် မိမိတွင် အမှန်တကယ်မရှိသော တယ်လီဖုန်းအတွက် အခွန်ငွေပေးဆောင် ရမည်ဆိုသော ကိစ္စမှာ အင်မတန်စိတ်အနှောက်အယှက်ဖြစ်ရရုံသာမက လူအများကြားတွင်လည်း အလွန်ပင်ရယ်စရာကောင်းသော ကိစ္စတစ်ခုဖြစ်နေပါသည်။ ယနေ့အချိန်အခါသည် နိုင်ငံတော်သမ္မတကြီးမှ ဦးဆောင်၍ Clean Government, Good Governance အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေသော အချိန်ကာလဖြစ်ပါသဖြင့် သမ္မတကြီးနှင့်တစ်ကွ အစိုးရတစ်ရပ်လုံးအား ဂုဏ်သိက္ခာကျဆင်းစေနိုင်သည့် ထိုသို့သော ကိစ္စရပ်များအား တာဝန်ရှိသူများမှ လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ပါရန် ဤနေရာမှတစ်ဆင့် တင်ပြတိုင်ကြားအပ်ပါသည်။

ဦးသောင်းညွန့် (သတင်းထောက်)
အမှတ် (၁၀၈)၊ (၁၁) လမ်း၊ (၁၀) ရပ်ကွက်
ဖျာပုံမြို့