Wednesday, October 10, 2012

ဗိုလ်မှုးချုပ်ဟောင်းကျော်ဇော အတ္ထုပ္ပတ္တိ(အပိုင်း၁-၅) ဒေါင်းလုပ်ရန်




http://www.mediafire.com/?mwz0m1zmyez
http://www.mediafire.com/?wm5qh2ykhjk
http://www.mediafire.com/?0d2xuzgmjt0
http://www.mediafire.com/?4xtgtg2dnmb
http://www.mediafire.com/view/?5gfzlt3n8fp6zc9


 http://www.yeyintnge.com/2009/03/blog-post_272.html  

နိုဘယ်ငြိမ်းချမ်းရေးဆုမမျှော်လင့်ဘဲသမ္မတ ဦးသိန်းစိန်ရသွားနိုင်

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အမည် စာရင်းဝင်တယ်လို့ သတင်းထွက်နေတဲ့ ဟာ မမျှော်လင့်ဘဲလဲ ဆု ရချင် ရသွားနိုင်တာမျိုး ဖြစ်ကောင်းလဲ ဖြစ်နိုင်ပါတယ်လို့ နော်ဝေးအခြေစိုက် ငြိမ်းချမ်းရေး သုတေသန အဖွဲ့ တခုက ပြောဆိုလိုက်ပါတယ်။  <
DVB TV News

လက်နက်ပါဝင်သည့် ကွန်တိန်နာအား အကောက်ခွန်ဦးစီးဌာနမှသာ စစ်ဆေးခဲ့သဖြင့် ယင်းဌာနတွင် တာဝန်ရှိ

လက်နက်ပါဝင်သည့် ကွန်တိန်နာအား အကောက်ခွန်ဦးစီးဌာနမှသာ စစ်ဆေးခဲ့သဖြင့် ယင်းဌာနတွင် တာဝန်ရှိကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူပြောကြား
Wednesday, 10 October 2012 15:59

ကွန်တိန်နာအတွင်း ပစ္စတိုသေနတ်၁လက်နှင့် ကျည်ကဒ်များပါဝင်သည့် ကွန်တိန်နာအား ဆိပ်ကမ်းတွင် လုံခြုံရေးအရ အကောက်ခွန်ဦးစီးဌာနမှသာ စစ်ဆေးခဲ့သဖြင့် ယင်းဌာနတွင် တာဝန်ရှိကြောင်းစုံစမ်းစစ်ဆေးရေးအဖွဲ့တွင်ပါဝင်သည့် တာဝန် ရှိသူတစ်ဦး၏ေ ပြာကြားချက်အရ သိရပါသည်။

''ကွန်တိန်နာကို ဆိပ်ကမ်းမှာ လုံခြုံရေးအရစစ်ဆေးခဲ့တာ အကောက်ခွန်ဦးစီးဌာနတစ်ခုတည်းဖြစ်ပြီး၊ တစ်ခြားဌာနတွေမပါဘူးဆိုတာ စစ်ဆေးတွေ့ရတယ်။ ဒါကြောင့်မို့ အကောက်ခွန်ဦးစီးဌာနမှာ တာဝန်ရှိတယ်ဆိုတာ တွေ့ရှိရပါတယ်'' ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောပါသည်။

ဒိုင်းမွန်းစတားကုမ္ပဏီ၏ ဂျုံစေ့ကွန်တိန်နာအတွင်း လက်နက်၊ခဲယမ်းများ တွေ့ရှိမှုအပေါ် စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးမှုများအားပြုလုပ်ခဲ့ပြီး၊
စုံစမ်းစစ်ဆေးမှုအစီရင်ခံစာအား အောက်တိုဘာလ၁၀ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရဲမှူးကြီးမြင့်အေးက ယင်းနေ့တွင် ပြောကြားခဲ့ပါသည်။

ယင်းစုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရဲမှူးကြီး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်စသည့် အဖွဲ့အစည်းများ ပါဝင်ကြောင်း သိရသည်။

ယင်း ကွန်တိန်နာအား မြန်မာနိုင်ငံရှိ ဒိုင်းမွန်းစတား ကုမ္ပဏီက ပါကစ္စတန်နိုင်ငံရှိ Hassan All Rice Export ကုမ္ပဏီက စင်ကာပူနိုင်ငံမှ တဆင့်တင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ ဆိပ်ကမ်းသို့ ရောက်ရှိချိန်တွင် သီလ၀ါ ဆိပ်ကမ်းရှိ X-rays စက်မှာ ချို့ယွင်းနေသဖြင့် စူးထိုး၍ စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကွန်တိန်နာအား တင်ဆောင်လာသော M.V Vission-1204 သင်္ဘောသည် ရန်ကုန် ဆိပ်ကမ်း၊MITT တံတားသို့ စက်တင်ဘာ၁၂ရက်နေ့တွင် ရောက်ရှိပြီး၊ ၎င်းကုန်သေတ္တာအပါအ၀င် ဒိုင်းမွန်း စတားကုမ္ပလိမီတက်၏ ဂျုံစေ့ကွန်တိန်နာ ၄၀လုံးအား စက်တင်ဘာလ ၂၁ရက်နေ့တွင် ၁၈လုံးနှင့် ၂၂ရက်တွင် ကွန်တိန်နာ ၂၂လုံးအား ဆိပ်ကမ်းမှ ထုတ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ၂၂ရက်နေ့ ညအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်၊ အရှေ့ပိုင်း၊ အမှတ် ၅၀-၅၂၊ ကနောင်မင်းသားကြီးလမ်းရှိ ဒိုင်းမွန်းစတား ကုမ္ပဏီလိမီတက်ပိုင်၊ ဂျုံစက်ရုံ၌ ပါကစ္စတန်နိုင်ငံမှ တင်သွင်းလာသော ဂျုံစေ့ကွန်တိန်နာ(BLZU -2118418)အား ဖွင့်ဖောက်ရာ ဂျုံ စေ့များထဲမှ အိတ်တအိတ်တွေ့ရှိသဖြင့် ဖွင့်ဖောက်ကြည့်ရာ ပစ္စတိုသေနတ် ၁လက်၊ ၎င်းကျည်၁၅တောင့်နှင့် ကျည်ကဒ် ၂ခုတို့အား တွေ့ရှိခဲ့သည်။

သို့ဖြစ်၍ စက်တင်ဘာလ၂၃ ရက်နေ့တွင် ဒိုင်းမွန်းစတား ကုမ္ပလီမီတက်မှ အထွေထွေမန်နေဂျာ ဒေါ်ချောကလျာအေးမှ စက်တင်ဘာလ၂၄ရက်နေ့၊ ညနေ ၅နာရီခန့်တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ သွားရောက်သတင်းပေးပို့ခဲ့ခြင်း ဖြစ်သည်။

news-eleven.com

ခင်ပွန်းနေရာ အပြောင်းအရွှေ့ ငွေလိုက်သည့် ဒုရဲမှူးကတော် အလိမ်ခံရ



10 October 2012 |
By 7Day News

ခင်ပွန်းသည်အတွက် နေရာအပြောင်းအရွှေရလုပ်ရာက ငွေလိမ်လည်ခံရသူရဲတပ်ရင်း အပြောင်းအရွှေ့ အတွက် ပြောင်းရွှေ့ကြေး ကျပ်သိန်း ၃၀ လိမ်လည် ယူသွားသူ များကို ရဲဝန်ထမ်း၏ ဇနီးကလိမ်လည်မှုဖြင့် တိုင်ကြား အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲ တပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ အမှုဖြစ် ပွားပုံမှာ မန္တလေးမြို့တွင် တာဝန် ထမ်း ဆာင်နေ သော ဒုရဲမှူးတစ်ဦးအား ပြောင်းရွှေ့လိုသည့် စစ်ကိုင်းတိုင်း ဒေသကြီးသို့ ပြောင်းရွှေ့ရန် စီစဉ် ပေးနိုင်သည် ဟုဆို၍ ၎င်းဒုရဲမှူး၏ ဇနီးဖြစ်သူနှင့် သိကျွမ်းဖူး သူက ဆောင်ရွက်ပေး မည် ဆိုကာ ငွေကျပ်သိန်း ၅၀နှင့် ညှိနှိုင်း သဘောတူ ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ထို့နောက် ယခုနှစ် ဖေဖော်ဝါရီ ၂၃ရက်နှင့် ၂၇ရက် တို့တွင် ကမ္ဘောဇဘဏ်မှတစ်ဆင့် ငွေကျပ်သိန်း ၃၀ကို ကမာရွတ်မြို့နယ်တွင် နေထိုင်သူ အမျိုးသား တစ်ဦးအပါအ၀င် သုံးဦးသို့ ဒုရဲမှူးဇနီးက လွှဲပေးခဲ့ ခြင်းဖြစ်သည်။ ငွေလွှဲပေး ခဲ့ပြီးသော်လည်း ပြောင်းရွှေ့ခြင်းကိစ္စမှာ ထူးခြားချက် မရှိသဖြင့် ငွေလိမ်လည် ရယူသွားသူ သုံးဦးကို အရေးယူပေးရန် ဇနီးဖြစ်သူက တရားလို ပြုလုပ်တိုင်တန်း ခဲ့ခြင်း ဖြစ်သည်ဟု လည်းသိရသည်။ အဆိုပါအမှုကို ကမာရွတ်ရဲစခန်းက (ပ)၃၇၂/၁၂၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၄၂၀ ဖြင့် အမှုဖွင့်ပြီး တရားခံများ ဖမ်းဆီး ရမိရေး စုံစမ်းစစ်ဆေး နေကြောင်းသိရသည်။

ဘင်္ဂလာဒေ့ရှ် မှ မောင်တောသို့ ပြေးလာရသော ရခိုင်မိသားစုများ

Coral Arakan News Agency ဘင်္ဂလာဒေ့ရှ် မှ မောင်တောသို့ ပြေးလာရသော ရခိုင်မိသားစုများ (ဓါတ်ပုံ) ====== သတင်း - ဟန်မောင်သိန်း / ဓါတ်ပုံ - သွီးရိုင်း ====== စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့သော ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကွက်ချ စီစဉ်တိုက်ခိုက်မှုကြောင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ မှနေ၍ မြန်မာနိုင်ငံ မောင်တောမြို့နယ် နစကနယ်မြေ(၂) ခမောင်းဆိပ်အပိုင် အောင်ဇူရွာသို့ရောက်ရှိနေကြသော ရခိုင်မိသားစု ဆယ်စုဝန်းကျင် ထွက်ပြေးရောက်ရှိလာခဲ့ကြသည်။ ====== ထွက်ပြေးလာသူများမှာ ရာမူး (ပန်းဝါ) အရှေ့ဘက်တွင် တည်ရှိသော မရှက်ချောင်း ခေါ် ချောနာဆရီ ဒေသ ကျောင်းနားရွာမှ ဖြစ်ကြသည် ဟု ဆိုသည်။ ====== စက်တင်ဘာလ (၂၉) ရက်နေ့နှင့် (၃၀) ရက်နေ့တို့တွင် မြန်မာနိုင်ငံဘက်နှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံအကြားကူးသန်းနေကြသော အကြမ်းဖက်ဘင်္ဂါလီများက စီစဉ်အကွက်ချသည့်အတိုင်း မူဆလင် အကြမ်းဖက် ၀ါဒီတို့က ဘာသာမတူသူ ရခိုင်မျိုးနွယ်စုများ၊ ဘရူဝါလူမျိုးများ၊ ဗုဒ္ဓဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များ၏ ဘုရားကျောင်းကန်များ၊ လူနေအိမ်ကို မီးရှို့ဖျက်ဆီးခြင်းများ ဖြစ်ပွားသည့်နောက်ပိုင်း၊ အောက်တိုဘာလ (၁)ရက်နေ့ အာရုဏ်တက် အချိန်တွင် မိမိတို့နေထိုင်ရာ ရွာများမှ ထွက်ကာ နယ်စပ်ရှိ ဝေလာတောင်ကို လမ်းပြအကူအညီဖြင့် ဖြတ်ကျော်ပြီး မောင်တောမြို့နယ် နစက အမှတ်(၆) နယ်မြေအတွင်းသို့ ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ ====== အခြားကျန်ခဲ့သော ရခိုင်မျိုးနွယ်စုတို့မှာ များသောအားဖြင့် မြန်မာပြည်ဖက်သို့ ပြောင်းရွှေ့လာလိုကြသော်လည်း ယခုမိသားစုများထွက်ပြေးလာပြီးနောက်ပိုင်း၊ နောက်ထပ်နယ်စပ်ဖြတ်ကျော်ထွက်ပြေးသည့် ရခိုင်ဒုက္ခသည်များ မရှိရလေအောင် ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့က ယခုအခါ ကောင်းစွာ ပိတ်ဆို့ထားသည်ဟု ဆိုသည်။ ====== မြန်မာဘက်မှ နစက ကွပ်ကွဲရေးမှူးအနေဖြင့် နောက်ထပ်ရောက်လာနိုင်သည့် ရွှေ့ပြောင်းရခိုင်မိသားစုများအတွက် မည်သို့ ဆောင်ရွက်ရမည်ကို အထက်မှ ညွှန်ကြားချက် တောင်းခံထားသည် ဟု ဆိုသည်။ ====== Mr. Barrington ၏ (ညွှန်ကြား)စာအမှတ် No. 290 LA 47 အရ မြန်မာနိုင်ငံ လွတ်လပ်ရေးမရရှိမီ အချိန် ၁၉၄၇-ခုနှစ်အထိ ဘင်္ဂလာဒေ့ရှ်နိုင်ငံ (ဟိုစဉ်က အရှေ့ပါကိစ္စတန်)တွင် မွေးဖွားခဲ့သူ မြန်မာနွယ်ဖွား ရခိုင်နွယ်ဖွားတို့မှာ ငုပ်လျှိုးနေသော မြန်မာနိုင်ငံသားအဖြစ်နှင့် ပေါ်လွင်နေသော ပါကစ္စတန်နိုင်ငံသားအဖြစ်တို့ တစ်ပြိုင်တည်းရှိကာ၊ ၄င်းတို့၏ (ငုပ်လျှိုး)မြန်မာနိုင်ငံသားအဖြစ်သည် မြန်မာနိုင်ငံအတွင်းသို့ ပြောင်းရွှေ့ အခြေစိုက်သည်နှင့် ပေါ်လွင်သက်ရောက်မှု ရှိလာကြောင်း ဆုံးဖြတ်ကာ၊ ဖဆပလခေတ် နှင့် တော်လှန်ရေးကောင်စီခေတ်များ အတွင်း မြန်မာနိုင်ငံသို့ ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ ပြောင်းရွှေ့လာကြသော ရခိုင်လူမျိုးများသည် နိုင်ငံသားအဖြစ်ကို လျှောက်ထား စရာမလိုပဲ အလိုအလျောက် ရရှိပြီး ဖြစ်ကြောင်း အဆက်ဆက် ဆုံးဖြတ် ဆောင်ရွက်ခဲ့ကြသည်။ ====== (ဟန်မောင်သိန်း သတင်းရေးသားသည်။ / ဓါတ်ပုံ - သွီးရိုင်း) ======

ကောင်းကင်တွင် လျှပ်စစ်လှိုင်းများသည် စလိုက်မီးများကဲ့သို့ မြန်မာပြည် အောက်ပိုင်းတွင် ဖြစ်ပေါ်

r 7Day News Journal

အောက်တိုဘာ ၉ ရက် ညက ရန်ကုန်မြို့ ကောင်းကင်ယံတွင် အလင်းရောင်အကွက်အချို့ ဖြစ်ပေါ်နေသည်ကို မြင်တွေ့သူ မြို့ခံအချို့ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြပြီး ထင်ကြေးအမျိုးမျိုး ပေးခဲ့သည်။

ကောင်းကင်ယံတွင် အလင်းရောင်အကွက်များ ဖြစ်ပေါ်ရခြင်း၏ အကြောင်းရင်းမှာ ရန်ကုန်ယူနိုက်တက်အသင်းပိုင် (လှိုင်)မြက်ခင်းတုကွင်းအတွင်း၌ ထူးကုမ္ပဏီအုပ်စု(ထူးဖောင်ဒေးရှင်း)မှ ပရဟိတလုပ်ငန်းများတွင် အခမဲ့ပါဝင်ကူညီရန် မီးဆလိုက်များ၊ အသံစနစ်များ စသော စက်ပစ္စည်းများ စမ်းသပ်မှုပြုလုပ်ရာမှ ဆလိုက်မီးရောင်များ ကောင်းကင်ယံတွင် ဖြတ်သန်းခဲ့၍ဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

"မနေ့ည ၇ နာရီခွဲလောက်ကနေ ၁၁ နာရီဝန်းကျင်လောက်အထိ အင်တာတိန်းမင့် စက်ပစ္စည်းတွေ စမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။ အိုင်းရင်းခရော့စ်၊ အင်ပါယာတီးဝိုင်းတွေ အဆိုတော်တွေနဲ့ စမ်းတာပါ။ ထူးဖောင်ဒေးရှင်းက ပြုလုပ်မယ့် ရန်ပုံငွေပွဲတွေအတွက် စမ်းသပ်တာပါ"ဟု ရန်ကုန်ယူနိုက်တက်အသင်းအုပ်ချုပ်သူ ဦးအောင်ကျော်လွင်က ပြောသည်။



Yangon Media Group ကောင်းကင်တွင် လျှပ်စစ်လှိုင်းများသည် စလိုက်မီးများကဲ့သို့ မြန်မာပြည် အောက်ပိုင်းတွင် ဖြစ်ပေါ်
=======================================
စူးရှ။
=======================================

ရန်ကုန်မြို့အနှံအပြားနှင့် မြန်မာပြည်အောက်ပိုင်းရှိပြည်နယ် နှင့်တိုင်းအချို့တွင် အောက်တိုဘာလ ၉ ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့် မှစ၍ ည ၈ နာရီ ၃ဝမိနစ်ခန့်အထိ ကောင်းကင်ပေါ်တွင် လျှပ်စစ် လှိုင်းများ သည်စလိုက်မီးများကဲ့သို့ နေရာ အနှံဖြစ်ပေါ်လျက် ရှိသော ကြောင့် ပြည်သူအများပြားစိုးရိမ် လျက်ရှိကြောင်းသိရသည်။

အဆိုပါ လျှပ်စစ်လှိုင်း များ(သို့)စလိုက်မီးထိုးသကဲ့သို့ အ လင်းရောင်များသည် တိမ်ထုအတွင်း ဖြစ် ပေါ်နေခြင်းဖြစ်ပြီး နေရာအနှံ တွင် ပြေးလွှားလှုပ်ရှားနေသောကြောင့် ပြည်သူများအကြား လှုပ်ခတ် မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

''ပထမကြည့်တော့ နေ ရာအနှံမှာ စလိုက်မီးထိုးသလိုဖြစ်နေ တယ်။ကျွန်တော်က ကမာရွတ်မြို့ နယ်ထဲရောက်နေတော့ ရန်ကုန်ယူ နိုက်တက်ဘောလုံးကွင်းက စလိုက် ထိုးနေတာလို့ပြော နေကြတယ်။ ဒါပေမယ့် သူသွားနေတာက စလိုက်ပုံစံ မဟုတ်ဘူး အပေါ် ကနေအလင်း ရောင်တွေကို အလယ်ဗဟို တစ်ခု ထားပြီးလှည့်နေသလိုဘဲ။ဒါကြောင့် အိမ်ကိုဖုန်းဆက်ပြီး မိန်းမနဲ့ကလေး တွေကိုအပြင် မထွက်ဖို့ လှမ်း မှာထား တယ်'' ဟု

လှိုင်မြို့နယ်အတွင်းနေ ထိုင်သူကျောင်းဆရာတစ်ဦးက ပြော သည်။
အဆိုပါအလင်းရောင်များ ထွက်ပေါ်နေခြင်းမှာ တိမ်များနိမ့်နေ သဖြင့် ရွှေတိဂုံဘုရားမှ စလိုက်မီး များထိုးစမ်း နေခြင်းဖြစ်ကြောင်း အလင်းရောင်များထွက်ပေါ်နေချိန်တွင် ရွှေတိဂုံဘုရားဂေါပက သို့ဖုန်း ဖြင့် ဆက်သွယ်မေးမြန်းသော ပုဂ္ဂိုလ်တစ်ဦးက'' ဘာမှမဟုတ်ပါဘူး၊တိမ်တွေ နိမ့်နေလို့ စလိုက်မီးနဲ့ ထိုးစမ်း တာပါ၊ ဒါက ရွှေတိဂုံဘုရားပေါ်ကလုပ်တာ လို့ပြောတယ်။'' ဟုဆိုသည်။

မြန်မာပြည်အောက်ပိုင်း ပြည်နယ်နှင့်တိုင်းများတွင် တွေ့မြင် နိုင်ဖွယ်ရှိကြောင်းကို ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်း နေထိုင်သူ ဦးအောင်ကျော်က ''ပထမတော့ ဘေးကလူတွေပြောလို့ စောင့်ကြည့်ကြည့် တယ်။ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာ။ကောင်းကင်ပေါ်မှာ အလင်း ရောင်တွေဖြတ် သွား နေကြတာ။ ဖြစ်တာ ၂ နာရီလောက် ကြာတယ်။ဒါနဲ့ရန်ကုန်ကို ဖုန်းဆက် ကြည့်တော့ ရန်ကုန်မှာလည်း မြင်ရ တယ်လို့ပြောတယ်။ ဘာဖြစ်မှန်း တော့မသိဘူး။ ဒါပေမယ့် ကြောက် တော့ကြောက် စရာကောင်းတယ်'' ဟု ပြောသည်။

ကောင်းကင်တွင် စလိုက် မီးများကဲ့သို့အလင်းရောင်များ ထွက် ပေါ်နေခြင်းမှာ လေပွေလှိုင်းများနှင့် အတူ မိုးတိမ်တောင်များ မြန်မာနိုင်ငံ ၏အရှေ့တောင်ဘက်မှ အနောက် ဘက်သို့ဖြတ်သန်းသွားခြင်းဖြစ်ပြီး အဆိုပါ မိုးတိမ်တောင်များဖြတ်သန်း သွားရာတွင် မိုးတိမ်တောင်အတွင်း ဖြစ်ပေါ်နေသော လျှပ်စစ်သံလိုက် လှိုင်းများ ဆွဲငင်မှုကြောင့် လျှပ်စစ် လှိုင်းများပွတ်တိုက်မှုဖြစ် ပွားခြင်း ဖြစ်ကြောင်းနှင့် အလင်းရောင်များ သာမြင်ရခြင်းမှာ မိုးတိမ်တောင် အောက်ဘက်ရှိတိမ်ထုထူထဲနေခြင်း ကြောင့် လျှပ်စစ်လှိုင်းများအား လျှပ် စီးလက်ခြင်းကဲ့သို့မမြင် ရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံမိုးလေဝသ နှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မှ ညွှန်ကြားရေးမှူးဦးချစ်ကျော်က ပြောသည်။

''ဖြစ်တာကတော့ လေပွေလှိုင်းဖြစ်ပေါ်တာပါ၊အခုတော့ အနောက်ဘက်ကိုထွက်သွားပါပြီ။ ပုသိမ်ကို တောင် ကျော်သွားပြီ။ဒီကိစ္စ ကိုခင်ဗျားရှေ့မှာမေးသွားတာ အယောက် ၂၀ လောက်ရှိပြီ။မိုး တိမ်တောင် တွေမှာ လျှပ်စစ်လှိုင်း ကပမာနမတူတဲ့အတွက် လျှပ်စီး လက်တာကို အောက်ကရှင်းရှင်း လင်းလင်း မမြင်ရ တော့ စလိုက်မီး ထိုးသလိုနေရာအနှံပြေးလွှားနေ သလိုဖြစ်တာပါ။ ဒီလိုလေပွေ လှိုင်း ဖြစ်ပွားမှု ကြောင့် မိုးရွာမယ်၊လေပြင်း တိုက်မယ်'' ဟု ဦးချစ်ကျော်က ထပ် မံဆိုသည်။

အဆိုပါ လေပွေလှိုင်း မြန်မာနိုင်ငံအောက်ပိုင်းအတွင်း ဖြတ်သန်းမှုကြောင့် လေပြင်းတိုက် ခတ်နိုင်သော် လည်း လေမိုင်မှာ ၁ နာရီလျှင် မိုင် ၃၀ ခန့်မပိုကြောင်း နှင့် ပြည်သူလူထုအတွက် ပြင်းထန် သောထိခိုက်မှု မရှိနိုင်ကြောင်း မိုး လေဝသဌာနမှသိရသည်။

မိုးရေထဲမှာ ရခိုင်သမီးပျိုများ လမ်းပေါ်ထွက်ပြီ

၁။ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေကို လိုက်နာလေးစားပါ။
၂။ တရားမ၀င် ခိုးဝင်လာသော ဘင်္ဂလီများအား အလိုမရှိ
၃။ မြန်မာ့ပြည်တွင်းရေးကို OIC ၀င်မစွက်နဲ့ ထွက်သွား။
၎။ မြန်မာပြည်မှာ ဘယ်အချိန်ကမှ ရိုဟင်ဂျာမရှိ
၅။ သားရေပေါ်အိပ်၊ သားရေနားစားတွေ ထွက်သွား
၆။ မြေမျို၍ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်မည်။
၇။ မြန်မာ့အမျိုးသမီးများဘ၀ လှပလုံခြုံမှုရှိပါစေ။
၈။ မြန်မာတစ်မျိုးသားအားလုံးစည်းလုံးညီညွှတ်ကြ

News from :Rakhine Straight Views

Popular Myanmar News Journal
‎"OIC ရုံးဖွင့်လှစ်ခြင်းကို ကန့် ကွက်သည် အနေဖြင့် ရခိုင်အမျိုးသမီး ၅၀၀ ခန့် ဆန္ဒထုတ်ဖော်"

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC)ရုံးအား စစ်တွေ မြို့  တွင် ဖွင့်လှစ်ခွင့်ရရှိမှု ကို မကျေနပ်၍ မြို့ နေလူထု အမျိုးသမီး ၅၀၀ ၀န်းကျင်က ယခုအခါ ဆန္ဒဖော်ထုတ်မှုကို စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
“ အစက လုပ်ထားတာ တစ်နာရီမှာ စပြီး ဆန္ဒပြဖို့ ပါ။ ဒါပေမယ့် ဒီမှာ မိုးတွေရွာနေလို့ အခုမှ လူစုပြီး စရတာပါ”ဟု ဆန္ဒပြပွဲတွင် ပါဝင်သည့် မြို့ ခံ အမျိုးသမီး တစ်ဦးက ပြောသည်။
ဆန္ဒဖော်ထုတ်မှုကို စစ်တွေမြို့ မြို့ ထဲရှိ ဦးဥတ္တမ ပန်းခြံရှေ့ ၌ လူစုကာ စစ်တွေမြို့ လမ်းမကြီးတစ်လျှောက်မှ စီးတန်းလှည့်လည်ပြီး ဘင်္ဂလားဒေရှ့် ကောင်စစ်ဝန်ရုံးရှေ့ သို့ သွားကာ OIC ရုံးမဖွင့်လှစ်ရေးကို ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း စစ်တွေမြို့ သို့ ရောက်ရှိနေ သည့် ပေါ်ပြူလာ နယူးစ် သတင်းထောက်မှ သတင်းပေးပို့ သည်။
ရန်နိုင်



The Voice Weekly
ရခိုင် အမျိုးသမီးများ ဆန္ဒပြရန် လျှောက်ထားမှု ကန့်သတ်ချက်ဖြင့် ခွင့်ပြု

ရန်ကုန်၊ အောက်တိုဘာ ၉
ရခိုင်ပြည်နယ် အနှံ့ မှီတင်း နေထိုင်လျှက် ရှိသည့် မြန်မာ အမျိုးသမီးများ၏ ဘဝ လုံခြုံရေးအတွက် ဆန္ဒ ဖော်ထုတ် ရန် စစ်တွေမြို့ရှိ ရခိုင် အမျိုးသမီးများက ခွင့်ပြုချက်တောင်းခံထားမှုကို ပြည်နယ် ရဲတပ်ဖွဲ့မှူးက ကန့်သတ်ချက်ဖြင့် ခွင့်ပြု လိုက်ကြောင်း ယင်းဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင် ပြုလုပ်မည့် ဒေါ်ညိုအေးက The Voice Weekly သို့ ပြော ကြားသည်။
"Get Out OIC ဆိုတဲ့ အချက်နဲ့၊ သားရေပေါ်အိပ် သားရေနား စားသူများ ထွက်သွား ဆိုတဲ့ အချက်နှစ်ချက်ကို ပယ်ချလိုက်ပါတယ်" ဟု ၄င်းက ဆိုသည်။
ဆန္ဒ ဖော်ထုတ်ရန်အတွက် စာတင်ရာတွင် "Get Out OIC"စာတန်းပါ အဝါရောင် တီချပ် အင်္ကျီများကို ဝတ်ဆင် သွားမည်ဖြစ်ပြီး သားရေပေါ်အိပ် သားရေနား စားသူများ ထွက်သွား၊ တရားမဝင် ခိုးဝင်လာသူများကို အလိုမရှိ၊ မြန်မာပြည်တွင် ဘယ်အချိန်ကမျှ ရိုဟင်ဂျာ မရှိ၊ မြေမျို၍ လူမျိုးမပျောက် လူမျိုမှ လူမျိုးပျောက်မည်၊ မြန်မာ့ ပြည်တွင်းရေးကို OIC မစွတ်ဖက်နဲ့၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ကို လေးစား လိုက်နာရန်၊ မြန်မာ အမျိုးသမီးများ ဘဝ လှပ လုံခြုံမှု ရှိပါစေ၊ မြန်မာ တစ်မျိုးသားလုံး စည်းလုံး ညီညွတ်ကြ ဟူသည့် အချက်များကို တောင်းဆိုထားရာမှ အထက်ပါ အချက်နှစ်ချက်ကို ပယ်ချလိုက်ခြင်း ဖြစ်ကြောင်း ဆန္ဒပြပွဲ စီစဉ် သူများက ဆိုသည်။
ယင်းသို့ ဆန္ဒဖော်ထုတ်မည်ကို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ရခိုင်ပြည်နယ် ရဲတပ် ဖွဲ့မှူးက ခွင့်ပြုလိုက်ပြီး ဆန္ဒ ဖော်ထုတ်ပွဲကို အောက်တိုဘာလ ၁၀ ရက်နေ့ နေ့လည် ၁နာရီတွင် စစ်တွေမြို့ရှိ အေးစေတီ ဘုရား အနီးတွင် လူစုကာ ယင်းမှ မြို့အနှံ လှည့်လည် ပြုလုပ် သွားမည်ဖြစ်ကြောင်း ၄င်းတို့ထံမှ သိရှိရသည်။
ရခိုင်ပြည်နယ် အတွင်း ဘင်္ဂါလီ လူမျိုးများနှင့် အတူယှဉ်တွဲ နေထိုင်ရန် မည်သို့မျှ မဖြစ်နှိုင်သလို ၄င်းတို့ ရှိနေသမျှ ကာလပတ်လုံး ရခိုင်တိုင်းရင်းသူ၊ တိုင်းရင်းသားများကို နည်းမျိုးစုံဖြင့် အန္တရာယ် ပေးနိုင်ပြီး ရခိုင်အမျိုးသမီးများနှင့် ရခိုင်ပြည်နယ် အတွင်း နေထိုင်သော မြန်မာတိုင်းရင်းသူ အမျိုးသမီးများ၏ ဘဝ လုံခြုံမှု အတွက် မည့်သို့မျှ စိတ်မချရ သဖြင့် ယင်းသို့ ဆန္ဒဖော်ထုတ် တောင်းဆိုခြင်း ဖြစ်ကြောင်း ၄င်းတို့က ဆိုသည်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ( ၁၂၈၁-၁၃၇၄)


Hnin Hnin Hmway
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကွယ်လွန်

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် ထိပ်တန်းမှပါဝင်ခဲ့သော ရဲဘော်သုံးကျိပ်ဝင်၊ ဗမာပြည် ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ယနေ့ (၁၀၊ ၁၀၊ ၂၀၁၂။) နံနက် ၃း၃၀ နာရီက တရုတ်နိုင်ငံ ကူမင်းမြို့ ဆေးရုံ၊ အထူး ကြပ်မတ် ကုသဆောင်၌ ကွယ်လွန်သွားကြောင်း သိရှိရပါတယ်။
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော သည် တို့ဗမာအစည်းအရုံးဝင် သခင်တစ်ဦးလည်းဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဦးဆောင်မှုနဲ့ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့သူလည်း ဖြစ်ပါတယ်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ဟာ လာမယ့် ဒီဇင်ဘာလမှာ အသက် ၉၃ နှစ်ပြည့်မှာ ဖြစ်ပြီး ကွယ်လွန်ချိန်မှာ (ဦးကျော်ဇောဦး)၊ ဦးအောင်ကျော်ဇော၊ ဒေါ်လှကျော်ဇော၊ ဒေါ်စန်းကျော်ဇော သားသမီး သုံးဦး သက်ရှိထင်ရှား ကျန်ရစ်ပါတယ်။
 
Hnin Hnin Hmway

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ( ၁၂၈၁-၁၃၇၄)
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော (ငယ်နာမည် -ကိုရွှေ)ကို ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ဆိုင်းစုကျေးရွာ၌ (အဖ-ဦးပန်း၊ အမိ- ဒေါ်မယ်တင်) တို့မှ ၁၉၁၉၊ ဒီဇင်ဘာလ ၃ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ဟာ တို့ဗမာအစည်းအရုံးဝင် သခင်တစ်ဦး ဖြစ်သလို ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ဗမာ့ လွတ်လပ်ရေးတပ်မတော်ကို တည်ထောင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင
်တစ်ဦးဖြစ်ပြီး ဗမာ့တပ်မတော်မှာ ဗိုလ်မှူးချုပ်အဆင့်ထိ တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့အတူ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့သူဖြစ်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။
၁၀၊၁၀၊၂၀၁၂ နံနက် ၃း၀၀ နာရီ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းဆေးရုံမှာ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်မှာ ဒေါ်လှကျော်ဇော၊ ဒေါ်စန်းကျော်ဇော ဦးအောင်ကျော်ဇော၊ သားသမီးသုံးဦး ကျန်ရစ်ပါတယ်။





 
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ ရက်လည်ဆွမ်းကျွေးကို ၁၆၊ ၁၀၊၁၂ (တနင်္ဂနွေနေ့) နံနက်၊ အမှတ် ၃၀၊ မြောင်းမြလမ်း၊ စမ်းချောင်းရှိ နေအိမ်၌ ပြုလုပ်မှာ ဖြစ်ပါတယ်။
ဒီဓာတ်ပုံကတော့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ဗမာပြည်မှာ ရှိစဉ်က နေထိုင်ခဲ့တဲ့ အမှတ် ၃၀၊ မြောင်းမြလမ်း၊ စမ်းချောင်းရှိ နေအိမ်မှာ ၁၀၊၁၀၊၂၀၁၂ နံက်မှာ မြန်မာ့ဓလေ့ထုံးတမ်းနဲ့အညီ သက်ပျောက်ဆွမ်းသွပ်တရားနာဖို့ လာရောက်ကြတဲ့ ဆွေမျိုးမိတ်သင်္ဂဟတွေရဲ့ ပုံတွေ ဖြစ်ပါတယ်။
ဓာတ်ပုံ-ကိုထွန်းဝင်းငြိမ်း


၉ တန်းကျောင်းသူလေးကို သစ္စာဖောက်ဆိုပြီး တာလီဘန်က သေနတ်နဲ့ ပစ်ခတ်


ပါကစ္စတန်မှာ မိန်းခလေး အခွင့်အရေး တိုက်ပွဲဝင်သူ ၉ တန်းကျောင်းသူလေးကို သစ္စာဖောက်ဆိုပြီး တာလီဘန်က သေနတ်နဲ့ ပစ်ခတ် by Lwin Aung Soe on Tuesday, October 9, 2012 at 11:38pm ·

ပါကစ္စတန်မှာ မိန်းခလေး အခွင့်အရေး တိုက်ပွဲဝင်သူ ၉ တန်းကျောင်းသူလေးကို သစ္စာဖောက်ဆိုပြီး တာလီဘန်က သေနတ်နဲ့ ပစ်ခတ်

မိန်းခလေး အခွင့်အရေးတွေအတွက် လှုပ်ရှားပေးလို့ နိုင်ငံတကာက လှိုက်လှိုက်လှဲလှဲ အားပေးထောက်ခံမှုကို ရရှိထားတဲ့ ၁၄ နှစ်အရွယ် ပါကစ္စတန် ကျောင်းသူလေးကို တာလီဘန်တွေက ပစ်ခတ်သတ်ဖြတ်ရာမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားပါတယ်။

ကိုးတန်းကျောင်းသူလေး မာလာလာ ယူဆက်ဖ်ဇာအိ (Malala Yousafzai) ဟာ ကျောင်းကားစီးပြီး ပြန်လာချိန်မှာ မျက်နှာဖုံးစွပ်ထားတဲ့ တာလီဘန် နှစ်ဦးအနက် တဦးက ကားကို တားပါတယ်။ ကားမောင်းသူက ကားကို အတင်းမောင်းပြေးပေမယ့် လူသတ်သမားတဦးက ဘတ်စ်ကားနောက်ပေါက်ကနေ အတင်းတက်လာပြီး မာလာလာရဲ့ နာမည်ကို မေးရင်း ဦးခေါင်းကို ပစ္စတိုသေနတ်နဲ့ ချိန်ရွယ် ပစ်ခတ်ပါတော့တယ်။ ခုနှစ်တန်း ကျောင်းသူလေးတဦးလည်း ခြေထောက်မှာ သေနတ်ထိမှန်ခဲ့ရပါသေးတယ်။

ကျောင်းသူလေး မာလာလာဟာ စာတတ်မြောက်ရေးနဲ့ ငြိမ်းချမ်းရေးကို မြှင့်တင်ပေးသူ ဖြစ်ပါတယ်။ အကြမ်းဖက် သတ်ဖြတ်နေတာတွေကြောင့် စိတ်ပျက်နေရတဲ့ ပါကစ္စတန်နိုင်ငံမှာ နိုင်ငံသားတွေ စာတတ်လာကြဖို့၊ ငြိမ်းချမ်းစွာ နေနိုင်ကြဖို့ဟာ မျှော်လင့်ချက်ပါ။ ဒါကြောင့်လည်း ၂ဝ၁၁ ခုနှစ်မှာ ပါကစ္စတန် အစိုးရက ကျောင်းသူလေး မာလာလာကို အမျိုးသားငြိမ်းချမ်းရေဆု နဲ့ ရူပီးငွေ တသန်း ချီးမြှင့်ဂုဏ်ပြုခဲ့ပါတယ်။

အစ္စလမ်ဘာသာရဲ့ အခြေခံဝါဒ (fundamentalism) က တစတစ ကြီးမားကျယ်ပြန့်လာနေချိန်မှာ မိန်းခလေးတွေရဲ ပညာသင်ကြားပိုင်ခွင့်အတွက် ကျောင်းသူလေး မာလာလာက ရဲရဲဝန့်ဝန့် တောင်းဆိုပေးလျက်ရှိပါတယ်။ သူဟာ ဒတ်ခ်ျ အဖွဲ့အစည်းတခုက မနှစ်က ကျင်းပတဲ့ နိုင်ငံတကာ ခလေးများ ငြိမ်းချမ်းရေးဆုအတွက် နောက်ဆုံး ဆန်ကာတင်အဆင့်ထိ ရောက်ခဲ့သူ ဖြစ်ပါတယ်။



တာလီဘန်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအကြောင်းကို မာလာလာဟာ ၂ဝဝ၉ ခုနှစ်မှာ ကလောင် နာမည်တခုနဲ့ ဘီဘီစီ အူရဒူဘာသာ အသံလွှင့်ကဏ္ဍမှာ နေ့စဉ် မှတ်တမ်း ရေးသားချိန်မှာ သူ့ကို သတိပြုလာကြပါတယ်။ သူဟာ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဖက် Swat ချိုင့်ဝှမ်းဒေသက မင်ဂိုရာမြို့မှာ နေထိုင်ပါတယ်။

အဲဒီဒေသနဲ့ လူမျိုးစုဒေသတွေမှာ တာလီဘန်သူပုန်တွေ ကြီးစိုးထားပြီး ပြင်းထန်လွန်းတဲ့ အစ္စလမ်ဥပဒေကို ပြဋ္ဌာန်းကျင့်သုံးပါတယ်။ ကျောင်းပေါင်း ရာပေါင်းများစွာကို ဗုံးခွဲတိုက်ခိုက်ပါတယ်။ အများစုက မိန်းခလေးကျောင်းတွေ ဖြစ်ပါတယ်။ ဘယ်သူမှ စာမတတ်နိုင်အောင် နှိပ်ကွပ်ထားတဲ့ ရည်ရွယ်ချက်ပါပဲ။ ဒီလိုမျိုး အကြမ်းဖက်မှုတွေ ပြင်းထန်ဆိုးဝါးလာတာ ၂ နှစ်လောက် ကြာလာတော့ အဲဒီဒေသကို စစ်တပ်က အကြီးအကျယ် ဝင်ရောက် နှိမ်နှင်းယူခဲ့ရပါတယ်။ အဲဒါကတော့ ၂ဝဝ၉ ခုနှစ်တုန်းကပါ။ ပါကစ္စတန် တာလီဘန်တွေဟာ အာဖဂန်နစ္စတန် အရှေ့ဘက် နယ်စပ်ဒေသတွေဆီကို ဆုတ်ခွာ ထွက်ပြေးခဲ့ကြပါတယ်။

နောက်ပိုင်းမှာ တော်တော်လေး ငြိမ်းချမ်းသွားပါတယ်။ ပါကစ္စတန်ရဲ့ ဆွစ်ဇာလန်လို့ တင်စားရလောက်အောင် ရှုခင်းလှပတဲ့ အဲဒီဒေသကို လာရောက်ကြည့်ရှုသူတွေ ရှိလာခဲ့ပါတယ်။ စစ်တပ်ကလည်း အားပေး စောင့်ရှောက်ထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်တုန်းက ပွဲတော်တခုကိုတောင် စစ်တပ်က တာဝန်ယူ ကျင်းပပေးလိုက်ပါသေးတယ်။ ဒါပေမယ့် မနေ့က ဖြစ်သွားတဲ့ ဒီလို တိုက်ခိုက်မှုကိုကြည့်ရင် တာလီဘန်တွေဟာ စိမ့်ဝင်လာနိုင်သေးတာကို သက်သေခံနေပါတယ်။

ဒီလိုတိုက်ခိုက်မှုအတွက် ပါကစ္စတန် တာလီဘန်အဖွဲ့က သူတို့လုပ်တာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။ စစ်သွေးကြွ အုပ်စုတစုဟာ ကျောင်းသူလေး မာလာလာကို ပစ်မှတ်ထားခဲ့ရတာကတော့ သူဟာ မူဆလင်အကြောင်း အပျက်သဘော ဝါဒဖြန့်နေတာကြာင့် ဖြစ်တယ်လို့ ပါကစ္စတန် တာလီဘန်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက မီဒီယာကို ခေါ်ဆိုပြောပြသွားပါတယ်။ မာလာလာဟာ အမေရိကန်သမ္မတ အိုဘားမားကို အတုယူဖွယ်ရာ စံပြခေါင်းဆောင် လို့ သဘောထားနေသူဖြစ်ပြီး ရိုင်းစိုင်းယုတ်မာတဲ့ သစ္စာဖောက်တွေအတိုင်း လုပ်နေတာကြောင့် သူ အသက်ရှင်နေဦးမယ် ဆိုရင်လည်း တာလီဘန်တွေက လိုက်သတ်နေဦးမှာ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။

ပါကစ္စတန် နိုင်ငံရေးသမားတွေက ပါကစ္စတန် တာလီဘန်တွေရဲ့ အခုလို တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချလိုက်ကြပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Victoria Nuland က ဒီလိုတိုက်ခိုက်မှုဟာ လွန်လွန်းအားကြီးတဲ့ ရက်စက်မှုဖြစ်ပြီး သူရဲဘောကြောင်တဲ့လုပ်ရပ် ဖြစ်တယ်လို့ ရှုတ်ချဝေဖန်သွားပါတယ်။

မာလာလာကို ပက်ရှာဝါမှာရှိတဲ့ စစ်ဆေးရုံကို ဟယ်လီကော့ပတာနဲ့ ပို့ဆောင်ပြီး ကုသပေးလျက်ရှိပါတယ်။ ကျည်ဆန်ဟာ ဦးခေါင်းပိုင်းမှာရှိတဲ့ ကျောရိုးမ (spine) ထဲမှာ နစ်မြှုပ်နေပါတယ်။ ဦးခေါင်းခွံ ယောင်ရမ်းနေသေးတာကြောင့် ဆရာဝန်တွေက ချက်ချင်း ကုသခွဲစိတ်တာ မလုပ်နိုင်သေးဘဲ ဖြစ်နေပါတယ်။
လိုအပ်ရင် နိုင်ငံခြားမှာ ဆေးကုပေးသွားမှာ ဖြစ်တယ်လို့ ပါကစ္စတန်သမ္မတ ဇာဒါရီက ပြောဆိုလိုက်ပါတယ်။


အမျိုးသား လူငယ် ငြိမ်းချမ်းရေးဆုကို သမ္မတက ချီးမြှင့်စဉ် .. Photograph: EPA
ပါကစ္စတန် ဝန်ကြီးချုပ် အာ့ရ်ရာဖ် (Raja Pervez Ashraf) က “ပါကစ္စတန် တာလီဘန်တွေမှာ ဒီလို တိုက်ခိုက်ဖို့ ခံယူချက် ရှိနေတဲ့ စိတ်ထား (mind-set) ကို ကျနော်တို့ တိုက်ဖျက်ပစ်ရပါမယ်။ မာလာလာကို ကျနော့်သမီး.. ခင်ဗျားတို့ရဲ့ သမီးတွေလို သဘောထားရပါမယ်။ တာလီဘန်တွေရဲ့ mind-set က လွှမ်းမိုး တည်ရှိနေမယ်ဆိုရင် ဘယ်သူ့သမီးမှ လုံခြုံမှာ မဟုတ်ပါဘူး” လို့ ပါကစ္စတန် အထက်လွှတ်တော်မှာ ပြောဆိုသွားပါတယ်။

မာလာလာဟာ သူ့ရဲ့ နေ့စဉ်မှတ်တမ်းမှာ တာလီဘန်တွေရဲ့ သြဇာလွှမ်းမိုးမှု ကြီးမားကျယ်ပြန့်လာတဲ့အပေါ်မှာ စိုးရိမ်ပူပန်နေမိတယ်လို့ ရေးပါတယ်။ ပန်းရောင်ကို နှစ်သက်လှတဲ့ သူဟာ တနေ့မှာ ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ပြီး မနက်ခင်း လူစုဝေးကြတဲ့ပွဲကို တက်ရောက်ပါတယ်။ အဲဒီအခါမှာ အရောင်အဆင်း ရှိတာတွေ မဝတ်ဆင်ကြဖို့ ပြောခံရပါတယ်။ အရောင်နဲ့ ပတ်သက်ပြီး ကန့်သတ်ချုပ်ချယ်တဲ့ တာလီဘန်တွေက မြင်ရင် ကန့်ကွက်လာနိုင်လို့ ဆိုပါတယ်။

နေ့စဉ်မှတ်တမ်း နောက်တခုမှာ ရေးထားတာကတော့ စိုးရိမ်ပူပန်နေရတာ ကြီးလွန်းတော့ ဘာဖြစ်ဖြစ် ကြောက်နေရတဲ့ အဖြစ်တခုပါ။

“ကျမ ကျောင်းပြန်လာချိန်မှာပေါ့။ လူကြီးတယောက်က နင့်ကို သတ်မယ်လို့ ပြောသံ ကြားလိုက်ရပါတယ်။ ကျမလည်း ခပ်သုတ်သုတ် ပြေးရတော့တာပါပဲ။ လိုက်များလာနေသလားလို့ ခဏအကြာ နောက်ပြန်ကြည့်လိုက်တဲ့အခါကျတော့မှ အဖြစ်မှန်ကို သိရတော့တယ်။ အဲဒီလူကြီးက အခြားတယောက်ကို ဖုန်းဆက်ပြောနေတာ.. ဖုန်းဆက်ပြီး ခြိမ်းခြောက်နေတာဖြစ်မှန်း သိလိုက်ရတော့တယ်။ အဲဒီတော့မှ ကျမမှာ တော်ပါသေးရဲ့ဆိုပြီး စိတ်သက်သာရာ ရမိပါတော့တယ်။”

လွင်အောင်စိုး
၁ဝ-၁ဝ- ၂ဝ၁၂

Haq Nawaz Khan ရေးတဲ့ Taliban says it shot ‘infidel’ Pakistani teen for advocating girls’ rights ကို ဆီလျော်အောင် မြန်မာဘာသာ ပြန်ဆိုထားတာ ဖြစ်ပါတယ်။

မူရင်း - Taliban says it shot ‘infidel’ Pakistani teen for advocating girls’ rights


Swat ချိုမ့်ဝှမ်းဒေသက တာလီဘန် ထောက်ခံသူများ - Photo: AP

အဖွဲ့ချုပ်ဥက္ကဌကော့မှူးမြို့နယ်သွားရောက်

National League for Democracy
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်သည်၂၀၁၂ခု၊အောက်တိုဘာ(၁၀)ရက်နေ့နံနက်(၉)နာရီ(၂၀)မိနစ်ကကော့မှူးမြို့နယ်သို့ရောက်ရှိသည်။ရှေးဦးစွာဥက္ကဌသည်ကော့မှူးမြို့နယ်အခြေခံအထက်တန်းကျောင်းသို့သွားရောက်ပြီးမြို့နယ်ပညာရေးမှူး၊ကျောင်းအုပ်ဆရာမကြီး၊ဆရာ၊ဆရာမများကခရီးဦးကြိုဆိုနှုတ်ဆက်ကြသည်။ထို့နောက်အထက်
တန်းကျောင်းရှိဆရာ၊ဆရာမများနားနေဆောင်၌ကော့မှူးမြို့နယ်အတွင်းရှိမူကြို၊မူလတန်း၊အလယ်တန်း၊အထက်တန်းကျောင်းမှကျောင်းအုပ်ဆရာ၊ဆရာမကြီးများအားတွေ့ဆုံပြီးပညာရေးနှင့်သက်ဆိုင်သောလိုအပ်ချက်များကိုရဲရဲတင်းတင်းအရှိအရှိတိုင်းတင်ပြရန်ပြောကြားခဲ့သည်။ဆရာ၊ဆရာမကြီးများကလိုအပ်ချက်များကိုတင်ပြဆွေးနွေးခဲ့သည်။ထို့နောက်စာသင်ဆောင်များကိုလိုက်လံလေ့လာကြည့်ရှုပြီးကျောင်း
သား၊ကျောင်းသူများအားစာသင်ကြားရာတွင်အခက်အခဲများကိုမေးမြန်းခဲ့သည်။ဆက်လက်၍မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်ကာဒေသလမ်းပန်းဆက်သွယ်ရေးနှင့်စားကျက်မြေများကိစ္စ၊ရေတွင်း၊ရေကန်များတူးဖော်ရေးနှင့်ပျက်စီးနေသောရေတွင်းရေးကန်များပြန်လည်ပြင်ဆင်ရေးကိစ္စများဆွေးနွေးခဲ့ပြီး(၁၂)နာရီ(၄၀)မိနစ်တွင်ကော့မှူးမြို့မှပြန်လည်ထွက်ခွာလာခဲ့သည်။

Unnoticed visit of Burmese FM to Ottawa


Dear friends and supporters, We would like to inform you that Burmese Foreign Minister Wunna Maung visited to Ottawa last week, but this news was kept low profile.  It comes into our attention since last Saturday, as the state-run New Light of Myanmar reported on this news in its Saturday Oct. 6th publication. We prepared an information release last Saturday in order to inform Burmese-Canadians and friends of Burma; however, it was delayed due to a long weekend in Canada and to verify with DFAIT. Not too long ago, we found out that DFAIT posted a photo on its website. However, it wasn't in the form of media advisory or statement.     Under this circumstance, our initial assumption is still valid to the extent that the visit was kept low profile or even blackout from public attention. Therefore, we decided to go ahead issuing our release initially prepared last Saturday. Please see below: Unannounced Visit of Burmese Foreign Minister to Canada Statement by Canadian Friends of Burma – Saturday Oct. 6, 2012 OTTAWA - Canadian Friends of Burma (CFOB) learned an unannounced but 'official visit' of Burmese Foreign Minister U Wunna Maung to Canada from Oct. 2 to 4. "U Wunna Maung Lwin, Union Minister for Foreign Affairs of the Republic of the Union of Myanmar, paid an official visit to Canada," The state-run newspaper, The New Light of Myanmar, reported on Saturday Oc. 6., 2012. However, Canadians in general and Burmese-Canadians in particular are not aware of his presence in the country. The Department of Foreign Affairs and International Trade (DFAIT) did not seem to make any public announcement or media advisory on his visit. The state-run newspaper indicated that the Burmese Minister visited "At the invitation of the Honorable John Baird, Minister of Foreign Affairs of Canada." During the visit, he is reported to have held a bilateral meeting with the Canadian Foreign Minister, observed the proceedings of the Lower House of the Parliament and inspected renovation of the new Burmese Embassy building in Ottawa. The two ministers also discussed on mutual interest including promotion of Canadian investment and economic cooperation, providing assistance in education, health, HRD, and granting of ODA, continuation of humanitarian assistance, opening of the Canadian Embassy in Burma. The Canadian Friends of Burma (CFOB) thinks it is unnecessary — possibly unprecedented — for the Government of Canada to keep such a ministerial visit secret, to which Burma's state-run newspaper described as an "official visit" and the first time "in over 40 years." Therefore, we urge the Government of Canada, especially foreign affairs officials to be more transparent on policymaking on Burma. -30- For further inquiry, please contact Tin Maung Htoo at  613-297-6835  The Canadian Friends of Burma (CFOB) is federally incorporated, national non-governmental organization working for democracy and human rights in Burma. Contact: Suite 206, 145 Spruce St., Ottawa, K1R 6P1; Tel:  613.237.8056 ; Email: cfob@cfob.org ; Web: www.cfob.org