Thursday, October 11, 2012
၈၈-ခေါင်းဆောင် ကိုကိုကြီး ပြည်ပခရီးစတင်
by Yangon Media Group on Thursday, October 11, 2012 at 3:30am ·
သောင်းထွန်း
အောက် တိုဘာ ၁၁ ရက် နံနက်က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၏ ပထမဆုံး အကြိမ် ဥရောပ ခရီးစဉ်စတင် လိုက်ပြီဖြစ်ကြောင်း သိရသည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးသည် ယင်းနေ့ နံနက် ၈နာရီ မိနစ် ၃ဝအချိန် ထွက်ခွာ သည့် Air Asia လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံ ဗန်ကောက် မြို့သို့ ထွက်ခွာသွားပြီး ထိုမှတစ်ဆင့် ပြင်သစ်၊ ချက်သမ္မတနိုင်ငံတို့အပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံသို့ သွား ရောက်မည်ဖြစ်ကြောင်း သိရသည်။
''ဗန်ကောက်မှတစ်ဆင့် ပြင်သစ် နိုင်ငံ ပါရီမြို့ကို ဆက်လက်ထွက်ခွာပါ မယ်။ ပါရီမြို့မှာ ကျင်းပတဲ့ 5th International March for Freedom နိုင်ငံ တကာ လူ့အခွင့်အရေး နဲ့ ပတ်သက်လို့ ဖိ နှိပ်ခံနေရတဲ့သူတွေ အတွက် လမ်းလျှောက် ချီတက်ပွဲကို ပါဝင်ဆင်နွှဲမယ်။ ပြီးတော့ ပြင်သစ်နိုင်ငံခြားရေး  ဌာနနဲ့လဲ တွေ့ဖို့အစီ အစဉ်ရှိတယ်။ အဲဒီကနေ တဆင့် ချက်သမ္မတနိုင်ငံ၊ Prague  မြို့မှာ အောက်တိုဘာ (၂၀) ရက်နေ့ ကျင်းပပြုလုပ်မယ့် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ညီလာခံတစ်ခုကို တက်ရောက်မယ်၊ အဲဒီနောက် ချက် သမ္မတ  နိုင်ငံခြားရေး  ဝန်ကြီးနဲ့လည်း တွေ့ဖို့ရှိတယ်၊ ထိုမှတဆင့် ဥရောပသမဂ္ဂအဖွဲ့ဝင် (၂၇)နိုင်ငံကို လေ့လာရေး သွားရောက်မှာပါ'' ဟု ဦးကိုကိုကြီးမှ Yangon Media Group  သို့ပြောသည်။
ဦးကိုကိုကြီးက ''ယခုခရီးစဉ်ဟာ လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး အပြန်အလှန် အမြင်ချင်း ဖလှယ်ဆွေးနွေးကြမှာပါ၊ နောက်ပြီး သူတို့နိုင်ငံတွေရဲ့ ဒီမိုကရေစီ စံနှုန်းတွေကို  လည်း လေ့လာမှာ  ဖြစ်ပါတယ်'' ဟု ထပ်လောင်းပြောဆိုသည်။
၈၈ မျိုးဆက်ကျောင်းသားများသည် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ (၁၃) ရက်မှစ၍ အကျဉ်းထောင် အသီးသီးမှ ပြန်လည် လွတ်မြောက်လာပြီးနောက် (၈)လကျော်ကာလအတွင်း ဦးကိုကိုကြီး ၏ ယခုပြည်ပ ခရီးစဉ်မှာ ပထမဆုံး  အကြိမ်ဖြစ်ကြောင်းသိရသည်။
တစ်ဂါလန်အမှန်ဆီထွက်နှုန်းအားကို ၄ ဒသမ ၅၄၆လီတာ အဖြစ် စံသတ်မှတ်
စက်သုံးဆီဆိုင်များရှိ လီတာပန့်များ၏ တစ်ဂါလန်အမှန်ဆီထွက်နှုန်းအားကို ၄ ဒသမ ၅၄၆လီတာ အဖြစ် စံသတ်မှတ်ပြီး တစ်နိုင်ငံလုံး တစ်ပြေးညီသတ်မှတ်ရောင်းချရန် စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်
Thursday, 11 October 2012 17:33
စက်သုံးဆီအရောင်းဆိုင်များ ရှိ လီတာပန့်များ၏ တစ်ဂါလန် အမှန်ဆီထွက်နှုန်းအားကို ၄ ဒသမ ၅၄၆လီတာအဖြစ် စံနှုန်းသတ်မှတ်ပြီး တစ်နိုင်ငံလုံးတစ်ပြေးညီ သတ်မှတ်ရောင်းချရန် စွမ်းအင်ဝန်ကြီး ဌာနမှ အောက်တိုဘာလ ၁၁ရက် နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါ သည်။
စက်သုံးဆီဆိုင်ရှိ လီတာပန့် များ၏ Display Unit တွင် ၄ဒသမ ၅လီတာဟု ဖော်ပြသည့် အချိန်တွင် အမှန်ဆီထွက်နှုန်းအားကို ၄ ဒသမ ၅၄၆လီတာပမာဏဖြစ်စေရန် ပန့် ၏ဂါလန်မီတာကို ချိန်ညှိပြီးတိကျစွာ စံတိုက်၍ တစ်ပြေးညီသတ်မှတ် ရောင်းချရမည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် စွမ်းအင်ဝန် ကြီးဌာနအပါအ၀င် အစိုးရဌာနဆိုင်ရာ အားလုံးသည် နိုင်ငံတကာ၌ အသုံးပြုလျက်ရှိသော မတ်ထရစ် စနစ်သို့ပြောင်းလဲမှု ဆက်စပ်ပုံသတ်မှတ်ချက်များအတိုင်း အသုံးပြုလျက်  ရှိပြီး စက်သုံးဆီအခြင်အတွယ်စနစ် ပြောင်းလဲမှုဆက်စပ်ပုံ သတ်မှတ်ချက်အရ တစ်ဂါလန်လျှင် ၄ ဒသ မ ၅၄၆လီတာဖြစ်ကြောင်း စွမ်း အင်ဝန်ကြီးဌာန မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ကြေညာထားပါသည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ လီတာပန့်အသုံးပြုပြီး တရားဝင်ဖွင့်လှစ် ရောင်းချနေသော စက်သုံးဆီ အရောင်းဆိုင်အားလုံး အဆိုပါသတ်မှတ်ချက်ကို သိရှိလိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် ထိုသို့လုပ်ဆောင် နိုင်ရေးအတွက် မြန်မာနိုင်ငံစက်သုံး ဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေး အသင်းနှင့် ပြည်နယ်၊ တိုင်းဒေသကြီး ရေနံထွက်ပစ္စည်းများတင်သွင်း သိုလှောင် သယ်ယူဖြန့်ဖြူးရောင်းချ ခြင်းလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီများထံ မြန်မာ့ရေနံ ထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း က အသိပေးအကြောင်းကြားပြီး ဖြစ်ကြောင်း သိရပါသည်။
ပုဂ္ဂလိကစက်သုံးဆီဆိုင်များ ဆီအခြင်အတွယ် မပြည့်မှုအကြောင်း အများပြည်သူအကြား ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်မှုများ ထွက်ပေါ်ခဲ့သောကြောင့် ရန်ကုန်တိုင်းအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များကို ၀င်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။
မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း၊ ရန်ကုန်တိုင်း ဒေသကြီးတိုင်းရောင်းဝယ်ရေး အရာရှိရုံး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်း အခွန်များဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနနှင့် ရန် ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့မှ ကိုယ်စားလှယ်များ ပါဝင်သော စစ်ဆေးရေးအဖွဲ့သည် စက်တင်ဘာလ ၂၆နှင့် ၂၇ ရက်နေ့ များတွင် ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် ၂၃ ဆိုင်ကို ရှောင်တခင် ၀င်ရောက်စစ်ဆေးပြီး နောက်၂၁ဆိုင်တွင် စက်သုံးဆီ အခြင်အတွယ်ပြည့်မီခြင်း မရှိကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။
လက်ရှိ မြန်မာ တစ်နိုင်ငံလုံး တွင် ဖွင့်လှစ်ရောင်းချနေသော ပုဂ္ဂ လိကစက်သုံးဆီဆိုင် ၄၀၀ ၀န်း ကျင်ရှိပြီး အသစ်ဖွင့်ခွင့်ပြုရန် စိစစ်နေသည့် အရောင်းဆိုင် ၅၀၀ ကျော် ရှိပါသည်။  ပုဂ္ဂလိက စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးရောင်းချခွင့်ကို ယခင်ကအစိုးရကသာ ထိန်းချုပ်ထားပြီး ၂၀၁၀ပြည့်နှစ် ဇွန်လ ၁၀ ရက်နေ့မှ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချခွင့် ပြုခဲ့ခြင်းဖြစ်သည်။
http://news-eleven.com/index.php?option=com_content&view=article&id=15973:2012-10-11-11-09-04&catid=42:2009-11-10-07-36-59&Itemid=112
ရခိုင်ပြည်နယ် မြို့အချို့ ညမထွက်ရ အမိန့် အချိန်ထပ်မံလျော့ပေါ့
by Yangon Press International on Tuesday, October 9, 2012 at 7:57am ·
အောက်တိုဘာ၊ ၉၊ ၂၀၁၂၊ YPI
ရခိုင်ပြည်နယ်၊ မောင်တောမြို့နှင့် ဘူးသီးတောင်မြို့များတွင် ဇွန်လ(၈)ရက်နေ့က  ထုတ်ပြန်ထားခဲ့သည့် ပုဒ်မ(၁၄၄)အမိန့်မှ ညမထွက်ရ နာရီကန့်သတ်ချက်ကို  ယမန်နေ့က လျော့ချပေးခဲ့ရာ ည ၁၀နာရီမှ နံနက် ၄ နာရီအတွင်း မထွက်ရအဖြစ် ပြောင်းလဲခဲ့သည်ဟု မောင်တော ဒေသခံများက ပြောသည်။
ဇွန်လ အမိန့်စထုတ်ခဲ့စဉ်က ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း  အပြင်မထွက်ရန် ကန့်သတ်ခဲ့ရာမှ သြဂုတ်လ ၉ ရက်နေ့တွင် ပထမအကြိမ် ည ၇နာရီမှ နံနက် ၅ နာရီသို့ လျော့ပေးခဲ့ပြီး ၂ လအကြာတွင် ယခုကဲ့သို့ ထပ်မံလျော့ပေါ့ လိုက်ခြင်းဖြစ်သည်။
ဒေသခံတဦးက ''မနေ့က ညနေလောက်မှာ ကြေငြာပါတယ်။ နံနက် ၄ နာရီ က ည ၁၀ နာရီထိ ထွက်ခွင့်ရပြီ''ဟု ဘူးသီးတောင် ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါဒေသများတွင် တည်ငြိမ်မှုရလာနေကြောင်းလည်း ဒေသခံများက ပြောသည်။ အလားတူ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် သံတွဲ၊ ကျောက်ဖြူ နှင့် ရမ်းဗြဲမြို့များတွင် အမိန့်အား ရုပ်သိမ်း လျော့ချရေးအတွက် အာဏာပိုင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများ ပြီးခဲ့သည့် စက်တင်ဘာ ၁၉ တွင် ညှိနှိုင်းခဲ့ကြသည်။
ထို့နောက် ရုပ်သိမ်းပေးရန်အတွက် ပြည်နယ်သို့ တင်ပြရန် ဆုံးဖြတ်ကြောင်း အစည်းအဝေးတက်ရောက် ခဲ့သူ သံတွဲဒေသခံတစ်ဦးက ပြောသည်။
မကြာမီ ပွင့်လင်းရာသီရောက်ရှိလာပြီး ခရီးသွားရာသီ ရောက်ရှိလာတော့မည်ဖြစ်ရာ ရခိုင်ပြည်နယ်တွင်းရှိ ခရီးသွားဒေသများမှ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်းကို စဉ်းစားသွားမည်ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက ပြည်တွင်းဂျာနယ်တစ်ခုနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
မေလကုန်နှင့် ဇွန်လ ဆန်းတွင် ရခိုင်ပြည်နယ် စစ်တွေ၊ တောင်ကုတ်၊ မောင်တောနှင့် ဘူးသီးတောင်မြို့များတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု နှင့် လူနေအိမ် ဘာသာရေး အဆောက်အဦများ မီးရှို့ခံရမှုတို့ကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ ရခိုင်ပြည်နယ်အား အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းအကြမ်းဖက်မှုများကြောင့် လူ ၉၀ နီးပါး သေဆုံးခဲ့ကာ ၁၀၀ ကျော်ဒဏ်ရာရရှိကာ သောင်းနှင့် ချီအိုးအိမ်မဲ့ဖြစ်ခဲ့ရသည်။      ။
တိုင်းဒေသကြီး ၀န်ကြီးချုပ် လွတ်တော်ကို တောင်းပန်မည်။
by Yangon Press International on Wednesday, October 10, 2012 at 1:53am · အောက်တိုဘာ ၁၀၊ ၂၀၁၂၊ မျိုးမင်းထွန်း YPI
ဆက်လက်ကျင်းပလျှက်ရှိသည့် ဧရာဝတီတိုင်း လွှတ်တော် ယနေ့ အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ၀န်ကြီး တဦးတို့ တိုင်းဒေသကြီးလွှတ်တော်ကို တောင်းပန်မည့် အစီအစဉ် ပါဝင်သည်ဟု အစီအစဉ် ထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည်။
ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဖြစ်သူ ဦးသိန်းအောင်နှင့် လမ်းပန်းဆက်သွုယ်ရေး ၀န်ကြီး ဦးသန်းထွန်းတို့က တိုင်းဒေသကြီးလွှတ်တော်ကို တောင်းပန်မည့် အစီအစဉ်ဖြစ်သည်။
ယင်းအစီအစဉ်ပြီးနောက်တွင် တိုင်းဝန်ကြီူးချုပ်နှင့် ၀န်ကြီးတဦးအား စွပ်စွဲပြစ်တင်မည့် ကိစ္စရပ်နှင့် ပတ်သက်၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ် လည်းပါဝင်သည်ကို တွေ့ရှိရသည်။
တိုင်းဒေသကြီး လွှတ်တော် စတုထ္ထပုံမှန် အစည်းအဝေးတွင် ဥက္ကဋ္ဌ အားမြင်တွေ့ရစဉ်။
တိုင်းဒေသကြီး ၀န်ကြီးချုပ်က လွှတ်တော် ကိုယ်စားလှယ်များအား တာဝန်နှင့် လုပ်ပိုင်ခွင့် တားဆီး၍ ပြည်သူနှင့် အဆက်ဖြတ်ထားသည် ဟု ဇွန်လအတွင်း စွပ်စွဲပြောဆိုမှုများရှိခဲ့ရာမှ စွပ်စွဲပြစ်တင်မှုြု့ပုလုပ်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းထံ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်က ပြီးခဲ့သည့် ဇွန်လအတွင်း တင်ပြခဲ့သည်။
သို့ရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက ထိုသို့ မလုပ်ရန် မေတ္တာရပ်ခံသဖြင့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုဋ္ဌာနချုပ်တွင် ဆွေးနွေးခဲ့သည်ဟု စက်တင်ဘာ ၂၄ ရက်နေ့က ပုသိမ်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဆန်းဆင့်က ပြောဆိုသည်။ ယင်းသတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ၂ ပတ်အကြာတွင် ယခု တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် တိုင်းဝန်ကြီးချုပ်က တောင်းပန်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
ယခုလ ၈ ရက်နေ့မှစတင်သည့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၏ စတုတ္ထပုံမှန် အစည်းအဝေး  နောက်ဆုံးနေ့ဖြစ်သည့် ယနေ့တွင် ယင်းအစီအစဉ်များကို ထည့်သွင်းထားကြောင်း လွှတ်တော်၌ သတင်းယူနေသည့် သတင်းထောက်က ပြောသည်။
ယနေ့နံနက်ပိုင်း လွှတ်တော်တွင်မူ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်မှာ အမေရိကန် ဧည့်သည်နှင့် တွေ့ဆုံရန်ရှိသဖြင့် နံနက်ပိုင်းခွင့် ပန်ကြားထားကြောင်းလည်း သိရှိရသည်။
ယနေ့ ကျင်းပသည့် လွှတ်တော်အစည်းအဝေး ဆွေးနွေးတင်ပြကြမည့်အကြောင်းအရာများ အနက် ကျုံပျော်မြို့နယ် ရှားခဲအင်း ကျေးရွာသားများအား ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များအား အရေးယူရန် အဆိုလည်း ပါဝင်ကြောင်းသိရှိရသည်။ ယင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ် (၅) ဦးက ပါဝင်ဆွေးနွေးရန် စာရင်းပေးထားကြောင်းလည်း သိရသည်။    ။
တိုင်းဝန်ကြီးချုပ်ကို ဗဟိုအစိုးရကသာ စီရင်ပိုင်ခွင့်ရှိဟု သမ္မတသ၀ဏ်လွှာပို့
by Yangon Press International on Thursday, October 11, 2012 at 6:38am ·
အောက်တိုဘာ ၁၁၊ ၂၀၁၂၊ မျိုးမင်းထွန်း YPI
ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ၀န်ကြီးချုပ်နှင့် ၀န်ကြီးတို့အား တိုင်းဒေသကြီး လွှတ်တော်ထက် ပြည်ထောင်စု အစိုးရကသာ စီရင်ပိုင်ခွင့်ရှိကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်က တိုင်းဒေသကြီးလွှတ်တော်သို့ ယမန်နေ့က ပေးပို့သည့် သ၀ဏ်လွှာ တွင်ဖေါ်ပြထားသည်။
ယခုလ ၈ ရက်နေ့မှ စတင်ကျင်းပလျှက်ရှိသည့် ဧရာဝတီတိုင်း ဒေသကြီး၏ စတုတ္ထအစည်းအဝေး၌ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် အခြားဝန်ကြီးတဦးတို့အား စွပ်စွဲပြစ်တင်ရန် စီစဉ်ချိန်တွင် ယခုကဲ့သို့ နိုင်ငံတော် သမ္မတဦးသိန်းစိန်က တိုင်းဒေသကြီးလွှတ်တော် သို့ သ၀ဏ်လွှာပေးပို့လာခြင်း ဖြစ်သည်။
ယင်းသ၀ဏ်လွှာကို ယမန်နေ့ မွန်းလွဲပိုင်းလွှတ်တော်တွင် တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်က ဖတ်ကြား ပြခဲ့ရာ သမ္မတက အခြေခံဥပဒေ အကိုးအကားဖြင့် ယင်းသို့ညွှန်းဆိုထားကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် စတင်သည့် အောက်တိုဘာ (၈) ရက်နေ့က လွှတ်တော် တက်ရောက်လာသူများကို တွေ့မြင်ရစဉ်။
၃ ရက်ကြာကျင်းပသည့် လွှတ်တော်အစည်းအဝေး တတိယမြောက်နေ့တွင် တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် ၀န်ကြီးတဦးတို့ကို လွှတ်တော်လုပ်ငန်းများ ဆောင်ရွက်မရအောင် တားဆီးမှုနှင့် လွှတ်တော် ကိုယ်စားလှယ်များအား ပြည်သူလူထုနှင့် အဆက်ပြတ်စေရန် လုပ်ဆောင်မှုများဖြင့် တိုင်းဒေသကြီး လွှတ်တော်မှ စွပ်စွဲပြစ်တင်မည့် အစီအစဉ် ထည့်သွင်းထားခဲ့သော်လည်း ကာယကံရှင် ဖြစ်သည့် ၀န်ကြီးချုပ်ဦးသိန်းအောင်နှင့် တိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီး ဦးသန်းထွန်းတို့ တက်ရောက်ခြင်းမရှိသဖြင့် ယမန်နေ့က အထမမြောက်ခဲ့ဟု လွှတ်တော်ကိုယ်စားလှယ်များ ကပြောသည်။
ယင်းသို့ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ အားပြိုင်နေချိန်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ တာဝန်အရှိဆုံးဖြစ်သည့် သမ္မတထံမှ သ၀ဏ်လွှာ ပေးပို့လာခြင်းဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်၏ စတုထ္ထ အစည်းအဝေးကို လာမည့် အောက်တိုဘာ ၁၉ ရက်သို့ ထပ်မံချိန်းဆိုလိုက်သည်ဟု လည်းသိရှိရသည်။
ယမန်နေ့က လွှတ်တော်တွင် လူမှုရေး ဖောက်ဖျက်မှုများနှင့် ငွေကြေးအလွဲသုံးစားမှုများရှိသည်ဟု စွပ်စွဲခံရသူ အင်္ဂပူမြို့နယ်  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်စိုးအား စွပ်စွဲပြစ်တင်မှုပြုလုပ်ကာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ အရေးယူရန် တင်ပြခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အား ယင်းစွပ်စွဲချက်များဖြင့် အထူးအဆို တင်သွင်း စွဲဆိုခွင့်ရှိသော်လည်း အရေးယူခြင်းကိုမူ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကသာ ဆောင်ရွက်ပိုင်ခွင့်ရှိသည့် သဘောဖြစ်သည်ဟု သိရှိရသည်။      
Oppa Burma Style
Zarganar Gossiping about Myanmar political world
လယ်တီဆရာတော် ဘုရားကြီး သီတင်းသုံး ခဲ့တဲ့ ကျောင်း စေတီ နဲ့ လှိုဏ်ဂူတို့ ကို မိုင်းခွဲ ဖျက်ဆီး
DVB TV News Oct 11, 2012 8:30am
မုံရွာခရိုင်အတွင်းရှိ လယ်တီဆရာတော် ဘုရားကြီး သီတင်းသုံး ခဲ့တဲ့ ကျောင်း စေတီ နဲ့ လှိုဏ်ဂူတို့ ကို မိုင်းခွဲ ဖျက်ဆီးလိုက်တဲ့အတွက် စစ်တပ်ပိုင်ဦးပိုင် ကုမဏီနဲ့ တရုတ်နိုင်ငံက ၀မ်ပေါင်ကုမဏီတို့ ကိုဒေသခံတွေ က တရားစွဲမယ် လို့ ပြောဆိုနေကြပါတယ်။ ဦးအောင်ဇော်ထက်တင်ဆက် ။ ရိုက်ကူးမတင်မာဆွေ။
ဒေါ်အောင်ဆန်းစုကြည်သုံးခွသို့ရောက်ရှိ
DVB TV News
၁၁ အောက်တိုဘာ ၂၀၁၂။ ဒေါ်အောင်ဆန်းစုကြည် သုံးခွမြို့နယ်မှာ ပြောကြားချက် (ရိုက်ကူး - ခွန်ခေါင်)
အကြံအဖန်လှိုင်း အလိမ်အညာမှိုင်းကို ဒေါက်တာစင်သီယာက ဖွင့်ချခြင်း
by ဂါ မဏိ on Thursday, October 11, 2012 at 6:40am ·
မြန်မာနိုင်ငံပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့နှင့် မယ်တော်ဆေးခန်းဝန်ထမ်းအဖွဲ့တို့ တွေ့ဆုံမှုအပေါ် သဘောထားထုတ်ပြန်ကြေညာချက်
အနှစ်ချုပ်
ဇွန်လ နှင့် သြဂုတ်လများတွင် သမတရုံးဝန်ကြီးဌာန ဝန်ကြီး(တွေ့ဆုံစဉ်ကမီးရထားဝန်ကြီး) ဦးအောင်မင်းဦးဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သည် မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင် အပါအဝင် အခြားသောမယ်တော်ဆေးခန်းဝန်ထမ်းအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။ ဝန်ကြီးနှင့်အဖွဲ့သည် မယ်တော်ဆေးခန်း သို့လည်း အလည်အပတ်လာရောက်ခဲ့ပြီး ပြုလုပ်ခဲ့သောအစည်းအဝေးများသည် အလွတ်သဘောသာ ဖြစ်ခဲ့သည်။ သို့သော်လည်း ဒေါက်တာစင်သီယာမောင်သည် ဦးအောင်မင်းအဖွဲ့နှင့် ဆွေးနွေးလိုသည့် အဓိကအကြောင်းအရာ (၃) ချက်ကို ရှင်းလင်းတင်ပြခဲ့သည်။
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံရှိ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၏ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လာအောင် ပြုလုပ်ရန်၊ အထူးသဖြင့် မြဝတီဆေးရုံ၊ မယ်တော်ဆေးခန်းနှင့် မဲဆောက်ဆေးရုံကြား လူနာလွဲပြောင်းမှုစနစ် (Referral System) လိုအပ်နေမှု။ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာပြည်သားမိဘများမှ မွေးဖွားလာသောကလေးသူငယ်များ နိုင်ငံမဲ့ဖြစ်နေမှုအပေါ် ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းများရှာဖွေချမှတ်ရန်၊ အထူးသဖြင့် မြန်မာနိုင်ငံသားမိဘများမှ မယ်တော် ဆေးခန်းနှင့် မဲဆောက်ဆေးရုံတို့တွင် မွေးဖွားခဲ့သောကလေးသူငယ်များ၏ နိုင်ငံသားခံယူခွင့်ရရှိရန် လိုအပ်နေမှု ။ထိုင်း-မြန်မာနယ်စပ်ဒေသအတွင်းရှိ ကျန်းမာရေး၊ ပညာရေး၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေကြသူများအတွက် ၎င်းတို့၏ သက်ဆိုင်ရာနယ်ပယ်အလိုက် တတ်ကျွမ်းမှုများအပေါ် တရားဝင် အသိအမှတ်ပြုမှုရရှိရန် လိုအပ်နေမှု။
ဤအချက် (၃) ချက်ကို ဆွေးနွေးအဖြေရှာမှုများ ပြုလုပ်နိုင်ခြင်းမရှိသေးသည့်အပြင် အစိုးရကိုယ်စားလှယ် ဦးအောင်မင်းအဖွဲ့မှ သတင်းဌာနများသို့ ဒေါက်တာစင်သီယာမောင် မြန်မာပြည်တွင် ဆေးရုံးပြန်လည် ဖွင့်လှစ်မည်ဟု အဓိပ္ပါယ်သက်ရောက်စေသည့် တရားဝင်မဟုတ်သည့် ညွှန်းဆိုပြောကြားမှုများ ပြုလုပ်ခဲ့သည်။ အကျိုးဆက်အားဖြင့် အများပြည်သူများအကြား နားလည်မှုလွဲမှားခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေခဲ့သည်။ ဒေါက်တာစင်သီယာ မောင်သည် မြန်မာပြည်အတွင်းတွင် တရားဝင် ဆေးရုံတည်ထောင်ရန် ရည်ရွယ်ချက် လုံးဝမရှိသေးပေ။ ထို့ပြင် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ (ethnic health organisations) နှင့် လူထုအခြေပြုလူမှုအသင်းအဖွဲ့များ (community-based organisations) ၏ ကျန်းမာရေးလုပ်ငန်းများအပါအဝင် ရှိထားပြီးသောကျန်းမာရေးအဆောက်အအုံများကို အရည်အသွေးတိုးမြှင့်ပေးရန်နှင့် ပိုမိုခိုင်မာလာအောင် ပြုလုပ်ရန် အစိုးရတွင် အဓိက တာဝန်ရှိသည်ဟု မယ်တော်ဆေးခန်းမှ ခံယူထားသည်။ တိုင်းရင်းသားကျန်းမာရေးအဖွဲ့များနှင့် လူထုအခြေပြုလူမှုအသင်းအဖွဲ့များ၏ ရှိပြီးသားကျန်းမာရေးဝန်ဆောင်မှုပစ္စည်းများနှင့် နယ်လှည့်ကျန်းမာရေးအဖွဲ့များမှတဆင့် ရရှိထားသောအတွေ့အကြုံများ၊ အများလက်ခံယုံကြည်မှုများနှင့် လုပ်နိုင်ခွင့်များသည် ထိရောက်ပြီး ပြည့်စုံသောကျန်းမာရေးစောက်ရှောက်မှုစနစ်တခုတည်ဆောက်ရာတွင် မရှိမဖြစ်လိုအပ်သည့် အရာများဖြစ်သည်။ သို့မှသာ မြန်မာပြည်သားများ “အားလုံးအတွက်ကျန်းမာရေး” Health for All ထောက်ပံ့ပေးခြင်းဆိုသောရည်ရွယ်ချက် အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။ ဤရည်ရွယ်ချက်ကို တိုင်းရင်းသားဒေသများတွင် စတင်အကောင်အထည်ဖော်ရန် လေးနက်သောဆွေးနွေးမှုများ ယနေ့အချိန်အထိ မရှိသေးပေ။ အထူးသဖြင့် တိုင်းရင်းသားဒေသအများအပြားတွင် ကျန်းမာရေးဝန်ဆောင်မှုများ ချဲ့ထွင်နိုင်ရန် ဆောင်ရွက်လျက်ရှိသော ဒေသတွင်းကျန်းမာရေးဝန်ဆောင်မှုများကို အလေးထားအသိအမှတ်ပြု ထောက်ပံ့ပေးရမည်။ ဤဒေသတွင်းကျန်းမာရေးဝန်ဆောင်မှုများသည် မြန်မာပြည်အတွင်းရှိ ထောင်ပေါင်းများစွာသောပြည်သူများ၊ အထူးသဖြင့် ဝေးလံခေါင်ဖျားသော ကျေးလက်ဒေသများတွင် နေထိုင်နေကြသော တိုင်းသားလူမျိုးများအတွက် အခြေခံကျန်းမာရေးဝန်ဆောင်မှုများရရှိနိုင်အောင် မဖြစ်မနေပံ့ပိုးပေးရမည်။ လက်ရှိတွင် အသုံးစရိတ်အလွန်နည်းပါးပြီး ဗဟိုချုပ်ကိုင်မှု အလွန်မြင့်မားသောအစိုးရကျန်းမာရေးစနစ်အောက်၌ တိုင်းရင်းသားဒေသများတွင် အခြေခံကျန်းမာရေးဝန်ဆောင်မှုများ ထောက်ပံ့ပေးနိုင်ခြင်း မရှိသေးပေ။
ဒေါက်တာစင်သီယာမောင် တင်ပြသည့် အကြောင်းအရာသုံးချက်မှာ ထိုသို့သောအခြေအနေများကို ကိုင်တွယ်ရန် အခြေခံကျသောကနဦးခြေလှမ်းများ ဖြစ်သည်။
နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးတည်ဆောက်ရန် ကြိုးပမ်းမှုများ၊ မယ်တော်ဆေးခန်းဝန်ထမ်းများနှင့် အခြားမြန်မာပြည်မှ ကျန်းမာရေးလုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ဆုံဆွေးနွေးမှုများအပေါ် မယ်တော်ဆေးခန်းအနေဖြင့် ကြိုဆိုပါသည်။ ထိုသို့သောကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်မည့်အပြင် မြန်မာပြည်သူများ အတွက် ကျန်းမာရေးဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာစေရန် စစ်မှန်သောလက်တွဲလုပ်ဆောင်မှုများ ရှိလာလိမ့်မည်ဟုလည်း မျှော်လင့်ပါသည်။ မိမိတို့အနေဖြင့် ဒေသတွင်းစီမံမှုဗဟိုပြုသော (Community-managed) အခြေခံကျန်းမာရေးဝန်ဆောင်မှုနည်းစနစ်ကို ဆက်လက်ထောက်ခံတောင်းဆိုသွားမည်ဖြစ်ပြီး ကျန်းမာရေးဝန်ဆောင်မှု အခွင့်အလမ်းများကို ချဲ့ထွင်နိုင်ရန် မိမိတို့၏ မိတ်ဆွေအဖွဲ့အစည်းများ၊ မြန်မာပြည်အရှေ့ပိုင်းတွင် လုပ်ကိုင်လျက်ရှိသော တိုင်းရင်းသားကျန်းမာရေးအဖွဲ့များ (EHOs)၊ မဲဆောက်ဆေးရုံအပါအဝင် အခြားသော ထိုင်းနိုင်ငံကျန်းမာရေးဌာနများနှင့် အတူ ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့နှင့် ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်လိုပါသည်။ သို့သော် မယ်တော်ဆေးခန်းမှ အကြိမ်ကြိမ်တင်ပြခဲ့ပြီးဖြစ်သော အကြောင်းအရာ (၃) ချက်အတွက် အဖြေရှာနိုင်ရန် ထိုသို့တွေ့ဆုံဆွေးနွေးမှုများသည် တရားဝင်ဖြစ်ပြီး အများပါဝင်မှုရှိကာ တိကျသော ဆွေးနွေးချက်အကြောင်းအရာများ၊ ခိုင်မာပြီးအချိန်သတ်မှတ်ချက်ရှိသော အဆိုပြုချက်များပါဝင်ရပါမည်။ ဤကနဦးဖြစ်စဉ်ကို မိမိတို့လူနာများနှင့် ဒေသခံရပ်ရွာလူထုအတွက် အကျိုးဖြစ်ထွန်း စေမည့် ခိုင်မာသောလုပ်ဆောင်ချက်များအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
အစည်းအဝေးအသေးစိတ်
ဇွန်လ ၂၆ ရက်နေ့တွင် ဒေါက်တာစင်သီယာမောင်သည် ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့မှ နေ့လည်စာစားရင်း တွေ့ဆုံမှုပြုရန် ဖိတ်ကြားထားချက်အရ ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ Wattana Village Resort တွင် ဝန်ကြီးဦးအောင်မင်းနှင့် အလွတ်သဘောတွေ့ဆုံရန် သွားရောက်ခဲ့သည်။ အဆိုပါတွေ့ဆုံမှုသည် အလွန်တိုတောင်းခဲ့ပြီး ဒေါက်တာစင်သီယာ မောင်မှ အဓိကအကြောင်းအရာ (၃) ချက်ကို ငြိမ်းချမ်းရေးအဖွဲ့ထံ တင်ပြနိုင်ခဲ့သည်။ ဇွန်လ ၂၇ ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီးဦးခင်ရီ၊ Dawei Princess နှင့် Myanmar Egress ဦးဆောင်အဖွဲ့ဝင်များအပါအဝင် ဦးအောင်မင်းနှင့်အဖွဲ့သည် မယ်တော်ဆေးခန်းသို့ အလည်အပတ် လာရောက်ခဲ့သည်။ ဤနှစ်ကြိမ်တိုင် တွေ့ဆုံမှုသည် အလွတ်သဘောသာဖြစ်ခဲ့သလို  ဆွေးနွေးချက်များအနည်းအကျဉ်းသာရှိခဲ့ပြီး တိကျသောဆွေးနွေးမှုများနှင့် ခိုင်မာသောရလာဒ်များ မရှိခဲ့သော်လည်း အလည်အပတ်လာရောက်မှုအပေါ် ဒေသခံ မီဒီယာများ၊ အာရှဒေသတွင်းမီဒီယာများနှင့် နိုင်ငံတကာမီဒီယာများမှ အလုံးအရင်းနှင့် ပြန်လည်ဖော်ပြ အစီရင်ခံမှုများ ရှိခဲ့သည်။
ဝန်ကြီးဦးအောင်မင်းမှ ဇနီးဖြစ်သူဒေါက်တာဝေဝေသာကို မယ်တော်ဆေးခန်းသို့ အလည်လိုက်လာစေလို၍ အစိုးရ အဖွဲ့၏ တောင်းဆိုမှုအရ သြဂုတ်လ ၅ ရက်နေ့တွင် အစည်းအဝေးတရပ် ကျင်းပခဲ့သည်။ ထို့ကြောင့် ဒေသတွင်းနယ်စပ်ဖြတ်ကျော် ပူးပေါင်းလုပ်ဆောင်မှုများအကြောင်း စတင်ဆွေးနွေးမှု ပြုလုပ်နိုင်ရန် ဒေါက်တာစင်သီယာ မောင်မှ မြဝတီဆေးရုံမှ ဆရာဝန်များကိုပါ အစည်းအဝေးသို့ ဖိတ်ခေါ်ရန် တောင်းဆိုခဲ့သည်။ ဤအစည်းအဝေးသည် လည်း အလွတ်သဘောသာဖြစ်ခဲ့ပြီး ငြိမ်းချမ်းရေးအဖွဲ့မှ ဖိတ်ကြားခဲ့သော တက်ရောက်သူများ၏ အခန်းကဏ္ဍကို ရှင်းလင်းပြောကြားခဲ့ခြင်း မရှိပေ။ ဇွန်လ ၂၆ ရက်နေ့တွင် တင်ပြခဲ့သော အဓိကအကြောင်းအရာ (၃) ချက်အပေါ် ဒေါက်တာစင်သီယာမောင်မှ ထပ်မံတင်ပြခဲ့သည်။ နေ့လည်ထမင်းစားချိန်အပြီးတွင် ဦးအောင်မင်းနှင့်အဖွဲ့မှ ၎င်း၏ဇနီးကို လာကြိုကာ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ ထိုအချိန်တွင်လည်း မီဒီယာများစွာမှ လာရောက်သတင်းယူနေခဲ့သည်။ ဤအလည်အပတ်လာရောက်မှုအပေါ် ဒေသခံထိုင်းအာဏာပိုင်များမှ များစွာသတိထားအာရုံစိုက်လာပြီး မေးခွန်းများစွာ မေးမြန်းလာခဲ့သည်။ ဒေါက်တာဝေဝေသာ၊ မြဝတီမှဒေါက်တာတဦး၊ မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန် တဦး၊ မဲဆောက်ဆေးရုံညွှန်ကြားရေးမှူးနှင့် မယ်တော်ဆေးခန်းတို့ တွေ့ဆုံဆွေးနွေးနိုင်ရန် အစည်းအဝေးတခုကို မယ်တော်ဆေးခန်းမှ စီစဉ်ပြုလုပ်ခဲ့သည်။
အောက်ပါ အဓိကအကြောင်းအရာ (၃) ချက်ကို ဖြေရှင်းနိုင်ရန် များစွာသောလုပ်ငန်းဆောင်တာများလုပ်ဆောင်ရန် ကျန်ရှိနေသေးသည်မှာ ဆွေးနွေးမှုများအရ ထင်ရှားနေသည်။
လွှဲပြောင်းမှုစနစ်
မြဝတီဆေးရုံ၊ မယ်တော်ဆေးခန်းနှင့် မဲဆောက်ဆေးရုံတို့ တခုစီ၌ လက်ခံတာဝန်ယူပေးသော လူနာအရေအတွက်နှင့် တပ်ဆင်ထားရှိသော ပစ္စည်းကိရိယာများကို နှိုင်းယှဉ်ကြည့်သောအခါ မြန်မာအစိုးရ၏ဆေးရုံကို အရည်အသွေး မြှင့်တင်ရန်နှင့် ပစ္စည်းကိရိယာများထပ်မံတိုးချဲ့ထားရှိရန် လိုအပ်နေသည်မှာအထင်အရှားပင်ဖြစ်သည်။  လက်ရှိအချိန်တွင် မြဝတီဆေးရုံ၌ လူနာကုတင် ၅၀ သာရှိပြီး မွေးကင်းစကလေးငယ်များစောင့်ရှောက်မှုအတွက် ပစ္စည်းကိရိယာများ မရှိပေ။ ကေ့စ် (case) အရေအတွက်ကို နှိုင်းယှဉ်ကြည့်ပါက မယ်တော်ဆေးခန်းမှ နှစ်စဉ် ကလေးငယ် ၃၀၀၀ ခန့်ကို မွေးပေးပြီး မဲဆောက်ဆေးရုံမှလည်း နှစ်စဉ်ကလေးငယ် ၃၀၀၀ ခန့်ကို မွေးပေးလျက်ရှိသည်။ မဲဆောက်ဆေးရုံမှ မွေးပေးသောကလေးတဝက်နီးပါးမှာ မြန်မာပြည်သားကလေးငယ်များ ဖြစ်သည်။ မြဝတီဆေးရုံမှ နှစ်စဉ် ကလေးငယ် ၁၂၀၀ ခန့်ကိုသာ မွေးပေးခဲ့သည်။ မြဝတီဆေးရုံမှ ကုသမှုမပြုနိုင်သောလူနာများကို မယ်တော်ဆေးခန်း (သို့မဟုတ်)မဲဆောက်ဆေးရုံသို့ ပို့လွှတ်သည်။ ထို့သို့ ပို့လွှတ်သော်လည်း လူနာလွှဲပြောင်းမှုစာရွက်စာတမ်းများ မပေးပို့သည့်အပြင် ဆေးရုံဆေးခန်းနှစ်ခုကြား နောက်ဆက်တွဲဆွေးနွေးမှုများလည်း မရှိပေ။ ထို့ကြောင့် ရပ်ရွာဒေသအတွင်းအဆင့်ဆင့် ချိတ်ဆက်လုပ်ဆောင်မှုများကို ခွင့်ပြုထားခြင်းမရှိသည်မှာ ထင်ရှားနေသည်။ ထိုင်းနိုင်ငံရှိဆေးရုံများနှင့် ဆက်သွယ်ရေး ပြုလုပ်ရာတွင် ဗဟိုမှတဆင့်သာ ပြုလုပ်နေရပြီး လပေါင်းများစွာအထိ ကြာမြင့်နိုင်သည်။
မွေးစာရင်း
ယနေ့အချိန်အထိ ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့သည် ဤပြဿနာအပေါ် အမှန်တကယ်နားလည်သဘောပေါက်ခြင်း မရှိပေ။ လက်ရှိအစိုးရ၏ စည်းမျဉ်းစည်းကမ်းများသည် နယ်စပ်ရှိ နိုင်ငံမဲ့ကလေးငယ်များပြဿနာကို ဖြေရှင်းရာတွင် အတားအဆီးများစွာ ဖြစ်စေသည်။
ကျွမ်းကျင်ဝန်ထမ်းများကို တရားဝင်ထောက်ခံအသိအမှတ်ပြုမှု
ဒေါက်တာစင်သီယာမောင်သည် ထိုင်း-မြန်မာနယ်စပ်တွင် လက်ရှိကျင့်သုံးနေသော ကျန်းမာရေးလုပ်သားများအတွက် တရားဝင်အသိအမှတ်ပြုမှုစံနှင့် ၎င်းစံနှုန်းအဆင့်တခုစီတွင်ရှိသော ကျန်းမာရေးလုပ်သားများ ပံ့ပိုးပေးနိုင်သော ကျန်းမာရေးဝန်ဆောင်မှုအဆင့်များကို တင်ပြနိုင်ခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ အတွင်းရှိ ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများ၏ တင်ပြချက်အပေါ် အားရကျေနပ်မှုရှိခဲ့ပြီး ခိုင်မာသောလုပ်ငန်းအစီစဉ်များ (သို့မဟုတ်) အဆိုပြုချက်များရေးဆွဲချမှတ်မှုနှင့် နောက်ဆက်တွဲလုပ်ငန်းအစီအစဉ်များ ချမှတ်ခြင်းအထိမရှိခဲ့သော်လည်း ၎င်းကိစ္စအတွက် ဖြစ်နိုင်ခြေရှေ့ဆက် ချိတ်ဆက်လုပ်ဆောင်မှုအပေါ် မှတ်ချက်ပြုသွားခဲ့သည်။
နိဂုံး
မြန်မာနိုင်ငံ၏ကျန်းမာရေးစနစ် တိုးတက်ကောင်းမွန်လာစေရေးအတွက် ချိတ်ဆက်၍ ပူးပေါင်းလုပ်ဆောင်ရန် မြန်မာနိုင်ငံ အစိုးရ၏ ယခုကဲ့သို့ အစပြုကမ်းလှမ်းလာမှုအပေါ် မယ်တော်ဆေးခန်းမှ ကြိုဆိုပါသည်။ သို့သော်လည်း ဤရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရန် ခိုင်မာသည့်ရလာဒ်များနှင့်တိုးတက်ဖြစ်ထွန်းမှုများ မရှိသေးပေ။ ဖြစ်စဉ် ရှေ့ဆက်ရွေ့လျားနိုင်ရန် မယ်တော်ဆေးခန်းသည် ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့နှင့် ဆက်လက်ဆွေးနွေးသွားရန် ဆုံးဖြတ်ထားသော်လည်း အောက်ပါအခြေအနေများတွင်သာ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်သည်။
အနာဂတ်တွေ့ဆုံမှုများသည် တရားဝင်တွေ့ဆုံမှု ဖြစ်ရမည်။ ရှင်းလင်းစွာချမှတ်ထားသော တရားဝင် ဆက်သွယ်ရေးလမ်းကြောင်းများမှတဆင့် နှစ်ဦးနှစ်ဘက် သဘောတူညီထားသည့် ရှင်းလင်းသော အစည်းအဝေးအစီအစဉ် ရှိရမည်။လူနာများအတွက် လျှို့ဝှက်ထားရန်လိုအပ်မှုအပေါ်ရှေးရှု၍လည်းကောင်း၊ အရေးကြီးသော ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို အနှောက်အယှက် မဖြစ်စေရေးအတွက်လည်းကောင်း အနာဂတ်အစည်းအဝေးများကို မည်သည့်အဖွဲ့၏ လွှမ်းမိုးမှုအောက်တွင်မှ မရှိသော ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ ကြားနေ နေရာ တခုတွင် ပြုလုပ်ရမည်။ထိုအစည်းအဝေးများအကြောင်းကို မီဒီယာများတွင် ပြန်လည်ဖော်ပြမှုနှင့်စပ်လျဉ်းပြီး မယ်တော်ဆေးခန်းမှ ကြိုတင်သဘောတူညီထားမှု ရှိရမည်။ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့မှ အနာဂတ်အစည်းအဝေးများ တက်ရောက်မည့်သူများသည် မယ်တော် ဆေးခန်းမှ တင်ပြထားသော အဓိကဦးစားပေးအကြောင်းအရာ (၃) ခုကို ကိုင်တွယ်ဖြေရှင်းရန် သင့်လျော်သော ကျောထောက်နောက်ခံနှင့် ရာထူးရှိသူများ ဖြစ်ရမည်။လုံခြုံရေးနှင့် ပွင့်လင်းမြင်သာရေးတို့ကိုရှေးရှု၍ အစည်းအဝေးတက်ရောက်မည့်သူများ၏ နောက်ခံသမိုင်း ကြောင်းများနှင့် အစည်းအဝေးအတွင်း ၎င်းတို့၏အခန်းကဏ္ဍ နှင့်စပ်လျဉ်းသည့် အချက်အလက်များကို အစည်းအဝေးမပြုလုပ်မီ ကြိုတင်ဖလှယ်ထားရမည်။ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့အနေဖြင့် အနာဂတ်တွင်ပြုလုပ်မည့် အစည်းအဝေးများအတွက် ထိုင်းအာဏာပိုင် များထံမှ ကြိုတင်ခွင့်တောင်းမှု ပြုရမည်။ ကျန်းမာရေးဝန်ဆောင်မှုပေးသည့် မယ်တော်ဆေးခန်းအနေဖြင့် အဆိုပါကြိုတင်ခွင့်တောင်းမှု တောင်းဆိုရန် သင့်လျော်မှု မရှိပေ။ မယ်တော်ဆေးခန်းအနေဖြင့် အနာဂတ်ဆွေးနွေးမှုများသည် ဇွန်လ ၂၆ ရက်နေ့တွင် ဒေါက်တာစင်သီယာမောင်မှ တင်ပြခဲ့သောအကြောင်းအရာ (၃) ချက်အပါအဝင် အခြားသော မြန်မာပြည်သူများ နှစ်ပေါင်းများစွာရင်ဆိုင်နေရသော ပြဿနာအခက်အခဲများကို ဖြေရှင်းနိုင်မည့် ခိုင်မာသောခြေလှမ်းများကို အစပြုပေးနိုင်လိမ့်မည့်ဟု မျှော်လင့်မိပါသည်။ နိုင်ငံတော်အစိုးရသည် ဤအခွင့်အရေးကိုယူ၍ မယ်တော်ဆေးခန်းနှင့် မြန်မာနိုင်ငံအတွင်းရှိံ လူထုအခြေပြုလူမှုအသင်းအဖွဲ့များနှင့် စစ်မှန်သောပူးပေါင်းမှုနှင့်အတူ လက်တွဲဆောင်ရွက်မှုများပြုလုပ်ကာ တိုင်းပြည်နှင့် ဒေသတွင်းရှိ ပြည်သူ့ကျန်းမာရေးကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့နှင့် နောက်တဆင့်တွေ့ဆုံဆွေးနွေးရန် အခြေအနေသဘောထားနှင့် စပ်လျဉ်းပြီး မယ်တော်ဆေးခန်းအနေဖြင့် သမတဦးသိန်းစိန်၊ ဝန်ကြီးဦးအောင်မင်းနှင့် ကျန်းမာရေးဝန်ကြီးတို့ထံသို့ တရားဝင် တောင်းဆိုမှု ပြုလုပ်မည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေးပါတီများထံသို့လည်း မယ်တော်ဆေးခန်း၏ ရပ်တည်မှုအပေါ် အသိပေးအကြောင်းကြားသွားမည် ဖြစ်သည်။
အနာဂတ်တွေ့ဆုံဆွေးနွေးမှုများသည် ဇွန်လ ၂၆ ရက်နေ့ အစည်းအဝေးတွင် ဒေါက်တာစင်သီယာမောင် တင်ပြခဲ့သော ကိစ္စရပ်များအတွက် တိုးတက်ဖြစ်ထွန်းမှုများယူဆောင်လာပေးလိမ့်မည်ဟု မိမိတို့မယ်တော်ဆေးခန်းမှ မျှော်လင့်ပါသည်။
မယ်တော်ဆေးခန်းသည် ကျန်းမာရေးဝန်ဆောင်မှုပေးခြင်း၊ တိုင်းရင်းသားဒေသများတွင် အလုပ်လုပ်နေသော ကျန်းမာရေးလုပ်သားများအား လေ့ကျင့်သင်ကြားပေးခြင်း နှင့် ကလေးငယ်များကိုကာကွယ်ခြင်း၊ အထူးသဖြင့် နိုင်ငံမဲ့ဖြစ်မှုမှ ကာကွယ်ရန်အတွက် စည်ရုံးမှုလှုံ့ဆော်မှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်နေသည့်အလျောက် ထိုသို့ မယ်တော်ဆေးခန်းကဝန်ဆောင်မှုပေးနေသော လူထု၏ဘဝများတိုးတက်ကောင်းမွန်လာစေရေးအတွက် အထက်တွင် ဖော်ပြထားသောကိစ္စရပ်များကို တိုးတက်အောင် လုပ်ဆောင်ရန် မရှိမဖြစ်လိုအပ်သည်။
တိုင်းရင်းသားဒေသများတွင် နေထိုင်နေကြသော ပြည်သူများမှ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ယုံကြည်မှု စတင်တည်ဆောက်နိုင်ရန် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ (Ethnic Health Organizations) နှင့် ပူးပေါင်းလုပ်ဆောင်မှုများကို အမြန်ဆုံးစတင်လုပ်ဆောင်သင့်ပါသည်။ စစ်ဒဏ်အတွင်းကျရောက်နေသော တိုင်းရင်းသား ဒေသများတွင် အများပြည်သူမှ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ပိုမိုယုံကြည်မှုရှိလာစေရန် ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ခြင်းသည်ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့၏ အဓိကလုပ်ဆောင်မှုအစီအစဉ် တစ်ခုအဖြစ် ထားရှိသင့်သည်။     ။
လက်၂ဖက်လုံး ဖြတ်တောက်လိုက်ရသော NLDလူငယ် ကိုဇင်မင်းဦးအတွက် ကူညီထောက်ပံ့လိုသူများ...
ခွန် ဒီးယမ်
ပါတီလုပ်ငန်းများ လုပ်ကိုင်နေစဉ် အလံတိုင်ပေါ် လမ်းမီးဓာတ်စီးကာ လျှပ်စစ် မတော်ဆဖြစ်မှုတစ်ခုကြောင့် လက်၂ဖက်လုံး ဖြတ်တောက်လိုက်ရပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသခံယူနေသော အင်းစိန်မြို့နယ် NLDလူငယ် ကိုဇင်မင်းဦးအတွက် လူသားချင်း ကိုယ်ချင်းစာနာစွာဖြင့် ကူညီထောက်ပံ့လိုသူများအနေနဲ့ ဒေါ်စီစီရိုဇာ( sisi Rozar) ဖုန်း: 095131643၊ မှတ်ပုံတင်အမှတ် ၇/ပခန(နိုင်)၂၁၈၀၀၄၊ မြေနီကုန်းKBZဘဏ်ခွဲသို့ နဲများမဆို ပေးပို့  လှူတန်းနိုင်ကြပါပြီ။ ဒေါ်စီစီရိုဇာဟာ NLD ပါတီရဲ့ သနပ်ပင်မြို့နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်အမတ် ဦးမြင့်ဦးရဲ့ သမီးဖြစ်ပြီး၊ အောင်ဆန်းဂျာမွန်း စာကြည့်တိုက်၊ သနပ်ပင် ပညာရေးကွန်ရက်၊ စီစီ ကျန်းမာရေးစောင့်ရှောက်မှုကွန်ရက် အစရှိသည်တို့မှာ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှာကြားမှုတွေနဲ့အညီ ကိုယ်ကျိုးမဖက် ပြည်သူ့ရေးရာများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသူတစ်ဦးလဲဖြစ်ပါတယ်။ ပြည်ပမှ ပေးပို့လှူတန်းလိုသူများအနေဖြင့်လဲ ဟွန်ဒီဖြင့် အထက်ပါ ဘဏ်ခွဲသို့ တစ်ဆင့်ပေးပို့နိုင်ကြပါတယ်။ အောက်မှာ ဖော်ပြပါရှိတာကတော့ ဒေါ်စီစီရိုဇာရဲ့ Facebook စာမျက်နှာဖြစ်ပါတယ်။ (share ပေးကြပါ၊ ကုသိုလ်ရပါတယ်)
https://www.facebook.com/sisi.rozar
ပုံ (ဒေါ်အောင်ဆန်းစုကြည်မှ ၇-၁၀-၂၀၁၂ နေ့ညနေ ၄း၃၀ နာရီ၌ ရန်ကုန်ဆေးရုံကြီးပေါ် သွားရောက်ကြည့်ရှုအားပေးနေစဉ်တွေ့ရပုံ)
ယူကေနိုင်ငံရောက် ဗုဒ္ဓဘာသာဝင်များ ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြ
by Kalkal Lay on Thursday, October 11, 2012 at 3:51pm ·
၁၁ရက်၊အောက်တိုဘာ ၂၀၁၂
 Bangladesh Buddhist Association UK  နှင့် British Sri Lanka Forum တို့ပူးပေါင်း၍ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၊ ယူကေနိုင်ငံရောက် နိုင်ငံတကာ ဗုဒ္ဓဘာသာဝင်များမှ စုပေါင်း၍ ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြပွဲကို ယနေ့ ၊အောက်တိုဘာလ၊ ၁၁ရက်တွင် လန်ဒန်မြို့၊ ပါလီမန်စကွဲလ်ရှေ့တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။
တောင်းဆိုဆန္ဒပြပွဲကျင်းပရခြင်းမှာ မကြာသေးခင်ကာလအတွင်းကမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသ နှင့် ပန်းဝါဒေသများတွင် လူနည်းစုဒေသခံများဖြစ်သော ဗုဒ္ဓဘာသာဝင်များကို တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အိုးအိမ်များကိုမီးရှို့ဖျက်ဆီးခံရခြင်း၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများကို မီးရှို့ဖျက်ဆီး၍ ဗုဒ္ဓဘုရားရုပ်ပွါးတော်များကို လူမဆန်စွာ တိုက်ခိုက်ဖျက်ဆီးခြင်းများကို တားဆီးရန်၊ ၎င်းတို့ယုတ်မာရက်စက်မူများကို ကမ္ဘာကသိရှိနိုင်ရန်  ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြ ကြခြင်းဖြစ်ပါသည်။
ထိုတောင်းဆိုဆန္ဒပြပွဲတွင်  Bangladesh Buddhist Association UK မှ Sujan Barua ကို တွေ့ဆုံမေးမြန်းခဲ့ရာတွင် မိမိတို့ယခုကဲ့သို့တောင်းဆိုဆန္ဒပြပွဲများ၊ ကာကွယ်မူများမလုပ်လျှင် ဗုဒ္ဓဘာသာသည် မကြာခင်ကာလ အတွင်းမှာပင် ဤကမ္ဘာမြေပေါ်မှ ပျောက်ကွယ်သွားရတော့မည်ဖြစ်ကြောင်း၊ မိမိတို့ ဗုဒ္ဓဘာသာဝင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသ နှင့် ပန်းဝါဒေသများတွင် မည်သည့်ဘာသာဝင်များကိုမှ တိုက်ခိုက်မူမရှိသော်လည်း၊ ယခုမူမိမိတို့ လူမျိုးတုံး၊ ဘာသာပျောက်အောင်ပင် ရည်ရွှယ်ချက်ရှိရှိ၊ အငြိုးကြီးကြီးဖြင့် လိုက်လံတိုက်ခိုက်ခံနေရကြောင်း၊ မိမိတို့ ဗုဒ္ဓဘာသာဝင်များမှာ ထိုဒေသတွင် လူနည်းစုသာဖြစ်၍ တစ်ရာခိုင်နှုံးခန့်သာရှိကြောင်း၊  မိမိတို့ ဗုဒ္ဓဘာသာကို မပျောက်ကွယ်၊ ရည်ရှည်တည်တန့်ခိုင်မြဲအောင် ဗုဒ္ဓဘာသာတိုင်းမှာတာဝန်ရှိကြောင်း အကျယ်တဝန့် ရှင်းလင်းပြောကြားခဲ့၍ ဆန္ဒပြအဖွဲ့ကြီးသည် ဒေါင်းနင်းလမ်း နှင့်  foreign office တို့သို့  petition လက်မှတ်များကို ပေးအပ်ခဲ့ကြပါသည်။
Peaceful protest against attack on Buddhism - This Saturday at 2pm
A peaceful protest will be taking place in Toronto against brutal attack on Buddhism in Bangladesh. Please join to show your solidarity with Buddhists under attack by the extremists.
You may remember that all Buddhist villages and Buddhist Monasteries in Maungdaw & Bhuthitaung townships in Burma's Northern Rakhaine State were also attacked during communal violence in June 2012.
When:  Saturday October 13, 2012;  from 2pm to 4pm
Where: The Speaker's Corner located at Nathan Philip Square of the Toronto City Hall
Requested to arrive by 1:45pm.
ရခိုင်သူတွေက ကမ္ဘာတ၀န်း တပ်လှန့် သံပေးလိုက်ခြင်း
အမျိုးသီလ နှစ်ဋ္ဌါနကို ပြည့်ဝစွာစောင့်ထိန်းနိုင်တဲ့  ရခိုင်သူတွေဟာ
ခုဆိုရင် လမ်းမပေါ်ထွက်လာခဲ့ ကြပါပြီ ။ မိုးရေစိုရွှဲနေတဲ့ ကြားမှာ သူတို
့တွေ လမ်းပေါ်ထွက် ဆန္ဒပြနေတာကို မြင်ရတဲ့ အခါမှာ ကျွန်တော့်စိတ်တွေ
ဆောက်တည်ရာမရ ခံစားရပါတယ် ။ အမျိုးသမီးအခွင့်အရေးကို တောင်းဆိုနေတဲ့ 
ကမ္ဘာကြီးရဲ့ တနေရာရာမှာရှိနေတဲ့  အမျိုးသမီးထုတွေဟာ အခုလို
ရခိုင်အမျိုးသမီးတွေရဲ့ အသံကိုလဲဘဲ ကြားမိကောင်း ကြားဖြစ်ကြပါတော့မယ် ။
ဒါဟာအမျိုးသမီးတွေရဲ့ အခွင့်အရေးတခုဖြစ်သလို  လူမျိုးတမျိုးရဲ့
လူမျိုခြင်းခံရမဲ့  အခြေအနေကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်ပါတယ် ။
မနေ့ က အမေရိကပြည်ထောင်စုမှာ ရခိုင်ပြည်နယ် အရေးကို ဆီးနိတ်တာတွေ
သတင်းမှာ ခေါင်းစဉ်ကိုယ်နိုက်က သမိုင်းလိမ် နာမည်နဲ့ 
ပြုလုပ်ကြတာဖြစ်ပါတယ် ။ ဒီတော့ ဆွေးနွေးကြတဲ့ သူများဟာလဲဘဲ
မြန်မာနိုင်ငံရဲ့  ပြည်တွင်းရေးဝင်ရောက်စွက်ဖက်သလို ဖြစ်နေတယ်ဆိုတာ
ပြောရပါလိမ့်မယ် ။ ဘာကြောင့်ဆိုရင် မြန်မာနိုင်ငံမှာ အဲဒီလူမျိုး မရှိလို
့ပါဘဲ ။
          နောက်တခါ နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးသန်းဋ္ဌေးက -OIC-
ရုံးကို ဖွင့်လှစ်မယ်ဆိုတဲ့  သတင်းကိုလဲ ကြားရပြန်ပါသေးတယ် ။ ဒီတော့
ဒီသတင်းနဲ့ တဆက်ထဲဘဲ ရခိုင်ပြည်နယ် အစိုးရက ဘာမှ မသိရသေးဘူးလို့ 
ပြောရေးဆိုခွင့် ရှိသူ ဦးဝင်းမြိုင်က ထုတ်ဖေါ်ပြောဆိုတာကိုလဲ
ကြားရပြန်ပါတယ် ။  ဒါ့ကြောင့် မို့ လို့  မြန်မာနိုင်ငံမှာ မရှိတဲ့ 
သမိုင်းလိမ် လူမျိုးတွေနဲ့  ပတ်သက်လို့  အခုလို ဆန္ဒထုတ်ဖေါ်ပြနေတာကို
သိပါလျှက်ကယ်နဲ့  လျှစ်လှူပြီး ပြုလုပ်ဆောင်ရွက်ကြမယ်ဆိုရင် အကျိုးဆက်တွေ
ဘာဖြစ်လာမလဲ ဆိုတာကို တွက်ချက်ကြည့်ဖို့ လိုလာပါတော့တယ် ။
       ပထမဦးစွာ အမေရိကပြည်ထောင်စုမှာ
ဆီနိတ်တာလွှတ်တော်ကိုယ်စားလှယ်တွေနဲ့  NGOs -အဖွဲ့ တွေက အခုလို
သမိုင်းလိမ် ဘင်္ဂလီကုလားတွေအတွက် ဆွေးနွေးပွဲများကို ရခိုင်လူမျိုးတွေက
လက်မခံကန့် ကွက်ကြောင်း ပြောကြားပါရစေ ။ ဆွေးနွေးပွဲ တခုမှာ
အဓိကခေါင်းစဉ်ကသာ အရေးကြီးတဲ့ အတွက် နောင်ကို မြန်မာနိုင်ငံအရေး
ရခိုင်ပြည်နယ်အရေး ဆွေးနွေးကြပြီဆိုရင်ဖြင့် မြန်မာနိုင်ငံမှာ မရှိတဲ့ 
လူမျိုးအကြောင်းကို အခြေခံလို့  ဆွေးနွေးတာ ဟူသမျှ လက်မခံကြောင်း
တင်ပြလိုက်ရပါတယ် ။
       ဒုတိယအချက်အနေနဲ့  နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းဋ္ဌေးက
-OIC- ရုံးကို ဖွင့်လှစ်မယ်လို့ စာချုပ်ချုပ် ဆိုတာကို ပြောချင်ပါတယ် ။
လူသားချင်းကူညီစောင့်ရှောက်ခြင်းမူကို လက်ခံပေမဲ့  -OIC- အနေဖြင့်
ဘယ်လူမျိုးတွေကို ကူညီစောင့်ရှောက်မှာပါလဲ ။ သမိုင်းလိမ်ဘင်္ဂလီလူမျိုးကို
လူသားချင်း ကူညီစောင့်ရှောက်မယ်ဆိုပြီး စာချုပ်မှာ ဖေါ်ပြပါရှိနေတာမို
့လို့ အဲဒီခေါင်းစဉ်နဲ့ လာမဲ့ အရာဟူသမျှကို ကျွန်တော်တို့ က လက်မခံ ကန်
့ကွက်ကြောင်း သိစေအပ်ပါတယ် ။  ဒီလိုခေါင်းစဉ်နဲ့  စာချုပ်ချုပ်ဆိုခဲ
့တာကိုက နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးချုပ် သန်းဋ္ဌေး
တဦးတည်းမှားယွင်ခြင်း မဖြစ်နိုင်ကြောင်း မှတ်ယူရပါလိမ့်မယ် ။ တကယ်လို့ 
ဒီလို ဖြစ်သွားရတာကိုလဲဘဲ သမ္မတ ဦးသိန်းစိန်က သိတယ်ဆိုရင်
သမ္မတဦးသိန်းစိန်အနေနဲ့  ကိုယ့်ရှူး ကိုယ်ပတ် နေခြင်းဖြစ်သွားတယ်လို့ 
ပြောရတော့မှာဖြစ်ပါတယ် ။  အမေရိကပြည်ထောင်စု နယူးယောက်မြို့ ကို ကုလသမ္မဂ
ညီလာခံကို တက်ရာက်လာပြီး သမ္မတဦးသိန်းစိန်နဲ့ အတူ လုက်ပါလာတဲ့ 
ဝန်ကြီးဦးစိုးသိန်းရော သမ္မတအကြံပေး ဦးလှမောင်ရွှေ ပြောသလို -Capcity -
မရှိကြတဲ့  သူတွေ အစိုးရလောကထဲ ၀န်ကြီးလောကထဲမှာ ရှိနေကြတယ်ဆိုတာ
ဟုတ်ချင်လဲ ဟုတ်လောက်ပါတယ် ။ ဘာကြောင့်လဲဆိုရင် သမ္မတကိုယ်တိုင်က
အဲဒီလူမျိုး မရှိဘူးဆိုတာကို ဗိုလ်မှူးကြီးသန်းဋ္ဌေးက
လက်မှတ်သွားထိုးနေတာဘဲ ကြည့်ပါအုံး ။ အဓိကအားဖြင့် -OIC- အဖွဲ့ ကို
မြန်မာနိုင်ငံမှာ ဖွင့်လှစ်ပြီး မွတ်ဆလင်ဘာသာဝင်များအနေနဲ့ ထက်
သမိုင်းလိမ် ကုလားများကို အသက်သွင်းဖန်တီးဖို့ ရာမှာ အခြေခံအချက်တွေ
အများကြီး ရှိနေပါတယ် ။
    ပညာရေး ၊ စီးပွါးရေး ၊ လူမှုရေး ၊ ဘာသာရေးများကို -OIC- က
စီမံကိန်းနဲ့  ဆောင်ရွက်သွားမှာဖြစ်ပါတယ် ။
 ( ၁ ) ပညာရေး ။။။။။။။။
ပလီကျောင်းများ တည်ဆောက်သွားမှာဖြစ်ပါတယ် ။ တက္ကသိုလ်ကျောင်းများ
တည်ဆောက်မှာဖြစ်ပြီး ကွန်ပြူတာကျောင်းများ ဖွင့်လှစ်သွားမည်ဖြစ်ပါတယ် ။
မောင်တောနယ်စပ်ကနေပြီး အောင်သပြေ ကျေးရွာ ဝေလာတောင်အထိ ပလီကျောင်းတွေ
တည်ဆောက်ပေးပြီး အခမဲ့ ပညာသင်ကြားရေးစနစ်နဲ့  ဘွဲ့ ရပညာတတ်များကို
ကို ပို့ ချသွားမှာဖြစ်ပါတယ် ။ သူတို့ ရဲ့ ကျောင်းများမှာ မည်သည့်
ရခိုင်လူမျိုးများ မသင်ကြားရပါ ။
 ( ၂ )  စီးပွါးရေး ။။။။။။။။။    နယ်စပ်ဒေသမှာ ဈေးများတည်ဆောက်ပေးပြီး
မြို့ ပြများ ဆောက်လုပ်ပေးသွားမှာ ဖြစ်ပါတယ် ။ မောင်တောနယ်စပ်
တလျှောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ နေအိမ်များ ၊ ဈေးဆိုင်များလို
တိုက်တာများ ဆောက်လုပ်ပေးပြီး နယ်စပ်တလျှောက် လျှပ်စစ်မီးရရှိရေးနဲ့ 
တယ်လီဖုံးများကို ဘ၈င်္လားဒေ့ရှ်နိုင်ငံမှ အသုံးပြု
ဆောင်ရွက်သွားမှာဖြစ်ပါတယ် ။  ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ
တရားဝင်ခရီးသွားလာရေးကို ဗီဇါများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး
မည်သည့်မွတ်ဆလင်နိုင်ငံကိုမဆို ခရီးသွားလာခွင့် ရရှိရေးကို
ပြုလုပ်သွားမှာဖြစ်ပါတယ် ။
( ၃ ) လူမှုရေး ။။။။။။။။။။   မောင်တောနယ်စပ်မှ  ဝေလာတောင်အထိ
လယ်ယာမြေများကို မြေစာရင်းဦးစီးဋ္ဌါနမှ ၀ယ်ယူပြီး စစ်တပ်ပိုင်
လယ်ယာမြေများကို ၀ယ်ယူမှာဖြစ်ပါတယ် ။  သမိုင်းလိမ်ကုလားတွေအနေဖြင့်
မောင်တော ၊ ဘူးသီးတောင် ၊ ရသေ့တောင်မြို့ နယ်များမှာ လယ်ယာမြေများကို
ဝယ်ယူပြီး ကုလားလယ်ဖြစ်ရေးကို ဆောင်ရွက်မှာဖြစ်ပါတယ် ။ မည်သည့်
ကုလားလယ်များတွင် ရခိုင်လူမျိုးများ အလုပ်အကိုင် မရရှိစေရေးနဲ့ 
ဈေူးများ ၊ နေအိမ်များ ၊ မြို့ ရွာများတွင် ရခိုင်လူမျိုးများနှင့်
ယှဉ်တွဲ့ မနေစေရေးတို့  ပြုလုပ်မှာဖြစ်ပါတယ် ။  နောက်ပိုင်းတွင်
ရခိုင်လူမျိုးများအား လုံးဝ မနေနိုင်ရေးကို
ထာဝစဉ်ပြုလုပ်သွားမှာဖြစ်ပါတယ် ။
( ၄ ) ဘာသာရေး ။။။။။။။။။    ဘာသာရေးအတွက်
ကိုရမ်ကျမ်းစာသင်ကြားနိုင်ရေးအတွက် နိုင်ငံတကာမှ စာအုပ်စာပေများကို အခမဲ
့ ဖြန့် ချီပေးသွားမည်ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း မော်လဗီဆရာများ
မွေးထုတ်သွားမှာဖြစ်ပါတယ် ။ မောင်တော ၊ ဘူးသီးတောင် ။ ရသေ့တောင်မြို
့နယ်များလဲဘဲ မော်လဗီများက မနက်တိုင်း ပလီမှ နေပြီး တရားစာများ
ဖတ်ရွတ်စေမည်ဖြစ်ပါတယ် ။ ယခုဆိုရင် သံတွဲမြို့ မှာ နေ့ စဉ်မနက်တိုင်း
ပလီမှ တရားသံကို အသံချဲ့ စက်ဖြင့်သာ လွှင့်ပေးနေရာ နောင်ကို ၄င်းမြို
့နယ်များ၌ နေ့ စဉ်ပြုလုပ်သွားမည်ဖြစ်ပါတယ် ။  ရခိုင်ပြည်နယ် တခုလုံးသည်
မွတ်ဆလင်များနေထိုင်ရာ နယ်မြေဒေသဖြစ်အောင် ပြုလုပ်ဆောင်ရွက်သွားမည်ဟု
ခိုင်လုံတဲ့  သတင်းတေအရ ကြားသိရပါတယ် ။
    ဒီတော့ခါ အခုလို စီမံကိန်းတွေနဲ့  ပြုလုပ်ဆောင်ရွက်မဲ့  -OIC- ကို
နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းဋ္ဌေးက သိရှိပြီးသည်နှင့် မည်ကဲ့ သို
့ဆက်လက်ဆောင်ရွက်မည်ဆိုသည်ကို သိလိုလှပါတယ် ။
    တတိယအချက်အနေနဲ့  ရခိုင်ပြည်နယ်အစိုးရအနေနဲ့  ယခုကိစ္စကို သာမန်
ပေါ့ပေါ့ဆဆ ဆောင်ရွက်ရမဲ့  ပြသနာမဟုတ်ဘူးဆိုတာ နားလည်ပေးဖို့ လိုပါတယ် ။
ယခုအချိန်မှာ ပါမစ်ခွင့်ပြုချက်ယူပြီး ငြိမ်းချမ်းစွာ ဆန္ဒပြ
တောင်းဆိုနေတာဖြစ်ပါတယ် ။ အကယ်၍ -OIC- အဖွဲ့ ကို စစ်တပ်အားကိုးနဲ့ 
လူသောင်းပေါင်းများစွာဟာ နေ့ စဉ်ဆန္ဒပြပွဲကို ဆင်နွဲလာနိုင်ကြပါလိမ့်မယ် ။
 ရခိုင်ပြည်နယ် အစိုးရကို အယုံအကြည် မရှိအဆိုတွေ တင်သွင်းလာကြပါလိမ့်မယ်
။ တချိန်တည်းမှာ နေပြည်တော်မှာ ကျင်းပနေတဲ့  လွှတ်တော်တွင်းမှာလဲ
ဒီပြသနာကို တင်သွင်းလာကြပါလိမ့်မယ် ။ အဲဒီအခါကျရင် ရခိုင်သူတွေရဲ
့အသံကို အမျိုးသမီးများရဲ့ အခွင့်အရေးအဖြစ် တောင်းဆိုပွဲအနေနဲ့ 
ဆက်တိုက်လှုပ်ရှားမှုများ ဖြစ်ပေါ်လာမယ်လို့ မြင်ယောင်မိနေပါတယ် ။။။။
အောင်သာနီ
ရာမူးတိုက်ခိုက်မှုများ ဖြစ်စေခဲ့သူဟုဆိုသူ ၁၈-နှစ် အရွယ်ကို ဖမ်းဆီး ======
Coral Arakan News Agency
By Mauk Thuzar =======
စစ်တွေ ၊ ၁၁ စက်တင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [သတင်း] ======
စက်တင်ဘာလ (၂၉) ညပိုင်းမှာ ကိုရမ်ကိုထိခိုက်စေတဲ့ ဖေ့စ်ဘွတ်ဓါတ်ပုံတွေကို ပြသပျံ့နှံ့ စေခြင်းအားဖြင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ရာမူးဒေသမှာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကျောင်းကန်အဆောက်အဦး အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးမှုဖြစ်စေခဲ့ရာမှာ အဓိကလှုပ်ရှားသူအဖြစ် အသက်ဆယ့်ရှစ်နှစ်အရွယ် အဗဒူလ် မော့ခ်တာဒါ (Abdul Moktadir) ကို ပြီးခဲ့တဲ့ စက်တင်ဘာလ(၉)ရက်နေ့ညဥ့်ပိုင်းမှာ ဖမ်းဆီးခဲ့ပါတယ်။ =======
ဗုဒ္ဓဘာသာဘုရားကျောင်းကန်ပေါင်း နှစ်ဆယ်ကျော်ကို မီးရှို့ကာ နောက်ထပ်ခြောက်ခုကို ပျက်စီးထိခိုက်စေခဲ့တဲ့တိုက်ခိုက်မှုတွေ ဖြစ်လာအောင် မူဆလင်တွေကို သွေးထိုးလှုံ့ဆော်ပေးခဲ့ သလိုဖြစ်ခဲ့ရတဲ့ အဲသည်ဓါတ်ပုံကို အဗဒူလ် မော့ခ်တာဒါ နဲ့ သူ့ သူငယ်ချင်း အိုမာဖာရုခ် (friend Omar Faruk) တို့က ဖြန့်ဝေခဲ့တာဖြစ်တယ်။ ======
ဗုဒ္ဓဘာသာဝင်လူငယ်တစ်ဦးဖြစ်တဲ့ အူတမ်ကူမာဘရူဝါ ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ အခြား တစ်ယောက်က ချိတ်ထား (tagged လုပ်ထား) တဲ့ အဲသည် ဓါတ်ပုံကို ရာမူးအပိုင် ဖာကာရာဘဇာ က ဒေသခံတွေကို အဆိုပါ လူငယ်မိတ်ဆွေနှစ်ယောက်က ပြသပြီး မကြာမီအချိန်အတွင်း တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားခဲ့တယ်။ ======
(မောက်သူဇာ) ======
မုန်တိုင်းငယ်အရှိန်ကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးလေးခုတွင် နေရာကွက်၍ မိုးကြီးနိုင်
7Day News Journal
ရန်ကုန်- အောက်တိုဘာ ၁၁
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်နေသောမုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး လေးနေရာတွင် ယနေ့ နံနက် ၅ နာရီမှ ၂၄ နာရီအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး နေရာ ကွက် ကြား မိုးကြီးနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်ကပြောသည်။
ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ယနေ့မနက်တွင် မောင်တောအနောက်မြောက်ဘက် မိုင် ၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့် ဖြတ်ကျော်ဝင်ရောက်လျှက်ရှိကြောင်း ဦးချစ်ကျော်ကပြောသည်။
ဖြတ်ကျော်ဝင်ရောက်နေစဉ်အတွင်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ တွင် နေရာ ကွက်ကြား မိုးကြီးနိုင်ကြောင်း၊ မိုးရွာသွန်းမှုသည် မုန်တိုင်းမှ ကွဲ ထွက်လာသောဆဲလ် များကြောင့်ဖြစ်ပြီး ၂၄ နာရီ ကြာမြင့်နိုင်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။
"မကွေးကတော့ မနေ့က တစ်နေ့လုံး ဖုန်းဆက်တယ်။ တောင် ကျချောင်းရေကြောင့် ရေကြီးနိုင်တဲ့ နေရာတွေမှာတော့ မနေ ကြဖို့ ဘေးလွတ်ရာပြောင်းနေကြဖို့ သတိပေးထားတယ်။ ဘီတူးအိုမုန်တိုင်းတုန်းက ယောချောင်းတို့၊ ယင်းချောင်းတို့ နားမှာ နေတဲ့သူတွေ ထိကြတယ်လေ။ သူတို့ကိုလည်း မနေဖို့ ပြောထားပါတယ်"ဟု ဦးချစ်ကျော်ကပြောသည်။
မုန်တိုင်းသက်ရောက်မှုကြောင့် မိုးအများဆုံး ရွာသွန်းမည့် ဒေသ ကြီးလေးခုအနက် ယခုလက်ရှိအချိန်တွင် ရခိုင်ပြည်နယ်တွင် မိုးရေချိန် ၇ လက်မ၊ ချင်းပြည်နယ်တွင် ၂ လက်မ၊ မကွေးတိုင်းဒေသကြီးတွင် ၁လက်မ(၂၅ မီလီမီတာ) အထိ ရွာသွန်းနေကြောင်း ဦးချစ်ကျော်ကပြောသည်။
"ကုန်းတွင်းပိုင်းကတော့ ဘာမှမဖြစ်နိုင်ဘူး။ ပင်လယ်ပြင်ကတော့ သက်ရောက်မှု ပြင်းထန်နိုင်တယ်။ မနေ့က ရခိုင်ကလူတွေ ဖုန်း ဆက်တော့ ပင်လယ်ပြင်က အရမ်းလေပြင်းထန်နေတယ်။ သင်္ဘောတွေ ထွက်ပြေးရတယ်လို့ ပြောတယ်။ ကုန်းတွင်းဝင်ပြီးသွားပြီဆိုရင် ညနေ ပိုင်းလောက် အားပျော့သွားနိုင်တယ်"ဟု မိုးလေ၀သပညာ ရှင် ဒေါက်တာ ထွန်းလွင်ကပြောသည်။
မုန်တိုင်းငယ်သည် မောင်တောတွင် အဖျားခတ်သွားပြီး ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး အနောက်မြောက်ဘက်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတို့တွင် မိုးရေချိန် ၃ လက်မ၀န်းကျင် ရွာသွန်းနိုင်သော်လည်း ဘီတူးအိုမုန်တိုင်းကဲ့သို့ ရေမကြီးနိုင်၍ စိုးရိမ်ဖွယ် မရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာ ရှင် ဒေါက်တာ ထွန်းလွင် ကပြောသည်။
Coral Arakan News Agency ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို မုန်တိုင်း ဝင်ရောက်မည်
ယနေ့မြန်မာစံတော်ချိန်(၀၅း၃၀)နာရီအချိန်တိုင်းထွာချက်များအရ ယမန်နေ့က ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသောလေ ဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်တစ်ခုအဖြစ်သို့ ရောက်ရှိပြီး၊ မောင်တောမြို့၏ အနောက်မြောက်ဘက် မိုင်(၈၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါမုန်တိုင်းငယ်သည် မြောက်ဘက်သို့ဆက်လက်ရွေ့လျားကာ ယနေ့နံနက်မ
ှ နောက်(၂၄)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေအားအသင့်အတင့် ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုတ်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် မိုးဆက်လက်ပိုနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
"မိုးလေဝသနှင့်ဇလ‌ဗေဒ ညွှန်ကြားမှုဦးစီးဌာန"
<
မြတ်စွာဘုရားမြန်မာ့တောင်၇လုံးသို့ကြွချီခဲ့ဖူး
http://www.myanmar.com/newspaper/myanmarahlin/Oct11.pdf
စာ-၆