Friday, October 12, 2012

ခေတ်အဆက်ဆက် ဖားသည့် လဲ့လဲ့ဝင်းဆွေ

BY...ကေကေတီ

 ဦးနုကို အရေးအခင်းတုန်းက ဘဘနုဆိုပြီး ဖားနေပုံ။
ဗိုလ်ချုပ်ခင်ညွန့်ကို ဖားနေပုံ။ 
အောင်သိန်းလင်းကို ဖားနေပုံ။

လုံခြုံရေးအင်မတန်တင်းကျပ်လှတဲ့ စစ်ရုံးထဲမှာဖြစ်ပျက်ခဲ့တဲ့ လူသတ်မှုတစ်ခုအကြောင်း

မိုးဇေညိမ်း
by dawnmanhon.com 



တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ကျွန်တော့်ရဲ့ http://www.facebook.com/photo.php?fbid=4094336789788&set=a.3927018726941.2148929.1023841997&type=1&relevant_count=1 စာစုမှာပါတဲ့ ဇနီးဖြစ်သူမီးရှို့သတ်လိုက်တဲ့ အရာရှိအကြောင်းလေး ဒီနေ့သတင်းစာမှာ ကြော်ငြာတွေ့လိုက်လို့ တင်ပေးလိုက်ပါတယ်။ ကွယ်လွန်သူရဲ့ မိသားစု အတွက် ရိုင်းပျသလို ဖြစ်စေမိရင်တော့ တောင်းပန်ပါကြောင်း။

လုံခြုံရေးအင်မတန်တင်းကျပ်လှတဲ့ စစ်ရုံးထဲမှာ လူသတ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ၂၀၁၀ နှစ်ကုန်ပိုင်းလို့ ထင်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သတ်ပြီး စုံစမ်းစစ်ဆေးရေး အစီရင်ခံစာတစ်စောင်ရှိပေမဲ့ ပြန်ရှာတာမတွေ့တော့တာမို့ မှတ်မိသလောက်ပဲ ရေးလိုက်ပါတယ်။ အသတ်ခံရတဲ့သူက စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အနီးကပ် လုံခြုံရေး၊ အတွင်းစည်းလုံခြုံရေးအတွက်တာဝန်ယူထားရတဲ့ လုံခြုံရေး တပ်ရင်းက တပ်ခွဲမှူး၊ ကြည်း-၃၂၁၀၉ ဗိုလ်မှူးနေဇာထွေး ပါ။ စစ်တက္ကသိုလ် အပတ်စဉ် (၄၂) က ဆင်းတာထင်ပါတယ်။ သူ့ကို သတ်တဲ့သူက တခြားသူ မဟုတ်ပါဘူး။ သူ့ဇနီး ကိုယ်တိုင်ပြန်သတ်လိုက်တာပါ။ သူ့ဇနီးနာမည်ကို ကျွန်တော်ပြန်စဉ်းစားပေမဲ့ လေးလုံးနဲ့ နာမည်လှလှလေးဆိုတာကလွဲရင် မမှတ်မိတော့ပါဘူး။

သတ်လိုက်ရတဲ့ အကြောင်းရင်းကလည်း အချစ်ကြီးလို့ အမျက်ကြီးတယ်ပဲ ပြောရပါလိမ့်မယ်။ နေဇာထွေး ကနောက်ကောင်မလေးတစ်ယောက်နဲ့ ဟိုတယ်မှာ အချစ်စခန်းဖွင့်ခဲ့တာ၊ အတည်မဟုတ်ပေမဲ့ မယားငယ်လို အိမ်တစ်ဆောင် မီးတစ်ပြောင်ထားဖို့ ကြိုးစားနေတာတွေကို သက်သေနဲ့တကွ လက်ပူးလက်ကြပ် မိသွားလို့ပါပဲ။ အရင်ကတော့ နောက်တစ်ယောက်နဲ့ တွဲနေတယ်ဆိုတာ သတင်းပဲ ကြားခဲ့ရပြီး မသေချာခဲ့သေးဘူးပေါ့။ အဲဒီလို သက်သေအထောက်အထားနဲ့ သေချာသိသွားတဲ့နေ့က နေဇာထွေးနဲ့သူ့မိန်းမ အကြီးအကျယ် စကားများကြ ပါတယ်။ နေဇာထွေးကလည်း သူ့မိန်းမကို ထိုးတြိတ်ပြီး မကျေနပ်ရင် ကွာရှင်းပေးမယ် ဘာညာတွေဖြစ်ကုန်ပါတယ်။ ရန်ပွဲပြီးတော့ ရန်ဖြစ်ထားတဲ့ အရှိန်ကြောင့် ပင်ပန်းပြီး နေဇာထွေး တစ်ယောက်အိပ်နေတုန်း သူ့မိန်းမက ဓာတ်ဆီလောင်းပြီး မီးရှို့သတ်ပစ် လိုက်ပါတယ်။ အဲဒီတုန်းက လုံခြုံရေးတပ်ရင်းရဲ့ တပ်ရင်းမှူးဖြစ်နေတဲ့သူက ဒုဗိုလ်မှူးကြီးရဲရင့်ဝင်းပါ။ သူလည်း ပရိုမိုးရှင်း ထွက်ခါနီးမှာ အုပ်ချုပ်မှု လျော့နည်းဖြစ်စဉ် ဖြစ်သွားမို့ တော်တော်လေး ပျာယာခတ် သွားပါသေးတယ်။

နေဇာထွေးရဲ့ကိစ္စကြောင့် ပျဉ်းမနားထဲမှာ ခြေရှုပ်နေတဲ့ စစ်ရုံးထဲက အရာရှိတွေ/ အခြားအဆင့်တွေ အတော်များများလည်း ကိုယ်ရှိန်သတ် သွားပါတယ်။ စစ်တပ်က အရာရှိတွေအဖို့ မယားငယ်ထားရတာ အင်မတန်လွယ်ပါတယ်။ စစ်တပ်က အရာရှိတွေဟာ အာဏာလည်းရှိ၊ တရားမ၀င်ရတဲ့ ပိုက်ဆံတွေကလည်း သောက်သောက်လဲဆိုတော့ ပျဉ်းမနားမြို့ထဲမှာရှိတဲ့ KTV တွေ၊ အနှိပ်ခန်းတွေ အတော်များများကလည်း သူတို့ကို VIP တွေလို ဆက်ဆံကြပါတယ်။ ကြိုက်တာကို ခေါင်းခေါက်ရွေးလို့ ရတယ်ပေါ့။ KTV တွေ၊ အနှိပ်ခန်းတွေကလည်း သူတို့ရဲ့ လုံခြုံမှုအတွက် စစ်တပ်ကအရာရှိတွေကို ရှယ်ယာခွဲပေးပြီးပေါင်းတာတို့၊ လူပေးပြီး ပေါင်းတာတို့ လုပ်ထားကြရပါတယ်။ တချို့အရာရှိတွေကျတော့လည်း KTV ၊ အနှိပ်ခန်းက ကောင်မလေးကို မယားငယ်ထား၊ ငွေထုတ်ပေးပြီး KTV ၊ အနှိပ်ခန်းတွေ ပြန်ထောင်ခိုင်းပြီး စီးပွားပြန်ရှာခိုင်းပါတယ်။ စစ်တပ်က အရာရှိချင်း တူတာတောင်မှ သာမန်တပ်တွေထက် စစ်ရုံးက အရာရှိတွေက ပိုပြီး လုပ်ပိုင်ခွင့် ရှိတယ်လို့ အထင်ရှိတဲ့အတွက် စစ်ရုံးက အရာရှိတွေဆိုရင် KTV ၊ အနှိပ်ခန်း အတော်များများမှာ ဖရီးရိုက်လို့ရပါတယ်။

နန်းထိုက်တော်ဝင်လို ပျဉ်းမနားရဲ့ ထိပ်ထိပ်ကြဲ KTV ကြီးတွေမှာဆိုလည်း ဗိုလ်ချုပ်တွေ ရှယ်ယာပါတယ်ဆိုတဲ့ အရှိန်နဲ့တော်တန်ရုံဝင်မဖမ်းရဲကြပါဘူး။ စစ်တပ်က အခြားအဆင့် (တပ်ကြပ်ကြီးလို၊ တပ်ကြပ်လို) တွေကလည်း သူတို့မှာ ရှိသလောက် အာဏာတွေ ထုတ်သုံးပြီး အနိုင်ကျင့်ကျတာတွေ ရှိပါတယ်။ အနှိပ်ခန်းက ကောင်မလေးကို “မနက်ဖြန် နင် ငါနဲ့ တည်းခိုခန်းကို လိုက်ခဲ့၊ မလိုက်ခဲ့ရင် နင်တို့ဆိုင်ကို ၀င်ဖမ်းပလိုက်မယ် ” စသဖြင့် အနိုင်ကျင့် တာမျိုးတွေ ခဏခဏကြားရပါတယ်။ ကောင်မလေးက သဘောမတူရင် သူ့အထက်အရာရှိကို “ ကျွန်တော့်ကို အဲဒီဆိုင်က ဘယ်လို စော်ကားလွှတ် လိုက်ပါတယ်” လို့ သနားစရာမျက်နှာလေးနဲ့ ငိုပြပါတယ်။ အရာရှိကလည်း အဟုတ်မှတ်ပြီး ပျဉ်းမနားကရဲတွေကို ဖိအားပေးလို့ အဖမ်းခံရတဲ့ အနှိပ်ခန်းတွေ၊ KTV တွေ အတော်များများရှိခဲ့ဖူးပါတယ်။

ပျဉ်းမနားမှာရှိတဲ့ အနှိပ်ခန်းတွေ၊ KTV တွေအကြောင်းကိုတော့ နောက်မှပဲ ပြန်စဉ်းစားလို့သတိရရင်ရေးပါဦးမယ်။ —

-မိုးဇေညိမ်း

တက္ကသိုလ်ဆရာ/ဆရာမများအသင်း၏ အိတ်ဖွင့်ပေးစာ

Popular Myanmar News Journal

အဝေးသင်နှင့်ပတ်သက်၍ တက္ကသိုလ်ဆရာ/ဆရာမများအသင်းပြည်ထောင်စုဝန်ကြီးသို့ အိတ်ဖွင့်ပေးစာပို့

တက္ကသိုလ်ဆရာ/ဆရာမများအသင်း(ဒဂုံတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ရန်ကုန်တက္ကသိုလ်၊ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်)မှ အဝေးသင် တက္ကသိုလ်တာဝန်များနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီးသို့ ယနေ့ အိတ်ဖွင့်ပေးစာတစ်စောင်ပေးပို့ လိုက်သည်။

စစ်တွေဆန္ဒပြပွဲသတင်းများကို ပါကိစ္စတန် မီဒီယာ က စောင့်ကြည့်မှုရှိနေ

by Coral Arakan News Agency on Thursday, October 11, 2012 at 8:04pm ·
By Han Maung Thein

စစ်တွေ ၊ ၁၂ အောက်တိုဘာ ၂၀၁၂ ၊ Coral Arakan News ၊ [သတင်း]

ပြီးခဲ့သည့် စစ်တွေ ဆန္ဒပြပွဲများ ကို နိုင်ငံတကာ သတင်းမီဒီယာများက လောက်လောက်လားလား ဖော်ပြမှုမရှိသော်လည်း ပါကိစ္စတန် သတင်းမီဒီယာတစ်ခု ဖြစ်သည့် The Daily Times (http://www.dailytimes.com.pk) က ကောင်းစွာ စောင့်ကြည့် ဖော်ပြနေသည်။

အောက်တိုဘာက ကိုးရက်နေ့က ရဟန်းများဦးဆောင်သည့် ဆန္ဒပြပွဲ နှင့် အောက်တိုဘာ ဆယ်ရက်နေ့က အမျိုးသမီးများ ဦးဆောင်သည့် ဆန္ဒပြပွဲသတင်းများကို The Daily Times ကဖေါ်ပြခဲ့သည်။

သတင်းရေးသားသူ၏ အခြေစိုက်နေရာအဖြစ် ‘Yangon’ (ရန်ကုန်မြို့) ကို သတင်းများ တွင် ထိပ်စီးတပ်ရေးသားထားသည်။

ပါကစ္စတန်သည် နိုင်ငံတကာ အစ္စလမ်မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ၏ အဓိကပင်မနိုင်ငံဖြစ်ပြီး၊ ပါကစ္စတန်ထောက်လှမ်းရေးသည် တာလီဘန် ကို ပျိုးထောင်မွေးမြူခဲ့သော အဖွဲ့အစည်းဖြစ်သည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်း ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ဗုဒ္ဓဘာသာဝင်များ အပေါ်တိုက်ခိုက်မှုများသည် လတ်တလော အကြောင်းရပ်များကြောင့်မဟုတ်ပဲ ကြိုတင် အကွက်ချ စီစဉ်တိုက်ခိုက်မှုများဖြစ်ကြောင်း သတင်းတင်ပြမှုများ ရှိခဲ့သော်လည်း၊ ဘင်္ဂလာဒေ့ရှ် တာဝန်ရှိသူများကမူ အသက်ဆယ့်ရှစ်နှစ်အရွယ် လူငယ် တစ်ယောက် အား တိုက်ခိုက်မှုများကို အဓိကစီစဉ်ဖန်တီးခဲ့သူအဖြစ် ဖမ်းဆီးထားသည်။ ယင်းဖမ်းဆီးမှု ကို နယ်ရုပ်ထိုးကျွေးမှုမျှသာဟု မြင်နေကြသူများရှိသည်။

တရားခံအစစ်အမှန်များသည် UAE ကဲ့သို့သော ပြည်ပနိုင်ငံများတွင် လပေါင်းများစွာက တင်ကြို၍ အစည်းအဝေးချ အစီအစဉ်ဆွဲပြီး၊ မတော်တဆဖြစ်ရပ်ပုံစံဖြင့် ဘင်္ဂလာဒေ့ရှ် လူနည်းစု ဗုဒ္ဓဘာသာဝင်များကို လူမျိုးတုံးသတ်ဖြတ်ရန် စီစဉ်ခဲ့ကြသည် ဆိုသော သတင်းတင်ပြမှုများရှိခဲ့သည်။

ယနေ့ မွန်းလွဲ နှစ်နာရီတွင် စစ်တွေမြို့ လူငယ်ကွန်ရက်အဖွဲ့ဝင်များက ကမကထပြု၍ ဘင်္ဂလာဒေ့ရှ် ကောင်စစ်ဝန်ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားကြသည်။
ဘင်္ဂလာဒေ့ရှ် နိုင်ငံအတွင်း ဗုဒ္ဓဘာသာဝင်များအပေါ် အကြမ်းဖက်မှုများ နှင့် OIC ရုံးဖွင့်ခြင်းကို ကန့်ကွက်သွားကြမည် ဟုဆိုသည်။

ဘင်္ဂလာဒေ့ရှ်နှင့် နိုင်ငံတကာတွင်ရှိနေကြသော ရိုဟင်ဂျာအမည်ခံအဖွဲ့အစည်း (၂၅) ခုကို တစ်ပေါင်းတစ်စည်းတည်းဖြစ်စေရန် ကမကထပြု ကုန်ကျစရိတ်ခံ စီစဉ်ပေးခဲ့သော OIC အဖွဲ့ရုံးစိုက်ရန် မြန်မာအစိုးရ သဘောတူခဲ့သည်မှာ အလွန်အံ့သြဖို့ကောင်းသည် ဟု ယနေ့ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူတစ်ဦး ဖြစ်သည့် ဦးကျော်ဇောဦးက Coral Arakan အား ပြောကြားသည်။

၂၀၁၁-ခုနှစ် မေလအတွင်း ဆော်ဒီအာရေးဗီးယားနိုင်ငံ ဂျီဒက်မြို့ OIC  ရုံးချုပ်တွင် မြန်မာအစိုးရအားဆန့်ကျင်တိုက်ခိုက်နေကြသူများအပါအ၀င် ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီအဖွဲ့အစည်း (၂၅) ခုအား OIC က ပေါင်းစည်းစုရုံးစေကာ Arakan Rohingya Union (ARU) ကို ဖွဲ့စည်းပေးခဲ့သည်။

(ဟန်မောင်သိန်း ရေးသားသည်။)

Miss International ပြိုင်ပွဲဝင်နေသော နန်းခင်ဇေယျာ၏ မေတ္တာရပ်ခံချက်....။



ကျွန်မ နန်းခင်ဇေယျာ ပါ အခုလို ၀ိုင်းပြီးအားပေးတဲ့အတွက်ရော Vote လုပ်ပေးတဲ့အတွက်ရော ကျေးဇူးအများကြီးတင်ပါတယ် Thai beauty fan page က တကယ်တော့ တရားဝင် vote ပေးရမယ့်လင့်မဟုတ်ပါဘူး တရားဝင်vote ပေးရမယ့်လင့်ကို မျှဝေပေးချင်ပါတယ် ။

http://www.flickr.com/photos/64086169@N03/sets/72157631640709082/with/8062634660/

ကိုဖွင့်လိုက်ပါ အဲဒီမှာ အလယ်မှာ ကျွန်မရဲ့ပုံရှိပါတယ် ။ အဲဒီပုံလေးကို Click နှိပ်လိုက်ပါ ။ Favourites တွေဘာတွေလုပ်စရာမလိုပါဘူး ။ သူတို့လိုချင်တာက ကြည့်ရှုသူအရေအတွက် VEIWS ကိုဖြစ်ပါတယ် ။

အခု ကျွန်မ ဓါတ်ပုံမှာ ၁၁၆၀၀၀ ကြိမ်ရှိပြီး တခြားတိုင်းပြည်ကသူတွေကတော့ ၁၉၀၀၀၀ ရှိပါတယ် ။ ဒါကြောင့် အားလုံးဝိုင်းပြီးကူညီကြပါဦး ။ ကျွန်မ ဖေ့ဘုတ်အကောင့်က ဖွင့်လို့မရတော့ပါဘူး Hacking လုပ်ခံရတယ်လို့ထင်ပါတယ် ။ ဒါကြောင့် ကျေးဇူးပြုပြီး ဒီသတင်းလေးကိုဝေမျှပေးပါ ။ ဒါကြောင့် ကျေဇူးပြုပြီး တခြားနေရာတွေလိုက်ပြီး Vote လုပ်နေရင်အချိန်ကုန်ပြီး Views အရေအတွက်တက်လာမှာမဟုတ်ပါဘူး အခုပေးထားတဲ့လင့်ကသာ တရားဝင်ဖြစ်ပါတယ် ။

ရဲတပ်ဖွဲ့ဝင်များ၏ လူမဆန်စွာရိုက်နှက်မှုကြောင့် ကလေးငယ်တစ်ဦး ဆေးရုံတင်ရ။



ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့(၄)ရပ်ကွက်ရှိ အသက် (၁၄)နှစ်အရွယ် မောင်မင်းထက်အောင်အား ရဲတပ်ဖွဲ့ဝင်များကလူမဆန်စွာ ရိုက်နှက်စစ်ဆေးခဲ့သည့်အတွက် အောက်တို့ဘာလ(၁၀)ရက်နေ့တွင် ပဲခူးမြို့ အထွေထွေပြည်သူ့ဆေးရုံကြီးသို့ တင်ထားရကြောင်းသိရှိရသည်။

မောင်မင်းထက်အောင်သည် မိခင်ဖြစ်သူနှင့်အတူနေထိုင်ပြီး ပဲခူးမြို့ မဟာမြိုင်လမ်းရှိ အဆွေတော်ကား/ဆိုင်ကယ် ရေဆေးဆီထိုး အလုပ်ရုံတွင်
အလုပ်လုပ်နေသောကလေးငယ်တစ်ဦးဖြစ်ပါသည်။ အောက်တိုဘာလ(၉)ရက်နေ့ ည(၁၀)နာရီခန့်တွင် မောင်မင်းထက်အောင်အား ငွေကျပ်
(၄၀၀၀၀၀) သိန်း ခိုးယူကြောင်း အလုပ်ရှင်၏ စွတ်စွဲချက်ဖြင့် ပဲခူးမြို့၊ အမှတ်(၃)ရဲစခန်းမှ တာဝန်ကျ ရဲအရာရှီတစ်ဦးနှင့် ရဲတပ်ဖွဲ့(၂)ဦးတို့မှ လူမဆန်စွာ ရိုက်နှက်စစ်ခဲ့တာဖြစ်ပါတယ်။

ငယ်ရွယ်သော ကလေးငယ်တစ်ဦးအား ည(၁၂)နာရီမှ နံနက်(မိုးလင်း)သည် အထိ နည်းမျိုးစုံဖြင့် ရိုက်နှက်စစ်ဆေးခဲ့ရာကလေးငယ်မှာ လမ်းမလျှောက်နိုင်သည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ရပါသည်။
ပျောက်ဆုံးသွားသော ငွေကျပ်(၄၀၀၀၀၀)သိန်းကို
မောင်မင်းထက်အောင်မှခိုးယူခဲ့ခြင်းမဟုတ်ပါ။ အလုပ်ရှင်မှ အထားမှားပြီး အမှုဖွင့်စွတ်စွဲခဲ့ခြင်းသာဖြစ်သည့်အတွက် အောက်တိုဘာလ(၁၀)ရက်နေ့တွင် အမှုပြန်ပိတ်လိုက်ကြောင်းသိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မောင်မင်းထက်အောင်အား ဆေးရုံတွင် သွားရောက်မေးမြန်းခဲ့ရာ “ သားသူတို့ပြောသလို ပိုက်ဆံခိုးခဲ့တာ မဟုတ်ပါဘူး၊
အဲဒီမှာအလုပ်လုပ်တာ (၁)လပဲရှိသေးတယ်။ အလုပ်ရှင်နာမည်တွေတောင် ခုအချိန်ထိမသိသေးဘူး၊ နံနက်(၈)နာရီခွဲအလုပ်ဝင်တယ်။ ညနေ(၅)နာရီ အိမ်ပြန်တယ်။
အဲဒါပုံမှန်ပဲ။ ညကျတော့ သားဆီကို အလုပ်ရှင်လိုက်လာတယ်။ သားကဘာဖြစ်လို့လည်းမေးတော့ မင်းလုပ်တာမင်းသိမှာပေါ့ဆိုပြီး ရဲစခန်းကိုခေါ်သွားတယ်။ ရဲစခန်း
ရောက်တဲ့အခါ တာဝန်ကျအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်(၂)ဦးမှ ရိုက်နှက်စစ်ဆေးတယ်။ လက်ကိုလက်ထိပ့်ခက်၊ ခြေထောက်ကိုဆင်းခိုင်း၊ နံပါတ်တုတ်နဲ့ လှိမ့်တယ်။

လူတကိုယ်လုံးတတ်နင်းပြီး လှိမ့်တာ။ ကျောကုန်းနဲ့ နံရိုးတွေကို နံပါတ်တုတ်နဲ့ရိုက်တယ်။ သားလည်းမခံနိုင်လို့ အကျယ်ကြီးအော်ငိုတယ်။ ရဲတွေက သားပါးစပ်ထဲကို အ၀တ်စုတ်ထိုးထဲ့တယ်။ လည်ချောင်းထဲအထိရောက်တယ် သားအသက်ရှုတောင်မ၀ဘူး။ သူတို့သားကိုစစ်တာ ည(၁၂)နာရီလောက်ကနေ မနက် (မိုးလင်း)အထိ စစ်တယ်။ နောက်နေ့ နေ့လည်(၂)နာရီမှာ အမေသားကိုလာခေါ်တော့ သားလမ်းမလျှောက်နိုင်တော့ဘူး။ ဆိုက္ကားနှင့်အိမ်ကိုပြန်လိုက်သွားရတယ်။ အိမ်ရောက်တော့ သားမသက်သာလို့ ဆေးရုံတက်ရသည့်အဖြစ်မျိုး ရောက်ရှိခဲ့ရပါသည်” ဟု ပြောကြားပါသည်။

သားဖြစ်သူ မောင်မင်းထက်အောင်အား လူမဆန်စွာရိုက်နှက်ခဲ့သည့် ရဲအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်(၂)ဦးအား ထိရောက်စွာ အရေးယူပေးရန် အောက်တိုဘာလ(၁၁)ရက်နေ့တွင် ဖခင်ဖြစ်သူ ဦးလှမင်းမှ ပဲခူးတိုင်းရဲတပ်ဖွဲ့မှူးရုံးနှင့် ပဲခူးခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ တိုင်စာပေးပို့ခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

သတင်း။ ကိုရှင်

အိုအိုင် စီ ကို မြန်မာ နိုင်ငံ တွင် လက်သင့်မခံရေး ဆန္ဒ ပြပွဲ တက်ရောက် ကြရန် နှိုးဆော်

မူဂျာဟစ်ဒင်များက ဗုဒ္ဓဂါယာကို ဗုံးဖောက်ခွဲမည့် အစီအစဉ် သတင်းကြောင့် လုံခြုံရေး တိုးမြှင့်



နယူးဒေလီ (မဇ္ဈိမ) ။ ။ အိန္ဒိယအခြေစိုက် မူဂျာဟစ်ဒင်များ၏ ဗုံးဖောက်ခွဲရန် အစီအစဉ်များထဲတွင် ဘီဟား
ပြည်နယ်ရှိ ဗုဒ္ဓဂါယာ စေတီတော်ကြီးလည်း ပါဝင်နေသည်ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် လုံခြုံရေး အနည်းငယ် တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရှိရသည်။

ပူနေးမြို့ကြီးတွင် သြဂုတ်လ ၁ ရက်နေ့က ပဒေသာဗုံး ပေါက်ကွဲမှုနှင့် ပတ်သက်၍ မကြာမီကမှ ဖမ်းဆီးရမိထားသော မူဂျာဟစ်ဒင် အကြမ်းဖက်သမား သုံးဦးအား စစ်ဆေးရာ ၎င်းတို့အဖွဲ့မှ ဗုံးခွဲတိုက်ခိုက်မည့် အစီအစဉ် စာရင်းတွင် ဗုဒ္ဓဂါယာ ဘုရားကျောင်းလည်း ပါဝင်နေသည်ဟု သောကြာနေ့ထုတ် အိန္ဒိယ အင်္ဂလိပ် သတင်းစာကြီးများတွင်ဖော်ပြပါရှိသည်။

သို့သော် ကြာသပတေးနေ့က ပြုလုပ်သည့် ဒေလီအထူးရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီး Neeraj Kumar ၏ သတင်းစာ ရှင်းလင်းပွဲတွင်မူ “သူတို့ကို ကြိုးကိုင်သူတွေရဲ့ ညွှန်ကြားချက်အရ သူတို့ဟာ ဒေလီမြို့တော်မှာ ဖောက်ခွဲတိုက်ခိုက်မှုတွေ လုပ်ဖို့ စီစဉ်နေခဲ့ကြပြီး သူတို့ရဲ့ပစ်မှတ်ထဲမှာ ဘီဟာပြည်နယ်မှာရှိတဲ့ ဗုဒ္ဓဂါယာ ဟိန္ဒူ ဘုရားကျောင်းလည်း ပါတယ်” ဟု ဒေသခံ ဟင်န္ဒူစတန်နီစကားဖြင့် ပြောဆိုသွားသည်။

သို့သော် ဗုဒ္ဓဓါရာ ဟိန္ဒူဘုရားကျောင်း ဆိုသည်မှာလည်း ဗုဒ္ဓဘုရား ပွင့်တော်မူရာ မဟာဗောဓိ ညောင်ပင် တည်ရှိ သည့် မဟာဗောဓိ စေတီတော်နှင့် ကပ်လျက်တည်ရှိပြီး အကယ်၍ အကြမ်းဖက်သမားများ ဗုံးဖောက်ခွဲလိုပါက လူစည်ကားရာ မဟာဗောဓိ စေတီတော်ကြီးတွင် ဖောက်ခွဲနိုင်ခြေရှိသည်ဟု သုံးသပ်သူများက ဆိုသည်။

ယခုကဲ့သို့ ဆောင်းအဝင်နှင့် ဆောင်းအထွက် ရာသီမျိုးမှာ ဗုဒ္ဓဂါယာ အပါအဝင် မဇ္ဈိမဒေသသို့ မြန်မာနိုင်ငံမှ ဘုရားဖူးများ စည်ကားသည့် ဘုရားဖူးရာသီ ဖြစ်သည်။

အကြမ်းဖက်သမားများ ဖမ်ဆီးရမိပြီးနောက် ဗုဒ္ဓဂါယာတွင် လုံခြုံရေးတိုးမြှင့်ထားပြီး ပုံမှန်ဘုရား လုံခြုံရေးထက် ပိုမိုကြောင်း ဗုဒ္ဓဂါယာတွင် ခေတ္တသီတင်းသုံးနေသည့် မြန်မာရဟန်းတော် တပါးက မိန့်ဆိုသည်။

“မဟာဗောဓိမှာ လုံခြုံရေး နည်းနည်းတော့ တိုးထားတယ်။ ပုံမှန်ထက် နည်းနည်းတော့ စစ်ဆေးတာရှိတယ်။ အရင် ကတော့ ဂိတ် လုပ်ထားတာပဲရှိတယ်။ အခုဆိုရင်တော့ သတင်းရှိထားတော့ တဦးချင်း စစ်ဆေးမှာပေါ့” ဟု မဇ္စျိမကို မိန့်ဆိုသည်။

ဖမ်းဆီးရမိထားသော အကြမ်းဖက်သမားများ၏ ဖြောင့်ချက်အရ ၎င်းတို့အုပ်စုထဲမှ သုံးဦး လွတ်မြောက်နေသေးကြောင်းလည်း သိရှိရသည်။

ဂါယာမြို့တွင် မြန်မာရဟန်းတော် အပါး ၈ဝ ခန့်ရှိပြီး “တပါးနှင့် တပါး သတိရှိစေရန်” ဖုန်းဖြင့် အသိပေးကြကြောင်း ဦးပဉ္ဇင်းမှ ဆက်လက် မိန့်ကြားသွားသည်။
Mizzima

၂၀၁၂ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆုကို ဥရောပသမဂ္ဂဆွတ်ခူး

Friday, 12 October 2012 17:16
mt ၂၀၁၂ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆုကို ဥရောပသမဂ္ဂက ဆွတ်ခူးသွားခဲ့ကြောင်း နိုဗယ်ဆုရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ သော်ဂျွန်းဂျက်လန်က အော်စလိုတွင်ထုတ်ပြန်ကြေညာသည်။
"သမဂ္ဂနဲ့ သူ့ရဲ့ရှေ့ဆောင်အဖွဲ့အစည်းတွေဟာ ဥရောပမှာ ငြိမ်းချမ်းရေး၊ ပြန်လည်ရင်ကြားစေ့ရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး တိုးတက်ထွန်းကားစေဖို့အတွက် ဆယ်စုနှစ် ခြောက်ခုကျော်ကြာ ထောက်ပံ့ပေးခဲ့ပါတယ်။ အနှစ် ၇၀ ကျော်အတွင်းမှ ဂျာမနီနဲ့ ပြင်သစ်တို့ စစ်ပွဲသုံးကြိမ်ဖြစ်ခဲ့ပါတယ်။ အခုနေအခါမှာတော့ ဂျာမနီနဲ့ ပြင်သစ် စစ်ဖြစ်ဖို့ဆိုတာတွေးကြည့်လို့တောင်မရတဲ့ ကိစ္စဖြစ်သွားပါပြီ။ ဒါက ဘာကိုပြသလဲဆိုရင် ရည်ရွယ်ချက်ကောင်းကောင်းနဲ့ အားထုတ်ခဲ့တာတွေ၊ အပြန်အလှန်ယုံကြည်မှုနဲ့တည်ဆောက်ခဲ့တာတွေကြောင့် သမိုင်းဝင်ရန်ဘက်တွေဟာ ရင်းနှီးတဲ့မိတ်ဖက်တွေဖြစ်လာခဲ့တယ်ဆိုတဲ့ အချက်ပါပဲ" ဟု ကော်မတီဥက္ကဋ္ဌက ပြောကြားခဲ့ သည်။
အကြွေးနွံနစ်နေသော တောင်ပိုင်းနိုင်ငံများနှင့် ချမ်းသာကြွယ်ဝသည့် မြောက်ပိုင်းနိုင်ငံများအကြား ဆယ်စုနှစ်များစွာအတွင်း နက်နက်ရှိုင်းရှိုင်းသဘောကွဲလွဲနေပြီး ဥရောပသမဂ္ဂ၏ညီညွတ်မှုမှာ စိန်ခေါ်ခံ ရသည့်အခြေအနေမျိုးရောက်နေသည့် ယခုကဲ့သို့သောကာလမျိုးတွင် ဆုချီးမြှင့်ခဲ့ခြင်းမှာမူ အံ့အားသင့်စရာဖြစ်ခဲ့သည်။
သို့ရာတွင်ဥရောပသမဂ္ဂသည် လတ်တလောကာလတွင် အကျပ်အတည်းများကြုံတွေ့နေရသော်လည်း ဒုတိယကမ္ဘာစစ်နောက်ပိုင်း အစိတ်စိတ်အမွှာမွှာကွဲနေသည့် နိုင်ငံများအကြား ရာစုနှစ်ဝက်ကျော်ကြာ ကြာမြင့်ပြီဖြစ်သည့် ငြိမ်းချမ်းရေးကိုဖန်တီးရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်ဟု အသိအမှတ်ပြုခံခဲ့ရပြီး ကာလတိုအခြေအနေတစ်ရပ်အတွက်မဟုတ်ဘဲ ကာလရှည်အားထုတ်ခဲ့မှုအတွက် ချီးမြှင့်ခံခဲ့ရခြင်းဖြစ်သည်။
mt1
အခက်အခဲများကြုံနေရသော်လည်း ဥရောပမသမဂ္ဂသည် ကမ္ဘာတွင် အကြီးဆုံးဘုံဈေးကွက်တစ်ခုဖြစ်လာပြီး ကုန်ပစ္စည်း၊ လူ၊ ၀န်ဆောင်မှု၊ အရင်းနှီးများလွတ်လပ်စွာစီးမြောခွင့်ရသည့်ရပ်ဝန်းကြီးအဖြစ် ရပ်တည်နေဆဲဖြစ်သည်။
တစ်ချိန်က သံကန့်လန့်ကာ၏တစ်ဖက်စီတွင် နေထိုင်ခဲ့ကြသော နိုင်ငံ ၂၇ နိုင်ငံသည် တစ်ပေါင်းတစ်စည်းတည်း ရပ်တည်မှုတစ်ခုကို တည်ဆောက်နိုင်ခဲ့ကြသည်။ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုနောက် ခံများစွာကွဲလွဲကြသော်လည်း ပူးပေါင်းဆောင်ရွက်ရေးကို အားထုတ်နိုင်ခဲ့ပြီး ၁၇ နိုင်ငံမှာ ယူရိုငွေကြေးကို ဘုံငွေကြေးအဖြစ်သုံးစွဲနေကြသည်။
ယခုနှစ်နိုဗယ်ဆုချီးမြှင့်မှုနှင့် ပတ်သက်သည့်ထူးခြားသည့်အချက်မှာ ဆုကိုချီးမြှင့်ပေးသည့် အိမ်ရှင်နိုင်ငံ နော်ဝေကိုယ်တိုင်မှာမူ ၁၉၇၂ ခုနှစ်နှင့် ၁၉၉၄ ခုနှစ်တွင် နှစ်ကြိမ်တိုင်တိုင် ဥရောသမဂ္ဂသို့ဝင်ရောက်ရေးကို ငြင်းဆန်ပယ်ချခဲ့ဖူးခြင်းဖြစ်သည်။ လက်ရှိအချိန်တွင်လည်း စစ်တမ်းကောက်ယူမှုများအရ နိုင်ငံသားလေးပုံသုံးပုံသည် သမဂ္ဂ၀င်ရောက်ရေးကို လက်မခံကြဟုသိရသည်။
နော်ေ၀၀န်ကြီးချုပ် ယန်းစတိုလ်တန်ဘာ့ဂ်ျက ဥရောသမဂ္ဂကိုဂုဏ်ပြုခဲ့ပြီး နော်ဝေ၏ဥရောပမသမဂ္ဂသို့ဝင်ရောက်ရန်ရှိမရှိ မေးမြန်းချက်ကိုမူ အစီအစဉ်မရှိကြောင်းဖြေကြားခဲ့သည်။
ဥရောပသမဂ္ဂဥက္ကဋ္ဌ ဗန်ရွမ်ပေ က ဥရောပနိုင်ငံများ၏စစ်ပွဲနှင့် သဘောကွဲလွဲမှုများကို ကျော်လွှားနိုင်ခဲ့ခြင်း၊ ငြိမ်းချမ်းပြီးသာယာဝပြောသည့် တိုက်ကြီးတစ်တိုက်အဖြစ် ဖန်တီးနိုင်ခဲ့ခြင်းဆိုသည့် ပြိုင်ဘက် ကင်းသည့်အားထုတ်မှုကို ယခုဆု က ဂုဏ်ပြုရာရောက်ပါကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ငြိမ်းချမ်းရေးနိုဗယ်ဆုရရှိခဲ့ဖူးသည့် အဖွဲ့အစည်းများ
ငြိမ်းချမ်းရေးနိုဗယ်ဆုကို လူပုဂ္ဂိုလ်များကိုသာမက အဖွဲ့အစည်းများကိုပါပေးအပ်ချီးမြှင့်လေ့ရှိသည်။
၁၉၀၄- အပြည်ပြည်ဆိုင်ရာဥပဒေ အင်စတီကျု
၁၉၁၀-အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေး အမြဲတန်းဗျူရို
၁၉၁၇-အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့
၁၉၃၈-ဒုက္ခသည်များဆိုင်ရာ နန် ဆန်အပြည်ပြည်ဆိုင်ရာရုံး
၁၉၄၄-အပြည်ပြည်ဆိုင်ရာကြက် ခြေနီအဖွဲ့
၁၉၄၇-Friends Service Council(The Quakers), American Friends Service Committe(The Quakers)
၁၉၅၄-ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး
၁၉၆၃-အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် ကြက်ခြေနီအဖွဲ့အစည်းများအဖွဲ့ချုပ်
၁၉၆၅-ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်ဖ်)
၁၉၆၉-အပြည်ပြည်ဆိုင်ရာအလုပ် သမားအဖွဲ့ချုပ်
၁၉၇၇-အပြည်ပြည်ဆိုင်ရာလွတ် ငြိမ်းချမ်းသာခွင့်အဖွဲ့
၁၉၈၁-ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး
၁၉၈၅-နျူကလီးယားစစ်ပွဲ ကာကွယ်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ရူပဗေဒပညာရှင်များအဖွဲ့
၁၉၈၈-ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့
၁၉၉၅-Pugwash လှုပ်ရှားမှု
၁၉၉၇-မြေမြှုပ်မိုင်းများပိတ်ပင်ရေး အပြည်ပြည်ဆိုင်ရာလှုပ်ရှားမှု
၁၉၉၉-နယ်စည်းမခြားဆရာဝန်များ အဖွဲ့ (Doctors Without Borders)


http://news-eleven.com/index.php?option=com_content&view=article&id=15978:2012-10-12-11-01-54&catid=79:internationalnews&Itemid=156

အိုအိုင်စီခေါ်သွင်းတဲ့မြန်မာအစိုးရ မလေးကုလားတွေ၏အလိမ်ခံရ


မလေးရှားအဖွဲ့မှ ယခုအပတ်အတွင်း ကယ်ဆယ်ရေးစခန်းများသို့ ပေးသော ကယ်ဆယ်ရေးပစ္စည်းများထည့်သည့် ပုံးတွင် သွေးထိုးလှုံ့ဆော်ထားသည် ဓါတ်ပုံများ ပါဝင်နေကြောင်းကို တွေ့ရှိရပါသည်။ထိုသို့ပါဝင်ခြင်းများကို ပုံး၏အပြင်ဘက်အား ရေဖြင့်စိုအောင်ပြုလုပ်ပြီး ခြစ် ကြည့်ရာ ဘင်္ဂလီများအား ရိုဟင်ဂျာဟုရေးသားထားကြောင်းနှင့် ဘင်္ဂလီများ ၏ ငိုယိုနေပုံများကိုထည့်သွင်းဖော်ပြထားကြောင်းလည်းတွေ့ရှိရပါသည်။မြန်မာအစိုးရနှင့်သဘောတူ လာရောက်ပူးပေါင်းပေးအပ်သော ထောက်ပံ့ရေး ပစ္စည်း များတွင် ထိုသို့ မရိုးမသား သောနည်းများကိုအသုံးပြုခြင်းသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်မြန်မာနိုင်ငံအစိုးရအဖွဲ့အား အကြီးမားဆုံး စော် ကားမှုတစ်ရပ်ဖြစ်ကြောင်း ရှုမြင်မိပါသည်။ထို့အပြင် ရခိုင်နှင့်ကုလားများ ထပ်မံပဋိပက္ခဖြစ်အောင် သွေးထိုးလှုပ်ဆော် ပေးခြင်းတစ်မျိုး ဟုလည်း သုံးသပ်မိပါသည်။ မလေးရှား အဖွဲ့မှ ရိုးသား သည်ဟုဆိုလျင် ထိုသို့သော လုပ်ရပ်များကို ပြုလုပ်မည်မဟုတ်ကြောင်း မရိုး သားသည့်အတွက် အပြင်ဘက်တွင် အမြင်ကောင်းအောင်လုပ်ကာ အတွင်း ဘက်တွင် လှုံ့ဆော်ထားသည်များကို တွေ့ရှိရပါသည်။ရခိုင်ကယ်ဆယ်ရေးစခန်းများနှင့်ဘင်္ဂလီကယ်ဆယ်ရေးစခန်းများသို့ အောက် တိုဘာလ ၉ နှင့် ၁၀ တို့တွင် သွားရောက်ပေးခဲ့သော ကယ်ဆယ်ရေးပစ္စည့် ထည့်သည့် ပုံးများအား ရေဖြင့်ဆွတ်ကာ တိုက်ကြည့်လိုက်ပါ။ အောက် ဘက် တွင် ဘင်္ဂလီမ များ ငိုယိုနေသည့်ပုံကိုတွေ့ရှိရမည်ဖြစ်ပါသည်။ယင်းတွက် ရခိုင်တစ်မျိုးသားလုံးကိုယ်စား မလေးရှားမှလာရောက်ခဲ့သည့်Humanitarian Mission အဖွဲ့အား လုံးဝမထောက်ခံသည့် အပြင် ရခိုင် ပြည် နယ်သို့ လုံးဝပြန်မလာရန် အကြီးအကျယ် ကန့်ကွက် ပါသည်။ရခိုင်များကို လိမ်လည်လှည့်ဖျားသည့် ထိုအဖွဲ့အား မည်သည့်နည်းနှင့် မျှ အ၀င်အခံနိုင်တော့ကြောင်း အသိပေးအပ်ပါသည်။ အစိုးရအဖွဲ့ကိုလည်း လိမ်လည်ခြင်းအပေါ် ရခိုင်ပြည်သူ တစ်ရပ်လုံးက မကျေမနပ်ဖြစ်နေကြ ကြောင်း နှင့် ယင်းပုံးများအတွင်းမည်သည့် ပစ္စည်းများပါသည်ကို သေ ချာအောင် စစ်ဆေးရမည့်အနေအထားရှိနေပါကြောင်း ပြည်သူများက ပြောဆိုနေကြပါသည်။ထိုသိုလုပ်ကြံထားသည်ကို အစိုးရအဖွဲ့အနေဖြင့်လည်း လုံးဝမရိပ်မိခဲ့ သဖြင့် ပိပိရိရိအလိမ်ခံရခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုကြပါသည်။ အပြင်ဘက်တွင် အမြင်ကောင်းအောင်ပြထားပြီး အောက်ဘက်တွင် လိမ်ထား ခြင်းကို မည်သူမျှမသိလိုက်ကြောင်းကို ဒေသခံများက အထူးမကျေ မနပ်ဖြစ်နေကြရပါသည်။ Credit to: Rakhine Straight Views

မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တွင် လေသံမဟိန်းဟောက်နိုင်တော့သည့် တရုတ်





(6 October 2012 ရက်စွဲပါ The Economist မှ Relation with Myanmarး Less thumder out of China ကို ဘာသာပြန်ပါသည်)

တရုတ်နယ်စပ်မြို့ ဖြစ်သော ရွှေလီရှိ Everything is good ကျောက်စိမ်းကုမ္ပဏီ အရောင်းပြခန်းတွင် လာရောက်သော ဧည့်သည်များသည် ပြထား သော အရာများထဲမှ အမဲရောင် ကျောက်တုံး တစ်ခုကို အာရုံကျ နေကြသည်။ တစ်ဖက်တွင် အနည်းငယ် လှီးပြထားရာ အတွင်းမှ အစိမ်းရောင် နှင့် ခရမ်း ရောင်ကို မြင်နေရပြီး ၄င်းသည် အမှန်တကယ် တန်ဖိုးရှိကြောင်း ပြသနေပါသည်။ ၄င်းသည် မြန်မာနိုင်ငံမှ အရည်အသွေး မြင့်မားသော ကျောက်စိမ်းဖြစ်ပြီး နားလည်သော တရုတ် ဖောက်သညများက ကမ္ဘာပေါ်တွင် အကောင်းဆုံးဟု ဆိုကြပြီး တန်ဖိုးကိုလည်း ဒေါ်လာ (၁.၂)သန်းဟု ကပ်ထားပါသည်။

ရွှေလီတွင် ထိုသို့သော ဆိုင်များ ရာနှင့်ချီ၍ ရှိပြီး အများစု မှာ ကျောက်စိမ်းကို လက်ဝတ်ရတာများလုပ်၍ ရောင်းချကြပါသည်။ တရုတ်လူမျိုးများ အတွက် မြန်မာနိုင်ငံမှ သစ်များ၊ ကျောက်တုံးများ ရောင်းခြင်းဖြင့် စီးပွားရေး ကောင်းမွန်လျက်ရှိသည်။ သို့သော် မြန်မာ အများစုကမူ တရုတ်တို့သည် မိမိတို့ နိုင်ငံမှ သယံဇာတ များခိုးယူနေသူများအဖြစ် သာ ရှုမြင်ကြပါသည်။ ၁၉၉၀ ခုနှစ်များ အလယ်ပိုင်းဆီက မြန်မာနိုင်ငံသည် အနောက်နိုင်ငံများ၏ စီးပွားရေးအရ အရေးယူမှု များကို ခံရကတည်းက တရုတ်တို့သည် မြန်မာနိုင်ငံအပေါ် လွတ်လပ်စွာ ချုပ်ကိုင်ခွင့် ရရှိခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ရွှေလီတွင် စီးပွားရေး ၊ အားကောင်းလာခြင်းသည် ထိုအချက် မှန်ကန်ကြောင်း သက်သေပင် ဖြစ်သည်။ ယူနန်မှ စီးပွားရေး သမားများသည် မြန်မာနိုင်ငံမှ သွင်းကုန်များ ၊ အချို့ကို အဂတိ လိုက်စားသော မြန်မာအစိုးရ တာဝန်ရှိသူများနှင့် ပေါင်း၍ သွင်းကာ အကျိုးအမြတ်အကြီးအကျယ် ရခဲ့ကြသော်လည်း မြန်မာအများစုမှာ နယ်စပ်ကုန် သွယ်ရေးမှ အနည်းငယ်သာ အကျိုးခံစားခွင့် ရကြကြောင်း မြန်မာများက ငြီးတွားခဲ့ကြသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများ၊ မလုပ်မီအထိ တရုတ်၏ တဖက်သတ် ဖြစ်မှုများအတွက် ဘာမျှထူးထူးခြားခြား ဖြစ်ပျက်မှုများ မရှိခဲ့ပေ။ ကုန်သွယ်ရေး တွင်သာမက နယ်စပ်တစ်လျှောက် တရုတ်၏ ရှေးရိုးစဉ်လာ အကျိုးစီးပွားများသည်လည်း တည်ငြိမ်လျက်ရှိပါသည်။ တရုတ်အာဏာ ပိုင် များသည် မြန်မာအစိုးရနှင့် ကချင်တိုင်းရင်းသား ၊ကရင်တိုင်းရင်းသား များကြား လက်နက်ကိုင် တိုက်ပွဲများကြောင့် ဖြစ်ပေါ်လာသော အကျိုး သက် ရောက်မှုများကို ကာလရှည်ကြာ တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် ကြိုးစားခဲ့ကြသည်။ ထို့နည်းတူစွာပင် ရှမ်းပြည်နယ်မှ မူးယစ်ဆေးဝါးများ တရုတ်နိုင်ငံ အတွင်းသို့ စီးဝင်နေမှုကိုလည်း တရုတ်အာဏာပိုင်များက ရပ်တန့်သွားအောင် ကြိုးစားခဲ့ကြသည်။ မကြာသေးမီက ယူနန်ပြည်နယ်မြို့တော် ကူ မင်းတွင် ရှမ်းမူးယစ်ဆေးဝါးရာဇာ နော်ခမ်းကို လူသိရှင်ကြားအမှု စစ်ဆေးမှုမှာ တရုတ်အာဏာပိုင်များ အနေဖြင့် မူးယစ်ဆေးဝါး ၏ ခြိမ်းခြောက်မှုကို မည်သို့ အလေးအနက် ထားသည်ဆိုသည်ကို ဖော်ပြနေပြီး ၊ ဒေသတွင်း မည်မျှသြဇာ လွှမ်းမိုးနေပြီ ဆိုသည်ကိုပါ ဖော်ပြနေသည်။

သို့သော်တရုတ် တို့သည် အဆိုပါ ကိစ္စရပ်များတွင် အာရုံပြုနေသော်လည်း မြန်မာနိုင်ငံတွင် ၄င်းတို့၏ စီးပွားရေးအရ ခြေဆန့်မှုများနှင့် တည်ရှိနေ မှု အပေါ် မြန်မာနိုင်ငံသားများ၏ မကျေနပ်မှုများ တဖြည်းဖြည် ကြီးထွားလာသည့် အချက်ကို သတိလက်လွတ် ဖြစ်လျက်ရှိသည်။ ရလာဒ်အားဖြင့် တရုတ်တို့ အသာစီး ရထားသော မြန်မာနိုင်ငံနှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် ဆက်ဆံရေးတွင်မြန်မာနိုင်ငံ အတွက် ရေရှည်အကျိုးသက်ရောက်မှုများ၊ အရှေ့တောင် အာရှတွင် ပါဝါချိန်ခွင် ညှိမှုများနှင့် ဆင်းရဲသော နိုင်ငံများအပေါ် တရုတ်၏ စီးပွားရေး လုပ်ရာတွင် သဘောထားများတွင် ပေါက်ကွဲမှုများ ကြုံတွေ့နေရပြီဖြစ် သည်။

ပီကင်းတက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ပါမောက္ခ Zhu Feng ကပြောကြားရာတွင် ပြီးခဲ့သည့် နှစ် မြစ်ဆုံစီမံကိန်း ရုတ်တရတ် ရပ်ဆိုင်းပြီး က တည်းက တရုတ်နိုင်ငံ အတွက် မြန်မာနိုင်ငံနှင့် ပတ်သက်သော အချက်ပေး ခေါင်းလောင်းသံများ စတင်မြည်လာခဲ့ကြောင်း ဆိုသည်။

မူလက တရုတ်တို့သည် ထိုဖွံ့ဖြိုးရေး လုပ်ငန်းကို မြန်မာတို့က ကြိုဆိုခဲ့လိမ့်မည် ဟု မှတ်ယူထားခဲ့ကြပါသည်။ သို့သော် မြန်မာအများစုက သယံဇာ တပေါသော မြန်မာနိုင်ငံနှင့် သယံဇာတကို အငမ်းမရ ရှာဖွေနေသော အိမ်နီးချင်းနိုင်ငံကြား မညီမျှသော ကုန်သွယ်မှု သတ်မှတ်ချက်များနှင့် ပတ်သက်၍ မကျေနပ်မှုများသည် မြစ်ဆုံတွင် စု၍ပေါက်ကွဲခြင်းဖြစ်ပါသည်။ ရွာများ ရွှေ့ပြောင်းပေးရခြင်း၊ ရေကာတာကြောင့် လယ်မြေများ ရေလွှမ်းခံရခြင်းများ ရှိသော် လည်း ထွက်ရှိသော လျှပ်စစ်ဓါတ်အား အများစုမှာ တရုတ်နိုင်ငံသို့သာ ရောင်းချထားခြင်းကြောင့် ကချင်ပြည်သူများမှာ ယခင်နှင့် ဘာမျှ မထူးခြားဟု ဆိုနိုင် သည်။

ထို့ကြောင့် မြန်မာနိုင်ငံမှ သမ္မတသစ် ဦးသိန်းစိန်သည် ပြည်သူလူထု၏ လိုလားချက်ကို နားထောင်သော ခေါင်းဆောင်တစ်ဦးအဖြစ် ရေကာတာ ဆောက်လုပ်မှုကို ရပ်ဆိုင်းခဲ့ပြီး အမြတ်ထုတ်သော သဘောထားရှိသည့် တရုတ်တို့ကို ဆန့်ကျင်ခဲ့ပါသည်။ ဤကိစ္စမှာ အလွန်တော်ပြီး ကွက်ကျော်မြင်သော ပြည်တွင်းနိုင်ငံရေး အရွေ့တစ်ခု ဖြစ်ပြီး တိုင်းပြည်၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ အတွက် သမိုင်းမှတ်တိုင် ဖြစ်ပါသည်။ တရုတ်နိုင်ငံမှ ပညာရှင်များ ၊ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များ အတွက်မှူ ၄င်းတို့အား ကြိုတင်အသိပေးခြင်း မရှိပဲ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်အတွက်အံ့သြခြင်း၊ တုန်လှုပ်ခြင်းများကို ယခု တိုင် ပြောနေဆဲဖြစ်ပြီး အစာမကြေဖြစ်လျက် ရှိတုန်းပင် ဖြစ်သည်။

ပြန်စဉ်းစားရလျှင် မြန်မာနိုင်ငံတွင် တရုတ်တို့၏ အမှားမှာ တရုတ်တို့သည် အစိုးရတာဝန်ရှိသူ များနှင့် ဆက်ဆံရေး ကောင်းမွန်ရေးကိုသာ အာရုံပြု ပြီး ပြည်တွင်းနိုင်ငံရေးအရ ခံစားမှုများကို အလေးထားခြင်းမရှိခြင်းပင်ဖြစ်ကြောင်း Mr Zhu က ရှင်းပြခဲ့ပါသည်။ ထို့ကြောင့် တရုတ်တို့သည် အရေးကြီးသော မူဝါဒများ ၊ နိုင်ငံရေးအရ တွေးခေါ်မှုများ ပြောင်းသွားသည်ကို သတိမမူမိခဲ့ပဲ အခြားအသံများကို နားထောင်ပြီး အဓိပ္ပါယ် ဖွင့်ရန် မလုပ်ဆောင်နိုင်ခဲ့ပေ။ ထိုအစား ၄င်းတို့သည် မြန်မာအစိုးရအား တိုင်းပြည်တစ်ခုအနေဖြင့် မဟုတ်ပဲ တရုတ်ပြည်တွင်းက ဒေသတစ်ခုအဆင့်တွင်သာ ဆက်ဆံခဲ့ခြင်း အမှားဖြစ် သည်။ ထိုအချက်သည် တရုတ်တို့အတွက် ဆိုးရွားသည့် လုပ်ရပ်ဖြစ်ကြောင်း Mr Zhu က ပြောပါသည်။ “ဒါဟာကြီးမားတဲ့ သင်ခန်းစာပဲ ဒါကို သင်ခန်းစာယူရပါမယ်”ဟု ၄င်းကဆိုသည်။

တရုတ်နိုင်ငံ၏ တခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး မူဝါဒသည် လက်ရှိ ဖြစ်နေသော ရှုတ်ထွေသည့် နိုင်ငံရေး အခြေအနေ များကို နားလည်နိုင်မှု စွမ်းရည်ကို အကန့်အသတ် ဖြစ်စေသည်။ ထိုအားနည်းချက်သည် ကိုယ့်အတ္တကိုသာ အလေးထားပြီး အခြားအရာများကို မသိနားမ လည်သော အခြေအနေကိုသာ ဖြစ်ပေါ်ရန် အားပေးသကဲ့သို့ ဖြစ်ပြီး ထိုဖြစ်ရပ်မျိုးကို ရွှေလီတွင် သက်သေပြစရာ များစွာရှိသည်။ ရွှေလီတွင် တရုတ်လူမျိုး များသည် မြန်မာနိုင်ငံအကြောင်း ဘာမျှမသိပဲ မြန်မာနိုင်ငံသည် ဆင်းရဲသည်။ အန္တရာယ်များသည် ဆိုတာကိုသာ သိကြသည်။

Beijingရှိနိုင်ငံခြား လေ့လာရေးတက္ကသိုလ်မှ အကူအညီပေးရေး မူဝါဒပညာရှင် Zhang Xiaominက ထောက်ပြရာတွင် တရုတ်သည် အာဖရိက တွင်လည်း ထိုသို့ သောကိစ္စရပ်များဖြစ်ပွားလျက်ရှိကြောင်း ဆိုပါသည်။ သို့သော ၄င်းတို့ မြန်မာနိုင်ငံတွင် ရရှိခဲ့သော အတွေ့အကြုံ မှာ ပြဿနာကို ရှင်းရှင်း လင်းလင်း သဘောပေါက်သွားစေသည်ဟု ၄င်းကပြောသည်။ ရလာဒ်အားဖြင့် တရုတ်အစိုးရသည် ယခုအခါ တရုတ်စီးပွားရေး လုပ်ငန်းများ၊ အထူးသဖြင့် နိုင် ငံပိုင် စီးပွားရေး လုပ်ငန်းများကို နိုင်ငံရပ်ခြားတွင် ပို၍ အလေးပေးဆက်ဆံရန် ပြောကြားနေရပြီ ဖြစ်ပါသည်။ အနောက် နိုင်ငံများက ပြောလေ့ရှိသည့် လူမှု ရေးအရ တာဝန်ယူမှုများ တွင် ပို၍ရင်းနှီးမြုပ်နှံရန် ပြောဆိုနေပါသည်။ ထို့ကြောင့် ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် ပိုက်လိုင်းတည်ဆောက်နေသော China National Petroleum Cooperationသည် ပိုက်လိုင်းဖြတ်သန်းရာ အနီးရှိ ရွာများတွင် စာသင်ကျောင်းများ ဆောက်လုပ်ပေးလျက် ရှိသည်။

တရုတ်တို့သည် မြန်မာနိုင်ငံတွင် မည်သည့် ကိစ္စများမှားခဲ့သည် ဆိုသည်ကို သုံးသပ်ရာတွင် မှန်ကန်မှု ရှိခဲ့ပါသည်။ သို့သော်အားလုံးကို သုံးသပ်မိ ခြင်း မရှိသေးပေ။ မြန်မာအများစု စောဒကတက်သည့် ကိစ္စမှာ တရုတ်တို့သည် လမ်းများ ၊ တံတားများ၊ တည်ဆောက်ပေးသော်လည်း ဘဏ်လုပ်ငန်း၊ အ စိုးရ အုပ်ချုပ်ရေး ပိုင်တွင် အကြံဥာဏ်များနှင့် ပို၍နက်နဲသိမ်မွေ့သော ဝန်ဆောင်မှုများ ကဲ့သို့သော အနောက်နိုင်ငံများ အထူးကျွမ်းကျင်သည့် ပါဝါအပျော့ ထည် ကိစ္စရပ်များတွင် အကူအညီပေးရန် လိုလားခြင်းမရှိဟူသော အချက်ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးရာ မူဝါဒကျွမ်းကျင်သူ အတော်များများက စိုးရိမ်ပူပန်သည့် အချက်တစ်ခုမှာ မြန်မာနိုင်ငံတွင် တရုတ်တို့၏ အမှားကြောင့် Beijing၏အရှုံးမှာ ဝါရှင်တန်အတွက် အမြတ်ထွက်စေသည်ဆိုသည့် အချက်ဖြစ်သည်။ ဒေသတွင်းတွင် အမေရိကန်နှင့် တရုတ်တို့၏ တင်းမာမှုများ အသစ် ပြန်လည် ဖြစ်ပေါ်လာချိန် တွင် မြန်မာ၏ တံခါးဖွင့်မှုသည် အမေရိကန်တို့၏ အာရှဗဟိုပြုရေး အစိတ်အပိုင်းအပေါ် အနောက်သို့ ဦးလှည့်သွားစေသည် ဟု အဆိုပါ ပညာရှင်များက အဓိပ္ပါယ် ဖွင့်ဆိုကြသည်။ အမှန်တကယ်ပင် တရုတ်တို့၏ လျှို့ဝှက်တက်သော စိတ်ကြောင့် မြန်မာတို့သည် တရုတ်၏ နိုးထလာမှု ကို ထိန်းညှိရန် ပြန်လည်ပေါ်ပြူလာ ဖြစ်လာသော အမေရိကန်ထံ ဦးတည်ရန် ပြောင်းလဲမှု ဖြစ်သွားစေပါသည်။ တရုတ် ပညာများ၏ နောက်ထပ်ပူပန်မှု တစ် ခုမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လှုပ်ရှားမှုများသည် တနည်းမဟုတ်တနည်း တရုတ်နိုင်ငံ၏ အခြေအနေပေါ်တွင်သြဇာလွှမ်းမိုးမှု ရှိမည်ဆိုသည့် အချက်ပင် ဖြစ်သည်။

ခြုံကြည့်မည်ဆိုပါက မြန်မာနိုင်ငံမှ ဒီမိုကရေစီ အသွင်ပြောင်းမှု များသည် တရုတ်အစိုးရအပေါ် သက်ရောက်မှု ပါဝါကြီးကြီးဖြင့် အတွေ့အကြုံ များ ရစေသည်။ အနည်းဆုံးအားဖြင့် အချို့သင်ခန်းစာများကိုတော့ ရယူနိုင်မည်ဟု မှတ်ယူရသည်။

Yangon chronicle

ငတုံးများသိစေရန်


Nay Wai

အကယ်၍ အစိုးရခန့်ထားသော ပညာရှိကြီးများက ဤသို့ဆင်ခြေပေးသော် နေမျိုးဝေဤသို့ဖြေမည် ။

ဆင်ခြေ (၁) ဒေသခံတောသားတွေ အရင်းအနှီးမရှိလို့ သေချာမစိုက်နိုင်ဘူးတွေ့လား - ဟူသော ဆင်ခြေ
...

အဖြေ - (၁) လုံးဝ စိုက်နိုင်သည် ဗိုလ်ချုပ်မောင်ဘို ခွင့်ပြုလိုက်စဉ်က အုန်းအုန်းထစိုက်လိုက်တာ လှလှပပကို ဖြစ်လို့ သက်သေပေးမယ် ။ အမှန်က ခွင့်ပြုချက်မရတာပါ ။ မပိုင်ဝက်မွေးဘယ်သူမှမလုပ်ချင် ။

ဆင်ခြေ (၂) သူဌေးတွေယူမှ အဆင့်မှီမယ် ။

အဖြေ (၂) သူဌေးတွေက နိုင်ငံခြားသားကို လက်ညှိုးထိုး ရှယ်ယာလုပ်ပြီး ခါးထောက်စားမှာပါ ။ ဒါလောက်တော့ တောသားလည်းတတ်တယ် ။ (တောသားတွေမတတ်ရင် ငါသင်ပေးမယ် စကားချပ်)

ဆင်ခြေ (၃) နိုင်ငံခြားသားကို မြေငှားတာပါ အနှစ် (၃၀) ထဲပါ ။ မရောင်းပါဘူး ။ အပိုင်မပေးပါဘူး ။

အဖြေ(၃) ကျုပ်တို့ အိမ်ဂရန်တောင် အနှစ် (၃၀) အနှစ်(၆၀) စသဖြင့် နိုင်ငံတော်ထံက ငှားရတာပါ ။ မပိုင်ပါဘူး ။

ဆင်ခြေ(၄) နိုင်ငံခြားသားတွေကို ဂရန်ပေးတာမဟုတ်ဘူး ရောင်းပေါင်လဲငှားခွင့်မပြုဘူး ။ နိုင်ငံသားတွေက ရောင်းပေါင်လဲငှားရပါတယ် မတူဘူး ဂရိတ်ခွဲထားတယ် ။

အဖြေ (၄) နိုင်ငံခြားသားက မြေယာ ဧက 5000 လောက်သာ အနှစ် (၃၀) ငှားလို့ရရင် မရောင်းပါဘူး ။ မပေါင်ပါဘူး ။ မလဲပါဘူး ။ လွယ်လွယ်လေး ပါ ။ အဲဒီမြေယာ လက်ကိုင်ထားနိုင်ခွင့်ကို လက်ညှိုးထိုးပြီး သူ့ကုမ္မဏီရှယ်ယာတွေထုတ်ရောင်းမယ် ။ ရှယ်ယာခေါ်နိုင်မယ် ။ မြေဧက 5000 လုပ်ကိုင်ခွင့်တည်းဟူသော မျက်နှာကြောင့် ၇ှယ်ရောင်းထွက်မယ် ပါတနာခေါ်လို့ရမယ် ။

ဆင်ခြေ(၅) မြေငှားခတွေ နိုင်ငံဘဏ္ဍာရတာပေါ့

အဖြေ(၅) 1998 လောက်တုံးက တစ်ဧက 100 နဲ့ မြေလွတ်မြေလပ်တွေကို
ယူကြတယ် ။ နောက်ပိုင်း တစ်ဧက 5000 ကျပ်နဲ့ရတယ် ။ တောသားတွေကို ပေးလိုက်စမ်းဘာ တစ်ဧက 50000 ကျပ်ပေးမယ် ။ ပေးနိုင်ကြတယ် ။ တိုးတိုးတိတ်တိတ် ဘယ်သူ့အိပ်ထဲဘယ်လောက်ရောက်မလဲတွက်ကြည့် တစ်နိုင်ငံလုံး ဧက ၁၄ သန်းရှိတယ် ။

ကိုင်း ငတုံးအပေါင်း လင်းပါစေ

နေမျိုးဝေ
098610719