Sunday, October 14, 2012

ယာဉ်တိုက်မှုဖြစ်ပြီးထွက်ပြေးရင်နံပါတ်မည်သို့မှတ်မည်နည်း၊

မန်းလေးမြို့ ၂၉x၇၃ လမ်းဒေါင့် တိမ်ဖြူဟိုတယ်ရှေ့တွင် ရပ်ထားသော "တရုတ်စာဖြင့် ကားနံပါတ် တတ်ထားသော စက်မှု(၁) တံဆိပ် ဂျပန်ဇိမ်ကားကြီး" အား တွေ့ရစဉ် .... (Bo Htay)

 

ဦးသိန်းညွန့်၊ကိုကိုကြီးနိုင်ငံတကာတရားရုံးတွင်သေဒဏ်အပေးခံရမည်ဟုခြိမ်းခြောက်ခံရ

အောင်လအင်ဆန်အနိုင်ရရှိသော ထိုးကြေးနှင့် စပွန်ဆာရငွေအားလုံးကို ကချင်စစ်ဘေးဒုက္ခသည်များကို လှူဒါန်းမည်

rအမေရိကန် ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲတွင် မြန်မာပြည်မှ အောင်လက ပြိုင်ဘက်အား အလဲထိုး

ဒီလာဝယ်လ်၊ အောက်တိုဘာ - ၁၃

အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်း ဒီလာဝယ်ပြည်နယ်၌ ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပသည့် ကိုယ်ခံပညာပေါင်းစုံတိုက်ခိုက်ရေး (Mixed Martial Arts) ပြိုင်ပွဲ၊ တစ်နည်းအား ဖြင့် Cage Fury Fighting Championship (CFFC) ဟုခေါ်သော ပြိုင်ပွဲတွင် မြန်မာပြည်ဖွား ကချင်တိုင်းရင်းသား အောင်လအင်ဆန်းက အိုင်အိုဝါပြည်နယ်မှ ပြိုင်ဘက်အား လျင်မြန်စွာ အလဲထိုးအနိုင်ယူခဲ့သည်။

''The Burmes Pytohon'' ဟုချစ်စနိုးခေါ်ဝေါ်ကြသော အောင်လသည် ပွဲကို ဖြည်းဖြည်းချင်းစတင်ခဲ့ရာ ပြိုင်ဘက် ဂျက်ဆင်လောက်ထံမှ မျက်နှာနှင့် ခန္ဓာကိုယ်သို့ပစ်သွင်းသည့် လက်သီးချက်များ ထိမှန်ခဲ့ရသည်။ သို့သော် အောင်လက ရှေ့ဆက်ထိုးရန် တိုက်စစ်ကို ပြင်ဆင်ခဲ့ပြီးမစ္စတာဂျက်ဆင်လောက် ထောင့်ကပ်မိချိန်တွင် အောင်လက အသည်းနေရာသို့ လက်သီးတစ်လုံးပစ်သွင်းလိုက်ရာ ဂျက်ဆင်တစ်ယောက် ရှူးရှူးရှားရှား ရှေ့တိုးလာသည်။ ထို့နောက်အောင်လက ဘယ်လက်သီးများ ဆက်တိုက်လွှတ်ထိုးရင်း ညာလက်သီးတစ်လုံးလျှပ်တစ်ပြက်ပစ်သွင်းလိုက်ရာ ပြိုင်ဘက် ဂျက်ဆင်မှာ မလှုပ်မယှက်နောက်ကောက်ကျ ဖြစ်သွားသည်။ အသက် ၂၇ နှစ်အရွယ် အောင်လက အဆိုပါလက် ဝှေ့ပွဲမှ အနိုင်ရရှိသော ထိုးကြေးနှင့် စပွန်ဆာရငွေအားလုံးကို ကချင်စစ်ဘေးဒုက္ခသည်များကို လှူဒါန်းမည်ဟု ၄င်း၏ ၀က်ဘ်ဆိုက်တွင် ကြေညာခဲ့သည်။

Photo- sherdog.com
7Days news

OIC ရုံးဖွင့်မည်မဟုတ်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ မပြုလုပ်ရန် တာဝန်ရှိသူများက ဆရာတော်များကို လျှောက်ထား




Sunday, October 14, 2012

မန္တလေးတိုင်းဒေသကြီး၊ သာသနာရေးဝန်ကြီး ဦးသန်းစိုးမြင့်က OIC ရုံးမြန်မာနိုင်ငံတွင် ဖွင့်မည်မဟုတ်ကြောင်း၊ ထိုအချက်ကို ၄င်းအာမခံ
ကြောင်း၊ ထို့ကြောင့် OIC ရုံးမဖွင့်ရန် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ မပြုလုပ်ရန် ယနေ့ ညနေ ၄ နာရီတွင် မန္တလေးမြို့၊ မစိုးရိမ်တိုက်ဟောင်း၌ မန္တလေးတိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးအပါအ၀င် သံဃာ့နာယက အဖွဲ့၊ ဆန္ဒဖော်ထုတ်မှုများကို ဦးဆောင်သော လေးပြင်လေးရပ်ရှိ သံဃာ့ သမဂ္ဂီအဖွဲ့တို့ကို လျှောက်ထားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး သာသနာရေးဝန်ကြီးက ထိုသို့လျှောက်ထားစဉ်တွင် နိုင်ငံတော်အသိအမှတ်ပြု အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ငါးဖွဲ့မှတာဝန်ရှိသူ ဘာသာရေး ခေါင်းဆောင်များလည်း ပါဝင်သည်။

ဝန်ကြီးဦးသန်းစိုးမြင့်၏ လျှောက်ထားမှုကို လေးပြင်လေးရပ်ရှိ သံဃာ့ သမဂ္ဂီအဖွဲ့မှ ဆရာတော်ဦးဝီရသူက အချက် ၂ ချက်ကို တောင်းဆိုသည်။ OIC ရုံးမြန်မာနိုင်ငံတွင် ဖွင့်မည် မဟုတ်ကြောင်းကိုနိုင်ငံပိုင်မီဒီယာများမှ ထင်သာမြင်သာထုတ်ပြန်ပေးရန်၊ ယခင်တားမြစ်ခဲ့သော ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲများ ပြန်လည်ခွင့်ပြုရန်တောင်းဆိုသည်။ ဦးသန်းစိုးမြင့်က ယနေ့(အောက်တိုဘာ ၁၄)ညတွင် နိုင်ငံပိုင် ရုပ်သံအစီအစဉ်များ၌ OIC ရုံးဖွင့်မည်မဟုတ်ကြောင်း ကြေညာလိမ့်မည်ဟု
ပြောကြားခဲ့ကြောင်း မစိုးရိမ်တိုက်ဟောင်းတွေ့ဆုံပွဲသို့ သွားရောက်သတင်းရယူခဲ့သော 7Day News သတင်းထောက်က သတင်းပေးပို့သည်။

OIC ရုံးမဖွင့်ရန် အောက်တိုဘာ (၁၅)ရက်တွင် နိုင်ငံတစ်ဝန်း၌ ဆန္ဒဖော်ထုတ်မည်ဟု ယနေ့သတင်းများ ထွက်ပေါ်နေသည်။ ထို့ကြောင့် မန္တလေးနည်းတူ ရန်ကုန်နှင့် ပခုက္ကူမြို့များရှိ နာမည်ကြီး ကျောင်းတိုက်များသို့ တာဝန်ရှိသူများက OIC ရုံးဖွင့်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် မဖွင့်ရန် ဆန္ဒဖော်ထုတ်မှုများမပြုလုပ်ရန် ယနေ့ညနေတွင် လိုက်လံလျှောက်ထားနေကြောင်း ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။
7Day News Journal

တရား မဝင် ခိုးဝင် လာသော ဘင်္ဂါလီ လူမျိုး(၁၆)ဦးအား အောက်တိုဘာလ (၁၄) ရက်နေ့တွင် ထပ်မံ ဖမ်းဆီး ရမိ

The Voice
စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့တွင် နယ်စပ် ဖြတ်ကျော်လမ်းများမှတရား မဝင် ခိုးဝင် လာသော ဘင်္ဂါလီ လူမျိုး(၁၆)ဦးအား အောက်တိုဘာလ (၁၄) ရက်နေ့တွင် ထပ်မံ ဖမ်းဆီး ရမိခဲ့ကြောင်း ကလေးမြို့နယ်
ရဲစခန်းမှ အတည်ပြု ပြောကြားချက် အရ သိရသည်။

၎င်းဘင်္ဂါလီများသည် ကလေး အနောက်မြောက် ဒေသ၊ မောက်လင်း အုပ်စုတွင်
ဖမ်းမိခြင်းဖြစ်ပြီး သာယာကုန်း ကျေးရွာတွင်(၁၂)ဦး၊
ပျဉ်းခုံလေး(ဇိုဇန်လမ်းခွဲ)တွင် (၄)ဦး၊ စုစုပေါင်း(၁၆)ဦးကို
နေ့လည်(၁၂း၁၅)နာရီ အချိန်တွင် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ခိုးဝင်လာသော ဘင်္ဂါလီများကို ကလေးမြို့နယ် ညောင်တုန်း ရွာသားတစ်ဦးက တွေ့ရှိရာမှ ရဲစခန်းသို့ သတင်းပေးပို့ ခဲ့ခြင်း ဖြစ်ကြောင်း ကလေးမြို့ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

ယခု ဖမ်းဆီးမိသော ဘင်္ဂါလီ(၁၆)ဦးမှာ အမျိုးသားများဖြစ်ကာ
အသက်(၂၅)နှစ်အောက်လူငယ်များဖြစ်ကြောင်း သိရသည်။ ကလေးမြို့တွင် စက်တင်ဘာ(၁၃)ရက်နေ့က ပြုလုပ်ခဲ့သော ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ သမ္မတပြောကြားချက် ကို ထောက်ခံပွဲပြုလုပ်ခဲ့ပြီးနောက်ပိုင်း တရားမဝင်
ခိုးဝင်လာသော ဘင်္ဂါလီများအား ဆက်တိုင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တက္ကသိုလ် ပြန်လည်ဖွင့်လှစ်ခွင့်ရရန် ဒေါ်အောင်ဆန်းစုကြည်ကြိုးစားမည်

-

တနင်္ဂနွေနေ့  ၁၄ ရက် အောက်တိုဘာ ၂၀၁၂ သတင်း -The Hot News Weekly Journal

မြန်မာနိုင်ငံရှိ ဟိုတစ်ချိန်က ကမ္ဘာ့အသိအမှတ်ပြု တက္ကသိုလ်များအား ပြန်လည်ဖွင့်လှစ်ခွင့်ရရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ၂၀၁၂ခုနှစ် အောက်တိုဘာလ (၈)ရက်နေ့က ရန်ကုန်မြို့၊ ဗဟန်း မြို့နယ်ရှိ NLD ရုံးတွင်ပြုလုပ်ခဲ့ သော ဒေါ်အောင်ဆန်းစုကြည် ၏ သတင်းစာရှင်းလင်းပွဲတွင်
ပြောကြားသည်။
““ပညာရေးနဲ့ပတ်သက်လို့ ကျွန်မစိတ်အားထက်သန်တဲ့ ကိစ္စလေးတစ်ခုလောက်ပြောချင် ပါတယ်။ ကျွန်မတို့ ရန်ကုန် တက္ကသိုလ်ကို ပြန်လည်ပြီးတော့ ရှင်သန်ဖို့ ကျွန်မတို့ လုပ်ဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့နိုင်ငံမှာ နိုင်ငံတိုင်း၊ နိုင်ငံ တိုင်းမှာ အားလုံးကနေပြီးလေးစားအားကိုး ယုံကြည်နိုင်တဲ့ တက္ကသိုလ်တွေဟာ တစ်ခုမက ရှိသင့်ပါတယ်။ နိုင်ငံတော်ကြီး တွေကို ကြည့်လိုက်ရင် သူ့ဟာနဲ့ သူကတော့ ကောင်းပါတယ်။ ဒါ ပေမယ့် တက်သိုလ်တိုင်းဟာ တော့ အဆင့်အတန်းမတူညီကြ ပါဘူး။ ဒါကြောင့် အင်မတန် ပြောင်မြောက်တဲ့ တက္ကသိုလ်တွေ ရှိတယ်ဆိုတာ တိုင်းပြည်အတွက် လည်း တန်ဖိုးရှိယုံမက တိုင်းပြည် မှာလည်း တကယ်တော်တဲ့လူ တွေကို အခွင့်အလမ်းပေးရာ ရောက်ပါတယ်။
တစ်ချိန်တစ်ခါတုန်းကလည်း ကျွန်မတို့ ရန်ကုန်တက္ကသိုလ်က ထွက်သွားတဲ့ ကျောင်းသူကျောင်း သားတွေဟာ ရန်ကုန်တက္ကသိုလ် တင်မကပါဘူး။ မန္တလးတက္ကသိုလ် တွေကပါ အောင်မြင်သွားတဲ့ ကျောင်းသားကျောင်းသူတွေဟာ ကမ္ဘာ့အဆင့်မှီလိုက်နိုင်တဲ့ ပညာ ရေးကို ရရှိပါတယ်။ ဒီဟာတွေ အတိတ်မှာကျန်ခဲ့ပေမယ့် ယခု ပစ္စုပ္ပန်မှာဖော်ထုတ်ဖို့လိုပါတယ်။ ကျွန်မကတော့ ရန်ကုန်တက္ကသိုလ် ကို အရင်တုန်းကလို လျှမ်းလျှမ်း တောက်ဖြစ်အောင် ကျွန်မတို့ ၀ိုင်းပြီးတော့ ကြိုးစားသင့်တယ်လို့ ထင်ပါတယ်။ ဒီလို ကြိုးစားမယ့် နေရာများမှာလည်း ကူညီဖို့လူ တွေရှိမယ်လို့ သူမအနေနဲ့ ယုံ ကြည်ကြောင်း””ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ပညာရေး စနစ်သည် နှစ်(၅၀)လောက် နိမ့်ကျနေပြီးသူမအနေဖြင့် ပညာရေး အဆင့်အတန်းမြှင့်တင်ရန်အတွက် ကြိုးစားသွားမည်ဖြစ်ကြောင်း ပညာကဏ္ဍမြှင့်တင်ဖို့လည်းသက် ဆိုင်ရာဌာနများနှင့် ဆက်လက် ဆွေးနွေးနေကြောင်း သိရသည်။

ကျောက်ဖြူထောင်မှူး ဘင်္ဂလီအကျဉ်းသားတစ်ဦးနှင့် ပူးပေါင်းကာ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နေ




Written by ထွန်းနိုင် Sunday, 14 October 2012

ကျော်နီမော်ကျေးရွာရှိ စရဖရုံးအား ဖျက်ဆီးမှုနှင့် ထောင်ဒဏ်(၁၄)နှစ်ကျခံနေရသော အကျဉ်းသားထွန်းဝင်း(ခေါ်) ဂျော်မာလာဒိန် အသက်-၃၉နှစ် အဘ-သန်းအောင် သည် ထောင်မှူးတင်စိုးနှင့်ပူးပေါင်းကာ ထောင်ပြင်ပတွင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သတင်း
ရရှိသည်။

ယင်းနှစ်ကြီး တရားခံသည် ရခိုင်ပြည် ရမ်းဗြဲမြို့ ကျောက်နီမော်ကျေးရွာမှ ဘင်္ဂလီမူဆလင်တစ်ဦးဖြစ်ပြီး ပြစ်ဒဏ်ကျခံနေရစဉ် ထောင်မှူးဦးတင်စိုးနှင့်ပေါင်းကာ ထောင်ပြင်ပ၌အရပ်ဝတ်ဖြင့် ထောင်ခြံဝန်းအတွင်း အုတ်လုပ်ငန်းကိုလုပ်ကိုင်နေကြောင်း၊ ကျောက်နီမော် ဘင်္ဂလီများထံသို့ ကျောက်ဖြူမှ ဓါတ်ဆီ၊ ဒီဇယ်ဆီ အစရှိသော လောင်စာဆီများ၊ ဆန်၊ ဆီ၊ ဆား စသော စားသောက်ကုန်ပစ္စည်းများကို တင်ပို့လျက်ရှိပြီး ရရှိသော အမြတ်ငွေများကို ထောင်းမှူးဦးတင်စိုးအား ရာခိုင်နှုန်းအလိုက်ခွဲဝေပေးကြောင်း သိရှိရသည်။

"သူအဲဒီလို စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့အတွက် အဲဒီဂျော်မာလာဒိန်ရဲ့ ဇနီးဒေါ်ခင်ခင်နိုင်ကနေ လိုအပ်တဲ့ ငွေကြေးတွေကို ပေးပို့ပါတယ်၊ ပြီးတော့ ကျော်နီမော်ကနေ ထွက်ရှိတဲ့ ရေထွက်ပစ္စည်းတွေဖြစ်တဲ့ ငါးတွေကို ကျောက်ဖြူကို တင်ပို့ပြီးတော့ ထောင်မှူးတင်စိုးနဲ့ အတူ ထောင်အပြင်ကိုထွက်ကာ အရပ်ဝတ်တွေ ၀တ်ပြီးတော့ ကျောက်ဖြူမြို့အတွင်းမှာ ရောင်းချစီးပွားရှာနေတာကို ကျနော်တို့တွေ့နေရပါတယ်"ဟု ကျောက်ဖြူ လူငယ်တစ်ဦးမှ ပြောသည်။

၎င်းတရားခံဂျော်မာလာဒိန်အား ထောင်မကျမီအချိန်အတွင်း သံတွဲမြို့ အာမီဆတ်အဖွဲ့မှ တရားခံအား ငွေကြေးများထောက်ပံ့ပေးလျက်ရှိကြောင်း၊ ကျောက်နီမော် စရဖရုံးအားဖြိုခဲ့စဉ် ပါရှိသည့် တခြားတရားခံ ၁၀ဦးအားလည်း ငွေကြေးအမြောက်အမြားပေးဆောင်ကာ အမှုပပျောက်ရန် ပြုလုပ်ခဲ့မှုများရှိပြီး ဂျော်မာလဒိန်မှာ ယင်းအမှု၌ခေါင်းဆောင်ဖြစ်နေသဖြင့် တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသူဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

"အခုလို နိုင်ငံတော်ပိုင် အဆောက်အအုံကို ဖျက်ဆီးပြီး ပြစ်ဒဏ်ကျခံနေရသူ တစ်ဦးကို အခွင့်အရေးတွေပေးပြီး စီးပွားရေးတွေအတူလုပ်ကိုင်နေတာဟာ တရားဥပဒေစိုးမိုးရေးကို ထိုက်ခိုင်စေနိုင်ပြီးတော့ အစိုးရ၀န်းထမ်းတွေအပေါ် ပြည်သူတွေအနေနဲ့ ယုံကြည်မှုပျက်တာပေါ့"ဟု ယင်းလူငယ်၏ အမြင်ကိုဆက်ပြောသည်။

ဂျော်မာလာဒိန်ခေါင်းဆောင်သည့် လူတစ်စုသည် ၂၀၀၉ခုနှစ်၊ ဇွန်လ ၂၉ရက်နေ့တွင် ရမ်းဗြဲမြို့ ကျောက်နီမော်ကျေးရွာရှိ စရဖရုံးအား ၀င်ရောက်စီးနင်း ဖြိုဖျက်ကာ ကျောက်နီမော် ရဲစခန်းကို လူအုပ်ဖြင့်ဝိုင်းကာ ရမ်းကားခဲ့၍ သက်ဆိုင်ရာအာဏာပိုင်များက ဖမ်းဆီးကာ တရားရုံးမှ ၂၁ရက်၊ ၁လပိုင်း၊ ၂၀၁၁ခနှစ်တွင် ပြစ်ဒဏ် (၂၀)နှစ် ချမှတ်လိုက်ကြောင်း၊ တရားခံဂျော်မာဒိန်မှာ အယူခံဝင်၍ အောင်သွားရာ ပြဒဏ် ၆နှစ်လျှော့ချပြီး ထောင်ဒဏ် (၁၄)နှစ်ပြန်လည်ချမှတ်လိုက်ကြောင်း၊ သမ္မတ ဦးသိန်းစိန်အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ထောင်ဒဏ် ၄နှစ် ၆လနှင့် ပြစ်ဒဏ်လျော့ကျခွင့်ရရှိကာ ယင်းတရားခံမှာ နောက်ထပ် ထောင်ဒဏ် ၆နှစ်နှင့် ၂လကျခံနေရဦးမည်ဖြစ်ကြောင်း သိရှိရသည်။
  Arakan Time