Monday, October 15, 2012

မဂ္ဂင်လမ်းတွင် အုပ်စုဖွဲ့ရမ်းကားသူများ အမှုကို စစ်ဆေး

ရန်ကုန်မြို့၊ တာမွေမြို့နယ် မဂ္ဂင်လမ်းတွင် စက်တင်ဘာ ၃၀ ရက် နံနက် ၁ နာရီခွဲ၌ လူကြီးသားဟုဆိုကာ လမ်းအသစ်ခင်းထားသောလမ်းမပေါ်၌ကားမောင်းနှင်၍ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်နှင့် ပြည်သူပိုင်ပစ္စည်းအချို့ကို ဖျက်ဆီးသွားသော အုပ်စုဖွဲ့ရမ်းကားမှုတွင် ပါဝင်သောလူလေးဦးအား စက်တင်ဘာ ၃၀ ရက်၊ မနက်ပိုင်းတွင်ပင် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ပြီး အမှုအား သက်သေအခိုင်အလုံခေါ်ယူကာ စစ်ဆေးဆဲဖြစ်ကြောင်း တာမွေမြို့နယ် ရဲစခန်းမှ စခန်းမှူးရဲအုပ် ဦးစိုးဝင်းက အောက် တိုဘာ ၃ ရက်တွင် ပြောသည်။

ရဲအုပ်ဦးစိုးဝင်းက ““လာရောက် တိုင်တန်းတဲ့ မနက်မှာပဲ သူတို့က ခိုင်လုံတဲ့ ခံဝန် ၂ ယောက်စီနဲ့ လာရောက်တဲ့အတွက် ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါကလည်း အာမခံပေးရမယ့်ပြစ်မှုပြစ်ဒဏ်အမျိုးအစားမှာ ပါဝင်တဲ့အတွက်ကြောင့် ရဲက ဥပဒေနှင့်အညီ အာမခံနဲ့ လွှတ်ပေးခဲ့ခြင်းဖြစ်ပါ တယ်””ဟုပြောသည်။

၎င်းကဆက်လက်၍ အဆိုပါအမှုကို ပြစ်မှုဆိုင်ရာ ဥပဒေ ပ/ ၁၁၆၄၊ ပုဒ်မ ၂၉၄/၄၂၇ အရ အမှုနှင့်တစ်ဆက်တည်း ယာဉ်မဆင်မခြင် မောင်းနှင်သောကြောင့် ယာဉ်အမှုစစ် ဒုရဲအုပ်ဇော်မင်းက တရားလိုအဖြစ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ပ/၁၁၆၅ ပုဒ်မ ၂၇၉ အရ  လာရောက်အမှုဖွင့်ထားကြောင်း ဆိုသည်။

ထို့ပြင် အဆိုပါညတွင် တာမွေရဲစခန်းမှ မြို့နယ်မှူးက လာရောက်တိုင်ကြားသူများအား မောင်း ထုတ်ခဲ့ခြင်း ဆိုသည်မှာလည်း လူအုပ်နှင့် လာဝိုင်းသည့် ပုံစံမျိုး ဖြစ်ခြင်းကြောင့် မလိုလားအပ်သော အန္တရာယ်များဖြစ်မည် ကို စိုးရိမ်ခြင်းကြောင့် လူကို စိစစ်ခြင်းဖြစ်ကြောင်း၊ အထင်လွဲမှားခြင်းသာ ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၃၀ ရက်၊ နံနက် ၁ နာရီခွဲ၌ ကျား ၄ ဦး၊ မ ၂ ဦး စီးလာသော ကားသည် လမ်းခင်းနေ၍ လမ်းပိတ်ထားသောမဂ္ဂင်လမ်းမပေါ်သို့ လမ်းဘေးမှ မောင်းနှင်လာသောကြောင့် ရပ်ကွက်နေပြည်သူများက မောင်း၍မရကြောင်း ပြောသော်လည်း ကွန်ကရစ်မခိုင်သေးသော လမ်းပေါ်သို့ တက်မောင်းကာ တစ်ဖက် လမ်းထိပ်တွင် ကျောက်တုံးများဖြင့် ပိတ်ထားသောကြောင့် ကားပေါ်ကဆင်းလာကာ လူကြီးသား ဟုပြောဆိုပြီး တစ်လမ်းလုံးကိုညစ်ညမ်းစွာဆဲဆို၍ လမ်းတွင်းရှိ ပစ္စည်းအချို့နှင့် ပြည်ခိုင်ဖြိုးပါတီ အလံတို့ကို ရိုက်ချိုးလာခြင်းကြောင့် ရပ်ကွက်နေပြည်သူများက၀ိုင်းဝန်းလာသဖြင့် ကားကိုစွန့်ပစ်ကာ ရဲ စခန်းသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ အမှုလာရောက်တိုင်ကြားသော ပြည်သူများကို တာမွေရဲစခန်းမှ မြို့နယ်မှူးက မောင်းထုတ်ခဲ့ကြောင်း၊ စခန်းတွင် မည်သူမှ မနေရန် ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ တာမွေမြို့နယ်၊ ပြည် ခိုင်ဖြိုးအတွင်းရေးမှူးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေက အဆိုပါ ပုဂ္ဂိုလ်များသည် ကြံ့ခိုင်ရေးအလံဖြစ်သောကြောင့် ချိုးခြင်းမဟုတ်ကြောင်း၊ မူးနေ၍သာ အလံအောက်ကတိုင်ကို ရိုက်ချိုးသွားခြင်းဖြစ်ကြောင်း၊ လူကြီးသားဆိုသည်မှာလည်း မဟုတ်ကြောင်း၊ တာမွေဈေးတွင် ငါးခြောက်ရောင်းသော ကလေးများသာဖြစ်ကြောင်း၊ လမ်းကော်မတီမှ ကျေနပ်လျှင်တော့ အဆင်ပြေသွား နိုင်ကြောင်း၊ အဆင်မပြေပါကလည်း မိမိအနေဖြင့် ကြားမ၀င်နိုင်ကြောင်းဆိုသည်။

kks

အိုင်အိုဝါ ပြည်နယ် မှ ရခိုင်လူထုအစည်းအဝေးအားထောက်ခံပွဲ



ရခိုင်အမျိုးသားရေးအသင်း  ရသေ့တောင်မြို့ ရခိုင်လူထုအစည်းအဝေးမှ  အတည်ပြုသတ်မှတ်ချက်အားထောက်ခံ
                                                                           နေ့ စွဲ။၁၀၊၁၄၊၂၀၁၂

အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ် အခြေစိုက်ရခိုင်အမျိုးသားရေးအသင်းမှ ရသေ့ တောင်မြို့ နယ် ရခိုင်လူထု အစည်းအဝေး၏ အတည်ပြုသပ်မှတ်ချက်များအား ထောက်ခံပွဲ အစည်းအ ဝေးတစ်ရပ်ကို ၁၀. ၁၄.၂၀၁၂ နေ့  နေလည် ၁နာရီမှ ညနေ ၄နာရီထိ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

ထိုအစည်းအဝေးသို့ အမေရိကန်ပြည်ထောင်စုပြည်နယ်အသီးသီးမှ ရခိုင်ကိုယ်းစားလှယ်များ  မြန်မာတိုင်းရင်းသားများအပါအ၀င် လူတရာခန့် တက်ရောက်ခဲ့သည၊် အစည်းအဝေးတွင် အဓိကအကြောင်းအရာ အချက်သုံးချက်ကို ဆွေးနွေးတင်ပြဆုံးဖြတ်ခဲ့သည်။
      
ပထမအချက်မှာ ရသေ့တောင်မြို့ ၌ ပြုလုပ်ကျင်းပသည် ရခိုင်ဒေသလူထုအစည်းအဝေး ၏တောင်ဆိုချက်(၁၈)ချက် ကန့် ကွက်ချက်(၆)ချက် အကြံပြုချက် (၃)ချက် ကိုတက်ရောက်လာသူ များမှ အပြန်အလှန် ဆွေးနွေးတိုင်ပင် သုံးသပ်ကြပြီး တက်ရောက်လာသူအားလုံးမှတညီတညွတ်တည်းထောက်ခံကြောင်းအတည်ပြုသတ်မှတ်ခဲ့ကြသည်။ထိုအချက်(၁၈)ချက်အားလည်း မြန်မာအစိုးရမှဆောင်ရွက်ပေးရန်တိုက်တွန်းနိုးဆော်လိုက်သည်။

ဒုတိယအချက်မှာ ကမ္ဘာမှူဆလင်အဖွဲချုပ်(OIC)သည် ရခိုင်ပြည်၌ ရုံးခန်းဖွင့်လှစ်၍ ရခိုင်လူမျိုး နှင့်  ဘင်္ဂလီလူမျိုးတို့ အတူယှဉ်တွဲနေထိုင်ရေး ဆိုသော အစီအစဉ်ကို အကျယ်တ၀န်း ဆွေး နွေးတင်ပြခဲ့ကြသည်။ ယင်းအတူယှဉ်တွဲနေထိုင်ရေးအစီအစိုင်အား ရခိုင်ပြည်တွင်း မှ ရခိုင်ပြည်သူများနှင့် တူ ကန့် ကွက်ပါတယ်  ဘင်္ဂလီတွေက်ကို oic အဖွဲ့ ဝင်နိုင်ငံတွေက ခေါ်ယူကူညီပေးကြပါ ရခိုင်ပြည်နယ် ကိုအစ္စလာမ် မှူပြုရေးအစီအစဉ်ကို ရပ်တန့် ကရပ်ဖို့  ကို ပြောချင်ပါတယ်  လိုအပ်လာလျှင် ကျွန်တော်တို့ တထွေ အရေးကြီးက သွေးနီရလိမ့်မေ ဟု  အသင်းနာယက  ဦးစံသာ ကဆိုသည်။

(OIC) အဖွဲ့ ချုပ်သည် ရခိုင်ပြည်၌ ရုံးခန့် ဖွင့်လှစ်မည်ဆိုပါက သမိုင်းလိမ် တရားမ၀င် ဘင်္ဂလီ ကုလား များအား ကျောထောက်နောက်ခံပြုပြီး မြန်မာတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရန် ကမ္ဘာ သို့ ထပ်ပြီး လိမ်လည်နေအုံးမှာသာဖြစ်ကြောင်း၊ (OIC)အခြေစိုက်ရောက်ရှိလာပါက ရခိုင် ပြည်သူများ၏ အသက်အိုးအိမ်များ လုံခြုံမှူးမရှိသည့်အပြင် ပြည်ထောင်စုမြန်မာနိုင်ငံတွင် မလိုလား အပ်သော ဆိုးကျိုး များသာ ရရှိလာမှာဖြစ်ကြောင်း မြန်မာသမိုင်းတစ်လျှောက်မှာ စစ်ပွဲများကြောင်း ဒုက္ခရောက်သူများ၊ သဘာဝဘေးဒဏ်ကြောင်း ဒုက္ခရောက်သူများ၊ များစွာရှိခဲ့ သည်ကို(OIC) ကမည်သည့်ကူညီမှူမှ မပေးဖူးပါကြောင်း၊ ပြီးခဲ့သည်လက ရခိုင်အရေးအခင်းကိုမှ ၀င်ရောက် စွက်ဖက် လာသည်မှာ သွေးရိုးသားရိုးမဟုတ်ပါကြောင်း ဟုတက် ရောက်လာသူ များက တင်ပြဆွေးနွေးကာ (OIC)အလိုမရှိ၊ လုံးဝလက်သင့်မခံကြောင်း၊ တညီ တညွတ်တည်းဆုံးဖြတ်ခဲ့ကြသည်။ ဟု အသင်းဥက္ကဋ္ဌ ကိုအေးလွင်မှ ပြောသည်။

သို့ ဖြစ်ပါ၍ ပြည်တွင်းပြည်ပမှ တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်အတူ နိုင်ငံတကာ ရောက် ရခိုင်မိသားစုများအနေဖြင့် ကမ္ဘာမှူဆလင်အဖွဲချုပ်(OIC) မှ မြန်မာနိုင်ငံ၌ ရုံးခန့် ဖွင့်ရန်နှင့် စာချုပ် ချုပ်ဆိုထားခြင်းအား ဖျက်သိမ်းပေးရန် နိုင်ငံတော်သမတ္တကြီးနှင့် နိုင်ငံတော်အစိုးရအား ၀င်ရောက်တာမြစ် ဆောင်ရွက်ပေးကြပါရန် တောင်းဆိုအပ်ပါသည်။

OIC ရုံးဖွင့်လှစ်ရန် ခွင့်မပြု ဟူသော ဆုံးဖြတ်ချက်မှာအကူအညီများ လက်မခံဟူသော သဘော မဟုတ်


Hmuu Zaw
န်ုင်ငံတ်ာသမ္နတရုံး




မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရန် ခွင့်မပြု ဟူသော ဆုံးဖြတ်ချက်မှာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု အကူအညီများ လက်မခံဟူသော သဘော မဟုတ်
========================================

နိုင်ငံတော်သမ္မတကြီးအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ၏ ပကတိအခြေအနေမှန်ကို သိရှိစေရန်လည်းကောင်း၊လူသားချင်း စာနာထောက်ထားရေးအကူအညီများ ပေးအပ်ခြင်းအတွက်လည်းကောင်း နိုင်ငံတကာထောက်ပံ့ကူညီမှုများကို လက်ခံဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အတိအလင်း ထုတ်ဖော်ပြောကြားထားပြီး ဖြစ်သလို နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်း၍ ရခိုင်ပြည်နယ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲများ ကိုလည်း မြန်မာနိုင်ငံတွင် လက်ခံကျင်းပစေခဲ့ပြီး ဖြစ်ပါသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြားခဲ့သည့် မိန့်ခွန်း အပါအဝင် နိုင်ငံတော် သမ္မတကြီး၏ ပြောကြားချက်များ၌ နိုင်ငံတော်သမ္မတကြီးအနေဖြင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ နိုင်ငံတကာကူညီထောက်ပံ့မှုများ အားလုံးအတွက် တံခါးဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း တွေ့ရှိနိုင်ပါသည်။ ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားချင်းစာနာ ထောက်ထားမှုဖြင့် ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိသော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများစွာတို့ သည်လည်း မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း တွေ့ရှိနိုင်ပါသည်။

မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရန် ခွင့်မပြု ဟူသော ဆုံးဖြတ်ချက်မှာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု အကူအညီများ လက်မခံဟူသော သဘော မဟုတ်ပါ။ နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုအားဖြင့် ပေးအပ်သော ထောက်ပံ့ကူညီမှုများကို ထိထိ ရောက်ရောက် ပေးအပ်နိုင်စေရန် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

OIC နဲ့  စာချုပ်ဟာ စက္ကူစုတ်ဖြစ်ဖို့ လိုသေးတယ်

ခုတော့လဲဘဲ နိုင်ငံတော်သမ္မတရုံးဝပ်ဆိုက်မှာ -OIC- ရုံး ဖွင့်လှစ်မဲ
့ဟာကို ခွင့်မပြုတော့ဘူးလို့  ကြေညာထားတာတွေ့ ရတယ် ။ ဒါပေမဲ့ 
ဆန္ဒပြနေတာတွေ ရပ်တန့် သွားလေပြီလားလို့  မေးစရာရှိလာတယ် ။ မရပ်တန့် သေးတဲ
့အပြင်မှာ ဆက်လက်ပြီးတော့တောင် ဆန္ဒပြနေကြအုံးမယ်လို့  သတင်းတွေမှာ
ကြားနေရတယ် ။ ဒီတော့ အဖြေတခုကို တိတိကျကျ အစိုးရက လုပ်ပေးဖို့ လိုတယ် ။
မပေးလို့ ရှိနေရင် ဆန္ဒပြတာတွေဟာ ဆက်တိုက်ဖြစ်နေမှာ သေချာနေတယ် ။
အဓိကကတော့ စာချုပ်ချုပ်ခဲ့ တာကို မပယ်ဖျက်သေးဘူးဆိုတာပါဘဲ ။ ဒီစာချုပ်ကို
ဒီအတိုင်းထားနေလို့ ကတော့ အသက်ဝင်ဆဲ ရှိနေအုံးမယ်ဖြစ်တယ် ။ တဖက်ကလဲဘဲ
ဒီစာချုပ်က အသက်ဝင် ရှိနေသေးတာမို့  လျှာယားတိုင်း ပြောချင်နေအုံးမယ် ။
ဒါ့ကြောင့်မို့ လို့  အစိုးရအနေနဲ့  -OIC- နဲ့  ချုပ်ဆိုထားတဲ့ 
စာချုပ်ကို ရုပ်သိမ်းပြီ်။ဖျက်သိမ်းပြီ ဆိုတဲ့  အကြောင်း ကမ္ဘာကို
ကြေညာဖို့ လိုတယ် ။ ဒီလိုကြေညာမှသာ အခုလို လမ်းပေါ်ထွက်ဆန္ဒပြနေတာတွေ
ရပ်တန့် သွားမှာဖြစ်တယ် ။
        တချိန်တည်းမှာဘဲ အခုလို လမ်းပေါ်ထွက် ဆန္ဒပြခဲ့ သူများတွေထဲက
ရဟန်းသင်္ဃာတော်တွေ -ကျောင်းသားတွေကို ဖမ်းဆီးထားတာကြားရတယ် ။
မြန်မာနိုင်ငံအတွင်းမှာ အခုလို ဆန္ဒပြခဲ့ တာနဲ့  ပါတ်သက်လို့ 
ဖမ်းဆီးထားသူများရှိရင်လဲ ချက်ချင်းလွှတ်ပေးစမ်းပါလို့  တောင်းဆိုပါရစေ ။
တည်ငြိမ်အေးဆေးစွာ အကြမ်းမဖက်တဲ့  ဆန္ဒပြနေတဲ့  ကမ္ဘာကြီးမှာ မည်သည့်
လူမျိုးကိုမျှ အစိုးရက မဖမ်းဆီးဘူးဆိုတာ လူတိုင်းသိရှိနားလည်ကြပါတယ် ။
ဒီကနေ့ မျက်မှောက်ကမ္ဘာမှာ တည်ငြိမ်အေးချမ်းစွာ အကြမ်းမဖက်တဲ့ 
လမ်းပေါ်ထွက်ဆန္ဒပြသူတွေဟာ မြန်မာနိုင်ငံမှာသာ ရှိတယ် ။
လမ်းပေါ်ထွက်ဆန္ဒပြသူတွေမှာ လက်နက်ဆိုလို့  အပ်တိုတချောင်း မပါကြပါဘူး ။
တုတ် ၊ဒါး ၊ အုဋ္ဌ်နီခဲ ၊ သေနတ် ၊ ဗုံး စတာတွေ ဘာတခုမှ မပါဘူး ။
ယုတ်စွအဆုံး လက်ကမ်းစာစောင်တွေ - ပိုစတာတွေ - မှာ ဖရုသ၀ါစာ ရေးတဲ့ စာတွေ
နဲ့  ဘာတခုမှ ရေးထားတာ မတွေ့ ရဘူးဆိုတာ လူတိုင်းသိတယ် ။
ခရမ်းချဉ်သီးအပုတ်လဲ မပါသလို ကြက်ဥပုတ်လဲ မပါကြဘူးပေါ့ ။
     ဒီလိုဆိုရင် မြန်မာနိုင်ငံမှာ ဆရာတော် ရဟန်းသင်္ဃာတော်တွေနဲ့ 
ဗုဒ္ဒဘာသာဝင် တိုင်းရင်းသားလူမျိုးတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူများသာ
ဖြစ်တယ် ။ သူတို့ ကို ဆန္ဒပြခွင့်ပေးပြီး လူထုဆန္ဒပွဲပြီးဆုံးချိန် လူစုခွဲ
သွားမယ်ဆိုရင် အစိုးရနဲ့  လူထုကြားမှာ ဘာပြသနာမှ မရှိတော့ဘူးပေါ့ ။
အေးအေးဆေးဆေး လူပေါင်းသောင်းနဲ့ ချီသော ဆန္ဒပြပွဲကြီး ပြီးဆုံးသွားရင်
လူထူလူတန်းစား အသီးသီးဟာ စစ်မှန်သော ဒီမိုကရေစီစနစ်တခုဆီသို့  ညင်သာစွာ
ချီတက်သွားတတ်နေပြီ ဆိုတဲ့  လက္ခဏာကို မြင်တွေ့ နေရပြီလို့  ပြောလို
့ရပြီဘဲ ။  အစိုးရနဲ့ လုံခြုံရေးတပ်တွေဟာ ဒီလို အမြော်အမြင်တွေ ရှိနေဖို
့လိုတယ် ။
     အခုအချိန်မှာ ပုဒ်မ္မ( ၁၄၄ ) အမိန့် ကို ဖြေးဖြေးချင်း
နာရီလျှော့ပေးပြီး ရုပ်သိမ်းလာပြီဆိုတာ သိလာရပါတယ် ။ နိုင်ငံတော်
သမ္မတအကြံပေးအဖွဲ့ ဝင် ဦးလှမောင်ရွှေနဲ့  ဒေါက်တာကျော်ရင်လှိုင်နဲ့ 
နယူးယောက်မြို့ ကဗျာဆရာကြီး ( ဦး ) မောင်စွမ်းရည်အိမ်မှာ  တွေ့ တုံးက
ဒီအကြောင်းကို ပြောပြလိုက်ပါတယ် ။ ကျွန်တော်သိတဲ့  ပုဒ်မ္မ( ၁၄၄ ) ဆိုတဲ့ 
အကြောင်းကို လူထုတွေကို အစိုးရက ပညာပေးသင်တန်းတွေ ပေးဖို့ လိုတယ်လို့ 
ပြောပြလိုက်တာဖြစ်တယ် ။ ပုဒ်မ္မ ( ၁၄၄ ) ဆိုတာ လူ(၅ ) ဦး ထက်
မစုရဆိုတာမျိုးနဲ့  ညမထွက်ရအမိန့် လို့  ယေဘူယျသာ နားလည်ကြတယ် ။ တိတိကျကျ
နားမလည်တော့ လူထုကလဲ ဖြစ်ချင်ရာဖြစ်ကြသလို တာဝန်ရှိ လုံခြုံရေးအဖွဲ
့တွေကလဲ တိတိကျကျ မသိတော့ ဒီအတိုင်း ပြသနာကို ကြီးထွားသွားစေတာဖြစ်တယ် ။
ဒါ့ကြောင့် ပုဒ်မမ( ၁၄၄ ) ကို လုံခြုံရေးတပ်သားတွေနဲ့  ပြည်သူလူထုကို
ပညာပေးသင်တန်းတွေ ပေးဖို့ လိုတယ်လို့  နိုင်ငံတော်သမ္မတအကြံပေး အဖွဲ
့ဝင်တွေကို  ကျွန်တော်က အကြံပေးတင်ပြလိုက်တာဖြစ်တယ် ။
    ဒီတော့ ပုဒ်မ္မ ( ၁၄၄ ) ကို ပြောပြပါ့မယ် ။ ပုဒ်မ္မ ( ၁၄၄ ) ဆိုတာဟာ
လူစုလူဝေးများနဲ့  ဆန္ဒပြလာကြရင် အကြမ်းဖက်မည့် လက္ခဏာတွေ ရှိလာတော့မယ်
ဆိုရင် ထိမ်းမနိုင်သိမ်းမရ ဖြစ်လာတော့မယ် ဆိုရင် ထုတ်ပြန်ရမဲ့ 
ဥပဒေဖြစ်တယ် ။  ပထမဦးစွာ ဆန္ဒပြအုပ်စုကို ရှေ့မတိုးနိုင်အောင်
သံဆူးကြိုးကာ တားထားရတယ် ။ အဲဒီလို ကာဆီးပြီးရင် ပုဒ်မ္မ ( ၁၄၄ ) အမိန်
့ကို ထုတ်ပြန်ကြောင်း အသိပေးရပါတော့မယ် ။ ဒီလို အသိပေးကြေညာတော့မယ်ဆိုရင်
ဆန္ဒပြနေတဲ့  နေရာအနီးမှာ ကားတွေ အဆင်သင့်စီစဉ်ထားရပါလိမ့်မယ် ။
နောက်အဲဒီလိုဘဲ ဆေးရုံမှာလဲ တာဝန်ကျ ဆရာဝန်များကို တာဝန်ကိုယ်စီ
ထမ်းရွက်နိုင်ဖို့  စီစဉ်ဆောင်ရွက်ထားရပါလိမ့်မယ် ။  ဒီလိုစီစဉ်ပြီးရင်
ဆန္ဒပြနေတဲ့  လူအုပ်ကို ပုဒ်မ္မ ( ၁၄၄ ) အမိန့် ထုတ်ပြန်ကြောင်း
လူကြားအောင် အသံချဲ့ စက်နဲ့  ကြေညာပေးရပါလိမ့်မယ် ။ ဒီအချိန်မှာ လူအုပ်က
နောက်မဆုတ်ဘဲ ရှေ့သို့  တက်လှမ်းလာရင် ရှေးဦးစွာ မြင်းတပ်နဲ့ 
ထိမ်းရပါတယ် ။ အကယ်၍ မြင်းတပ်မရှိတဲ့  နေရာဒေသတွေမှာ မျက်ရည်ယိုဗုံးနဲ့ 
လူအုပ်ကို ဖြိုခွဲ ရပါတယ် ။
    မျက်ရည်ယိုဗုံးနဲ့  လူအုပ်ကို ခွဲ လို့  လူစုကွဲသွားပြီဆိုရင်
နောက်ထပ် ပုဒ်မ္မ ( ၁၄၄ ) အတိုင်း ညမထွက်ရအမိန့် ကို ကျင့်သုံးသွားရုံပါဘဲ
။ ဒါပေမဲ့  အဲဒီလို မျက်ရည်ယိုဗုံးနဲ့  ပစ်ခတ်သော်လဲဘဲ လူအုပ်က
နောက်မဆုတ်ဘဲနဲ့  ရှေ့ဆက်ပြီး သံဆူးကြိုးကို ကျော်ဖြတ်လာတော့မယ် ဆိုရင်
သေနတ်နဲ့  ပစ်ခတ်နှိမ်နှင်းရပါတော့မယ် ။ သေနတ်နဲ့  ပစ်ခတ်နှိမ်နှင်းတဲ
့အခါမှာ မိုးပေါ် ထောင်မပစ်ရပါဘူး ။ အကယ်၍ မိုးပေါ်ထောင်ပစ်ခဲ့ ရင် လူထုက
သူတို့ ကို မပစ်ခတ်ဘူးဆိုတာ သိသွားပြီး အတင့်ရဲကာ ရှေ့ဆက်တိုးလာမဲ့ 
အန္တရယ်တွေ ဖြစ်လာပါလိမ့်မယ် ။ ဒါ့ကြောင့်မို့ လို့  သေနတ်နဲ့  ပစ်ခတ်တဲ
့အခါ မိုးပေါ်ထောင်မပစ်ဘဲနဲ့  အဆူပူဆုံး လူအုပ်ကို ပစ်ခတ်ရပါတယ် ။ ဆန္ဒပြတဲ
့ လူထုတွေထဲ အဆူပူဆုံး နေရာမှာ ခေါင်းဆောင်များက ရှိတတ်ပြီး တချို့ မှာ
ဆန္ဒပြပွဲကို လိုက်ပါကြည့်ရှူသူများ ဖြစ်တတ်ကြပါတယ် ။ ဒါ့ကြောင့်
အဆူပူဆုံး လူအုပ်ကို ပစ်ခတ်ရပါတယ် ။
     တကယ်လို့  အဲဒီလို ပုဒ်မ္မ( ၁၄၄ ) အမိန့် ကို ချိုးဖေါက်ပြီး
သံဆူးကြိုးကို ကျော်ဖြတ်ကာ လူအုပ်က ရှေ့ဆက်တက်လာကြမယ်ဆိုရင်
အဆူပူဆုံးနေရာ လူအုပ်စုကို ပစ်ပြီးတာနဲ့  စောစောက ရပ်ထားတဲ့ 
မော်တော်ကားတွေနဲ့  ချက်ချင်း ဒဏ်ရာရသူ ၊ သေဆုံးသူ များကို
သယ်ဆောင်သွားရပါတယ် ။ ဆေးရုံကို ယူဆောင်သွားပြီး အရေးပေါ် တာဝန်ကျနေတဲ့ 
ဆရာဝန်များနဲ့  ကုသပေးရပါတယ် ။ ဒါဟာ ပုဒ်မ္မ ( ၁၄၄ ) ရဲ့ 
အနှစ်သာရဖြစ်ပါတယ် ။  ပုဒဒ်မ္မ ( ၁၄၄ ) ကို ချိုးဖေါက်ရင်
လုံခြုံရေးလက်နက်ကိုင် အဖွဲ့ ကို ပစ်မိန့် ပေးထားတာ သတိမူကြပါလိမ့်မယ် ။
ဒါဟာ ဒီဥပဒေမှာ အဓိက အရေးကြီးတဲ့  အချက်ပါဘဲ ။ ဒီလို ဥပဒေမျိုးကို လူထုက
နားလည်မှ  အစိုးရရဲ့  လုံခြုံရေးတပ်တွေက နားလည်မှ ပုဒ်မ္မ ( ၁၄၄ ) အမိန်
့ဟာ တန်ဖိုးရှိသလို နယ်မြေဒေသတွေဟာလဲဘဲ ငြိမ်းချမ်းကြမှာဖြစ်ပါတယ် ။
အခုအချိန်မှာ ဥပဒေကို ထုတ်ပြန်ထားပေမဲ့  ဒီဥပဒေအတိုင်း မကျင့်သုံးလို့ သာ
လူတွေဟာ ကြမ်းချင်တိုင်းကြမ်း ရမ်းချင်တိုင်း ရမ်းနေကြတာဖြစ်ပါတယ် ။
ဥပဒေအတိုင်း တိတိကျကျ ဆောင်ရွက်လိုက်ရင် ဘယ်လူသားကမှ နားရွက်လှုပ်စရာ
အကြောင်းမရှိဘူးလို့  ထင်ပါတယ်  ။
     ဒါ့ကြောင့်မို့ လို့  စစ်အစိုးရရဲ့  အငွေ့ အသက် မကုန်သေးတဲ့ 
မြန်မာနိုင်ငံအစိုးရအနေနဲ့  ဒီမိုကရေစီစနစ်ဆီသို့  ခြေလှမ်းလှမ်းစ
ပြုနေချိန်မှာ လူထုရဲ့ အသံကို နားထောင်ပြီး လူထုအလိုကို လိုက်လျောဖို
့လိုပါတယ် ။ ဒီကနေ့ မျက်မှောက်ကာလ အချိန်မှာ လူထုလူတန်းစား အသီးသီးတွေက
ဆန္ဒပြတောင်းဆိုနေတာဟာ သူတို့ ရဲ့  ဘ၀လုံခြုံရေးအတွက်ဖြစ်တယ် ။
ဒါကြောင့်မို့ လို့  စာချုပ်တွေ ချုပ်ဆိုပြီး လုပ်ထားရင်
စာချုပ်သက်တမ်းကို ဖျက်ဆီးဖို့  စက္ကူစုတ်လုပ်ပေးဖို့ လိုပါတယ် ။ ဒီလို
စာချုပ်ကို စက္ကူစုတ်လုပ်ပြီးမှ လမ်းပေါ်ထွက် ဆန္ဒပြခြင်းတွေ ရပ်တန်
့သွားမှာ ဖြစ်ကြောင်းပါ ။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )

သစ်တော/သတ္တုနဲ့ OIC ဘယ်လိုပတ်သတ်လဲ?

ဒီမို ဖက်တီး

သစ်တော/သတ္တုနဲ့ OIC နဲ့ ဘယ်လိုပတ်သတ်လည်းတော့ မသိပါဘူး ၊ အလွန်ကိုမှ ကမောက်ကမနိုင်တဲ့ ဖွတ်အစိုးရအဖွဲ့ပါပဲ .... ကိုရဲတွတ် မအားဖြစ်နေလို့ ထင်ပါတယ် ....း))
မန္တလေးတိုင်း သစ်တောနှင့် သထ္ထုဝန်ကြီး ဦးသန်းစိုးမြင့် မှ OIC ရုံးခန်းဖွင့်လှစ်ရန် အစီအစဉ်မရှိကြောင်းကို ယနေ့ည မြန်မာ့ ရုပ်မြင်သံကြားမှ ထုတ်လွှင့်မည်ဖြစ်သည်ဟု သတင်းမီဒီယာများသို့ ဖြေကြားချက် ရုပ်သံ။ မင်းမင်းလတ် ရိုက်ကူးသည်။
Oct 14, 2012

ဒေါ်အောင်ဆန်းစုကြည်ဆောက်လုပ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးကျော်လွင်နှင့် အဖွဲ့အား သွားရောက် တွေ့ဆုံ





Published on Oct 15, 2012 by
ကော့မှူး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီကနေ့ အောက်တိုဘာလ ၁၅ ရက်နေ့တွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ သွားရောက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးကျော်လွင်နှင့် အဖွဲ့အား သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

Hay ! Myanmar ...We must win...



Go and bookmark : http://www.flickr.com/photos/64086169@N03/sets/72157631640709082/with/8062634660

ညအလှ


Today comment
အောက်ကျနောက်ကျဖြစ်ခဲ့ရတဲ့ဒို့တိုင်းပြည်မှနှေး ကွေးသောကွန်နက်ရှင်းဖြင့်မရမကအားပေးလိုက်သည်။ငါ တို့ နှမ အနိုင်ရပါစေဗျာ။

လက်၂ဖက်ခြေသန်းတချောင်းစွန့်လိုက်ရသော မောင်ဇင်မင်းဦးဆီသို့တခေါက်

bY Si Si Rozar(FACEBOOK)

ဒီနေ.တော. အလှူရှင်တွေပေးပို.တဲငွေ မောင်ဇင်မင်းဦးကို ကိုယ်တိုင်သွားရောက် ပေးအပ်ဖို.ဆေးရုံကိုရောက်ခဲ.ပါတယ်။

ကိုဇင်မင်းဦးအတွက် မန္တလေးမှအမည်မဖေါ်လိုသူစေတနာရှင်တဦးမှ ကျပ်ငွေ တစ်သိန်းပေးပို့တာကိုကောင်းမွန်စွာလက်ခံရရှိပါပြီ အလှူရှင်စိတ်ရဲ့ကျန်းမာခြင်းကိုယ်ရဲ့ကျန်းမာခြင်း ရရှိပါစေ ကျေးဇူးတင်ပါတယ်ရှင်။
မန္တလေးက အမည်မဖော်လိုသူ စေတနာရှင်တစ်ဦးက တစ်သိန်း ၊ အော်စီက ကိုစိုးလွင်က တစ်သိန်း ပေါင်း နှစ်သိန်းကို အလှူရှင်တွေနာမည်ကို သေချာပြောပြပြီး ပေးအပ်ခဲ.ပါတယ်။


ဘေးနားမှာရပ်နေတာက အင်းစိန် NLD ဥက္ကဌ တဲ.။ဒီအလှူငွေက Facebook ကသူငယ်ချင်းတွေက စီစဉ်ပေးတာလို.လည်း ပြောပြခဲ.ပါတယ်။


သူ.ဘ၀အကြောင်းပြောပြတာကတော. သူ.ဖေဖေကမွန်လူမျိုး သူ ၁၀နှစ်
သားမှာဆုံးသွားတယ်တဲ. သူမေမေက အသက်၇၄ နှစ် နလုံးရောဂါဝေဒ
နာကို ခံစားနေရတယ်။ သူလက်ပြတ်တာသိပေမယ်.လာမကြည်ရဲသေးဘူးလို.ပြောပါတယ်။
ကိုဇင်မင်းဥိးက ညီကိုမောင်နှမမရှိ အမေတစ်ခု သားတစ်ခုတဲ.။

သူဆီ တိုက်ရိုက်လှူတန်းနှိင်ဖို. အဆင်ပြေမလားလို.မေးကြည်တော. အမေပဲလုပ်ပေးပါ သားမှာလုပ်ပေးမယ်.သူမရှိဘူးလို.ပြောပါတယ်။တစ်ကယ်တော. မောင်ဇင်မင်းဦးက အင်းစိန် NLD ဆိုပေမယ်. နေတာကလှိုင်သာယာမှာတဲ.။

သြော်.... ခြေသန်းလေးပါဖြတ်လိုက်ရတာပဲ ဆေးရုံမှာနောက်ထပ်တစ်လကြာဦးမယ်တဲ.။

တစ်ဦးကမေတ္တာ တစ်ဦးကစေတနာ တွေ.တွေ.ခြင်းကျမကိုအမေ ...တဲ.
အလှူရှင်တွေ တစ်သိန်းလှူရင်ဆယ်သိန်းပြန်ဝင်ပါစေလို.ဆုတောင်းပေးပါတယ် ဒီအလှူဖြစ်မြောက်အောင်စီစဉ်ပေးတဲ.ခွန်ဒီးယမ်ကိုလည်းကျမတို.သားအမိနှစ်ယောက်ကျေးဇူးတင်ပါတယ်တဲ.ရှင်။

ကိုကိုကြီးရဲ့ပြင်သစ်ရုပ်ပုံလွှာ

By Lotus Man

ဖွဲ့ စည်းပုံအခြေခံ ဥပဒေအပိုဒ် ၆၄ ကို လွန်ဆန်နေသလား

နေပြည်တော်တွင် အောက်တိုဘာ ၁၂ ရက်မှ ၁၇ ရက်အထိ ကျင်းပ သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ၏ ညီလာခံသို့ ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်နှင့် ဒုတိယ သမ္မတဒေါက်တာ စိုင်းမောက်ခမ်းတို့ ခေတ္တရောက်လာကာ ပါတီဝင်များနှင့် နှုတ်ဆက်ရာတွင် သမ္မတကြီးဦးသိန်းစိန်က ပါတီ အမှတ်တံဆိပ်နှင့် အလံရင်ထိုး များကို တပ်ဆင်လာသဖြင့် ဖွဲ့ စည်းပုံအခြေခံ ဥပဒေအပိုဒ် ၆၄ ကို လွန်ဆန်နေသလား ဟု မေးစရာ ဖြစ်ခဲ့ သည်။

Myanmar Independent News Journal




ပါတီဥက္ကဋ္ဌနေရာမှာ သမ္မတကြီးဦးသိန်းစိန်ဆက်ရှိနေမယ်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ဧရာဝတီသို့ ပြောကြားလိုက်သည်။

ဧရာဝတီသတင်းထောက် သာလွန်ဇောင်းထက်က "ပါတီ ဥက္ကဋ္ဌ ရာထူး အပြောင်းအလဲ လုပ်ဖို့ရှိပါသလား" ဟု မေးမြန်းရာ ဦးဌေးဦးက "ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၄ အရ သမ္မတဦးသိန်းစိန်က နိုင်ငံရေး ပါတီဥက္ကဋ္ဌ တာဝန်ထမ်းဆောင်လို့ မရဘူး။

သို့သော်လည်းပဲ နိုင်ငံတကာမှာလည်းပဲ ရှိပါတယ်။ ဥက္ကဋ္ဌတာဝန်ပေးထားတယ်။ သူ့တာဝန်ကိုတော့ ကျန်တဲ့သူက တွဲလုပ်ရမှာပေါ့။

သူမှ မလုပ်နိုင်တာပဲ။ ပါတီ ဥက္ကဋ္ဌနေရာမှာ သမ္မတကြီး ဦးသိန်းစိန်ဆက်ရှိနေမှာပါ။ အပြောင်းအလဲမရှိပါဘူး" ဟု ဖြေဆိုသည်။

(ဧရာဝတီ)

သူများလင်းဖို့ မှောင်ပေးရတဲ့ ငါတို့တိုင်းပြည်

Aung La N Sang CFFC 17



OIC ရုံးဖွင့်ခွင့်ပြုမည်မဟုတ် ....ရုံးဖွင့်ခွင့်သဘောတူလက်မှတ် ရေးထိုးထားပြီး ဖြစ်...

မြန်မာနိုင်ငံမှာ OIC ရုံးဖွင့်ခွင့်ပြုမည်မဟုတ်



ရန်ကုန်မြို့ မြို့တော်ခမ်းမရှေ့တွင် OIC ရုံးဖွင့်ခွင့်မပြုရေး သံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေစဉ် (အောက်တိုဘာ ၁၅၊ ၂၀၁၂)">


ဗွီအိုအေ (မြန်မာပိုင်း)

15.10.2012

မြန်မာနိုင်ငံအတွင်းမှာ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ရုံး တွေ ဖွင့်ခွင့်ပေးမှာ မဟုတ်ဘူးလို့ အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။  ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးတွေနဲ့ မူဆလင်တွေကြား ပဋိပက္ခတွေဖြစ်ခဲ့ပြီးတဲ့နောက် (OIC) ရုံးဖွင့်မဲ့ကိစ္စကို ကန့်ကွက်တဲ့ အနေနဲ့ ရန်ကုန်မြို့အပြင် တခြားမြို့တွေမှာ ဆန္ဒ ထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ ကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ရန်ကုန်မြို့မှာ သံဃာတော်တွေ စီတန်းလှည့်လည်ခဲ့တဲ့ တောက်လျောက်မှာ သတင်းလိုက်လံယူခဲ့တဲ့ ရန်ကုန်အခြေစိုက် VOA သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ရုံး တွေ လုံးဝ ဖွင့်မှာ မဟုတ်ဘူးလို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က VOA မြန်မာပိုင်းကို ခုလို အတည်ပြု ပြောပါတယ်။

“ပြည်သူလူထုကြားမှာ ပြန့်နှံ့ဖြစ်ပေါ်လျက်ရှိတဲ့ မြန်မာနိုင်ငံမှာ OIC ရုံးဖွင့်လှစ်မယ့် သတင်းနဲ့ စပ်လျဉ်းပြီး ရုံးဖွင့်မယ့်ကိစ္စဟာ ပြည်သူ့ဆန္ဒနဲ့ မကိုက်ညီသဖြင့် ခွင့်ပြုမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရှိပါသည်။ ဒါဟာ ကျနော်တို့ထုတ်ပြန်ထားတာ။ အဲ့တာ ဒီညသတင်းမှာလည်း ထုတ်မယ်။ မနက်ဖြန်သတင်းစာမှာလည်း ပါမှာပါ။”

ဒီကနေ့မှာပဲ OIC ရုံးတွေ ပြည်တွင်းမှာ လာရောက်မဖွင့် ဖို့ ရန်ကုန်မြို့အပါအဝင် အခြားနယ်မြို့တွေမှာ သံဃာတော်တွေက ဆန္ဒ ထုတ်ဖော် တောင်းဆိုမှုတွေကိုလည်း ပြုလုပ်ခဲ့ကြ ပါတယ်။

မကြာသေးခင်က ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ စစ်တွေက အစ္စလာမ် ဒုက္ခသည်တွေကို ကူညီ ဖို့ OIC က ဆက်ဆံရေးရုံးတွေ လာဖွင့်မယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာခဲ့ပြီးတဲ့နောက်မှာ ကန့်ကွက်ဆန္ဒပြမှုတွေ ရှိခဲ့တာပါ၊

ဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင် ခဲ့တဲ့ ရန်ကုန်မြို့နေ ဘုန်းတော်ကြီး အပါး တစ်ထောင် ကျော် ဟာ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ် ကနေ နေ့လယ် ၁ နာရီ မှာ စတင် စုဝေး ခဲ့ကြပြီး အဲဒီကနေ ဆူးလေစေတီတော် နဲ့ မြို့တော်ခန်းမရှေ့အထိ မေတ္တာပို့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ခုလို စီတန်း ဆန္ဒဖော်ထုတ်ရတဲ့ ရည်ရွယ်ချက်ကို ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်ခဲ့တဲ့ ဆရာတော်တစ်ဦး ဖြစ်တဲ့ ဦး ဇောတိက က ခုလို မိန့်ပါတယ်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရာမူးမြို့မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေရယ်၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေရယ်၊ ဗုဒ္ဓဘာသာဝင်မိသားစုတွေရယ် အားလုံးဖျက်ဆီးနှိပ်စက်ခံရတဲ့ အတွက်ကြောင့်မို့လို့ OIC လို့ခေါ်တဲ့ အစ္စလာမစ်အဖွဲ့ကို ဒီမှာ ရုံးစိုက်မယ်ဆိုတာ လက်မခံနိုင်တဲ့အတွက်ကြောင့်ပါ။ ဗုဒ္ဓဘာသာဆန္ဒအရ ငြိမ်းချမ်းစွာ မေတ္တာသုတ်ရွတ် အားလုံး မေတ္တာဖြင့် စီရင်ပြီး ဆန္ဒပြခြင်းဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ ထိခိုက်စေလိုခြင်း နစ်နာစေလိုခြင်း မရှိပါဘူး။ အားလုံး ကမ္ဘာကြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တဦးနဲ့ တဦး၊ တယောက်နဲ့ တယောက် ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်အောင်ဆိုပြီးတော့ ငြိမ်းချမ်းရေး ဆန္ဒပြခြင်းဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ရှိတဲ့ ဘုန်းတော်ကြီးတွေဟာ ဘင်္ဂလားဒေရှ့်နိုင်ငံမှာ မြန်မာဘုန်းတော်ကြီးကျောင်းတွေ ပျက်စီး ခံခဲ့ရတဲ့ကိစ္စ၊ နိုင်ငံအတွင်းမှာ OIC ရုံးတွေ ဖွင့်ခွင့်မပေးရေး ကိစ္စအတွက် ရန်ကုန်မြို့ မှာ အောက်တိုဘာ ၅ ရက်နဲ့ ၈ ရက်နေ့ မှာ ၂ ကြိမ် ၊ မန္တလေးမှာ အောက်တိုဘာ ၁၂ ရက်နေ့ က တကြိမ် ဆန္ဒဖော်ထုတ်တာတွေပြုလုပ်ခဲ့ကြပါတယ်။

ဒီကနေ့ ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ ဖြစ်စဉ်မှာ ရန်ကုန်တမြို့ ထဲ မဟုတ်ပဲ မန္တလေး၊ မွန်ပြည်နယ်၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းက ဘုန်းတော်ကြီးတွေလည်း ပါဝင်တယ်လို့ မြန်မာနိုင်ငံ အမျိုးသားရေးလှုပ်ရှားမှုကော်မတီမှ ဦးရဲမင်းဦးက ဆိုပါတယ်။

အစိုးရ အာဏာပိုင်တွေဘက်ကနေ ဒီ OIC ရုံး လုံးဝဖွင့်ခွင့်မပြုပါဘူးလို့ နိုင်ငံပိုင် မီဒီ ယာတခုခု မှာ ကြေညာပေးတော့မှသာ သံဃာတော်တွေရဲ့ ဆန္ဒဖော်ထုတ်မှုတွေကို ရပ်ဆိုင်းမှာ ဖြစ် ပြီး အစိုးရ ဘက်ကသာ တစုံတရာ အကြောင်းမကြားဘူးဆိုရင် ဥပုဒ်နေ့တိုင်း ဆန္ဒ ဖော်ထုတ်တာတွေပြုလုပ်နေ မှာ ဖြစ်တယ် ဆိုပြီး ဆန္ဒထုတ်ဖော်ပွဲ မှာ ဦးဆောင်ပါဝင်တဲ့ မကွေးကျောင်းတိုက်ဆရာတော် ဦး ပါမောက္ခက မိန့်ကြားခဲ့ပါသေးတယ်။

“ မြန်မာပိုင် မြန်မာနိုင်ငံမှာ ထုတ်လုပ်ထားသော သတင်းစာများမှဖြစ်စေ၊ ရုပ်မြင်သံကြားမှဖြစ်စေ သက်ဆိုင်ရာ တရားဝင်ပုဂ္ဂိုလ်များမှ၊ တရားဝင်အဖွဲ့အစည်းများမှ OIC ရုံးနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ပြီးတော့ သတင်းစာထဲမှာ အတိအလင်းကြေညာပြီးတော့ OIC ရုံးကို ဘယ်သောအခါမှ အမိမြန်မာနိုင်ငံမြေပေါ်မှာ မဆောက်ပါဘူးဆိုတဲ့ ဝန်ခံကတိ မရမချင်း ဥပုဒ်နေ့တိုင်း  ဥပုဒ်နေ့တိုင်း အားလုံး ရဟန်းရှင်လူ ပြည်သူအပေါင်းတို့က ပါဝင်ပြီးတော့ ယခုကဲ့သို့ ဆန္ဒပြသွားမှာဖြစ်ကြောင်းကိုလည်း ထပ်ဆင့်ပြောကြားလိုပါတယ်။”

OIC ရုံး ချုပ်ဟာ ဆော်ဒီအာရေဗျနိုင်ငံမှာ ရုံးစိုက်ပြီး ၁၉၆၉ မှာ တည်ထောင်ခဲ့ကာ အဖွဲ့ဝင်နိုင်ငံပေါင်း ၅၇ နိုင်ငံနဲ့ အခြေပြု ဖွဲ့စည်းထားတာပါ။ အစိုးရအာဏာပိုင်တွေဘက်က ဒီOIC ရုံးတွေ ဖွင့်မယ်ဆိုတာ လုံးဝ မဟုတ်ဘူးလို့ နယ်စပ်ရေးရာ ၀န်ကြီး ဌာန က တာဝန်ရှိသူတွေက လည်း ငြင်းဆိုထားပြီး ဖြစ်ပါတယ်။

ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ သံဃာတော်တွေဟာ အာဏာပိုင်တွေထံကနေပြီး တရားဝင် ဆန္ဒ ဖော်ထုတ်ဖို့ ခွင့်ပြုမိန့် ရယူထားတာတွေ မရှိသလို ဆန္ဒထုတ်ဖော်နေစဉ် ကာလမှာလည်း တစုံ တရာ တာဆီး ဟန့်တားနှောင့်ယှက်မှု ဆိုးဆိုး ရွားရွားတွေမရှိခဲ့ပါဘူး။



ရုံးဖွင့်ခွင့်သဘောတူလက်မှတ် ရေးထိုးထားပြီး ဖြစ်ကြောင်း OIC တုန့်ပြန်

ကိုဝင်းမင်း

15.10.2012

အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC  ဆက်ဆံရေးရုံးကို မြန်မာနိုင်ငံထဲမှာ ဖွင့်ခွင့်ပြုမှာ မဟုတ်ဘူးလို့ အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံထဲမှာ OIC ဆက်ဆံရေးရုံး ဖွင့်ခွင့်မပြုဖို့ ဆန္ဒပြပွဲတွေ နေရာ အတော်များများမှာ ဖြစ်ပွားနေချိန်မှာပဲ အခုလို သတင်းထုတ်ပြန်လိုက်တာပါ။ OIC အဖွဲ့ကတော့ အခုလို ရုံးခန်းဖွင့်ဖို့ ပယ်ဖျက်လိုက်တဲ့အကြောင်း သူတို့ဆီကို တရားဝင်အကြောင်းကြားလာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဦးဝင်းမင်းက တင်ပြထားပါတယ်။

နိုင်ငံပေါင်း ၅၇နိုင်ငံပါဝင်တဲ့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ဆက်ဆံရေးရုံး ကို မြန်မာနိုင်ငံမှာ ဖွင့်ခွင့်မပြုဘူးလို့ ည ၈နာရီ မြန်မာရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေ က ကြေညာလိုက်ပါတယ်။ OIC ဆက်ဆံရေးရုံးဖွင့်ခွင့်မပြုဖို့ ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ မန္တလေးမြို့ကြီးတွေအပါအဝင် အခြားမြို့အနည်းငယ်မှာ ဆန္ဒပြပွဲတွေ ဒီရက်ပိုင်းအတွင်းကစ ဖြစ်လာခဲ့ပြီး အချိန်မှာ မြန်မာအစိုးရဘက်က ပြည်သူလူထုရဲ့ ဆန္ဒနဲ့ မကိုက်ညီလို့ အခုလို ဆုံးဖြတ်ရတာလို့ဆိုပါတယ်။

အခုလို OIC ရုံးဖွင့်ဖို့ကို မြန်မာအစိုးရရဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးသိန်းဌေးနဲ့ OIC အဖွဲ့ရဲ့ ကိုယ်စားလှယ်တွေကြား ပြီးခဲ့တဲ့ စက်တင်ဘာကပဲ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ ကူညီရေး နားလည်မှု စာချွန်လွှာတခု လက်မှတ်ရေးထိုးပြီး သဘောတူခဲ့ကြတယ်လို့ OIC  ပြန်ကြားရေးဌာနက Ms. Maha အခုလို ပြောပါတယ်။

“သဘောတူညီမှုဟာ မြန်မာအစိုးရဘက်က နယ်စပ်ရေးရာဝန်ကြီး နဲ့ OIC ကိုယ်စားလှယ်တို့ကြား ပြီးခဲ့တဲ့လ စက်တင်ဘာလက လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ရုံးခွဲနှစ်ခု ဖွင့်ခွင့်ပြုဖို့ ရန်ကုန်နဲ့ ရခိုင်၊ စစ်တွေမှာပါ။”

အခုလိုလက်မှတ်ရေးထိုးခဲ့တဲ့ ဒီနားလည်မှု စာချွန်လွှာထဲမှာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်ရခိုင်တွေကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ လူသားချင်းဆိုင်ရာ ကူညီမှုတွေကို ညှိနှိုင်းဖြေရှင်းစောင့်ကြည့်ပေးဖို့ အခုလိုရုံးခွဲဖွင့်ဖို့ ထည့်သွင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခုလို ရုံးခွဲဖွင့်ဖို့ မပြုတော့တဲ့ ဆုံးဖြတ်ချက်ကို တရားဝင်အကြောင်းကြားစာ အနေနဲ့ မရရှိသေးဘူးလို့ OIC ပြန်ကြားရေးဌာနက Ms. Mahar က ဆက်ပြောပါတယ်။

“ကျမတို့အနေနဲ့ မြန်မာအစိုးရထံက အဲ့ဒီ့ကိစ္စနဲ့ပတ်သက်လို့ တရားဝင်အကြောင်းကြားတာမျိုး  လက်ခံရရှိခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လို့ ကျမတို့ဆီမှာ ရှိတဲ့အချက် ကတော့ OIC နဲ့ မြန်မာအစိုးရကြား လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီမှုပါ။ OIC ရုံးခွဲတွေ ဖွင့်ခွင့်ပြု မယ်ဆိုတဲ့ သဘောတူညီမှု ဖြစ်တာမို့ အခုလို ဖွင့်ခွင့်မပြုနိုင်ဘူးလို့ ပြောလာတာကို ကျမတို့ နားမလည်နိုင်ပါဘူး။ သဘောတူညီမှု လက်မှတ်ရေးထိုးထားပြီးသားပါ။”

တချိန်တည်းမှာ RNDP ခေါ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီခေါင်းဆောင်နဲ့ လွှတ်တော်အမတ် ဒေါက်တာအေးမောင်ကတော့ OIC အနေနဲ့ ဘာသာရေးအဖွဲ့ဖြစ်တဲ့အတွက် တိုက်ရိုက်ရုံးဖွင့်ခွင့်ပေးတာထက် စာရင် မြန်မာအစိုးရကတဆင့် စိစစ်ပြီး အကူအညီတွေကို ရောက်သင့်တဲ့နေရာကို ပို့သင့်တယ်လို့ဆိုပါတယ်။

“ကာလတခုအထိ လာပြီးကာမှ ကိုယ်တိုင်ပါဝင်လုပ်ဆောင်မယ်ဆိုတဲ့ အပိုင်းကြည့်တဲ့အခါမှာ ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောရင် လူတွေက ဘယ်သူတွေ ဘာညာဆိုတာ ကျနော်တို့က သေချာသိနိုင်တဲ့ သဘောမဟုတ်တဲ့အခါကျတော့ အင်မတန်ကြောက်စရာကောင်းတယ်ဗျ။ ဘာတွေကို ယူသွားမလဲ။ ဘာတွေကို ဖော်ထုတ်မလဲ။  မဟုတ်တဲ့ဟာကို ဘယ်လိုဝါဒဖြန့်မလဲ ဆိုတာလည်းရှိတယ်။ အဲ့တာကြောင့် အစိုးရအဖွဲ့ကတဆင့် ကူပေးတာ လက်ခံတယ်။”

တကယ်တော့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဇွန်လကစပြီး ရခိုင်နဲ့မူဆလင်တွေကြား ပဋိပက္ခတွေ ဖြစ်လာခဲ့အပြီးမှာ လူပေါင်းအနည်းဆုံး ၇၀ကျော်သေဆုံးခဲ့ရပြီး အခုလို ရခိုင်ပြည်နယ်အတွင်းမှာလည်း မူဆလင်နဲ့ ဗုဒ္ဓဘာသာ ဒုက္ခသည်ပေါင်း ရှစ်သောင်းပတ်ဝန်းကျင် ဖြစ်လာခဲ့ရတာပါ။ http://burmese.voanews.com

မောင်ဦးပြောတာALPလား...