Tuesday, October 16, 2012

OIC ရုံးကိစ္စ ပြန်ရှင်းပါ



ဗွီအိုအေ (မြန်မာဌာန) 16.10.2012  OIC ခေါ် အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ဆက်သွယ်ရေးရုံး မြန်မာပြည်ထဲမှာ ဖွင့်ခွင့်မပြုဘူးလို့ မြန်မာအစိုးရက ဆုံးဖြတ်ခဲ့ရာမှာ တရားဝင် အကြောင်းကြားစာ မရသေးတဲ့အပြင် အခုလို ဆုံးဖြတ်ချက်အပေါ် ဖြေရှင်းချက်ပေးဖို့ တောင်းခံစာတစ်စောင်ကိုလည်း မြန်မာအစိုးရထံ ပို့ထားတယ်လို့ OIC အဖွဲ့က ဆိုပါတယ်။

အဖွဲ့ဝင်ပေါင်း ၅၇ နိုင်ငံတဲ့ ဒီ OIC အစ္စလာမ်နိုင်ငံများအဖွဲ့ရဲ့ သတင်းပြန်ကြားရေးဌာနက မစ္စ် မဟာ ရက်ခီးက ရခိုင်ပြည်က ဒုက္ခသည်တွေကို ကူညီရေး အတွက် ရုံးဖွင့်ဖို့ကို ပြီးခဲ့တဲ့လကပဲ မြန်မာ အစိုးရနယ်စပ်ဝန်ကြီးနဲ့ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးခဲ့တာကြောင့် အခုလို ဖျက်သိမ်း လိုက်တာကိုလည်း ရှင်းပြဖို့ မြန်မာအစိုးရမှာ တာဝန်ရှိတယ်လို့ ဆိုလိုက်တာပါ။

မစ္စ် မဟာကပဲ နယ်စပ်ဝန်ကြီး ဦးသိန်းဌေးနဲ့ OIC အဖွဲ့ရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း လေ့လာရေး ကိုယ်စားလှယ် အဖွဲ့ သံအမတ်ကြီးတို့ကြား စက်တင်ဘာလက နားလည်မှုစာချွန်လွှာ လက်မှတ် ထိုးရာမှာ ရန်ကုန်နဲ့ စစ်တွေ မြို့ကြီးတွေမှာ ဆက်သွယ်ရေးရုံးဖွင့်ဖို့ကိုလည်း ထည့်သွင်းခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံထဲက ရန်ကုန်၊ မန္တလေးနဲ့ စစ်တွေ မြို့ကြီးတွေ အပါအဝင် မြို့ကြီးတချို့မှာ OIC ရုံးဖွင့်ရေးကိုဆန့်ကျင်တဲ့ သံဃာတော်နဲ့အမျိုးသမီးဆန္ဒပြပွဲတွေ ဖြစ်လာနေချိန်မှာ မြန်မာအစိုးရက OIC ရုံး မဖွင့်ဖို့ကို မနေ့က ကြေညာပေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲ ဂျွန်လမှာ စဖြစ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းက ရခိုင် ဗုဒ္ဓဘာသာဝင်တွေနဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကြား ပဋိပက္ခတွေအတွင်း သေဆုံးခဲ့ရသူ ၇၀ ကျော် ရှိခဲ့ပြီး ဒုက္ခသည်ပေါင်း ၈၀,၀၀၀ ပတ်ဝန်းကျင်ရှိလာခဲ့ချိန်မှာ OIC အဖွဲ့က ဒီပဋိပက္ခ ထပ်မဖြစ်အောင် စောင့်ကြည့်ရင်းနဲ့ ဒုက္ခသည်တွေ ကူညီရေးအတွက် မြန်မာနိုင်ငံကို သွားလည်ခဲ့ပြီး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။ burmese.voanews.com

ရွှေညဝါဆရာတော် ဗန်ကူးဘားသို့ကြွရောက်မည်.....

နိုင်ငံရေးမှူးကြီး,,,,

လဲ့လဲ့ဝင်းဆွေဆရာ အောင်သိန်းလင်းက သူ့ကိုယ်သူ နိုင်ငံရေးမှူးကြီးတဲ့။

ကြံ့ဖွတ်ဖွဲ့စည်းပုံထဲမှာလည်း ဒီရာထူးရှိတယ် မကြားမိပါဘူး။

ရူးနေတယ်ထင်တာဘဲ။


ကေကေတီ

အစိုးရက လူထုနဲ့  အတူရပ်တည်ဖို့  စာချုပ်ကို ဖျက်သိမ်းပေး

စက်တင်ဘာလ-၁၁-ရက်နေ့ က နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးက မွတ်ဆလင်အဖွဲ့ ချုပ်နဲ့  လက်မှတ်ထိုးခဲ့ တယ် ။ ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှတို့ ကပါ စာချုပ်ထိုးကြရာမှာ ပါဝင်ခဲ့ တယ်လို့  ပြောပါတယ် ။ ခုတော့မှ မြန်မာတနိုင်ငံလုံးက-OIC- နဲ့  စာချုပ်ချုပ်တာကို လက်မခံလို့  ဆန္ဒပြကြမှ ပြည်သူတွေက လက်မခံလို့  ရုံးခမ်းဖွင့်ဖို့ ရန်ကို ခွင့်မပြုဘူးလို့  မြန်မာ့အသံက ကြေညာသွားပါတယ် ။ ဒါပေမဲ့  -OIC- မွတ်ဆလင်လူနည်းစုရေးရာ ညွှန်ကြားရေးမှူးချုပ် ဒေးလားစ်ဒန်ဝူးက မြန်မာနိုင်ငံအစိုးရက ဘာတခုမှ အကြောင်းမကြားသေးဘူးလို့  ပြောပါတယ် ။ တကယ်လို့  စာချုပ်ချုပ်ဆိုထားတာကို ဖျက်သိမ်းရင်တောင်မှ ဒါကို ကုလသမ္မဂအပါအ၀င် နိုင်ငံတကာတွေနဲ့  ဆက်စပ်ပြီး မဖြစ်မနေ ဆောင်ရွက်သွားမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုနေတယ် ။ အဓိကကတော့ မြန်မာအစိုးရဟာ ပြည်သူလူထုရဲ့  အသံကို နားထောင်ခဲ့ ပြီဆိုရင် လုပ်ရမဲ့  အချက်အလက်တွေကို ချက်ချင်းဆောင်ရွက်ရပါလိမ့်မယ် ။ ရှေးဦးစွာ မြန်မာ့ရုပ်မြင်သံကြားက လွှင့်ထုတ်ကြေညာသလို သတင်းစာများကတဆင့် ဖေါ်ပြပေးရပါလိမ့်မယ် ။ မီဒီယာများကတဆင့် ဂျာနယ်စာစောင် များကတဆင့် ရေးသားဖေါ်ပြခွင့် ပေးရပါလိမ့်မယ် ။ အနယ်နယ်အရပ်ရပ်က ဆန္ဒပြ သတင်းတွေကို ဖေါ်ပြပေးခွင့် ရှိစေရပါမယ် ။ လမ်းပေါ်ထွက်ဆန္ဒပြနေတဲ့  သတင်းတွေကို အမှောင်ချထားလို့  မရပါဘူး ။။ ပြီးတော့ သက်ဆိုင်ရာ စာချုပ်ချုပ်ဆိုခဲ့ တဲ့  မွတ်ဆလင်အဖွဲ့ ချုပ် - OIC- ကို မြန်မာနိုင်ငံရဲ့  ပကတိအခြေအနေတွေကို ရှင်းပြပြီး စာချုပ်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း အသိပေးရန်လိုအပ်ပါတယ် ။ တကယ်လို့  အခုလို အသိပေး အကြောင်းမကြားသေးတဲ့ အတွက် အခုလို ဝေဖန်တုန့် ပြန်သံတွေနဲ့  အစိုးရကို ဘာမဟုတ်တဲ့ - OIC- အဖွဲ့ က လက်ညိုးထိုးငြူစူ စောင်းမြောင်းပြီး မလေးမစား ပြောဆိုလာပါလိမ့်မယ် ။ မြန်မာနိုင်ငံအစိုးရဟာ ခုအချိန်ထိ အရှက်သိက္ခာကို ထိမ်းသိမ်းထားတဲ့  အစိုးရသာဆိုရင် စောစောက ပြောသလို စာချုပ်ကို ဖျက်သိမ်းကြောင်း အခုအချိန်မှာဘဲ ကြေညာရပါလိမ့်မယ် ။ ဒီလိုမှသာ ပြည်သူလူထုဟာ အစိုးရအပေါ် ယုံကြည်စိတ်ချစွာ အစိုးရနဲ့  အတူ အတူတူ လက်တွဲ ရပ်တည်ပေးပါလိမ့်မယ် ။ တချိန်တည်းမှာဘဲ နိုင်ငံရေးပါတီတွေကလဲဘဲ လမ်းပေါ်ထွက် ဆန္ဒပြနေတဲ့  မယ်သီလရင်လေးတွေလို မွတ်ဆလင်အဖွဲ့ ချုပ်-OIC- ကို လက်မခံကြောင်း အစိုးရနဲ့  အတူတူ ရပ်တည်ကြောင်း ဆန္ဒထုတ်ဖေါ် ပြကြရပါလိမ့်မယ် ။ ဒါပေမဲ့  ခုအချိန်ထိတော့ ဘယ်နိုင်ငံရေးပါတီကမှ ပြည်သူလူထုနဲ့ သော်၎င်း ၊ ရဟန်းသင်္ဃာတော်တွေ - မယ်သီလရင်ကိုယ်တော်လေးတွေနဲ့  အတူ လမ်းလျှောက်ဆန္ဒပြတာ မတွေ့ ရသေးပါဘူး ။ ဒါဟာ ကောင်းသောမြင်ကွင်းမျိုးများ မဟုတ်တဲ့ အတွက် ကျားဖမ်းမယ် ဆင်ဖမ်းမယ်ဆိုတဲ့  လူတွေကို တိုက်တွန်းချင်ပါတယ် ။ ဦးသိန်းညွန့်  နဲ့  ဦးနေမျိုးဝေတို့ မှအပ အခြားအဖွဲ့ အစည်းတွေကို သတိမထားမိဘဲ ဖြစ်နေရပါတယ် ။ မိမိတို့  နိုင်ငံမှာ မလိုအပ်ဘူးထင်လို့  ရုံးခမ်းဖွင့်လှစ်မပေးလိုတာကို အတင်းအဓမ္မ ဖွင့်ခွင့်ပေးရမယ်လို့  ခြိမ်းခြောက်ခံရတာမျိုးကို ဒီအစိုးရကသာ တာရှည်နားထောင်လို့  ရပေမဲ့  မရတဲ့  ပြည်သူတွေကတော့ ဆန္ဒပြနေတာတွေကို နေ့ စဉ်ရက်ဆက်ဖြစ်ကြမယ်လို့  မြင်ယောင်နေမိပါတယ် ။ မိမိအိမ်မှာ မငှားရမ်းလိုဘူးဆိုရင် ဘယ်သူကမှ ငှားရမ်းလို့  မရဘူးဆိုတာ သူငယ်နှပ်စားတောင် သိကြတာပါဘဲ ။ အခုဟာက ကိုယ့်အိမ်ကိုယ့်ယာနဲ့  နေကြတာကို အတင်းပြောဆိုပြီး ခြိမ်ခြောက်လာတာကို တခွန်းတည်းနဲ့  လုံလောက်နေတဲ့ စကားက ( ဒီလိုဆိုရင် မင်းတို့  နိုင်ငံတွေကို ခေါ်သွားပါတော့ ) လို့  ပြောရုံပါဘဲ ။ ကုလသမ္မဂမကလို့  ဘယ်ဂြိုလ်က လာပြောရင်တောင်မှ လက်ခံလို့  ရတဲ့  လူမျိုးများမဟုတ်တဲ့ အတွက် အကောင်းဆုံးနည်းဟာ လူမျိုးတူ ဘာသာတူ စရိုက်တူ ယဉ်ကျေးမှူတူသော နိုင်ငံများက ခွဲ ဝေယူသွားရေးနည်းလမ်းကို ချပြပေးလိုက်ဖို့ လိုပါတယ် ။ အတူယှဉ်တွဲ မနေနိုင်တော့တဲ့  အခြေအနေ ၊ ဒီအတိုင်းကြည့်ထားလို့  မရနိုင်တဲ့  အခြေအနေမှာ နိုင်ငံတကာကို လက်ခံနိုင်အောင် ပြောဆိုကြဖို့ သာ လိုပါတယ် ။ အဓိကအားဖြင့် အစိုးရက လူထုနဲ့  အတူရပ်တည်ဖို့  စာချုပ်ကို ဖျက်သိမ်းပေးပြီးပြီဆိုရင် ပြည်သူလူထုယုံကြည်သော အစိုးရကောင်းဆိုပြီး ရာခိုင်နုံးနည်းနည်း များလာလိမ့်မယ်လို့  ထင်မြင်ယူဆရပါတယ် ။ တကယ်လို့ စာချုပ်ကို ဖျက်သိမ်းကြောင်း -OIC- ကို အသိမပေးဘဲ ပြည်သူလူထုကိုကျတော့ တမျိုး လုပ်ကြံပြောဆိုပြီး စာချုပ်ချုပ်ဆိုတဲ့  -OIC- ကျတော့ တမျိုး လုပ်ကြံပြောနေလို့ ကတော့ ဘယ်လိုနည်းနဲ့ မှ မဖြစ်နိုင်တော့ကြောင်း ပြောရပါတော့မယ် ။ ဒါကြောင့်မို့ လို့  အစိုးရမဟုတ်တဲ့  အဖွဲ့ တဖွဲ့ က စာချုပ်ချုပ်တာမျိုးကို အကြောင်းပြုပြီး ခြိမ်းခြောက်တာမျိုးတော့ သင်္ကြန်တုံးကာလ ခလေးတွေလို ရီတာပေါ့လို့  ပြောရုံမှ အပ အခြားမရှိဘူးလို့  သာ ပြောဆိုပေးချိန် ရောက်နေပြီဖြစ်ကြောင်းပါဗျာ ။ 

 အောင်သာနီ

ဥက္ကဋ္ဌ နေရာအား နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ပြန်လည် ရွေးချယ်ခံ

The Voice Weekly
11 hours ago ရန်ကုန် ၊ အောက်တိုဘာ ၁၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၏
ဗဟိုအလုပ်မှုဆောင် ကောင်မတီဝင် ၄၄ ဦးကို ပြန်လည် ရွေးချယ်လိုက်ပြီ
ဖြစ်ကြောင်း ယင်းပါတီ ဗဟိုညီလာခံ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြန်လည်ရွေးချယ်လိုက်သော ဗဟိုအလုပ်မှုဆောင်အဖွဲ့ ၄၄ ဦးတွင် နိုင်ငံတော်
သမ္မတကြီး အပါအဝင် အစိုးရအဖွဲ့ ဝန်ကြီး ၁၁ ဦး ၊ ပြည်နယ် ဝန်ကြီးချုပ် ၁၁ ဦး ၊
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌ ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နှင့်
ဒုဥက္ကဋ္ဌ ၊ ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးတို့ စသဖြင့် ပါဝင်ကြောင်း
ယင်းထုတ်ပြန်ချက် များ အရ သိရသည်။

Photo: ရန်ကုန် ၊ အောက်တိုဘာ ၁၆
<br />
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်  ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၏
ဗဟိုအလုပ်မှုဆောင် ကောင်မတီဝင် ၄၄ ဦးကို ပြန်လည် ရွေးချယ်လိုက်ပြီ
ဖြစ်ကြောင်း ယင်းပါတီ ဗဟိုညီလာခံ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြန်လည်ရွေးချယ်လိုက်သော ဗဟိုအလုပ်မှုဆောင်အဖွဲ့ ၄၄ ဦးတွင် နိုင်ငံတော်
သမ္မတကြီး အပါအဝင် အစိုးရအဖွဲ့ ဝန်ကြီး ၁၁ ဦး ၊ ပြည်နယ် ဝန်ကြီးချုပ် ၁၁ ဦး ၊
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌ ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နှင့်
ဒုဥက္ကဋ္ဌ ၊ ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးတို့ စသဖြင့် ပါဝင်ကြောင်း
ယင်းထုတ်ပြန်ချက် များ အရ သိရသည်။<br />

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ ဥက္ကဋ္ဌ နေရာအား
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ပြန်လည် ရွေးချယ်ခံရကြောင်း ယင်းပါတီ
ဗဟိုညီလာခံ၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတော်သမ္မတကြီး၏ သက်တမ်းအတွင်း ပါတီလုပ်ငန်းစဉ်များ
မလုပ်ဆောင်နိုင်သည့်အတွက် သူရဦးရွှေမန်းက ပူးတွဲ ဥက္ကဋ္ဌ (ယာယီ) အဖြစ်
တာဝန်ယူ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
Photo: ရန်ကုန် ၊ အောက်တိုဘာ ၁၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်  ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၏
ဗဟိုအလုပ်မှုဆောင် ကောင်မတီဝင် ၄၄ ဦးကို ပြန်လည် ရွေးချယ်လိုက်ပြီ
ဖြစ်ကြောင်း ယင်းပါတီ ဗဟိုညီလာခံ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြန်လည်ရွေးချယ်လိုက်သော ဗဟိုအလုပ်မှုဆောင်အဖွဲ့ ၄၄ ဦးတွင် နိုင်ငံတော်
သမ္မတကြီး အပါအဝင် အစိုးရအဖွဲ့ ဝန်ကြီး ၁၁ ဦး ၊ ပြည်နယ် ဝန်ကြီးချုပ် ၁၁ ဦး ၊
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌ ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နှင့်
ဒုဥက္ကဋ္ဌ ၊ ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးတို့ စသဖြင့် ပါဝင်ကြောင်း
ယင်းထုတ်ပြန်ချက်များ အရ သိရသည်။
javascript:;

လူရွှင် တော် ဇာဂနာဆိုတာ ကျွန်တော် မဟုတ်ဘူး။ ခင်ဗျားလည်း မဟုတ် ဘူး။လူသိများပြီး ကျော်ကြားတဲ့ လူတစ်ယောက်

Messenger News Journal

ဒေါ်အောင်ဆန်းစုကြည်၊ NLDလွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ အကြောင်း အာလပသလာပ ပြော ဆိုထားသော လူရွှင်တော် ဇာဂနာ၏ ရုပ်သံဖိုင်အွန်လိုင်းစာမျက်နှာများ တွင် ပျံ့နှံ့


ဒေါ်အောင်ဆန်းစုကြည်၊NLDလွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ အကြောင်း အာလပသလာပ ပြော ဆိုထားသော လူရွှင်တော် ဇာဂနာ၏ ရုပ်သံဖိုင် အွန်လိုင်းစာမျက်နှာများ တွင် ပျံ့နှံ့နေကြောင်း သိရသည်။
''ဒီအသံဖိုင်အကြောင်း ကျွန် တော်မသိဘူး။ တရားဝင်လား၊ခိုး ဖမ်းတာလားလဲ မသိဘူး။ အများသိအောင်လုပ်တဲ့ စင်ပေါ်တွေများ ပြောတာလား။ ကျွန်တော်ဘာသာစားသောက်ဆိုင်မှာပဲဖြစ်ဖြစ် ဘတ်စ် ကားပေါ်မှာပဲ ဖြစ်ဖြစ် ပြောရင် ပြောမယ်။ ဒါ ကျွန်တော်ရဲ့ အလွတ် သဘော Private Life ပဲ။ တရားစွဲ လို့တောင်ရတယ်။ ဒါကို အသံ ခိုးဖမ်းပြီး ဖြန့်တယ်ဆိုရင်တော့ အဆင့်အတန်းနိမ့်ကျတယ်။ ကျွန် တော်လည်း မအားဘူး။ ဒါတွေကို ကြည့်နိုင်မှာ မဟုတ်ဘူး''ဟု ဦး ဇာဂနာက ပြောသည်။
ဦးဇာဂနာ ပြောကြားသော ရုပ်သံဖိုင်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဦးကိုကိုကြီး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုး မင်းသိန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာသော်၊ အမျိုးသမီးသတ္တိဆုရှင် မဇင်မာ အောင်၊ နိုင်ငံရေး တက်ကြလှုပ်ရှား သူ ကိုမြတ်သူ၊ ကိုမျိုးရန်နောင်သိန်း အကြောင်းအရာများနှင့် DVB သတင်းဌာနနှင့် RFA သတင်းဌာန အစရှိသော အကြောင်းအရာများ လည်း ပါဝင်သည်။
အွန်လိုင်းစာမျက်နှာများတွင် ပျံ့နှံ့နေသော ရုပ်သံဖိုင်တွင် ဦးဇာဂနာနှင့် ပတ်သက်သူမျာ၏ ဓာတ်ပုံများ ပါရှိပြီး ထူးခြားချက်အနေဖြင့် အသံဖိုင်ကို စာဖြင့်ပါ ရေးပေးထားပြီး အသံဖြင့်လည်း နားထောင်၍ရကြောင်း သိရ သည်။
''အခုပြောတဲ့ ပုံသဏ္ဍာန်က ရင်းနှီးတဲ့မိတ်ဆွေနဲ့ တွေ့တဲ့အချိန် မှာ အာလာပသလာပ ပြောတဲ့ပုံ။ ကိုယ့်စိတ်ထဲမှာရှိတဲ့ အကြောင်း အရာကို ပေါ့ပေါ့ပါးပါး ပြောနေ တဲ့ ပုံစံမျိုးပါ။ ခက်တာက လူရွှင် တော် ဇာဂနာဆိုတာ ကျွန်တော် မဟုတ်ဘူး။ ခင်ဗျားလည်း မဟုတ် ဘူး။ ဆိုလိုတာက လူသိများပြီး ကျော်ကြားတဲ့ လူတစ်ယောက် ဖြစ် နေတယ်။ သူ့နှုတ်ထွက်စကားက သက်ရောက်မှု အများကြီးရှိတယ်။ ဒီလို ပြောနေတာကို အသိမပေးဘဲ ခိုးဖမ်းပြီး အွန်လိုင်းစာမျက်နှာပေါ် ဖြန့်တာလည်း မကောင်းဘူး။ လူမှု ရေးရှုထောင့်အရလည်း မလုပ်သင့် ဘူး''ဟု ပြည်တွင်းစာနယ်ဇင်း သမားတစ်ဦးက သုံးသပ်ပြောကြား သည်။
လူရွှင်တော်ဇာဂနာသည် ဗိုလ်ချုပ်ရုပ်ရှင် ဖြစ် မြောက်ရေးနှင့် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင်လည်း ပါဝင်သူဖြစ်ပြီး အနုပညာလောကတွင်လည်း လူကြိုက်များသော လူရွှင်တော်တစ်ဦး ဖြစ်သည်။

သမ္မတကြီးငယ်ဘ၀ပုံရိပ်တချို့...

By- Yangon Times Journal
 
 ဧရာဝတီသင်္ဘောကြီးပေါ်က သမ္မတကြီးရဲ့ ငယ်ဘ၀။



 

ဗိုလ်လောင်းဘ၀(အလယ်မှ)

 

သမ္မတကြီးနဲ့ အန်တီဒေါ်ခင်ခင်ဝင်းတို့ မင်္ဂလာဆောင်အမှတ်တရ။
By- Yangon Times Journal


 

သမ္မတကြီး ပညာသင်ကြားခဲ့တဲ့ တိုင်တစ်ရာဘုန်းကြီးကျောင်း။ (ယခု ဓမ္မပါလကျောင်း)။

ဓာတ်ပုံ- သန့်ကျော်ဇင်
By - Yangon Times Journal



ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာကလေးက သမ္မတကြီးရဲ့အိမ်။
By- Yangon Times Journal

မြန်မာနိုင်ငံကြက်ခြေနီ OIC နှင့် ပတ်သက်သည့် မည်သည့် ရုံးခန်းမှ လက်ခံထားခြင်း မရှိ



အင်တာနက်တွင် ကောလဟာလပြန့်နှံ့လျက်ရှိသော မြန်မာနိုင်ငံကြက်ခြေနီ အသင်းရုံးတွင် လူ(၄)ဦးနှင့် OIC ရုံးခန်း ဖွင့်လှစ်နေသည် ဟူသော သတင်းမှာ မှန်ကန်ခြင်း မရှိကြောင်း၊ OIC နှင့် ပတ်သက်သည့် မည်သည့် ရုံးခန်းမှ လက်ခံထားခြင်း မရှိကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ပြောကြားသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းရုံးတွင် IFRC, ဒိန်းမတ်ကြက်ခြေနီ၊ ပြင်သစ် ကြက်ခြေနီ၊ သြစတြေးလျကြက်ခြေနီ အစရှိသည့် နိုင်ငံတကာ ကြက်ခြေနီ/လခြမ်းနီဆိုင်ရာ အဖွဲ့အစည်းများသာ ရှိကြောင်း သိရှိရသည်။

အသေးစိတ် သိရှိလိုပါက အောက်ပါအတိုင်း ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ကြောင်း သိရှိရသည်-

ဒေါ်ရွှေစင်မြင့်
ဌာနမှူး
ပြန်ကြားဆက်သွယ်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာန
မြန်မာနိုင်ငံကြက်ခြေနီအသင်း
Ph-01-392028, Extension 115

"ရိုဟင်ဂျာကို တိုင်းရင်းသားအထိ စဉ်းစားတာ ရှိခဲ့တယ်"

ကနေဒါ မြန်မာမိတ်ဆွေများအသင်း (Canadian Friends of Burma - CFOB) က ကနေဒါမှာရှိတဲ့ NGO အစုအဖွဲ့ အဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းခံလိုက်ရပါတယ်။
CNC လို့ ခေါ်တဲ့ Canadian NGOs Committee  က ရပ်ဆိုင်းလိုက်တာပါ။
ဘာကြောင့် ရပ်ဆိုင်းသလဲ၊ ဘယ်လိုသက်ရောက်မှုများ ရှိလာမလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး CFOB ရဲ့ အမှုဆောင် ဒါရိုက်တာ ကိုတင်မောင်ထူး နဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။
CFOB နဲ့  CNC ဆက်ဆံရေး ဘယ်လိုရှိပါသလဲ။

CNC  က အောက်တိုဘာ ၁၅ ရက်စွဲနဲ့ ကျနော်တို့ဆီကို စာတစောင်ပို့တယ်၊ စာမှာ CFOB ကို CNC ကနေ အဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းလိုက်တယ်။
ပထမအချက်က CFOB ရဲ့ အမှုဆောင် ဒါရိုက်တာက ကုလသမဂ္ဂလူ့အခွင့်အရေးကြေညာစာတမ်းကို ဘယ်လောက်အထိ သက်ဝင်ယုံကြည်တဲ့အပေါ် သူတို့ မဝေခွဲနိုင်တဲ့အတွက်ကြောင့်လို့ ပြောတယ်။
ဒုတိယအချက်က ပြီးခဲ့တဲ့ တလကျော်နှစ်လလောက်မှာ  Burma Campaign (UK) က လုပ်ခဲ့တဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားပေးရမယ်၊ ၁၉၈၂ နိုင်ငံသားဥပဒေဟာ inclusive မဖြစ်ဘူး (အားလုံးပါဝင်နိုင်ခြင်းမရှိဘူး) ဆိုတဲ့ လှုပ်ရှားမှု လုပ်တဲ့အခါမှာ ကျနော်တို့ CFOB အဖွဲ့က လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့တယ်၊ တချိန်တည်းမှာပဲ  - ဒါက ရိုဟင်ဂျာဘက်ကို တဘက်စောင်းနင်း ၀ါဒဖြန့်ပေးနေသလို ဖြစ်နေတယ်လို့ အဲဒီအဖွဲ့တွေကို ကျနော်တို့က ပြောခဲ့တယ် ပေါ့ဗျာ၊ အဲဒါက ဒုတိယအချက်ပေါ့။ တတိယအချက်က ...

 CNC ရဲ့  စာထဲမှာ အဲဒီလို အချက် ၃ ချက် ရေးထားသလား။

ရေးထားတယ်ဗျ။ တတိယအချက်က  CFOB ရဲ့ အုပ်ချုပ်ရေးပုံစံ - ဒါရိုက်တာအဖွဲ့ နဲ့ စီမံခန့်ခွဲမှုအပိုင်းကို သူတို့ မရှင်းဘူးပေါ့ဗျာ၊ ဒီတတိယအချက်ကတော့ နည်းနည်း ပျော့တယ်။

တခြားအဖွဲ့တွေရော ဒီလို ရပ်စဲခံရတာ ရှိသလား။

မရှိဘူးဗျ။ CFOB ဆိုတာက  CNC  ကို ဖွဲ့စည်းတည်ထောင်တဲ့ထဲမှာ ပါတယ်ဗျာ။ မြန်မာပြည်အရေးကို လုပ်နေကြတဲ့ ကနေဒါ NGO တွေ ပေါင်းပြီး ဖွဲ့ထားတာ။

အဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းလိုက်တော့ CFOB အပေါ် ဘယ်လို သက်ရောက်မှုရှိမလဲ။

ချက်ချင်းသက်ရောက်မှုက ဘာလဲ ဆိုတော့ - CNC ဆိုတာက ကျနော်တို့ရဲ့ လုပ်ငန်းတွေကို အထောက်အကူဖြစ်ဖို့ ဖွဲ့ထားတာ။
ကနေဒါအစိုးရက ထိုင်းမြန်မာနယ်စပ်ကို ကူညီတာတွေ ရှိတယ်ဗျာ၊ အဲဒီထဲက အစိတ်အပိုင်းလေးတခုကို Public Education အတွက် ဆိုပြီး ရည်ရွယ်ထားတာ ရှိတယ်၊ ၁၉၉၈/၉၉ လောက် ကတည်းက CFOB အတွက် ရည်ရွယ်ထားတာ။
အဲဒီ Fund (ရန်ပုံငွေ) ကို Inter Pares ဆိုတဲ့အဖွဲ့က ထိန်းချုပ် စီမံခန့်ခွဲတယ်။ အခုလို ရပ်လိုက်တော့ မြန်မာပြည်နဲ့ပတ်သက်တဲ့ ကျနော်တို့ရဲ့ လုပ်ငန်းတွေ တော်တော်ထိခိုက်သွားတာတော့ အမှန်ပဲ။

CFOB က တခြားအဖွဲ့တွေနဲ့ ဟိုတုန်းကလောက် ပူးပေါင်းဆောင်ရွက်တာတွေ မရှိတာ ဘာကြောင့်လဲ။

တချိန်က ကျနော်တို့ အတူ လုပ်ခဲ့တဲ့ အဖွဲ့တချို့က ရိုဟင်ဂျာအရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေနဲ့ ပေါင်းပြီးတော့  ရိုဟင်ဂျာအဖွဲ့တွေ ဥပမာ UK တို့ ဘာတို့မှာရှိတဲ့ ရိုဟင်ဂျာအဖွဲ့အစည်းတွေက ပို့တဲ့ သတင်းတွေကို ကျနော်တို့ရဲ့ နိုင်ငံတကာသတင်းကွန်ရက်ကြီးတွေမှာ ဖြန့်တယ်၊ ဖြန့်တဲ့အချိန်မှာ ကျနော်တို့က သူတို့ကို သတိပေးခဲ့တယ် - ဖြန့်တဲ့သတင်းအချက်အလက်တွေက တဘက်သတ် ဖြစ်နေတယ်၊ သတင်းရင်းမြစ်တွေက ရိုဟင်ဂျာအဖွဲ့တွေဆီက လာတာကြောင့် ဆက်လုပ်နေမယ် ဆိုရင် နားလည်မှုတွေ ပိုလွဲမှားလာနိုင်တယ်ဆိုပြီး အကြံပေးခဲ့တယ်၊
ဒါပေမယ့် လက်မခံဘူး။

 ပြီးခဲ့တဲ့ တလကျော်လောက်ကတော့ နိုင်ငံသားဥပဒေပြောင်းပစ်ရမယ် ဆိုတာတွေ ဖြစ်လာတယ်။ အဲဒီမှာ ကျနော်တို့ ပြောတာက ဒီကိစ္စဟာ လူ့အခွင့်အရေးကိစ္စဖြစ်တယ်၊ သို့သော်လည်း နိုင်ငံတိုင်းမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေတွေ ရှိကြတယ်၊ အနောက်နိုင်ငံတွေမှာတော့ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ပတ်သက်လာရင် လူ့အခွင့်အရေးက ဆက်နွယ်ပတ်သက်ဖို့ ဆိုတာ အခက်အခဲတွေရှိတာ တွေ့ရတယ်၊ ကနေဒါမှာပဲဖြစ်ဖြစ် နေ့စဉ်နဲ့အမျှ ပြန်ပို့တာ ရှိတယ်၊ ခိုးဝင်လာတဲ့သူတွေကိုပေါ့။
အမေရိကန်မှာလည်း မက္ကဆီကိုကလူတွေကို ပြန်ပို့တာ ရှိတယ်။
မြန်မာပြည်က အပြောင်းအလဲကို သွားနေတဲ့ကာလဖြစ်တယ်၊ ဒီပြဿနာတွေ ချက်ချင်းဖြေရှင်းဖို့ ဆိုတာ အရမ်းအန္တရာယ်ရှိတယ်လို့ ကျနော်တို့က အကြံပေးခဲ့တာ။ ဒါပေမယ့် သူတို့က ရိုဟင်ဂျာလည်း မြန်မာနိုင်ငံသားဖြစ်ရမယ်၊ ပိုဆိုးတာက ရိုဟင်ဂျာကို တိုင်းရင်းသားအထိ စဉ်းစားတာ ရှိခဲ့တယ်။

မြန်မာပြည်မှာ OIC ရုံး ဖွင့်ခွင့်မပြုဖို့ ဆိုပြီး မနေ့က နေရာအတော်များများမှာ ဆန္ဒပြခဲ့ကြတယ်၊ CFOB ရဲ့ သဘောထားကရော ဘယ်လိုရှိပါသလဲ။
OIC ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကိုပေးအပ်မယ့် အစီအစဉ်ကိုရော ဘယ်လို ယူဆပါသလဲ။
မြန်မာပြည်သူတွေဖြစ်စေချင်တာကိုပဲ ကျနော်တို့အဖွဲ့က လုပ်ပေးဖို့ လိုလိမ့်မယ်၊ ကျနော်တို့က မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ကျော်လွှားပြီးတော့  ကျနော်တို့ဖြစ်စေချင်တဲ့ ပုံစံတခုကို ရိုက်သွင်းဖို့ ဆိုတာ အခက်အခဲတွေ အများကြီး ရှိတယ်၊ ခွင့်ပြုရေးမပြုရေးက ပြည်သူနဲ့အစိုးရက ဆုံးဖြတ်ရမယ်။ 

ကူညီထောက်ပံ့မှု ဆိုတာ ရုံးရှိမှ ကူညီထောက်ပံ့နိုင်တာ မဟုတ်ပါဘူး။

By : 8888peoplepower

OIC ၊ ရန်သူ့အားပေး ဒီဂရီတိုင်းတာမှု ၊ ကုလားငွေ နှင့် မယားရွှေ


by Coral Arakan News Agency on Tuesday, October 16, 2012 at 6:36am ·
By Kyaw Zaw Oo
စစ်တွေ၊ ၁၆ အောက်တိုဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ ဆောင်းပါး ]

အိုအိုင်စီ ဆက်ဆံရေးရုံးများကို မြန်မာနိုင်ငံအစိုးရက ဖွင့်ခွင့်မပေးတော့ပါ ဟု နိုင်ငံတော် သမ္မတရုံးမှ ကြေငြာချက်ထုတ်ပြန်ပြီးနောက် ပုံမှန်အားဖြင့်ဆိုလျှင် မြန်မာပြည်တွင် မီးပြတ်သွားရာမှ မီးပြန်လာသလို ဟေး ကနဲ အော်ဟစ်ပြီး ၀မ်းသာကြရန် ဖြစ်ပါသည်။ သို့ရာတွင် အခြေအနေမှာ ထိုမျှ ရှင်းလင်းလွယ်ကူခြင်းမရှိပါ။

အစကထင်ထားသလို အဓိပ္ပာယ်ဝှက်ကို မှန်ဘီလူးနဲ့ ရှာဖတ်စရာမလိုတော့ပဲ သမ္မတရုံး ညွှန်ကြားရေးမှူး မှူးဇော် ရဲ့ Facebook စာမျက်နှာမှာ သည်ကနေ့ တဲ့တိုး ရေးလာသည် ကို ဖတ်ရသည်မှာ ၀မ်းသာစရာပါ။ သူက သည်လိုရေးထားသည်။ “မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရန် ခွင့်မပြု ဟူသော ဆုံးဖြတ်ချက်မှာ နိုင်ငံတကာ လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ လက်မခံဟူသော သဘော မဟုတ်ပါ။ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုအားဖြင့် ပေးအပ်သော ထောက်ပံ့ကူညီမှုများကို ထိထိ ရောက်ရောက် ပေးအပ်နိုင်စေရန် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။” (နောက်များကျမှ သမ္မတက ဒါ ငါပြောတာ မဟုတ်၊ မှူးဇော်ရေးလိုက်တာ လို့ ဆိုချင် ဆိုနေမှ ခက်ဦးမည်ကလည်း တစ်မှောင့်။)

ကမ္ဘာပေါ်တွင် ငွေပိုငွေလျှံအများဆုံးကိုင်ထားနိုင်သည့်သူများ (ဥပမာ အာရပ် ရေနံ နိုင်ငံများ) နှင့် ကမ္ဘာပေါ်တွင် ငွေကို အငမ်းမရ လိုက်ရှာနေရသည့် အစိုးရ (ဥပမာ မြန်မာအစိုးရ) တို့ ပါဝင် ပတ်သက်နေကြသည့် ယခုလိုပြဿနာမျိုးတွင် သာမန်ထက် ခက်ခဲနက်နဲမှုမျိုးတွေ ပါဝင်လာကြသည်။ ထိုအကြောင်းတို့ကို တစ်ချက်ချင်း စဉ်းစား ကြည့်ကြရန်ဖြစ်ပါသည်။

(၁) မိမိလုပ်ချင်သော အလုပ်ကိုလုပ်ရန် မြန်မာပြည်ထဲတွင် ရုံးခန်းရှိနေဖို့မလိုပါ။ မြန်မာပြည်ထဲကိုလာ၊ ဟိုတယ်တစ်ခုတွင်တည်း၊ ဟိုတယ်အခန်းထဲမှ နေ၍ ဖုန်း တစ်ချက်ပြီး တစ်ချက် ကောက်ဆက်နေလျှင် ရုံးခန်း နှင့် အလုပ်လုပ်နေသည့် အတိုင်းပင် ဖြစ်ပါသည်။ မလေးရှား (သို့မဟုတ်) ထိုင်းတွင် ရုံးခန်းဖွင့်ထားပြီး လေယာဉ်ဖြင့် ခေါက်တုံ့ခေါက်ပြန်လာနေလျှင်လည်း သူတို့အတွက် အလုပ်ဖြစ်နိုင် ပါသည်။

(၂) အရေးကြီးသည့်အပိုင်းမှာ ‘ရခိုင်ပြည်မြောက်ပိုင်း အတွက်’ (သို့မဟုတ်) ‘ဒုက္ခသည်များအတွက်’ အစရှိသည်ဖြင့် လှလှပပ စကားလုံးဖြင့်တန်ဆာဆင်ထားသော ပရောဂျက်များကို အသေအချာ စောင့်ကြည့်ရန်ဖြစ်ပါသည်။ အဓိက စိစစ်ရမည့် သော့ချက် မေးခွန်းများမှာ ပရောဂျက်တစ်ခုသည် (က) မည်သူတွေက လှူတဲ့ ပိုက်ဆံနဲ့လုပ်တာလဲ (ခ) မည်သူတွေအကျိုးခံစားခွင့်ရှိမှာလဲ (ဂ) အဲသည် ပိုက်ဆံတွေကို ဘယ်အဖွဲ့က ကိုင်တွယ်ပြီး အလုပ်လုပ်မှာလဲ (ဃ) လုပ်ဆောင်မှု တွေကို ပွင့်လင်းမြင်သာမှု အတိုင်းအတာ ဘယ်လောက်နဲ့ ပြည်သူတွေကို အသိပေးထားသလဲ အစရှိသည့် ပေတံများဖြင့် ရန်သူအားပေး ဒီဂရီ (၀ါ) သူခိုးဓါးရိုးကမ်း ဒီဂရီ မည်ရွေ့မည်မျှရှိသည်ကို တိုင်းတာရပါမည်။ တားဆီးတန်က တားဆီးရပါမည်။

 (၃) လူသားချင်းစာနာထောက်ထားမှု ဆိုသော ခေါင်းစဉ်ဖြင့် စီးဆင်းလာသည်ကို တရားဝင်သဘော အားဖြင့် တားမရဆီးမရ ဖြစ်လာမည့်အတူတူ၊ ပွင့်လင်းမြင်သာမှု (transperncy) ရှိနိုင်အောင် ဖန်တီးကြရပါမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော့် မိတ်ဆွေ တစ်ယောက်က ပြောသည့် စကားကို တဖန် ကိုးကား ပြောရမည်ဆိုလျှင် secrets = lies ဖြစ်ပြီး openness = honesty ဖြစ်သောကြောင့်ပင် ဖြစ်ပါသည်။ လျှို့ဝှက် ထားစရာတွေရှိနေတာဟာ လိမ်လည်စရာတွေရှိနေလို့ ဖြစ်ပြီး၊ ပွင့်လင်းမှု သည် ရိုးသားမှုကို ဖော်ဆောင် သည် ဟု ဆီလျော်စွာ အကြမ်းဖျင်း ဘာသာပြန် ပြောနိုင် ပါသည်။ ဒါကြောင့် အပြင်ကလာတဲ့ အဖွဲ့တွေကို ပွင့်လင်းခိုင်းပါ။ တို့ရွာထဲလာပြီး ယီးတီးယားတား လာလာမလုပ်နဲ့ လို့ ပြောသင့်ကပြောရပါမည်။ မောင်ကြီးသိရင် ဓါးကိုဆွဲလို့ တအားကို လွှဲလို့ ခုတ်လိမ့်မယ် ဟု ပြောရပါမည်။

(၄) အပြင်က၀င်လာသည့်ငွေများကို ကိုင်တွယ်ပြီး ရခိုင် နှင့် ဘင်္ဂါလီများကို မခွဲခြားပဲ ထောက်ပံ့ပါမည် ဆိုသည့်အဖွဲ့များကို ပွင့်လင်းမြင်သာမှု ရှိရှိ အလုပ်လုပ်ခိုင်းရပါမည်။ ရခိုင်တွင် အလုပ်လုပ်နေသော အလျှို့ဝှက်အသိုသိပ်ဆုံး ဟု ဆိုပါသော WFP (World Food Program) သည် အလျှို့ဝှက်ဆုံးဖြစ်သည်မှာ မှန်လျှင် မဟုတ်တာလုပ်ထားတာ အများဆုံး ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ ဤသည်မှာ ဥပမာပေးခြင်းသာ ဖြစ်ပါသည်၊ အတိအကျ စွပ်စွဲခြင်း မဟုတ်သေးပါ။

(၅) နိုင်ငံတကာမှ ၀င်လာကြသော အဖွဲ့အစည်းများကို စောင့်ကြည့်ရန် ရခိုင် ပြည်သူများက မိမိတို့ကိုယ်တိုင် ကွန်ရက်ဖွဲ့ထားရပါမည်။ ဆိုလိုသည်က ယင်းကဏ္ဍကို ပြည်သူများက Community Watch လုပ်ရပါမည်။ အစိုးရကို အားကိုးနေ၍ မရပါ။ ယင်းကဲ့သို့ စောင့်ကြည့်ခြင်းအား ပြည်သူများက တစ်နိုင်တစ်ပိုင် လုပ်ခြင်းကိုလည်း မည်သူကမျှ တားမြစ် ပိုင်ခွင့်မရှိပါ။

(၆) အစိုးရကို လုံးခြုံ အားကိုးနေလို့ မဟန်လောက်ကြောင်းကို မလေးရှား ကူညီရေး အဖွဲ့ (KP1M) လာစဉ်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို ပြန်လည်သုံးသပ် ကြည့် ပါက သိသာနိုင်ပါသည်။ မိမိတို့ကိုယ်တိုင်ပင် စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာနေဖို့ လိုအပ် ပါသည်။

PK1M အဖွဲ့ အမည်ခံကာလာရောက်သော ခရီးစဉ်သည်  Humanitarian Freedom Flotilla to Arakan ဟု လွန်ခဲ့သော သုံးလလောက်ကပင် စတင်ထားကြ သည့် ပရောဂျက်ကို အခြေခံကြောင်း စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ကသိနေပါသည်။ ယခင်စီစဉ်ထားသည့် အတိုင်း မီဒီယာအဖွဲ့ကို သူတို့ သင်္ဘောတွင် ဖိသိပ် တင်ဆောင် လာသည်မှာ အတူတူပင်ဖြစ်သော်လည်း၊ ယခင်စီစဉ်ထားသကဲ့သို့ ထိပ်တိုက်ရင်ဆိုင် နည်းလမ်းကို မရွေးချယ်ပဲ အပျော့ဆွဲ အောက်ကြောင်းနှိုက်နည်းဖြင့် ၀င်လာပါသည်။

ရန်ကုန် ဆိပ်ကမ်းမှာ သင်္ဘောလဲ ပြီး၊ (လူပျံ ဦးရွှေမောင် ပိုင်သည်ဟု ဆိုကြသော) ရွှေသုဝဏ် သင်္ဘောဖြင့် စစ်တွေ ဆိပ်ကမ်းကိုဆိုက်ကပ်သည်။ အရပ်သားတွေ အနားကပ်လို့မရအောင် လုံခြုံရေးချပြီး ပစ္စည်းတွေကို ချသည်။ ဤအရေးကို စောင့်ကြည့်နေသူများက ၁) ရဟန်းပျိုများသမဂ္ဂ ၂) ပြည်သူ့လွှတ်တော် အမတ်တစ်ဦး ၃) ပြည်နယ်လုံခြုံရေးဝန်ကြီး နှင့် ၄) နိုင်ငံရေးပါတီခေါင်းဆောင်တစ်ဦး တို့ကို လှမ်း အကြောင်းကြားရာ၊

        (ဆန္ဒပြမည့်အရေးနှင့် အလုပ်ရှုပ်နေဟန် တူသော) ရဟန်းပျိုများက ဤကိစ္စတွင် မိမိတို့ဝင်စွက်နေစရာ အကြောင်းမရှိ၊ အစိုးရအလုပ်ကို အစိုးရလုပ်လိမ့်မည် ဟုဆို သည်။

        ပြည်သူ့လွှတ်တော်အမတ်တစ်ဦးက အစိုးရအလုပ်ကို အစိုးရလုပ်မှာပေါ့၊ ခင်ဗျားတို့ ဘာမဆိုင်တာတွေကို လျှောက်ပြောနေတာလဲ၊ လူထုကို ဆူပူအောင်မလုပ်နဲ့ ဟု ဆိုသည်။ နောက်မှ လေသံလျှော့ပြီး ကျုပ် စုံစမ်းကြည့်လိုက်မယ် ဟုဆိုသည်။

        ရခိုင်ပြည်နယ် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းကမူ ဒီအကြောင်း (ဆိုလို တာက၊ ဒီလို အဖွဲ့မျိုးရောက်နေတာ) ကို ကျွန်တော်မသိ သေးဘူး၊ ကျွန်တော်လည်း အခု မြို့ပြင်ရောက်နေတယ် ဟု ဆိုသည်။

        နိုင်ငံရေးပါတီခေါင်းဆောင်တစ်ယောက်ကမူ သူတတ်နိုင်သမျှ တာဝန်ရှိသူတွေ ကို အကြောင်းကြားပေးမယ် ဟု ဆိုပြီး အကြောင်းကြားပေးသည်။

နောက်တစ်ရက်နှစ်ရက် အကြာတွင် PK1M ကယ်ဆယ်ရေးပုံးခွံများတွင် (ဖုံးဖိယူဆောင် လာသည့်) လှုံ့ဆော်သည်သဘောရှိသည့် ရုပ်ပုံများ စာများ ကွာကျ ထွက်ပေါ် လာ သည်။ တကယ်လို့များ ဖောက်ခွဲရေး ပစ္စည်းများကို အမျိုးအမည်ခွဲကာ တင်သွင်းလာခဲ့ ခြင်းသာဖြစ်လျှင် တွေးများ မတွေးဝံ့ စရာ ဖြစ်သည်။ ယခုပင် ကျွန်တော် ရဲရဲမတွေးဝံ့ သေးပါ။

(၇) သင်ခန်းစာ။ မည်သည့် တရားဝင်ရာထူးမျှ ရယူထားခြင်းမရှိသော ပြည်သူများ ပြည်သူ့ အဖွဲ့အစည်းများတွင် မိမိတို့လူ့အသိုက်အ၀န်းကိုကျရောက်လာနိုင်သည့် အန္တရာယ်များကို တင်ကြိုစောင့်ကြည့်ရန် တာဝန်ရှိသည့်အပြင်၊ ပြည်သူများအနေဖြင့် စောင့်ကြည့်ပိုင်ခွင့်ရှိကြောင်းကိုလည်း အများပိုမို သဘောပေါက်လာအောင် လုပ်သင့် သည်။ ထို့ကြောင့် မည်သူမဆို စောင့်ကြည့်ပိုင်ခွင့်ရှိသည်။ မည်သူမဆို သတင်းထောက် ပိုင်ခွင့်ရှိ သည်။  ဤသို့စောင့်ကြည့်မှလည်း တော်ကာကျမည်။

(၈) စောင့်ကြည့်ရေး ကွန်ရက် (တစ်နည်း၊ တက်ကြွလှုပ်ရှားသူများ ကွန်ရက်)ဖွဲ့ဖို့ အလွယ်ကူဆုံး နည်းလမ်းမှာ မိမိတို့ (စစ်တွေ) လူ့အဖွဲ့အစည်းတွင် ဦးဆောင် နေကြသူများ ပါဝင်ပတ်သက်နေကြသူများ ကို ဖုန်းနံပါတ်စာရင်း (phone number listing) လုပ်ကာ အချင်းချင်းဖြန့်ဝေရယူထားကြပြီး၊ တစ်ပတ်တစ်ခါ ဆိုသလို တွေ့ဆုံ ဆွေးနွေးပေး ရန်သာ ဖြစ်သည်။ ဘာမှ တရားဝင်မှတ်ပုံတင်ရန်မလို။ မြန်မာ့ ဓလေ့ ထုံးတမ်းဥပဒေ က ဆိုထားသလို ရှေ့ခုနစ်အိမ် နောက်ခုနစ်အိမ် အသိအမှတ်ပြု လျှင် လင်မယားအရာ မြောက်သည်။

(၉) ရခိုင်ပြည်နယ်ထဲတွင် လာရောက်အလုပ်လုပ်နေကြသော UNHCR အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အခြေအနေ status ကို မပြတ်စိစစ် သုံးသပ်မှသာ ရခိုင်လူမျိုး အသက်ရှင် ရပ်တည်နိုင်တော့မည်ဖြစ်သည်။

A) သူတို့လာလုပ်နေတဲ့အလုပ်က သူတို့ပြောထားတဲ့အတိုင်း သဘာဝကျ ပါရဲ့လား။ ဥပမာ UNHCR က ပြန်လည်လာရောက်သူ (returnee) ဆိုသူတွေ လူအဖွဲ့အစည်းအတွင်း ပြန်လည်နေသားကျစေဖို့ ( repatriation ) လုပ်တယ် ဆိုတာကို အခုလို ဆယ့်ရှစ်နှစ်လောက် ကိုယ်ဖိရင်ဖိ လုပ်နေစရာလိုသလား။ မျိုးဆက် တစ်ဆက်စာကာလ ဒီလိုလုပ်ပေးတာဟာ လူမျိုးသစ်တစ်ရပ် ပေါ်ထွန်းရေးကို လုပ်ပေး နေတာမျိုး ဖြစ်မနေဘူးလား။

B) အဲသလိုလုပ်ကိုင်ဖို့ ငွေတွေက ဘယ်ကလာသလဲ။ ဘယ်သူထောက်ပံ့ တာလဲ။ အာရပ်နိုင်ငံတွေဟာ မူဆလင်တွေကို ထောက်ပံ့ဖို့ပေးတဲ့ ငွေတွေကို သူတို့ ကိုယ်တိုင် ကိုင်လို့ မလာပါဘူး။ UN အဖွဲ့အစည်းတစ်ရပ်ကို သူတို့လုပ်စေချင်တဲ့ အလုပ်အတွက် ပိုက်ဆံတွေလှူတယ်။ အဲသည် UN အဖွဲ့အစည်း ကပဲ ဒေသခံအစိုးရနဲ့ ညှိတယ်။ လိုအပ်ရင် ကန်ထရိုက်တွေ ခွဲချပေးပြီး ACF လို မူဆလင်လောက ကြီးထွားရေးကို ဥရောပတိုက်သား လူဖြူမျက်နှာတွေနဲ့ အလုပ်လုပ်တယ်။ ဒီလို အလုပ်လုပ်ကြတဲ့အဖွဲ့တွေက လာတဲ့ငွေတွေ သန္ဓေကောင်းမကောင်း စိစစ်ရမယ်။

C) ဒီလို စီစစ်တာတွေကို (ပြည်နယ် ၊သို့မဟုတ်၊ ပြည်ထောင်စု) အစိုးရက တာဝန်ယူလုပ်ပေးရပါမယ်။ ဒါပေမဲ့ ရခိုင့် အရပ်ဘက် လူ့အဖွဲ့အစည်းကလည်း ဒါအတွက် အမျိုးသားရေးသတိ အစဉ် ရှိနေရပါမယ်။

၁၀) ဘယ်မှာ ဖတ်မိမှန်း သိပ် အသေချာ မမှတ်မိပေမယ့် တခြားဆက်စပ် ဘဏ္ဍာရေး သတင်းတွေကိုလည်း အသေအချာကြားဖူးထားတာမို့ ရေးလိုက်ပါတယ်။ အရေးတကာ့ အရေး အကြီးဆုံးအချက်ကတော့ မြန်မာအစိုးရအနေနဲ့ UAE (အာရပ် စော်ဘွား များ ပြည်ထောင်စု) ၊သို့မဟုတ်၊ အာရပ်နိုင်ငံတစ်ခုခဲု့ ဘဏ်(တွေ)မှာ ဘဏ်စာရင်း (တွေ) ရှိတယ် လို့ စွပ်စွဲထားကြတဲ့ အချက်ပါပဲ။

ဒါကို ကျွန်တော် တစ်နေရာမှာ ဖတ်ဖူးပါတယ်။ မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ နိုင်ငံတကာ အရေးယူပိတ်ဆို့မှု တွေ ကြောင့် အခက်ကြုံ နေရတဲ့ လွန်လေခဲ့တဲ့ ကာလတွေ တောက်လျှောက်မှာ၊ အဲသည်လို အာရပ်နိုင်ငံတွေက ဘဏ္ဍာရေးလမ်းကြောင်းတွေဟာ မြန်မာအစိုးရအတွက် အသက်ရှု ချောင်စေမယ့် လေရှုပေါက်တွေ ပေးခဲ့တယ် လို့ဆိုကြတယ်။

ဒီတော့ အခုလည်း ကုလားငွေ လာချင် သပ ဆို မခက်လှပါဘူး။ ကုလားငွေနဲ့ မယားရွှေ ၀ယ်ချင်သူ ၀န်ကြီးမင်းများကတော့ အသာလေးပြုံးနေကြမှာပါ။

ဒီတော့ အထူး သတိထားတော်မူကြပါကုန်။ OIC ဟာ မြန်မာပြည်ထဲမှာ ရုံးရှိမှ သူတို့ လုပ်ချင်တာလုပ်လို့ ရနိုင်တာမဟုတ်ပါဘူး။ ဆက်ဆံရေး ရုံးမရှိလည်း သူတို့ လုပ်ချင် တာကို လုပ်လို့ရနိုင်ကြောင်းပါ ခင်ဗျား။ အခုလည်း သမ္မတရုံးက မှူးဇော်ရဲ့ Facebook စာမျက်နှာမှာ ဘာဂလို တိုတို ရေးသားထားကြောင်း ပါ ခင်ဗျား။

(ကျော်ဇောဦး ရေးသားသည်)

-----------------------------------------------------------------------

Anyone can use our content materials except for print media but please mention that the authors are Coral Arakan  News Agency and its journalists.

---------------------------------------------------------------------------