Wednesday, October 17, 2012

ရန်ကုန်တွင် ဆာလဖျူရစ် အက်ဆစ်ပြင်း ပါသော ငရုတ်ဆီများတွေ့  .......

ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံနှင့် အင်းစိန်မြို့ နယ်တို့ ရှိ အရောင်းဆိုင်များတွင် ဝက်သားတုတ်ထိုးနှင့် အသုပ်စုံများ ရောင်းချရာ၌အသုံးပြုသော ငရုတ်ဆီထုပ်များ အတွင်း ဆာလဖျူရစ် အက်ဆစ်ပြင်း အသုံးပြုထားသည်ကို စစ်ဆေးတွေ့ ရှိရကြောင်း စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က the voice သို့ ပြောကြားသည်။

အဆိုပါ ငရုတ်ဆီထုပ်များကို စားသုံးသူကာကွယ်ရေး အဖွဲ့ ဝင် ဓာတ်ခွဲခန်းမှူးက စစ်ဆေးခဲ့ပြီး အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲမှု ဌါန ( FDA)စစ်ဆေးချက်လက်မှတ်ရယူထားခြင်း မရှိသည့်ပစ္စည်းများ ဖြစ်ကြောင်း ရှင်းပြသည် ။

ယင်း ငရုတ်ဆီထုပ်များထဲ့၌ အသုံးပြုထားသော ဆာလဖျူရစ် အက်ဆစ်ပြင်းမှာ ဘက်ထရီများတွင် သုံးသော အက်ဆစ်အပြင်းစားဖြစ်ပြီး သရက်ချဉ် နှင့် ချဉ်ဖတ်များ ပြုလုပ်ရာတွင်လည်း ဆာလဖြူရစ် အက်ဆစ်သုံးစွဲလာကြကြောင်း ဓာတ်ခွဲခန်းမှူး ဦးမြင့်ဦး က ပြောကြားသည် ။

***အစားအသောက်များ၌ ဆာလဖျူရစ် အက်ဆစ်ပါဝင်မှုကြောင့် စားသုံးသူများမှာ ရေတိုတွင် သွေးအားနည်းခြင်း ၊ ဝမ်းပျက်ဝမ်းလျှော့ခြင်း နှင့် ရေရှည်တွင် အစာအိမ် ကင်ဆာနှင့် အသည်း ကင်ဆာ ဖြစ်ပွားနိုင်ကြောင်း ***ဦးမြင့်ဦးက ပြောဆိုသည် ။   The Voice Daily

ဖော်ပြသော အကြောင်းအရာမှာ အလွန်ပင်ကြောက်စရာဖြစ်ပါသည် နောက်ဆက်တွဲဖြစ်နိုင်သည့် ဖြည့်စွတ်ပြောရမည့်ဆိုပါက*** ကျားမ မရွေး မျိုးပွားခြင်းလည်း ထိခိုက်နိုင်ကြောင့် ***အသိပေးအပ်ပါသည် ။
Mg Mandalay >

သစ္စာ ( မင်းကိုနိုင်)


သစ္စာ

အမျိုးသားရေးအတွက် အသက်ပေးသွားသော
ရဲဘော်များအား
တိုင်တည် သစ္စာပြုပါ၏။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏သွေး မနီသေးလျှင်
အသင်တို့သွေး ပက်ဖြန်းပေး၍
ရဲဆေးတင်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်ဝိညာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနည်းလျှင်
သင်တို့ဝိညာဉ် ပူးကပ်ဝင်၍
ကျွန်ုပ်အား ထိန်းချုပ်သွားပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်သည်ကား အမျိုးဂုဏ်မောက်
သစ္စာဖောက်ဟု မထောက်မညှာ ပြုမိပါလျှင်
အသင်တို့၏ မညွှတ်ပြောင်းသော ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ် အပြစ်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးအတွက်
ကျွန်ုပ်အသက် လမ်းတစ်ဝက်မှ
ပေးဆပ်ရလည်း လူ့ဘုံလမ်းခွဲ ၀မ်းမနည်းဘဲ
တာဝန်တစ်ရပ် ကျေပွန်မှတ်၍
ထပ်ဆင့်ပျော်ဝင် ကျွန်ုပ်ဝိညာဉ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ရှိရာ ကျွန်ုပ်လာမည်
ရင်ဖွင့်ကြိုဆိုကြပါလေ။

မင်းကိုနိုင်

KNU အရေးပေါ် ဗဟိုကော်မီတီ အစည်းအဝေး ကျင်းပမည်




ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ဗိုလ်မှူးချုပ်ဂျော်နီ၊ ပဒိုရောဂျာခင်၊ ပဒိုဒေးဗစ်ထော (ဓါတ်ပုံ KNU)


  ကရင် အမျိုးသား အစည်းအရုံး (KNU) သည် လာမည့် အောက်တိုဘာလ (၂၂) ရက်နေ့ ဝန်းကျင်၌ တပ်မဟာ (၇) ဌာနချုပ် စခန်းတွင် အရေးပေါ် ဗဟိုကော်မီတီ အစည်းအဝေး ကျင်းပဖွယ် ရှိကြောင်း ဗဟို ကော်မီတီဝင် တဦးဖြစ်သူ ဘားအံခရိုင် ဥက္ကဋ္ဌ ပဒို အောင်မောင်အေးမှ ပြောပါသည်။

“သတင်းတွေ အရတော့ ကျွှန်တော်တို့ အောက်တိုဘာ (၂၂) ရက်နဲ့ (၂၃) ဝန်းကျင် လောက်မှာ ပေါ့နော် လုပ်ဖြစ် မှာပါ။ ဒီကြားထဲမှာ အချင်းချင်း ရင်ကြားစေ့ရေး အစည်းအဝေး လိုမျိုးတော့ အရင်ထိုင်မယ်၊ ပြီးမှ တရားဝင် မျက်နှာစုံ ညီ ဗဟို ကော်မီတီ အစည်းအဝေးကို ထိုင်ကြမှာပါ” ဟု ဆိုပါသည်။
ယခုကဲ့သို့ အရေးပေါ် ဗဟိုကော်မီတီ အစည်းဝေး ကျင်းပရခြင်းသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ဘားအံမြို့၌ ဖွင့်လှစ်ခဲ့သော ကေအဲန်ယူ၏ ဗဟို ဆက်သွယ်ရေးရုံး ဖွင့်ပွဲ ကိစ္စနှင့် ပတ်သက်၍ စစ်ဦးစီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် ဗဟို အထွေထွေ အတွင်းရေးမှူး အဖွဲ့တို့အကြား သဘောထား တင်းမာမှု ဖြစ်ခဲ့ရာက စတင်ခြင်း ဖြစ်ပါသည်။

နောက်ဆုံး၌ KNU ထိပ်တန်း ခေါင်းဆောင် သုံးဦး ဖြစ်သည့် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ အတွင်း ရေးမှူး (၂) စောဒေးဗစ်ထော၊ လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေး ဌာန တာဝန်ခံ ပဒို ရောဂျာခင်တို့အား အဖွဲ့မှ ထုတ်ပယ် လိုက်ပါသည်။
ဤကိစ္စကြောင့် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးသည် မိမိ၏ လုပ်ရပ် မှန်ကန်သည်ဟု သက်သေပြရန် မြဝတီ မြို့၌ သတင်း စာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ပြီး ဖြေရှင်းရန် ဖြစ်လာခဲ့ပါသည်။ သို့သော် ကရင်ပြည်သူ တို့၏ ၀ိုင်းဝန်း ဖိအားပေးမှု ကြောင့် သတင်းစာ ရှင်းလင်းပွဲ အစီအစဉ်ကို ဖျက်သိမ်းပြီး အရေးပေါ်ဗဟို ကော်မီတီ ခေါ်ယူရေး ဖြစ်လာခဲ့ပါသည်။
ဤဗဟို ကော်မီတီ အစည်းအဝေးမှ ကေအဲန်ယူ၏ (၁၅) ကြိမ်မြောက် ကွန်ဂရက် ကျင်းပ နိုင်ရေးကို အဆိုပြု ကြမည်ဖြစ် သည်ဟု ဆိုပါသည်။ KNU အဖွဲ့ထဲတွင် လက်ရှိ၌ ဗဟိုကော်မီတီ (၃၀) ဦး အရန် ဗဟို ကော်မီတီ (၁၅) ဦးနှင့် ဗဟို အလုပ် အမှုဆောင် ကော်မီတီ (၁၁) ဦး ရှိပါသည်။ KNU တွင် တပ်မဟာ (၇) ခု ရှိပြီး တပ်မ ဟာ (၂) နှင့် တပ်မဟာ (၅) တို့မှာ အတွင်းရေးမှူးတို့ အဖွဲ့အား ထောက်ခံကြပြီး တပ်မဟာ (၁) (၃) (၄) (၆) (၇) မှာ စစ်ဦးစီးချုပ်အား ထောက်ခံသည့် အင်အားစုများ ဖြစ်သည်ဟု ကေအဲန်ယူ တပ်တွင်း သတင်းများက ဆိုပါသည်။


မြန်မာ့သားကောင်းမှ 
KNU မှ ဗဟိုကော်မတီဝင် ၃ ဦး ထုတ်ပယ်ခြင်း သည် နိုင်ငံရေး လုပ်ကြံမှု ဟု ပဒိုမန်းငြိမ်းမောင် ဆို   KNU ဗဟိုကော်မတီအစည်းအဝေးမတိုင်မီ တစ်ပတ်ခန့်အလိုတွင် ဗဟိုေ ကာ် မ တီဝင် ၃ ဦးအား ထုတ်ပယ်ပစ်ခြင်းမှာ နိုင်ငံရေးအရ လုပ်ကြံမှုဟု ယူဆနိုင်ကြောင်း မန်းငြိမ်းမောင်က ပြောသည်။
ပြည်ထောင်စုအစိုးရနှင့် ငြိမ်း ချမ်းရေး တည်ဆောက်ရာ တွင် သဘောထား ကွဲလွဲမှုများ ရှိလာပြီး အောက်တိုဘာလ ၂ ရက်နေ့က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမူထူးစောဖိုး၊ ဗဟိုတရားရေးတာ ဝန်ခံ ပဒိုဒေးဗစ်ထောနှင့် လူမှုဝန် ထမ်းနှင့် ကယ်ဆယ်ရေးဌာနတာဝန်ခံ ပဒိုရောဂျာခင်တို့အား ရာထူးမှ ထုတ်ပယ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ သည်။
“ဗဟိုကော်မတီ အစည်းအဝေး က အောက်တိုဘာလ ၈ ရက်နေ့၊ သူတို့အမိန့်ထုတ်တာ အောက်တို ဘာလ ၂ ရက်နေ့၊ ကပ်ပြီးတော့ လုပ်တာ ဆိုတော့ နောက်ကွယ်မှာ ဒါ သူတို့ရည်ရွယ်ချက် ရှိရင်လည်း ရှိနိုင် မှာပေါ့ဗျာ။ ခင်ဗျားတို့ ခန့်မှန်းကြည့် ပေါ့။ ဟို ဗဟိုကော်မတီ အစည်းအဝေး က နောင်လာမယ့် ၆ လ၊ ဒါမှမဟုတ် နောက်လာမယ့် ၃ လမှဆိုရင်တော့ တစ်မျိုးပေါ့။ အခုဟာက တစ်ပတ် လောက်အလိုမှာ ထုတ်လိုက်တယ် ဆိုတော့ ကျွန်တော်တို့ဘက်က ဒါအများကြီး လက်မခံနိုင်စရာပေါ့။ ဒီကိစ္စကို ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးမှာ ရှင်းလို့ရတယ်။ ရှင်းလို့ ရရဲ့သားနဲ့ ဒီဗဟိုကော်မတီ အစည်းအဝေးကို တက်လို့မရအောင် ဒါသက်သက် ကန့်လိုက်တာ၊ နိုင်ငံ ရေးအရ ဒါနိုင်ငံရေးအရ လုပ်ကြံ တာပဲ”ဟု ၄င်းက ဆိုသည်။
နှစ်ပေါင်း များစွာ လက်တွဲလာ ခဲ့သော KNUခေါင်းဆောင်များ ကြားသဘောထားကွဲလွဲမှု၏ အခြေ ခံအကြောင်းရင်းမှာ ကရင်အမျိုး သား လွတ်မြောက်ရေး တပ်မတော်မှ ဦးစီး၍ မြို့ကြီးများတွင်ဆက်ဆံရေးရုံး များ ဖွင့်လှစ်ခြင်းအပေါ် အမြင်မတူ ကြခြင်းကြောင့်လည်း ဖြစ်သည်ဟု ပဒိုမန်း ငြိမ်းမောင်က ပြောသည်။
”နှစ်ပေါင်း ၆ဝ ကျော် ပဋိပက္ခ ဒါဟာ နှစ်ဖက်လက်နက်ကိုင်တပ်တွေ ဖြစ်တဲ့ ပဋိပက္ခ၊ တပ်ပြဿနာဆို တော့ ကျွန်တော်တို့ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ဘားအံ မှာအပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးတော့ ဆက်ဆံရေးရုံးတွေဖွင့်ဖို့ သဘောတူညီခဲ့တာ ရှိတယ်။ ဒီလို ဆက်ဆံရေးရုံးတွေ ဖွင့်ခြင်းအားဖြင့် နှစ်ဖက်တပ်မတော်တွေဟာ ဆက်ဆံ ရေးရှိခြင်းအားဖြင့် ပိုပြီးတော့ နား လည်မှုရှိလာမယ်။ အမျိုးသားပြန် လည်ရင်ကြားစေ့ရေးကို ပိုအထောက် အကူဖြစ်စေမယ်လို့ ကျွန်တော်တို့ ယုံကြည်ထားတယ်။ ဒါ အဓိကပေါ့ နော်။ အဲဒီအပေါ်မှာ တချို့ကလည်း ဒါနိုင်ငံရေးပြဿနာကို အရင်ရှင်း ဖို့လိုတယ်။  အရင်ရှင်းပြီးမှ ဆက် ဆံရေးရုံးတွေဖွင့်သင့်တယ်လို့ ဒါ ကျွန်တော်တို့ထဲမှာ လက်ခံထားတဲ့ သူတွေရှိပါတယ်”ဟု ၄င်းက ပြော သည်။
ထိုသို့ ထုတ်ပြန်သောအမိန့်အား KNLA တပ်မဟာနှစ်ခုသာ ထောက်ခံ ပြီး တပ်မဟာတစ်ခုက ကြားနေအဖြစ် သဘောထားပြီး တပ်မဟာလေးခု ကမူ ထိုဆုံးဖြတ်ချက်ကို လက်မခံ ကြောင်း သိရသည်။
ယင်းနှင့် ပတ်သက်၍ KNUခေါင်းဆောင်များကြား သဘောထား ကွဲလွဲမှုများကို ပွင့်ပွင့်လင်းလင်းဆွေး နွေးညှိနှိုင်း အဖြေရှာနိုင်ရန် အတွက် အောက်တိုဘာလ ၁၃ ရက်နေ့တွင် နှစ်ဖက်ဗဟိုကော်မတီဝင်အချို့ တွေ့ ဆုံခဲ့ပြီး ယခုလ တတိယပတ်တွင် KNU လွတ်မြောက်နယ်မြေ တစ် နေရာတွင် ဗဟိုကော်မတီ မျက်နှာ စုံညီအစည်းအဝေး ကျင်းပသွားမည် ဟု ဗဟိုကော်မတီဝင် ပဒို မန်းငြိမ်း မောင်က အောက်တိုဘာ ၁၄ ရက် တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့၌ ပေါ် ပြူလာနယူးစ်နှင့် တွေ့ဆုံစဉ် ပြော ကြားခဲ့သည်။
သို့ရာတွင် ယခုကဲ့သို့ KNUခေါင်းဆောင်များကြား သဘောထား ကွဲလွဲရသည့် အကြောင်းအရင်း အပေါ် ထိုင်းနိုင်ငံရောက် နိုင်ငံရေးအင်အားစု အချို့နှင့် KNU ဗဟို ကော်မတီဝင် အချို့ကမူ ကွဲပြားစွာရှုမြင်ကြသည်။
”မှန်တော့မှန်တယ်၊ နှစ်ဖက် စလုံး (KNU တွင်း သဘောထား ကွဲလွဲသည့် ခေါင်းဆောင်များ)က ငြိမ်းချမ်းရေး တည်ဆောက်ချင်ကြ တယ်။ ဒါပေမဲ့ တစ်ဖက်က ဖြည်း ဖြည်း၊ တစ်ဖက်ကမြန်မြန်၊ အရှိန် မတူတဲ့အပေါ် အမြင်ကွဲလွဲတာ စဉ်း စားကြည့်ရင် တပ်မတော် အချင်းချင်း လက် တွဲပြီး ကောင်းစား၊ ပြည်သူတွေ က အရင်အတိုင်းဆိုတဲ့ ပုံစံကို ကျွန်တော်လည်း လက်မခံဘူး”ဟု KNU ဗဟိုကော်မတီဝင်တစ်ဦးက ဆိုသည်။
ယခုကဲ့သို့ ဗဟိုကော်မတီဝင် ၃ ဦးအားထုတ်ပယ်ပြီးနောက် အောက် တိုဘာ ၈ ရက်တွင် ပြုလုပ်သော KNU ဗဟိုကော်မတီအစည်းအဝေး သို့ ဗဟိုကော်မတီဝင် ၁၇ ဦးသာ တက်ရောက်ရာ အစည်းအဝေး အထမမြောက်ခဲ့ကြောင်း KNU ဗဟို ကော်မတီ ၄၈ ဦးရှိရာ အနည်းဆုံး ၇ဝ ရာခိုင်နှုန်း တက်ရောက်မှသာ အစည်းအဝေး အထမြောက်ကြောင်း သိရသည်။ ထို့အပြင် စစ်ဦးစီးချုပ်မှာ အလိုအလျောက် ဗဟိုကော်မတီဝင် ဖြစ်ပြီး  KNU  ဖွဲ့စည်းပုံစည်းမျဉ်းအရ ၄င်းကို ရာထူးမှထုတ်ပယ်မှု မပြုနိုင် ကြောင်း သိရသည်။
ယခုကဲ့သို့ သဘောထားကွဲလွဲ မှုများရှိနေသော်လည်း KNU သည် အများက ထင်မြင်ထားသလို ပြိုကွဲ သွားလိမ့်မည်မဟုတ်ဟု ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက်နိုင်ငံရေး အင်အားစုများနှင့် KNU ဗဟိုကော် မတီဝင်အချို့က ယူဆထားသည်။
”KNU ဟာ တော်လှန်ရေးနဲ့ ခွဲလို့မရဘူး။ KNU  ပြိုလဲရင် တော် လှန်ရေးပြိုလဲတာပဲ။ သူတို့ဟာ နှစ်ပေါင်းများစွာ ရပ်တည်လာ ခဲ့တဲ့ တော်လှန်ရေး အဖွဲ့အစည်း၊ ပဋိပက္ခ တွေ သဘောထားကွဲလွဲတာတွေ အများကြီးရှိခဲ့တယ်။ ဒါပေမဲ့ မပြို လဲခဲ့ဘူး။ ဒီတစ်ခါ လည်း အောင် အောင်မြင်မြင် နဲ့ ဖြေရှင်းနိုင်မှာပါ။ ကျွန်တော် အပြည့်အဝ ယုံကြည်ပါ တယ်”ဟု NLD(LA) မှ ကိုထွန်း အောင်ကျော်က ဆိုသည်။ ထို့အတူ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ၊ ABSDF စသောနိုင်ငံ ရေးအင်အားစု များမှ တာဝန်ရှိသူတို့ကလည်း  KNU ပြိုကွဲ မသွားဟု ယုံကြည် ထားသည်။
ထို့အတူ ပဒိုမန်းငြိမ်းမောင်က လည်း ယခုကိစ္စရပ်သည် ၄င်းတို့ KNU အတွက် ဖြေရှင်းမရနိုင် လောက်သည့် အခက်အခဲဟု ရှုမြင် မထားကြောင်း သိရသည်။
”ကျွန်တော်ပြောပြချင်တယ်။ ဒီတော်လှန်ရေးဟာ နှစ်ပေါင်း ၆၃ နှစ်ရှိခဲ့ပြီ။ ကျွန်တော်တို့နှစ်ပေါင်း ၆၃ နှစ်ခရီးမှာ အုပ်စိုးသူအဆက်ဆက်၊ ရန်သူ အဆက်ဆက်နဲ့ ကျွန်တော်တို့ တိုက်ခဲ့တယ်။ ကျွန်တော်တို့ထဲမှာ လည်း ဒီတော်လှန်ရေးအလှည့်အပြောင်း အကျပ်အတည်းမှာ သဘော ထား ကွဲလွဲခဲ့တာတွေ ရှိတယ်။ အဲဒီ လို သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းခဲ့ရတဲ့ အတွေ့အကြုံတွေ ရှိတယ်။ ဒီအခု ကြုံတွေ့နေရတဲ့ အခက်အခဲ သဘောထားကွဲလွဲမှုတွေ ကို ဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့ကြိုး စားမယ်။ ဒီကိစ္စဟာ ကျွန်တော်တို့ အတွက် ကြီးမားတဲ့ အခက်အခဲ မဟုတ်ပါဘူး”ဟု ပဒိုမန်းငြိမ်းမောင် က ပြောကြားခဲ့သည်။ ကျော်ရဲလင်း
http://popularmyanmar.com

ပြည်ထောင်စုဝန်ကြီးအား ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံ

ယနေ့ မွန်းလွဲ ၃း၃၀ မှ ၄း၃၀ နာရီအထိ နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒု- ဗိုလ်ချုပ်ကြီး ဦးသိန်းဋ္ဌေးအား ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံခဲ့
(17-10-2012)
photo- Sunny

အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဝင်များမှကျင်းပသော နေ့လည်စာစားပွဲတွင် ဒေါ်အောင်ဆန်းစုကြည်

အမေရိကန်ပြည်ထောင်စု သမ္မတ မစ္စတာ အိုဘားမား၏ အထူးလက်ထောက် Ms. Samantha Powerနှင့်အဖွဲ့၊ အမေရိကန်ပြည်ထောင်စု လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် အလုပ်သမားရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူး မိုက်ကယ်ပေါ့စနာနှင့်အဖွဲ့၊ မြန်မာပြည်ထောင်စုဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီး ဒဲရစ်မစ်ချဲ ဦးဆောင်သော ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် ဗိုဟ်ချုပ်ကြီး Francis J. Wiercinski နှင့်အဖွဲ့ အစရှိသည်တို့နှင့် အတူလိုက်ပါလာကြသော ကိုယ်စားလှယ်အဖွဲ့ဝင်များမှ ယနေ့နေ့လည်ပိုင်း 12:30 မှ 1:30 အထိနေပြည်တော်ရှိ Auriun Palace Hotel ၌ ကျင်းပပြုလုပ်သော နေ့လည်စာစားပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (17-10-2012)

အိုဘားမား၏ အထူးလက်ထောက် ဒေါ်အောင်ဆန်းစုကြည်အားလာရောက်တွေ့ဆုံ နှုတ်ဆက်

အမေရိကန်ပြည်ထောင်စု သမ္မတ မစ္စတာ အိုဘားမား၏ အထူးလက်ထောက် Ms. Samantha Powerနှင့်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်အား ယနေ့နံနက် 10:00 မှ 10:45 အထိ နေပြည်တော်ရှိ Auriun Palace Hotel တွင် လာရောက်တွေ့ဆုံ နှုတ်ဆက် ဆွေးနွေးခဲ့စဉ် (17-10-2012)
Photo-Sunny

မိုက်ကယ်ပေါ့စနာနှင့်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်အား လာရောက်တွေ့ဆုံ နှုတ်ဆက်



အမေရိကန်ပြည်ထောင်စု လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် အလုပ်သမားရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူး မိုက်ကယ်ပေါ့စနာနှင့်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်အား ယနေ့နံနက် 11:45 မှ 12:15 အထိ နေပြည်တော်ရှိ Auriun Palace Hotel တွင် လာရောက်တွေ့ဆုံ နှုတ်ဆက် ဆွေးနွေးခဲ့စဉ် (17-10-2012)
Photo-Sunny

အမေရိကန် ဗိုဟ်ချုပ်ကြီး Francis J. Wiercinski နှင့် အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်အား လာရောက်တွေ့ဆုံ နှုတ်ဆက်




မြန်မာပြည်ထောင်စုဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီး ဒဲရစ်မစ်ချဲ ဦးဆောင်၍ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် ဗိုဟ်ချုပ်ကြီး Francis J. Wiercinski နှင့် အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်အား ယနေ့နံနက် 10:45 မှ 11:30 အထိ နေပြည်တော်ရှိ Auriun Palace Hotel တွင် လာရောက်တွေ့ဆုံ နှုတ်ဆက် ဆွေးနွေးခဲ့စဉ် (17-10-2012)



Photo-Sunny

ဧရာဝတီမြစ်ဆုံစီမံ ကိန်းနှင့်မုံရွာမြို့ရှိ ကြေးနီစီမံကိန်းအားဖျက်သိမ်းသွားမည်မပာုတ်ဟုတရုတ်သံအမတ် ပြော

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ သက်တမ်းတစ်လျှောက် ဆက်လက်လုပ်ကိုင်မည်မပာုတ်ကြောင်း ကတိပြုထားသည့် ဧရာဝတီမြစ်ဆုံစီမံ ကိန်းနှင့် ပြည်သူလူထုကန့်ကွက်နေသည့်ကြားမှ တရုတ်ဝမ်ပေါင်ကုမ္ပဏီမှ ဆက်လက်လုပ်ကိုင်လျက်ရှိသော မုံရွာမြို့ရှိ ကြေးနီစီမံကိန်းအား မည်သည့် အကြောင်းနှင့်မှ ဖျက်သိမ်းသွားမည်မပာုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ လီကျင်းဝှာက ပြောကြားသည်။

“ကြေးနီတောင်စီမံကိန်းပာာ ကုမ္ပဏီရဲ့ပြယုဂ်ဖြစ်တဲ့အပြင် တရုတ်အစိုးရရဲ့ ပြယုဂ်နဲ့ပါ ပတ်သက်နေပါတယ်။ ဒါ့ကြောင့် မြန်မာအစိုးရနဲ့ ပြည်သူ တွေက တားဆီးမယ်ဆိုရင်တောင် တရုတ်အစိုးရက ခွင့်ပြုမှာမပာုတ်ပါဘူး။ စက်မှုဆိုင်ရာဖွံ့ဖြိုးမှုတွေအတွက် မဖြစ်မနေလုပ်ရမှာပါ”ပာု ၎င်းက ပြောကြား သည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို မြန်မာစီးပွားရေးဦးပိုင်လီမီတက်နှင့် Myanmar Wanbao Mining Copper Ltd တို့မှ အကျိုးအမြတ် ခွဲဝေခံစားသည့်ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယင်းစီမံကိန်းကြောင့် ရွာများပြောင်းရွှေ့ရခြင်း၊ ဒေသခံတို့၏လယ်ယာမြေများ ဆုံးရှုံးခြင်း၊ ပတ်ဝန်း ကျင် ထိခိုက်နစ်နာမှုများနှင့် ဒေသခံပြည်သူလူထု၏
ကျန်းမာရေးထိခိုက်မှုများကို ဖြစ်ပေါ်ခဲ့သည့်အတွက် ဒေသခံပြည်သူများမှ မြစ်ဆုံစီမံကိန်းကဲ့သို့ ကန့် ကွက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ကလည်း ဘယ်လိုမှလက်မခံနိုင်ပါဘူး။ မြစ်ဆုံစီမံကိန်းလိုပဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒထုတ်ဖော်မှုတွေ လုပ်သွား မှာပါ။ ဒီစီမံကိန်းကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုတွေ၊ လူထုနစ်နာဆုံးရှုံးမှုတွေ အများကြီးဖြစ်ခဲ့ရပါတယ်။ ဒီကိစ္စတွေအတွက် တရုတ်ဝမ်ပေါင်ကုမ္ပဏီကို တရားစွဲဆိုသွားဦးမှာပါ။ သူတို့ဘက်က လုံးဝမဖျက်သိမ်းဘူးလို့ပြောရင် ကျွန်တော်တို့ဘက်ကလည်း လုံးဝလက်ခံမှာမပာုတ်ပါဘူး။ ကြေးနီစီမံကိန်းကိစ္စကို လုံးဝကန့်ကွက်ပါတယ်”ပာု ကြေးနီစီမံကိန်းရပ်တန့်ရေး ဆန္ဒထုတ်ဖော်ခဲ့သူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၏ နိုင်ငံတော်အစိုးရသစ်ဦးသိန်းစိန်လက်ထက်တွင်သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်သည့်အပြင် ပြည်သူလူထုမှ တခဲနက် ကန့်ကွက်ခဲ့သည့် မြစ်ဆုံစီမံကိန်းအား ၎င်း၏လက်ထက်တွင် ဆက်လက်လုပ်ဆောင်မည်မပာုတ်ကြောင်း ၂၀၁၂ မေလက ပြောကြားခဲ့သည့် မိန့် ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

Yangon chronicle

အမျိုးသမီးအထူးတာဝန်တပ်ဖွဲ့

သတိရစရာအမှတ်တရများ (၄-၅-၁၈)
မိုးဇေညိမ်း

မနေ့က သတင်းတစ်ပုဒ်ကို ဖတ်မိလို့ နေပြည်တော်မှာရှိတဲ့ အနှိပ်ခန်းတွေ အကြောင်း ကိုယ်သိသလောက် ရေးနေတာပါ။ သို့ပေမဲ့ NDD ကထုတ်ဝေတဲ့ စစ်ဘက်နှင့်အရပ်ဘက်အုပ်ချုပ်ရေးအင်္ဂါစဉ် (၂၀၁၂) ဆိုတဲ့ စာအုပ်ကို တွေ့လို့ ကောက်လှန်လှောကြည့်ရင်း ဖတ်မိတာလေးတစ်ခုကြောင့် စိတ်ကူး ပြောင်းသွားပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်အောက်မှာ အမျိုးသမီးအထူးတာဝန်တပ်ဖွဲ့ ဆိုတဲ့ခေါင်းစဉ်လေး သွားတွေ့လို့ပါ။ ခေါင်းစဉ်လေးကို သဘောကျမိတာလည်း ပါပါတယ်။ အမှန်တော့ အဲဒီတပ်ဖွဲ့ နာမည်က “အထူးတာဝန်တပ်ဖွဲ့” (Special Task Force) ပါ။ အမျိုးသမီး အထူးတာဝန်တပ်ဖွဲ့ ဆိုတဲ့နာမည်ကတော့ အဲဒီတပ်ဖွဲ့နဲ့ပတ်သတ်ပြီး အကြောင်းသိတဲ့ လူတွေက နောက်ပြောင်ခေါ်ကြတဲ့ နာမည်ပါ။ အလွယ်တကူအနေနဲ့တော့ အကြမ်းဖျက်အဖွဲ့လို့ပဲ ခေါ်ကြတာများပါတယ်။ NDD ကလူကြီးမင်းများကိုလည်း ခေါင်းစဉ်မှားနေကြောင်း ကျွန်တော်အကြံပြုပါရစေ။

အထူးတာဝန်တပ်ဖွဲ့ကို စတင်ဖွဲ့ခဲ့တဲ့အချိန်ကို ကျွန်တော် တိတိကျကျ မမှတ်မိတော့ပေမဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ဆယ့်ငါးနှစ်လောက်က ကျောင်းသားအားကစားပွဲတော်မှာ လေထီးခုန်ပြီးဆင်းခဲ့တဲ့ အမျိုးသမီးတွေကိုတော့ စာဖတ်သူတချို့မှတ်မိကောင်း မှတ်မိဦးမယ် ထင်ပါတယ်။ အဲဒီ အမျိုးသမီးတွေက အထူးတာဝန်တပ်ဖွဲ့ဝင်တွေပါပဲ။ အထူးတာဝန်တပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့စဉ်က အမျိုးသမီးတပ်ဖွဲ့ဝင်အတော်များများ ပါဝင်ခဲ့ပါတယ်။ အဲဒီလို အမျိုးသမီးတွေကို ထည့်သွင်းဖွဲ့စည်းခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတော် လူကြီးမင်းများရဲ့ ခရီးစဉ်တွေမှာ ပါပါလာတဲ့ လူကြီးမင်းတွေရဲ့ဇနီးတွေ၊ သမီးတွေအတွက် လုံခြုံရေးအစောင့်အရှောက်ယူပေးဖို့ပါပဲ။ ယောက်ျားလေး လုံခြုံရေးတွေနဲ့ ညိစွန်းကုန်မှာစိုးလို့ ထင်ပါရဲ့။ ဦးခင်ညွန့်ရဲ့ ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေက အကြံပြုခဲ့လို့ ဖွဲ့ခဲ့ရတယ် ဆိုတဲ့ သတင်းသဲ့သဲ့လည်း ကြားမိပါတယ်။ ပုံမှန်အားဖြင့်တော့ လူကြီးတွေရဲ့ ခရီးစဉ်တွေမှာ သတင်းရဲတပ်ဖွဲ့က ရဲမေတွေပဲ လိုက်ကြတာများပေမဲ့ အဲဒီရဲမေတွေက စိတ်ချရလောက်တဲ့ လုံခြုံရေးအစောင့်အရှောက်ဟုတ်ဘူး လို့ ယူဆခဲ့ပါတယ်။ အရပ်စကားနဲ့ပြောရရင် ဖိုက်တာတွေ မဟုတ်ဖူးပေါ့ဗျာ။ အဲဒါကြောင့် ဖိုက်တာတွေ မွေးတဲ့အနေနဲ့ အထူးတာဝန်တပ်ဖွဲ့ဆိုတာကြီးကို စပြီးဖွဲ့ခဲ့တယ်လို့ ပြောလို့ရပါတယ်။

အထူးတာဝန်တပ်ဖွဲ့ဖွဲ့တဲ့အခါမှာ အရပ် (၆) ပေရှိရမယ်၊ အသက်ဘယ်လောက် ကနေ ဘယ်လောက်အတွင်းဖြစ်ရမယ် စတဲ့ သတ်မှတ်ချက်တွေနဲ့ကိုက်ညီတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဆန္ဒပြုနိုင်ကြောင်း စာထုတ်ပြီး လျှောက်လာတဲ့ထဲက တချို့ကို အကြမ်းဖက်သင်တန်းအပတ်စဉ်(၁) အတွက် ဆန်ကာတင်ရွေးလိုက်ပါတယ်။ ပြီးတော့ အဲဒီလူတွေအားလုံးကို ရန်ကုန်မှာ စု၊ လူတွေ့စစ်ပြီး တချို့ကို ပယ်ပါတယ်။ ကျန်တဲ့သူတွေကိုတော့ တစ်ညမှာ ကားတွေနဲ့တင်၊ မြောက်ဒဂုံ ဘေလီတံတားဆီ ခေါ်သွားပြီး “ကဲ ဒီတံတားပေါ်ကနေ မင်းတို့ ခုန်ချရမယ်၊ ရေနစ်သေမှာ မကြောက်နဲ့၊ အောက်မှ မင်းတို့ကို ကယ်မဲ့သူတွေ အသင့်စောင့် နေတယ်။ မခုန်ချရဲတဲ့ကောင်တွေကတော့ နက်ဖြန်ကျရင် အိပ်ယာလိပ်ပြီး ကိုယ့်စခန်းကိုယ် ပြန်တော့” လို့ သင်တန်းတာဝန်ခံက ပြောပါတယ်။ ရေတက်နေတဲ့ အချိန်မို့ တံတားနဲ့ချောင်းရေနဲ့က သိပ်မဝေးပါဘူး။ အဲဒီတုန်းက ဖြစ်ချင်ရာဖြစ်ဆိုပြီး ခုန်ချတဲ့သူတွေလည်း ရှိသလို ကြောက်ဒူးတုန်ပြီး မခုန်ချရဲတဲ့ သူတွေလည်း အတော်များပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကစခဲ့တာဆိုတော့ ခုချိန်ဆို အကြမ်းဖက်သင်တန်းအပတ်စဉ်အတော်များများပေးပြီး လောက်ပြီထင်ပါတယ်။

အထူးတာဝန်တပ်ဖွဲ့ဝင်တွေရဲ့ ယူနီဖောင်းက အနက်ရောင် ဖြစ်တာမို့ တခြား ရဲယူနီဖောင်းနဲ့မတူပါဘူး။ လက်မောင်းတံဆိပ်ကလည်း ကွဲပါတယ်။ မြန်မာနိုင်ငံ အလံသေးသေးလေးကို လက်မောင်းထိပ်မှာ တပ်ရတာပါ။ ဟိုအရင်တုန်းက ဦးသန်းရွှေက သူ့လုံခြုံရေးအတွက် စစ်အကြမ်းဖက်တပ်ဖွဲ့တွေပဲ သုံးခဲ့ပါတယ်။ ခုနောက်ပိုင်း အရပ်သားအစိုးရရယ်လို့ နာမည်ခံလာတော့ စစ်အကြမ်းဖက်တပ်ဖွဲ့တွေက ကာချုပ်မင်းအောင်လှိုင်အတွက်ပဲ လုံခြုံရေးယူပြီး သမ္မတနဲ့ဒုသမ္မတတွေအတွက် လုံခြုံရေးကို အထူးတာဝန်တပ်ဖွဲ့ (ရဲအကြမ်းဖက်အဖွဲ့) က တာဝန်ယူပေးရပါတယ်။ ရဲချင်းတူတာတောင်မှ အကြမ်းဖက်တပ်ဖွဲ့ကရဲတွေဟာ ရိုးရိုးရဲတွေထက် အခွင့်အရေးပိုရတာမို့ အရင်တုန်းက စစ်တပ်မှာ ထောက်လှမ်းရေးတပ်တွေကို အခြားတပ်တွေက ကြည့်မရသလိုမျိုး သာမာန်ရဲတွေကလည်း အကြမ်းဖက်ရဲတွေကို သိပ်ကြည့်မရပါဘူး။ အရင်တုန်းက ရဲတွေကို တပ်ဖွဲ့အလိုက်၊ အရေးပါမှုအလိုက် အဆင့်အတန်း သတ်မှတ်ရင် မှုခင်းရဲတပ်ဖွဲ့က နံပတ်(၁)နဲ့ သတင်းရဲတပ်ဖွဲ့က နံပတ် (၂) နေရာမှာ ရှိပါတယ်။ နောက်ပိုင်း အထူးတာဝန်ရဲတပ်ဖွဲ့ ပေါ်လာတဲ့ အခါမှာတော့ အထူးတာဝန်ရဲတွေနဲ့ မူးယစ်အထူးရဲတွေက နံပတ်(၁) နေရာ ရောက်သွားပြီး ဖြစ်ပြီး မှုခင်းရဲနဲ့ သတင်းရဲကတော့ အဆင့်နိမ့်သွားရှာပါတယ်။

အကြမ်းဖက်သင်တန်းတွေမှာ ကိုယ်ခံပညာ၊ ခန္ဓာကိုယ်ခံနိုင်ရည်စွမ်းနဲ့ လက်နက်ငယ်ပစ်ခတ်မှုစွမ်းရည်ကို အဓိကထားပြီး ပြင်းပြင်းထန်ထန် မောင်းတဲ့အပြင် လေ့ကျင့်ရေးကိုလည်း အဆက်မပြတ်လုပ်နေရတာမို့ အကြမ်းဖက်ရဲတွေ၊ ရဲမေတွေဟာ တခြားရဲတွေထက်တော့ မာတယ်လို့ ပြောလို့ရပါတယ်။ အကြမ်းဖက်ရဲမေတွေက ရုပ်ချောကြတာများပါတယ်။ တချိန်တုန်းက ကျွန်တော်နဲ့ရင်းနှီးတဲ့ အကြမ်းဖက်ရဲမေတချို့ကို ယောက်ျားလေးပီပီ ကြောင်ချင်၊ ငမ်းချင်ပေမဲ့ သူ့ကို ထိကပါးရိကပါးနဲ့ လာစတဲ့ ရဲ(၃)ယောက်ကို ကျွန်တော့်ရှေ့မှာပဲ စိန်ခေါ်ပြီ ကိုင်ပေါက်လိုက်တာ မြင်လိုက်ရတာမို့ လန့်ဖျန့်ပြီး မငမ်းရဲတော့ပါဘူး။ အကြမ်းဖက်တပ်ဖွဲ့ဝင် ရဲမေတွေဟာ ယောက်ျားယူခွင့်မရှိပါဘူး။ ယောက်ျားယူတာနဲ့ အကြမ်းဖက်အဖွဲ့နေ ရိုးရိုးရဲအဖြစ် ပြောင်းခံရပါတယ်။ ယောက်ျားလေးတွေကတော့ ဗိုက်ထွက်လာရင်၊ အသက်ကြီးလာရင်၊ ဆေးအဆင့်ကျသွားရင် အကြမ်းဖက်ကနေ အပြောင်းခံရပါတယ်။ လူကြီးလမ်းကြောင်းတွေကို အနီးကပ်လုံခြုံရေးယူရတဲ့ တပ်ဖွဲ့ဝင်တွေဆို ပစ္စတိုကို အမြဲတမ်းဆောင်ထားခွင့်ရှိပါတယ်။ တစ်ခါက ပြည်ထဲရေးကလုပ်တဲ့ အခမ်းအနားတစ်ခုကို တိုင်းမှူးတွေ၊ ၀န်ကြီးတွေ တက်လာတော့ တိုင်းမှူးကတော်၊ ၀န်ကြီးကတော်တွေကို အကြမ်းဖက်ရဲမေတွေက လုံခြုံရေးယူပေးရပါတယ်။ ကောင်မလေးတွေကလည်း ပစ္စတိုသေနတ်ခါးကြားချိတ်ပြီး သူ့တို့ကိယ်သူတို့ ဂျက်မလိုလိုဘာလိုလိုပေါ့။ အဲဒီမှာ တိုင်းမှူးတစ်ယောက်က သူ့မိန်းမနားမှာရှိတဲ့ ခပ်ချောချောရဲမေလေးကို မကြာခဏ မျက်စိရောက်ပုံရပါတယ်။ အဲဒါကို သတိထားမိတဲ့ တိုင်းမှူးကတော်က သူ့ယောက်ျားကို မပြောရဲတာမို့ “နင်က ဒီနားမှာ ဘာလုပ်နေတာလဲ။ မျက်စိကို နောက်နေတာပဲ။ ခပ်ဝေးဝေးသွားနေစမ်း။ ရာထူးကဖြင့် ဘာမှမဟုတ်ပဲ။ လူက ဆောင့်ကြွားကြွားနဲ့” လို့ ဆူပူပြီး မောင်းထုတ်လိုက်တာမို့ တြိတ်ပြီး ရယ်ခဲ့ရဖူးပါ တယ်။

အကြမ်းဖက်တပ်ဖွဲ့ကို အမျိုးသမီးအထူးတာဝန်တပ်ဖွဲ့လို့ နောက်ပြောင် ခေါ်ရတဲ့ အကြောင်းရင်းကတော့ ဒီလိုပါ။ အထူးတာဝန်တပ်ဖွဲ့ကို စဖွဲ့ကတည်းကနေ ခုချိန်ထိတပ်ဖွဲ့မှူး လုပ်ခဲ့တဲ့သူက ဒုရဲမှူးကြီးအောင်ထွန်းထွန်းလွင် ပါ။ ကိုယ်ခံပညာမှာ အတော်လေးလိုက်စားတယ်လို့တော့ ပြောပါတယ်။ လူကတော့ ပိန်ပိန်ပါးပါးပါပဲ။ သူ့တပ်ဖွဲ့ဝင်ရဲမေတွေကို ရုပ်ချောချောလေးတွေ ရွေးရခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ သူ့ဗီဇကြောင့်လို့ သိရပါတယ်။ သူ့ဘေးနားမှာရှိတဲ့ ခပ်ချောချောရဲမေလေးတွေက သူနဲ့မလွတ်ရာမကင်းကြောင်းလေးတွေ ဖြစ်ကြောင်း သတင်းကြားခဲ့ဖူးတယ်။ သူ့ရဲ့ယာဉ်မောင်း၊ ပီအေ၊ လုံခြုံရေးတွေကလည်း ရဲမေတွေပါပဲ။ ယောက်ျားလေးတပ်ဖွဲ့ဝင်တွေကို သူ့အနားခေါ်မထားပါဘူးတဲ့။
တစ်ခါက ရဲချုပ်ရုံးကိုရောက်သွားတော့ ဒုရဲမှူးကြီးအောင်ထွန်းထွန်းလွင်ရဲ့ အင်မတန်အားကျစရာကောင်းတဲ့ ရုံးတက်စတိုင်လ်ကို မြင်လိုက်ရပါတယ်။ သူ့ရဲ့ ဆာ့ဖ်ကားကြီး ရဲချုပ်ရုံးရှေ့က ကားပါကင်မှာ ရပ်သွားတာနဲ့ တောင့်တောင့် ဖြောင့်ဖြောင့် ရဲမေတစ်ယောက်က ကားပေါ်က ခုန်ဆင်းပြီး ရှေ့ခန်းတံခါးကို ဆွဲဖွင့်ပါတယ်။ ရဲချုပ်ရုံးထဲကို မြှောက်တောက် မြှောက်တောက်နဲ့ ၀င်သွားတဲ့ အထူးတာဝန်တပ်ဖွဲ့မှူးကြီးရဲ့နောက်က ပီအေရဲမေကလည်း အတော်လန်းလန်း လေးပါပဲ။ သူ့ကားရဲ့ ဒရိုင်ဘာရဲမေလေးကလည်း တောင့်တောင့်ဖြောင့်ဖြောင့်မို့ ၀ိုင်းငမ်းကြပါတယ်။ ဒုရဲမှူးကြီးအောင်ထွန်းထွန်းလွင်က သူ့တပ်ဖွဲ့ထဲမှာ ရဲမေတွေကို အရမ်းဦးစားပေးလွန်းတာမို့ သူ့တပ်ဖွဲ့ကို အမျိုးသမီးအထူးတာဝန် တပ်ဖွဲ့လို့ နောက်ပြောင်ခေါ်ကြပါတယ်။

အထူးတာဝန်တပ်ဖွဲ့အကြောင်းရေးရမယ်ဆို အတော်များများရှိသေးပေမဲ့ မရေးနိုင်တော့တာကြောင့် ခပ်တိုတိုနဲ့ပဲ ဖြတ်လိုက်ပါတော့မယ်။ အထူးတာဝန် တပ်ဖွဲ့မှာ ထူးထူးခြားခြားဖြစ်စဉ် တစ်ခုတလောလေးက ဖြစ်လိုက်ပါသေးတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကပေါ့။ အဲဒါက အထူးတာဝန်တပ်ဖွဲ့က အရာရှိ (ဒုရဲအုပ်) တစ်ယောက် သေနတ်မှန်ပြီး သေဆုံးသွားရတဲ့ ဖြစ်စဉ်ပါပဲ။ သေသွားတဲ့ ကောင်လေးက ဒုရဲအုပ်ဖြိုးဝေအောင် လို့ထင်ပါတယ်။ နာမည်ကတော့ သိပ်မမှတ်မိတော့မို့ အမှတ်မှားကောင်းမှားနိုင်ပါတယ်။ ကျွန်တော်တို့က သူ့ကို နာမည်ရင်းမခေါ်ပဲ ထက်နေခြည် လို့ခေါ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ မယ်လိုဒီဝေါမှာ ဆုရသွားတဲ့ အဆိုတော်ထက်နေခြည်လို ပိန်ပါးပါးလေး ဖြစ်သလို ထက်နေခြည်အသံနဲ့ တထပ်တည်းတူအောင် ဆိုအောင်လို့ပါပဲ။ သူတို့နဲ့ ကျွန်တော်နဲ့ KTV သွား သီချင်းဆိုတိုင်း ထက်နေခြည်ရဲ့နောက်ဆုတ်ဖို့ကြိုးစားရင်း သီချင်းကို ဆိုပေးဖို့ ကျွန်တော်တို့က အမြဲတောင်းဆိုလေ့ရှိပါတယ်။ သူအမြဲဆိုပြနေကြပေါ့။

တစ်ရက်မှာတော့ အထူးတာဝန်တပ်ဖွဲ့က ဒုရဲအုပ်ကောင်လေး တစ်ယောက်က သူ့ပစ္စတိုကို ကျည်ရှင်းရင်း ပြောင်းထဲမှာ ကျည်တစ်တောင့်ကျန်တာကို သတိမထားမိတာမို့ ကျည်ထွက်သွားပါတယ်။ ပစ္စတိုပြောင်းကို ကြမ်းပြင်ဘက်လှည့် မောင်းကို ဂျောက်ဂျောက်နဲ့ဆွဲရင်း ထွက်တာဆိုတော့ အဲဒီ့ ကျည်ဆန်က သမံသလင်းကြမ်းပြင်ကို ထိပြီး Twist ဖြစ်သွားပါတယ်။ အဲဒီကျည်ဆန်က ကြမ်းပြင်ကနေ ခုန်တက်လာပြီး မလှမ်းမကမ်းမှာရှိတဲ့ တိုင်တစ်ခုကိုသွားထိ၊ အဲဒီတိုင်ကနေ ပေလေးဆယ်၊ ငါးဆယ်အကွာကလောက်က ထမင်းစားဆောင်ထဲမှာ MP(4) ကိုနားကျပ်တပ်၊ ပလတ်စတစ်ခုံပေါ်မှာ ခပ်လျောလျော ထိုင်နေတဲ့ ထက်နေခြည်ရဲ့ မေးစေ့ကနေ ဖောက်ထွက်သွားပါတော့တယ်။ မေးစေ့က ၀င်သွားပြီး နောက်စေ့က ဖောက်ထွက်သွားတာမို့ ပွဲချင်းပြီးပါပဲ။ သူ့ကိုယ်သူ ဘာဖြစ်မှန်းတောင် မသိလိုက်ပဲ အသက်ထွက်သွားရှာပါတယ်။ ကျည်ထွက်သွားတဲ့ ဒုရဲအုပ် ကောင်လေးလည်း အဖမ်းခံရပါတယ်။ ဘယ်လိုဘယ်ပုံ အရေးယူလိုက်လဲတော့ ကျွန်တော်လည်း မသိလိုက်တော့ပါဘူး။ ကျည်ထွက်ရတဲ့ အကြောင်းရင်းထဲမှာ ကောင်လေးရဲ့ အားနည်းချက်လည်း ပါသလို ကပစထုတ် ပစ္စတိုတွေရဲ့ အရည်အသွေး ညံ့ဖျင်းမှုကြောင့်လည်း ပါတယ်လို့တော့ ရဲတရားရုံးရဲ့ထွက်ဆိုချက်ဖိုင်ကိုတော့ ဖတ်လိုက်ရပါတယ်။


မြန်မာနိုင်ငံအတွင်းမှာ လက်တလော ရှိနေတဲ့ ထောက်လှမ်းရေး အဖွဲ့အစည်း တွေကတော့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ) တို့ရှိပါတယ်။ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနကို စတင်ဖွဲ့စည်းစဉ်က အဓိကတာဝန်ဟာ စီးပွားရေးဆိုင်ရာ ပြစ်မှုတွေနဲ့ အဂတိလိုက်စားမှုတွေကို စုံစမ်းစစ်ဆေး တရားစွဲဆိုဖို့ ဖြစ်ပေမဲ့ နိုင်ငံတော် ထောက်လှမ်းရေး စက်ဝန်းရဲ့ တစ်စိတ်တစ်ဒေသအဖြစ်လည်း ဆောင်ရွက်ရပါတယ်။ စုဆောင်းရရှိတဲ့ သတင်းတွေထဲက ဦးစီးဌာနအနေနဲ့ ကိုင်တွယ်ဖို့ တာဝန်မရှိတဲ့ သတင်းမျိုးတွေကို သက်ဆိုင်ရာအခြားထောက်လှမ်းရေးအဖွဲ့တွေဆီ လွှဲပြောင်းပေးရပါတယ်။ အထူး စံစမ်းစစ်ဆေးရေးဦးစီးဌာနဟာ ၁၉၈၉ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ (၁၈) နှစ်ကျော် ကာလအတွင်းမှာ နိုင်ငံရေးနဲ့ပတ်သတ်တဲ့သတင်း (၈၇ ၄၇၃) ခုကို သတင်းရဲတပ်ဖွဲ့အတွက် စုဆောင်း လွှဲပြောင်း ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်အောက်မှ အထူးတပ်ဖွဲ့တွေဖြစ်တဲ့ သတင်းရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ မူးယစ် ရဲတပ်ဖွဲ့တွေကလည်း ထောက်လှမ်းရေးစက်ဝန်းရဲ့အစိတ်အပိုင်းတွေဖြစ်သလို တိုင်း/ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတွေကလည်း ထောက်လှမ်းရေးနဲ့သတင်း စုဆောင်းရေး လုပ်ငန်းတွေကို လုပ်ဆောင်ရပါတယ်။ သတင်းရဲတပ်ဖွဲ့ရဲ့ အဓိကတာဝန်ကြီး လေးရပ်ထဲက နှစ်ခုကတော့ နိုင်ငံတော်ရဲ့လုံခြုံရေးဆိုင်ရာ ထောက်လှမ်းရေးနဲ့ တန်ပြန်ထောက်လှမ်းရေးလုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ တိုင်း/ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတွေဆီက ထောက်လှမ်းရေးသတင်းတွေကိုတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ဦးစီး(၁)ဌာနခွဲဖြစ်တဲ့ ထောက်လှမ်းရေးနဲ့ လုံခြုံရေးဌာနခွဲက တည်းဖြတ်စိစစ်ရပါတယ်။ ဌာနခွဲမှူးကတော့ ဒုရဲမှူးကြီး ကျော်မိုးကြည် ဖြစ်ပြီး လုံခြုံရေးနှင့် မှုခင်းဌာန၊ ညွှန်ကြားရေးမှူး ရဲမှူးကြီးမြင့်ဝေနဲ့ ရဲဦးစီးအရာရှိချုပ် ဗိုလ်မှူးကြီး (ရဲမှူးချုပ်) ခင်မောင်စီ တို့က ကြီးကြပ်တာဝန်ခံရပါတယ်။ ထောက်လှမ်းရေးနှင့်လုံခြုံရေးဌာနခွဲက စုစည်းရရှိတဲ့ သတင်းတွေကို အခြား ထောက်လှမ်းရေးအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းစိစစ်ဖို့အတွက် သတင်းညှိနှိုင်းအစည်းအဝေးကို ပုံမှန်ကျင်းပပြီး ထောက်လှမ်းရေး အဖွဲ့အစည်းအချင်းချင်း သတင်းတွေ ဖလှယ်ကြပါတယ်။

၂၀၀၄ ခုနှစ်မှာ စစ်ထောက်လှမ်းရေးတွေရဲ့ လုပ်ပိုင်ခွင့်နဲ့ နာမည်တွေ မှေးမှိန်သွားခဲ့ပြီးတဲ့နောက် နာမည်ရလာခဲ့တဲ့ ထောက်လှမ်းရေး အဖွဲ့အစည်းကတော့ သတင်းရဲတပ်ဖွဲ့ပါပဲ။ နောက်ပိုင်းမှာ တပ်မတော် စစ်ဖက်ရေးရာလုံခြုံရေး အရာရှိချုပ်ရုံး(စရခ) ကို ပြန်လည်ဖွဲ့စည်းခဲ့ပေမဲ့ စတင်ဖွဲ့စည်းစကာလတွေမှာ သတင်းပေးကွန်ယက် မတည်ဆောက်နိုင်သေး တာမို့ သတင်းရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေးနဲ့လုံခြုံရေးဌာနခွဲက သတင်းတွေကို မျက်နှာအောက်ကျို့တောင်းယူ၊ မိတ္တူဆွဲ၊ ခေါင်းစဉ်ပြောင်းပြီး တင်ပြခဲ့ရ တာတွေ ရှိပါတယ်။ အဲလို မိတ္တူရနိုင်ဖို့ အတွက်လည်း အာရကေပေးခဲ့ရ ပါတယ်။ (ရဲဆိုတော့ သိတဲ့အတိုင်းပဲ၊ ကျောက်ခဲတောင် ရေညှစ်လို့ရရင် ညှစ်မဲ့သူတွေလေ) ခုဆိုရင်တော့ စရခ ဟာလည်း ရှစ်နှစ်သားအရွယ် ရောက်ပြီမို့ သူ့ဟာနဲ့သူတော့ ဂျိုလေးပေါက်လာပြီ၊ အစွယ်လေးထွက်လာပြီလို့ ပြောလို့ရပါတယ်။

အခြား ထောက်လှမ်းရေးအဖွဲ့အစည်းတွေ စုဆောင်းရရှိတဲ့ နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ သတင်းတွေကိုတော့ သတင်း ရဲတပ်ဖွဲ့မှ ကိုင်တွယ်ဆောင်ရွက်ပါ တယ်။ ရရှိတဲ့ သတင်း အချက်အလက်တွေအပေါ် မူတည်ပြီး စောင့်ကြည့် ပါတယ်။ ဖမ်းပါတယ်။ တရားစွဲပါတယ်။ စစ်ထောက်လှမ်းရေးတွေ ဖျက်သိမ်းစကတော့ လစ်ဟာသွားတဲ့ ထောက်လှမ်းရေး စက်ဝန်းကို ဖြည့်ဆည်းနိုင်ဖို့အတွက် သတင်းရဲတပ်ဖွဲ့ကို တိုးချဲ့ဖွဲ့စည်းဖို့ ဦးစားပေး(၁) အနေနဲ့ စီစဉ် ဆောင်ရွက်ခဲ့ပါတယ်။ သို့ပေမဲ့ အရပ်သား အစိုးရကာလမှာ ဆန္ဒပြမှုတွေကို စစ်တပ်နဲ့နှိမ်နှင်းရင် နိုင်ငံတကာက ပြောမှာ ကြောက်တဲ့အတွက် ရဲတပ်ရင်းတွေတိုးချဲ့ဖွဲ့စည်းမှုကို ဦးစားပေး(၁) အဖြစ် ပြန်ပြီး သတ်မှတ်ခဲ့ရပါတယ်။ သတင်း ရဲတပ်ဖွဲ့ရဲ့ လက်ရှိ ဖွဲ့စည်းပုံအရ တပ်ဖွဲ့မှူးရုံး (၁) ရုံး၊ တပ်ဖွဲ့ခွဲမှူးရုံး (၂) ရုံး (အောက်မြန်မာပြည်/ အထက် မြန်မာပြည်)၊ တိုင်း/ပြည်နယ်တပ်ဖွဲ့ရုံး (၁၇) ရုံး၊ အထူးသတင်းရဲ တပ်ဆွယ်ရုံး (၂၀) ရုံး၊ (က/ခ) အဆင့် တပ်ဆွယ်ရုံး (၁၇၅) ရုံး ရှိပါတယ်။ အဲဒီ လက်အောက်ခံ တပ်ဆွယ်ရုံးတွေက နေ့စဉ်စုဆောင်းပေးပို့တဲ့ ထောက်လှမ်းရေး သတင်းတွေကို ပြည်တွင်းရေးရာဌာနကြီးက စိစစ်စုစည်းပြီး ရဲချုပ်ရုံးနဲ့ ပြည်ထဲရေး ၀န်ကြီးရုံးတို့ကို ပြန်လည်အစီရင်ခံရပါတယ်။ ကဲ … အဲဒီ အကြောင်းတွေတော့ နောက်မှပဲ ဆက်ပါဦးမယ်။

ဘုန်းကြီးကျောင်းတွေ အကြောင်းဆက်ပြောကြစို့။ မန္တလေးတိုင်း၊ (၈) မြို့နယ်မှာ စောင့်ကြည့်ဖို့ ပစ်မှတ်လုပ်ထားတဲ့ ဘုန်းကြီးကျောင်း (၂၉)ကျောင်း ရှိပါတယ်။ အဲဒီထဲက တချို့ကျောင်းတွေနဲ့ပတ်သတ်ပြီး စောင့်ကြည့်နေတဲ့ သတင်းရဲတပ်ဖွဲ့ဝင်တွေ ပေးပို့ထားတာလေးတချို့ကို ဗဟုသုတဖြစ်အောင် လိုတိုရှင်း ရေးလိုက်ပါတယ်။ မူရင်း ပေးပို့ချက်တွေအတိုင်းမို့ တိုတိုတုတ်တုတ်ပါပဲ။ (မစိုးရိမ်တိုက်သစ်၊ စာသင်သံဃာ (၂၈ဝဝ)ကျော်ရှိခဲ့၊ နာယကချုပ်ဆရာတော်မှာ ဦးရာဇာဓမ္မဖြစ်၊ ယခင်နိုင်ငံရေးလှုပ်ရှားမှုဖြင့် ထိန်းသိမ်းခံ ခဲ့ရဘူး၊ နာယက ဆရာတော် ဦးဝိစိတ္တသာရ(ခ)ဝိရသူသည် အစ္စလာမ် ဘာသာမှန်းတီးရေး တရားဟောခဲ့၊ အကျဉ်းကျခံခဲ့ရသော တပည့်သံဃာများကို ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်ရန် ခွင့်ပြု၊ ကျောင်းတိုက်ကြေငြာသင်ပုန်းတွင် လှုံ့ဆော်စာများကပ်လေ့ရှိပြီး နိုင်ငံရေးအသွေးအရောင် ရှိသည့် သံဃာများ သီတင်းသုံးနေထိုင်လျှက်ရှိ) နောက်တစ်ကျောင်းကတော့ (မြတောင်တိုက်၊ သံဃာစုစုပေါင်း (၇၁၅)ပါးရှိ၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသာသနာဘိဝံသသည် တိုင်းသံဃာနာယက ဥက္ကဋ္ဌဖြစ်၊ မန္တလေးမြို့ပေါ် သံဃာထုအပေါ် သြဇာအရှိန်အဝါကြီးမား၊ မန္တလေးမြို့ပေါ်ရှိ သံဃာလှုပ်ရှားမှုများတွင် အမြဲပါဝင်လေ့ရှိ) (အနောက်ခင်မကန်တိုက်၊ သံဃာအပါး (၆၁၇)ပါးရှိ၊ ဆန့်ကျင်စာများ ကျောင်းပတ်ဝန်းကျင်တွင် ကပ်လေ့ရှိ၊ သံဃာ့ လှုပ်ရှားမှုတွင် အမြဲဦးဆောင်ပါဝင်လေ့ရှိ) စသဖြင့် ပေးပို့ထားကြတာတွေ ရှိပါတယ်။ ကဲ … ကျောင်းတိုက် စာရင်းတွေ ဆက်လိုက်ကြရအောင်။

(၁) အောင်မြေသာဇံမြို့နယ်၊ သာသနာ့ တက္ကသိုလ် ကျောင်းတိုက်၊ သံဃာ(၁၂၈)ပါး ကို စောင့်ကြည့်ရန် ဒုရဲအုပ်ဝင်းဇော်
(၂) အောင်မြေသာဇံမြို့နယ်၊ အရှေ့ခင်မကန်ကျောင်းတိုက်၊သံဃာ(၂၁၄)ပါးကို စောင့်ကြည့်ရန် ရဲအရာခံမောင်သိန်း
(၃) အောင်မြေသာဇံမြို့နယ်၊ ချမ်းသာကြီးကျောင်းတိုက်၊ သံဃာ(၂၃၆)ပါးကို စောင့်ကြည့်ရန် ဒုတပ်ကြပ်ကျော်သူရ
(၄) အောင်မြေသာဇံမြို့နယ်၊ ရွှေဒါးပရိယတ္တိစာသင်တိုက်၊ သံဃာ(၄၇)ပါးကို စောင့်ကြည့်ရန် တပ်သားချစ်စမ်းမောင်
(၅) ချမ်းအေးသာဇံမြို့နယ်၊ အနောက်ခင်မကန်ကျောင်းတိုက်၊ သံဃာ (၆၁၇)ပါးနှင့် ထီးလင်းကျောင်းတိုက်၊ သံဃာ(၃၅ဝ)ပါးကို စောင့်ကြည့်ရန် ဒုရဲအုပ်ထွန်းလင်းအောင်
(၆) ချမ်းအေးသာဇံမြို့နယ်၊ မိုးကောင်းကျောင်းတိုက် - သံဃာ(၆၇၃)ပါး၊ ဂွေးချိုတိုက် - သံဃာ(၃၅ဝ)ပါး၊ ရတနာပုဂံတိုက် - သံဃာ(၂၃ဝ)ပါးကို စောင့်ကြည့်ရန် ဒုတပ်ကြပ်နန်းထိုက်ဆွေ
(၇) ချမ်းအေးသာဇံမြို့နယ်၊ မဟာဝေယံဘုံသာကျောင်းတိုက်၊ သံဃာ (၂၄၇)ပါးကို စောင့်ကြည့်ရန် တပ်သားသန်းထိုက်စိုး
(၈) ချမ်းအေးသာဇံမြို့နယ်၊ ပတ္တမြားကျောင်းတိုက်၊ သံဃာ(၉၆)ပါးကို စောင့်ကြည့်ရန် တပ်သားနေဝင်းဟိန်း


(ဆက်ပါဦးမည်)
မိုးဇေညိမ်းရဲအခြားပိုစ့်တွေဖတ်ချင်သေးရင် https://www.facebook.com/moe.zaynyeinမိုးဇေညိမ်းရဲအခြားပိုစ့်တွေဖတ်ချင်သေးရင်

ဘင်္ဂလီကို နှစ်ပေါင်း -၂၀-ကူညီနေတဲ့  -AZG- ကို စစ်တွေသားတို့  ဆေးခန်းဖွင့်ဖို့  ခွင့်မပြု



၁၈.၁၀.၂၀၁၂ ရက် နံနက် ၉း၀၀ နာရီတွင် AZG ရုံးဖွင့်ပွဲကို ကန့်ကွက်မည်
------------------------------------------------
၁၇.၁၀.၂၀၁၂ ရက် နေ့လည် ၂း ၀၀ နာရီပတ်ဝန်ကျင်တွင် စစ်တွေမြို့ရှိ
မြို့မိ မြို့ဖများ၊ ရခိုင် လူမှုအဖွဲ့အစည်းအသီသီများနှင့် ရခိုင်
လူငယ်များမှ စုဝေးပြီး AZG/MSF အဖွဲ့နှင့် ပတ်သတ်ပြီး ဆွေးနွေးပွဲတခုကို
ပြုလုပ်ခဲ့ကြပါသည်။ ထိုဆွေးနွေးပွဲတွင် ၁၈.၁၀.၂၀၁၂ ရက် မနက် ၉း၀၀
နာရီတွင် စစ်တွေမြို့ ၊ မိဇံရပ်ကွက် ၊ ကမ်းနားလမ်းတွင် ရှုခင်းသာအမည်ဖြင့်
အခမဲ့ ဆေးခန်းတခုကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင့် မြို့ပေါ်ရှိ
အာဏာပိုင်အဖွဲ့အစည်းများ၊ မြို့ပေါ်ရှိ ဂုဏ်သရေရှိ လူပုဂ္ဂိုလ်များ၊
ရဟန်သံင်္ဃာတော်များကို ဖိတ်ကြားထားပါသည်။ ထိုဆေးခန်းဖွင့်လှစ်ရန်
ကိစ္စဖြင့် စစ်တွေမြို့ပေါ်ရှိ လူထုမှ သက်သေအထောက်အထားများကို
စုစည်းခဲ့ကြပါပြီး မသင်္ကာဖွယ်ရာ အချက်အလက်များကို တွေ့ရှိခဲ့ရသည်ဟု
အစည်းအဝေးကို တက်ရောက်ခဲ့သော ခေါင်းဆောင် လူငယ်တယောက်မှ RSV ကို
ပြောပြခဲ့ပါသည်။ “ဥပမာဗျာ - သူတို့က သဘောမရိုးဘူးဆိုတာကို အစကတည်းက
ကြည့်ရင်သိပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ လောက်ကတည်းက ဘင်္ဂလီတွေအတွက်ပဲ သူတို့
လုပ်ပေး
လာတာပါ။ အခမဲ့ဆေးခန်းတွေဖွင့်တယ်။ ဘင်္ဂလီကုလားတွေကိုပဲ
အဓိကဆေးကုသပေးခဲ့တယ်။ ဖွင့်တဲ့နေရာတွေကလည်း ဘင်္ဂလီတွေနေတဲ့ နေရာတွေမှာပဲ
ဖွင့်ခဲ့တယ်။ အဲဒီကတည်းက ကျနော်တို့ စောင့်ကြည့်နေခဲ့တာပါ။ သူတို့
ဒီဘင်္ဂလီကို ရိုဟင်ဂျာဖြစ်အောင် အဓိက အထောက်ပံ့ပေးခဲ့တဲ့အဓိက သူတို့က အဓိက
နေရာက ပါဝင်ခဲ့ပါတယ်” လို့ ပြောပြခဲ့ပါတယ်။ ယခုအခါ OIC ကိစ္စကို
အပြင်းအထန်ကန့်ကွက်နေချိန်တွင် AZG အဖွဲ့အစည်းသည် ကုလားတွေဆီမှ
အထောက်အပံ့များကို အဓိက ယူထားသဖြင့် OIC နှင့် ပတ်သတ်မှုရှိလိမ်မည်လို့
မြို့လူထုမှ သံသယဖြစ်လျှက်ရှိပါသည်။ ဆက်လက်၍ “သူတို့ အခုလုပ်မယ်
ဆေးခန်းကလည်း ပွင့်လင်းမှုမရှိဘူးဗျာ။ သူတို့ လုပ်မယ်ဆိုရင် ရခိုင်လူထုကို
တခုခုတော့ ချပြသင့်ပါတယ်။ ဒါက ဘယ်လိုဘာကြောင်းလုပ်ရပါတယ်ဆိုတာမျိုးပေါ့၊
အခုက အာဏာပိုင်တွေနဲ့ ပေါင်းပြီး ငါတို့ ကြိုက်သလို လုပ်လို့ရတယ်ဆိုတဲ့
ပုံစံမျိုးပေါက်နေတယ်”လို့ ခေါင်းဆောင်လူငယ် ပြောပြသွားပါတယ်။ ယခုအခါ AZG
အဖွဲ့မှ ရခိုင်ပြည်တွင် HIV/AIDS ဝေဒနာရှင် ၂၀၀ မှ ၃၀၀ လောက်ထိ
ရှိတယ်ဆိုပြီး သတင်းလွင့်ထားကာ ထိုဝေဒရှင်များအား ဆေးကုသနိုင်ရန်အတွက်
ဒီဆေးခန်းကို ဖွင့်လှစ်ရတာပါ သတင်းလွင့်ထားပါသည်။ သို့သော်လည်း
ရခိုင်လူထုက ပြည်သူလူထုယုံကြည်သော ရခိုင်လူမှုအဖွဲ့အစည်း (သို့) အစိုးရ
အဖွဲ့အစည်းတခုခုမှ တဆင့်လှူလျှင် လက်ခံနိုင်ဖွယ်ရှိပြီး သူတို့ကိုယ်တိုင်
ဆေးခန်းဖွင့်ခြင်းကိုမူ လက်မခံနိုင်ဟု သိရှိရပါသည်။ ထို့ကြောင့်
၁၈.၁၀.၂၀၁၂ ရက် မနက် ၉း ၀၀ နာရီတွင် မိဇံရပ်ကွက် ၊ လေညှင်းသာတွင်
လူစုဝေးလျှက် AZG ကန့်ကွက်ပွဲကို ပြုလုပ်သွားမည်ဟု ၄င်းခေါင်းဆောင်
လူငယ်မှ RSV ကို ပြောပြသွားပါသည်။ ထိုလူငယ်မှပဲ သူတို့သည် AZG နှင့်
ပတ်သတ်ပြီး စာရွက် စာတမ်း အထောက်အထားများ စုဆောင်းရရှိထားပါသည်ဟုလည်း
သိရှိရပါသည်။

 ( ဆန္ဒပြကြမည့် သတင်းကို ဤအတိုင်း ဖေါ်ပြပေးလိုက်ခြင်းဖြစ်ပါသည် )

     ဤသတင်းက စစ်တွေမှာ ကုလားကို နှစ်ပေါင်း-၂၀-ကျော် အကူအညီ ပေးခဲ့ သော
-AZG- ကို ဆန္ဒပြကြမည့်သတင်းဖြစ်သည် ။ တိတိကျကျ ပြောရလျှင် သူတို့ တွေ
ဆေးခန်းဖွင်လှစ်ရန် အတွက် ရခိုင်ပြည်နယ်အစိုးရနှင့်
ပြည်နယ်ကျန်းမာရေးဦးစီးဋ္ဌါနတို့ တွင် လုံးဝ တာဝန်ရှိသည် ။
ရခိုင်ပြည်နယ်အစိုးရ ကျန်းမာရေးဝန်ကြီးသည် ဤကဲ့ သို့ 
ဆေးခန်းဖွင့်လှစ်ရန် သင့်၏ မသင့်၏ကို ဘာကြောင့်များ မစဉ်းစားခဲ့ သနည်း ။
ဝန်ကြီးချုပ်သည်လည်း ဘာကြောင့်များ မစဉ်းစား မတွေးခေါ်လေသနည်း ။
နိုင်ငံတော် အစိုးရသည်လည်း ဘာကြောင့်များ ခွင့်ပြုချက် ပြုလုပ်ရလေသနည်း ။
    ဤသို့  ဘင်္ဂလီကုလားများနှင့် ပါတ်သက်၍ နာမည်ကြီးနေသော ဤအဖွဲ့ သည်
အတိတ်မကောင်းခဲ့ သည်ကို လူတိုင်းမျက်မြင်သိရှိကြပြီးဖြစ်သည် ။  AZG-မှ
ရှေ့ နေ ဦးကျော်လှအောင်ကို ပြန်လည်၍ လွှတ်ပေးလိုက်ခြင်းသည် အပြစ်မရှိ၍
လွှတ်ပေးလိုက်ခြင်းမဟုတ် ။ AZG သည် ကုလားတို့ နှင့် ပါတ်သက်နေသောကြောင့်
ဖမ်းဆီးလိုက်ခြင်းဖြစ်သည် ။ ယခုထိလည်း သံသယရှိနေရသော အဖွဲ့ အစည်းဖြစ်သည်
။ သူတို့ အား စစ်တွေမြို့ တွင် အသိအမှတ် ပြုကာ ဆေးခန်းဖွင့်လှစ်ပေးမည်ကို
စစ်တွေမြို့ ခံ လူထုနှင့် တိုင်ပင်ဆွေးနွေးကြည့်လျှင် စောစီးစွာ
သိရှိကြရမည်ဖြစ်သည် ။ ပြတ်ပြတ်သားသားပြောရလျှင် ရခိုင်ပြည်နယ် အစိုးရ
ဝန်ကြီးချုပ် ဦးလှမောင်တင်သည် အနာဟောင်းများကို ဆွပြီး
ပြုလုပ်နေသည့်အလားဖြစ်နေသည် ။ အစိုးရသည်လည်း ဤကဲ့ သို့ 
ပြုလုပ်နေခြင်းမှာ ရွံစရာကြီးဖြစ်နေသည် ။
    အသုံးမကျလှသော အုပ်ချုပ်ရေးယန္တယားစနစ်ကို ကိုင်တွယ်ဆောင်ရွက်နေသည့်
ရခိုင်ပြည်နယ် အစိုးရသည်၎င်း ။ နိုင်ငံတော်အစိုးးရသည်၎င်း
မည်သည့်နည်းနှင့်မျှ ရခိုင်လူမျိုးတွေကို လမ်းပေါ်ထွက် ဆန္ဒပြစေရန်
အကြောင်း မဖန်တီးသင့်ပေ ။ ယခုကဲ့ သို့  လမ်းပေါ်ထွက် ဆန္ဒပြစေခြင်းသည်
အုပ်ချုပ်ရေးယန္တယား တခုလုံးကို ထိခိုက်စေသည်ဆိုခြင်းကို နားမလည်ကြသေးဟု
ထင်သည် ။ လမ်းပေါ်ထွက် ဆန္ဒပြကြလျှင် ကျောင်းသားကျောင်းသူ ၊
အစိုးရအရာထမ်းအမှူထမ်း ၊ တောင်သူလယ်သမား များနှင့် လူထုလူတန်းစား
ပါဝင်ကြသည် ။ သူတို့ တွေ ပါဝင်မှုကြောင့် နိုင်ငံတော်၏ အရင်းအမြစ်များ
မည်မျှ ဆုံးရှုံးနစ်နာရသည်ကို တွက်ချက်ကြည့်နိုင်သည် ။
နိုင်ငံတနိုင်ငံတွင် စစ်တပ်ရှိမှန်းမသိသော နိုင်ငံ ၊ ပုလိပ်ရှိမှန်း
မသိသော နိုင်ငံဖြစ်အောင် ဒီမိုကရေစီနိုင်ငံတိုင်းမှာ ကြိုးစားနေကြသည် ။
ယခုကား နိုင်ငံတော်အစိုးရသည်၎င်း ၊ ရခိုင်ပြည်နယ် အစိုးရသည်၎င်း
ပြည်သူတရပ်လုံးအား လမ်းပေါ်ထွက် ဆန္ဒပြကြရအောင် ဆွဲခေါ်ပေးနေသူများဖြစ်နေသည်
။ မြန်မာနိုင်ငံတွင် သမိုင်းလိမ်ဘင်္ဂလီကုလားများနှင့် ပါတ်သက်၍
မည်သည့်အကြောင်းအရာကိုမျှ မပြုလုပ်ရန် အစိုးရက သတိပြုထားရမည်ဖြစ်သည် ။
အနည်းဆုံး ရပ်ကွက်ကျေးရွာအတွင်းမှာပင် စတုဒီသာ မုန်
့လက်ဆောင်းအလှူပွဲမျိုးတောင် မပြုမိလုပ်ဖို့  အရေးကြီးသည့်အချိန်ဖြစ်သည်
။ ပြသနာ အဓိကရုဏ်းဖြစ်နေပြီး သွေးထွက်သံယိုဖြစ်နေသာ လူသတ်ပွဲကြီး
ဖြစ်ပွါးနေသည့် လူမျိုးတွေအကြားမှာ ချစ်စကိုရှည်စေ မုန်းစကိုတိုစေဖို့ 
ခပ်ခွါခွါလေး ရှိနေစေဖို့  ဆောင်ရွက်ပေးရန်လိုသည် ။  ရခိုင်ပြည်နယ်အစိုးရ
ဝန်ကြီးချုပ် ဦးလှမောင်တင်အနေဖြင့် မည်သည်နည်းနှင့်မျှ မပြုလုပ်စေဖို
့ယခုကဲ့ သို့ -AZG- ဆေးခန်းဖွင့်လှစ်ရန်ကိစ္စကို ချက်ချင်း ရပ်တန်
့ပေးရန်တိုက်တွန်းလိုက်ပါသည် ။

ကျော်ခဏ်းနွယ်

ထပ်ပေးလို့မရတော့ဖူး... မြန်မာ့လက်သံနဲ့တွေ့သွားလို့..SEVERပါဒေါင်းသွားလားမသိ၊

http://www.flickr.com/photos/64086169@N03/8062634660/in/photostream/

Aungthu Rahein
ကျွန်တော့်တွက်ချက်မှု မမှားဘူးဆိုရင် မကာအိုမလည်းဆက်တက်သွားရင်တောင် 16,777,216 ကျရင် ရပ်သွားလိမ့်မယ်။
16,777,216 = 24 bit memory allocation
16,777,216 ဆိုတာ Flickr မှာ အများဆုံး view count ပါ။ သူ့ထက်များတဲ့ view count မရှိပါဘူး။ ရှိလာမှာလဲ မဟုတ်ပါဘူး။ အဲ့တော့ အားလုံးပဲ miss macau ကျော်သွားမှာကို စိတ်မပူပါနဲ့တော့။
ကျွန်တော်လည်း missinterphoto ကို miss myanmar အရင်ပြည့်တဲ့အကြောင်းရယ် favorite လဲ ပိုများတဲ့အကြောင်းရယ် ဒီအကြောင်းရယ် ခဏနေရင် Mail ပို့မှာပါ။

ပုံကို သွားပြီးရင် Favorite လုပ်ကြပါ။ view count တူနေရင် favorite ကို ကြည့်အောင် ကျွန်တော်တောင်းဆိုထားပါတယ်။ဘေးက ပုံထဲမှာ ဓာတ်ပုံရဲ့ အပေါ်မှာ ကြယ်နဲ့ Favorite ခလုတ် ရှိတယ်လေ အဲဒါကို နှိပ်ပြီးလုပ်ရတာ။
အပေါ်က ဘယ်ဖက်ထောင့်မှာ star ပုံလေးကို နှိပ်လိုက် ပန်းရောင်ပြောင်းသွားလိမ့်မယ်။ အကောင့်အရင်ဖွင့်ဖို့တော့လိုမယ်ထင်တယ်။

Ko Ye မြန်မာမယ်လေးအတွက် စိတ်ပူနေသောမိတ်ဆွေများ စိတ်အေးစေရန် အနည်းငယ်ပြောပြချင်ပါတယ်. ကျွန်တော် Professional IT သမားတော့မဟုတ်ပါဘူး. အခုရပ်နေတဲ့ view count number - 16,777,216 ကို Binary form နဲ့ကြည့်ရင် 1 0000 0000 0000 0000 0000 0000 ရပါတယ်. Index နဲ့ပြရင် 2^24 ဖြစ်ပါတယ်. ဒီဂဏန်းက digit တစ်ခုတည်းနဲ့ တက်လာတာဖြစ်ပါတယ်. 32-bit integer မှာ Maximum floating point က 16,777,216 ဖြစ်ပါတယ်. 32-bits System မှာ R epresentation လုပ်ကြည့်ရင်
sign = 0 (positive number)
exponent = 24 (store လုပ်ရင် 24+127=151=10010111)
mantissa = 0
32 bits floating-point representation: 0 10010111 00000000000000000000000
Equation နဲ့ကြည့်ရင် Value = (+1) * 2^24 * (1.0 + .0) = 2^24 = 16777216
နောက်တစ်ဆင့် တန်ဖိုးဖြစ်တဲ့ 16,777,217 (or) 2^24+1 ကိုကြည့်မယ်ဆိုရင်
Sign နဲ့ exponent တန်ဖိုးတူပါတယ်.
Mantissa တန်ဖိုးက 2^-24 အတိဖြစ်ရမယ်. Equation နဲ့ကြည့်ရင်
Value = (+1) * 2^24 * (1.0 + 2^-24) = 2^24 + 1 = 16777217
Mantissa တန်ဖိုးက 2-24 ဖြစ်နေတယ်ဆိုတော့ ပြလို့မရတော့ပါဘူး. Mantissa က 23 bits ပဲရှိတာပါ. အဲတာကြောင့် Incrementing variable 16,777,217 ကို မပြနိုင်တော့ပဲနဲ့ break ဖြစ်သွားတာပါ. ဒါကတော့ သူတို့အသုံးပြုထားတဲ့ IEEE floating point limitation value ဖြစ်နေတဲ့အတွက် ဆက်ပြီးတက်တော့မှာမဟုတ်ပါဘူး. သူတို့ programming ရေးတည်းက Maximum point အဖြစ် ဒီဂဏန်းကိုသတ်မှတ်ထားလို့သာဖြစ်ပါသည်။ မကာအိုမယ်လေး ဒီ ဂဏန်းမရောက်လာဖို့သာ ဆုတောင်းကြပါတော့မိတ်ဆွေများ။ကျေးဇူးတင်ပါသည်။

ဥပဒေသည် လူတစု ကောင်းကျိုးအတွက် မဟုတ် .. လူထုကောင်းကျိုးအတွက်သာ ဖြစ်နေရမည်။

by Lwin Aung Soe on Wednesday, October 17, 2012 at 11:06am ·


ဥပဒေသည် လူတစု ကောင်းကျိုးအတွက် မဟုတ် .. လူထုကောင်းကျိုးအတွက်သာ ဖြစ်နေရမည်။

“တောင်းမှာ အကွပ်” ဆိုတဲ့အတိုင်း ရက်ထားတဲ့ အစတွေကို ပရမ်းပတာ မဖြစ်စေရအောင် အနားသတ်တွေကို ကွပ်ပေးထားရပါတယ်။ လူမှာလည်း သဘာဝအလျောက် စိတ်ရိုင်းဝင်လာတတ်တာကို မပြုမိစေဖို့ စည်းကမ်း၊ ကျင့်ဝတ်တွေနဲ့ ထိန်းကွပ်ထားရပါတယ်။ မိသားစုထဲမှာ မိသားစု စည်းကမ်း ထားရှိကြသလို ကျောင်းတွေ၊ အလုပ်ရုံတွေ၊ ရုံးတွေ၊ ဆေးရုံတွေမှာလည်း စည်းကမ်း ထားရှိရပါတယ်။ အစည်းအဝေးတွေ၊ အသင်းအဖွဲ့တွေမှာလည်း စည်းကမ်း ထားရှိပါတယ်။

လူမျိုးစုအလိုက်၊ လူမျိုးအလိုက် ဓလေ့ထုံးစံတွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ စည်းကမ်းထားရှိပါတယ်။ လူမှုရေးမှာ ဆောင်ရန်-ရှောင်ရန် စည်းကမ်းကျင့်ဝတ်တွေ ရှိသလို ဘာသာရေးမှာလည်း စည်းကမ်း ကျင့်ဝတ်လို့ခေါ်တဲ့ ဝိနည်းတွေနဲ့ ဆောင်ရန်ရှောင်ရန်တွေကို ပြဋ္ဌာန်း ကျင့်ကြံစေရပါတယ်။ အားကစား ပြိုင်ပွဲတွေမှာလည်း စည်းကမ်းနဲ့ပါပဲ။

နိုင်ငံအနေနဲ့ (Nationally) လူအများက မဖြစ်မနေ ပါဝင် ပတ်သက်လာတဲ့အခါမှာတော့ ပိုပြီး စည်းစနစ် ကျကျနနနဲ့ ထိရောက်စေဖို့ ဥပဒေတွေကို ရေးဆွဲ ပြဋ္ဌာန်းပြိး ကျင့်သုံးကြရပါတယ်။

ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ မညီရခြင်းမှာ

ဥပဒေကို စတင်ရေးဆွဲတဲ့အခါမှာ အတိတ်ကာလမှာ ဖြစ်ခဲ့တာတွေအပေါ် သင်ခန်းစာယူပြီး လက်ရှိအခြေအနေ၊ နောင်လာလတ္တံ့သော အခြေအနေတွေနဲ့ ကိုက်ညီစေဖို့အပြင်၊ အကျိုးသက်ရောက်ပုံတွေကိုပါ အကျယ်ပြန့်ဆုံး မျှော်တွေး စဉ်းစား ချင့်ချိန်ပြီး ရေးဆွဲရပါတယ်။ လူတစု အကျိုးစီးပွားအတွက် မဖြစ်စေရဘဲ လူအများစု အကျိုးစီးပွားကို ဖြစ်စေနိုင်မယ့် ဆန္ဒရှိရပါတယ်။ ဒီဥပဒေကို တရားဝင် ဆုံးဖြတ် အတည်ပြုတာကလည်း လူသိထင်ရှား အသိအမှတ်ပြုပြီး ဖြစ်နေရပါတယ်။ ကောင်းသထက်ကောင်းစေဖို့ကိုသာ ရည်ရွယ်ထားတာကြောင့်လည်း လိုအပ်တဲ့အခါတိုင်းမှာ ပြင်ဆင် / ပယ်ဖျက်တာတွေ ရှိနေရပါတယ်။

ဒီလိုမျိုး မလုပ်နိုင်ခဲ့ရင် ဘာဥပဒေကိုပဲ ပြဋ္ဌာန်းသည်ဖြစ်စေ ... “ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ မညီ”  ဆိုတာတွေ နေရာတိုင်း အချိန်တိုင်းမှာ ဖြစ်လာနေမှာပါပဲ။ ဒီအခါမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ မညီရတဲ့ အကြောင်းရင်းကို ပြန်လည်စိစစ် သုံးသပ်သင့်ပါတယ်။



ဥပဒေ အသံကြားလျှင် ကြောက်နေကြခြင်း

မြန်မာတွေရဲ့ အစွဲတခုကတော့ ရုံးဂတ်တွေနဲ့ ကင်းကင်းရှင်းရှင်း မပတ်သက်ဘဲ နေချင်ကြတာ ဖြစ်ပါတယ်။ ဥပဒေလို့ အသံကြားရုံတင်နဲ့ ကြောက်လန့်တတ်သူတွေ ရှိကြပါတယ်။ ဥပဒေ ဆိုတာ ကြောက်စရာ မဟုတ်ပါဘူး။ ဥပဒေကို ဖောက်ဖျက်တာ မိသွားရင် ဖမ်းဆီး အပြစ်ပေးခံရမှာကို ကြောက်လန့်မိတာနဲ့ ဥပဒေ ဆိုတာကို တွေးကြောက်နေတတ်ခြင်းသာ ဖြစ်ပါတယ်။ ဥပဒေ ဘက်တော်သားတွေဖြစ်တဲ့ ရဲနဲ့ တရားသူကြီးတွေရဲ့ မမှန်ကန်တဲ့ ပြုမူပြောဆိုပုံတွေကြောင့်လည်း အရပ်သားပြည်သူတွေမှာ ကြောက်လန့်၊ သိမ်ငယ်စိတ်တွေ ဝင်လာတတ်ကြပါတယ်။  

တကယ်တော့ ဥပဒေကသာ ပြည်သူတဦးချင်းကို ကာကွယ်စောင့်ရှောက်ပေးနေရတာ ဖြစ်ပါတယ်။ ဒါကို ပြည်သူတွေအတွက် လူထု ပညာပေးရေးတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ပြီး အသိကောင်းကောင်း ပေးနိုင်ရပါမယ်။ ဒါမှသာ လူခပ်များများမှာ အရိုးစွဲနေတဲ့ ကြောက်စိတ်ကို ဖယ်ရှားပေးနိုင်ပါလိမ့်မယ်။ လူထု ယုံကြည် အားကိုးတဲ့ ခေါင်းဆောင်တွေ၊ နိုင်ငံအကြီးအကဲတွေ၊ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေကလည်း အလျင်းသင့်တိုင်း အားပေးစကား ပြောဆို တိုက်တွန်းပေးနေရင် လူထုဟာ ဥပဒေအပေါ် ကြောက်လန့်နေမှာ မဟုတ်တော့ပါဘူး။

နိုင်ငံရေးစနစ် မကောင်းတဲ့အခါမှာ တာဝန်ရှိတဲ့ အစိုးရတွေက ဒီအချက်ကို မသိချင်ယောင် ဆောင်ထားလေ့ ရှိပါတယ်။ လူထုကို ဥပဒေအကြောင်း အမှန်အတိုင်း လူထုပညာပေးရေးတွေ လုပ်ပေးရမယ့်အစား ဝါဒဖြန့်အနေနဲ့ မီးလောင်ရာလေပင့် လုပ်တတ်ကြပါတယ်။ ပိုဆိုးသွားတာကတော့ အမှု ဖြစ်လိုက်တာနဲ့ လူထုဘက်က ခံဘက်ချည်းဖြစ်နေအောင် အစိုးရက တမင်တကာ ဖန်တီးယူတဲ့ နိုင်ငံရေးစနစ်ဆိုး ဖြစ်ပါတယ်။



ဥပဒေကို လိုက်နာကြခြင်း

အစစအရာရာ တိုးတက်ဖွံ့ဖြိုးတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ တရားဥပဒေ အမှန်တကယ် စိုးမိုးနေတာကြောင့် ပြည်သူတွေအတွက် စားစားသွားသွား ဘာလုပ်လုပ် အကြောက်တရား မရှိကြပါဘူး။ ဥပဒေက ကာကွယ်ပေးထားတာကြောင့် လုံခြုံစိတ်ချရပါတယ်။ ဒါကို ပိုပြီးသိလာတဲ့အခါမှာ တရားဥပဒေ စိုးမိုးမှု (Rule of Law) ကို ပိုမို တန်ဖိုးထားတတ်ကြပါတယ်။ ပြည်သူတွေဟာ မှန်ကန်ကောင်းမွန်တဲ့ ဥပဒေတွေကို သိပ်ပြီး အလိုရှိကြပါတယ်။ အလိုရှိကြတဲ့အတိုင်း ဥပဒေတွေကို လေးစားလိုက်နာကြပါတယ်။ လိုနေသေးရင်လည်း ရဲရဲကြီး တောင်းဆိုတတ်ကြပါတယ်။

ဒါပေမယ့် နိုင်ငံတခုအတွင်းမှာ ကျင့်သုံးတဲ့ နိုင်ငံရေးစနစ်တွေကြောင့် နိုင်ငံကို ဥပဒေဘောင်အတွင်းက တည်ဆောက်ယူလာတဲ့ အနေအထား၊ လူတဦးချင်းကို ခလေးဘဝကနေ ပြုစုပျိုးထောင်ယူလာတဲ့ အနေအထားအလိုက် ဥပဒေကို လိုက်နာကြတဲ့အဆင့်မှာ နိုင်ငံအသီးသီးဟာ အနိမ့်အမြင့် ဖြစ်နေတတ်ပါတယ်။

ဥပဒေကို လိုက်နာသူ ရှိသလို မလိုက်နာသူလည်း ရှိတတ်ပါတယ်။ အများစု ဖြစ်နေတတ်သလို အနည်းစုလည်း ဖြစ်နေတတ်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်နေရတာတွေအပေါ်မှာ လူမှုရေး လေ့လာ သုံးသပ်ချက် စာတမ်းတွေက ဥပဒေကို ပိုမိုလိုက်နာစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။

လိုက်နာရတဲ့ ဥပဒေတွေဟာ လူတဦးချင်းကအစ လူ့ပတ်ဝန်းကျင်တခုလုံး လိုက်နာနေနိုင်တာမျိုး ဖြစ်ရပါတယ်။  တနိုင်ငံလုံး.. တကမ္ဘာလုံးက တညီတညွတ် လက်ခံထားတဲ့ ဥပဒေမျိုးတွေ ဖြစ်နေရပါတယ်။

ခလေးတယောက်ဟာ လူကြီးတယောက်လိုမျိုး စည်းကမ်းတွေ လိုက်နာနိုင်စွမ်း မရှိသလို လောကုတ္တရာ ကျင့်ဝတ်တွေကို သာမန်လူသားတွေ ရေရှည် စောင့်ထိန်း လိုက်နာဖို့ မလွယ်လှပါဘူး။ ဓလေ့ထုံးစံတခုကို အသားကျနေသူအဖို့ အခြားဓလေ့တခုကို ပြောင်းလဲကျင့်သုံးဖို့ အစပိုင်းမှာ အဆင်မပြေတတ်ပါဘူး။

ဒါကြောင့် လူ့အသိုင်းအဝိုင်း (သို့) နိုင်ငံတခုအတွင်းမှာ မှီတင်းနေထိုင်ကြသူ အားလုံးအတွက် ညီညွတ်မျှတစွာ အကျိုးရှိစေနိုင်မယ့် ဥပဒေတရပ်ကို ရေးဆွဲ ပြဋ္ဌာန်းနိုင်ဖို့ မလွယ်လှပါဘူး။ လွယ်လင့်တကူ ပြီးပြီးရော ပေါ့ပေါ့ဆဆ မဆင်မခြင် ရေးဆွဲလို့လည်း မဖြစ်ပါဘူး။

ဥပဒေကို မလိုက်နာသူများ 

ဥပဒေကို မလိုက်နာသူ ပထမအမျိုးအစားဟာ အာဏာရှင် ဖြစ်ပါတယ်။ ဒါကြောင့် အာဏာရှင်ကို ဥပဒေ အထက်ကလူလို့ ပြောကြရတာ ဖြစ်ပါတယ်။ ဒီလိုပဲ အာဏာရှင်နဲ့ ပေါင်းစားနေတဲ့ အာဏာရှင် အသိုင်းအဝိုင်းတွေကလည်း ဥပဒေရှိရက်နဲ့ မလိုက်နာကြပါဘူး။ တချို့အဖြစ်တွေမှာဆို ဥပဒေကို လူသိထင်ရှား ပြောင်တင်းတင်း ချိုးဖောက်ရဲတဲ့အထိ ကျူးလွန်တတ်ကြတာ တွေ့ရပါတယ်။ တကယ်တော့ အာဏာကို အလွဲသုံးစား လုပ်တာပါပဲ။

ဒုတိယ အမျိုးအစားဟာ တားမြစ်ထားတဲ့ ဥပဒေ ရှိမှန်းသိရက်နဲ့ မထီမဲ့မြင်လုပ်ပြီး ဖောက်ဖျက် ကျူးလွန်သူ ဖြစ်ပါတယ်။ စိတ်ခံစားမှုအရဖြစ်စေ၊ မတော်တဆကြောင့်ဖြစ်စေ.. ဘယ်လိုအကြောင်းပြချက်ကိုမှ ခွင့်မလွှတ်ပါဘူး။ တချို့ဆိုရင် ဥပဒေကို ကျူးလွန်ဖောက်ဖျက်ပြီး ဥပဒေကြောင်းအရ ရင်ဆိုင်တဲ့အခါမှာတောင် လာဘ်ပေးလာဘ်ယူ စတဲ့ ဥပဒေ ဖောက်ဖျက်မှုကို ထပ်မံကျူးလွန်တတ်ပြန်ပါတယ်။ ငွေကြေးတတ်နိုင်ရင် ထောင်နောက်ဖက်မှာ တံခါးပေါက်ရှိတယ် ဆိုတာ ဥပဒေကို ပျက်ရယ်ပြုထားတဲ့ စကားတခွန်းပါ။

တတိယ အမျိုးအစားကတော့ ဥပဒေကို နားမလည်လို့၊ မသိလို့၊ အရွယ်မရောက်သေးလို့၊ စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းလို့ စတဲ့ ချွင်းချက် အကြောင်းရင်းတွေကြောင့် ဥပဒေတွေကို ဖောက်ဖျက် ကျူးလွန်မိတတ်ကြပါတယ်။ သူတို့ကိုတော့ သက်ညှာမှုနဲ့ ပြုပြင်ပေးနိုင်မှု အထိုက်အလျောက် ပေးထားရပါတယ်။

စတုတ္ထ အမျိုးအစားကတော့ မတရားတဲ့၊ မသင့်တော်တဲ့ ဥပဒေတွေကို အနည်းနဲ့အများ ဆန့်ကျင် အံတုသူတွေ ဖြစ်ပါတယ်။ သူတို့ကတော့ ပိုမိုတိုးတက် ကောင်းမွန်တဲ့စနစ်ကို အလိုရှိကြတဲ့ တက်ကြွလှုပ်ရှားသူတွေ ပြုပြင်ပြောင်းလဲရေးသမားတွေ ဖြစ်ကြပါတယ်။



ဥပဒေ ပြဋ္ဌာန်းရတဲ့ ရည်ရွယ်ချက် 

လိုရင်းကတော့ အခြားသူတွေ၊ အခြားအရာတွေကို ထိခိုက် နစ်နာတာမျိုး မရှိစေဖို့ ဖြစ်ပါတယ်။ အမျိုးအစားခွဲပြီး နည်းနည်း အကျယ်ချဲ့ကြည့်ပါမယ်။

(၁) လူတိုင်းရဲ့ အသက် ဘေးအန္တရာယ်ကို ကာကွယ်ပေးဖို့၊  (ဥပမာ- သူခိုး ဓါးပြရန်၊ ရိုက်နှက် နှိပ်စက်ညှင်းပမ်း ခြိမ်းခြောက်မှု စသဖြင့်)
(၂) လူ့ပတ်ဝန်းကျင်မှာ အများနဲ့ ယှဉ်တွဲ နေထိုင်သွားလာတဲ့အခါ ဘေးရန်ကင်းကွာပြီး စနစ်တကျနဲ့ အဆင်ပြေစေနိုင်ဖို့ (ဥပမာ- စာချုပ်များ၊ ယာဉ်ဥပဒေ စသဖြင့်)
(၃) လူအများ နှစ်သက် သဘောကျ လက်ခံတဲ့ လူနေမှု အသိုင်းအဝိုင်းကို ကာကွယ် ထိန်းသိမ်းပေးထားနိုင်ဖို့ (ဥပမာ - လူမှုရေး၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာများ စသဖြင့်)
(၄) တရားမျှတမှုကို အမှန်တကယ် ကျင့်သုံးစေနိုင်ဖို့
(၅) ဥပဒေ ချိုးဖောက်သူတွေကို အရေးယူ အပြစ်ပေးနိုင်ဖို့ .. ဆိုပြီး ဥပဒေ ပြဋ္ဌာန်းရတဲ့ ရည်ရွယ်ချက်တွေ ရှိပါတယ်။



မြန်မာနိုင်ငံရဲ့ ဥပဒေပြု လွှတ်တော်ကြီးလည်း ပြန်စပါတော့မယ်။ နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးးပွားအတွက် ဥပဒေသစ်တွေ ပြဋ္ဌာန်းမယ့်ကိစ္စ၊ တည်ဆဲဥပဒေတွေထဲက ခေတ်စနစ်နဲ့ မလျော်ညီတာတွေကို ဖျက်သိမ်းမယ့် ကိစ္စတွေ၊ တည်ဆဲဥပဒေကို ခေတ်စနစ်နဲ့ လျော်ညီအောင် ပြင်ဆင်ဖြည့်စွက်မယ့် ကိစ္စတွေအပေါ်မှာ ပြည်သူ့ကိုယ်စားလှယ် ဆိုတဲ့အတိုင်း  ရိုးသားဖြောင့်မတ် မှန်ကန်စွာ တာဝန်ထမ်းဆောင်နိုင်ကြဖို့ တိုက်တွန်း အားပေးလိုက်ပါတယ်။

တချိန်တည်းမှာ ဥပဒေဘက်တော်သား အားလုံးတို့ကလည်း တရားစီရင်ရေးမဏ္ဍိုင်ကို တရားမျှတစွာ ဖြောင့်မတ် ကြံ့ခိုင်စေပြီး ပြည်သူလူထု ထာဝရ ယုံကြည်အားကိုးနေရအောင် တာဝန်တွေ ထမ်းဆောင်နိုင်ကြဖို့ မျှော်လင့်နေပါမယ်။

လွင်အောင်စိုး
၁၇-၁ဝ-၂ဝ၁၂

....................

မြန်မာနိုင်ငံမှ စပါးကြီးမြွေ