Thursday, October 18, 2012

နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဆိုင်ရာ OIC ကိုယ်စားလှယ်ရုံးရှေ့တွင် ဆန္ဒပြကန့်ကွက်မည်။

rနှိုးဆော် ဖိတ်ကြားခြင်း။

မြန်မာနိုင်ငံတွင် အစ္စလာမ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အနေဖြင့် လာရောက်ရုံးစိုက်ရန် ကြိုးစားနေခြင်းအပေါ်လက်မခံနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဆိုင်ရာ OIC ကိုယ်စားလှယ်ရုံးရှေ့တွင် ဆန္ဒပြကန့်ကွက်သွားမည်ဖြစ်ပါသဖြင့် မြန်မာပြည်သူပြည် သားများအနေဖြင့် အမျိုးသားရေးအသိစိတ်ဓါတ်ဖြင့် ပူပေါင်းပါဝင်ကြပါရန် လေးစားစွာဖြင့်တိုက်တွန်း နှိုးဆော် ဖိတ်ကြားအပ်ပါသည်။

ပြုလုပ်မည်ရက်။ ။ ၂၀၁၂ ခု၊ အောက်တိုဘာလ (၂၀) ရက် (စနေနေ့)

အချိန်။ ။ နေ့လည် (၁း၀၀) နာရီ

နေရာ။ ။ 320 East 51st Street (Between 1st Ave and 2nd Ave), New York, NY 10022
( 6 ရထားကို စီးပါက 51st လမ်း နှင့် lexington Ave တွင်ဆင်းပြီး။ E ရထားနှင့် M ရထားများဖြင့် လာပါက 53rd လမ်း နှင့် Lexington Ave တွင်ဆင်းနိုင်ပါသည်။)

ဆက်သွယ်လိုလျှင်-

ကိုမိုးချမ်း - (646) 643 8689
ကိုလှဌေး - (347) 857 5499
ကိုတင့်ဝေ - (347) 785 2060
ကိုသန်းတင် - (843) 467 7456
ကိုခိုင်ဘခင် - (347) 488 1100

ရုံးဖွင့်ခွင့် ပြုတော့မည် မဟုတ်ကြောင်း နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ အိုအိုင်စီသို့ အကြောင်းကြား


 October 18, 2012 at 11:37 am
မြန်မာ နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ အစ္စလာမ်မစ် ပူးပေါင်းရေး အဖွဲ့(အိုအိုင်စီ) သို့ မြန်မာနိုင်ငံ၌ ရုံးဖွင့် ခွင့်ပြုတော့မည်  မဟုတ်ကြောင်း အကြောင်းကြားလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ထိုသို့ အကြောင်းကြားလာခြင်းကို အိုအိုင်စီ အတွင်းရေးမှူး Ekmeleddin Ihsanoglu က ယမန်နေ့က အတည်ပြု ပြောကြားသည်ဟု အေပီ သတင်းတွင် ဖေါ်ပြသည်။

သူက ပြောကြားရာတွင် သူတို့ထံသို့ နယ်စပ်ရေးရာ ၀န်ကြီး ဌာမှ တဆင့် အကြောင်းကြားစာ ရောက်လာခြင်း ဖြစ်ပြီး အစိုးရထံမှ တရားဝင် မဟုတ်ကြောင်း ပြောကြားသည်။

အဆိုပါ ကိစ္စကို နောက်လတွင် ကျင်းပမည့် အိုအိုင်စီ အစည်းဝေးတွင် ဆွေးနွေးမည် ဖြစ်ကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အိုအိုင်စီ ရုံးဖွင့်မည့် ကိစ္စကို မြန်မာ တ၀န်းလုံးတွင် ကန့်ကွက် ဆန္ဒပြမူများ ပေါ်ပေါက် လာသဖြင့် ပြည်သူများ၏ ဆန္ဒကို လေးစား လိုက်နာသဖြင့် ယခုလို ရုံးများ ဖွင့်လှစ်ခြင်းကို ဆက်လက် ပြုလုပ်နိုင်တော့မည် မဟုတ်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။

မြန်မာ နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် အိုအိုင်စီ ကိုယ်စားလှယ်တို့သည် မြန်မာနိုင်ငံ စစ်တွေနှင့် ရန်ကုန်မြို့တို့တွင် ရုံးများ ဖွင့်လှစ်ရန် ယခုနှစ် စက်တင်္ဘာလ ၁၁ ရက်နေ့က  သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ လက်မှတ်ရေးထိုး ပြီးနောက် မြန်မာနိုင်ငံ မြို့ကြီးများတွင် ရဟန်းတော်များမှ ဦးဆောင်ပြီး အိုအိုင်စီ ရုံးများ ဖွင့်လှစ်ရေးကို ကန့်ကွက် ဆန္ဒပြသည့် လူပ်ရှားမူများ နေ့စဉ် ရက်ဆက် ပေါ်ပေါက်ခဲ့သည်။
narinjara.com

လိုအပ်ရင်အီရန်ရေနံတွေကို ပင်လယ်ထဲဖောက်ချမယ်လို့ အီရန်ပြော




အောက်တိုဘာလ ၁၅ ရက် နေ့က လူဇင်ဘာ့ဂ်မြို့အီးယူသမဂ္ဂ ဌာနချုပ်မှာ ဥရောပသမဂ္ဂနိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေး တစ်ရပ်ကျင်းပခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးမှာ “အီရန်တို့ အနေနဲ့ အခုနှစ်အတွင်းနျူကလီး ယားအစီအစဉ်တွေကို မရပ်ဆိုင်း ပဲဆက်လုပ်နေမယ်ဆိုရင် သံခင်း တမန်ခင်းနှိုင်းဆောင်ရွက်နေတာ တွေ နိဂုံးချုပ်ပြီးတော့ စစ်ရေးအရ   ဖိအားပေးမှုတွေလုပ်ဆောင်သွားမယ်၊ အခုလောလောဆယ်လည်း ထိရောက်တဲ့ဒဏ်ခတ်ပိတ်ဆို့မှု အသစ် (Major Sanctions against Iran) တွေလုပ်မယ်လို့ ဆုံး ဖြတ်ခဲ့ကြပါတယ်။ အီးယူဟာ လောလောလတ်လတ်ငြိမ်းချမ်းရေး  နိုဗယ်ဆုရထားတဲ့ အဖွဲ့လည်းဖြစ် တယ်။
ဒီလိုဆုံးဖြတ်ချက်အပြီး နောက် တစ်နေ့မှာတော့ အီရန်တော်လှန် ရေးတပ်ပေါင်းစုစစ်ဦးစီးချုပ်မိုဟာ မက်အလီဇာဖာရီ (Mohammad Ali Jafari) က “လိုအပ်ရင်ဟော မုဇ်ရေလက်ကြားကို အီရန်ရေနံ တွေသွန်ချလိုက်မယ်”လို့ပြော ကြောင်း ဂျာမဏီနိုင်ငံထုတ်အပတ်  စဉ်သတင်းတစ်ရပ်မှာဖော်ပြထား ပါတယ်။ ဒါပေမဲ့ အတည်တော့ မပြုနိုင်သေးဘူးလို့ဆိုပါတယ်။ သို့သော် အနောက်နိုင်ငံထောက် လှမ်းရေးဌာနများကတော့ ဒါကို  အလေးထားစုံစမ်းလျက်ရှိကြောင်း  ဖော်ပြထားပါတယ်။
အလီဇာဖရီက ဒီလိုရေနံ ဖောက်ချမယ့်စစ်ရေးစီမံချက်ကို စကားဝှက် (Codewords) အဖြစ်   “ရေဆိုး” (Muddy Water) လို့ နာမည်ပေးထားတယ်လို့ဆိုပါတယ်။  တကယ်လို့သာ ဒီအစီအစဉ်အတိုင်း လုပ်ခဲ့မယ်ဆိုရင် ဟောမုဇ်ရေလက်  ကြားမှာ နိစ္စဓူဝဖြတ်သန်းသွားလာ  နေကြတဲ့ ရေနံတင်သင်္ဘောကြီး တွေအတွက် အန္တရာယ်ရှိမှာဖြစ်  သလိုပတ်ဝန်းကျင်ဘေးအန္တရာယ်  ကို ထိခိုက်နိုင်စေပြီး ဒေသတွင်း နိုင်ငံများအတွက် စိုးရိမ်စရာဖြစ် လာဖွယ်ရှိကြောင်း ရိုက်တာသတင်း  တစ်ရပ်မှာဖော်ပြထားပါတယ်။

ကျော်စိန်
hotnewsweekly.com

နန်းခင်ဇေယျာနှစ်ကိုယ်ခွဲ

FlikR က ၆ နာရီ ကျော်ခန့် အချိန်အတွင်းမှာ လေးစားစွာ တုံ့ပြန်တဲ့အနေနဲ့ နန်းခင်ဇေယျာ ကို ထပ်ပြီး မဲပေးလိုသူ များအတွက် မူလ ပုံလေးက မဲ လက်ခံနိုင်တဲ့ အများဆုံးအရေအတွက် ၁၆၇၇၇၂၁၆ ကို ကျော်လွန်သွားတာကြောင့်မူလပုံလေးကိုဘဲ နောက်ထပ် Photo ID Link တစ်ခု ထပ်ဖွင့်ပေးလိုက်ပါတယ်။

တိုက်ရိုက် ဝင်ရောက် မဲပေးနိုင်တဲ့ Link ကတော့

http://www.flickr.com/photos/64086169@N03/8098434005/in/set-72157631640709082 မှာဖြစ်ပါတယ်။

This photo was taken on October 12, 2012. 3,073,123 ရနေပါပြီ။

အများမြင်သာအောင် ကျွန်တော် ဒီပုံထဲမှာ အဝါရောင်လေး ဝိုင်းပြထားတဲ့ ပုံနှစ်ပုံထဲက အပေါ်ဖက်ပိုင်းက ပုံလေးဟာ ထပ်မဲပေးလို့မရတော့တဲ့ ပုံလေးဖြစ်ပြီး အောက်ဆုံး ညာဖက်ထောင့်က ပုံလေးကတော့ အသစ်ထပ်ဖွင့်ပေးလိုက်တဲ့ နှိပ်ပြီး မဲပေးနိုင်တဲ့ ပုံလေး ဖြစ်ပါတယ်။


 
by Myo Chit Myanmar

ပြည်ထောင်စု ဘဏ် အဆောက်အဦ ကို ဗုံးခွဲ ရန်ကြံစည် သည့် ဘင်္ဂလားဒေရှ် နိုင်ငံ သား ကို ဖမ်းဆီးရမိ

by FNG on October 18, 2012 data
နယူးယောက် ရှိ အမေရိကန် ဗဟိုဘဏ် အဆောက် အဦ ကို ဗုံးထောင် ဖောက် ခွဲ မည့် အသက် ၂၁ နှစ်
အရွယ်ရှိ ဘင်္ဂလား ဒေရှ် နိုင်ငံ သား ကာဆီ မိုဟာမက် ရဇ်ညူဝယ်(လ) အရှန် နာဖစ်  ကို လျှို့ ဝှက်
တာဝန်ထမ်းဆောင် မှု ပြု နေသည့် အမေရိကန် ပြည်တွင်းလုံခြုံရေး အဖွဲ့  ၀င်များ ၏ အကူ အညီ ဖြင့်
ဖမ်းဆီး နိုင်ခဲ့ သည် ဟု Fox သတင်း ရုပ်သံ က ထုတ် လွှင့် ခဲ့ သည်။
ပေါင် တစ်ထောင် အလေး ချိန် ရှိသည့် ဗုံး ကို  လစ်ဘာတီ လမ်း အမှတ် ၃၃ ရှိ  ဗဟိုဘဏ် အဆောက်အဦနား တွင် စနက် တံ ဖြုတ် ပြီး  ဗုံးထောင် ဖောက် ခွဲ ရန် ကြံ စည်နေ ချိန် တွင် ဖမ်းဆီး ရမိ ခြင်း ဖြစ်သည်။
နာဖစ် သည် ယခု နှစ်ဆန်း ပိုင်းက ကျောင်းသား ဗီဇာ ဖြင့် အမေရိကန် နိုင်ငံ သို့  ရောက် ရှိ လာခြင်း ဖြစ် ပြီးဇူလိုင် လ တွင် နိုင်ငံ တကာ အကြမ်း ဖက် ကွန်ယက်  အဖွဲ့  ဖြစ်သည့် အယ်(လ)ကာယီးဒါး နှင့် အဆက်အသွယ် ရရှိ ပြီးနောက် ထို အဖွဲ့  ၏ လမ်းညွှန် မှု ဖြင့် ဗဟို ဘဏ် အဆောက် အဦ  ကို ဖောက် ခွဲရန် ကြံစည်ခဲ့ ခြင်းဖြစ်သည်။
နာဖစ်သည်  ယမန် နှစ်က ယီမင် နိုင်ငံ တွင် သတ်ဖြတ် ခြင်း ခံခဲ့ ရသည့် အမေရိကန် နိုင်ငံ သား မွတ်ဆလင်အစွန်းရောက် တရား ဟောသူ အယ်(လ)၀ါလီ ကီ ၏ တပည့် ဖြစ် ပြီး ၎င်း သည် အမေရိကန် အဆင့် မြင့် အရာရှိ ကြီး များ ၊ နယူးယောက် စတော့ အိပ်ချိန်း ကို ပါ ဗုံး ခွဲရန် ကြံစည် ခဲ့ သည်။
နယူးယောက် ရှိ ကွင်း(စ) အရပ် တွင် လတ်တလော နေ ထိုင် သည့် နာဖစ်သည် မစ်ဆူရီ ပြည်နယ် တွင်း ရှိ ကောလိပ် တစ်ခု တွင် တက်ရောက် ပညာ သင်ကြား နေသူ ဖြစ်ပြီး ဗဟိုဘဏ် အဆောက် အဦး ကို ဗုံးထောင် ပြီးနောက် ၎င်း ၏ ဗန် ကား ထဲမှာ နေ၍ မိုဘိုင်း ဖုန်း ဖြင့် အဝေး ထိန်း ဖောက် ခွဲရန် စီစဉ် နေ ချိန် တွင် ဖမ်းဆီးရမိခြင်း ဖြစ်သည်။http://freedomnewsgroup.com/

video Australia's prime minister falling over a political blooper caug...



လက်ပန်တောင်းတောင်တွင် လုံခြုံရေး တာဝန်ကျများနှင့် တွေ့ဆုံခြင်း

rYangon Chronicle
ရဲရင့် တွေ့ဆုံမေးမြန်းသည်။

“ကျွန်တော်တို့ ရဲကျင့်ထုံး ဥပဒေမှာ ဒီလို ကုမ္ပဏီတစ်ခုကို ကာကွယ်စောင့်ရှောက်ဖို့ မပါဘူးဗျ”
“ ဒီမှာ ကြည့်ဗျာ ကျွန်တော်ခြေထောက်မှာ ဝဲတွေ တွေ့လားဗျ။ ကျွန်တော်တို့ မြေကြီးပေါ်မှာ အိပ်ရတာ သုံးလ ကျော်လာတော့ ဝဲစွဲနေကြပြီ”
“ကျွန်တော်တို့ကို ပစ်မိန့်ပေးလည်း ကျွန်တော်တို့ကတော့ မပစ်ပါဘူး ”


“ စစ်တပ်က ဦးပိုင်ကလူတွေရှေ့မှာ ကျွန်တော်တို့ကို မင်းတို့ သောက်သုံးမကျဘူး။ ပစ်သတ်လိုက်ရမလား။ ”
“ကျွန်တော်တို့ကို မင်းတို့ ဟိုဟာလုပ်စမ်း၊ ဒီဟာလုပ်စမ်းနဲ့ ရင့်ရင့်သီးသီးခိုင်းတယ်။ မလုပ်ဘူးဆို ရင်လည်း မင်းတို့ ပြုတ်သွားချင်လား။ လနံပတ်ပေးစမ်း။ ဘယ်အဆင့်လဲလို့ ဦးပိုင်က ဗိုလ်မှူးမျိုးဆွေ(ငြိမ်း) က အမြဲ ရင့်ရင့်သီးသီးပြောတယ်”
“ ကျွန်တော်ရဲဘက်ဆိုင်ရာ အရာရှိကြီးတွေကလည်း မှာထားတယ်။ မင်းတို့ ပြည်သူနဲ့ အဆင်ပြေအောင်နေ ပြည်သူနဲ့ ထိပ်တိုက်မတွေ့စေနဲ့။ကျွဲနွား ကျောင်းတာလောက်ကတော့ ကျောင်းကြပါစေလို့ မှာထားတယ် ”



“ အရင်တုန်းက ဦးပိုင်က တစ်ရက် သုံးထောင်ပေးတယ်။ အခု နှစ်ထောင်ပဲရတော့တယ်။ အဲဒါတောင် ကြိုပေး တာ မဟုတ်ဘူး။ ကိုယ့်ပိုက်ဆံစိုက်ထားနိုင်ရင် စိုက်၊ မစိုက်နိုင်ရင် ဆိုင်မှာ အကြွေးထားရတယ်။ ပိုက်ဆံပေး ပြန်တော့လည်း မယားငယ်ပေး ပေးတယ်ဗျာ” “ခဏဆိုပြီး လွှတ်လိုက်တာ ဒီမှာ နေရတာ သုံးလ ကျော်လာပြီ။ နောက်မှာကျန်ခဲ့တဲ့ မိသားစု ဘယ်လိုစား သောက် နေထိုင်နေရလဲ ဆိုတာလည်း မသိရဘူး” “မင်းတို့ လုံခြုံရေးအတွက် အခုချက်ချင်းထွက်ဆိုလို့ ထွက်လာရတာ။ ဘာကိစ္စမှန်းတောင် မသိရဘူး။ ဒီနေရာ ရောက်မှ ဘာလုပ်ရမလဲ သိတယ် ”



“နိုင်ငံသာ ဒီမိုကရေစီနိုင်ငံ ဖြစ်သွားပေမယ့် ကျွန်တော်တို့ ရဲတပ်ဖွဲ့အတွက် ဒီမိုကရေစီ မရသေးပါဘူး”


AZG အား ဆန့်ကျင်ဆန္ဒထုတ်ဖော်မှု စတင်

Coral Arakan News Agency

ဘင်္ဂလီ ပေးပို့လိုက်သော M 79 လောင်ချာ ၅ လက်နှင့် အခြားလက်နက်မျိုးစုံ ဖမ်းဆီးရမိ

October 17, 2012 at 12:21 pm by Arakan Review
စစ်တွေမြို့ သဲချောင်းရွာမှ ဘင်္ဂလီ မှုဆလင် များထံမှ ပေးပို့လိုက်သော M 79 လောင်ချာ ၅ လက်နှင့် အခြားလက်နက်မျိုးစုံ ဖမ်းဆီးရမိ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အောက်တိုဘာလ(၁၆)ရက်နေ့က ဘင်္ဂလီ မူဆလင်ဘာသာဝင်များနေထိုင်သော အင်ဘာလာ ရပ်ကွက်တွင် အသုဘ တခုဖြစ်ပွားခဲ့ပြီး ထိုအသုဘကို သဲချောင်းရွာရှိ ဘင်္ဂလီ မူဆလင် ဘာသာဝင်များအသုံးပြုသော သင်္ချိင်းသို့ သွားရောက်မြုပ်နှံပြီး အပြန်တွင် သဲချောင်းရွာမှ ဘင်္ဂလီ မူဆလင်ဘာသာဝင်များက ထည့်ပေးလိုက်သော M 79 လောင်ချာ ၅ လက်နှင့် အခြားလက်နက်မျိုးစုံကို ဖမ်းဆီးရရှိကြောင့် Arakan Review မှ သတင်းရရှိသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အောက်တိုဘာလ(၁၆)ရက်နေ့က ဘင်္ဂလီ မူဆလင်ဘာသာဝင်များနေထိုင်သော အင်ဘာလာ ရပ်ကွက်တွင် အသုဘ တခုဖြစ်ပွားခဲ့ပြီး ထိုအသုဘကို သဲချောင်းရွာရှိ ဘင်္ဂလီ မူဆလင် ဘာသာဝင်များအသုံးပြုသော သင်္ချိင်းသို့ သွားရောက်မြုပ်နှံပြီး အပြန်တွင် သဲချောင်းရွာမှ ဘင်္ဂလီ မူဆလင်ဘာသာဝင်များက စစ်တွေမြို့ရှိ ရခိုင်တိုင်းရင်းသားများအား အပြတ် သုတ်သင်ရန် M 79 လောင်ချာ ၅ လက်နှင့် တခြားလက်နက်မျိုးစုံကို အင်ဘာလာ ရပ်ကွက်မှ ဘင်္ဂလီ မူဆလင် ဘာသာဝင်များအတွက် အသုဘ လိုက်ပို့လာသော ကားအပြန်တွင် ထည့်ပေးလိုက်ခြင်းကို မြို့နယ်လုံခြုံရေးအတွက် အစောင့်ကျနေသော လုံထိမ်း ရဲတပ်ဖွဲ့ ၀င်တဦးမှ မြင်သော်လည်း မမြင်ဟန်ဖြင့် လွတ်ပေလိုက်သောကြောင့် တာဝန်သိ ရခိုင်ပြည်သူတဦးက စစ်တပ်သို့ ဖုံးဆက် အကြောင်းကြားခဲ့သည်ရာ စစ်တပ်မှ ထိုကားအား ဟန့်တားရှာဖွယ် စစ်ဆေးရာတွင် M 79 လောင်ချာ လက်နက် ၅ နှင့် တခြားလက်နက်မျိုးစုံကို ဖမ်းဆီးရမိကြောင်း သိရသည်။

အထက်ပါ အကြောင်းအရာနှင့်ပတ်သက်၍ အသုဘလိုက်ပို့ ရာမှပြန်လာသော ကားပေါ်မှ မသင်္ခါသူ ဘင်္ဂလီ မူဆလင်ဘာသာဝင် ၅ ဦးအား ဖမ်းဆီး စစ်ဆေးနေသည်ဟု သိရှိရသည်။

ထို့အတူ “စိန်” မုန့်တိုက်ပိုင်ရှင် ဘင်္ဂလီ မူဆလင်ဘာသာဝင်တဦး၏ အိမ်အား ဆက်လက်ရှာဖွယ် စစ်ဆေးခဲ့ရာ လက်နက်များနှင့် ထိုလက်နက်တွင် အသုံးပြုသည့် ဒုံးရှည်များအား ရှာဖွယ်တွေ့ရှိခဲ့ကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ သိရှိရသည်။

ဆက်လက်ပြီး “စိန်” မုန့်တိုက်ပိုင်ရှင်အား စစ်ဆေးမေးမြန်းရာတွင် ထိုလက်နက်များအား လုံထိမ်းတပ်ဖွဲ့မှ အရာရှိတဦးက ၀ယ်ယူပေးခြင်းဖြစ်ကြောင်းနှင့် သဲချောင်းရွာမှ ကားပေါ်တွင် တင်ပေးလိုက်သော လက်နက်များမှာ သဲချောင်းရွာမှ ဘင်္ဂလီ မူဆလင်ဘာသာဝင်တို့ ပင်လယ်ပြင်သို့ ငါးဖမ်းထွက်စဉ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အခြေစိုက်သည့် ရိုဟင်ဂျာ အကြမ်းဖက် သမားများက လက်ဆက်ကမ်းပေးလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

မိုးမိုးကျော်

http://arakanreview.net/