Friday, October 19, 2012

ကမ္ဘာ့အကြီးဆုံး စစ်ရေးလေ့ကျင့်မှုကို လေ့လာရန် မြန်မာကို အမေရိကန် ဖိတ်ခေါ်

The Voice Weekly

စစ်အင်အားကြီး အမေရိကန် အပါအ၀င် အာရှနိုင်ငံအချို့ပါဝင်သော ကမ္ဘာ့အကြီးဆုံး ‘ကော်ဘရာဂိုး’ စစ်ရေးလေ့ကျင့်မှု ကို လေ့လာရန် မြန်မာနိုင်ငံ အမေရိကန်ပြည်ထောင်စုက ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ကော်ဘရာဂိုးလ် စစ်ရေးလေ့ကျင့်မှုကို အမေရိကန် စစ်သားတစ်သောင်းကျော် အပါအ၀င် ထိုင်းနှင့် အခြားအာရှနိုင်ငံများမှ နှစ်စဉ်ပူးတွဲ ပြုလုပ်လေ့ရှိသည်။

ယင်းသည် ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်ရေးအရ ဆက်ဆံမှုဖြတ်တောက်ပြီးနောက်ပိုင်း အမေရိကန်နှင့် မြန်မာ စစ်ရေးပူးတွဲ ဆောင်ရွက်ရန် ပထမဆုံးအဆင့် ခြေလှမ်းဖြစ်ကြောင်း Reuters သတင်းက ဆိုသည်။

တစ်ချိန်ကပြည်ခိုင်ဖြိုးနှင့် ယခုအခြေအနေလွဲနေဟု ဦးခင်ညွန့်ပြော

Ponnya Swe

သမ္မတကြီးကို မဝေဖန်ထိုက်ကြောင်း၊ တစ်ချိန်ကပြည်ခိုင်ဖြိုးနှင့် ယခုအခြေအနေလွဲနေဟု ဗဟိုနာယကအဖွဲ့ဝင်ဟောင်း
ဦးခင်ညွန့်ပြောကြားခဲ့.....
Myanmar Tandawsint

သမ္မတဦးသိန်းစိန်ကို ဝေဖန်ခဲ့သည့် ပြည်ခိုင်ဖြိုးဗဟိုအလုပ်မှုဆောင်တစ်ဦးနှင့်စပ်လျဉ်း၍ တစ်ချိန်ကပြည်ခိုင်ဖြိုး စတင်ဖွဲ့စဉ်က အဓိကပါဝင်ခဲ့သည့် ဗဟိုနာယကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် ဇူလိုင် ၂၉ ရက်က မြန်မာသံတော်ဆင့်နှင့်တွေ့ ဆုံမေးမြန်းစဉ်ပြောကြားခဲ့သည်။

““သမ္မတကြီးကို သူမဝေဖန် ထိုက်ဘူးလေ။ သမ္မတက လုပ်ပိုင်ခွင့်ရှိတယ်လေ။ လုပ်ပိုင်ခွင့်ထဲမှာ သူလုပ်သွားတာ။ သမ္မတက တိုင်းပြည်ရဲ့ အရေးကိစ္စ၊ ပြည်သူတွေရဲ့ လိုလားချက်ကို ကြည့်ပြီးတော့မှ တကယ်လိုအပ်ချက်အတိုင်း လုပ်မှာပဲ။ တစ်ယောက်တည်း မဆုံးဖြတ်ပါဘူး။ တိုင်ပင်ဦးမှာပဲ။ တိုင်ပင်ရမယ့် ပုဂ္ဂိုလ်တွေနဲ့တိုင်ပင်ပြီးမှ ဆုံးဖြတ်တာ၊ သမ္မတကြီးဆုံး ဖြတ်တာကို ပြည်သူတွေကအမှန်လို့ပဲ ခံယူတယ်။ အဘလည်း သမ္မတဆုံးဖြတ်တာကို အမှန်ပဲလို့ခံယူတယ်”” ဟု ဦးခင်ညွန့်ကပြောသည်။

ပြည်ခိုင်ဖြိုးနှင့်ပတ်သက်၍လည်း တစ်ချိန်တုန်းက ဗဟိုနာယကကြီးအဖြစ် ပါဝင်ခဲ့ကြောင်း၊ ထိုစဉ်က ရည်ရွယ်ချက်ထားရှိခဲ့သည့်လမ်းကြောင်း၊ အယူအဆစေတနာနှင့်ပတ်သက်၍မေးမြန်းခဲ့ရာ “အခုတော့ လွဲနေပြီ အဲဒါပဲ” ဟူ၍ ပြန်လည်ဖြေကြားပေးခဲ့သည်။

ဗိုလ်ချုပ်ကြီးခင်ညွန့်သည် ယခင်က တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူး၊ န၀တ အတွင်းရေးမှူး(၁)၊ ပြည်ခိုင်ဖြိုးအသင်းဗဟိုနာယက အဖွဲ့ဝင်တာဝန်များ ထမ်းဆောင်ခဲ့ပြီး နယက အစိုးရလက်ထက်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ ၃ ဦးမှာ ထိပ်ပိုင်းခေါင်း ဆောင် ၃ဦးအဖြစ် နိုင်ငံရေးနယ်ပယ်၌ ထင်ရှားခဲ့ဖူးသည်။

အာဏာရပါတီအတွင်း ကွဲလွဲမှုကြီးထွားလာ




19 October 2012

(The Financial Times မှ 17 Oct 2012 ရက်စွဲပါ “Unrest grows in Myanmar’s ruling party” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

တစ်ချိန်က တန်ခိုးထွားခဲ့သော အာဏာရ ပြည်ခိုင်ဖြိုး ပါတီအတွင်း မငြိမ်သက်မှုများ ကြီးထွားလာခြင်းကြောင့် သမ္မတကို ထောက်ခံကြ သူများနှင့် သမ္မတ၏ ပြုပြင်ပြောင်းလဲမှုများသည် ဒေါ်အောင်ဆန်းစုကြည်အား စင်ပေါ်ရောက် လာစေသည်ဟု အပြစ်တင်သူ ခေတ်နောက်ပြန်ဆွဲ သမားများအြ
ကား ပါ တီတွင်း အကွဲအပြဲ ဖြစ်နေပြီဟူသော ပြောဆိုမှုများ ထွက်ပေါ်လာသည်။

ယင်းကဲ့သို့ ပါတီတွင်း မကျေမနပ် ပြောဆိုကန့်ကွက်မှုများကို ပါတီဥက္ကဌအဖြစ် ဦးသိန်းစိန် ပြည်လည်အရွေးခံရသည့် ကိစ္စက အစပျိုး ပေးလိုက်ပုံ ရသည်။

ယခင်နှစ် မတ်လ အာဏာရယူချိန်တွင် ပါတီဥက္ကဌတာဝန်ကို စွန့်လွှတ်ခဲ့သော သမ္မတဦးသိန်းစိန်အား အင်္ဂါနေ့က ဥက္ကဌအဖြစ် ပြန်လည်ရွေးချယ်ခဲ့ ခြင်း အပေါ် ၎င်းပါတီအတွင်းမှ လူများစုပင် အံအားသင့် သွားခဲ့ကြသည်။

ပါတီဥက္ကဌနေရာကို ၂၀၁၅ သမ္မတ ရွေးကောက်ပွဲအတွက် အလားအလာေ

ကာင်းသူ အောက်လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ရရှိလိမ့်မည်ဟု အ များစုက မျှော်လင့်ထားကြသည်။ သို့ရာတွင် ရန်ကုန်မှ အကဲခတ် လေ့လာသူများကမူ “ယခုကဲ့သို့ ဦးသိန်းစိန်ကို ပြန်လည်ရွေးချယ်ခဲ့ခြင်းသည် အာဏာရှင် စစ်အုပ်ချုပ်ရေး စနစ် ဟောင်း၏ လက်ကျန်နိုင်ငံရေး ယန္တရားကို နောက်ဆုံးထပ်မံ ပြင်ဆင်လိုက်သည့် ဆောင်ရွက်ချက်တစ်ခု ဖြစ်သည်”ဟု ရှုမြင်ကြသည်။

အာဏာရှင် အသိုင်းအဝိုင်းနှင့် တပ်မတော်ကို ကိုယ်စားပြုသူအဖြစ် သတ်မှတ်ခြင်း ခံထားရသော ပြည်ခိုင်ဖြိုး ပါတီသည် တစ်ချိန်က ပါတီဝင် ၁၅ သန်းကျော်ရှိခဲ့ပြီး၊ လွှတ်တော်တွင်း၌လည်း တပ်မတော်သား အမတ်များမှအပ ကျန်နေရာ အများစုကို ထိန်းချုပ်ထားဆဲ ပင်ဖြစ်သည်။

သို့သော် သမ္မတဦးသိန်းစိန်လက်ထက် သိသာသော အပြောင်းအလဲများက ပါတီကိုယိမ်းယိုင် သွားစေခဲ့သည်။ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ တွင် နောက်ကောက်ကျ ရှုံးနိမ့်မှုအပေါ် ပါတီဝင် အများစုမှာ ယခုတိုင် တုန်လှုပ်နေဆဲဖြစ်သည်။

ထို့အပြင် ယခင်ခရိုနီ သူဌေးကြီးများက NLD ပါတီနှင့်အခြားအဖွဲ့အစည်းများထံ ပြောင်းလဲလှူဒါန်း နေကြသောကြောင့် ပြည်ခိုင်ဖြိုး ပါတီ၏ ရန် ပုံ ငွေ ရလမ်းများ ခမ်းခြောက်လာနေပြီ ဖြစ်သည်။ အကြီးတန်း ပါတီဝင်များသည်လည်း နိုင်ငံရေးရာထူး၊ အစိုးရ ကန်ထရိုက်နှင့် စီးပွားရေး ခွင်များကို နောက် ထပ်မရနိုင် ကြတော့ပါ။

၃ရက်ကြာ ပါတီညီလာခံတွင် ရွေးကောက်ပွဲ မဟာဗျူဟာကို ဆွေးနွေးကြခြင်းသည် တစ်ချိန်က တန်ခိုးထွား ပါတီအတွင်း တစ်ငွေ့ငွေ့ လောင်နေ သော ပြဿနာဖွဲ့ မီးရှိကြောင်း ထင်ဟပ်နေသည်ဟု အတွင်းသတင်းများက ဆိုသည်။

ညီလာခံ ကျင်းပရာနေရာ အဝန်းအဝိုင်းတွင် တီးတိုးပြောဆိုကြသော အကြောင်းအရာ များထဲတွင် အချို့က ခွဲထွက်၍ ပါတီထောင်ချင်ကြသော ကိစ္စလည်း ပါဝင်သည်ဟု သိရှိရသည်။

“ကြားဖြတ်ရွေးကောက်ပွဲအပြီး ပထမဆုံး စုဝေးတဲ့ ညီလာခံဟာ များသောအားဖြင့် အခက်တွေ့ တတ်ပါတယ်။ အဆင်မပြေ တာမျိုးတောင် ရှိတတ် တယ်။ ဒါပေမယ့် ဒီလိုအဖြေ ရလာဒ်မျိုးကို မျှော်လင့်ထားသူ အနည်းငယ်ပဲရှိပါတယ်” ဟု ရန်ကုန်အခြေစိုက် သံတမန် တစ်ဦးက ပြောကြားသည်။

လုပ်ငန်းများကို ကိုင်တွယ်ရန် ယာယီဥက္ကဌအဖြစ် တာဝန်ပေးသည်။ အောက်လွှတ်တော် ဥက္ကဋ္ဌသည် ပါတီဒုတိယ ဥက္ကဋ္ဌ ၃ဦးထဲမှ တစ်ဦးအဖြစ် ပြန်လည် အရွေးခံရသည်။

အကဲခတ် လေ့လာသူများ၏ အဆိုအရ ပါတီ၏ ယိမ်းယိုင်မှု မှန်သမျှသည် ဦးသိန်းစိန်အပေါ် ဖိအားပိုမို ကျရောက်စေခြင်းဖြင့် ပြုပြင် ပြောင်း လဲ ရေး ဖြစ်စဉ်ကို ရှုတ်ထွေးစေနိုင်သည်ဟု သိရှိရသည်။ ရန်ကုန်မှ အကဲခတ် လေ့လာသူ တစ်ဦးက “ဦးသိန်းစိန်ဟာ ပြည်ခိုင်ဖြိုး ပါတီထဲမှာ အာဏာတည်ဆောက် နေတုန်းလို့ ထုတ်ဖော်ပြသ နေပေမယ့် ပါတီသစ် ခွဲထောင်မယ့်လှုပ်ရှားမှုမှန်သမျှဟာလွှတ်တော်မှာကော ရွေးကောက်ပွဲမှာပါဆန္ဒမဲအင်အား ပြန့်ကျဲသွား စေ နိုင်ပါတယ်” ဟု ပြောကြားသည်။

အချို့ကမူ ပါတီနှစ်ခြမ်းကွဲစေမည့် ကိစ္စသည် ပုဂ္ဂိုလ်ရေး အကြောင်းအရင်းများကြောင့် ဖြစ်ပေါ်လာသည်ဟု ဆိုကြသည်။ ဦးသိန်းစိန်ကဲ့သို့သော ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သူ သူရဦးရွှေမန်းကို သစ္စာခံသူ နောက်လိုက်များရှိ သည်။ ဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့နှစ်ဦးစလုံး သည်လည်းအာဏာရှင် အကြီးအကဲ ဟောင်း၏ သစ္စာခံများ ဖြစ်ကြသည်။

ဖိနှိပ်သော အဏာရှင် တပ်မတော် အစိုးရ အဖွဲ့တွင် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့ကြပြီး အချိန်တွင် ၎င်းတို့နှစ်ဦးသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း များကိုစတင် အကောင်အထည်ဖော်ရန် ဆန္ဒပြင်းပြ နေကြသည်။

ဝန်ထမ်းလစာ ကိစ္စအပါအဝင် မူဝါဒနှင့် ဥပဒေပြုရေး တွင်ဝိရောဓိများ ရှိနေသော်လည်း အပေါ်ယံဆက်ဆံရေး ချောမွေ့အောင် ထိန်းသိမ်းနေကြ ခြင်းက ပြိုင်ဆိုင်မှု ကြီးထွားနေကြောင်း ထင်မြင်ယူဆမှုကို ဖြစ်ပေါ်စေသည်။

“ဦးသိန်းစိန်က ဦးရွှေမန်းအား ပါတီယာယီ ဥက္ကဋ္ဌ နေရာပေးခဲ့သော အကြောင်းအရင်းမှာ အိမ်ထဲမှ ထွက်မသွားအောင် ထိန်းသိမ်းရန် ဖြစ်သည်။ လောလောဆယ် တစ်ဦးကိုတစ်ဦး အပြန်အလှန် လိုအပ်နေကြသည်”ဟု သံတမန် တစ်ဦးက မှတ်ချက်ပေးသည်။

မည်သို့ပင်ဖြစ်စေ ပြည်ခိုင်ဖြိုး ပါတီအပေါ် အဓိက ခြိမ်းခြောက်မှုမှာ ဒေါ်အောင်ဆန်းစုကြည်သာလျှင် ဖြစ်သည်ဟု ဆိုကြသည်။ သို့သော် ဒေါ် အောင်ဆန်းစုကြည်၏ သားနှစ်ဦးနှင့် ကွယ်လွန်သူ ခင်ပွန်းတို့မှာ ပြည်ပနိုင်ငံသားများ ဖြစ်သောကြောင့် အခြေခံ ဥပဒေအရ သမ္မတ လမ်းကြောင်းတွင် အ တားအဆီး ဖြစ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှုများ ၂၀၁၅မတိုင်ခင် မအောင်မြင်သည့်တိုင်အောင် သူမ၏ NLDပါတီမှာမူ အင် အားကြီးပါတီ ဖြစ်သွားပါလိမ့်မည်။ လွှတ်တော်အမတ် တစ်ဦးက “ခင်ဗျား ဘာတွေတွေ့လာ နိုင်သလဲဆိုတော့ ပြည်ခိုင်ဖြိုးပါတီထဲက အခွင့်အလမ်းတွေ လက် မလွှတ် ချင်သူတွေရဲ့ အံ့သြဖွယ် အယူအဆတွေ၊ အခွင့်အလမ်း မဆုံးရှုံးအောင် ကြိုးပမ်းမှုတွေပေါ့။ ဒါမှမဟုတ် ဦးရွှေမန်းက ကိုယ်ပိုင်ပါတီ ထောင်တာမျိုး ပေါ့။ ဘာမဆို ဖြစ်လာနိုင်ပါတယ်”ဟု သုံးသပ်ပြောကြားသည်။

Yangon chronicle

ကမ္ဘာ့အသက်ကြီးဆုံးအဘွားအိုထက် ၂ နှစ်ပိုကြီးသူ မြန်မာနိုင်ငံမှ အဘွားဒေါ်မြကြည်

Patricia Lun Lun

WHAT???? AMAZING !!!!! ( Pls SHARE )
This is an old old woman from MYANMAR ..
She is TWO YEARS OLDER than Besse Cooper , turn into 116 Years Old on 26th August , who was recorded at World Guinness Record ..
Name : Daw Mya Kyi.
Age: 118 Years Old
-----------------------------------------------------------------------------
ကမ္ဘာ့အသက်ကြီးဆုံးအဘွားအိုထက် ၂ နှစ်ပိုကြီးသူ မြန်မာနိုင်ငံမှ အဘွားဒေါ်မြကြည်(လက်ဆင့်ကမ်း Share ပေးပါရန်)

လက်ရှိကမ္ဘာ့အသက်ကြီးဆုံးအဘွားအိုမှာ အသက် ၁၁၆ နှစ် ၅၁ ရက် အရွယ်ရှိ အမေရိကန်နိုင်ငံသူ Besse Cooper ဖြစ်ပြီး ၁၈၉၆ သြဂုတ်လ ၂၆ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံသူ အဘွားအို ဒေါ်မြကြည်မှာ အသက် ၁၁၈ နှစ် ရှိနေပြီး အသက်ကြီးဆုံး အဘွားအိုထက် ၂ နှစ်ခန့်ကြီးနေကြောင်းသိရှိရသည်။ အဆိုပါ အဘွားဒေါ်မြကြည်ကို ဂရင်းနစ်စာရင်းဝင်ရန် မြန်မာနိုင်ငံမှ Online သုံးစွဲသူများမှ ကြိုးပမ်းနေကြောင်း သတင်းရရှိသည်။

အမေရိကန်စစ်စခမ်းအတွက် မြေငှားရမ်းမည်လား



အရှေ့တောင်အာရှဒေသမှာ အကြမ်းဖက်အစွန်းရောက်တွေက ဒီမိုကရေစီစနစ်ဆီသို
့ကူးပြောင်းနေသော နိုင်ငံများကို အကြီးအကျယ် ထိခိုက်စေသည် ။
၎င်းတိုင်းပြည်များက ဒီမိုကရေစီနိုင်ငံများနှင့် ဆက်သွယ်ပြီး
ပူးပေါင်းဆောင်ရွက်လိုမှုသာ ရှိဖို့ လိုသည် ။ တကမ္ဘာလုံးရှိ နိုင်ငံများက
အကြမ်းဖက်အစွန်းရောက်အဖွဲ့ အစည်းများ နိုင်ငံများကို လက်တွဲ
တိုက်ခိုက်ပါဝင်ရန်လိုသည်ဟု အမေရိကနိုင်ငံခြားရေးဝန်ကြီးက စက်တင်ဘာလ-၂၄
-ရက်နေ့  -Clinton   Global Intiative - အစည်းအဝေးတွင်  နယူးယောက်မြို့ ၌
ထုတ်ဖေါ်ပြောဆိုသွားသည် ။ အရှေ့တောင်အာရှဒေသမှာ
မြောက်ကိုးရီးယားနိုင်ငံနှင့် မွတ်ဆလင်ဘာသာဝင် အကြမ်းဖက်တွေ၏
ပဋိပက္ခများကို ရည်ညွှန်းပြောဆိုသွားခြင်းဖြစ်
သည် ။
မြောက်ကိုးရီးယားနိုင်ငံမှာ ကွန်မြူနစ်နိုင်ငံဖြစ်ပြီး
အမေရိကပြည်ထောင်စုနှင့် လုံးဝဥအဆင်မပြေသော နိုင်ငံဖြစ်သည် ။ ထို့ ကြောင့်
မြောက်ကိုးရီးယားနိုင်ငံ၏ ညူကလီးယား စက်ရုံထုတ်လုပ်နေခြင်ျးနှင့် ပတ်သက်၍
အငြင်းပွါးနေခြင်းဖြစ်သည် ။
     ယခုအချိန်တွင် အမေရိကပြည်ထောင်စုနှင့် မြန်မာနိုင်ငံက
ေ၇ွှလမ်းငွေလမ်း ဖေါက်နေကြပြီ ။ ယခင်က မေးထူးခေါ်ပြောအဆင့်မရှိသော
နိုင်ငံအချင်းချင်း ခေါ်ပြောနုတ်ဆက်နေကြပြီ ။ သမ္မတ ဦးသိန်းစိန်ကလည်း
နယူးယောက်မြို့ သို့  ဂုဏ်သိက္ခာရှိစွာနှင့် လာရောက်နိုင်ခဲ့ သလို
ဆန္ဒပြကြမည့် ဒီမိုကရေစီအတိုက်အခံအင်အားစုတို့ ၏ ရန်မှလည်း ကင်းကွာခဲ့ သည်
။ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းသည်ပင် ဒီမိုကရေစီအတိုက်အခံများနှင့်
လူထုတွေ့ ဆုံပွဲတွင် လက်ဆွဲ နုတ်ဆက် ရင်းရင်းနှီးနှီး
ချစ်ခင်ပွင့်လင်းစွာ ဆွေးနွေးခွင့် ရရှိခဲ့ သည် ။
ယခင်ကမျဉ်းပြိုင်များအဖြစ် ခရီးနှင်ခဲ့ သောသူအချင်းချင်း ယင်းသို့ တွေ
့ဆုံပွဲကား သမ္မတဦးသိန်းစိန်အစိုးရ၏ ကြီးမားသော နိုင်ငံရေးအမြတ်တခု
ရရှိခဲ့ ခြင်းဖြစ်သွားသည် ။  စင်စစ် ၀န်ကြီး ဦးစိုးသိန်း၏ လူထုတွေ
့ဆုံပွဲမှာ နယူးယောက်မြို့ နေ မြန်မာ့ကွန်မြူနီတီမှ မြို့ ခံမြို့ မိမြို
့ဖများကို ဂါရ၀ပြုကာ တွေ့ ဆုံပွဲဖြစ်ရာ သူတို့ ၏
နိုင်ငံရေးစည်းရုံးရေးကား အောင်မြင်သွားသည်ဟု ပြောလျှင် ရနိုင်လောက်ပါသည်
။ ၀န်ကြီးဦးစိုးသိန်း၏ လူထုတွေ့ ဆုံပွဲသို့  မတက်ရောက်နိုင်ခဲ့ သော
ကဗျာဆရာကြီး ( ဦး ) မောင်စွမ်းရည်နေအိမ်သို့  ၀န်ကြီး ဦးစိုးသိန်း ၊
မြန်မာသံအမတ်ကြီး ဦးသန်းဆွေ ၊ သံအဖွဲ့ ဝင်  ဦးအောင်ကျော်ဇံတို့ မှ
ဂါရ၀ပြု အိမ်တိုင်လာရောက် နုတ်ဆက်ကန်တော့လာခဲ့ သေးသည် ။
      တချိန်တည်းမှာပင် အမေရိကပြည်ထောင်စုမှလည်း
ရင်းနှီးမြုပ်နှံမှူဆိုင်ရာများအပါအ၀င် အစိုးရတရပ်အပေါ်
ရှိသင့်ရှိထိုက်သော ဂုဏ်သရေများကို အဖတ်ဆယ်ပေးကာ အခြားနိုင်ငံများနှင့်
တန်းတူအခွင့်အရေးများကို လိုက်လျောပေးခဲ့ သည် ။ ဤသည်မှာ ယခုလက်ရှိ
သမ္မတဦးသိန်း၏ ကြိုးပမ်းစွမ်းဆောင်မှုများဟု သတ်မှတ်ကြပြီး
သမ္မတဦးသိန်းစိန်မှလည်း ဒေါ်အောင်ဆန်းစုကြည်၏
လွှတ်တော်ထဲပါဝင်လာမှုကြောင့်ပါဟု တခုပ်တရ ပြောဆိုဂုဏ်ပြုသွားသည် ။
ကျေးဇူးတော်ခံ ကျေးဇူးတင်စားသူများအချင်းချင်း ကျွန်းကိုင်းမှီ
ကိုင်းကျွန်းမှီဖြစ်နေရာ မည်သို့ ပင်ဆိုစေ အမေရိပြည်ထောင်စုသည်
ယခုဦးသိန်းစိန်၏ စစ်နံ့ မစင်သေးသော ဒီမိုကရေစီအရပ်သားအစိုးရအပေါ်ကို
အကောင်းမြင်သဘောမျိုးဖြင့် ဆက်ဆံလာနေသည် ။ လောလောဆယ်ဆယ်
မြန်မာနိုင်ငံတွင် အဖွဲ့ ဝင်ပေါင်း ( ၂၂ ) ဦးပါသော အမေရိကပြည်ထောင်စုမှ
အစိုးရတာဝန်ရှိသူများမှာ နေပြည်တော်၌ အစိုးရနှင့် လက်ပွန်းတတီး
ဆွေးနွေးနေပြီဖြစ်သည် ။ အမေရိကပြည်ထောင်စုဖက်မှလည်း ယခုတွေ
့ဆုံဆွေးနွေးမှုမှာ တိုးတက်ကောင်းမွန်သောအဆင့်ဖြစ်သည်ဟု သုံးသပ်ကာ လူ
့အခွင့်အရေးချိုးဖေါက်မှုများကိုလည်း ဆွေးနွေးနိုင်ကြသည်ဟုဆိုသည် ။
     အမေရိကပြည်ထောင်စုသည် မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှ၌
စီးပွါးရေးမြုပ်နှံမှု၌ အချက်အချာ ကျနေသော နိုင်ငံမဟုတ် ။
တရုပ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံသည်သာ မြန်မာနိုင်ငံနှင့်
စီးပွါးရင်းနှီးမြုပ်နှံမှုများ၌ အာရှကျားအဖြစ် ရှိနေသည် ။ သို့ သော်
အမေရိကပြည်ထောင်စုသည် အရှေ့အာရှ ပစိဖိတ်ဒေသများတွင် ဒေသဆိုင်ရာ
အာဏာချိန်ညှိထားရန်အတွက် စစ်စခမ်းများကို ဖွင့်လှစ်ထားလျှက်ရှိသည် ။
တချိန်တည်းမှာပင် အရှေ့တောင် အာရှနိုင်ငံများနှင့်
စစ်ရေးပူးပေါင်းလေ့ကျင့်မှုများကိုလည်း ပြုလုပ်လျှက် ရှိသည် ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ-ပါကစ္စတန်နိုင်ငံ-အိန္ဒိယနိုင်ငံတို့ နှင့်
စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ ပြီးဖြစ်သည် ။ မြန်မာနိုင်ငံနှင့်မူ
မပြုလုပ်သေးရပေ ။ နေပြည်တော်သို့ ရောက်ရှိနေသော အမေရိကပြည်ထောင်စု
ကာကွယ်ရေးဝန်ကြီးဋ္ဌါန အရှေ့အာရှဆိုင်ရာ လက်ထောက်ကာကွယ်ရေးဝန်ကြီး
ဗစ်ကရမ်ဆင်း ( VIKARM SINGH ) ၊ ပစိဖိတ်ဒေသ စစ်ဦးစီးဦးမှူး
ဒုဗိုလ်ချုပ်ကြီး ဖရန်စစ် ၀ီယာစင်စကီ ( FRANCIS WIERCINSK ) တို့ သည်
မြန်မာနိုင်ငံအစိုးရမှ တာဝန်ရှိသူများနှင့် ကာကွယ်ရေးဆိုင်ရာ
စီမံချက်များကို ဆွေးနွေးကြသည်ဟု သိရသည် ။
       အမေရိပြည်ထောင်စုက မြန်မာနိုင်ငံနှင့် အလွမ်းသင့်လာလျှင်
တရုပ်နိုင်ငံအစိုးရသည် သူ၏ စီးပွါးရေးကို ထိခိုက်လေမည်လားဆိုပြီး
ထာဝစဉ်တွေးပူသော နိုင်ငံဖြစ်ရာ ခြေမြုပ်ထားပြီးဖြစ်သော သူ၏
စီးပွါးရေးဂွင်များကို အပျက်အစီး မခံရအောင် မြန်မာအစိုးရအား တဖက်မှ
ခြိမ်းခြောက်နေလောက်ပြီဖြစ်သည် ။  မြစ်ဆုံ-လပ်ပံတောင်းတောင် -ပြီးတော့
ရခိုင်ပြည်နယ်မှ သဘာဝဓါတ်ငွေ့ ထုတ်လုပ်မှုများသည် တရုပ်နိုင်ငံအတွက်
အကြီးမားဆုံး စီးပွါးရေးအချက်အချာဖြစ်ရာ ဤဂွင်များကို
မြန်မာနိုင်ငံသားတို့ က ရိုက်ချိုးနိုင်ဖို့ လိုသည် ။ ယခုအချိန်တွင်
ပြည်သူတို့ ၏ သဘောမတူမှုကြောင့် -အစ္စလမ်မစ်အဖွဲ့ ချုပ်-OIC- ကို
ပြည်တွင်း၌ ရုံးခမ်းဖွင့်လှစ်ခွင့်မပြုဟု ကြေညာထားပြီးဖြစ်သည် ။ ထို
့ကြောင့် သမ္မတဦးသိန်းစိန်သည် မြစ်ဆုံနှင့် -OIC- ကို ဖယ်ရှားလိုက်သလို
လက်ပံတောင်းတောင် -သဘာဝဓါတ်ငွေ့  တူးဖေါ်မှုများကိုလည်း ဖယ်ရှားလာရေးအတွက်
ပြည်သူများ ညီညွတ်ပြရန်လိုသေးသည် ။ တရုပ်နိုင်ငံနှင့်
စီးပွါးရေးစာချုပ်ချုပ်ဆိုထားခဲ့ သောကြောင့် ပြည်သူများ ဆင်းရဲဒုက္ခ
အတိရောက်ကြရပြီး စစ်အစိုးးရ၏ စစ်အာဏာရှင် တစုနှင့် ခရိုနီတစုတို့ သာ
ကောင်းစားမှုကို ယခုအချိန်တွင် ပြည်သူတရပ်လုံး လက်တွဲ ကြရမည်ဖြစ်သည် ။
      အခြားတဖက်မှာ အမေရိကပြည်ထောင်စုနှင့် စီးပွါးရေးစာချုပ်များ
ချုပ်ဆိုပြီး ပြုလုပ်ခဲ့ လျှင်ကော တရုပ်နိုင်ငံနှင့် ဆောင်ရွက်ခဲ့ သည်ထက်
အကျိုးကျေးဇူးများ ရှိလေမလားဆိုသည်ကိုလည်း ဆန်းစစ်ဝေဖန်
သုံးသပ်ကြည့်ရန်လိုလာပြီဖြစ်သည် ။ သာမန်အားဖြင့်ကြည့်လျှင်
အမေရိကပြည်ထောင်စုသည် တရုပ်နိုင်ငံလောက် စီးပွါးရေးလောဘ၌ လူ
့အခွင့်အရေးချိုးဖေါက်မှုများ နည်းပါးကင်းဝေးမည့် နိုင်ငံရေးစနစ်ကို
အခြေခံသောနိုင်ငံဖြစ်သည် ။ ပြီးတော့ အမေရိကပြည်ထောင်စု၏ စစ်စခမ်းများကို
အရှေ့တောင်အာရှဒေသ၌ ထားရှိခြင်းဖြင့် သူတို့ ၏ နယ်မြေဒေသများ စီးပွါးရေး
နှင့် တိုးတက်ငြိမ်ချမ်းမှုလည်း ရှိနေသည်ကို သိသာနိုင်သည် ။
ဥပမာအားဖြင့် မြောက်ကိုးရီးယားနိုင်ငံသည် တောင်ကိုးရီးယားနိုင်ငံကို
စစ်မက်ရေးရာပြသနာများဖြင့် ကိုင်တွယ်မည်ဆိုသည်နှင့် တောင်ကိုးရီးယားတွင်
အမေရိကစစ်စခမ်းများဖွင့်လှစ်ထားသောကြောင့် နယ်မြေတလက်မမျှ
မကျူးကျော်နိုင်ချေ ။ ထို့ ကြောင့် အမေရိကပြည်ထောင်စု
နိုင်ငံခြားရေးဝန်ကြီး မစ္စ်ဟီလာရီ ကလင်တန်ပြောသလို တကယ်အလုပ်ဖြစ်နေသော
ဒီမိုကရေစီနိုင်ငံများနှင့် လက်တွဲ ဆောင်ရွက်ရန်လိုပါက
ပြုပြင်ပြောင်းလဲလာသော နိုင်ငံများအနေဖြင့် ယခုအချိန်တွင် လက်တွဲ
ပါဝင်ရန်လိုသည်ဟု ပြောဆိုထားသည် ။  ဆိုရလျှင် အကြမ်းဖက်
မွတ်ဆလင်ဘာသာဝင်များ၏ အကြီးကျယ်ဆုံးစိန်ခေါ်မှုနှင့် ရင်ဆိုင်ပြီး
ခြိမ်းခြောက်ခံနေရသော အမေရိကပြည်ထောင်စုနှင့် လာမည့်အနာဂါတ်တွင်
အကြမ်းဖက်သမားတို့ ၏ ခြိမ်းခြောက်မှုကို ခံရနိုင်ဘွယ် ရှိသော
မြန်မာနိုင်ငံကာကွယ်ရေးပြသနာမှာ စဉ်းစားတွေးတော စရာဖြစ်လာသည် ။ မည်သို
့ပင်ဆိုစေ နေပြည်တော်တွင် အမေရိကပြည်ထောင်စုမှ စစ်ဖက်ဆိုင်ရာ
ကာကွယ်ရေးဝန်ကြီးတို့ နှင့် မျက်နာချင်းဆိုင် တွေ့ ဆုံဆွေးနွေးချိန်တွင်
အမေရိကန် စစ်ခမ်းဖွင့်လှစ်ရန်အတွက် မြေနေရာ ငှားရမ်းပြီး
စစ်စခမ်းဖွင့်လှစ်ခွင့်ပေးနိုင်ရန် တိုင်ပင်ဆွေးနွေးသင့်သည် ။
၎င်းသည်လည်း ရခိုင်ပြည်နယ်မှာ မြေ ငှားရမ်းဖို့ သာဖြစ်မှ အနာဂါတ်
ဘင်္ဂလီခေါ်တောကုလားတို့ ၏ မြန်မာနိုင်ငံကို ဘာသာရေး
နယ်မြေကျူးကျော်မှုရန်မှ ကာကွယ်ပေးရန် ဖြစ်မြောက်လိမ့်မည်ဖြစ်ပါကြောင်
ရေးသားလိုက်ရပါသည် ။။။။

ကျော်ခဏ်းနွယ်

စာပေးစာယူလွှတ်တော်

Popular Myanmar News Journal

"ကိုယ်စားလှယ်တို့၏မေးခွန်းများ စာဖြင့်ဖြေကြားခြင်းကို မလိုလားဟုဆို"

လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသည့် မေးခွန်းကို အစိုးရ၀န်ကြီးဌာ နများမှ ကိုယ်တိုင်လာရောက်ဖြေကြားခြင်းမရှိဘဲ စာဖြင့်ပေးပို့ ဖြေကြားခြင်းကို
ကိုယ်စားလှယ် အချို့ ကြုံတွေ့နေရကြောင်းသိရသည်။" ကျနော်တို့မေးတဲ့ မေးခွန်းဟာ ကိုယ့်အတွက် မေးနေတာမဟုတ်ပါဘူး၊ဒေသခံ ပြည်သူတွေ အတွက်
လိုအပ်လို့ မေးတာပါ ၊အကျယ်တ၀င့် မဖြေဘဲ စာနဲ့ရေးဖြေလာတာကို မလိုလားပါဘူး၊ ရုပ်သံတွေ မီဒီယာတွေကတဆင့် ကြည့်နိုင်ဖတ်နိုင်မှ အဆင်ပြေမှာပါ၊ခုဆိုရင်
စိုက်ပျိုးရာသီပြန်ရောက်နေလို့ အရေးကြီးလို့မေးရတာပါ"
ဟု ဒိုက်ဦးမဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဆွေက ယနေ့တွင်ပြောသည်။
ယင်းကဲ့သို့စာဖြင့်ဖြေကြားသော မေးခွန်းအချို့သည် လွှတ်တော်မှ သတ်မှတ်ထားသော ကြယ်ပွင့်ပြမေးခွန်းများပါဝင်ကြောင်းသိရသည်။
ဦးမင်းဆွေ ၏မေးခွန်းမှာ ဒိုက်ဦး၊ညောင်လေးပင်နှင့် ကျောက်တခါးမြိုနယ်များရှိ မတ်ပဲ၊ပဲတီစိမ်းစိုက်ပျိုးရာ လယ်ယာမြေ တစ်သောင်းကျော်တွင်ငမြှောင်တောင်ပိုး ဖျက်ဆီး မှု ခံရသောကြောင့် မည်ကဲ့သို့ကာကွယ်ရမည်ကို သိလိုကြောင်းမေးမြန်းခြင်းဖြစ်သည်။အဆိုပါမေးခွန်းအားလယ်/ဆည် ဒုဝန်ကြီးဦးအုန်းသန်းက ယင်းကဲ့သို့ စာဖြင့်ဖြေကြားခဲ့ခြင်းဖြစ်သည်။ထို့ပြင် ဒီချုပ် ကိုယ်စားလှယ် တစ်ဦး၏ မေးမြန်းချက်ကိုလည်းစာ
ဖြင့်သာ ဖြေကြားထားကြောင်းသိရသည်။

နန်းခင်ဇေယျာနှင့်ဘီဘီစီမေးမြန်းခန်း

http://soundcloud.com/myohtet5/nang-khin-zayar-edited ဘီဘီစီ ဘန်ကောက်မှ ကိုဝင်းမြင့်က မေးမြန်းထားပါတယ်။

လက်ပံတောင်းတောင် ပြည်သူ့ညီလာခံ.

Yangon Chronicle

နိုင်ငံခြားမှအကြွှေးကပ်တချို့သုံးခွင့်ရတော့မည်

Visa, MasterCard, China UnionPay  နှင့် Japan Credit Bureau တို့အားခွင့်ပြုလိုက်ပြီဖြစ်သည်။
စာတိုက်ကြေးနန်းနှင့်သတင်းနည်းပညာဌာနများမှပူးပေါင်းဆောင်ရွက်သွားမည်ဟုAFPသတင်းကဖေါ်ပြပါရှိသည်။
မည်သည့်အချိန်တွင်စတင်သုံးမည်ဆိုတာတော့မသိရသေးပါ။

နိုင်ငံတော်သမ္မတ၏ မီဒီယာများနှင့် တွေ့ဆုံပွဲသို့

Hmuu Zaw

နိုင်ငံတော်သမ္မတ၏ မီဒီယာများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်မည့်  ရုပ်/သံ မီဒီယာများအနေဖြင့်

၁။ မိမိတို့ ရိုက်ကူးရေး ကင်မရာများ၊

၂။ အဖွဲ့ဝင်(၃)ဦး အမည်စာရင်းများ၊


သတင်းစာမီဒီယာများအနေဖြင့်
- သတင်းဓါတ်ပုံနှင့် သတင်းထောက် အဖွဲ့ဝင်(၂)ဦး အမည်စာရင်းများ၊

စသည်တို့ကို ဦးကိုကို(Yangon Times) နှင့် ကိုကျော်မင်းဆွေ (The Voice) ထံသို့ ယနေ့ ညနေ(၅)နာရီ နောက်ဆုံးထား၍ ပေးပို့ကြပါရန်

လေးစားစွာဖြင့် မေတ္တာရပ်ခံ အပ်ပါသည်။



The Voice Weekly

နိုင်ငံတော်သမ္မတကြီး ပြည်တွင်းမီဒီယာများနှင့်တွေ့ဆု
ံမည့် အစီအစဉ် ထပ်မံပြောင်းလဲခြင်း

ပြန်ကြားရေး ဒုဝန်ကြီးနှင့် နိုင်ငံတော် သမ္မတရုံးညွှန်ကြားရေးမှူးတို့၏ ညှိနှိုင်းဆောင်ရွက်ချက်အရ နိုင်ငံတော်သမ္မတကြီးနှင့် သတင်းမီဒီယာများ တွေ့ဆုံမည့် အစီအစဉ် ကို အောက်ပါအတိုင်း ပြောင်းလဲလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး က စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေထံ လွန်ခဲ့ သော မိနစ်ပိုင်း အတွင်းက အကြောင်းကြားခဲ့ပါသည်။

ပြောင်းလဲသည့်အစီအစဉ်

နေ့ရက်-၂၁-၁၀-၂၀၁၂ (တနင်္ဂနွေနေ့)
အချိန် -၁၄း ၀၀ နာရီ (နေ့လည် ၂ နာရီ)
စုရပ် - ပြန်ကြားရေးဝန်ကြီးဌာန၊ နေပြည်တော်။

ပြန်ကြားရေး ဝန်ကြီးဌာနသို့ ရောက်ရှိရမည့် အချိန် (မတိုင်မီ ၂ နာရီ ကြိုတင်၍ အရောက်သွားကြရန်၊ နေ့လည် ၁၂း၀၀ နာရီ နောက်ဆုံးထား၍ သွားရောက်ကြပါရန်) ဖြစ်ပါသည်။

တွေ့ဆုံပွဲ တက်ရောက်မည့် မီဒီယာများကို ပြန်ကြားရေး ဝန်ကြီးဌာနမှ မော်တော်ယာဉ်များဖြင့် သမ္မတအိမ်တော်သို့ ပို့ဆောင်ပေးမည် ဖြစ်ပါသည်။

အဆိုပါ ပွဲသို့ တက်ရောက် သတင်းရယူမည့် သူများအနေဖြင့် စာနယ်ဇင်း ကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေထံ ဖုန်းနံပါတ် ၀၉ ၇၃၀ ၆၄၅၉၂၊ ၀၁ ၀၄၉၈၅၈၂၀ သို့ ယနေ့ညနေ (၄) နာရီ နောက်ဆုံးထား၍ စာရင်းပေးသွင်းကြပါရန် နှင့် စာရင်းပေးသွင်းထားသူများအား အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရေးအတွက် Express ယာဉ်တစ်စီးအား စုပေါင်းငှားရမ်းမည် ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။