Sunday, October 21, 2012

လက်ရှိ အရေးကြီး မင်းပြားမြို့သတင်း

Rakhine Straight Views
၂၁.၁၀.၂၀၁၂ ရက် ညဥ့် ၁၁း၀၀ နာရီပတ်ဝန်ကျင်တွင် မင်းပြားမြို့ အဝေးပြေး ကားဂိတ်နားအနီ ပိုက်သည်ရွာတွင် ဘင်္ဂလီကုလား မိမိရွာကို မီးရှုံးပြီး ထွက်ပြေးလျှက်ရှိပါသည်။ ယခုအခါ မီးသည် အချိန်ပြင်းစွာ လောင်းလျှက်ရှိပြီး မင်းပြားမြို့ တခုလုံးမှာ စိုးရိမ်းလျှက်ရှိပါသည်။ အခြေအနေကို လုံခြုံရေး ရဲများမှ သေနပ်များ ပစ်ဖောက်ပြီး ထိန်းသိမ်းနေရသည်ဟု သိရှိရပါသည်။ ၁၂း ၀၀ နာရီတွင် စစ်တပ်မှ လုံခြုံရေးကို ၀င်ယူလာသည်ဟု သိရှိရပါသည်။ ယနေ့ ညနေ ၁၀ နာရီလောက်တွင် မင်းပြားမြို့ မာရမာကြီးကျောင်းတိုက်တွင် ဘင်္ဂလီကုလားတကောင်ကို လောင်းစာဆီများဖြင့် ဖမ်းဆီရရှိသည်ဟု မင်းပြားမြို့မှ RSV သတင်းထောက်မှ သတင်းပို့လာပါသည်။မင်းပြားမြို့ အဝေးပြေးကားဂိတ်နှင့်နီကပ်လျှက်ရှိသော ရခိုသားများနေထိုင်ရာ ကင်းဆိပ်ရွာက လူများ၊ မိသားစုများ အခုအခါ မင်းပြားမြို့ထဲသို့ ထွက်ပြေးလာနေကြပါသည်။
ပိုက်သည်ရွာမှ ဘင်္ဂလီကုလားများသည် ကင်းဆိပ်ရွာသို့ ဂျင်းကလိ၊ မျှားစူးများ၊ လေးဂွနှင့် တခြားသော ပစ္စည်းများဖြင့် ပစ်ပေါက်ရန်ရှာလျှက်ရှိသည်ဟု သိရှိရပါသည်။ လက်ရှိ ပိုက်သည်ရွာထဲတွင် မီးမှာ အချိန်ပြင်းစွာဖြင့် တောက်လောင်းလျှက်ရှိပြီး လုံခြုံရေး ၊ မီးသတ်ဌာနများမှ မီးငြိမ်းသတ်နိုင်ရန်နှင့် အခြေအနေကို ထိန်းသိမ့်နိုင်ရန်အတွက် ကြိုးစားလျှက်ရှိသည်ဟု သိရှိရပါသည်။
မင်းပြားမြို့ ၊ ပိုက်သည်ရွာမှာ တရွာလုံးနီးပါး လောင်းကျွမ်းလျှက်ရှိပြီး မီးသတ်ကားသည်လည်း အဝေးပြေးကားဂိတ်နား တံတားကို ကျော်၍ မရနိုင်သဖြင့် မီးငြိမ်သတ်ရန်မှာ အခက်အခဲရှိနေသည်ဟု သိရှိရပါသည်။ ကင်းဆိပ်ရွာ ဒုက္ခသည်ပေါင်း ၅၀၀ ကျော်လောက် ယခုအခါ မင်းပြားမြို့ရှိ မင်းပြားမြို့ ဓမ္မာရုံးအတွင်းသို့ တဖွဲ့ဖွဲ့ဖြင့် လာရောက် ခိုလုံလျှက်ရှိပါသည်ဟု သိရှိရပါသည်။ ဒဏ်ရာရစာရင်းနှင့် အသေအပျောက်စာရင်းကို မင်းပြားမြို့ ဆေးရုံးကြီးသို့ RSV မှ ဆက်သွယ် စုံစမ်းနေပါသည်။
မီးသတ်ဌာနမှ မီးသတ်ကား (၂)စီး ၀င်ရောက် မီးငြိမ်းသတ်နေသော်လည်း မီးတောက်များမှာ ဆက်လက် အားကောင်းနေသည်ဟု သိရှိရပါသည်။ ယခုအခါ စစ်တပ်မှလည်း ၀င်ရောက် မီးငြိမ်းသတ်နေသည်ဟု RSV သတင်းထောက်မှ သတင်းပေးပို့ပါသည်။ ယခုအခါ မီးမှာ အချိန်အဟုန်ပြင်းထန်လာပြီး မင်းပြားမြို့ထဲသို့ ကူးစက်သွားမည်ကိုလည်း စိုးရိမ်းနေရသည်ဟု သိရှိရပါသည်။ တချက်တချက် သေနပ် ဖောက်သံများကိုလည်း ကြားနေရသည်ဟု သိရှိရပါသည်။
ယခုအခါ မီးအချိန်မှာ အလွန်ပြင်းထန်းလျှက်ရှိပြီး မင်းပြားမြို့ထဲမှာ လူများ အကူးမီးသတ်ရန် ရောက်ရှိလာစဉ် စစ်တပ်မှ သေနပ်ပစ်ဖောက်ပြီး ပြန်ခိုင်းပါသည်။ ထို့အပြင် စစ်တပ်မှ ထော်လာဂျီများဖြင့် အင်အားဖြည့်တင်မှုများလည်းရှိသည်ဟု သိရှိရပါသည်။ ယခုအခါ စစ်တပ်မှ ပစ်မိန့် ပေးလိုက်သည်ဟု သိရှိရပါသည်။ မီးမှာ မငြိမ်းသတ်နိုင်သေးဘဲ ကင်းဆိပ်ရွာသို့ ကူးစက်လာသည်ဟု သိရှိရပါသည်။

အားလုံးကို နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်ပါတယ်(နန်းခင်ဇေယျာ)

Miss International Okinawa 2012 (part 1 to 4)

Miss Internet ဆု(part2 )၇မိနစ်၃၀စက္ကန့်မှာကြည့်နိုင်ပါတယ်။
Video streaming by Ustream
Video streaming by Ustream
Video streaming by Ustream
Video streaming by Ustream http://www.ustream.tv/recorded/26328901

လက်ကလေးက ဖြတ်ရမလို ဖြစ်နေပါတယ်

Sabishii Hana

ကြည့်  မြင်တိုင် အရိုးကုဆေးရုံ အမျိုးသမိးဆောင် ကုတင်နံပတ် (၁၁) -ဒုတ်ယထပ်
ကလေးအမည်ကျော်သက်ခိုင် ..
သူမိခင်က လူနာစောင့်ပေး မှာမို့ ယောက်ျားလေးဖြစိပေမဲ့  မိန်းကလေးလူနာဆောင်မှာထားရပါတယ် .. ကလေးအမေမှာ စားစရိတ်
ကအစ ချိုတည့် နေ ပြီမို့  အရမ်းခက်ခဲနေပါတယ် ..
ဓမ္မမိတ်ဆွေ မျာ သဒ္ဒါတတ်အား၍ သွားရောက်ပြီးလူကိုယ်တိုင်အားပေးလှူဒါန်း လို့ လဲရပါတယ် ..
ကလေးက တနင်္လာနေ့ မှာ ခွဲစိပ် ကုသရမှပါ .. လက်ကလေးက ဖြတ်ရမလို ဖြစ်နေပါတယ် ..

စေတနာရှင်များ share ပေး ကြစေလိုပါတယ် ..

အသေးစိပ်သိလိုပါလျင် .. မတင်မမ (ဓမ္မနဒီ - ပရဟိတ )
၀၁ ၅၁၁၀၂၂ .. သို့  ဆက်သွယ်မေးမြန်နိုင်ပါတယ် ။

Miss Internet ဆု



ငရဲ သား
နောက်ဆုံး - နန်ခင်ဒုတိယနေရာပဲရလိုက်တဲ့ ဆုကိုယူသွား ခဲ့တာ Miss Thailand ပါ - ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင်က ၀င်အားပေးထောက်ပံ့ ဆော်သြပြီးယူသွားတယ်ဆိုတာ၊ မြန်မာဏာအာပိုင်များ သိစေလိုပါတယ်။ (သည်ကြားထဲ နန်းခင်အတွက် Voting လုပ်နေတဲ့ နောက်ဆုံးနာရီတွေ မှာ ရန်ကုန်အပါအ၀င်နေပြည်တော်မှာ မီးကပျက်ပေး လိုက်ပါသေးတယ် - ဒါပေမဲ့ တကမ္ဘာလုံးကမြန်မာတွေက Vote နေခဲ့ကြပါတယ်)။ ဘာပဲဖြစ်ဖြစ် သည်ပွဲမှာ နန်းခင် ဆု (၂) ဆုယူနိုင်ခဲ့သူဖြစ်သွားခဲ့ပါတယ်။

မြန်မာအလှမယ်ကိုဒီစစ်ပွဲမှာ အနိုင်ခြေမုန်းဖို့ သူ့ လူမျိုး ထိုင်းတွေကို ဖိတ်ခေါ်နေတဲ့ထိုင်းအလှမယ်ကတော့ ထိုင်း ၀န်ကြီးချုပ်ရဲ့အချိန်မှီဝင်ရောက်အားပေးမူနဲ့ အတူ ထိုင်းတွေ ၀ိုင်းပြီး Vote လုပ်လိုက်လို့  နောက်ဆုံးဆုတခု ကိုရသွားခဲ့ပါတယ်။ အောက်ကထိုင်းလိုရေးထားတဲ့စာမှာ သမိုင်းမှာရှိခဲ့တဲ့အတိုင်း မြန်မာတွေဒုက္ခခံစားပါစေလို့  ရေးထားပါတယ်။ (သည်ပွဲဟာ မြန်မာမယ်ကြောင့် ထိုင်းတွေလည်းအမျိုးသား ရေးဖြစ်ခဲ့ပါတယ်)


 Miss International 2012 ဆု

OIC ကို အမေရိကန်တွင်လည်း ဆန္ဒပြ

October 21, 2012 at 11:52 am

မောင်ရမ္မာ
မြန်မာ တိုင်းရင်းသား ၁၀၀ ခန့်က  အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ OIC ရုံးချုပ်ရှေ့သို့ သွားရောက်ပြီး အောက်တိုဘာလ ၂၀ ရက်နေ့က ဆန္ဒပြခဲ့ကြသည်ဟု သတင်း ရရှိသည်။

ဆန္ဒပြပွဲတွင် မြန်မာနိုင်ငံတွင် Organization of Islamic Cooperation (OIC) အနေဖြင့် ရုံးခွဲများဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်နေခြင်း အပေါ်  ကန့်ကွက်ခဲ့ ကြပြီး၊ ဆန္ဒပြသူများက မြန်မာပြည်သူလူထု၏  သဘောထားကို လေးစားလိုက်နာရန် OIC ကို တောင်းဆိုခဲ့ကြသည်။
နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ OIC ကိုယ်စားလှယ်ရုံးရှေ့တွင် ပြုလုပ် ခဲ့ကြသော အဆိုပါ ဆန္ဒပြပွဲသို့  ရခိုင်လူမျိုးများ အပြင် ယနေ့မြန်မာသတင်းဌာန၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ကောင်စီ (NCUB) နှင့် International Foundation for Burma National Congress တို့မှကိုယ်စား လှယ်များတစ်ချို့လည်း ပူးပေါင်း ပါဝင်ခဲ့ကြသည်။
International Foundation for Burma National Congress ဥက္ကဌ ဦးရဲထွဋ္ဋ်က ဒေသခံ ပြည်သူများ၏ သဘောထားကို လေးစား လိုက်နာရန် လိုကြောင်း ယခုလို ထောက်ပြ ပြောဆိုသည်။
“ဒီကိစ္စကို ကျနော်တို့ လုံးဝလက်ခံလို့ မဖြစ်ဘူး။ ရခိုင်တွေကသာမက တိုင်းရင်းသားပေါင်းစုံ ပြတ်ပြတ် သားသား ကန့်ကွက်ရမယ်။ အခုဆို ပြည်တွင်းမှာလည်း ဆန့်ကျင်နေကြပြီ၊ ပြည်ပမှာ ရောက်နေကြတဲ့ မြန်မာ တွေလည်း ကန့်ကွက်ကြရမှာဖြစ်တယ်။ ဒေသခံ ပြည်သူလူထုရဲ့ သဘောထား မပါဘဲနဲ့ အတင်းဆက် လုပ်မယ်ဆိုရင်၊ ပြဿနာတွေ ပိုရှုပ်လာမှာပဲ”  ဟု ဆိုသည်။
မြန်မာနိုင်ငံ၌ OIC ရုံးဖွင့်ရေးကို လက်မခံကြောင်း မြန်မာ အစိုးရက ပြောဆိုထားသော်လည်း  တရားဝင် စာထုတ်ပြန်ပေးရန် လိုအပ်သည်ဟု ရခိုင်အမျိုးသား တစ်ဦးဖြစ်သူ ဦးခိုင်အောင်ကျော်က ဆိုသည်။
“ မြန်မာနိုင်ငံတွင် တနိုင်ငံလုံးအတိုင်း အတာအနေနဲ့  OIC ရုံးဖွင့်မှာကို ကန့်ကွက် ဆန္ဒပြ တောင်း ဆိုခဲ့ကြတဲ့ အတွက် နိုင်ငံတော်သမ္မတ ရုံးကနေ OIC ရုံးခန်း ဖွင့်မှာ မဟုတ်တော့ဘူးလို့ ပြောဆို တာကို ကြားရပါတယ်။ ဒါကို  တရားဝင် ထုတ်ပြန် ကြေငြာပေးဖို့လိုတယ်။  လက် မှတ်ထိုးထားတဲ့  နယ်စပ်ရေးရာ ၀န်ကြီးဌာ ၀န်ကြီး ကိုယ်တိုင်ကလည်း ပယ်ဖျက်လိုက်ပြီး ဖြစ်ကြောင်း OIC ရုံးချုပ်ကို တရားဝင် အကြောင်းကြားဖို့ လိုအပ် နေပါသေးတယ်” ဟု ပြောသည်။

ဆန္ဒပြပွဲကို တက်ရောက်ခဲ့သူ ကိုမိုးချမ်းကလည်း ယခုဖြစ်ပေါ်နေသော အခြေအနေများကို ပြည့်သူ့ လွတ်တော် အမတ် များက အစိုးရကို တိုက်တွန်းရန်လိုအပ်ကြောင်း နိရဉ္စရာသို့ ပြောသည်။
“ အခုအချိန်မှာ ပြည်သူ့ လွှတ်တော်တက်ရောက်နေကြတဲ့ ရခိုင် တိုင်းရင်းသားများ တိုး တက်ရေး ပါတီ  လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း လွှတ်တော်ထဲမှာ OIC ရုံးဖွင့်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား တောင်းဆို တိုက်တွန်းပေးဖို့ လိုပါတယ်” ဟု ဆိုသည်။
ဆန္ဒပြပွဲကို စီစဉ်သူများထဲမှ တစ်ဦးဖြစ်သူ ကိုလှဌေးက ပြည်သူနှင့်ဆိုင်သော လုပ်ငန်းများတွင်  ပြည်သူ့ အသံကို အလေးထားရန် လိုအပ်ကြောင်း၊ ထိုသို့ အလေးမထားဘဲ လုပ်ဆောင်ပါက လူ့အခွင့်အရေး ချိုးဖေါက်ခြင်းပင် ဖြစ်သည်ဟု ပြောဆိုသည်။
“OIC ရဲ့အစီအစဉ်ကို လက်ခံလို့မဖြစ်ဘူး၊ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတွေပဲလုပ်လုပ်၊ ငြိမ်းချမ်းရေး လုပ်ငန်းပဲဆိုဆို ဘာပဲဖြစ်ဖြစ် ဒေသခံတွေရဲ့အသံတွေကို အလေးထားရမယ်။ ဒေသ ခံပြည် သူလူထုသဘောတူညီချက်ကို ရယူဖို့ လိုတယ်။ အခုဆို မြန်မာပြည်မှာရော၊ ပြည်ပတွေမှာပါ ကန့်ကွက် လာနေကြပြီ၊ ဒါကို အလေးမထားပဲ ရှေ့ဆက်ကြိုးစားနေမယ်ဆိုရင် ဒါ ဒေသခံတွေ အပေါ် လူ့အခွင့် အရေး ချိုးဖေါက်တာပဲ” ဟုပြောသည်။
ဆန္ဒပြသူများ မြန်မာပြည်သူများ၏ အသံကို လေးစားပါ၊ OIC ရုံးဖွင့်မည်ကို ရပ်တန့်ပေးပါ ဟု ကြွေးကြော်ခဲ့ကြသည်။
၎င်းအပြင် အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်ခဲ့သော ကြေညာချက်ကို ကိုကျော်ကျော်မှ ဖတ်ကြားပြီး ၎င်းကြေညာချက်ကို မမေစန္ဒာစိုးညွန့် က -OIC- ရုံးချုပ်ရှေ့ စာတိုက်ပုံးမှ တဆင့် ပေးပို့  လိုက်သည်ဟု သိရသည်။
OIC သည် ကုလသမဂ္ဂလက်အောက်အဖွဲ့အစည်းတစ်ခု မဟုတ်ခြင်း၊ အာဆီယံ၊ ဥရောပသမဂ္ဂတို့ ကဲ့သို့ ဒေသဆိုင်ရာအဖွဲ့အစည်းတစ်ခု မဟုတ်ခြင်း၊ OIC သည်ဘာသာရေးကိုအခြေခံပြီးဖွဲ့ စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ခြင်းအပြင် မြန်မာနိုင်ငံသည် OIC အဖွဲ့ဝင်နိုင်ငံတစ်ခု မဟုတ်ခြင်း တို့ကြောင့် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ရုံးခန်းများဖွင့်ရန်ကြိုးစားနေခြင်းကို ရပ်တန့်ပေး ရန် ထုတ်ပြန် ကြေညာချက်တွင် ရေးသားထားသည်။
ဆန္ဒပြပွဲကို အောက်တိုဘာလ ၂၀ ရက်နေ့ အမေရိကန်စံတော်ချိန် နေ့လည် တစ်နာရီတွင် ပြုလုပ်ခဲ့ခြင်း  ဖြစ်ပြီး မြန်မာ နိုင်ငံမှ ရောက်ရှိနေကြသော ဗမာ၊ မွန်၊ ရခိုင်နှင့် ကရင်တိုင်းရင်း ၁၀၀ ခန့်  ပူးပေါင်း ပါဝင်ခဲ့ကြသည်။
 narinjara.com

ကြံ့ဖွတ်နိုင်ငံတော်အလံအားပြောင်းပြန်လွှင့်ထူ....