Monday, October 22, 2012

ကလေးမြို့နယ်အတွင်း ခိုးဝင်ဘင်္ဂါလီများ အဆက်မပြတ် ၀င်ရောက်လာ ခြင်းကြောင့် ဒေသခံများ စိုးရိမ်



Monday, 22 October 2012

ကလေးမြို့နယ်အတွင်း ခိုးဝင်ဘင်္ဂါလီများ အဆက်မပြတ် ၀င်ရောက်လာခြင်း ကြောင့် ဒေသခံများ စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု သိရှိရပါသည်။

''ကလေးမြို့နယ်အတွင်းကို စက်တင်ဘာလကနေစပြီး အခုအချိန်အထိ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေ မိတာ လေးကြိမ် ရှိပါပြီ ။ အောက်တိုဘာလ
၂၀ ရက်နေ့ ညကပဲ ခိုးဝင်ဘင်္ဂါလီအမျိုးသမီးတစ်ဦး မိတယ်။
စက်တင်ဘာလ ၁၆ရက်နေ့ ကနေပြီး ဒီကနေ့ အထိ တစ်လကျော်ကျော်
ကာလအတွင်းမှာ ၃၁ ယောက် ရှိပါပြီ ။ဒါ့ကြောင့် ဒေသခံတွေကို ဒေသ
ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်း သတင်းပေးနိုင်အောင် အသိပညာ
ပေးခြင်းလုပ်ငန်းတွေကို တချို့ အဖွဲ့အစည်းတွေက ဆောင်ရွက်နိုင်ပါတယ်။ ဥပဒေနဲ့ ဆန့်ကျင်ပြီး ၀င်ရောက်လာသူတွေကို ချင်းတောင်ခြေဒေသကနေ
ဖြတ်သန်း ၀င်ရောက်လာရင် သူတို့ကို ဖမ်းဆီး ဆောင် ရွက်နိုင်အောင် ဒေသ
ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေကို အကြောင်းကြားရမယ်ဆိုတဲ့အသိ ရအောင်
ပြောဆိုကြတာပါ ။ ဒီလိုဥပဒေနဲ့ မညီပဲ ခိုးဝင်လာတဲ့ ဘယ်လိုလူ မဆို
နိုင်ငံတွင်းမှာ လက်မခံ နိုင်ပါဘူး '' ဟုကလေးမြို့ဒေသခံတစ်ဦးက ပြောကြား
ခဲ့ပါသည်။

ကလေးမြို့နယ် အတွင်း ဘင်္ဂါလီလူမျိုးများ ခိုးဝင်လာသည်မှာ ရက်သတ္တ
သုံးပတ် ဆက်တိုက်အတွင်း ဖမ်းဆီး ရရှိခဲ့ပြီး အောက်တိုဘာလ ၂၀ ရက်နေ့ ညပိုင်းတွင် ခိုးဝင်လာသူ ဘင်္ဂါလီ လူမျိုး အမျိုးသမီးတစ်ဦးကို ကလေးမြို့ ဗိုလ်ချုပ်လမ်း ဗလီကျောင်းအနီးတွင် ဖမ်းဆီးရမိခဲ့သည်ဟု သိရှိရပါသည်။

''အောက်တိုဘာ ၂၀ ရက်နေ့ ညပိုင်းမှာ ကလေးမြို့ ဗိုလ်ချုပ်လမ်း ၊ မြို့မဈေး ၊ ဗလီ ကျောင်းအနီးမှာ ခိုးဝင်ဘင်္ဂလီအမျိုးသမီး မနိုအာရှား (အဘ) ဦးဆောမီးအူးလာ ၊ ရွက်ညော်တောင်ရွာ ၊ ဘူးသီးတောင်မြို့နယ်ကို ဖမ်းဆီးစစ်ဆေး နေပါတယ်''ဟု ကလေးမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ
တစ်ဦးက ပြောကြားခဲ့ပါသည်။

''ပြည်သူလူထုအနေနဲ့လည်း ဒီလိုခိုးဝင်လာသူတွေ ဖမ်းဆီးရရှိမိအောင်`
ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်း သတင်းပေးဆောင်ရွက်
သင့်ပါတယ်''ဟု ကလေးခရိုင်မှ ရွေးကောက်ခံ အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် ဦးသိန်းလှိုင်က ပြောကြားခဲ့ပါသည်။

Eleven Media Group

ရောဂါဖြစ်သူကိုဘာမှမစစ်ဘဲ ဆေးထိုးရောင်းသူ

မဟာကြောင်

လမ်းတွေ ကို နှစ်ချီပြီး ၂၄နာရီ video ရိုက်ပြီး Analysis မလုပ်ဘဲ ဘာအခက်အလက်မှမသုံးဘဲ။ ငွေကောက်ပြီး လမ်း၇ှင်းလို့ရမယ်ဆိုတာ လုံးဝမဖြည်နိုင်ပါဘူး။ 10$ ထက်နဲတဲ့ chip မှန်ကပ်ပြီး ဒီလိုငွေကောက် တဲ့ အန္ဒိယက စနစ်တောင် ပွားကားတွေ ခိုးကားတွေ ဖမ်းဖို့ရည်ရွယ်တာတောင် ကားကျပ်တဲ့ကိစ္စမအောင်မြင်ခဲ့ဘူးပါဘူး။ စင်္ကာပူကိုယ်တိုင် ERP ဖြုတ်ပြီး လက်ရှိစက်နေရာမှာ GPS ပါ cash card ကို တတ်ဖို့ပြင်ဆင်နေပါပြီ။ လူကြီးနဲ့ပေါင်းပြီး အရင်လို ဆေးဖေါ်နေတဲ့ခေတ် မရှိတော့ပါဘူး။

အရင်က ရှင်းပြခံ ဆုံးဖြတ်ချသူတွေ တုံးခဲ့ပေမဲ့ အခုအများကြားချပြရင် ပြည်သူတွေအားလုံးကို အဲလောက် နဲ့ ရိုက် စားလုပ်မရတော့ပါဘူး။ ရောဂါဖြစ်သူကို အခွင့်ကောင်းယူုပြီး ဘာမှမစစ်ဘဲ ဆေးထိုးရောင်းသူတွေပါ။

(Ye Myat Thu)

photo - ဝေသာလီ မိုးမောင်

Ko Htike
ရန်ကုန်မြို့ ယဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းဖို့အတွက်ဆိုပြီး စကားလုံး ကြီးကြီးကျယ်ကျယ်နဲ့ "စင်္ကာပူနည်းပညာ သုံးပြီး ဖြေရှင်းမယ်" ဆိုလို့ ... ကြည့်လိုက်တော့ .. လမ်းတွေမှာ ပိုက်ဆံကောက်ဖို့ ကားတွေမှာ စက်တွေ တပ်ခိုင်းမယ့် အစီအစဉ်ဖြစ်နေတယ်။

ဒီအစီအစဉ် အကြံအစည်ကို ဆွေးနွေးဖို့ တင်ပြမယ့် အဓိက ကြံစည်သူနဲ့ သေချာ မေးမြန်း အင်တာဗျူး ကြည့်ချင်စိတ်ပေါက်လာတယ်။

ကျွန်တော် မေးချင်တဲ့ မေးခွန်းတွေကတော့။ လွှတ်တော်မှာ ဆွေးနွေးဖို့ မလုပ်ခင် ....

၁။ အဲဒီလို ပိုက်ဆံကောက်ရုံနဲ့ ယဉ်ပိတ်ဆို့မှု ပြေလည်မယ်လို့ ဘယ်လို ကောက်ချက်ချလဲ။ (သေချာ သုတေသန ပြုလုပ်ပြီးသွားပြီလား။ အခြားနည်း မရှိတော့ဘူးဆိုတာ သေချာလား။ စစ်တမ်းတွေ ကောက်ယူပြီးသွားပြီလား။)

၂။ အဲဒီလို လုပ်လို့ ရလာမယ့် အကျိုးရလဒ်က ဘာတွေလဲ။ ဒါ့အပြင် ဘေးထွက်ဆိုးကျိုးတွေကရော ဘာတွေ ရှိလာနိုင်မလဲ။ ဥပမာ လမ်းတွေမှာ ပိုက်ဆံကောက်တော့ ဘစ်ကားခ တိုးလာတာ၊ တက္ကစီက တိုးလာတာ၊ ကုန်ဈေးနှုန်းမြင့်လာမှာ .. စတာတွေအတွက် စဉ်းစားပြီးပြီလား။

၃။ မြို့တွင်း လမ်းတွေရဲ့ အရည်အသွေး တိုးမြှင့်တာ၊ မြို့တွင်း လမ်းအချက်ပြ စနစ်တွေ ပိုမို ကောင်းမွန်အောင် လုပ်ကိုင်တာ၊ ယဉ်စည်းကမ်းကို လူတိုင်း လိုက်နာအောင် .. ယဉ်စည်းကမ်း ဖေါက်သူတိုင်းကို တိတိကျကျ အရေးယူတာ ... စတာတွေကိုရော သေချာ လုပ်ကိုင်ဖို့ အစီအစဉ် ရှိပါရဲ့လား။

၎။ မြို့တွင်းမှာ .. မီးသတ်၊ ရဲကား၊ ဆေးရုံကားတွေလို အရေးပေါ် ကားမျိုးနှင့် အခြား အရေးပေါ် (အရေးကြီး) ကိစ္စမျိုးကလွဲရင် .. ကျန်ကားများအားလုံး တန်းတူ .. အခွင့်အရေး မယူဘဲ မောင်းနှင်ဖို့ကို စည်းကမ်း ထုတ်ပြီးပြီလား။

၅။ မြို့ထဲ လမ်းတွေမှာ လမ်းပိတ်တာကို ပြေလည်အောင် လုပ်ရမယ့် အခြားနည်းလမ်းဖြစ်တဲ့ မြို့တွင်း ရထားလမ်းတွေ လုပ်ဖို့ အစီအစဉ် ရှိပါသလား။

၆။ လူတွေ မြို့ထဲ သွားစရာမလိုဘဲ .. ကိုယ်နေထိုင်ရာ မြို့နယ်အတွင်းမှာ လိုချင်တာ ရနိုင်အောင် မြို့နယ်အလိုက် ဖွံ့ဖြိုးရေး ဆောင်ရွက်မှုတွေ လုပ်ဖို့ အစီအစဉ် ရှိပါသလား။

၇။ ဆက်သွယ်ရေး နည်းပညာတွေနဲ့ ဝန်ဆောင်မှု ပေးတာတွေ၊ ပြည်သူလူထုကို စက်ဘီးသုံးဖို့ စည်းရုံးပြီး စက်ဘီးစီးသူတွေ ယဉ်အန္တရာယ်ကင်းအောင် ဆောင်ရွက်မှုတွေ လုပ်ဖို့ အစီအစဉ် ရှိပါသလား။

၈။ ရန်ကုန်မြို့ထဲမှာ အဓိပ္ပါယ် မရှိဘဲ ကန့်သတ်ထားတဲ့ .. မော်တော်ဆိုင်ကယ် အသုံးပြုခွင့် ပိတ်ပင်တာကို ပြန်ပြီး ဖွင့်ပေးဖို့ စဉ်းစားပါသလား

၉။ အထက်ပါ နည်းတွေကို စနစ်တကျ ဆောင်ရွက်ရင် .. ပိုပြီး ပြေလည်မယ်လို့ မထင်ဘူးလား ...

စတာမျိုးတွေ မေးနိုင်မယ်ဆို မေးကြည့်ချင်ပါတယ်။

နန်းခင်ဇေယျာ၏အပြည်ပြည်ဆိုင်ရာနိုင်ငံတကာမယ်ယှဉ်ပြိုင်ဟန်ရုပ်/သံ










22-10-2012 အချိန်ပိုင်းအလိုက် မြောက်ဦးမြို့နယ် ဖြစ်စဉ်များ

Rakhine Straight Views
22-10-2012 : 10:45 AM

***မောင်တောမြို့အခြေအနေ**
မောင်တောမြို့ခံသား Facebook သုံးစွဲသူ Kohtoohtoo Nyuntlwin ၏ စာမျက်နှာတွင် ယခုချက်ချင်းဆိုသလိုပင် မောင်တောမြို့အတွင်း ကုလားများအသွားအလာနည်းပါးသွားကြောင်းရေးသားထားသည်။

မြောက်ဦးမြို့နယ် ပရိန်ရခိုင်ရွာအား ဘင်္ဂလီများက လာရောက်မီးရှို့နေသည်ဟု RSV သတင်းထောက်မှ သတင်းပေးပို့သည်။ အခြေအနေအပြည့်အစုံကို မကြာခင်ဆက်လက်ဖော်ပြပေးသွားမည်ပါသည်။

၁၁း၃၀ အချိန်

မြောက်ဦးမြို့နယ် ပရိန်ဘက်တွင် ပြဿနာရှုပ်ထွေးနေသေးကြောင်းနှင့် ထိခိုက် ဒဏ်ရာရသူများလည်း ရှိနေကြောင်း သိရသည်။
မီးလောင်မှု၊ တုတ်၊ဓါးချင်း တိုက်ခိုက်မှုများလည်းရှိခဲ့ကြောင်းနှင့် လုံခြုံရေးမှ တင်းကြပ်စွာ ကြားဝင်ဖြေရှင်းပေးနေရကြောင်းနှင့် နှစ်ဘက်ခိုက်တိုက်မှု ကို ရပ်တန့်အောင် ဆောင်ရွက်ပေးနေရကြောင်းလည်းသိရသည်။
ပန်းမြောင်းကျေးရွာအနီး သရက်အုပ် ဘင်္ဂလီကျေးရွာတွင် အိမ်ခြေ ၂၀၀ ခန့် (တစ်ရွာလုံး)မီးလောင်သွားပြီဖြစ်ကြောင်း ထိုရွာမှ ဘင်္ဂလီများသည် မြောက်ဦး မြို့နယ် ပရိန်ကျေးရွာ (ချောင်းတစ်ဘက်ကမ်း)သို့ ထွက်သွားကြ ပြီး ယင်းတွင် ပရိန်ရခိုင်ကျေးရွာအား မီးရှို့ရန် ကြိုးစားလျက်ရှိကြောင်းသိရှိ ရပါသည်။ သတင်းအပြည့်အစုံကို မသိရသေးပါ။
သရက်အုပ်တွင် ဘင်္ဂလီများကိုယ့်အိမ်ကို မီးရှို့လိုက်ရာမှ ရွာလုံးကျွတ်သို့ ကူးစက်သွားရခြင်းဖြစ်ကြောင်းသိရသည်။
မီးသတ်ကားသွားလို့မရသည့်နေရာဖြစ်နေခြင်းကြောင့် ပိုဆိုးသွားရခြင်းဖြစ်ပါ သည်။

၁၁း၄၅ အချိန်
ပရိန် ဘင်္ဂလီရွာတွင် အိမ်ခြေ ၄၈၀ ခန့်ရှိကြောင်းနှင့် ထက်ဝက်ကျော်မီး လောင်သွားပြီဖြစ်ကြောင်းသိရသည်။
ရခိုင် ၂ ဦး ဒဏ်ရာရရှိကြောင်းနှင့် ဘင်္ဂလီများက မည်မျှ ဒဏ်ရာရသည်ကို မသိရှိရသေးပါ။
နှစ်ဘက်လုံးတွင် ဒဏ်ရာရရှိနေကြောင်းနှင့် ၀င်ရောက်သတင်းယူ၇န်ခက် ခဲ့နေကြောင်းလည်းသိရသည်။


၁၂း၀၀ အချိန်သတင်း
--------------------
ရခိုင်သား ၂ ဦးကျဆုံးခဲ့ပြီး ဘင်္ဂလီများဘက်မှလည်း ကျဆုံးမှုများရှိကြောင်း သိရသည်။ အခြေအနေကို ထိန်းရန်ကြိုးစာလျက်ရှိကြောင်းနှင့် မီးမှာဆက် လက်လောင်နေဆဲဖြစ်ကြောင်း လည်းသိရသည်။
ပရိန်ရွာတွင် အိမ်ခြေ ၃၀ ခန့်သာမီးလောင်နေခြင်းဖြစ်ပြီးဆက်လက် လောင် နေဆဲဖြစ်ကြောင်း ၄၈၀ အနက် ထက်ဝက်ခန့်လောင်ခြင်း မဟုတ်ကြောင်း နှင့် အိမ်ခြေအရေအတွက် သတင်းများအား အတည်ပြုရန် ခက်ခဲနေသေး ကြောင်း လည်း သိရှိရပါသည်။

၁၂း၄၅ အချိန်
--------------
မြောက်ဦးမြို့နယ် ၊ပရိန်ဘင်္ဂလီရွာနှင့် ပရိန်ကုန်းရခိုင်ရွာတို့ တစ်ဘက်နှင့်တစ်ဘက် အပြန် အလှန် တုတ်၊ ဓါး၊ လေးကွ၊ စရှိသော ရရာလက်နက်များကိုင်ဆောင်ကာ တိုက်ခိုက်နေကြဆဲဖြစ်ကြောင်းနှင့် ရခိုင်ဘက်မှ ၃ ဦးသေဆုံးနေပြီဖြစ် ကြောာင်းလည်းသိရသည်။ ဘင်္ဂလီဘက်မှ ကျဆုံးမှုကို အတည်မပြုနိုင်သေးပါ။မီးမှာလည်းဆက်တိုက်လောင်နေကြောင်းသိရသည်။


၁း၀၅ အချိန်
-----------
ပရိန်ဘင်္ဂလီရွာမီးလောင်မှုမှာ ဆက်တိုက်လောင်ကျွမ်းနေဆဲဖြစ်ကြောင်းနှင့် မင်းပြားမှ စစ်သားအမြောက်အများ မြောက်ဦး ပရိန်သို့ ဆင်းလာနေပြီ ဖြစ်ကြောင်းနှင့် အဓိကရုန်းကို ထိန်းသိမ်းရန် ကြိုးစားနေကြောင်းလည်းသိရ သည်။
သတင်းအတိကျ ရယူနိုင်ခြင်းမရှိသေးသဖြင့် အသေးစိတ်ကို ဖော်ပြရန် လောလောဆယ် မဖြစ်နိုင်သေးပါ။
သတင်းများကိုရနိုင်သလောက်စုစည်းတင်ပြခြင်းသာ ဖြစ်ပြီး ဆက်လက်တင်ပြ သွားပါမည်။
မီးကိုလည်း ငြိမ်းသတ်ဖို့ ကြိုးစားနေကြကြောင်းနှင့် တိုက်ခိုက်မှုများကိုလည်း ရပ်တန့်၇န် ဆောင်ရွက်နေကြပြီဖြစ်ကြောင်းသိရသည်။
လက်ရှိအချိန်တွင် တစ်ဖက်နှင့်တစ်ဖက် တုတ်ဓါးများဖြင့် ရင်ဆိုင် တိုက်နေဆဲဖြစ်ကြောင်းနှင့် စစ်တပ်မှ ထိမ်းသိမ်းနိုင်ခြင်း မရှိသေးကြောင်း နှင့် အိမ်ခြေ ၁၀၀ခန့်မီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။
ရခိုင် သုံးဦး သေဆုံးခဲ့ရာတွင် အလောင်းတစ်လောင်းအား စစ်တပ်မှရှာဖွယ်ရရှိထားပြီးဖြစ်ကာ သေဆုံးသူအမည်ကို မသိရှိရ သေးကြောင်း ၊ ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်းသိရသည်။
အခြေအနေမှာ ပြန်လည်တင်းမာလာနိုင်ခြေရှိကြောင်းနှင့် ပရိန်ကုန်းရခိုင် ရွာကို အင်အား လေးငါးထောင်ခန့်ဖြင့် ကာကွယ်ထားရကြောင်းလည်းသိရ သည်။
အလားတူတပ်ရင်း၅၄၀မှတာဝန်ယူထိန်းသိမ်းရန်ကြိုးပန်းလျက်ရှိကြောင်း နှင့်မကြာခင် ငြိမ်းချမ်းအောင် ဆောင်ရွက်နိုင်ခြေရှိကြောင်း
လည်းသိရသည်။


ရခိုင်ပြည် စစ်တွေမြို့တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ရောက်ရှိ
---------------
၁၉.၁၀.၂၀၁၂ ရက်နေ့မှ ဦးအောင်နိုင်ဦးဦးအောင်နိုင်ဦး၊ ဦးအောင်ထွန်း၊ ဦးစည်သူ၊ ဦးသီဟအောင်
ဦးအောင်ကိုကို ၊ ဒေါ်မိုးမိုး ၊ဒေါ်ဟယ်လင် အပါအ၀င် စုံစမ်းစစ်ဆေးရေးအဖွဲ့ (၉)ဦးသည် စစ်တွေမြို့တွင် ဇွန်လအရေးအခင်းအတွက် လာရောက်စုံစမ်းစစ်ဆေးလျှက်ရှိပါသည်။ သမ္မတမှ ဖွဲ့စည်းပေးခဲ့သော စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ယခုအခါ စစ်တွေမြို့နယ် အနီပတ်ဝန်းကျင်ရှိ ဒါးပိုင်ဘင်္ဂလီဒုက္ခသည်စခန်း၊ သဲချောင်းရခိုင်ရွာ၊ မင်းဂံဒုက္ခစခန်း၊ အောင်မင်္ဂလာ(အင်ပါလာ)ရပ်ကွက် ၊ အင်ပါရီအပိုင် ဥယဉ်သာရွာများသို့ သွားရောက်စုံစမ်းစစ်ဆေးခဲ့ပါသည်။ ယခု လက်ရှိ မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့တယ်တို့တွင် အခင်းဖြစ်ပွါးမှုများသည် ဘင်္ဂလီကုလားများ ချိန်ကိုက်ထားသကဲ့သို့ စုံစမ်းစစ်ဆေးရေးအဖွဲ့များ ရောက်တိုင်း ဖြစ်လေ့ရှိပါသည်ဟု စစ်တွေမြို့ ဒေသခံများကြားပြောကြားလျှက်ရှိပါသည်။
ပထမအကြိမ် စုံစမ်းစစ်ဆေးရေးအဖွဲ့လာရောက်တုန်းက စစ်တွေမြို့ သဲချောင်းကျေးရွာတွင် ဘင်္ဂလီကုလားများမှ လုံခြုံရေး ရဲများမှ လက်နက်လူမှု၊ လုံခြုံရေး ကားများ၊ ဆိုင်ကယ်များကို တားဆီပြီး ၀ိုင်းရိုက်မှုများဖြစ်ပွါးခဲ့ပါသည်။
ဒုတိယတကြိမ် စုံစမ်းစစ်ဆေးရေးအဖွဲ့ရောက်လာတုန်းက စစ်တွေမြို့ရှိ အင်ပါလာ(အောင်မင်္ဂလာ)ရပ်ကွက်အတွင်း ရခိုင်ကလေး ၊ ရေခဲချောင်းရောင်းသော ကလေးငယ်ကို ဘင်္ဂလီကုလားများ ၀ိုက်ရိုက်သဖြင့် အခင်းဖြစ်ပွါးရာ ညနေပိုင်းတွင် မျက်ရည်ယိုဗုံးများ၊ သေနပ်များ ပစ်ဖောက်ပြီး လူစုခွဲခဲ့ရပါသည်။
ယခုတကြိမ်သည် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ သုံးကြိမ်းမြောက် ခရီးဖြစ်ပြီး မင်းပြားမြို့၊ မြောက်ဦးမြို့တို့တွင် အခင်းဖြစ်ပွါးလျှက်ရှိပါသည်။

အစဉ်အလာရှိတဲ့ မီးတိုက်မှုလို့ ရခိုင်ပြည်အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်
--------------------------------------
Ref: EMG
''အခုလောလောဆယ် တပ်အင်အား သုံးပြီးတော့ ထိန်းထားပါတယ်။ ဆက်လက်ကူးစက်မှု မဖြစ်အောင် တပ်မတော်အကူအညီကို ရယူသွားမှာ ဖြစ်ပါတယ်။ ယင်းအင်အားနဲ့ ထိန်းလို့ မရရင် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးက မြို့ပြအုပ်ချုပ်ရေးရဲ့ အကူအညီတောင်းခံခြင်းဆိုတဲ့ အစီအစဉ်အရ တောင်းခံပြီး ထိန်းသိမ်းသွားဖို့ အစီအစဉ်
ရှိပါတယ်။ အခြေအနေအရ မင်းပြားမြို့နယ်နဲ့ မြောက်ဦးမြို့နယ်ကို ပုဒ်မ ၁၄၄ ထုတ်ဖို့ အလားအလာ ရှိပါတယ်။ ဒြီ့ဖစ်စဉ်မျိုးက အရင်ကလည်း ရှိခဲ့တယ်။ ၁၉၇၈ နဂါးမင်းစစ်ဆင်ရေးတုန်းကလည်း သူတို့ဟာ ကိုယ့်ရွာကို ကိုယ် မီးရှို့မှုတွေ လုပ်ခဲ့ဖူးတယ်။ ပြီးတော့ ၁၉၉၂ ခုနှစ်တုန်းကလည်း ဒီလိုမျိုး တစ်ခါ လုပ်ခဲ့ဖူးတယ်။ သူတို့မှာ ဒီလိုလုပ်တဲ့ အလေ့အကျင့်ဟာ သူတို့မှာ ရှိပြီးသားဖြစ်တယ်။ အမှန်တကယ် စဉ်းစားမယ်ဆိုရင် ဖြစ်နိုင်ခြေမရှိဘူးလို့ ယူဆရပေမယ့် အမှန်တကယ် ဖြစ်ခဲ့တယ်။ စစ်ဆင်ရေးတစ်ရပ်အနေနဲ့ ခိုးဝင်တဲ့သူတွေကို စာရင်းကောက်တဲ့အခါ သူတို့က တရားမ၀င် ၀င်လာတဲ့သူတွေဆိုတော့ စစ်ဆေးမခံဘဲနဲ့ ထွက်ပြေးတဲ့အခါမှာ ကိုယ့်အိမ်ကို ကိုယ် မီးရှို့ခဲ့ကြတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ထားခဲ့ရမှာဆိုတော့ မြေလှန်စနစ်နဲ့ နောက်လာတဲ့သူတွေကို ဘာမှ မရနိုင်အောင် လုပ်ထားခဲ့တာ ဖြစ်တယ်။ လောလောဆယ်မှာတော့ ဒီပြသနာရဲ့ သတင်းအပြည့်အစုံကို မရရှိသေးပါဘူး။''ဟု ရခိုင်ပြည်နယ် ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက ယနေ့ အောက်တိုဘာလ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် သတင်းထောက်များနှင့် တွေ့ဆုံပြောကြားခဲ့ပါသည်။
မြောက်ဦး ၃၇၇ စစ်တပ်ကို ကုလားတွေ ဝိုင်းထားလိုက်ပြီလို့ သိရပါတယ်။ ဒါကြောင့် မြောက်ဦးသားတွေ ကူဖို့ လိုက်သွားကြပါတယ်။
နောက်ထပ် ပန်းမြောင်း မီးလောင်ပြီး ပြီးချင်း မြောက်ဦး ကျောက်တွင်းကုန်းရွာကို ကုလားတွေ ဝင်ရောက် တိုက်ခိုက်တာ အရမ်း ပြင်းထန်တယ်လို့ သိရတဲ့အတွက် မြောက်ဦးသားတွေ အများအပြား လိုက်သွားကြကြောင်း သိရှိရပါတယ်။
နေရာက သုံးနေရာတောင်ပါ။ ပရိန်ရွာအခြေနေကလဲ ရခိုင်ဘယ်လောက် ကုလားဘယ်လောက် သေဆုံး၊ ဒဏ်ရာရသလဲ ဆိုတာ အတိကျ မသိရသေးပါဘူး။
ဒီတိုင်းဆိုရင် ကုလားမီးက ပေါ့သေးသေး မဟုတ်တော့တာ သေချာသွားပါပြီ။ အစိုးရဖက်က ပျော့တိပျော့ဖတ် လုပ်နေလို့ အခုလို ရောင့်တက်လာတာ ဖြစ်ပါတယ်။ ခုဆို ကုလားက စစ်တပ်ကိုတောင် စိတ်ခေါ်တိုက်ခိုက် လိုက်ပါပြီ။
(Lun Tayza)

၎း၁၉ နာရီ သတင်း
-------------------
မြောက်ဦးမြို့နယ် ပရိန်ကျေးရွာတွင် ဘင်္ဂလီများမှ သေနပ်များဖြင့် ပစ်ခတ်မှုဖြင့် ရခိုင် ၄ ယောက်နှင့် စစ်တပ်မှ ၂ ယောက် ကျဆုံးဟု ဖုန်းသတင်းအရ သိရှိရပါသည်။ စစ်တပ်မှ ဗိုလ်အဆင့်ရှိ တယောက်ပါဝင်ဟုလည်း သိရပါသည်။ ယခုသတင်းကို အတည်ပြုနိုင်ရန်အတွက် အသေအပျောက် လူစာရင်းနှင့် နာမည်အတိအကျကို RSV မှ ဆက်လက်စုံစမ်းနေပါသည်။

၅း၀၀ နာရီ သတင်း
---------------
စစ်တပ်မှ အသေအပျောက်စာရင်မှာ မဟုတ်မှန်ကြောင်းကို ဒေသခံတို့မှ အသေအချာ ပြန်ပြောပြပါသည်။ ပစ်ခတ်မှုလည်း မရှိကြောင်း အခိုင်အမာ ပြောကြားခဲ့ပါသည်။ အခု ဖြစ်ပေါ်နေသော သတင်းများမှာ အလွန်မြန်ဆန်သဖြင့် တချို့ သတင်းများသည် အတည်ပြုချက်များ ရယူနိုင်ဖို့အတွက် ကြိုးစားနေပါသည်။ အခင်းမှာ ယခုအခါ တရွာမှ အခြားတရွာသို့ ဆက်လက် ကူးစက်လျှက်ရှိပါသည်။ လုံခြုံရေးအားနည်းသော ဒေသသို့ ချက်ချင်း ကူးစက်လျှက်ရှိပါသည်။

၅း၄၅ နာရီ သတင်း
-----------------
မင်းပြားမြို့နယ် အောင်ဒိုင်းကျေးရွာ အိမ်ခြေ (၅၀၀) ခန့် မီးလောင်းကျွမ်းသွားပြီး စမ်းဘလီကျေးရွာတွင် အိမ်ခြေ (၄၀၀) ခန့်လောက် မီးလောင်းကျွမ်းနေဆဲ ရှိပါသည်ဟု ခိုင်လုံသော သတင်းထောက်မှ ပေးပို့ပါသည်။ အခြေအနေမှာ တခြား ရွာများသို့ ဆက်လက် ကူးစက်သွားနိုင်ပါသည်။ လုံခြုံရေးမှ အခြေအနကို အမြန်ဆုံး ထိန်းသိမ်းရန်လိုအပ်လျှက်ရှိသည်ဟု သိရှိရပါသည်။

ရှင်းလင်းချက် (၆း၀၀)နာရီ
--------------
ယခုဖြစ်နေသော အရေးအခင်းတွင် RSV သတင်းများကို တင်ပေးရာတွင် ဒေသခံများဆီမှ ဖုန်းဆက်ပြီး မေးမြန်ခဲ့သော သတင်းများသာဖြစ်ပါသည်။ RSV သည် မိမိအကျိုးတခုမှ မပါဘဲ သတင်းဖြစ်ပေါ်မှုများအား အချိန်နှင့် တပြေးညီတင်ပြပေးနေခြင်းသာဖြစ်ပါသည်။ ဒေသခံများကို မေးမြန်ရာတွင် လည်း ရခိုင်များ၏ ဖုန်းနံပါတ်များနှင့် ဌာနဆိုင်ရာ ဖုန်းနံပါတ်များကိုသာ အဓိကထား မေးမြန်ခဲ့ရသဖြင့် လွဲချော်မှုများရှိကောင်းရှိနိုင်ပါသည်။
သို့သော်လည်း အချိန်ကုန် ၊ ငွေကုန်ခံပြီး ကြိုးစားကာ စေတနာဖြင့် တင်ပေးခဲ့ခြင်းဖြစ်ပါသည်။ ယခု လက်ရှိ ဖြစ်ပွါးနေသော အခြေအနေကို RSV မှ ပြင်းထန်းစွာ ကန့်ကွက် ရှုတ်ချပါကြောင်း အသိပေးအပ်ပါသည်။ ယခု အရေးအခင်းသည်လည်း အမြန်ဆုံး ငြိမ်းချမ်းပါစေဟု RSV မိသားစုမှ ဆန္ဒပြုပါသည်။

သတင်းဖတ်ဖိတ်ဆွေများအားလုံးကို ကျေးဇူးတင်လျှက်
RSV မိသားစု


ည ၇း၀၀ နာရီသတင်း
ယနေ့ မင်းပြား၊ မြောက်ဦးနယ်တစ်ဝိုက်တွင်ဖြစ်ပွားခဲ့သော ပြဿနာများတွင် ရခိုင်(၈)ဦးထိဒါဏ်ရာရှိခဲ့ကြောင်း မြောက်ဦးဆေးရုံမှ RSV သို့ အတည်ပြုပြောကြားခဲ့ပါသည်။ အဆိုပါ (၈)ဦးအနက် (၃)ဦးမှာ ဒါဏ်ရာပြင်းထန်လွန်းသဖြင့် ယခုချက်ချင်း စစ်တွေဆေးရုံသို့ပို့ဆောင်ရန်စီစဉ်နေပြီဖြစ်ကြောင်းသိရသည်။ သေဆုံးသူဦးရေမှာ (၄)ဦးဟုကြားသိရသော်လည်း အတိအကျကိုမူအတိအကျအတည်မပြုနိုင်သော်လည်း ယခုလက်ရှိ မြောက်ဦးဆေးရုံတွင် လူသေအလောင်း(၁)လောင်းရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။
ယခုလက်ရှိ မြောက်ဦးဆေးရုံသို့ ရောက်ရှိနေသော လူသေအလောင်း(၁)လောင်းမှာ မောင်အောင်မိုးဖြစ်ကြောင်းလည်း သိရှိရပါသည်။
မြောက်ဦးမြို့နှင့် မင်းပြားမြို့တို့တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်
ညမထွက်ရအမိန့်အား ညနေ ၇ နာရီမှ နံနက် ၅ နာရီအတွင်းသတ်မှတ် လိုက်ပြီဖြစ်ကြောင်းသိရှိရပါသည်။
ယနေ့ည ၁၀ နာရီထုတ်ပြန်ချက်ဖြစ်ပါသည်။


ည ၁၁း၀၀ နာရီအချိန်သတင်း
-------------------------------
စစ်တွေဆေးရုံသို့ စက်လှေဖြင့် ခေါ်ဆောင်လာသော ဒဏ်ရာရသူများမှာ

(၁) မြင့်ခိုင်အောင် ၊ ၄၀ နှစ်၊ ပန်းမြောင်း၊ ညာခြေထောက်၊ လှံဒဏ်ရာ၊ ပန်းမြောင်းကျေးရွာ
(၂) မောင်ထွီးစိန်၊ ၂၅ နှစ်၊ ၀ဲဘက်ဗိုက်မှ ကျောသို့ ပေါက်ထွက်သည့် လှံ ဒဏ်ရာ၊ ကျောင်းတောင်ရွာ၊
(၃) မောင်မောင်ခိုင်၊ ၃၀ နှစ်၊ဓါးဒဏ်ရာ၊ မောင်သာကုန်းရွာ၊ တို့ဖြစ် ကြောင်း သိရှိရပါသည်။
မြောက်ဦးဆေးရုံသို့ရောက်နေသော
သေဆုံးသွားသူမှာ ဘလူးကန်ရွာမှ အောင်မိုးဖြစ်ကြောင်းနှင့် တစ်ကိုယ်လုံး ဓါး ဒဏ်ရာဖြင့် သေဆုံးနေခဲ့ခြင်းကိုတွေ့ရှိခဲ့ရကြောင်းလည်းသိရသည်။

ရခိုင်ပြည်နယ်တရားဥပဒေစိုးမိုးရေးအတွက်ပူးပေါင်းပါဝင်ပေးပါရန်၊

အထက်အမိန့်နဲ့အအောင်ပေးတာ.....၀န်ခံပြီ...

မန္တလေးဆေးတက္ကသိုလ် ပါချုပ် ဒေါက်တာ (ဦး) သန်းဝင်း နှင့် THE VOICE WEEKLY JOURNAL မှ ကိုချစ်ဦးကိုကို နှင့် အင်တာဗျုး ။