Tuesday, October 23, 2012
Orchid ဟိုတယ်မှ ပါးရိုက်မှုတခန်းရပ်ပြီ။
Orchid ဟိုတယ်မှ ဝန်ထမ်းတစ်ဦးဖြစ်သူ မအေးအေးကြည်ကို ပါးရိုက်ခဲ့သော ဂျပန်လူမျိုးတောင်းပန်
ဓာတ်ပုံ- Myat Khine
Orchid ဟိုတယ်မှ ဝန်ထမ်းတစ်ဦးဖြစ်သူ မအေးအေးကြည်ကို ပါးရိုက်ခဲ့သော ဂျပန်လူမျိုးမှ ရှစ်ခိုးတောင်းပန်ပြီးနောက် နစ်နာကြေး ပေးအပ်စဉ်
ဓာတ်ပုံ- Myat Khine
ကြေအေးစကားပြောကြားနေသော Orchid ဟိုတယ်ဝန်ထမ်း မအေးအေးကြည်
ဓာတ်ပုံ- Myat Khine
ဆုနှစ်ခုနှင့် နန်းခင်ဇေယျာ မြန်မာပြည်ပြန်ရောက်
 Miss Internet Award & People's Choice Award
"နိုင်ငံရေးအရ မလိုလားတဲ့သူတွေကို ဆင်ခြေပေးပြီး ဖမ်းနိုင်သောဥပဒေ များကို ဖျက်သိမ်းရမည် ဟု ဒေါ်အောင်ဆန်းစုကြည်ဆို"
Popular Myanmar News Journal
နေပြည်တော် အောက်တိုဘာ ၂၃ ရက်
ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်တင်သွင်းမည့် ပုသိမ်မဲဆန္ဒနယ်မှဦး ၀င်းမြင့်(ဒီချုပ်) က" ၁၉၇၅ ခုနှစ် တွင် ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၃ အဖြစ် ပြဌာန်းခဲ့သော နိုင်ငံတော် အားနှောင့်ယှက် ဖျက်ဆီးလိုသူများ ၏ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ပယ်ဖျက်ပေးပါရန် အဆိုတင်သွင်းမည် ဖြစ်ရာ " 'ဒီချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က "လူတွေရဲ့အခွင့်အရေးတွေကို ကန့်သတ်တဲ့ ဥပဒေဆိုရင် အားလုံးဖျက်သိမ်းရမှာပဲ၊
ပူဒ်မ ၁၀ တင် မဟုတ်ဘူး ပုဒ်မ ၅ လည်းရှိသေးတယ်၊နောက်ပြီးတော့ ၁၇ ပေါ့၊စသဖြင့် နိုင်ငံရေးအရ ကိုမလိုလားတဲ့သူတွေကို ဆင်ခြေပေးပြီးတော့ ဖမ်းနိုင်တဲ့ဥပဒေ မှန်သမျှပယ်ဖျက်သင့်တယ်လို့ ယူဆ ရမှာပဲ" ဟု ယနေ့ နံနက်ပိုင်းတွင် လွှတ်တော်အစည်းဝေးတက်ရောက်လာစဉ်ပြောသည်။ထို့ပြင် ယနေ့လွှတ်တော်ကိုမေးခွန်း ၅ ခု ၊အဆို ၂ ခု နှင့် တိုင်းရင်းဆေးကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို တစ်ပုဒ်ချင်းစီ အလိုက် ဆွေးနွေး အတည်ပြုမည်ဖြစ်ကြောင်းသိရသည်။
ဘင်္ဂလီတွေတရားဝင်(ယာယီ)ခရီးသွားလာခွင့်တွေကို ပြည်ခိုင်ဖြိုးပါတီဝင်တာနဲ့ ထုတ်ပေး
အနောက်တံခါး ဘီလူး
ရခိုင်ပြည်ကနေ ဘင်္ဂလီတွေ ပြည်မထဲကို လိမ့်ဝင်လာဖို့အတွက် တရားဝင်(ယာယီ)ခရီးသွားလာခွင့်တွေကို ပြည်ခိုင်ဖြိုးပါတီဝင်တာနဲ့ ထုတ်ပေးခဲ့ကြတယ်။ ခရီးသွားလာဖို့အတွက် ထောက်ခံသူနှစ်ဦးက လက်မှတ်ထိုးပြီး တာဝန်ယူကြရတယ်။ ခရီးသွားလာသူမှ ပြန်မလာတော့ဘူးဆိုရင် တာဝန်ယူသူနှစ်ဦးကို ဥပဒေအရ အရေးယူနိုင်တယ် ဆိုပြီးတော့ ကျန်းမာရေး၊ စီးပွါးရေး စသဖြင့် အကြောင်းအမျိုးမျိုးပြကာ ပြန်မလာကြတော့တဲ့ ဘူးသီးတောင် ၊ မောင်တောမြို့ဖက်က
နေ၀င်လာခဲ့ကြတဲ့ Cherry Oo, Father Land, Mother Land, Father & Son, Mother & Son, One Tea, Super, Dooru ဆိုတာတွေဖြစ်လိုဖြစ်၊ သူတို့ အဓိကသုံးတာက မောင်တော၊ ဘူးသီးတောင်မြို့မှာရှိတဲ့ ရခိုင်လူမျိုးတွေရဲ့ ဖွါး/သေ စာရင်း၊ တကယ်သေဆုံးပြီးသူ (၁၁/မတန(နိုင်)) တွေ၊ (၁၁/ဘသတ(နိုင်)) တွေ ကို ပိုက်ဆံပေးပြီး သေဆုံးသူရဲ့ နံပါတ်ကို ပိုက်ဆံပုံအောပေးပြီးတော့ စာရင်းနေရာပြန်ယူထားကြတာ။ လွှတ်တော်ထဲမှာရောက်နေတဲ့ ဟိုလေးယောက်ကို NRC ကြည့်ကြည့်ပါလား။ (၁၁/)တွေနဲ့ ဘ၀မှာ နှစ်ခါသေမှာတွေ ပါနေတယ်လေ။ အဲဒါက တစ်နည်း - အခုက ရန်ကုန်၊ မန္တလေး စတဲ့နေရာတွေကို အလည်အပတ်သွား ဟိုမှာ အပြီးနေ၊ ဟိုက ဆရာဝန်ရဲ့ ဆေးထောက်ခံချက်နဲ့ သူဟာ ပြည်မမှာ ဆက်လက်နေထိုင်ဖို့ရာ ကျန်းမာရေးကြောင့်အမှန်တကယ်ပဲ လိုအပ်နေပါတယ်ဆိုပြီး - ဆက်ကာ ဆက်ကာ အချိန်ဆွဲ နောက်ဆုံးတော့ မြန်မာပြည်လည်း လာတ်ပေးလာတ်ယူ သခိုးတွေပေါတဲ့ နိုင်ငံဆိုတော့ ကိုယ်တို့တွေ တစ်သက်စားရအောင်ချမ်းသာရင် ပြီးရော။ အမျိုးဘာသာ သာဿနာကိုလည်း မငှဲ့နိုင်ဘူး လုပ်ကြတာပဲ - အခုတော့ သူခိုးတွေလက်ကနေ ဘင်္ဂလီသ၀ှက်တွေ လုနေကြပြီလေ။
23..4 -10-2012 အချိန်ပိုင်းအလိုက်ရခိုင်ပြည်နယ်မှ ဖြစ်စဉ်များ
Rakhine Straight Views
"ကျောက်ဖြူတွင်လည်း မီးဟုန်းဟုန်း တောက်လောင်ပြီ" ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ရခိုင်နှင့် မွတ်ဆလင်များ တစ်ဘက်နှင့် တစ်ဘက် အကြီးအကျယ် မီးရှို့နေကြပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။မွတ်လင်တွေက အဆင်သင့် လုပ်ထားတဲ့ မီးကွင်းတွေနဲ့ ပစ်တော့ ရခိုင်အိမ်တွေ အကြီးအကျယ် လောင်နေပြီ။ အခု မြင်နေရတယ်။ ပိုက်ဆိပ်မှာ ဖြစ်ပါတယ်။ အပြန်အလှန် ရင်ဆိုင်တိုက်ပွဲလည်း ဖြစ်နေပါတယ်ဟု ဒေသခံ တစ်ဦးက ပြောသည်။ယခုအခါ နေရာ အတော်များများကို မီးဟုန်းဟုန်း ထလောင်နေပြီ ဖြစ်ကြောင်း သူက ဆိုသည်။ ယခုအချိန်ထိ တဘက်နှင့် တဘက် ရင်ဆိုင် တိုက်ခိုက်မူ ဖြစ်ပွားရာ ရခိုင်ဘက်က (၆) ဦးဆေးရုံကို ရောက်ရှိလာကြောင်း သိရသည်။
ကျောက်ဖြူမြို့ရှိ အနောက်ပိုင်းဗလီတွင် မီးလောင်မှုဖြစ်
----------------------------------------------------
မီးရှို့သူ ဘင်္ဂလီအား ညတွင်းချင်း ဖမ်းဆီးရရှိနိုင်ခဲ့
------------------------------------------------
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ အနေ
ာက်ပိုင်း ဗလီတွင် အောက်တိုဘာလ ၂၂ ရက်နေ့ ည ၈ နာရီခန့်တွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ ကြောင်းသိရသည်။
ဖြစ်စဉ်မှာ အဆိုပါနေ့ ၈ နာရီခန့်တွင် ဆားပြင်ကွင်းရပ်ကွက်နှင့် ကုလားပိုက်ဆိပ် ရပ်ကွက်တို့ နှင့် ထိစပ်နေသည့် ရခိုင်တိုင်းရင်းသား နေအိမ်များမှ အမျိုးသမီးများနှင့် ကလေးငယ်များ အပါဝင် အိမ်ထောင်စု ၅၀ ခန့်က မိမိနေအိမ်များ စွန့်ခွာလာကြောင်း သတင်းတစ်ခု ထွက်ပေါ်လာခဲ့ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်စစ်ဆေးနေချိန်အတွင်း အနောက်ပိုင်း ရပ်ကွက် နဂါးကျောင်းပရိယတ္တိစာသင်တိုက်ဘုန်းတော်ကြီးကျောင်းရှေ့ ဦးဥတ္တမလမ်းနှင့် မီးစက်လမ်း ထောင့်ရှိ ဗလီတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ကြောင်းသိရှိရသည်။
ဗလီနှင့် ထိစပ်နေသည့် အိမ်နီးချင်းများမှ မီးသတ်ဌာနသို့ ဖုန်းဆက်သွယ် သတင်းပေးပို့ခြင်းကြောင်း မီးသတ်တပ်ဖွဲ့ဝင်များမှ အချိန်မှီရောက်ရှိ လာ သည့်အတွက် ၉-နာရီ ၅၀-မိနစ်အချိန်တွင် မီး ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးသည် ရှို့မီဖြစ်ကြောင်းနှင့် သက်ဆိုင်ရာရဲစခန်းမှ မီးရှို့သူ ဘင်္ဂလီ အား ည တွင်းချင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ကျောက်ဖြူမြို့မှ ရဲတပ်ဖွဲ့ဝင်တစ် ဦး ကပြောကြားခဲ့ပါသည်။
၂၂.၁၀.၂၀၁၂ ရက်နေ့ မြောက်ဦးမြို့နယ် အရေးခင်းတွင် သေဆုံးစာရင်း၊ ဒဏ်ရာရ စာရင်း
------------------------------------------------------------
၁။ ဦးအောင်မိုး အသက်(၃၈)နှစ်၊ ဘီလူးရွာ အလောင်းရ
၂။ ကိုမောင်ဌေးဝင်း အသက် (၂၁)နှစ်၊ ပန်းမြောင်းကျေးရွာ အလောင်းမရ
၃။ ဦးမောင်ဘုချေ အသက် (၄၀) နှစ်၊ မြင်းခုန်တန်းကျေးရွာ အလောင်းမရ
ဒဏ်ရာရသူများ
မြောက်ဦးဆေးရုံတွင် ၅ ဦး နှင့် စစ်တွေဆေးရုံတွင် ၃ ဦး ပေါင်း ၈ဦး ရှိပါ
ပြီ။ ယခု ခလရ ၅၄၀ တပ်မှပစ်သဖြင့် ခြေတွင် ဒဏ်ရာရတစ်ယောက်နှင့် ကုလား ဂျင်ကလိမျှားများထိ၍ ၃ ဦး တို့အား မြောက်ဦးဆေးရုံသို့ ပို့ရန် လုပ်ဆောင်နေကြပါသည်။
၂၃.၁၀.၂၀၁၂ ရက်နေ့ ၁၁း၄၈ နာရီတွင် စုံစမ်းချက်အရဆက်လက်၍ မြောက်ဦးမြို့နယ် ယိုင်သည်ရွာတွင် အခင်း ဆက်လက် ဖြစ်ပွါးလျှက်ရှိသည်ဟု သည်ရှိရပါသည်။ အိမ်များမှာ ဆက်လက် မီးလောင်းကျွန်းဆဲဟု သိရှိရပါသည်။ အခြေအနေကို ဆက်လက် RSV ဆက်လက် စုံစမ်းနေပါသည်။
မင်းပြားမြို့နယ်တွင်တော့ အခြေအနေမှာ ဆက်လက် တင်မာလျှက်ရှိပြီး ၊ လုံခြုံရေးများကို တိုးချထားလျှက်ရှိသည်ဟု သိရှိရပါသည်။
Source by: Aung Mra Kyaw
မြောက်ဦးမြို့နယ် ၊ ယိုင်သည်ရွာ အရေးအခင်းတွင် အသေအပျောက်ရှိ
---------------------------------------
၂၃.၁၀.၂၀၁၂ ရက် နံနက် ၁၀ နာရီက စတင်ခဲ့သော မြောက်ဦးမြို့နယ် ၊ ယိုင်သည်ရွာ ဘင်္ဂလီအကြမ်းဖက်မှုတွင် မြောက်ဦးမြို့နယ် ဆင်ဖြူတင်ကျေးရွာမှ မောင်ခိုင်ဦး၊ အသက် -၃၄ နှစ်၊ (ဘ) ဦးမောင်သိန်း၊ ဇနီ မဦးနုသိန်း နှင့် သားသမီး(၃)ယောက်ကျန်ရစ်ခဲ့ပြီး အရေးအခင်းတွင် ခုခံယင်း ကျဆုံးသွားသည်ဟု သိရှိရပါသည်။ ထိုအပြင် နောက် ရခိုင်တယောက်လည်း ကျဆုံးဟု ခိုင်မာတိကျသော သတင်းအရ သိရှိရပါသည်။ အမည်နှင့် နေရပ်ကို ဆက်လက် စုံစမ်းနေပါသည်။ ဒဏ်ရာ အပြင်းအထန် ရရှိသူ ၅ ယောက်ရှိပြီး ယခုအခါ ဒဏ်ရာရရှိသူ ၂ ယောက်ကို မင်းပြားမြို့ ပြည်သူ့ ဆေးရုံးသို့ သယ်ဆောင်သွားသည်ဟု RSV မြောက်ဦးမြို့ သတင်းထောက်မှ သတင်းပေးပို့လာပါသည်။
၁း၄၅ နာရီ မြောက်ဦးမြို့သတင်း
-------------------
မြောက်ဦးမြို့နယ်၊ ယိုင်သည်ကျေးရွာ အရေးခင်းတွင် မြောက်ဦးမြို့နယ် ရှင်ယဉ်ကျေးရွာမှ ဖြူမောင်ထွီး (ဘ) ဦးတောလူချေ ၊ ဇနီး မအောင်သိန်း နှင့် သားသမီး (၂) ယောက် ကျန်ရစ်ခဲ့ပြီး ယိုင်သည်ရွာ ကျေးရွာ အရေးအခင်းတွင် ခုခံကာကွယ်ရင် ကျဆုံးသွားသည်ဟု သိရှိရပါသည်။
၂း၂၃ နာရီ မင်းပြားမြို့ ဆေးရုံးကြီးမှ ဖုန်းသတင်း
----------------------------------------
မြောက်ဦးမြို့နယ်၊ ယိုင်သည်ရွာမှ ဘင်္ဂလီအကြမ်းဖက်မှုတွင် ခုခံယင်းကျဆုံးသွားသည့် ရခိုင်အမျိုးသား ဖြူမောင်ထွေး အသက်(၂၉)နှစ်အလောင်းမှာ ယခုအခါ မင်းပြားဆေးရုံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဆေးရုံဝန်ထမ်းတစ်ဦးက တိကျသောသတင်းပေးပို့လာပါသည်။ အလောင်းကိုစစ်ဆေးရာ ညာဘက်ခါးဆစ်နှင့်တင်ပဆုံအစပ်ကြားသေနတ်ဒဏ်ရာပြင်းထန်စွာတွေ့ရှိရကြောင်း ၎င်းကဆက်လက်ပြောပြသည်။
၎င်းဖြူမောင်ထွေးအားသေနတ်ဖြင့်ပစ်ခတ်သူမှာ လုံခြုံရေးစစ်တပ်မှ ပစ်ခတ်ခြင်းဖြစ်ကြောင်း ဆေးရုံသို့ရောက်ရှိနေသူ ကုန်သည်တစ်ဦးကပြောပြပါသည်။
ယခုအခါ ရခိုင်တို့မှာ ကုလားလည်းကြောက်ရ၊ စစ်သားလည်းကြောက်ရမှုကြောင့် အားကိုးရာမဲ့ဘ၀ရောက်နေကြရပေသည်။
Ref: Sra Kyi
၂း၁၈ နာရီသတင်း
------------
မြောက်ဦးမြို့နယ်တွင် သာစည်ကျေးရွာသို့ ကူးစက်သွားပြီး အခြေအနေတွင် ဆက်လက် တင်မာလျှက်ရှိပါသည်။ မင်းပြားမြို့နယ်တွင် ပြည်နယ်အစိုးရမှ ပြည်သူလူထုနှင့် အဖွဲ့အစည်းများကို ခေါ်ယူ အစည်းဝေးလုပ်နေသည်ဟု သိရှိရပါသည်။ မင်းပြားမြို့ထဲတွင်လည်း လော်စပီးကာများဖြင့် လုံခြုံရေး တင်ကျပ်ကြောင်းနှင့် ညမထွက်ရ ပုဒ်မ ၁၄၄ အမိန့်ကို လမ်းဆုံတိုင်းတွင် လိုက်လံ ကြော်ငြာနေပါသည်။ မင်းပြားမြို့နယ်တွင်လည်း တခြားကျေးရွာများသို့ ကူးစက်သွားနိုင်သည်ဟု သိရှိရပါသည်။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင်လည်း အခြေအနေမှာ ဘင်္ဂလီကုလားများမှ ရခိုင်အိမ်များကို မီးရှိုးရန်အတွက် ကြိုးစားနေသည်ဟု သိရှိရပါသည်။
၂၃-၁၀-၂၀၁၂ ညနေ ၃း၄၅ နာရီ
မြောက်ဦးဆေးရုံသို့ ဒါဏ်ရာရှိသူသုံးဦးရောက်ရှိ
---------------------------------------------
မြောက်ဦးဆေးရုံသို့ ယခု ၃း၄၅နာရီထိ ဒါဏ်ရာဖြင့်ရောက်ရှိလာသူဦးရေမှာ (၃)ဦးရှိသွားပြီဖြစ်ကြောင်း RSV သို့ မြောက်ဦးဆေးရုံမှ အတည်ပြုပြေားကြားသည်။ နံနက်ပိုင်းတွင်(၁)ဦး၊ ညနေ ၃း၃၀ ပတ်ဝန်းကျင်တွင် (၂)ဦးစုစုပေါင်သုံးဦးဖြစ်သည်။ အဆိုပါဒါဏ်ရာများမှာ သေနတ်ထိမှန်၍ရရှိသောဒါဏ်ရာဖြစ်ကြောင်းသိရသည်။ ဒါဏ်ရာအခြေအနေအရ (၃)ဦးအနက် (၁)ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်းသိရသည်။ ဒါဏ်ရာအသေးစိတ်ကိုမူ လတ်တလောအခြေအနေတွင် စုံစမ်း၍မရနိုင်သေးကြောင်း မြောက်ဦးမြို့ရှိ RSV သတင်းထောက်မှပေးပို့သည်။
စစ်တွေတွင် ဘင်္ဂလီမူဆလင်များထံမှ လက်နက်မျိုးစုံဖမ်းဆီးရမိ ဆိုသည့် သတင်းမှာ မှန်ကန်မှုမရှိဟု ရခိုင်ပြည်နယ် ရဲမှူးကြီး အတည်ပြုပြောကြား
========================================
မာန်ယုကျော်(ရွှေဝမြေ)
========================================
စစ်တွေ၊ အောက်တိုဘာ ၂၃ - ရခိုင် ပြည်နယ် စစ်တွေမြို့ရှိ သဲချောင်းကျေး ရွာနေ ဘင်္ဂါလီ မူဆလင်များထံပေးပို့ လိုက်သော လက်နက်မျိုးစုံဖမ်းဆီးရမိ သတင်းမှာ မှန်ကန်မှုလုံးဝမရှိကြောင်
း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေ မျိုးက အတည်ပြုပြောကြားသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အောက်တိုဘာ ၁၆ ရက်က ဘင်္ဂလီမူဆလင် ဘာသာဝင်များနေထိုင်သော အင်ဘာလာရပ်ကွက်တွင် နာရေးကိစ္စ တစ်ခု ဖြစ်ပွားခဲ့ပြီး ထိုနာရေးကိစ္စကိုသဲ ချောင်းရွာရှိ မူဆလင်ဘာသာဝင်များ အသုံးပြုသော သချိုင်းသို့ သွားရောက်မြှုပ်နှံပြီး အပြန်တွင် သဲချောင်းရွာမှ ဘင်္ဂါလီမူ ဆလင်ဘာသာဝင်များက ထည့်ပေး လိုက် သော M-19 လောင် ချာ ငါးလက်နှင့်အခြားလက်နက်မျိုးစုံကို သယ်ဆောင်လာ ကြောင်း ရခိုင်ပြည်သူ တစ်ဦး က စစ်တပ်သို့ ဖုန်းဆက် အကြောင်းကြားခဲ့ရာမှ ဖမ်းဆီးရရှိခဲ့ကြောင်း အင်တာ နက်ပေါ်ရှိ Arakan Review
ဝက်ဘ်ဆိုဒ် တွင် ဖော်ပြထား ချက်မှာ လုံးဝမဟုတ်မှန် ကြောင်း ပြည်နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက ဆိုသည်။
''အဲဒီသတင်းမှာဖော်ပြပါရှိတဲ့ အချက်တွေအားလုံးဟာ တစ်ခုမှမဟုတ်ပါ ဘူး။ အောက်တိုဘာ ၁၆ ရက်မှာ ဘင်္ဂါလီ မူဆလင်တွေနေထိုင်တဲ့ အင်ဘာ လာရပ်ကွက် (အောင်မင်္ဂလာရပ်ကွက်) အတွင်း နာရေးကိစ္စတစ်ခုဖြစ်ပွား ခဲ့တယ်ဆို တာရယ်၊ M-19 လောင်ချာ ၅ လက်နဲ့ အခြားလက်နက်မျိုးစုံကို စစ်တပ်ကဖမ်း ဆီးရမိခဲ့တယ်ဆိုတာရယ်၊ လက်နက်တွေ ဖမ်းမိခြင်းနဲ့ ပတ်သက်လို့ မသင်္ကာ ဘင်္ဂလီ မူဆလင်ဘာသာဝင် ငါးဦးကို ဖမ်းဆီးစစ် ဆေးနေတယ် ဆိုတာတွေဟာ လုံးဝမဟုတ် ပါဘူး။ နောက်ပြီး 'စိန်' မုန့်တိုက်ပိုင်ရှင် ဘင်္ဂါလီမူဆလင်ဘာသာဝင် အိမ်ကိုရှာဖွေ တဲ့အခါ လက်နက်တွေနဲ့ လက်နက်မှာ အသုံးပြုတဲ့ ဒုံးရှည်တွေကိုရှာဖွေတွေ့ရှိခဲ့ တယ်ဆိုတာနဲ့ လုံထိန်းတပ်ဖွဲ့မှာရှိတဲ့ အရာရှိတစ်ဦးက ဝယ်ပေး တယ်ဆိုတဲ့ အချက်တွေဟာ အကုန်လုံးအမှားတွေ ချည်းပါပဲ။ ဒီဟာတွေဟာ ရခိုင်ပြည် နယ်အတွင်း မတည် မငြိမ်ဖြစ်အောင် ဖျက်လို ဖျက်ဆီးလုပ်လိုသူတွေက လူမျိုး ရေး၊ ဘာသာရေး ဆိုင်ရာပဋိပက္ခတွေအ ပေါ်အခွင့်ကောင်း ယူပြီး ဆူပူအကြမ်း ဖက်မှုတွေဖြစ်ပေါ်လာအောင် မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လှုံ့ဆော်ဖန်တီးဆောင် ရွက်ခြင်း သာဖြစ်တယ်လို့ ကျွန်တော်သုံးသပ်ယူဆမိပါတယ်''ဟု ယင်း က ပြောသည်။
အဆိုပါသတင်းထွက်ပေါ်လာပြီးသည့်နောက်ပိုင်း ရခိုင်ပြည်နယ် အတွင်းရှိ ရခိုင်လူမျိုးအကြား စိုးရိမ်ပူ ပန်မှုများ ပျံ့နှံ့ဖြစ်လာ ခဲ့ရကြောင်းသိရ သည်။
''ကျွန်တော်တို့ရွာမှာဆို အဲဒီ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ အဲဒီ သတင်းကို မိတ္တူတွေကူးပြီး လူတွေကို လိုက်လိုက်ဖြန့်နေကြပါ သေးတယ်။ ဒီလို ကာလမျိုးမှာ အသေအချာစုံစမ်းမေးမြန် မှုမရှိဘဲရေးထားတဲ့ အဲလို သတင်းအမှား တွေကို လိုက်ဖြန့်တော့ လူတွေလည်း ဘုမသိဘမသိ ယုံကြတော့တာပေါ့။ အခု ကာလက ငြိမ်းချမ်းမှုကို လိုလားနေတဲ့အချိန်ပါ။ ဘာမဟုတ်တဲ့ ကောလဟာလ တစ်ခုကြောင့် ဆူပူမှုတွေထပ်ဖြစ်မှာကို လဲ အများကြီးစိုးရိမ်မိ ပါတယ်''ဟု ကျောက်တော်မြို့နယ် အပေါက်ဝကျေး ရွာမှ ကိုအောင်နိုင်ထွန်းကပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ရခိုင် ပြည်နယ် အစိုးရအဖွဲ့၏ သတင်း ထုတ်ပြန်ရေးကော်မတီ ဥက္ကဋ္ဌဦးလှသိန်း က လည်း''ကောလာဟလ ဆိုတာ မဟုတ် ဘူးလို့လဲပြောလို့မရသလို ဟုတ်တယ်လို့ လဲ ပြောလို့မရပါဘူး။ ယုံသင့်မှယုံပါ။ နောက်ပြီး အဲလိုသတင်းမျိုးတွေထွက် ပေါ်လာတိုင်း ကျွန်တော်တို့ပြည်နယ် အစိုးရအဖွဲ့ကို ဆက်သွယ်မေးမြန်း စုံစမ်း ကြစေ လိုပါတယ်''ဟု ပြောသည်။
* Source - Yangon Media Group
၂၂.၁၀.၂၀၁၂ ရက်နေ့က မြောက်ဦးမြို့နယ် ပရိန်ကုန်းကျေးရွာ အရေးအခင်တွင် ခုခံ ကျဆုံးယင် ဒဏ်ရာ အပြင်းအထန်းရရှိခဲ့သော ဦးစိန်သာအောင် ၊ အသက်(၆၀) ညာဖက်ပခုံးဒဏ်ရာကြောင်း လူနာမှာ အခြေအနေ အလွန်ဆိုးရွားနေပါသည်။ ယခုအခါ စစ်တွေမြို့ ပြည်သူ့ဆေးရုံးတွင် အရေးပေါ်လူနာဌာနတွင် သတိလစ်လျှက်ရှိပြီး လူနာမှာ အခြေအနေ အလွန်ဆိုးရွားလျှက်ရှိပါသည်။ ကျန်စစ်တွေမြို့ပြည်သူ့ဆေးရုံးရှိ ကျန်လူနာ (၂)ယောက်မှာ သက်သာလျှက်ရှိပြီး အခြေအနေကောင်းမွန်လျှက်ရှိပါသည်။
5:12 နာရီ မင်းပြားမြို့ သတင်း
သာစည်ကျေးရွာတွင် ရခိုင်များ ဖမ်းပြီ
-------------------------------------------
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သာစည်ကျေးရွာ အရေးအခင်းတွင် ရခိုင်သားလူအယောက် (၂၀) ကျော်လောက်အဖမ်းခံရတယ်လို့ သိရရှိခဲ့ပါသည်။ မင်းပြားမြို့ရှိ ထွေအုပ်ရုံးရှေ့တွင် အဖမ်းခံရသူများကို လွတ်ပေးဖို့အတွက် မင်းပြားမြို့မှ မိန်မထောင်ကျော် သွားရောက် ဆန္ဒထုတ်ဖော်လျှက်ရှိပါသည်။
6း15 နာရီ မြောက်ဦးသတင်း
-----------------------------
မြောက်ဦးမြို့ဆေးရုံတွင်ဒါဏ်ရာဖြင့်ရောက်ရှိနေသော လူနာနှစ်ဦးမှာ ဒါဏ်ရာအခြေအနေပြင်းထန်သဖြင့် စစ်တွေဆေးရုံသို့ ယနေ့ညနေပိုင်း ၆ နာရီဝန်းကျင်မှစတင်ပြီး စစ်တွေဆေးရုံသို့ရေလမ်းခရီးဖြင့် ပို့ဆောင်ပေးရန် စီစဉ်နေပြီဖြစ်ကြောင်းမြောက်ဦးမြိ့ RSV သတင်းထောက်မှပေးပို့ပါသည်။ ယနေ့နံနက်ပိုင်း 1 နာရီကျော်တွင် ရောက်ရှိခဲ့သော လူနာသုံးဦးအနက် တစ်ဦးမှာ စိုးရိမ်ရဖွယ်ရှိကြောင်းလည်း သိရသည်။
၆း၂၄ နာရီ သတင်း
-------------
မင်းပြားမြို့တွင် ထွေအုပ်ရုံးတွင် ဆန္ဒပြ လူအပ်သည် ယခုအခါ လူစု ကွဲပြီး မိမိတို့ နေအိမ်များသို့ ပြန်လာလျှက်ရှိကြသည်ဟု သိရှိရပါသည်။ ရခိုင်ပြည် အစိုးရ ၀န်ကြီးချုပ် ဦးလှမောင်တင်မှ မိမိတို့ လုံခြုံရေးမှ ဖမ်းဆီထားသူများ ရှိလျှင် သူကိုယ်တိုင်လွတ်ပေးမည်ဟု ကတိပေးခဲ့ကြောင်းကို ဆန္ဒပြ လူအုပ်ထဲမှ RSV သတင်းထောက်မှ သတင်းပေးပို့ခဲ့ပါသည်။ မင်းပြားမြို့နယ် သာစည်ကျေးရွာ အရေးအခင်းမှ ရခိုင် အယောက် (၂၀) ပတ်ဝန်ကျင်လောက် အဖမ်းခံခဲ့ရသည်ဟု မင်းပြားမြို့ လူထုမှ သတင်းရရှိခဲ့သောကြောင်း ယခုလို မင်းပြားမြို့ရှိ မြို့သူ/သားများက ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ပါသည်။
ခမရ(၅၄၀)က ဘင်္ဂလီကုလားဘက်မှ ကာကွယ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် ရှင်ရှည်ကျေးရွာနေ ရခိုင်အမျိုးသား ဖြူမောင်ထွီး။ ယိုင်သည်ကျေးရွာ အရေးအခင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး မင်းပြားဆေးရုံးကို အပို့ လမ်းခုလပ်တွင် အမိမြန်မာနိုင်ငံတော်နှင့် အဖရခိုင်ပြည်အတွက် ခုခံကာကွယ်ရင် အသက်ပေးဆပ်သွားရပါသည်။ကွယ်လွန်သူ ဖြူမောင်ထွီး၊ (ဘ) ဦးတောလူချေ ၊ ဇနီး မအောင်သိန်း နှင့် သားသမီး (၂) ယောက် ကျန်ရစ်ခဲ့ပါသည်။
ကိုဖြူမောင်ထွေး ကောင်းရာသုဂတိ လားပါစီလို့ RSV မှ ဆုတောင်းပေးလိုက်ပါတယ် ----
ဓာတ်ပုံ-maruthura
၇း၀၀ နာရီသတင်း
မြောက်ဦးမြို့နယ်မှ ဒါဏ်ရာပြင်းထန်းသူများအားစစ်တွေဆေးရုံသိုပို့ရန် ဆက်လက်စီစဉ်
----------------------------------------
မြောက်ဦးမြို့နယ်တွင် ယနေ့တွင် ဒါဏ်ရာရသူဦးရေမှာ(၄)ဦးရှိပြီး သေဆုံးသူတစ်ဦးရှိကြောင်း သက်ဆိုင်ရာစာရင်းအရ သိရသည်။ ယနေ့ညနေအစောပိုင်းတွင် ဒါဏ်ရာရသူ(၂)ဦးအားစစ်တွေဆေးရုံသို့လွှဲပြောင်းရန်စီစဉ်ခဲ့သည်။ သို့ရာတွင် မြောက်ဦးဆေးရုံသို့ ထပ်မံရောက်ရှိလာသော လူနာများမှာပြင်းထန်လွန်းသဖြင့် စစ်တွေဆေးရုံသို့ ဒါဏ်ရာရသူများ(စစ်တွေဆေးရုံသို့ ပို့ဆောင်းပေးသည့်ဦးရေအတိအကျကို ဆက်လက်အတည်ပြုပေးပါမည်)အား(အစောပိုင်း(၂)ဦးနှင့်အတူ တစ်ပေါင်းတည်း) လွှဲပြောင်းပေးရန် စီစဉ်ရခြင်းဖြစ်ကြောင်းသိရသည်။ ဒါဏ်ရာပြင်းထန်သူများမှာ ဦးအောင်ကျော်မြ(ဓားဒါဏ်ရာ၊ စိုးရိမ်ရ)အား သွေး(၂)ပုလင်းသွင်းရပြီး၊ ညီဝင်း(ဦးခေါင်း သေနတ်ဒါဏ်ရာ) သွေး(၁)ပုလင်းသွင်းပြီး ဆေးရုံသို့ရေလမ်းဖြင့်ပို့ဆောင်ရန် စီစဉ်နေပြီဖြစ်ကြောင်းသိရသည်။ သေဆုံးသူမှာ ဦးခေါင်းနဖူးတည့်တည့်တွင် ကျည်ဒါဏ်ကြောင့်သေဆုံးခဲ့သည်ဟု မြောက်ဦးမြို့ RSV သတင်းထောက်မှ ပေးပို့လာပါသည်။
ဆက်လက်ပြီးမြောက်ဦးမြို့ခံသတင်းများအရမြောက်ဦးဆေးရုံသို့ မပို့ပဲ စစ်တွေဆေးရုံသို့ တိုက်ရိုက်ပို့သူများလည်းရှိကြောင်းကြားသိရသော်လည်း ယခုအချိန်ထိ စစ်တွေဆေးရုံတွင် ယနေ့နံနက်ပိုင်းက ရောက်ရှိခဲ့သော ဒါဏ်ရာရ (၃)ဦးမှ လွဲပြီး ကျန်ဒါဏ်ရာရရှိသူများမှာ ရောက်ရှိခြင်းမကြောင်းသိရသည်။
၈း၄၀ နာရီ သတင်း
------------------
၂၃.၁၀.၂၀၁၂ ရက် ညနေ့ဖက် ၇း၄၅ နာရီတွင် ယိုင်သည်ကျေးရွာ အရေးအခင်း၌ ခုခံကာကွယ်ရင် အပြင်းအထန်းရရှိခဲ့သည့် မြောက်ဦးမြို့နယ် လက်ပံတောအုပ်စု၊ အထုပ်သည်မ ကျေးရွာမှ မောင်ကျော်မောင်ချေ၊ အသက် (၂၂)နှစ်သည် စစ်တွေမြို့ ပြည်သူဆေးရုံသို့ ရောက်ရှိလာပါသည်။ လူနာမှာ ဘယ်ဖက် ခြေထောက်တွင် ဒဏ်ရာ ပြင်ထန်းစွာ ရရှိခဲ့ပြီး စစ်တွေမြို့ ပြည်သူ့ဆေးရုံးကြီးတွင် သွေးသွင်းထားရပါသည်။ ယခုအခါ စစ်တွေမြို့ ပြည်သူ့ဆေးရုံးကြီးတွင် ဘင်္ဂလီ-ရခိုင်အရေးအခင်းကြောင်း လူနာ (၄) တိတိ ဆေးကုသခံယူလျှက်ရှိပါသည်။ ထို့ပြင် ညနေ ၆း၀၀ နာရီမှ မြောက်ဦးပြည်သူ့ဆေးရုံးမှ စစ်တွေပြည်သူ့ဆေးရုံးသို့ နောက်ထပ် အရေးပေါ်လူနာ (၂) ယောက် ထပ်ရောက်လာလိမ်မည်ဟု မြောက်ဦးမြို့ RSV သတင်းထောက်မှ သတင်းပို့လာပါသည်။
၈း၄၅ နာရီသတင်း
မြောက်ဦးမြို့နယ်တွင် ဒါဏ်ရာရသူများအရေအတွက်တိုးလာ
-------------------------------------------
ယခုနောက်ဆုံးရရှိသောစာရင်းအရ မြောက်ဦးဆေးရုံသို့ ညနေ ၇း၀၀ နာရီနှင့် ၈း၀၀ ပတ်ဝန်းကျင်တွင် ဒါဏ်ရာအပြင်းအထန်ဖြင့် လူ(၂)ဦးထပ်မံရောက်ရှိခဲ့ကြောင်းသိရသည်။ အဆိုပါ(၂)နှစ်ဦးမှာ စူးဒါဏ်ရာနှင့် ဓားခုတ်ဒါဏ်ရာတို့အသီးသီးရရှိခဲ့ပြီး ဒါဏ်ရာအခြေအနေမှာ စိုးရိမ်ရသောအနေအထားတွင်ရှိကြောင်းသိရသည်။ တစ်ဦးမှာမှာ
အဆုတ်ထိဖောက်ဝင်သွားသည်ဟု ယူဆရကြောင်းလည်း သိရသည်။ ယနေ့ညနေပိုင်းတွင် စစ်တွေသို့ ပို့ဆောင်ကုသပေးသည့် ဒါဏ်ရာပြင်းထန် လူနာစာရင်းမှာ (၄)ဦးဖြစ်ကြောင်းသိရပြီး ယခုနောက်ဆုံးရောက်ရှိလာသည့် လူနာနှစ်ဦးအားလည်း စစ်တွေဆေးရုံသို့ ပို့ဆောင်မည့်အခြေအနေတွင်ရှိကြောင်း မြောက်ဦးမြို့ RSV သတင်းထောက်မှ ပေးပို့ပါသည်။ ယခုနောက်ဆုံး သတင်းပေးပို့ချက်အရမြောက်ဦးမြို့နယ်တွင် ဒါဏ်ရာရဦးရေမှာ (၆)ဦးရှိပြီး၊ သေဆုံးသူမှာ (၁)ဦးရှိကြောင်း သက်ဆိုင်ရာ စာရင်းများအရ သိရှိရပါသည်။
ည(၉း၃၀)သတင်း
------------------
ကျောက်ဖြူမြို့တွင် ပြဿနာတစ်စုံတစ်ရာဖြစ်နေပြီဖြစ်ကြောင်း ကျောက်ဖြူမြို့ခံသားများ၏ FB စာမျက်နှာအရ သိရှိရပါသည်။ အဆိုပါဖြစ်ရပ်များကို RSV မှလည်း အချိန်နှင့်တပြေးညီဖော်ပြပေးနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်လျှက်ရှိနေပါသည်။ သတင်းမှန်ရရှိပါက အချိန်နှင့်တပြေးညီဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
ည(၁၀း၀၀)နာရီသတင်း
---------------------------
မြေပုံမြို့နယ်၊ တောင်ပေါ်ရပ်ကွက်တွင် လွန်ခဲ့သည့် (၁)နာရီခန့်မှ စတင်ပြီး မီးလောင်ကျွမ်းနေကြောင်း မြေပုံမြို့မှ ဆရာတော်ဦးဣန္ဒာစာရမှ RSV၏ မေးလျှောက်မှုကို မိန့်ကြားတော်မှုခဲ့ပါသည်။ အဆိုပါမီးလောင်ကျွမ်းမှုမှာ ဘင်္ဂလီကုလားများ မီးရှို့ခြင်းဖြစ်ကြောင်းနှင့် မြေပုံမြို့နယ်တွင် မီးသတ်ကားတစ်စီးတည်းရှိသောကြောင့် မြို့တွင်းသို့ မီးမကူးစက်စေရန် မြို့ခံသားများက ၀ိုင်းဝန်း ကြိုးပမ်းနေရကြောင်းလည်း သိရသည်။ မီးမှာ ဆက်လက်လောင်ကျွမ်းလျှက်ရှိကြောင်းသိရသည်
၁၀း၀၀ နာရီ ၊ မင်းပြားမြို့ကို အမှောင်ချသလော (သတင်း)
------------------------
မင်းပြားမြို့တွင် ယခုအခါ မင်းပြားမြို့ တမြို့လုံးရှိ မီးပေးနေသော မီးစက်များကို ပိတ်ခိုင်းလိုက်သည်ဟု မင်းပြားမြို့ ခံတဦးမှ RSV သို့ သတင်းပေးပို့လာပါသည်။ “မီးက ညနေလောက် ခဏလာတယ်၊ ပြီးတော့ မီးက ပြတ်သွားတယ်၊ အစတုန်းကတော့ သဘောရိုးရိုး မီးပျက်တာ ထင်တာ၊ ခဏနေလို့ ပြန်မလာဘူး။ အသိ EPC မှာ လုပ်နေတဲ့ သူငယ်ချင်း တယောက်ကို ဖုန်းဆက်မေး
ကြည့်တော့မှ အစိုးရက မင်းပြားမြို့ တမြို့လုံးမှာ မီးပေးနေတဲ့ မီးစက်တွေ အကုန်လုံးကို ပိတ်ခိုင်းလိုက်တယ်လို့ ပြောမှ သိရတယ်။” ပြောပြသွားတယ်။ ယခုအခါ RSV မှ မင်းပြားမြို့သို့ ဖုန်းဆက် မေးကြည့်ရာ တမြို့လုံး မီးမလာကြောင်းကို “အဂုကဗျာ အရေးအခင်ကလည်း ဖြစ်နေတယ်ဆိုတော့ အမှောင်ထဲမှာ ဆိုရင် ပိုလို့ စိုးရိမ်းရပါတယ်။ ဒါကြောင်း မီးကို မိုးလင်းပေါက်တောင်ပေးသင့်ပါတယ်။ အခုက ညနေ ၆း၃၀ နာရီကလာတယ် ၁၀း၃၀ နာရီဆိုရင် မီးပိတ်တယ်။ ဒါလေးတောင် အမှန်မပေးချင်ကြဘူး။”လို့ ဖုန်းပြောသူက ပြောပြသွားပါတယ်။
ည (၁၀း၁၀)နာရီသတင်း
----------------------
မြေပုံမြို့မီးသည် မြို့တွင်းသို့ကူးစက်လာပြီဖြစ်သိရပြီး၊ မီးရှို့ပြီးထွက်ပြေးသည့် ကုလားကို ဖမ်းဆီးရမိခဲ့ပြီဟု မြို့ခံတစ်ဦးမှ ပြောကြားခဲ့ပါသည်။ မီးမှာ တစ်စတစ်စ ပြင်းထန်လာသည်ဟုလည်း သိရသည်။ မြေပုံမြို့ခံသားများအနေဖြင့် ထိတ်လန့်ကြောက်ရွံ့နေကြောင်းလည်း အဆိုပါမြို့ခံသားမှ ဆက်လက်ပြောကြားခဲ့ပါသည်။
၁၀း၁၇ နာရီ မြေပုံမြို့သတင်း
-------------
မြေပုံမြို့၊ တောင်ပေါ်ရပ်ကွက်မှ ဘင်္ဂလီကုလားများစတင်ရှို့ခဲ့သည့် မီးလောင်မှုမှာ ယခုအခါ ရခိုင်ရပ်ကွက်ဖြစ်သည့် အလယ်ပိုင်းရပ်ကွက် လ၀က ဦးစီ အိမ်နားသို့ထိ ကူးစက်လောင်ကျွမ်းလာပြီဖြစ်ကြောင်း သဲတန်းရပ်ကွက်နေ ပြည်သူတစ်ဦးက ခိုင်မာသောသတင်းပေးပို့လာပါသည်။
ည(10း20)နာရီသတင်း
--------------------------
ကျောက်ဖြူ၊ ပိုက်ဆိပ်တွင် မီးငြိမ်းသွားပြီဖြစ်ကြောင်းသိရသည်။ မီးလောင်ကျွမ်းမှုကြောင့် အိမ်(၃)အိမ်ခန့်လောင်ကျွမ်းသွားကြောင်းသိရသည်။
ည(၁၀း၃၀) သတင်း
----------------------
မြေပုံမြို့တွင် မီးဆက်လက်လောင်ကျွမ်းလျှက်ရှိကြောင်းသိရသည်။ မြို့သူမြို့သားများမှာ မီးကို အမြန်ဆုံးငြိမ်းသတ်နိုင်ရန်ကြိုးပမ်းနေကြောင်း သိရသည်။
၁၁း၀၀ နာရီ မြေပုံမြို့သတင်း
------------
ညဥ့် ၉း၀၀ နာရီမှ စတင်ပြီး ရခိုင်ပြည်နယ် မြေပုံမြိုတွင် ဘင်္ဂလီရပ်ကွက် တခုဖြစ်သော တောင်ပေါ်ရပ်ကွက်နှင့် ရခိုင်များ နေထိုင်သော အလယ်ပိုင်းရပ်ကွက်အစပ် ဘင်္ဂလီအိမ်တဆောင်ကို ဘင်္ဂလီကုလားများ မီးရှိုးထွက်ပြေးခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။ မီးမှာ အားကောင်းစွာဖြင့် လောင်းကျွမ်းလျှက်ရှိပြီး မီးထဲတွင် ပါဝင်သွားတော့ အခြေအနေကို ခန့်မှန်းရန် ခက်ခဲသည်ဟု ဦးအိန္ဒာစာရ ပြောကြားခဲ့ပါသည
ယခုအခါ မြေပုံမြို့နယ်ရှိ လူထုမှ တခြားရပ်ကွက်များကို မီးမကူးစပ်နိုင်ရန်အတွက် မီးငြိမ်းလျှက်ရှိပါသည်။ ဦးအိန္ဒာစာရမှာလည်း မီးလောင်းနေရာနှင့် ကပ်လျှက် တိုက်ကြီးဘုန်းတော်ကြီးကျောင်းထဲတွင် မီးငြိမ်းသတ်ရန် အဆင့်သင့်ပြုလုပ်ထားသည်ဟု သိရှိရပါသည်။ ယခုအချိန်ထိ လူများ ထိခိုက် ဒဏ်ရာရရှိမှု၊ ဘင်္ဂလီများနှင့် တဖက်နှင့် တဖက် တိုက်ခိုက်မှုများ မရှိသေးဘူးဟု မိန့်ကြားသွားပါသည်။
လုံခြုံရေးနှင့် ပတ်သတ်၍ ယနေ့ စစ်တပ် အရှိန်အပြောင်းဖြစ်သဖြင့် မြေပုံမြို့ပေါ်တွင် စစ်တပ် အင်အား မရှိသလောက်ဟု သိရှိရပြီး ရဲလုံထိန်းများမှာလည်း လုံလောက်သော အင်အား မရှိဟု မိန့်ကြားသွားပါသည်။
ဤသတင်းများသည် ဖုန်းဖြင့် ဆက်သွယ်မေးမြန်သမျှကို အချိန်နှင့် တပြေးညီ တင်ပြနိုင်ရန်အတွက် ကြိုးစားအားထုတ်ထားခြင်းဖြစ်ပါသည်။ တချို့သော သတင်းများသည် လွဲချော်မှုများ ရှိကောင်းရှိနိုင်ပါသည်။ ရှိခဲ့လျှင်လည်း RSV ၏ အမှားသာ ဖြစ်လိမ်မယ်ဟု ကြိုတင် တောင်းပန်အပ်ပါသည်။
၁၁း၂၄ နာရီ ကျောက်ဖြူသတင်း
--------------
ယခုအခါ ကျောက်ဖြူမြို့သို့ ဖုန်းခေါ်ရ အလွန်ခက်ခဲပါသည်။ ထို့ကြောင်း ကျောက်ဖြူမြို့နှင့် အနီစပ်ဆုံး ဂုံချွိန်းကျေးရွာသို့ ဖုန်းဆက်ကြည့်ရာ မီးမှာ အချိန်အဟုန်ပြင်စွာဖြင့် လောင်းကျွမ်းနေပါသည်။ လူအသေအပျောက်ရှိသည်ဟုလည်း ကြားသိရပါသည်။ သေနပ်ပစ်သံ ဆက်တိုက် ထွက်ပေါ်နေပါသည်ဟု ပြောကြားသွားပါသည်။ မီးမှာ အရှိန်အဟုန် ပြင်းစွာဖြင့် လောင်းကျွမ်းနေသည်ဟု ပြောပြသွားပါသည်။
၁၁း၃၅ နာရီ မြေပုံသတင်း
---------------
မြေပုံမြို့တွင် မီးလောင်းမှုများ ဆက်တိုက် အချိန်အဟုန်းပြင်စွာဖြင့် လောင်းကျွန်းလျှက်ရှိပါသည်။ လုံခြုံရေးမှ အခြေအနေကို ထိန်းသိမ်းနေသော်လည်း လုံခြုံရေး မလုံလောက်မှုကြောင်း အခြေအနေမှာ
တဖက်နှင့် တဖက် အပြန်အလှန်တိုက်ခိုက်မှုများရှိပြီး ဒဏ်ရာရမှုများလည်း ရှိသည်ဟု သိရှိရပါသည်။ ယခုအချိန် လုံခြုံရေးမှ သေနပ်ပစ်ဖောက်ပြီး လူစုခွဲမှုများလည်း မရှိသေးဟု သိရှိရပါသည်။
၁၁း ၄၅ နာရီ မင်းပြားမြို့သတင်း
............................
မင်းပြားမြို့နယ်၊ စာတိုင်ကျေးရွာမှ ဘင်္ဂလီကုလားများ မီးရှို့အကြမ်းဖက်မှုကို ကာကွယ်ရင်းဒဏ်ရာရရှိခဲ့သည့် ရခိုင်အမျိုးသားနှစ်ဦး မင်းပြားပြည်သူ့ဆေးရုံသို့ရောက်ရှိနေသည်ဟု သိရှိရပါသည်။
မင်းပြားမြို့နယ်၊အိုးသည်ရွာမှ အောင်မင်းခိုင် အသက်(၂၇)နှစ်တွင် တံတောင်ဆစ်တစ်ချက်၊ ကျောကုန်းတွင်နှစ်ချက်၊ စုစုပေါင်း ရာဘာကျည်ဆန်သုံးချက် ပြင်းထန်စွာရရှိထားရာ ၂၄.၁၀.၂၀၁၂ ရက်နေ့ (နက်ဖြန်) စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ရမည်ဖြစ်ကြောင်းသိရှိရပြီး ခြိတ်တောင်ရခိုင်ရွာမှ ကျော်ဝင်းချေ(၂၃)နှစ်မှာလည်း မီးလောင်ဒဏ်ရာပြင်းထန်စွာရရှိထားကြောင်း ဆေးရုံဝန်ထမ်းတစ်ဦးက ပြောပြပါသည်။
Source by: ဆြာကျီ
ကျောက်ဖြူမြို့မှ ပေးစာ
----------------------
ကျောက်ဖြူ မြို့ အခြေအနေ တော်တော်ဆိုးနေပါပြီး။ ရခိုင်ပိုက်ဆိပ် မှ ရပ်ကွက်ဥက္ကဌ(ရခိုင်လူမျိုး) အိမ်ကို ကုလားများမှ မီးစရှို့လိုက်သောကြောင့် ပိုက်ဆိပ်မှ ရခိုင်အိမ်များနှင့် ကုလားအိမ် (ဗလီအပါဝင်) များယခုမီးလောာင်နေလျှက်ရှိနေပါသည်။ မီးသွားငြိမ်းသော မီးသတ်ကား အား ကုလားများမှ ဂျင်ကလီ ဖြင့်ပစ်ခတ်ရာ မီးသတ်ရဲဘော် ပစ်ခံ ရသည်ဟုလည်းသိရှိရပါသည်။ ယခု ပိုက်ဆိပ်မီးလောင်
နေတာမီးအင်အား များနေလို့ နီးစပ်ရာရပ်ကွက်မှလူများ မနေရဲလို့ ဝေးရာသို့ ထွက်ပြေးနေရသည်ဟုသိရှိရပါသည်။ စစ်တပ်မှ ဝိုင်းရံ ကာကွယ်ထားသည်များကို ဂျင်ကလီ ၊စူးများနှင့် ပြန်လည်ခုခံ နေသည်ဟုလည်းသိရပါသည်။ အထူးသဖြင့် သန်ပန်ချောင်း ရပ်ကွက်အတွင်း နေထိုင်သောရခိုင်ပြည်သူများက ကုလားများနှင့် ရော်နှော နေထိုင်နေရသောကြောင့် လုံခြုံ ရေးအတွက် စိုးရိမ်နေရကြောင်း၊ ထိုအပြင် မည်သည့်က ရောက်လာမှန်းမသိတဲ့ ကုလားတွေ ဟာသန်ပန်ချောင်းတွင်ရှိသောကုလားအိမ်များတွင် နေထိုင်လျှက်ရှိနေပါသည်။ သက်ဆိုင်ရာသို့ သွားရောက်တိုင်ကြားသော်လည်း အရေးယူမှု လုံးဝမရှိပါသေး။ ထိုကြောင့် ရခိုင်ပြည်သူများ လုံခြုံ ရေးတွက် မြို့တွင်းရှိ နေထိုင်သောမူဆလင် များအားစစ်ဆေးဖယ်ရှားပေးပါရန် သက်ဆိုင်ရာသို့ ကူညီ တောင်းပေးကြပါလို့...
Sent by: Htun Kyaw Shein
၂၄-၁၀-၂၀၁၂ မနက် ၀၀း၁၅ မိနစ် မြောက်ဦးဆက်စပ်သတင်း
-----------------------------------------------------
ယမန်နေ့ (၂၃-၁၀-၂၀၁၂)နေ့ ညနေပိုင်းတွင် မြောက်ဦးဆေးရုံမှ ဒါဏ်ရာပြင်းထန်လွန်း၍ စစ်တွေဆေးရုံသို့ပို့ဆောင်ခဲ့သည့် လူနာများမှာ ယခုအချိန်တွင် စစ်တွေဆေးရုံသို့ရောက်ရှိသွားပြီဖြစ်ပါသည်။ အရေးကြီးလူနာ (၄) ယောက်ပါရှိသည်ဟု သိရှိရပါသည်။ လူနာများမှာ အခြေအနေ အလွန်စိုးရိမ်ရသည်ဟု သိရှိရပါသည်။ နောက်ထပ် စက်လှေ (၂) စီဖြင့် မြောက်ဦးမြို့မှ ထွက်ခွါလာသည်ဟု စုံစမ်းသိရှိရပါသည်။
၂၄.၁၀.၂၀၁၂ ရက် ညဥ့် ၀၀း၃၄ နာရီ စစ်တွေမြို့ ပြည့်သူ့ဆေးရုံးကြီး သတင်း
---------------------------------------
ယခု စစ်တွေမြို့ ပြည်သူဆေးရုံးသို့ မြောက်ဦးမြို့မှ ရောက်ရှိလာသော အရေးပေါ်လူနာ မောင်ရွှေလှ၊ အသက် (၄၆)နှစ် ၊ လက်ဖျံနှစ်ဖက်လုံး ဓားဒဏ်ရာနှင့် ခြေထောက်၊ ၀မ်းဗိုက်တို့လည်း ဒဏ်ရာအပြင်အထန်ရရှိခဲ့ပါသည်။ ထို့ကြောင်း သွေးထွက်များပြီး ယခုအခါ စစ်တွေမြို့ ပြည်သူ့ဆေးရုံးတွင် သွေး(၂)လုံး အရေးပေါ်လိုအပ်လျှက်ရှိပါသည်ဟု သိရှိရပါသည်။ နောက်လူနာ (၃)ယောက်မှာ အရေးပေါ်ကားဖြင့် စက်လှေမှ သွားရောက် သယ်ယူလျှက်ရှိသည်ဟု သိရှိရပါသည်။
၀၀း၄၁ နာရီ ကျောက်ဖြူ သတင်း
--------------
ကျောက်ဖြူမြို့ရှိ ယခုအခါ မီးဘေးသင့်သူများ မီဘေးဒုက္ခသယ်များကို
သာသနဘိမာန်ကျောင်းတိုက်တွင် လာရောက် ခိုလုံလျှက်ရှိသည်ဟု သိရှိရပါသည်။ မီးမှာ ဆက်လက်လောင်းကျွမ်းလျှက်ရှိပြီး တဖက်နှင့် တဖက် အပြန်အလှန်တိုက်ခိုက်လျှက်ရှိသည်ဟု သိရှိရပါသည်။
၁း၀၀ နာရီအချန် မြေပုံမြို့သတင်း
-------------------------------------
မြေပုံမြို့တွင် မီးလောင်မှုသည်အရှိအဟုတ်ကောင်းစွာဖြင့်လောင်ကျွမ်းလျက်ရှိဆဲ ဖြစ်ကြောင်း၊
တောင်ပေါ်ရပ်ကွက်တွင် အိမ်ခြေ ၅၀၀ ခန့်လောင်ကျွမ်းသွားပြီဖြစ်ကြောင်းနှင့် ဘင်္ဂလီများဘက်မှ လေးဂွများ၊ ဂျင်ကလီများ ဖြင့်ပစ်ခတ်သဖြင့် ထွက်ပြေးနေကြရကြောင်းလည်းသိရှိရပါသည်။
ထိုခိုက်ဒဏ်ရာရှိမှုများလည်းများပြားနေပြီဖြစ်ကြောင်းနှင့် အသေအပျောက်အစာရင်းမှာ မဖော်ပြနိုင်သေးကြောင်းလည်းသိရှိရပါသည်။
တစ်နေ့တာသတင်း ရှင်းလင်းချက်
---------------------------
ယခုဖြစ်နေသော အရေးအခင်းတွင် RSV သတင်းများကို တင်ပေးရာတွင် ဒေသခံများဆီသို့ဖုန်းဆက်ပြီး မေးမြန်ခဲ့ပြီးမှ ဖြစ်နိုင်ခြေအရှိဆုံးသတင်းများကိုသာ ဖော်ပြပေးခဲ့သည့် သတင်းများဖြစ်ပါသည်။ RSV သည် မိမိအကျိုးတခုမှ မပါဘဲ သတင်းဖြစ်ပေါ်မှုများအား အချိန်နှင့် တပြေးညီတင်ပြပေးနေခြင်းသာဖြစ်ပါသည်။ ဒေသခံများကို မေးမြန်ရာတွင် လည်း ရခိုင်များ၏ ဖုန်းနံပါတ်များနှင့် ဌာနဆိ
ုင်ရာ ဖုန်းနံပါတ်များကိုသာ အဓိကထား မေးမြန်ခဲ့ရသဖြင့် လွဲချော်မှုများရှိကောင်းရှိနိုင်ပါသည်။
သို့သော်လည်း အချိန်ကုန် ၊ ငွေကုန်ခံပြီး ကြိုးစားကာ မိမိတို့ လုပ်နိုင်စွမ်းရှီသည့်ဖက်မှ စေတနာဖြင့် တင်ပေးခဲ့ခြင်းဖြစ်ပါသည်။ ယခု လက်ရှိ ဖြစ်ပွါးနေသော အခြေအနေအရပ်ရပ်ကို RSV မှ ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချပါကြောင်းနှင့် ယခုလက်ရှိဖြစ်ပေါ်နေသော အရေးအခင်းသည်လည်း အမြန်ဆုံး ငြိမ်းချမ်းပါစေဟု RSV မိသားစုမှ ဆန္ဒပြုပါသည်။
သတင်းဖတ်ဖိတ်ဆွေများအားလုံးကို ကျေးဇူးတင်လျှက်
RSV မိသားစု
ရှေးဘုရင်တွေ စုံစမ်းနည်းနဲ့  ယခုအစိုးရ လုပ်ချင်သူများ
ကျွန်တော်သိသော ကြားဖူးသော ရှေးယခင် သက်ဦးဆံပိုင် ဘုရင်များမှာ
တိုင်းသူပြည်သားများအား မည်သို့  နေထိုင် စားသောက် ၊ မည်သို့  အခြေအနေ ၊
မည်သို့ သူပုန်သူကန် ရှိမည့် အနေအထားများကို အိမ်ကြိုအိမ်ကြား
ကိုယ်ရောင်ဖျောက်ကာ ဘုရင်ကိုယ်တိုင် စုံစမ်းတော်မူ၏ဟု ကြားဖူးမှတ်ဖူး ခဲ
့ပါသည် ။ ဘုရင်ကိုယ်တိုင်စုံစမ်းထောက်လှမ်းရသမျှကို မင်းညီလာခံတွင်
ချပြပြီး ဆောင်ရွက်ပေးတော်မူ၏ဟု သိဖူးမှတ်ဖူး ခဲ့ ပါသည်။။
   ယခုခေတ်အစိုးရများမှာမူ ဘုရင်ကိုယ်တိုင်လို အိမ်ကြိုအိမ်ကြား
သွားရောက်စရာမလိုတော့ ။ စုံစမ်းထောက်လှမ်းရေးအဖွဲ့ တွေ ခန်
့အပ်ထားပြီးသောကြောင့် ပြည်သူပြည်သူများ၏ နေ့ တဓူဝ အခြေအနေမှန်များကို
သိရှိကြရပြီဖြစ်သည် ။ ပြည်သူ့ လွှတ်တော်ညီလာခံလည်း  ရှိနေနှင့်ပြီးဖြစ်ရာ
လွှတ်တော်ကိုယ်စားလှယ်များမှတဆင့် အစိုးရမင်းတို့  အားလုံးသိကြချေ၏ ။
ခေတ်စနစ်တို့ ကား တိုးတက်ပြောင်းလဲလာရာ ယခင်က စစ်အစိုးရသည်လည်း
မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရပါဟု မည်သူယုံယုံ မယုံယုံ
အာပေါက်အောင် ပြောနေရပြီးပြီ ။
      ယခင်က စစ်ဗိုလ်ချုပ်များသည်လည်း ခေါင်းပေါင်းစ တလူလူနှင့်
ပွဲလယ်တင့်နေပြီး ကမ္ဘာ့နိုင်ငံအသီးသီးက လက်ဆွဲနုတ်ဆက် ချီးကြူးထောပနာ
ပြုကြရလေပြီဖြစ်သည် ။ နိုင်ငံတကာရှိ အတိုက်အခံများကလည်း မတိုက်ခံကြတော့ဘဲ
နုတ်ဆတ်ကာ နေရလေတော့သည် ။ အတိုက်အခံပါတီများပင်
လွှတ်တော်ထဲရောက်ကြပြီဖြစ်ရာ ငြိမ်သက်သွားသော နိုင်ငံရေးဂယက်များဟု
ပြောဆိုခေါ်ဝေါ် ရနိုင်ကောင်းပါသည် ။
     ကံဆိုးချင်တော့ နိုင်ငံတ၀န်း လမ်းပေါ်ထွက် ဆန္ဒပြမှုတွေက အလျှိုလျှို
ပေါ်ထွက်လာ၏  ၊ ယခင်က လမ်းပေါ်ထွက်၍ ဆန္ဒပြသော သူများကို နှစ်ပေါင်း များစွာ
အကျဉ်းချခဲ့ ခြင်းရှိခဲ့ ရာမှ ပြန်လည်လွှတ်ပေးလိုက်ပေးပြီမို့  ခုတော့
လမ်းပေါ်ထွက်လဲ သီချင်းတွေတောင် ဆိုလို့  ဆန္ဒပြနေကြဖြစ်သည် ။
လူတိုင်းလိုလို လမ်းပေါ်ထွက်လာကြပြီဖြစ်ရာ မထွက်မိသည်ကိုပင် ကျွန်တော်တို
့က ဆော်သြခဲ့ ဖူးလေသေးသည်ကို အမှတ်ရမိတော့သည် ။
      အစိုးရက နုနယ်သေးသမို့  အပြစ်ကင်းစင်စွာနဲ့  ပြည်သူတွေခမြာ
ခွှင့်လွှတ်ပေးနေသည်လား မပြောတတ် ။ စောင့်ကြည့်ပါဆိုတော့
စောင့်ကြည့်နေသူများလည်း ရှိနေကြရသည် ။ မြစ်ဆုံကျတော့ ယခုအစိုးရလက်ထက်မှာ
မလုပ်တော့ပါဟု ပြောဆိုထားရာ နောင်လာမည့် အစိုးရလက်ထက်တွင်
ပွဲကြီးပွဲကောင်း ရှိနေတော့မည့် အလားအလာရှိနေသေးသည် ။ လက်ပံတောင်းတောင် ၊
ကြေးနီစီမံကိန်း ၊ ဖယောင်းတိုင်တော်လှန်ရေး ၊ ကချင်စစ်ဘေး ၊ လှိုင်သာယာ
စက်မှုဇုံ ၊ ၀မ်ပေါင် စသောတိုက်ပွဲတွေက လမ်းပေါ်ထွက်လာခဲ့ ကြသည် ။
အစိုးရသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ တွင် ဆန္ဒပြသူများအား
ငြိမ်းချမ်းစွာ တရားစွဲဆိုထားလိုက်တော့သည်ကို မြင်တွေ့ ရပြန်၏
 အခြားသောဆန္ဒပြတောင်းဆိုမှုများကား အစီအရီများစွာရှိ၏ ကျောင်းသားသမ္မဂ
တရားဝင်ဖွဲ့ ရေး ၊ အလုပ်သမား လယ်သမား သမ္မဂ ဖွဲ့ ရေး များစွာ ရှိလာ၏ ။
နောက်ဆိုလျှင် နိုင်ငံတကာရှိ မည်သည့်သမ္မဂမျိုး ရှိသည်ဟု ကြားသိလျှင် ဖွဲ
့စည်းခွင့်ရရှိရန် လမ်းပေါ်ထွက် ဆန္ဒပြ တောင်းဆိုမှုများ ရှိလာနိင်သည် ။
ဒီမိုကရေစီသက်တမ်းနုနယ်သော အစိုးရဆိုတော့ စစ်ဗိုလ်ချုပ်တွေက
ပြုံးကြဲကြဲနှင့်  ၊ သူတို့ ကား ခေတ်ပညာတတ် စစ်ဗိုလ်ချုပ်များဆိုတော့
ယခင်စစ်အာဏာရှင်များနှင့် နည်းနည်းလောက် ကွာခြားနေသည်ကိုတော့ သတိထားမိ၏ ။
သို့ သော်လည်း ဒီပုတ်ထဲက ဒီပဲမို့  တလုံးပိုရှူနေသူများဟု
မှတ်ထားလိုက်ရသေးသည် ။
   ယနေ့ တွင် ရခိုင်ပြည်နယ်ဖက်မှ ကုလားနှင့် ရခိုင်လူမျိုးတွေ
အဓိကရုဏ်းဖြစ်သံတွေ ကြားလာမြင်လာရ၏ ။ လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုခံနေရသော
ဒီမိုကရေစီတဖြစ်လဲ အစိုးရသည် လွှတ်တော်ညီလာခံတွင် ၄င်းအဖြစ်အပျက်ကို
 နုတ်ကပတ်တော်က ဖွင့်ဟမပြော ။ လက်နက်ကိုင် သူရဲသူဘက် ခြွေရံတော်များကလည်း
အဓိကရုဏ်းများကို နှိမ်နှင်းသံများ ဖျောက်ဆိတ်လို ဖြစ်နေ၏ ။
ရွာပျက်ကြီးထဲတွင် စပါးကျီကို မျောက်များ မီးရို့  နေသည်အလား
ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေသည်ကို မည်သူကမျှ တားပါဟေ့-ဆီးပါဟေ့လို့  ဟန်
့တားသံမကြားရ ။
    အဓိကရုဏ်းဆိုသည်မှာ လူစုလူဝေးများ၏ ရုန်းရင်းဆန်ခတ်မှုများဖြစ်ရာ
နေအိမ်ဥပစာများ ၊ အပြစ်မဲ့  ခလေးသူငယ်များ ၊ မိန်းမများ ၊
သက်ကြီးရွယ်အိုများမှာ ဒုက္ခဆင်းရဲကြီးစွာ ဖြစ်ကြရချေ၏ ။
ယင်းအဓိကရုဏ်းများကို ဖန်တီးသူ တို့ မီးရို့ မီးလုပ်သူများကား ဘာမှ
ပြသနာမတက် ။ မည်သို့ ပင်ဆိုစေ အစိုးရမှာ လမ်းပေါ်ထွက်လျှင်ပင်
ခွှင့်လွှတ်ပေးလေတော်မူ၏ ဟုဆိုသော  နိုင်ငံတကာများ၏ သည်းခြေကြိုက်
အကျိုးလို၍ ညောင်ရေလောင်းသည်ကို ပြူးပြဲလုပ်စရာမလိုဟုမြင်သည် ။ မိမိတို့ 
နိုင်ငံတွင် လမ်းပေါ်ထွက်ခြင်းလည်း မရှိရအောင် ကြိုးစားပမ်းစား
ဆောင်ရွက်တတ်ကြရန်သာ ရှိ၏ ။ စစ်တပ်မရှိမှန်း ပုလိပ်ကို လူမမြင်ဖူးမှန်း
ဆောင်ရွက်ထားတတ်ကြရန်သာလို၏ ။
    ယခုကား ရခိုင်ပြည်နယ်တွင် တပ်ရင်ပေါင်း ( ၆၀ ) ကျော်လောက် သို
့မဟုတ်အထက် ရှိသည်ဟု သိရသည် ။ ၄င်းတပ်ရင်းတို့ နှင့် မလုံလောက်၍
အဓိကရုဏ်းများဖြစ်နေသေးလျင် ကချင်ပြည်နယ် ။ ရှမ်းပြည်နယ် ၊ ကရင်ပြည်နယ်
တို့ မှ တပ်ရင်းတို့ ကို ရခိုင်ပြည်နယ်တွင် ယာယီထားပြီး ငြိမ်းချမ်းအောင်
လုပ်၍ရ၏ ။ အကယ်၍ ကချင်လက်နက်ကိုင်များ၊ ရှမ်းလက်နက်ကိုင်များ၊
ကချင်လက်နက်ကိုင်များက မြန်မာနိုင်ငံအတွင်းသို့  ကျူးကျော်ဝင်ရောက်မည်ကို
စိုးရိမ်သည် ဆိုလျင် မစိုးရိမ်ရအောင် ကျွန်တော်တို့ 
ဝိုင်းဝန်းပြောဆိုပေးက ရနိုင်လေသည် ။  အဓိကမှာ အစိုးရမင်းတို့ သည်
တရားဥပဒေစိုးမိုးရေးကို အမည်ခံဆောင်ရွက်နေ၍ မဖြစ်ကြောင်း
ယခုရခိုင်ပြည်နယ်အရေးက သက်သေပြနေ၏ ။
       ပုဒ်မ္မ-၁၄၄- အမိန့် ထုတ်ပြန်ခြင်းသည် ညမထွက်ရအမိန့် တခုတည်းမဟုတ်
။ နေ့ လည်း မထွက်ရအမိန့် ဖြစ်၏ ။ ၄င်းအမိန့် ကို ဖေါက်ဖျက်ပါက
ပိုးစိုးပက်စက် သေနတ်နှင့် ပစ်သတ်၍ ရ၏ ပစ်သတ်ပြီးလျှင် ဆေးရုံသို
့ချက်ချင်းပို့ ရ၏ ။  လူမသိ သူမသိ နေရာများမှာ မမြုပ်နှံရ ။
၎င်း-ပုဒ်မ္မ-၁၄၄- ကို ရခိုင်ပြည်နယ်အတွင်းမှာ ရှေးဦးစွာ
လူထုပညာပေးသင်တန်း ပေးရန် အမြန်ဆုံးလိုနေသည် ။ သို့ မဟုတ်က ဥပဒေကို
မသိ၍၄င်း ၊ နားမလည်၍၄င်း ချိုးဖေါက်နေကြမည်ဖြစ်သည် ။ အစိုးရမင်းများကလည်း
မည်သည့်လူမျိုးရေး မည်သည့်ဘာသာရေးပဋိပက္ခမျိုးကို မှ ကြားဝင် ဒိုင်လူကြီး
မပြုလုပ်ရန် ပြောချင်၏ ။ လွန်ခဲ့ သောလများထဲက
ဒုတိယဗိုလ်ချုပ်ကြီးသိန်းဋ္ဌေးက ရခိုင်ပြည်နယ်အရေးတွင်
ဒိုင်လူကြီးလုပ်မည်ဟု ပက်ပက်စက်စက်ပြောသောစကားကို ကျွန်တော့်နားမှ
မထွက်နိုင်ဘဲ ရှိနေ၏ ။ ထို့ ကြောင့် ယခုရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေသော
ပဋိပက္ခများသည် မီးလောင်တိုက်သွင်းခံနေရသလို ဖြစ်ပွါးနေရခြင်းကြောင့်
အဓိကလက်သည်မှာ မည်သူဖြစ်သည်ကို  ကျွန်တော်ခန်
့မှန်းလာတတ်စပြုလာပြီဖြစ်သည် ။ ရှေးယခင်က သက်ဦးဆံပိုင်ဘုရင်တို့ သည်ပင်
အိမ်ကြိုအိမ်ကြား စုံစမ်းထောက်လှမ်းပြီး သူ့ အစိုးရ တည်တန့် ရေး
ဆောင်ရွက်တော်မူခဲ့ သည် ။ ယခုအစိုးရမင်းတို့ ကား လူတွေမျက်ရည်ကြီးငယ်ကျမှ
စားဝင်သောက်ပျော် ကောင်းသည့်သူများဆိုလျှင် အစိုးရလုပ်ချင်ရင်တောင်
လုပ်၍မရသော ခေတ်ကို ရောက်လာပြီဆိုသည်ကို သတိထားမိဖို့ လိုပြီဟု
ပြောချင်လေတော့၏ ။
ခိုင်အောင်ကျော် ( နယူးယောက် )