Friday, October 26, 2012

ပြင်ပပညာရှင်များ ပါဝင်သည့် ပညာရေးကော်မတီ ဒီချုပ်ဖွဲ့စည်း


7Day News Journal


ရန်ကုန်၊အောက်တိုဘာ-၂၅

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ပြင်ပပညာရှင်များ ပါဝင်သော ပညာရေးကော်မတီကို ယခုလ ၂၄ ရက်က ဖွဲ့စည်းလိုက်သည်ဟု ပါတီဗဟိုဌာနချုပ်က သတင်းထုတ်ပြန်သည်။

နိုင်ငံ၏ ပညာရေးကဏ္ဍသည် ပြုပြင်ပြောင်းလဲမှုများ လိုအပ်နေသည့်အ တွက် ပြင်ပမှ ပညာရှင်များ၏ ကျွမ်းကျင်မှု၊
အကြံဥာဏ်များကို ပါတီနှင့် ချိတ်ဆက်ရယူနိုင်ရန် လွှတ်တော်တွင်းလုပ်ငန်းစဉ်များကို ကူ ညီထောက်ပံ့ပေးနိုင်ရန်နှင့် ပါတီက လုပ်ဆောင်နေသော ပညာရေးကဏ္ဍများအတွက် အဆိုပါကော်မတီကို ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်ကပြောသည်။

ယခုဖွဲ့စည်းလိုက်သည့် ပညာရေးရာကော်မတီတွင် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီဝင် မဟုတ်သူ ပညာရှင်များလည်း ပါရှိကြောင်း သိရသည်။

ပညာရေးရာကော်မတီတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်နှင့် ဒေါက်တာသိန်းလွင်၊ ဒေါက်တာသန့်လွင်မောင်(ကိုတာ)၊ ဒေါက်တာတင်လှိုင်(ဘိုးလှိုင်)၊ ဦးမိုးဇော်ဦးတို့ ပါဝင်ကြောင်း သိရသည်။

ရခိုင်အကြမ်းဖက်မှု တပတ်အတွင်း ၆၀ ကျော် သေဆုံး

စုမြတ်မွန်

26.10.2012

ရခိုင်အကြမ်းဖက်မှုကြောင့် လူသေဆုံးမှု ၆၀ ကျော်သွားပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မှာဖြစ်ထားတဲ့ ပဋိပက္ခတွေကြောင့် သေဆုံးသူပေါင်း ၆၀ ကျော် ရှိနေပြီး၊ ဒုက္ခရောက်နေသူတွေ အတွက် အစားအသောက် အကူအညီတွေကို ပေးနေပါတယ်လို့ ပြည်နယ်အစိုးရ တာဝန်ရှိသူကပြောပါတယ်။ နေရေးထိုင်ရေး အတွက် စီစဉ်ပေးနိုင်ဖို့ကိုလဲ စပြီးဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ တချိန်ထဲမှာပဲ ရခိုင်ပြည်ထဲက ပရဟိတအဖွဲ့တခုကလဲ ဆေးရုံတက်နေရသူတွေ၊ တခြားဒုက္ခရောက်နေသူတွေ အတွက် အကူအညီတွေပေးနေပါတယ်။ ခုလို အခြေအနေနဲ့ ပါတ်သက်လို့ စုံစမ်းထားတဲ့ ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပါမယ်။

ဒီကနေ့ သောကြာနေ့မှာတော့ ရခိုင်ပြည်နယ်ဖက်မှာ အခြေအနေတွေ ငြိမ်သက်နေပါတယ်။ ဒါပေမဲ့ အောက်တိုဘာ ၂၁ ရက်နေ့ ညပိုင်းကစပြီးတော့ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ကျောက်တော်၊ ရသေ့တောင် မြို့နယ်တွေမှာ သေဆုံး ဒဏ်ရာရသူပေါင်း ၆၀ ကျော် ရှိသွားပြီလို့ ရခိုင်ပြည်နယ် သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်က VOA မြန်မာပိုင်းကို အခုလိုပြောပါတယ်။

“ဖြစ်စဉ် စဖြစ်တဲ့နေ့ကနေ စပြီးတော့ ၆ မြို့နယ်ပေါ့၊ ရသေ့တောင်နဲ့ ကျောက်တော်ပါ အပါ၊ သေဆုံးတာ ကျား ၃၃ ဦး၊ အမျိုးသမီးက ၃၁ ဦး၊ ဒဏ်ရာရတာက အမျိုးသားက ၆၄ ဦး၊ နှစ်ဖက်စလုံးပါ။ အမျိုးသမီးလေးက ၄ ဦး၊ ဖြစ်စဉ်တခုလုံးရဲ့ သေဆုံးတဲ့ လူဦးရေပေါ့ခင်ဗျ။”

ပဋိပက္ခတွေ ပြန်လည် ဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေ အားလုံးမှာ ဒုက္ခရောက်နေသူတွေအတွက် အစားအသောက် အကူအညီတွေကို ပြည်နယ်အစိုးရက စတင်ပေးနေပြီ ဆိုတာကိုလဲ ဦးဝင်းမြိုင်က ခုလို ပြောပါတယ်။

“အခုလောလောဆယ်ကတော့ ခရိုင်အုပ်ချုပ်ရေးမှူးက မြေပုံမှာ ထိုင်ပြီးတော့ လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးနေပါတယ်။ ကျန်တာကတော့ မြို့နယ်တိုင်းမှာတော့ သူ့အုပ်ချုပ်ရေးမှူးတွေမှာ အရင်ဖြစ်စဉ်ကတည်းက ကြိုတင်ပို့ထားတာတွေရှိတယ်။ အဲ့ဒီ့မှာ သူတို့မှာ အကုန်လုံး စားစရာ၊ သောက်စရာတွေ အကုန်လုပ်ထားပေးပြီးသား၊ အဲ့ဒီ့မှာ သူတို့ကူညီနေ ပါတယ်။ နေရေးထိုင်ရေး ကတော့ အခုမှ ဖြစ်တယ်ဆိုတော့ အဲ့ဒီ့မှာ သူတို့မြို့နယ်အုပ်ချုပ်ရေးမှူးက စီစဉ်ပေးဖို့ ရှိပါတယ်။ အဲ့ဒီ့မှာ တာဝန်ကျတဲ့သူတွေရော၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေရော၊ သူတို့ ဆောင်ရွက်ပေးဖို့ ရှိပါတယ်ခင်ဗျ။ ကျနော်တို့က အစိုးရအဖွဲ့ ဆိုတော့ ဘက်လိုက်တာတွေ၊ ဘာတွေ မရှိပါဘူး။ နှစ်ဖက်စလုံးကိုပဲ ပေးပါတယ်။”

လက်ရှိမှာတော့ ကူညီကယ်ဆယ်ရေးအတွက် အစိုးရအဖွဲ့တွေနဲ့ တခြား နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေ ပူးပေါင်းပြီးတော့ ဆောင်ရွက်တာ မရှိသေးဘူးလို့လည်း ဆိုပါတယ်။

“ အခုလောလောဆယ်တော့ ဘာမှ မသိရသေးဘူး။ သူတို့လည်း အဲ့ဒီ့ဘက်တွေက မမျှော်လင့်ပဲ ပြန်ဖြစ်လာတဲ့အခါကျတော့ ကျနော်တို့က ဒီဘက်ဖြစ်နေတဲ့ဟာတွေပဲ ပြီးပြီဆိုပြီးတော့ နောက်ထပ်ဖြစ်တာတွေက မမျှော်လင့်ပဲ ဖြစ်သွားတဲ့ အခါကျတော့ လောလောဆယ် ဒီမှာပဲ ပုံနေတာပေါ့။ အဲ့ဖက်တွေ အခုသွားဖို့ပြင်ဆင်နေပါပြီ။ ကြက်ခြေနီအဖွဲ့တွေ၊ ဘာတွေရောပဲ အခုပဲ ကျနော်တို့ပြည်နယ်ရုံးမှာ သူတို့ဆောင်ရွက်နေပါတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေ လုပ်ဖို့။”

ပြည်နယ်အစိုးရရဲ့ စာရင်းအရ အခုတခေါက် ထပ်ဖြစ်တဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေသူပေါင်း ၄ ထောင်ဝန်းကျင် လောက်ရှိတယ်လို့ ပြောပါတယ်။ အခုလို ဒုက္ခရောက်နေကြသူတွေအတွက် ရခိုင်ပြည်နယ်ထဲက ဝံလက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းကလဲ အကူအညီတွေ ပေးနေပါတယ်။ ဝံလက် အဖွဲ့ပြောခွင့်ရသူ ကိုခိုင်ကောင်းစံက သူတို့ ဘယ်လိုကူညီနေသလဲဆိုတာကို ခုလိုပြောပြပါတယ်။

“ဝံလက်ဖောင်ဒေးရှင်းကနေ လူငယ် ၂၀ကနေ ၃၀လောက်အထိ ကွင်းဆင်းပြီးတော့ အလှူခံပါတယ်။ ရတဲ့အလှူငွေတွေကို ကျနော်တို့ စစ်တွေမြို့ ပြည်သူ့ဆေးရုံမှာ ရောက်ရှိနေတဲ့ ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ နောက်ပြီးတော့ မင်းပြားမြို့နယ်တွေက လာတဲ့ လူနာတွေ လာပြီးဆေးကုသမှုခံနေတဲ့ လူနာတွေ၊ နောက် ရန်ကုန်ကို ပို့နေရတဲ့ လူနာတွေ၊ အဲ့တာတွေကို ကျနော်တို့က ငွေကြေးသွား လှူဒါန်းပါတယ်။

ဒီနေ့မှာဆိုရင် ကျနော်တို့ ကျောက်ဖြူမြို့ကို  ဝံလက်ဖောင်ဒေးရှင်းက ဒါရိုက်တာ ဦးဆောင်ပြီးတော့မှ သွားနေပါတယ်။ ဘာကြောင့်ဆိုတော့ ကျောက်ဖြူမှာ မီးလောင်ခံထားရတဲ့ မိသားစုတွေရှိပါတယ်။ နောက် ဆေးရုံတက်နေရတဲ့ လူနာတွေ ရှိတယ်။ နောက် ကျောက်တော်၊ မြောက်ဦးကိုလည်း ကျနော်တို့ ဆေးရုံတက်နေရတဲ့ လူနာတွေအတွက်ရော၊ မီးရှို့ခံရတဲ့သူတွေအတွက်ရော ကျနော်တို့ စစ်တွေမှာ အလှူခံကောက်ပြီးမှ အဲ့ဒီ့ကို သွားလှူဒါန်းနေပါတယ်ခင်ဗျ။”

ဒီရက်ပိုင်းပြန်ဖြစ်တဲ့ ပဋိပက္ခတွေကြောင့် ဆေးရုံတွေမှာ ကုသမှုခံယူနေရသူပေါင်း ၅၀ လောက်ရှိတယ် လို့လဲ ဝံလက်အဖွဲ့က ဆိုပါတယ်။

“ကျောက်ဖြူမြို့နယ်၊ မြေပုံမြို့နယ် နောက်ပြီးတော့ စစ်တွေ၊ မြောက်ဦး၊ နောက်ပြီးတော့ ရသေ့တောင်၊ မင်းပြားပါခင်ဗျ။  ကျောက်တော်ရော ပါ ပါတယ်ခင်ဗျ။ လူနာ ၅၀လောက်ရှိပါတယ်ခင်ဗျ။”

မေး။   ။ အဲ့တော့ သူတို့ကရော ဘယ်လိုဒဏ်ရာတွေ ရတာများပါလဲရှင့်။

“အဲ့ဒီ့မှာ ဓားဒဏ်ရာ တချို့ပါတယ်။ နောက်ပြီးတော့ ဂျင်ကလိလို့ခေါ်တဲ့ မြှားနဲ့ပစ်တဲ့ ဒဏ်ရာ၊ နောက် မီးနဲ့ အပစ်ခံရတဲ့ ဒဏ်ရာပါ ပါတယ်။ နောက် ကျည်ဆံထိတဲ့ လူနာတွေလည်း ပါပါတယ်ခင်ဗျ။”

မေး။  ။ ကျည်ထိတယ်ဆိုတော့ ကျည်က ဘယ်သူပစ်တာပါလဲရှင့်။

“ လူနာနဲ့ပါလာတဲ့သူတွေက သူတို့က ပြောရခက်တယ်လို့ ပြောပါတယ်ခင်ဗျ။ ဒါပေမယ့် မနေ့က ကျောက်တော်မှာ ဖြစ်တဲ့ဟာဆိုရင် စစ်တပ်က ပစ်တယ်ဆိုတဲ့သတင်းက ခိုင်ခိုင်လုံလုံ ပြောနေကြပါတယ်ခင်ဗျ။

ရခိုင်ပြည်နယ်မှာဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေကို သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူသွားမယ်လို့ သမ္မတရုံးက ကြာသပတေးနေ့တုန်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ပဋိပက္ခရဲ့ နောက်ကွယ်ကနေ ကြိုးကိုင်လှုပ်ရှားနေတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေ ရှိနေတာကိုလဲ ဖော်ထုတ်ပြီးတော့ ဥပဒေအရ အရေးယူသွားမယ် လို့ ကြေညာချက် ထဲမှာ ဖော်ပြထားပါတယ်။
http://burmese.voanews.com/content/the-relief-efforts-in-rakhine-state/1533801.html

အခြေခံဥပဒေကို ဖောက်ဖျက်လျှင် နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်သင့်သည်။



by Lwin Aung Soe on Friday, October 26, 2012 at 4:27am ·



အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ (National Democratic Party for Development) မှ ၂၅-၁ဝ-၂ဝ၁၂ နေ့ ထုတ်ပြန်သည့် ကြေညာချက်တွင် အကြောင်းပြချက် သက်သေ အထောက်အထား မရှိဘဲ စွပ်စွဲ ရေးသားထားသည်များကို အောက်ပါအတိုင်း တွေ့ရှိ သတိပြုမိပါသည်။

(၁) ရခိုင်တိုင်းရင်းသားတို့ကို အစွန်းရောက် ရခိုင်လူမျိုးဟု စွပ်စွဲရုံမက “ဒေသခံ အစ္စလမ်ဘာသာဝင်” ဆိုသော စကားလုံးကို တရားမဝင် သုံးစွဲ ရေးသားလာခြင်း။

(၂) ရခိုင်တို့က အစ္စလမ်ဘာသာဝင်တို့၏ နေအိမ်များကို မီးရှို့၊ လူသတ်၊ လုယက်သည်ဟု တဖက်သပ် ရေးသားလာခြင်း။

(၃) လုံခြုံရေးနှင့် ဥပဒေ ထိန်းသိမ်းဖို့ တာဝန်ယူထားသူတို့က အခင်းဖြစ်ပွားရာဒေသများရှိ  အစ္စလမ် ဘာသာဝင်တို့ကို အကာအကွယ် မပေးဟု ရေးသားလာခြင်း။

(၄) ကယ်ဆယ်ရေးပစ္စည်းများကို အစွန်းရောက် ရခိုင်တို့က လုယူနေခြင်းကြောင့် အစ္စလမ်ဘာသာဝင်တို့အား အစာရေစာဖြတ်ပြီး သေစေရန် ရည်ရွယ်သည်ဟု ရေးထားခြင်း။

(၅) ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခ သတင်းများကို ပြည်တွင်း မီဒီယာတချို့က ဘက်လိုက် ရေးသားသည်ဟု ဖော်ပြခြင်း။

(၆) လူမျိုးတုန်း သတ်ဖြတ်မှုဆီကို ဦးတည်လာနေသည်ဟု ရေးထာခြင်း။

(၇) အနိုင်ကျင့်မှုများ ရှိသည်ဟု ရေးထားခြင်း။

အထက်ပါအချက်များသည် မြန်မာနိုင်ငံအတွင်း ဘာသာရေးနဲ့ လူမျိုးရေး မုန်းတီးမှုကို ပိုမို ဖြစ်ပေါ်စေပြီး အဓိကရုဏ်းများ ဖြစ်စေအောင် သွေးထိုးလှုံ့ဆော်နေကြောင်း သိသာထင်ရှားပါသည်။

ပိုမိုဆိုးဝါးသောအချက်မှာ နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ကျဆင်းစေရန် ကြံစည် ဖန်တီးခြင်း ဖြစ်သည်။

ထိုမျှသာမကသေး၊ အထက်ဖော်ပြပါ မဟုတ်မမှန် စွပ်စွဲချက်များကို အားပြု၍ နိုင်ငံတကာမှ သက်ညှာသနားမှုကို ရယူရန် ကြိုးပမ်းခြင်း၊ မြန်မာနိုင်ငံအား နိုင်ငံတကာမှ အထင်အမြင် လွဲမှားစေရန် အားထုတ်ခြင်းလည်း ဖြစ်သည်။

အထူးသဖြင့် မြန်မာနိုင်ငံကို ဖဲ့၍ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ နိုင်ငံသစ် ထူထောင်ရန်အထိ ကြွေးကြော်ထားသော OIC မှ မြန်မာနိုင်ငံတွင်းသို့ ခြေကုပ်ဝင်ရောက်နိုင်စေမည့် အကြံအစည်ကို ဆက်လက် အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။

ဖော်ပြပါအချက်တို့မှာ မြန်မာနိုင်ငံ ပျက်စီးရာ ပျက်စီးကြောင်းများကို ဖြစ်နေစေပါသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တည်ငြိမ်ရေးတို့ကို ထိခိုက်စေသည်သာမက နောင်အနာဂတ်တွင် အခြားသော ဆိုးကျိုးများစွာကို ဖြစ်ပေါ်စေနိုင်မည့် အလားအလာများလည်း ရှိနေပါသည်။

သို့ဖြစ်ပါ၍ နိုင်ငံရေးပါတီတခုအနေဖြင့် ဥပဒေအရ မည်သို့ပင် မှတ်ပုံတင်ထားစေကာမူ ထိုသို့ကြိုးပမ်းနေသော အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ (National Democratic Party for Development) အား တရားဥပဒေကြောင်းအရ မြန်မာနိုင်ငံတွင် မတည်မငြိမ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုဖြင့် တရားစွဲသင့်ပါသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄ဝ၄ နိုင်ငံရေးပါတီတရပ်သည်
(က) ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တန့်ခိုင်မြဲရေးတို့ကို ဦးတည်ချက် ထားရှိရမည်။
(ခ) နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိ ရိုသေရမည်ဟု အတိအလင်း ပြဋ္ဌာန်းထားသော်လည်း၊

ထို့ပြင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ နိုင်ငံရေးပါတီများ ဆက်လက် ရပ်တည်ခွင့် မရှိခြင်းကိစ္စတွင်
ပုဒ်မ ၄ဝ၇ (ခ) အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်မှ သတ်မှတ်ထားသော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များအား တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း။
(ဃ) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုခြင်းဟု အတိအကျ ပြဋ္ဌာန်းထားသော်လည်း

အဆိုပါ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ (National Democratic Party for Development) သည် အထက်ဖော်ပြပါ ဖွဲ့စည်းပုံအခြေခံဥပဒေများကို လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်ကြောင်း ထင်ရှားနေပါသဖြင့် ထိုပါတီအား နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်သင့်ပါသည်။

လွင်အောင်စိုး
၂၆-၁ဝ-၂ဝ၁၂

26.10.2012 ရက်နေ့ ရခိုင်ပြည်နယ်သတင်း

by Rakhine Straight Views
၉း၄၅နာရီသတင်း
----------------
ည ၉ နာရီခန့်အချိန်တွင် စစ်တွေမြို့ အနောက်ဘက် ၊ဆတ်ရိုးကျချောင်းအနီး မင်းဒရားချိတ် ဘက်ခြမ်းတွင် တဲငယ်တစ်လုံးမီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးသတင်းများအရ
မီးမှာခဏအတွင်း ငြိမ်းသွားခဲ့ကြောင်
းနှင့် တဲငယ်တစ်ခုလုံး လောင်ကျွမ်း ခဲ့ကြောင်းသိရှိရပါသည်။ လူမရှိသော တဲမဟုတ်ဘဲ အရက်သမားတစ်ဦးက ဇနီးဖြင့် ရန်ဖြစ်သဖြင့် ကိုယ့်အိမ်ကို
မီးရှို့လိုက်ခြင်း ဖြစ်ကြောင်းလည်း
ယင်းမီးလောင်ရာနေရာအနီးသို့ သွားရောက်ခဲ့သူ ရွာကြီးမြောက် ရပ်ကွက်မှ အမျိုးသား တစ်ဦးက ဖုန်းဖြင့် RSV သို့ ပြောကြားခဲ့ပါသည်။


ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ချက်
-----------------------------------
ရခိုင်ပြည်နယ်တွင် မြို့နယ် ခြောက်မြို့နယ်တွင် ဖြစ်ပွားလာသော ပဋိပက္ခများကြောင့် အောက်တိုဘာ ၂၅ ရက်အထိ ရရှိသောစာရင်းအရ သေဆုံးသူ ဦးရေမှာ ရခိုင်၊ ဘင်္ဂါလီ စုစုပေါင်း ၆၄ ဦး(ကျား ၃၃ ဦး၊ မ ၃၁ ဦး)ရှိပြီး ဒဏ်ရာရရှိသူမှာ ကလေး ၁၀ ဦး၊ မ လေးဦး၊ ကျား ၆၈ ဦး ရှိကာ မီးလောင်မှုကြောင့် အိမ်ခြေ ၂၃၀၀ ကျော် ပျက်စီးခဲ့ကြောင်း ရခိုင်ပြည်န
ယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေးဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က Eleven Media Group သို့ အောက်တိုဘာလ ၂၆ ရက်နေ့ ပြောကြားခဲ့သည်။

တူမီးသေနတ် ၄၀ ကျော်ကို ရခိုင်နှင့် ဘင်္ဂါလီတို့ထံမှလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖြစ်စဉ်တစ်လျှောက်လုံးတွင် ဓား၊ လှံ၊ လက်နက်များလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ အခုလက်ရှိ ဖြစ်ပေါ်နိုင်ခြေရှိသည်ဟု ယူဆရသည့် ကျေးလက်ဒေသများတွင်လည်း လုံခြုံရေးအပြည့်အ၀ ပေးထားကြောင်း၊ နောက်ထပ် ပဋိပက္ခများ မဖြစ်ပွားစေရေးအတွက်လည်း ဒေသခံများနှင့် အစိုးရအဖွဲ့ဝင်များနှင့် ညိနှိုင်းဆောင်ရွက်နေကြောင်း၊ ပေါက်တောမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်များတွင် ဖြစ်ပွားခဲ့သောပဋိပက္ခများကြောင့် ထွက်ပြေးလာခဲ့သည့် ဘင်္ဂါလီများကို မောင်တောမြို့နယ် မြောက်ပိုင်းတွင် ထားရှိရန် ဒေသခံအဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆွေးနွေးလျက်ရှိကြောင်း၊ အဆိုပါဘင်္ဂါလီအရေအတွက်မှာ ၃၀၀၀ ကျော် ရှိကြောင်း ဦးဝင်းမြိုင်က ဆက်လက်ပာကြားခဲ့သည်။

Ref: EMG


၃း၀၅ နာရီ ကျောက်တော်မြို့ သတင်း
----------------
၂၅.၁၀.၂၀၁၂ ရက်နေ့က ကျောက်တော်မြို့နယ် အရေးအခင်းတွင် သေဆုံးသွားတော့ ရခိုင်တိုင်းရင်းသားနှစ်ယောက် အသုဘ အခမ်းအနားတွင် ရခိုင်များမှ ပေါ်စတာများကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။၂၅.၁၀.၂၀၁၂ ရက်နေ
ထိ ကျောက်တော်မြို့နယ် အရေးအခင်းတွင် သေဆုံးလက်ရှိ (၄) ယောက်ရှိပြီး ယခု အသုဘအခမ်းအနားမှာ
(၁) ဦးကျော်သိန်း ၊ အသက် (၃၇)နှစ် ၊ ပြည်တော်သာ ရပ်ကွက်။
(၂) ဇော်ဝင်း၊ အသက် (၃၈)နှစ်၊ ပြည်တော်သာ ရပ်ကွက်။


၂း၄၁ နာရီ ရမ်းဗြဲမြို့ သတင်း
----------------
ယခုအခါ ရမ်းဗြဲမြို့ရှိ တပ်ရွာနှင့် သာယာကုန်ကျေးရွာတို့တွင် မီးလောင်းမှုများ ဖြစ်လျှက်ရှိပြီး ဘင်္ဂလီကုလားများနှင့် ရခိုင်တို့ အပြန်အလှန် တိုက်ခိုက်လျှက်ရှိသည်ဟု သိရှိရပါသည်။ မီးလောင်းမှုမှာ ပြင်ထန်းလျှက်ရှိပြီး ဒဏ်ရာရမှုများလည်း ရှိသည်ဟု သိရှိရပါသည်။


ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် အခင်းဆက်ဖြစ်
---------------------
၂၆.၁၀.၂၀၁၂ ရက် ၂း၂၅ နာရီတွင် ရမ်းဗြဲမြို့တွင် ဘင်္ဂလီကုလား (၁)ယောက်သည် ဓာတ်ဆီးပုံများဖြင့် ရခိုင်အိမ် တစ်ကို ၀င်ရောက် မီးရှိုးထွက်ပြေးပြီး ရခိုင်များမှ ၀ိုင်းဖမ်းရာ ထို ဘင်္ဂလီကုလားအား လက်ရ ဖမ်းဆီးမိသည်ဟု သိရှိရပါသည်။ ထို့အပြင် တချိန်တည်းတွင် ဘင်္ဂလီရပ်ကွက်များမှ မီးလောင်းမှုများဖြစ်ပေါ်လာပြီး ယခုအခါ အခြေအနေမှာ ဆက်လက် အပြန်အလှန်မီးရှိုးမှုများနှင့် တဖက်နှင့် တဖက် အပြန်အလှန်တိုက်ခိုက်မှုများရှိသည်ဟု RSV သတင်းထောက်မှ သတင်းပေးပို့လာပါသည်။

ကျောက်ဖြူမြို့တွင် ယနေ့နံနက်ပိုင်းက အိမ် ၂-ဆောင် မီးလောင်
--------------------------------------------------------------------
အောက်တိုဘာ ၂၆ ယနေ့ နံနက် ၇နာရီ ခန့်တွင် ကျောက်ဖြူမြို့ ပိုက်ဆိပ်ရပ်ကွက် မှ ရခိုင်အိမ် ၂ လုံးမီးလောင်မှုဖြစ်ပွား
ခဲ့ကြောင်း သိရှိရပါသည်။
ယခင် နေ့ ရက်များတွင်လောင်ထားသော မီးကြွင်း မီးကျန်များမှ ကူးစက် ပြီး လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ပိုက်ဆိပ်ရပ်ကွက် ရခိုင်သူ/သားများမှ မီးသတ်ဌာနသို့ အကြောင်းသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး မီးငြိမ်းသတ်ရန် ကြိုးစားခဲသော်လည်း တားဆီး`၍ မရနိုင်ခဲ့ကြောင်း ဒေသခံတစ်ဦးမှ သတင်းပေးပို့ချက်အရသိရပါသည်။
ထိုမီးသည် ကျောက်ဖြူမြို့တွင် နောက်ဆုံးလောင်သောမီးဖြစ်ကြောင်းလည်း သိရှိရပါသည်။


myanmarmuslim.net/က သတင်းမှာ မှန်ကန်မှုမရှိကြောင်း ALP မှ ငြင်းဆို
------------------------------------------------
ကျောက်တော်မြို့ရှိ ALPဆက်ဆံရေးရုံးမှ http://www.myanmarmuslim.net/တွင် သတင်းမမှန်ကန်မှုကို ငြင်းဆိုလိုက်ပါသည်။ ကျောက်တော်မြို့ ALP ဆက်ဆံရေးဌာန တာဝန်ခံ ခိုင်စိုးပိုင်ကို RSV မှ မေးမြန်းသောအခါ “ဒါက အခြေအမြိုက် မရှိတဲ့သတင်းပါ။ ကျနော်တို့ ဒီမှာ ဆက်ဆံရေးရုံးဖွင့်ထားတာပါ။ အကြမ်းဖက်ဖို့ ဖွင့
်ထားတာ မဟုတ်ဘူး။ ဒီသတင်းကို သူတို့ myanmarmuslim.netက ထုတ်လွင့်ခဲ့တယ်ဆိုရင် ဒါ ၀ါဒဖြန့်ချီတာသက်သက်ပါပဲ ။ ကျနော်တို့ ကျောက်တော်မြို့မှာ ရုံးခန်းဖွင့်တယ်ဆိုတာ အစိုးရနဲ ပူပေါင်းဆောင်ရွက်ဖို့နဲ့ ဒေသဖွံ့ဖြိုးရေးတွေလုပ်ဖို့အတွက် အဓိက လုပ်ဆောင်တာပါ။” ဟု ပြောပြသွားပါတယ်။

http://www.myanmarmuslim.net/?p=550
ဖော်ပြချက်ကို အထက်ပါ လင့်တွင် သွားရောက် ဖတ်ရှုနိုင်ပါသည်။


ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ယခုလတ်လလောဖြစ်ပေါ်နေသော အကြမ်းဖက်ခံရမှုနှင့်ပတ်သက်၍ သဘောထားကြေငြာချက်ထုတ်ပြန်
------------------------------------------------------------------------
ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ သဘောထားထုတ်ပြန်ကြေငြာချက်ကို ၎
င်းတို့ပါတီ၏ အင်တာနက်စာမျက်နှာ(http://www.arakanalp.com/) တွင်ဖော်ပြထားရှိသည်။ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ယခုလက်ရှိဖြစ်ပေါ်နေသည့် ခိုးဝင်သူဘင်္ဂါလီများ၏ အကြမ်းဖက်သောင်း
ကျန်းနေမှုများသည် မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေး ကာလတွင် လူမျိုးသစ်တခုအဖြစ် အသိအမှတ်ပြုခံရရေးအတွက် ကြိုတင်စီစဉ် အကွက်ချ
လုပ်ဆောင် နေသည့် တဖက်နိုင်ငံမှ ခိုးဝင်သူ ဘင်္ဂါလီမူဆလင်များနှင့် ၄င်းတို့ကို အားပေး အားမြှောက် ပြုနေသည့် နိုင်ငံများနှင့် အကြမ်းဖက်
အဖွဲ့အစည်းများ၏ လုပ်ရပ်သာဖြစ်သည်။

၂။ ရခိုင်လူမျိုးများအား တမြေတည်းနေတရေတည်းသောက် ညီနောင်တိုင်းရင်းသားအဖြစ် အမှန်တကယ်သတ်မှတ် ပါက မိမိတို့၏ ဘိုးစဉ်ဘောင်ဆက်ပိုင်နက်နယ်မြေကို ဘင်္ဂါလီများလက်တွင်းသို့ မကျရောက်ရေး အသက်ပေးကြိုးပမ်းနေသည့် ရခိုင်တို့၏လုပ်ရပ်အား
မြန်မာအုပ်ချုပ်သူအစိုးရနှင့် မြန်မာပြည်သူတရပ်လုံးအနေဖြင့် ရခိုင်တို့နှင့် လက်တွဲပူးပေါင်း ပါဝင်သင့်သည်။

၃။ ယခုဖြစ်ပေါ်နေသည့် ဘင်္ဂါလီမူဆလင်များ၏အကြမ်းဖက်သောင်းကျန်း
နေမှုများကို လက်ရှိအစိုးရအနေဖြင့် နိုင်နင်းစွာ ကိုင်တွယ်ဆောင်ရွက်ရ
မည့်အစား မိမိတို့ဘိုးစဉ်ဘောင်ဆက် ပိုင်နက်နယ်မြေကို အသက်ပေး
ကာကွယ်နေသည့် ရခိုင်တို့အား မြန်မာစစ်တပ်မှ မတရားပစ်ခတ်သတ်ဖြတ်
နှိမ်နင်းနေခြင်းများသည် မြန်မာအစိုးရမှ ကြွေးကြော်နေသည့် ပြည်ထောင်စု ဖွား တိုင်းရင်းသားအချင်းချင်း ရိုင်းပင်းကူညီရေးဆိုသည့်မူနှင့်လုံးဝလွဲချော်
ပြီး“သူခိုးဓါးရိုးကမ်း”သည့် လုပ် ရပ်ဖြစ်၍ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ပြင်းထန်စွာ ကန့်ကွက်သည်။

၎။ ယခုဖြစ်ပေါ်နေသည့် ပဋိပက္ခများအား အမြန်ဆုံးဖြေရှင်းနိုင်ရန်အတွက် ရသေ့တောင်ညီလာခံကြီးမှ ရခိုင်တို့ ၏ တောင်းဆိုချက်များအား မြန်မာ
အစိုးရအနေဖြင့် အမြန်ဆုံး လေးစားလိုက်နာ အကောင်အထည်ဖော်
သင့်သည်။ ထို့အပြင် ၁၉၈၂ ခုနှစ် လူဝင်မှုကြီးကြပ်ရေးဥပဒေအတိုင်း အမြန်ဆုံး တိကျစွာ အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါကြောင်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၏ သဘောထားကို ထုတ်ပြန်အပ်
ပါသည်။

စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)
ဗဟိုဌာနချုပ်၊ ရခိုင်ပြည်။
ရက်စွဲ။ ။ ၂၀၁၂ ခု၊ အောက်တိုဘာလ ၂၅ ရက်
ဆက်သွယ်ရန်။ ။ +၉၁ ၉၆၁၂၈၆၉၄၃၄


ရခိုင်လွတ်မြောက်ရေးပါတီ


ရခိုင်ပြည်ကူညီထောက်ပံ့ရေးအဖွဲ့မှ ယခုလတ်လတောဖြစ်ပေါ်နေသော အရေးခင်းဂယက်ကြောင့် ဒုက္ခရောက်သူများအား ကူညီမည်
-----------------------------------------------------
စစ်တွေမြို့၊ နာရေးကူညီမှုအသင်း(စစ်တွေ)မှ ဦးစီးတည်ထာင်ထားသော ရခိုင်ပြည်ကူညီထောက်ပံ့
ရေးအသင်း(ယာယီ)မှ ယခုလတ်တလောဖြစ်ပေါ်နေသော အရေးအခင်းဂယက်ကြောင့်ဒုက္ခရောက်နေသူများအား အကူညီများပေးအပ်သွားမည်ဖြစ်ကြောင်း ၄င်းတို့အသင်းပိုင် အင်တာနက်စာမျက်နှာ(www.ffsa-stw.org) တွင် တရားဝင်ဖော်ပြထားရှိသည်။ ကူညီထောက်ပံမှုပေးအပ်ရာတွင် ယခုလောလောစဉ်ပထမအကြိမ် အဖြစ်၊ ကျောက်ဖြူ၊ မြေပုံ၊ မြောက်ဦး၊ ကျောက်တော်မြို့များသို့ သိန်း(၁၆၀) ကူညီထားပြီဖြစ်ကြောင်းသိရသည်။ ယခုလက်ရှိအခင်းဖြစ် နယ်ပေါင်းစုံမှ စစ်တွေဆေးရုံသို့ တက်ရောက်ကုသလျှက်ရှိသူများအားလည်း စားရေးသောက်ရေးနေထိုင်ရေး တို့အတွက်ပါ အစစအရာရာ ကူညီထောက်ပံ့ပေးလျှက်ရှိကြောင်းကိုလည်း ဖော်ပြထားရှိကြောင်းသိရသည်။


ကျောက်တော်မြို့မှ စစ်တွေမြို့ ပြည်သူ့ဆေးရုံးသို့ ရောက်ရှိလာသော ရခိုင်တိုင်းရင်းသားလူနာများ
------------------------------------------
၂၆.၁၀.၂၀၁၂ ရက်နေ့ နံနက် (၅)နာရီတွင် ကျောက်တော်မြို့ ပြည်သူ့ ဆေးရုံးမှ စစ်တွေမြို့ ပြည်သူ့ ဆေးရုံးသို့ ရောက်ရှိလာသော လူနာများမှာ -

၁။ မောင်ထွန်းထွန်း (ဘ)ဦးစိန်လှထွန်း ၊ အသက် - ၁၆ ၊ညာဖက်လက်ချောင်းကျည်ထိ။

၂။ သန်းရွှေမောင် (ဘ)ဦးအောင်စိန်ထွန်း၊ အသက် ၃၃၊ ခြေဘယ်/ညာ /လက် ကျည်ထိ။

၃။ ဦးထွန်းရင် (ဘ)ဦးမောင်ကျန်စော၊ အသက် ၃၁၊ ဘယ်ဖက် နံရိုးကျည်ထိ။

၎။ ဦးစံရှားမောင်(ဘ)ဦးထွန်းယဉ်၊ အသက် ၃၆ ၊ ဘယ်ဖက်လက်ပြင် ကျည်ထိ။


အစိုးရမှ ဘင်္ဂလီဒုက္ခသည်များအား ကျောက်ပန်းတူ ဒုက္ခသည်စခန်းသို့ ပို့ဆောင်လျှက်ရှိ
----------------
26.10.2012 ရက်နေ့ တွင် ရခိုင်ပြည်နယ် အစိုးရနှင့် ဘင်္ဂလီမူဆလင်များ၏ ညှိုနှိုင်းမှုဖြင့် ပေါက်တောမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့မှ ဘင်္ဂလီ ဒုက္ခသည်များအား မောင်တောမြို့နယ် ကျောက်ပန်းတူကျေးရွာ ဒုက္ခသည်စခန်းသို့ ရေတပ် စစ်သင်္ဘောများ၊ စက်လှေများဖြင့် သယ်ယူပို့ဆောင်လျှက်ရှိပါသည်။ အစိုးရဌာန၏ ထုတ်ပြန်ချက်အရ ဘင်္ဂလီကုလား
ကျား - ၁၁၇၄ ယောက်
မ - ၈၃၇ ယောက်
ကလေး - ၆၀၂ ယောက်
ပေါင်း - ၂၆၁၃ ယောက် ရှိကြောင်း သိရှိရပါသည်။

26.10.2012 ရက်နေ့ ရခိုင်ပြည်နယ်ရှိ ကျဆုံးသူများ စာရင်း
----------------------------
၂၆ . ၁၀.၂၀၁၂ ရက်နေ့ထိ RSV မှ မှတ်တမ်းမှတ်ရာများဖြင့် ကောက်ခံရရှိခဲ့သော သေဆုံးသူများ စုစုပေါင်းမှာ (၂၀) ဦးထိ ရှိသွားပြီးဖြစ်ပါသည်။ ယခုစာရင်းသည် ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မြေပုံမြို့နယ်၊ မင်းပြားမြို့နယ်၊ ရသေ့တောင်မြို့နယ်နှင့် ကျောက်ဖြူမြို့နယ်အထိသာ စာရင်းကောက်ခံ ရှိပါသည်။ သို့သော်လည်း ပေါက်တောမြို့နယ်နှင့် တချို့ နေရာများကို ဆက်လက် စုံစမ်းနေပါသည်။ ယခု စာရင်းကောက်ခံ ရရှိသည့် (၂၀) ဦးမှာ ရခိုင်အမျိုးသားများသာဖြစ်ပါသည်။ ဒဏ်ရာရစာရင်းမှာ အတည်ပြုရန် ခက်ခဲနေပါသဖြင့် တတ်နိုင်သလောက် ကြိုးစားပြီး စုစည်းနေပါသည်။


26.10.2012 ရက်နေ့ ပေါက်တောမြို့နယ်သတင်း
--------------------------------------
26.10.2012 ရက်နေ့ ပေါက်တောမြို့နယ်တွင် အခင်းဆက်ဖြစ်လျှက်ရှိပါသည်။ ယနေ့ ၈း၃၇ နာရီ စုံစမ်းချက်အရ ပေါက်တောမြို့နယ်ရှိ တချို့ကျေးရွာများတွင် မီးလောင်မှု အပြန်အလှန်တိုက်ခိုက်မှုများရှိသည်ဟု သိရှိရပြီး ထူးခြားလျှင် သတင်းချက်ချင်းတင်ပေးနိုင်ဖို့အတွက RSV မှ ကြိုးစားလျှက်ရှိပါသည်။

26.10.2012 ရက်နေ့ မောင်တောင်မြို့နယ်သတင်း
--------------------------------------
နယ်စပ်ဂိတ်များကို နစက ကင်းစခန်းဂိတ်(ချောင်းဝ)မှ ဘင်္ဂလီကုလားများ တဖက်နိုင်ငံသို့ အဆီအတားမရှိ ၀င်ထွက်သွားလာလျှက်ရှိပြီး ဒေသအာဏာပိုင်များမှ ဂိတ်ကြေး(လာတ်ငွေ) ကောက်ခံပြီး အစစ်အဆေးမရှိ ၀င်ထွက် သွားလာ လျှက်ရှိပါသည်။ ဘင်္ဂလားဒေ့ရှ်ဖက်မှ တရားမ၀င် မိုဘိုင်ဖုန်းများကို ဘင်္ဂလီများသည် ဒေသအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် လစဉ်ကြေးပေးသွင်းကာ ကိုင်ဆောင်လျှက်ရှိပါသည်။ တဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အဆက်အသွယ်လုပ်ကာ ပြည်တွင်းလုံခြုံရေးအတွက် စိုးရိမ်ရသည်ဟု ဒေသခံတယောက်မှ သတင်းပေးပို့လာပါသည်။


26.10.2012 ရက်နေ့ ကျောက်မြို့သတင်း
------------------------
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ဖြစ်ပွါးခဲ့သော အရေးအခင်း၌ ဒုက္ခရောက်ခဲ့ကြသော ဘင်္ဂလီ ဒုက္ခသည်များအတွက် အစိုးရမှ ဂုံချွိန်အုပ်စုအပိုင် ဆားကွင်းတွင် ဒုက္ခသည်စခန်းတခုဖွင့်ပြီးတော့ ဘင်္ဂလီကုလားများကို လက်ခံလျှက်ရှိသည်ဟု သိရှိရပါသည်။ သို့သော်လည်း ဂုံချွိန်အုပ်စုမှ ထိုနေရာတွင် ဒုက္ခသည်စခန်းဖွင့်ခြင်းကို လုံးဝ မကျေမနပ်လျှက်ရှိပြီး အစိုးရဆီတွင် အခြားတနေရာသို့ ပြောင်းရွေ့ရန် တောင်းဆိုလျှက်ရှိသည်ဟု သိရှိရပါသည်။


Eleven Media Group

ရခိုင်ပြည်နယ်တွင် မြို့နယ် ခြောက်မြို့နယ်တွင် ဖြစ်ပွားလာသော ပဋိပက္ခများကြောင့် အောက်တိုဘာ ၂၅ ရက်အထိ ရရှိသောစာရင်းအရ သေဆုံးသူ ဦးရေမှာ ရခိုင်၊ ဘင်္ဂါလီ စုစုပေါင်း ၆၄ ဦး(ကျား ၃၃ ဦး၊ မ ၃၁ ဦး)ရှိပြီး ဒဏ်ရာရရှိသူမှာ ကလေး ၁၀ ဦး၊ မ လေးဦး၊ ကျား ၆၈ ဦး ရှိကာ မီးလောင်မှုကြောင့် အိမ်ခြေ ၂၃၀၀ ကျော် ပျက်စီးခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေးဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က Eleven Media Group သို့ အောက်တိုဘာလ ၂၆ ရက်နေ့ ပြောကြားခဲ့သည်။ တူမီးသေနတ် ၄၀ ကျော်ကို ရခိုင်နှင့် ဘင်္ဂါလီတို့ထံမှလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖြစ်စဉ်တစ်လျှောက်လုံးတွင် ဓား၊ လှံ၊ လက်နက်များလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ အခုလက်ရှိ ဖြစ်ပေါ်နိုင်ခြေရှိသည်ဟု ယူဆရသည့် ကျေးလက်ဒေသများတွင်လည်း လုံခြုံရေးအပြည့်အ၀ ပေးထားကြောင်း၊ နောက်ထပ် ပဋိပက္ခများ မဖြစ်ပွားစေရေးအတွက်လည်း ဒေသခံများနှင့် အစိုးရအဖွဲ့ဝင်များနှင့် ညိနှိုင်းဆောင်ရွက်နေကြောင်း၊ ပေါက်တောမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်များတွင် ဖြစ်ပွားခဲ့သောပဋိပက္ခများကြောင့် ထွက်ပြေးလာခဲ့သည့် ဘင်္ဂါလီများကို မောင်တောမြို့နယ် မြောက်ပိုင်းတွင် ထားရှိရန် ဒေသခံအဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆွေးနွေးလျက်ရှိကြောင်း၊ အဆိုပါဘင်္ဂါလီအရေအတွက်မှာ ၃၀၀၀ ကျော် ရှိကြောင်း ဦးဝင်းမြိုင်က ဆက်လက်ပာကြားခဲ့သည်။

CPI ကုမ္ပဏီ မြစ်ဆုံစီမံကိန်းမှ လက်ကျန်စက်ပစ္စည်းများသိမ်း၍ ပြန်တော့မည်

7Day News Journal


နေပြည်တော်၊ အောက်တိုဘာ-၂၁

ဧရာဝတီမြစ်ဆုံစီမံကိန်းမှ CPI (China Power Investment) ကုမ္ပဏီက ပြန်ရန်အတွက် နောက်ဆုံးကျန်ရှိသော စက်ပစ္စည်းများကို သိမ်းဆည်းနေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ပြောကြားသည်။

“အခုပြန်ဖို့ နောက်ဆုံးအသုတ်ပစ္စည်းတွေ သိမ်းနေပြီ၊ ပစ္စည်းတွေသိမ်းပြီး ပြန်ကြတော့မယ်”ဟု ဦးအောင်မင်းက အောက်တိုဘာ ၂၁ ရက်တွင် ပြောသည်။ မြစ်ဆုံစီမံကိန်းဆောင်ရွက်ခဲ့ရာတွင် မြေအတွင်းဝင်သွားသော ကုန်ကျစရိတ်တန်ဖိုးမှာပင် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့်ရှိကြောင်း ၎င်းကဆက်ပြောသည်။

စက်ပစ္စည်းများ သယ်ယူရန် မြန်မာအစိုးရက ခွင့်ပြုပြီးဖြစ်သော်လည်း ကေအိုင်အေနယ်မြေအတွင်းရှိ ခုနစ်ရောင်ခြယ်တံတားကျိုးနေပြီး၊ ကေအိုင်အေက တံတားပြန်ဆောက်ရန် ခွင့်မပြုသည့်အတွက် သယ်မရသေးကြောင်း CPI ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ မစ္စတာ Xia Zhong က သြဂုတ်လကုန်ပိုင်းက ဘေဂျင်းမြို့ရှိ ၎င်းတို့၏ရုံး၌ 7Day News နှင့်တွေ့ဆုံစဉ် ဖြေကြားခဲ့သည်။

အဆိုပါ စီမံကိန်းကြောင့် CPI ကုမ္ပဏီ၏ ဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံခန့်ရှိကြောင်းလည်း ဒုဥက္ကဋ္ဌကဆိုသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တူရကီနိုင်ငံမှ စစ်ဘက် သုံးလေယာဉ်နှစ်စီးဆိုက်ရောက်

ဓာတ်ပုံ- ဥက္ကာကိုကို


၂၅ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တူရကီနိုင်ငံမှ စစ်ဘက် သုံးလေယာဉ်နှစ်စီးဆိုက်ရောက်ခဲ့ပြီး၊ ယင်းလေယာဉ်တွင် တူရကီစစ်ဘက်မှ ဒုဗိုလ်မှူးကြီး အဆင့်ရှိသူတစ်ဦးအပါအ၀င် crew ၁၄ဦးပါဝင်လာခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ တူရကီစစ်ဘက်သုံးလေယာဉ်တွင် ပါဝင်လာသော crew ၁၄ဦးအား ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆိုက်ရောက်ဗီဇာထုတ်ပေးရန် ညွှန်ကြားချက်အား နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၊Immigration ဌာနသို့ပေးပို့ခဲ့ကြောင်း သတင်းရရှိ ပါသည်။

အဆိုပါ စစ်ဘက်လေယာဉ်တွင် ပါဝင်လာသူများမှာ မည်သည့်အရေးကိစ္စဖြင့် လာရောက်ခြင်း ဖြစ်သည်ကိုမူ လက်ရှိအချိန်ထိ သိရခြင်းမရှိသေးကြောင်း သတင်းရရှိပါသည်။

(EMG)  

တူရကီစစ်လေယာဉ် ကိစ္စ အသိပေးခြင်း
by Hmuu Zaw on Friday, October 26, 2012 at 7:22am ·

တူရကီနိုင်ငံမှ ရောက်ရှိလာသော စစ်လေယာဉ်(၂)စီး ကိစ္စမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(၁) ဤလေယာဉ်(၂)စီးမှာ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအား လူမျိုးဘာသာမခွဲခြားဘဲ ထောက်ပံ့ပေးမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ပစ္စည်းများသာ သယ်ဆောင်လာသော C-130 လေယာဉ်များ ဖြစ်ပါသည်။ ယင်းလေယာဉ်(၂)စီးပေါ်တွင် ပါရှိသော ပစ္စည်းများ အားလုံးမှာ စားသောက်ကုန်များသာ ဖြစ်ပါသည်။ ယင်းလေယာဉ်(၂)စီးမှာ ၂၅-၁၀-၂၀၁၂ ရက်နေ့တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာပါသည်။

(၂) ယနေ့(၂၆-၁၀-၂၀၁၂ရက်နေ့)တွင် ယင်းစားသောက်ကုန်များကို စစ်တွေသို့ မြန်မာ့လေကြောင်းမှ Charter Flight များဖြင့် ပို့ဆောင်ပေးလျက် ရှိပါသည်။ မြန်မာ့လေကြောင်း လေယာဉ်ဖြင့် (၃)ခေါက် အနည်းဆုံး သယ်ယူပို့ဆောင်ပေးရမည်ဟု ခန့်မှန်းထားပါသည်။

(၃) ယင်းစားသောက်ကုန်များကို ရခိုင်ပြည်နယ်အစိုးရလက်ဝယ်သို့သာ လွှဲပြောင်းပေးမည် ဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရက တာဝန်ယူ၍ ဒုက္ခသည်များ လက်ဝယ်အရောက် ဖြန့်ဝေပေးမည် ဖြစ်ပါသည်။

(၄) စုစုပေါင်း တန်ချိန်(၃၀) အလေးချိန်ရှိသော စားသောက်ကုန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

    - Candy                2280 Boxes
    - Food                    960  Parcels
    - Biscuit              11000  Bags
    - Slipper                  500 Boxes
    - Clothing              1000 Packages
    - Toy                      500  Boxes

(၅) လေဆိပ်တွင် စနစ်တကျ စစ်ဆေးပြီးမှ ပို့ဆောင်ပေးခြင်း ဖြစ်ပါသည်။

(၆) ပြည်သူများ စိုးရိမ်ပူပန်မှု မရှိကြစေရန် အသိပေးအပ်ပါသည်။