Wednesday, October 31, 2012

ပြိုင်ကားမောင်းသူများဝိုင်းရိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

The Voice Weekly Journal

ပြည်ပကြွေးမြီ ဆယ်လအတွင်း ဒေါ်လာ လေးဘီလီယံတိုး

7Day News Journal

ရန်ကုန်၊အောက်တိုဘာ-၂၅

မြန်မာနိုင်ငံမှ ပြည်ပသို့ ပေးဆပ် ရန်ရှိသည့် ကြွေးမြီစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ သန်း ၁၅၀၀၀ကျော်(၁၅ ဘီလီယံကျော်)ရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါက်တာမောင်မောင်
သိမ်းကပြောသည်။

ပြည်သူ့လွှတ်တော်တွင် အောက်တိုဘာ ၂၄ ရက်က ဒုဝန် ကြီးက မြန်မာနိုင်ငံ၏ ကြွေးမြီ တိုးရင်းစုစုပေါင်းမှာ ဒေါ်လာ၁၅၀၈၉ ဒသမ ၄၃၄ သန်းရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုး၏မေးခွန်းကို ဖြေကြား
စဉ် ထည့်သွင်းပြောကြားခဲ့သည်။ ဇန်န၀ါရီ ၃၁ ရက်က ကျင်းပခဲ့ သော အမျိုးသားလွှတ်တော်တွင် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပေးဆပ်ရန်ရှိသော ကန်ဒေါ်လာ ၁၁၀၂၃ ဒသမ ၂၈၉ သန်း (ဒေါ် လာ ၁၁ ဘီလီယံကျော်)ရှိကြောင်း ဘဏ္ဍာအခွန်ပြည်ထောင်စုဝန်ကြီးကဖြေကြားခဲ့သည်။

ထို့ကြောင့် ပြည်ပသို့ ပေး ဆပ်ရမည့် ကြွေးမြီတိုးရင်း စုစု ပေါင်းမှာ ဆယ်လအတွင်း ဒေါ် လာသန်း ၄၀၀၀ ကျော် (၄ ဘီလီယံကျော်)တိုးလာခြင်းဖြစ်သည်။ ထို့အပြင် အစိုးရအနေဖြင့် ပြည်တွင်းကြွေးမြီ စုစုပေါင်း ကျပ် သန်းပေါင်း ၉ç၉၈၈ç၈၅၇ လည်း ပေးဆပ်ရန်ရှိသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၂ စက်တင်ဘာလကုန်အထိ လည်ပတ်သုံးစွဲနေသော ငွေပမာဏစုစုပေါင်းမှာ ကျပ်သန်းပေါင်း ၆၁၉၉၁၂၂ ဒသမ ၉၅ (ကျပ်ငွေ၆ဒသမ၂ ထရီလီယံခန့်)ရှိကြောင်း ဒုဝန်ကြီးကပြောကြားသည်။ ဦးမောင်တိုး၏ မေးခွန်းတွင်ပါဝင်သော နိုင်ငံခြားအရန်ငွေနှင့် ရွှေတန်ဖိုးမည်မျှရှိကြောင်း မေးခွန်းကိုစိစစ်ဆောင်ရွက်ဆဲဖြစ်ပြီး သီးခြား
တင်ပြသွားမည်ဟု ဦးမောင်မောင်သိမ်းက ဖြေကြားခဲ့သည်။

၂၀၁၂ဇန်န၀ါရီအထိ တစ် နိုင်ငံလုံး လည်ပတ်သုံးစွဲငွေ ကျပ် ၅၆၀၀ဘီလျံ(၅ဒသမ၆ထရီလီယံ) ကျော်ရှိခဲ့သည်။ ထို့ ကြောင့် ကိုးလ၀န်းကျင်အတွင်း ၆၀၀ဘီလျံနီးပါး တိုးလာခြင်းလည်းဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ အရေးပေါ်အကူအညီ လိုအပ်နေ

7Day News Journal


စစ်တွေ၊အောက်တိုဘာ-၃၀

လတ်တလောဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင်း မတည်ငြိမ်မှု များကြောင့် ထွက်ပြေးတိမ်းရှောင် နေရသူများအတွက် အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိ ကြောင်း ဒုက္ခသည်များနှင့် အကူအညီပေးရေးအဖွဲ့အစည်းများက ပြောသည်။

အထူးသဖြင့် ကလေးသူ ငယ်များနှင့် အမျိုးသမီးများအ တွက် အကူအညီများ လိုအပ် လျက်ရှိကြောင်း ၎င်းင်းတို့ကပြော သည်။ ပဋိပက္ခဖြစ်စဉ်များအ တွင်း နေအိမ်များ မီးလောင်ဆုံး ရှုံးမှုများကြောင့် မည်သည့်ပစ္စည်း မှ မကျန်အောင် ဆုံးရှုံးမှုများ ဖြစ် ပွားခဲ့ကြောင်း ထွက်ပြေးတိမ်း ရှောင်လာခဲ့သူများကပြောသည်။

''အ၀တ်တစ်ထည်၊ ကိုယ် တစ်ခုနဲ့ ပြေးလာရတာဆိုတော့ လိုတာကအားလုံးပဲ။ လောလော ဆယ်တော့ ဆန်လှူတဲ့သူရှိပေ မယ့် ဟင်းစားအတွက် အခက်အ ခဲရှိတယ်။ အ၀တ်အစားလည်း လို တယ်"ဟု မြောက်ဦးမြို့ အလို တော်ပြည့်ကျောင်းဆရာတော်က မိန့်ကြားသည်။

မြောက်ဦးမြို့တွင် မတည် ငြိမ်မှုများကြောင့် အောက်တိုဘာ၂၂ ရက်က ထွက်ပြေးတိမ်းရှောင် လာသည့် ရခိုင်တိုင်းရင်းသား ၈၀၀ခန့်ကို အလိုတော်ပြည့် ကျောင်းအတွင်း စောင့်ရှောက်ထားသည်။ ၎င်းတို့ထဲမှ အများစုမှာ ကလေးသူငယ်များနှင့် အမျိုးသမီးများ ဖြစ်ကြောင်း စာရင်းများအရ သိရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လများအတွင်း ပထမတစ်ကြိမ် ဖြစ်ပွားခဲ့သည့် မတည်ငြိမ်မှုများကြောင့် ပြောင်း ရွှေ့နေထိုင်ရသည့် ဒုက္ခသည်များ အားလည်း ပြန်လည်နေရာချထား မှုများ မပြုလုပ်နိုင်သေးဘဲ ဒုက္ခသည်စခန်းများအတွင်းတွင်သာ နေထိုင်လျက်ရှိသည်။ အဆိုပါ ဒုက္ခသည်စခန်းများတွင်လည်း အစိုးရအစီအစဉ် အကူအညီဖြင့် ထောက်ပံ့မှုများကို အဓိကထားပြီး ရပ်တည်နေရသည်။

''အခုက စပါးရိတ်ချိန်လေ။ စိုက်တဲ့အချိန်မှာလည်း ပြဿနာ ဖြစ်လို့ ဒုက္ခရောက်တယ်။ ရိတ်တဲ့ အချိန်ကျတော့လည်း ပြဿနာ ဖြစ်တယ်။ ၀မ်းစာတောင်စိုးရိမ် နေရတယ်"ဟု ကျောက်တော်မြို့ နယ်အတွင်းမှ ဒေသခံတောင်သူ ကပြောသည်။

ဒုက္ခသည်များက လတ်တ လောတွင် စေတနာရှင်များနှင့် အ စိုးရ၏အစီအစဉ်ဖြင့် ထောက်ပံ့မှု များဖြင့် ရပ်တည်နေရသော်လည်း ရေရှည်တွင် အခက်အခဲကြုံတွေ့ နိုင်ကြောင်းပြောသည်။

''သောက်ရေသန့်တွေ အဓိ ကလိုတယ်။ စားဖို့အတွက် ဝေ ပေမယ့် ခြိုးခြံပြီးစားရတယ်"ဟု ဘောဒူဗဒုက္ခသည်စခန်းမှ ဦးမောင်အေးမောင်ကပြောသည်။

ဒုက္ခသည်စခန်းများအတွင်း အညစ်အကြေးစွန့်ရန်အတွက် အိမ်သာများ ထားရှိပေးထားသော် လည်း အိမ်သာဖြင့် အညစ်အ ကြေးစွန့်ပစ်လေ့မရှိသည့် ဓလေ့ များကြောင့် ၀မ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားမည်ကို စိုးရိမ် လျက်ရှိကြသည်။

ဒုက္ခသည်များအား အကူ အညီပေးနေသော ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ ၏အဆိုအရ နေရာပေါင်းစုံမှ ဒုက္ခသည်များထံ အကူအညီများ ရောက်ရန် အခက်အခဲများစွာရှိ ကြောင်းလည်း သတင်းရရှိသည်။

မတည်ငြိမ်မှုများကြောင့် မီး လောင်မှုများအတွင်း ဆုံးရှုံးခဲ့ရာ တွင် ပစ္စည်းဥစ္စာအားလုံးနီးပါး ဆုံးရှုံးခဲ့ရကြောင်း၊ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ လုပ် ဆောင်ရာတွင် နေအိမ်အဆောက် အအုံများအပြင် အားလုံးလိုအပ် လျက်ရှိကြောင်း ဒုက္ခသည်များက ပြောသည်။
 

နိုင်ငံတော်သမ္မတရုံးမှရခိုင်ပြည်နယ်ပဋိပက္ခများနှင့်ပတ်သက် ၍ ဒုတိယမြောက်ကြေငြာချက်

7Day News Journal

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးမှ ရခိုင်ပြည်နယ်ပဋိပက္ခများနှင့်ပတ်သက် ၍ ဒုတိယမြောက်ကြေငြာချက်ကို ထုတ်ပြန်ခဲ့သည်။ ကြေညာချက် မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

သတင်းထုတ်ပြန်ချက် ( ၂ / ၂၀၁၂)

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်
၁၃၇၄ ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်
...

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း

၁။ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့် စပ်လျဉ်း၍ နောက်ကွယ်မှ ကြိုးကိုင် လှုပ်ရှားနေသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ ရှိနေကြောင်းသိရှိရသဖြင့် ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ချက် (၁/၂၀၁၂) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

၂။ တစ်ကျော့ပြန်ဖြစ်ပွားလာသော ပဋိပက္ခဖြစ်စဉ်များတွင် ၂၀၁၂ ခုနှစ်အောက်တိုဘာလ ၂၁ ရက်မှစ၍ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်အထိ သေဆုံးသူ (၈၉)ဦး၊ ဒဏ်ရာရသူ(၁၃၆)ဦး၊ မီးလောင်ပျက်စီးသည့် လူနေအိမ် (၅၃၅၁) အိမ်နှင့် လူဦးရေ (၃၂၂၃၁)ဦး အိုးမဲ့အိမ်မဲ့ ထပ်မံဖြစ်ပေါ် ခဲ့ပါသည်။

၃။ လူ့အဖွဲ့အစည်းနှစ်ခု အကြားရှိ ပဋိပက္ခများသည် သာမန်ဆူပူလှုပ်ရှားမှု ဖြစ်စဉ်များမှ လက်နက်ကိုင်အကြမ်းဖက်မှု အခြေအနေသို့ ကူးပြောင်းတော့မည့်လက္ခဏာ အသွင်ဆောင်ကာ လုံခြုံရေး တပ်ဖွဲ့ဝင်များကိုပင် လက်နက်ဖြင့် ရန်မူခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာခဲ့ပါသည်။ အကြမ်းဖက်မှုပဋိပက္ခ ဖြစ်စဉ်များမှ ဒေသန္တရလုပ်လက်နက်ငယ် (၁၈၀)လက် သိမ်းဆည်းရမိခဲ့ပါသည်။ ထို့ပြင် အဆိုပါ လက်နက်ပြုလုပ်သူအချို့နှင့် ပြုလုပ်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်း အထောက်အထားများ ကိုလည်း ဖမ်းဆီးရမိသဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါသည်။

၎။ ယခုကဲ့သို့ လူစုလူဝေးဖြင့် ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီး ခြင်းကိစ္စများတွင် တစ်ဖက်အဖွဲ့အစည်းမှာ ကြိုတင်ပြင်ဆင်ခြင်း၊ အသေးစိတ်စီစဉ်ခြင်း၊ ဒေသန္တရလုပ် လက်နက်များဖြင့် အချိန်ကိုက် ပူးပေါင်းလှုပ်ရှားဆောင်ရွက်ခြင်းများ တွေ့ရှိရသည့်အပြင်၊ နိုင်ငံရေးအဖွဲ့ အစည်းနှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများပါ ပါဝင်ပတ်သက်မှု ရှိနေသကဲ့သို့၊ အခြား တစ်ဖက်အဖွဲ့အစည်းမှလည်း အချို့သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည့် အထောက်အထားများကို တွေ့ရှိရပါသည်။

၅။ ပဋိပက္ခများကို ဖြေရှင်းရာတွင် နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးရရှိစေမည့် နည်းလမ်းများကို ရွေးချယ်ပြီး ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာနှင့် ဉာဏ်ပညာ အမြော်အမြင်ရှိစွာဖြင့် ဖြေရှင်းသွားကြရန် လိုအပ်ပါသည်။ ယခုကဲ့သို့ ဖြစ်ရပ်များနှင့်ပတ်သက်၍ ကမ္ဘာ့အလယ်တွင် နိုင်ငံတော်၏ဂုဏ်သိက္ခာကို မထိခိုက် မညှိးနွမ်းစေရေးအတွက် နိုင်ငံတော်ကိုချစ်မြတ်နိုးသူ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ကလည်း ငြိမ်းချမ်းစွာဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ကြစေလိုပါသည်။

၆။ လက်ရှိအခြေအနေတွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်နစ်နာစေသည့် ဖြစ်ရပ်များ ဆက်လက်မဖြစ်ပေါ်စေရေးအတွက် ပဋိပက္ခဖြစ်စဉ်များ၌ ဆက်စပ်ပတ်သက်သူများကို နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား နိုင်ငံတော်မှ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

တကျော့ပြန် ရခိုင်ပြည် ပဋိပက္ခ တွင် နောက်ကွယ်မှ ကြိုးကိုင်သော လူပုဂ္ဂိုလ် နှင့် အဖွဲ့ အစည်း များကို ဖော်ထုတ် တွေ့ရှိ

The Voice Weekly

တကျော့ပြန် ဖြစ်ပွားလာသော ရခိုင် ပြည်နယ် ပဋိပက္ခ တွင် လူစု လူဝေးဖြင့် ခြိမ်းခြောက်ခြင်း၊ အကြမ်း ဖက်ခြင်း၊ တိုက်ခိုက်ခြင်း၊ မီးရှို့ ဖျက်ဆီး ခြင်း ကိစ္စ များတွင် တစ်ဖက် အဖွဲ့အစည်း မှာ ကြိုတင် ပြင်ဆင်ခြင်း၊ အသေးစိတ် စီစဉ်ခြင်း၊ ဒေသန္တရ လုပ် လက်နက် များဖြင့် အချိန်ကိုက် ပူးပေါင်း လှုပ်ရှားဆောင်ရွက် ခြင်းများ တွေ့ရှိ ရသည့် အပြင်၊ နိုင်ငံရေး အဖွဲ့ အစည်း နှင့် ငြိမ်းချမ်းရေး ယူထားသော အဖွဲ့အစည်း များပါ ပါဝင် ပတ်သက်မှု ရှိနေ သကဲ့သို့၊ အခြား တစ်ဖက် အဖွဲ့အစည်း မှလည်း အချို့သော ပြည်တွင်း ပြည်ပ အဖွဲ့ အစည်းများ ပါဝင် ပတ်သက် နေသည့် အထောက် အထား များကို တွေ့ရှိ ရကြောင်း နိုင်ငံတော် သမ္မတ ရုံးက ယနေ့ည ၈နာရီတွင် သတင်း ထုတ်ပြန် လိုက်သည်။
လူ ၈၉ ဦး သေဆုံးပြီး ၁၃၀ ကျော် ဒဏ်ရာ ရရှိခဲ့သော အဆိုပါ တကျော့ပြန် ပဋိပက္ခ ဖြစ်စဉ် များတွင် လက်နက် ငယ် ၁၈၀ ကို သိမ်းဆည်း ရမိ ခဲ့ပြီး လက်နက် ပြုလုပ်သူ အချို့နှင့် သက်သေခံ ပစ္စည်း များကိုပါ ဖမ်းဆီး ရမိ ခဲ့ကြောင်း၊ လက်ရှိ အခြေ အနေတွင် ပြည်သူ လူထု၏ အသက် အိုးအိမ် စည်းစိမ်များ ထိခိုက် နစ်နာမှု မဖြစ်ပေါ် စေရေး အတွက် နောက်ကွယ်မှ ကြိုးကိုင် လှုပ်ရှား နေသော လူပုဂ္ဂိုလ် အဖွဲ့ အစည်း များအား ထိရောက်စွာ အရေး ယူမည် ဖြစ်ကြောင်း ယင်း ကြေညာ ချက်တွင် ဆက်လက် ဖော်ပြသည်။

ရခိုင်ပြည်နယ် တွင် ဖြစ်ပွား နေသော ပဋိပက္ခ များအား ထိန်းသိမ်းရန် အတွက် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ အင်အား ၅၀၀၀ ကျော်၊ နစက တပ်ဖွဲ့ဝင် အင်အား ၁၀၀၀ ကျော် နှင့် တပ်မတော် တပ်ရင်း ၅၁ ရင်း တို့ လုံခြုံရေး တာဝန် ထမ်းဆောင်လျက် ရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ၏ facebook စာမျက်နှာ တွင် ဖေါ်ပြသည်။

သတင်း ထုတ်ပြန်ချက် အပြည့် အစုံ ကို ဖတ်ရှုရန် - http://www.president-office.gov.mm/briefing-room/news/2012/10/31/id-1674

ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ ဦးဆွမ်လွတ်ဂန် ဦးဆောင်တဲ့အဖွဲ့တရုတ်နိုင်ငံ ရွှေလီမြို့မှာတွေ့



Published on Oct 31, 2012 by RFABurmeseVideo


ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ KIO အမြဲတမ်း ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂန် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့မှာ မနေ့က တွေ့ဆုံခဲ့ကြပါတယ်။ အပြည့်အစုံကို RFA အဖွဲ့သား ကိုဂျေက တင်ပြထားပါတယ်။

ကနေဒါနိုင်ငံမှာ ရွှေညဝါဆရာတော်ရဲ့ တရားပွဲများ ထပ်မံတိုး


ကျော်ဟုန်း ၊ ၂၉ အောက်တိုဘာ

 ရွှေညဝါဆရာတော် အရှင်ပညာသီဟ ဟာ ကနေဒါနိုင်ငံမှာ ရက်သတ္တပတ်ကြာ ဗီဇာရခဲ့ပါတယ်။ ထိုရရှိတဲ့ တပတ်အတွင်းမှာပဲ ကနေဒါနိုင်ငံအတွင်းမှာရှိတဲ့ ဗန်ကူးဗား ဘီစီ၊ တိုရန်တို၊ ကယ်ဂရိ၊ စက်စကာတွန်း မြို့ များမှ ဗုဒ္ဓဘာသာဝင်သူတော်စင် မြန်မာ ပြည်သားများက ဆရာတော်ကို တရားဟောရန် ပင့်လျှောက်လာကြပါတယ်။ ထိုပင့်လျှောက်ချက်အရ ဆရာတော်ဟာ ပထမဆုံးတရားပွဲကို(နိုဝင်ဘာ၊၃၊၂၀၁၂) ညနေ(၆-၁၀)နာရီထိ ဗန်ကူးဗားမှာတရား ဟောမှာဖြစ်ပါတယ်။ ထိုတရားပွဲအပြီး (နိုဝင်ဘာ – ၃)ရက်၊ ည ၁၁း၃၀ မှာ လေယာဉ်ဖြင့် တိုရန်တိုသို့  ကြွချီမှာဖြစ်ပါတယ်။  (နိုဝင်ဘာ-၄)ရက်မှာ တိုရန်တိုတွင် ဒုတိယမြောက် တရားပွဲ ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။ နောက် (၅)ရက် ကြာမျှ တိုရန်တိုမြို့ မှာ သီတင်းသုံးနေထိုင်အပြီး (နိုဝင်ဘာ-၁၀-၂၀၁၂)တွင် ကယ်ဂရိမြို့ မှာ တတိယမြောက် တရားပွဲကျင်းပမှာဖြစ်ပါတယ်။ စတုတ္ထမြောက်တရားပွဲကို (နိုဝင်ဘာ-၁၁ -၂၀၁၂) မှာ စက်စကာတွန်းမြို့ တွင်ကျင်းပမှာဖြစ်ပြီး ဒီတရားပွဲဟာ ကနေဒါမှာ နောက်ဆုံးတရားပွဲဖြစ်ပါတယ်။ ဗန်ကူးဗား ဘီစီသို့  နိုဝင်ဘာ ၁၂-ရက်နေ့ ပြန်လည်ရောက်  ရှိလာ မယ်လို့  သိရပါတယ်။ နောက်နေ့  (နိုဝင်ဘာ -၁၃- ၂၀၁၂)မှာ ထိုင်းနိုင်ငံသို့    ကြွချီတော့မှာဖြစ်ကြောင်း ဗန်ကူးဗား – ဗုဒ္ဓရံသီ ကျောင်းထိုင်ဆရာတော် အရှင် ဂေါသကနဲ့ ကိုတင်နွယ်တို့ က အကြောင်းကြားလာပါတယ်။

 ရွှေညဝါဆရာတော်ဟာ ပြည်ပတရားပွဲများကျင်းပနေရခြင်းမှာ ပြည်တွင်းမှာ တရားဟောခွင့်ပိတ်ပင်ထားခြင်းခံရသောကြောင့် ဖြစ်ပါတယ်။ ယခင် သတင်းသုံးနေထိုင်ခဲ့တဲ့ ရန်ကုန်မြို့ ၊ ကြည့်မြင်တိုင်၊ နတ်စင်လမ်းက ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ကျောင်းတော် တွင်း  သီတင်းသုံးခြင်းနဲ့ သင်တန်းပို့ ချခြင်းများကိုလဲ အာဏာပိုင်တွေက ပိတ်ပင်ခဲ့ပါတယ်။ အကြောင်းကတော့ ဆရာတော် ဟာ ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့ အသုံးအနှုံးများထည့်သွင်းဟောပြောမှု၊ တရားဟောပိတ်ပင်ကာလအတွင်း မန်းဒီချုပ်ရုံးဖွင့် ပွဲတွင် သြဝါဒပေးခြင်းကို တရားဟောသည်ဟု ရိုးစွတ်ကာ နေထိုင်ရာ ဗုဒ္ဓတက္ကသိုလ်မှ အပြီးဖယ်ရှားပေးခဲ့ရတာကြောင့် ယခု ရန်ကုန်မြို့ စွန် မှော်ဘီမှာ ဝါးတဲငယ်လေးနဲ့  သီတင်းသုံးနေရပါတယ်။ ဆရာတော်ဟာ ထေရဝါဒသာသနာတည်တံ့ပြန့် ပွားရေးအတွက် ယနေ့ ချိန်ထိ ရဟန်းသိက္ခာပုဒ်မပျက် ကျင့်ကြံနေထိုင်ရင်း တပြည့်ပေါင်း (၁၀၀၀)ကျော်ကို စာဝါချပေးခဲ့သူ သံဃာမြတ်တပါးဖြစ်ပါတယ်။ ဒါ့အပြင် မနက်တိုင်း  တပြည့်များနှင့် ဆွမ်းခံ ကြွပြီး  ပိုလျှံသမျှ စားသောက်ဖွယ်ရာများကို  နေ့ စဉ် အလှည့်ကျ မရှိဆင်းရဲသူများရပ်ကွက်များသို့ လည်းကောင်း၊  မိဘမဲ့ ဂေဟာများသို့ လည်းကောင်း စွန့် ကြဲဒါနပြုခဲ့တဲ့ ဆရာတော်လဲဖြစ်ပါတယ်။  ယခုတိုင်လဲ မိမိပျိုးထောင်ခဲ့တဲ့ ဗုဒ္ဓတက္ကသိုလ် စာသင်သားတပြည့်များအတွက် ငွေကြေး၊ပစ္စည်း(၄)ပါးအတွက် ထောက်ပံ့စွန့် ကြဲဒါနပြုနေဆဲဖြစ်ပါတယ်။ လက်ရှိ သီတင်း သုံးရာ မှော်ဘီဝါးတဲကျောင်းကိုလဲ စာဝါချနိုင်သည့် ကျောင်းတော်ကြီးဖြစ်ရန် ရည်သန်ထားကြောင်း သိရပါတယ်။ ထို့ အတွက်ကြောင့် ဆရာတော်နဲ့ ကြုံကြိုက်ခွင့်၊ တရားနားခွင့်ရခိုက်မှာ သာသနာ့ဒါယကာ၊ ကျောင်းဒါယကာ၊ဒါယိကာမများ ဖြစ်ခွင့်ရနိုင်တဲ့အတွက် မိမိတို့ တတ်နိုင်သမျှ လှူဒါန်းနိုင်ရန် မိုးမခသတင်းမီယာမှ  နိဗ္ဗာန်အကျိုးမျှော်ကာ  ဆော်သြလိုက်ပါ  ရတယ်။     ။



(Shwe Nya War Sayadaw Dhamma Pwe Seen at Fremont, SF Bay, 28th Oct 2012)
http://moemaka.com/

ဗဟိုစည် ဆေးရုံ မှားယွင်း ကုသသည်ဟု ဆိုကာ သမ္မတ ထံတိုင်ကြား

31 OCTOBER 2012

အောက်တိုဘာ ၁၃ ရက်နေ့က ကြီးမားသော ဆေးကုသမှု မှားယွင်း ပေါ့လျော့မှုကြောင့် ဟုဆိုကာ ဗဟိုစည် ဆေးရုံအား ကာယကံရှင် လူနာမိသား စုက သမ္မတထံတိုင်ကြားခဲ့ကြောင်း လူ ထုပုံရိပ်မှ စုံစမ်းသိရှိရသည်။ ကာယကံရှင်လူနာ ဒေါ်လှစိန် အသက်၆၉နှစ်သည် မြိတ်မြို့မှ လာ ရောက်၍ ဗဟိုစည်ဆေးရုံဒုတိယ အ လွှာ၊ အခန်းအမှတ် ၂၁၁ ၌ ကျောက် ကပ်ပိုင်းဆိုင်ရာ ဆေးကုသမှုအား အောက်တိုဘာ ၁၁ ရက်တွင် ကုသမှု ခံယူရာ အောက်တိုဘာ ၁၃ ရက်တွင် အကြောထဲဆေးသွင်းမှုကြောင့် ဆေး ထိုးခံရသည့်လက်တွင် အရည်ကြည်ဖု များ ဖောင်းပွလာပြီး လက်မှာညိုပုပ် လာကြောင်း ကာယကံရှင် ဒေါ်လှစိန် ၏ သားဖြစ်သူက ဖြစ်စဉ်ကို လူထုပုံရိပ် သို့ပြောသည်။
"၁၁ ရက်နေ့မှာ ဒီဆေး ပဲ ၅ လုံးထိုးတယ်၊ ၁၂ ရက်နေ့မှာ လည်း ၅ လုံးထိုးတယ်၊ ၁၃ ရက်နေ့ကျ တော့ တစ်ဖက်ပဲထိုးနေရလို့ဆိုပြီး လက်ပြောင်းထိုးတယ်၊ ထိုးထိုးချင်း နှစ် မိနစ်လောက်မှာ အမေကနာတယ် ပြောတယ်၊ ဆေးထိုးပေးတဲ့ဆရာမက ဒီဆေးက ဒီလိုပဲ နာတတ်တယ်လို့ပြော တော့ အမေက ကြိတ်ခံတယ်၊ ဒါပေမဲ့ မိနစ် ၂၀ လောက်လဲရောက်ရော အမေကမခံနိုင်တော့လို့ ကျူကျူပါ အောင်ငိုတော့မှ ရပ်လိုက်တယ်၊ ဆေး ကလည်း အဲဒီနေ့က သုံးလုံးပဲထိုးလိုက် ရတယ်၊ ပြီးတော့လက်က ဓာတ်ပုံထဲ မှာ မြင်တဲ့အတိုင်းဖြစ်သွားတာပဲ"ဟု ၄င်းကပင် ဆက်လက်ရှင်းပြသည်။ မိမိတို့အနေဖြင့် မိခင်ဖြစ်သွားသည့် အပေါ် သက်ဆိုင်သည့်ဆရာဝန်များ အနေဖြင့် ဆေးပညာရှင်များသို့ အ ကြောင်းကြားသော်လည်း ချက်ချင်း ရောက်မလာနိုင်ဘဲ အချိန်အတော် ကြာမှ ရောက်လာကြောင်း၊ ထို့နောက် မိခင်၏ လက်အားထောင်ထားပါက ပျောက်သွားမည်ဟု ဆရာဝန်မက ပြောကြောင်း၊ အမှန်တကယ်ဆိုလျှင် ၄င်းတို့အနေနှင့် သိသင့်ပြီး ချက်ချင်း ဆေးကုသမှုပိုင်းဆိုင်ရာကို ပြုလုပ်ပေး သင့်ကြောင်း၊ မိမိတို့၏ မိခင်မှာ ရောဂါ ဝေဒနာခံစားနေရသည့်ကြားမှ ဆေးရုံ ၏ ပေါ့လျော့မှုကြောင့် လက်ထိခိုက် သွားသည့် ဝေဒနာခံစားနေရသည်ကို ရင်နာကြောင်း ၄င်းက ဆိုသည်။
" အသည်းအထူးကုဆရာဝန်ကြီး ဦးခင်မောင်ဝင်းရောက်လာတော့မှ ဒါ ဘာလုပ်နေတာလဲ၊ မြန်မြန်ခွဲစိတ်၊ ဘယ်သူ့အမိန့်ကိုမှ မစောင့်နဲ့၊ ငါလုပ် ခိုင်းတာဆိုမှ ၁၅ ရက်နေ့က ခွဲစိတ် လိုက်တယ်၊ ကျွန်တော့်အထင် လက် က အကောင်းပကတိအတိုင်းဖြစ်ဖို့ မ လွယ်တော့ဘူး၊ တော်တော်ကြီးဖြစ် သွားတာပါ၊ ဆရာဦးခင်မောင်ဝင်းက တော့ ဒါမဖြစ်သင့်ဘူး၊ ပထမပိုင်းနာ တယ်ဆိုကတည်းကရပ်သင့်တယ်၊ မရပ်ဘဲ ဆက်ထိုးလိုက်တော့ သွေး ကြောမျှင်တွေပေါက်ပြီး ဖြစ်သွားတာ၊ အရင်ဆုံး check လုပ်သင့်တယ်၊ အတင်းထိုးလို့ ဖြစ်သွားတယ်ဆိုပြီး ပြောတယ်။ ၁၈ ရက်နေ့မှ ဗဟိုစည် MD ဦးကျင်ထွန်းကလည်းဝန်ခံတယ်၊ လူနာရဲ့ ရောဂါကြောင့်ဆိုပြီး အဖြစ်မှန် ကို လိုက်ဖုံးတယ်"ဟု လူနာရှင် ဒေါ်မြ စိန်၏သားကပင်ပြောသည်။ မိမိတို့အနေဖြင့် လျော်ကြေးတောင်း ယူမှုမရှိသလို ရယူမှုဆန္ဒလည်းမရှိ ကြောင်း၊ မိခင်ဖြစ်သွားသည့်အပေါ် နစ်နာသည်ဟု ယူဆသဖြင့် မှားယွင်း စွာ ကုသခြင်း၊ အဖြစ်မှန်ဖျောက်ကွယ် ထားခြင်းကြောင့် ယခုကိစ္စအား သမ္မတ ထံတိုင်ကြားလိုက်ပြီဖြစ်ကြောင်း၊ မိခင် အား ယင်းဆေးရုံတွင်ပင် ဆေးကုသ စရိတ်ပေး၍ ဆေးကုသမှုခံယူနေ ကြောင်း၊ မိခင်ဖြစ်သွားသည့်နေ့က သူနာပြုနှင့် တာဝန်ရှိဆရာဝန်၏ အမည်အား လုံးဝစုံစမ်း၍မရကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။ လူထုပုံရိပ်မှ ဗဟိုစည်ဆေးရုံသို့ အောက်တိုဘာ ၂၂ ရက်နေ့တွင် သွားရောက်မေးမြန်းရာ အစပထမပိုင်း တွင် တာဝန်ရှိသူများမရှိဟု ဒေါက်တာ ဒေါ်စန်းဝင်းကဆိုသောကြောင့် တိကျ သည့်အဖြေမရရှိခဲ့သော်လည်း ယင်း နေ့ ညနေတွင်ပင် ဆက်သွယ်မေး မြန်းရာ ဒေါက်တာဒေါ်စန်းဝင်းကပင် အ ထက်လူကြီးများ၏ ညွှန်ကြားချက်အရ ယခုကိစ္စအား လူနာရှင်နှင့် လူနာရှင် အားကုသသည့်ဆရာဝန်မှ လွဲ၍ ပြင်ပ သို့ပြောမည်မဟုတ်ကြောင်း ဖြေဆို ထားသည်။

သတင်း-THE PUBLIC IMAGE

မြန်မာစလွယ်လေး ပန်းဝင်လှဖို့ Like ပေးကျပါ


အခု LIKE မဲအရေအတွက်မှာ...
Miss Myanmar Nida ယမုံမိုး ကအပြတ်အသတ်ကျော်ဖြတ်သွားပါတယ်

Miss Myanmar က like (12835) နဲ့ ပထမနေရာဦးဆောင်နေပြီး
Miss Georgia က like ( 10104) နဲ့ ဒုတိယနေရာမှာဖြစ်ပါတယ်
...
မြန်မာစလွယ်လေး ပန်းဝင်လှဖို့
Like ပေးကျပါ....ရှယ်ကျပါ
https://www.facebook.com/photo.php?fbid=10151136887763892&id=8336438891&set=a.190030878891.129096.8336438891&refid=17&m_sess=1Usn4X-xguSr9Km&ref=stream&_ft_=fbid.443895975646804

https://www.facebook.com/photo.php?fbid=10151123454943892&set=a.190030878891.129096.8336438891&type=1&relevant_count=1&refid=17&ref=stream&_ft_=fbid.430810176982899&_r  Here she is. Beautiful and wonderful Miss Myanmar candidate. Please support her, by Like-ing her photo. 
Here she is. Beautiful and wonderful Miss Myanmar candidate. Please support her, by Like-ing her photo.

မလေးသွားမှောင်ခိုဘုတ် နစ်မြှုပ်၍ (၁၂၈)ဦးအနက် (၁၂၂)ဦးပျောက်ဆုံးနေ

Written by သဇင်ဥ
   Wednesday, 31 October 2012 15:50    Benglar Boat-Sink31-10-12ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ မလေးရှားသို့ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်ရန် သွားသောစက်လှေတစ်စီး ဘင်္ဂလားပင်လယ်ပြင်တွင် တနင်္ဂနွေနေ့က နစ်မြှုပ်သွားခဲ့သဖြင့် (၁၂၈)ဦးအနက် (၁၂၂)ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။
ယင်းမလေးသွား မှောင်ခိုစက်ဘုတ်မှာ ဘင်္ဂလာ ကော့စ်ဘဇားခရိုင် တာခ်နာမြို့နယ် ဆာဟ်ပေါ်ရီရ်ကျွန်းမှ တနင်္ဂနွေနေ့က စတင် ထွက်ခွာသွားခြင်းဖြစ်ကြောင်းနှင့် ပင်လယ်ပြင်တွင် ကျောက်ဆောင်ကို တိုက်မိ၍ နစ်မြှုပ်သွားခြင်းဖြစ်သည်ဟု အသက်ရှင်လာသူ(၆) ဦးတို့မှ အတည်ပြုပြောဆိုလိုက်ခြင်း ဖြစ်သည်။
အဆိုပါ စက်လှေနစ်မြှုပ်ရာတွင် ငါးဖမ်းစက်လှေများမှ ကယ်ဆယ်၍ အသက်ရှင်လာသူ(၆)ဦးမှာ တာခ်နာမြို့နယ်မှ အာဘူဘော်ကော်ရ်၊ နရုဟိုဆန်၊ မာဟ်ဘူဘ်၊ ဘုတ်မောင်းသူ စူနိုင်က္ကာနှင့် ကျန်နှစ်တို့ဖြစ်ကြောင်းဆိုသည်။
ဆာဟ်ပေါ်ရီရ်ကျွန်းမှ မလေးသို့ မှောင်ခိုသွားမည့်သူများနှင့် စက်လှေများကို မကြာခဏ ဖမ်းဆီးလေ့ရှိခဲ့ပြီး ယခုအခါ ဖမ်းဆီးရမိနေခြင်းမှာ အမျိုးသမီး၊ ကလေးသူငယ်နှင့် မိသားစုများပါ ပါဝင်နေကြောင်း သိရှိရသည်။
တာခ်နာမြို့နယ်အခြေစိုက် အမှတ်(၄၂)BGB မှ အရာရှိတစ်ဦးဖြစ်သူ ဇာဟိဒ်ဇာဟာန် က ယင်းဖြစ်ရပ်မှာ မှန်ကန်ကြောင်းနှင့် အသေးစိပ် အလောင်းများဆယ်ယူရရှိရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း Arakantimes သို့ ပြောသည်။
ယခုကဲ့သို့ မလေးရှားသို့ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်ရန် ဘင်္ဂလာမှာ ခိုးထွက်၍ သွားလာနေခြင်းမှာ နှစ်အတော်ကြာနေပြီဖြစ် ကြောင်း တာခ်နာမြို့နယ်မှ ငါးပွဲရုံပိုင်ရှင်များ၏ ပြောဆိုချက်များအရ သိရသည်။

http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/621-2012-10-31-155029

ကိုယ့်အိမ်ကို မီးရှို့သူနှင့် အကြမ်းဖက်သမားများကို လက်ခံမည်မဟုတ်ဟု ဘင်္ဂလာ လက်ရှိအာဏာရပါတီမှဆို

*****
Written by သဇင်ဥ Wednesday, 31 October 2012 11:22

ဘင်္ဂလာဒေ့ခ်ျနိုင်ငံရှိ မိမိနေအိမ်သို့ ရခိုင်ပြည်မှ ပြန်လည်လာရောက်နေထိုင်မည့် ဘင်္ဂလီများ... လက်ရှိအာဏာရပါတီမှ အထွေထွေအတွင်းရေးမှူးက ကိုယ့်အိမ်ကို မီးရှို့သူနှင့် အကြမ်းဖက်သမားများကို လက်ခံလိမ့်မည်မဟုတ်ကြောင်း ထုတ်ဖေါ်ပြောဆို လိုက်ပြီး နယ်စပ်တစ်လျှောက် လုံခြုံရေးတပ်ဖွဲ့များကို တင်းကျပ်စွာ ချထားလျှက်ရှိကြောင်း သိရှိရသည်။

ရခိုင်ပြည်မှ စက်လှေများဖြင့် ထွက်ခွာသွားပြီး ဘင်္ဂလာသို့ ၀င်ရောက်ရန် ကြိုးပမ်းနေကြသော ဘင်္ဂလီမူဆလင်များနှင့်ပတ်သက်၍ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသားများအား Arakantimes မှမေးမြန်းရာ " ဘင်္ဂလာက အထွေထွေအတွင်းရေးမှူးချုပ် မိုဟာဘုအာလောင်ဟာနို့ က " ကိုယ့်အိမ်ကို မီရှို့သူတွေနဲ့ အကြမ်းဖက်သူတွေကို ဘင်္ဂလာက လက်ခံဖို့ လုံးဝနေရာမရှိဘူးလို့ ဆိုပါတယ်၊" ပြီးတော့ နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီက " ရခိုင်ပြည်-ဘင်္ဂလာတို့မှာ ဗုဒ္ဓဘာသာဝင် အဆောက်အအုံတွေကို မီးရှို့မှုဟာ အကြမ်းဖက် သမားတွေဘဲဖြစ်တယ်၊" ကျွန်တော်မြင်တာက " သူတို့က ကိုယ့်အိမ်ကို လာကြတဲ့သူတွေပါ၊ ဒီကလက်မခံတဲ့ အဓိကအကြောင်းရင်းက ရိုဟင်ဂျာလူမျိုးနဲ့ မြန်မာတိုင်းရင်းသားခံယူနေမှုအတွက် ဖြစ်ပါတယ်။"ဟု ဘင်္ဂလီ Mr. Mona ကွန်မြူနစ် ကျောင်းသား လူငယ်တစ်ဦးကလည်း သူ၏အမြင်ကို ယခုကဲ့သို့ ရှင်းပြသွားခြင်းဖြစ်သည်။

ထို့အပြင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၊ ကော့စ်ဘဇားခရိုင်အတွင်းတွင် ယခုအပတ်အတွင်း ကျူးကျော်ဝင်ရောက်လာသူများဟုဆိုကာ ဘင်္ဂလီ (၂၀၀)ခန့်အား ဖမ်းဆီးပြီး ရခိုင်ပြည်နယ်စပ်ဖက်သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်းနှင့် အဆိုပါ စက်လှေများဖြင့် ထွက်ခွာသွား သူများအနက် တစ်ချို့မှာ မောင်တောမြို့နယ်သို့ ဆိုက်ရောက်သွားပြီး ဒေသအာဏာပိုင်များက ယာယီဒုက္ခသည်စခန်းများ တည်ဆောက်ပြီး ကူညီပေးနေကြောင်း ဒေသသတင်းများအရ သိရသည်။

ရခိုင်ပြည်တွင် ကျူးကျော်နေထိုင်ခဲ့သော ဘင်္ဂလီအများအပြားမှာ ကော့စ်ဘဇားခရိုင်အတွင်းသို့ ရောက်ရှိလာပြီး ခိုလုံလျှက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

"သူတို့ကို ကြည့်တာနဲ့ ဘယ်ကဆိုတာ သိပါတယ်၊ ပုဆိုးဝတ်တာနဲ့ အသွားအလာကို ကြည့်ကတည်းက သိပါတယ်၊ ဒါပေမယ့် သူတို့ ကိုင်ထားတာက ဘင်္ဂလာက နိုင်ငံသားကဒ်တွေပါ၊ တစ်ချို့ဆိုရင် မြန်မာနိုင်ငံသားကဒ်နှစ်ခု ပူးတွဲကိုင်ထားကြတယ်လို့ သိရပါတယ်။"

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် နေထိုင်နေကြသော အလယ်လတ်တန်းမှ အမြင်ဆုံးဘင်္ဂလီများမှာ မြန်မာ-ဘင်္ဂလာ နိုင်ငံသား ကဒ်နှစ်ခုကို အများအပြား ကိုင်ဆောင်လျှက်ရှိကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့ရဲဌာနက Rohigar Solidraty Organization (RSO)မှ ခေါင်းဆောင် အာဟာမတ်ဒ်အား ဖမ်းဆီးပြီး ရခိုင်ပြည်-ဘင်္ဂလာတို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ရဲမင်းကြီး ဇော်ဆီမ် အူဒ္ဒိန် က ထုတ်ဖေါ်ပြောဆိုထားသည်။

ရခိုင်ပြည်တွင် အောက်တိုဘာလ(၂၁)ရက်နေ့က ပြန်လည်စတင်ဖြစ်ပွားခဲ့သော ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းအတွင်း မိမိနေအိမ်များကို မီးရှို့ပြီး စက်လှေ အစီး(၄၀)ကျော်ဖြင့် ထွက်ခွာလာသူများမှာ ယခုအခါ ဘင်္ဂလာသို့ဝင်ရောက်ရန် ကြိုးပမ်းနေ၍ နယ်စပ် တလျှောက် တပ်လှန့်မှုများရှိနေသည့်အတွက် မောင်တောမြို့နယ် နစကဘက်မှလည်း နယ်စပ်အတွင်း တပ်လှန့်မှုများ ပြုလုပ်ထားကြောင်း စုံစမ်း သိရှိရသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/620-2012-10-31-112250 See More

Photo: ***ကိုယ့်အိမ်ကို မီးရှို့သူနှင့် အကြမ်းဖက်သမားများကို လက်ခံမည်မဟုတ်ဟု ဘင်္ဂလာ လက်ရှိအာဏာရပါတီမှဆို***
Written by သဇင်ဥ    Wednesday, 31 October 2012 11:22  

ဘင်္ဂလာဒေ့ခ်ျနိုင်ငံရှိ မိမိနေအိမ်သို့ ရခိုင်ပြည်မှ ပြန်လည်လာရောက်နေထိုင်မည့် ဘင်္ဂလီများအား လက်ရှိအာဏာရပါတီမှ အထွေထွေအတွင်းရေးမှူးက ကိုယ့်အိမ်ကို မီးရှို့သူနှင့် အကြမ်းဖက်သမားများကို လက်ခံလိမ့်မည်မဟုတ်ကြောင်း ထုတ်ဖေါ်ပြောဆို လိုက်ပြီး နယ်စပ်တစ်လျှောက် လုံခြုံရေးတပ်ဖွဲ့များကို တင်းကျပ်စွာ ချထားလျှက်ရှိကြောင်း သိရှိရသည်။

ရခိုင်ပြည်မှ စက်လှေများဖြင့် ထွက်ခွာသွားပြီး ဘင်္ဂလာသို့ ၀င်ရောက်ရန် ကြိုးပမ်းနေကြသော ဘင်္ဂလီမူဆလင်များနှင့်ပတ်သက်၍ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသားများအား Arakantimes မှမေးမြန်းရာ " ဘင်္ဂလာက အထွေထွေအတွင်းရေးမှူးချုပ် မိုဟာဘုအာလောင်ဟာနို့ က " ကိုယ့်အိမ်ကို မီရှို့သူတွေနဲ့ အကြမ်းဖက်သူတွေကို ဘင်္ဂလာက လက်ခံဖို့ လုံးဝနေရာမရှိဘူးလို့ ဆိုပါတယ်၊" ပြီးတော့ နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီက " ရခိုင်ပြည်-ဘင်္ဂလာတို့မှာ ဗုဒ္ဓဘာသာဝင် အဆောက်အအုံတွေကို မီးရှို့မှုဟာ အကြမ်းဖက် သမားတွေဘဲဖြစ်တယ်၊" ကျွန်တော်မြင်တာက " သူတို့က ကိုယ့်အိမ်ကို လာကြတဲ့သူတွေပါ၊ ဒီကလက်မခံတဲ့ အဓိကအကြောင်းရင်းက ရိုဟင်ဂျာလူမျိုးနဲ့ မြန်မာတိုင်းရင်းသားခံယူနေမှုအတွက် ဖြစ်ပါတယ်။"ဟု ဘင်္ဂလီ Mr. Mona ကွန်မြူနစ် ကျောင်းသား လူငယ်တစ်ဦးကလည်း သူ၏အမြင်ကို ယခုကဲ့သို့ ရှင်းပြသွားခြင်းဖြစ်သည်။

ထို့အပြင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၊ ကော့စ်ဘဇားခရိုင်အတွင်းတွင် ယခုအပတ်အတွင်း ကျူးကျော်ဝင်ရောက်လာသူများဟုဆိုကာ ဘင်္ဂလီ (၂၀၀)ခန့်အား ဖမ်းဆီးပြီး ရခိုင်ပြည်နယ်စပ်ဖက်သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်းနှင့် အဆိုပါ စက်လှေများဖြင့် ထွက်ခွာသွား သူများအနက် တစ်ချို့မှာ မောင်တောမြို့နယ်သို့ ဆိုက်ရောက်သွားပြီး ဒေသအာဏာပိုင်များက ယာယီဒုက္ခသည်စခန်းများ တည်ဆောက်ပြီး ကူညီပေးနေကြောင်း ဒေသသတင်းများအရ သိရသည်။

ရခိုင်ပြည်တွင် ကျူးကျော်နေထိုင်ခဲ့သော ဘင်္ဂလီအများအပြားမှာ ကော့စ်ဘဇားခရိုင်အတွင်းသို့ ရောက်ရှိလာပြီး ခိုလုံလျှက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

"သူတို့ကို ကြည့်တာနဲ့ ဘယ်ကဆိုတာ သိပါတယ်၊ ပုဆိုးဝတ်တာနဲ့ အသွားအလာကို ကြည့်ကတည်းက သိပါတယ်၊ ဒါပေမယ့် သူတို့ ကိုင်ထားတာက ဘင်္ဂလာက နိုင်ငံသားကဒ်တွေပါ၊ တစ်ချို့ဆိုရင် မြန်မာနိုင်ငံသားကဒ်နှစ်ခု ပူးတွဲကိုင်ထားကြတယ်လို့ သိရပါတယ်။"

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် နေထိုင်နေကြသော အလယ်လတ်တန်းမှ အမြင်ဆုံးဘင်္ဂလီများမှာ မြန်မာ-ဘင်္ဂလာ နိုင်ငံသား ကဒ်နှစ်ခုကို အများအပြား ကိုင်ဆောင်လျှက်ရှိကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့ရဲဌာနက Rohigar Solidraty Organization (RSO)မှ ခေါင်းဆောင် အာဟာမတ်ဒ်အား ဖမ်းဆီးပြီး ရခိုင်ပြည်-ဘင်္ဂလာတို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ရဲမင်းကြီး ဇော်ဆီမ် အူဒ္ဒိန် က ထုတ်ဖေါ်ပြောဆိုထားသည်။

ရခိုင်ပြည်တွင် အောက်တိုဘာလ(၂၁)ရက်နေ့က ပြန်လည်စတင်ဖြစ်ပွားခဲ့သော ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းအတွင်း မိမိနေအိမ်များကို မီးရှို့ပြီး စက်လှေ အစီး(၄၀)ကျော်ဖြင့် ထွက်ခွာလာသူများမှာ ယခုအခါ ဘင်္ဂလာသို့ဝင်ရောက်ရန် ကြိုးပမ်းနေ၍ နယ်စပ် တလျှောက် တပ်လှန့်မှုများရှိနေသည့်အတွက် မောင်တောမြို့နယ် နစကဘက်မှလည်း နယ်စပ်အတွင်း တပ်လှန့်မှုများ ပြုလုပ်ထားကြောင်း စုံစမ်း သိရှိရသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/620-2012-10-31-112250