Thursday, November 1, 2012

ရန်ကုန်တွင် မင်းမဲ့စရိုက်ဆန်ဆန်လူသတ်မှု ပိုများလာ



ရေးသားသူ-အိဖြူလွင်၊အေးမြတ်သူ၊မိုးညို

ရန်ကုန်၊အောက်တိုဘာ-၂၉

ရန်ကုန်မြို့တွင် လူအများရှေ့၌ပင် အုပ်စုဖွဲ့၍ လူသတ်မှု၊ ရိုက်နှက်မှုများ မကြာခဏဖြစ်ပွားလာခြင်းကို တွေ့ရကြောင်း မြို့နေပြည်သူများနှင့်   ဥပဒေနယ်ပယ်မှ ပုဂ္ဂိုလ်များကပြောကြားသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလက ပုဇွန်တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော မြို့လယ်ခေါင်၌ ရုပ်ရှင်ဆန်ဆန် လူသတ်မှုမှစ၍ နာမည်ကြီးပြီး ဆန်းပြားသော လူသတ်မှုများ၊ ရိုက်နှက်မှုများ ထပ်မံဖြစ်ပွားလာခြင်းဖြစ်သည်။ ပုဇွန်တောင်မြို့နယ်တွင် ကားပေါ်မှလူက ကားအပြင်မှလူကို လည်ပင်းညှစ်လျက်သား အနေအထားဖြင့် ကတ္တရာလမ်းတစ်လျှောက် ကားနှင့်တရွတ်တိုက်ပါသွားကာ သေစေခဲ့သော ရုပ်ရှင်ဒါရိုက်တာတစ်ဦး၏အမှုနှင့် မရှေးမနှောင်းပင် မြောက်ဥက္ကလာပမြို့နယ်အတွင်း၌ လူအများထိုင်နေသော စားသောက်ဆိုင်အတွင်းသို့ ကားသုံးစီးဖြင့် ရောက်ရှိလာသူများက ဆိုင်အတွင်းထိုင်နေသူကို ဓားများဖြင့်ခုတ်ကာ သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်။

အင်းလျားကန်ပေါင်ပေါ်ရှိ တာဝန်ကျလုံခြုံရေးဝန်ထမ်းနှင့် ဆိုင်ခန်းများကို ဆိုင်ကယ်များနှင့် ရောက်လာသူ ၁၄ ဦးက ဓားဖြင့်ထိုး၊ တုတ်များဖြင့် ရိုက်နှက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ ယခုနောက်ဆုံး အောက်တိုဘာ၂၃ ရက်ညတွင် လမ်းလျှောက်သီချင်းဆိုလာသူအား ပြိုင်ကားပေါ်မှလူများက ၎င်းတို့ကို စောင်းမြောင်းဆိုသည်ဟုဆိုကာ ရေအိုးဖြင့် ခေါင်းကိုရိုက်ခွဲသတ်မှုသည်လည်း လူများသွားလာနေရာ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့တွင် ဖြစ်ပွားခဲ့သည်။

ယခုကဲ့သို့ လူအများရှေ့တွင် ရက်စက်စွာပြစ်မှုကျူးလွန်မှုများ မကြာခဏ ခပ်စိပ်စိပ်ဖြစ်ပွားလာခြင်းသည် ငြိမ်ဝပ်ပိပြားမှုမရှိခြင်းနှင့် တရားဥပဒေစိုးမိုးမှုမရှိခြင်းတို့၏ အကျိုးဆက်ဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေဦးကိုနီကဆိုသည်။ ပြစ်မှုဖြစ်ပွားခြင်းသည်   တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ယူရသော လုံခြုံရေးရဲတပ်ဖွဲ့တွင် တာဝန်ရှိသကဲ့သို့ တရားရုံးများကလည်း ပြစ်မှုကျူးလွန်ခြင်းများကို ထိရောက်စွာဟန့်တားနိုင်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်ရန် လိုအပ်သည်ဟု ဦးကိုနီကပြောကြားသည်။

ခေတ်အရ ပြောင်းလဲပေါ်ပေါက်လာသည့် နိုက်ကလပ်များ၊ ရာသီပေါ်ပွဲလမ်းသဘင်များတွင် လူငယ်များစုရုံးလာခြင်း၊ မူးယစ်ရမ်းကားခြင်းတို့မှာ ဖြစ်လေ့ဖြစ်ထရှိသော်လည်း လုံခြုံရေးအရ ညအချိန်တွင် သတ်မှတ်ထားသည့် ဥပဒေများကို သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှု အားနည်းနေကြောင်း ရှေ့နေဦးအောင်သန်းစိုးကပြောသည်။ "ထုတ်ထားတဲ့အမိန့်တွေကို သက်ဆိုင်ရာက ထိထိရောက်ရောက် ဆောင်ရွက်ဖို့လိုတယ်"ဟု ၎င်းကပြောသည်။

ပြစ်မှုဆိုင်ရာဥပဒေတွင် လူသတ်မှုကျူးလွန်သူကို အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် သေဒဏ်ထိ ချမှတ်နိုင်သော်လည်း အနိမ့်ဆုံးပြစ်ဒဏ်ဟူ၍ သတ်မှတ်ထားခြင်းမရှိဘဲ မှုခင်းဖြစ်ပွားသည့် အခြေအနေကိုလိုက်၍ တရားသူကြီး၏ ဆင်ခြင်ဉာဏ်ဖြင့်သာ ပြစ်ဒဏ်ချမှတ်ရခြင်းဖြစ်ကြောင်း သိရသည်။

ယခုနောက်ပိုင်းတွင် ဖြစ်ပွားသည့် ပြစ်မှုများသည် ကြိုတင်ကြံစည်မှုက နည်းပါးပြီး လူငယ်အချင်းချင်းဖြစ်ပွားသော ပြဿနာများမှ ရိုက်ကြနှက်ကြသည်သာရှိကြောင်း၊ သို့သော် အုပ်စုဖွဲ့ရမ်းကားမှုများတွင် လူသေဆုံးပါက ထောင်ဒဏ် နှစ်၂၀ မှ တစ်သက်တစ်ကျွန်းထိ ချနိုင်ကြောင်း အလုံမြို့နယ်မှ အငြိမ်းစားတရားသူကြီးတစ်ဦးကပြောသည်။

ပြစ်မှုများတွင် အဖွဲ့လိုက်ကျူးလွန်မှုများ များပြားလာခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လက်ရှိ တာဝန်ထမ်းဆောင်နေသူ ရဲအုပ်တစ်ဦးက "အုပ်စုဖွဲ့ ကျူးလွန်တဲ့ မှုခင်းတွေက အမျိုးမျိုးရှိတတ်တယ်။ တချို့ကလည်း ဂိုဏ်းဖွဲ့မျိုးမဟုတ်ပေမယ့် ပိုက်ဆံရှိတယ်။ ခိုင်းသမျှလုပ်ပေးမယ့် တပည့်တပန်းတွေရှိတယ်။ ဒီတော့ တပည့်တွေကို ငါ့အစားသွားလုပ်ပေးဆိုတာမျိုးပေါ့။ ပြီးရင် ပိုက်ဆံပေးတယ်။ အဲဒီလို ပိုက်ဆံယူပြီး တမင်လုပ်စားတာမျိုးကတော့ နည်းပါတယ်။ အဲဒီအခါမှာလည်း သူတို့လုပ်တဲ့ပြစ်မှုအလိုက်ပဲ အရေးယူပါတယ်။ နာကျင်စေမှုဆိုရင် နာကျင်စေမှု၊ လူသတ်မှုဆိုရင် လူသတ်မှုအတိုင်းပါ"ဟု ပြောသည်။

သို့သော် အခကြေးငွေယူ၍ ပြစ်မှုကျူးလွန်ခဲ့ဖူးသူတစ်ဦးက အောက်ပါအတိုင်းပြောသည်။

"တချို့အုပ်စုဖွဲ့ရိုက်နှက်မှုတွေမှာဆို ရိုက်ရုံပဲ။ ဒါပေမဲ့ရိုက်ရင်းနဲ့ လက်လွန်သွားတာမျိုးတွေရှိတယ်။ အဲဒီတော့ အစပါ ဖျောက်ပစ်ရတယ်။ အမှုကပိုကြီးသွားတာပေါ့။ အထူးသဖြင့် ကိုယ်နဲ့မဆိုင်တဲ့ပြဿနာတွေကို ပတ်သက်ရာပတ်သက်ကြောင်းကို ၀င်ရောက်ဖြေရှင်းပေးရတာများတယ်"ဟု ၂၀၁၂ ခုနှစ်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသော ရင်းနှီးသူများက ခိုင်းပါက၊ အဆက်အသွယ်ဖြင့် ငွေပေး၍ တာဝန်ပေးပါက လူသတ်၊ ရိုက်နှက်သောပြစ်မှုများ ကျူးလွန်ခဲ့ဖူးသူတစ်ဦးကပြောသည်

တရားရုံးများတွင် ပြစ်ဒဏ်ချမှတ်ရာတွင်လည်း ဖြစ်ရပ်တစ်ခုနှင့်တစ်ခုအပေါ် ပြစ်ဒဏ်ချမှတ်မှု မတူညီသည်မှာ တရားသူကြီးက လာဘ်ယူ၍   ဆုံးဖြတ်ရခြင်းမျိုးမဟုတ်ဘဲ ဒေါသအလျောက်ဖြစ်သည့်ပြစ်မှု၊ မတော်တဆကျူးလွန်မိသည့်ပြစ်မှု၊ ပြစ်မှုကျူးလွန်သူ၏ အခြေအနေ စသည်တို့နှင့် သက်ဆိုင်၍ တရားသူကြီးက ဆုံးဖြတ်ရခြင်းမျိုးသာဖြစ်ကြောင်းလည်း သတင်းရရှိသည်။

နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့တွင် ဖြစ်ပွားခဲ့သော လူသတ်မှု၌ အမျိုးသမီးတစ်ဦး အပါအ၀င် လူငယ်ကိုးဦးက အရက်သေစာသောက်စားထား၍ ရန်စမှုကြောင့်သာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည့်အတွက် ညဘက်အပြင်ထွက်လေ့ရှိသော ယောက်ျားလေးများအတွက်လည်း စိုးရိမ်ပူပန်စရာများရှိလာသည်။ "အခုဆိုရင် ကိုယ်ကပြဿနာစမရှာရင်တောင် အုပ်စုလိုက်ရန်စလာရင် ဘာမှမတတ်နိုင်ဘူး။ ဒါကြောင့် ညဘက်ဘောလုံးပွဲသွားကြည့်တာမျိုးတောင် သတိထားရတယ်"ဟု အမျိုးသားတစ်ဦးကပြောသည်။

အုပ်စုဖွဲ့ရမ်းကား လူသတ်မှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည့် မြောက်ဥက္ကလာပလူသတ်မှုတွင် ပြစ်မှုကျူးလွန်သူ ၂၀ ကျော်အနက် ၁၅ ယောက်အား ဖမ်းဆီးထားနိုင်ခဲ့ပြီး၊ အောက်တိုဘာ ၂၃ ရက်က ဖြစ်ပွားခဲ့သော နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့၌ဖြစ်သော ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူ ကိုးဦးစလုံးကို ဖမ်းဆီးနိုင်ခဲ့သည်ဟုဆိုသည်။ အောက်တိုဘာ ၁ ရက် ညက အင်းလျားကန်ပေါင်တွင် ဖြစ်ပွားသော
ဆိုင်ကယ်စီးအုပ်စုဖွဲ့ရိုက်နှက်မှု ၁၄ ဦးတွင် သုံးဦးကိုသာ လက်ရဖမ်းဆီးရရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ
သတင်းရရှိသည်။

လူအများရှေ့တွင် ဖြစ်ပွားနေသော အမှုများသည် ကြိုတင်ကြံစည်မှုကြောင့် ဖြစ်ပွားသည်ထက် မတော်တဆ ခိုက်ရန်ဖြစ်ပွားမှုမှ စတင်သည့် ပြစ်မှုမျိုးက ပို၍များပြားသောကြောင့် လူငယ်များအနေဖြင့် အသွားအလာ၊ အပြောအဆိုကို သတိထားနေရသော အခြေအနေဖြစ်နေကြောင်း ဥပဒေအကြံပေးတစ်ဦးကပြောသည်။

သို့ရာတွင် ထိုသို့ရာဇ၀တ်မှုများ ထူပြောလာခြင်း၊ သောင်းကျန်းမှုများ ဖြစ်ပေါ်လာသည်တို့မှာ တရားဥပဒေစိုးမိုးရေးယန္တရား ကောင်းမွန်စွာ မလည်ပတ်နိုင်ခြင်းကြောင့်သာဖြစ်ပြီး အဓိကတာဝန်ရှိသူများမှာ ရဲတပ်ဖွဲ့ပင်ဖြစ်သည်ဟု ဦးကိုနီကပြောသည်။
7DAYS

Myanmar to introduce permanent residence visa for foreign investors


Myanmar vice president Nnyan Tun
Photo: President Website


November 1, 2012
The government of Myanmar is thinking about legalizing the residency of the following people permanently such as prospective foreign investors, service providers, immigrants and intellectuals since the present rules and policy of the country is not to permit a person having two citizenships in the country, Xinhua news report.

Nyan Tun, Vice president of Myanmar disclosed during the coordination meeting last Wednesday that the country is in a situation wherein the increase of foreign investors wanting to establish business in Myanmar is highly visible, generation of job opportunities are also expected and the utilization of the world’s latest technology is very significant. If they consider permanent residency to these people, it will certainly boosts the country’s economy and this will lead to a more progressive and developed country.

Policy and guidelines on how to protect the human and civil rights of the investors must be implemented to keep these investors free and safe from any harm and dangers. They must feel and stay in an environment that can work to the advantage for both the country and the foreign investor.

Nyan Tun emphasize that the ratification of the permanent residence immigration act needs to be acted upon and Committee for scrutiny supervisory is needed to evaluate and analyse the main objective of this residence grant.

Since transformation was centered in terms of the country’s political system and on its economy which led to positive and constructive ways, this time around it is also vital to give significance on the financial outlays, intellectual knowledge and skills and expertise on technology in order that people may benefit from all of these sectors such as agriculture, industrial, commercial, financial and monetary resources, said news report from Xinhua.
http://www.betweenonline.com/2012/11/01/myanmar-to-introduce-permanent-residence-visa-for-foreign-investors/

သတင်းထူးတွေပါတဲ့  ရောင်စုံသတင်းစာ

သတင်းထူးတွေပါတဲ့  ရောင်စုံသတင်းစာတဲ့ ဗျ



မောင်တောက်တဲ့  ။ ။ အဘ-ရေ- သတင်းထူးတွေ ပါတယ် ဗျ ၊

ဦးပေါစံ ။ ။ ဟေ- ဟုတ်လား -မောင်တောက်တဲ့  -ဒီလိုဆိုရင်လဲ ပြောပါအုံး ။ မင်းက နှံ့နှံ့စပ်စပ် လူငယ်တယောက်ဆိုတော့ ရပ်သတင်း ရွာသတင်း ပိုသိပါ့ ။

မောင်တောက်တဲ့  ။ ။ ဒါတောင် ကျုပ်က ကွန်ပြူတာတွေ မကိုင်တတ်သေးလို့ ဗျ ။ နို့ မို့ လို့ ကတော့ ဒီ့ထက်ပြောပြနိုင်တာပေါ့ အဘ-ရေ ၊ ဟဲ-... ဟဲ-။

ဦးပေါစံ ။ ။ ကဲ - ဟုတ်ပါပြီ - ဘာသတင်းတွေများ ထူးတာလဲ ။

မောင်တောက်တဲ့ ။ ။ သတင်းစာမှာ ဒါး၊လှံ ၊ လက်နက်တွေ -၃-ရက်အတွင်း အပ်ရမယ်လို့ အစိုးရက ကြေညာထားတာ ပါတယ်ဗျ ။ အဲဒါကိုလေ-

ဦးပေါစံ ။ ။ ဟုတ်တယ်လေ- အဲဒါကို အဘလဲ ကြားပြီးပြီဘဲဟာ ။

မောင်တောက်တဲ့ ။ ။ အဘကြားတာက အဲဒီလို ကြားတာ ။ ကျုပ်ကြားတာက ရွာထဲက

ပြောသံ ဆိုသံ ကြားခဲ့ တာဗျ ။ အဲဒါက ဘာလဲဆိုတော့ ကျုပ်တို့  ရွာကလူငယ်တွေက ဘုန်းကြီးကျောင်းမှာ လူစုပြီး လက်နက်တွေ အပ်ကြမယ်။

အင်း- အပ်ကြမဲ့  လက်နက်ကတော့ ရွှံ့ စေးတုံးတွေတဲ့  ။ မလုံးရသေးတဲ့ လောက်စာလုံးတွေကို ဆက်လက်ပြီး မလုံးတော့သလို လုံးပြီးသားလောက်စာလုံး ( ၂၀၀ ) ကိုလဲ အပ်နှံကြမယ်လို့  ကြားခဲ့ သဗျ ။

ဦးပေါစံ ။ ။ ဟေ- ဟုတ်လား ။ လောက်စာလုံးတွေ အပ်နှံကြတယ်ဆိုတာကိုတော့သတင်းစာမှာ ထည့်ဖြစ်မယ် မထင်ဘူးနော် ။

မောင်တောက်တဲ့ ။ ။ ဟာ - အဘကလဲ - ဒါက သတင်းဗျ ။ ရင်ကို ခုန်စေတဲ့  သတင်း ။ ပြီးတော့ ကာလာရောင်စုံ သတင်းစာနော် ။ တကယ်ပါ အဘရာ။ ကျုပ်ဖြင့်လူဆိုးသူခိုးတွေကို လက်နက်တွေ လာရောက်အပ်နှံမယ်လို့  ပြောရင်လဲဘယ်လူဆိုးသူခိုးက လာပြီး အပ်နှံလာကြမှာလဲဗျာ။ အခုတောင် ကျုပ်တိုလူမျိုးတွေ တူမီးသေနတ်တွေနဲ့  ပစ်သတ်ခံရမှ အစိုးရက လက်နက်ပုန်းတွေရှိနေမှန်း သိရတာဗျ ။
သိတဲ့ အချိန်ကျတော့ ရခိုင်လူမျိုးတွေက သေနတ်နဲ့ ပစ်သတ်လို့  သေကြရတာ လူပေါင်း( ၈၀ ) ကျော်ပါသော်ကော အဘရေ ။

ခိုင်အောင်ကျော် ( နယူးယောက် )

ခွင့်ယူသည့်လွှတ်တော်ကိုယ်စားလှယ်၁၅၅ ဦးရှိ

7Day News Journal
ယနေ့(နိုဝင်ဘာ ၁ ) တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်ဒုတိယနေ့အစီအစဉ်တွင် ခွင့်ယူသည့်ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အရေအတွက်မှာ မကြုံဖူးလောက်အောင်များပြားနေကြောင်း 7Day News သတင်းထောက်က သတင်းပေးပို့သည်။ ခွင့်ယူသူအရေအတွက်မှာ ၁၅၅ ဦးရှိပြီး လွှတ်တော်ပထမနေ့အစီအစဉ်ကတည်းကခွင့်ယူသူမှာ ၉ ဦးရှိပြီး၊ ယနေ့ဒုတိယနေ့အစီအစဉ်တွင် ခွင့်ယူသည့်လွှတ်တော်ကိုယ်စားလှယ်မှာ ၁၄၆ ယောက်အထိပင်ရှိကြောင်း သတင်းရရှိသည်။

လုံခြုံရေးအလှမ်းဝေးသောနေရာများ၌ ဘင်္ဂလီများ၏တိုက်ခိုက်ခြင်းခံနေကြရ


Coral Arakan News Agency

၁၊နိုဝင်ဘာလ ၊၂၀၁၂၊ Coal Arakan News (သတင်း)

မင်းခရီရေးသည်။
...
လုံခြုံရေးအလှမ်းဝေးသောနေရာများ၌ဘင်္ဂလီများ၏တိုက်ခိုက်ခြင်းများကို ခံနေကြရသည်ဟုသိရသည်။ ကျောက်ဖြူမြို့နယ် မီးပြတောင်တွင် စီမံကိန်းများအတွက် ကျောက်ထုတ်လုပ်နေသော အလုပ်သမား အုပ်စုတစ်စုသို့ အောက်တိုဘာလ ၂၃ ရက် ညနေ၅နာရီခန့်တွင် ဒုတ်၊ ဒါးများကိုင်ဆောင်ထားသည့် ဘင်္ဂလီ စက်လှေတစ်စီး ရောက်ရှိ လာပြီး တိုက်ခိုက်ရာ ၄င်းတို့အထဲမှ အသက်အကြီးဆုံး လင်မယားနှစ်ယောက် ပွဲချင်းပြီး သေဆုံးသွားသည်ဟုကိုယ်တိုင်လည်းဓါးခုတ်ခံရ၍ ခြေထောက်တွင် ဒဏ်ရာရရှိသွားသူ မဖြူမသိန်း (အသက် ၃၃နှစ်) က Coral Arakan အားပြောကြားသည်။

ဘင်္ဂလီများက ဓါးများဖြင့်လိုက်ခုတ်နေစဉ် အကူအညီပေးရန်လှေ တစ်စီးလာသည်ကိုဘင်္ဂလီများက မြင်၍ထွက်ပြေးသွားပြီး ၄င်းလှေဖြင့်ကျောက်ဖြူဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟုသိရသည်။ မဖြူမသိန်းက “ ကျွန်မတို့ ကျောက်ဖြူမှာ ဘင်္ဂလီ-ရခိုင် ပဋိပက္ခ ဖြစ်နေတာကို မသိပါဘူး။ ရုတ်တရက် ခုလိုအတိုက်ခံရတာ မျက်စိထဲကမထွက်နိုင်သေးဘူး” ဟုပြောကြားသည်။

မဖြူမသိန်းတို့မိသားစုသည် စစ်တွေမြို့ ရွှေစေတီ ကျောင်းတိုက် ဒုက္ခသည်စခန်း သို့ မနေ့ကရောက်ရှိလာသည်။  class=

အယ်ဒီတာချုပ်ဦးမျိုးညွန့်မောင် နုတ်ထွက်ခဲ့ရသည့်အကြောင်း



နိုင်ငံတော်အလံကိုပြောင်းပြန်ဇောက်ထိုးပြုလုပ်ပြီးညီလာခံကျင်းပခဲ့သည့် ကြံ့ဖွံ့သတင်းဖော်ပြခဲ့သော TRUE NEWS ဂျာနယ်မှ အယ်ဒီတာချုပ်ဦးမျိုးညွန့်မောင် နုတ်ထွက်ခဲ့ရသည့်အကြောင်းများစွာတို့အနက်မှ တစ်ချက်ကို စုံစမ်းသိရှိရပါသည်။ ယခင်က ရဲရဲတောက်သတင်းများကို အဓိကဖော်ပြလျက်ရှိသော True News ဂျာနယ်ကို CB Bank မှ ကျောထောက်နောက်ခံပြုသော ငွေကြေးဖြင့်ရပ်တည်သည်။ လက်ရှိအစိုးရလက်ထက်တွင် CB ဘဏ်မှာ ကြံ့ဖွံ့၊ နိုင်ငံတော်သမ္မတတို့နှင့်ပတ်သက်သောသတင်းများကို ညိုငြင်မည်စိုး၍ သိပ်မထည့်သွင်းလိုတော့ ဟုသိရသည်။ အဆိုးရွားဆုံးကိစ္စမှာ အဆိုပါသတင်းပါဝင်သည့် True News ကိုအယ်ဒီတာချုပ်မှ မျက်နှာဖုံးအား အချောသတ်ဆောင်ရွက်ထားသည်ကို အယ်ဒီတာချုပ်အိမ်ပြန်ချိန်တွင် တစ်ပုဒ်လုံးမဖြုတ်ရဲသော်လည်း ခေါင်းစဉ်ကို အနည်းငယ် ပျော့သွားအောင်ပြင်ဆင်လိုက်သည်ဟု စုံစမ်းသိရှိရပါသည်။
အပေါ်ဆုံးရှိပုံမှာ အယ်ချုပ်၏ လက်ရာဖြစ်ပြီး အလယ်ပုံမှာ ခေါင်းစဉ်အနည်း ငယ်ပြောင်းပြီးထွက်ရှိလာသော True News ဖြစ်ပါသည်။ နောက်တစ်နေ့တွင် အယ်ဒီတာချုပ်ဦးမျိုးညွန့်မောင်မှာ လက်ရှိတာဝန်ထမ်းဆောင်နေသော ရာထူးမှ နုတ်ထွက်ခဲ့သည်ဟုကြားသိရပါသည်။(ယင်းမှာ နုတ်ထွက်ရသော အကြောင်းများစွာတို့အနက်မှ အချက်တစ်ချက်သာဖြစ်ပါသည်။) အယ်ဒီတာတစ်ဦး၏ လုပ်ပိုင်ခွင့်ကိုဝင်ရောက်စွက်ဖက်ပြီး အကြီးအကဲများအလိုကျဖြစ်စေရန် မီဒီယာကိုအသုံးချနေကြသော လုပ်ငန်းရှင်ကြီးများ၏ လုပ်ရပ်ကို ကျွန်ုပ်အနေဖြင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါသည်။ အယ်ဒီတာချုပ် ဦးမျိုးညွန်မောင် နုတ်ထွက်ရသော ကိစ္စ၊ True News ဂျာနယ်ကိစ္စနှင့် CB ဘဏ်၏အခန်းကဏ္ဍများကို ဆက်လက်စုံစမ်းနေပါသည်။ ဖေ့စ်ဘွတ် နှင့် သတင်းဂျာနယ် စာမျက်နှာတို့တွင် အဆိုပါအကြောင်းအရာအား ဆက်လက်ဖော်ပြပေးပါမည်။
လေးစားလျက်................

Than Htaik Thu