Saturday, November 3, 2012

ရခိုင်ပြည်နယ် အစိုးရအသစ် ဖွဲ့ ဖို့ လွယ်ပါ့မလား

ရခိုင်ပြည်နယ် အစိုးရအသစ် ဖွဲ့ ဖို့ လွယ်ပါ့မလား မောင်ရင်ရယ်

ရခိုင်ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့  မှာ ပါတဲ့  ဦးတင်မောင်သန်းက ရခိုင်ပြည်နယ်အစိုးရဟာ အကြမ်းဖက်သူများကို ထိမ်းမနိုင်သိမ်းမရဖြစ်နေတာကြောင့် ပြသနာတွေ ဆက်လက်ဖြစ်ပေါ်လာရတယ် ။ ဒါကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီး ရခိုင်ပြည်နယ် အစိုးရအသစ် ဖွဲ့ စည်းဖို့ လိုအပ်နေတယ်လို့  တင်ပြတယ်ဆိုတာ သိရတယ် ။  ဒီတော့ ကျွန်တော်တို့ မှာ ပြောစရာ ရှိလာပြန်ရောဘဲ ။     ပထမအချက်က ရခိုင်ပြည်နယ်အစိုးရဆိုတာ ဘယ်ကနေပြီး ပေါက်ဖွါးလာသလဲဆိုတာ ကြည့်ဖို့ လိုတယ် ။ ဒုတိယအချက်အနေနဲ့  ရခိုင်ပြည်နယ် အစိုးရကို ပြည်ထောင်စုအစိုးရက ချုပ်ကိုင်ထားတယ်ဆိုတာ သိဖို့ လိုတယ် ။ တတိယအချက်က ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့  ပြသနာတွေကို ထိမ်းချုပ်တဲ့  ဥပဒေတွေကို ပြည်သူတွေ ဘယ်လောက်များ နားလည်သလဲ ဆိုတာ လေ့လာဖို့ လိုတယ် ။       ဒီတော့ ပထမအချက်ကို ပြောပြပါ့မယ် ။ ရခိုင်ပြည်နယ်အစိုးရဟာ ရွေးကောက်ပွဲမှာ မဲအများဆုံး အနိုင်ရပါတီ ပြည်ခိုင်ဖြိုးက လွှတ်တော်ကိုယ်စားလှယ်အများစုနဲ့  ဖွဲ့ စည်းထားတာဖြစ်တယ် ။ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီက ၀န်ကြီးသုံးဦးသာပါတယ် ။ သူတို့ ဟာ ဒီမိုကရေစီစနစ်တခုကို ဖန်တီးပေးနေရတဲ့  ပြည်နယ်အစိုးရမျှသာဖြစ်တယ် ။     ဒုတိယအချက်က ပြည်ထောင်စုအစိုးရက ရခိုင်ပြည်နယ် အစိုးရကို ချုပ်ကိုင်လွှမ်းမိုးထားတာဖြစ်တယ် ။ ၀န်ကြီးချုပ်ကိုတောင်မှ နေပြည်တော်က ခန့် အပ်ထားတာဘဲဖြစ်တယ် ။ ချုပ်ကိုင်ထားတယ် ဆိုတော့မှဘဲ သူတို့ မှာ ဘာအာဏာမှ လက်ဆပ်လက်ကိုင် ပြစရာ မရှိဘူးဆိုတာ ထင်ရှားနေတယ် ။     တတိယအချက်က ပြည်သူတွေဟာ  ပဋိပက္ခတွေဖြစ်လာပြီဆိုရင် ပုဒ်မ္မ ( ၁၄၄ ) ကို ထုတ်ပြန်ပေမဲ့  အဲဒီဥပဒေဟာ ညမထွက်ရအမိန့် လို့  သိထားတာဘဲ ရှိတယ်။ တကယ့်အနှစ်သာရကို မသိကြဘူး ။ ဒီတော့ ဒီဥပဒေအမိန့် ကို ထုတ်ပြန်တော့လဲ အကြမ်းဖက်ခြင်း လုပ်ချင်ရာ လုပ်ဖြစ်ကြတယ် ။ ဥပဒေကို နားမလည်တော့ လုပ်ချင်ရာ လုပ်ကြတာ ဆိုသလိုဘဲဖြစ်သွားတယ် ။    ချုပ်ပြောရရင် ရခိုင်ပြည်နယ်အစိုးရဟာ ဒီဥပဒေကို ပြည်သူတွေကို တိတိကျကျ ချပြထားသော်ငြားလဲဘဲ သူ့ မှာ လုပ်ပိုင်ခွင့်အာဏာ မရှိဘူးဆိုတာ ပြသနာဖြစ်နေတယ် ။ -၂၀၀၈- ခုနှစ် ဖွဲ့ စည်းပုံအုပ်ချုပ်ပုံ ဥပဒေမှာ အရေးပေါ်ကြေညာချက်များနဲ့ ပါတ်သက်လို့  ပြဋ္ဌန်းထားရာမှာ တပ်မတော်ဟာ နိုင်ငံမတည်မငြိမ်သက်ဖြစ်နေရင် အရေးပေါ်အခြေအနေဖြစ်နေရင် တာဝန်ထမ်းဆောင်ခွင့် ရှိတယ်လို့  ပြဋ္ဌာန်းထားတယ် ။     ဒီတော့ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်လာချိန်မှာ အာဏာမရှိတဲ့  အရပ်သားအစိုးရဟာ ပဋိပက္ခကို ထိမ်းသိမ်းဖို့  ဘယ်ကလက်နက်နဲ့  ဘယ်က ဥပဒေနဲ့  ကိုင်တွယ်နိုင်မှာလဲ ။ သူ့ မှာက -၂၀၀၈- ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ တပ်မတော်က တာဝန်ရှိတယ်လို့  ဖေါ်ပြထားတယ် ဆိုတော့ တပ်မတော်ကိုဘဲ ကြည့်နေရမှာပေါ့ ။ ပုဒ်မ္မ ( ၁၄၄ ) ထုတ်ပြန်ရင်လဲ ပြည်သူတွေက သိသိ မသိသိ ဒီဥပဒေကို ကိုင်တွယ်မှာက တပ်မတော်အခဏ်းကဏ္ဍသာဖြစ်တယ် ။ ဘာကြောင့်လဲ ဆိုတော့ အရေးပေါ် အခြေအနေဖြစ်နေပြီကိုး ။      ပုဒ်မ္မ( ၁၄၄ ) ထုတ်ခြင်း ရှိရှိ မရှိရှိ ရုန်းရင်းဆန်ခတ်ဖြစ်လာပြီဆိုရင် လက်နက်ကိုင်အဖွဲ့ အစည်းများဖြစ်တဲ့  ပြည်သူ့ ရဲနဲ့  တပ်မတော်သာ ရှိတယ် ။ သူတို့ က တာဝန်ယူဖြေရှင်းကြတာဖြစ်တယ် ။ မိုးပေါ်ထောင်ပစ်တာဘဲဖြစ်ဖြစ် လူကိုတည့်တည့်ဘဲ ပစ်ပစ် ပြည်သူ့ ရဲနဲ့  တပ်မတော်ကဘဲ ပစ်မှာပါဘဲ ။  လူတွေထိခိုက် ဒဏ်ရာရလို့  သေဆုံးတာဘဲဖြစ်ဖြစ် ဒဏ်ရာရတာဘဲဖြစ်ဖြစ် လက်နက်ကိုင်အဖွဲ့ အစည်းရဲ့ တာဝန်ဘဲဖြစ်တယ် ။ ဒီလိုပစ်ခတ်ခြင်းကြောင့် ပဋိပက္ခတွေဟာ ရပ်တန့် သွားခြင်းမျိုးလည်း ရှိသလို အစိုးရပြုတ်ကျသွားခြင်းလည်း ဖြစ်သွားတတ်တယ် ။ မြန်မာနိုင်ငံမှာတော့ ဒီလို လက်နက်နဲ့  ထိမ်းသိမ်းရပြီဆိုရင် ပဋိပက္ခပြသနာတွေဟာ ချုပ်ငြိမ်းသွားတတ်ပါတယ် ။      ဒီနေရာမှာ ပုဒ်မ္မ ( ၁၄၄ ) ဥပဒေကို ပြည်သူတွေကို သိရှိနားလည်အောင် ပညာပေးသင်တန်းတွေ ဖွင့်ပေးဖို့ လိုတယ် ။ ဒါမှသာ ဒီဥပဒေရဲ့  အနှစ်သာရကို သိနားလည်ကြလိမ့်မမယ် ။ နားလည်လာတဲ့ အခါ လူတွေဟာ အကြိမ်းဖက်ခြင်းကို ရှောင်ရှားလာကြမှာဖြစ်တယ် ။ ဒီလိုဘဲ ဒီမိုကရေစီနိုင်ငံတွေမှာ ဥပဒေတွေကို သင်ကြားပေးနေကြပါတယ် ။       ကျွန်တော်ပြောချင်တာက ရခိုင်ပြည်နယ်အစိုးရဟာ လက်ထဲမှာ သေနတ်တလက်မျှမရှိဘဲနဲ့  အရုပ်ပမာလို အာဏာမရှိဘဲ အုပ်ချုပ်နေရတဲ့  အဖွဲ့ အစည်းသာဖြစ်တယ် ။ ဒီမိုကရေစီစနစ်ဆီသို့  တက်လှမ်းခါစ ပြုနေသေးတဲ့  အချိန်မှာ ပြည်နယ်အစိုးရဟာ ဒီလိုဘဲ ရှိနေအုံးမှာဖြစ်တယ် ။ ခုအချိန်ထိ တပ်မတော်က အုပ်ချုပ်ရေးအာဏာမှာ ယူထားသလို ကာကွယ်ရေးအာဏာကိုလဲ ယူထားနေတုံးဘဲ ရှိနေသေးတယ်ဆိုတာ သတိထားဖို့ လိုတယ် ။ ဒီတော့ ပြည်ထောင်စုအစိုးရကနေပြီး ၀န်ကြီးချုပ်ကအစ ရွေးချယ်ခန့် အပ်ထားတဲ့  ရခိုင်ပြည်နယ်အစိုးရကို ရခိုင်လူမျိုးတွေက လက်ခံထားတာဖြစ်တယ် ။     ဒေါ်အောင်ဆန်းစုကြည်နဲ့  တိုင်ပင်ပြီး ရခိုင်ပြည်နယ်အစိုးရသစ်ကို ဖွဲ့ စည်းဖို့ ဆိုတာဟာ -၂၀၀၈-ခုနှစ် နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို စောက်ထိုးမိုးမျှော်လုပ်သလိုဖြစ်သွားလိမ့်မယ် ။  ဒေါ်အောင်ဆန်းစုကြည်ဟာ သာမန် လွှတ်တော်ကိုယ်စားလှယ် တဦးဆိုတာကို လူတိုင်း နားလည်ထားကြပါတယ် ။ သူ့ မှာ ဘာအာဏာမှ မရှိပါဘဲနဲ့  ဘယ်လိုလုပ်ပြီး သူက ရွေးချယ်ခန့် အပ်နိုင်မှာပါလဲ ။ ဘာဖြစ်လို့ ဆိုတော့ ပြည်နယ်အစိုးရဖြစ်ဖြစ် ၀န်ကြီးဖြစ်ဖြစ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဖြစ် အယုံအကြည်မရှိဘူးဆိုရင် အယုံအကြည် မရှိကြောင်း လွှတ်တော်မှာ တင်ပြရတယ်လို့  ဖေါ်ပြထားပါလားဗျာ ။ ဒီတော့ ရခိုင်ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးကိုယ်စားလှယ်အဖွဲ့ ဝင်- ဦးတင်မောင်သန်းဟာ -၂၀၀၈- ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရှေးဦးစွာ လေ့လာဖို့ လိုသေးတယ်လို့  ပြောချင်ပါတယ် ။

  ခိုင်အောင်ကျော် ( နယူးယောက် )