Wednesday, November 7, 2012

"ဒီမိုကရေစီခေတ် ပေါ်လစီဇာတ်ကားနဲ့ ချစ်သုဝေ စကား"



ချစ်သုဝေက ဒါရိုက်တာကြည်ဖြူသျှင် ရိုက်ကူးတဲ့ NLD ပညာပေး ဇာတ်လမ်း “ညီကြ၊ လာကြ၊ ပါတီဘဝခံယူကြ” ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါ တယ်။ ဒီဇာတ် လမ်းကို ပြည်သူတွေနဲ့ ပါတီတွင်းမှာ ရှိတဲ့ ပါတီဝင်တွေပါ သိရှိစေဖို့အတွက် ရိုက်ကူးခြင်း ဖြစ်ကြောင်းကို ချစ်သုဝေက “ဒီဇာတ်လမ်းက ရှေ့လမှာ ကျင်းပမယ့် NLD ပါတီတွင်း ညီလာခံက အရေးကြီးကြောင်း ပြည်သူတွေရော၊ ပါတီတွင်းမှာရှိတဲ့ ပါတီဝင်တွေပါ သိရှိစေဖို့နဲ့ ဒါကို အရေးထားကြဖို့အဓိက ရည်ရွယ် ပြီးရိုက်တာပါ။

၂ဝ၁၅ ရွေးကောက် ပွဲမှာ ဒီလို ဦးဆောင်နိုင်မယ့်သူကို တကယ် ဦးဆောင်နိုင်မယ့်နေရာတွေမှာ ရွေးမိကြ ဖို့အရေးကြီးတယ်။ အရေးကြီးဆုံး အချိန် မှာ အရေးကြီးဆုံး လုပ် ဆောင်နိုင်ဖို့အတွက် အသိ ပညာရဖို့ ဒီဇာတ်လမ်းကိုရိုက်တယ်။ မကြည်ဖြူကလည်း ကမ်းလှမ်းတယ်။ ထရီဇာကလည်း စိတ်အားတက်ကြွစွာနဲ့ ရိုက်ချင်တဲ့အတွက် ရိုက်ကူးဖြစ်တာပါ” လို့ ရိုက်ကူးဖြစ်ရခြင်း အကြောင်းကို ပြောပါတယ်။
...
ဒီဇာတ်လမ်းထဲမှာ ချစ်သုဝေက ကျောင်းသားလှုပ်ရှားမှုကြောင့် ထောင် ၇နှစ်ကျခဲ့ဖူးတဲ့ နိုင်ငံရေး လှုပ်ရှားသူတစ် ယောက်အနေနဲ့ ထောင်က ထွက်လာတဲ့ အချိန်မှာလည်း နိုင်ငံရေးလှုပ်ရှားသူ၊ NLD ပါတီဝင်တစ်ဦး အနေနဲ့ သရုပ် ဆောင်ရသလို၊ ညီလာခံမှာလည်း အတွင်း ရေးမှူးနေရာမှာ ဝင်ရောက်ယှဉ် ပြိုင်သူအဖြစ် သရုပ်ဆောင်ရမှာဖြစ်ပါ တယ်။ချစ်သုဝေက ဒီတစ်ပတ်ထဲမှာ ဒါရိုက်တာဝိုင်းနဲ့ ဇာတ်ကားရိုက်ဖို့ လက်ခံ ထားပြီး အခု ဒါရိုက်တာ ဝိုင်းက နိုင်ငံခြား သွားနေတဲ့အတွက် ဇာတ်ကား ရိုက်နား လိုက်ရကြောင်း ပြောပါတယ်။ ဒါကြောင့် ဒီ တစ်ပတ်ထဲမှာတော့ လူမှုရေးလုပ်ငန်းတွေနဲ့ အခွေအ တွက် စတူဒီယိုဒိတ်တွေ ပေးဖြစ်နေ ကြောင်း ပြောပါတယ်။

သီတင်းကျွတ်မှာတော့ အိမ်မှာပဲရှိနေကာ မိဘနှစ်ပါးကို ကန်တော့ဖြစ်ပြီး မုန့်တွေလုပ် စားဖြစ်ကြောင်းနဲ့ မီးပန်း တွေဖောက်ကာ သီတင်းကျွတ်ကို ပျော်ရွှင်စွာ ဖြတ်သန်းဖြစ် ကြောင်း ပြောပါတယ်။ ငယ်စဉ်က သူမ ဖြတ်သန်း ခဲ့တဲ့ သီတင်းကျွတ်တွေနဲ့ပတ်သက်ပြီး ငယ်ငယ် တုန်းက သီတင်းကျွတ်ဆိုရင် မင်းကွန်းသွားကြတယ်။ ကထိန်ခင်းကြတယ်။ ဖေဖေက ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်တော့ ထရီဇာတို့က မေမေ့ဘက် ခရစ်ယာန်လိုက် ပေမယ့် ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအတိုင်း ဖေဖေကျေနပ်အောင်၊ မိဘကျေနပ်အောင် အကုန်လုပ်လိုက်တာ။ ဖေဖေဆောက်ထားတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းနဲ့ သီလရှင် ကျောင်းတစ်ကျောင်း ရှိတယ်။ ကုန်းမြင့်တွေ တောင်ကုန်း တွေပေါ် ကနေ မီးပန်းတွေ ဖောက်ကြတယ်။ ဒီနှစ် နားနေတုန်းအမျိုးတွေ စုပြီး မီးပန်းတွေ ဖောက် တယ်၊ မုန့်တွေလုပ်စား ဖြစ်တယ်” လို့ပြောပါတယ်။


ခိုင်ဝေလွင်
Popular Journal

ရောဂါနှင့်မဆိုင်သောဆေးများ၂၀၀ဖြင့်ရောင်း

ဇီဝိတ အခမဲ့ဆေးခန်း(တောင်တွင်းကြီး)

မမှားသောရှေ့နေ။ မသေသော ဆေးသမားဆိုတာ မရှိပေမယ့် တရားမဝင်သော ဆေးဆရာနှင့်ဆေးဝါးတွေရှိတယ် မကွေးမြို့သစ်မြို့နယ် ဒန်သလွန်ပင်ကျေးရွာတွင် တစ်ထုပ်ငွေ ၂၀၀ ကျပ်ဖြင့် ရောင်းသော အကိုက်အခဲပျောက်ဆေး

လွှတ်တော်သီးသန့် ကျူရှင်

ကမ္ဘာ့ဘဏ် (World Bank) မှမြန်မာနိုင်ငံအတွက် မဟာဗျူဟာအစီအစဉ်သစ် နှင့်ပတ်သက်သောသတင်းထုတ်ပြန်ချက်

(မြန်မာဘာသာပြန်)
by Naung Sett Paing on Tuesday, November 6, 2012 at 10:55am ·

ကမ္ဘာ့ဘဏ် (World Bank)
ဆင်းရဲနွမ်းပါးမှု
ကင်းစင်သည့်ကမ္ဘာသစ်ဆီသို့
သတင်းထုတ်ပြန်ချက်
ဝါရှင်တန်၊ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၂)ရက်

ကမ္ဘာ့ဘဏ်အုပ်စုက မြန်မာနိုင်ငံတော်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကိုအထောက်အကူဖြစ်စေရန်ရည်ရွယ်ပြီးနိုင်ငံသားများ၏ ဘ၀ကိုသာယာစေမည့် ကြားဖြတ်မဟာဗျူဟာအစီအစဉ်သစ် (Interim strategy)တစ်ရပ်ချမှတ်၍ကူညီမှုများထပ်ဆင့် ပြုလုပ်။


ကမ္ဘာ့ဘဏ်အုပ်ချုပ်ရေးအဖွဲ့က မြန်မာနိုင်ငံတော်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ထပ်မံထောက်ခံမှုကိုပြသသည့်အနေဖြင့် မြန်မာပြည်သူပြည်သားတို့၏ဘ၀ ကို သာယာစေမည့်ကြားဖြတ်မဟာဗျူဟာ အစီအစဉ် (New Interim Strategy – NIS)တစ်ရပ်ကို ယနေ့တွင် လက်ခံအတည်ပြုလိုက်ပါသည်။ ယင်းမဟာဗျူဟာအစီအစဉ်သည် လာမည့် ၁၈လ အတွင်း ကမ္ဘာ့ဘဏ်အုပ်စု၏ မြန်မာနိုင်ငံတွင်းဆောင်ရွက်ချက်များကိုလမ်းညွှန်မှုပြုသွား မည်ဖြစ်ပါသည်။ ဤအစီအစဉ်သည် အစိုးရယန္တရားကို ပြုပြင်ပြောင်းလဲမှုများပြု၍ ယခုကဲ့သို့အရေးကြီးသော အသွင်ကူးပြောင်းရေးကာလတွင်ဆင်းရဲနွမ်းပါးမှု ကို လျှော့ချရေးကိုဦးတည်လျက် ဌာနဆိုင်ရာများကလည်း ပိုမိုကောင်းမွန်သောစွမ်းဆောင်ချက်များ ပြုလုပ်လာနိုင်ရန် ရည်ရွယ်ပါသည်။

ကမ္ဘာ့ဘဏ်အုပ်စုဥက္ကဋ္ဌ မစ္စတာဂျင်ယုံကင်းကလည်း“ကျွန်တော်မြန်မာနိုင်ငံတွင်းဖြစ်ပေါ် နေသော ပြုပြင်ပြောင်း
လဲရေးများကြောင့် အထူးဝမ်းမြောက်မိပါသည်။ မြန်မာနိုင်ငံအစိုးရအားလည်း ဤသို့အားထုတ်မှုများကို ဆက်လက်ဆောင်ရွက်ဖို့ရန် အားပေးပါသည်။ ကျွန်တော်တို့အနေဖြင့်လည်း ကမ္ဘာ့မိသားစုအသိုင်းအ၀ိုင်း၏ တစ်စိတ်တစ်ဒေသအဖြစ်ဤလုပ်ငန်းစဉ်တွင်ပါဝင်ကာ ပြည်သူများအတွက် အရေးအကြီးဆုံးဖွံ့ဖြိုးရေး လိုအပ်ချက်များဖြစ်သော ကျန်းမာရေး၊ပညာရေးနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အကောင်းဆုံးရလဒ်များဖြစ်ပေါ်လာအောင်ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးပြီးအလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်ရေးကိုပါ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ ယခုအကောင်အထည်ဖေါ်မည့် ကြားဖြတ်မဟာဗျူဟာအစီအစဉ်တွင် ကမ္ဘာ့ဘဏ်သည် အစိုးရ၏စီးပွားရေးကဏ္ဍစီမံခန့်ခွဲမှုများ တိုးတက်ကောင်းမွန်လာရန်၊ စီးပွားရေးတိုးတက်ဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွက်လာရေးတို့ ကို ဆောင်ရွက်သွားပါမည်။ ယင်းသို့အခြေအနေများဖြစ်ပေါ်လာရေးအတွက်လည်း လိုအပ်သောမူဝါဒဆိုင်ရာအကြံဥာဏ်များ နည်းပညာပံ့ပိုးမှုများကို အောက်ဖေါ်ပြပါကဏ္ဍကြီး ၃ ခုတွင် အကူအညီပေးသွားပါမည်။

- ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုတွင်ဖွံ့ဖြိုးမှုဦးစားပေးအစီအစဉ်များနှင့် နိုင်ငံတော်ဘတ်ဂျက်ဆက်သွယ်မှု ကိုပွင့်လင်းမြင်သာမှုရှိစေရန်။

- အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများနှင့်အသေးစားချေးငွေရယူရဲသူများ အတွက် ချေးငွေများ။

အလွယ်တကူရရှိနိုင်ရန်အတွက် လိုအပ်သောစဉ်းမျဉ်းစည်းကမ်းများကိုပြုပြင်ရန်
- ပိုမိုကျယ်ပြန့်သောစီးပွားရေးဘ၀ ဖြစ်ထွန်းပေါ်ပေါက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်ရေးအတွက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိုအားပေးရန်။

ယခုအခါ ကမ္ဘာ့ဘဏ်သည် အထက်ဖေါ်ပြပါလုပ်ငန်းစဉ်များအောင်မြင်ရေးအတွက် လိုအပ်သောစိစစ်သုံးသပ်ချက်များ ဆောင်ရွက်လျှက်ရှိပါသည်။ ယင်းစိစစ်သုံးသပ်ချက်များတွင် ဘဏ္ဍာငွေကြေးဆိုင်ရာတာဝန်ရှိမှုကို စိစစ်သုံးသပ်ခြင်း၊ အများပြည်သူအသုံးစရိတ်ကို စိစစ်သုံးသပ်ခြင်းနှင့် ရင်းနှီးမြှုတ်နှံမှုဆိုင်ရာ အခြေအနေများကို စိစစ်သုံးသပ်ခြင်းများ ပါဝင်ပါသည်။ ဌာနဆိုင်ရာများအား ပြုပြင်ပြောင်းလဲရေးသည် ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်း
ဖြစ်သော်လည်းယခုကြားဖြတ်အစီအစဉ်အရ ဒေသခံပြည်သူအစုအဖွဲ့များအတွက် ကောင်းမွန်သောရလဒ်များကို ခံစားရရှိစေမည့်အပြင် လူထုအခြေပြအဖဲ့အွ စည်းများ ပိုမိုခိုင်မာလာစေကာ ဌာနဆိုင်ရာများနှင့် တွေ့ထိဆက်ဆံရေးကို အထောက်အကူဖြစ်စေပါမည်။

ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဒုတိယဥက္ကဋ္ဌပန်မာကော့ က “ကမ္ဘာ့ဘဏ်၏မဟာဗျူဟာအစီအစဉ်က အားလုံးပါဝင်နိုင်မယ့်ဘက်စုံဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်း လဲရေးအစီအစဉ်ပါ ဒီအစီအစဉ်အရ မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသူများအတွက် တကယ့်ကိုလက်တွေ့ကျကျ ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ရရှိခံစားကြရမှာ ဖြစ်ပါတယ်။ အသွင်ကူးပြောင်းရေးကာလဟာ အချိန်ယူရပါသည်။ ဒါပေမယ့်ကမ္ဘာ့ဘဏ်ဟာ အခြားဖွံ့ဖြိုးရေးကို အထောက်အပံ့ပေးနေသောညီနောင်အဖွဲ့အစည်းများနဲ့ အတူ ပြည်တွင်းရှိဆင်းရဲနွမ်းပါး တြဲ့ပည်သူများ ယခုပြုပြင်ပြောင်းလဲမှုရဲ့ ရလဒ်ကောင်းတွေကိုအမြန်ဆုံးခံစားကြရအောင် လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားကြပါတယ်။ အထူးသဖြင့် ဌာနဆိုင်ရာများရဲ့ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေရန်ဖြစ်ပါသည်။” ဟုပြောကြားခဲ့ပါသည်။

ယခုကြားဖြတ်မဟာဗျူဟာအစီအစဉ်ကို လူထုအခြေပြုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများဖံွ့ဖြိုးရေးထောက်ပံ့မှုညီနောင်အဖွဲ့အစည်းများ၊ ပညာရှင်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ စသည့်သက်ဆိုင်သူများအားလုံးနှင့်တွေ့ဆုံညှိနှိုင်း၊ ဆွေးနွေးပြီးမှရေးဆွဲခြဲ့ခင်း၊ ဖြစ်ပါသည်။ ဤအစီအစဉ်သည် ကမ္ဘာ့ဘဏ်အဖွဲ့အဖွဲ့ဝင်တစ်ခုဖြစ်သောအပြည်ပြည်ဆိုင် ရာ ငွေရေးကြေးရေးကော် ပိုရေးရှင်း (IFC) မှ ဖွံ့ ဖြိုးဆဲနိုင်ငံများ၏ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးမှုကို အာရုံစိုက်ဆောင်ရွက်သွားမည် ဖြစ်သည်။

အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ (IFC) ၏ ဒုတိယဥက္ကဌဖြစ်သောကာရင်ဖင်ကယ်စတန် မှပြောကြားသည်မှာ မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍကိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း သည် မြန်မာနိုင်ငံသားများအတွက်ထိရောက်သော အကျိုးဖြစ်ထွန်းမှုများ (ဥပမာ- အလုပ်အကိုင်နှင့်စီးပွားရေးအခွင့်အလမ်းများ ဖြစ်ပေါ်စေရန်လွန်စွာအရေးပါမည် ဖြစ်သည်။)
(IFC) မှ တိုင်းပြည်အတွက် လိုအပ်သော ဘဏ္ဍာရေး အထောက်အပံ့များပိုမိုရရှိအောင် ဆောင်ရွက်ခြင်းဖြင့် စီးပွားရေး အလုပ်အကိုင်များ ချဲ့ထွင်နိုင်မည် ဖြစ်ပြီး လုပ်သားများ ပိုမို ငှားရမ်းနိုင်မည် ဖြစ်သည်။ ထို့အပြင်ကမ္ဘာ့ဘဏ်နှင့်တွဲဖက်ပြီး မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများနှင့် အခြေခံအဆောက်အအုံများကို စမ်းစစ်လေ့လာပေးလျှက်ရှိသည်။ လူတစ်ဦးနှင့်တစ်ဦး စီးပွားရေးတစ်ခုနှင့်တစ်ခုအလွယ်တကူဆက်သွယ်နိုင်မည့် ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများနှင့် လုပ်ငန်းများလည်ပတ်နိုင်ရန် လိုအပ်လျှက်ရှိသော ယုံကြည်စိတ်ချရသော လျှပ်စစ်မီးရရှိရေးအတွက် ဦးစွာ အာရုံစိုက် ဆောင်ရွက်လျှက်ရှိသည်။

“ကြားဖြတ်မဟာဗျူဟာအစီအစဉ်သည် မြန်မာနိုင်ငံ၏ နောင်ရေးအတွက် အခြေခံများချပေးခြင်းပင်
ဖြစ်သည်။ နောင်လာမည့် ၁၈ လအတွင်း နိုင်ငံဖံွ့ ဖြိုးမှုအတွက် ရင်ဆိုင်နေရသော အခက်အခဲများကို ကျော်လွှားနိုင်ရန် လွန်စွာကောင်းမွန်သော အကြံဥာဏ်များချမှတ်နိုင်လိမ့်မည် ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် တည်ငြိမ်သော ဘဏ္ဍာရေးစနစ်ဖံွ့ ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်သကဲ့သို့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊အခြေခံအဆောက်အအုံများပံ့ပိုးပေးခြင်းကိုလည်း နိုင်ငံ၏အခြားဒေသများတွင် ဆောင်ရွက်သွားနိုင်ရန်စီစဉ်လျှက်ရှိခြင်းကြောင့် မြန်မာလူမျိုးတို့အနေဖြင့် သိသာထင်ရှားသော တိုးတက်မှုများကို တွေ့မြင့်လာနိုင်မည်ဖြစ်သည်။” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ်ဖြစ်သူ ကန်သန်ရှန်ကာက ပြောဆိုခ့သဲ ည်။
နိုင်ငံတော်အဆင့် အမျိုးသားပြည်သူလူထုအခြေပြု ဖံွ့ဖြိုးတိုးတက်ရေးပရိုဂျက်အတွက် လိုအပ်သောထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ သန်း ၈၀ ကိုလည်း ဘဏ်အုပ်ချုပ်မှုအဖွဲ့က ယနေ့ပင်အတည်ပြုချက်ပေးလိုက်ပြီဖြစ်ပါသည်။ ယင်းထောက်ပံ့ငွေသည် မြန်မာနိုင်ငံကပေးဆပ် ရန်ရှိသည့် ကြွေးမြီများမပြေလည်မီ ထုတ်ပေးသောအထောက်အပံ့ဖြစ်ပါသည်။ ဤပြည်သူအခြေပြုဖွံ့ဖြိုးတိုးတက်ရေး ပရိုဂျက်များသည် ဆင်းရဲနွမ်းပါးသော၊ ထိရှလွယ်သောပြည်သူအစုအဖွဲ့များအတွက် အမြန်ဆုံးကောင်းကျိုးရလဒ် များကိုခံစားရရှိနိုင်စေရန်ဖြစ်ပါသည်။ ယင်းပရိုဂျက်အရ ဒေသခံပြည်သူများသည် ယင်းတို့အတွက် အဓိကလိုအပ်ချက်များ ဥပမာ - လမ်းတံတားများ၊စိုက်ပျိုးရေ ရှိရေးလိုအပ်ချက်များ၊ ကျောင်းနှင့် ဆေးပေးခန်းများ ၊ ကျေးလက်ဒေသဈေးများ စသည်တို့ကိုမိမိတို့ကိုယ်တိုင် ရွေးချယ်ခွင့်ရှိလာပါမည်။

ဤပရိုဂျက်သည် ပြည်နယ်တိုင်းဒေသကြီး ၁၅ ခုတွင် မြို့နယ်တစ်ခုကိုရွေးချယ်ရန် စံပြလုပ်ကိုင်ရန်ဖြစ်ပါသည်။ ယင်းတို့ရွေးချယ်ရာတွင် သက်ဆိုင်ရာမြို့နယ်၏ ဆင်း၇ဲနွမ်းပါးမှုအနေအထားကို အဓိကစံအဖြစ်ထားကာ ရွေးချယ်သွားပါမည်။ ရွေးချယ်ခံရသောမြို့နယ်ကျေးရွာများရှိ ဒေသခံပြည်သူများက မိမိတို့ကိုယ်တိုင်နှစ်သက်သူများကို ကောင်စီတွင်ရွေးချယ်တင်မြှောက်ခွင့်ရပါမည်။ ယင်းတို့က မိမိဒေသအလိုက် လိုအပ်သောဖွံ့ဖြိုးရေးလုပ်ငန်းများကိုရွေးချယ်ခြင်း၊ ဖွံ့ဖြိုးရေးအစီအစဉ်များရေးဆွဲခြင်း၊ ယင်းအစီအစဉ်များကို အကောင်အထည်ဖေါ်ခြင်း၊ လုပ်သားအင်အားရယူခြင်း၊ ပစ္စည်းဝယ်ယူခြင်း စသည်ဖြင့်တာဝန်ယူကာ ပွင့်လင်းမြင်သာမှု
အပြည့်ဖြင့် တာဝန်ယူရပါမည်။ ပရိုဂျက်အတွက် ငွေရေးကြေးရေးသုံးစွဲမှုများကို တာဝန်ယူရပါမည်။
ကမ္ဘာ့ဘဏ်သည် ဂျပန်နိုင်ငံအစိုးရနှင့် အာရှဖံွ့ဖြိုးရေးဘဏ် (ADB)နှင့်လည်းအတူပူးပေါင်းပြီး၂၀၁၃ခုနှစ်ဦးပိုင်းတွင် မြန်မာ နိုင်ငံ၏ ကြွေးမြီများကိစ္စပြေ လည်အောင် ဆောင်ရွက်နေပါသည်။ သို့မှသာအပြည်ပြည်ဆုင်ရာဖွံ့ဖြိုးမှုအသင်း (IDA)မှ ရရှိနိုင်မည့်ငွေကြေးနှင့် အခြားအရင်းအမြစ်များကိုရရှိပြီးကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာအစီအစဉ်ကို ပြည့်ဝစွာထမ်းဆောင်နိုင်ပါမည်။

ဆက်သွယ်ရန်

ဝါရှင်တန် - ကားလ်ဟန်လွန် +၁(၂၀၂) ၄၆၀၈၅၂၆
Chalon@worldbank.org
ဘန်ကောက်/ရန်ကုန် အန်အီလီကန်နို aelicano@worldbank.org
Yangon: Camille Funnell, cfunnell@worldbank.org
Hong Kong: Hannfried von Hindenburg, +852 9101 7809, hvonhindenburg@ifc.org
အသေးစိတ်သိလိုလျှင် World Bank Myanmar ၏ မူလစာမျက်နှာသို့သွားပါ။
http://www.worldbank.org/en/country/Myanmar
ဖေ့ဘွတ်တွင် http://www.facebook.com/worldbank
တွစ်တာတွင် http://twitter.com/worldbank
You Tube တွင် http://youtube.com/worldbank
သတင်းထုတ်ပြန်ချက် ၂၀၁၂/
--

ကိုရီးယား(ရှင်း)ခေါက်ဆွဲကင်ဆာဖြစ်နိုင်

တရားစီရင်ရေး ဥပဒေကိုဦးသိန်းညွန့် မှပြန်လည်ပြင်ဆင်ရေးဆွဲရန်တာဝန်ပေး

ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးခေတ္တရပ်နားချိန် ၌လွှတ်တော်အစိုးရဟောင်း၏ တရားစီရင်ရေး ဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲရန်ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ၄င်း၏ရုံးခန်းတွင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် (တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အဖွဲ့ဝင်)အား ခေါ်ယူတွေ့ဆုံ တာဝန်ပေးလိုက် ကြောင်းသိရသည်။ဦးသိန်းညွန်မှလည်း လိုအပ်သည့် အတွက် ပြန်လည်ရေးဆွဲ ခိုင်းခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

AH
Popular Myanmar News Journal

မန္တလေးမူဆလင်နှင့် မန္တလေးရဲ



(ဖတ်ကြည့်ကြေကွဲဖို.အလွန်ကောင်းပါတယ်)
===================
မကွေးမြို့နယ်၊ ကန်ဖျားကျေးရွာမှ အသက်(၁၄)နှစ်အရွယ် နှင့် အသက်(၁၂)နှစ်အရွယ့်  ညီအစ်မ နှစ်ယောက်အား အလုပ်ရှင်ဖြစ်သော မန္တလေးမြို့၊ ၂၆-လမ်း၊ ၈၃×၈၄လမ်းကြား ညီနောင်စတီးဆိုင်ပိုင်ရှင် "မူဆလင်မိသားစု"များက ရိုက်နှက်နှိပ်စက် မဖွယ်မရာပြုမှုအား သွားရောက်စုံစမ်းသူများကို အမှတ်(၈)ရဲစခန်းက ဆူပူကြိမ်းမောင်းကာ ဖမ်းမယ်ဆီးမယ် ခြိမ်...
းခြောက်လွှတ်လိုက်ကြောင်း သိရ ။
============================================



မကွေးမြို့နယ်၊ ကန်ဖျားကျေးရွာမှ ဦးသန်းစိုး+ဒေါ်ခင်မာရီ မိသားစုတွင် အသက်(၁၄)နှစ်အရွယ် အမီးကြီး မတင်တင်ဌေးနှင့် အသက်(၁၂)နှစ်အရွယ် သမီးငယ် မနှင်းနှင်းလှိုင်တို့ ညီအစ်မ နှစ်ယောက်ရှိပါသည်။

စာရင်းငှားအလုပ်ဖြင့် ဝမ်းစာရှာရသဖြင့် အဆင်မပြေ ဖြစ်နေချိန်တွင် ပွဲစားတစ်ယောက်ရောက်လာပါသည်။ ညီအစ်မနှစ် ယောက်လုံးကို အိမ်ဖော်အလုပ်အပ်ပေးမည်။ တစ်လနှစ်သောင်းခွဲရမည်ပြော၍ သဘောတူလိုက်ကြပါသည်။

အငယ်မ မနှင်းနှင်းလှိုင်(၁၂)နှစ်
က မန္တလေးမြို့၊ ၂၆-လမ်း၊ ၈၃×၈၄လမ်းကြား ညီနောင်စတီးဆိုင်တွင် အလုပ်လုပ်ရပြီး အကြီးမ မတင်တင်ဌေး(၁၄)နှစ်က ၎င်းဆိုင်ပိုင်ရှင်အိမ်တွင် အိမ်ဖော်အလုပ်လုပ်ရပါသည်။

အလုပ်လုပ်၍ တစ်လပင်မပြည့်သေးခင်တွင် ညီအစ်မနှစ်ယောက်လုံး သုံးကြိမ်တိတိ ထွက်ပြေးခဲ့ကြပါသည်။ ပထမ နှစ်ကြိမ်တွင် ပြန်ဖမ်းမိသွားပြီး ရွာအထိမရောက်ခဲ့ကြပါ။ 5-11-2012-ရက်နေ့က တတိယအကြိမ်အဖြစ် ထပ်မံထွက်ပြေးကြပြန်ပါ သည်။ ထွက်ပြေးကြပုံမှာ နှစ်ထပ်တိုက်ပေါ်မှ ဓာတ်ကြိုးများကို တွဲလောင်းချခိုစီးပြီး မနက်ဝေလီဝေလင်းမှာ ထွက်ပြေးကြခြင်း ဖြစ်ပါသည်။

အငယ်မ မနှင်းနှင်းလှိုင်(၁၂)နှစ်မှာ ဓာတ်လိုက်ပြီး ပြုတ်ကျကာ သတိမေ့သွားခဲ့ပါသည်။ တစ်ကိုယ်လုံးတွင် ဓာတ်လိုက်ဒဏ်ရာများ ပြည့်နှက်နေပြီး အထူးသဖြင့် ဝမ်းဗိုက်နှင့် ဆီးစပ်တွင် ဒဏ်ရာပြင်းထန်ခဲ့ပါသည်။ ထိုတွင် ဝမ်းဗိုက် ဒဏ်ရာက အပြင်းထန်ဆုံးဖြစ်ပြီး လေးလက္မခန့် လောင်ကျွမ်းသွားပါသည်။

5-11-2012-ရက်နေ့ မနက်(၆)နာရီခန့်တွင် ဆေးရုံကြီး ခွဲစိတ်ဆောင်(၂) အရေးပေါ်ဌာနသို့ ရောက်ရှိလာချိန်တွင် အငယ်မ မနှင်းနှင်းလှိုင်(၁၂)နှစ် သတိမရသေးပါ။ အရပ်ရှည်ရှည်၊ အသားဖြူဖြူ၊ မုဆိတ်မပါသည့် မူဆလင်တစ်ယောက် (ရှည်ရှည်-ဟုခေါ်သည်) အသက်(၄၀)ခန့်နှင့် အသားမည်းမည်း၊ ဗလတောင့်တောင့် မုဆိတ်ပါသည့် မူဆလင်တစ်ယောက် ဖတ်တီး(ခေါ်)အစန်း(၃၀)နှစ်ခန့်တို့ လိုက်ပို့ပေးကြပါသည်။

(၂၄)နာရီလုံးလုံး ညီမနှစ်ယောက်နားမှ မခွါဘဲ စောင့်ကြည့်နေကြပြီး မိဘထံသို့ ဖုန်းဆက်အကြောင်းကြားခြင်းလည်း မရှိ၊ ညီအမနှစ်ယောက်ကို ဖုန်းဆက်ခွင့်လည်း မပေးခဲ့ကြပါ၊ ကလေးမလေးများကလည်း မူဆလင်များကို ကြောက်သောကြောင့် ဖုန်းမဆက်ရဲကြပါ။

မူဆလင်တစ်ယောက်က ဆေးသွားဝယ်နေပြီး ကျန်တစ်ယောက်က ဖုန်းလာ၍ အပြင်ဘက်ထွက်သွားပြီး ဖုန်းပြောနေချိန် တွင် ဆရာဝန်လေးတစ်ယောက်က အကြီးမကို မေးရာမှ အကြောင်းစုံသိခဲ့ရခြင်းဖြစ်ပါသည်။

ကလေးမလေးများက ပြောရာတွင် နေ့တိုင်းစော်ကားခံနေရလို့ ထွက်ပြေးလာခြင်းဖြစ်ကြောင်း၊ မူဆလင်အမျိုးသား များက လက်သီးနှင့်ထိုးပြီး မူဆလင်အမျိုးသမီး မစကီနာက တံမြတ်စည်းဖြင့် ရိုက်ကြောင်း၊ ဖတ်တီး(ခေါ်)အစန်းက အကြီးမ မတင်တင်ဌေး(၁၄)အား အဖွယ်မရာလုပ်ခိုင်းကြောင်း(လိင်ကို ကိုင်ခိုင်းကြောင်း) ထိုသို့ အဖွယ်မရာ လုပ်ခိုင်းသည်မှာ သီတင်းကျွတ်လဆန်း(၁ဝ)ရက် (25-10-2012)ရက်နေ့မှ နေ့စဉ်ရက်ဆက်ဖြစ်ကြောင်း၊ ဘယ်သူမျှ မပြောဖို့ ခြိမ်းခြောက် တားမြစ်ကြောင်း၊ တခြားအဓမ္မကျင့်မှုတော့ မရှိကြောင်း ပါဝင်ပါသည်။

ထိုသို့ ပြောပြရင်း “ကုလားတွေ မသိပါစေနှင့်”ဟုလည်း သတိပေးခဲ့ပါသည်။

ကုလားများအလစ်တွင် အကြီးမမှ ဖုန်းခိုးဆက်သောကြောင့် ယနေ့6-11-2012-ရက်နေ့တွင် မိခင်ဒေါ်ခင်မာရီ ရောက်လာပါသည်။

မနှင်းနှင်းလှိုင်(၁၂)နှစ်သည် ခွဲစိတ်ဆောင်(၂) ကုတင်နံပါတ်(၁၅)တွင် ဆေးကုသမှုခံယူနေပြီး သူ၏မိခင် ဒေါ်ခင်မာရီနှင့် သူ၏အမ မတင်တင်ဌေး(၁၄)နှစ်တို့လည်း သူနှင့်အတူ ဆေးရုံမှာ ရှိနေပါသည်။

ဆေးရုံရှိ မှုခင်းဌာနတာဝန်ကျ ရဲအရာရှိမှ ဓာတ်လိုက်သည့်ကိစ္စနှင့် ထွက်ပြေးရခြင်း အကြောင်းလောက်ကိုသာ ဝတ်ကြေတန်းကြေ မေးမြန်းစစ်ဆေးကြောင်း သိရပါတယ်။

ဆေးကုသစရိတ်ကို မူဆလင်များက ကုန်ကျခံမည်ဖြစ်ကြောင်း၊ နှစ်လစာလခ ငွေကျပ်တစ်သိန်း ကြိုယူထားရာ ယနေ့(6-11-2012)ရက်နေ့တွင် တစ်လပြည့်၍ ငွေကျပ်ငါးသောင်းသာ အကြွေးကျန်ကြောင်း သိရပါသည်။

အိမ်ဖော်ညီအစ်မ အညတရလေးများ၏ အနာဂတ်နှင့် မကြင်နာသူတို့၏ နေရပ်လိပ်စာ(အိပ်လိပ်စာ) စုံစမ်းသူများကို အမှတ်(၈)ရဲစခန်းက ဆူပူကြိမ်းမောင်းကာ ဖမ်းမယ်ဆီးမယ် ခြိမ်းခြောက်လွှတ်လိုက်ကြောင်း သိရပါသည်။

အညတရလေးများကို ကြင်နာကြပါဗျာ……။

ဦးပဉ္စင်း

ဝီရသူ(မစိုးရိမ်) 6-11-2012
ဆက်သွယ်ရန်= 09-444030770

ရခိုင့်အရေးကိုယ်စားလှယ်အချို့နှင့်ဒေါ်အောင်ဆန်းစုကြည်သဘောထားထုတ်ပြန်ချက်

by ...ခွန် ဒီးယမ်

ပြည်သူတို့ အားလုံးအတွက် အကောင်းဆုံးမဟာ အခွင့်ရေးကြီး ပေါ်လာပြီ

(၁)အမေရိကန်ပြည်ထောင်စု၏ သမ္မတကြီး အိုဘားမားသည် လာမည့် နိုဝင်ဘာ ၁၇ ရက်နေ့ နံနက် 11 တွင် နေပြည်တော်လေဆိပ်သို အမေရိကန် Air Force (1)လေယာဉ်ဖြင့် ရောက်ရှိလာမည်။
(၂) နေပြည်တော်တွင် နိုဝင်ဘာ ၁၇ ရက် ညနေ (၃)နာရီတွင် ယခု သမ္မတအဖြစ်တာဝန်ယူ လှည့်ဖျားလုပ်ဆောင်နေသော ဦးသိန်စိန် အစိုးရအဖွဲ့နှင့်တွေ့မည်
(၃) နိုဝင်ဘာလ (၁၈) နေ့ နံနက် 11 နာရီတွင် ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားကြီးသို့ သွားရောက်ဖူးမျှော်မည်
(၄) နေ့လည်ခင်း ၁၂ နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနှင့် အမေ၇ိကန် သံရုံးမိသားစုဝင်များနှင့်တွေ့ဆုံမည်
(၅) အမေရိကန် သံအမတ်ကြီးမှ မြန်မာနိုင်ငံတွင် လက်ရှိ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်အချို့နှင့် တွေ့ဆုံနိုင်ရန်စီစဉ်နေသည်
(၆) ညနေ ၄ နာရီ၃၀တွင် မြန်မာနိုင်ငံ မင်္ဂလာဒုံလေယာဉ်ဆိပ်မှာ ကမ်ဘေားဒီဒယားနိုင်ငံသို ထွက်ခွါမည်

အမေရိကန်ပြည်ထောင်စု၏ သမ္မတကြီးနှင့်အတူ CNN သတင်းဌာန နှင် AFP သတင်းဌာနတို့မှ တောက်လျောက်လိုက်ပါ သတင်းယူကြမည်ဟု စီစဉ်ထားသည်။
အထက်ဖေါ်ပြပါ အစီစဉ်များနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသားတို့ ၏ ကြီးမားသော အခွင့်ရေးမည်သို့ ရှိသည်ကို ဆက်လက်တင်ပြလိုသည်။
( ၁) မြန်မာနိုင်ငံအတွင်း ၁၉၈၈ ခုနှစ် မှ ကျောင်းသားပြည်သူများကို အကြမ်းဖက် နှိမ်နှင်းသတ်ဖြတ်ပြီး အားဏာသိမ်းခဲ့သော စစ်အာဏာရှင်၊ ၁၉၉၆ ခုနှစ်တွငကျောင်းသားလှုပ်ရှားမှုအား ထပ်မံ အကြမ်းဖက် နှိမ်နှင်းခဲ့သော စစ်အာဏာရှင်၊ ၂၀၀၃ ခုနှစ်တွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် သူမအားထောက်ခံ ၀ိုင်ရန်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲပသောစစ်အာဏာရှင်၊ ၂၀၀၇ ခုနှစ်တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခဲ့သော ဘာသာရေးခေါင်းဆောင်များနှင့် သံယာတော်များအား အကြမ်းဖက်သတ်ဖြတ် ဖမ်းဆီး အကျဉ်းရုံး အကြမ်းစစ် အကျဉ်းထောင်သို့ နှစ်ရှည်ထောင်ဒဏ်များချမှတ် ဖိနှိပ်ခဲ့သော စစ်အာဏာရှင်၊ ၂၀၀၈ ခုနှစ် မေလတွင် နာဂစ်မုန်တိုင်းတိုက်ခတ်ခြင်းကို ခံခဲ့ရသောကာလ၀ယ် အမေရိကန်နိုင်ငံအပါဝင်၊ နိုင်ငံတကာ မှ ဒုက္ခရောက်ကြရသော သူများအား အချိန်မှီ အရေးပေါ်ကူညီထောက်ပံပေးနိုင်ကြရန် ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်သောါုငားလည်း မြန်မာစစ်ဗိုလ်ချုပ်များမှ နိုင်ငံတကာအကူညီကို ပိတ်ပင်ပင် တားဆီးပြီး ဒုက္ခရောက်နေသူထောင်ပေါင်းများစွာ သေဆုံးပြီးမှ အကန့်သတ်များဖြင့် ၀င်ရောက်ခွင့် ပြုစေသောစစ်အာဏာရှင်၊ ထိုကဲ့သို မြန်မာပြည် တ၀ှမ်းလုံးမျက်ရည်ဖြင့် စိုရွဲနစ်မွန်းယူကျုံးမရဖြစ်နေသော အချိန်ဝယ် ယခု လွတ်တော်ထဲတွင် ကျင့်သုံးနေသော ၂၀၀၈ အခြေခံဥပဒေအား ခြိမ်းချောက် အကြပ်ကိုင် မဲခွဲပြီး အတည်ပြုပြဌာန်းခဲ့သော စစ်အာဏာရှင်၊ ထိုနောက် ၂၀၁၀ ခုနှစ်နိုင်ဝင်ဘာ ၁၀ တွင် အများပြည်သူတို့၏ ဆန္ဒသဘောထားကို လှည့်ဖြားလိမ်လည်ပြီး စစ်ဝတ်စုံများကို ရုတ်ခြင်း ချွတ်ချကာ အ၇ပ်ဝတ်ဖြင့် ရွေးကောင်ပွဲကို ဘန်းပြကာ ဆက်လက်အာက်ချုပ်လျက်ရှိသောစစ်အာရှင်၊ ဆိုသောဆိုသော ကောက်ကျစ် ယုတ်မာ ရိုင်းစိုင်းအကြမ်းဖက် နှိပ်စက်စတ်ဖြတ် အုပ်ချုပ်နေခဲ့သော ယခု ဆက်လက်အုပ်ချုပ်လျှက်ရှိသော နေပြည်တော် စစ်တက္ကသိုလ်ဆင်း ဗိုလ်ချုပ်လူလဲများ နှင့် လွှတ်တော်အတွင်းတွင် အခန့်သင့်ရောက်ရှိနေသော စစ်ဗိုလ် ၂၅ ပြားတို့၏ ဆက်လက်မှားယွင်းစွာ အုပ်ချုပ်နေလျှက်ရှိကြောင်းကို အမေရိကန်ပြည်ထောင်စု သမတ္တကြီး အနေဖြင့် သိသာထင်း၇ှားမြင်သာစေရန်အတွက် တိုင်းပြည်တ၀ှမ်းလုံ်း ဆန္ဒထုတ်ဖေါ်ပြသနိုင်ကြရန် နိုဝင်ဘာ လ ၁၇ ရင် နှင့် ၁၈ ရက်နေ့အား ပြည်သူ့ တောင်းတ ဒီမိုအပြည့်ဝ အုံကြမှုကို စတင် လှုပ်ရှားဆောင်ရွက်နေပြီဖြစ်ကြာင်းသတင်းကောင်းပါးအပ်ပါသည်။
နောက်ဆက်တွဲ ဖြစ်ပေါ်တိုးတက်မှုနှင့် ပတ်သက်သော အလုပ်မား လယ်သမား လယ်ယာမြေ ဆုံးရှုံးမှုခံနေရသော ဒေသများမှ ကိုယ်စားလှယ်များ၊ လက်ပန်းတောင်းတောင် ၀န်းကျင်မှ ကျေးရွာသူရွာသားများ နှင့် တိုင်ပင်ပြီး ဆက်တိုက် တင်ပြသွားပေးမည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

လေးစားစွာဖြင့်
Khin Mg Oo



Ye Min Tun
ချစ်ခင်ရပါသော မိတ်ဆွေတို့ရေ

သမ္မတအိုဘားမား နောက်ထပ်လေးနှစ် သက်တမ်းတိုးပြီးတဲ့ မနက်မှာပဲ စတော့ရှယ်များ ထိုးကျသွားခဲ့ပါတယ်။ သမ္မတအနေနဲ့ စီးပွားရေးကို ပြန်လည် ဦးမော့လာအောင် ကြိုးပမ်းမှုများ လုပ်ရအုန်းမှာ ဖြစ်ပြီး။ အကယ်၍ အခုအတိုင်း ဆက်လက် ကျဆင်းပါက နောက်ထပ် အလုပ်လက်မဲ့များစွာ တိုးပွားလာမှာဖြစ်သည်လို့ စီးပွားရေး သတင်းများတွင် ဖေါ်ပြကြသည်။

ရွေးကောက်ပွဲတိုင်းမှာ နောက်ဆုံးအဖြစ် ပြဿနာဖြစ်လေ့ရှိတဲ့ ဖလော်ရီဒါ ပြည်နယ်မှာတော့ မနေ့ညက နည်းပညာ အခက်ခဲကြောင့် မဲများကို လူအားဖြင့်ရေတွက် ခဲ့ရသည်လို့ သိရသည်။ ဒါကြောင့် ဖလော်ရီဒါ ပြည်နယ်ကို ဝေဖန်သံများလည်း ဆူညံလျှက်ရှိသည်။

Democrat ပါတီအနေဖြင့် Senate (အထက်လွှတ်တော်) နေရာ (၁၀၀)မှာတော့ ၅၁ နေရာဖြင့် Majority အနေနှင့် Senate ကိုဦးဆောင်မှာဖြစ်ပြီး၊ Republican ပါတီမှ ၄၄ နေရာ ဖြစ်သည်။ (အပြောင်းလဲ ရှိနိုင်သေးသည်)

House (အောက်လွှတ်တော်) နေရာ (၄၃၅)မှာတော့ Republican ပါတီမှ ၂၃၄ နေရာ ဖြင့် Majority အနေနှင့် House ကိုဦးဆောင်မှာဖြစ်ပြီး။ Democrat ပါတီမှ ၁၈၉ နေရာဖြစ်သည်။ (အပြောင်းလဲ ရှိနိုင်သေးသည်)

အထက်လွှတ်တော် အောက်လွှတ်တော် ဆုံးဖြတ်ချက်များမှာ သုံးပုံနှစ်ပုံ ထောက်ခံမှု လိုအပ်သဖြင့် နိုင်ငံရေးစိန်ခေါ်မှုများကို အထက်လွှတ်တော်ရော အောက်လွှတ်တော်မှာ ပါတီကြီးနှစ်ရပ်လုံး ရင်ဆိုင်ရမှာဖြစ်သည်။ ကျနော် အရင်ကတွေးသလို ပါတီနှစ်ရပ် လွှတ်တော် နှစ်ရပ်မှာ ကြီးစိုးနေတာ ခက်ခဲတယ်လို့ မတွေးကြနှင့်အုန်း အဲဒါ ဒီမိုကရေစီ၏ အနှစ်သာရ ထူးခြားချက်ပါ။ ဒီတော့မှ နိုင်ငံအရေးကိစ္စတွေမှာ မည်သည့်ပါတီ၏ တဖက်သက် သဘောထားဖြင့် ဆုံးဖြတ်ခွင့် မရနိုင်သော အားပြိုင်မှုပါ။

၂၀၁၂ ရွေးကောက်ပွဲ၏ ထူးခြားချက်မှာTammy Baldwin အောက်လွှတ်တော် အမတ်အဖြစ် Democrat ပါတီမှ ရွေးချယ် ခံရပြီး။ သူမသည် အမေရိကန်ပြည်ထောင်စု သမိုင်း၏ ပထမဆုံးသော Gay အမတ်အဖြစ် မှတ်တမ်းတင် လိုက်ပါသည်။ သူမ၏ နိုင်ငံရေးသက်တမ်း ၁၄ နှစ်ကြာ အတွင်းမှာ သမ္မတ George W. Bush ၏ လက်အောက်တွင် secretary of Health and Human Services အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး။ ပြည်နယ် အစိုးရအဖြစ်လဲ တာဝန် ထမ်းဆောင်ခဲ့သည့် လုပ်ငန်း အတွေ့ကြုံရှိခဲ့သည်။

ချစ်ခင်စွာဖြင့်
ရဲမင်းထွန်း



Zaw Win
“အလုပ်လုပ်ဖို့အတွက် ခင်ဗျားတို့ မဲပေးခဲ့ကြတာပါ၊ ပုံမှန်လုပ်နေကျ နိုင်ငံရေးကိစ္စအတွက် မဲပေးခဲ့တာ မဟုတ် ပါဘူး။
ကျနော်တို့ရဲ့ အလုပ်အကိုင်ပေါ် အာရုံစိုက်ဖို့မဟုတ်ဘဲ ခင်ဗျားတို့ရဲ့ အလုပ်အကိုင်ကိစ္စအပေါ်ကို အာရုံစိုက်ဖို့ ကျနော်
တို့ကို ခင်ဗျားတို့ ရွေးကောက်တင်မြှောက်ခဲ့တာပါ၊ လာမယ့်သီတင်းပတ်တွေ၊ လတွေအတွင်း ကျနော်တို့အားလုံး အတူတကွ
လက်တွဲဖြေရှင်းမှသာရနိုင်မယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက် ပါတီနှစ်ရပ်စလုံးက ခေါင်းဆောင်တွေကို ထိစပ်ပြီး
လက်တွဲ လုပ်ဆောင်သွားဖို့ ကျနော် ရည်ရွယ်ထားပါတယ်။”
(ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ဘရာ့ခ် အိုဘားမား)

CFOB ကိုရိုဟင်ဂျာများဘက်လိုက်ဖို့ဖိအားပေးခံနေရခြင်း


Ohn Mar Oo

လပေါင်းများစွာစဉ်းစားပြီး နောက်ကျွန်တော်ဟာ CFOB (Canadian Freinds of Burma) အဖွဲ့ရဲ့ကွန်ယက်ထဲမှာဖြစ်နေတဲ့ပြသနာကိုဖွင့်ဟဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ CFOB အဖွဲ့ဟာ၁၉၉၀ခုနှစ်ထဲကမြန်မာပြည်လူ့အခွင့်အရေးရရှိရေးအတွက်လှုပ်ရှားဆောင်ရွက်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ယခုအခါမှာကျွန်တော်တို့အဖွဲ့ဟာအထူးသဖြင့်လက်ရှိရခိုင်ပြည်မှာဖြစ်နေတဲ့ပြည်တွင်းနေရခိုင်ဗုဒ္ဓဘာသာများနဲ...့ ရိုဟင်ဂျာလို့ခေါ်တွင်ထားတဲ့ရိုဟင်ဂျာမူစလင်များအကြားပဋိပက္ခတွေမှာရိုဟင်ဂျာမူစလင် များဖက်ကနေလိုက်ဖို့အပြင်းအထန်ဖိအားပေးခံရပါတယ်၊ ဘယ်လောက်ထိဖိအားပေးခံရသလဲဆိုရင်ဖြင့် CFOB ဟာ ကနေဒါ အဖွဲ့အစည်းများစုပေါင်းထားတဲ့ကော်မတီဖြစ်တဲ့ Canadain NGOs Committee on Burma (CNC) ကနေဖိအားပေးထုတ်ပယ်ခံ ခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။

အထူးသဖြင့် CNC ရဲ့အဓိကအသင်းဝင်အဖွဲ့ဖြစ်တဲ့ အိုတဝါမှာအခြေစိုက်တဲ့ Inter Pares လို့ခေါ်တဲ့အဖွဲ့ဟာအမြဲတမ်းဆိုသလို CFOB ကိုရိုဟင်ဂျာမွတ်စလင်အဖွဲ့တွေကိုထောက်ခံခိုင်းပါတယ်။မထောက်ခံလို့ဘက်မလိုက်လို့ငွေကြေးထောက်ပံ့မှူတွေကိုရပ်တန့်ပြီးတခြားအဖွဲ့အစည်းတွေဆီကထောက်ပံ့ကြေးတွေပါမရအောင်၊ရပ်တန့်အောင်ပါလိုက်လံပိတ်ပင်ခဲ့ပါတယ်။

သိသာထင်ရှားစေတာကတော့ကျွန်တော်တို့ရဲ့မြန်မာပြည်အရေးလုပ်ဆောင်ပေးနေတာကိုပါရပ်ဆိုင်းသွားစေချင်တဲ့ရည်ရွယ်ချက်ပါရှိတယ်။
တကယ်တော့ CFOBဟာလွပ်လပ်သောအဖွဲ့အစည်းအဖြစ်ရပ်တည်နေတာဖြစ်ပြီးမည်သည့်လက်အောက်ခံမှမဟုတ်ပါ၊ CFOBဟာလူတိုင်းအတွက်အခြေခံလူ့အခွင့်အရေးရရှိအောင်လုပ်ကိုင်ပေးနေပြီးယခုဖြစ်ပွါးခဲ့သောရခိုင်ပြည်အရေးတွင်လည်းတဘက်ဖက်တွင်ရပ်တည်နေသည်ဟုမမြင်စေလိုပါ။
ဤသည်ကို Inter pares မှနားမလည်ပဲအတင်းပင်ဘက်လိုက်ခိုင်းခြင်းဖြစ်ပါတယ်။ကျွန်တော်တို့အနေဖြင့်လွပ်လပ်သောအဖွဲ့အစည်းရဲ့ရုံးတွင်းဆိုင်ရာပေါ်လဆီအပေါ်ဝင်ရောက်စွက်ဖက်နေသည်ဟုခံစားနားလည်မိပါသည်။

တဖက်မှာလည်းကျွန်တော်တို့သိထားသော Inter Paresအဖွဲ့ဟာCIDAလို့ခေါ်တဲ့အဖွဲ့အစည်းကနေတဆင့်ရရှိထားတဲ့ကနေဒီယန်းများရဲ့အခွန်ဆောင်ထားတဲ့ငွေကြေးတွေကိုရိုဟင်ဂျာအဖွဲ့အစည်းတွေရဲ့မီဒီယာတွေနှင့်
သူတို့၏အကျိုးဆောင်နေသောအဖွဲ့အစည်းများဖြစ်တဲ့ Kaladen Press နဲ့ Arakan Projects တို့ကို CIDA ကနေတဆင့်ရတဲ့ထောက်ပံ့ငွေကြေးတွေရဲ့ ငါးရာခိုင်နှုန်း ကိုနှစ်စဉ် ထောက်ပံ့နေတာကိုနေတာတွေ့ရပါတယ်။
ဒီKaladen Press နဲ့ Arakan Projects အဖွဲ့အစည်းတွေဟာတကယ်တော့မှားယွင်းနေတဲ့သတင်းတွေ၊အပိုချဲ့ကားထားတဲ့သတင်းတွေကိုနိုင်ငံတကာစာမျက်နာတွေကိုဖြန့်ဖြူးပေးနေတာဖြစ်ပါတယ်။
ဒီလိုမမှန်မကန်လုပ်ဆောင်နေတဲ့ကမ်ပိန်းမျိုး (Campaigns) ကို CFOB ကိုလဲပူးပေါင်းလုပ်ဆောင်အောင်သိမ်းသွင်းနေတာဖြစ်ပါတယ်။ဒီလိုမျိုးကိုကျွန်တော်တို့ဘယ်လိုနည်းနဲ့မှလက်မခံနိုင်ပါဘူး။

ဒီလိုမျိုးဖိအားပေးနေတဲ့အကြောင်းရင်းနောက်တခုကယူကေ (UK) နှင့် အာရပ်ကမ္ဘာမှာပူးပေါင်းကြံစည်လုပ်ဆောင်နေကြောင်းထင်ရှားတဲ့ Burma Campaign UK (BCUK) လို့ခေါ်တဲ့အဖွဲ့အစည်းနဲ လဲလက်တွဲလုပ်ဆောင်နေတာကြောင့်လဲဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်။ Inter Pares ဟာ CFOB ကိုဒီလိုမျိုးသူတို့နှင့်အတူမပူးပေါင်းတဲ့အတွက်ပြစ်တင်ဝေဖန်ပါတယ်။ မှန်ပါတယ်၊ကျွန်တော်တို့ဟာလက်တွေ့ကျတဲ့အဖွဲ့အစည်းတွေနဲ့လက်တွဲလုပ်ပါတယ်၊လူ့အခွင့်အရေးအရေခြုံအစွန်းရောက်တွေနဲ့တော့အတူအလုပ်မလုပ်နိုင်ပါ

တကယ်က CFOB ဟာ Inter Pares အဖွဲ့ကိုအမေရိကန်ဒေါ်လာမီလီယံသုံးဆယ်နီးပါးမြန်မာပြည်နယ်စပ်နဲ့သက်ဆိုင်တဲ့လုပ်ငန်းဆောင်တာတွေအတွက်စစဉ်ကထဲကအစိုးရထောက်ပံ့ကြေးပေးတဲ့အေဂျင်စီဖြစ်တဲ CIDA ကနေရအောင်ကူညီပေးခဲ့တာဖြစ်ပါတယ်။ တကယ်တော့ CFOB ဟာ CIDA ကနေတဆင့်မြန်မာပြည်အရေးအတွက်ငွေကြေးအကူအညီတွေရအောင်ကူညီလုပ်ဆောင်ပေးနေတာဖြစ်ပါတယ်

ယခုအချိန်မှာအောင်မြင်အောင်လုပ်ဆောင်ပေးတာကတော့၂၀၁၀ကနေ၂၀၁၅အထိအမေရိကန်ဒေါ်လာ သုံးမီလီယံ နှစ်စဉ်ပံ့ပိုးကူညီသွားအောင်လုပ်ဆောင်ခဲ့ပါတယ်။ CFOB ကတနိုင်ငံလုံးအတိုင်းအတာနဲ့ကနေဒါမှာရှိတဲ့မြန်မာအဖွဲ့အစည်းတွေရဲ့ကူညီပါဝင်မှူနဲ့ဝန်ကြီး ချုပ် Stephen Harper ကိုမြန်မာပြည်ထောက်ပံ့ကြေးရအောင်လုပ်ဆောင်ခဲ့ပါတယ်။ သို့သော်၊ Inter Pares သည်ကျွန်တော်တို့အဖွဲ့လုပ်ဆောင်နေသည်ကိုကျေနပ်မှူမရှိပဲမသင့်တော်တဲ့အပြုအမူတွေနဲ့အနှောင့်အယှက်များပေးနေခဲ့ပါတယ်။

သူတို့အဖွဲ့ရဲ့လုပ်ဆောင်မှူတွေဟာတကယ်တော့လူ့အခွင့်အရေးအတွက်ရရှိအောင်လုပ်ဆောင်ပေးနေပါတယ်ဆိုတဲ့ခေါင်းစဉ်နဲ့မလိုက်ဖက်ပဲသွေဖီနေတာကိုတွေ့ရပါတယ်။ရည်ရွယ်ချက်၊လုပ်ဆောင်ချက်တွေဟာဘာအတွက်လဲဆိုတာမေးခွန်းထုတ်စရာဖြစ်နေပါတယ်။ဒီအတိုင်းဆက်လက်လုပ်ဆောင်နေအုန်းမယ်ဆိုရင်ကနေဒါမှာရောက်ရှိနေတဲ့မြန်မာပြည်သူတွေအပြင်သန်းခြောက်ဆယ်သောမြန်မာပြည်သူတွေအတွက်မျက်နှာပျက်စရာဖြစ်နေပါတယ်။

သို့ဖြစ်ပါ၍ကျွန်တော့်အနေနဲ့ Inter Pares ဘုတ်အဖွဲ့ဝင်များကိုတိုက်ရိုက်မေးခွန်းထုတ်လိုတာကမိမိတို့အဖွဲ့အစည်းရဲ့လုပ်ကိုင်ဆောင်ရွက်ပုံတွေကိုပြန်လည်ဆန်းစစ်ဖို့လိုနေပြီးမတူညီတဲ့သဘောထားနဲ့ရပ်တည်နေတဲ့ CFOB အဖွဲ့နဲ့ညိနှိုင်းအဖြေရှာဖို့တိုက်တွန်းလိုက်ပါတယ်။ Inter Pares ရဲ့ဘုတ်အဖွဲ့ဝင်တွေနဲ့စီမံခန့်ခွဲမှူအသင်းကိုဒီလင့်မှာကြည့်နိုင်ပါတယ်။
http://www.interpares.ca/en/who/staff.php

ကျွန်ုပ်အနေဖြင့်လဲ CFOB အဖွဲ့အစည်းကိုတတ်နိုင်တဲ့ဖက်ကနေရပ်တည်ရှိနေဖို့အတွက်နဲ့အတိုက်အခိုက်အသွင်ဆောင်တဲ့အပြုအမူတွေကိုကာကွယ်ဖို့အတွက်လုပ်ဆောင်သင့်တာကိုဆက်လက်လုပ်ကိုင်သွားမှာဖြစ်ပါတယ်၊ကျွန်တော်ရဲ့ရခိုင်ပဋိပကအရေးနဲ့ပတ်သက်လို့သဘောထားကိုဒီနေရာမှာသိရှိနိုင်ပါတယ်။
http://www.mizzima.com/edop/commentary/7549-communal-conflicts-in-rakhine-state.html

မှတ်ချက်။။ မူရင်းစာကိုမိမိဖာသာဘာသာပြန်ထားခြင်းဖြစ်ပါတယ်။ မူရင်းလင့်မှာ http://cfob.org/news/CFOBinCrisisWithRohingya.html

ဥမ္မာဦး