Thursday, November 8, 2012

ရခိုင်ပဋိပက္ခက (လ . ဝ . က) နဲ့ မဆိုင်ဘူးထင်ပါရဲ့ 


ညကလမ်းထိပ်ကိုဘောလုံးပွဲထွက်ကြည့်ရင်း ...
ဆိုင်ရှေ့လာရပ်ထားတာတွေ့ တာနဲ့ ရိုက်လာတာ ......
အဲဒါဘာကားလဲလို့ မေးကြည့်တော့ ..
နေပြည်တော်ဖက်ကလာတဲ့ (လ.ဝ.က )ကကားတဲ့ ...
အဲဒီစာကရောဘာလို့ ရေးထားတာလဲလို့ ထပ်မေးတော့ ..
...(လ .ဝ . က ) ဆောင်ပုဒ်တဲ့ ...
ဟုတ်လို့ လား ....
ခုမှအသစ်ထွင်ထားတာလားဆိုတော့ ..
မဟုတ်ဘူး .. မင်းတို့ မမွေးခင်ကတည်းကရှိတဲ့ဆောင်ပုဒ်တဲ့..
မြင်ဖူးပါဘူး .........
ကျနော်မှတ်ပုံတင်ရုံးခဏခဏရောက်ဖြစ်ပါတယ်... ရှိပါဘူးဗျာ လို့ ပြောတော့
မင်းမမြင်လို့ ပါ .. ရှိပါတယ်တဲ့ .... ။
အော်...........အော်...........
ဆောင်ပုဒ်ကြီးမှအားမနာ .........
ရခိုင်ပဋိပက္ခက (လ . ဝ . က) နဲ့ မဆိုင်ဘူးထင်ပါရဲ့ ....
ဦးခင်ရီကလည်းဗြောင်ငြင်း ............
ဒီလိုတွေရှိတာ အဆန်းတော့မဟုတ်ဘူးထင်ပါတယ်လို့ ပဲ
ဖြည့်တွေးပေးလိုက်တယ် .

Lwan Wai

အိုဘားမား မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည်

(7 November 2012 ရက်စွဲပါ Bangkok Post မှ Obama to visit Myanmar ကိုဘာသာပြန်သည်)

အသစ်ပြန်လည်ရွေးကောက်တင်မြှေုာက်ခံရသော အမေရိကန်သမ္မတ Barack Obama သည် ယခုလအနှောင်းပိုင်းတွင် ရန်ကုန်သို့ လာရောက်မည်ဖြစ်ကြောင်း မြန်မာအစိုးရတာဝန်ရှိသူတစ်ဦးက ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။ ၎င်းသည် ယခင်ကအပယ်ခံနိုင်ငံဖြစ်ခဲ့သော မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအပေါ် ဝါရှင်တန်...၏ ထောက်ခံမှုကို ပြသသည့် လက္ခဏာတရပ်ပင် ဖြစ်သည်။

“အိုဘားမားဟာ နိုဝင်ဘာ(၁၉)မှာ ရန်ကုန်ကိုလာပါလိမ့်မယ်။ သူဟာ သမ္မတဦးသိန်းစိန်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်နဲ့ တွေ့ပါလိမ့်မယ်”ဟု အမည်မဖော်လိုသူ အစိုးရအရာရှိက AFPသို့ ပြောပါသည်။ လုံခြုံရေးကြောင့် အသေးစိတ်အစီအစဉ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

သမ္မတဦးသိန်းစိန်၏ အမည်ခံအရပ်သားအစိုးရတက်လာပြီး၊ ပြုပြင်ပြောင်းလဲရေးများလုပ်ဆောင်လာပြီးကတည်းက အမေရိကန် ပြည်ထောင်စု နှင့် မြန်မာနိုင်ငံကြား ဆက်ဆံရေးမှာ အရေးပါစွာ နွေးထွေးလာခဲ့သည်။

Mr. Obama သည် ရွေးကောက်ပွဲအောင်ပွဲပြီးနောက် နိုဝင်ဘာ(၂၂) ရက်နေ့ Thanksgiving မတိုင်မီနှင့် ကွန်ဂရက်တွင် ဘတ်ဂျက်ကိစ္စ အန္တရာယ်များအတွက် မဆွေးနွေးမီ နိုင်ငံခြားခရီးအတွက် အချိန်အနည်းငယ်သာရသည်။

အိမ်ဖြူတော်ကမူ မြန်မာနိုင်ငံခရီးစဉ်အတွက် အတည်ပြုခြင်း မရှိသေးပေ။
Mr Obama သည် ဖနွမ်းပင်တွင်ကျင်းပမည့် အရှေ့အာရှထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဟုမျှော်လင့်ရသည်။ အဆိုပါ အစည်းအဝေးမှာ အရှေ့တောင်အာရှ ခေါင်းဆောင်များနှင့် တရုတ်နှင့်ရုရှားအပါအဝင် ဒေသတွင်း ပါတနာများ နှစ်ပတ်လည်တွေ့ဆုံခြင်း ဖြစ်သည်။

“အစီအစဉ်အရဆိုရင်တော့ သူဟာ(၁၈) ရက်နေ့မှာ ရောက်ရမှာပါ”ဟု ကမ္ဘောဒီးယားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Knieu Kanharith က AFPသို့ ပြောသည်။ Mr Obama သည် ၎င်း၏ နိုင်ငံတွင် မည်မျှနေမည်ဆိုသည်ကို မသိကြောင်းနှင့် ထိပ်သီးအစည်းအဝေးသည် နိုဝင်ဘာလ(၂၀) ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ကြောင်း ပြောသည်။

Obama အစိုးရသည် မြန်မာနိုင်ငံမှ နိုင်ငံရေးအရ တိုးတက်မှုများကို အားပေးလျက်ရှိသည်။
ဦးသိန်းစိန်သည် စက်တင်ဘာလက နယူးယောက်သို့ သမိုင်းမှတ်တိုင်ဖြစ်မည့် သွားရောက်ခဲ့ပြီး ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်း ပြောကြားသည့် ပထမဆုံးမြန်မာခေါင်းဆောင်ဖြစ်ခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အပါအဝင် အမေရိကန်အစိုးရ တာဝန် ရှိသူများလည်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည်လည်း သမိုင်းဝင်ခရီးစဉ်အဖြစ် အမေရိကန်သို့ သမ္မတကြီးဦးသိန်းစိန်နှင့် တပြိုင်နက်နီးပါး သွားရောက်ခဲ့ပြီး Mr Obama နှင့် တွေ့ဆုံခဲ့သည်။

“သူရဲ့ခရီးစဉ်ကို ကျွန်တော်တို့ကြိုဆိုပါတယ်။ သူရွေးကောက်ပွဲမှာနိုင်သွားတာကလည်း ကျွန်တော်တို့ဝမ်းသာပါတယ်။ သူဟာ မြန်မာနိုင်ငံ အကြောင်း အတော်သိပါတယ်”ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က AFP သို့ပြောသည်။

၎င်းတို့ ပါတီအနေဖြင့် Obama မြန်မာနိုင်ငံသို့ လာမည်ကို ကြားသိရကြောင်း၊ သို့သော်နေ့ရက်ကိုမူ မသိကြောင်း ၎င်းကပြောသည်။

“အမေရိကန်သမ္မတတွေ မြန်မာနိုင်ငံကို မလာတာ အတော်ကြာပါပြီ။ နှစ်ပေါင်း(၅၀) ကျော်ပါပြီ” ဟု ၎င်းက Burma ဟူသော အမည်ကိုသုံး၍ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲမှုများကို တုန့်ပြန်သောအားဖြင့် အမေရိကန်နှင့် အနောက်နိုင်ငံများသည် အရေးယူမှုများကို ရုတ်သိမ်းပေးခဲ့သည်။ သို့သော် ၎င်းတို့သည် ကချင်ပြည်နယ်ရှိ တိုင်းရင်းသား ပဋိပက္ခများနှင့် ရခိုင်ပြည်နယ်မှ လူမျိုးရေးအရ ပြင်းထန်သောဖြစ်ရပ်များအတွက် စိုးရိမ်ပူပန်မှု များရှိနေသည့်ကြားမှ အရေးယူမှုများ ရုတ်သိမ်းပေးခဲ့ခြင်း ဖြစ်သည်။

ဝါရှင်တန်သည် ဇူလိုင်လက မြန်မာနိုင်ငံတွင် အမေရိကန်ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်နိုင်ရန် အရေးယူမှုများ ဖြေလျော့ပေးခဲ့ရာ အဓိကအမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ သွားရောက်နိုင်ခဲ့သည်။

ကိုကာကိုလာ၊ General Electric တို့သည် မြန်မာနိုင်ငံတွင် စီးပွားရေးအရ တိုးတက်လာမည့်အရေးကိုမျှော်ကိုး ၍ မြန်မာနိုင်ငံတွင် စတင်နေရာယူခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်နှင့် လွှတ်တော်ဥက္ကဌဦးရွှေမန်းတို့အပေါ် ၂၀၀၇ ခုနှစ်က ချမှတ်ထားခဲ့သော အရေးယူမှုကို ရုတ်သိမ်းပေးမည် ဟု ကြေညာခဲ့သည်။

Yangon chronicle r

ဘင်္ဂလီများလက်မှတ်မထိုးသဖြင့် လ၀က များခေါင်းကိုက်နေရ

ဘင်္ဂလီများလက်မှတ်မထိုးသည့်အတွက်လ၀က များခေါင်းကိုက် နေရကြောင်းသတင်းရရှိသည်။
...

ယခင်က လ၀ကများသည် ဘင်္ဂလီများ၏ လူမျိုးနေရာတွင် အမှန်အတိုင်း
ဘင်္ဂလီဟု ရေးသားခဲ့သော်လည်း ယခုအခါတွင် ဘင်္ဂလီများက ---ျာ ဟုရေး
မှ သာလက်မှတ်ထိုးမည်ဆို လာသဖြင့် ခေါင်းကိုက်နေရခြင်းဖြစ်ကြောင်း ၊
ယနေ့ တွင်လည်း လက်မှတ်မထိုးသေးသဖြင့်စာရင်းကောက်ယူသည့်
တိုင် ၀န်ခံ လက်မှတ်ရေးထိုးခြင်းကို မပြုလုပ်နိုင်သေးကြောင်းလည်းသိရသည်။

ရွာငါး ရွာရှိ ဘင်္ဂလီများအား စာရင်းကောက်ယူရာတွင် အမျိုးမျိုးတိမ်းရှောင်ခြင်း၊ လ၀က မသိဘဲ ထိမ်းမြှားလက်ထပ်ပေးစားခြင်းများနှင့် နေအိမ်တွင်ရှိသူ များစာရင်းနှင့် အိမ်ထောင်စုစာရင်းတွင်ဖော်ပြထားသူများစာရင်းမှာ ကွာခြား နေသည်များကို တွေ့ရကြောင်းသိရသည်။

နိုင်ငံတော် သမ္မတကြီး၏ ပြောကြားချက်အား လိုက်နာခြင်းမရှိဘဲ ရိုဟင်ဂျာဟု ပြောဆိုနေခြင်းသည် နိုင်ငံတော်သမ္မတကြီးကို တိုက်ရိုက်စော်ကားလိုက် ခြင်း ဖြစ်ကြောင်းနှင့် ယင်းသို့ ဖြစ်လာစေရန် နောက်ကွယ်က ကြိုးကိုင်လှုပ်ရှား နေသူများရှိနေကြောင်း လည်းသိရသည်။

ယင်းသို့ ကြိုးကိုင်လှုပ်ရှားနေသူများကို စုံစမ်းဖော်ထုတ်ခြင်းမပြုနိုင်သမျှ ကာလ
ပတ်လုံး လက်ရှိစစ်ဆေးနေသော စစ်ဆေးချက်များသည် အထမြောက်မည် မဟုတ်ကြောင်းလည်း ဒေသခံများက သုံးသပ်ပြောဆိုကြပါသည်။
RSV

Shwe Myanmar

8.11.2012 ရက်နေ့ ၊ စစ်တွေမြို့နယ် ၊ သက်ကေပြင် ဘင်္ဂလီဒုက္ခစခန်းတွင်
လောင်းစာဆီရောင်းချနေသော ဆိုင်များ မြင်ကွင်း

ကူးလာအမည်မှသည် ကုလားအမည်သို့ ခေါ်ဆိုရခြင်းအကြောင်းအရင်းနှင့် မတည့်အတူနေလို့မရပါ

by Ko Baloi on Wednesday, November 7, 2012 at 3:08pm ·
၁- ကူးလာအမည်မှသည် ကုလားအမည်သို့ ခေါ်ဆိုရခြင်းအကြောင်းအရင်း....။

ကျနော်တို့တိုင်းရင်းသားများအမှီသဟဲပြု၍ နေထိုင်သောမြန်မာနိုင်ငံတွင် မူဆလင်ကုလား၊ ဟိန္ဒူကုလား၊
ခေါင်းပေါင်းပေါင်းထားသည့် ပန်ချာပီကုလားဆိုသည့် ကုလားများရှိကြပါသည်။ ထိုသူများကို ကုလားဟူ၍ ကျနော်တို့တိုင်းရင်းသားများက ခေါ်ဝေါ်ကြပါသည်။ ထိုသို့- ခေါ်ဝေါ်ရခြင်းအကြောင်းတရားကား ထိုသူ
များသည်မြန်မာနိုင်ငံသို့ ကူးဝင်လာပြီး၊ လာရောက်အခြေချနေထိုင်ခဲ့သည့်အတွက်ကြောင့်  ကူးလာဟု ခေါ်ဆိုရာမှသည်၊ ကာလအချိန်ကြာမြေ့လာသောအခါ ကူးလာမှသည် ကုလားအမည်သို့ ကူးပြောင်းသွား
ခြင်းဖြစ်ပါသည်။ ကုလားလို့ခေါ်ဆိုတာဟာ မူဆလင်လူမျိုး ကုလားများကိုသာ ရည်ညွှန်းခေါ်ဝေါ်သုံးစွဲခြင်း
မဟုတ်ပါ။ ထိုသို့ခေါ်ဆိုမှုကို မူဆလင်ကုလားများ ဘာကြောင့် ရမယ်ရှာပြီး ထူးထူးဆန်းဆန်းမနှစ်မြို့သည်
ကို ကျနော်နားမလည်ပါ။ အမှန်မှာ ဆဲဆိုပြီးသုံးနှုန်းခေါ်ဝေါ်မှသာ နာရမည်ဖြစ်သည်။ မဆဲမဆိုပဲ ကုလားလို့
ခေါ်ဝေါ်တာ နာစရာမလိုပါ။ ထို့အပြင် ဗြိတိသျှ ကိုလိုနီအုပ်ချုပ်စဉ်အခါကလည်း ကုလားဖြူ- ကုလားမဲ ခေါ်ဝေါ်တာမျိုးလည်းရှိခဲ့ပါသည်။
ကျနော်သိထားသမျှပြောရလျှင်.....။
ဟိုအရင်တချိန်က ဘင်္ဂလီလူမျိုးများသည် မိမိတို့မူရင်းဌါနေတွင် အလုပ်ကိုင်ရှားပါးပြီး စားဝတ်နေရေးပြဿနာ မပြေလည်မှုကြောင့်  မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ကူးဝင်လာပြီး လာရောက်အခြေချနေထိုင်အလုပ်- လုပ်
ကိုင်စားသောက်သူများဖြစ်ကြသည်။ ထိုဘင်္ဂလီလူမျိုးနွယ်စုကို ယ္ခင်က ကူးလာလူမျိုးလို့ ခေါ်ဝေါ်ပြောဆိုခဲ့
ရာမှ ကာလကြာရှည်လာသော်အခါ ကူးလာမှသည်    ကုလားအမည်သို့ အသွင်ပြောင်းသွားသည်ဟု ဘင်္ဂလီ
လူမျိုးတစ်ဦးမှ ကျနော့်အားပြောဆိုခဲ့ဘူးပါသည်။ ထိုသူမှပင် ရခိုင်ပြည်တွင်ရှိသော မူဆလင်လူမျိုးများ
မှာ ဘင်္ဂလားဒေ့ရှ်မှ   ကူးဝင်လာသော ဘင်္ဂလီ ကူးလားများဖြစ်ကြသည်ဟုပြောဆိုဘူးပါသည်။ ထို့ကြောင့်
မြန်မာနိုင်ငံရှိ တိုင်းရင်းသားများသည် ကုလားဆိုသည့်အမည်နာမ်မကို နှိပ့်ချခေါ်ဝေါ်ပြောဆိုနေသည်ဟု မမြင်
စေလိုပါ။ မွန်ကို မွန်လို့ခေါ်ပြီး၊ ကချင်ကို ကချင်လို့ခေါ်ပြီး၊ ဗမာကို ဗမာလို့ခေါ်တာမဆန်းပါ...နာစရာလည်းမ
လိုပါ။ ဒါကြောင့် ကူးလာကို ကုလားလို့ခေါ်တာ မနာကြပါနဲ့။ အကယ်၍ ကုလားလို့ခေါ်တာ နာတယ်ဆိုလျှင် နာရခြင်းအကြောင်းအရင်းကို ကျနော့်အားအနည်းငယ်ရှင်းပြစေလိုပါသည်။ ကုလားဖြစ်ပေမယ့် အမည်နာမ်မ ကိုသိလျှင်သော်လည်းကောင်း၊ မသိလျှင်သော်လည်းကောင်း ကျနော်တို့တိုင်းရင်းသားများ ရိုင်းရိုင်းစိုင်းစိုင်း ဟေ့ကောင်ကုလားလို့  ဘယ်သူမှခေါ်ဆိုခြင်းမပြုကြပါ၊ ရန်ဖြစ်ကြသည့်အခါမှသာ စောင့်ကုလား၊ ဘာကုလား- ညာကုလားဆိုပြီး ဒေါသအလျှောက်ပြောဆိုခြင်းမျှလောက်သာဖြစ်ပါသည်။ ခင်ဗျားတို့ကုလားတွေလည်း ကျ
နော်တို့တိုင်းရင်းသားတွေနဲ့ ရန်ဖြစ်ကြတဲ့အခါ နောက်ကွယ်မှာ အမျိုးအမည်တမျိုးမျိုးသုံးပြီး ဆဲဆိုပြောဆိုကြ
မှာပါပဲ။ မောင်နှမတွေတောင် ရန်ဖြစ်ကြတဲ့အခါ ဒေါသအလျှောက် ဆဲဆိုမှုတွေတွေရှိကြတာပဲ။
ကျနော်၏ တော်လှန်ရေး- နိုင်ငံရေးခရီး တလျှောက်တွင် ကျနော်ချစ်ခင်သော မူဆလင်ကုလားမိတ်ဆွေများရှိ ပါသည်။ ထိုသူများကို ဘယ်လိုစစ- ဘယ်လိုနောက်နောက် သူတို့ကတော့ မော်ဒန်ကုလားတွေဆိုတော့ အပြုံး
မပျက်ကြပါ။

၂- မတည့်အတူနေလို့မရပါ....။
သမိုင်းရန်စကြီးကြီးမားမားရှိခဲ့ကြပြီး မတည့်အတူနေနေကြသည့်   ရခိုင်လူမျိုးနှင့် ဘင်္ဂလီလူမျိုးများသည်၊ မ
မျှော်လင့်ပဲ ဘင်္ဂလီလူငယ် ၃ ဦးမှ ရခိုင်အမျိုးသမီးငယ်တစ်ဦးကို မုဒိန်းကျင့်လုယက်ကာ လူမဆန်စွာသတ်ဖြတ်
မှုကြောင့် ဖြစ်ပွါးလာခဲ့သောမီးသည် လူပေါင်းမြောက်များစွာကိုသေကြေပျက်ဆီးစေခဲ့ပြီး၊ အိုးမဲ့အိမ်မဲ့ဖြစ်ကာ
အခုဆိုရင် နှစ်ဘက်လုံးအထိနာကာ အတိဒုက္ခရောက်နေကြရပြီးဖြစ်သည်။ ထိုလူငယ် ၃ ဦးမှ တရားခံအစစ်
သည် ထောင်ထဲတွင် မိမိကိုယ် မိမိလုပ်ကြံ၍ သေဆုံးသွားပြီးဖြစ်တဲ့အကြောင်း၊ ကြံရာပါ ၂ ဦးကိုသေဒဏ်စီရင်
ချက်ချမှတ်ကာ သတင်းကိုခြေရာမခံမိအောင် နောက်ကွယ်မှစီစဉ်သူများမှ လက်စဖြောင့်လိုက်သည်ဟု စာရေး
သူအနေဖြင့် ထင်မြင်ယူဆမိပါသည်။ အခုဆိုရင် ရခိုင်အရေးသည် ပရောဂပါသည်ဟု အစိုးရကိုယ်တိုင်ပြော
ဆိုနေပြီး၊ နောက်ကွယ်မှ ကြိုးကိုင်နေသူများအား တစ်ဦးတစ်ယောက်ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေထိရောက်စွာ
အပြစ်ပေးအရေးယူ ကိုင်သွယ်ဖြေရှင်းဖော်ထုတ်အရေးယူသွားမည်ဟု သမ္မတကိုယ်စား အစိုးရအကြံပေးက ထုတ်ဖော်ပြောကြားလာသည်။ လက်ရှိဖြစ်ပွါးနေသည့် ရခိုင်ပြည်နယ်ရှိ လူမျိုးရေးပဋိပက္ခသည်၊ လက်ရှိပြုပြင်
ပြောင်းလဲနေသော နိုင်ငံရေးကိုပါထိခိုက်နိုင်သည်ဟု သမ္မတကိုယ်တိုင် စကားဆိုဘူးပါသည်။ ဒီလိုဆို
လျှင် အခုဖြစ်ပွါးနေသော ပဋိပက္ခသည် လက်ရှိပြောင်းလဲနေသော မြန်မာနိုင်ငံ၏ နိုင်ငံရေးကို ထိခိုက်
လာနိုင်သည်ဟုဆိုလျှင် ဒီအရေးကို ရပ်တန်းကရပ်ဖို့ အစိုးရအနေနဲ့ ထိထိရောက်ရောက်ကိုင်သွယ်ဖို့
တော့လိုပါသည်။ လက်ရှိနိုင်ငံရေးပြုပြင်ပြောင်းလဲရေးကို ထိခိုက်လာလျှင် သည်အရေးကို ပေါ့ပေါ့လေး
တွေးပြီး ပစ်ထား၍မရတော့ပါ၊ ပထမအနေနဲ့ ပဋိပက္ခကို ဆက်လက်မဖြစ်ကြဖို့ အစိုးရက မေတ္တာရပ်ခံ
ပန်ကြားပေးပါ။ မေတ္တာရပ်ခံတာကို ဂရုမစိုက်ပဲ ဆက်လက်ပြီး ပြဿနာကိုမီးမွှေးနေရင် အဓိကရန်စသူ ကိုထိထိရောက်ရောက် ပြတ်ပြတ်သားသားကိုင်သွယ်ဖို့လိုပါတယ်။ သမ္မတကအစ တိုင်းရင်းသားခေါင်း
ဆောင်များ သည် ဘင်္ဂလီလူမျိုးနွယ်ကို တိုင်းရင်းသားအဖြစ်အသိအမှတ်ပြုမည် မဟုတ်ကြောင်း အတိလင်း ကမ္ဘာသိအောင် ထုတ်ဖော်ပြောကြားပြီး ဖြစ်ပါသည်။ ထို့ကြောင့် ဘင်္ဂလီမျိုးနွယ်ဝင်များသည် ၁၉၈၂ နိုင်ငံ
ခြားသား ဧည့်ဥပဒေအရ နိုင်ငံသားဖြစ်ရေးကိုသာ ထည့်သွင်းစဉ်းစားပေးစေလိုပါသည်။ ဒါ့အပြင် မတည့်အတူတူနေကြလျှင် တချိန်မဟုတ် တချိန် အခုလိုဖြစ်ပွါးနေတဲ့ လူမျိုးရေးပဋိပက္ခများ ဖြစ်မလာနိုင် ဘူးဆိုတာ မည်သူမှ အာမခံပေး၍ရသည့်ကိစ္စမဟုတ်ပါ။ ဒါကြောင့် မတည့်အတူတူနေကြမည့်အတူတူ၊ နောင်ပြဿနာများ မဖြစ်ပေါ်လာနိုင်အောင် တိုင်းရင်းသား ရခိုင်လူမျိုးများနှင့် မြန်မာနိုင်ငံသားများအဖြစ် ခံယူကြမည့် ဘင်္ဂလီလူမျိုးများအနေဖြင့် သီးခြားစီခွဲခြားနေထိုင်ကြပါရန် စာရေးသူအနေနဲ့ အကြံပြုတိုက် တွန်းလိုက်ပါသည်။

( ကိုဗလိုင် )