Friday, November 9, 2012

ကမ္ဘာ့ကင်ဆာအဖြစ်ဆုံးဆယ်နိုင်ငံထဲမှာမြန်မာနိုင်ငံဟာနံပါတ်(၂)

Aung Khit Hmuu

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့(၂၀၁၁ခုနှစ်)ထုတ်ပြန်တဲ့အစီရင်ခံစာအရကမ္ဘာ့ကင်ဆာအဖြစ်ဆုံးဆယ်နိုင်ငံထဲမှာမြန်မာနိုင်ငံဟာ
နံပါတ်(၂)နေရာမှာရှိပါတယ်…မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းရဲ့ထုတ်ပြန်ကြေငြာချက်ထဲမှာကင်ဆာဖြစ်စေနိုင်တဲ့..
အကြောင်းတွေကတော့
(၁) ဓာတုဟော်မုန်းဆေးအသုံးပြုထားတဲ့အတွက်အဆမတန်ကြီးထွားနေတဲ့စိုက်ပျိုးသီးနှံတွေ…
(၂) ပိုးသတ်ဆေးအပြင်းစားသုံးထားတဲ့စိုက်ပျိုးသီးနှံတွေ…
(၃) ဆေးစိမ်ဆေးဖျန်းလို့မှဲ့နေတဲ့…စိုက်ပျိုးသီးနှံတွေ…
(၄) ဖော်မလင်နဲ့အသုံးပြုထားတဲ့ပဲပြား..
(၅) မဲနယ်ဆိုးထားတဲ့ပုစွန်…
(၆) ယူရီးယားဓာတ်မြေသြဇာပါတဲ့ငါးပိရေချို…
(၇) တားမြစ်ဆိုးဆေး၊ဓာတုတာရှည်ခံဆေးနဲ့ချွတ်ဆေးများ…အသုံးပြုထားသော
(အချဉ်ရည်၊ဂျယ်လီ၊သကြား၊ထန်းလျက်၊မျှစ်နီ၊မျှစ်ဝါ၊ပုစွန်ချဉ်နီ၊့ငါးပုဏ္ဍား၊
ငါးမြွေထိုး၊ ငရုတ်သီးမှုန့်၊ပုစွန်ခြောက်၊ငါးပိ၊ပဲနီလေး၊ပဲဝါလေး၊မက်မန်းသီး၊
ဆီးသီးယိုထုပ်စသည်များ)
(၈) မယ်လမင်း(ဖိုက်ဘာ)ပစ္စည်းများ…ဖြစ်ကြောင်းသိရှိရပါတယ်...

(ကျန်းမာရေးအသိနဲ့ဆင်ခြင်နိုင်ကြစေဖို့ပါ..)

ခင်မောင်တိုးကောလာဟလ

Eleven Media Group
စင်ကာပူနိုင်ငံ၌ ဆေးကုသမှု ခံယူနေသော အဆိုတော် ခင်မောင်တိုးသည် ယနေ့ ညနေပိုင်း အချိန်က သတိပြန်ရလာပြီး မိသားစုနှင့် စကားအနည်းငယ် ပြန်ပြောနိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့သည်ဟု အဆိုတော် ခင်မောင်တိုး၏ အနီးတွင် ရှိနေသော အဆိုတော် ဂျေမောင်မောင်က ရန်ကုန်မြို့ရှိ ဂီတအနုပညာရှင်များထံသို့ ဖုန်းဖြင့် ဆက်သွယ် ပြောကြားခဲ့ကြောင်း သိရပါသည်။

အဆိုတော် ခင်မောင်တိုးသည် ပြီးခဲ့သည့် ရက်များအတွင်းကပင် စင်ကာပူနိုင်ငံ သို့ ရောက်ရှိနေပြီး အသည်းကင်ဆာရောဂါ အတွက် ဆေးကုသမှု ခံယူနေခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဆေးကုသမှု ခံယူနေရင်း နိုဝင်ဘာလ ၈ ရက်နေ့က သတိလစ်မှု ဖြစ်ပေါ်ခဲ့ကာ ကွယ်လွန်သွားကြောင်း သတင်းများ Facebook ပေါ်တွင် ပျံ့နှံ့ခဲ့သော်လည်း ယင်းသတင်းများမှာ ကောလာဟလ များသာ ဖြစ်ပါသည်။ နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး အဆိုတော် ခင်မောင်တိုး၏ ကျန်းမာရေး အခြေအနေမှာ တိုးတက်မှု ရှိခဲ့ကာ ပြန်လည် သတိရချိန်တွင် မိသားစုဝင်များအား စကား တစ်ခွန်းစ၊ နှစ်ခွန်းစ ပြောနိုင်ခဲ့သည့် အပြင် သူ့အနားတွင် ရှိနေသော သူများ အားလုံးကိုလည်း မှတ်မိသည့် အခြေအနေ ရှိကြောင်း သိရှိရပါသည်။

လူအောက်ဆိုဒ်