Saturday, November 10, 2012

ရွှေဘိုမြို့မှ၅၆ကီလိုအကွာငလျင်တခု လှုပ်ခတ်


မန္တလေး(၁၁.၁၁.၂၀၁၂) ယနေ့နံနက်၇နာရီ၄၅ခန့်က ရွှေဘိုမြို့မှ၅၆ကီလိုအကွာတွင်ပြင်းအား၆.၆ရှိငလျင်တခု လှုပ်ခတ်သွားကြောင်းသိရသည်။

http://earthquaketrack.com/quakes/2012-11-11-01-12-38-utc-6-6-10

Bangladesh ruling party member claims to be Rohingya gets asylum in Germany

by International Desk
November 6, 2012


Click Image to Enlarge Blitz Fake Rohingya Feross Bepari got political asylum in Germany. A member of Bangladesh Chhatra League, student front of the ruling Bangladesh Awami League got political asylum in Germany by making false claim to be Ronhingya. According to information, Feross Bepari, hailing from Faridpur district in Bangladesh went to Germany in April 2008 and subsequently sought political asylum pretending to be a Ronhgya [persecuted Muslim from Arakan state in Myanmar]. Local asylum broker Abdul Hafiz, a German citizen and resident of Frankfurt extended all cooperation to Feross Bepari in getting political asylum in Germany by falsely claiming to be a Rohingya. Feross Bepari was an activist of Bangladesh Chhatra League during his studies at Dhaka University. It may be mentioned here that, asylum broker Abdul Hafiz also entered Germany and obtained political asylum similarly as Feross Bepari by making false claim to be a Rohingya. Hafiz, hailing from Chittagong's Shatkania district had sound knowledge about Arakan state and Ronhingya community, which he uses in giving training to the false claimants of political asylum in Germany. He also maintains closer links with few unscrupulous NGO activists in Arakan, through whom Abdul Hafiz manages false certificates and related documents in favor of the asylum seekers with the ulterior motive of cheating the German authorities.
Feross Bepari, on the basis of training and orientation as well as false documentation made by Abdul Hafiz, submitted his asylum petition in Frankfurt Giessen, which is 120 kilometers from the Frankfurt city. He was transferred to Karlsruhe State a month later, where he was residing at Hochburger Strasse 56, Emmendingen till his asylum application was approved. During his stay in Emmendingen, Feross Bepari was provided financial assistance by the Social Welfare Department of Germany. Although, according to law, asylum seekers living on financial assistance of the Social Welfare Department are not permitted to work in Germany, Feross violated this rules and started working and was subsequently caught by authorities a number of times. But considering the fatal situation of the Ronhingyas in Myanmar, Feross Bepari was pardoned by the German authorities on humanitarian ground. The asylum petition of Feross was approved in fifteen months and then he moved to Frakfurt, where he is currently residing. But, although he migrated to Frankfurt and was allowed to work, Feross Bepari continues to show his status to be unemployed while he works illegally with the ulterior motive of receiving the financial assistance from the Social Welfare Department.
Most interestingly, the Bangladesh Embassy in Berlin, which has official policy of not issuing any visa to Rohingyas are aware that currently more than three hundred Bangladeshi nationals got political asylum in Germany by falsely claiming to be Rohingya. These so-called Rohingyas are regularly invited into various events at Bangladesh Embassy in Berlin, while they also are issued travel visa to visit their family members in Bangladesh. A source told Weekly Blitz that all of the Bangladesh missions in European nations as well as Bangladeshi policymakers are aware of Bangladeshi nationals entering Western countries and later seeking political asylum with the fake identity of being Rohingya. The source said, more than three hundred fake Ronhigyas from Bangladesh already got political asylum while currently 100 asylum applications are under process in Germany. It said, there are large number of fake asylum seekers from Bangladesh in France, Norway, Sweden, Denmark, Italy and many other countries in the world.

http://www.weeklyblitz.net/2739/bangladesh-ruling-party-member-claims-to-be

ဒေါ်အောင်ဆန်းစုကြည်တင်သွင်းတဲ့အဆို ၂ ရပ် လွှတ်တော် အတည်ပြု


မြန်မာနိင်ငံ တက္ကသိုလ်ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာမှာ တိုးတက် အဆင့်မြင်အောင်လုပ်သင့်တဲ့ အဆို ၂ ခုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာ အဆင့်မှီအောင်နဲ့ ရန်...
ကုန်ဆေးရုံကြီး ကို အဆင့်မြင့် ဆေးရုံကြီး တခုဖြစ်အောင် လုပ်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပထမဆုံးအကြိမ် အဆို၂ ရပ် ကို တင်သွင်းခဲ့တာ ဖြစ်သလို အနိုင်ရခဲ့တာလဲ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားပညာရေးဥပဒေ ပြဌာန်းနိုင်ဖို့ ကျန်းမာရေုး ဒုဝန်ကြီးဟောင်းရဲ့ အဆိုကိုလဲ လွှတ်တော်မှာ အတည်ပြုနိုင်ခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပါမယ်။

နေပြည်တော်မှာ ကျင်းပနေတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ဒီကနေ့ သောကြာနေ့မှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်မှာ ပထမဆုံး တင်သွင်းတဲ့ ပညာရေး ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ အဆို ၂ ခုလုံး အောင်မြင်ခဲ့တာဖြစ်ပါတယ်၊ ပညာရေးနဲ့ ပါတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် အရေးတကြီးအဆို တင်ခဲ့တာနဲ့ပါတ်သက်လို့ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ခုလိုရှင်းပြပါတယ်။

“ရန်ကုန်တက္ကသိုလ်ပေါ့နော်။ ဝိဇ္ဇာနဲ့ သိပံ္ပတက္ကသိုလ် ကို ပြုပြင်မွမ်းမံဖို့ပေါ့နော်။ နိုင်ငံတကာ အဆင့်မှီပညာရေးတက္ကသိုလ်တခုဖြစ်အောင်ပေါ့။ ဥပမာ သင်ကြားနည်းစနစ်ရော၊ သင်ထောက်ကူပစ္စည်းတွေရော၊ ဘာသာရပ်ဆိုင်ရာ ပညာရပ်တွေရော၊ အဲ့တာတွေနဲ့ပတ်သက်လို့ နိုင်ငံတကာအဆင့်မှီ၊ တက္ကသိုလ်ဖြစ်ဖို့ကို ပညာရေးဌာနက တာဝန်ရှိပုဂ္ဂိုလ်တွေရယ်၊ လွှတ်တော်က ကော်မတီ ကော်မရှင်အဖွဲ့ဝင်တွေရယ်၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေရယ်၊ နောက် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေရယ် ပါဝင်တဲ့ ကြီးကြပ်တဲ့အဖွဲ့တဖွဲ့ ဖွဲ့ပေးပြီးတော့ အဲ့တာကို ဆောင်ရွက်ဖို့ အဆိုတင်တာဗျ။ ဒါက အရေးတကြီးအဆိုဖြစ်တဲ့အခါကျတော့ ဒီနေ့ တခါတည်း ဆွေးနွေးမယ့်သူတွေ ဖိတ်ခေါ်ပြီးတော့ ပညာရေးဝန်ကြီးကလည်း ရောက်နေတဲ့အချိန်မို့လို့ တခါတည်း လုပ်လိုက်တာ။”

ကျန်းမာရေးနဲ့ ပါတ်သက်လို့လဲ ဒေါ်အောင်ဆန်းစုကြည် တနေ့ထဲမှာတင်တဲ့ ဒုတိယမြောက် အဆိုအောင်မြင်ခဲ့ပါတယ်။

“ကျန်းမာရေးကတော့ အများပြည်သူ မှီခို အားထားနေရတဲ့ ရန်ကုန်ဆေးရုံကြီးပေါ့နော်၊ ရန်ကုန်ဆေးရုံကြီးကို ပြုပြင်မွမ်းမံပြီးတော့ အဆင့်မြင့် ဆေးရုံကြီး တခုဖြစ်မြောက် ဖို့ ပေါ့နော်။ ပြည်ထောင်စု အစိုးရကို တိုက်တွန်းတာပေါ့။ အဲ့တာလည်း အောင်မြင် တာပေါ့။ ကျန်းမာရေးဝန်ကြီးက သဘောတူထောက်ခံပါတယ်။ အဲ့တာကျတော့ မဲတောင်မခွဲရဘူး။ ခုနက ပညာရေးနဲ့ ပတ်သက်တဲ့ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာ၊ သိပံ္ပ ကတော့ မဲခွဲလိုက်ရတယ်။ နောက် ကျန်းမာရေးကတော့ မဲမခွဲရဘူး။”

ဒီကနေ့ ပြည်သူ့လွှတ်တော်မှာပဲ ကျန်းမာရေးဒုဝန်ကြီးဟောင်း Dr. မြဦးတင်သွင်းတဲ့ အမျိုးသားပညာရေးဥပဒေပြဌာန်းရေး အဆိုလဲ လက်ခံ အတည်ပြုခဲ့ကြပါတယ်။ ခုလို ပညာရေး ကျန်းမာရေးကိစ္စတွေ တိုးတက်ကောင်းမွန်ရေး အဆိုတွေကို လွှတ်တော်ကိုယ်စားလှယ် အများ လက်ခံအတည်ပြုခဲ့တာကိုကြည့်ရင် ဒီကိစ္စတွေမှာ အမြန်ဆုံး တိုးတက်အောင် ပြင်ဆင်သင့်ပြီ ဆိုတာကို ပြသနေတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။

“အဖွဲ့ချုပ်ဥက္ကဌ ကျနော်တို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တင်တဲ့အဆို ဆိုလို့ရှိရင် မဲပေးခွင့်ရှိတဲ့သူ ၃၇၆ဦးမှာ၊ ထောက်ခံမဲ ၂၄၈ ဦးရတယ်ဆိုတော့၊ ကျနော်တို့အဖွဲ့ချုပ်က အမှန်က ၄၀လောက်ပဲရှိတာလေ။ ကျန်တဲ့ ၂၀၀ကျော်က ထောက်ခံတယ်ဆိုတော့ ဒီကျန်တဲ့ပုဂ္ဂိုလ်တွေ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးက တိုင်းပြည်အတွက် တကယ်လိုအပ်တဲ့ အဆိုတခု၊ တကယ်လည်း ဒါ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဟာဆိုတာကို အားလုံးက နားလည် သဘောပေါက်ပြီး ထောက်ခံပေးတာ ပေါ်လွင်ပါတယ်။”

မြန်မာနိုင်ငံရဲ့ ပညာရေးကို တိုးတက် အဆင့်မြင့်အောင် အကြံပြု ဆောင်ရွက်နိုင်ဖို့ အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလဲ ပညာရှင်တွေပါဝင်တဲ့ ပညာရေး အကြံပေးအဖွဲ့ကို ဖွဲ့စည်းထားပါတယ်။

http://burmese.voanews.com/content/dassk-proposals-passed-in-hutttaw/1542773.html

ဘင်္ဂါလီများနှင့် ယှဉ်တွဲနေထိုင်ရေး မဖြစ်နိုင်ဟု ကျောက်ဖြူသားများ ဆုံးဖြတ်ကြ

r By Mra Wah
ကျောက်ဖြူ ၊ ၁၀ နိုဝင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊

ဘင်္ဂါလီကုလားများနှင့် ပြန်လည်အတူနေထိုင်ရေးမှာ မဖြစ်နိုင်ကြောင်း ယမန်နေ့က ပြုလုပ်သည့် ကျောက်ဖြူမြို့အတွင်း အဖွဲ့အစည်းပေါင်းစုံ လုထုအစည်းအဝေး က ဆွေးနွေးဆုံးဖြတ်လိုက်သည်။
အဆိုပါအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်း တစ်နာရီမှ သုံးနာရီခွဲအတွင်း စေတီတောင်ရပ်ကွက် မြို့နယ်ပရဟိတကျောင်းတွင် ကျင်းပခဲ့ရာ ကျောက်ဖြူမြို့ပေါ်ရှိ ကျောင်းထိုင်ဆရာတော်များ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ဒေသခံ လူပုဂ္ဂိုလ်များ၊ စုစုပေါင်း ပုဂ္ဂိုလ် (၂၉၀) ကျော် တက်ရောက် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။
ကျော်ကဖြူမြို့ပြန်လည်ထူထောင်ရေးကော်မတီက ကမကထပြုကျင်းပသော အဆိုပါ လူထုကိုယ်စားလှယ်များ အစည်းအဝေး၏ အဓိက အကြောင်းအရာဖြစ်သည့် ကယ်ဆယ်ရေးစခန်းရောက် (ဘင်္ဂါလီ)မူဆလင်ကုလားများကို ကျောက်ဖြူမြို့တွင်း ၊သို့မဟုတ်၊ ကျောက်ဖြူမြို့နယ်အတွင်း တစ်နေရာရာတွင် နေရာချထားပေးရန် ဖြစ်နိုင်မဖြစ်နိုင်ကို ဦးတည်ဆွေးနွေးခဲ့ကြရာ၊ မြို့ပေါ်တွင်ပြန်ထားရန်မဖြစ်နိုင်သလို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၆၄)အုပ်စုတွင် မည်သည့်အုပ်စုကမှ လက်ခံကြမည် မဟုတ်ကြောင်း ဆွေးနွေးချက်များအရ ပေါ်ထွက်ခဲ့သည်။
မည်သည့်အတွက်ကြောင့် ၄င်းတို့အားပြန်လည် ထားရှိဖို့ မဖြစ်နိုင် ဆိုသည်ကို ဆွေးနွေးကြရာတွင် ဆရာတော်ကြီးတစ်ပါးက “ပဋိပက္ခဖြစ်ပြီးခါစ လူအုပ်စုနှစ်စုဟာ ပြဿနာဖြစ်ပြီးခါစ ကာလမှာ ချက်ချင်းဆိုသလို တစ်စုကို တစ်စု ပြန်လည် မယုံကြည်နိုင်သလို သံသယလည်း မရှင်းနိုင်တော့ပါဘူး။ ဘင်္ဂါလီတွေ မြိ့ထဲကို ပြန်လာနေမယ်ဆိုရင် ဘယ်သူကမှ ကျောလုံမှာ မဟုတ်ဘူး။ မြို့သူမြို့သားတွေအဖို့ ဒုက္ခကြီးတစ်ခုကို သယ်ပိုးထားရတာနဲ့တူမယ်။ မြို့သူမြို့သားတွေ ဒုက္ခရောက်နေရင် ဘုန်းကြီးတို့ ဒုက္ခရောက်နေတာနဲ့ အတူတူပါပဲ” ဟု မိန့်ကြားသည်။
ကယ်ဆယ်ရေးစခန်းရောက် ဘင်္ဂါလီများက ရခိုင်လူမျိုးများကို အငြိုးအတေး သိုထားဆဲ ဖြစ်ကြောင်းနှင့် ပတ်သက်၍ဆွေးနွေးကြရာတွင်၊ ကယ်ဆယ်ရေးစခန်းအတွင်းသို့ စားနပ်ရိက္ခာများ ပို့ဆောင်ပေးရသော ကားပိုင်ရှင်တစ်ယောက်က “မင်းတို့ ရခိုင်တွေ ထမင်းဝအောင်စားထားကြဆိုပြီး ကျွန်တော့်ကို သူတို့က ခြိမ်းခြောက်ပါတယ်။ ဒီလိုလူတွေနဲ့ အတူပြန်နေပါဆိုတာ မင်းတို့တွေ နောက်တစ်ခေါက်ထပ်ပြီး ရန်ဖြစ်လိုက်ကြဦး လို့ ဆိုတာနဲ့ အတူတူပါပဲ” ဟု အစည်းအဝေးသို့ ပြောပြခဲ့သည်။
“ဘယ်လိုမှ တိုက်ခိုက်မှုတွေ လတ်တလောပြန်မဖြစ်ဘူးပဲ ထားလိုက်ပါဦး၊ ဒီလူတွေက စည်းမရှိကမ်းမရှိ မျိုးပွားနေတာ။ ဒီတော့ မျိုးပွားအားကောင်းခြင်းအားအားဖြင့်ပဲ ကျွန်တော်တို့နယ်မြေကို တောင်းစရာမလိုပဲ သိမ်းပိုက်သွားကြလိမ့်မယ်။ ဒါကို ရှေ့ကို ကြိုမြင်ပြီး ကျွန်တော်တို့ဘက်က ကြိုတင်တားနိုင်သမျှတားဆီးရပါမယ်” ဟု မြို့မိမြို့ဖတစ်ဦးက တင်ပြဆွေးနွေးသွားသည်။
နိုင်ငံရေးပါတီကိုယ်စားပြုတက်ရောက်သူများ ဒေသခံပြည်သူများက ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် သမိုင်းအဆက်ဆက်ကြုံခဲ့ရပုံ လက်ရှိအခြေအနေသို့ မည်သို့မည်ပုံ ဆိုက်ရောက်လာပုံတို့ကို နှိုင်းယှဉ်ဆွေးနွေးကြသည်။ 
အစည်းအဝေးတက်ရောက်သူ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးက ဒီအစည်းအဝေး ဆုံးဖြတ်ချက်ဟာ ဒီမိုကရေစီနည်းကျ အများဆန္ဒနဲ့ စနစ်တကျဆွေးနွေး ဆုံးဖြတ်ကြတာ ဖြစ်တဲ့အတွက် ဒီဆုံးဖြတ်ချက်အကောင်အထည်ပေါ်နိုင်အောင် ၀ိုင်းဝန်းတွန်းအားပေး ဆောင်ရွက်ကြဖို့ ပြောကြားသွားခဲ့သည်။

( မြ၀ါ ရေးသားသည်။)

နိုင်ငံသား စိစစ်ရေး ပြဿနာ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် ရခိုင်ဝန်ကြီးချုပ် ပေါက်တော လာရောက် ဖြေရှင်း

by Rakhaing Tharr on Saturday, November 10, 2012 at 1:01am ·

By Aarakan Thein



ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ မွတ်ဆလင် ကျေးရွာ ၅ရွာမှ ကျေးရွာသားများကို နိုင်ငံသား ဟုတ် မဟုတ် စိစစ် နေရာ ရှုပ်ထွေမှုများပေါ်ပေါက်နေသောကြောင့် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်တို့ ဦးဆောင်သော အဖွဲ့သည် ယမန်နေ့က ပေါက်တောမြို့နယ်သို့ လာရောက် ဖြေရှင်း ပေးခဲ့သည် ဟုသတင်းရရှိသည်။

ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးတက်ထွန်းအောင်က ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် အဖွဲ့ ပေါက်တောမြို့နယ် ဆင်တက်မော်ရွာသို့ ရောက်ရှိလာကြောင်းကို ယခုလို ပြောကြားသည်။




“ နိုင်ငံသား ဖြစ်ရေးအတွက် နိုင်ငံသားကဒ်တွေကို စိစစ်နေတဲ့ နေရာမှာ အရင်က ထုတ်ပေးထားတဲ့ ယာယီ ကဒ်ပြားမှာ လူမျိုး ဘင်္ဂလီ လို့ရေးသားထားတာကို ခုရိုဟင်ဂျာ နာမည် ရေးမှ လက်မှတ်ထိုးမယ် ဆိုပြီး တောင်းဆိုနေ ကြတဲ့အတွက် တော်တော် ရှုပ်ထွေးနေပါတယ်။ အဲဒါကြောင့် ဒီပြဿနာကို ကိုင်တွယ်ဖို့ မနေ့က ပေါက်တောမြို့နယ် ဆင်တက်မော်ကို ဗိုလ်ချုပ်ကြီး လှမင်းနဲ့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်တို့ အဖွဲ့ ရောက်လာပါတယ်။ သူတို့က ဘယ်ပုံ ဘယ်နည်းနဲ့ ညွှန်ကြားသွားမယ် ဆိုတာ မသိသေးဘူး” ဟုပြောသည်။


ပေါက်တောမြို့နယ်ရှိ မွတ်ဆလင် ကျေးရွာ ၅ ရွာကို အဖွဲ့ ၁၅ ဖွဲ့ ခွဲပြီး ကျေးရွာများတွင် စခန်းချကာ လူဦးရေ စာရင်း နှင့် နိုင်ငံသား ကဒ်ပြားများကို စစ်ဆေးနေသည်ဟု သိရသည်။ ထိုသို့ စစ်ဆေးနေစဉ် ဘင်္ဂလီ လူမျိုးဟု ရေးသားထားသဖြင့် လက်မှတ်ထိုးရန် ငြင်းဆန် နေကြခြင်း ဖြစ်ကြောင်း သူက ပြောသည်။


“ဘင်္ဂလီတွေဘက်က လက်မှတ်ထိုးဖို့ ငြင်းဆန်တဲ့ ကိစ္စကဒီလိုပါ။ ၀န်ကြီးချုပ် ဦးနုခေတ်က ကျွန်တော်တို့ကို ရိုဟင်ဂျာ အမည်နဲ့ အသိအမှတ်ပြုခဲ့တယ်။ ပြီးရင်မြန်မာ့ အသံလွှင့်ဌာနကလည်း ထုတ်လွှင့်ခွင့် ပြုခဲ့တယ်။ အဲဒီ အထောက် အထားနဲ့ ငြင်းဆန်းနေတာကို တွေ့ရပါတယ်” ဟုဆိုသည်။


၎င်းပြင်သူက “ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကတောင်မှ ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံမှာ မရှိဘူးလို့ အတိအလင်း တရားဝင်ထုတ်ပြန် ပြီးသားဖြစ်တယ်။ ဒါပေမယ့်လည်း သူတို့က ဒီဟာကြီးကို မရမက တောင်းဆိုနေတယ်။ ဒါကြောင့် နိုင်ငံသား စိစစ်ရေးမှာ အခက်အခဲ ဖြစ်နေတာ ဖြစ်ပါတယ် ” ဟုပြောသည်။


ပြည်ပမှ သွေးထိုးကြိုးကိုင်သည့် အဖွဲ့အစည်းများ ရှိသည့်အတွက် သူတို့ လူမျိုးအတွင်းမှာ တနေ့ တမျိုး တနေ့ တမျိုး ပြောင်းလဲမှုများတွေ တွေ့ရကြောင်း ဦးတက်ထွန်းအောင်က ပြောသည်။


နိုဝင်ဘာ ၉ရက်နေ့ မှ စတင်ပြီး ဘင်္ဂလီလူမျိုးများအား နိုင်ငံသားဖြစ်ရေးနှင့် မဖြစ်ရေးကို စစ်ဆေးနေရာ လက်မှတ်ရေးထိုးရန် ငြင်းဆန်နေသဖြင့် အချိန်နှင့် တပြေးညီ လုပ်ငန်းများကို မလုပ်ဆောင်နိုင်ဘဲ ဖြစ်နေသည်ဟု သတင်း ရရှိသည်။


ယခုစစ်ဆေးနေသည့် ကျေးရွာများမှာ ဆင်တမော်၊ ကြိမ်နီပြင်၊ ငှက်ချောင်း(ပုဏ္ဏားကြီး)၊ ဆည်သုံးတန်(င၀က် ချောင်း)၊ ပြိုင်းတောင်တို့ ဖြစ်ကြသည်။



အဖွဲ့ ၁၅ဖွဲ့ခွဲပြီး စစ်ဆေးရာတွင် တဖွဲ့ တစ်ခုတွင် အဖွဲ့ဝင် ၁၅ဦးပါပြီး ထိုအထဲတွင် ရခိုင်မှတဦးနှင့် မွတ်ဆလင်များ ဘက်မှ တစ်ဦးစီ ပါဝင်သည်ဟု သိရသည်။

(By Aarakan Thein)

လူသားစင်စစ်တို့အား ပေါက်တောမြို့နယ်တွင် စိစစ်သည့် တစ်နေ့တာ အတွေ့အကြုံ


by Coral Arakan News Agency on Saturday, November 10, 2012 at 1:26pm ·

By Thaung Kwre

စစ်တွေ ၊ ၁၁ နိုဝင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊

၂၀၁၂-ခုနှစ် နိုဝင်ဘာလ (ရ) ရက်နေ့ မနက်ကိုးနာရီလောက်မှာ စိစစ်ရေးအလုပ်ကို စပါတယ်။ ဆင်တက်မော်ရွာက မိုင်ဝက်မရှိတရှိ အလျားရှည်ရှည်နဲ့ ရွာကြီးဖြစ်ပါတယ်။

နဂိုရှိပြီးသားစာရင်းတွေအရ ဆင်တက်မော်ရွာမှာ အိမ်ခြေလေးရာကျော်ရှိတယ် လို့ဆိုတယ်။ ဒါပေမဲ့ စာရင်းမပေါက်ပဲနဲ့ မြေကြီးပေါ်ပေါက်နေတဲ့အိမ်တွေနဲ့ ပေါင်းလိုက်တဲ့အခါ အိမ်ခြေ (၇၆၀) လောက်ဖြစ်နေတယ်။ အဲသည်အိမ်ခြေ(ရ၆၀)လောက်ကို စစ်တွေတို့ ကျောက်ဖြူတို့က ရောက်လာကြတဲ့ အာဂန္တု ဘင်္ဂါလီအိမ်ထောင်စုပေါင်း (၆၄၂) စု နဲ့ ပေါင်းလိုက်တဲ့အခါ ရှိသင့်တဲ့ လူဦးရေထက် သုံးဆလောက်ရှိနေတဲ့ မဟားဒယားရွာကြီးဖြစ်နေတော့ တယ်။ အဲသလို ဘင်္ဂါလီအင်အား မတရားကြီးမားလာတာကြောင့် အနီးအနားက ရခိုင်ရွာသူရွာသားတွေရဲ့ မျက်နှာတွေကို ကြည့်လိုက်ရင် မျက်နှာလေးတွေက ဇီးရွက်လောက်ပဲ ရှိကြတော့တာကို တွေ့ရတယ်။ သူတို့(ရခိုင်ရွာသားတွေ)ရဲ့ရင်ထဲမှာ အကြောက်တရားနဲ့ လေးလံဖိစီးနေကြတယ်။

ဆင်တက်မော်(ဘင်္ဂါလီ)ရွာကို အပိုင်း သုံးပိုင်းခွဲလိုက်ပြီးတော့ အဖွဲ့သား (၁၈) ယောက်စီ ပါတဲ့ စစ်ဆေးရေးအဖွဲ့ သုံးဖွဲ့က တစ်ယောက်တစ်ပိုင်းစီဝင်ကြတယ်။ အဖွဲ့တစ်က ပထမဆုံးအပိုင်း၊ အဖွဲ့နှစ်က ဘာသာရေး စာသင်ကျောင်း တစ်ကျောင်းရှိတဲ့ ရွာလယ်ပိုင်း၊ ကျွန်တော် (ကောင်းဇံဝေ)တို့ကတော့ ရွာအဆုံး အပိုင်းပေါ့လေ။ အဲသလို ခွဲခြမ်းပြီး မနက်ကိုးနာရီမှာ စစ်ဆေးရေးအဖွဲ့တွေ အလုပ်စကြတယ်။

စစ်ဆေးရေးအဖွဲ့လာတယ်ဆိုလို့လားတော့မသိဘူး။ ရွာလမ်းပေါ်မှာ လူတွေ (ဆိုလိုတာက ကုလားတွေ) ချည်းပဲ။ ဘယ်လောက်ထိများသလဲ ဆိုတော့ သုံးပေ ပတ်လည် နေရာ တစ်ကွက်လောက်မှာ ကုလားနှစ်ယောက်လောက် ရပ်နေကြသလားလို့ ထင်ရတယ်။ အဲသလောက်ကို သူတို့ စုစု စုစု နဲ့ သွားလာ နေကြတာ။ ဟေ့ . . . သွားကြ၊ ကိုယ့်အိမ်ကိုယ်ဝင်ကြ ဆိုလည်း . . . နာမလည်လို့ပဲလား၊ တမင်သက်သက်ပဲလားတော့ မသိဘူး။ လမ်းမပေါ်မှာ . . . ကျွန်တော်တို့အနီးတစ်ဝိုက်မှာ . . . အဲသည် ပုဂ္ဂိုလ်မြတ်တွေ ရှိနေတာပါပဲ။

ပထမဆုံးအိမ်ကို ၀င်စစ်တယ်။ အိမ်ကလူတွေ ဆင်းလာခဲ့ဆိုတော့။ လူသား စင်စစ် ခြောက်ယောက်ဆင်းလာတယ်။ မိဘ က နှစ်ယောက်၊ သားသမီးက လေးယောက်။ လ၀ကဌာနရဲ့ ပုံစံလေးမျိုးနဲ့ စစ်တယ်။ မိဘ၊ မိဘရဲ့မိဘ၊ မိဘရဲ့ မိဘရဲ့မိဘ စသည်ဖြင့် စစ်ဆေးမေးမြန်းကြတယ်။ ကျွန်တော် ကြည့်မြင်ရသလောက်ကတော့ သူတို့တစ်ယောက်နဲ့ တစ်ယောက်ပြောတာကွဲလွဲသွားမလား လောက်ကိုပဲ စောင့်ဖမ်းပြီး စစ်နေတဲ့ ပုံပဲ။ သူတို့ပြောရင် ပြောတဲ့အတိုင်း လ၀ကတွေက ရေးမှတ်တာကို တွေ့ရတယ်။ သူတို့ထွက်ဆိုတဲ့အတိုင်း ဟုတ်မဟုတ်ကို စစ်ဆေးနိုင်တာကို မတွေ့ရဘူး။ သူတို့ပြောတာကို ဟုတ်မဟုတ် verify လုပ်နိုင်မယ့်စနစ် လ၀ကတွေမှာရှိတယ် လို့ လည်း မကြားမိဘူး။ နောက်တော့မှ verify လုပ်ပါ့မယ်လို့ လ၀ကတွေ ပြောတာ ကိုလည်း မကြားမိဘူး။

ဓါတ်ပုံနဲ့ တိုက်ဆိုင်စစ်ဆေးခြင်းလည်းမရှိဘူး။ လက်ဗွေနဲ့ စစ်ဆေးတာမျိုးကိုလည်း မမြင်မိဘူး။ သူတို့က ငါ မောင်နီလို့ ပြောရင် မောင်နီ လို့မှတ်လိုက်တာပဲ။ အဖေက မောင်မဲ ဆိုရင် မောင်မဲ လို့ ချောကနဲ မှတ်သားလိုက်တာပါပဲ။ ရခိုင်စကား ဗမာစကားလုံးဝမတတ်တဲ့ အဲသည် လူသားစင်စစ်တွေကို ခေါ်တော စကားပြန်တွေ ကနေ တစ်ဆင့် မေးမြန်းရပါတယ်။

အဲသည် ပတမအိမ်မှာပဲ ပထမဆုံး အဖုအထစ်နဲ့ တွေ့ရတော့တာပဲ။ အိမ်အောက်မှာ စစ်ဆေးရေးအဖွဲ့က စစ်ဆေးနေတာကို အိမ်အပေါ်ထပ်မှာ ခပ်တည်တည်နဲ့ စောင့်ကြည့်နေတဲ့ လူသားစင်စစ်တွေရှိနေတယ်။ သူတို့ကတော့ ခပ်တည်တည်ပဲ၊ ဒီအတိုင်းထိုင်နေတယ်။ ဒီလူတွေက ဘယ်သူတွေတုန်း လို့မေးတော့၊ မကြာခင်ကမှ ကျောက်ဖြူက ရောက်လာတဲ့ ကမန်လူမျိုးတွေပါ လို့ဖြေတယ်။ ဒီမှာ နေတာလား ဆိုတော့၊ ဟုတ်တယ် နေတယ်တဲ့။

ဒီတော့မှ လ၀ကတွေ ဖုန်းထုတ်ဆက်ပြီး ညွှန်ကြားချက်တောင်းကြတယ်။ ညွှန်ကြားချက်တွေရတော့ အဲသည် လူသားစင်စစ်တွေကို စိစစ်တယ်။ မှတ်တမ်းတင် တယ်။ မင်းတို့တတွေ ဒီအိမ်ကနေ မလျော့စေနဲ့၊ နောက်ပြီးတော့ မတိုးစေနဲ့ လို့ ကြပ်ကြပ် မှာကြားရတယ်။

မနက်ပိုင်းအလုပ်ကို ဆယ်နှစ်နာရီခွဲမှာ ရပ်လိုက်တဲ့အချိန်မှာ အိမ်ထောင်စု ခုနစ်စု ရှစ်စုလောက်ကို ပဲ စိစစ်လို့ပြီးပါသေးတယ်။ သုံးနာရီခွဲ အချိန်အတောအတွင်းမှာ မိသားစု ရှစ်စုကို စစ်လို့ပြီးတယ် ဆိုတော့ ပျမ်းမျှခြင်းအားဖြင့် တစ်အိမ်ထောင်ကို (၂၇)မိနစ်လောက် ကြာတဲ့သဘောပေါ့။

အဲသည်မနက်ပိုင်းမှာ အဖွဲ့နှစ်နဲ့စပြီး ပြဿနာတက်နေပြီ။ အဖွဲ့သုံး နဲ့ တွဲထားတဲ့ ကောင်းဇံဝေ တို့က အဲသည်အချိန်မှာ ပြဿနာစပြီးဖြစ်နေမှန်း မသိသေးဘူး။ အဖွဲ့နှစ်ကို ဘင်္ဂါလီတစ်ယောက်က စတင်ပြီး ငြင်းဆိုခြင်းကိုခံရပါတယ်။ ဘင်္ဂါလီလို့ရေးထားရင် သူလက်မှတ်မထိုးနိုင်ဘူး တဲ့။ ရိုဟင်ဂျာ လို့ ရေးသွင်းမှ သူလက်ခံမယ်လို့ပြောပါတယ်။ လ၀က စစ်တွေခရိုင်မှူးလည်း အဲသည်အဖွဲ့နဲ့ တစ်ပါတည်း ပါသွားတဲ့အတွက် သူက အဲသည် သကောင့်သားကို ရှင်းပြပါတယ်။ ဒါပေမဲ့ အဲသည်လူသားစင်စစ်က လက်သင့်မခံပါဘူး။ အဲသည်အချိန်မှာ တပ်ရင်းမှူးတစ်ယောက်က အဲသည်အနီးကနေဖြတ်သွားတာနဲ့ကြုံလေတော့၊ တပ်ရင်းမှူးကနားချတယ်။ ဖြောင်းဖျတယ်။ ရိုဟင်ဂျာ ဆိုတာ အစိုးရကို လက်နက်ကိုင် ပုန်ကန်နေကြသူတွေပေါ့။ ခင်ဗျား ဒုက္ခရောက်သွားနိုင်တာကို တွေးမကြောက်ဘူးလား၊ ဘာ ညာ ပေါ့။ နောက်ဆုံးတော့ ဘာပဲဖြစ်ဖြစ် လက်မှတ်ထိုးဖြစ်သွားတယ်နဲ့ တူပါတယ်။

ဒါပမဲ့ သူတို့တတွေဟာ ကောင်ဇံဝေတို့ ထမင်းစားထွက်သွားတဲ့အချိန်မှာ အစည်းအဝေး လုပ်ကြတယ်လို့ ဆိုတယ်။ ( ရဲဘော်တို့၊ ရန်ကုန်က ဖုန်းလာတယ်။ အသင်တို့ဟာ ရိုဟင်ဂျာလူမျိုးဖြစ်တယ် လို့သူတို့ကပြောတယ်။ စသည်ဖြင့် ဘာဘာညာညာ ပြောကြတာ နေရင်နေမှာပေါ့။)

လုံခြုရေးအရ ရွာထဲမှာ ထမင်းစားဖို့ ရေသောက်ဖို့ အဆင်မပြေတဲ့အတွက်၊ ကောင်းဇံဝေတို့တတွေ ရခိုင်ရွာတစ်ရွာကို ထမင်းစားသွားကြပြီး စက်လှေနဲ့ပြန်လာတယ်။ မွန်းလွဲနှစ်နာရီလောက် ရွာကို ပြန်ဝင်လာတဲ့အချိန်မှာ ရွာထဲမှာ ရုတ်ရုတ် ရုတ်ရုတ်နဲ့ ဂနာမငြိမ်ဖြစ်နေတဲ့ သဘော ရှိတယ်။ ရွာရဲ့လမ်းဆုံတိုင်း လမ်းဆုံတိုင်းမှာ လူသားစင်စစ် သုံးလေးဆယ်လောက်စီ စုစု စုစုနဲ့ ဂဏာမငြိမ် ဖြစ်နေကြတယ်။ ဟေ့ ဟေ့  လူစုမနေကြနဲ့၊ ကိုယ့်အိမ်ကိုယ်ပြန်ကြစမ်း ဆိုတော့ ခဏလေး လူစု ကွဲသွားခဲ့တယ်။ ဒါပေမဲ့ ချက်ချင်းပဲ အားကောင်းမောင်းသန် ဘင်္ဂါလီလူငယ်တွေ လမ်းဆုံတွေကို ချက်ချက်ရောက်လာကြပြီးတော့ နေပူကျဲတဲကြီးမှာ ကောင်းဇံဝေတို့ပြန်တဲ့ အချိန် ညနေ ငါးနာရီအထိ ခြင်းလုံးခတ်နေကြတော့တယ်။          

မွန်းလွဲပိုင်းမှာ ပထမဆုံးစကောက်တဲ့ အိမ်ကပဲ စပြီးငြင်းဆိုပါတယ်။ ရိုဟင်ဂျာလို့ မရေးသွင်းရင် လက်မှတ်မထိုးနိုင်ဘူး လို့ သူတို့က ငြင်းဆိုတယ်။ အဲသည်နေ့ မွန်းလွဲပိုင်း တစ်ပိုင်းလုံး စစ်သမျှအိမ်တွေဟာ တစ်ပြိုင်တည်း ဥာဏ်စဉ် ပွင့် သွားပြီးတော့ ရိုဟင်ဂျာလို့ မရေးသွင်းရင် လက်မှတ်မထိုးဘူး လို့ ငြင်းဆိုကြပါတယ်။

ဘာကြောင့် လက်မှတ်မထိုးဖြစ်သွားရတာလဲ လို့မေးတော့ နော်ဘူဇေး(မသိဘူး)လို့ အတူပါလာတဲ့ ဘင်္ဂါလီကိုယ်စားလှယ်တွေက ဖြေပါတယ်။ အဲဒီတော့ ဒီလူတွေ လက်မှတ်မထိုးနိုင်ဘူးဆိုပြီး လုပ်နေတာကို မင်းတို့က သက်သေရှိပါတယ် လို့ လက်မှတ်ထိုးပေးပါ ဆိုတော့ အဲသည်ကိုယ်စားလှယ်တွေကပါ လက်မှတ်မထိုး နိုင်ဘူး ဖြစ်ပြန်ရော။ လက်မှတ် မထိုးကြောင်းကို လက်မှတ်ထိုးမပေးနိုင်ဘူးလို့ ပြောကြတယ် လို့ပဲ ဆိုပါတော့။

နောက်ဆုံးတော့ အဲသည်ကိုယ်စားလှယ် နှစ်ယောက်ကပြောတယ်။ ကျွန်တော်တို့ လူကြီးတွေက ဘင်္ဂါလီလူမျိုးအနေနဲ့ လက်မှတ်မထိုးရဘူး ဆိုပြီး ညွှန်ကြားလို့ပါ ဆိုပြီး ပြောပြတယ်။ ရန်ကုန်ကလူကြီးလား၊ စစ်တွေဒုက္ခသည်စခန်းကို ရောက်နေကြတဲ့ လူကြီးတွေလား ဆိုတာကို သူက ဘာမှမပြောပြပါဘူး။


. . . . . . . . . . . . . . . . . . . . . . . .  . . .

မြင်တွေ့ရတဲ့ အားနည်းချက်တွေကိုပြောရမယ် ဆိုရင်

(၁) ဓါတ်ပုံတို့၊ လက်ဗွေတို့နဲ့ တိုက်ဆိုင်စစ်ဆေးခြင်းကို မတွေ့ရဘူး။

(၂) စိစစ်နေချိန်အတွင်းမှာ ရွာကို ပတ်ပတ်လည် ၀ိုင်းထားတယ် ဆိုတဲ့ တပ်အင်အားက လုံလောက်မှုမရှိပါဘူး။ စစ်ဆေးရေးမရောက်ခင်မှာ အနီးအနားက တောင်ထက်ကို လူတစ်ရာလောက်တက်သွားတာကိုတွေ့ရတယ် ဆိုတာတို့၊ စက်လှေနှစ်စီးနဲ့ ကုလားအယောက် သုံးဆယ် ဘုတ်နှစ်စိးနဲ့ စစ်တွေကို ရှောင်သွားတယ်ဆိုတာတို့ ကြားရတယ်။ ဒီလိုမျိုး မဖြစ်ရအောင် ပိတ်ဝိုင်းနိုင်ရမယ်။

(၃) အဖွဲ့နဲ့အတူ ထည့်ပေးလိုက်တဲ့ လုံခြုံရေးခြောက်ယောက်အင်အား ဟာ တစ်ကယ်ဖြစ်လာရင် မိမိအဖွဲ့ကို ဘယ်လိုမှ မကာကွယ်နိုင်ပါဘူး။

. . . . . . . . . . . . . . .

ကောင်းဇံဝေတွေ့ခဲ့ရတဲ့ စိတ်ဝင်စားစရာတစ်ခုကတော့၊ ၁၉၈၂-ခုနှစ်ဖွား ဘင်္ဂါလီတစ်ယောက်ရဲ့ နာမည်ခေါ်လိုက်တဲ့အခါ အသက် ခုနစ်နှစ်အရွယ်တစ်ယောက်ကို သွား . . . သွားချေ လို့ ရှေ့ကိုလွှတ်လိုက်ပါသတဲ့။ ဒါ . . . ဘယ်လိုဖြစ်ရတာလဲ၊ ငါတို့ ခေါ်တဲ့လူက အသက်သုံးဆယ်လောက်ရှိရမှာလို့ စိစစ်ရေးမင်းများက မေးမြန်းတဲ့အခါမှာ၊ ကလေးအမေက ဒီလို ဖြေပါသတဲ့။ အရင်လူက သေပြီ၊ ဒီကလေးက သူ့အစားထည့်ထားတာ လို့ဆိုပါသတဲ့။

( သောင်းကြွယ် ရေးသားသည်။)
လူမျိုး ရိုဟင်ဂျာအဖြစ်ရေးသွင်းမှသာ လက်မှတ်ရေးထိုးနိုင်မည်ဟု နိုဝင်ဘာလ ခုနစ်ရက်နေ့က နိုင်ငံသားဖြစ်ခွင့်ရှိမရှိ စိစစ်ရေးအဖွဲ့များအား ငြင်းဆိုကန့်ကွက်သည့် ပထမဦးဆုံးသော ဘင်္ဂါလီဟု ဆိုကြသူ

အမျိုးသား လွှတ်တော် တွင် လ၊၀၊က ဝန်ကြီး၏ ဆွေးနွေးတင်ပြချက် ။

စာမျက်နှာ(၁၄)

ပန်းတနော်ရဲနှင့်နေမျိုးဇင်


Nay Myo Zin မနက်ဖြန်တွင် ပန်းတနော် မြို့နယ် အတွင်းမှ ခနွဲကဘို ကျေးရွာ လေးတွင် ကျေးရွာသားများ နှင့် အင်းသူကြီး ဘက်တော်သားများ ပြသနာ တစုံတရာ ဖြစ်ပွားမည်မှာ သေချာနေသလောက်ဖြစ်သည်။

ရွာသားများ နှင့် အင်းသူကြီး ဘက်တော်သားများ အကြား တင်းမာမှု အမြင့်မားဆုံး တခု ဖြစ်နေပေပြီ။ အင်းသူကြီးကလည်း ရဲတပ်ဖွဲ့ ငါးဆယ်ခန့်ကို သူ့ အင်းခြံဝင်းထဲတွင် လက်... နက်များဖြင့် အစောင့်ချထားသည်။

ရွာအုပ်ချုပ်ရေး အဖွဲ့များက အပြစ်မဲ့ရွာသား ဆယ့်နှစ်ဦးကို အင်းသူကြီး အလိုတော် အတိုင်း မတရား အကွက်ဆင် ဖမ်းဆီးရန် လက်မှတ်များ လိမ်လည် ထိုးခိုင်းခြင်းကို ရွာသားများက ငြင်းဆိုနေကြသည်။။ အင်းသူကြီး ( လွှတ်တော် ကိုယ်စားလှည် ဧ၊် အကို ) ပိုင်ဆိုင်သော ရှော ခေါ် ချောင်းပိတ်ပြီး ငါးဖမ်းသည့် ငါးဖမ်းနေရာကို ထိုရွာသား ဆယ့်နှစ်ဦးက ဖျက်ဆီးရန် ကြံစည်ကြိုးပမ်းပါသည် ဟူသော ခံဝန်ချက် စာရွက်ကို ကျေးရွာ အုပ်ချုပ်ရေးမှူးက အတင်း လက်မှတ်ထိုးခိုင်ခြင်း ခံရသည့် ကျေးရွာသားဆယ့်နှစ်ဦး ဘက်တွင် မည်သူမျှ မရှိ။ ကာကွယ်ပေးသူမရှိ၊

ယနေ့ ကျနော်တို့ ရောက်သွားသော အခါတွင် ကျေးရွာသားတို့မှာ လွန်စွာ အားတက်သွားပြီး သူတို့ ၁၈ နှစ် တိုင်တိုင် ခါးစည်း ခံနေရသော မတရားမှုများကို ရင်ဖွင့် တိုင်တန်းပါတော့သည်။

ထိုကျေးရွာသည် ဒေသမှ အင်းသူကြီးများဧ။် ရက်စက်စွာ ဖိနှိပ်အုပ်ချုပ်မှုအောက်တွင် အင်းသူကြီး နံမည်ကိုပင် မပြောရဲအောင် ကြောက်လန့်ခြောက်ခြားနေကြရှာသည်ကို သနားစဖွယ်တွေ့ရသည်။

လူလူချင်း အပြစ်ရှိရှိ မရှိရှိ ဖမ်းဆီး ရိုက်နှက်ခြင်း ခံရတတ်ပြီ။ သူတို့ ကျေးရွာတရွာလုံး ငါး ဖါး မစားနိုင်ကြရှာပါ ဖမ်းဆီးခွင့် မရှိပါ။ အလွန်ဝေးကွာသော ကျေးရွာများတွင် သွားေ၇ာက်ပြီး သားငါး ၀ယ်စားနိုင်သူများသာ ငါး စားနိုင်ကြသည်။ အင်းသူကြီးက အရာရာကို ချုပ်ကိုင်ထားသော ဘ၀များအောက်တွင် ဆင်းရဲ ပင်ပန်းကြောက်လန့်စွာဖြင့် နေနေရသော သူတို့ ဘ၀များကို ကြည့်ရင်း သံတိုင်၊ မရှိသော်လည်း ထောင်သား ဘ၀ နှင့် တူသည့် ခေါင်ဖျားသော ကျေးရွာလေးဖြစ်သည့် ပန်းတနော် မြို့နယ် အတွင်းမှ ခနွဲကဘို ကျေးရွာလေး အကြောင်းကို အချိန် ရသလောက် မေးမြန်း လေ့လာ မှတ်တမ်း တင်လာခဲ့ပါသည်။

မနက်ဖြန် မနက်တွင် ထိုကျေးရွာသို့ပင် မိမိတို့ ကွန်ယက်မှ ကိုအေးကျော်က သူ့ကားဖြင့် ထပ်မံ ကာ သတင်း သွားနားထောင်ပါမည်။ သတင်းထောက်များ ထိုကျေးရွာသို့ လိုက်ပါသတင်းယူလိုပါက ဖုန်း 095136767 သို့ ဆက်သွယ်ပြီး လိုက်ပါလိုကြောင်း စာရင်းပေးကာ ဆက်သွယ်နိုင်ပါသည်။

ကျနော်က မနက်ဖြန် ညနေတွင် မန္တလေးမြို့တွင် ရှိမည်ဖြစ်ပြီး ၊ ပြင်ဦးလွင် အထိသွားရောက်ကာ ပရဟိတ အဖွဲ့ကြီးများနှင့် ဆက်လက်လက်တွဲ ဆောင်ရွက် နိုင်မည့် အကြောင်းအရာများ၊ ပြည်ထောင်စု လူငယ်ခေါင်းဆောင်များဖြင့် နယ်လှည့် အခမဲ့ ကွန်ပျူတာ နည်းပညာ သင်ကြားနိုင်ရေး စီမံကိန်းကြီး အကြောင်းများကို ဖိတ်ခေါ် ဆွးနွေးမည်ဖြစ်ပါသည်။

ခါး ဆစ် ကျန်းမာရေး အခြေအနေကြောင့် အလှူရှင် တဦးဧ။် ဖိတ်ခေါ်ချက်စီစဉ်ပေးမှုဖြင့် အသွားအပြန် လေယာဉ်ဖြင့် သွားရောက်ရန် ခရီးစဉ်ကို ရေးဆွဲထားပါသည်။

.......................

ကျေးရွာလူထုက မိမိတို့ဘက်တွင် ရှိပြီး ပြည်သူ့ ရဲတပ်ဖွဲ့တို့က ခရိုနီ ကြီးဧ။် ပိုင်ဆိုင်မှု စည်းစိမ်ကို သေနက်များဖြင့် ကာကွယ်စောင့်ရှောက်နေကြသည်။ ကျေးရွာသားတို့ကို အုပ်ချုပ်ရေးမှူးလုပ်သူက မတရား အကွက်ဆင် ဖမ်းဆီး ထောင်ချ၇န် ကြိုးပမ်းနေသည်။ တရွာလုံးက ထို ခရိုနီ အင်းသူကြီးကို အလွန်တရာ စက်ဆုပ် ရွံရှာနေသည်ကို မြင်ကြားခဲ့ရသည်။ ၀မ်းနည်း ဖွယ် အကောင်းဆုံးမှာ ယမန်နေ့ ည ၁၁ နာရီက အားချင်း ရောက်ရှိ တပ်စွဲလာသော ရဲတပ်ဖွဲ့ဝင် ငါးဆယ်ခန့်သည်၊ အင်းသူကြီးဧ။် ခြံဝင်းထဲတွင် တပ်စွဲ စောင့်ကြပ်ပေးနေပြီး ၊ ရွာသားတို့က ထို ရဲတို့သည် ရွာကို ကာကွယ်စောင့်ရှောက်ရန် လာသူများ မဟုတ်ပဲ ။ ရွာကို ဖိစီးနှိပ်စက်နေသူများကို ကာကွယ်စောင့်ရှောက်နေသူများဖြစ်သောကြောင့် လွန်စွာ စက်ဆုပ် ၀မ်းနည်းမိပါသည် ဟူသော စကား တခွန်းကို ကြားပြီးနောက်


ကားပြိုင်မောင်း၍ ရမ်းကား ခဲ့သူများ အနက် ၁၁ ဦး ဖမ်းဆီးရမိ

The Voice Weekly

ရန်ကုန်မြို့တော်၌ ညနက်ပိုင်း အချိန်များတွင် ကားပြိုင်မောင်းကာ မင်းမဲ့ စရိုက် ဆန်စွာ ရမ်းကားခဲ့သူ ၂၁ ဦးခန့်မှ ၁၁ ဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းမှတ်တမ်း များအရ သိရသည်။

ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရား လမ်းပေါ်ရှိ ဟာမစ်တစ် မှတ်တိုင် အနီးတွင် အောက်တိုဘာလ ၂၃ ရက် ည ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်က ကားပြိုင်မောင်း သူ လူငယ်ကိုးဦး၏ ဝိုင်းဝန်းရိုက်နှက် ခဲ့မှုကြောင့် နှင်းဆီကုန်း ဘိုးဘွား ရိပ်သာ၌ သန့်ရှင်းရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်သူ အသက် ၃၁ နှစ် အရွယ် အမျိုးသားတစ်ဦးသေဆုံးသွား ခဲ့သည်။
...
အရာရှိကြီးတစ်ဦး၏သားက ထိုရန်ပွဲတွင် ခေါင်းဆောင်အဖြစ် ပါဝင်ပြီး ၄င်းနှင့်အပေါင်းအပါထဲတွင် သင်္ဘောသားတစ်ဦးလည်း ပါသည်ဟု စုံစမ်းသိရှိထားကြောင်း သေဆုံးသွားသူ ကိုရဲကျော်သူ၏ မိသားစုက စုံစမ်းထား မှုကို The Voice Weekly သို့ ပြောကြားသည်။

"ကာယကံရှင်ရဲ့အဒေါ်လို့ပဲ ပြောတယ်။ အမှုပိတ်ပေးဖို့ လာသွား တာပါ။ ငွေသိန်း ၂၀ ပေးမယ်လို့ပြော တယ်။ နာမည်လုံးဝ မပြောဘူး။ ဂျာနယ် မှာပါမှ ကျွန်မတို့တူလေး ဒီလောက် အဖြစ်ဆိုးတာ သိရတာပါ" ဟု သေဆုံးသူ၏ အဒေါ်ကပြောပြသည်။
ယင်းအမှုတွင်ပါဝင်ခဲ့သူ လူငယ် ကိုးဦးအနက်မှ လေးဦးမှာ ကျန်ရှိခဲ့သော ကားအနီးသို့ ပြန်လည်ချဉ်းကပ် လာစဉ် မျက်မြင်သက်သေများ၏ သတင်းပေးမှုဖြင့် ဖမ်းဆီး ထိန်းသိမ်း နိုင်ခဲ့ကြောင်း၊ ကျန်ရှိသည့်ငါးဦးကို ၄င်းတို့၏ နေအိမ်တွင် သွားရောက်ရှာ ဖွေရာ ညတွင်းချင်း ဖမ်းဆီးရမိခဲ့ကြောင်း ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းတာဝန်ရှိသူ တစ်ဦးက ပြောကြား (သတင်းဖော်ပြပြီး The VoiceWeekly Vol.8, No.44) သည်။

နိုဝင်ဘာ ၁ ရက်နေ့ နံနက် ၁ နာရီ အချိန်ခန့်က ကမာရွတ်မြို့နယ် (၂) ရပ်ကွက် အင်းစိန်လမ်းနှင့် စံရိပ်ငြိမ် (၃) လမ်း (Excellent Studio) ရှေ့တွင် ပြိုင်ကား တစ်စီး အပါအဝင် ယာဉ်လေးစီးမှ လူခုနစ်ဦး က အခြား ကိုယ်ပိုင်ယာဉ်နှင့် ယာဉ်ပေါ်လိုက်ပါသူ များကို သံတုတ်၊ သစ်သားတုတ်များ ဖြင့် ရိုက်နှက်ခဲ့မှုကို ကမာရွတ် ရဲစခန်းက (ပ)၄၇၃/၁၂၊ ပုဒ်မ- ၄၄၀/၃၃၈/၃၂၅/ ၃၅၄/၂၉၄/ ၅၀၆/၁၁၄ ဖြင့် အမှုဖွင့် အရေးယူခဲ့ရာ တရားခံခုနစ်ဦးအနက်မှ နှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

ထို့အတူ အောက်တိုဘာလ ၂၈ ရက်နေ့ည ၁၁ နာရီ ၃၀ မိနစ်အချိန် ခန့်က ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်း မီးပွိုင့်တွင် မီးနီ၍ရပ်ထား သော အနက်ရောင် ကိုယ်ပိုင်ယာဉ် တစ်စီးကို ကားပြိုင်မောင်းသူများက သံပိုက်များဖြင့် ရိုက်နှက်မှုတွင် တရားခံ ဟုယူဆရသူများကို ဖမ်းဆီး ရရှိခဲ့သည် ဟု တရားလိုဖြစ်သူက ပြောကြားရာ ယင်းနှင့်ပတ်သက် ၍ ကျောက်တံတား မြို့နယ်ရဲစခန်း သို့ အတည်ပြုရန် မေးမြန်း ခဲ့ရာတွင် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၃၅/၄၂၇/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားပြီး အသေးစိတ် ကိုမူ ဖြေဆိုခွင့်မရှိကြောင်း တာဝန်မှူးက
ပြန်လည်ပြောကြားသည်။

ရန်ကုန်မြို့တော်၌ ညနက်ပိုင်း အချိန်များတွင် အုပ်စုဖွဲ့၍ မင်းမဲ့စရိုက် ဆန်ဆန်ဖြစ်ပွားသော မှုခင်းအချို့၌ ပြစ်မှုကျူးလွန်သူများတွင် လုပ်ငန်းရှင် ကြီးများနှင့် နိုင်ငံ့ဝန်ထမ်း အရာရှိကြီး များ၏ သားသမီးများ ပါဝင်သော်လည်း ပြစ်မှု ကျူးလွန်သူ မည်သူ့ကိုမဆို ရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ကိုယ်တိုင်ကိုယ်ကျ မြေပြင်ကွင်းဆင်းသွားခဲ့တဲ့ ပုဂ္ဂိုလ်ရဲ့စကားက ဒီလို

U U Mhaw Sayar ( အဖြူရောင်စာမျက်နှာ )

ချောင်းထဲသို့အရောက် အမှိုက်စွန့်ပစ်နေရတဲ့ တာမွေသူများ

Myanmar ICT

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး၏ စီးပွားရေး မြို့တော်ကြီးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီးမှာပါ။ လူတွေစည်ကားလှတဲ့ တာမွေအ၀ိုင်းနဲ့ မလှမ်းမဝေးမှာ တည်ရှိနေတဲ့ ရန်ကုန်မြစ်နဲ့ ချိတ်ဆက်နေတဲ့ ပုဇွန်တောင် ငမိုးရိပ်ချောင်းအနားမှာ နေထိုင်နေကြတဲ့ အိမ်ယာသူ၊ အိမ်ယာသားများရဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ ဖြစ်စဉ်လေး တစ်ခုကို ဤတစ်ပတ် စာဖတ်သူများထံ မျှဝေပေးလိုက်ပါတယ်။

အမှိုက်သိမ်းကားဆိုတာ ဘယ်လို ပုံစံမျိုး မသိ၊ မမြင်ဖူးကြတဲ့ ထိုအိမ်ယာဝန်းထဲမှ အမှိုက်စွန့်ပစ်သူများမှတော့ အိမ်ယာဝန်းမှ တာဝန်ရှိသူများ ချိတ်ဆွဲထားတဲ့ “အမှိုက်များကို ချောင်းထဲသို့ ရောက်အောင် သွန်ပါ” ဆိုတဲ့ စာတန်းလေးကို တာဝန်သိတတ်သူများအဖြစ် လိုက်နာ ဆောင်ရွက်နေကြသည်မှာ နှစ်နှင့် ချီ၍ ကြာရှိနေခဲ့ပါပြီ။

အိမ်ယာဝန်းမှ တာဝန်ရှိသူတစ်ဦးရဲ့ အဆိုအရတော့ “ကျွန်တော်တို့က စည်ပင်သာယာမှ တာဝန်ရှိသူများနှင့် စကားပြောပြီးပါပြီ။ ဒါပေမယ့် သူတို့က အမှိုက်ကား မလောက်ငှသည်က တစ်ကြောင်း၊ အိမ်ယာဝန်းထဲ လာဖို့ အခက်အခဲရှိသည်က တစ်ကြောင်း အစရှိသည့် အကျိုးအကြောင်းတို့ကြောင့် ဒီအိမ်ယာဝန်း စတင် တည်ဆောက်ခဲ့တဲ့ လွန်ခဲ့သော ဆယ်စုနှစ်ကတည်းက အမှိုက်သိမ်းစနစ်ဆိုတာ ဒီမှာ မရှိခဲ့တာပါ။ အမှိုက်တွေကို ချောင်းနားမှာ လာလာစွန့်ပစ်ကြလို့ အနံ့အသက် မကောင်းသည့်အတွက်ကြောင့် “အမှိုက်များကို ချောင်းထဲသို့ ရောက်အောင် သွန်ပါ” ဆိုတဲ့ ဆိုင်းဘုတ်ကို ချိတ်ဆွဲပေးထားတာပါ။ နည်းလမ်း မရှိတော့ဘူးလေ"ဟု ပြောကြားခဲ့ပါတယ်။
အိမ်ယာဝင်းအတွင်း အနံ့အသက် ကင်း အမှိုက် ရှင်းသွားသော်လည်း ချောင်းထဲမှာ နေ့စဉ်နှင့်အမျှ မျှော စီးဆင်းနေတဲ့ လူထောင်ပေါင်းများစွာ လွှင့်ပစ်ထားသော အမှိုက်သရိုက်တွေကတော့ နာမည်ကျော် ငမိုးရိပ်ချောင်းရဲ့ သဘာဝအလှကို ပျက်စီးစေသလို၊ မြို့ပြ အဂါင်္ရပ်နှင့်အတူ သဘာဝ ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေပါတယ်။

အိမ်ယာဝင်းထဲသို့ လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားသားများမှလည်း ထိုမြင်ကွင်းကို တွေ့တိုင်း နှာခေါင်းရှုံ့ချသည့်အတွက်ကြောင့် ဤကဏ္ဍမှာ ရေးသားတင်ပြလိုက်ပါတယ်။မ