Wednesday, November 14, 2012

"အိုဘားမား မြန်မာပြည်တွင် မိန့်ခွန်းပြောမည်"

The Voice Weekly
ရန်ကုန်၊ နိုဝင်ဘာ ၁၄
... အမေရိကန် ပြည်ထောင်စု သမ္မတ အဖြစ် ဒုတိယ အကြိမ် ရွေးချယ်ခြင်း ခံရသော သမ္မတ ဘားရက် အိုဘားမား ပထမဆုံး အကြိမ် မြန်မာ နိုင်ငံသို့ လာရောက်မည့် ခရီးစဉ် အတွင်း မြန်မာ ပြည်သူ လူထုအား မိန်ခွန်း ပြောကြားမည် ဟု အမေရိကန် သံရုံး က နိုဝင်ဘာလ ၁၄ရက် နေ့တွင် သတင်း ထုတ်ပြန် လိုက်သည်။
" မိန့်ခွန်း ပြော ကြား မယ့် နေရာ အတိအကျ တော့ မသိသေး ပါဘူး။ နေရာရွေး နေတုန်းပါ။ မီဒီယာ ကိုလည်း ဖိတ်ထားတော့ အခု လာမယ့် သောကြာနေ့ ကို သတင်း ထုတ်ပြန် သွားမှာပါ" ဟု အမေရိကန် သံရုံးမှ တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။
အိမ်ဖြူတော် ၏ နိုဝင်ဘာလ ၈ ရက် နေ့ တွင် အတည်ပြု ကြေညာချက် အရ အမေရိကန် သမ္မတ အိုဘားမား သည် နိုဝင်ဘာလ ၁၇ ရက် နေ့ မှ ၂ဝ ရက်နေ့ အထိ အရှေ့တောင် အာရှ ခရီးစဉ် အဖြစ် ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီယား နိုင်ငံ များသို့ သွားရောက် မည် ဖြစ်ကြောင်းသိရသည်။
သမ္မတ အိုဘားမားသည် နိုဝင်ဘာလ ၁၈ ရက် နေ့တွင် ထိုင်းနိုင်ငံ နှင့် အမေရိကန်နိုင်ငံသံတမန် ဆက်ဆံရေး နှစ် ၁၈ဝ ပြည့် အထိမ်းအမှတ် အခမ်းအနား သို့တတ်ရောက် ၍ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် နှင့် တွေ့ဆုံရန် စီစဉ် ထားပြီး ကမ္ဘောဒီးယား နိုင်ငံတွင် ယခုလ ၁၈ ရက် နေ့ မှ ၂၀ ရက်နေ့ အထိ ကျင်းပ ပြုလုပ် မည့် အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲနှင့် အဆင့် မြင့် ဆွေးနွေးပွဲ များ သို့လည်း တက်ရောက်ပြီး အာဆီယံ ခေါင်းဆောင် များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း အမေရိကန်အိမ်ဖြူတော်ပြန်ကြား ရေး တာဝန် ခံ Jay Carney က တရားဝင် ထုတ်ပြန် ကြေညာ ထားသည်။



Popular Myanmar News Journal
"ဟီလာရီကလင်တန် အိုဘားမားနှင့်အတူမြန်မာနိင်ငံသို့ လိုက်ပါလာမည်"
------------------------------------------------------
အမေရိကန်သမ္မတ အိုဘားမား၏မြန်မာနိင်ငံ ခရီးစဉ်တွင် နိင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လိုက်ပါလာမည် ဟုသိရသည်။
နိင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် နိဝင်ဘာ ၁၁ရက်မှ၂၀ရက်အထိသြစတေးလျ၊စင်ကာပူ၊ထိုင်း၊မြန်မာနှင့်ကမ္ဘောဒီးယားနိင်ငံများသို့သွားရောက်ရန်စီစဉ်ထားပြီး နိဝင်ဘာ၁၉ရက်တွင်အိုဘားမားနှင့်အတူမြန်မာနိင်ငံသို့ လိုက်ပါလာမည်ဖြစ်သည်။
ထို့နောက်ကမ္ဘောဒီးယားတွင်ကျင်းပမည့်အာရှ အာဆီယံေ ဆွးနွေးပွဲနှင့်အရှေ့အာရှထိပ်သီးဆွေးနွေးပွဲ့သို့တက်ရောက် မည်ဟုသိရသည်။

ယင်းအကြောင်းအရာကို http://blogs.state.gov/index.php/site/entry/travel_diary_clinton_australia_singapore_thailand_burma_cambodia တွင် အပြည်အစုံဖတ်ရှု့နိုင်ပါသည်။

မဟတ္ထမဂန္ဒိ အထိမ်းအမှတ် ဂူဗိမာန်မှာ ဒေါ်အောင်ဆန်းစုကြည်ဂါရ၀ပြု

by ခွန် ဒီးယမ်

New Delhi ...LODI ပန်းခြံတွင်တွေ့၇သော ဒေါ်အောင်ဆန်းစုကြည် ၁၃-၁၁-၂၀၁၂
photo-ဇော်မင်းဦး

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Shri Ranjan Mathai နဲ့အတူတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် (13-11-2012) —

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ မဟတ္ထမဂန္ဒိ အထိမ်းအမှတ် ဂူဗိမာန်မှာ တွေ့ရစဉ် (14-11-2012)


နေရူးမိန့်ခွန်းပွဲမှာခန်းမအတွင်းကို စတင်ဝင်ရောက်လာစဉ် တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် (14-11-2012)

ဘင်္ဂလားဒေ့ရှ်နယ်မြေအတွင်း မြန်မာ့တပ်မတော်သားအလောင်းအားတွေ့ရှိ

Arakan Thar
မောင်တောမြို့ နယ်စပ်အလွန် ဘင်္ဂလားဒေ့ရှ်နယ်မြေအတွင်းတွင် ပြန်ပေးဆွဲခံရ သည့် မြန်မာ့တပ်မတော်သား (၃) ဦးထဲမှတစ်ဦးအား ၃ ပိုင်းပိုင်းထားသည့် အလောင်းအားတွေ့ရှိ

၁၂၊၁၁...၊၁၂ မနေ့က မြန်မာတပ်မတော်စစ်ကြောင်းတစ်ခု နှင့် ဘင်္ဂလားဒေရှ့်မှ နယ်ခြားစောင့်တပ် တစ်ချို့တို့ပူးပေါင်းပြီး ဘင်္ဂလားဒေရှ့်နိုင်ငံ ရုံမော်မြို့နယ် ဘော်လီပါရာ(ဘော်လီကျေးရွာ) တွင် RSO အကြမ်းဖက်အဖွဲ့များ အခြေစိုက်နေကြသည်ဟု သိရှိရ၍ ရှင်းလင်းမူများ ပြုလုပ်သဖြင့် တိုက်ပွဲဖြစ်ခဲ့သည်ဟုသိရှိရပါသည်။ RSOအကြမ်းဖက်အဖွဲ့မှ အကျအဆုံးများရှိပြီး မိမိတို့တပ်မတော်သားမှ ဒဏ်ရာရသူ အနည်းငယ်ရှိသည်ဟုသိရှိရပါသည်။ နယ်ခြားစောင့်တပ်များက ရွာပြင်မှစောင့်ကြည့် ကျန်နေခဲ့သည်ဟုသိရပါသည်။ ထိုကျေးရွာအား သိမ်းပိုက်ပြီး ရွာတွင်းအား ၀င်ရောက်ရှာဖွယ်ရာ ဖမ်းဆီးခေါ်ဆောင်သွားသော တပ်မတော်သား ၃ ဦးထဲမှ တစ်ဦး၏ ကိုယ်ခန္တာအား သုံးပိုင်း ပိုင်းထားသော အလောင်းအား ရှာဖွေ တွေ့ရှိခဲ့သည်ဟု ထိုရှင်းလင်းရေးတွင် လိုက်ပါသွားသော ရဲဘော်တစ်ချို့၏ ပြောပြချက်အရ သိရှိရပါသည်။ ကျန်နှစ်ဦး အားထိုကျေးရွာတွင် စစ်ဆေးမေးမြန်းမူများပြုလုပ်ပြီး ဆက်လက်ရှာဖွေလျက်ရှိသည် ဟုသိရှိရပါသည်။



James Mint
ဘူးသီးတောင်၊ မောင်းတောက ဇွန်လမှ ဆန္ဒပြခဲ့တဲ့ ကိစ္စတွေဟာ ရိုဟင်ဂျာ အကြမ်းဖက် အဖွဲ့နဲ့ မဆိုင်ပါဘူးလို့ BBC အပါအ၀င် အနောက်မီဒီယာတွေ တွင်တွင်အော်ခဲ့ကြပါတယ်........ အဲ့ဒိအချိန်က သက်ဆိုင်သူတွေကို အစိုးရက ဖမ်းဆီးအရေးယူချိန်မှာ အပြစ်မဲ့သူတွေကို ဖမ်းဆီးတယ်လို့ အသံတွေ ထွက်လာခဲ့ပါတယ်.....

ယခုလတ်တလောမှာပဲ မောင်းတောမှာ အဖမ်းခံသွားရတဲ့ တပ်ကြပ်တစ်ယောက်အပါအ၀င် အားလုံးပေါင်း သုံးယောက်ဟာ ဒီ အစ္စလာမ်မစ် စစ်သွေးကြွ RSO(Rohingya Solidarity Organization ) ရဲ့  လက်ထဲမှာ ရောက်ရှိလို့ နေပါတယ်..... အခုနောက်ဆုံး သိရတဲ့ သတင်းအရ အဆိုပါ အကြမ်းဖက်အဖွဲ့ဟာ အဆိုပါသုံးယောက်ကို ပြန်ပေးဆွဲပီး ပြီးခဲ့တဲ့ ဇွန်လ အရေးအခင်းမှာ အဓိက တရားခံ လက်သည်ဖြစ်တဲ့ နူရ်လောက်(ခ) ဒေါက်တာထွန်းအောင် နဲ့ အလဲအလှယ်လုပ်ဖို့ တောင်းဆိုလာတာကို တွေ့ရပါတယ်....

ဒါဟာ RSO အဖွဲ့အနေနဲ့ သူတို့ရဲ့ အကြမ်းဖက် လုပ်ရပ်ကို သက်သေပြလိုက်တာ ဖြစ်ပြီး၊ အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ထုံးစံအတိုင်း လူသတ်၊ ပြန်ပေးဆွဲတဲ့ လုပ်ရပ်တွေ အစပျိုးလာတာ ဖြစ်ပါတယ်.... နောက်လဲ ဒီထက်မက ဆိုးရွားတဲ့ လုပ်ရပ်တွေ အစပြုလာမှာ ဖြစ်ပါတယ်..... တဖြည်းဖြည်းနဲ့ အနောက်ဘက် ရခိုင်ဒေသ အရေးဟာ ထိုင်းနိုင်ငံ တောင်ပိုင်းလို၊ ဖိလစ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမဖြစ်ခင်က ပဠိပက္ခပုံသဏ္ဍန် အပြည့်အ၀ ပုံပေါ်လာပါပီ.....

စစ်တကောင်း ဘင်္ဂါလီ အရေးကိစ္စကို လူ့အခွင့်အရေးအဖြစ် ရှုမြင်သူများအနေနဲ့ လူ့အခွင့်အရေးနဲ့ အကြမ်းဖက်မှုကို ခွဲခြားမြင်သင့်ပီလို့ တိုက်တွန်းချင်ပါတယ်..... ရခိုင် ပြည်သူ ပြည်သားတွေ ကျီးလန့်စာစားမနေရအောင် နိုင်ငံတော် အစိုးရအနေနဲ့ ပြတ်ပြတ်သားသား အရေးယူပေးပါလို့ပဲ နိုင်ငံသား တစ်ယောက် အနေနဲ့ တောင်းဆိုလိုပါတယ်....

နိုင်ငံတော်သမ္မတကြီး၏ စကားအားဆန့်ကျင်သူများ

Rakhine Straight Views
ဘင်္ဂလီကုလားများ၏ နယ်မြေပိုင်ဆိုင်လိုမူ ဘူးပေါ်သလိုပေါ်ပါပြီ
------------------------------------
6.11.2012 ရက်နေ့ ရခိုင်ပြည်နယ် ၊ပါက်တောမြို့နယ် ဖရုံကာကျွန်းတွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ စစ်ဆေးမူများ စတင်သည့်အခါ ဘင်္ဂလီကုလားများက ပြသနာစတင်ရှာပါပြီ။ နိုင်ငံသားမဟုတ်သည့် ကုလားများအား လူမျိုးနေရာတွင် ဘင်္ဂလီလူမျိုး ဟု သက်ဆိုင်ရာမှ ဖြည့်သည့်အခါ လက်မခံဘဲ သူတို့ မော်လဗီ များနှင့် ပြည်တွင်း၊ ပြည်ပ ကြိုးကိုင်နေသော သူများပြောခိုင်းသည့်အတိုင်း ရိုဟင်ဂျာ ဟုဖြည့်မှ အိမ်ထောင်စုစာရင်းတွင် လက်မှတ်ထိုးနိုင်မည်ဟု ပြောဆိုနေကြသည်ဟုသိရပါသည်။ သမ္မတကြီးနှင့်တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင် များက မရှိပါဟုပြောထားသော နာမည်တစ်ခုအား အတင်းအားဓမ္မလိုချင်နေသော သူတို့၏ ခံယူချက်မှာ ဤနယ်မြေအား အချောင်ရယူလိုသော ဆန္ဒပေါ်လွင်နေကြောင်း သိရှိနိုင်ပါသည်။ ထိုသို့ပြောခိုင်းသော၊ အနှောင်အယှက်ပေးသော နောက်ကွယ်မှ ကြိုးကိုင်နေသော အဖွဲ့အား အစိုးရအဖွဲ့အနေဖြင့် ဖေါ်ထုတ်ပြီး မြန်မြန်ဆန်ဆန် အရေးယူနိုင်မှ ၁၉၈၂ နိုင်ငံသားဥပဒေ ကို အကောင်အထည်ဖေါ်နိုင်မည်ဖြစ်ပါသည်။ အစိုးရအဖွဲ့အနေဖြင့် မည်သို့ ဖြေရှင်းမည်ကို စောင့်ကြည့်ကြရပါမည်။

Ref: Aung Mra Kyaw - စစ်တွေမြို့နယ်အမတ်

Rakhine Straight Views
နိုင်ငံတော်သမ္မတကြီး၏ စကားအားဆန့်ကျင်သူများကိုဖမ်းဆီးရန်လိုပြီ
--------------------------------------------------------------------------
နိုင်ငံတော်သမ္မတကြီးက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိပါဟု ပြောဆိုထားခြင်း အား ကန့်ကွက်ခြင်းများပြုလုပ်နေကြသည့် ဘင်္ဂလီအစွမ်းရောက်များကို ဖမ်း ဆီးအရေးယူရန် လိုအပ်နေပြီဖြစ်ပါသည်။

ဘင်္ဂလီများ၏ ဘိုးဘွားများနှင့်ပတ်သက်ပြီး စာရင်းစစ်ဆေးကောက်ယူရာတွင် ရိုဟင်ဂျာဟုရေးထိုးစေခြင်းသည် နိုင်ငံတော်သမ္မတကြီးအား တိုက်ရိုက်စော် ကားနေခြင်းသာဖြစ်ပြီး အရေးမယူလျင် မကြာခင် ရခိုင်တိုင်းရင်းသားများကို ထိုးနှက်တိုက်ခိုက်လာနိုင်ကြောင်းသုံးသပ်ကြပါသည်။

မြန်မာနိုင်ငံအတွင်းနေထိုင်သည့် တိုင်းရင်းသားများထဲတွင် ရိုဟင်ဂျာမည်သည့် အခါမှ မရှိခဲ့သည်ကို ပြည်ပမီဒီယာများနှင့် UN ကဲ့သို့အဖွဲ့အစည်းများက လည်း တွန်းအားပေးနေခြင်းများကြောင့်သာ ယခုကဲ့သို့ ဘင်္ဂလီများသွေးနထင် ရောက်နေခြင်းဖြစ်ကြောင်းလည်း ဒေသခံများထံမှ သိရှိရပါသည်။

ထို့ကြောင့် နိုင်ငံတော်သမ္မတကြီး၏ စကားကို ဆန့်ကျင်သူများကိုသာ အဓိက ထားဖမ်းဆီးရန်လိုအပ်နေပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။

မိသားစု အစုံအလင်ဖြင့် (၂)ပါတ် နေကြည့်စေလို

Hmuu Zaw
နိုင်ငံတော်သမ္မတရုံး

မိမိရပ်တည်ချက် မည်သို့ဖြစ်သည်ကို မိမိဘာသာ သိလျှင် ပြီးပါသည်။
=====================================

(၁) ဧရာဝတီ အယ်ဒီတာမင်းကြီးများ ဘူးသီးတောင်၊ မောင်တောဒေသသို့ သွားရောက်၍ မိသားစု အစုံအလင်ဖြင့် (၂)ပါတ် နေကြည့်စေလိုပါသည်။ (အစွန်အဖျား ကျေးရွာများ မဟုတ်သေးပါ။)

(၂) ပြီးလျှင် ရခိုင်တိုင်းရင်းသားပြည်သူများနှင့် လက်ပွန်းတတီးနေကြည့်စေလိုပါသည်။ (မြန်မာစကား တတ်ကျွမ်းရန် လိုပါမည်)

(၃) ဘင်္ဂလီများနှင့်လည်း လက်ပွန်းတတီးနေကြည့်စေလိုပါသည်။ (ဘင်္ဂလီစကားတော့ တတ်ကျွမ်းရန် လိုပါလိမ့်မည်)

(၄) သံဃာတော်များနှင့် အသေးစိတ် ဆွေးနွေးကြည့်စေလိုပါသည်။

(၅) အစ္စလာမ်ဘာသာရေးခေါင်းဆောင်များနှင့် အသေးစိတ်ဆွေးနွေးကြည့်စေလိုပါသည်။

(၆) အင်တာနက်တွင် ပြည်ပ ပညာရှင်များ ရေးသားထားသော သမိုင်းသုတေသနများကိုသာမက တူရွန်းတစ်ချောင်းနှင့် တူးဆွ၍ သမိုင်းမှတ်တမ်း အစစ်အမှန်ကို ရှာဖွေကြည့်စေလိုပါသည်။

(၇) ဘာသာရေးနှင့် လူမျိုးရေး အဓိကရုဏ်း ဟု အမည်ပေး ကင်ပွန်းတပ်ခြင်းကို သတိဖြင့် ဆင်ခြင်သင့်ပါသည်။

(၈) ဇစ်မြစ်ကို ရှာပါ။ အပေါ်ယံဒဏ်ရာကိုပဲ မကြည့်စေလိုပါ။

(၉) အချုပ်အားဖြင့် ဤပဋိပက္ခသည် နှုတ်ဖျားက ပြောသည်ထက် များစွာ ကျယ်ဝန်းနက်ရှိုင်းပါသည်။ (ဧရာဝတီတိုင်းတွင် နာဂစ် ဝင်သလို မဟုတ်သလို ရခိုင်ပြည်နယ်တွင် ဂီရိ ဝင်သလိုလည်း မဟုတ်ပါ။)

(၁၀) Blame Game လုပ်နေရုံမျှဖြင့် ပြေလည်သွားမည် ဆိုလျှင် ယခုအခြေအနေအထိ ဆိုက်ရောက်မည် မဟုတ်ပါ။ လူတစ်ကိုယ် လက်ညိုး(၂)ချောင်းစီ ရှိပါသည်။ ကြိုက်သလို ထိုး၍ ရပါသည်။

(၁၁) အပြုသဘောဖြင့် ထောက်ပြခြင်းကို အစဉ်အမြဲ ကြိုဆိုပါသည်။ အားလုံး ပါဝင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်လိုပါသည်။ (ဧရာဝတီအပါအဝင် ဖြစ်ပါသည်)