Thursday, November 15, 2012

ရခိုင်ပြည်နယ်အတွင်းက ဆေးကုသခွင့်ယူပြီး ရန်ကုန်ရောက်သွားသူယနေ့အထိ ကျား -၂ ဦးနှင့် မ - ဦးသာပြန်လည်ရောက်ရှိလာ

r Rakhine Straight Views
နိုဝင်ဘာ ၁၆ ၉း၀၀ နာရီသတင်း ------------------------------------ ရခိုင်ပြည်နယ်အတွင်းက ဆေးကုသခွင့်ယူပြီး ရန်ကုန်ရောက်သွားသူ ဘင်္ဂလီ များအားလုံးသေသွားပြီလား --------------------------------------------------------------------------- စစ်တွေလေဆိပ်ကတဆင့် သြဂုတ်လ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၁ ရက် နေ့အထိ ထွက်ခွါသွားသော ဘင်္ဂလီ အရေအတွက် ၁၆၆ ယောက်ရှိခဲ့ရာ ကလေး 64 ဦး၊ မ 62 ဦး၊ ကျား 40 ဦးအထိရှိခဲ့ပြီဖြစ်သော်လည်း ယနေ့အထိ ကျား -၂ ဦးနှင့် မ - ဦးသာပြန်လည်ရောက်ရှိလာခဲ့ကြောင်းသိရသည်။ ထိုသို့ ထွက်သွားသူများသည် ဆရာဝန်များထံမှ ဆေးစာယူပြီး ဆေးကုသခွင့် ခံယူရန်ထွက်ခွါသွားကြသူများဖြစ်ကာ အထူးသဖြင့် နား၊နခေါင်း၊ လည်ချောင်း၊ ရောဂါဖြစ်နေသည်ဟု ဆရာဝန်ထံမှ ဆေးစာယူပြီးထွက်ခွါသွားကြခြင်းဖြစ်ပြီး အခြားသော ရောဂါအမျိုးမျိုးပြကာ ထွက်ခွါသွားကြသူများလည်းရှိကြောင်း သိရ သည်။ ထို့သူတို့သည် ယနေ့အထိ ပြန်မလာသေးသည်မှာ သေဆုံးသွားပြီဟုယူဆရ ကြောင်းသိရသည်။ သို့သော်လည်း ရန်ကုန်လူ့အဖွဲ့အစည်းက ထိုသူတို့ကို မြို့ ထဲတွင် တွေ့နေရကြောင်းလည်း သတင်းရရှိသည်။ ယင်းသို့ လုပ်ရပ်များအား လ၀က မှ မသိ၍လား၊ ပြန်ဝင်လာအောင်မလုပ်နိုင် ခြင်းများလားဟု ပြောဆိုလာကြသည်ကိုတွေ့ရှိရသည်။ ရခိုင်ပြည်နယ်အတွက် ထိုသို့ ထွက်သွားသည်မှာ ကောင်းသည်ဟု ပြောနိုင်သော်လည်း မသမာမှုများ ကိုဖော်ထုတ်အရေးယူရန် ဘယ်သူ့တွင်တာ ၀န်ရှိသလဲဆိုသည်ကို အလေး ထားကြရန်လိုအပ်ပြီဖြစ်သည်။ ကလေးဘက်မှ ၀င်ရောက်မှုများကို ဖမ်းဆီးသော်လည်း အပေါက်ကြီးမှဝင် လာ သော ဘင်္ဂလီများကို ဖမ်းဆီးခြင်းမရှိခြင်းသည် ဆရာဝန်များအပေါ် အရေး ယူရန် ခက်ခဲနေခြင်းကြောင့် ဖြစ်နိုင်သည်ဟုလည်းသုံးသပ်ကြပါသည်။ ယင်းအတွက် အထူးသတိထားကြရန်လိုအပ်နေပြီဖြစ်ကြောင်း အသိပေးတင် ပြအပ်ပါသည်။

ရခိုင်ပြည်နယ်အတွင်းက ဆေးကုသခွင့်ယူပြီး ရန်ကုန်ရောက်သွားသူယနေ့အထိ ကျား -၂ ဦးနှင့် မ - ဦးသာပြန်လည်ရောက်ရှိလာ

r Rakhine Straight Views
နိုဝင်ဘာ ၁၆ ၉း၀၀ နာရီသတင်း ------------------------------------ ရခိုင်ပြည်နယ်အတွင်းက ဆေးကုသခွင့်ယူပြီး ရန်ကုန်ရောက်သွားသူ ဘင်္ဂလီ များအားလုံးသေသွားပြီလား --------------------------------------------------------------------------- စစ်တွေလေဆိပ်ကတဆင့် သြဂုတ်လ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၁ ရက် နေ့အထိ ထွက်ခွါသွားသော ဘင်္ဂလီ အရေအတွက် ၁၆၆ ယောက်ရှိခဲ့ရာ ကလေး 64 ဦး၊ မ 62 ဦး၊ ကျား 40 ဦးအထိရှိခဲ့ပြီဖြစ်သော်လည်း ယနေ့အထိ ကျား -၂ ဦးနှင့် မ - ဦးသာပြန်လည်ရောက်ရှိလာခဲ့ကြောင်းသိရသည်။ ထိုသို့ ထွက်သွားသူများသည် ဆရာဝန်များထံမှ ဆေးစာယူပြီး ဆေးကုသခွင့် ခံယူရန်ထွက်ခွါသွားကြသူများဖြစ်ကာ အထူးသဖြင့် နား၊နခေါင်း၊ လည်ချောင်း၊ ရောဂါဖြစ်နေသည်ဟု ဆရာဝန်ထံမှ ဆေးစာယူပြီးထွက်ခွါသွားကြခြင်းဖြစ်ပြီး အခြားသော ရောဂါအမျိုးမျိုးပြကာ ထွက်ခွါသွားကြသူများလည်းရှိကြောင်း သိရ သည်။ ထို့သူတို့သည် ယနေ့အထိ ပြန်မလာသေးသည်မှာ သေဆုံးသွားပြီဟုယူဆရ ကြောင်းသိရသည်။ သို့သော်လည်း ရန်ကုန်လူ့အဖွဲ့အစည်းက ထိုသူတို့ကို မြို့ ထဲတွင် တွေ့နေရကြောင်းလည်း သတင်းရရှိသည်။ ယင်းသို့ လုပ်ရပ်များအား လ၀က မှ မသိ၍လား၊ ပြန်ဝင်လာအောင်မလုပ်နိုင် ခြင်းများလားဟု ပြောဆိုလာကြသည်ကိုတွေ့ရှိရသည်။ ရခိုင်ပြည်နယ်အတွက် ထိုသို့ ထွက်သွားသည်မှာ ကောင်းသည်ဟု ပြောနိုင်သော်လည်း မသမာမှုများ ကိုဖော်ထုတ်အရေးယူရန် ဘယ်သူ့တွင်တာ ၀န်ရှိသလဲဆိုသည်ကို အလေး ထားကြရန်လိုအပ်ပြီဖြစ်သည်။ ကလေးဘက်မှ ၀င်ရောက်မှုများကို ဖမ်းဆီးသော်လည်း အပေါက်ကြီးမှဝင် လာ သော ဘင်္ဂလီများကို ဖမ်းဆီးခြင်းမရှိခြင်းသည် ဆရာဝန်များအပေါ် အရေး ယူရန် ခက်ခဲနေခြင်းကြောင့် ဖြစ်နိုင်သည်ဟုလည်းသုံးသပ်ကြပါသည်။ ယင်းအတွက် အထူးသတိထားကြရန်လိုအပ်နေပြီဖြစ်ကြောင်း အသိပေးတင် ပြအပ်ပါသည်။

မြန်မာ့အလင်းသတင်းစာတိုက်မှာဖြစ်ပေါ်ခဲ့တဲ့အလွဲသုံးစားမှု

Ye Htut
မြန်မာ့အလင်းသတင်းစာတိုက်မှာဖြစ်ပေါ်ခဲ့တဲ့အလွဲသုံးစားမှုနဲ့ပတ်သက်ပြီး သတင်းစာတိုက်ရဲ့ ပြည်သူသို့ ရှင်းလင်းတင်ပြချက်။

စည်းသုံးတန် တား ၊ သေနတ် များနှင့်လူထု အတွက် ( ကိုနေမျိုးဇင်)

May Myat Thu
စည်းသုံးတန် တား ၊ သေနတ် များနှင့် မျက်ဝန်းရင့် တို့ လင့်ကြိုသော်ငြား ငါ ကား မဟန့်၊ စိတ်က သန့်သည်။ ရည်ရွယ်သည်မှာ လူထု အတွက် ( ကိုနေမျိုးဇင်)

လွှတ်ပေးသည့်အထဲတွင် နိုင်ငံရေးအကျဉ်းသားတစ်ယောက်မျှမပါဝင်သေး

Hmuu Zaw

နိုင်ငံတော်သမ္မတသည် ယနေ့(နိုဝင်ဘာလ ၁၅ ရက်နေ့)တွင် နိုင်ငံခြားသား အကျဉ်းသားများအပါအဝင် စုစုပေါင်း အကျဉ်းသား (၄၅၂) ဦးအား လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ခြင်း

ပြစ်ဒဏ်အသီးသီးမှ လွတ်ငြိမ်းချမ်းသာခွင့်ပြု

နေပြည်တော် နိုဝင်ဘာ ၁၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက်လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး အတွက်လည်းကေ...
ာင်း၊ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကို နားလည်ကြပြီး နိုင်ငံတော်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေမည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲစေရန်အတွက်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသော အားဖြင့်လည်းကောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးတို့ကို ရှေးရှုသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂ဝ၄၊ ပုဒ်မခွဲ (က)နှင့်အညီ အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်များကို ထိုက်သင့်စွာကျခံပြီးကြသော အသက် အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေးချို့တဲ့သူများနှင့် နိုင်ငံခြားသား အကျဉ်းသားများ အပါအဝင် စုစုပေါင်းအကျဉ်းသား ၄၅၂ ဦးအား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄ဝ၁(၁)အရ ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်မှစ၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုကြောင်းနှင့် နိုင်ငံခြားသားများအား ပြည်နှင်ဒဏ်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။


 by Political Prisoner

ယနေ့ ၁၅-၁၁-၂၀၁၂ နေ့တွင် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားများလွှတ်ပေးနေသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှသတင်းရရှိပါသည်။ ယင်းအကျဉ်းသားများလွှတ်ပေးသည့်အထဲတွင် နိုင်ငံရေးအကျဉ်းသားတစ်ယောက်မျှမပါဝင်သေးကြောင်းသိရပါသည်။ လွှတ်မြောက်လာသူအများစုမှာလောင်းကစားသမားများ၊ ခိုးဆိုးနှိုက်များ၊ ပုဒ်မ ၆၅ နှင့်ကျသော တပ်မတော်စစ်စည်းကမ်းဖောက်ဖျက်သူများ၊ ပြည့်တံဆာများ၊ နိုင်ငံခြားသားများသာပါဝင်ကြောင်းသိရပါသည်။ ထို့အတွက်ကြောင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ယခုလက်ရှိဦးသိန်းစိန်အစိုးရအား ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုပ်ချလိုက်သည်။

အကြမ်းဖက် ရိုက်နက်ခံရသော သုံးတန်းကျောင်းသား

rNarinjara
အကြမ်းဖက် ရိုက်နက်ခံရသော သုံးတန်းကျောင်းသား လျော်ကြေးပေးပြီး ပြေငြိမ်းခိုင်း
-----------------------------------------------------------------

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ်တွင် အသက် ၉ နှစ် အရွယ် မူလတန်း ကျောင်းသား တစ်ဦးအား ဆရာမ ၃ ဦးက ...
အကြမ်းဖက် ရိုက်နက်မူကြောင့် ကျောင်းသား ဖြစ်သူမှာ အကြောက် လွန် သွေးလန့်ပြီး ဆေးရုံတင်ရသည့် အနေအထားထိ ရောက်ရှိခဲ့သည်ဟု ကျောင်းသား မိဘများ က ပြောသည်။

သို့အတွက် မိဘ ဖြစ်သူများက ယခုကဲ့သို့ ရိုက်နက်မူကို မကျေ နပ်သဖြင့် လွန်ခဲ့သော အောက်တို ဘာလ ၁၄ ရက်နေ့က သက်ဆိုင် ရာ ပြည်နယ် ပညာရေးမှူးရုံးသို့ တိုင်ကြားခဲ့သည်ဟု ပြောသည်။

အရိုက်ခံရသော ကျောင်းသားမှာ ပုဏ္ဍားကျွန်းမြို့နယ် ကွမ်းတောင် ကျေးရွာ အထက်တန်းကျောင်းခွဲမှ ဦးမောင်လှသိန်း၏သား သုံးတန်းကျောင်းသား မောင်မျိုးမင်းနိုင် ဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုင်ကြားသည့် အတွက် အောက်တိုဘာလ ၂၀ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ် ပညာရေးမှူး ဦးမောင်ကျော်လှ ဦးဆောင်သော အဖွဲ့က လာရောက်ကာ စုံစမ်းစစ်ဆေးမူများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ရိုက်နှက်ခံရသည့် ကလေးငယ်နှင့် ပတ်သက်ပြီး မိဘများ အနေဖြင့် ဆရာမများအား အစိုးရဌာန များသို့ တိုင်တန်းခြင်းမပြုရန်၊ ငွေ ၁၈၀၀၀ ကျပ်ကို လက်ခံပြီး ရိုက်နှက်မှုအား ပြေငြိမ်းရန် ၀န်ခံ လက်မှတ် ထိုးခိုင်း ခဲ့သည်ဟု ကျောင်းသား မိဘများက ပြောကြားသည်။

ထိုသို့ မလိုက်နာပါက ကွန်းတောင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲအား မြို့နယ် ပညာရေးမှူး အမိန့်ဖြင့် အခြားတစ်နေရာသို့ ရွှေ့ပြောင်းပစ်မည်ဟု ခြိမ်းခြောက်ကာ ကလေးငယ်၏ မိဘများအား အတင်းအကျပ် ကျေနပ်ရန် ဖိအားပေးသွားခဲ့သည်ဟု ဆိုသည်။

မြို့နယ်ပညာရေးမှူး လာရောက်စစ်ဆေးမှူသည် နှစ်ဦးနှစ်ဘက် လက်ခံနိုင်သည့် စုံစမ်းမူ မဟုတ်သည့်အတွက် မိဘများက မကျေနပ်နိုင်သဖြင့် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူး ထံသို့ လိပ်မူကာ ထပ်မံပြီး စုံစမ်းစစ်ဆေးပေးရန် ပြန်လည်တိုင်ကြားခဲ့ဟု ဆိုသည်။

ထိုသို့ ထပ်မံ တိုင်ကြားခဲ့သော်လည်း ပြည်နယ် ပညာရေးမှူးရုံးမှလည်းကောင်း၊ မြို့နယ် ပညာရေးမှူး ရုံမှ လည်းကောင်း ယခုအချိန်ထိ တစ်စုံတရာ လာရောက် စုံစမ်း စစ်ဆေးခြင်းမလုပ်ပဲ မိဘများ၏ တိုင်ကြားမှုကို မသိကျိုးကျွန် ပြုပြီး မျက်ကွယ်ပြုထားသည်ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြို့နယ် ပညာရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့ရာ ဆက်သွယ်၍ မရရှိခဲ့ပါ။

မောင်မျိုးနိုင် အရိုက်ခံရသည့် ကိစ္စမှာ သူက အတန်းဖေါ် ကျောင်းသူတစ်ဦးအား ဆရာမများ အနေဖြင့် ကျောင်းသားများကို ကျူရှင်ပြနေသည်မှာ သူတို့ ကိုယ်ကျိုး အတွက် လုပ်စားနေတာ သာ ဖြစ်ကြောင်း ပြောဆိုခဲ့သည့် အပေါ် အဆိုပါ ကျောင်းသူမှ ဆရာမများကို သွားရောက် တိုင်ကြားရာမှ ဆရာမ (၃) ဦးက မောင်မျိုးမင်းနိုင်အား ဆံပင်များကို ဆွဲဆင့်ပြီး ပြင်းပြင်း ထန်ထန် ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။

ယခုအခါ မောင်မျိုးမင်းနိုင်မှာ ဆရာမသုံးဦး၏ အကြမ်းဖက်ရိုက်နှတ်ခံရမူကြောင့် ကြောက်စိတ် လွန်ကာ ကျောင်းမတက်ရဲတော့ဘဲ ဖြစ်နေကြောင်း သိရသည်။ မိဘမျာ အနေဖြင့် ကလေးငယ်အား ကျောင်းသို့ စာသင်ကြားရန် အတင်း မစေလွှတ်ဝံ့ဘဲ ဖြစ်နေကြောင်း သိရသည်။

မောင်မျိုးနိုင်မှာ အကြမ်းဖက်မူ ခံရပြီး နောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ အရ ထိခိုက်နေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် အစိုးရ စာသင်ကျောင်းများတွင် ဆရာ ဆရာမများ အနေဖြင့် ကျောင်းသူ ကျောင်း သားများကို ဆိုဆုံးမရာတွင် ခေတ်နှင့် မလျှော်ညီတော့သော ရိုက်ပုတ် ဆဲဆိုမူများကို ဆက် လက် ပြုလုပ်နေသေးသဖြင့် အဆိုပါ ကိစ္စအပေါ် မြန်မာနိုင်ငံ ပညာရေး ဌာန အနေဖြင့် အသေအချာ ဆန်းစစ်ရန် လိုအပ်နေကြောင်း ကျောင်းသား မိဘတစ်ဦးက ပြောသည်။


(သုံးတန်းကျောင်းသား မောင်မျိုးမင်းနိုင်)

ရင်သပ်ရှုမောဖွယ် အိုဘားမားရဲ့လုံခြုံရေး

r
DVB TV News
မြန်မာနိုင်ငံကိုလာရောက်လည်ပတ်မဲ့ အမေရိကန်သမတအိုဘားမား ခရီးစဉ်အတွက်လို အပ်မဲ့ပစည်းတွေ သယ်ဆောင်လာတဲ့ စစ်သုံးလေယဉ်တွေ မင်္ဂလာဒုံလေဆိပ်ကို ဆိုက်ရောက်လာနေပါတယ်။ ဒေါ်ခင်ရူပါတင်ဆက်ထားပါတယ်။

ယခုရက်ပိုင်းအတွင်း အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စု ခန့်မှန်းအရေအတွက် စစ်ရေယာဉ် (၁၅)စီးကျော်ခန့်သည် မြန်မာ့ရေပိုင်နက်အနီးတွင် ရောက်ရှိနေကြောင်း တွေ့ရသည်။

USS Geor...ge Washington (CVN 73)

https://www.facebook.com/pages/USS-George-Washington-CVN-73/177732872397

USS John C. Stennis (CVN 74)

https://www.facebook.com/stennis74?ref=ts&fref=ts

----- ----- ----- ----- -----

ရင်သပ်ရှုမောဖွယ် အိုဘားမားရဲ့ ၂၀၁၁ မေလ လန်ဒန် ဘုရင်မနန်းတော်ခရီး လုံခြုံရေး



ပြီးခဲ့တဲ့ ၂၀၁၁ မေလထဲကလဲ အိုဘားမား ဇနီးမောင်နှံနဲ့အဖွဲ့ အင်္ဂလန်ကို လာလည်တော့လဲ လုံခြုံရေးစနစ် များလွန်းလို့ အင်္ဂလိပ်တွေတောင် ရင်သပ်ရှုမော ဖြစ်ကုန်ပါတယ်။

လူ ၅၀၀ ကျော်လောက်ပါတဲ့ အိုဘားမားအဖွဲ့ထဲမှာ အိမ်ဖြူတော် အရာရှိတွေ၊ သမ္မတကို အရေးပေါ်ကုသဖို့ ဆရာဝန် ၆ ဦးပါ ဆေးအဖွဲ့၊ သမ္မတအတွက် စားဖိုမှူးတွေ၊ လက်နက်ကိုင်ဆောင်ထားတဲ့ ၂၀၀ ကျော်ရှိတဲ့ သမ္မတ ကိုယ်ရံတော် စုံထောက်တွေ ပါဝင်ပါတယ်။

အင်္ဂလန်မှာ ခရီးလှည့်နေစဉ် အမေရိကန်ကနေ လေယာဉ်နဲ့သယ်လာတဲ့ စီးတော်ယာဉ် The Beast ကို အိုဘားမား စီးနင်း ပါတယ်။ အိုဘားမားကားကို တခြားမော်တော်ယာဉ် အစီး ၂၀ ကခြံရံပီး ဒီကားတန်းကိုမှ ရှေ့ပြေးမော်တော်ယာဉ်တွေက ဦး ဆောင်ပါတယ်။

အိုးဘားမားရဲ့ အခြံအရံတွေထဲမှာ ညူကလီယာ ဒုံးပျံတွေ ပစ်လွှတ်ဖို့ လျို့ဝှက် ကုတ်နံပါတ်တွေပါတဲ့ လက်ဆွဲအိတ်ကိုင် အရာရှိတဦးအပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ခံ ဌာနကြီး ၆ ခုရဲ့ ကိုယ်စားလှယ်တွေလဲ ပါဝင်ပါ တယ်။ အိုဘားမား စီးတဲ့ Air Force One လေယာဉ်ကြီးဟာ အားကစားရုံတွေ ခွဲစိတ်ခန်းတွေပါဝင်တဲ့ ဧရာမ မိုးပျံဟော် တယ်ကြီးအသွင် ဆောင်နေပါတယ်။ ဒါ့ပြင် ညူကလီယာပေါက်ကွဲမြှုဖစ်ခဲ့ရင် ကာကွယ်ဖို့အတွက် ဓါတ်ရောင်ခြည် ကာ ကွယ်တဲ့စနစ်လဲ တပ်ဆင်ထားပါတယ်။

တည်ကြက် လေယာဉ်တစီးခြံရံထားပြီး ဇိမ်ခံဟော်တယ်ကြီးအသွင် အိုဘားမားစီးတော်မူတဲ့ Air Force One လေယာဉ် ကြီးဟာ တနာရီပျံသန်းတိုင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂သိန်းနီးပါးရှိပါသတဲ့။ အိုဘားမားစီးမဲ့ မရင်းဝမ်း ရဟတ်ယာဉ်ကလဲ ဒုံးကျည်ရန်ကို ရှောင်လွဲနိုင်တဲ့ မီးကျည်တွေ တပ်ဆင်ထားပါတယ်။

အိုဘားမားစီးမဲ့ မရင်းဝမ်း ရဟတ်ယာဉ်နဲ့ တည်ကြက်ယာဉ်တွေအပါအ၀င် ယာဉ်မျိုးစုံ ၄၅ စီးကို အိုဘားမားသွားမဲ့ ခရီး စဉ် မတိုင်ခင် C-17 ဂျက်လေယာဉ်ကြိးနဲ့ ကြိုတင် ပို့ထားရပါတယ်။ အရင်ကဆိုရင် သတင်းစာသမားတွေ တီဗီံ သမားတွေ အ တွက် ဘတ်စကား ၂ စီး၊ ရေဒါဖျက်တဲ့ယာဉ်တစီးနဲ့ SWAT ကွန်မင်ဒိုတွေအတွက် ကားတစီး ပါလေ့ ရှိပါတယ်။ သမ္မတ အို ဘားမားရဲ့ လန်ဒန်ခရီးစဉ်အတွင်း သမ္မတမိန့်ခွန်းရေးပေးသူ ၄ ဦး ပါလာပါတယ်။

အိုင်ယာလန်ကအပြန် လန်ဒန် ဘာကင်ကမ် ဘုရင်မနန်းတော်ကို အိုဘားဘား ညအိပ်လာရောက် လည်ပတ်ခဲ့ပါတယ်။ ဘာ ကင်ကမ် နန်းတော်ဆိုတာ အင်္ဂလန် ပြည့်ရှင် အင်မတန် ချမ်းသာတဲ့ ဘုရင်မနန်းတော်မို့ အစစ ဘယ်လောက် ပြည့်စုံ မလဲ ဧည့်ဝတ်ကျေမလဲ မှန်းကြည့်နိုင်ပါတယ်။ အိုဘားမား ဇနီးမောင်နှံထားမဲ့ နန်းတော်အခန်းဆိုတာကလဲ နယ်လဆင်မန် ဒဲလားတို့ အမေရိကန်သမတ ကနေဒီတို့ လာတုံးက တည်းခိုခဲ့တဲ့ သမိုင်းဝင် အခန်းဖြစ်ပါတယ်။

ဘယ်လောက်ဘဲ ဘုရင်မနန်းတော်အရာရှိတွေဘက်က ပြည့်စုံအောင် လုပ်ထားပါစေ…အမေရိကန် သမ္မတရဲ့ လုံခြုံရေး အရာရှိတွေအတွက်တော့ မပြည့်စုံဘူးလို့ ယူဆပါတယ်။ ဒီမှာတင် အမေရိကန်ကနေ သမ္မတကိုယ်ရံတော် လုံခြုံရေး စုံ ထောက်တွေ ယူလာတဲ့ ဗုံးဒဏ် ကာကွယ်နိုင်တဲ့ မှန်နှစ်ထပ်ပုံစံ အလွှာတခုကို အိုဘားမားအိပ်မဲ့ အခန်းပြတင်း ပေါက် တွေမှာ အပြင်က ထပ်တပ်ခွင့်ပေးရမယ်လို့ တောင်းဆိုလာလို့ နန်းတော်အရာရှိ အံ့အားတသင့် ဖြစ်ကုန်ပါသတဲ့။ ဒီကြားထဲ သမ္မတအိုဘားမားရဲ့ ကိုယ်ရံတော် ထောက်လှမ်းရေးတပ်ဖွဲ့က နန်းတော်မြေအောက်ခန်းမှာ စစ်တပ်ပုံစံ အိပ်စင်တွေနဲ့နေရာ ယူ…ကိုယ်ပိုင် ဆက်သွယ်ရေး စက်ကိရိယာတွေတပ်ထားပါတယ်။

အိုဘားမား လုံခြုံရေးစုံထောက်တွေ သေနတ်တွေ တကားကားနဲ့ အင်္ဂလန်ဘုရင်မ နန်းတော်ထဲမှာ သူတို့ကိုယ်ပိုင်နန်း တော်အလား ပြေးလွှားနေလိုက်ကြတာ ၂၄ ဆိုတဲ့ တီဗွီဇာတ်လမ်းကြည့်နေရသလားထင်ရတယ်လို့ မျက်မြင်သက် သေ တွေက ပြောပါတယ်။ အိုဘားမား ကိုယ်ရံတော်တွေဟာ သမ္မတကို အရေးပေါ် သွေးသွင်းနိုင်ဖို့ ပစ္စည်းတွေအပါအ၀င် ဆေး ခန်းအသေးစားလေးတခုကို ဆေးရုံးသုံးစက်ကရိယာတွေနဲ့ နန်းတော်ထဲမှာ တပ်ဆင်ထားပါတယ်။

နောက်ဆုံး အိုဘားမားကို အင်္ဂလန်ဘုရင်မအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ သောက်ရေသန့်ကိုတောင် တိုက်ခွင့် မပေး နိုင်၊ သူတို့အမေရိကန်က သယ်လာတဲ့ သမ္မတအိုဘားမား သောက်နေကျ သောက်ရေသန့်ကိုသာ တိုက်မယ်လို့ အိုဘား မား ကိုယ်ရံတော်ထောက်လှမ်းရေးအရာရှိတွေပြောတော့ နန်းတွင်းအရာရှိတွေ အံ့သြသွားပါတယ်။

ဘာကြောင့်လဲလို့မေးတော့ “ ကျွန်တော်တို့သမ္မတ ရေပြောင်းရေလွဲမှာ ဗိုက်နာတာမျိုး အဖြစ်မခံနိုင်လို့ပါ” လို့ သမ္မတ ကိုယ်ရံတော်တွေက ဖြေပါသတဲ့….။ ဘာပြောကောင်းမလဲ။ အင်္ဂလိပ်သတင်းစာတွေဆိုတာ ဆွေ့ဆွေ့ခုန်သွားတာဘဲ။ အိုဘားမားတို့ ဘုန်းကြီးလိုက်ပုံများ အင်္ဂလန်ဘုရင်မတောင် အရှုံးပေးရတယ်။ အင်္ဂလန်ဘုရင်မ သောက်တဲ့ရေတောင် အိုဘားမားကို မတိုက်နိုင်ဘူး...တဲ့။

စိုင်းနေမင်း (တင်ပြသည်)

ခေတ်ပြိုင်ဂျာနယ်