Sunday, November 18, 2012

စီမံကိန်းကားကို သပိတ်တားပြီ

လက်ပန်တောင်းတောင်ကြေးနီစီ မံကိန်းလုံးဝရပ်ဆိုင်းသပိတ်အဖွဲ့ တားမြစ်နယ်မြေထဲရှိစီမံကိန်းကားကို သပိတ်တားပြီ(၁၈-၁၁-၂၀၁၂)

အမေရိကန် စစ်သင်္ဘော မြန်မာ့တပ်မတော်(ရေ)အရာရှိစစ်သည်များ နေ့လည်စာအတူစားသောက်ခဲ့

Myanmar NAVY's photo.

မြန်မာ့တပ်မတော်(ရေ) နှင့် အမေရိကန်စစ်သင်္ဘောမှ အရာရှိစစ်သည်များ နေ့လည်စာအတူစားသောက်ခဲ့ Sunday, November 18, 2012 မြန်မာ့တပ်မတော်(ရေ)၏Frigate စစ်ရေယာဉ်များဖြစ်သော F-21 နှင့် F23 မှ အရာရှိ၊စစ်သည်များသည် ယနေ့ နေ့လည်ပိုင်းတွင်မြန်မာ့ရေပိုင်နက်အနီး အမေရိကန် သမ္မတ မစ္စတာ အိုဘားမား ခရီးစဉ်နှင့် ဆက်စပ်ပြီး ရောက်ရှိနေသော အမေရိကန် စစ်ရေယာဉ် USS Bonhomme Richard (LHD-6) ပေါ်သို့ Ship Visit သွားရောက်လည်ပတ် လေ့လာခဲ့ကြပြီး ချစ်ကြည်ရေး နေ့လည်စာ အတူတကွသုံးဆောင်ခဲ့ကြကြောင်း ကြားသိရပါသည်။ ထိုသို့ လာရောက်လည်ပတ်နိုင်ရန်အတွက် အမေရိကန် စစ်သင်္ဘော Captain CAPT David Fluker မှမြန်မာစစ်ရေယာဉ်များ မှအရာရှိ၊စစ်သည်များ ကိုဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

အိုဘားမား၏ ရွှေတိဂုံဘုရား ခရီးစဉ်ဖျက်သိမ်းလိုက်ရ

by The Myanma Age on Sunday, November 18, 2012 at 6:33am ·

ရန်ကုန်၊နိုဝင်ဘာလ ၁၈။

မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ ရက်နေ့ မနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်ခန့်တွင် ရောက်ရှိမည်

ဖြစ်သော အမေရိကန် သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အချိန်၌ သမိုင်းဝင်

ရွှေတိဂုံစေတီတော်ကြီးအား သမ္မတကြီးဦးသိန်းစိန်က လိုက်လံပို့ဆောင်မည့် အစီအစဉ်အား

ဖျက်သိမ်းလိုက်ကြောင်း သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

ရွှေတိဂုံစေတီတော်သို့ သွားရောက်မည့် ခရီးစဉ်ဖြတ်သိမ်းလိုက်ရခြင်းမှာ အမေရိကန် သမ္မတဖြစ်သူ

အိုဘားမားက မြန်မာ့ ဓလေ့ထုံးတမ်းအရ ဘုရားရင်ပြင်တော်အတွင်း ၎င်းတို့ ဖိနပ်ချွတ်ရမည်

ဖြစ်သော်လည် ၎င်းတို့၏ လုံခြုံရေးများအနေဖြင့် ဖိနပ်မချွတ်နိုင်သောကြောင့် ခရီးစဉ်အား

ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“သမ္မတကြီးက ရွှေတိဂုံဘုရားကို လိုက်ပို့ဖို့ စီစဉ်ထားတယ်။ အိုဘားမားက ဖိနပ်ချွတ်နိုင်ပေမယ့်

သူရဲ့လုံခြုံရေး တာဝန်ယူ တဲ့သူတွေအနေနဲ့ ဖိနပ်မချွတ်နိုင်တဲ့အတွက် အစီအစဉ်ကို ဖျက်သိမ်း

လိုက်ရတယ် ” ဟု ၎င်းကပြောကြားသည်။

ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း နေ့လည် ၂ နာရီခန့်တွင် မိန့်ခွန်းပြောမည်ဖြစ်ကြောင်း သိရပြီး

အဆိုပါ မိန့်ခွန်းပြောရန် နေရာအား သမ္မတကြီးဦးသိန်းစိန်မှပင် စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း

ထပ်မံသိရသည်။


စူးရှ


Minn Kyaw Swar
မြန်မာနိုင်ငံသို့  November 19 ရက်နေ့  မနက်၉ နာရီ ၃၀ မိနစ် ခန့် တွင် ကိုယ်ပိုင်လေယာဉ် (air force one)ဖြင့် ရောက်ရှိမည်ဖြစ်သော Mr. President Obama သည် မြန်မာနိုင်ငံ ရန်ကုန်မြို့ တွင့်  ၆ နာရီ ကြာ လာရောက်မည်ဖြစ်ပြီး ညနေ ၃နာရီ ၅၀ တွင် ပြန်လည်ထွက်ခွာမည်ဖြစ်သည်။ Mr president နှင်ံ့ အတူ လုံခြုံရေး အတွက် အပါအဝင် လူပေါင်း ၂၂၀ လောက် လာရောက်မည်ဖြစ်ပြီး Mr presidentလုံခြုံ ရေးအတွက် လူပေါင်း ၆၀၀ ကျော် ကြို တင်ရောက်ရှိနေပြီး Sedona နှင့် chatrium hotel တို့ တွင် တည်းခိုပြီး, chatrium hotel ကို အပြတ်ယူ ထားပြီး ၆နာရီ စာလာရောက်မည့်  သူတို့ ၏အကြီးအကဲ အတွက် လုံ ခြုံရေးအရ လိုအပ်သည့်  security device ကြိုတင်တပ်ဆင်ခြင်း ၊လမ်းကြောင်းလုံခြုံရေး ,လာရောက်စဉ်တွေ့ ဆုံမည့်  လူများ ၊ media များ စာရင်းများ နှင့် ထိုသူတို့  ၏အချက်အလက်များကို လုံခြုံရေးအတွက်အမေရိကန် သံရုံးနှင့်ပူးပေါင်းပြီး အတည်ပြုပြုစုကာကာ white house သို့  အချိန်နှင့်  တပြေးညီ တင်ပြခြင်း စသည် တို့  ကို ပြုလုပ်ခဲ့ ပြီး လုံခြုံရေးအတွက် မြန်မာနိုင်ငံ ၏ တပ်ဖွဲ့ အင်အားကိုလုံးဝမသုံး ဘဲ သူတို့  လူတွေ ကပဲ တာဝန်ယူသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ဘက်မှ အပြင်စည်းမှသာ တာဝန်ယူဆောင်ရွက်ပေးကြရမှာ ဖြစ် သည်။ Mr president က ကိုယ်ပိုင် ကားကို သယ်ယူလာမှာဖြစ်ပြီး လာရောက်စဉ် ဝေဟင် ရေပြင် ဘက် တွေ ကပင် လုံခြုံရေးအတွက် စီစဉ်ထားသောကြောင့်  American နိုင်ငံမှ လုံခြုံရေး လေယာဉ် ၊ သဘော တို့ ပါရောက်ရှိနေပြီး လာရောက်စဉ် လေယာဉ် ကကောင်းကင်မှလုံခြုံရေးယူမည်ဖြစ် သည်။ ထို့ အပြင် mr Obama လုံခြုံ ရေးအရ ရန်ကုန်မြို့ လွတ်တော် အဝင်ကို ကာပေးရခြင်း ၊ မူလကစီစဉ်ထားသော သစ်ပင်စိုက်ခြင်း အစီအစဉ်ကို ဖျက်သိမ်းလိုက်ခြင်း ၊ လာရောက်စဉ် နေ့ လည် တွေ့ ဆုံပွဲ့ တွင် စကားပြောရန်အတွက် လူဦးရေ စာရင်း နှင့် ထိုသူတို့  data များကို white house သို့  ကြိုတင် သတင်းပေးထား ပြီး ဖြစ် ပြီး စကားပြော စဉ်ကို နောက်ဖက်မှတက်မည်ဖြစ်ပြီး ရှေ့တွင်လည်းကာထားကြောင်း နှင့် မူလက စီစဉ်ထားသော ရွေတိဂုံ ဘုရားသွားရောက်မည့်  အစီ အစဉ်ကို ဖြတ်သိမ်းလိုက် ခြင်း အကြောင်းမှာ mr president Obama က ဖိနပ်ချွတ်နိုင်ပါသော်လည်း သူ့ လုံခြုံရေးလူများ ကတော့  ထိုသူတို့  လုံခြုံရေးကာကွယ် ပေးသူတို့ စည်းမျဉ်း ( code of contact ) အရ ဘယ်လို မှ ဖိနပ်ချွတ်ခြင်းမဖြစ် နိုင်ကြောင်းပြောကြားလာသောကြောင့်  မြန်မာနိုင်ငံ ဘက်မှ ယခု အခါတော့ ဘယ်လိုမှ မလိုက်လျောနိုင်သောကြောင့် shwedagon သွားရောက်ခြင်းကိုဖျက်သိမ်းလိုက် ခြင်းဖြစ်သည်။ Mr president သည်လာရောက်စဉ် မြန်မာနိုင်ငံမှ အထွေထွေ စီစဉ်စရာမလို ကြောင်း နှင့် သောက်ေ၇ ကို ပင် မြန်မာနိုင်ငံ မှ မဟုတ်ဘဲAmerican ကပင် တာဝန် ယူမည်ဖြစ်သည်။

ဗိုက်ပေါက်ရဲ့ အနာကို ဘယ်သူဆေးကုပေးမလဲ

(ဇော်သက်ထွေး) ၁၆-၁၁-၂၀၁၂ထုတ် Health Care Journal မှဆောင်းပါး.....

နိုင်ငံရေး အကျဉ်းသားဟောင်း ကိုထွန်းလင်းကျော် ခေါ်ဗိုက်ပေါက် ရဲ...့ ညာဖက်နံရိုးကြားမှာ အပေါက်ကြီး တစ်ပေါက်ရှိနေပါတယ်၊အဲဒီအပေါက်ကြီးထဲ ကို နေ့စဉ် ပတ်တီးလိတ် ငါးလိပ် ထည့်လိုက် နောက်နေ့ပြန်ထုတ်လိုက်နဲ့အသက်ဆက်နေရတာပါ။ အဲဒီအပေါက်ကြီးကနေ အထဲက တစ်ခြမ်းလှီးထားတဲ့ အဆုတ်ကိုမြင်နေရပါတယ်။ သူ့အတွက်ဆေးကုသစရိတ်ကိုထောက်ပံ့ လိုသူများ Health Care Journal ဖုန်း ၀၁ ၈၆၀၃၈၁၉ ကိုဆက်သွယ်ပေးကြပါ။အပတ် စဉ်သူ့အတွက် ရရှိတဲ့အလှူငွေ တွေကိုသူ့ထံ ပေးအပ်ပြီး အလှူရှင်စာရင်း ကိုဂျာနယ်မှာေ ဖ်ာပြပေးသွားမှာပါ။ လောလောဆယ် Health Care Journal ကကျပ်ငါးသောင်းမတည် လှူဒါန်းပေးထားပါတယ်။

အိုဘားမားမလာခင် တစ်ရက်အလိုမှာ လှပနေတဲ့ အဓိပတိလမ်းမ။


သမ္မတ အိုဘားမား မြန်မာပြည် ခရီးစဉ် တချို့  အမေရိကန် သမ္မတ ဘားရက်အိုဘားမား မိန့်ခွန်း ပြောကြားမည့် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသို့ ဝင်ခွင့်လက်မှတ် သမ္မတအိုဘာမား ခရီးစဉ်အဆင်ပြေချောမွေ့စေဖို့အတွက် အစစအရာရာကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ မြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးညဏ်ထွန်း ကိုယ်တိုင် ဦးစီးကွပ်ကဲနေတာဖြစ်တယ်လို့ ခရီးစဉ်စီစဉ်နေတဲ့ သတင်းရပ်ကွက်က ကြားသိရပါတယ်။ အဲသည် Command Post မှာ သမ္မတရုံး၊ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး (ရဲဌာနတွေအပါအဝင်)၊ ပြန်ကြားရေးနဲ့ အခြားဝန်ကြီးဌာနပေါင်းစုံပါ ပါဝင်ပြီး စီစဉ်နေတာလို့ ဆိုပါတယ်။ အဲဒီမှာ လုံခြုံရေးတာဝန်ယူထားရ တဲ့ သူတွေအနေနဲ့ ၂၄ နာရီ လုံခြုံရေးတာဝန်ယူထားရတဲ့အတွက် ပင်ပန်းပေမဲ့လဲ ထူးထူးခြားခြား ခရီးစဉ်တစ်ခုဖြစ်လို့ အဲလောက်တော့ မပင်ပန်းလှဘူးလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ဆိုကြပါတယ်။ ဒီခရီးစဉ်ဟာ သမိုင်းဝင်ခရီးစဉ်ကြီး တစ်ခုဖြစ်လို့ အနည်းဆုံး အိုဘာမားစီး လာတဲ့ မော်တော်ယာဉ်တန်းကိုပဲဖြစ်ဖြစ် ကြည့်လိုက်ချင်တယ်လို့ အွန်လိုင်းစာမျက်နှာတွေ မှာ ဖော်ပြထားတာတွေ လဲ တွေ့နေရကြောင်းပါ။ အမေရိကန်သမ္မတ ခရီးစဉ်အတွက် အထူးဝတ်စြုံ... ဖင့် လုံခြုံရေး သမ္မတအိုဘာမား မြန်မာနိုင်ငံခရီးစဉ်အတွက် ရဲတပ်ရင်းတွေလုံခြုံရေးချထားတာကို စိတ်ဝင်တစားရေးကြပြောကြတာတွေ အွန်လိုင်းစာမျက်နှာတွေမှာ တွေ့နေရပါတယ်။ အခု ရဲတွေ ဝတ်ထားတဲ့ အကျီင်္ ကို ဆာဖာရီကုတ်လို့ ခေါ်ပြီး နိုင်ငံတော် အခမ်းအနားတွေ၊ အရေးကြီး ဧည့်သည်တော်တွေ လာတဲ့အခါမှာ ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ဝတ်တာဖြစ်တယ် လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ဆိုပါတယ်။ လောလောဆယ် ရန်ကုန်မြို့မှာ လေကြောင်းရဲ၊ ရဲသတင်းတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့တွေပါ နယ်မြေရဲတပ်ရင်းတွေနဲ့ ပူးပေါင်းပြီး ရဲတပ်ရင်း ဆယ်ရင်း လုံခြုံရေးယူထားတယ်လို့ ဆိုပါတယ်။ ရဲကားသစ် အစီး လေးဆယ်၊ ယာဉ်တန်းမှာ လိုက်ပါမဲ့ ဆိုင်ကယ် ၄ဝ အသစ်တွေ စီစဉ်ထားတယ်လို့လဲ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေက ဆိုကြကြောင်းပါ။ ဆိုင်းဘုတ်အသစ်နဲ့ ရန်ကုန်တက္ကသိုလ်( ဓာတ်ပုံ San O) အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမား ရန်ကုန်သို့ရောက်ရှိခြင်း၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်း ရန်ကုန်တက္ကသိုလ် ဘွဲ့နှင့်သဘင်ခန်းမ၀ယ် မိန့်ခွန်းပြောကြားခြင်း အစရှိသည်တို့ကို Skynet Up to Date ချယ်နယ်နင့် MNTV တို့မှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

သတင်းထုတ်ပြန်ချက် (၂/၂၀၁၂)

The Voice Weekly

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် (၂/၂၀၁၂)
၁၃၇၄ ခုနှစ် တန်ဆောင်မုန်းလဆန်း ၅ ရက်
... ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေနှင့် နိုင်ငံတကာစံနှုန်းများနှင့် အညီ ဖြစ်စေရန် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များတွင် နိုင်ငံသားများ၏ လူ့အခွင့်အရေးများ ကာကွယ်နိုင်စေရန်၊ ဒီမိုကရေစီအစိုးရတစ်ရပ်ဖြစ်ပေါ်လာစေရန် အောက်ပါကိစ္စများကို ဆောင်ရွက်သွားမည်ဖြစ်ပါသည် -

၁။လူ့အခွင့်အရေးကိစ္စများ
မြန်မာနိုင်ငံအစိုးရအနေနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of the Red Cross- ICRC)နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့အကြား ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွားမည် ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီကို အကျဉ်းထောင်များအတွင်း သန့်ရှင်းသော မိလ္လာစနစ်များ၊ ရေနှင့်လျှပ်စစ်မီး ရရှိရေးတို့ကို ပြန်လည်ဆောင်ရွက်နိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့ရာ ယခုဆက်လက်၍ ဆေးဝါးကုသမှုနှင့် အကျဉ်းထောင်အတွင်း အကျဉ်းသား များ၏ လူမှုဖူလုံရေးကိစ္စများနှင့် နေရေးထိုင်ရေးကိစ္စများကို ကူညီခွင့်ပြုသွားမည် ဖြစ်သည်။

ပြည်ထောင်စုအစိုးရအနေဖြင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးခွဲကို မြန်မာနိုင်ငံတွင် စတင်ဖွင့်လှစ်နိုင်ရန် လိုအပ်သော ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ပြည်ထောင်စုအစိုးရအနေနှင့် “နိုင်ငံရေးအရနာမည်ပျက်စာရင်း” ဟုခေါ်ဆိုသော ပုဂ္ဂိုလ် များစာရင်းကိုလည်း ပယ်ဖျက်ပေးထားပြီးဖြစ်သည့်အပြင် ယင်းကိစ္စများနှင့် စပ်လျဉ်း၍ ဖြေကြားပေးနိုင်ရန်လည်း သမ္မတရုံးတွင် ဆက်သွယ်ရေးတာဝန်ခံတစ်ဦးကို ခန့်ထားပြီး ဖြစ်ပါသည်။

၂။ အကျဉ်းသားများကိစ္စ
ပြည်ထောင်စုအစိုးရအနေနှင့် ကျန်ရှိနေသေးသော အကျဉ်းသားများကိစ္စကို ပြည်ထဲရေး ဝန်ကြီးဌာနနှင့်အခြားသက်ဆိုင်ရာအစိုးရဌာနများ နှင့် အဖွဲ့အစည်းများအကြား ယခုနှစ် ဒီဇင်ဘာလမကုန်မီ ညှိနှိုင်းဆွေးနွေးမှုများ စတင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ နိုင်ငံတကာစံများ၊ ကျင့်ထုံးများနှင့်အညီ အကျဉ်းသားများ၏ ပြစ်မှုများ၊ ပြစ်ဒဏ်များကို ပြန်လည်စဉ်းစားသုံးသပ်နိုင်ရန် စီမံဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၃။ ပဋိပက္ခများဖြေရှင်းရေးနှင့် အမျိုးသားသွေးစည်းညီညွတ်ရေး
ပြည်ထောင်စုအစိုးရအနေနှင့် တာဝန်ယူသည့်အချိန်မှစတင်၍ ငြိမ်းချမ်းရေးကိစ္စများကို အထူးအလေးထား ဆောင်ရွက်လာခဲ့ရာ ယခုအခါ အဓိကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး ရရှိပြီးဖြစ်သည့်အပြင် ဆက်လက်၍ နိုင်ငံရေးအရ ဆွေးနွေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ပြည်ထောင်စုအစိုးရအနေနှင့် ကချင် ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိနိုင်စေရန်နှင့် နိုင်ငံရေးအရ ဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရန်လည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါ သည်။ ထို့အပြင် ပြည်ထောင်စုအစိုးရအနေနှင့် ကောင်းမွန်သည့်အုပ်ချုပ်မှုနှင့် တိုင်းရင်းသားအခွင့်အရေးများကို ရေရှည်အာမခံချက်ပေးနိုင်ရန် နိုင်ငံရေးနည်းလမ်းများကို အသုံးပြု၍ လိုအပ်သည်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

နိုင်ငံတော်သမ္မတကြီး၏ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ထံ ပေးပို့သော စာတွင် ဖော်ပြပါရှိသည့်အတိုင်း ရခိုင်ဒေသတွင် ပဋိပက္ခများ တစ်ကျော့ပြန်မဖြစ်ပွားစေရေးအတွက် လိုအပ်သည်များကို ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ကျူးလွန်သူ များကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပါသည်။ ရခိုင်ဒေသခံ ပြည်သူများ လိုအပ်သော လူသားချင်းစာနာသည့် အထောက်အပံ့များ ရရှိရေးကိုလည်း နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အတူလက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လူမျိုးစုနှစ်ခုကြားရှိ အဓိကပြဿနာဖြစ်စေသည့် ရင်းမြစ်များကိုလည်း ကြိုးပမ်းဖြေရှင်း သွားမည်ဖြစ်ပြီး အိုးအိမ်စွန့်ခွာသူများ နေရပ်ပြန်နိုင်ရေးအစ နိုင်ငံသားဖြစ်မှုအဆုံး လိုအပ်သော နိုင်ငံရေးအရ ဖြေရှင်းမှုများကိုလည်း ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါသည်။
ပဋိပက္ခဖြစ်ပွားခဲ့သည့် နေရာများတွင် အခြားနိုင်ငံတကာလူသားချင်းစာနာသော အဖွဲ့ အစည်းများနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်း၍ ပိုမိုကျယ်ပြန့်သော အကူအညီများ ကူညီထောက်ပံ့နိုင်ရန် ပြည်ထောင်စုအစိုးရက ညှိနှိုင်းဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။

၎။ အဏုမြူမပြန့်ပွားရေး
ပြည်ထောင်စုအစိုးရအနေနှင့် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ International Atomic Energy Agency ၏နောက်တိုးလိုက်နာရန်အချက်အလက်များ (Additional Protocol) ကို လက်မှတ်ရေးထိုးနိုင်ရန်နှင့် ၁၉၉၅ ခု Small Quantities Protocol ၏ ထပ်မံပြင်ဆင်ချက်ကို လက်ခံနိုင်ရန် နိုင်ငံတော်သမ္မတကြီးက အတည်ပြုပြီးဖြစ်ရာ လွှတ်တော်သို့ တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် IAEA စတင် ဖွဲ့စည်းသည့် ၁၉၅၇ခုနှစ်တည်းက အဖွဲ့ဝင်အဖြစ် ပါဝင် ခဲ့ပြီး ၁၉၉၂ခုနှစ် ဒီဇင်ဘာတွင် အဏုမြူလက်နက်မပြန့်ပွားရေးဆိုင်ရာစာချုပ် (Non-Proliferation Treaty, NPT) ကို လည်းကောင်း၊ ၁၉၉၅ခုနှစ်တွင် NPT ၏ နောက်တိုး သဘောတူညီချက် ဖြစ်သည့် Small Quantities Protocol စောင့်ကြည့်ထိန်းသိမ်းရေး စာချုပ်နှင့် အရှေ့တောင်အာရှ အဏုမြူလက်နက် ကင်းစင်ရေးစာချုပ် (Southeast Asian Nuclear-Weapon-Free Zone Treaty) များကိုလည်းကောင်း၊ ၁၉၉၆ခုနှစ် တွင် နျူကလီးယားစမ်းသပ်မှုတားဆီးရေး သဘောတူညီချက် (Comprehensive Nuclear Test Ban Treaty) တို့ကိုလည်းကောင်း လက်မှတ်ရေးထိုး ထားပြီး ဖြစ်ပါသည်။

ပြည်ထောင်စုအစိုးရအနေနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ကုလ သမဂ္ဂလုံခြုံရေး ကောင်စီဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို လိုက်နာဆောင်ရွက်ရန်လည်း အခိုင်အမာ ဆုံးဖြတ်ချက်ချထားပြီး ဖြစ်ပါသည်။

၅။ ပွင့်လင်းမြင်သာသည့်အစိုးရတစ်ရပ်ဖြစ်ပေါ်ရေး
ပြည်ထောင်စုအစိုးရအနေနှင့် ၂၀၁၆ တွင် Open Government Partnership (OGP) အဖွဲ့ဝင်ဖြစ်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်။ OGP အစီအစဉ်မှာ အစိုးရများ၏ ပွင့်လင်း မြင်သာမှုကို မြှင့်တင်ခြင်း၊ နိုင်ငံရေးဖြစ်စဉ်တွင် နိုင်ငံသားများ၏ပါဝင်မှုကို မြှင့်တင်ခြင်း၊ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကို ထိရောက်စေခြင်းနှင့် နည်းပညာကဏ္ဍကို မြှင့်တင် ပေးခြင်းတို့ဖြင့် ပိုမိုပွင့်လင်းမြင်သာ၍ တာဝန်ယူမှုရှိသော စွမ်းဆောင်ရည်မြင့် အစိုးရ ဖြစ်ပေါ်စေရန် နိုင်ငံစုံပူးပေါင်းပါဝင်သော အစီအစဉ်ဖြစ်ပါသည်။

၆။ လူကုန်ကူးမှုတိုက်ဖျက်ရေး
ပြည်ထောင်စုအစိုးရအနေနှင့် “လူကုန်ကူးမှုတိုက်ဖျက်ရေး အမေရိကန်-မြန်မာ ပူးပေါင်း အစီအစဉ်” တွင် ပါဝင်ဆောင်ရွက်ရန် သဘောတူညီပြီးဖြစ်သကဲ့သို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO နှင့်လည်းပူးပေါင်း၍ အဓမ္မခိုင်းစေမှုများ ပပျောက်စေရေး အစီအစဉ်များနှင့် “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေသစ်”နှင့်အညီ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်များကို ဆက်လက်လုပ်ဆောင်သွား မည် ဖြစ်ပါသည်။ ယင်းစီမံချက်များတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရ အနေဖြင့် အမေရိကန်ပြည်ထောင်စု၏ နည်းပညာပိုင်းဆိုင်ရာ အကူအညီများကိုလည်း ဝမ်းမြောက်စွာ ကြိုဆိုသွားမည်ဖြစ်ပါသည်။

(သတင်းထုတ်ပြန်ရေးအဖွဲ့)

ကြေးနီစီမံကိန်း ဖျက်သိမ်းရေးသပိတ်စခန်း



သပိတ်စခန်း ၃ခုအနက် လယ်တီဆရာတော်ကြီးရဲ့ အမွေအနှစ်ကို ကာကွယ်ပြိး တားဆီးမဲ့ သပိတ်စခန်း တခု



‎18.11.12ရက်နေ့ ဦးပိုင်နှင့်မြန်မာဝမ်ပေါင် ရှေ့တွင် နံနက်(၈း၃၀)မှစတင်၍ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် လက်ပန်တောင်းတောင်ဒေသခံ တောင်သူများက သပိတ်စခန်း ဖွင့်ပြီ။