Monday, November 19, 2012

အမေရိကန် နှင့် မြန်မာ မတူခြားနားပုံ

Phozaw Bama

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှို့ဝှက်ဥယျာဉ်ထဲမှ ဖြစ်ရပ်ဆန်းများ


Khin Kalayah Soe =================================
အမှတ် ၅၄ တက္ကသိုယ်ရိပ်သာလမ်း ရန်ကုန် နိုဝင်ဘာလ ၁၉ ၂၀၁၂

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲကနေ အင်တာနက်ကို ကျနော်ကြိုးစား ပမ်းစား သုံးနေ ရပါတယ်။ အခုရေးနေတဲ့ စာကြောင်းတွေထဲမှာ မယုံနိုင်စရာ အဆန်းတကျယ် ဖြစ်ရပ်တွေ အများကြီး ပါဝင်နေပါတယ်။ တကယ့်ကို ထူးဆန်းတဲ့ ဒီနိုင်ငံထဲမှာ ကျနော်ရောက်နေတာပါ။
...

ဒီနိုင်ငံက မတရားမှုတွေ ဖိနှိပ်မှုတွေကို သတင်းရေးခဲ့တဲ့ အတွက် ကျနော့်ကို နှစ်ကြိမ်တိုင်တိုင် ပြည်နှင်ဒဏ် ပေးခဲ့ ပါတယ်။ ဟော အခုကျတော့လည်း အမေရိကန် သမ္မတ အိမ်ဖြူတော်က သတင်းစာအဖွဲ့ အနေနဲ့ ကျနော် ဖိတ်ကြားခြင်း ခံရပြီး ပြန်ရောက်လာပါပြီ။ ဒါကျနော်ရဲ့ မလိမ်မိုး မလိမ္မာတာတွေကို မေ့သွားကြပြီ ဆိုတဲ့ သဘောပေါ့။ ဒီလို ကမ္ဘာမှာ အကျော်ကြားဆုံး ခြံဝင်းထဲမှာ ကျနော် ရောက်နေတာဟာ အံ့မခန်းစရာ အပြောင်းအလဲပါ။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချူပ် ကျနေတုန်းက အဖြစ်အပျက်တွေကို ကျနော်ပြန်လည် မြင်ယောင် မိပါတယ်။ အဲဒီတုန်းက ဆိုရင် ထောက်လှမ်းရေး တွေက ဒီခြံပေါက်ဝကို စောင့်ကြည့်နေပြီး အနောက် နိုင်ငံသားတွေ အပြည့်ပါတဲ့ ကားတစီးစီးများ ဒီခြံနား ကပ်လာတယ်ဆိုရင် စကားပြောစက်တွေနဲ့ တိုးတိုး တိုးတိုး သတင်း ပို့ကြတော့တာဘဲ။

အဲဒီ အချိန်တွေကများ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခြံထဲ မပြောနဲ့ ဟောဒီ တက္ကသိုလ်ရိပ်သာ လမ်းကြီးရဲ့ ဘယ်နားကို မှကားရပ်လို့ မရဘူး။ အခုတော့လည်း ဒီခြံထဲမှာဘဲ ဒေါ်စုဆီလာတဲ့ ဧည့်သည်တွေထဲမှာ နာမည်အကြီးဆုံး ဖြစ်တဲ့ အမေရိကန် သမ္မတ အိုဘားမား လာရောက် တွေ့ဆုံမှာကို ကျနော် စောင့်မျှော် နေရပါပြီ။ ဒါဟာ သုံးနှစ်ကြာ ခက်ခဲနက်နဲတဲ့ သံတမန်ရေးရာ ဆောင်ရွက်မှုတွေရဲ့ ရာဇ၀င်တင်တဲ့ ဖြစ်ရပ်ပါ။

အမေရိကန် အစိုးရ စီးပွားရေး ပိတ်ဆို့ မှုဟာ မြန်မာ ပြည်သူပြည်သား တွေကိုသာ ထိခိုက်စေခဲ့ပြီး အုပ်ချုပ်သူ လူတန်းစားတွေကို တိုင်းပြည်ရဲ့ကြွယ်ဝတဲ့ သယံဇာတ အရင်းအမြစ်တွေကို လုပ်ချင်သလို လုပ်ခွင့် ပေးလိုက်သလို ဖြစ်စေခဲ့ တာကြောင့် မအောင်မြင်ခဲ့ပါဘူး။

၂၀၀၉ခုနှစ်မှာတော့ အမေရိကန် အစိုးရဟာ ဘာမားလို့ ခေါ်တွင်နေဆဲ ဖြစ်တဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒကို ပြန်လည် သုံးသပ်ခဲ့ပါတယ်။ ရရှိလာတဲ့ အဖြေကတော့ မြန်မာအပေါ် ထားတဲ့ သဘောထားကို သိသိသာသာ ပြောင်းလဲဖို့ပါဘဲ။ ဒါပေမဲ့  ဒီစေ့စပ် ညှိုနှိုင်းမှုကို အားလုံးက စောင့်ကြည့် နေကြပြီး ဘယ်လို မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်သွားမလဲ ဆိုတာ အသေအချာ မခန့်မှန်းနိုင် ခဲ့ပါဘူး။

အခုဒီခြံထဲမှာရှိတဲ့ အရာရှိကြီး တွေကတော့ ဒီလိုပြောင်းလဲမှုတွေ အတွက် သူတို့ အံသြ၀မ်းသာ ရတာကို ပွင့်ပွင်းလင်းလင်းကို ထုတ်ပြောကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချူပ်က လွတ်တာ နှစ်နှစ် လောက်ပဲ ရှိသေးတာနဲ့  ဒီမိုကရေစီကို သွားရာ လမ်းကြောင်းကလည်း တလွှဲကြီး ဖြစ်နေတာကို မမေ့သင့်ဘူး ဆိုတာကိုပါ။ အခုတော့ ဒေါ်စုဟာ လွတ်မြောက် ရုံသာမက ကမ္ဘာအရပ်ရပ်က ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံနေပါပြီ။

သူမဟာ လွှတ်တော်အမတ် တယောက်ဖြစ်နေပြီး သမ္မတဦးသိန်းစိန် ကတောာင် ဒေါ်စုဟာ တနေ့မှာ ခေါင်းဆောင် တစ်ယောက် ဖြစ်လာ နိုင်တယ်လို့ ပြောကြား နေပါတယ်။ ဒါပေမဲ့ ဒီရလာဒ်တွေ ပျောက်ပျက် မသွားဖို့ အရေးကြီးပါတယ်။ နိုင်ငံရဲ့  ဆင်းရဲ မွဲတေမှု ကလည်း အခြေအနေ အတော် ဆိုးနေပါတယ်။ နိုင်ငံရဲ့ ၂၅ ရာခိုင်နှုန်းလောက် မီးမရသလို ကျန်းမာရေး စောင့်ရှောက်မှု ကလည်း အတော် နိမ့်ကျနေပါတယ်။ လူမျိုးစု ပြသာနာ တွေကလည်း ရှိနေပြီး နိုင်ငံမြောက်ပိုင်းက ကချင်ပြည်နယ်နဲ့ အနောက်ပိုင်းက ရိုဟင်ဂျာတွေရဲ့ ပြသာနာတွေ ဆက်လက် ဖြစ်ပွားနေဆဲပါ။

စစ်တပ်က နိုင်ငံရေးနဲ့ လူမှုရေးတွေကို ထိန်းချုပ်ထားဆဲ ဖြစ်သလို ရာပေါင်း များစွာသော နိုင်ငံရေး အကျဉ်းသားတွေလည်း သံတိုင်တွေ နောက်မှာ ရှိနေဆဲပါ။ ဒါပေမဲ့ အရင်တုန်းက ဘယ်တုန်းကမှ မရှိခဲ့တဲ့ မျှော်လင့်ချက် တရားတွေတော့ ဒီနိုင်ငံမှာ ရှိလာပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥယျာဉ်ထဲက နှင်းဆီပန်း ရနံတွေလည်း လေထဲမှာ သင်းပျံ့လာပါတယ်။ နှင်းဆီနံ့တွေနဲ့ အတူ ဒီလေထုထဲမှာ ရနေတဲ့ အရာတခုလည်း ရှိပါသေးတယ်။ ဒါကတော့ အင်တာနက်ပါ။

မြန်မာနိုင်ငံလို အင်တာနက် သုံးရတာ နှေးကွေး ဈေးကြီးရုံတင် မက ကန့်သတ်ချက် တွေများတဲ့ တိုင်းပြည် တခုမှာ အခုလို ပန်းခြံ ထဲကနေ ကြိုးမဲ့ အင်တာနက် သုံးပြီး အီးမေးလ်တွေ စာတွေပို့ နေရတာ တကယ့်ကို မယုံနိုင်စရာကြီးပါ။

မယုံရင်လည်း ပုံပြင်လို့ သာမှတ်လိုက်ပါတော့။ ထပ်ပြော ရအုန်းမယ်။ ကျနော် ဒေါ်အောင်ဆန်းစုကြည် ခြံထဲကနေ အင်တာနက် သုံးနေပါတယ်။

CNN သတင်းထောက် Dan Rivers, CNN ၏ Miracles in Suu Kyi's secretgarden ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။

Credit: Burma-Newselite
PS: မူရင်းဘာသာပြန်မှ တချို့သော စာလုံးပေါင်း သတ်ပုံများကို ပြန်လည် ပြင်ဆင်ထားပါသည်။

(၃)အိမ်တလုံးနှင့်လူတယောက်ဆီသမိုင်းဝင်ပထမဆုံးသွားရောက်ဂါရ၀ပြုတဲ့အမေရိကန်သမ္မတ

ဓါတ်ပုံ-ဆန်နီ

(၂)အိမ်တလုံးနှင့်လူတယောက်ဆီသမိုင်းဝင်ပထမဆုံးသွားရောက်ဂါရ၀ပြုတဲ့အမေရိကန်သမ္မတ

ဓါတ်ပုံ-ဆန်နီ

ကိုလင်္ကျာထွန်း လွတ်ပြီ ...။

သာယာဝတီအကျဉ်းထောင်မှလွတ်မြောက်လာသည့်နိုင်ငံရေးအကျဉ်းသား ကိုလင်္ကျာထွန်း။
Messenger News Journal's photo.

ဒေါ်အောင်ဆန်းစုကြည်/အိုဘားမားနဲ့မီဒီယာ

DVB TV News
အသံထွက်အခက်အခဲရှိပါသည်။

အမေရိကန်သမ္မတ အိုဘားမား ရွှေတိဂုံဘုရားဖူး

Photo By JASON REED/REUTERS

အိုဘားမားနှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံစဉ်

7Day News Journal
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် အမေရိကန်ပြည်ထောင်စု သမ္မတ မစ္စတာဘားရက်အိုဘားမားအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဧည့်ခန်းမ၌ တွေ့ဆုံသည့် ရုပ်သံမှတ်တမ်း။


အိုဘားမား ရန်ကုန်လေဆိပ်မှ ပြန်လည် ထွက်ခွာသွားပုံ

DVB TV News
အမေရိကန် သမ္မတ ဘားရတ်အိုဘားမား ရန်ကုန်လေဆိပ်မှ ပြန်လည် ထွက်ခွာသွားပုံ မြင်ကွင်းများ
(ရိုက်ကူး ကျော်ဇေယျာဝင်း)

““ဦးလေးကြီးတို့ အော်ပါလား””

““အော်... အော်.. ကျယ်ကျယ်အော်... နိုင်ငံတော်သီချင်းဆိုသလို ကျယ်ကျယ်အော်”” တဲ့။
အမေရိကန်သမ္မတကြီး ကျန်းမာပါစေဆိုတဲ့ ကြွေးကြော်သံတွေကို လိုက်အော်ခိုင်းနေတဲ့
ရန်ကုန်အစိုးရ လူမှုရေးဝန်ကြီးကိုကျောင်းသူလေးတစ်ယောက်က ခပ်တိုးတိုးလေး ဘာပြန်ပြောတယ်မှတ်တုန်း။ ““ဦးလေးကြီးတို့ အော်ပါလား”” တဲ့။ အနားက ရဲတွေ တခွိခွိဖြစ်ကုန်ရဲ့။း)

Khin Mg Latt

တော်တော်ချာတဲ့သမ္မတကိုယ်ရံတော်တွေ

အိမ်တလုံးနှင့်လူတယောက်ဆီသမိုင်းဝင်ပထမဆုံးသွားရောက်ဂါရ၀ပြုတဲ့အမေရိကန်သမ္မတ