Tuesday, November 20, 2012

အာဆီယံလူ့အခွင့်အရေးကြေညာချက်တွင် မြန်မာသဘောတူလက်မှတ်ရေးထိုးမည်

by Yangon Chronicle on Tuesday, November 20, 2012 at 4:01am ·

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ Peace Palace အဆောက်အအုံ၌
ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ထုတ်ပြန်ကြေညာခဲ့သည့် အာဆီယံလူ့အခွင့်အရေး ဆိုင်ရာ ကြေညာချက်ကို မြန်မာနိုင်ငံမှသဘောတူလက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းထုတ်ပြန်ကြေညာချက်တွင် အရပ်ဘက်နှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု
ဆိုင်ရာ အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အရေး၊ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေးအတွက်
ပူးပေါင်းကဏ္ဍများအပါအဝင် စုစုပေါင်း အပိုဒ် ၄၀ ပါရှိကြောင်း သိရသည်။

ထိုသို့ အာဆီယံနိုင်ငံများ၏ သမိုင်းဝင်လူ့အခွင့်အရေးဆိုင်ရာ ကြေညာချက်ကို ထုတ်ပြန်ကြေညာခဲ့သော်လည်း
ယင်းကြေညာချက်သည် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ စည်းမျဉ်းများနှင့် မကိုက်ညီဘဲ နိုင်ငံအစိုးရများကိုသာ
စံချိန်စံညွှန်းလျှော့ချရန် ခွင့်ပေးသကဲ့သို့ဖြစ်သွားနိုင်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မပာာမင်းကြီး
Navi Pillay ကဝေဖန်ပြောဆိုခဲ့သည်။

ထို့ပြင် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်ကျရောက်မည့် နိုင်ငံတကာလူ့အခွင့်အရေးနေ့တွင် ပြည်တွင်းရှိ လူ့အခွင့်အရေး
လှုပ်ရှားနေသူများမှစုပေါင်းကာ ရန်ကုန်၌ အစည်းအဝေးတစ်ရပ်ပြုလုပ်၍ လူ့အခွင့်အရေးဆိုင်ရာ အထူးအရေးပေး
ဆောင်ရွက်မည့် အဖွဲ့အစည်းတစ်ရပ်ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ ပြည်သူများမှာ ယခင်စစ်အာဏာရှင်လက်အောက်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြရသည့်အတွက်
အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံများကြား လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအစိုးရလက်ထက်တွင် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများကို
အကာအကွယ်ပေးနိုင်မည့် အဖွဲ့အစည်းများစွာလိုအပ်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားနေသူတစ်ဦးက ပြောကြားသည်။

တကောက်ကောက်လိုက်ဖို့ လိုကြသေးလား

by Yangon Media Group on Tuesday, November 20, 2012 at 4:12am ·

    ကိုကို(စက်မှုတက္ကသိုလ်)

    ============================

သတင်းတွေထဲမှာ ပြီးခဲ့တဲ့အစိုးရလက်ထက်တစ်လျှောက်လုံးနဲ့ အခုထက်တိုင်ဖတ်နေရတဲ့စာသား၊ ကြား နေရတဲ့ စကားလုံး တွေက ''ပြည်ထောင်စုဝန်ကြီး ဘယ်သူဘယ်ဝါသည် သက်ဆိုင်ရာ ဌာနအကြီးအကဲ  များလိုက်ပါလျက်'' ဆိုတာ ပဲဖြစ်ပါတယ်။အခမ်းအနားတွေမှာကြည့်လိုက်ရင်လည်း ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးအချို့ဟာ သက်ဆိုင်ရာဌာနတွေ က ညွှန်ချုပ်တွေ၊ ဦးဆောင်ညွှန်မှူးတွေ၊ ညွှန်မှူးတွေခြံရံလိုက်ပါပြီး တက်ရောက်နေကြတာတွေ တွေ့ရပါတယ်။

    ''ကျွန်တော်လုပ်ငန်းတစ်ခုနဲ့ ---- ရုံးကိုရောက်ပါတယ်။ ညွှန်မှူးကိုစောင့်နေတာ တစ်နေကုန်တယ်။ အဘနဲ့ လမ်းကြောင်းလိုက်နေလို့တဲ့ဗျာလို့'' မိတ်ဆွေတစ်ဦးက ညည်းညူပြောဆိုဖူး ပါတယ်။

ဌာနနှစ်ခုတွဲကိုင်တဲ့ဝန်ကြီးအချို့ဆိုရင် ဌာနတစ်ခုကိုလိုက်စစ်တာ မဆိုင်တဲ့ကျန်တဲ့ဌာနက ဌာနဆိုင်ရာအကြီးအကဲတွေပါ လိုက်ပါကြရတယ် လို့ အဲဒီဌာနက ဌာနဆိုင်ရာ အရာရှိ တစ်ဦး က ရင်ဖွင့်ဖူးပါတယ်။ ''ဝန်ကြီးရုံးက ဝန်ကြီး လာမယ်ဆို ကြိုပြောထားတယ်။ သူ့လမ်းကြောင်းတောက်လျှောက်လိုက်ရတာ။ ကိုယ်နဲ့ ဆိုင်တာမဆိုင်တာ အပထား။ သူတစ် ခုခု လိုချင်လို့၊ သိချင်လို့မေးရင် ကိုယ်အနားမှာမရှိရင် ကွဲပြီလေဗျာ''လို့လဲ မိတ်ဆွေရင်းတစ် ယောက်က စိုးရိမ်တကြီး ပြောပါတယ်။

ကျွန်တော်တို့တွေက ခရီးသွားရင် အုံနဲ့ကျင်းနဲ့ သိုင်းဝိုင်းသွားရတာ သဘောတွေ့ကြတဲ့လူမျိုးများလားလို့ တစ် ခါတစ်ခါတွေးမိပါတယ်။ ဝန်ကြီးတွေက လုပ်ငန်းတွေစစ်၊  ပွဲတွေတက်တဲ့ အခါ  ဌာနဆိုင်ရာအကြီးအကဲတွေကိုပါ တစ်ပါတည်းခေါ်ထားလိုက်တော့ အဲဒီဌာနမှာ အလုပ်အကိုင်တွေပျက်ကုန်ပါတယ်။ အဲဒီလူကြီးဆုံးဖြတ်ရမယ့် အလုပ်တွေ၊ အဲဒီလူကြီး ကိုတွေ့ဖို့ချိန်း ဆိုထားတဲ့လုပ်ငန်းကိစ္စတွေ အားလုံးနှောင့်နှေးကုန်ကြတာကို အတိတ်တုန်း က မျက်ဝါး ထင်ထင်မြင်တွေ့ဖူးပါတယ်။

အသိတစ်ယောက်ပြောပြတဲ့အတိုင်းဆိုရင် သူတို့ဆီက ဌာနဆိုင်ရာလူကြီး တစ်ဦးဟာ တစ်လမှာရုံးမှာမြင်ရတဲ့အချိန် လက်ချိုးရေလို့ရပြီး (သူတို့အခေါ် )အဘနောက် တစ်ကောက်ကောက် လိုက်နေ တာပဲ များပါသတဲ့။ အဲသလိုအလေ့အထဟာ ကျွန်တော်မှတ်မိသလောက်ပြောရရင် အရင်အစိုးရလက် ထက်မှာ အတော်ထွန်း ကားခဲ့တာဖြစ်ပါတယ်။ အခုအစိုး ရ သစ်လက်ထက်မှာတော့ နိုင်ငံတော်သမ္မတကြီး ပြည်တွင်း ပြည်ပခရီး ထွက်တဲ့အခါလိုအပ်တဲ့ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီး အချို့အနည်းငယ်မျှနှင့် သာခရီးသွားတာကို သတိပြုမိနေ ပါ တယ်။ ဒါဟာ ကြိုဆိုရမယ့်ကိစ္စဖြစ်ပါတယ်။ နိုင်ငံတော်စရိတ်လဲ ချွေတာရာကျတဲ့အပြင် ကျန်ခဲ့တဲ့သူ တွေအနေနဲ့လဲ လူကြီး နောက် တကောက်ကောက်လိုက် နေစရာမလိုတော့ဘဲ ကိုယ့်အလုပ်ကိုယ်လုပ်နိုင်ကြပါတယ်။

သမ္မတကြီးကပြုပြင်ပြောင်းလဲမှုတွေလုပ်နေပေမယ့်  အချို့သောသူတွေကတော့ အတိတ်ကအမူအကျင့်တွေ၊ အလေ့ အထတွေကို မပြုပြင်ကြသေး  ဘဲရှိနေကြတာဟာ ဝမ်းနည်း စရာဖြစ်ပါတယ်။ ကျွန်တော့်အမြင်ပြောရရင် ဝန်ကြီး ဌာနရုံး အဖွဲ့က အရာထမ်းတွေ ဒါမှမဟုတ် ဝန်ကြီး၊ ဒုဝန် ကြီး တွေရဲ့ အရာရှိတွေ၊ သွားရောက်စစ်ဆေးတဲ့ဌာနနဲ့သက် ဆိုင်တဲ့ ဌာနအကြီး အကဲတွေရှိနေရင်ကို လုံလောက်ပြီလို့ ထင်မိပါတယ်။ အခမ်းအနားပွဲတွေလိုမျိုး၊ ဖဲကြိုးဖြတ်ပွဲတွေ လိုမျိုး အထိ ဌာနအကြီးအကဲတွေ တကောက်ကောက် လိုက် နေရတဲ့မြင်ကွင်းတွေ  ကတော့ မဖြစ်သင့်တော့တဲ့မြင်ကွင်း တွေဖြစ်တယ် လို့ ရိုးသားစွာမြင်မိပါတယ်။

ဒီမိုကရေစီစနစ်တစ်ရပ်မှာ ဝန်ကြီးတွေဟာမူဝါဒတွေကိုချမှတ်ပေးတဲ့သူတွေဖြစ်ပြီး လုပ်ငန်းတွေကို ဌာနဆိုင်ရာအကြီး အကဲတွေက အကောင်အထည်ဖော်ကြ ရပါတယ်။ ဒီမိုကရေစီစနစ်မှာ ဝန်ကြီးတွေဆိုတာ ဟောတစ် ယောက် ဟောတစ်ယောက်ပြောင်းလဲနေတတ်ပါတယ်။ ဂျပန်လိုနိုင်ငံမျိုးမှာဆိုရင် မမှတ်မိတော့လောက်အောင် ကိုပြောင်းပါတယ်။ ဝန်ကြီးတွေဘယ်လိုပြောင်းပေမယ့် ဝန်ကြီးဌာန အလုပ်တွေ ယိမ်းယိုင်အားလျော့မသွားအောင် ဌာနဆိုင်ရာတွေက လုပ်ကြရပါတယ်။ နိုင်ငံခြားမှာတော့ ဝန်ကြီးဌာန အတွင်းဝန်ဆို သူတွေဟာ အဆင့်မြင့်အစိုးရဝန် ထမ်းကြီးများဖြစ်ကြပြီး ဝန်ကြီးဌာနတွေမှာ သူတို့က ဦးဆောင် အကောင်အထည်ဖော်ပေးနေကြတာဖြစ်ပါတယ်။ သူတို့လုပ်ငန်းတွေလဲ သူတို့ကျွမ်းကျင်ကြပါတယ်။

    အဲဒါကြောင့် ဒီမိုကရေစီစနစ်နဲ့ကိုက်ညီလိုက်လျောညီထွေဖြစ်အောင်  ဌာနဆိုင်ရာဖွဲ့စည်းပုံ တွေကိုပြုပြင်ကြရမှာ ဖြစ်တဲ့ အပြင် စီမံခန့်ခွဲမှုပုံစံတွေ ကိုပါ ပြောင်းလဲကြရမှာဖြစ်ပါ တယ်။ ကျွန်တော့်အနေနဲ့ကတော့ လူကြီးတွေကို အခမ်းအနား တွေတက်ဖဲကြိုးဖြတ်တာတွေ သိပ်များနေတာလျှော့ပြီးတိုင်း ပြည်အတွက်ပို  အရေးကြီးတဲ့  ကိစ္စတွေကို တစ်စိုက် မတ်မတ် လုပ်စေချင်ပါတယ်။ Conceptual Skill  များများ ရှိရမယ့်လူတွေက အောက်ခြေသိမ်းလိုက်လုပ်နေရင် အလုပ်လုပ် တယ်လို့ အမှတ်တမဲ့မြင်နိုင်ပေ မယ့် နေရာမှား လုပ်နေသလိုမျိုးဖြစ်နေမယ်  ဆိုတာကိုတော့ စီမံခန့်ခွဲမှု သဘောတရား တွေအရ သိနိုင်ပါတယ်။

 ကျွန်တော်ရောက်ခဲ့ဖူးမြင်ခဲ့ဖူးတဲ့ ဒီမိုကရေစီနိုင်ငံအချို့မှာ ဝန်ကြီးဆိုတဲ့သူတွေဟာ ဝတ်တာစားတာ ပြောတာဆိုတာ အများပြည်သူ နဲ့ခွဲခြား မရအောင်ဖြစ်ပါတယ်။ ဟိုတစ်နေ့က ရုပ်မြင်သံကြားမှာ သမ္မတကြီးက ဦးထုပ်ကလေး ဆောင်း၊ အကျီလက်ရှည်ရိုးရိုးကလေးကိုလက်ကလေးခေါက်ဝတ်ပြီး ပြည်သူတွေကြားထဲရောက်နေတာတွေ့ရတာ ဝမ်းသာ မိပါတယ်။

သို့သော် အချို့သောသူများကတော့ မလိုအပ်ဘဲ တိုက်ပုံအကျÐအဖြူကြီးတွေဝတ်လို့ လက်ညိုးထိုး ညွှန်ကြားပြသနေကြတုန်းပဲ ဖြစ်နေပါတယ်။ သမ္မတကြီးက အကျင့်တွေပြင်ကြ ဖို့ ပြောဆိုနေပါတယ်။ ခေတ်ဟောင်း စနစ်ဟောင်းကအမူအကျင့်တွေထားခဲ့ကြဖို့ သွန်သင်နေပါတယ်။ ပြောရုံမက သူကိုယ်တိုင်ကပါ ဒါမျိုးဆိုပြီး လက်တွေ့လုပ်ပြနေပါပြီ။ အတုခိုးပြီးလိုက်လုပ်ကြတဲ့သူတွေလဲရှိလာနေပေမယ့် တစ်သက်လုံးပါလာတဲ့အကျင့်ပြင်ရခက် တယ်ဆိုတဲ့ လူတွေလဲ ရှိနေသေးတယ်ထင်မိပါတယ်။

ကျွန်တော့်အနေနဲ့ကတော့ ဌာနဆိုင်ရာ  အကြီးအကဲများလိုက်ပါလျက်ဆိုတာတွေ၊ လိုအပ်သည်များကိုညွှန် ကြားသည် ဆိုတာ တွေကို အတိတ်မှာထားခဲ့စေချင်ပါပြီ။ အဲဒါတွေကို အတိတ်မှာ ထားခဲ့ပြီး စိတ်သစ်အတွေးအခေါ် သစ်တွေနဲ့ ခရီးသစ်စ နေတဲ့ သူအချို့ကိုလဲ မြင်နေရပါပြီ။ သို့သော်လုံလောက်ပြီမထင်သေးလို့ ယခုလို အပြုသဘော ဆွေးနွေးခြင်း သာဖြစ်ပါ တယ်။ လူကြီးသွားရာနောက်(မလိုအပ်ဘဲ) တစ်ကောက်ကောက်လိုက်ပါနေကြရမယ့်အစား ပြည်သူတွေလိုလား ချက်၊ လိုအပ်ချက်တွေကို ခပ်မြန်မြန်ခပ် သွက်သွက်ဖြည့် ဆည်းပေး နိုင်မယ့် ပြည်သူ ကကိုးစား လေးစားတဲ့ အစိုးရရုံး ဌာနတွေကို အာရုံစိုက်ဦးဆောင်မှုပေးနေတဲ့ဌာနဆိုင်ရာအကြီးအကဲများအဖြစ် ဒီမိုကရေစီ ခေတ်သစ်ဦးမှာ အသွင်ပြောင်း ပေးချိန်တန်ပြီလို့ ထင်မိကြောင်း အားနာနာနဲ့ပဲ ပွင့်ပွင့်လင်းလင်းဆိုပါရစေတော့။

ကြယ်သီးများ တစ်လုံးချင်း ဖြုတ်


Credit to Khai Khant

မင်္ဂလာဒုံလေယာဉ်ကွင်း၌လုံခြုံရေးယူနေသောအမေရိကန်မှ Sniper သမားများ

Obama delivers historic speech in Myanmar [ မြန်မာဘာသာ ]



အမေရိကန်သမ္မတအိုဘားမား၏လုံခြုံရေးအဆင့်မြင့်ကား Cadillac


အမေရိကန်သမ္ပတအဖြစ်ရွေးချယ်တင်မြောက်ခံရပြီးနောက်ဘာရက်အိုဘားမားရဲ့လုံခြုံရေးအတွက်အိမ်ဖြူတော်မှငွေကြေးအမြောက်
အများအသုံးပြုခဲ့ပါတယ်။

ပုံမှာမြင်တွေ့ရတဲ့အတိုင်းအမေရိကန်သမ္မတတစ်ဦးအတွက်ထောက်ပံ့ပေးထားတဲ့ကားကတော့ဂျိမ်းစဘွန်းကားထက်တောင်သာတယ်
လို့ဂုဏ်တင်ပြောဆိုကြပါတယ်။ အမေရိကန် General Motor ကုမ္မဏီထုတ် Cadillac ဇိမ်ခံကား Brand ကနေခွဲထွက်
တဲ့ ခါးရှည် ကားအမျိုးအစား ဖြစ်ပါတယ်။ မဖတ်ရှု ရသေးသူများအတွက် နောက်တစ်ခါ ထပ်မံ တင်ပြ လိုက်ရပါတယ်။

ဆီတိုင်ကီ
ကျည်မဖောက်၊ရေမြှုပ်ဖြင့်အလွှာထပ်ထားပြီး၊တိုက်ရိုက်ခိုက်မှုနှင့်ဖောက်ခွဲမှုဒဏ်ကိုခံနိုင်ရည်ရှိပါတယ်။

ကားနောက်ဖုံး
အောက်စီဂျင်သက်ကယ်ဗုးနဲ့၊မီးငြိမ်းသက်ရေးစနစ်တို့ပါဝင်ပါတယ်။

အတွင်းခန်း
လူလေးဦးထိုင်အတွင်းခန်းဖြစ်ပြီး၊သမ္မတထိုင်ဆိုဖာခုံကိုလိုသလိုရွှေ့ပြောင်းနိုင်။ဆိုဖာခုံတွင်ဂြိုလ်တုဖုန်းတပ်ဆင်ထား၊
ပြီးဒုတိယသမ္မနှင့်ပင်တဂွန်စစ်ဌာနချုပ်သို့ဆက်သွယ်ရန်တိုက်ရိုက်ဖုန်းလိုင်းတစ်ခုပါရှိ။

တံခါးပေါက်
ရှစ်လက်မထူသောကျည်ကာတံခါး၊နှင့်လေယာဉ်ဘိုးအင်း၇၅၇တွင်အသုံးပြုသောသတ္တုအမျိုးအစား

ယာဉ်မောင်း
အမေရိကန်လျှို့ဝှက်အေဂျင်စီမှအထူးလေ့ကျင့်သင်ကြားပေးထားသောယာဉ်မောင်း

ကားရှေ့မှန်
အားပြင်းသေနတ်ကျည်ဆန်များမထိုးဖောက်နိုင်၊အရေးကြီးစကားပြောရန်သုံးလက်မခန့်သာဖွင့်နိုင်။

ယာဉ်မောင်းရှေ့ခန်း
Dashboard တွင်ဆက်သွယ်ရေးဌာနချိတ်ဆက်မှုနှင့်ဂျီပီအက်စ်လမ်းကြောင်း ရှာဖွေရေးစနစ်တို့ပါဝင်

ကာကွယ်ရေးပစ္စည်းများ
ညဖက်မြင်ကင်မရာ၊ပစ်စတိုသေနတ်၊မျက်ရည်ယိုဗုံး၊သမ္မတအတွက်အရေးပေါ်အသက်ကယ်သွေးအိတ်၊

ကားအောက်ခြေ
ဗုံးပေါက်ကွဲမှုဒဏ်ကိုခံနိုင်သောအဆင့်မြင့်စတီးတပ်ဆင်ထား။

တာယာ
စတီးကွင်းအောက်ခြေခံ၊ကျည်နှင့်သံဆူးများမဖောက်နိုင်သော Kevlar ဓာတုဖြင့်ပြုလုပ်ထားသော Run-flat တာယာအမျိုးအစား။

ဈေးနှုန်း
ဗြိတိန်ပေါင်တစ်သန်းနှင့်အထက်

အရှည်။ ။ ၁၈ပေ
အမြင့် ။ ။ ၅ ပေ၁၀လက်မ
အလေးချိန်။ ။ ၈ တန်
အင်ဂျင်။ ။ ၆.၅လီတာ၊ဒီဇယ်
အမြင့်ဆုံးပြေးနှုန်း။ ။ တစ်နာရီမိုင်၆၀
ဆီစားနှုန်း။ ။ 8mpg
ထိုင်ခုံ ။ ။ ၇ဦးစာ

လက်ရှိအချိန်ကမ္ဘာလုံခြုံရေးအဆင့်အမြင့်ဆုံးလို့သတ်မှတ်ထားတဲ့အမေရိကန်သမ္မတအိုဘားမားသုံးကားကို၂၀၀၉ခုနှစ်ကလူစိတ်ဝင်စား
မှုများပြားခဲ့ပါတယ်။နှစ်တွေပြောင်းလဲလာတာနဲ့အမျှနည်းပညာပေါင်းစပ်မှုပိုမိုမြင့်တင်ထားပြီးယခင်ကဖော်ပြထားတာထက်လျှို့ဝှက်
နည်းပညာတွေပါဝင်နေအုံးမယ်လို့နည်းပညာရှင်များကဆိုပါတယ်။

Ref; officeusa

ColayOnline:Cherrymyay Automobilerental

အမေရိကန်သမ္မတ ဘားရက်အိုဘားမားအကြောင်း

အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် သူ၏ ဇနီး မီရှယ် ရိုဘင်ဆင် အိုဘားမားတို့၏ ပညာရေးခရီး အကြောင်း

ဘားရက် အိုဘားမားသည် ငယ်စဉ်တောင်ကျေး ကလေးဘဝက အခြားကလေးများကဲ့သို့ ပျော်ပျော်ရွှင်ရွှင် နေခဲ့ရသည်။ သူ ၂ နှစ် အရွယ်တွင် အမေရိကန်နိုင်ငံ ကင်ဆက်ပြည်နယ် မွေးမိခင် စတင်လီ အန်းဒန်ဟမ် Stanley Ann Dunham နှင့် အာဖရိကတိုက် ကင်ညာနိုင်ငံဖွား ဖခင် ဘားရက်အိုဘားမားစီနီယာ Barack Obama Sr. တို့သည် ကွာရှင်းပြတ်စဲ ခဲ့ကြသည်။
...ဘားရက် အသက် ၆ နှစ် အရွယ်တွင် သူ၏ မိခင်သည် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦးနှင့် လက်ထပ်ခဲ့ပြန်သည်။ ဘားရက်တို့ မိသားစုသည် အမေရိကန်မှ အင်ဒိုနီးရှားသို့ ပြောင်း ရွှေ့နေထိုင်ခဲ့ကြသည်။ မိခင်သည် ဂျာကာတာမြို့ရှိ အမေရိကန်သံရုံးတွင် အင်္ဂလိပ်ဘာသာ သင်ကြားပေးခဲ့သည်။ မိခင်သည် သူမ၏ သားကလေး ဘားရက်ကို အာဖရိကတိုက်သား ဖခင်၏ အစဉ်အလာ ရိုးရာကို ဂုဏ်ယူရန်နှင့် ပထွေး၏ အင်ဒိုနီးရှား ယဉ်ကျေးမှုကိုပါ လေးစား ထိန်းသိမ်းရန် သင်ပေးခဲ့ သည်။ ထို့ပြင် ဟာဝိုင်ရီတွင် နေထိုင်ကြသော မိခင်ဘက်မှ အဘိုးအဘွားတို့၏ ဇာတိနယ်မြေ ကင်ဆက် ပြည်နယ်ကိုလည်း အစဉ် သတိရရန် မှာကြားခဲ့သည်။ မွေးရပ်မြေ အမေရိကန်နှင့် အစဉ်အမြဲ အဆက်အသွယ် ရှိစေရန် ဘာရက်ကို သူ၏ မိခင်သည် နေ့စဉ်နံနက် ၄ နာရီတွင် ထစေပြီး အဝေးသင် သင်တန်းများမှ အင်္ဂလိပ်စာနှင့် အခြား ဘာသာရပ်များကို သင်ကြားပေးခဲ့သည်။
ဘားရက်သည် စတုတ္ထတန်းတွင် အစိုးရကျောင်းသို့ ပြောင်းရွှေ့ တက်ရောက်ခဲ့သည်။ သူ အသက် ၉ နှစ် အရွယ် သို့ ရောက်ရှိသောအခါ အသားအရောင် ခွဲခြားရေး မဂ္ဂဇင်းတစ်ခုမှ အဖြစ်အပျက် ပုံပြင်ကို ဖတ်ရှုမိရာ စိတ်ထိခိုက်ခြင်းကို ခံစားရသလို သူ၏ စိတ်တွင် ရှုပ်ထွေးမှု ဖြစ်ခဲ့ရသည်။ နောက်ပိုင်းတွင် ဘားရက်သည် ယခုကဲ့သို့ ရေးသားခဲ့သည်။ “ယင်းဆောင်းပါးကို ဖတ်ရှုအပြီး ကျွန်တော်သည် ချုံခို တိုက်ခိုက်ခြင်းကို ခံလိုက်ရသလို စိတ်ဓာတ် ကြမ်းတမ်း ခဲ့ရသည်။” ထိုအချိန်က သူသည် နှုတ်မှ ဘာမှမပြောခဲ့သော်လည်း ယင်းဆောင်းပါးနှင့် တကွ နောက်ဆက်တွဲ စဉ်းစားမိသောမေးခွန်း တို့သည် သူ့အတွက် ဘယ်တော့မှ မေ့မရ နိုင်တော့ပေ။
ဘားရက် ပဉ္စမတန်း ရောက်ရှိသောအခါ သူ၏ မိခင်၏ ဒုတိယ အိမ်ထောင်သည် ပြိုကွဲပြန်သည်။ သူမ၏ ဒုတိယ အိမ်ထောင်နှင့် ပါရဂူဘွဲ့တို့ အင်ဒိုနီးရှားနိုင်ငံတွင် ပြီးဆုံးချိန်တွင် ဘားရက်ကို ဟာဝိုင်ရီရှိ အဘိုး အဘွားများထံသို့ ပို့ခဲ့ရသည်။ အဘိုးအဘွားများသည် ဘားရက်ကို အကောင်းဆုံး ပုဂ္ဂလိကကျောင်းတွင် ထားပေးခဲ့သည်။ အတန်းသူ အတန်းသားများသည် မူကြိုတန်း မှစပြီး အတူကျောင်းနေဘက်၊ ချမ်းသာ သော မိဘများ၏ သားသမီးများ ဖြစ်ကြသည်။ ဘားရက်သည် နောက်ထပ် ယဉ်ကျေးမှု အသိုင်းအဝိုင်း တစ်ခုတွင် သူ့ကိုယ်သူ အံဝင်အောင် ကြိုးပမ်းရပြန်သည်။ သူသည် ပျော်သလိုလို ခံစားရသော်လည်း သတ္တမတန်း အရောက်တွင် “ကလေးဆိုးကလေး” ဖြစ်လာခဲ့ရာ ဆရာ၊ ဆရာမ များက သူ့ကို ဘာလုပ်ရမှန်းမသိလောက် အောင် ဖြစ်လာခဲ့သည်။ အတန်းတူ ကျောင်းသားထဲမှ သူ့ကို အသားရောင် ခွဲခြား ပြောဆိုပါက သူ၏ လက်သီး ဒဏ် ခံကြရသည်။
အထက်တန်းကျောင်းတွင် ဘားရက်သည် ကျောင်းသားတိုင်းနှင့် သင့်မြတ်ခဲ့သည်။ နောက်ပိုင်း သူရေးသားခဲ့ သည်မှာ “ကျွန်တော်သည် လူဖြူနှင့် လူမည်း ကမ္ဘာနှစ်ခုတွင် ကူးချည်သန်းချည် ရေလိုက်ငါးလိုက် နေခဲ့ရင်း တစ်ခုစီတွင် ကိုယ်ပိုင် အပြောအဆို၊ အကျင့်စရိုက်နှင့် ခံယူသော အဓိပ္ပါယ်များ ရှိသည်ကို နားလည်ခဲ့ပြီး ကမ္ဘာနှစ်ခုသည် ကျွန်တော့်အတွက် တဖြည်းဖြည်း စုစည်းပေါင်းဆုံ လာတော့သည်။” သူသည် လူမည်း သူငယ်ချင်း များကို ရှာဖွေခဲ့သည်။ လူမည်း စာပေများ ဖတ်ရှုခဲ့သည်။ သူ၏ အဖြူအမည်း ကပြား အခြေအနေနှင့် ကိုက်ညီလာစေရန် မျှော်လင့်ခဲ့သည်။ သူသည် အဖြူအမည်း သူငယ်ချင်းများနှင့် ဘတ်စကတ်ဘော ကစားခြင်းဖြင့် စိတ်တွင် ပျော်ရွှင်မြူးတူးခဲ့သည်။
တဖြည်းဖြည်း ဘားရက်သည် သူ၏ အတွင်းစိတ်ရှုပ်ထွေးမှုနှင့် မကျေနပ်မှုတို့ တုံ့ပြန်သောအားဖြင့် ဆေးလိပ် သောက်ခြင်း၊ အရက်သေစာ သောက်စားခြင်းအပြင် မူးယစ်ဆေးပါ သုံးစွဲလာတတ်တော့သည်။ အထက်တန်း ကျောင်း နောက်ဆုံး ၂ နှစ်တွင် စာမေးပွဲများတွင် အမှတ်များ ထိုးကျလာခဲ့သည်။ နောက်ပိုင်း သူက ယခုလို ရေးသားခဲ့သည်။ “ကျွန်တော့်ကြောင့် မဟုတ်ဘဲ ခံစားမိသော မိမိကိုယ်မိမိ မကျေနပ်မှုများကို ဖြေဖျောက်ရန် ကျွန်တော်သည် မူးယစ်ဆေးဝါးဘက်သို့ ဦးတည်လာခဲ့မိသည်။” သူ၏ မိခင်သည် အင်ဒိုနီးရှားမှ သူ့ကို မကြာခဏ လာရောက် တွေ့ဆုံခဲ့သည်။ အထက်တန်းကျောင်း နောက်ဆုံးနှစ်တွင် သူ၏မိခင်သည် သူ့အရင်းနှီး ဆုံး သူငယ်ချင်းထဲမှတစ်ယောက် မူးယစ်ဆေးဝါးမှုဖြင့် အဖမ်းခံရသည်ကို အကြောင်းပြုပြီး သားငယ်ကို အကြီး အကျယ် ဆုံးမစကား ပြောဆိုတော့သည်။
ဘားရက်သည် သူ့အမေကို ခံမပြော။ ကာလီဖိုးနီးယားတွင် ရှိသော ကောလိပ်သို့ သွားရောက် ပညာသင်ကြား ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ပညာကို ကောင်းစွာမကြိုးစား။ ကျောင်းတွင် လူထုအစည်းအဝေး တစ်ခုကို တက်မိရာက သူ့ကို တောင်အာဖရိက၏ အသားရောင် ခွဲခြားရေး မူဝါဒအကြောင်း ပြောကြားရန် တောင်းဆို သဖြင့် မိန့်ခွန်း ပြောကြား ခဲ့သည်။ ထိုအခါမှစပြီး သူသည် ဘဝသစ်ကို အစပျိုးရန် သန္နိဋ္ဌာန် ချခဲ့သည်။ ဘားရက် သည် အမေရိကန်နိုင်ငံ အနောက်ဘက်မှ အရှေ့ဘက်သို့ ရောက်ရှိလာခဲ့ပြီး နယူးယောက်မြို့ရှိ ကိုလံဘီယာ တက္ကသိုလ် တွင် ကျောင်းနေရန် စာရင်းသွင်းခဲ့သည်။ ဘားရက် အိုဘားမားသည် သူ၏ဘဝတွင် ပထမဆုံး အကြိမ် အဖြစ် ပညာကို ကြိုးကြိုးစားစား သင်ယူခဲ့တော့သည်။
၁၉၈၃ ခုနှစ်တွင် ဘွဲ့ရရှိခဲ့ပြီး စီးပွားရေး လုပ်ငန်းတစ်ခုတွင် လစာမြင့်မားသော အလုပ်ကို ရရှိခဲ့သော်လည်း သူသည် စိတ်ချမ်းမြေ့မှုနှင့် ကျေနပ်မှု မရှိသည်ကို ခံစားမိသည်။ အိုဘားမားသည် သူ့ဘဝတွင် ကွက်လပ် ဖြစ်နေသည့် ဟာကွက် ကို ဖြည့်ဆည်းပေးနိုင်မည့် အလုပ်အကိုင် မျိုးကို ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။ သူသည် အလုပ်အကိုင်ပေါင်း မြောက်များစွာ ထဲမှ သူနှင့် အံဝင်မည့် အလုပ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းအလုပ် မှာ ချီကာဂို မြို့တွင် တစ်နှစ်လျှင် ဒေါ်လာ ၁ဝဝဝဝ ရရှိသည့် လူထုစည်းရုံးရေး အလုပ် Community Organizer ပင် ဖြစ်တော့ သည်။ ဘားရက်သည် သူ့မိခင်နှင့် အဘိုးအဘွားများ၏ ဇာတိနယ်မြေ ဖြစ်သော အမေရိကန်နိုင်ငံ အနောက် အလယ်ပိုင်း သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ ဤဒေသတွင် အိုးအိမ်အသစ် ထူထောင်ပြီး သူ့ ဘဝကို အာရုံစူးစိုက်ခဲ့တော့သည်။
မြို့၏ အဆင်းရဲဆုံးသော ရပ်ကွက်များတွင်သုံးနှစ်ကြာ အလုပ်လုပ်ကိုင်စဉ် အဆင်းရဲဆုံး အတန်းအစား၏ မကျေနပ်မှုများ စိန်ခေါ်မှုများနှင့် ဥပဒေပိုင်းဆိုင်ရာ မတရားမှုများကို သိရှိနားလည် လာခဲ့သည်။ သူသည် တက္ကသိုလ်သို့ ပြန်လည် သွားရောက်ပြီး ဥပဒေဘွဲ့ယူကာ ချီကာဂိုမြို့သို့ ရှေ့နေတစ်ဦးအဖြစ် ပြန်လည် လာခဲ့ရန် ဆုံးဖြတ်ခဲ့သည်။ အိုဘားမားသည် ဟားဗတ်တက္ကသိုလ် ဥပဒေကျောင်း Harvard University’s Law School သို့ ပညာသင်ရန် လျှောက်ထားရာ တက္ကသိုလ် ဝင်ခွင့် ရရှိတော့သည်။ ဥပဒေဘွဲ့ ရရှိပြီး ရှေ့နေအဖြစ် ချီကာဂိုသို့ ပြန်လည် ရောက်လာသောအခါ ဒေသခံ အမျိုးသမီး ကလေး မီရှယ် ရော်ဘင်ဆင်နှင့် တွေ့ဆုံ နှစ်ခြိုက် ခဲ့ပြီး လက်ထပ်ခဲ့သည်။ မီရှယ် ရော်ဘင်ဆင် သည်လည်း ဟားဗတ် ဥပဒေဘွဲ့ ရရှိသူတစ်ဦးပင်။
လက်ထပ်အပြီး ဘားရက်အိုဘားမားသည် နိုင်ငံရေးနှင့် စာပေ သင်ကြားရေး နယ်ပယ်သို့ ဝင်ရောက်ခဲ့သည်။ ချီကာဂို တက္ကသိုလ် ဥပဒေကျောင်း University of Chicago Law School တွင် ၁၂နှစ်ကြာ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ Constitutional Law ကို သင်ကြားပေးခဲ့သည်။ သူသည် စာပေသင်ကြားခြင်းကို ကြိုက်နှစ်သက် သလို စာသင်ကောင်းသော ဆရာလည်း ဖြစ်ပေသည်။ အိုဘားမားသည် သူ၏ အတွေ့အကြုံနှင့် ပတ်သက်၍ ယခုလို ပြောကြား ခဲ့သည်။ “စာပေ သင်ကြားပေးခြင်းသည် လူကို ဖျတ်လတ်စေသည်။ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ သင်ကြားပေးခြင်း၏ ကောင်းသော အချက်တစ်ခုမှာ ခက်ခဲသော မေးခွန်းမှန်သမျှ အမေးခံရ သည်။ ဥပမာ၊ ကိုယ်ဝန်ဖျက်ချမှု၊ လိင်တူ ဆက်ဆံသူများ၏ အခွင့်အရေး အစရှိသော မေးခွန်းများတွင် သင်သည် အပြုသဘောဘက်မှရော ဆန့်ကျင်ဘက်မှရော ပြောဆိုနိုင်ရန် လိုအပ်ပေသည်။”
အိုဘားမားသည် ပြည်နယ် ဆီးနိတ်သို့ ရွေးချယ်ခြင်း ခံရသောအခါ သူစာပေ သင်ကြားပေးသော အတန်းများ ကို တနင်္လာနေ့ နံနက်များနှင့် သောကြာနေ့ ညနေများသို့ မလွှဲမရှောင်သာဘဲ ပြောင်းရွှေ့သင်ကြားပေးရတော့ သည်။ ယင်းကဲ့သို့သော နေ့နှင့်အချိန်များသည် မည်သည့် ဆရာ၊ ဆရာမကမှ ဖြည့်စွက်ယူ ပေးလိုသောနေ့နှင့် အချိန်များ မဟုတ်ပေ။ သို့ရာတွင် ပါမောက္ခ အိုဘားမား၏ အတန်းများသည် ကျောင်းသူ ကျောင်းသားများဖြင့် ပြည့်လျှံနေတတ် သည်။ ကျောင်းသားတစ်ဦးက ယခုကဲ့သို့ သတိတရပြောကြားခဲ့သည်။ “နံနက် မိုးလင်းတာနဲ့ အတန်းဟာ ကျောင်းသား အပြည့် ပါပဲ။” နောက်ထပ် ကျောင်းသား တစ်ဦးကလည်း ဤကဲ့သို့ ပြောပြသည်။ “သူဟာ တကယ် ထူးချွန်တဲ့ဆရာ တစ်ယောက်ပါ။ အလွန်သိမ်မွေ့တဲ့ ခေါင်းစဉ်တွေကို တစ်ဦးတည်း ပိုင်ပိုင် နိုင်နိုင် သင်ကြားပြသ နိုင်တယ်။”
တတိယတစ်ဦးက အိုဘားမား၏ အတန်းများနှင့် ပတ်သက်ပြီး အောက်ပါအတိုင်းသုံးသပ်ခဲ့သည်။
“သူဟာအတန်းထဲက ကျောင်းသားတိုင်းရဲ့ အသံကို ကြားချင်တတ်တယ်။ အကယ်၍ အထင်အမြင် တစ်ခုခု အပေါ်မှာ ဆွေးနွေး ပြောဆိုကြမှု သိပ်မရှိခဲ့ရင် သူကိုယ်တိုင် ဦးဆောင်ပြီး သူဘက်ကိုယ့်ဘက် အမြင်အမျိုးမျိုးနဲ့ အခြေအတင် ဆွေးနွေးပြတတ်တယ်။ သူဟာ အခြေအတင် ပြောခြင်း၊ စကားနပန်းထိုးခြင်းတို့ကို အားပေးတယ် ။ မိမိရဲ့ ယုံကြည်မှုကို လက်တွေ့ အကောင်အထည် ဖော်ရန် လိုအပ်တယ်။ ဒါမှ မိမိ လိုချင်တဲ့ အပြောင်းအလဲ ဆိုတာ ဖြစ်လာမယ်လို့ ပါမောက္ခ အိုဘားမားက ကျွန်တော့်တို့ကို သတိပေးဖူးပါတယ်။”
ကျောင်းသားများ၏ အတော်ဆုံး ဆရာများစာရင်းတွင် ပါမောက္ခ အိုဘားမားသည် အမြဲတမ်း ပါဝင်လေသည်။ တက္ကသိုလ်များ၏ ဓလေ့ တစ်ခုမှာ အကယ်၍ ဆရာသည် ၁၅ မိနစ်ထက် နောက်ကျလျှင် ကျောင်းသူ ကျောင်းသား များ အတန်းမှ ထွက်သွားခွင့် ရှိသည်။ တစ်ခါတွင် ပါမောက္ခ အိုဘားမားသည် ၄၅ မိနစ် နောက် ကျသည်။ သို့သော် တစ်တန်းလုံးရှိ ကျောင်းသား အားလုံး သူ့ကို စိတ်ရှည်လက်ရှည် စောင့်နေခဲ့ကြသည်။ ဤကဲ့သို့ ဆရာအပေါ်တွင် ယုံကြည်မှု ပြသခံရသော ပါမောက္ခများဟာ အနည်းငယ်သာ ရှိပေသည်။
သမ္မတဖြစ်ရန် မဲဆွယ်ဟောပြောပွဲတစ်ခုတွင် အိုဘားမားသည် အောက်ပါအတိုင်း ပြောခဲ့သည်။
“ကလေးတစ်ဦးရဲ့ အောင်မြင်မှုတွင် မိဘ သို့မဟုတ် ဆရာက အဲဒီကလေးကို တစ်ချိန်ချိန်တွင် မင်းအောင် မြင်မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်အောင် ပြောကြားပေးမှုဟာ အလွန် အရေးကြီးပါတယ်။ ကလေးတွေ စာသင်ခန်းထဲ ဝင်လာတဲ့ အခါမှာ သူတို့ရဲ့ ဘဝမှာ အောင်မြင်မှု ကို ဘာက အဆုံးအဖြတ်ပေးသလဲ ဆိုရင် သူတို့ရဲ့ အသားအရောင်၊ သူတို့လာခဲ့ တဲ့ဒေသ၊ သူတို့ရဲ့ မိဘနဲ့ သူတို့ရဲ့ ချမ်းသားဆင်းရဲမှုတွေ မဟုတ်ပါဘူး။ သူတို့ရဲ့ ဆရာဟာ ဘယ်သူလဲ ဆိုတာက အဓိက အဆုံးအဖြတ်ပဲ။ ဆရာဆိုတာဟာ လခနည်းနေပါစေ၊ အလွန်ခက်ခဲတဲ့ ကျောင်းဖြစ်ပါစေ၊ ကျောင်း သားတွေဟာ ဘယ်လိုဗီဇမျိုးပဲ ဖြစ်ပါစေ တောက်ပတဲ့ ကြယ်ပွင့် ကလေးတွေ ဖြစ်လာအောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး မွေး တတ်ကြတယ်”။
မောင်ပြည်အောင်(ဟားဗတ်တက္ကသိုလ်)
<br />Photo From : Chit Coco

မြန်မာကို တရုတ်ထံမှ ယူသွား၍မရကြောင်း .......

7Day News Journal
အိုဘားမား ခရီးစဉ်ကြောင့် မြန်မာကို တရုတ်ထံမှယူသွား၍မရကြောင်းတရုတ်နိုင်ငံပိုင်နေ့စဉ်သတင်းစာဖော်ပြ
ဘေဂျင်း၊နိုဝင်ဘာ-၂၀

အမေရိကန်ပြည်ထောင်စုသည် မြန်မာကို တရုတ်ထံမှ ထုတ်ယူသွား၍ မရကြောင်း တရုတ်နိုင်ငံပိုင် နေ့စဉ်သတင်းစာ ဂလိုဘယ်တိုင်းမ်စ်၏ ဆောင်းပါးတစ်ပုဒ်၌ မြန်မာသို့ အိုဘားမား တနင်္လာနေ့က လာရောက်ပြီးနောက် ရေးသားဖော်ပြခဲ့သည် ။ ဂလိုဘယ်တိုင်းမ်စ်၏ အဆိုပါ Don't read Too Much into Myanmar Visit ဆောင်းပါးတွင် မြန်မာသို့ အိုဘားမား လာရောက်ခြင်းမှာ အချို့ပြောကြသကဲ့သို့ တရုတ်၏ မြန်မာအပေါ် သြဇာလွှမ်းမိုးမှု လျော့နည်းအောင် ဦးတည်ခြင်းဖြစ်သည်ဟူသော အမြင်များကို ဝေဖန်ထားခြင်းဖြစ်သည်။ ဆောင်းပါးက "ဒီလိုမျိုး ယူဆချက်တွေက အင်အားကြီးနိုင်ငံတွေကြားထဲက ယှဉ်ပြိုင်မှုတွေနဲ့ မြန်မာမှာ ယမန်နှစ်က ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးအပြောင်းအလဲတွေကို ရည်ညွှန်းရာမှာ အိုဘားမားရဲ့ခရီးစဉ်ကို ပေါင်းထည့်ပြီး အထူးအနက်အဓိပ္ပာယ်ထွက်အောင် လုပ်နေတာပါ"ဟု ဖော်ပြထားသည်။ သတင်းစာက မြန်မာ၏ ဒီမိုကရေစီအပြောင်းအလဲများသည် ၀ါရှင်တန်အား စိတ်ကျေနပ်စေရုံသာမက တရုတ်၏ (မြန်မာတွင်) ကာလရှည် တည်ရှိနေသော အကျိုးစီးပွားများကိုလည်း ကျေနပ်စေကြောင်း ဆိုသည်။ ဆောင်းပါး၌ "အာဆီယံနိုင်ငံအများစုက ဒီမိုကရက်တစ်ရွေးကောက်ပွဲတွေ ရှိထားကြပြီး တရုတ်နဲ့ ဆက်ဆံရေးတွေဟာလည်း နိုင်ငံရေးစနစ် ကွဲပြားခြားနားမှုကြောင့် အနှောင့်အယှက်မဖြစ်ပါဘူး။ မြန်မာဟာ ၎င်းရဲ့ပြည်တွင်းနိုင်ငံရေး ပြင်ဆင်ချိန်ညှိမှုတွေကြောင့် တရုတ်နဲ့ ဝေးကွာသွားမယ်ဆိုတာ မဟုတ်ပါဘူး။ မြန်မာရဲ့ အပြောင်းအလဲဟာ ရှောင်လွှဲလို့မရနိုင်ပါဘူး"ဟု ဆိုသည်။ ဆောင်းပါးတွင် အိုဘားမား ခရီးစဉ်နှင့်အတူ မြန်မာသို့ ထောက်ပံ့ငွေဒေါ်လာ သန်း ၁၇၀ ပေးအပ်ခြင်းကိုလည်း ထောက်ပြထားပြီး ယင်းငွေပမာဏ အနည်းငယ်ဖြင့် တရုတ်-မြန်မာဆက်ဆံရေးကို ထူးခြားစွာ ပြောင်းလဲစေမည် မဟုတ်ကြောင်း၊ စီးပွားရေးအရလည်း အရှေ့တောင်အာရှနိုင်ငံများသည် အမေရိကန်ထက် တရုတ်ကို ပိုမိုမှီခိုနေရကြောင်း ထောက်ပြထားသည်။
-Ref: Global Times/Firstpost