Thursday, November 22, 2012

မကူညီချင်နေပါ ဒုက္ခမပေးပါနဲ့

အဖြူရောင်စာမျက်နှာ

 နိုဝင်ဘာလ ၂၂ ရက် ၂၀၁၂ခုနှစ် ရန်ကုန်တိုင်းဒေသကြီး လှိုင် သာယာမြို့နယ်ကျေးရွာ၌ အသက် (၁၅)နှစ်အရွယ်အား ရဲတပ်သား ချစ်မွေး(အိမ်ထောင်ရှင်)က သား မယားအဖြစ် (၁၀)ရက်ခန့်ပြုကျင့် ခဲ့သည်ဆိုကာ ရဲစခန်းသို့တိုင်ကြား ထားကြောင်း ကာယကံရှင်များနှင့် တာဝန်ရှိသူ အချို့ထံက သိရှိရ သည်။ အဆိုပါ သားမယားအဖြစ် ပြုကျင့်ခံရသည်ဆိုသူ ဧရာဝတီ တိုင်း၊မော်ကျွန်းမြို့နယ်ကျေးရွာတွင် နေထိုင်သူဖြစ်သည်။(၂၃.၁၀. ၂၀၁၂) နံနက်(၈)နာရီတွင် လှိုင် သာယာမြို့နယ်ကျေးရွာတွင် နေ ထိုင်သော အစ်ကို၊မောင်—– အိမ်သို့ အလည်ရောက်ရှိနေရာမှ (၂၇.၁၀.၂၀၁၂)ညနေ(၄)နာရီ ခန့်တွင် အစ်ကိုနှင့်စိတ်ဆိုး၍ ထွက်သွားရာ အောင်ဇေယျကြိုး တံတားဘက်သို့ ညနေ(၅)ခန့်တွင် မျက်စိလည်ကာ ရောက်ရှိခဲ့ ကြောင်း၊ ထိုအချိန် တံတားရဲတစ် ဦးဖြစ်သော တပ်သားချစ်မွေး သည် ဂိတ်ထဲမှ ထွက်လာပြီး မ——ကို ဘယ်သွားမလဲဟု မေးကြောင်း ပထမတစ်ခါ မေးစဉ် တွင် မဖြေဘဲ တံတားပေါ်သို့ လျှောက်သွားကြောင်း၊ထိုအချိန် တွင် တပ်သားချစ်မွေးသည် ရဲ ၀တ်စုံဖြင့် ဆိုင်ကယ်စီး၍ နောက် တစ်ကြိမ်လိုက်မေးသောအခါ အစ်ကိုနှင့်စိတ်ဆိုး၍ထွက်လာ ကြောင်း ကြောက်ရွံ့ကာဖြေခဲ့ ကြောင်း တပ်သားချစ်မွေးသည် ကလေး၏ လက်အားဆွဲ၍ ဆိုင် ကယ်နှင့်ခေါ်သွားပြီး ဂျူတီပြီး သည်အထိ ဂိတ်အနောက်တွင် တစ်နာရီခန့်ကြာ ထိုင်ခိုင်းထား ကြောင်း ထို့နောက်ပြန်ပို့မည်ဟု ဆိုကာ ဆိုင်ကယ်နှင့်တင်၍ တည်း ခိုခန်းသို့ခေါ်ကာ (၁၀)ရက်ခန့် သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း ကာယကံရှင် မ——-က ဆို တယ် ““သမီးကို အဲဒီလူကြီးက လက်ကို အတင်းဆွဲပြီး တည်ခို ခန်းကိုခေါ်သွားတယ် ဟိုရောက် လဲရောက်ရော သမီးကပြန်မယ်ဟု ပြောလိုက်တော့ မပြန်ရဘူးဟု ဆိုကာ သမီးရဲ့ခန္ဓာကိုယ်ကိုအတင်း အကျပ်ကိုင်ထားလို့ သမီးကအော် မယ်လုပ်တော့ အော်လေး နင်အော် လည်း ဘယ်သူမှမကြားဘူး အော် ဟုဆိုပြီး အတင်းဘဲ သားမယား ပြုတယ်။ နေ့ခင်းကျရင် စည်ပင် အဒေါ်ကြီးရဲ့အိမ်ကိုသူက ခေါ် သွားတယ်။ သမီးကလည်း အိမ် ကိုဘယ်ပြန်ရမှန်းမသိ။ အိမ်လဲ မမှတ်မိဘူး။ပြန်ပို့ပေးဖို့ပြောတယ်။ ဒီအကြောင်းတွေကို တစ်ယောက် ကိုပြောရင် နင့်ကိုငါတစ်ခုခုလုပ် မယ်ဆိုပြီးပြောတယ်””ဟုဆိုတော့ ငိုနေသည်။ထို့နောက် ကျေးရွာ အုပ်ချုပ်ရေးမှူးအား ယင်းအဖြစ် အပျက်အား မေးမြန်းရာ ““(၂၇. ၁၀.၂၀၁၂)ည(၁၀)နာရီမှာ အုပ် ချုပ်ရေးမှူးရုံးကိုလာတိုင်တယ်။ ကလေးမလေးရဲ့အစ်ကိုနဲ့အိမ်ရှင် ဒီလိုဒီအကြောင်းပဲ ကလေးပျောက် သွားလို့ဆိုပြီးပြောပြတယ်။ ကျွန်တော်ကလဲ ချက်ချင်းပါပဲ။ ကိုယ်ထက်ကြီးတဲ့လူကြီးထံ အ ကြောင်းကြားတယ်။ ဒီလိုနဲ့အဆက် ပြတ်သွားတယ်။ နိုဝင်ဘာ(၆)ရက် နေ့ ည(၁၀)နာရီလောက်ကျတော့ ကလေးကိုတွေ့တယ်လို့ပြော တယ်။ ရဲတပ်သားချစ်မွေးဆိုသူ က သူနဲ့အိပ်ပြီး ပြည့်တန်ဆာအိမ် ကို ပို့လိုက်တယ်လို့ပြောတယ်။ (၇)ရက်နေ့အရောက် ကလေး မလေးရဲ့အစ်ကိုရယ်၊အစ်မရယ်၊ ရဲစခန်းမှာ အမှုဖွင့်ပေးဖို့သွားပြော တယ်လို့သိရတယ်။ဒါပေမဲ့ ရဲစခန်း က အမှု့မဖွင့်ပေးဘဲ ညှိနှိုင်းတယ် လို့ကြားတယ်””ဟု ဆိုပါသည်။ ရဲစခန်းသို့ ဆက်သွယ်မေးမြန်း ကြည့်ရာ ရဲတပ်သားမောင်ချစ်မွေး အား အချုပ်ထဲသို့ ထည့်ထား ကြောင်း ပြန်လည်ဖြေကြားသည်။ ယင်းကိစ္စအား ဆက်လက်မေး မြန်းရာ ““(၇)ရက်က ဗျာ။ကလေး ရဲ့ အစ်ကိုနဲ့အစ်မ အိမ်ရှင်တွေ အမှုဖွင့်တယ်။မနက်ကတည်းက ဖွင့်ခိုင်းတာ မဖွင့်ပေးဘူး။ကိုချစ်မွေး ရဲ့အမေနဲ့သူ့သားက ပိုက်ဆံနဲ့ ညှိ ဖို့ပြောတယ်။စခန်းမှူးကလည်း အမှု့မဖွင့်ဘဲ ငွေနဲ့ပြေလည်အောင် ညှိဖို့ဘဲပြောတယ်။ထမင်းငတ်ပြီး တစ်နေသာကုန်သွားတာ အမှု့ မဖွင့်ပေးဘူး။ ညနေကျတော့ လာဆိုပြီး တရားရုံးသွားမယ်လို့ ဆိုပြီး ခေါ်တယ်။တရားရုံးလဲ ရောက်ရော တရားရုံးကပိတ်သွား ပြီ။ဒါနဲ့ပြန်လာပြီး အုပ်ချုပ်ရေး မှူးအားပြောပြတယ်။ နောက်နေ့ ကျတော့ အမှု့ကို ပုဒ်မ(၃၆၆)နဲ့ ဖွင့်ပါဆိုပြီး စခန်းမှူးကပြောတယ်။ ဒါနဲ့ကျွန်တော်က စခန်းမှူး ဒီကိစ္စ က အမှု့ကို ပြန်ကြည့်ဦး (၃၇၆) ဖြစ်နေတယ်။ဆိုမှသာ (၃၇၆)သို့ ပြင်ပေးခဲ့တယ်””ဟု ကလေးသူ ငယ်များ ကာကွယ်စောင့်ရှောက် ရေးအသင်းမှ ဥက္ကဋ္ဌဖြစ်သူ ကိုကျော်မိုးလွင်က Hot News သို့ မ——သည် ယခုအခါ ကျန်းမာရေးမကောင်းကြောင်း၊ ကိုယ်လက်များကိုက်ခဲ၍ ဖျားနေ သည်ဟု သိရသည်။ ကလေး၏ နောက်ဆုံးအခြေအနေသည် ဆေးရုံတွင် ဆေးစစ်၍ဆေးစာ စောင့်နေရကြောင်း အစ်ကိုဖြစ်သူ က ပြောသည်။

သမ္မတ၏ ရခိုင်ပဋိပက္ခ ဖြေရှင်းနည်း လေးသွယ်

-

မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၂၁ ရက် ၂၀၁၂ ခုနှစ်

ဖနွမ်ပင် (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့်ပဋိပက္ခများနှင့်ပတ်သက်၍ နည်းလမ်း လေးခုဖြင့်
ဖြေရှင်းသွားမည်ဟု သမ္မတ ဦးသိန်းစိန် က ဆိုသည်။

မွေးဖွားမှုနှုန်း ထိန်းချုပ်ခြင်း၊ ပညာရေး မြှင့်တင်ပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့ဖြင့်
ဖြေရှင်းသွားမည်ဟု နိုဝင်ဘာ ၂၁ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့တွင် မြန်မာသတင်းမီဒီယာများနှင့်
တွေ့ဆုံစဉ် ဦးသိန်းစိန် က ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ ဒီလူ့အဖွဲ့အစည်းနှစ်ခု ရာသက်ပန်အားဖြင့် အတူတကွ ယှဉ်တွဲနေထိုင်ဖို့ ဘာတွေလုပ်ရမလဲ။ အခြေခံ အားဖြင့် လုပ်ရမယ့်ဟာတွေကတော့ ပထမဦးဆုံး စိတ်နေ စိတ်ထားတွေကို ပြောင်းသွားဖို့ လိုပါ တယ်။ လူသားချင်း စာနာတယ်၊ လူသားချင်း ထောက်ထားတယ်ဆိုတဲ့ ဒီစိတ်ဓာတ်မျိုးတွေကို ပြောင်းသွားအောင် လုပ်ရပါမယ်” ဟု သမ္မတ က ဆိုသည်။
ဒုတိယ အချက်အနေဖြင့် အဆိုပါ ဒေသနေသူများသည် ပညာရေး အဆင့်အတန်း နိမ့်ကျလျက်ရှိပြီး ပညာရေး ကို မြှင့်တင်ပေးရန်လည်း လိုအပ်သည်ဟု “ပညာရေးနဲ့ ပတ်သက်ပြီးတော့ အဆင့်အတန်းတွေ မြှင့်ပေးမှ လူတွေရဲ့ အသိစိတ်ဓာတ်တွေ တိုးတက်လာမှာ ဖြစ်တယ်။ အသိစိတ်ဓာတ်တွေ တိုးတက်လာမှ ပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေ ဖြစ်အောင် နေနိုင်ကြမှာဖြစ်တယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ထို့အပြင် အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးလျက်ရှိနေ၍ အလုပ်အကိုင် ရရှိရန်လည်း ဖန်တီးပေးမှုများ လိုအပ်သည်ဟု သမ္မတက ဆိုသည်။

“အခွင့်အလမ်းတွေလည်း နည်းပါတယ်၊ ဆင်းရဲနေတယ်၊ မွဲတေနေတယ်ဆိုရင် ကိုယ့်ဘာသာနဲ့ကိုယ် နေရင်းထိုင်ရင်း နဲ့ကို ဒေါသဆိုတာ ဖြစ်နေတာပါပဲ။ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိလာအောင် အခြေခံအားဖြင့် ဒါတွေ လုပ်ပေးဖို့ လိုတယ်” ဟု ဦးသိန်းစိန် က ပြောသည်။

နောက်ဆုံး အချက်အနေဖြင့် ပဋိပက္ခ ဒေသအတွင်း နေထိုင်သူများ၏ မွေးဖွားမှုနှုန်းမှာ မြင့်တက်လျက်ရှိနေ၍ အဆိုပါ အခြေအနေကိုလည်း ထိန်းချုပ်နိုင်ရန် ကမ္ဘာ့ စံချိန်စံညွှန်းများနှင့်အညီ လုပ်ဆောင်သွားမည်ဟု သမ္မတက ပြောကြားသွားသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် အိုးအိမ်မဲ့ တသိန်းတသောင်း ရှိနေပြီး ဒုက္ခသည် အရေအတွက်မှာ တသိန်းကျော် ရှိနေသည်ဟု ဦးသိန်းစိန် က ဆိုသည်။ ထို့အပြင် ကျွေးမွေးစရိတ်အတွက် တလလျှင် ဒေါ်လာ ၁ သန်းကုန်ကျပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဒေါ်လာ ၆၅ သန်းခန့် လိုအပ်နေသည် ဟုလည်း သမ္မတက မြန်မာ မီဒီယာများအား ဖနွမ်းပင်မြို့တွင် ပြောကြားသွားသည်။

ဒေါက်တာထွန်းအောင် အား ပြစ်ဒဏ် ၁၈ နှစ် ချမှတ်


Rakhine Straight Views
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်အောင်ဖန်တီးခဲ့သူ ဒေါက်တာထွန်းအောင် အား ပြစ်ဒဏ် ၁၈ နှစ် ချမှတ်လိုက်ပြီ
-------------------------------------------
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်အောင်ဖန်တီးခဲ့သူ ဒေါက်တာထွန်းအောင် အား မနေ့က ပြစ်ဒဏ်ချမှတ်လိုက်ကြောင်းသိရသည်။ ထိုသို့ပြစ်ဒဏ်ချမှတ် ရာတွင် စွဲချက်များအရ သီးခြားခွဲခြားကာ ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်ပြီး မနေ့က ချ မှတ်သော ပြစ်ဒဏ်တွင် ၁၅ နှစ်၊ ယခင် ပြစ်ဒဏ်တစ်ခုအတွက် ၃ စုစုပေါင်း ၁၈ နှစ်ချမှတ်လိုက်ပြီဖြစ်ကြောင်းသိရသည်။

ဒေါက်တာထွန်းအောင် သည် ဘင်္ဂလီတစ်ဦးဖြစ်ပြီး ရခိုင်ပြည်နယ်တွင်း ဖြစ် ပေါ် ခဲ့သော ပဋိပက္ခဖြစ်ပေါ်အောင် ဖန်တီးခဲ့သူ တစ်ဦးဖြစ်ပြီး နောက်ကွယ်က ကြိုးကိုင်သူ တစ်ဦးဖြစ်ကြောင်းလည်းသိရသည်။

အသေးစိတ်ကို ဆက်လက်တင်ပြသွားပါမည်။

Rakhine Straight Views
နိုင်ငံတကာ မီဒီယာများက ရေးသားသော ရိုဟင်ဂျာဆိုသည့်အသုံးအနုန်း များ သည် မြန်မာနိုင်ငံကို တိုက်ရိုက်စော်ကားနေခြင်းသာဖြစ်သဖြင့် ပြည်ပ မီဒီယာ များ လာရောက်ခြင်းကို ကန့်သတ်ထားသင့်
-----------------------------------------------------------------------------------
နိုင်ငံတကာ မီဒီယာများက ရေးသားသော ရိုဟင်ဂျာဆိုသည့် အသုံးအနုန်းများ သည် မြန်မာနိုင်ငံကို တိုက်ရိုက်စော်ကားနေခြင်းသာဖြစ်သဖြင့် ပြည်ပမီဒီယာများ လာရောက်ခြင်းကို သတိထားပြီးကန့်သတ်ထားသင့် ကြောင်းနှင့် ရခိုင်ပြည်နယ် တွင်းဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ၏ အဓိကတရားခံမှာ ပြည်ပမီဒီယာများသာဖြစ် ကြောင်း လေ့လာသူတစ်ချို့က သုံးသပ်ပြောဆိုကြပါသည်။
ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးစားနေသော မြန်မာနိုင်ငံအတွင်းသို့ရောက်ရှိနေ ကြသည့် ဘင်္ဂလီများအား ရိုဟင်ဂျာအဖြစ်သုံးစွဲနေခြင်းသည် ပြည်ပမီဒီများသာဖြစ် ပြီး ထိုသူတို့က ရိုဟင်ဂျာမဟုတ်ဟု ရေးသားခဲ့ကြလျင် ရခိုင်ပြည်နယ်ပြဿနာ သည် ယခုကဲသို့ကြီးထွားလာမည်မဟုတ်ကြောင်းနှင့် ငြိမ်သက်သွားနိုင်ကြောင်း လည်း နိုင်ငံရေးအကဲခတ်များက သုံးသပ်ပြောဆိုကြပါသည်။
လက်ရှိတွင် မြန်မာအစိုးရက ရိုဟင်ဂျာမရှိကြောင်းကို အတိအလင်းကြေငြာထား သည့်တိုင် ခိုးဝင်ဘင်္ဂလီများသည် ခိုးဝင်လာခြင်းကို ကာကွယ်နိုင်ရန်အတွက် ရိုဟင် ဂျာဟုအမည်ပြောင်းကာ လိမ်လည်ရန်ကြိုးစာနေခြင်းသာဖြစ်ကြောင်း၊ မရှိသည်ကို အရှိဟု ပြောဆိုနေခြင်းသည် ပြဿနာထပ်ဖြစ်အောင် ဆော်အောနေခြင်းသာဖြစ် ကြောင်းနှင့် ဘင်္ဂလီများသည် နေ့စဉ်နှင့်အမျှ ရခိုင်များကို တိုက်ခိုက်ရန်ပြင်ဆင်မှု များရှိနေကြောင်းလည်း ဒေသခံတိုင်းရင်းသားများက ပြောဆိုသကဲ့သို့ ရခိုင်ပြည် နယ်အရေးကို အကဲခတ်နေသော နိုင်ငံရေးအကြောင်း စိတ်ဝင်စားသူအချို့ကသုံး သပ်ပြောဆိုကြပါသည်။

မြို့ တော်ခန်းမရှေ့ တကိုယ်တော် ဆန္ဒပြသူ



စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ရှိ သစ်တေားဦးစီးဌာနမှ ဝန်ထမ်းများနှင့် လုပ်ငန်းရှင်များပူးပေါင်း၍ နိုင်ငံပိုင် ကျွန်းစိုက်ခင်းများကို ခိုးထုတ်နေခြင်းကို သတင်းပေးတိုင်ကြားသူ ဒေသခံဦးအောင်ကြည်မြင့်သည် ၎င်းတရားစွဲဆိုခံနေရသည့် ကိစ္စနှင့်ပတ်သက်၍ ယနေ့နေ့လည် တစ်နာရီက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ တကိုယ်တော် ဆန္ဒပြခဲ့သည်။ နိုင်ငံတော်ပိုင် အင်နှင့်ကျွန်းသစ်များ ကောလင်းမြို့ ရှိ သစ်တောဦးစီးဋ္ဌာနနှင့် ပူးပေါင်း၍ မှောင်ခိုထုတ်နေခြင်းကို ယင်းမြို့ခံ ဦးအောင်ကြည်မြင့်က ၂၀၁၁ ခုနှစ် အစပိုင်းမှ စတင်၍ အကြိမ်ကြိမ် တိုင်ကြားခဲ့သည့်နောက် ရဲဝန်ထမ်းများက တိုင်ကြားသူ၎င်းအား ခြိမ်းခြောက်ငွေတောင်းမှု၊ လိမ်လည်မှု၊ အဖိုးတန်စာရွက်စာတမ်းများ ရယူမှုဖြင့် တရားစွဲဆိုထားကြောင်း ယင်းအဖြစ်အပျက်ကို သတင်းမီဒီယာ များမှ တဆင့်နိုင်ငံတော် တာဝန်ရှိသူများ နှင့် ပြည်သူများ သိရှိစေရန်ရည်ရွယ်၍ ယနေ့ဆန္ဒပြခဲ့ခြင်းဖြစ်သည်ဟု ကာယကံရှင် ဦးအောင်ကြည်မြင့်ကပြောသည်။ “မျှော်လင့်တာပေါ့လေ၊ သက်ဆိုင်ရာဒေသအာဏပိုင်အဖွဲ့စည်းတွေ၊ လူအခွင့်ရေးအဖွဲ့အစည်းတွေ၊ အခြားသောအဖွဲ့စည်းတွေမှ ကူညီပေးမယ်ဆိုရင်တော့ အောက်ခြေမှာ အဂတိလိုက်စားနေတဲ့ ဝန်ထမ်းတွေ အရိုးစွဲနေတဲအကျင့်၊ မကောင်းတဲ့အကျင့်တွေကို နိုင်ငံတော်ကနေပြုပြင်ပေးမယ်ဆိုရင် ဒီနေ့ ကျွန်တော်တကိုယ်တော် ဆန္ဒဖော်ထုတ်တဲ့ပွဲလေးဟာ အရမ်းတန်ဖိုးရှိမယ်လို့ ကျွန်တော်မျော်လင့်ပါတယ်”ဟု ဦးအောင်ကြည်မြင့်က ပြောသည်။ ၂၀၁၂ ခုနှစ် မေ ၂၉ ရက်၊ ဂွေးတောက်ရွက် အောက်တလုံးကြားတွင် ၁၀ ဘီးကားဖြင့် တရားမဝင်သယ်လာသော ကျွန်းသစ်များကို ဖမ်းမိခြင်းနှင့် ကောလင်းမြို့နယ်ရဲစခန်းတွင် ဂျင်ဝိုင်း လုပ်နေခြင်းအား ဦးအောင်ကြည်မြင့်က စာရင်းပြုစုနေကြောင်းကို ရဲစခန်းမှသတင်းရရှိသဖြင့် ၎င်းကို လက်ဦးအောင် ဖမ်းဆီးကာ ပြစ်မူဆိုင်ရာ ဥပဒေပုဒ်မ ၃၈၄၊ ၄၂၀၊ ၄၆၄၊ ၄၆၈ တို့ဖြင့်ကောလင်းရဲစခန်းမှ တရားစွဲဆိုထားသည်ဟု ၎င်းကဆက်လက်ရှင်းပြသည်။ ဒေသအာဏပိုင်များသည် ၎င်းသစ်ခိုးထုတ်မူအပေါ်လမ်းကြေးများကောက်ခံခြင်းမျာနှင့် လောင်းကစားများတွင်ပိုက်ဆံတောင်ခံခြင်းများကို ဖော်ထုတ်ပေးသော ပြည်သူများအပေါ် အမူဆင်၍ မတရားလုပ်ကြံ ဖမ်းဆီးနေကြောင်းလည်း ၎င်းကပြောသည်။ ၎င်း၏ တိုင်ကြားမူနှင့် ပတ်သက်၍ နေပြည်တော်မှ ဗိုလ်မှူးအောင်မင်းနှင့် အဖွဲ့ လာရောက်စစ်ဆေးစဉ် အမှုပေါ်ပေါက်သော်လည်း ထိရောက်စွာ အရေးယူခြင်းမရှိကြောင်း သို့ရာတွင် ယခင် တရားဝင်တိုင်ကြားမူမရှိခင်က ကောလင်းမြို့နယ်ထဲသို့ တရားမဝင်သစ်ကား တစ်ရက်ကို အနည်းဆုံး ၁၀ စီးဝင်ရာမှ ယခုနောက်ပိုင်း ငါးစီးလောက်သာ ၀င်တော့သည်ဟုလည်း ဦးအောင်ကြည်မြင့်က ပြောပြသည်။ ၎င်းအပေါ်တရားစွဲဆိုထားခြင်းအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ အစည်းဝေးဆုံးဖြတ်ချက်အရ မတရား ခြိမ်းခြောက်ငွေတောင်းသည်ဟု စွပ်စွဲထားကြောင်းလည်း ဦးအောင်ကြည်မြင့်က ဆိုသည်။ ထို့ကြောင့် ယင်းအဖြစ်အပျက်ကို မီဒီယာများမှတဆင့် သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် သိရှိနိုင်စေရန် အဂတိလိုက်စားသည့် ဝန်ထမ်းများကို တရားဥပဒေအတိုင်းဆောင်ရွက်စေလိုသဖြင့် ယခုကဲ့သို့ တကိုယ်တော်ဆန္ဒပြရခြင်းဖြစ်သည်ဟုလည်း သူ့ရည်ရွယ်ချက်ကို ထုတ်ဖေါ်ပြောဆိုသွားသည်။ ။
Yangon press international

တစ်သက်တာ မမေ့စရာ ဓါတ်ပုံတော့ ရှိချင်သူ

Photo Official White House.

ဘ၀နေညိုချိန်အထိ ချမ်းသာခွင့်မပေးသော အာဏာရှင် နှင့် ခရိုနီများ



ပင်စင်လစာငွေတွေကိုSmart card ဖြင့်ထုတ်ရမည်တဲ့။ ''ဓာတ်ဆီထုတ်သည့် Smart card သည် ကျပ် ၅၀၀ ပေးရ...
သော် လည်း သူတို့၏ Smart Card သည် ၃၀၀၀ ပေးရမည်ဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံးတွင် နိုင်ငံ့ဝန်ထမ်း ပင်စင်စားဦးရေ ၈ သိန်းကျော်နှင့် နိုင်ငံရေးပင်စင်စား ဦးရေ ၄၀၀၀၀ ခန့် ရှိကြောင်းသိရပါတယ်။
ဒါဆိုလျင် ပင်စင်စား ၉ သိန်း နီးပါးအတွက် Smart card
လုပ်(စား)သူ (Cronies) များသည် ကျပ်သိန်းပေါင်း နှစ်သောင်းလေးထောင် ( သိန်းပေါင်း၂၄၀၀၀) အသာလေးရသွားလေသည်။ မြန်မာပြည်မှာငွေရှာရတာ တော်တော်လွယ်သားပဲနော် . . .

ကျွန်တော်သိချင်တာတွေ အများကြီးပါ။ အဆိုပါ Smart card ကို ဘယ်ကရသလဲ။ နိုင်ငံခြားကရလျှင် နိုင်ငံခြားက၀ယ်ရသည်။ဘယ်လောက် ကျလဲ။ ဒီမှာ Software တွေရေးရတာ ဘယ်လောက်ကျလဲ။ ကျွန်တော်တို့ဆီမှာမရှိလို့ သူတို့ဆီက၀ယ်ရတာ ကောင်းပါသည်။သို့သော် တကယ် ဒီလောက်( သိန်းပေါင်း နှစ်သောင်းလေးထောင်ကျော်) ကုန်ကျသလား ဆိုတာပါပဲ။
ဒီ Smart card ကလည်းတကယ် လိုအပ်လျင်တော့ ကောင်းပါသည်။ ဓာတ်ဆီ Smart card သည် ဓာတ်ဆီဆိုင်က မသမာလုပ်သောကြောင့် ဖြစ်လာသည်။ သူတို့နှင့်အတူ စားသုံးသူအချို့ပေါင်းလုပ်သည်။ ထိုအတွက် နိုင်ငံခြားကို ပိုက်ဆံပေးလိုက်ရသည်။ ပင်စင် Smart card က ဘာကြောင့် လုပ်တာလဲ။ နိုင်ငံဝန်ထမ်း ပင်စင်စားများက မသမာ လုပ်ကြလို့လား . . .

ကျွန်တော်တို့ ဆင်းရဲပါသည်။အရှေ့တောင်အာရှတွင် အဆင်းရဲဆုံးနိုင်ငံဖြစ်သည်။ ဆင်းရဲသည့်အထဲ အနှိပ်စက်ခံဖြစ်ရတာကိုတော့ ၀မ်းနည်းဖွယ်ကောင်းလှပါသည်။ပြည်သူကိုကြင်နာပါ။
အထူးသဖြင့် ဘ၀နေညိုချိန် နောက်ဆုံးရောက်ရှိတော့မည့် နိုင်ငံ့ဝန်ထမ်း ပင်စင်စား များကိုတော့ ချမ်းသာ ခွင့်ပေးလိုက်ကြပါဗျာ . . .

ဝါသနာ၊ စေတနာ၊ အနစ်နာခံ ပြီး တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ခဲ့ကြသော ပင်စင်စားများအတွက် ကိုယ်ချင်းစာ အသည်းနာရပါသည်။


ref; ဒေါက်တာခင်မောင်ညို

မစာနာတတ်တဲ့မြတ်ခိုင်



ပြီးခဲ့တဲ့ရက်ပိုင်းက ဖတ်မိတဲ့ဂျာနယ်ထဲမှာ စာနင်ဇင်းကထင်ရတဲ့ လူကြီးတစ်ယောက် မုန့်စားပြီး မုန့် တွေ ကို တစ်သျှူးလေး နဲ့ ထုတ်ပြီး အိတ်ထဲထည့်နေတာကို ဓါတ်ပုံရိုက်ပြီး...စာမျက်နှာပြည့်ဖေါ်ပြလာတာကိုတွေ့ရပါတယ်....မျက်နှာတွေကိုလဲ မ၀ါးထားပါဘူး တင်ဆက်သူ ဘယ်လိုရည်ရွယ်ချက်နဲ့တင်ပြတယ်လို့ မသိပေမယ့်သတင်းတစ်ပုဒ် ၊ ဆောင်းပါးတစ်ပုဒ် နဲ့
မိသားစုတစ်စုကို အိုကြီးအိုမ လုပ်ကြွေးနေခဲ့ရင် ဆိုတဲ့ အတွေးလေးပါ. ...

ဘာကြောင့် အဲ့ဒီလို လုပ်ရက်တာလဲ..မဟုတ်လဲ အဲ့ဒီမုန့်တွေ က ကျန်ရင် သွန်ရင်သွန် မသွန်ရင် . .. ၀န်ထမ်းတွေ ယူသွားကြမှာဘဲမဟုတ်ဘူးလားအဲ့ဒီဂျာနယ်ဖတ်ပြီး ကျွန်တော်ရင်ထဲ ဆို့ဆို့နင့်နင်ခံစားရလိုက်ပါတယ်... အဲ့ဒီထဲက လူကြီးဟာ ငါ့အဘိုး (အဘ)များဖြစ်နေခဲ့ရင် ဆိုတဲ့ အတွေးနက်နက်လေးတစ်ခုပါဘဲ..

ရွှေထီးဆောင်းချိန်မှာတော့ ဟော်တယ်က အစားသောက်တွေကို ၀ယ်ကြွေးခဲပြီး စီးပွားရေး အဆင်မပြေ အသက်ကြီးတဲ့ အချိန်မှာ မြေးတွေကို စားစေချင်လို့ဆိုပြီး ယူလာခဲ့တဲ့ပုံစံမျိုးဖြစ်ခဲ့မယ်ဆိုရင်တော့......
ရင်နာနာနဲ့ အောင့်လိုက်တာ အဘရယ်.............

အဘသာ ဖြစ်ခဲ့မယ်ဆိုတော့ ကျွန်တော်အတွက် နောက် ဒီလိုမုန့်တွေ မစားရလဲ သားနေပါမယ့် အဘရယ်.. .....
အဘသားအတွက် ဒီလိုမုန့်တွေယူလာတဲ့အတွက်ဂျာနယ်ထဲမှာ မျက်နှာပြည့် အဘမျက်နှာထင်ထင်ရှားရှားကြီးနဲ့ အဘဘယ်တော့ မှ ဒီလောကထဲ မနေနိုင်အရှက်ရခဲ့မယ်ဆိုရင် သားဗိုက်ဆာရင်လဲ ဆာပါစေ အဘရယ်.... နောက်...ယူမလာခဲ့ပါနဲ့ အဘရယ်လို့ ပြောလိုက်ချင်ပါတယ်..

(ချစ်ခြင်းများစွာဖြင့်)
အရည်ကြို - By- သစ်ထူးလွင်ဘလော့ဂ်

အဖေဘင်္ဂလီ..အမေဘင်္ဂလီ...သားသမီးကျမှရိုဟင်ဂျာဖြစ်နေဟုဝန်ကြီးကပြော..




မူရင်းလင့်။...
https://www.facebook.com/video/video.php?v=407098132692599#!/photo.php?v=226994444100165

ဒီလူ (၂)ခါရှိပြီ

by Infinity Power

(၁)...အာဇာနည်နေ့က NLD ရုံးရှေ့လာပြီး မူးယစ် ရမ်းကားနေသူပါ။ အဲဒီနေ့က သူက အထဲက လူကြီးတွေကို လှမ်းဆဲနေပြီး အမေစုကိုလည်း အချိန်မတိကျ ဘူး ဒီလိုလူခေါင်းဆောင် မ ဖြစ်ထိုက်ဘူး စသဖြင့် ပြောဆို အပုတ်ချကာ အော်ဟစ် ခဲ့သူ...သူပါ

(၂) ...သမ္မတ အိုဘားမားရောက်ရှိလာသော နေ့တွင်တက္ကသိုလ် ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည်၏အိမ်အနီးတွင်လမ်းမပေါ်တွင်မူးပြီးလှဲအိပ်နေခဲ့ သူ ...သူပါပဲ......

ညာဘက်မှဓါတ်ပုံကို Zaw Myo Hlaing ( facebook ) မှရရှိထားပါသည်၊။ ။အောက်ပါလင့် သည် ko zaw myo hlaing ၏ အကောင့်ဖြစ်ပါသည် ။ ၄င်းအမူးသမား၏ဓါတ်ပုံများ ဝင်ကြည့်နိုင်ပါသည်----https://www.facebook.com/zaw.myo.180

ဘင်္ဂလာဒေခ်ျ့ သတင်းဌာနကြီး တစ်ခုက မလေးရှား လှေစီးသွားသူ အစစ်အမှန်ကို ဖေါ်ထုတ် ရေးသား

rနိုင်ငံတကာ မီဒီယာအများစုက ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ စက်လှေများဖြင့် ခိုးထွက်ပြီးမလေးရှားသို့ သွားလာနေကြသူများမှာ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖေါက်ခံရ၍ ထွက်ပြေး တိမ်းရှောင် လာရသူ ရိုဟင်ဂျာဆိုသူများ ဖြစ်ကြောင်း ထုတ်ဖေါ်ရေးသား နေကြခြင်းမှာ မဟုတ်မမှန်ဘဲ လိုသည်ထက် တမင်ချဲ့ကား ရေးသားနေကြသည်ဟု ဘင်္ဂလာဒေခ်ျ့ သတင်းဌာနကြီး တစ်ခုက ယမန်နေ့က သတင်း ထုတ်ဖေါ် ရေးသားလိုက်သည်။

ဘင်္ဂလာဒေခ်ျ့မှအကြီးဆုံး သတင်းဌာန တစ်ခု ဖြစ်သော United News of Bangladesh (UNB) က ယမန်နေ့က Bangladesh join Rohingya in search of opportunity တွင် ထိုသို့ ထုတ်ဖေါ် ရေးသားလိုက်ခြင်း ဖြစ်သည်။

အောက်တိုဘာလ ၂၇ ရက်နေ့မှ နိုဝင်္ဘာလ ၇ ရက်နေ့ အတွင်း လူပေါင်း ၂၄၅ ဦးကို တင်ဆောင်လာသော လူမှောင်ခို စက်လှေ နှစ်စီး ကော့စ်ဘဇား ခရိုင် တက်ကနက် ကမ်းခြေတွင် နစ်မြုပ်ခဲ့သည်။ လှေနစ်မြုပ်ရာမှ လူ ၂၈ ဦးကို ဆယ်ယူခဲ့ရာ တ၀က်နီးပါးမှာ ရိုဟင်ဂျာ ဆိုသူများ မဟုတ်ဘဲ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများ ဖြစ်ကြောင်း UNB က ရေးသား ဖေါ်ပြသည်။

သို့ရာတွင် နိုင်ငံတကာ သတင်း မီဒီယာများက အဆိုပါ လှေစီးပြီး သွားသူများမှာ ရိုဟင်ဂျာ ဆိုသူများ ဖြစ်ကြောင်း ရေးသား ဖေါ်ပြခဲ့ကြဟု ဆိုသည်။

UNB သတင်းဌာနက ဘီဂျီဘီ ဘင်္ဂလာဒေခ်ျ့ နယ်ခြား စောင့်တပ်ဖွဲ့မှ ဗိုလ်မှူးကြီး Mohammad Zahid Hasan ကို ကိုးကားရေးသားရာတွင် နိုင်ငံတကာ၏ အာရုံ စူးစိုက်မူ ရယူလိုသဖြင့် ထိုသို့ ရေးသားခြင်းနေခြင်းမှာ လုံးဝ မှားယွင်းပြီး လူမှောင်ခိုသွားသူတိုင်းသည် ရိုဟင်ဂျာ မဟုတ်ကြောင်း ဗိုလ်မှူးကြီးက ပြောကြောင်း သတင်းတွင် ဖေါ်ပြသည်။

၎င်းပြင် လှေစီးပြီး သွားကြသူ တ၀က်ခန့်မှာဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများဖြစ်ကြသော်လည်း မည်သည့် သတင်းဌာနကမှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများ ဖြစ်ကြောင်း မဖေါ်ပြကြတော့ကြောင်းနှင့် ယနေ့ ဘင်္ဂလာဒေခ်ျ့မှ မလေးရှားသို့ သွားနေကြသူများအထဲတွင် ၆၀ နှင့် ၆၅ ရာခိုင်နုန်းမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများ ဖြစ်ကြသည်ဟု ဆိုသည်။

ယခုကဲ့သို့ သတင်းအမှား အမှန်ကို မဆန်းစစ်ဘဲ ရိုဟင်ဂျာ အရေးကို ဇောင်းပေး ရေးသားနေရာတွင် နိုင်ငံခြား သတင်းဌာနများသာမက ပြည်ပ အခြေစိုက် မြန်မာ သတင်းဌာန တချို့လည်း ရှေ့တန်းမှ ပါဝင်နေကြောင်း သိရသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် အလုပ်လက်မဲ့ ဖြစ်နေကြသော လူငယ် တစ်ဦးအနေဖြင့် မလေးရှားနှင့် အာရပ် နိုင်ငံများသို့ တရားဝင် အလုပ်သွားလုပ်မည် ဆိုပါက တာကာငွေ နှစ်သိန်းခွဲ (ယူရို နှစ်ထောင်ငါးရာ) ထိ အသုံးပြုကြရသည်။ သို့အတွက် ဘင်္ဂလီ လူငယ် အများစုသည် တာကာငွေ ၁၅၀၀၀ ( ယူရို ၁၄၀) ခန့်ဖြင့် တရားမ၀င် အလုပ် လုပ်ကိုင်နိုင်သော မလေးရှားကို ခိုးလှေဖြင့် ထွက်ခွာနေကြသည်ဟု ဆိုသည်။

မလေးရှားသို့ ခိုးလှေဖြင့် သွားသူများ အနေဖြင့် တာကာငွေ တစ်သိန်းမှ တစ်သိန်း သုံးသောင်းထိ ကုန်ကျသော်လည်း လူမှောင်ခိုသမားများကို မလေးရှားတွင် အလုပ် လုပ်ပြီး အရစ်ကျ ပေးဆပ်နိုင်ခွင့် ရှိကြောင်းလည်း သိရသည်။

Narinjara