Monday, November 26, 2012

.အိန္နိယကမ်းခြေတွင် သောင်တင်သေဆုံးနေသော ရေသူမ

ဟုတ်မဟုတ်အာမမခံပါ။




https://www.facebook.com/#!/photo.php?v=307497169351271

ကိုယ့်အလုပ် ကိုယ်မလုပ်လို့...

သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ကမ္ဘာ့ထိပ်တန်း တွေးခေါ်မြော်မြင်သူများစာရင်းတွင် ပူးတွဲ ပထမ ရရှိ

Yangon Media Group

==========================================
ကမ္ဘာကျော် FP (Foreign Policy) မဂ္ဂဇင်းကြီးက ၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့ထိပ်တန်း တွေးခေါ်မျှော်မြင်သူ လူ ၁ဝဝ စာရင်းကို နိုဝင်ဘာ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံမှ သမ္မတ ဦးသိန်းစိန်နှင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့သည် ပူးတွဲပထမ ရရှိခဲ့ကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည် ပိုင်ဆိုင်သော Yamaha စန္ဒယားအိုကြီးကို ကြိုးညှိပေးခဲ့သူများ

မိုးသံတွေကြားမှာ စန္ဒရားတီးမယ်

ဒီမိုကရေစီရေး လှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျနေစဉ် ကာလများအတွင်း သူမ၏ အိုမင်း ဟောင်းနွမ်း နေသော စန္ဒယားကြီးကို ကျွမ်းကျင်သူအချို့မှ ပြင်ဆင်ပေးခဲ့ကြခြင်းသည် သူမ၏ စိတ်ဓာတ် ခွန်အားကို မြှင့်တင်ပေးရာတွင် ကူညီရာ ရောက်ခဲ့ပေသည်။ ဤအကြောင်းအရာတို့ကို Los Angeles Times သတင်းစာ တွင် Mark Magnie က “SuuKyi’s piano tuners play small but key part in Myanmar history ” ခေါင်းစဉ်ဖြင့် ရေးသား ထားခြင်းမှ ထုတ်နုတ် ဖော်ပြအပ်ပါသည်။

စန္ဒယား ကြိုးညှိပြင်ဆင်သူ ကိုပေါသည် ဒေါ်အောင်ဆန်းစုကြည်၏ Yamaha အမျိုးအစား စန္ဒယားအိုကြီးမှာ အတော် ပင် ပြင်ဆင်ရန် လိုအပ်ကြောင်း သတိပေးခဲ့ပါသည်။ ပူအိုက်စွတ်စိုဒေသများ၌ စန္ဒယားသည် အထာမကျ ဖြစ်တတ် ပါသည်။ စန္ဒယား၏ အသံအိုးများသည် အပူဒဏ်ကြောင့် ပျက်စီးနိုင်ပြီး လေထု အတွင်းရှိ စိုထိုင်းဆကလည်း စန္ဒယား၏ အသံအိုးရှိ အပ်တုံးလေးများကို ပျက်စီးစေပါသည်။ ထို့ပြင် ကြိုးများကို လျော့စေခြင်းနှင့် စန္ဒယား အား ခြများစားခြင်း သည်လည်း ပျက်စီးစေနိုင်ပါသည်။ ထိုသို့ ပျက်စီးနိုင်သည်ဟု ဆိုနိုင်သည်များထက် ပိုနေသည့် စန္ဒယားကြီးကို ကိုပေါ တစ်ယောက် ၂ဝဝ၉ ခုနှစ်အတွင်း မှာ ဒေါ်အောင်ဆန်းစုကြည်အိမ်၌ တွေ့ခဲ့ရ ပါသည်။

ကိုပေါသည် တရုတ်နိုင်ငံထုတ် အရံပစ္စည်းများကို ရှာဖွေ၍ ထည့်သွင်းပြင်ဆင်ခဲ့ပြီးမှသာ စန္ဒယားကြီးအား ကြိုးညှိနိုင် ခဲ့ပါသည်။ ထို့နောက်မှာတော့ ကိုပေါတစ်ယောက် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခွင့် ကြုံခဲ့ရ ပါတော့သည်။

နှစ်အတော်များများပင် အုပ်ချုပ်သူ ဗိုလ်ချုပ်ကြီးများသည် အတိုက်အခံခေါင်းဆောင်ကို စိတ်ဓာတ် စစ်ဆင်ရေး တိုက်ပွဲများ ဆင်နွှဲခဲ့ကြပါသည်။ ထိုသို့ ဆင်နွှဲနေခဲ့ချိန်များတွင် ဒေါ်အောင်ဆန်းစုကြည် အဖို့
အဖော်ဆို၍ အခြား မိန်းမသား နှစ်ယောက် သာ ရှိခဲ့ပါသည်။ ထိုသို့ အထီးကျန်လုနီးပါးမျှ အချိန်များကို ခွဲဝေအသုံးချရာမှာတော့ သူမသည် ဘီဘီစီ သတင်းပေးပို့ချက်များကို နားထောင်ခြင်း၊ တရားထိုင်ခြင်း၊ ဗုဒ္ဓစာပေ ကျမ်းဂန်များမှ သုတ္တန် များ လေ့လာခြင်းနှင့် စစ်ဗိုလ်ချုပ်ကြီးများ သူမထံမှ သိမ်းဆည်းဖို့ မရဲခဲ့သော စန္ဒယားအိုကြီးကို တီးခတ်ခြင်း တို့ပင် ဖြစ်ပါသည်။

Johann Pachelbel’s ရဲ့ Canon တေးသွားကို သူမသည် စွဲမက်စွာ တီးခတ်လေ့ရှိပြီး အဆိုပါတေးသွားကို ကင်ဆာရော ဂါဖြင့် ဆုံးပါးသွားခဲ့ပြီ ဖြစ်သော ခင်ပွန်းသည် Micheal Aris ၁၉၉၇ ခုနှစ် နောက်ဆုံးအကြိမ် အဖြစ် သူမထံ အလည်လာ ခွင့်ရှိစဉ် ကာလတုန်းက တီးခတ်ခဲ့သေး ကြောင်း၊ သူမမှ ရင်ဖွင့်ခဲ့ပါသည်။ သူမ၏ အခြား အကြိုက်ဆုံး စန္ဒယားပညာရှင်များမှာ Bach, Bartok, Telemann, Mozart နှင့် Clementi တို့ပင် ဖြစ်ပါသည်။

အသက် ၄၂ နှစ်ရှိပြီဖြစ်သော ကိုပေါသည် ဝဝဖိုင့်ဖိုင့်ကိုယ်လုံးနှင့် လွယ်ကူသော ဟန်ပန်ရှိသည့် စန္ဒ ယားကြိုးညှိသူ တစ်ဦးဖြစ်ပါသည်။ (မြန်မာနိုင်ငံတွင်)အင်မတန်အရေ အတွက်နည်းသော စန္ဒယားကြိုးညှိ သူများထဲမှ တစ်ဦးဖြစ်သော ကိုပေါ သည် မမျှော်လင့်ဘဲ ဒေါ်အောင် ဆန်းစုကြည်၏စန္ဒယားအိုကြီးကို မျက်လုံးဒေါက်ထောက်ကြည့်နေ သည့် စစ်ထောက်လှမ်းရေးများရှေ့ မှောက်မှာ မပြည့်မစုံသော တန်ဆာ ပလာများနှင့် ပြင်ဆင်ကြိုးညှိပေးခဲ့ ရသည့်သူ ဖြစ်ခဲ့ရပါသည်။

သူသည် ၂ဝဝ၉ ခုနှစ်မှစ၍ ၃ ကြိမ်တိုင်တိုင် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ဝင်းအတွင်း ဝင် ရောက်ခဲ့ ရပါသည်။ ထိုနေ့ များသည်ကား ဒီမိုကရေစီ ခေါင်းဆောင်၏ အဖမ်းဆီးခံ နေ့ရက်များပြီးဆုံးကာ နီးနေချိန်လည်း ဖြစ်ပါသည်။ သူ၏ ဖခင်မှာလည်း ဂီတသမားတစ်ဦး ဖြစ်ပြီး ရန်ကုန်မြို့ ကမ်းနားလမ်း ကမ်းနားဟိုတယ်ရှိ ဂျပ်က်ဂီတဝိုင်းမှ စန္ဒယားဆရာ တစ်ဦးဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ မိခင် (ဒေါ်ခင်ကြည်)အတွက် စန္ဒယား (ဒေါ်အောင်ဆန်းစုကြည် တီးသော စန္ဒယား ပင်ဖြစ်သည်။) ကြိုးညှိပေး ခဲ့ရဖူးကာ(ဒေါ်ခင်ကြည်) ကျေးဇူးတင်သော အားဖြင့် အုန်းသီးများ လက်ဆောင်ရ ခဲ့ဖူးပါသည်။

သူမ၏ ကန်စပ်ရှိ နေအိမ်တွင် လုံခြုံရေးမှာ တင်းကျပ်စွာ ချထားခဲ့သော်လည်း သူ၏နေအိမ်ကို လျှို့ဝှက် စစ်ရဲများရောက် လာခဲ့ကာ ယင်း ၏ နောက်ကြောင်းရာဇဝင်ကို စစ်ဆေးခဲ့ကြပါသည်။ သူ ဒေါ်အောင် ဆန်းစုကြည်၏ အိမ်သို့ ရောက်လာသော အခါ၌လည်း သူ၏ ကိရိယာ တန်ဆာပလာများ ထည့်ထားသော အိတ်ကို စေ့စပ်သေချာစွာ စစ်ဆေးခဲ့ကြပါသည်။ နောက်မှသာ သူ၏ အလုပ်ကို စတင်ခွင့်ပြုခဲ့ပါသည်။

၅ လကြာပြီးနောက် တစ်ခါ ကြိုးညှိရန် တစ်ဖန်သွားရောက်ခဲ့ချိန် မှာတော့ ဖြေလျှော့ပြီးချိန်ဖြစ်နေ၍ သူမ၏ မိတ်ဆွေ အချို့နှင့်အတူ သူမ၏အိမ်တွင် တွေ့ခဲ့ရပါသည်။ အခြေ အနေတိုးတက်ပြောင်းလဲမှုများဟု ဆိုရမည်။ မျှော်လင့်ချက် အချို့ကို ဆုပ်ကိုင်မိသလို ခံစားခဲ့ရပြီး “ Amazing Grace” ဆိုသော တေးသွားကို သူတီးခတ်ခဲ့ ချိန်မှာတော့ ကျန်သူများ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဧည့်သည်များအားလုံး မတ်တပ် ရပ်လျက် ရှိနေခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ စန္ဒယားကြီးကို ကြိုးညှိပေးခဲ့ရသူ နောက်တစ်ဦးကတော့ အသက် ၇ဝ အရွယ်ရှိ Saw Sheperd ဆိုသူဖြစ်ပါသည်။ သူသည် ဘေ့စ်စွန်းဟု ခေါ်သည့် နှဲကြီး တစ်မျိုးကို တီးမှုတ်သူ တစ်ဦး ဖြစ်ခဲ့သော် လည်း စန္ဒယား အတီးနှင့် အထူးသဖြင့် အပြင်ဆရာ ကြိုးညှိသူ ရှားပါးမှုကြောင့် စန္ဒယားဘက် ကူးပြောင်း တီးခတ် ပြင်ဆင်သူ ဖြစ်လာ ခဲ့ပါသည်။ ၁၉၉ဝ ပြည့် လွန်အစောပိုင်းကာလများက အင်္ဂလိပ် မြန်မာကပြား Leo Nichols (အများက Uncle Leo ဟု ခေါ်သည်) သည် ဒေါ်အောင်ဆန်းစု ကြည်အား ထောက်ခံသူ တစ်ဦးဖြစ်ပြီး ထောင်အတွင်း အကျဉ်းချခံခဲ့ရစဉ် သေဆုံး ခဲ့သူ ဖြစ်ပါသည်။ တစ်နေ့တွင် Uncle Leo က Sheperd အား စန္ဒယား ပြင်ဆင်ပေးနိုင် မလားဟု မေးခဲ့ရာ သူက လက်ခံခဲ့ပြီး ယူလာသော စန္ဒယားအိုကြီး ကို ပြင်ဆင်ပေး ခဲ့ပါသည်။ သူက Uncle Leo အား ထိုစန္ဒယားကြီးကို မည်သူပိုင်ပါသလဲဟု မေးခဲ့ရာ မှ “ကျုပ်ရဲ့သမီးပိုင်တဲ့ စန္ဒယားပါ” ဟု ဖြေခဲ့ပါသည်။ ထိုသို့ဖြေပြီးနောက် ပြုံး၍ “ကျုပ် သမီးက အောင်ဆန်းစုကြည်ပါ”ဟု ဆက်ပြောရာ တွင်တော့ Sheperd တစ်ယောက် အံ့သြဝမ်းသာ ဖြစ်ခဲ့ ရသည်။ အဆိုပါစန္ဒယားကြီးကို ပြင်ဆင်ကာ သူမထံ ပြန်ပို့ခဲ့ရပြီး သူမ၏ စန္ဒယားကို ပြင်ဆင် ကြိုးညှိသူများထဲမှာ တစ်ယောက် ပါဝင်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့်မူ မတွေ့ခဲ့ရပေ။

အခြားစန္ဒယားကြိုးညှိရသူ တစ်ဦးမှာ အသက် ၆၈ နှစ်အရွယ် Saw Simon ဆိုသူ တာဝန်ယူပြင် ဆင်ခဲ့ရချိန် သည် ၁၉၉၇ မတ်လတွင် ဖြစ်ပါသည်။ သူသည် ထိုင်းနိုင်ငံရှိ Yamaha တူရိယာ ပစ္စည်း ထုတ်လုပ်မှုစက်ရုံ၌ စန္ဒယားပြင်ဆင်ရေး ကို နှစ်အနည်းငယ် လုပ်ဖူးသူလည်း ဖြစ်ပါသည်။ ထိုသို့ဖြင့် စန္ဒယားကြိုးညှိခြင်း အလုပ် အတွက်ပါ ကျွမ်းကျင်လာခဲ့ သူ ဖြစ်ပါသည်။ စစ်ဘက် အုပ်ချုပ်ရေးအစိုးရကို အနောက်အုပ်စုမှ ပိတ်ဆို့ အရေးယူမှု ကာလများ တစ်လျှောက်၌ စန္ဒယား များအတွက် လိုအပ်သော တန်ဆာပလာများကို ကိုယ်တိုင် ထွင်၍ လည်းကောင်း၊ သံတမန်များ ဆီမှတစ်ဆင့် သော်လည်းကောင်း ဖန်တီးသွင်းယူမှုများ ပြုလုပ်ခဲ့သူ ဖြစ်ပါသည်။ သူသည်လည်း ဒေါ်အောင်ဆန်း စုကြည် ကို တွေ့မြင်ခဲ့ရခြင်း မရှိခဲ့ပါ။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ အထိန်းသိမ်းခံနေရချိန်များ တွင် သီချင်းများတီးခတ်ခြင်းနှင့် ပန်းချီ ရေးဆွဲခြင်းများ ကို ပြုလုပ်နေ ခဲ့ပါသည်။ “ဖွင့်ထားသော လှောင်အိမ် အတွင်းမှ တေးဆိုငှက်” ဟု အမည်ရသော တေးသီချင်း မှာ သူမ ကို အိုင်းရစ် တီးဝိုင်း ဖြစ်သော U2 မှ ဂုဏ်ပြုရေးသား ထားခြင်းဖြစ်ပြီး အဆိုပါ သီချင်း ပါသော “ထားခဲ့လို့ မရနိုင်ပါ” အဲယ်လ်ဘမ်သည် ၂ဝဝဝ ခုနှစ် ဂရမ်မီဆုရ ဓာတ်ပြား ဖြစ်ခဲ့ပါသည်။ မြန်မာနိုင်ငံ တွင်းမှာတော့ အဆိုပါ ဓာတ်ပြား ရောင်းချခြင်း ကို ပိတ်ပင် တားဆီးခဲ့ပါသည်။ ၅ နှစ်အကြာတွင် အိုင်းရစ် အဆိုတော်နှစ်ဦး ဖြစ်သော Damien Rice နှင့် Lis Hannigan တို့ နှစ်ဦးက “တီးခတ်ခွင့် မကြုံသည့် စန္ဒယား” အမည်ရှိ တေးသီချင်းကို သူမအား ဂုဏ်ပြုလျက် ထုတ်လုပ်ခဲ့ပြန်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် ပိုင်ဆိုင်သော Yamaha စန္ဒယားအိုကြီး အကြောင်းကို ၂ဝဝ၇ ခုနှစ်တွင် ကြားသိကြ သောအခါ ဗြိတိသျှ အဆိုတော် Annie Lennox အပါအဝင် ထင်ရှားသော အမျိုးသမီးများ အုပ်စုက ရန်ပုံငွေ ရှာဖွေ၍ စန္ဒယား အသစ် တစ်လုံးကို ဝယ်ယူခဲ့ကာ ဒေါ်အောင်ဆန်းစုကြည် အား ပေးရန် မြန်မာ အာဏာပိုင်များ ကို ခွင့်ပြုရန် အတော်ပင် အားသုံး ပြောခဲ့ကြရသည်။

ယခုအခါမှာတော့ မြန်မာနိုင်ငံသည် ပွင့်လင်းလာပြီး ကမ္ဘာအရပ်ရပ်မှ အရေးကြီးပုဂ္ဂိုလ်များ ဝင်ထွက် လာကြ ကာ ဒေါ်အောင်ဆန်းစုကြည်ပင် ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်နေပြီ ဖြစ်ပါသည်။ သူမနှင့် နီးစပ်သော အဝန်းအဝိုင်းမှ ကြားသိရသည်မှာ သူမ စန္ဒယား တီးခတ်ဖို့ အချိန်မရသလောက် ဖြစ်နေပါသည်။ အမည်မဖော်လိုသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်တစ်ဦးက ပြောကြားရာတွင် “နိုင်ငံရေး ကတော့ မြင့်တက်လာပြီး စန္ဒယားသံ ကတော့ တိတ်သွားပါတယ်” ဟု မှတ်ချက်ပြုခဲ့ပါသည်။ ၂ဝ၁၁ ခုနှစ်မှာ ဒေါ်အောင် ဆန်းစုကြည်မှ သတင်းထောက်များ ကို ပြောခဲ့သည်ကတော့ အဖမ်းဆီးခံ နှစ်အတွင်း “ဂီတသည် စကားလုံး များထက် ပိုမို၍ မှန်ကန် ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

စန္ဒယား ရောင်းဝယ်သူ စိုးသူရဝင်းကတော့ သူမထံ စန္ဒယားကြိုး ညှိသည့် ခရင်းခွနှင့် မိုးဇက်၏ ဂီတ တေးသွား သင်္ကေတ စာရွက်များကို ပေးခဲ့ဖူးသူ ဖြစ်ပါသည်။ သူက ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် သူမနေအိမ်၌ ထားရန် Yamaha U3 အမျိုးအစား နောက်ဆုံးပေါ် စန္ဒယားတစ်လုံး ဝယ်ယူရန် စိုင်းပြင်းနေကြောင်း ပြောကြား ခဲ့ပါသည်။ ရန်ကုန်ရှိ ဂီတမိတ် ထူထောင်သူ တစ်ဦးဖြစ်သော Kit Young တစ်ဆင့်ကြား ပြောခဲ့ရာ Schubert ၏တေးသွားများ ကို ဒေါ်အောင်ဆန်း စုကြည် စတင် တီးခတ်နေကြောင်း သိရှိရပါသည်။

ဘိုဘိုဦး(www.myamnmarij.com)

အဆင့်မြင့်အိမ်ထောင်

PHOTO..Sin Ma

ရွက်လွင့်ဘင်္ဂလီ(၄၆)ဦးအား ပင်လယ်သို့ ပြန်လည်ထွက်ခွာခွင့်ပြု



Monday, 26 November 2012

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မလေးရှားနိုင်ငံသို့ ထွက်ခွါလာသည့် ဘင်္ဂလီ (၄၆)ဦး ပါ စက်လှေတစ်စီးအား နိုဝင်ဘာလ(၂၅)ရက်နေ့ က ကျောက်ဖြူမြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ စက်လှေတွင် ဘူးသီးတောင်မြို့နယ်မှ ဘင်္ဂလီ (၂၅)ဦး၊မောင်တောမြို့နယ်မှ (၁၀)ဦးနှင့် ရသေ့တောင်မြို့နယ်မှ (၂)ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ (၉)ဦး၊ စုစုပေါင်း(၄၆)ဦး တို့ကို ခမရ(၅၄၃)တပ်ရင်းမှ ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလီများသည် မလေးရှားနိုင်ငံသို့ ထွက်ခွာမည့် စက်လှေပန်ကာရှပ်တန်ကျိုး၍ ရွက်လွှင့် မျောလာခြင်းဖြစ်ပြီး ကျောက်ဖြူမြို့နယ် အုန်းတောအနီးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးမိခဲ့သည့် ဘင်္ဂလီများအား သက်ဆိုင်ရာမှ စစ်ဆေးရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ချာလောင်ဆိုသူမှ မောင်တောမြို့နယ်မှ ဘင်္ဂလီ (၁၀)ဦးတို့အား တစ်ဦးလျှင် ဘင်္ဂလားဒေ့ရှ် တာကာငွေ (၁၀၀၀၀)၊မြန်မာကျပ်ငွေ ကျပ် (၁၇၀၀၀၀ )ဖြင့် မလေးရှားနိုင်ငံသို့ ပို့မည်ဟုခေါ်ဆောင်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကူးခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ကယ်ဆယ်ရေးစခန်းတွင် (၁) ည အိပ်ခဲ့ကြောင်း ဘင်္ဂါလီများက ထွက်ဆိုခဲ့သည်။

အချို့ ဘင်္ဂလီများကိုမူ တစ်ဦးလျှင် မြန်မာကျပ် (၁၂) သိန်း ကောက်ယူခဲ့ကြောင်းကိုလည်း သိရသည်။

၎င်းနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်မြို့နယ်ဆားပြင်ရွာနေဖော်ဒူရာမောက် ဆိုသူက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာဆာရာရွာ
ကမ်းနားဆိပ်ရှိ ယခုစီးနင်လားသည့်စက်လှေသို့ ပို့ပေးခဲ့ကြောင်း၊ ၄င်းတို့နှင့်အတူ အခြားစက်လှေတစ်စီးလည်း ပါကြောင်းသိရသည်။

စက်လှေများသည် မလေးရှားနိုင်ငံသို့ ထွက်ခွာရန် ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ဘက်အဆုံးရှိ ချက်မာဒင်(ခ)ဇီဇီရာကျွန်းရှိ စက်လှေကြီးသို့ သွားခြင်းဖြစ်ကြောင်းနှင့် ၄င်းစက်လှေကြီးဆီသို့ ထွက်ခွာလာရာ (၂)နာရီခွဲခန့်အကြာတွင် ပန်ကာရှပ်တန်းကျိုး၍ ယခုကဲ့သို့ မျှောပါလာခြင်းဖြစ်သည် ဟု မောင်တောမြို့နယ်မှ ဘင်္ဂလီများက ထွက်ဆိုကြသည်။

စက်လှေနှင့်အတူ လိုက်ပါလာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၉)ဦးအနက်တစ်ဦးဖြစ်သူ ကောဘာတူလာ( နော်တူဖလောင်ရွာ) အား စစ်ဆေးရာတွင် ၄င်းမှာ စက်လှေတွင် တက်မကိုင်ဖြစ်ကြောင်း မလေးရှားနိုင်ငံသို့ သွားမည့် စက်လှေရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဇီဇီရာကျွန်းရှိစက်လှေကြီးဆီသို့သွားခြင်းဖြစ်ပြီး စက်လှေမှ ပန်ကာရှုပ်တန်းကျိုးပြီး မျှောပါလာခြင်း ဖြစ်ကြောင်း နောက်တစ်စီးကိုမူ မသိရကြောင်း ထွက်ဆိုခဲ့သည်။

အဆိုပါ စက်လှေမှာ အလျား(၆)လံ(၂)တောင်၊ ဇောက်(၄)ပေခွဲ၊ အနံ (၇)တောင် အင်ဂျင် အမျိုးအစား CHANGFA (၂၅) ကောင်၊ မရိန်းဂီယာဘောက်တွဲလျှက် စက်လှေမျိုးဖြစ်သည်။

၎င်းတို့အား ကျောက်ဖြူမြို့နယ် ခမရ (၅၄၃)တပ်ရင်းမှူး၊ ခရိုင်လဝကမှူးတို့က စစ်ဆေးခဲ့ပြီးနောက်ဘင်္ဂလီ လူမျိုး(၄၆)
ဦးလိုက်ပါလာသည့် စက်လှေအားပြန်လည်ပြုပြင်ပြီးနောက် ၄င်းနေ့၌ပင် ကျောက်ဖြူမြို့နယ် ခမရ(၅၄၂)တပ် ရှေ့ပင်လယ်ကမ်းစပ်မှ ပင်လယ်လယ်ပြင်သို့ ပြန်လည် ထွက်ခွာခွင့်ပြုလိုက်ကြောင်း သိရသည်။

မိုးဝေ-ရခိုင်ပြည်နယ်(မြစ်မခ)
Myit Makha Mediagroup

ဘာဖြစ်လို့ မိုက်ကယ်အဲရစ်နဲ့ လက်ထပ်တာလဲဆိုရင်......


နိုင်ငံခေါင်းဆောင်ကြီး တစ်ဦးရဲ့ သမီးအနေနဲ့ ဘာဖြစ်လို့ မိုက်ကယ်အဲရစ်နဲ့ လက်ထပ်တာလဲဆိုရင် အဓိကအကြောင်းအရင်းက ပြည်ပမှာ ဘာ့ကြောင့် ရှိနေတဲ့အကြောင်းအရင်းကို အရင်ထုတ်ရှင်းရပါမယ်.။ အမေစု မိခင် ဒေါ်ခင်ကြည်ဟာ ၁၉၆၀ မှာ အိန္ဒိယသံအမတ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ အဲဒီတော့ အိန္ဒိယကို ပြောင်းရပါတယ်။ အဲဒီအချိန်မှာ အမေစု အသက်ဆယ့်ငါးနှစ်ရှိပါပြီ။ ဆယ်ခုနှစ်နှစ်အရွယ် ၁၉၆၂ ခုနှစ် ဒေလီတက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံဘာသာနဲ့ သင်ယူနေတုန်း မြန်မာပြည်မှာ ကျောင်းသားသမဂ္ဂ ဗုံးခွဲခံရပြီး အထဲကကျောင်းသားအားလုံး သေဆုံးကုန်ပါတယ်။။ အဲဒီရဲ့ အကျိုးဆက်က အမေစုအတွက် မြန်မာပြည်တွင်းမှာ ပြန်လည်နေထိုင်ဖို့ မဖြစ်နိုင်တဲ့ တွန်းအားတစ်ခုဖြစ်သွားပါတယ်.။>>>> ဗိုလ်ချုပ်ရဲ့သမီးဖြစ်ပြီး နိုင်ငံရေးသိပ္ပံနဲ့ မြန်မာပြည်ပြန်သွားရင် ဘာဖြစ်သွားမလဲ တွေးကြည့်ကြပေါ့ဗျာ.။ ဘွဲ့ရပြီးတော့ ဒေါ်ခင်ကြည့်မိတ်တွေ မြန်မာပြည်မှာနေခဲ့တဲ့ အင်္ဂလန်သံအမတ် အကူအညီနဲ့ အင်္ဂလန်အောက်စဖို့တက္ကသိုလ်မှာ မှာကျောင်းသွားတက်တယ်ဗျ။>>>>၁၉၆၂ မှာ ဘွဲ့ရတယ် ရတဲ့ဘွဲ့က (Philosophy, Political Science, Eco) ဂုဏ်ထူးနဲ့ ၀ိဇာဘွဲ့ဗျ။ နောက် နယူးယောက်က ကုလသမဂ ရုံးမှာ အလုပ်ဝင်တယ်၊ အဲဒီမှာ ဦးနေ၀င်းရဲ့ သိုးတွေနဲ့ နိုင်ငံကူးလက်မှတ်ပြဿနာဖြစ်တယ်။အမေစုကို နိုင်ငံကူးလက်မှတ် ထုတ်ပေးဖို့ နှစ်ပေါင်းများစွာ ဆိုင်းငံ့ခဲ့တယ်။ ကုလအတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ သမီးတစ်ယောက်လို ဖြစ်နေလို့သာ မြန်မာနိုင်ငံသားအဖြစ် မပျက်ပြယ်တာပါ။>>> ၁၉၇၀ မှာ မိုက်ကယ်အဲရစ်နဲ့တွေ့တယ်။ ဒီနေရာမှာ မိုက်ကယ်အဲရစ်အကြောင်း တစခုပြောချင်တယ်။ မိုက်ကယ်အဲရစ်က ဗုဒ္ဒဘာသာ၊ တက္ကသိုလ်မှာ အရှေ့တိုင်း ပါဠိဘာသာ သုတေသနပညာရှင်ပါမောက္ခ၊ အမေစုက ပါဠိဘာသာ နဲ့ အရှေ့တိုင်းယဉ်ကျေးမှု အတွက်လေ့လာရင်းနဲ့ အိမ်ထောင်ကျတာ၊ ကျပြီး နီပေါနားက ဘူတန်မှာသွားနေကြတယ်။ သူတို့အိမ်ထောင်ရေးက သဘောတူညီမှုတစ်ခု လုပ်ထားခဲ့ပြီးသား အဲဒါက ”ကျွန်မ ပြည်သူတွေအတွက် ကျွန်မတာဝန်ထမ်းဆောင်မယ်ဆိုရင် ခွင့်ပြုဖို့ ” ဆိုတဲ့ သဘောတူညီချက်ပဲ။>>> မိုက်ကယ်အဲရစ် မြန်မာပြည်ကို တစ်ခါလားတုန်းက မင်းကွန်းဆရာတော်ကြီးကို သွားဖူးတော့ နှစ်ဦးစလုံး ပါဠိလိုတွေ ပြောနေကြလို့ ထောက်လမ်းရေးတွေတောင် ငုတ်တုတ်မေ့ခဲ့တဲ့ သာဓက ရှိခဲ့ပါတယ်။ သူပြုစုခဲ့တဲ့ နီပေါ ဘူတန် ယဉ်ကျေးမှုဆိုင်ရာ စာအုပ် စာတမ်းတွေ အများကြီးပဲ။ အဲဒီတော့ အမေစု ဟိုမှာ မိုက်ကယ်အဲရစ်နဲ့ လက်ထပ်တဲ့ အကြောင်းအရင်းနဲ့ မိုက်ကယ်အဲရစ်ဆိုတာ ဘယ်လိုလူစားလဲဆိုတာ သိသင့်ပြီထင်ပါတယ်။>> မိခင်ဒေါ်ခင်ကြည်ရဲ့ထိန်းကွပ်ဦးဆောင်မှုနဲ့ နဗန်းဆံကိုတောင် အိမ်ထောင်ကျတဲ့အထိ ထားတုန်း၊ အိမ်မှာနေရင် မြန်မာစကားကလွဲပြီး အင်္ဂလိပ်လို မသုံးနှုန်းတာတွေ၊ နှစ်ပေါင်းများစွာ ကိုယ့်လုံခြည်ကို ယက်ကန်း ယက်လုပ်ပြီး ၀တ်ခဲ့တာတွေ အိန္ဒယမှာရှိတဲ့အချိန် အသက် ဆယ့်ခုနှစ်နှစ် ကတည်းက ဒေလီမြို့စွန်က ဟိန္ဒူတွေစွန့်ပစ်ထားတဲ့ ဗုဒ္ဓဘာသာကျောင်းကို ရန်ပုံငွေကောက်ပြီး ပြုပြင်မွမ်းမံခဲ့တာတွေကိုကြည့်ရင်..။ အမေစု ဘယ်လိုလူစားလဲ ဆိုတာကို သိနိုင်ပါတယ်။ အဲဒီလိုလူမျိုးကရွေးချယ်တဲ့ ခင်ပွန်းဟာလည်း နိုင်ငံခြားသားပင်ဖြစ်စေကာမူ ဘယ်လိုမျိုးလဲဆိုတာကို သဘောပေါက်သင့်ပါတယ်။>>>အခု ဘူတန်ဘုရင်ဟာ ဒေါက်တာ မိုက်ကယ်အဲရစ်ရဲ့ တပည့်ပါ။ သူ့ကို စာသင်ပေးတုန်းက ဆယ့်ခုနှစ်နှစ်ပဲ ရှိပါသေးတယ်။ အရင်စစ်အစိုးရဟာ မိုက်ကယ်အဲရစ်နဲ့ အမေစုကို နေရာပေးပြီး ပူးပေါင်းဆောင်ရွက်ခဲ့မယ်ဆိုရင် မဇ္ဇိမဒေသကနေ မြန်မာနိုင်ငံအထိ ထေရ၀ါဒ ဗုဒဘာသာနဲ့ ယဉ်ကျေးမှု ပြောင်းလဲခြင်းဖြစ်စဉ်သမိုင်းအတွက် တကယ် အထောက်အကူဖြစ်နိုင်ပါတယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ မိုက်ကယ်အဲရစ်က အဲဒါတွေနဲ့ပတ်ကက်ရင် ကိုယ့်စားရိတ်ကိုယ်စားပြီး သုတေသနလုပ်နေတဲ့သူပါ။>> သူ လုပ်ခွင့်ရှိတဲ့ အချိန်မှာ သူလုပ်ခဲ့တဲ့ အလုပ်တွေကို အခု မျက်မြင်ကိုယ်တွေ့မြင်နေရပြီလေ..။ ပြည်သူကို ဘာလုပ်ပေးခဲ့သလဲ ဆိုတာထက် အဲဒီတုန်းက ပြည်သူကိုဘာလုပ်ခွင့်ရခဲ့ပါသလဲဆိုတာက ပိုသင့်တော်ပါတယ်။>>>သိသင့်တယ်ထင်လို့ပြန်shareလိုက်တာပါ>>>>>MZH:




Zawmintun's photo.

"ဖမ်းတာလား".."မေးစရာရှိလို့ ပါ"


ယနေ့ နံနက် ၁၀နာရီခန့် အချိန်တွင် ဗကသများအဖွဲ့ ချုပ်(ဗဟိုလုပ်ငန်းကော်မတီ) သတင်းနှင့် ပြန်ကြားရေးရာကော်မတီတာဝန်ခံ ကိုသီဟဝင်းတင် ကို အလုံမြို့ နယ် နယ်မြေခံ SB ရဲအုပ်မြင့်ဦး က မည်သည့်အကြောင်းပြချက်မျှ မပေးပဲ နေအိမ်မှလာရောက်
ခေါ်ဆောင်သွားကြောင်းသိရသည်။ ကိုသီဟဝင်းတင် က" ဖမ်းတာလား" ဟုမေးရာ ၎င်း SB က "မဟုတ်ပါဘူး မေးစရာရှိလို့ ပါ" ဟုပြန်ဖြေကြောင်းမိသားစုဝင် များကပြန်လည်ပြောပြသည်။

(ဖြိုးဖြိုးအောင်)

သုံးသလောက် Data volume အလိုက် ပေးဆောင်ဖို့ မြန်မာ့ဆက်သွယ်ရေးက စီစဉ်နေ

By Lwin Aung Soe
အင်တာနက် အသုံးပြုတာကို သုံးသလောက် Data volume အလိုက် ပေးဆောင်ဖို့ မြန်မာ့ဆက်သွယ်ရေးက စီစဉ်နေတာကို လုံးဝ ကန့်ကွက်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်တာနက် သုံးစွဲမှုကို မလျော်မကန်ငွေကြေးအားဖြင့်ကန့်သတ်ချုပ်ချယ်
ထားလို့ ဖြစ်ပါတယ်။

အင်တာနက် ပေါ်ခါစက ဂျပန်မှာ သုံးသလောက် ကျခံရတဲ့စနစ်ကို သုံးပါတယ်။ အစိုးရ ထိန်းချုပ်မှုက ကင်းလွတ်ပြီး သီးသန့် ရပ်တည်နိုင်ကြတဲ့အင်တာနက် ကုမ္ပဏီတွေဟာ နောက်ပိုင်းတော့ အဲဒီစနစ်ကို ပယ်ဖျက်လိုက်ရပြီး ကြိုက်သလောက်သုံး တလ-ပုတ်ပြတ်စနစ်ကို ပြောင်းလဲ ကျင့်သုံးရပါတော့တယ်။

စနစ်ပြောင်းလိုက်တဲ့အခါ ကုမ္ပဏီတွေရော သုံးစွဲသူတွေပါ နှစ်ဖက်စလုံး အကျိုးရှိလို့ ကနေ့ထိ အောင်မြင်တဲ့စနစ် ဖြစ်နေပါတယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်နဲ့ နှစ် ၂ဝ ကြားမှာ ကျင့်သုံးခဲ့ဖူးတဲ့ မအောင်မြင်တဲ့ စနစ်ကို မြန်မာနိုင်ငံမှာ အခု ကျင့်သုံးဖို့ ကြိုးစားလာတာ အံ့အားသင့်မိပါတယ်။

ဆက်သွယ်ရေး ကုမ္ပဏီတွေဟာ အစိုးရပိုင် မဖြစ်သင့်ပါဘူး။ ပုဂ္ဂလိကကို လွတ်လပ်စွာ ခွင့်ပြုသင့်ပါတယ်။ ကုမ္ပဏီအချင်းချင်း ပြိုင်ဆိုင်မှ လက်တွေ့ကျတဲ့ ဈေးကွက် စီးပွားရေးစနစ်ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။

ဥာဏ်သွားတဲ့ အစိုးရကတော့ အခွန်ထိုင်ကောက်နေရုံသာ ရှိပြီး နာမည်ကောင်းလည်း ရနေပါတယ်။ အရင်းအနှီး၊ နည်းပညာနဲ့ လူ့စွမ်းအား မစိုက်ရဘဲ ရနေတဲ့ အခွန်ပမာဏာ သိပ်ကြီးမားလို့ နိုင်ငံဖွံ့ဖြိုးရေးကို ကောင်းကောင်းကြီး အထောက်အကူ ပေးနိုင်ပါတယ်။

ဝန်ထမ်းတွေကလည်း ပုဂ္ဂလိက ကုမ္ပဏီမှာ လုပ်ရတာဖြစ်လို့ ခံစားခွင့် အတော်ကောင်းပါတယ်။ စားသုံးသူ ပြည်သူတွေကလည်း အရည်အသွေးတူရင် ဈေးသက်သာရာကို ရွေးချယ်နိုင်ကြလို့ စိတ်ချမ်းသာကြပါတယ်။ မကျေနပ်စရာ စောဒကတက်ခံရရင်လည်း Customer is always right ဆိုတဲ့ မူကို တိတိကျကျ ကျင့်သုံးတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေက စားသုံးသူအကြိုက် လိုက်လျောပေးရလို့ ကျေနပ်ကြတဲ့ စားသုံးသူတွေဟာ ကုမ္ပဏီကို ပိုမိုအားပေးကြတာကြောင့် စီပွားရေး တိုးတက်လာပါတယ်။

ငန်းကြီးက တနေ့ကို ရွှေဥတလုံး ဥပေးနေတာကို လောဘဇောကပ်ပြီး ဗိုက်ထဲမှာ အများကြီး ရှိနေဦးမှာပဲ အထင်နဲ့ ဗိုက်ခွဲ သတ်ပစ်လိုက်တဲ့ ပုံပြင်လို ဖြစ်နေပါဦးမယ်။

မယ် ပိုး's photo.

ဒီဇင်ဘာလမှစ၍ ဖုန်းအင်တာနက်ကို အသုံးပြုမယ့် မြန်မာပြည်သူများ သိရှိထားဖို့ပါ။
------------------------------------------------------- ---------------
Ph Internet သုံးစွဲခကို ဒီဇင်ဘာလမှစ၍ Volume နဲ့ပြောင်းလဲကောက်ခံမည့် ယာယီဈေးနှုန်း -
(မြန်မာ့ဆက်သွယ်ရေးမှလျာထားဈေးနှုန်း)
100 Kb - 2 ကျပ်
1 MB - 20 ကျပ်
100 MB - 1500 - 1800 ကျပ်
ဖုန်းအင်တာနက်ကိုအသုံးပြုပြီး Facebook သုံးမယ်ဆိုရင် ပုံမှန်အားဖြင့် ဖုန်းထဲက Facebook ဆော့ဖ်ဝဲလ်က ကိုယ့် wall ပေါ်မှာရှိနေတဲ့ ပုံတွေရော၊ စာတွေရော ဖော်ပြပေးမှာ ဖြစ်တဲ့အတွက် တစ်မိနစ်ကို 1MB နှုန်း data သုံးမှာ ဖြစ်ပါတယ်။ လက်ရှိ MPTက ယာယီ သတ်မှတ်ထားတဲ့နှုန်းနဲ့ဆို ဖုန်းအင်တာနက်နဲ့ Facebook သုံးလိုက်ရင် တစ်မိနစ်ကို ၂ဝကျပ် ကျမှာဖြစ်ပါတယ်။ နာရီဝက် ဖေ့ဘုတ်ခ်သုံးရင် ၆ဝဝကျပ် ကျသင့်မှာဖြစ်ပါတယ်။
ဖုန်းအင်တာနက်ကိုအသုံးပြုပြီး Viber ပြောမယ်ဆိုရင် တစ်မိနစ်ကို 240Kb နှုန်း data သုံးမှာဖြစ်ပါတယ်။ လက်ရှိ MPTက ယာယီသတ်မှတ်ထားတဲ့နှုန်းနဲ့ဆို ဖုန်းအင်တာနက်နဲ့ Viber ပြောလိုက်ရင် တစ်မိနစ်ကို 5 ကျပ်ကျမှာ ဖြစ်ပါတယ်။
ဖုန်းအင်တာနက်ကိုအသုံးပြုပြီး Skype နဲ့ video call ပြောမယ်ဆိုရင် တစ်မိနစ်ကို 6MB နှုန်း data သုံးမှာ ဖြစ်ပါတယ်။ လက်ရှိ MPTက ယာယီသတ်မှတ်ထားတဲ့နှုန်းနဲ့ဆို ဖုန်းအင်တာနက်နဲ့ Skype ပြောလိုက်ရင် တစ်မိနစ်ကို ၁၂ဝကျပ် ကျပါလိမ့်မယ်။
Credit - Myanmar Mobile App | The Best Mobile Knowledge Sharing Site in Myanmar
ဒီအတိုင်းသာဆို ဖုန်းကတ် တစ်သောင်းကတ်ကို အလွန်ဆုံးမှ ငါးနာရီလောက်ပဲ သုံးရမယ် ထင်ပါရဲ့.. ဆက်သွယ်ရေးဝန်ကြီး ရွှေဥာဏ်တော်စူးရောက်ပုံကတော့ ပြောမနေနဲ့.. အင်တာနက် မသုံးပါနဲ့လို့ မတားဘူး... ဆက်သွယ်ရေး ဥပဒေမူကြမ်းထုတ်တယ်.. ခုလို ပိုက်ဆံ တိုးတောင်းတယ်.. လက်တော့ပ်လေးတွေကိုင်ပြီး ဆန္ဒထွက်ပြရမယ့်ကိန်းတောင် ဆိုက်နေပြီ..

ပွင့်လင်းမြင်သာမှုရှိခဲ့ရင်ဒီလိုပြဿနာ တွေမဖြစ်ဘူး(ဒေါ်အောင်ဆန်းစုကြည်)

(Messenger News Journal)

အကောင်အထည်ဖော်နေဆဲစီမံကိန်းများကိုတစ်ဖက်သတ်ဖျက်သိမ်းပါက နိုင်ငံတကာ၏ ယုံကြည်မှုဆုံးရှုံးနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို ။
====================================
အစိုးရစီမံကိန်းများ အကောင် အထည်မဖော်ခင် ပွင့်လင်းမြင်သာမှု ရှိရန် လိုအပ်ပြီး အကောင်အထည် ဖော်နေဆဲ စီမံကိန်းများကို တစ်ဖက် သတ် ဖျက်သိမ်းပါက နိုင်ငံတကာ၏ယုံကြည်မှုဆုံးရှုံးနိုင်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသွား ခဲ့သည်။
''အခုလက်ပံတောင်း တောင် စီမံကိန်းဆိုရင် စာချုပ်က ချုပ်ပြီး သွားပြီ။ ဒါကို တစ်ဖက်သတ် ဖျက် ခဲ့ရင် တန်ရာတန်ကြေး ပြန်ပေးရ မယ်။ ဒါကိုလည်း ထည့်စဉ်းစားဖို့ လိုတယ်။ ကမ္ဘာ့အလယ်မှာ တင့် တယ်တဲ့ နိုင်ငံတစ်ခု ဖြစ်ချင်ရင် ကတိတည်ဖို့ လိုတယ်။ စကားတည် ရမယ်။ ဒီနိုင်ငံ ကတိမတည်ဘူး၊ ဒီနိုင်ငံနဲ့ အလုပ်လုပ်လို့ မရဘူး၊ ဒီနိုင်ငံနဲ့ အလုပ်လုပ်ရင် အချိန်မရွေး ပျက်နိုင်တယ်လို့ တွေးသွားရင် ရင်းနှီးမြှုပ်နှံသူတွေ စိတ်မဝင်စား နိုင်တော့ဘူး'' ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။
ပြည်သူ့လွှတ်တော် အစည်း အဝေး နောက်ဆုံးနေ့တွင် အစည်း အဝေး အစီအစဉ်တွင် ပါဝင်ခြင်း မရှိဘဲ လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြု ချက်ဖြင့် အစိုးရသို့ လွှတ်တော်မှ လက်ပံတောင်းတောင် စီမံကိန်းကို အဖွဲ့တစ်ဖွဲ့ ဖွဲ့၍ စစ်ဆေးစေရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်း ကြောင်းအဆိုကို တင်သွင်းခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်ကပြန်လည်ရှင်းလင်းခဲ့ပြီးနောက်ဒေါ်အောင်ဆန်းစုကြည်ကယင်းစီမံကိန်းနှင့်ပတ်သက်၍မီဒီယာများ
သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
''အစိုးရအနေနဲ့ ပွင့်လင်း မြင် သာမှုရှိဖို့ လိုတယ်။ အစကတည်းက ပွင့်လင်းမြင်သာမှုရှိခဲ့ရင်ဒီလိုပြဿနာ တွေမဖြစ်ဘူး။ အခုက ဒီမိုကရေစီ မရခင်ချုပ်ခဲ့တဲ့ စာချုပ်တွေကို ဒီမို ကရေစီခေတ်မှာ ပြန်ရှင်းရတာဆို တော့ နည်းနည်းတော့ အရှုပ်အရှင်း ရှိတယ်။ ကိုယ့်ဘာသာကိုယ် လိုလို ချင်ချင်နဲ့ပေးထားတဲ့ ကတိ ကိုယ့် ဘာသာကိုယ် လိုလိုချင်ချင်နဲ့ လုပ် ထားတဲ့ အလုပ်တစ်ခု သဘောတူညီ ချက်တစ်ခုကို ဖျက်ဆိုတာကတော့ အင်မတန်မှ စဉ်းစားချင့်ချိန်ရမယ့် ကိစ္စပဲ''ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။
အဆိုပါ လက်ပံတောင်း တောင် စီမံကိန်းကို Wanbo Maing Ltd. မှ ဒေါ်လာ ၉၉၉ သန်း ရာ နှုန်းပြည့် ရင်းနှီးမြှပ်နှံခဲ့ပြီး အကျိုး အမြတ် ခွဲဝေမှုတွင် နိုင်ငံတော်မှ ၁၆ ဒသမ ၈ ရာခိုင်နှုန်း၊ မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်မှ ၁၃ ဒသမ ၈ ရာခိုင်နှုန်း၊ ရင်းနှီးမြှပ်နှံသူမှ ၁၃ ဒသမ ၃၃ ရာခိုင်နှုန်း ရရှိမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ လက်ပံတောင်း တောင် စီမံကိန်းကို နိုဝင်ဘာလ ၁၈ ရက် နေ့မှ စတင် ရပ်နားထားခဲ့ပြီး ထိုကဲ့သို့ ရပ်နားထားသည့်အတွက် တစ်လလျှင် ဒေါ်လာ ၂ သန်း ဆုံးရှုံး နေကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်က လွှတ်တော် တွင် ပြောကြားခဲ့သည်။
''နိုင်ငံတစ်ကာ ဆက်ဆံရေး အရ ဆန်းစစ်ရလျှင် နိုင်ငံတကာ ဆက်ဆံရေးတွင် ထာဝရမိတ်ဆွေ ထာဝရရန်သူ ဟူ၍မရှိပါဘူး။ ထာဝရ အကျိုးစီးပွားပဲ ရှိပါတယ်။ ကျွန်တော့် ရဲ့ တင်ပြချက်က အမေရိကန်အတွက် မဟုတ်သလို တရုတ်အတွက်လည်း မဟုတ်ပါဘူး။ မိမိနိုင်ငံရဲ့ အကျိုး စီးပွားအတွက်သာ ဖြစ်ပါတယ်'' ဟု ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က စီမံကိန်းလုပ်ဆောင်ရခြင်းနှင့် ပတ် သက်၍ ပြန်လည်ရှင်းလင်းခဲ့သည်။
အဆိုပါ စီမံကိန်းများနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုများ ကြီးထွားလာရခြင်းသည် မီဒီယာ၏ ပယောဂမကင်းကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်က ထည့်သွင်း ပြောကြားသွားခြင်းအပေါ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ် အောင်ဆန်းစုကြည်က ''အန်တီတို့ ခေတ်မှာ မီဒီယာတွေက အရေးကြီး ပါတယ်။ စောစောက ဝန်ကြီး ပြောသွားတဲ့အထဲမှာ မီဒီယာတွေရဲ့ လှုံ့ဆော်မှုတွေ ပါတယ်လို့ ပြောသွား တယ်။ ဒါကို မျက်စိစုံမှိတ်ပြီး မငြင်း နဲ့။ ရှိနိုင်တာပဲ။ ဘယ်သူမှ အမြဲ မမှန်ဘူး။ မီဒီယာလည်း အမြဲမမှန် နိုင်ဘူး။ ကိုယ့်ကိုယ်ကို ပြန်သုံးသပ် ဖို့ပဲ လိုပါတယ်'' ဟု မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။


မျက်နှာတွင်ကြေးနီရောင်များသုတ်လိမ်း၍ ကြေးနီစီမံကိန်းအား ဆန္ဒပြနေသော ကျောင်းသားများ
KO Han Win Aung's photo.

ရုပ်ရှင်ကားများအားလုံး ကြည့်ရှုရန် နှင့် ဒေါင်းလုပ်ရယူရန်

By Movie Crazies

Movie Crazies တို့အတွက် ဟောလီးဝုဒ် ၊ တရုတ် ၊ ကိုးရီးယား ၊ ဂျပန် ၊ မြန်မာ အစရှိတဲ့ ရုပ်ရှင်ကားများအားလုံး ကြည့်ရှုရန် နှင့် ဒေါင်းလုပ်ရယူရန် စုစည်းပေးထားခြင်းပါ....
...

ဟောလီးဝုဒ်ရုပ်ရှင်များ ကြည့်ရှုရန်အတွက် ...
www.1channel.ch
www.watch32.com
www.movie2k.to
www.urgrove.com
www.viki.com
www.cuevana.tv
www.ovguide.com

ဒေါင်းလုပ်ရယူရန်အတွက်....
www.tinymoviez.com/
www.300mbfilms.com/
www.mediafiremovieaz.com/
www.brripmoviez.com/
__________________________________
eng subtitle file များ ဒေါင်းလုပ်ရယူရန် ...
www.subscene.com
http://v2.subscene.com/
www.moviesubtitles.org/movies.html
www.anysubs.com
___________________________________
ကိုးရီးယား ၊ တရုတ် ၊ ဂျပန် ကားများ ကြည့်ရှုရန်အတွက်....
www.dramafever.com
www.dramacrazy.net
www.dramabeans.com
www.kimchidrema.net
www.epdrama.com
www.hancinema.net
http://motionempire.me/Watch_Free_Asian+Movies.html
www.viki.com
www.gooddrama.net
___________________________________
မြန်မာဇာတ်ကားများ ကြည့်ရှုရန်အတွက်....
www.burmeseclassic.com
www.shwevideos.net
www.shwedream.com
www.freemyanmarvcd.com
www.shweo.com
www.myanmarpioneer.com
www.mitzima.net
http://movie.myanmar-movie.net/
http://movie.all-channel.com/

လက်ပံတောင်းအစီအစဉ်မပါတာကိုဝေလွင်အတင်းရှင်းလင်း

By Ko Nay Myo


မြန်မာ့စီးပွားရေး ဦးပိုင်လိမီတက် ကိုလွယ်လွယ်ပဲ ဦးပိုင် လို့ခေါ်ပါ့မယ်..။ အားလုံးသိကြပြီးတဲ့ အတိုင်းပါပဲ.. နိုင်ငံရဲ့စီးပွားရေး မျိုးစုံ ပါမစ်..၊ လမ်းတံတား..၊ ဘိလပ်မြေစက်ရုံ..၊ သယ်ယူ ပို့ဆောင်ရေး စတဲ့..စတဲ့ စီးပွားရေးအရပ်ရပ်ကို လက်ဝါးကြီးအုပ်ထား ခဲ့တာကြာပါပြီ..။ ကားပါမစ် တစ်စောင်ရဲ့ တန်ဖိုးဟာ သိန်း ၄၀၀ ၀န်းကျင်ကနေ သိန်းထောင်ကျော် ခဲ့ပါတယ်..။ ဦးပိုင်ရဲ့ လက်အောက်က ကုပ္မဏီတစ်ခုရဲ့ ဒါရိုက်တာ တစ်ယောက်ဟာဘယ်လောက် ချမ်းသာ ကြွယ်ဝတယ်.... ၀င်ငွေဘယ်လောက်များသလဲဆိုတာ သူသုံးတဲ့ငွေကိုကြည့်ရုံ နဲ့ သိနိုင်ပါတယ်..။ သူ့ရဲ့ တစ်ညတာ ကာရာအိုကေ..၊ စင်တင်..၊ နိုက်ကလပ် စသည်တို့မှာ သုံးစွဲလိုက်တဲ့ ငွေကြေးဟာ တပ်ရင်း (၇) ရင်းက ရဲဘော်တွေ တစ်ပတ် စားသုံးနေရတဲ့ စရိတ်နဲ့ ညီမျှတယ်ဆိုတာကို ဖတ်မိမှတ်သားထားဘူးပါတယ်..။ ငွေတွေက ဒလဟောဝင်နေတော့ ဘယ်လောက်ချမ်းသာလို့ ချမ်းသာမှန်းတောင် သူတို့ကိုယ်သူတို့ မမှတ်သားနိုင်တော့ပါဘူး..။ ဒီတော့ ဦးပိုင်ရဲ့ စီးပွားရေး လက်ဝါးကြီးအုပ်ခဲ့တဲ့ အချိန်ကာလ အတွင်း ထိပ်ပိုင်းတာဝန်ရှိသူတွေ နဲ့ အတူ အောက်ခြေက တပ်မတော်..၊ တပ်မတော်သား မိသားစုဝင်တွေ ပါ တိုးတက်ကြီးပွားချမ်းသာ အဆင်တွေ ပြေခဲ့ရဲ့လား...?? ဒီမေးခွန်းကို ကျနော်တို့ ဖြေစရာတောင် မလိုပါဘူး...။ ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် လွတ်တော်အတွင်းမှာ လက်ပတောင်းတောင် စီမံကိန်း နဲ့ ပတ်သက်ပြီးရှင်းပြရာမှာ အဖြေက ပါသွားပြီးသားပါ...။ ""ပင်စင်ယူလိုက်ပြီးတဲ့ တပ်မတော်သားတွေဟာ ဆိုက်ကားနင်းပြီး ဘ၀ကို ခက်ခက်ခဲခဲ ရုန်းကန်နေရတာတွေရှိတယ်.."" လို့ ဆို့နင့်စွာ ပြောပြီး ၀န်ကြီးက ရှေ့ကချထားပေး တဲ့ ရေခွက်ထဲက ရေကိုသောက်လိုက်တာ ကျနော်စိတ်မကောင်းစွာ တွေ့မြင်လိုက်ရပါတယ်..။ ဒီတော့ ဦးပိုင်ဟာ အခု ဒီစီမံကိန်းအောင်မြင်မှ တပ်မတော်သားတွေ နဲ့ မိသားစုဝင်တွေကို ပံ့ပိုးပေးနိုင်မှာလား..။ အခုမှ ဦးပိုင်ကို စပြီးတည်ထောင်မှာလဲ မဟုတ်ပါဘူး..။ ကြာခဲ့ပြီလေ.. တကယ်သာ ဦးပိုင်ရဲ့ ရပ်တည်ချက်ဟာ မှန်ကန်ခဲ့တယ်ဆိုရင်တော့ ဒီလိုဝမ်နးည်းဖွယ်.. စိတ်မကောင်းဖွယ် အဖြစ်တွေ မြင်ရမှာ မဟုတ်ပါဘူး...။ ဒီရက်ပိုင်း ရက်စွဲတိတိကျကျဆိုရင်တော့ (၂၄.၁၁.၂၀၁၂)..ကပေါ့..။ ကျနော် သူငယ်ချင်း တစ်ယောက်နဲ့အတူ တောင်ကြီး မိခင်နဲ့ ကလေးဆေးရုံ ကို သူငယ်ချင်းရဲ့ ကိစ္စတစ်ခုနဲ့ သွားရင်းရောက်ခဲ့တယ်ဗျ..။ သူငယ်ချင်းကိုစောင့်ရင်း ဆေးရုံ အပြင်မှာပဲ နေပူလုံရင်းစောင့်နေရာ မှာ ဆေးရုံရဲ့ ရင်ခွဲရုံနားမှာ စစ်ဝတ် ၀တ်ထားတဲ့ စစ်သားအချို့နဲ့ တပ်ထဲက အမျိုးသမီးတွေ အချို့ကိုတွေ့လိုက်မိတယ်..။ ကျနော်လည်း အနီးမှာရှိနေတဲ့ သူကိုစပ်စုမေးမြန်းကြည့်မိပါတယ်..။ တပ်မတော်သား တစ်ဦးရဲ့ အမျိုးသမီး မီးဖွားတယ်..။ မီးဖွားပြီး သွေးတောက်လျှောက် သွန်နေတာကြောင့် စစ်ဆေးရုံကနေ အမျိုးသမီး နဲ့ ကလေးဆေးရုံကို လွှဲပြောင်းပေးလိုက်လို့ ဒီဆေးရုံကိုရောက်လာပါတယ်..။ ထုံးစံအတိုင်းပေါ့.. ဒီဆေးရုံကိုရောက်လာတော့ သွေးဝယ် ရမယ်.. သွေးသွင်းရမယ်ဆိုတော့ ပိုက်ဆံမှ မရှိတော့ တပ်ထဲကို ရဲဘော်လေး ပြန်ပြေးသွားပြီး တပ်မတော်သားတွေ ရဲ့ အကူအညီကြောင့် သွေးကိစ္စ အဆင်ပြေသွားပါတယ်..။ အပေါ်က သွင်းသမျှသွေး ပြန်ထွက်သွားတော့ ဆေးရုံတာဝန်ရှိသူတွေက ဆေးဝယ်ဖို့ ဆေးစာရွက်ရေးပေး လိုက်ပါတယ်..။ သူ့အတွက် ဒုက္ခပေါ့...။ တပ်ထဲကိုပြန်ပြေးပြီး သူ့အထက်အရာရှိကို အကျိုးအကြောင်းပြောပြပြီး ငွေချေးရှာပါတယ်..။ မရပါဘူး..။ ဒီတော့ သူ့မှာ အခြားသောနေရာတွေကို ငွေရဖို့ရာ လိုက်လံချေးရှာတာပေါ့...။ သူ..ငွေရခဲ့သလား.. မရခဲ့ဘူးလားတော့.. ကျနော်မသိပါဘူး..။ ဒါပေမဲ့ သူဆေးရုံကို ပြန်ရောက်တော့ သူ့ဇနီးဟာ မွေးကင်းစ ရက်ပိုင်းသာသာ ကလေးအပါအ၀င် အခြားသော ကလေး (၃)ယောက်နဲ့ သူ့ကိုထားပြီး လောကကြီးထဲက နေ စိတ်နာနာနဲ့ စိတ်မချစွာထားခဲ့ပြီး ထွက်သွားရှာပြီလေ.....။ ကဲ.. ဦးဝေလွင်..!!! ဦးဝေလွင် ပြောတဲ့ တပ်မတော်သားတွေ နဲ့ မိသားစုဝင်တွေအတွက် အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ချက် နဲ့ တည်ထောင်ထားတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် ဟာ တပ်မတော်သား အများစုကို ပံ့ပိုးပေးနိုင်ပါရဲ့လား..ဗျာ...။ ဒီ့ထက် စိတ်မကောင်းရတဲ့ အဖြစ်အပျက်တွေ တပ်မတော် နဲ့ တပ်မတော်သားမိသားစုဝင်တွေ အကြားမှာ အများကြီး ရှိနေသေးတယ်ဆိုတာ မပြောလည်း အားလုံးသိပြီးသားပါ...။ ခဗျာင်္းတို့ ဦးပိုင် ရဲ့ ရပ်တည်ချက်တွေ သုံးစွဲမှုဆိုင်ရာငွေကြေး ရှင်းတမ်းတွေ ဒီ့ထက်ပွင့်လင်းမြင်သာမှု မရှိပဲနဲ့တော့ ဦးပိုင်ရဲ့ ရည်ရွယ်ချက်တွေ ဟာ စာရွက် မှာပဲရေးထားပြီး ထိရောက်မှုမရှိပဲ ထိပ်ပိုင်းခေါင်းဆောင်တွေ.. လက်ဝေခံတွေသာလျှင် ချမ်းသာပြီးရင်းချမ်းသာ.. အောက်ခြေ တပ်မတော်သား နဲ့ မိသားစုဝင်တွေကတော့ ဒုံရင်းက ဒုံရင်းဘ၀တွေပါပဲ....။ ဒီတော့ လက်ပတောင်းတောင် စီမံကိန်းက ရမယ့်ငွေထက် အဆပေါင်းများစွာ ပိုနေ.. ချမ်းသာနေကြတဲ့ ဦးပိုင်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ နဲ့ ဒါရိုက်တာတွေ ရဲ့ ပိုင်ဆိုင်မှုထဲက အားလုံးကိုမဆိုလိုပါဘူး.. တစ်ဝက်စီလောက်ထုတ်ပြီး တပ်မတော်သားတွေနဲ့ မိသားစုတွေ ကိုထောက်ပံ့ပေးလိုက်ရင် ဒီနေ့ချက်ချင်း လက်ပတောင်းတောင် စီမံကိန်း ရပ်လိုက်လို့ရပါတယ်..ဗျာ....။
မြန်မာ့စီးပွားရေး ဦးပိုင်လိမီတက် ကိုလွယ်လွယ်ပဲ ဦးပိုင် လို့ခေါ်ပါ့မယ်..။ အားလုံးသိကြပြီးတဲ့ အတိုင်းပါပဲ.. နိုင်ငံရဲ့စီးပွားရေး မျိုးစုံ ပါမစ်..၊ လမ်းတံတား..၊ ဘ...
ိလပ်မြေစက်ရုံ..၊ သယ်ယူ ပို့ဆောင်ရေး စတဲ့..စတဲ့ စီးပွားရေးအရပ်ရပ်ကို လက်ဝါးကြီးအုပ်ထား ခဲ့တာကြာပါပြီ..။ ကားပါမစ် တစ်စောင်ရဲ့ တန်ဖိုးဟာ သိန်း ၄၀၀ ၀န်းကျင်ကနေ သိန်းထောင်ကျော် ခဲ့ပါတယ်..။ ဦးပိုင်ရဲ့ လက်အောက်က ကုပ္မဏီတစ်ခုရဲ့ ဒါရိုက်တာ တစ်ယောက်ဟာဘယ်လောက် ချမ်းသာ ကြွယ်ဝတယ်.... ၀င်ငွေဘယ်လောက်များသလဲဆိုတာ သူသုံးတဲ့ငွေကိုကြည့်ရုံ နဲ့ သိနိုင်ပါတယ်..။ သူ့ရဲ့ တစ်ညတာ ကာရာအိုကေ..၊ စင်တင်..၊ နိုက်ကလပ် စသည်တို့မှာ သုံးစွဲလိုက်တဲ့ ငွေကြေးဟာ တပ်ရင်း (၇) ရင်းက ရဲဘော်တွေ တစ်ပတ် စားသုံးနေရတဲ့ စရိတ်နဲ့ ညီမျှတယ်ဆိုတာကို ဖတ်မိမှတ်သားထားဘူးပါတယ်..။ ငွေတွေက ဒလဟောဝင်နေတော့ ဘယ်လောက်ချမ်းသာလို့ ချမ်းသာမှန်းတောင် သူတို့ကိုယ်သူတို့ မမှတ်သားနိုင်တော့ပါဘူး..။ ဒီတော့ ဦးပိုင်ရဲ့ စီးပွားရေး လက်ဝါးကြီးအုပ်ခဲ့တဲ့ အချိန်ကာလ အတွင်း ထိပ်ပိုင်းတာဝန်ရှိသူတွေ နဲ့ အတူ အောက်ခြေက တပ်မတော်..၊ တပ်မတော်သား မိသားစုဝင်တွေ ပါ တိုးတက်ကြီးပွားချမ်းသာ အဆင်တွေ ပြေခဲ့ရဲ့လား...?? ဒီမေးခွန်းကို ကျနော်တို့ ဖြေစရာတောင် မလိုပါဘူး...။ ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် လွတ်တော်အတွင်းမှာ လက်ပတောင်းတောင် စီမံကိန်း နဲ့ ပတ်သက်ပြီးရှင်းပြရာမှာ အဖြေက ပါသွားပြီးသားပါ...။

""ပင်စင်ယူလိုက်ပြီးတဲ့ တပ်မတော်သားတွေဟာ ဆိုက်ကားနင်းပြီး ဘ၀ကို ခက်ခက်ခဲခဲ ရုန်းကန်နေရတာတွေရှိတယ်.."" လို့ ဆို့နင့်စွာ ပြောပြီး ၀န်ကြီးက ရှေ့ကချထားပေး တဲ့ ရေခွက်ထဲက ရေကိုသောက်လိုက်တာ ကျနော်စိတ်မကောင်းစွာ တွေ့မြင်လိုက်ရပါတယ်..။ ဒီတော့ ဦးပိုင်ဟာ အခု ဒီစီမံကိန်းအောင်မြင်မှ တပ်မတော်သားတွေ နဲ့ မိသားစုဝင်တွေကို ပံ့ပိုးပေးနိုင်မှာလား..။ အခုမှ ဦးပိုင်ကို စပြီးတည်ထောင်မှာလဲ မဟုတ်ပါဘူး..။ ကြာခဲ့ပြီလေ.. တကယ်သာ ဦးပိုင်ရဲ့ ရပ်တည်ချက်ဟာ မှန်ကန်ခဲ့တယ်ဆိုရင်တော့ ဒီလိုဝမ်နးည်းဖွယ်.. စိတ်မကောင်းဖွယ် အဖြစ်တွေ မြင်ရမှာ မဟုတ်ပါဘူး...။

ဒီရက်ပိုင်း ရက်စွဲတိတိကျကျဆိုရင်တော့ (၂၄.၁၁.၂၀၁၂)..ကပေါ့..။ ကျနော် သူငယ်ချင်း တစ်ယောက်နဲ့အတူ တောင်ကြီး မိခင်နဲ့ ကလေးဆေးရုံ ကို သူငယ်ချင်းရဲ့ ကိစ္စတစ်ခုနဲ့ သွားရင်းရောက်ခဲ့တယ်ဗျ..။ သူငယ်ချင်းကိုစောင့်ရင်း ဆေးရုံ အပြင်မှာပဲ နေပူလုံရင်းစောင့်နေရာ မှာ ဆေးရုံရဲ့ ရင်ခွဲရုံနားမှာ စစ်ဝတ် ၀တ်ထားတဲ့ စစ်သားအချို့နဲ့ တပ်ထဲက အမျိုးသမီးတွေ အချို့ကိုတွေ့လိုက်မိတယ်..။ ကျနော်လည်း အနီးမှာရှိနေတဲ့ သူကိုစပ်စုမေးမြန်းကြည့်မိပါတယ်..။

တပ်မတော်သား တစ်ဦးရဲ့ အမျိုးသမီး မီးဖွားတယ်..။ မီးဖွားပြီး သွေးတောက်လျှောက် သွန်နေတာကြောင့် စစ်ဆေးရုံကနေ အမျိုးသမီး နဲ့ ကလေးဆေးရုံကို လွှဲပြောင်းပေးလိုက်လို့ ဒီဆေးရုံကိုရောက်လာပါတယ်..။ ထုံးစံအတိုင်းပေါ့.. ဒီဆေးရုံကိုရောက်လာတော့ သွေးဝယ် ရမယ်.. သွေးသွင်းရမယ်ဆိုတော့ ပိုက်ဆံမှ မရှိတော့ တပ်ထဲကို ရဲဘော်လေး ပြန်ပြေးသွားပြီး တပ်မတော်သားတွေ ရဲ့ အကူအညီကြောင့် သွေးကိစ္စ အဆင်ပြေသွားပါတယ်..။ အပေါ်က သွင်းသမျှသွေး ပြန်ထွက်သွားတော့ ဆေးရုံတာဝန်ရှိသူတွေက ဆေးဝယ်ဖို့ ဆေးစာရွက်ရေးပေး လိုက်ပါတယ်..။ သူ့အတွက် ဒုက္ခပေါ့...။ တပ်ထဲကိုပြန်ပြေးပြီး သူ့အထက်အရာရှိကို အကျိုးအကြောင်းပြောပြပြီး ငွေချေးရှာပါတယ်..။ မရပါဘူး..။ ဒီတော့ သူ့မှာ အခြားသောနေရာတွေကို ငွေရဖို့ရာ လိုက်လံချေးရှာတာပေါ့...။ သူ..ငွေရခဲ့သလား.. မရခဲ့ဘူးလားတော့.. ကျနော်မသိပါဘူး..။ ဒါပေမဲ့ သူဆေးရုံကို ပြန်ရောက်တော့ သူ့ဇနီးဟာ မွေးကင်းစ ရက်ပိုင်းသာသာ ကလေးအပါအ၀င် အခြားသော ကလေး (၃)ယောက်နဲ့ သူ့ကိုထားပြီး လောကကြီးထဲက နေ စိတ်နာနာနဲ့ စိတ်မချစွာထားခဲ့ပြီး ထွက်သွားရှာပြီလေ.....။

ကဲ.. ဦးဝေလွင်..!!! ဦးဝေလွင် ပြောတဲ့ တပ်မတော်သားတွေ နဲ့ မိသားစုဝင်တွေအတွက် အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ချက် နဲ့ တည်ထောင်ထားတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် ဟာ တပ်မတော်သား အများစုကို ပံ့ပိုးပေးနိုင်ပါရဲ့လား..ဗျာ...။ ဒီ့ထက် စိတ်မကောင်းရတဲ့ အဖြစ်အပျက်တွေ တပ်မတော် နဲ့ တပ်မတော်သားမိသားစုဝင်တွေ အကြားမှာ အများကြီး ရှိနေသေးတယ်ဆိုတာ မပြောလည်း အားလုံးသိပြီးသားပါ...။ ခဗျာင်္းတို့ ဦးပိုင် ရဲ့ ရပ်တည်ချက်တွေ သုံးစွဲမှုဆိုင်ရာငွေကြေး ရှင်းတမ်းတွေ ဒီ့ထက်ပွင့်လင်းမြင်သာမှု မရှိပဲနဲ့တော့ ဦးပိုင်ရဲ့ ရည်ရွယ်ချက်တွေ ဟာ စာရွက် မှာပဲရေးထားပြီး ထိရောက်မှုမရှိပဲ ထိပ်ပိုင်းခေါင်းဆောင်တွေ.. လက်ဝေခံတွေသာလျှင် ချမ်းသာပြီးရင်းချမ်းသာ.. အောက်ခြေ တပ်မတော်သား နဲ့ မိသားစုဝင်တွေကတော့ ဒုံရင်းက ဒုံရင်းဘ၀တွေပါပဲ....။ ဒီတော့ လက်ပတောင်းတောင် စီမံကိန်းက ရမယ့်ငွေထက် အဆပေါင်းများစွာ ပိုနေ.. ချမ်းသာနေကြတဲ့ ဦးပိုင်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ နဲ့ ဒါရိုက်တာတွေ ရဲ့ ပိုင်ဆိုင်မှုထဲက အားလုံးကိုမဆိုလိုပါဘူး.. တစ်ဝက်စီလောက်ထုတ်ပြီး တပ်မတော်သားတွေနဲ့ မိသားစုတွေ ကိုထောက်ပံ့ပေးလိုက်ရင် ဒီနေ့ချက်ချင်း လက်ပတောင်းတောင် စီမံကိန်း ရပ်လိုက်လို့ရပါတယ်..ဗျာ....။

ခိုးထားတာတွေမရှိသလိုနဲ့မျက်နာပြောင်တိုက်

မနေ့ တစ်နေ့ ကအထိ တိုင်းပြည်အာဏာစိုးပြီး တိုင်းပြည်အသပြာ ခိုးခဲ့သူတွေ
ဘယ်လောက်များခဲ့သလဲ။ ကျုပ် နာမနဲ့ တကွ စာရင်းချမပြချင်ပါဘူး။
ဟိုအာဏာရှင်ကြီးဗျာ၊ ဟိုချုပ်ကြီးဟိုချုပ်မှူးကြီးဗျာ။ ဟိုဝန်ကြီး၊ ဟိုအရာရှိကြီး၊
ဟိုပုဂ္ဂိုလ်ကြီး၊ ဟိုသူဌေးကြီးဗျာ။ ဒီနေ့ သူတို့ ဘာဖြစ်နေသလဲ။ အဲသလို
နိုင်ငံတော်သူခိုး- ဓားပြကြီးတွေဆိုတာ နည်းမှတ်လို့ ။ သူတို့ ရဲ့ စိန်စီသောနေ့ ၊
စိန်စီသောည၊ စိန်စီသောဘ၀တွေဆိုတာကလည်း ဟော်လေတကျိုး
ဟိုးလေးတကျော် မဟုတ်လား။ သူတို့ ကျိကျိတက် ချမ်းသာနေသဗျာ။
သူတို့ ဟာ တိုင်းပြည်ကို ဓားပြတိုက်သလိုလုပ်တယ်။ အနုကြမ်းစီးသလို
လုပ်တယ်။ သူခိုးသူဝှက်လိုလုပ်တယ်၊ အချောင်နှိုက်သလိုလုပ်တယ်။
အလစ်သုတ်သလိုလုပ်တယ်။ ခါးပိုက်နှိုက်သလိုလုပ်တယ်။ အလွဲသုံးလိုလုပ်တယ်။
အဆိုးဆုံးက ရွာကိုဓားပြတိုက်ပြီး ရတဲ့ငွေနဲ့ ရွာကိုငွေတိုးချစားသလိုလုပ်တာပါဘဲ။

ကျုပ်တို့ ကြားချင်သိချင်တာက ခိုးကြောင်း ၀ှက်ကြောင်းတွေ မဟုတ်ဘူးဗျ။
သူခိုးသူဝှက်တွေကို ကြွေးပြန်ဆပ်ခိုင်းကြောင်းတွေ မဟုတ်ဘူးဗျ။
သမီးလေး အဓမ္မအားတင်ခံရတာကို အိမ်ပြန်အပ်ရင် ကျေနပ်ပြီဆိုသလို
လုပ်လို့ ပြီးတမ်းလား။ ဒီလို ခိုးတာ၊ ၀ှက်တာ၊ အလွဲသုံးတာတွေကို ပြန်လျော်ကွ
ဆိုရုံနဲ့  ပြီးတမ်းလား။ ဘယ်လောက်ကြာအောင်လုပ်ထားခဲ့သလဲ။
အရေးမယူဘူးလား။ ခိုးကြ ၀ှက်ကြ အလွဲသုံးကြဆိုတာတွေက ရသုံးစာရင်းတွေ
စစ်လောက်ရုံနဲ့ မပြီးသင့်ဘူး။ လုပ်ငန်းစာရင်းတွေရော မလှန်လှောတော့ဘူးလား။
လွန်လေပြီးသော လက်ထက်တော်ကြီးတွေတုန်းက နိုင်ငံအဆင့်စီမံကိန်းကြီး
တွေတုန်းကရော ခြောက်ပြစ်ကင်း သဲလဲစင်တွေလား။ ဟိုမှူးကြီး၊ ချုပ်ကြီး၊
ချုပ်မှူးကြီးတွေအလိုတော်ကျ စီမံကိန်းဖော်ခဲ့တာဆိုတဲ့ ခရိုနီအာဏာကပ်ပါး
တွေရဲ့ လုပ်ငန်းတွေကော မလှန်လှောတော့ဘူးလား။

ကျုပ်ပြောနေတဲ့ တိုင်းပြည်ရဲ့ ငွေကြေးဥစ္စာတွေ ခိုးတာ ၀ှက်တာ အလွဲသုံးတာက
လာဘ်ပေး လာဘ်ယူလို နှစ်ဖက်နှစ်လမ်း မဟုတ်ဘူးဗျ။ တစ်ဖက်တည်းကြမ်းတဲ့
တစ်လမ်းသွားဗျ။ အဲဒါက တိုင်းပြည်ကို ဓားပြတိုက်တာဗျ။ အဲဒီ တိုင်းပြည်
ဓားပြတိုက်၊ တိုင်းပြည်ဝမ်းဗိုက်ဖောက်တဲ့အမှုကြီးကို အလျော်ပေးရုံနဲ့ 
ပြီးတမ်းလား။ တာဝန်ရှိသူတွေ တာဝန်ခံကြရမယ်ဗျ။ တာဝန်ယူကြရမယ်ဗျ။
ပုဒ်မခွဲ တပ်ရမှာဗျ။ အမှုခွဲ စီရင်ရမှာဗျ။ အပြစ်ခွဲ ချမှတ်ရမှာဗျ။ အာဏာရှင်တွေ
အချင်းချင်း ကွဲကြ ပြဲကြမှဘဲ သူတို့ ချင်း ဓားပြမှုပုဒ်မတွေကပ်၊ အပုပ်တွေချ၊
အပြစ်တွေပေး ဆိုတာမျိုးတွေ လုပ်ကြတာဗျ။ တိုင်းပြည်ကိုဓားပြတိုက်ခဲ့တဲ့
ပြစ်မှုကြီးတွေ တရားခွင်ရောက်ကြရလိမ့်မယ်ဗျ။ ပြီးတာတွေ ပြီးပါစေလုပ်လို့ 
မရဘူးဗျ။ ပွင့်လင်းမြင်သာခေတ် ရောက်ပြီပြောကြမလား။ ပွင်းလင်းရင် မြင်သာ
တယ်။ မြင်သာရင် မြင်တာကိုပြောရမယ်။ မြင်တာတွေက ခေတ်အမှားတွေ။
အဲဒိခေတ်အမှားတွေကို လူထုတရားခွင်၊ မီဒီယာတရားခွင်၊ ကမ္ဘာ့ တရားခွင်
အရောက်ကို ပို့ ကြရမှာဗျ။

ဟံသာဝတီ ဦးဝင်းတင်

(ကိုအောင်မျိုးထွန်း ထံမှ တဆင့် ....)



(နအဖ) အကြီးအကဲ နှစ်ဦးနှင့် အငြိမ်းစား ပုဂ္ဂိုလ် ၆၉ ဦး
ခိုးထားတာတွေမရှိသလိုနဲ့မျက်နာပြောင်တိုက်နေတယ်။
အိမ်အလုပ်သမား၆ယောက်စာပါလိုချင်သေးတယ်။
တိုင်းပြည်ကောင်းကျိုးပြုခဲ့တယ်ဆိုလဲထားပါတော့၊
ဒီလောက်ကြီးတဲ့အိမ်နဲ့ခြံဘယ်ကပိုက်ဆံနဲ့ဝယ်လဲ၊
လည်ပင်းကြိုးကွင်းအစွတ်မခံရတာကျေးဇူးတောင်
ပြန်တင်သင့်တာ။ငြိမ်ငြိမ်လေးမနေတတ်ရင်လွှတ်တော်
အဆုံးအဖြတ်နဲ့ခုံရုံးတက်ရရင်၈လေးလုံးကနေရွှေဝါ
ရောင်အထိအစစွဲခံရလို့အမယ်လေးတနေရအုံးမယ်။ ။

ဤသည်ကားရဲရင့်ငယ်မှတ်ချက်တည်း။

သစ်မွှေးရောင်းသည်။ လိုသလောက်ရမည်

တောင်ငူမြို့ကိုရောက်ခဲ့ပါတယ်။ အသေးစိတ်လေ့လာစုံစမ်းတဲ့အခါ ထုံးစံအတိုင်း ပြည့်တန်ဆာရပ်ကွက်တွေကိုတွေ့ရပါတယ်။ ပခုက္ကူသွားတုန်းက မြိုင်သာယာဆိုတဲ့ ပြည့်တန်ဆာရွာကြီးကိုကြားသိခဲ့ရသလို တောင်ငူမှာလည်း မြို့ပြင်မှာ ပြည့်တန်ဆာရပ်ကွက်ကြီးပေါ်ပေါက်နေတာကိုတွေ့ရပါတယ်။
နေရာကတော့ တောင်ငူမြို့ပြင်၊ ရွိုင်ရယ်ကေတုဟိုတယ်အနီးရပ်ကွက်၊ မြို့အခေါ်(သေမင်း တံခါးဝ)၊ ပေါရိသာဒလမ်းအနီးက နေရာပဲဖြစ်ပါတယ်။
ခြံရှေ့မှာ သစ်မွှေးရောင်းသည်။ လိုသလောက်ရမည်ဆိုတဲ့ ဆိုင်းဘုတ်အစိမ်းရောင်ချိတ် ထားပါ တယ်။ ခြံထဲမှာ အိမ်ငယ်လေးတွေရှိပါတယ်။ အဲဒီထဲမှာ ကောင်မလေးတွေရမှာပါ။
အဲဒီလို ဖွင့်ထားတဲ့အကြောင်းကို ကျနော်က စုံစမ်းပါတယ်။ တောင်ငူ အမှတ်(၁) ရဲစခန်းကိုဖုန်းဆက်ပါတယ်။
ဖုန်းကိုင်တာက ဒုရဲအုပ်ပါ။ အမှတ်(၂) ရဲစခန်းကို ဆက်ပါတဲ့။ သူတို့နဲ့မဆိုင်ဘူး။ မသိပါဘူးတဲ့။
အဲဒါနဲ့ အမှတ်(၂) စခန်းကိုဆက်ပါတယ်။ ဒုရဲအုပ်ပါပဲ။ ပြန်ဖြေပါတယ်။ မသိပါဘူးတဲ့။ မြို့နယ်ကကိုင်တာပါတဲ့။
မြို့နယ်မှူးဖုန်းကိုပေးပါဆိုတော့လည်း မသိပါဘူးတဲ့။ တကယ်တော့ မြို့နယ်မှူးရုံးစခန်းနဲ့ အမှတ်(၂) စခန်းနဲ့ကခြံဝင်းတစ်ခုတည်းမှာ အတူတူနေကြတာပါ။ မသိဘူးဆိုတာကတော့ လိမ်တာဖြစ်ပါတယ်။ လိမ်တာမှ ပေါ်တင်လိမ်တာပါ။
အဲဒီတော့ ကျနော်လည်းဘာမှ ပြန်မပြောခဲ့တော့ပါဘူး။ ပြန်လာပါတယ်။ အခု တင်လိုက်ပါတယ်။ နက်ဖြန် မြို့နယ်မှူးရုံးကို သွားပါဦးမယ်။ ဒါပါပဲ။

အဘ ဥက္ကာကိုကို