Tuesday, December 4, 2012

ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာ ရှင်းလင်းပွဲ

Ko John
ဒေါ်အောင်ဆန်းစုကြည်၏ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း သတင်းစာ ရှင်းလင်းပွဲ ။

Credit : SINPAUK
https://www.facebook.com/photo.php?v=10151216772002885

သိမ်းငှက်နဲ့ နဂါး မဟာဗျူဟာ ကစားပွဲနဲ့ လက်ပံတောင်းတောင်

by ပလေတို ဒီမို on Sunday, December 2, 2012 at 6:05am ·
ပထမဆုံး အခုချိန်မှာ အားလုံး မေ့နေတဲ့အချက်က မြန်မာနိုင်ငံဟာ ကမ္ဘာ့ ထိပ်သီး ဟဲဗီးဆူပါ ပါဝါ (၂)နိုင်ငံအကြားမှာ ရောက်နေတယ် ဆိုတာပါပဲ။
သတိထားရမယ့်အချက်က ဂျပန်နဲ့ တရုတ် ထိပ်တိုက် တွေ့တော့ အမေရိကန် ဘယ်လို ရပ်တည်သွားခဲ့သလဲ။ တစ်ကယ့် မဟာမိတ်ကြီးတွေနော်-။
အိုဘားမား ကံ့ကော်မြေကို နင်းပြီး ဂျပ်ဆင်ထိပ်မှာ အမေရိကန်အလံတော် တလူလူ လွှင့်သွားတယ်။ မကြာပါဘူး လက်ပံတောင်းတောင်အရေးတော်ပုံကြီး ဖြစ်လာတယ်။
ဟီလာရီ ကလင်တန် လာပြီး ရွှေလမ်းငွေလမ်း ဖောက်ကြတဲ့အချိန်မှာ ရခိုင်ပြဿနာ ဖြစ်လာခဲ့တယ်။
မဟာတိုက်ဆိုင်မှုတွေလား- မဟာ တိုးတိုက်မှုတွေလား။

န၀တ-နယက လက်ထက် တောက်လျှောက် ပြောခဲ့တဲ့ စီအိုင်အေ ဆိုတာ ဒီကနေ့ အသံတောင် မကြားရတော့ဘူး။ မရှိတော့တာလား။
ကိုရွှေတရုတ်ကြီးကလည်း သူ့ပြည်နယ်လို့ သတ်မှတ်ထားတဲ့ မြန်မာပြည်ကို အမေရိကန်လက်ထဲ လွယ်လွယ်နဲ့ ၀ကွက် အပ်မှာ မဟုတ်ဘူး ဆိုတာ အတိအလင်း ကြေညာထားတာ တွေ့နိုင်တယ်။ ကချင်စစ်ပွဲ အခုထိ မပြီးနိုင်သေးတာ ဘာကြောင့်လဲ။ တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်အသစ်-အဟောင်း လွှဲပြောင်းရွေးချယ်တဲ့ ကွန်မြူနစ်ပါတီရဲ့ ပါတီညီလာခံကြီးမှာ ၀ခေါင်းဆောင်တွေ တရားဝင် တက်ရောက်ခဲ့တာ ဘာကြေင့်လဲ။ ပေါလစ်ဗျူရိုရဲ့ မူဝါဒတွေကို ထဲထဲဝင်ဝင် သိထားတဲ့ သူတွေနော်။ သူတို့ဟာ ၀ပြည်နယ် တောင်းထားတဲ့ သူတွေနော်။ သူတို့ဟာ တရုတ်ဖြူ ကျူးကျော်မှုမှာ မြန်မာနိုင်ငံဘက်က ၀င်တိုက်ပေးခဲ့တဲ့ သူတွေနော်။ မော်ရဲ့ တပ်တွေနဲ့ ၀တပ်တွေဟာ ကူမင်တန်တွေကို ဂဏန်းလက်မညှပ်ပြီး တိုက်ခဲ့ကြတာ ဆိုတာ မမေ့ကဖို့  လိုတယ်။

မြစ်ဆုံ ရပ်သွားတော့ အထိနာသွားတဲ့ တရုတ်ဟာ အာဖရိကမှာလုပ်မယ့် ဆည်စီမံကိန်းတွေ ၀ိုင်းကန့် ကွက်ခံရတဲ့အထိ ဖြစ်ခဲ့ရတယ်။ မြန်မာပြည်လို အပိုင်ပြည်နယ်လို့  သတ်မှတ်ထားခဲ့တဲ့ နိုင်ငံကတောင် ပြန်လည် ဆန့် ကျင်လာတဲ့အခါ ကမ္ဘာတစ်ဝှမ်းလုံးက တရုတ်ပရောဂျက်တွေ အန္တရာယ် ကျရောက်လာစေခဲ့တယ်လို့ ပြောကြာတယ်။
ကေအိုင်အေ တပ်တွေ တိုးချဲ့တဲ့နေရာမှာ ယူနီဖောင်း၊ လက်နက်၊ စစ်မြေပြင်သုံးကိ၇ိယာတွေကို ဘယ်သူတွေက ထောက်ပံ့ပေးနေတာလဲ။ စဉ်းစားကြည့်ရင် ရှင်းရှင်းကြီး မြင်နိုင်ပါတယ်။ တရုတ်ပိုက်လိုင်းကြီးက စပြီနေပြီ။ နောက်ဆုတ်လို့ မရတော့ဘူး။ ဒီပိုက်လိုင်းဟာ ကမ္ဘာစစ်ဖြစ်တဲ့အချိန် ဘယ်လို ဖြေရှင်းမလဲ ဆိုတာအထိ ထည့်သွင်း တွက်ချက်ထားတဲ့ မဟာဗျူဟာပိုက်လိုင်းကြီးပဲ။

လက်ပံတောင်းကို လက်လွှတ်လိုက်ရရင် ပိုက်လိုင်းကို လက်လွှတ်ရဖို့  သေချာသွားပြီ ဆိုတာ တရုတ်တွေ သိထားပြီးသား။ အခုအချိန်မှာ ပိုက်လိုင်းဆန့် ကျင်ရေး အရောင်မှိန်နေ ပေမယ့် လက်ပံတောင်းတိုက်ပွဲ ပြီးသွားရင် ပိုက်လိုင်းကို သေချာပေါက် ဦတည်လာမှာပဲ။

အခုကော်မရှင်မှာ ဒေါ်စုကို ခေါင်းဆောင်ခန့်လိုက်တဲ့ ဦးသိန်းစိန်ရွှေ့လိုက်တဲ့ အကွက်ရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနေမလဲ။ ဒေါ်စုကလည်း ပြောထားပြီးသား မြန်မာနိုင်ငံအတွက် တရုတ်ဟာလည်း အမေရိကန်နဲ့  တန်းတူ အရေးကြီးတယ် ဆိုတာကို။ အာဖရိကမှာ အမေရိကန်နဲ့ တရုတ် အပြိုင်အဆိုင် ဆွဲယူကြတဲ့အချိန်မှာ အာဖရိကနိုင်ငံတွေ စစ်ပွဲတွေ ဖြစ်၊ ပြဿနာတွေတက်နဲ့ စစ်ဘေးစစ်ဒဏ်သင့်ခဲ့ကြရတယ်။ စိတ်ခံစားမှုကို အရင်းတည်ပြီး ဆူပါပါဝါတွေရဲ့ ကစားပွဲမှာ နိုင်ငံကို စတေးခဲ့ကြရတယ်။

ဝမ်ပေါင်နောက်မှာ တရုတ်တစ်နိုင်ငံလုံး ရှိတယ်ဆိုတာကို တရုတ်အစိုးရက အတိအလင်း ကြေညာတာကို အားလုံး သိရှိပြီး ဖြစ်တယ်။ ဒီကိစ္စမှာ အန်ကယ်ဆန် ဘာမှ ၀င်မလာသေးဘူး။ စောင့်ကြည့်နေတုန်း အကဲခတ်နေတုန်း။ အမေရိကန်သိမ်းငှက်ကြီးက တရုတ် နဂါးကြီးကို ချောင်းနေတာပဲ။

ဒေါ်စုကော်မရှင်ကို အားလုံး ကူညီမှ တန်ကာ ကျမယ်။ သပိတ်မှောက်တဲ့ ယဉ်ကျေးမှု အပြိုင်အဆိုင် ထွန်းကားလာနေချိန်မှာ အဓိကရုဏ်းနှိမ်နင်းရေးမှာ ဘာမှ အတွေ့ အကြုံ မရှိသေးတဲ့ ရဲတပ်ဖွဲ့ ဟာ အချိန်မီ မပြုပြင်နိုင်ရင် ဒီတစ်ကြိမ်တင် မကဘူး နောက်ထပ်လည်း မှားဖို့  ရှိနေတယ်။ အရင်တုန်းက အရေးအခင်းတွေ အဓိကရုဏ်းတွေကို တပ်ကပဲ ကိုင်တွယ် ဖြေရှင်းခဲ့တာ ဖြစ်တယ်။ ရဲ ကိုင်တွယ်တာ ဟန်မကျလို့ ရခိုင်လည်း ပြာပုံ ဖြစ်ခဲ့ရပြီး အခု လက်ပံတောင်းတောင်မှာ ထပ်ဖြစ်လာပြန်ပြီ။

၈၈ မျိုးဆက်တွေရော ဒေါ်ခင်စန်လှိုင်လို လွှတ်တော်ကိယ်စားလှယ်တွေရော အဝေးကြည့် အရှည်တွေးတတ်တဲ့ အလေ့အထတွေ ဖြစ်လာဖို့ ကောင်းပြီ။ အခု ကော်မရှင်ဟာ သိမ်းငှက်နဲ့ နဂါးကြီး အကြား အားပြိုင်မှုကို ကိုယ်စားပြုနေမှာလည်း ဖြစ်တယ်။ ဒီအနေအထားကို ဦးသိန်းစိန်နဲ့ ဒေါ်စု လေးလေးနက်နက် ညှိနှိုင်းပြီးမှ လုပ်ဆောင်တာလို့  ပဲ တစ်ထစ်ချ ယုံကြည်ထားတယ်။

ဦးသိန်းစိန်က ဒေါ်စုကို ခေါင်းငှားတာ မဟုတ်သလို ချောက်တွန်းတာလည်း မဟုတ်ဘူး။ ဦးသိန်းစိန်နဲ့ ဒေါ်စု ၂ ယောက်ပေါင်းပြီး ညင်ညင်သာသာ ကိုင်တွယ်ကြတော့မယ် ဆိုတာကို ခန့်  မှန်းရတယ်။

စိတ်ခံစားမှုကို ရှေ့ တန်းတင်ပြီး လုပ်တဲ့အထဲမှာ ဦးသိန်းစိန်ရော ဒေါ်စုရော မပါဘူး။ ဒီအချိန်မှာ ချောက်တွန်းခံရပါပြီ ဆိုပြီး အော်နေကြတဲ့ ဒီမိုဘက်တော်သားတွေ၊ အခွင့်တော့ ပေးပြီး ကြိတ်လိုက်မဟဲ့ ဆိုပြီး နာမည်ဖျက်နေတဲ့ ဘင်္ဂလီကုလားအုပ်စုတွေ - ခင်ဗျားတို့ကြောင့် ခေါင်းဆောင်တွေ လုပ်ရကိုင်ရ ခက်ခဲသွားစေမှာကို သတိပြုကြပါ။

ခင်ဗျားတို့ရဲ့ ကီးဘုတ်တော်လှန်ရေးကြောင့် မြန်မာနိုင်ငံ ရေတိမ်နစ်သွားမှာကို သတိထားကြပါ။ အထူးသဖြင့် မီဒီယာတွေပေါ့။ ဒေါ်စုကို အခက်တွေ့ အောင် မလုပ်ကြဖို့ ပြောချင်ပါတယ်။ ဒေါ်စုကို စောင့်ကြည့်လိုက်ပါ။

ဒီအခြေအနေရောက်အောင် ဒေါ်စု ဘယ်လောက်စောင့်ဆိုင်းခဲ့ရတယ်ဆိုတာ ပြောဖို့  မလိုတဲ့ကိစပါ။

နောက်တစ်ခုက နောက်ကြောင်းပြန်မလှည့် ဖို့ ဦးသိန်းစိန်ရော ဒေါ်စုပါ ပူးပေါင်းနေကြတယ်ဆိုတာကို မြင်အောင် ကြည့်ကြပါ။ဒေါ်စုသာ မုံရွာခရီးစဉ်မှာ ပြင်းပြင်းထန်ထန် မိန့် ခွန်း ပြောခဲ့ရင် ဘာတွေ ဖြစ်လာမယ် လို့ ထင်ကြပါသလဲ။ ကီးဘုတ်တော်လှန်ရေးသမားတွေ မြှောက်ပင့် ပေးနေသလိုသာ ဒေါ်စု ပြောခဲ့ရင် အခုအချိန် ဘာဖြစ်နေပြီလဲ။

ဒေါ်စုစကား တခွန်းထဲနဲ့  တစ်နိုင်ငံလုံး ဆူပွက်သွားမယ်။ တစ်နိုင်ငံလုံ ရောင်စုံ သူပုန် ထသွားမယ်။

ပြီးရင် ဘာ ဆက်ဖြစ်မလဲ။ ရှင်းရှင်း လေးပါ။ မသိချင်ယောင် မဆောင်ကြပါနဲ့ ။

မြန်မာပြည်က နိုင်ငံရေး သမားတွေကို ပြောချင်တာက လက်ပံတောင်းတောင်ကို အမြတ် မထုတ်ကြပါနဲ့။

မကြည့်ရက်ဘူး - မခံစားနိုင်ဘူး။ ဒါ မြန်မာပြည်က လူတိုင်း ဖြစ်ကြရတာပါ။ ဗုဒဘာသာဝင်တွေ ပိုပြီး ဆိုးပါတယ်။ ကျွန်တော်တို့လည်း ဗုဒဘာသာ ကိုးကွယ်တာပါပဲ။

ဒီလို ခံစားရလို့ ဆိုတာကို သိထားကြပြီး ဒီအချိန်မှာ ဘာတွေ ပြောလိုက်ရင် ဘယ်လိုလုပ်လိုက်ရင် လူထုက ငါတို့ ကို ထောက်ခံကြမှာပဲ ဆိုတဲ့ သိမ်ဖျင်း ယုတ်ညံ့တဲ့ အယူအဆတွေ သိမ်းထားလိုက်ကြပါ။ ခင်ဗျားတို့  နာမည်ရဖို့  ဒေါ်စုကို မနင်းကြပါနဲ့ ။

ခင်ဗျားတို့  နာမည်ကြီးဖို့  မသိ နားမလည်တဲ့ ပြည်သူတွေကို ဒုက မပေးကြပါနဲ့ ။

ဒေါ်စု အခု လုပ်ကိုင်နေသလို အဆင့်အတန်းရှိတဲ့ နိုင်ငံရေးကို မျက်နှာမူကြပါ။

လူပြိန်းကြိုက် အပေါစားနိုင်ငံရေးတွေ မလုပ်ကြပါနဲ့  ။

နောက်ကွယ်ကနေ လျှို့ဝှက်စွာ အမိန့် ပေးစေခိုင်းနေသူ

credit-FNG

ဆင်ဆာ ဆင်ဆာ ဆင်ဆာ

by Aung Lin Naing on Tuesday, December 4, 2012 at 11:30am ·

ဖွဘွတ်ပေါ်မှာ မင်းသမီးသက်မွန်မြင့် ရေးလာတဲ့ စာလေးဖတ်ရတော့ အတွေးတွေ အုံလိုက်ကျင်းလိုက်ဝင်လာတယ်။
ဝင်လာတယ်ဆိုတာက ခေါင်းရဲ့ အပေါက်ဝမှာ စောင့်နေတဲ့အတွေးစတွေ။ ကြပ်ခဲနေတာကြာခဲ့ပြီ။
အရင်ကတဲက လည်း ဒီလိုစာမျိုးရေးခဲ့တယ်။ ရေးလိုက်ဖျက်လိုက်။နောက်ဆုံး ကွန်ပျူတာထဲ ပဲသိမ်းထားလိုက်ရ
တော့တယ်။ ဘာဖြစ်လို့ လဲဆိုတော့. ရေးရင်းရေးရင်း နဲ့ ဇာတ်တွေက ရှုပ်သထက်ရှုပ်ကုန်လာမှာဆိုးလို့ ။
အရင်းမရှိအဖျားမရှိ ဇာတ်ရည်မလည်မှာစိုးလို့ ။ ဇာတ်ကြောင်းလေးကတောပြန်ဦးမှပါပဲ။
ဒီလိုပါ။ စာရေးဆရာမ ပုညခင်ရဲ့ ဝထ္ထုတပုဒ်ကို ရုပ်ရှင်ရိုက်မယ်။ ဒါရိုက်တာက ၀ိုင်း(own creator) ။ ၀ထ္ထုကိုလည်းမင်း
သမီးကဖတ်ပြီး ။အတည်ပြုပြီးသား။ ဇာတ်ညွှန်းဖတ်ကြည့်တော့ sex အခန်းတွေပါလာတယ်။ ဇာတ်ညွှန်းမှာထပ်ဖြည့်ထား
တာ။ sex အခန်းဆိုတာက နှုတ်ခမ်းနဲ့ kiss ပေးတဲ့အခန်း။ ယောက်ကျားလေးရဲ့ ရင်ဘတ်ကအကျီင်္ကိုဖြဲပြီး နှလုံးသားနေရာ
ကိုနမ်းတဲ့အခန်း။ wild sex ပေါ့။ ( အဲ့လိုပြောလို့ ဒီကောင်က sex အကြောင်းတော်တော်ပြောပါလားလို့ အပြစ်တင်မစောပါနဲ့ )
ဒါနဲ့ မင်းသမီးက မရိုက်နိုင်ဘူးပေါ့။ အရင်တခါ လဲ ဒီဒါရိုက်တာနဲ့ ပဲ sexy dance ကခိုင်းလို့ ကလိုက်ရတာ ပရိသတ်က အပြစ်
တင်ခံရတယ်တဲ့။ ခုအဲဒီအခန်းက ၀ထ္ထုထဲမှာလဲမပါတော့ ဖြုတ်ပေးပါလို့ ဒါရိုက်တာကို ဖုန်းဆက်တော့ ကုမဏီနဲ့ ပဲညှိလိုက်
ပါတဲ့။ မင်းသမီးက ဆုံးဖြတ်ရခက်နေတယ်။ အဖြစ်အပျက်ကဒါပဲ။
ကျွန်တော်ရေးမယ့် ရိုက်ပေါက်က ခုမှစမှာ။
မင်းသမီးကို ဒါရိုက်တာ ပြတ်ပြတ်သားသား ပြောနိုင်ဆိုနိုင်လာတာတော့ တိုးတက်လာတယ်ပြောရမှာပဲ။ ဒါရိုက်တာအား
လုံးတော့မဟုတ်သေးလောက်ဘူး။ ဒါပေမယ့် ဒါမျိုးရိုက်သင့်လားမရိုက်သင့်လားဆိုတာ က မြန်မာ့ရုပ်ရှင် ရဲ့ အနာဂတ်နဲ့ 
ဆိုင်သွားပြီ ။ ဆင်ဆာ မရှိတော့ဘူး လွတ်လပ်စွာ၇ိုက်နိုင်ပြီ ဆိုတဲ့ အချိန်ကစလို့ အနည်းငယ်ခေတ်မှီတဲ့ဇာတ်ကားတွေ
ပွင့်လင်းတဲ့ ပြောင်မြောက်တဲ့ ဒိုင်ယာလော့တွေ နဲ့ ဇတ်ကားတွေထွက်လာတာတော့အမှန်ပဲ။ ကျေနပ်လောက်တဲ့အဆင့်
မရှိသေးတာတော့ သေချာတယ်။ စက်ပစ္စည်း ကိရိယာ တွေ ကင်မရာတွေ နည်းပညာတွေလည်း အတော်အတန်တိုး
တက်ခဲ့ပါတယ်။ နောက် အ၀တ်အစား တွေလည်းတိုးတက်ခဲ့တယ်ပေါ့ဗျာ. တိုးတက်တယ်ဆိုတာထက် တိုတက်လာတာ
ဆိုပိုမှန်မယ်။ မင်းသားတွေကတော့ ဒီလောက်ပြောစရာမရှိပေမယ့်။ မင်းသမီး နဲ့ ဇာတ်ပို့ ဇာတ်ရံ အားလုံးလိုလို တိုနိုင်
သမျှတို ဖော်နိုင်သမျှ ဖော်လာတာကိုတွေ့ ရတယ် ။အဲ့ဒီအတွက် ပရိသတ်ရဲ့ အမြင်ကလည်းအမျိုးမျိုးပါပဲ။ တချို့ ကလည်း
ဒါမျိုးဖြစ်သင့်တယ်ပေါ့ ။ ဖြစ်သင့်တာလဲကြာပြီပေါ့ ။ဆင်ဆာကြီးရှိနေလို့ ပေါ့။တချို့ ကလည်း အတိုးတက်လွန်ပြီး 18+
တွေအထိရိုက်သင့်တယ်ပေါ့ ။ နိုင်ငံတကာအဆင့်မှီချင်ရင် ဒါမျိုးကရှိသင့်တယ်ပေါ့။ ကြည့်ရှုသူရဲ့ အဆင့်ကိုခွဲထားလိုက်
ရင်ပြီးပြီလို့ ဆိုပါတယ်။ အဲ့လို ပြောတဲ့သူတော်တော်များများက ယောက်ျားလေးတွေ ဦးလေးကြီးတွေ အကိုကြီးတွေ
များပါတယ်။ မိန်းကလေးကတော့ မပြောသလောက်ပါပဲ။ ကျွန်တော့်အမြင်အရတော့ ဒါဟာလုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။
ဟ ဒီမိုကရေစီခေတ်ကွ လို့ ပြန်ပြောမယ့်သူ သန်းနဲ့ ချီရှီလောက်တယ်။ ဒါပေမယ့် ကမ္ဘာမှာဒီမိုကရေစီ အရှိဆုံးနိုင်ငံလို့
ခေါ်လောက်တဲ့ အိန္ဒိယ က ခုထိ ဒါမျိုးမရိုက်ပါဘူး။ သူတို့ မှာ သူ တို့ ယဉ်ကျေးမှုနဲ့ သူတို့ ပွတ်သီးပွတ်သပ် တွေလုပ်
တာတွေတော့၇ှိပါတယ်။ ဒါက သူ တို့ ကိစ္စပါ။ ကျွန်တော်တို့ နိုင်ငံ ဟာ ကမ္ဘာမှာ ရှားရှားပါးပါး ကျန်နေတဲ့ ဗုဒ္ဒဘာသာ
နိုင်ငံတခုပါ။ ဒါတောင်ခပ်ယဲ့ယဲ့ပဲကျန်တာပါ။ ဘာသာရေးနဲ့ မပြောနဲ့ ဦး ။မြန်မာ့ယဉ်ကျေးမှု အနေနဲ့ ရော ထုံးတန်းစဉ်လာ
အရဘယ်လိုမှလက်မခံနိုင်လောက်တဲ့အရာပါ။ နိုင်ငံခြားမှာဘာလို့ ရသလဲ။ နိုင်ငံခြားရဲ့ လူနေမှုက ဥပမာ အမေရိကားဆိုပါ
တော့ သူ့ ယဉ်ကျေးမှုအရ ၁၃ နှစ်ပြည့်ရင် လူကြီးဖြစ်ပါပြီ။ သင်သွားလိုရာသွားနိုင်ပြီ။ ကိုယ့်ပိုက်ဆံလဲကိုယ်ရှာစားပါ။
မိဘလဲကိုယ့်ဘာသာကိုယ်တောင်အနိုင်နိုင်ရုန်းကန်ရတာပါ။ အားလုံးကိုမပြောပါဘူး။ အများစုပါ။ အဲ့ဒိတော့သူတို့ 
မှာ အရွယ်မတိုင်ခင်ကတဲ က ဒီယဉ်ကျေးမှုကရှိခဲ့တယ်။ ၁၈ နှစ်ပြည့်ရင်တော့ အားလုံး ဖရီး။
မြန်မာနိုင်ငံမှကရော။ မြန်မာနိုင်ငံမှာက အိမ်ထောင်မကျခင်အထိ မိဘ ညီအကိုမောင်နှမ အုပ်ထိန်းမှုအောက်မှာနေကြတာ။
နေကြတာဆိုလို့ အတင်းအကျပ်နေခိုင်းတာတော့မဟုတ်ပါဘူး။ သူ့ ရဲ့ နေထိုင်စားသောက်ရေး ပညာရေး အိမ်ထောင်ရေး
အထိအားလုံးမိဘ တွေက တာဝန်ယူထားတာပါ။ အိမ်ထောင်ကျပြီးတောင်မှ တဘက်တလမ်းကနေ တာဝန်ယူမှုကရှိနေတာ
ပဲ။ ဆိုလိုချင်တာက မိဘ  ညီအကိုမောင်နှမ အတူတူ နေကြတဲ့ နိုင်ငံ ဖြစ်တယ်။ အများစုကိုပြောတာဖြစ်ပါတယ်။
ညီအကိုမောင်နှမ မိဘ တွေနဲ့ အတူတူ ဒီလို ကားတွေကို ကြည့်သင့်ပါသလား။ သင်ရော 18+ ကားတကားပဲဖြစ်ဖြစ်
ဘာမှ အတိအကျ မပြရင်တောင် လင်ခန်းမယားခန်း ရိုက်နေတာ နမ်းနေတာကို သင့်ရဲ့ အမေမိဘ ညီအကိုမောင်နှမ ရှေ့ မှာ
(ယောက်ျားချင်း မိန်းမချင်း ကိုဆိုလိုတာမဟုတ်မှန်းသိမယ်ထင်ပါတယ်) ကြည့်ကြပါသလား၊ကြည့်သင့်ပါသလား။ သင်ရော
သားသမီးမွေးလာတဲ့အခါ သမီးလေးများမွေးလာတဲ့အခါ သင့်သမီးကို ဒီလိုကားတွေပေးကြည့်မှာလား။ အိုးဒါကတော့
သဘာဝပဲ ဗဟုသုတအနေနဲ့ ပေးကြည့်ရမှာပေါ့ ။ နိုင်ငံခြားမှာဆို ဆေးပညာအရကျောင်းမှာတောင်သင်ရတာပါပဲလို့ စောတက
တက်ချင်တဲ့သူတွေ ရှိရင် ကျွန်တော့်ဆီ စာရင်းပေးထားကြပါ။ စောင့်ကြည့်ချင်ပါသေးတယ်။ အဲ့ဒီဆေးပညာအရလဲပြော
ချင်ပါသေးတယ်။ လိင်ပညာပေး ကတော့ လုပ်သင့်ပါတယ်။ ပညာပေးတာနဲ့ ဖြော်ဖြေတာ မတူပါ။ တင်ဆက်မှု ပညာလဲ
လုံးဝ မတူပါ။ လိင်ပညာပေးလုပ်တာ လိင်ဆွဲဆောင်မှုရှိနေပြီ လိင်စိတ်ထကြွစေပြီဆိုရင် ဒီ လိင်ပညာပေးဟာ အတော်
ညံ့နေပြီ အဆင့်မမှီဖြစ်နေပြီလို့ သတ်မှတ်ရပါလိမ့်မယ်။ ဆေးကျောင်းသားတွေကိုကြည့်ပါ သူတို့ ကိုသာ လိင်နဲ့ ပတ်သတ်
လို့ ထကြွအောင် သင်ခဲ့ကြရင် အားလုံးဒုက္ခရောက်ကုန်မှာပါ။ မိန်းကလေးနဲ့ ယောက်ျားလေးရောနေတာပါ။ ဒါကြောင့်
ပညာပေးသည် ပညာပေးပဲဖြစ်ပါတယ်။ ပညာပေး တဲ့စနစ်ကိုလဲ သေချာစိစစ်သင့်ပါတယ်။ စကားမစပ် လိင်ပညာပေးဆို
ပြီး မဂ္ဂဇင်းတအုပ်လဲထွက်လာပါသေးတယ်။ အထဲကစာကိုမဖတ်ရသေးခင် ကာဗာမြင်တာနဲ့ လိင်ပညာပေးလား
လိင်စိတ်ကြွ အားပေး လားဆိုတာ သိသာပါတယ်။ အကျိုးဆက်က တဖြည်းဖြည်းနဲ့ လိင်ဆက်ဆံတဲ့ အသက်
စောလာမယ်။ ဒုစရိုက်မှုတွေများလာမယ်။ ဒီနေရာမှာ တခြားနိုင်ငံတွေကျတော့ဘယ်လိုလုပ်မလဲလို့ မပြောပါနဲ့ ။တခြား
နိုင်ငံတွေမှာလဲဒုစရိုက်မှုတွေဖြစ်တာ အများကြီးပါ အားလုံးမသိရလို့ ပါ။ နောက်တခုကိုယ့် အကြောင်းကိုယ်သိပါ။
ကျွန်တော်တို့ လူမျိုးသည် ကမ္ဘာမှာသွေးဆူအလွယ်ဆုံးလူမျိုးဖြစ်ပါတယ်။ တခုခုကိုလုပ်ချင်ပြီဆိုရင် ၀ုန်းဝုန်း ထလုပ်ပြီး
တော့မှ နောင်တရတတ်တဲ့လူမျိုးပါ။ ဒေါသထွက်လွယ်။ စိတ်ကြွလွယ်တဲ့လူမျိုးပါ ။ ဒါကြောင့် မီဒီယာ ပဲဖြစ်ဖြစ် entertainment
ပဲဖြစ်ဖြစ် ရေးသားဖော်ပြရာမှာ ဖြော်ဖြေတင်ဆက်ရာမှာ အထူးပဲသတိထားဖို့ လိုပါတယ်။
နိဂုံးအနေနဲ့  ဆရာမ ပညခင်ရဲ့ ကျွန်မကနှင်းဆီပါမောင် ၀ထ္ထု ကို ဒါရိုက်တာဝိုင်းက ၇ိုက်တဲ့အခါမှာ အဲ့ဒီလို လိင်ဆက်ဆံ
တဲ့အခန်းသော်၎င်း လိင်ဆက်ဆံမှုအသားပေး အခန်းသော်၎င်း ထည့်ရိုက်မယ်ဆိုရင် လုံးဝ ရှုတ်ချပါတယ်။ နောင်ကိုလည်း
ဘယ်ဒါရိုက်တာပဲဖြစ်ဖြစ်ရိုက်မယ်ဆိုလဲ အားမပေးပါ။ ဒီမိုကရေစီခေတ်မို့ ပြောခွင့်မရှိဘူးလုပ်ချင်ရာလုပ်မယ်ဆိုရင်တော့
ကိုယ့်သမိုင်းနဲ့ ကိုယ်ပါပဲ။
နောက်တခုက ဆင်ဆာဆိုတာရှိသင့်သလားဆိုတာပါ။ ဆင်ဆာဆိုတာ ရှိသင့်တယ်။ ဘယ်လိုဆင်ဆာမျိုးရှိသင့်သလဲ။
ရုပ်ရှင်အနုပညာအကြောင်းကိုနားလည်တဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းကိုနားလည်တဲ့ ရှေ့ မှီနောက်မှီလူမျိုးတွေရှိသင့်ပါတယ်။
ဒါမှသာ မဖြစ်သင့်တာတွေမဖြစ်သင့်အောင်တားနိုင်ပါမယ်။ ဆင်ဆာဆိုလို့ အရင်ခေတ် ဆင်ဆာလိုမျိုး မြင်မြင်သမျှ နံကြား
ထောက်ဖြတ်တဲ့ ဆင်ဆာကိုပြောတာမဟုတ်ပါ။ မပြသင့်တာ မသင့်လျော်တာရှိရင် တာဝန်ရှိသူနဲ့ ပူးပေါင်းဆွေးနွေးတိုင်
ပင်ဖို့ အကြံညဏ်ပေးနိုင်ဖို့ ပါ။ဥပမာအားဖြင့် ဇာတ်ကားတွေမှာ ဘာသာရေးနဲ့ ပတ်သတ်တဲ့စော်ကားမှုတွေ စကားလုံး
တွေ သုံးမိရင် ဘာသာရေးအဓိကရုဏ်းအထိဖြစ်နိုင်ပါတယ်။ ဇာတ်ကားထွက်ပြီး ပြသနာ တက်ပြီးမှ ဘာမှလုပ်လို့ မရပါ
ဘူး။ ဥပမာပြောတာပါ။ တလွဲတွေလဲတွေးမနေကြပါနဲ့ ။
အားလုံး မိမိတိုင်းပြည်ရဲ့ ယဉ်ကျေးမှုကိုထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ။
အောင်လင်းနိုင်
12.5.2012

မျက်ရည်ယိုဗုံးဆိုပြီး....

ဒါတွေသုံးလို့ ဒီလို သံဃာတော်တွေခံရတာ

https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-ash4/386552_10151217813902740_1759543205_n.jpg